Malaysia Asho Chin Refugee Comunity
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Malaysia Asho Chin Refugee Comunity, Non-Governmental Organization (NGO), Kuala Lumpur.
အခုတလောUN မှဖုန်းခေါ်ပြီး appointment ပေးတာနဲ့ပတ်သက်ပြီးUNHCR မှ ဝန်ထမ်းများတိုးမြှင့်ချထားကာ ဖုန်းခေါ်ဆိုနေကြောင်း..
အကြောင်းအမျိုးမျိုးကြောင့် ဖုန်းမကိုင်လိုက်မိသူများကို နောက် ၂ ရက် သုံးရက်အတွင်းပြန်လည်ခေါ်ဆိုမှာဖြစ်ပါတယ်..ယခင်လို mobile registraion မျိုးမဟုတ်ပဲ appointment စနစ်ဖြင့် registraion ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပါတယ်....
UNHCR. COM MUNITY MEETING UPDATES. NEW REGISTATION FROM ဖြည့်ပြီး ဖုန်းနံပါတ် ပြောင်းသွားတဲ့သူတွေက..အရင်က တင်ထားတဲ့ အချက်အလက်အတိုင်း နောင်တစ်ကြိမ်ဖြည့်ပြီး အသစ်ပြန်တင်ရမှာဖြစ်ပါတယ်...
ဘောလုံးပွဲစဉ်များအသိပေးခြင်း
======================
(၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့ အထိမ်းအမှတ်ဘောလုံးပြိုင်ပွဲကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၆-၂၉ ရက်နေ့တွင် Mytown ဘောလုံးကွင်း၌ စည်းကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။ မလေးရှားနိုင်ငံရောက် ချင်းလူမျိုးတိုင်းလာရောက်အားပေးကြပါရန် အသိပေးအပ်ပါသည်။
75th CND Sports Committee
(၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ဘောလုံးပွဲ လူထုအစည်းအဝေး ဆုံးဖြတ်ချက်များ
============================
(၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ဘောလုံးပွဲ လူထုအစည်းအဝေးကို ၁၉/၁၁/၂၀၂၂ နေ့တွင် အောင်မြင်စွာပြုလုပ်ကြပါသည်။
အသင်းဝင်ကြေး - RM2000
ပထမဆု - RM6000 + ဖလား + လည်ဆွဲ
ဒုတိယဆု - RM4000 + လည်ဆွဲ
တတိယဆု - RM2000 + လည်ဆွဲ
ပွဲကျင်းပမည့်ရက် - ၂၀၂၃ ခုနှစ်၊ ဇန်နာဝါရီလ (၂၃-၂၉) ရက်ထိ ဆက်တိုက်ကျင်းပမည်။ My Town ကွင်းတွင် ကျင်းပမည်။
ဘောလုံးအသင်းစာရင်းကို ယနေ့မှစပြီး ဒီဇင်ဘာလ (၁၇)ရက်နေ့ နောက်ဆုံးထားပေးသွင်းနိုင်သည်။ ဘောလုံးအသင်း (၁၆)သင်းအထိသာလက်ခံမည်ဖြစ်ပြီး၊ ဦးသူစနစ်ဖြင့် လက်ခံမည်။
နောက်အစည်းအဝေးကို ၁၈/၁၂/၂၀၂၂ နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး၊ အသင်းအုပ်စုခွဲခြင်း၊ ပွဲစဉ်ရေးဆွဲခြင်းနှင့် ဝတ်စုံအရောင်သတ်မှတ်ခြင်းများ ပြုလုပ်သွားမည်။
ဆက်သွယ်ရန် - 014-9618 773, 018-6630 240
(75)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ဘောလုံးပွဲ အစည်းအဝေးဖိတ်ကြားခြင်း
===================
(75)နှစ်မြောက် ချင်းအမျိုးသားနေ့ အထိမ်းအမှတ်ဘောလုံးပွဲ အားကာကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းခဲ့ပါသည်။
Daniel Sang Kolh - Chairman - FRO
Salai Yaw Mang - Secretary - CNFRC
Roberts Thang - Treasurer - CRC
Yaw Hlaing - Member - Sami
Anthony Myint Aung - Member - Zophei
Nolian Shwe - Member - Dai
Salai Mosty - Member - Matu
ဘောလုံးအသင်းလက်ခံပုံ
၁။ မြို့နယ်ကိုယ်စားပြုအသင်း
၂။ မျိုးနွယ်စုကိုယ်စားပြုအသင်း
ဘောလုံးအသင်းကို အထက်ပါ ပုံစံ(၂)မျိုးဖြင့်သာ လက်ခံမည်ဖြစ်သည်။ အသင်း (၁၂)သင်းပြည့်မှ ပွဲဖြစ်မြောက်မည်ဖြစ်ပြီး၊ အသင်း (၁၆)သင်းအထိသာ လက်ခံမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။
ဘောလုံးပွဲနှင့်ပတ်သက်ပြီး လူထုအစည်းအဝေးကို အောက်ပါနေ့ရက်အတိုင်း ပြုလုပ်မည်ဖြစ်ပါ၍ ပါဝင်ယှဉ်ပြိုင်မည့် ဘောလုံးအသင်းများအနေဖြင့် မပျက်မကွက် အစည်းအဝေးတက်ရောက်ပေးပါရန် အသိပေးအပ်ပါသည်။
နေ့ရက် - ၁၉/၁၁/၂၀၂၂ (စနေနေ့)
နေရာ - Zophei Christian Fellowship (Pudu Plaza ရှေ့)
အချိန် - နေ့လယ် ၁:၀၀နာရီ
ဆက်သွယ်ရန် - +60 14 9618 773, +60 18‑663 0240
(၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ကျင်းပရန် အသိပေးခြင်း
---------------------------------------------
#မလေးရှားနိုင်ငံရောက် ချင်းလူမျိုးများသည် နှစ်စဉ်ဖေဖော်ဝါရီလ (၂၀) ရက်နေ့တွင် စည်းလုံးညီညွတ် စွာဖြင့် မိမိတို့၏ ချင်းအမျိုးသားနေ့ကို စည်ကားသိုက်မြိုက်စွာ ကျင်းပလာခဲ့သော်လည်း (၇၃)နှစ် မြောက်နှင့် (၇၄) နှစ်မြောက် ချင်းအမျိုးသားနေ့ကိုမူ အစိုးရမှ ကိုဗစ်ကာလတွင် လူစုလူဝေးမပြုလုပ်ရန် ကန့်သတ်ခြင်းများကြောင့် မိမိတို့၏ချင်းအမျိုးသားနေ့ကို (၂)နှစ်တိုင်တိုင် မကျင်းပနိုင်ခဲ့ပေ။
#(၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပရန်ကိစ္စနှင့်ပတ်သက်ပြီး အောက်တိုဘာလ (၂၉)၊ ၂၀၂၂၊ CCF ဘုရားကျောင်း၌ လူထုအစည်းအဝေးပြုလုပ်ရာတွင် အစည်းအဝေးတက်ရောက်လာကြသည့် ခေါင်းဆောင်များမှ (၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ကျင်းပရန်အားလုံးသဘောကြသည့်အတွက် ပွဲဖြစ်မြောက်ရေးဦးဆောင်ကော်မတီ နှင့် အားကာကော်မတီကို အောက်ပါပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းကြောင်း မလေးရှားရောက် မိမိတို့ချင်းလူမျိုးများအား အသိပေးအပ်ပါသည်။
(၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ (Main Committee)
Main Committee
No. Name Position Community/ Fellowship Contact Number
1 Steven Pao Pao Chairman ACR 018 238 5814
2 Silver Star Vice Chairman MSCL 017 227 4431
3 Roberts Saing Lian Thang Secretary CRC 017 883 1323
4 Din Te Asst. Secretary CZRO 018 871 2725
5 Salai Yaw Mang Treasurer CNFRC 018 663 0240
6 Nu Len Asst. Treasurer FRO 011 7242 6912
7 Henry Bu Hung Information DAI 016 639 0031
အားကာကော်မတီ (Sport Committee)
No. Name Position Community/ Fellowship Contact Number
1 Daniel Sang Kolh Chairman FRO 014 961 8773
2 Salai Yaw Mang Secretary CNFRC 018 663 0240
3 Roberts Saing Lian Thang Treasurer CRC 017 883 1323
4 Yaw Hlaing Member Sami 018 232 3182
5 Nolian Shwe Member Dai 010 287 9155
6 Anthony Myint Aung Member Zophei 011 1113 7580
7 Mosty Member Matu 011 1164 2302
ဘောလုံးပွဲနှင့်ပတ်သက်ပြီး မေးမြန်းလိုပါက Sport Chairman နှင့် Sport Secretary နှစ်ဦးကိုသာ ဆက်သွယ်ရန်။
မှတ်ချက်။ ။ Cultural Committee ကို နောက်အစည်းအဝေးတွင်ဖွဲ့စည်းရန်။
(၇၅)နှစ်မြောက် ချင်းအမျိုးသားနေ့ ဖြစ်မြောက်ရေးကော်မတီ
ကွာလာလမ်ပူမြို့ ၊ မလေးရှားနိုင်ငံ
နိုဝင်ဘာလ ၀၅၊ ၂၀၂၂
မဂ်လာပါ..
အဖွဲ့စည်းကဒ်များ သက်တမ်းသေရင် တိုးပေးကြပါ...ကဒ်မလုပ်ရသေးသူများ ကဒ်လုပ်ကြပါ..ACR ကဒ် လုပ်ကြပါ. သက်တမ်းတိုးကြပါ
အချိန်နဲ့ အချိန်အခါ မရွေး အပြောင်းအလဲ ရှိလာနိုင်ပါတယ်......စေတနာဖြင့် အသိပေးခြင်းဖြစ်ပါသည်..
ACR ရုံးနှင့်ကျောင်းတွင်လပေါင်းများလုပ်အားပေးတာဝန်ထမ်းဆောင်ခဲ့သောTaraသည်မကြာမှီတွင်မိခင်ဩစတေးလျနိုင်ငံပြန်သွားတော့မည်ဖြစ်ပါသည်။သူရှိစဉ်ကာလအတွင်းကူညီဆောင်ရွက်ပေးခဲ့မှုများအတွက်အေစီအာရ်ဝန်ထမ်း၊ဆရာ/မများနှင့်ကျောင်းသား/သူများအားလုံးမှအထူးပင်ကျေးဇူးတင်ရှိပါကြောင်းဂုဏ်ပြုမှတ်တမ်းတင်ရင်းကျန်းမာပျော်ရွှင်လျက်အောင်မြင်မှုအဖြာဖြာဆွတ်ခူးနိုင်ပါစေကြောင်းဆုတောင်းမေတ္တာပို့အပ်ပါသည်။
မဂ်လာပါ.. မလေးရှား မှာနေထိုင်ကြတဲ့ ညီကိုယ်မောင်နှမ တိုင်းရင်းသားတို့
ခုချိန် မလေးရှား ရွေးကောက်ပွဲ ရှိတဲ့အတွက်..
အဖမ်းအဆည်း များလိမ့်မယ်
အစစအရာရာ သတိထား.သွားလာလုပ်ကိုင်ကြပါ...
ကြားရတဲ့သတင်းဒီထက်ဆိုးပါတယ်..
ဘယ်သူမှ မကယ်နိုင်..
မလေးရှား မှာ ရှိတဲ့
အရှိုချင်း မိသားစု များသိစေရန်..
အရှိုချင်း ထဲမှ ခလေးမွေးထားသော..သူများ
မွေးစာရင်းနဲ့ ACR ကဒ်ကိုင်ထားသူများ...ခလေးမွေးစာရင်းနဲ့ ခလေးမွေးတဲ့ စာအုပ်ရှိသူများ... စာရင်းပေးကြပါ..အရှို ဥက္ကဌ ကို.. စာရင်းပေးကြပါ...ခလေးမွေးစာရင်းရယ်..ခလေးမွေးတဲ့ စာအုပ်စာရွက်စာတမ်းများ..
အခြေအနေထူးပြီနော့်
မလေးရှား ရှိ အရှို ချင်းများခင်ဗျာ
ကိုယ်ကိုင်ထားသော ACR ကဒ်များ သက်တမ်းတိုး ထားကြပါ
ဖုန်းနံပါတ် ဖုန်းကို သတိထားပါ..မက်ဆေ့ကိုအဝင်ကိုလဲသတိထားကြပါ..
အင်တာဗျူးခေါ်ပါပြီ..
ACR ကဒ် သက်တမ်းမရှိရင် ပြန်လွှတ်ပါတယ်..သက်တမ်းတိုး ထားကြပါ...
ယခုပုံပါ ဘလက်ကောင်း အရှို ချင်းတစ်ယောက် ACR ကဒ်ကိုင် သည် ၉ လပိုင်း ၂၃ ရက်တစ်ယောက် ၂၉ ရက် ၂၀၂၂တစ်ယောက် အင်တာဗျူး ခေါ်ပါပြီ
ဖုန်းသတိထားပါ အမျိုးတို့
၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒုက္ခသည်များပြည်ဝင်ခွင့်ဆိုင်ရာ အစီရင်ခံစာကို ကွန်ဂရက်သို့ ပေးပို့
၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဒုက္ခသည်ဦးရေ (၁၂၅၀၀၀) ဝင်ခွင့်ပြုရန်အဆိုပြု
09/09/2022
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Ned Price၊ ဌာနပြောရေးဆိုခွင့်ရှိသူ
အမေရိကန် ပြည်ထောင်စုသည် ဒုက္ခသည် ပြန်လည်နေရာချထားရေး အပါအဝင် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုံ့ပြန်မှုတွင် ကမ္ဘာ့ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် US Refugee Admissions Program (USRAP) အား ပြန်လည်တည်ဆောက်ခြင်းနှင့် အားကောင်းစေခြင်းတို့ကို ဦးစားပေးလုပ်ဆောင်ပြီး အစီအစဉ်ကို အနာဂတ်အတွက် တာရှည်ခံအုတ်မြစ်ပေါ်တွင် နေရာချပေးသည့် မဟာဗျူဟာမြောက် ရေရှည်တည်တံ့သောနည်းလမ်းဖြင့် တိုးတက်ပြောင်းလဲနေသော လိုအပ်ချက်များနှင့် အခွင့်အလမ်းများကို တုံ့ပြန်နိုင်ရန် ပရိုဂရမ်ကို ခေတ်မီအောင် လုပ်ဆောင်လျှက်ရှိပါသည်။ ၎င်းတွင် ယခုနှစ်နှောင်းပိုင်းတွင် စတင်မည့် ပုဂ္ဂလိက ပံ့ပိုးကူညီမှု ရှေ့ပြေးပရိုဂရမ်တစ်ခုအပါအဝင် ပြန်လည်နေရာချထားရေးတွင် အမေရိကန်များအတွက် တိုက်ရိုက်ပါဝင်နိုင်ရန် အခွင့်အလမ်းများချဲ့ထွင်ရန် ကြိုးပမ်းမှုများ ပါဝင်သည်။
ပြီးခဲ့သောဘဏ္ဍာရေးနှစ် (2021-22) တွင်၊ အမေရိက၊ ကွန်ဂို၊ ဆီးရီးယား၊ ယူကရိန်း၊ မြန်မာနိုင်ငံ မှ ဒုက္ခသည်များ နှင့် အခြားလူမျိုးစုများအပြင်၊ အထူးသဖြင့် အကူအညီလိုအပ်သော LGBTQI+ လူများအပါအဝင် USRAP မှတစ်ဆင့် လွန်ခဲ့သည့်ဘဏ္ဍာနှစ်တွင် ပြန်လည်နေရာချထားရေးလုပ်ငန်းများအား တိုးမြှင့်လုပ်ဆောင်ခဲ့ပါသည်။ အမေရိကန်ပြည်ထောင်စုတစ်ဝှမ်းရှိ အာဖဂန်လူမျိုး 80,000 ကျော်အား ကနဦးပြန်လည်နေရာချထားရေးသတ်မှတ်လူဦးရေထက် ကျော်လွန်ကာ ပံ့ပိုးကူညီပေးနိုင်ခဲ့ပါသည်။ ပြီးခဲ့သောဘဏ္ဍာရေးနှစ် (2021-22) လုပ်ဆောင်မှုများသည် နှစ်ပေါင်း (၄၀) အတွင်း အကြီးမားဆုံး ပြန်လည်နေရာချထားရေး ကြိုးပမ်းမှုဖြစ်ပါသည်။
ယမန်နေ့ (စတင်ဘာလ ၉ရက်) တွင် အမေရိကန် ပြည်ထောင်စုအစိုး& ဌာနများ နှင့် အမျိုးသားလုံခြုံရေးဌာန (DHS) နှင့် ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများ (HHS) တို့နှင့် သမ္မတ၏ အစီရင်ခံစာတွင် ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် ဒုက္ခသည်များပြည်ဝင်ခွင့်ဆိုင်ရာ အဆိုပြုလွှာကို ကွန်ဂရက်လွှတ်တော်၏ တရားစီရင်ရေးကော်မတီများထံတင်သွင်းပေးပို့ခဲ့သည်။ ကိုယ်စားလှယ်များနှင့် အထက်လွှတ်တော်၊
ကမ္ဘာတဝှမ်းရှိ နေရပ်ရွှေ့ပြောင်းထွက်ပြေးနေရသော ဒုက္ခသည် သန်း ၁၀၀ ကျော်အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ တိုးပွားလာနေသောကြောင့် ကူညီဖြေရှင်းပေးနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် ဒုက္ခသည်ဦးရေ (၁၂၅၀၀၀) ဝင်ခွင့်ပြုရန် အဆိုပြုလွှာကို ကွန်ဂရက်သို့ တင်သွင်းအကြံပြုထားသည်။
ထို့နောက်၊ DHS နှင့် HHS တို့နှင့်အတူ အမေရိကန်ပြည်ထောင်စု အတွင်းရေးမှူးတို့သည် သမ္မတအဆိုပြုထားသည့် ၂၀၂၃ ဘဏ္ဍာနှစ်အတွက် ဒုက္ခသည်လူဦးရေပမာဏနှင့်ပတ်သက်၍ ကွန်ဂရက်နှင့် တိုင်ပင်ဆုံးဖြတ်သွားမည်ဖြစ်သည်။
https://www.state.gov/transmission-of-the-presidents-report-to-congress-on-proposed-refugee-admissions-for-fiscal-year-2023/
Transmission of the President’s Report to Congress on Proposed Refugee Admissions for Fiscal Year 2023 - United States Department of State The Report to Congress recommends a refugee admissions target of 125,000 for Fiscal Year 2023 to address the growing needs generated by humanitarian crises around the globe, including the more than 100 million displaced persons around the world.
UNHCR က Putrajaya ၏ ဒုက္ခသည်များအားတာဝန်ယူမည့်အစီအစဥ်ကို ကြိုဆို
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
PETALING JAYA- ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ Putrajaya သို့ ဒုက္ခသည်များနှင့် ခိုလှုံခွင့်ရှာဖွေသူများအရေး စီမံချက်အကောင်းအထည်ဖော်နိုင်ရေး လိုအပ်ချက်များကို ပံ့ပိုးကူညီရန် ကတိကဝတ်ပြုထားကြောင်း အတည်ပြုပြောကြားခဲ့သည်။
မလေးရှားရှိ UNHCR ရုံးပိတ်သိမ်းရေး အဆိုပြုချက်ကို တုံ့ပြန်ရန် မေးမြန်းခဲ့ရာတွင် “ဒုက္ခသည် အကာအကွယ်ပေးရေးဆိုင်ရာကိစ္စရပ်များ နှင့် ပြဿနာများဖြေရှင်းသွားနိုင်ရေး မလေးရှားအစိုးရ၏ စဉ်ဆက်မပြတ် ကြိုးပမ်းမှုများအား ကြိုဆိုကြောင်း” ကုလသမဂ္ဂအေဂျင်စီ (UNHCR) ပြောရေးဆိုခွင့်ရှိသူက FMT သို့ ပြောကြားခဲ့သည်။
ကွာလာလမ်ပူရှိ UNHCR ၏ ပြောရေးဆိုခွင့်ရှိသူ Yante Ismail က Putrajaya နှင့် ဒုက္ခသည်များအား စီမံခန့်ခွဲရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမူဘောင်နှင့်ပတ်သက်၍ ဆွေးနွေးမှုများသည် အေဂျင်စီနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပူးတွဲသဘာပတိအဖွဲ့မှတစ်ဆင့် နှစ်အတော်ကြာအောင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဒီမှာ ဒုက္ခသည် သတင်းအချက်အလက် ဒေတာ မျှဝေမှု၊ အစိုးရနဲ့ ပူးတွဲ မှတ်ပုံတင်မှု၊ ခိုလှုံခွင့် တောင်းခံသူတွေကို စစ်ဆေးခြင်းနဲ့ တရားဝင် အလုပ် လုပ်ကိုင်ခွင့် အစရှိတဲ့ အမျိုးသား လုံခြုံရေး ကောင်စီ (MKN) ညွန်ကြားရေးမှူးချုပ်က တင်ပြတဲ့ ကိစ္စတွေ ပါဝင်ပါတယ်” ဟု ၎င်းက ဆိုသည်။
"ဒီလအစောပိုင်းက ကျင်းပခဲ့တဲ့ နောက်ဆုံးအစည်းအဝေးနဲ့အတူ ဒီဆွေးနွေးပွဲတွေဟာ အထူးသဖြင့် 2019 ၂၀၀၉ ခုနှစ် ကတည်းက ဆိုင်းပြင်းဆွေးနွေးခဲ့တယ်” လို့ပြောကြားခဲ့သည်။
ဒုက္ခသည်များအား ကာကွယ်သွားနိုင်မည့်အရေးတွင် အစိုးရသည် အဓိကတာဝန်ယူ ဦးဆောင်အကောင်အထည်ဖော်မည် ဖြစ်သော်လည်း နိုင်ငံတကာ အသိုင်းအဝန်း၊ အရပ်ဘက် လူ့အဖွဲ့အစည်း၊ ပုဂ္ဂလိက ကဏ္ဍနှင့် ဒုက္ခသည် အသိုင်းအဝိုင်းတို့က ပံ့ပိုးရန်လိုအပ်သည်ဟု Yante က ဆိုသည်။
ယခင် အချိန်များတွင် UNHCR သည် အမျိုးသားအဆင့် မူဘောင်ရေးဆွဲနိုင်ခြင်းမရှိသည့်အတွက် မလေးရှားအစိုးရကိုယ်စား ဒုက္ခသည် ကာကွယ်ရေးနှင့် အကူအညီပေးသည့်လုပ်ငန်းစဉ်များအား ဆောင်ရွက်ခဲ့ကြောင်း၊ ယခုတွင် “မလေးရှားအစိုးရ နှင့် ဆွေးနွေးထားတဲ့အတိုင်း UNHCR အနေဖြင့် အစိုးရကို အဓိပ္ပာယ်ပြည့်ဝပြီး တဖြည်းဖြည်းချင်း အသွင်ကူးပြောင်းနိုင်ရေးလုပ်ငန်းစဥ်များအား ပံ့ပိုးကူညီသွားရန် ကတိကဝတ်ပြုလုပ်ဆောင်သွားမည်ဟု ထပ်မံပြောဆိုခဲ့သည်။
“အမျိုးသားအဆင့် ရေးဆွဲနေသည့် ဒုက္ခသည်များအား ကာကွယ်ပေးနိုင်ရေးစီမံချက် (စနစ်သည်) ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်ပေါင်းများစွာ အချိန်ယူလျှက်၊ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်မှုများနှင့် အကာအကွယ်ပေးနိုင်ရေးမူဘောင်များပါဝင်ပြီး၊ အကောင်အထည်ဖော် တည်ဆောက်ရာတွင်လည်း ကမ္ဘာ့အတွေ့အကြုံများက များစွာအထောက်အကူပေးမှာဖြစ်ကြောင်း ထောက်ခံပြောကြားခဲ့သည်။
“မလေးရှားအစိုးရအနေနဲ့ ဒီအစောပိုင်းအဆင့်တွေကို စတင်လုပ်ဆောင်နေပြီဖြစ်တဲ့အတွက်” သတင်းကောင်းဟုလည်း ပြောကြားခဲ့သည်။
အင်္ဂါနေ့တွင် MKN ညွှန်ကြားရေးမှူးချုပ် Rodzi Md Saad က မလေးရှားရှိ UNHCR ရုံး၏ နိုင်ငံတွင်းရှိ ဒုက္ခသည်များအား စီမံခန့်ခွဲနေခြင်းအား Putrajaya ထံ ပြည်ပနိုင်ငံများ ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ လွဲပြောင်းတာဝန်ယူစေရန် အကြံပြုခဲ့ခြင်းဖြစ်သည်။
Rodzi သည် မလေးရှားအာဏာပိုင်များနှင့်ဆွေးနွေးတိုင်ပင်ခြင်းမရှိဘဲ UNHCR ကတ်များ ထုတ်ပေးနေခြင်းသည် ကုလသမဂ္ဂအေဂျင်စီအနေဖြင့် အစိုးရအား မရိုမသေပြုရာရောက်သည့်ဟု စွပ်စွဲပြောဆိုခဲ့သည်။
၎င်း၏ မှတ်ချက်များသည် NGO များနှင့် အတိုက်အခံ လွှတ်တော်အမတ်များအကြား ဆူပွတ်သော သတင်းတရပ် အုတ်အော်သောင်းတင်း ဖြစ်သောကိစ္စရပ်ဖြစ်ခဲ့သည်။ ၎င်းတို့အနေဖြင့်လည်း မလေးရှားတွင် UNHCR ၏ တည်ရှိနေမှုအပေါ် ပြည်ထောင်စု အစိုးရ၏ ရပ်တည်ချက်သဘောထားကိုလည်း မေးခွန်းထုတ်ခဲ့ကြသည်။
UNHCR သည် ၎င်းတို့၏ (ဒုက္ခသည်များ မှတ်ပုံတင်ခြင်း၊ လူတွေ့စစ်ဆေးခြင်း လုပ်ငန်းစဉ်များ) အား လေ့လာခွင့်ပြုရန် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ဝန်ကြီးဌာနများနှင့် အေဂျင်စီကိုယ်စားလှယ်အဖွဲ့များ ကိုယ်တိုင်လေ့လာခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း Yante မှ ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင်လည်း “မလေးရှားနိုင်ငံရှိ UNHCR ကဒ်ကိုင်ဆောင်ထားသူများ တည်နေရာကို စောင့်ကြည့်ရန် တီထွင်ထားသည့် ၎င်း၏ Tracking Refugees Information System (TRIS) ဖြင့် မှတ်ပုံတင်ရန် မကြာသေးမီက ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီး Hamzah Zainudin က TRIS တွင် မှတ်ပုံတင်ထားသူများသည် MyRC ဟုခေါ်သော ID ကတ်များကို ပေးအပ်မည်ဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဆောက်လုပ်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် အခြားကဏ္ဍများစွာတွင် ဝင်ရောက်အသုံးပြုနိုင်ရန် ထည့်သွင်းစဉ်းစားမည်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး Hamzah Zainudin က ပြောကြားခဲ့သည်။
https://www.freemalaysiatoday.com/category/nation/2022/09/09/unhcr-says-it-is-helping-putrajaya-take-charge-of-refugee-affairs/
UNHCR says it is helping Putrajaya take charge of refugee affairs UN agency says refugee protection is primarily the government’s responsibility, but supported by the international community, civil society, the private sector and refugee communities.
မလေးရှားနှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) တို့ကြား ပူးတွဲအလုပ်အဖွဲ့ (JTF) အစည်းအဝေးကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင် ကျင်းပခဲ့သည်။ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဌာနခွဲမှ လက်ထောက်အတွင်းဝန် မစ္စစ်မူနီ အဗ္ဗဒူလ်ဟာမစ်နှင့် UNHCR မလေးရှား ကိုယ်စားလှယ် Mr. Thomas Albrecht, NSC, MOHA, MOHR, RMP, JIM, AGC, PMD နှင့် NRD တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ၎င်း JTF အစည်းအဝေးတွင် မလေးရှားနိုင်ငံရှိ UNHCR ကတ်ကိုင်ဆောင်ထားသူများ၏ စီမံခန့်ခွဲမှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး စိန်ခေါ်မှုများကို ဖော်ထုတ်ကာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန် ရှေ့ဆက်နည်းလမ်းများကို ရှာဖွေခဲ့ကြသည်။
Selamat Menyambut Hari Kemerdekaan yang ke-65 🇲🇾🇲🇾🇲🇾🇲🇾🇲🇾🇲🇾
Happy 65th Independence Day Malaysia 🇲🇾
Credit : photo
၂၀၁၉ ၂၀၂၀ ခုနှစ်များတွင် ယူအန်အိခ်ျစီအာ၏လူသစ်လျှောက်ထားခြင်း စာမျက်နှာမှတစ်ဆင့် အဖွဲ့စည်းများ၏ အကူညီဖြင့်ဖြစ်စီ မိမိကိုယ်တိုင်ဖြစ်စီ ယူအန်တွင် မှတ်ပုံတင်ခြင်းခံရနိုင်စီရန် လျှောက်ထားခသူများအား ယူအန်အိခ်ျစီအာမှ ရက်ချိန်းသတ်မှတ်ကာ ရုံးသို့လာခိုင်းနီကြောင်းသိရပါသည်။ ယူအန်အိခ်ျစီအာမှ သူတို့ရက်ချိန်းတွင် ရောက်လာသောသူများကို ဒုက္ခသည်အဖြစ်သင့်တော်သော အချက်အလက်များအား မိန်းမြန်းကာ ဒုက္ခသည်အဖြစ်ခိုင်လုံပါက ယူအန်အိခ်ျစီအာကဒ်အား တစ်ပါတည်းထုတ်ပီးကြောင်း ကြားသိရသည်မာလည်း ၀မ်းသာစရာဖြစ်ပါသည်။
အသစ်ပြောင်းလဲ သွားသော ယူအန်ပုံစံ လေးခုကို UNHCR မှ ယနေ့ထုတ်ပြန်ထားသည်...
-UN Card ပုံစံ
-အကယ်၍ ကဒ်ပျောက်သော် မိတ္တူထုတ်ပုံစံ
-UC letter ပုံစံ
-Appointment Card ပုံစံ
အသိပေးခြင်း
၁၈-၀၈-၂၀၂၂ ကြာသာပတေးနေ့သည် ယူအင်ရုံးပိတ်မည်ဖြစ်ပါသည်။ သို့သော် ဖုန်းဖြင့်အွန်လိုင်းမှတဆင့်စစ်ဆေးခြင်း( Online Interview) ကိုဆက်လက်လုပ်ဆောင်နေပါမည်။ကျန်သောကိစွများအတွက်ရုံးပိတ်ပါမည်။ စေလန်းဂေါ(Selangor)ဘုရင်၏သားတော် ယူအန်ရုံး (UN Office) သို့လာရောက်လည်ပတ်မည်ဖြစ်သောကြောင့်ဖြစ်ည်။
Dear All. Due to office activities, on 17 and 18 August, the office will not be processing cases as usual and will not be able to entertain walk-ins. The office has already rescheduled some appointments on 17 August and all appointments on 18 August. We appreciate your support in alerting communities you work with of this.
ယခုလ ၁၇ ရက်နေ့ နှင့် ၁၈ ရက်နေ့များတွင် ရုံးတွင်း walk-in ဝင်ရောက်ခြင်းများ ထိုနေ့၌ချိန်းဆိုထားသော Appointments များကို ရက်အနည်းငယ်ပြောင်းရွှေ့မည်ဖြစ်ပါသည်။
၁၂/၀၈/၂၀၂၂ (သောကြာ)နေ့တွင် UNHCR -CBP ဌါနမှ လူကြီးများ CRC (စီအာရ်စီ)ရုံးသို့ လာရောက်ပြီး၊ ကွန်မြူနိတီခေါင်းဆောင်များနှင့်အတူ တွေ့ဆုံဆွေးနွေးတိုင်ပင်ဖြစ်ပါသည်။လူမျိုးအတွက် မိမိအချိန်ကိုပေးကာ လာရောက်ပါဝင်ပြီး၊ သိလိုသိထိုက်သည်များကို မေးမြန်းကာ တက်ရောက်လာသော ခေါင်းဆောင်အချို့မှလည်း တင်ပြဆွေးနွေးနိုင်ခဲ့ပါသည်။
လူသစ်လက်ခံခြင်း
၂၀၁၉ ၌ အွန်လိုင်းဖြင့် လျှောက်လွှာတင်သွင်းပြီးသူများထဲမှ ဦးစားပေး စာရင်းအဖြစ် ခေါ်ယူလက်ခံနေပါသည်။ ယခင်က အွန်လိုင်းဖြင့် ခေါ်ယူမှု့များရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ လူကိုယ်တိုင် ခေါ်ယူတွေ့ဆုံအင်တာဗျူးခြင်းကိုလည်း စတင်နေပြီ ဖြစ်ပါသည်။ သို့သော်လည်း တစ်ခေါက်လျှင် လူအများကို ခေါ်ယူနိူင်ခြင်း မရှိသေးပါ။ လူအများအပြားအား ရုံး၌ခေါ်ယူတွေ့ဆုံရန် အဆင်မပြေသေးသောေကြာင့်ဖြစ်ပါသည်။
ကဒ်သိမ်းခံထိသူများအတွက်
နာမကျန်းသောကြောင့် ဆေးရုံ၌ ကုသမှု့ခံယူနေရလျှင် ဆရာဝန်ဆေးမှတ်တမ်း (Dr. Memo)တောင်းယူပြီးလျှင် စီအာရ်စီရုံးမှတဆင့် ယူအန်ရုံးသို့ စာတင်ပေးပါမည်။ ကဒ်သိမ်းခံထိပြီးသူ မည်သူမဆို မိမိဖိုင် ပြန်ဖွင့်ပေးရန် အသနားခံစာကို ယူအန်ရုံးသို့ ပေးပို့ရမည် ဖြစ်သည်။
မိသားစုတွဲကပ်ခြင်း
မိသားစုတွဲကပ်ခြင်းကို ပြုလုပ်ပေးနေသော်လည်း၊ အရေးပေါ် ဦးစားပေး အစဥ်အလိုက်ပြုလုပ်ပေးနေသဖြင့် မိမိအလှည့်ရောက်လာပါလိမ့်မည်။
နာမကျန်းဖြစ်၍ ဆရာဝန်၏ဆေးမှတ်တမ်း ရယူနိူင်သူများကို ဦးစားပေးအနေဖြင့် ဆောင်ရွက်ပေးနေပါသည်။
ကိုယ်ဝန်ဆောင်
ကိုယ်ဝန်ဆောင်နေပြီး ယူအန်ကဒ်မရှိသူဖြစ်လျှင်၊ ကလေးမမွေးဖွားခင် ၂ ပါတ်အလိုတွင် စီအာရ်စီရုံးသို့လာပြီး၊ ယူအန်ရုံးသို့ စာတင်ပေးရန် တောင်းဆိုနိူင်ပါသည်။
MCH မှာ ပြရသည့် (Pink Book)စာအုပ်နှင့်ဆေးစာရွက်စာတမ်းများအားလုံးကို ယူဆောင်လာပြီး၊ အပ်နှံရမည်။ ယူအန်မှ Register မုချ ပြုလုပ်ပေးမည်ဟု ဆိုလိုခြင်းမဟုတ်သော်လည်း၊ နည်းလမ်းတစ်ခုဖြစ်နိူင်ပါသည်။
အဖမ်းအဆီး
အဖမ်းအဆီးကို ယူအန် OPI ဌါနမှလည်း ကူညီလုပ်ဆောင်ပေးနေသော်လည်း၊ လူအင်အား မလုံလောက်၍ ထိရောက်မှု့အားနည်းနိူင်ပါသည်။ OPI ဌါနမှ ဝန်ထမ်းအင်အားနည်းမှု့ကြောင့်ဖြစ်သော်လည်း၊မလေးရှားအစိုးရပိုင်းနှင့်ကြိုးစားညှိနှိုင်းဆောင်ရွက်နေပါသည်။
MYRC
MYRC မှ မလေးရှားအစိုးရနှင့် UNHCR ၏ ပူးပေါင်းသဘောတူညီမှု့ရရှိပြီးပြီဟုဆိုသည်မှာ မမှန်ကန်ပါ။ MYRC ကဒ် ကိုင်ဆောင်သူ မည်သူ့ကိုမဆို အဖမ်းအဆီးနှင့်သာရေး/နာရေးများတွင် UNHCR ရုံးမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ MYRC (TRIS)အရေးတွင် UNHCR ရုံးမှ Refugee များဖက်မှ အတူရပ်တည်ပေးလျှက်ရှိပါသည်။
သိရှိထားရန်
၀၁/ ယူအန်ကဒ် အသိမ်းခံထားရပြီးသူတိုင်း မဖြစ်မနေ မိမိဖိုင်ပြန်ဖွင့်ပေးရန် အသနားခံစာကို ယူအန်ရုံးသို့ ပေးပို့ရမည်။
၀၂/ လူသစ်နှင့် ယူအန်မလျှောက်ဖူးသူတိုင်း မဖြစ်မနေ အွန်လိုင်း registration ပြုလုပ်ရမည်။
၀၃/ နာမကျန်းဖြစ်၍ ဆေးရုံတက်ရမည့် အခြေအနေဖြစ်လျှင် အစိုးရဆေးရုံများတွင်သာ ကုသမှု့ခံယူရန် နှင့် ယူအန်ရုံးနှင့်အဆက်အသွယ်ရှိသည့် ဆေးခန်းများတွင်သာ သွားရောက်ပြသရမည်။
၀၄/ ယူအန်ရုံးသို့ပေးထားသည့် မိမိဖုန်းနံပါတ်သော်၎င်း၊ အွန်လိုင်းဖောင်ဖြည့်ရာတွင် ရေးသွင်းထားသည့် မိမိဖုန်းနံပါတ်ကိုသော်၎င်း မပြောင်းသင့်ပါ။ ဖုန်းနံပါတ်အသစ်ပြောင်းဖြစ်ခဲ့သော်၊ အမြန်ဆုံး UNHCR ရုံးသို့ အကြောင်းကြားပြီး update ပြုလုပ်ရမည်။
၀၅/ မိမိဖုန်းကို အစဉ်သဖြင့် သတိထား ကိုင်ဆောင်ရမည်။
၀၆/ မိသားစုတွဲကပ်သော်၎င်း၊ လူသစ်လျှောက်ထားခြင်းသော်၎င်း၊ အခြားခြားသော ယူအန်သို့စုံစမ်းလိုသည့် အကြောင်းအရာများရှိလျှင် လွတ်လပ်စွာဖြင့် စီအာရ်စီရုံးသို့ အပတ်စဉ် Monday မှ Saturday (မနက် ၁ဝး၀၀ နာရီမှ ညနေ ၀၆း၀၀ နာရီအတွင်း) လာရောက်အကူအညီတောင်းခံနိူင်ပါသည်။
စေတနာဖြင့်
CRC Malaysia
ACR ကဒ် သက်တမ်းကုန်နေသော ချင်း လူမျိုးများ
သက်တမ်းတိုး ထားကြပေးပါရန်...
UN လျှောက်ထား ဖုန်းနံပါတ် များ...မပျက် မပျောက်အောင်ဂရုစိုက်ပါ..
ပျက်သွား ပျောက်သွားပါက ကိုယ့်အတွက် နစ်နာသလို့ UN အတွက် အလုပ်ရှုပ် စေပါသည်....
UNHCR ရရှိပြီးသူ များသာမက appointment လျှောက်ထားသူများ မိမိတို့ ဖုန်းSMSကိုအမြဲစစ်ပေးပါ.
UN ကပေးသော (UC Letter) တွင် UN Verify Plus App ကနေတဆင့် အစစ်၊အတု စိစစ်လို့ရနိုင်ပါပြီ။
အဟောင်းမှာ Verify Plus မှ စိစစ်လို့မရခဲ့ပါ။
UN card နှင့် UN စာရွက်ရှိသောသူတိုင်းက Verify Plus ကို Download ဆွဲပြီးအသုံးပြုသင့်ပါသည်။အသင်းသူ၊သားအားလုံးဘုရားသခင်ကွယ်ကာမစကြပါစေ။
Click here to claim your Sponsored Listing.
Website
Address
L13A-1, Menara Sentral Vista, 150, Jalan Sultan Abdul Samad, Brickfields
Kuala Lumpur, 50470
We're a non-profit, media and freedom of expression watchdog that aspires for a Malaysian society that is democratic, just and free where all people will enjoy free media and the f...
15, Jalan Tasik Selatan 3, Bandar Tasik Selatan
Kuala Lumpur, 57000
A non-profit Christian NGO in Malaysia, committed to serving the poor & needy.
51-11, The Boulevard, Mid Valley City
Kuala Lumpur
Gorgeous Geeks is a platform to empower women to leverage on technology.
1st Floor, MCOBA Building, 42 Jalan Syed Putra
Kuala Lumpur, 50460
MERCY Malaysia is a Malaysian-based international non-profit organisation. How to donate: https://www.mercy.org.my/donate/
12-14, Tingkat 3, Jalan Pudu
Kuala Lumpur, 55100
12-14, Tingkat 3, Jalan Pudu, 55100 Kuala Lumpur. 祕書處電話號碼, 03-20784380 傳真號碼,
Mezzanine Floor, Wisma OCM, Jalan Hang J***t
Kuala Lumpur, 50150
To support Malaysian athletes in achieving sustained competitive excellence and preserve the Olympic
JKR 641 Jalan Kelantan, Bukit Persekutuan
Kuala Lumpur, 50480
MNS = Malaysian Nature Society
No. 15, Jalan Sri Semantan 1, Bukit Damansara, Kuala Lumpur, Wilayah Persekutuan
Kuala Lumpur, 50490
精英大学华文学会 HELP Chinese Cultural Society (CCS)
Jalan Hujan Emas 8
Kuala Lumpur, 58200
Junior Chamber International Kuala Lumpur West (JCI KL West) is founded on 30th September 1973.
No. 1-3, 3rd Floor, Jalan Jelatek 1, Pusat Perniagaan Jelatek, Setiawangsa
Kuala Lumpur, 54200
We help those affected by social & psychological issue through emotional support & preventive program
The Lower Penthouse, Wisma Hang Sam, 1 Jalan Hang Lekir
Kuala Lumpur, 50000
Malaysia’s first think-tank dedicated to promoting market-based solutions to public policy challenges.