Htet Naing///Tattoo Artist

Htet Naing///Tattoo Artist

Nearby arts & entertainment

文华舞蹈中心
文华舞蹈中心
84000

tattoo Artist ��� myanmar

19/12/2022

ရှယ်ရေးမယ်မယ်
ရှယ်လေ့လာမယ်
ရှယ်ကြိုးစားမယ်

Photos from Htet Naing///Tattoo Artist's post 02/12/2022

ကြိုက်တယ်ဆိုရင်ကျေနပ်ပါပြီ
Comment မှာ တစ်ခုခုရေးခဲ့

03/10/2022

တတ်တူးရေးဖို့အတွက်
အသားရောင်ဆေးစပ်နည်းလေးပါ
ကျွန်တော်လဲလေ့လာနေသူတစ်မို့
သူငယ်ချင်းများလဲလေ့လာလို့ရအောင်တင်ပေးလိုက်ပါတယ်


Htet Tattoo

28/09/2022

ဒီ page လေးထဲကကျွန်တော့မိတ်ဆွေများပုံလေးတွေ‌မတင်တာကြာတော့မေ့နေပီလားဗျ၊နောက်နေ့တင်ပေးပါမယ် လိုအပ်တဲပုံလေးတွေရှိရင်commentမှာရေးခဲ့နော်

Photos from Htet Naing///Tattoo Artist's post 24/09/2022

ဒီနေ့အတွက်တော့နည်းနည်းပဲတင်ပေးလိုက်ပါတယ်ကျွန်တော်မိတ်ဆွေများအတွက်၊ပုံမတင်တာကြာတော့မေ့နေမှာစိုးတယ်😁😁😁😁
လိုအပ်ရင်saveထားလိုက်နော်

Photos from Htet Naing///Tattoo Artist's post 15/09/2022

ပုံလေးတွေတင်ကျမယ်

15/09/2022

မလေးရှား မွှားမြို့မှာနေပါတယ်
ညီနဲ့တတ်တူးရေးချင်ရင်ဆတ်သွယ်ပေးပါ
#0108205606
by Ko Htet

Photos from Htet Naing///Tattoo Artist's post 12/09/2022

ကျွန်တော့ရဲ့ဝါသနာတစ်ခုက
ကျွန်တော်ရဲ့အိမ်မတ်ပါပဲ
လိုချင်တာကိုရဖို့ကိုကိုယ်တိုင်ပဲ
ကြိုးစားရမှာပါ💪💪💪

by Ko Htet

Photos from Htet Naing///Tattoo Artist's post 07/09/2022

Tattoo model မလေးတွေရဲ့
အလန်းစားပုံရိတ်များ

04/09/2022

အချိန်ဆိုတာတန်ဖိုးရှိတယ်
ရတဲ့အချိန်မှာအလကားမဖြစ်‌နဲ့
လေ့ကျင့်ရင်းပန်းတိုင်အရောက်သွားမယ်
Artist by Ko Htet ---

Photos from Htet Naing///Tattoo Artist's post 30/08/2022

Color တတ်တူးလေးတွေကြိုက်တဲ့
ညီအစ်ကိုများအတွက်၊လေ့လာလို့လဲရပါတယ်နော်

23/08/2022

ပုံတူလေးတွေလေ့လာရအောင်

14/08/2022

ဘယ်ပညာမဆိုပြည့်စုံတယ်ဆိုတာမရှိပါဘူး
ဒီလိုပဲလေ့လာ၊သင်ယူရတာပါမိတ်ဆွေ🥰🥰

Photos from Htet Naing///Tattoo Artist's post 13/08/2022

မတင်တာကြာနေတော့အစ်ကိုတို့ညီတို့အတွက်
ပုံလေးတွေလေ့လာလို့လဲရအောင်ကာလာပုံလေးတွေလဲပါတယ်နော်saveထားလိုက်နော်
ညီpage ကိုလဲ-Like nad Follow လုပ်ခဲ့ပေးနော်🥰🥰

Photos from Htet Naing///Tattoo Artist's post 29/07/2022

Hello မဂ်လာပါသူငယ်ချင်းတို့
ပုံမတင်တာကြာတော့မေ့နေမှာစိုးလို့
လိုအပ်ရင်ပုံလေးတွေsaveထားလိုက်နော်
Like and follow လုပ်လိုက်အုံးနော်🥰🥰

Photos from Htet Naing///Tattoo Artist's post 22/07/2022

Colour ရဲ့သဘေားတရားလေးတွေပါ
ညီ၊အစ်ကိုများအားလုံးလေ့လာလို့ရအောင်
တင်ပေးလိုက်ပါတယ်

18/07/2022

မမေ့သင့်တဲ့နေ့တစ်နေ့ပါ😥😥😥

Photos from Htet Naing///Tattoo Artist's post 14/07/2022

မိတ်ဆွေတို့ကြိုက်တယ်ဆိုတင်ပေးပါအုံးမယ်

06/07/2022

Tattoo leg တွေကိုသဘေားကျတဲ့ညီအကိုများအတွက်

Photos from Htet Naing///Tattoo Artist's post 02/07/2022

အခြေခံသင်တန်းလေးတော့ဆင်းပီဗျာ
မိတ်ဆွေများတတ်တူးရေးချင်ရင်ဆတ်သွယ်လို့ရပါပီ/ဆက်သွယ်ရန်-+60108205606

28/06/2022

ညီအကိုတွေတစ်ယောက်တစ်လှည့်ထိုးကျတယ်😁😁

25/06/2022

အမေအဆင်ပြေပါ့မလား😔😔😔

24/06/2022

လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ဆိုတာ
အခက်ခဲအမျိုးမျိုးနဲ့ဝေဖန်မူ့တွေကို
ကျော်ဖြတ်နိုင်မှအဆင်ပြေလိမ့်မယ်

23/06/2022

Welcome ko Htet tattoo

Photos from Htet Naing///Tattoo Artist's post 17/06/2022

ဘယ်လိုအခြေနေပဲရောက်ရောက်
ဘယ်လောက်ပဲခက်ခဲခက်ခဲ
ကိုယ့်ရဲ့ကြိုးစားမူ့ရဲ့ပုံဖော်မူ့လေးတွေ
ကြည့်ပီးပီတိဖြစ်မိတယ်
ကြိုးစားမယ်ကိုယ့်ဝါသနာအတွက်🤜🤛💪💪

10/06/2022

သင်တန်းမှာအရမ်းကြိုးစာနေတယ်မိတ်ဆွေအတွက်လက်ရာကောင်းကောင်းရေးပေးနိုင်ဖို့

02/06/2022

ဆရာthet mg mg ရဲ့tattoo သင်တန်းမှာ‌ပညာသင်နေပါတယ်ဗျ😍😍

22/05/2022

လူ့တန်ဖိုးဆိုတာ
===========

‼ ပညာတွေတတ်ပြီး အကောင်း အဆိုး အမှား အမှန်
ကို မခွဲခြားနိုင်ရင် အလကားပါပဲ။

‼ ငွေကြေးချမ်းသာပြီး အတ္တတွေကြီးကာ ကိုယ့်အိတ်
ထဲပဲ ထည့်ဖို့ ကြိုးစားနေရင်လည်း အလကားပါပဲ။

‼ အတွေးအခေါ် ဘယ်လောက်မြင့်မြင့် စာနာနားလည်
ပေးနိုင်တဲ့ နှလုံးသား မရှိရင် အလကားပါပဲ။

‼ ရုပ်ရည် ဘယ်လောက်ချောချော လူတစ်ယောက်ကို
လူလို့ မမြင်တတ်ရင် အလကားပါပဲ။

‼ အသိပညာ ဘယ်လောက်ရှိရှိ တစ်ခြားသူပြောတဲ့စ
ကားကိုတန်ဖိုးမထားတတ်ရင် အလကားပါပဲ။

‼ အလုပ်တွေ ဘယ်လောက်ပဲ ကြိုးစား ကြိုးစား
ရိုးသားမှုမရှိရင် အလကားပါပဲ။

‼ ဘယ်လောက်ပဲ တော်နေပါစေ ကိုချင်းစားစိတ်
မရှိရင် အလကားပါပဲ။

‼ ဘယ်လောက်ပဲ လူကောင်းတစ်ယောက်လို့ ကြွေး
ကြော်နေပါစေ သူများမျက်ရည်ပါတဲ့ ထမင်းကိုစားနေ
ရင် အလကားပါပဲ။

‼ အမှန်တရားကို ဘယ်လောက်ပဲလက်ခံတယ်ပြော
ပြော ကိုယ်မှားနေတာကိုထောက်ပြဆွေးနွေးတာမကြိုက်
ရင် အလကားပါပဲ။

‼ တကယ်တမ်းတော့ လူ့တန်ဖိုးဆိုတာ ထက်မြက်တဲ့
ခေါင်း မဟုတ်ပါဘူး။

‼ အခြားသူတွေအပေါ် ကြင်နာတတ်တဲ့ နှလုံးသား
ဂရုစိုက် နားထောင်ပေးတတ်ပြီး စာနာတတ်တဲ့ နား
ပေးကမ်းကူညီတတ်တဲ့ လက်တစ်စုံ။

‼ အကောင်းမြင်တတ်ပြီး အမြင်ကြည်လင်တဲ့ မျက်စိနဲ့
အပြောချိုပြီး မုသားနည်းတဲ့ ပါးစပ်ပဲ ဖြစ်ပါတယ်။

‼ ဘာလို့လဲဆိုတော့ လူတော်တွေဘယ်လောက်များများ
လူကောင်းဆိုတာ မရှိခဲ့ရင် အမှန်တရားတွေပျောက်ကွယ်
လာပီး လူ့ပတ်ဝန်းကျင်လည်း ငြိမ်းချမ်းမှု့ သာယာမှု့တွေ
ပျောက်ဆုံးလာပါလိမ့်မယ်။

22/05/2022

" လဲကျတိုင်းသာ ကြောက်စိတ်ဝင်ရမယ်ဆိုရင်
ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး

လူတော်တော်များများက ပြောတတ်ကြတယ်..
လူတစ်ယောက်အောင်မြင်ပြီဆိုရင်
"သြော် သူကတော့ ကံကောင်းလိုက်တာနော်"တဲ့
သွားပြီ အဲ့စကားထဲမှာ အကုန်ပါသွားပြီ..

'ကံကောင်းလိုက်တာနော်'လို့ ပြောတဲ့သူမှန်သမျှဟာ
သူဘာလို့အောင်မြင်ရသလဲဆိုတဲ့ အဓိကအချက်ကို မကြည့်တော့ဘူး..
သူဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို စိတ်မဝင်စားတော့ဘူး..
အဲဒီတော့ ဘာတွေအတုခိုးမလဲ
ဘာပညာ ဘာနည်းလမ်းမှ မရတော့ဘူး ။

တို့ဂေါတမဘုရား ကံကောင်းလို့ဘုရားဖြစ်တာမဟုတ်ဘူး..
လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်း ပါရမီဖြည့်ခဲ့ရတာ ကြိုးစားခဲ့ရတာ ။

အောင်မြင်သူတွေကို အားကျရင်
နောက်ကြောင်းကို ကြည့်ပါ..
သူဘာတွေလုပ်ခဲ့သလဲ
သူဘယ်လောက်ကြိုးစားခဲ့လဲ ကြည့်ပါ..
ဒါမှ ကိုယ့်အတွက် ပညာဗဟုသုတရမှာပေါ့..
'ကံကောင်းလိုက်တာနော်'ဆိုတော့ လမ်းကဆုံးပြီ ။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်တွေကို ကြည့်..
ကံကောင်းလို့ချမ်းသာလာတာ ငါမတွေ့ဖူးဘူး..
ဗေဒင်တွေ ယတြာတွေနဲ့ ချမ်းသာလာတာလည်း ငါမတွေ့ဖူးဘူး..
ဘယ်တန်ခိုးရှင်ကမှ မစတာ မဟုတ်ဘူး..
ကြိုးစားပါ ကိုယ့်ကိုကိုယ်ယုံကြည်ပါ
အဲ့ဒါ တန်ခိုးပဲ ။

' ငါတော့ကံဆိုးလိုက်တာ'ဆိုရင်
အဲ့ဒီကောင် ကံဆိုးပြီသာမှတ်တော့
'ငါမဖြစ်နိုင်ပါဘူး'ဆိုရင်
အဲ့ဒီကောင် ဖြစ်ကိုမဖြစ်တော့ဘူး..
လုပ်ကြည့်ချင်စိတ်မှ မရှိတာ ။

' ငါ ဖြစ်လောက်ပါတယ်'ဆိုရင်
အဲ့ဒီကောင် တစ်ခါတော့ကြိုးစားကြည့်လိမ့်မယ်
ဖြစ်ဖို့အလားအလာရှိတယ်..

' ငါမဖြစ်သေးတာပါ'ဆိုရင်
အဲ့ဒီကောင် ၂ကြိမ်၃ကြိမ်ကြိုးစားကြည့်လိမ့်မယ်..
ဖြစ်ဖို့နီးစပ်တယ်..

' ငါဖြစ်ကိုဖြစ်ရမယ်'ဆိုရင်
အဲ့ဒီကောင် ဖြစ်ကိုဖြစ်မှာ..
သူ့မှာ ထပ်တလဲလဲကြိုးစားလိုစိတ် ရှိတယ်
သူ့မှာ အောင်မြင်လိုစိတ်ပြင်းထန်တယ်..

အောင်မြင်ချင်ရင် ဇွဲရှိရမယ်..
ဇွဲဆိုတာ ကြာရှည်ခံနိုင်တဲ့သတ္တိ
လဲကျတိုင်းသာကြောက်စိတ်ဝင်ရမယ်ဆိုရင်
ဘယ်ကလေးမှ လမ်းလျှောက်တတ်မှာမဟုတ်ဘူး..
စိတ်ဓာတ်ယိမ်းယိုင်သွားတဲ့အခါတိုင်း
"ငါ ငယ်ငယ်က လဲဖူးပါလား ငါပြန်ထလို့
အခုလိုလမ်းလျှောက်တတ်လာတာပါလား" ဆိုပြီး
ကိုယ့်ခွန်အား ကိုယ်ပြန်မွေးပါ

ထိုင်နေရင်းနဲ့တော့ မျှော်လင့်ချက်မထားနဲ့..
ဘာမှမလုပ်ရင် ဘာမှမရဘူး..
လှိုင်းကြောက်ရင် လှေမစီးနဲ့ ကမ်းစပ်မှာပဲထိုင်နေ..

လုပ်ချင်စိတ်ရှိရင် အလုပ်ပေါတယ်..
အလုပ်မရှိရင် စာဖတ်..
ဘဝအတွက် အထောက်အကူအများကြီးရတယ်..

အခွင့်အလမ်းမရှိခင်မှာ
အသိပညာပိုင်းဆိုင်ရာ အတတ်ပညာပိုင်းဆိုင်ရာတွေကို
ကိုယ့်ဘက်က အသင့်ပြင်ထား readyလုပ်ထား
မောင်းတင်ထား ဒါအလုပ်ပဲ..

(ဆရာကြီးဦးအောင်သင်း)

ပြန်လည်မျှဝေပေးပါသည်

19/05/2022

🌲-လူ့ဘဝရသုံးခဏ
-တစ်ယောက်ကိုတစ်ယောက်လေးစားမူ့တွေ
-နားလည်မူ့တွေ၊သီးခံခြင်းတွေနဲ့တည်ဆောက်ပါ
🌲-ဘဝဆိုတာတိုတိုလေးမို့
-ကောင်းသေားအတွေးကိုတွေးပီး
-ကောင်းသောစိတ်ကိုထားပါမိတ်ဆွေ

19/05/2022

🌹ဝီရိယဆိုတာ░၄░ဆင့်ရှိတယ်░

🦚░ပထမအဆင့်က░
အလုပ်တစ်ခုကို░လုပ်မယ်လို့░ဆုံးဖြတ်တာ၊░
အဲဒါ░အနိမ့်ဆုံးအဆင့်░ဝီရိယ။░

🦚░ဒုတိယအဆင့်က░
ဆုံးဖြတ်ချက်အတိုင်း░အလုပ်ကို░စပြီးလုပ်တာ။░

🦚░တတိယအဆင့်က░
ခက်ခဲပေမယ့်လည်း░ဆက်ပြီးလုပ်တာ။░

🦚░စတုတ္ထအဆင့်က░
ရှုံးနိမ့်မှုနဲ့ရင်ဆိုင်ရရင်တောင်မှ░လက်မမြှောက်ဘဲ░နောက်တစ်ခါထပ်ပြီး░ကြိုးစားတာ။░

အဲဒါ░ဝီရိယပါပဲ။

🦋𝑫𝒂𝒘 𝑨𝒖𝒏𝒈 𝑺𝒂𝒏 𝑺𝒖𝒖 𝑲𝒚𝒊🦋

Photos from Htet Naing///Tattoo Artist's post 17/05/2022

လောကမှာလေ့လာရင်း
သင်ယူရင်း၊ကြိုးစားနေခြင်းသည်
စိတ်ဓာတ်ခွန်အားကိုရစေတယ်
#မှတ်ချက်ကြိုးစားနေစဲပါ

13/05/2022

ဘ၀မှာ မလုပ်သင့်တဲ့ အရာများ
====================
၁။ မပျင်းပါနဲ့

ပျင်းရိနေတာက အချိန်ကုန်စေပါတယ်။ စိတ်ကူးယဉ်မနေပါနဲ့။ လုပ်စရာရှိတာ အခုပဲ ထလုပ်လိုက်ပါ။

၂။ ဘ၀ရဲ့စိန်ခေါ်မှုတွေကို ရှောင်ဖို့မကြိုးစားပါနဲ့

ဘ၀ကို ပုံပြင်စာအုပ်တစ်အုပ်လို့ သဘောထားပါ။ တစ်ချို့စာမျက်နှာတွေ မရှိဘူးဆိုရင် အဓိပ်ပါယျရှိမှာ မဟုတ်ပါဘူး။ ဘာကိုမှ မကျော်ပဲ တစ်မျက်နှာချင်းလှန်ဖတ်သွားရင် ဘ၀ရဲ့ရသကို ခံစားရမှာပါ။

၃။ တသမတ်တည်း မလျှောက်လှမ်းပါနဲ့

အသံရင်းမြစ် ဖြစ်ဖို့ကြိုးစားပါ။ ပဲ့တင်သံအဖြစ်ကို ကျေနပ်မနေပါနဲ့။ ကိုယ်ပိုင်စိတ်ကူးအိပ်မက်အသစ်တွေကို ဖော်ဆောင်ဖို့ သတ္တိမွေးပါ။

၄။ အချိန်ကောင်းကို စောင့်မနေပါနဲ့

အချိန်နဲ့အမျှ ဖြစ်ချင်တာတွေရော မဖြစ်ချင်တာတွေပါ ဖြစ်ပျက်နေကြတာဖြစ်ပါတယ်။ အချိန်ကောင်းကို စောင့်မနေပါနဲ့။ ပြီးပြည့်စုံတဲ့ အချိန်ဆိုတာ မရှိပါဘူး။ လုပ်စရာရှိတာကို လုပ်ဖြစ်အောင်လုပ်ပါ။

၅။ ဟန်မဆောင်ပါနဲ့

လူတွေဘယ်လိုထင်မြင်ယူဆမလဲဆိုတာကို တွေးပူပြီး ကိုယ့်ကိုယ်ကို လိမ်ညာဟန်ဆောင်မနေပါနဲ့။ ဒီလိုစိုးရိမ်နေမယ်ဆိုရင် သင်ဟာ သင်မဟုတ်တော့ပါဘူး။ ပတ်၀န်းကျင်က ပုံသွင်းတာကို လက်မခံပါနဲ့။ ကိုယ်ပိုင်ယုံကြည်ချက်နဲ့ ရပ်တည်ပါ။

၆။ ပင်ကိုယ်စရိုက်ကို မဖုံးကွယ်ပါနဲ့

တစ်ခါတရံမှ ကျင့်၀တ်သိက္ခာတွေကို ဂရုစိုက်နေမယ့်အစား ပင်ကိုယ်စရိုက်ကို ဖော်ထုတ်ပြတတ်ဖို့လိုပါတယ်။ ဒါက လူသားတွေရဲ့ သဘာ၀ပါ။

၇။ အရာအားလုံးကို မတတ်သာလို့ လုပ်နေရတာမျိုး မဖြစ်ပါစေနဲ့

ဘ၀ဆိုတာ ရတောင့်ရခဲအခွင့်ထူးတစ်ခုပါ။ ဘ၀အတွက်လုပ်ဆောင်ရမှာတွေကို အာရုံစိုက်တတ်မယ်ဆိုရင် ပျော်ရွှင်မှုနဲ့ အကျိုးသက်ရောက်မှုတွေကို ရရှိမှာဖြစ်ပါတယ်။

၈။ အားလုံးကိုတစ်ခါတည်းနဲ့ အောင်နိုင်ဖို့ မကြိုးစားပါနဲ့

မိုင်ထောင်ချီဝေးတဲ့ခရီးကို ခြေတစ်လှမ်းနဲ့ စရတာဖြစ်ပါတယ်။ ဒါ့ကြောင့် တစ်လှမ်းစီပဲ လှမ်းနိုင်ဖို့ ကြိုးစားပါ။

plus-4

၉။ အတိတ်ပြဿနာတွေကို အာရုံစိုက်မနေပါနဲ့

အတိတ်ကို အတိတ်မှာပဲထားခဲ့ပါ။ ဘ၀မှာ စမ်းသပ်မှုကို ကျော်ဖြတ်ပြီးမှ သင်ခန်းစာကို သိနိုင်တာဖြစ်ပါတယ်။ အတိတ်ကအမှားကို သင်ခန်းစာယူနိုင်ရင် လုံလောက်ပါပြီ။

၁၀။ ဘာဖြစ်နိုင်မလဲ သိပ်မတွေးပါနဲ့

အခွင့်အလမ်းတွေက ဖြစ်ချိန်တန်ရန် ဖြစ်လာပါလိမ့်မယ်။ တွေးပူမနေပါနဲ။

၁၁။ အရေးမပါတဲ့ကိစ္စတွေကြောင့် အာရုံနောက်မခံပါနဲ့

ကောင်းတာတွေရရှိကြုံတွေ့ဖို့ အချိန်စောင့်ရတာကို သိထားပါ။ အကောင်းဆုံးပဲလုပ်ပါ။ ခြေလှမ်းတိုင်းကို အသိအမှတ်ပြုပါ။ ကျန်တာအားလုံးကို မေ့ထားပါ။

၁၂။ ဘာကိုမှ စွဲမြဲဆုပ်ကိုင်ထားဖို့ မကြိုးစားပါနဲ့

ဘ၀က ပြောင်းလဲနေပါတယ်။ ဘယ်အရာမှမတည်မြဲဘူးဆိုတာ အမှတ်ရပါ။

၁၃။ လက်ရှိပျော်ရွှင်မှုကို လစ်လျူမရှုပါနဲ့

အခုရှိနေတာကိုမှ အသိအမှတ်မပြုရင် လမ်းဆုံးရင်လည်း ရွာတွေမှာမဟုတ်ပါဘူး။ အနာဂတ်ကို အများကြီး မျှော်လင့်ပြီး လက်ရှိဘ၀ကို အလဟဿမဖြစ်ပါစေနဲ့။

၁၄။ အယူချည်းပဲမဖြစ်ပါစေနဲ့

ငွေကြေးဥစ္စာပစ္စည်းအရမ်းရှိတယ်ဆိုရင် ချမ်းသာမှုကို ဝေမျှပါ။ မရှိဘူးဆိုရင် နှလုံးသားကို ဝေမျှပါ။ ပေးနိုင်သမျှ ပေးကမ်းစွန့်ကြဲပါ။

၁၅။ တစ်စုံတစ်ယောက်က ကိုယ်စားလုပ်ပေးတာကို စောင့်မနေပါနဲ့

ဘယ်သူ့ကိုမှ အားကိုးနေစရာမလိုပါဘူး။ ပြောစရာရှိတာပြောပါ။ လုပ်စရာရှိတာလုပ်ပါ။ အတွေးနဲ့ ခံစားချက်တွေကို ဖုံးကွယ်မထားပါနဲ့။

၁၆။ အမှန်ဖြစ်ဖို့ အမြဲကြိုးစားမနေပါနဲ့

အမှန်တရားဆီကို လမ်းကြောင်းတွေအများကြီးရှိပါတယ်။ တစ်ခါတစ်ရံ အမှန်ကိုသက်သေပြဖို့ထက် အရှုံးပေးလိုက်တာက နှလုံးအေးပါတယ်။

၁၇။ မသိသေးပဲ အကဲမဖြတ်ပါနဲ့

အခြားလူတွေကို ရုပ်ရည်သွင်ပြင်နဲ့ အမူအကျင့်ကိုကြည့်ပြီး ကိုယ့်အတွေးနဲ့ကိုယ် အကဲဖြတ်တာကို လျှော့ပါ။ ပိုချစ်ခင်တတ်အောင် ကြိုးစားပါ။

၁၈။ အမုန်းကိုလည်း စွဲမြဲမနေပါစေနဲ့

တစ်ခုခု ဒါမှမဟုတ် တစ်ယောက်ယောက်ကို မေ့လိုက်ချင်ရင် မမုန်းလိုက်မိပါစေနဲ့။ မုန်းမိတဲ့အရာဟာ နှလုံးသားကို အချိန်တိုင်းထိုးဆွနေတတ်ပါတယ်။ မမုန်းပါနဲ့။ ခွင့်လွှတ်လိုက်ပါ။

၁၉။ အချစ်ကိစ္စတွေမှာ အဓိပ်ပါယျမဲ့တာတှေ သိပ်မတွေးပါနဲ့

ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် အကြွင်းမဲလက်ခံပေးတာကို အားလုံးက လိုချင်ကြပါတယ်။ ပြန်ပေးဖို့တော့ ဘာကြောင့် ခက်နေကြတာပါလဲ။ အများကြီးမစဉ်းစားပါနဲ့။ ပျော်ရွှင်မှုချင်းထပ်တူကျရင် အချစ်စစ်ပါပဲ။

၂၀။ အရင်းနှီးဆုံးမိတ်ဆွေတွေကို ပစ်မထားပါနဲ့

အမြဲတမ်းဆက်သွယ်နေပါ။ သူတို့အတွက် တိုက်ခိုက်ပါ။ သူတို့ကလည်း သင့်အတွက် တိုက်ခိုက်ပေးပါလိမ့်မယ်။ အရင်းနှီးဆုံးမိတ်ဆွေတွေဟာ ဘ၀နဲ့ ယုံကြည်မှုကို တွဲကပ်ပေးနိုင်တဲ့ ကော်တစ်မျိုးဖြစ်ပါတယ်။

မူရင်းရေသားသူအား
လေးစားစွာ

13/05/2022

ဒီလူ ၁၀ ယောက်ထဲ မပါစေနဲ့ ****************************

၁။ ကောင်းကွက်တွေရှိနေပါလျှက် နဲ့ ၊
မကောင်းကွက်ကိုမှရွေးပြီး ကြည့်တတ်သော လူ !!

၂။ သူတစ်ပါးရဲ့ ကောင်းဂုဏ်ဒြပ်တွေကို -
တစ်ခြားလူတစ်ယောက်ဆီမှာ -
ဖွင့်ပြောပြရမှာ ဝန်လေးတတ်သော လူ !!

၃။ ကိုယ်နဲ့မထိုက်လို့ မရတာသိလျှက်နဲ့ -
သူတစ်ပါးက ရသွားမှာကြောက်ပြီး ၊
မကောင်းကြံတတ်သော လူ !!

၄။ ကိုယ်မလုပ်နိုင်မှန်းသိလျှက်နဲ့ -
သူတစ်ပါးလုပ်နိူင်တာကို -
မနာလို ဝန်တိုတတ်သော လူ !!

၅။ တစ်ခြားလူဘက်မှာ အမှန်တရားရှိတာသိလျှက်နဲ့ -
ငွေကြေးရှိတဲ့သူဘက်က ရပ်တည်ပေးတတ်သော လူ !!

၆။ ငါသာ ဗိုက်ဝရင်ပြီးရော
သူတစ်ပါးငတ်ငတ်ဆိုတဲ့ စာနာစိတ်မရှိသော လူ !!

၇။ ပိုက်ဆံမျက်နှာတစ်ခုအတွက်နဲ့ -
အကုသိုလ္ကို ပြုလုပ်ရဲသော လူ !!

၈။ လူတစ်ယောက်ကို တွေ့တာနဲ့ -
အရင်ဦးစွာ အပြစ်ကိုလိုက်ရှာပြီး ၊
အားရပါးရပြောတတ်သော လူ !!

၉။ ငွေကြေးဥစ္စာရှိသူနဲ့ဆိုရင် တစ်မျိုး ၊
ငွေကြေးဥစ္စာမရှိသူနဲ့ကြတစ်မျိုး ဖြစ်တတ်သော လူ !!

၁၀။ ရိုးသားတဲ့သူတွေအပေါ်မှာ -
လိမ်လည်ကောက်ကျစ်ချင်တတ်ကြသော လူ !!

မေတ္တာဖြင့်

-Original writer

Want your establishment to be the top-listed Arts & Entertainment in Muar?
Click here to claim your Sponsored Listing.

Videos (show all)

သဘေားကျမယ်ထင်ပါတယ်
🥰😍
ကိုယ်သေရတောမယ်ဆိုတာ သိနေတဲ့သူတစ်ယောက်ရဲ့စိတ်တွေဘယ်လောက်တောင်ပျာရာခက်နေမလဲ😔😔😔

Telephone

Website

Address


အချိန်ရှိသရွေ့အမြဲသင်ယူတယ်
Muar
TATTOOကိုချစ်တယ်

Other Tattoo & Piercing Shops in Muar (show all)
Ko Aung Htet Ko Aung Htet
Muar

➡️ Malaysia -Joho,Muar/Batu/8⬅️ 🇲🇲🖌️KO HTET TATTOO ARTIST 🖌️ 📲🇲🇾010820560 Whast -📲🇲🇾