Merry Shop - Singapore
Nearby food & beverage services
Blk354,Clementi Avenue, Singapore
Lucky Plaza, Singapore
Singapore
Singapore
Singapore
Pasir Ris, Singapore
Woodlands Drive, Singapore
Blk633B Tampines North Drive, Singapore
Singapore
Singapore
Marine Parade, Singapore
Li Xin Food Court, Singapore
Singapore
Market Street Hawker Center. Unit 03-18 Singapore. Mrt Interstate Raffle Place, Singapore
Hello! Welcome to our shop. You can find Myanmar Local products here. Please feel free to browse.
‼️ဒီpageက Reply မရတော့ပါ‼️
ဆက်သွယ်ရန်
WhatsApp account +6594219973
Viber account +959978815674
Page အသစ်
https://www.facebook.com/merrysgshopnewpage
Cetaphil Daily Exfoliating Cleanser (178ml)
Cetaphil ရဲ့ cleanser ကဆားဝက်ခြံ အဆီဖု အဆီကျိတ်နဲ့ဝက်ခြံထွက်ပြီး ကျန်ခဲ့တဲ့အမာရွတ်လေးတွေကို သက်သာပျောက်ကင်းစေဖို့ အတွက် အဓိက ထုတ်ထားတဲ့ Product ဖြစ်ပါတယ်။
သူ့ရဲ့ main effect က glow skin ဖြစ်စေဖို့တဲ့, Vitamin B5 နဲ့ vitamin E ပါလို့ မျက်နှာသစ်ပြီးသွားရင်ခြောက်ခြောက်ကြီးဖြစ်သွားတာ စပ်ဖျဉ်းဖျဉ်းဖြစ်တာမျိုး လည်းလုံးဝမရှိပဲ စိုစိုအိအိေလး ကျန်ခဲ့စေမဲ့မျက်နှာသစ်လေးပါ
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
မင်္ဂလာပါရှင့် 🙏
အမတို့ရဲ့ Page Error လေးကြောင့် Reply လုပ်မရတာကနေ ပြန်အဆင်ပြေသွားပါပြီရှင့် 🩵
အရှေ့အပတ်က ပစ္စည်းမှာယူထားတဲ့သူတွေကိုလည်း အမဘက်က Ship out လုပ်ထားပြီးပြီမလို့ Delivery အခြေအနေများ သိရှိလိုသူတွေကလည်း page messenger မှာ လာရောက်မေးမြန်းလို့ရပါပြီနော် ✨
order တင်ချင်တဲ့သူများလည်း Page messenger မှာ အရင်လို လာရောက်မှာယူထားလို့ရနေပါပြီရှင့် 🩵
တစ်စုံတစ်ရာ စိတ်အနှောက်ယှက်ဖြစ်သွားရင်လည်း Merry team ဘက် က အားလည်းအားနာပြီး တောင်းလည်းေတာင်းပန်ပါတယ်ရှင့် 🙏
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
ခေါင်းလျှော်ပြီးတာနဲ့ လန်းဆန်းပြီး Fresh ဖြစ်နေမှ ကြိုက်ရင် ရှမ်းမဈေးခြင်းရဲ့ Rosemary Shampoo လေးကိုသုံးပါနော် 😘
သူ့ရဲ့ အနံ့လေးကလေ
☘️အသီးနဲ့ ပန်း ပေါင်းစပ်ထားတဲ့ Fresh Fruity အနံ့လေး
☘️ချိုချိုလေး
☘️Fresh ဖြစ်ဖြစ်လေး
☘️ကြည်ကြည်လေးကိုမှ
🍈သခွားမွှေးနဲ့တူသယောင်အနံ့သင်းသင်းလေးကလည်း ပါသေးတယ်။ ခေါင်းလျှော်နေတုန်းမှာလည်း မွှေးနေမယ့်အပြင် ခေါင်းလျှော်ပြီးရင်လည်း ပေါ့ပါးလန်းဆန်းပြီး Fresh ဖြစ်နေမှာနော်။
✔️ဦးရေပြားရှိ သွေးလှည့်ပတ်မှုကို ကောင်းမွန်စေပြီး ဆံပင်ကျွတ်သက်သာစေတဲ့ လာဗင်ဒါပန်း
✔️ရေဓါတ်ဖြည့်ပေးပြီး ဆံသားပျက်စီးမှုကို ကာကွယ်ပေးတဲ့ ထောပတ်သီးဆီ
✔️ဦးရေပြားသို့ သွေးစီးဆင်းမှုကို အားကောင်းစေပြီး ဆံကေသာကို ကျန်းမာသန်စွမ်းကာ ဗောက်ရှင်းစေတဲ့ ကြက်ဆူဆီ
✔️ဆံသားကို ပျော့ပျောင်းစိုစွတ်စေတဲ့ ပျားရည်
✔️ဦးရေပြားခြောက်သွေ့ခြင်း ကင်းဝေးပြီး ဆံပင်ကို သန်စွမ်းနက်မှောင်စေတဲ့ ကြိတ်မှန်ရွက်
✔️အစိုဓါတ်ကိုထိန်းပေးပြီး ဆံသားအသစ်ကြီးထွားစေတဲ့ သခွားသီး
✔️အပူအပုပ်ကင်းပြီး ဆံပင်သန်စေတဲ့ တလျှော် ကင်မွှန်း စတဲ့ ပါဝင်ပစ္စည်းတွေ အားလုံးကို စနစ်တကျ အဆင့်ဆင့် အချိန် ရှစ်နာရီကြာပေါင်းခံယူပြီး သေချာထုတ်ပေးထားတဲ့ သဘာဝ Shampoo စစ်စစ်ပါရှင့် 💞
✨ပါဝင်ပစ္စည်းတွေကလည်း ရှယ်
✨အနံလေးကလည်း မွှေး
✨ပမာဏကလည်း 280 ml
သဘာဝစစ်စစ် Shampoo လေးကို သုံးပြီး အများငေးရတဲ့ ဆံကေသာ အလှကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ အခုပဲ လာမှာလိုက်နော် 🫡
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
မြန်မာ့သဘာဝချည်လေးနဲ့ အိပ်ကြမယ် 🥰
ချည်သားစစ်စစ်နဲ့ ပြုလုပ်ထားပြီး ခေါင်းအုံးဖုံးနှစ်ခု ၊ ဖက်လုံးစွတ် ၊ အခင်း 3 မျိုးလုံးကိုမှ $89 ပဲမလို့ တန်မှ တန်နော် ဒါ့အပြင် အစွတ်လေးတွေထည့်တဲ့ ချည်သားအိတ်လေးကလည်း ပါဦးမှာ 🥰
အိပ်တဲ့အခါ ကျောပူတာမျိုး ၊ လျှော်တဲ့အခါ အသီးထတာမျိုးကို လည်းမဖြစ်စေတာမလို့ အိမ်တိုင်းမှာဆောင်ထားသင့်တဲ့ ပစ္စည်းလေးဆိုလည်း မမှားဘူးပေါ့ 💕
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
❤️ https://shopee.sg/merrysgshop
#ချည်သားအခင်း
August လရဲ့ အရောင်းရဆုံး ပစ္စည်းတစ်ချို့ 🥰
🌱 ရှမ်းမဈေးခြင်း- ShanMa Zay Chin
🌱 DEAR MARY Hair Professional
🌱 The Mix By Su
🌱 A Sleepy Town
🌱 တြိရတန
🌱 Common Official Myanmar
🌱 Donutt Fiber
🌱 အဲမီး
အားပေးကြတဲ့ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးကျေးဇူးတင်ပါတယ်ရှင့် 💕
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
ပြောင်းဖူးမုန့် သို့မဟုတ် ပြောင်းဖူးပိုက် သို့မဟုတ် ပြောင်းဖူးပလွေ 🤭
ငယ်ငယ်က စားခဲ့တဲ့ ပြောင်းဖူးမုန့်လေးက နေရာဒေသအလိုက် အခေါ်အဝေါ်တွေပြောင်းလဲကြပေမဲ့ ဒေသစုံ နေရာစုံက ကလေးတိုင်း ကြိုက်နှစ်သက်ခဲ့ရတဲ့ မုန့်လေးဆိုလည်း မမှားဘူးပေါ့
ငယ်ဘဝကို တမ်းတရင်း ပြောင်းဖူးမုန့်လေး စားချင်ရင်တော့ အခုပဲ လာမှာထားလိုက်တော့နော် 🥰
ငယ်ငယ်ကလိုတော့ အရှည်မဟုတ်တော့ပေမဲ့ အရသာကတော့ အရင်အတိုင်း စားကောင်းဆဲပဲ 😋
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
#ပြောင်းဖူးမုန့်
🧡 Fake HeartBreaker 🧡 (ဆုခြည်ကို)
မြင်နေတွေ့နေကျပုံစံမဟုတ်သော အချစ်ဇာတ်လမ်းလေးတစ်ခု...
၂၁ ရာစုအတွင်း လူသားတွေ၏ ဆိုးယုတ်မှုကြောင့် ကမ္ဘာတစ်ဝှမ်း ပျက်ကပ်များကြုံဆုံခဲ့ပြီးသည့်နောက် သက္ကရာဇ်ကို ဖြိုချကာ ကမ္ဘာအသစ်ကို ထူထောင်ခဲ့ကြသည်။ ကမ္ဘာအသစ်တွင် အဂတိလိုက်စားမှု ရန်လိုမုန်းထားမှု စသည်တို့ မရှိသော ခေါင်းဆောင်ကို တင်မြှောက်ခဲ့သည်။
ရုပ်မရှိ နာမ်သာရှိသော လူလုပ်အသိဥာဏ်ခေါင်းဆောင်သည် ကမ္ဘာကြီးတွင် ဆိုးယုတ်သော လူသားများ ပပျောက်ရေးအတွက် အထူးစီမံခဲ့သည်။ ကမ္ဘာပေါ်တွင် ပြုပြင်ဖန်တီးထားသော ကောင်းမွန်သော ဆိုးယုတ်မှု ကင်းစင်သော လူသားများသာ ကျန်ရှိစေခဲ့သည်။ ထိုသည်ကိုလည်း လူသားများက ထောက်ခံအားပေးခဲ့ကြသည်။
သို့သော် နှစ်ပေါင်း ၄၀၀ ကြာပြီးသည့်နောက် လူလုပ်အသိဥာဏ် ခေါင်းဆောင်၏ မျိုးရိုးဗီဇပြုပြင်မှုတွေကို လက်မခံ၊ လူသားဟာ လူသားအတိုင်းရှင်သန်ခွင့်ရှိရမည်။ အနုပညာများကိုလည်း လွတ်လပ်စွာဖန်တီးခွင့်ရှိရမည် ဟူသောကြွေးကြော်သံတို့ဖြင့် အနုပညာရှင်တစ်စုသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေတစ်ခုကို တောင်းဆိုခဲ့ကြသည်။
ထို့နောက် ကမ္ဘာကြီးတွင် ဆိုးယုတ်မှုဥဿုံနယ်မြေ ဇုန် ၁ နှင့် အကြွင်းမဲ့လွတ်လပ်ခြင်း နယ်မြေ ဇုန် ၂ ဆိုပြီး မတူကွဲပြားသော နယ်မြေနှစ်ခု ဖြစ်တည်ခဲ့သည်။ တစ်နေ့တွင်
အနုပညာကင်းမဲ့လျက် သိပ္ပံနည်းပညာတို့သာ ထွန်းကားသော ဇုန် ၁ တွင် အနုပညာရှင်တစ်ယောက် ပေါ်ထွန်းလာခဲ့သည်။ ၁၉နှစ်အရွယ် အနုပညာရှင်လေးသည် သူမွေးဖွားရာ ဇုန် ၁ ကိုစွန့်ခွာလျက် အနုပညာထွန်းကားရာ နယ်မြေ ၂ တွင် နေကမ္ဘာဂြိုလ်များတွင် ဂုဏ်သတင်းကြီးမားသော အနုပညာတက္ကသိုလ်ကို တက်ရောက်ရန် ဇုန်ကူးပြောင်းလာချိန်မှာတော့...
ဇုန် ၂ခုရဲ့ မတူခြားနားခြင်းတွေကို ဇုန်ခြားသားလေးတစ်ယောက်ဘယ်လိုဖြတ်ကျော်မလဲ။
ဇုန် ၁ က ကြီးမြတ်သော အနုပညာ ရှင်လေးတစ်ယောက် နှင့် ဘယ်လိုဘယ်ပုံ တွေ့ဆုံပြီး...
ရာစုနှစ်တွေအထိ ဘယ်လိုဖြတ်ကျော်သွားကြမလဲဆိုတာကို ဆရာမဆုခြည်ကို ရဲ့ စိတ်ကူးယဥ် လက်ရာသစ် Fake Heartbreaker မှာ ဖတ်ရှုခံစားနိုင်ပါပြီ။
🧡 Fake HeartBreaker - ဆုခြည်ကို
◽စာမျက်နှာ 224
(မူရင်း အညွှန်းရေးသားသူ ပန်းဆက်လမ်း အားလေးစားစွာ Crd ပေးပါသည်)
သဘောကျဖတ်ရှုလိုပါက အိမ်အရောက်ကြာချိန် တစ်ပတ်မှ ဆယ်ရက်
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
ဇလုံကြီးရဲ့ ပုစွန်ခရမ်းချဉ်သီး ငါးပိချက် 😋
ချဥ်ငံစပ်လေးအရသာလေးမို့ အတို့အမြှုပ်နဲ့တွဲစားလဲ လိုက်ဖက်တဲ့အပြင် ထမင်းလေးနဲ့ ဒီတိုင်းနယ်စားရင်တောင် ပြည့်စုံတဲ့ "ဇလုံကြီး" ရဲ့ ပုစွန်ခရမ်းချဥ်သီးငါးပိချက်အနှစ်ထုပ်လေးကို
ခရမ်းချဥ်သီး ၊
ပုစွန်၊
ငပိလေးတွေ နဲ့အတူ
ဆီ၊ ဆား၊ သကြား၊ အရောင်တင်မှုန့်၊ နနွင်း၊ ကြက်သွန်နီလေးတွေနဲ့ အစပ်အဟပ်တည့်အောင်ချက်ထားတာမို့ 🤤
😍လူမျိုးဘာသာမရွေးစားလို့ရပါတယ်
( ၆ ) လအထိအထားခံတာကြောင့် ရုံးမှာပဲစားစား ၊ အိမ်မှာပဲစားစား စားချင်တဲ့အချိန် လွယ်လွယ်ကူကူစားလို့ရပါတယ်နော်
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
🥥 အုန်းဆီရဲ့ အသုံးဝင်ပုံ အချို့ Part 2
၁။ ဆံပင်
ပျော့ဆေး – အခန်းအပူချိန် (သို့) အပူပေးပြီး သင့်ဆံပင်ကို အုန်းဆီနဲ့ နှစ်နာရီကြာအောင် စိမ်ထားပေးခြင်းဟာ ဆံပင်ကို ပိုမို ကျန်းမာ သန်စွမ်းစေပါတယ်။ သူ့မှာ ဗီတာမင် အီး၊ ကေနဲ့ သံဓါတ်တွေ ပါဝင်ပါတယ်။
ဆံပင်ရှုပ်ထွေးမှုအတွက် ဆေးရည် – ဆံစပ်ကစလို့ အောက်ပိုင်းကို လက်နဲ့ အုန်းဆီလိမ်းပေးခြင်းဟာ အဆီပိုမထွက်စေပဲနဲ့ ခေါင်းဖီးရတာ ပိုမို လွယ်ကူစေပါတယ်။ ဆံပင်အရင်းကိုတော့ မထိသင့်ပါဘူး။
တောက်ပတဲ့ဆံသားတွေ ဖန်တီးခြင်း – ဆံပင် serum တွေမှာ silicone နဲ့ အုန်းဆီပါဝင်ပြီး သင့်ဆံပင်ကို သဘာဝအတိုင်း တောက်ပြောင်စေပါတယ်။ သူ့ကို mask အနေနဲ့ (သို့) ပျော့ဆေး အနေနဲ့ အသုံးပြုနိုင်ပါတယ်။
သန့်စင်တဲ့စက် – ဦးရေပြားနဲ့ ဆံပင်တို့မှာ ထင်တာထက်ပိုပြီး ဘက်တီးရီးယားတွေ ရှိတတ်ပါတယ်။ အုန်းဆီမှာတော့ ဘက်တီးရီးယား၊ မှိုတွေကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိ ရှိတာကြောင့် ဆံပင်တွေကို ကာကွယ်ပေးပါတယ်။
ဗောက်ထခြင်းကို ပျောက်ကင်စေခြင်း – အုန်းဆီမှာပါတဲ့ fatty acid တွေဟာ ပျက်စီးပြီး ဗောက်ထနေတဲ့ ဆံသားအတွက် အကောင်းဆုံး အဖြေပဲ ဖြစ်ပါတယ်။ သူ့ကို လာဗင်ဒါ (သို့) နှင်းဆီ အဆီတွေနဲ့ ရောပြီး ထူပျစ်တဲ့ ခေါင်းလျှော်ရည်အဖြစ် အသုံးပြုနိုင်ပါတယ်။
၂။ အရေပြား
ရေဓါတ်ထိန်းပေးခြင်း – မျက်နှာ (သို့) ကိုယ်ခန္ဓါပေါ်မှာ လိမ်းမယ်ဆိုရင် အုန်းဆီဟာ အရေပြားကို သဘာဝအဆီတွေ ဖြည့်တင်းပေးပြီး သဘာဝ အစိုဓါတ်ထိန်း အဖြစ် အလုပ်လုပ်ပါတယ်။
သက်သာစေတဲ့ အဆီ – လိမ်းဆေးအဖြစ်လိမ်းရင် (သို့) အနည်းငယ် စားသုံးခြင်းဟာ ယားယံခြင်းနဲ့ အကွက်ထခြင်းတွေကို သက်သာစေပါတယ်။
အသက်ကြီးခြင်းကို တားမြစ်ခြင်း – သူ့မှာ ဓါတ်တိုးဆန့်ကျင် ဂုဏ်သတ္တိ ရှိတာကြောင့် အိုမင်းရင့်ရော်တဲ့ ဖြစ်စဉ်ကို ကာကွယ်ပေးပြီး သင့်အရေပြားကို ရေဓါတ်ထိန်းသိမ်းပေးပါတယ်။ အရေပြားကို ပျော့ပျောင်းနူးညံ့စေပြီး တောက်ပစေပါတယ်။
ပန်းကုံးဆီ – လက်သည်းတွေကို သန်စွမ်းစေရုံသာမက ပျက်စီးနေတဲ့ ပန်းကုံးတွေကို ကူညီပေးပြီး ခြေထောက်သန့်ရှင်းရေးကိုလည်း ကူညီနိုင်ပါတယ်။
၃။ မျက်နှာ
အလင်းပြန်ပစ္စည်း – မိတ်ကပ်လိမ်းပြီးရင် အုန်းဆီကို ပါးပေါ်မှာ လိမ်းပေးရင် အရေပြားရဲ့ သဘာဝအရောင်တွေကို တိုးမြှင့်ပေးပြီး အလင်းပြန်စေတဲ့ ပစ္စည်း အဖြစ် အသုံးပြုနိုင်ပါတယ်။
မိတ်ကပ်ဖျက်ဆေး – အုန်းဆီကို ဖျက်ရခက်တဲ့ မျက်တောင်ကော့ဆေးတွေနဲ့ မျက်လုံးမိတ်ကပ်တွေကို ဖျက်ဖို့ အသုံးပြုနိုင်ပါတယ်။
မျက်လုံးလိမ်း ခရင်မ် – မျက်လုံးအောက်က အရေပြားဟာ အရေးအကြောင်းတွေ စတင်ဖြစ်ပေါ်တဲ့ နေရာဖြစ်ပါတယ်။ အုန်းဆီရဲ့ ရေဓါတ်ထိန်းပေးတဲ့ ဂုဏ်သတ္တိကြောင့် ဒီအရေးအကြောင်း ဖြစ်ပေါ်မှုကို ဟန့်တားပေးပြီး fatty acid တွေက အရေပြားကို ကာကွယ်ပေးပါတယ်။
၄။ အပြုံး
ဖြူဆေး – အုန်းဆီနဲ့ ပါးလုပ်ကျင်းပေးခြင်းဟာ သွားတွေကို ဖြူဖွေးတောက်ပစေပါတယ်။
သွားပိုးစားခြင်းကို တားမြစ်ပေးပါတယ်။ သွားတွေရဲ့ အရောင်တွေတင် မကပါဘူး။ သူ့ရဲ့ သိပ်သည်းမှုတွေကလည်း အရေးကြီးပါတယ်။ ဘက်တီးရီးယားပိုးတွေကို ဆန့်ကျင်တာမို့ သွားပိုးစားခြင်းကို ဖြစ်စေတဲ့ သွားချိုးဖြစ်ပေါ်ခြင်းကို တားမြစ်ပေးပါတယ်။
နှုတ်ခမ်း အဆီဖြည့်ခြင်း – နှုတ်ခမ်းကွဲတာဟာ ကြည့်လို့ မကောင်းပါဘူး။ နှုတ်ခမ်းအဆီ အဖြစ်သုံးပေးခြင်းဟာ နှုတ်ခမ်းကွဲခြင်းနဲ့ အဖတ်လန်ခြင်းကို ကာကွယ်ပေးပါတယ်။
Hello ဆရာဝန်ဆောင်းပါးမှ ကူးယူဖော်ပြလိုက်ပါသည်။
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
🍏Dreamio Fiber 🍏
Fiber ဘာကြောင့် သောက်ရလဲဆိုရင် တခါတလေ ကိုယ်စားမိလိုက်တဲ့ အစားအစာတွေထဲမှာ အစာချေဖို့မလွယ်တာတွေ ပါနိုင်တယ်။အဲ့ အစာတွေက အူနံရံမှာ သွားကပ်ပြီး တဖြည်းဖြည်း ဗိုက်ပူလာတာမို့ အဲ့အစာတွေကို အညစ်အကြေး အနေနဲ့ စွန့်ထုတ်လို့ရအောင် fiber Supplement တွေ သောက်ကိုေသာက်ပေးသင့်ပါတယ်။
Dreamio Fiber ကတော့ ပန်းသီးစိမ်းကြောင့် အူလည်းရှင်းပေးသလို သူ့ထဲပါတဲ့ Berry Infredient တွေက အသားလဲကြည်စေတယ် နောက်ပြီး အပူအပုပ်ကင်းတော့ ဝက်ခြံလဲ တော်ရုံမထွက်တော့ဘူး။
Dreamio Fiber ရဲ့ အားသာချက်ကတော့ ဝဥမှုန့်ပါ ပါတာကြောင့် တော်ရုံဗိုက်မဆာတော့ဘူးနော်
❗ပန်းသီးစိမ်းနဲ့ပြုလုပ်ထားလို့ အနည်းငယ်စိမ်းရွှင်ရွှင်အနံ့ရပါမယ်နော် ❗
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
🏅တစ်ပတ်အတွင်း 𝐓𝐨𝐩 𝐓𝐞𝐧 𝐁𝐨𝐨𝐤𝐬 🏅
ပန်းဆက်လမ်း မှ
ဩဂုတ်လ_တတိယပတ်အတွင်း
အရောင်းရဆုံး စာအုပ်(၁၀)အုပ် ကို Merry မှ ကူးယူဖော်ပြလိုက်ပါတယ်ရှင့်
၁.. စိတ်၀င်္ကပါမှ လွတ်မြောက်ခြင်း
၂ ... Fake HeartBreaker
၃... Emotional Liberation (ကိုယ်တိုင်လွတ်မြောက်ခြင်း)
၄ ... စတင်ညှို့ငင်လိုက်ပါ
၅... ခံစားချက်များရဲ့ လှပခြင်း
၆... အိကီဂိုင်
၇... ချစ်သောအမျိုးသမီးလေးထံသို့
၈... Follow Your Own Rhythm
၉... ဒိုင်ယာရီမြစ်
၁၀... ကမ္ဘာကြီးလောက် ချစ်ပြီးသည့်နောက်
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
#ပန်းဆက်လမ်း
ဒေါ်လှတင် ဝက်အူချောင်း ၊ ကြက်အူချောင်း 🥰
ထမင်းပူပူလေးနဲ့ ဆို ရှယ်နော် 🤤
✅ရေနွေးကြမ်းလေးနဲ့ အဆာပြေစားမလား
✅ ပေါင်မုန့်လေးနဲ့ညှပ်စားမလား
✅လက်ဖက်ထမင်းလေးနဲ့ တွဲစားမလား
✅အစိမ်းကြော်နဲ့ရောကြော်စားမလား
✅ခေါက်ဆွဲနဲ့တွဲကြော်စားမလား
ဘယ်လိုပဲစားစား စိတ်ကြိုက်လုပ်စားလို့ရတယ်နော်
မွှေးမွှေးလေးနဲ့ အရမ်းစားကောင်းလို့ ဒေါ်လှတင် ဆို အသည်းစွဲပဲ
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
#ဒေါ်လှတင် #ဝက်အူချောင်း
Bioderma Micellar Water (500ml)
ဝက္ြခံတွေ ခဏခဏ ထွက်တယ် အဆီဖုတွေထွက် တယ်ဆိုတာ မျက်နှာကို သေချာ double cleansing မလုပ်လို့ပါ။
Double cleansing သေချာလုပ်မှ ချွေးပေါက် အတွင်းပိုင်းထဲအထိ သန့်စင်နိုင်မှာပါ။ မသန့်စင်ဘူးဆိုရင်တော့ ကိုယ်ဘက်လောက်ပဲ စကင်ကဲတွေ လိမ်းလိမ်း ဝက်ခြံ, အဆီဖုတွေ ကတော့ထွက်နေဦးမှာပါပဲ။
ဒါကြောင့် မျက်နှာမသစ်ခင် double cleansing လုပ်ဖို့ရာ bioderma Micellar Water လေးကို ညွှန်းပါရစေ
✅ အသုံးပြုနည်းလေးကတော့...
Cotton Pad မှာ များများလေးဆွတ်ပြီး မျက်နှာပေါ်က မိတ်ကပ်၊ အညစ်အကြေးတွေကို ဖြည်းဖြည်းနဲ့ ညင်ညင်သာသာလေး သုတ်ပေးပါ။
Cotton Pad မှာ ဘာအညစ်အကြေးမှ မကျန်တော့တဲ့အထိ Cotton Pad များများ သုံးပေးရင်ပိုကောင်းတယ်
တစ်ခါတစ်လေ အရေးပေါ်အတွက်ဆိုရင် micellar water သုံးပီး မျက်နှာပြန်မသစ်လို့ရပေမဲ့ နေ့တိုင်း မိတ်ကပ်လိမ်းရတဲ့ သူတွေက Micellar water သုံးပီးရင်လည်း မပျင်းဘဲ ပုံမှန်သစ်နေကျ မျက်နှာသစ်ဆေး နဲ့ပြန်သစ်ပေးရမယ်နော်...🤗
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
ဆံပင်ကျွတ်တဲ့ပြဿနာကိုကြုံရတဲ့သူတိုင်း တခုစီရှိထားသင့်တဲ့ Dear Mary ရဲ့ Scalp Scrub Brush 😍
သုံးနေကျ HairCare Routine ထဲ ထည့်သုံးပေးရုံနဲ့ နဂိုကထက်
• သွေးလှည့်ပတ်မှုကောင်းစေတယ်
• ဆံပင်ကျွတ်တာ လျော့လာစေတယ်
• အဆီပြန်တာ သက်သာလာမယ်
• ဗောက်သက်သာစေတယ်
• အညောင်းအညာပြေစေတယ်
ဒါတွေအပြင် One Piece Mold မို့ အကြာကြီးအသုံးခံတယ်။ တစ်ခုဝယ်ထားရုံနဲ့ မပျက်စီးမချင်းသုံးလို့ရမယ်။ နူးညံ့ပေမယ့် ထိရောက်တဲ့ Brush Tips အရှည်လေးတွေနဲ့ မလို့ မတည့်မှာလည်း စိတ်ပူစရာမလိုဘူးနော်
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
The Mix by Su Yogurt soap
🥛ရေဓါတ်ဖြည့်ပေးတဲ့ မျက်နှာသစ်ဆပ်ပြာမျိုးလိုချင်တယ်
🥛အသားလည်းကြည်စေရဦးမယ်
🥛သဘာဝဆန်ဆန်နဲ့ အနံ့လည်းမွှေးနေဦးမှ
ဒါဆိုရင် အဲ့အတွက်အဖြေက သဘာဝဒိန်ချဉ်နဲ့ ပြုလုပ်ထားတဲ့ Yogurt Soap ပဲဖြစ်ပါလိမ့်မယ် ❤️🔥
❗Dry, Dehydrated Skin Types များအတွက်သာ အထူးသင့်လျော်ပါတယ်ရှင်။ ❗
125G + ကိုမှ အမြှုပ်အိတ် လက်ဆောင် ပါဝင်ပါတယ်ရှင့်
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
☘️Axis-Y Dark Spot Glow Serum 50ml ☘️
💚ဒါလေးကအရမ်းကိုနာမည်ကြီးပြီး ဝက်ခြံအမာရွတ်တွေသိသိသာသာ ပျောက်ကင်းပါတယ်ဆိုတဲ့ gel serum လေးပါ။
💚Niacinamide 5% ပါဝင်လို့ ဝက်ခြံဖြစ်ပီးကျန်ခဲ့တဲ့ အမဲစက်တွေကို သိသိသာသာလျော့ပါးစေပါတယ်။
💚အခုမှ Niacinamide ကို စသုံးမဲ့သူလေးတွေအတွက်လဲ အဆင်ပြေတဲ့ serum လေးပါပဲ Niacinamide အပြင် Glycerin & Hyaluronic acid တွေ ပါဝင်သေးလို့ အသားရည်ကိုရေဓာတ်ပြည့်ဝ ြပီး glow skin လေးရစေမှာပါ။
Axis-Yမှာက
Cruelty-free✅
Vegan free✅
Paraben free ✅
Fragrance free✅ ဖြစ်လို့ all skin types စိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
Texture လေးကလဲ light-weightဖြစ်လို့ အသားထဲစိမ့်ဝင့်တာမြန် ပြီး Day ရော Night ပါ သုံးလို့ရလို့ အရမ်းအဆင်ပြေပါတယ်နော်။
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
𝐂𝐞𝐭𝐚𝐩𝐡𝐢𝐥 𝐎𝐢𝐥𝐲 𝐒𝐤𝐢𝐧 𝐂𝐥𝐞𝐚𝐧𝐬𝐞𝐫 🤍
အဆီပြန်ပြီး ဝက်ခြံအဆီဖု ရှိတဲ့သူတွေ နဲ့ ခဏခဏဝက်ခြံထွက်တတ်တဲ့သူတွေအတွက် အသင့်တော်ဆုံး Oily skin cleanserလေးပါ
အဆီပြန်ခြင်းကို လျော့ချပေးနိုင်ပြီး အဆီပြန်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာမဲ့ အဆီဖု၊ဝက်ခြံ အစရှိတဲ့
ပြသာနာတွေကို သက်သာစေလို့ အသားအရေဟာကြည်လင်သန့်ရှင်းနေစေပါတယ်နော်
ချွေးပေါက်ထဲကအညစ်အကြေးတွေအားလုံးကိုသေချာဆုံးသန့်စင်ပေးနိုင်တာကြောင့် ချွေးပေါက်ကျဉ်းပြီးအသားချောစေပါတယ်
made in 𝘾𝙖𝙣𝙖𝙙𝙖 🇨🇦
စင်ကာပူအိမ်အရောက် $1.75 နဲ့ ပို့ပေးပါတယ်. $40 အထက် Free Deli နဲ့ပို့ပေးပါတယ် 🚚
🌸To order🌸
❤️ m.me/merrysgshop
Click here to claim your Sponsored Listing.
Videos (show all)
Contact the business
Website
Address
Raffles Park
9 Jalan Mata Ayer
Raffles Park
All our food are home made with zero MSG and guaranteed fresh. Free delivery above 50$ order
Raffles Park
✨️ Personalized Tiramisu Desserts ✨️ 📸 Instagram: @tiramisusquare 🇸🇬 Singapore
Raffles Park
Char B Coffee, Tea Stall, Shop with nice meaty sandwiches located at 88 Market Street, #03-08, CapitaSpring, Singapore 048948
3 Temasek Boulevard , Suntec City Mall
Raffles Park, 038983
拉面Ramen � / 咖哩饭Curry Omurice �/便当Bento �/ 丼Don �/Toji �
531A Upper Cross Street, #02-40, Hong Lim Market & Food Centre, Singapore
Raffles Park, 051531
Can order thru WHYQ app Location : 531A Upper Cross Street, #02-40, Hong Lim Market & Food Centre, Singapore 051531 Holiday : closed
Singapore Discovery Centre 510 Upper Jurong Road S638365
Raffles Park, 638365
A Local Tze Char Theme Seafood Restaurant, With the idea of preserving and promotion Local Seafood Dishes, like Steamed Fish, Prawn Paste Chicken, BBQ String Ray, Sotong Etc, With ...
Raffles Park, 248364
Homemade, handmade dumplings and noodles with fresh ingredients. No MSG.
Raffles Park
Kumi Den Kumi means ‘to eat’ in Kristang. Kumi Den, to eat at our home. Eat good food, drink fun wines! �