Super Sunday

အားကစား အစီအစဉ်ကောင်းများစွာ အတွက် ...
လောင်းကစားကြော်ငြာ လုံးဝ (လုံးဝ) လက်ခံမည် မဟုတ်ပါ

15/06/2024

ယူရို အဖွင့်ပွဲမှာ အသုံးပြုခဲ့တဲ့ VAR ရဲ့ ပုံစံသစ်ကို
ပရီးမီးယားလိဂ်မှာပါ သုံးစေချင်နေကြတဲ့ဘောလုံးပရိသတ်များ
======================================
ပရီးမီးယားလိဂ်မှာ VAR ကြောင့် ပရိသတ်တွေတော်တော်များများခေါင်းကိုက်နေရပြီဖြစ်ပါတယ် ။ မကြာသေးခင်ကာလတုန်းကဆိုရင် ကလပ်အသင်းတွေကအစ လာမယ့်ရာသီမှာ VAR ကို ဆက်ထားသင့် မထားသင့် မဲခွဲဆုံးဖြတ်ခဲ့ကြပေမယ့် မဲရလဒ်အရ VAR စနစ်ကို ပိုကောင်းအောင်ပြုလုပ်ပြီး ဆက်ထားသင့်တယ်ဆိုတဲ့အဖြေပဲထွက်လာခဲ့ပါတယ် ။

အခုတော့ ပရီးမီးယားလိဂ်ပရိသတ်တွေဟာ VAR စနစ်ကိုပိုကောင်းအောင်စေတဲ့ အချက်တွေရှာဖွေတွေ့ရှိခဲ့ပြီလို့ဆိုရမလိုဖြစ်နေပါပြီ ၊ ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ဂျာမနီနဲ့စကော့တလန်တို့ပွဲစဥ်မှာ VAR ရဲ့ ဆုံးဖြတ်ချက်တွေကို အလိုင်းယန့် အရီနာကွင်းကြီးရဲ့ LED Screen မှာ ပြသထားပါတယ် ။

ဒီပွဲစဥ်မှာ ပွဲချိန်အတွင်း VAR ပြန်လည်စစ်ဆေးမှု ၃ ကြိမ်လောက်ထိပြုလုပ်ခဲ့ရပါတယ် ။ ဒီဆုံးဖြတ်ချက်တွေကို အလိုင်နာ အရီနာကွင်းကြီးရဲ့ LED Screen မှတဆင့် “ ပင်နယ်တီ ပယ်ဖျက်လိုက်ပါပြီ ၊ စကော့တလန်ရဲ့ နံပါတ် ၁၁ ကစားသမားက ပယ်နယ်တီ ဧရီယာအပြင်ဘက်မှာ ပြစ်ဒဏ်ဘောကျုးလွန်ခဲ့တာပါ” ဆိုပြီး Message ပေါ်လာခဲ့ပါတယ် ။ ဒီလိုမျိုး VAR ပြန်လည်သုံးသပ်ခြင်းရဲ့ ပွင့်လင်းမြင်သာမှုတွေကို ပရိသတ်တွေကသဘောကျနေကြပြီး ပရီးမီးယားလိဂ်မှာလည်းမိတ်ဆက်စေချင်ကြကြောင့် ဆိုရှယ်မီဒီယာကနေတဆင့် မှတ်ချက်ပြုခဲ့ကြပါတယ် ။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

15/06/2024

လက်ရှိ 🇧🇷ဘရာဇီး အသင်းကို အရမ်းစိတ်ပျက်နေတဲ့ ရော်နယ်ဒင်ညို

သတင်းထောက်🎙️ - ကိုပါအမေရိ က ပြိုင်ပွဲဝင်မယ့် ဘရာဇီးအသင်းကို ဘယ်လိုမျိုး အားပေးသွားမှာလဲ ?

ရော်နယ်ဒင်ညို -🎙️ ကျွန်တော် ကိုပါအမေရိက ပြိုင်ပွဲမှာ 🇧🇷ဘရာဇီးပွဲ တပွဲကို မှ ကြည့်မှာမဟုတ်ပါဘူး။ အခုလက်ရှိ ဘရာဇီးအသင်း မှာ အရာအားလုံး ပျောက်ဆုံးနေပါတယ် ။ အသင်း ရဲ့ တိုက်ပွဲဝင်လို စိတ် ၊ ပျော်ရွှင်မှု့ ၊ ကောင်းမွန်တဲ့ ခြေစွမ်း ဘာဆိုဘာတခု မှ ယခုလက်ရှိ ဘရာဇီး အသင်းမှာ မရှိပါဘူး ။ ဒါကြောင့် ကိုပါအမေရိက ပြိုင်ပွဲ က ကျွန်တော့်ရဲ့ ဘဝ မှာ ပထမဆုံး ဘရာဇီး ဘောလုံးပွဲကို မကြည့်တဲ့ ပြိုင်ပွဲ ဖြစ်လာမှာပါ ။

Via – Diario Ole



#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ
We surely don't deal with any gambling ads.

15/06/2024

အဖွင့်ပွဲစဥ်မှာ စကော့တလန်ဘက်ကို ဂိုးမိုးရွာပြီး
ချန်ပီယံခြေစွမ်းပြသလိုက်တဲ့ အိမ်ရှင်ဂျာမနီ
===================================
ဒီနေ့မနက်အစောပိုင်းက ကစားခဲ့တဲ့ ယူရို အဖွင့်ပွဲစဥ်မှာတော့ အိမ်ရှင် ဂျာမနီက စကော့တလန်ကို ၅ ဂိုး ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ် ။ ဂျာမနီဟာ ဒီနေ့ပွဲစဥ်မှာ ၄-၂-၃-၁ ကစားကွက်နဲ့ပွဲထွက်လာခဲ့ပြီ တိုက်စစ်မှာ ဟာဗက်ဇ်ကိုအထောင်ထားကာ ၊ မူစီယာလာ ၊ ဂန်ဒိုဂန်တို့နဲ့ အတူလေဗာကူဆင်မှာခြေစွာနေတဲ့ ဖ‌လော်ရီယန်၀ှစ်ကိုတွဲပေးထားပါတယ် ။

ကွင်းလယ်မှာတော့ လေဗာကူဆင်က ရော်ဘန် အန်ဒရစ်နဲ့ တိုနီခရူးစ်တို့ ပွဲထုတ်ခဲ့ပြီးနောက်တန်းမှာတော့ ကင်းမစ် ၊ ရူဒီဂါ ၊ ဂျွန်နသန် နဲ့ မက်ဆီမီလီယံတို့ကိုခင်းကျင်းသွားခဲ့ပါတယ် ။ စကော့တလန်ဘက်ကတော့ ၃-၄-၂-၁ ကစားကွက်ပေါ်မှာ ခရစ်စတီး ၊ မက်ဂင်း ၊ တော်မီနေ ၊ ရော်ဘတ်ဆန် ၊ တီယာနေးတို့အစုအဖွဲ့နဲ့ပဲ ဂျာမနီကို ရင်ဆိုင်လာခဲ့တာဖြစ်ပါတယ် ။

ပွဲစတယ်ဆိုတာနဲ့ ဂျာမနီဘက်ကပဲ ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပြီး ပွဲချိန် ၁ မိနစ်မပြည့်ခင်မှာတင် ဖလော်ရီရန်၀ှစ်တစ်ယောက်အခွင့်အရေးရခဲ့ပေမယ့် စကော့တလန် ဂိုးသမားကာကွယ်သွားနိုင်ခဲ့ပါတယ် ။ ပွဲချိန် (၁၀) မိနစ်မှာတော့ ဂျာမနီဘက်က ဦးဆောင်ဂိုးစတင်ရရှိသွားခဲ့ပြီး ကင်းမစ်ရဲ့ဖြတ်ချိုးပေးမှုကို ဖ‌လော်ရီရန်၀ှစ်က ဧရီယာထိပ်ကနေ အပြင်းပိတ်သွင်းခဲ့တာဖြစ်ပါတယ် ။

အဲဒီနောက်ဂျာမနီဘက်ပဲ ပွဲကို လွှမ်းမိုးထားနိုင်ခဲ့ပြီး စကော့တလန်ဘက်ကတော့ သာမန်အပေးအယူတွေမှာတောင်နားလည်မှုလွဲနေခဲ့တာမြင်တွေ့ခဲ့ရပါတယ် ။





#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

15/06/2024

ယူရို ၂၀၂၄ အုပ်စုပွဲစဉ်များ

ဒီနေ့ (၁၅.၆.၂၀၂၄)

ည ၇နာရီခွဲ - ဟန်ဂေရီ vs ဆွစ်ဇာလန်
ည ၁၀နာရီခွဲ - စပိန် vs ခရိုအေးရှား

မနက်ဖြန်မနက် ၁ နာရီခွဲ - အီတလီ vs အယ်လ်ဘေးနီးယား

ဘယ်အသင်းတွေ အားပေးကြမလဲ ...

စပိန် နဲ့ ခရိုအေးရှား ပွဲတော့ ပွဲကောင်းမယ်



#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

15/06/2024

ယူရို ၂၀၂၄ အဖွင့်ပွဲစဉ်မှာ
ထိုက်ထိုက်တန်တန် အနိုင်ရသွားတဲ့
အိမ်ရှင် ဂျာမဏီ




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

15/06/2024

ယူရို က ကမ္ဘာ့ဖလား ထက် ခက်တယ်လို့ ပြောလာတဲ့ အမ်ဘာပေ ကို အကောင်းဆုံး ပြန်လည်ချေပခဲ့တဲ့ မက်ဆီ

ယူရို၂၀၂၄ ပြိုင်ပွဲ ကျင်းပဖို့ နီးကပ်လာချိန်မှာ ပြင်သစ် ကစားသမား ကီလီယန်အမ်ဘာပေ က ယူရိုမှာ ချန်ပီယံ ဖြစ်ဖို့က ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ထက်ပိုခက်တယ်လို့ ပြောလာခဲ့တာပါ ။

ယူရို က ကမ္ဘာ့ ဖလား ထက် ပိုခက်တယ် ဆိုတဲ့ အမ်ဘာပေ ရဲ့ ဒီလို ပြောကြားချက် ကို ကမ္ဘာ့အကောင်း ဆုံးကစားသမား ဂုတ်ကြီး မက်ဆီ ကတော့ လက်မခံပါဘူး ။ ဒါကြောင့် လဲ ကိုပါအမေရိက ဖလား ပြိုင်ပွဲမတိုင် ခင် ESPN နဲ့ အင်တာဗျူးမှာ အခုလိုပဲ ပြောပါတယ် ။

“ယူရိုပြိုင်ပွဲ ဟာ အကောင်းဆုံး အသင်း တွေ ယှဉ်ပြိုင်ကြတဲ့ အရေးကြီးဆုံး ပြိုင်ပွဲ ကောင်းတခု ဆိုတာ ကို သိသာထင်ရှားစွာ မြင်နိုင်ပါတယ်။ ဒါပေမယ့် သတိပြုရမှာက ဒီပြိုင်ပွဲ မှာ ကမ္ဘာ့ဖလားဆု ကို ၃ ကြိမ်ရထားတဲ့ အာဂျင်တီးနား ၊ ကမ္ဘာ့ဖလား ၅ လုံး ပိုင်ရှင် ဘရာဇီး နဲ့ ကမ္ဘာ့ဖလား မှာ ၂ ကြိမ် ချန်ပီယံ ဖြစ်ထားတဲ့ ဥရုဂွေး တို့ မပါ ပါဘူး ။ ယူရိုပြိုင်ပွဲမှာ မပါဝင်တဲ့ ကမ္ဘာ့ဖလား ချန်ပီယံ အသင်းတွေ အများကြီး ပါ ။ ဒါ့ကြောင့် ကမ္ဘာ့ဖလား ထက် ယူရိုပြိုင်ပွဲ က ပိုခက်တယ်လို့ ပြောဖို့ ခဲယဉ်းပါတယ် ။






#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

14/06/2024

ကမ္ဘာ့ဖလား ချန်ပီယံ ၂ကြိမ် ဖြစ်ထားတဲ့ ဥရုဂွေး ဂျာစီမှာ ဘာလို့ ကမ္ဘာ့ချန်ပီယံ ကြယ်ပွင့် ၄ ပွင့် ရှိနေတာလဲ

ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်တဲ့ နိုင်ငံလက်ရွေးစင် အသင်းတွေ ဟာ သူတို့ရဲ့ အသင်း တံဆိပ် အပေါ်မှာ ကြယ်ပွင့် တပ် ခွင့်ရှိပါတယ် ။ ဒါကြောင့်လဲ ဘရာဇီးအသင်း ရဲ့ ရင်ဘတ် တံဆိပ် မှာ ကြယ် ၅ ပွင့် ၊ အီတလီ မှာ ကြယ်ပွင့် ၄ အစ ရှိသဖြင့် တွေ့ရနိုင်တာပါ ။

အာဂျင်တီးနား အသင်း ဂျာစီမှာ ဆိုရင် ၂၀၂၂ ခုနှစ် မတိုင်ခင် ကြယ်ပွင့် ၂ ပွင့် ရှိပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်အပြီးမှာ တော့ ကြယ်၃ ပွင့်ဖြစ်သွားပါပြီ ။ ဒါပေမယ့် လဲ ဆွာရက်စ် ၊ ကာဗာနီ ၊ ဒါဝင်နူးညက် တို့ရဲ့ ဥရုဂွေး အသင်း ဟာ သမိုင်းမှာ ကမ္ဘာ့ဖလား ချန်ပီယံ ၂ ကြိမ်သာ ဖြစ်ဖူးပေမယ့် သူတို့ ရဲ့ ဂျာစီမှာ တော့ ကြယ်ပွင့် ၄ ပွင့် ရှိနေတာပါ ။

ဒီလို ဖြစ်ရတာ ကတော့ အိုလံပစ် ပြိုင်ပွဲကြောင့် ဖြစ်ပါတယ် ။ ကမ္ဘာ့ဖလား ပြိုင်ပွဲ စတင် ကျင်းပတဲ့ ၁၉၃၀ ခုနှစ်မတိုင်ခင်မှာ ဘောလုံး နဲ့ ပတ်သက်ပြီး အမြင့်ဆုံး ပြိုင်ပွဲ က အိုလံပစ် ပြိုင်ပွဲ ပါ ။ ဥရုဂွေး အသင်း ဟာ ၁၉၃၀ ခုနှစ် ကမ္ဘာ့ဖလား စတင် မကျင်းပခင် အိုလံပစ် ပြိုင်ပွဲ မှာ ၂ကြိမ် ဗိုလ်စွဲ ဖူးတာကြောင့် ကမ္ဘာ့ချန်ပီယံ ၂ ကြိမ် ဖြစ်တယ်လို့ သတ်မှတ်ပါတယ် ။ ဒါကြောင့် ကမ္ဘာ့ဖလာား ၂ ကြိမ် ဗိုလ်စွဲတာ နဲ့ပေါင်း ပြီး ကြယ်ပွင့် ၄ ပွင့် ဂျာစီမှာ တပ်ဆင် ဖို့ FIFA က ခွင့်ပြုပေးထားတာဖြစ်ပါတယ်။


#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

14/06/2024

“ မက်ဆီ သာ နေမာ နေရာမှာ ဆို သူ့ကစားသမား ဘဝ အဆုံးသတ်သွား လောက်ပြီ”

🗣️ သီယာဂို ဆေးဗား 🎙️ "နေမာ ဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု့ တကယ် ကို မြင့်မားတဲ့သူပါ ။ ကျွန်တော် မက်ဆီ ရဲ့ အင်တာဗျူး တွေ ကိုကြည့်ဖူးပါတယ် ။

ကျွန်တော့် အထင် မက်ဆီ သာ နေမာ ခံစားရတဲ့ ဖိအားဒဏ် မျိုးစုံ နဲ့ ဒဏ်ရာပြသနာ တွေ ကို ရင်ဆိုင် ရမယ်ဆို မက်ဆီ ရဲ့ ကစားသမား ဘဝ အဆုံးသတ်သွားလောက်ပါတယ်။

နေမာ ထမ်းထားရတဲ့ ဝန်ထုတ် ဝန်ပိုးတွေ ၊ ဖိအားတွေ ဒဏ်ရာပြသနာ တွေကို ဘယ်သူ မှ ခံနိုင်မှာ မဟုတ်ပါဘူး။

နေမာ ရဲ့ ခြေစွမ်း နဲ့ ပါရမီ ကြောင့် လူတွေ က နေမာ ဆီကနေ တောင်းဆို မှု့ တွေသိပ်များပါတယ်။

ဒီဖိအားတွေ ကြောင့် ပဲ နေမာ ကစားသမား ဘဝ တခုလုံး ရုန်းကန်ခဲ့ရတာပါ။”

Via - TNT Sports


#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

Photos from Super Sunday's post 14/06/2024

Euro 2024 ပြိုင်ပွဲကြီး အချိန်ဇယားကို
မြန်မာအချိန်နဲ့ လုပ်ပေးထားပါတယ်ဗျ

ဘယ်အသင်းတွေ အားပေးကြမလဲ

အက်မင် (၁) ကတော့ ပေါ်တူဂီ
ပေါ်တူဂီပြုတ်ရင် ခေါင်းကြီးတို့ အင်္ဂလန်



#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

14/06/2024

လူငယ်တွေကို ဗဟိုပြုပြီး ကမ္ဘာ့ဘောလုံးဇာတ်ခုံကို
သိမ်းပိုက်ဖို့ ပြင်ဆင်နေတဲ့ ချဲလ်ဆီး
=======================================
ချဲလ်ဆီးရဲ့ အပြောင်းအရွှေ့ သတင်းတွေကတော့တော်တော်လေးကို သဘောကျချင်စရာ ဖြစ်နေခဲ့တာပါ ။ အသင်းကို တော့ဒ်ဘိုလေတို စတင် ဝယ်ယူလိုက်ကတည်းက လူငယ်တွေကို တစ်ယောက်ပြီး တစ်ယောက်ဆိုသလို ခေါ်ယူထားခဲ့ကြတာဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာလည်းလူငယ် ကစားသမား အများစုကို ချဲလ်ဆီး အသင်းဟာပစ်မှတ်ထားနေခဲ့တာလည်း ဖြစ်ပါတယ် ။ ချဲလ်ဆီးအသင်းဟာ လျှော့တွက်ထားလိုတော့ မရတဲ့ အသင်းတွေထဲက တစ်သင်းအပါအဝင်လို ဆိုရမှာဖြစ်ပြီး လူငယ်တွေသာ အသင်းမှာ အထိုင်ကျသွားရင် ဥရောပမှာ ချဲလ်ဆီးအသင်းရဲ့ ဗိုလ်ကျခြင်းကို ခံသွားရနိုင်တယ်လိုပဲ ဆိုချင်ပါတယ် ။

ချဲလ်ဆီး အသင်းရဲ့ ပလန်တွေက အစီအစဉ် ကျနေခဲ့တယ်လို ဆိုရမှာဖြစ်ပြီး ပလန် အေတွေ ၊ ပလန် ဘီတွေနဲ့အတူ ချဲလ်ဆီးဟာ လှပတဲ့ အနာဂတ် နိုင်ငံတော်ကြီး တစ်ခုကို ပိုင်ဆိုင်ထားခဲ့ကြသလို ဖြစ်နေခဲ့ပြီး အခုဆိုရင်အခြားအသင်းတွေ လူခေါ်ဖိုအတွက် ကစားသမားတွေချိန်ရွယ်နေတဲ့ အချိန်မှာ ချဲလ်ဆီး အသင်းကတော့ ဖူဟမ်အသင်းကနေ တိုဆင် အဒါရာဘီအိုယိုဆိုတဲ့ နောက်ခံကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့အတူ ခေါ်ယူလိုက်နိုင်ပြီ ဖြစ်ပါတယ် ။ ဒါတင်ပဲလား ဆိုရင်တော့ ခရစ္စတယ် ပဲလေ့စ် အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမားဖြစ်သူ မိုက်ကယ် အိုလစ်စီနဲ့လည်းကစားသမားနဲ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှုတွေလည်း ရယူထားနိုင်ခဲ့ပြီလို သိရပါတယ် ။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

14/06/2024

သူ့အတွက် ဘောလုံးကစားဖို့ နောက်ဆုံး လက်ကျန်အချိန်
သိပ်မရှိတော့ဘူးလို့ ပြောလာတဲ့ ခရစ်စတီယာနိုရော်နယ်ဒို
========================================
ခရစ္စတီယာနိုရော်နယ်ဒို ဆိုတာက ကမ္ဘာ့ဘောလုံးလောကမှာ မက်ဆီ နဲ့ အချိန်အကြာကြီး ယှဉ်ဖိုက် ၊ ယှဉ်ပြိုင်နိုင်ခဲ့တဲ့ ဒိတ်ဒိတ်ကြဲ ဂန္ဒဝင်ကစားသမားကြီးဆိုတာ အားလုံးလဲသိကြမှာပါ ။ ဘောလုံးလောကမှာ ရော်နယ်ဒို စွမ်းဆောင်ခဲ့တဲ့ အရာတွေ ၊ စံချိန်မှတ်တမ်းတွေ က အများကြီး ပါပဲ ။ ဒီ အထဲ မှာ မဖြစ်မနေ လေးစား ဖို့ ကောင်းတဲ့ အချက်တခု ကတော့ အသက် ၃၉ နှစ်အရွယ် ထိ တိုင်အောင် သူ့ရဲ့ ခြေစွမ်း ကို ထိပ်တန်းအဆင့်မှာ ထိန်းနိုင်တယ် ဆိုတာပါ ။

“ ကျွန်တော့်မှာ ဘောလုံးကစားရမယ့် အချိန် က သိပ်မကျန်တော့ဘူးလေ ။ ဒါကြောင့် လက်ကျန်ပွဲတွေ ကို စိတ်ကျေနပ် ပျော်ရွှင်မှု့ အပြည့်နဲ့ တန်ဖိုးထားကစားရတော့မှာပေါ့ဗျာ ။ ကျွန်တော် ဘောလုံး ကို သိပ်ချစ်ပါတယ် ။ ဒါကြောင့်လဲ အရင်တုံးကတည်းက ဘယ်ပွဲ မဆို ကျွန်တော် အတွက် စပယ်ရှယ် ပွဲ တခုလိုကစားပါတယ် ။ “ လို့ ရော်နယ်ဒို က ဖွင့်ဟ ခဲ့တာပါ ။





#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

13/06/2024

အင်တာမိုင်ယာမီမှာပဲ ကစားသမားဘ၀ အနားယူဖို့ ဆုံးဖြတ်ထားတဲ့မက်ဆီ

အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီကတော့ ဘောလုံးလောကတစ်ခုလုံးကို Shock ရအောင် ပြုလုပ်လိုက်ပြန်ပြီဖြစ်ပါတယ် ။ နှစ်တွေကြာလာတာနဲ့အမျှ အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ် သက်သေပြနိုင်ခဲ့ပြီး လက်ရှိအချိန်အထိ ကမ္ဘာ့ဘောလုံးပရိသတ်တွေရင်ထဲမှာထာ၀ရအကောင်းဆုံးကစားသမားအဖြစ် တထစ်ချလက်ခံထားတဲ့မက်ဆီဟာ မကြာခင်အချိန်အတွင်း မြက်ခင်းစိမ်းတွေနဲ့ ‌‌ေ၀းရာကိုထွက်သွားတော့မှာဖြစ်ပါတယ် ။ ၂၀၂၂ ကမ္ဘာ့ဖလားမှာ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးနိုင်ခဲ့ပြီးနောက် တစ်ကမ္ဘာ့လုံးမှာရှိတဲ့ဘောလုံးပရိသတ်တွေက မက်ဆီကို ဘောလုံးလောကရဲ့အငြင်းပွားဖွယ်ရာမရှိ ဂုတ်တစ်ယောက်ဖြစ်တယ်ဆိုတာ လက်ခံလာခဲ့ကြပါတယ် ။

နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ မက်ဆီဟာ သူ့ အနားယူမယ့်အသင်းကို တရား၀င်ထုတ်ဖော်ပြောကြားလိုက်ပြီဖြစ်ပါတယ် ။ ESPN အာဂျင်တီးနားရဲ့ ဖော်ပြချက်အရ မက်ဆီဟာ အင်တာမိုင်ယာမီဟာ သူ့ရဲ့ ကစားသမားဘ၀ နောက်ဆုံးကလပ်ဖြစ်တယ်လို့ အတည်ပြုပြောကြားခဲ့တာဖြစ်ပါတယ် ။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads

13/06/2024

အလန်းစားဂိုးနဲ့အတူ ၂၁ ရာစုမှာ ဘယ်ကစားသမားမှ
မလုပ်နိုင်တဲ့ စံချိန်သစ် ရေးထိုးတော့မယ့် ရော်နယ်ဒို
==========================================

ပေါ်တူဂီဂုတ်ကြီးရော်နယ်ဒိုဟာ ၂၁ ရာစုမှာ ဘယ်ကစားသမားမှ မလုပ်နိုင်သေးတဲ့စံချိန်မှတ်တမ်းတစ်ခုကိုရရှိဖိုနီိးစပ်လာခဲ့ပြီဖြစ်ပါတယ် ။ ပေါ်တူဂီဟာ ဒီနေ့မနက်အစောပိုင်းက ယူရိုပြိုင်ပွဲမတိုင်ခင် နောက်ဆုံးခြေစမ်းပွဲအဖြစ် အိုင်ယာလန်နဲ့ ကစားခဲ့ပါတယ် ။ ဒီပွဲမှာ ရော်နယ်ဒိုဟာ ပွဲထွက်လူစာရင်းထဲမှပါဝင်လာခဲ့ပြီး အသက်အရွယ်နဲ့မလိုက်အောင် ထူးရှယ်ခြေစွမ်းမျိုးပြသသွားခဲ့ပါတယ် ။

ပေါ်တူဂီဟာ အိုင်ယာလန်ကို ၃ ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီး ပေါ်တူဂီအတွက်သွင်းဂိုးတွေကို ဂျာအိုဖီးလစ်က ၁ ဂိုး ၊ ရော်နယ်ဒိုက ၂ ဂိုးသွင်းယူပေးခဲ့တာဖြစ်ပါတယ် ။ ရော်နယ်ဒိုစာ ပွဲချိန် မိနစ် ၅ဝ မှာ ရူဘင်နာဗက်ရဲ့ဖန်တီးပေးမှုကနေ တစ်ဂိုး ၊ ပွဲချိန် မိနစ် ၆ဝ မှာ ဂျိုတာရဲ့ ဖန်တီးပေးမှုကနေ တစ်ဂိုး သွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ် ။

ဒီပွဲစဥ်မှာ သွင်းဂိုး ၂ ဂိုးထိသွင်းယူပေးနိုင်ခဲ့တဲ့ ရော်နယ်ဒိုဟာ အခုဆိုရင် ပရိုကစားသမားဘဝ သွင်းဂိုးပေါင်း ၈၉၅ ဂိုးထိရှိလာခဲ့ပြီဖြစ်ပါတယ် ။ ဘောလုံးလောကမှ ဂိုးသွင်းကောင်းတဲ့တိုက်စစ်မှူးတွေအများအပြားရှိပေမယ့် သွင်းဂိုး ၉ဝဝ ပြည့်မြောက်တဲ့ ကစားသမားကတော့ ခုချိန်ထိမရှိသေးဘူးလိုဆိုရမှာဖြစ်ပါတယ် ။

ဘရားဇီးဂန္တဝင်ပီလီကတော့ သွင်းဂိုးပေါင်း ၁ဝဝဝ ကျော်သွင်းယူခဲ့ပေမယ့်လည်း မှတ်တမ်းမှတ်ရာတွေအရ သက်သေပြဖိုခက်ခဲခဲ့ပညတယ် ။ ဒါကြောင့် အခုလို နည်းပညာတွေထွန်းကားနေတဲ့ ၂၁ ရာစုမှာ သွင်းဂိုး ၉ဝဝ ပြည့်မြောက်မယ့် ပထမဆုံးကစားသမားအဖြစ် ရော်နယ်ဒိုက မှတ်တမ်းဝင်နိုင်တော့မှာဖြစ်ပါတယ် ။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

13/06/2024

ဆာအဲလက်စ် ဖာဂူဆန် ခေါင်းကို ပီဇာ နဲ့ ပေါက်ခဲ့တဲ့ ဖာဘရီဂတ်စ်
=================================================
ဆာအဲလက်စ်ဖာဂူဆန် ဆိုတာ က မန်ချက်စတာယူနိုက်တက် အသင်း ကို နှစ်ပေါင်းများစွာ ကိုင်တွယ်ရင်း အင်္ဂလန် ရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်လာအောင် လုပ်ပေးနိုင်ခဲ့တဲ့ ဂန္ဒဝင် နည်းပြ ကြီးပါ ။ ဆာအဲလက်စ် ဟာ မန်ယူ အသင်း အတွက် ချန်ပီယံလိဂ် ၂ ကြိမ် ၊ ပရီးမီးယားလိဂ် ဖလား ၁၃ ကြိမ် ၊ FA ဖလား ၅ ကြိမ် နဲ့ အတူ ကမ္ဘာ့ကလပ် ဖလား ၊ စတဲ့ ဖလား မျိုးစုံ ကို ဆွတ်ခူးပေးထားတာ ဖြစ်ပါတယ် ။

ဒီလို ဂန္ဒဝင်နည်းပြ မျိုး ကို မန်ချက်စတာယူနိုက်တက် ဖန်တွေတင် မကပါဘူး ၊ကမ္ဘာ့ဘောလုံး လောက တခုလုံးက အသိမှတ်ပြုလေးစား ရပါတယ် ။ အင်္ဂလန် ဘုရင်မကြီး အဲလိဇဘက် ၂ ကိုယ်တိုင် တောင်မှ သူရဲကောင်း ဆာဘွဲ့ ပေး ဂုဏ်ပြုထားရတာပါ ။ ဒီလို ဒိတ်ဒိတ် နည်းပြ တဦး ကို ပီဇာ နဲ့ ပစ်ပေါက် ဖူးတဲ့ ကစားသမား တဦး ရှိပါတယ် ။






#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

12/06/2024

မက်ဆီ လို ကမ္ဘာ့ဖလားချန်ပီယံ ဖြစ်ဖို့ ထက်
ရော်နယ်ဒိုလို ယူရိုဖလား ချန်ပီယံ ဖြစ်ဖို့ က
တကယ်ပဲ ပိုခက်သလား ။
====================================
သိပ်မကြာခင်မှာတော့ ယူရို ၂၀၂၄ ပြိုင်ပွဲ ကြီး စတင်ကျင်းပတော့မှာ မို့ အကောင်းဆုံး ဘောလုံး ပွဲတွေ တဝ ကြီး ကြည့်ရှု့ရတော့မှာပါ ။ ယူရို ပြိုင်ပွဲ ဆိုတာက အရင်ဗီဒီယို တွေမှာ ပြောပြခဲ့ပြီး ဖြစ်သလို ဥရောပ တိုက်က အကောင်းဆုံး အမျိုးသား လက်ရွေးစင် ဘောလုံး အသင်း ၂၄ သင်း ပါဝင်ယှဉ်ပြိုင်ကစား ကြမှာ ဖြစ်ပါတယ် ။

အခုအခါမှာတော့ စပိန်လာလီဂါ အဖွဲ့ချုပ် ဥက္ကဌ ဂျာဗီယာ တီဘက်စ် ( Javier Tebas ) က ယူရိုပြိုင်ပွဲ ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲထက် ယှဉ်ပြိုင်ရ ပိုမို ခက်ခဲတယ် လို့ ပြောလာတာပါ ။ လာလီဂါ ဥက္ကဌ က ယူရိုပြိုင်ပွဲ ကျင်းပတဲ့ ပုံစံ ၊ ပါဝင်တဲ့ အသင်း တွေရဲ့ အနေအထား စတာ တွေ ကြောင့် ယူရိုပြိုင် ပွဲ ဟာ ကမ္ဘာ့ဖလားပွဲ ထက် ကစား ရတာ ထက် ပိုမို ခက်ခဲတယ် လို့ ပြောချင်တာ ဖြစ်ပါတယ် ။

ဒီလိုပြောတာက စပိန်လာလီဂါ ဥက္ကဌ တယောက်ထဲ မဟုတ်ပါဘူး ။ ယခုလက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား တယောက်ဖြစ်တဲ့ ကီလီယန် အမ်ဘာပေ ကိုယ်တိုင် ကလဲ ယူရိုပြိုင်ပွဲ ဟာ ကမ္ဘာ့ဖလား ပြိုင်ပွဲ ထက် အများကြီး ပိုခက်တယ်လို့ ဝန်ခံထားတာပါ ။






#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

12/06/2024

မက်ဆီ သွင်းထားတဲ့ ဂိုးအရေ အတွက်ကိုကြည့်ပြီး ရယ်နေရုံက လွဲ မတတ်နိုင်ပါဘူး ဗျာ

ဒရော့ဘာ- ကျွန်တော် ချဲလ်ဆီး မှာ ရှိနေတုံးက နည်းပြ ဒီမတ်တီယို လက်ထက်က ပေါ့ ဗျာ ။ ဒီမတ်တီယိုမှာ အကျင့်တခု ရှိတယ် ။ အဲဒါကတော့ ပြိုင်ဖက် အသင်း ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် တွေ ကို သင်ပုန်းကြီး မှာ ရေးလေ့ ရှိတာပါ ။ ဥပမာ မန်ယူ နဲ့ ကစားရမယ် ဆို ရွန်းနီ က ၂၂ ဂိုး ၊ ဗန်ပါစီ က ၁၅ ဂိုးသွင်း ထားတယ် ။ အဲလိုမျိုး ရေးထားတာပေါ့ ။

တနေ့ကျတော့ ကျွန်တော် တို့ ဘာစီလိုနာ နဲ့ ချန်ပီယံလိဂ် မှာ တွေ့ရော ။ အဲဒီမှာ ဒီမတ်တီယို က ဘာစီလိုနာ မှာ ဂိုးအများဆုံး သွင်းထားတဲ့ ကစားသမား တွေ ကို လာရေးတယ်။ ကျွန်တော်တို့ လဲ သွားကြည့်တာပေါ့ ။ အဲဒီမှာ ရေးထားတာ က ဇာဗီ က ၁၄ ဂိုး နဲ့ ဘာစီလိုနာ ရဲ့ တတိယ အများဆုံး ဂိုးသွင်းသူတဲ့ ။ ဖာဘရီဂတ်စ် နဲ့ အလက်ဆစ်ဆန်းချက်စ် က ကိုယ်စီ ၁၅ ဂိုး နဲ့ ဒုတိယနေရာမှာ ရှိတယ် ။ ဘာစီလိုနာ ရဲ့ နံပတ် ၁ ဂိုးသွင်း ရှင် ကတော့ မက်ဆီ ပေါ့ ဗျာ ။ တရာသီလုံး မက်ဆီ သွင်းထားတဲ့ ဂိုး က ဘယ်လောက် လဲ သိလား? ၆၃ ဂိုးတဲ့။

ဒါက ရူးလောက်စရာ ပမာဏ ပါ ။ ကျွန်တော်တို့ ချဲလ်ဆီး တသင်း လုံး လဲ တယောက်မျက်နာ တယောက်ကြည့် ပြီး ရယ်ချင်လာတော့တယ် ။ အဲဒါနဲ့ ဟက်ဟက် ပက်ပက် ရယ်လိုက်ကြတာပါပဲ ။ မက်ဆီ ရဲ့ ဂိုးသွင်းစွမ်းရည် ကို ကြည့်ပြီးး ကျွန်တော်တို့ မှာ ဘာမှ မပြောစရာ မရှိတော့ပါဘူး ။ ရယ်နေရုံကလွဲပြီး ဘာများတတ်နိုင်အုံးမှာလဲ ဗျာ ?

အဲဒီ ရာသီမှာ မက်ဆီ ဟာ တရာသီလုံး မှာ ၉၁ ဂိုး အထိ သွင်းယူခဲ့ပါတယ် ။



#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

12/06/2024

😅🇦🇮 ဒီ ဆံရှည်ကိုယ်တော် ဘောလုံးသမား နာမည်ကတော့ Aedan Scipio ဖြစ်ပြီး ၂၀၂၆ ကမ္ဘာဖလား ခြေစစ်ပွဲမှာ အန်ဂူလာ လက်ရွေးစင် အသင်း ရဲ့ တိုက်စစ်မှူး အဖြစ် ကစားခဲ့တာပါ

သူတို့ အသင်း ဟာ ဆူရင်နမ်🇸🇷 အသင်းကို ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ ရှုံးနိမ့်ခဲ့ပေမယ့် လည်း ဒီကစား သမား ကတော့ ကမ္ဘာမှာ ဆံပင်အရှည်ဆုံးဘောလုံး သမား အဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ် 💈⚽😆



#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

12/06/2024

ဝိန်းရွန်နီ 🗣️ အင်္ဂလန် အသင်း Iceland ကို ရှုံးတော့ ဟယ်ရီမက်ဂွိုင်းယား မရှိတဲ့ ကွက်လပ်ကြီး ကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ် ။ မက်ဂွိုင်းယား မကစား နိုင်တာက အင်္ဂလန်အတွက်ဆုံးရှုံးမှု့ တခုပါ။ ”

ရွန်နီကတော့ မက်ဂွိုင်းယား မပါလို့ အင်္ဂလန်ရှုံးတာပါနဲ့ ပရိတ်သတ်ကြီး ကရော ဘယ်လို မြင်ပါသလဲ




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

12/06/2024

ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ရော်နယ်ဒို ခြေစွမ်းပြ လိမ့်မယ် လို့ ယုံကြည်နေတဲ့ နည်းပြ မော်ရင်ညို က ယုံကြည်နေပါတယ်။

ပေါ်တူဂီ အသင်း မှာ ရော်နယ်ဒို ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ မော်ရင်ညို ပြောတာက 🗣️

“ လက်ရှိ ရော်နယ်ဒို ရဲ့ စွမ်းဆောင်ရည် နဲ့ အခြေအနေ ကို သူကိုယ်တိုင် ကော နည်းပြ မာတီနက်ဇ် ပါ နားလည်ပါတယ်။ နည်းပြ မာတီနက်ဇ် ရဲ့ ကစား ကွက် ကလဲ ရော်နယ်ဒို ကို အဓိက ထားပြီး တည်ဆောက်ထားတာပါ။ ရော်နယ်ဒို ဟာ ပွဲထဲမှာ ကစားခွင့်ရနေရင် အရေးပါတဲ့ အခိုက်အတန့် တွေ ဂိုးတွေ သွင်းယူနိုင်တယ် ဆိုတာ အတိတ် မှာ ပြသ ခဲ့ပြီးသားပါ။ ကျွန်တော် ယုံကြည်ပါတယ်။

လာမယ့် ယူရို၂၀၂၄ ပြိုင်ပွဲမှာ ရော်နယ်ဒို ဟာ ပေါ်တူဂီ အတွက် အကျိုးသက်ရောက် မှု့ ကြီးကြီး မားမား လုပ်ပြနိုင်မယ်ဆိုတာ ။ ယူရိုပြိုင်ပွဲ ဟာ ရော်နယ်ဒို တဂိုးမှ မသွင်း ပဲ ပြီးသွားမယ်လို့ မယုံပါဘူး ။”





#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

12/06/2024

ယူရို ၂၀၂၄ ပြိုင်ပွဲ မှာ မဖြစ်မနေ စောင့်ကြည့်ရမယ့်
ထိပ်တန်း တိုက်စစ်မှူး ၁၀ ယောက်
=====================================
ဥရောပ ရဲ့ အကောင်းဆုံး လက်ရွေးစင် ဘောလုံး အသင်း ၂၄ သင်း ပါဝင်ယှဉ် ပြိုင်ကစားမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲကြီး ကတော့ သိပ်မကြာခင် စတင်တော့မှာပါ ။ ဒီနေ့ မှာတော့ ယူရို ၂၀၂၄ ပြိုင်ပွဲ မှာ ပရိတ်သတ်တွေ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် ထိပ်တန်း တိုက်စစ်မှူး ၁၀ ယောက်ကို ဖော်ပြ ပေးချင်ပါတယ် ။



#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

11/06/2024

၅၈ နှစ်ကြာ နာကျင်မှုကို အဂ်လန် အဆုံးသတ်နိုင်မလား
==========================================
အဂ်လန်ကနာမည်ကြီးထမင်းငတ်ဖြစ်နေတာကြာပြီ။
၁၉၆၆ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ပြီးနောက်
ဆုဖလားတစ်ခုမှမရခဲ့ဘူး။

ပရီးမီးယားလိဂ်က
ကမ္ဘာ့အကျော်ကြားဆုံးလိဂ်ဖြစ်သလို၊
ဗြိတိန်မီဒီယာတွေကလည်း အဖွကောင်းလို
အဂ်လန်အသင်းက ရှိရင်းစွဲတန်ဖိုးထက်
ပိုပြီးအထင်ကြီးခံရတယ်။

ဒါပေမဲ့ အဂ်လန်ဟာ
ဇာတ်သိမ်းခန်းရောက်တိုင်း နာကျင်ရတာ
ရိုးရာလိုဖြစ်နေပါပြီ။

ပြီးခဲ့တဲ့ ယူရို ၂၀၂ဝမှာ
အဂ်လန်က ချန်ပီယံဆုနဲ့အနီးဆုံးနေရာဆီ ရောက်ခဲ့တယ်။
ဖိုင်နယ်မှာ အီတလီကို အညံ့ခံရလို အီတလီအသည်းကွဲရပြန်တယ်။

အခုလည်း ယူရို ၂၀၂၄ မှာ အဂ်လန်က
ချန်ပီယံဆုအတွက်ရေပန်းအစားဆုံးဖြစ်နေတယ်။

ချန်ပီယံဆုဖလားနဲ့ ၅၈နှစ်ကြာဝေးကွာနေတဲ့
မှတ်တမ်းဆိုးကို ဒီတစ်ကြိမ်ယူရို၂၀၂၄ မှာ ရပ်တန့်နိုင်မလား။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

11/06/2024

ယူနိုက်တက်ရဲ့ရာသီကြိုပွဲစဥ်တွေမှာတွေကြမယ်လိုပြောတဲ့
သတင်းထောက်ကို ဘုရှိး ရှိးလိုက်တဲ့ ဆန်ချို
==============================================

အင်္ဂလန်ကြယ်ပွင့် ဆန်ချိုကတော့ ယူနိုက်တက်နဲ့ အဲရစ်တန်ဟက်ကိုတော်တော်လေး အသည်းနာနေပုံရပါတယ် ။ အသက် ၂၄ နှစ်အရွယ် ဒေါ့မွန်ကစားသမားဟောင်းဟာ ပြီးခဲ့တဲ့နှစ်စက်တင်ဘာလအတွင်းကစားခဲ့တဲ့ အာဆင်နယ်နဲ့ပွဲအပြီးမှာ လေ့ကျင့်‌ရေးကွင်းအတွင်း သူရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး နည်းပြအဲရစ်တန်ဟက်ရဲ့ ပြောကြားချက်ကို တုံပြန်ခဲ့ပြီးနောက် အသင်းကြီးနဲ့ လေ့ကျင့်ရေးဆင်းခွင့်ပိတ်ပင်ခံရတာဖြစ်ပါတယ် ။

အဲဒီအချိန်တုန်းကဆန်ချိုက ဆိုရှယ်မီဒီယာကနေတဆင့် “ဖတ်မိသမျှကို မယုံကြပါနဲ့ ၊ လုံး၀မမှန်မကန်ပြောဆိုသူတွေကို ခွင့်မပြုပါဘူး ၊ ဒီတစ်ပတ် လေ့ကျင့်မှုမှာ ကျွန်တော်ကိုယ်တိုင်ကောင်းကောင်းလုပ်ဆောင်ခဲ့ပါတယ်”လိုပြောဆိုသွားခဲ့ပါတယ် ။ အဲဒီနောက်ဆန်ချိုဟာ ဆိုရှယ်မီဒီယာမှာတင်ထားတဲ့ Post ကို Delete လုပ်ခဲ့သော်လည်း နည်းပြအဲရစ်တန်ဟက်နဲ့အသင်းအပေါ် တရား၀င်တောင်းပန်ခဲ့ခြင်းမရှိတာကြောင့် အသင်းကြီးကနေ ထုတ်ပယ်ခံခဲ့ရပြီး အကယ်ဒမီအသင်းနဲ့သာလေ့ကျင့်ခန်းဆင်းခဲ့ရပါတယ် ။

ပြီးခဲ့တဲ့ဇန်န၀ါရီအပြောင်းအရွှေ့ကာလမှာတော့ အသင်းဟောင်းဒေါ့မွန်ကို အငှားနဲ့ ပြန်လည်ရောက်ရှိသွားခဲ့ပြီး အသင်းကို ချန်ပီယံလိဂ်ဖိုင်နယ်ရောက်ရှိအောင်တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ခဲ့ပါတယ် ။ ဒါပေမဲ့ ၀င်ဘာလေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဖိုင်နယ်မှာတော့ ဒေါ့မွန်ဟာ ရီးရဲလ်ကို ၂ ဂိုး ဂိုးမရှိဖြင့်ရှုးနိမ့်ခဲ့ပြီး ဆန်ချိုကိုယ်တိုင်လည်းပွဲထွက်လူစာရင်းထဲမှာပါ၀င်ခွင့်ရရှိခဲ့ပေမယ့် ဒုတိယပိုင်းမှာလူစားလဲခြင်းခံခဲ့ရပါတယ် ။

အဲဒီပွဲအပြီးမှာပဲ ဆန်ချိုတစ်ယောက် ယူနိုက်တက်မှာ ကစားသမားဘ၀ပြန်လည်ဖြတ်သန်းမလား ၊ ဒါမှမဟုတ် အသင်းပြောင်းမလားဆိုတာကို ရှင်းရှင်းလင်းလင်း သိလိုက်ရတယ်ဆိုရမှာဖြစ်ပါတယ် ။

ပွဲအပြီး အသင်းရဲ့ဘက်စ်ကားပေါ် ပြန်တဲ့လမ်းမှာ သတင်းထောက်တစ်ယောက်က ဆန်ချိုကို “ ယူနိုက်တက်ရဲ့ ရာသီကြို ခရီးစဥ်တွေမှာတွေ့ကြမယ်”လိုပြောဆိုခဲ့ပါတယ် ။ အဲဒီအချိန်မှာ ဆန်ချိုဟာ မျက်နှာတစ်ချက်ပျက်သွားပြီး ပြောတဲ့ဘက်ကို ဘုရှိးရှိးလိုက်တာကို ကင်မရာတွေကနေ အမိအရရိုက်ကူးနိုင်ခဲ့ပါတယ် ။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

10/06/2024

မန်စီးတီးရှုံးရင် ဘယ်အသင်းတွေ အမြတ်ထွက်မလဲ
=======================================
မန်စီးတီးအသင်းဟာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေ ချိုးဖာက်မှုနဲ့ ပရီးမီးယားလိဂ်က စွဲချက်တင်ထားတဲ့ စွဲချက် ၁၁၅ ခုကို မကြာခင် ကြားနာတော့မှာ ဖြစ်ပါတယ်။ ဒီကြားနာချက်အပြီးမှာ ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာ နာမည်ကျော် သတင်းထောက်တွေက သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။

တကယ်လို့များ မန်စီးတီး ရှုံးသွားခဲ့ရင် ဘာတွေဖြစ်မလဲ ...
ဗွီဒီယိုလေးကို အဆုံးထိကြည့်ပေးပါကြဦးဗျ




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

10/06/2024

သတင်း ထောက် 🎙️ မက်ဆီ နဲ့ ရော််နယ်ဒို ဘယ်သူ့ကိုရွေးမလဲ ?

ဂျာအိုဖီးလစ် 🎙️ ဘယ်သူကို မှမရွေးပါဘူး ဗျာ ။ ကျနော် ရော်နယ်ဒို ကို ရွေးရင် မက်ဆီ ဖန်တွေ က ဆဲမယ် ။ မက်ဆီ ကိုရွေး ရင် ရော်နယ်ဒို ဖန်တွေ ကဆဲမယ် ။ အဲဒီ တော့ ဘယ်သူမှ မရွေးပါဘူး 😑


#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

10/06/2024

အခုလို ထိပ်တန်း တိုက်စစ်မှူး ဖြစ်လာဖို့ စီရော်နယ်ဒို ဆီ က
ဘာတွေ လေ့လာ အတုယူခဲ့သလဲ ရိုးရိုးသားသား ပြောပြ ခဲ့တဲ့ ဟာလန်း
======================================
မန်စီးတီး အသင်း က အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူး ဟာလန်း ကတော့ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး တဦး ဆိုတာ ခြွင်းချက် မရှိ လက်ခံရပါလိမ့်မယ် ။ ဟာလန်း ဟာ နည်းပြ ဂွာဒီယိုလာ ရဲ့ မန်စီးတီး အသင်းကို စရောက်တဲ့ ရာသီမှာတင် ဂိုးပေါင်း ၅၀ ကျော် သွင်းနိုင်ခဲ့သလို ချန်ပီယံလိဂ် ဖလား အပါအဝင် ဆုဖလား ၃ လုံး တပြိုင်တည်း ဆွတ်ခူး နိုင်ခဲ့တာလည်း ဖြစ်ပါတယ် ။

အခု မန်စီးတီး အသင်း နဲ့ ဒုတိယ မြောက်ရာသီမှာ လည်း ဟာလန်း တယောက် မန်စီးတီး အတွက် ၄ နှစ်ဆက် ပရီးမီးယားလိဂ် ဖလား သိမ်း ပိုက်နိုင်ခဲ့သလို ပရီးမီးယားလိဂ် ရဲ့ ဂိုးသွင်းအများ ဆုံး ရွှေဖိနပ် ဆုကို ၂နှစ်ဆက် ရရှိခဲ့တာပါ ။ ဒါကြောင့် ဟာလန်း ဟာ ကမ္ဘာပေါ်မှာ ပြည့်စုံကောင်းမွန်တဲ့ တိုက်စစ်မှူး တယောက် ဆိုတာ က တော့ အသေအချာပါပဲ ။

ဟာလန်း က ဒီလို ပြည်စုံကောင်းမွန် တဲ့ ကမ္ဘာ့ အကောင်းဆုံး တိုက်စစ်မှူး တဦး ဖြစ်လာ ဖို့ အတွက် ကမ္ဘာ့အကောင်းဆုံး ကစားသမား ခရစ္စတီယာနိုရော်နယ်ဒို ဆီက နေ လေ့လာအတုယု သင်ကြား ခဲ့ရတာတွေ ရှိတယ်လို့ ဆိုပါတယ် ။

ဟာလန်း က လဲ ဒီလို ရော်နယ်ဒို ရဲ့ပြည့်စုံကောင်းမွန် တဲ့ ဂိုးသွင်းဟန်တွေ ကို သူငယ်စဉ် ကတည်း က အားကျ အတုယူ လေ့ကျင့် ခဲ့တယ် လို့ နော်ဝေ ရုပ်သံ TV2 နဲ့ အင်တာဗျူး တခု မှာ အခုလိုပြောပြခဲ့ပါတယ် ။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

10/06/2024

ဂျာမနီ မှာ ထိပ်တန်း စူပါစတား ဘောလုံးသမား တွေ ဘာလို့
နည်းပါး နေသလဲ ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ သောမတ်စ် မူလာ
==========================================
ဂျာမနီ ဟာ ဥရောပ မှာ ရော ကမ္ဘာ့အဆင့် မှာ ပါ ထိပ်တန်းအင်အား ကြီး ဘောလုံး အသင်း ပါ ။ ခေတ်အဆက်ဆက် မှာ ဂတ်မူလာ ၊ ဘက်ကင်ဘောင်ဝါ တို့ လို ဘာလွန်ဒီအော့ ရွှေဘောလုံး ဆုရတဲ့ ဂျာမန် ဂန္ဒဝင်ကစား သမား ကြီးတွေ ထွက်ပေါ်ဖူး ပါတယ် ။

ဒါပေမယ့် လည်း ဒီဖက် နောက်ပိုင်းခေတ်တွေ မှာ ဂျာမနီ အသင်း မှာ ထိပ်တန်း စူပါစတား ကစားသမား တွေ နည်းပါလာပါတယ် ။ ဂျာမနီ အသင်း ဟာ အမြဲတမ်း အင်အားကြီး အသင်း တသင်း ဖြစ်နေဆဲ ဆိုပေမယ့် တကယ့်ကို ထိပ်တန်း စူပါစတား ဘောလုံးသမား တွေ သိပ်မရှိတာပါ ။

ဥပမာ ပြင်သစ် မှာ ဘာလွန်ဒီအော့ဆုရတဲ့ ဇီဒန်း ၊ အင်္ဂလန် မှာ မိုက်ကယ်အို‌ဝင် ၊ ပေါ်တူဂီ မှာ ရော်နယ်ဒို ၊ ခရိုအေးရှားမှာ မိုဒရစ် စတဲ့ သူတွေလိုမျိုး ပြိုင်ဖက် ကစားသမား တွေ ရှိန်နေရတဲ့ ဂျာမနီထိပ်တန်းကစားသမား မျိုး သိပ်မရှိတာဖြစ်ပါတယ် ။

ကလိုဆေး နဲ့ အိုဇီး တို့ ဟာ ဂျာမနီထိပ်တန်း ကစားသမား တွေ ဆိုပေမယ့် ဂျာမနီ လူမျိုး စစ်စစ်တွေ မဟုတ်ပဲ ကလိုဆေး က ပိုလန်နိုင်ငံ သား ဖြစ် ကာ အိုဇီး က တူရကီလူမျိုး ဖြစ်နေတာပါ ။ အခုလို ဂျာမနီ စူပါစတား ကစားသမား တွေ နည်းပါး နေရတာ နဲ့ ပက်သက်လို့ သောမတ်မူလာ ကတော့ အခုလို ပြောပါတယ်။

“ဂျာမနီလူမျိုး တွေ က ကွင်းထဲ မှာ အားကိုးလို့ ရမယ့် ကယ်တင်ရှင် စူပါစတား ကစားသမား တွေ ကို အယုံအကြည်မရှိပါဘူး ။ ကျွန်တော် တို့ ငယ်စဉ် အကယ်ဒမီ ကစားသမား ဘဝ မှာ ကတည်း က အသင်းလိုက် ညီညီညွတ်ညွတ် စုစု စည်းစည်း ကစားဖို့ ပဲ သင်ကြား ခဲ့ရပါတယ်။ သူရဲကောင်းဆန်ဆန် တယောက် ထဲ တောက်ပ ဖို့ မသင်ရပါဘူး ။

ဒါကြောင့်မိုလဲ ဒီဖက်နောက်ပိုင်းနှစ်တွေမှာ ဂျာမနီ ကစား တွေကို ဘာလွန်ဒီအော့ ဆု စရင်း ထဲ မှာ မမြင်ရတာပါ ။ ဒါပေမယ့် လဲ ကျွန်တော် တို့ ရဲ့ ဂျာမနီ ဂျာစီ ရင်ဘတ် မှာ ကမ္ဘာ့ချန်ပီယံ ကြယ် ပွင့် ၄ ပွင့် ရှိနေတာကို မြင်ရပါလိမ့်မယ်” ။ လို့ သောမတ်မူလာ က ပြောသွားတာ ဖြစ်ပါတယ် ။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

09/06/2024

အင်္ဂလန်မီဒီယာတွေ ရဲ့ ထိုးနှက်တိုက်ခိုက်ခြင်းကို
ခံခဲ့ရတဲ့ ဘူကာယိုဆာကာ
=====================================
အားလုံးလဲသိကြတဲ့ အတိုင်း ယူရို၂၀၂၄ မှာ ချန်ပီယံ ဖြစ်ဖို့ ရေပန်း အစား ဆုံး ဖြစ်နေတဲ့ အင်္ဂလန် အသင်း ဟာ Iceland အသင်း နဲ့ ချစ်ကြည်ရေး ခြေစမ်း ပွဲ မှာ ၁ ဂိုး ဂိုး မရှိနဲ့ ရှုံးနိမ့်သွားခဲ့ပါတယ် ။ အဆိုပါ ပွဲစဉ် မှာ အင်္ဂလန် အသင်း ဟာ ဂိုးသမား ရမ်စဒဲ , နောက်တန်းမှာ ထရစ်ပီယာ ၊ မားဂူဟီ ၊ ဂျွန်စတုန်း ၊ ကိုင်လီ ဝေါကာ တို့ နဲ့ ပွဲ ထွက်ခဲ့တာပါ ။

ကွင်းလယ် မှာ တော့ ဒန်ကလန်ရိုက်စ် ၊ ခိုဘီမိန်နူး ၊ ဖိုဒန် ၊ တောင်ပံ ၂ ဖက် မှာတော့ ကိုးလ်ပါးမား နဲ့ အန်သိုနီဂေါ်ဒွန် ၊ အထောင်တိုက်စစ်မှာ တော့ ဟယ်ရီကိန်း က ပွဲထွက်ခဲ့တာဖြစ်ပါတယ် ။ အာဆင်နယ် တောင်ပံကစားသမား ဆာကာ ကတော့ အရံလူစရင်းမှာသာ ပါဝင်ခဲ့တာ ပါ ။

အင်္ဂလန် အသင်း က Iceland အသင်း ကို ရှုံးနိမ့်အပြီး အင်္ဂလိပ် နာမည်ကြီး သတင်းစာ အားလုံး ရဲ့ ခေါင်းစီးမျက်နှာ ဖုံး တွေ မှာ ဆာကာ ရဲ့ ဓာတ်ပုံကို ပြူးပြဲ နေအောင် ဖော်ပြခဲ့တာပါ ။ တကယ်ဆို ဆာကာ ဟာ အဆိုပါပွဲစဉ် မှာ သေချာ ကစားခဲ့ရတာ မဟုတ်ပဲ ပွဲပြီးခါနီး ၂၅ မိနစ် အလိုမှာ မှ လူစားလဲ ကစားခဲ့ရတာဖြစ်ပါတယ် ။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

09/06/2024

မင်္ဂလာပါ

ကျွန်တော်တို့ ဒီ page လေးမှာ
လောင်းကစားကြောငြာ်တွေ လက်မခံတာ
မိတ်ဆွေတို့ သိပြီးသားဖြစ်ပါလိမ့်မယ်။

ဒါပေမယ့်
သင့်တော်တဲ့ လုပ်ငန်းတွေကိုတော့
သင်တင့်တဲ့ နှုန်းထားလေးတွေ နဲ့
လက်ခံပေးသွားပါမယ်ဗျ။

Post မှာ Page ကို Mention ပြီးတော့ တင်ပေးတာ
ဗွီဒီယိုမှာ တစ်ခါတည်း ထည့်ပြောပေးသွားတာ
စသည်ဖြင့် ကြော်ငြာလေးတွေ လက်ခံသွားမှာ ဖြစ်ပါတယ်။

Post မှာ Page ကို Mention ပြီးတင်တာကတော့
Fb တစ်ခုတည်းမှာပဲ ပါဝင်သွားမှာ ဖြစ်ပြီးတော့
ဗွီဒီယိုထဲမှာ တစ်ခါတည်း ထည့်ပြောပေးတဲ့ ပုံစံကတော့
Fb မှာရော YT မှာပါ ပါဝင်သွားမှာ ဖြစ်ပါတယ်။

- အားကစားဝတ်စုံအရောင်းဆိုင်
- Gym
- စက်ဘီးဆိုင်
- ကားနဲ့ ကားအပိုပစ္စည်း စသည်ဖြင့်

အမျိုးသားတွေကို Target ထားတဲ့
လုပ်ငန်းမျိုးတွေကို
လက်ခံပေးသွားပါမယ်ဗျ

အသေးစိတ်ဆွေးနွေး မေးမြန်းချင်တယ်ဆိုရင်
Page Messenger က စုံစမ်းမေးမြန်းနိုင်သလို
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကိုလည်း
Page Messenger က တောင်းယူနိုင်ပါတယ်ဗျ။
ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်ဗျ။

အပန်းမကြီးဘူးဆိုရင် ကိုယ့်မိတ်ဆွေတွေလည်း
သိသွားရအောင် ဒီ post လေးကို ရှဲပေးသွားစေချင်ပါတယ်ဗျ

ကျေးဇူးအများကြီးတင်ပါတယ်


#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

09/06/2024

ရော်နယ်ဒိုအတွက် စံချိန်များစွာနဲ့စောင့်ကြိုနေတဲ့ ယူရို ၂ဝ၂၄
=============================================

ရော်နယ်လ်ဒို မအိုသေးဘူး၊ ယူရို၂၀၂၄ ကို အားကောင်းမောင်းသန် ဆင်နွှဲချင်နေသေးတယ်။
တကယ်ဆိုရင် ယူရိုပြိုင်ပွဲက စီရော်နယ်လ်ဒိုအတွက် သိပ်ပြီးရင်ခုန်စရာမဟုတ်တော့ဘူး။
ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် (ခြေစစ်ပွဲအပါအဝင်) သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်တင်ပြီးပြီ။
၂၀၁၆ ခုနှစ်မှာ ယူရိုချန်ပီယံဆု ပိုင်ဆိုင်ပြီးပြီ။

အသက် လေးဆယ်ပြည့်တော့မယ့်ကစားသမားတစ်ယောက်အတွက်
ယူရိုပြိုင်ပွဲဟာလွှတ်ချမယ်ဆိုရင်လွှတ်ချလို့ရနေပါပြီ။
ဒါပေမဲ့ ရော်နယ်လ်ဒို မဟုတ်လား။ သူ့ရဲ့လောဘတကြီးအောင်ပွဲဆာလောင်စိတ်က
မကုန်နိုင်မခမ်းနိုင်သေးဘူး။ ဟိုတလောကဆော်ဒီဖလားဖိုင်နယ်မှာ ကလေးတစ်ယောက်လိုငိုခဲ့သေးတယ်။
မလိုသူတွေက ရော်နယ်လ်ဒိုDrama တွေခင်းပြန်ပြီဆိုပြီး ထင်ကြမှာပဲ။
တကယ်တော့ စီရော်နယ်လ်ဒိုကနိုင်လိုစိတ် သိပ်ပြီးပြင်းထန်နေတာပါ။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

09/06/2024

ကမ္ဘာ့ဖလားဖိုင်နယ်နဲ့ပတ်သက်ပြီး
မက်ဆီရဲ့ဝန်ခံချက်တစ်ခုကြောင့်
Shock ရကုန်ကြတဲ့ဘောလုံးပရိသတ်များ
================================
အာဂျင်တီးနားတိုက်စစ်မှူးမက်ဆီဟာ ပြီးခဲ့တဲ့ ၂ဝ၂၂ ကမ္ဘာ့ဖလားနဲ့ပတ်သက်တဲ့ အံသြသင့်စရာအကြောင်းအရာတစ်ခုကိုပြန်လည်ဖောက်သည်ချခဲ့တာကြောင့် ပရိသတ်တွေ အားလုံး Shock ရကုန်ကြပါတယ် ။




#လောင်းကစားကြော်ငြာလုံးဝလက်မခံပါ

We surely don't deal with any gambling ads.

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bang Rak?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

New VAR
Germany vs Scotland Review
Messi replies to Mbappe
Chelsea focuses on Young Player Project
Ronaldo says that he hasn't much time to play football
Messi will retire at Inter Miami
Ronaldo is about to 900 Goals
Cesc Fàbregas threw the pizza at Sir Alex Ferguson
Which one is harder World Cup or Euro?
Top 10 Strikers to watch at Euro 2024
Will England win Euro 2024?
Sancho

ที่อยู่


519 Vanich 1 Road
Bang Rak
10100

การแพร่ภาพและการผลิตสื่อ อื่นๆใน Bang Rak (แสดงผลทั้งหมด)
MOPS - My Own Private Sound MOPS - My Own Private Sound
Bang Rak

We create branded radio stations aswell as all related media contents.