အင်းလေးလူထုလှုပ်ရှားမှု့, Bangkok Videos

Videos by အင်းလေးလူထုလှုပ်ရှားမှု့ in Bangkok. Voice Of Inle

"ညောင်ရွှေမြို့နယ်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်မှကျေးရွာများသို့လက်နက် ကြီးဖြင့်အကြိမ်ကြိမ်ပစ်ခတ်"

#အင်းလေးလူထုလှုပ်ရှားမှု#
ဇူလိုင်လ၊၂၀ရက်၊၂၀၂၄။

ညောင်ရွှေမြို့နယ်၊စကားဒေသတွင်ဇူလိုင်လ၊၁၈ ရက်မှစတင်ကာအကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်ဟုသိရပါသည်။

ညောင်ရွှေမြို့နယ်၊စကားဒေသရှိစကားမြို့၊နန်းပွန်ရွာ၊လွယ်လုံရွာ၊ဆယ်ခေါင်းရွာတို့တွင်အကြမ်းဖက်စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်စွာပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှထိခိုက်မှုများရှိခဲ့သလိုအကြမ်းဖက်စစ်တပ် ဘက်မှလည်းထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟုဆိုသည်။

ထို့ကြောင့်အကြမ်းဖက်စစ်တပ်ဖက် မှ စကားမြို့၊ကုန်းသာ၊လုံကန်၊နန်းပွန်နှင့်ဖယ်ခုံအ

Other အင်းလေးလူထုလှုပ်ရှားမှု့ videos

"ညောင်ရွှေမြို့နယ်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်မှကျေးရွာများသို့လက်နက် ကြီးဖြင့်အကြိမ်ကြိမ်ပစ်ခတ်" #အင်းလေးလူထုလှုပ်ရှားမှု# ဇူလိုင်လ၊၂၀ရက်၊၂၀၂၄။ ညောင်ရွှေမြို့နယ်၊စကားဒေသတွင်ဇူလိုင်လ၊၁၈ ရက်မှစတင်ကာအကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်ဟုသိရပါသည်။ ညောင်ရွှေမြို့နယ်၊စကားဒေသရှိစကားမြို့၊နန်းပွန်ရွာ၊လွယ်လုံရွာ၊ဆယ်ခေါင်းရွာတို့တွင်အကြမ်းဖက်စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်စွာပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှထိခိုက်မှုများရှိခဲ့သလိုအကြမ်းဖက်စစ်တပ် ဘက်မှလည်းထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟုဆိုသည်။ ထို့ကြောင့်အကြမ်းဖက်စစ်တပ်ဖက် မှ စကားမြို့၊ကုန်းသာ၊လုံကန်၊နန်းပွန်နှင့်ဖယ်ခုံအ

"အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့မှ့စစ်အာဏာရှင်ဆန့်ကျင်သပိတ်ပြုလုပ်" #အင်းလေးလူထုလှုပ်ရှားမှု# ဇူလိုင်လ၊၄ရက်၊၂၀၂၄။ အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့မှ ၂၀၂၄ခုနှစ်၊ဇူလိုင်လ၊၁ရက်နေ့တွင်စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်လှုပ်ရှားမှုပြုလုပ်ခဲ့ပါသည်။ #[email protected]#

"သံဃာတော်များ၏ကံဆောင်သပိတ် လမ်းပေါ်စတင်ထွက်လာ" #အင်းလေးလူထုလှုပ်ရှားမှု# ဇွန်လ၊၂၇ရက်၊၂၀၂၄။ မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် သံဃာတော်များက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ပြုလုပ်ပြီးယ‌နေ့ ဇွန်လ ၂၇ရက်တွင် လမ်းပေါ်စတင် ထွက်လာခဲ့ပါသည်။ သံဃာတော်များက မေတ္တာသုတ်ရွတ်ဖတ်ကာ စစ်ကောင်စီတပ်နှင့် စစ်ခေါင်းဆောင်အား ကံဆောင်သပိတ်အဖြစ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအ ရေးအခင်းအပြီး ပထမဆုံးအကြိမ် လမ်းပေါ်ထွက်လာခြင်း ဖြစ်သည်။ ယနေ့ ဇွန်လ ၊၂၇ ရက်နံနက် ၈ နာရီက မြိုင်မြို့နယ်အတွင်းရှိ သံဃာတော်အပါး ၁၀၀ကျော်က ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်ပြီး မေတ္တာသုတ်ရွတ်ဖတ်ကာ ချီတက်ဆန္ဒပြခဲ့သည်။ ထို့အပြင် ပြည်သူများကလည်း လိုက်ပါဝန်းရံခဲ့ပြီး PDF ရဲဘော်များက လုံခြုံရေးယူပေးခဲ့ကြောင်း မြိုင်ပကဖတာဝန်ရှိသူက ပြောသည်။ သပိတ်ရှေ့ဆုံး၌ သံဃာတေ

"အာဏာသိမ်းစစ်တပ်က ဆရာတော်ကြီးရဲ့ အသက်ကို နုတ်ယူပြီး မုသားအကြိမ်ကြိမ်ဆိုခဲ့" #အင်းလေးလူထုလှုပ်ရှားမှု# ဇွန်လ၊ ၂၁ရက်၊ ၂၀၂၄။ အာဏာသိမ်းစစ်တပ်ရဲ့ သေနတ်နဲ့ပစ်ခတ်မှုကြောင့်ပျံလွန်တော်မူခဲ့ရတဲ့ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းဆရာတော် ဘဒ္ဒန္တမုနိန္ဒါဘိဝံသ မဟန (ငြိမ်း) ဆရာတော်ကို PDF တွေက ပစ်ခတ်ပါတယ်ဆိုပြီး အာဏာသိမ်းစစ်ကောင်စီက သူ့လက်အောက်ခံ နိုင်ငံပိုင်သတင်းဌာနတွေကတဆင့် တစ်နိုင်ငံလုံးကို လိမ်လည်ခဲ့ပါတယ်။ ပဲခူးဆရာတော်နဲ့အတူ ကားပေါ်မှာ လိုက်ပါလာတဲ့ ကံသုံးဆင့်ဆရာတော်ရဲ့ မိန့်ကြားချက်အရ ဆရာတော်တို့ရဲ့ကားကို စစ်တပ်က ဖောကားပေါ်ကနေ သေနတ်နဲ့ ၇ချက် ၈ချက် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်စစ်တပ်က ဒီဖြစ်ရပ်မှန်ကို ဝန်မခံတဲ့အပြင် “PDF တွေက ပစ်ခတ်ကာ တပ်မတော်က ဆေးကုပေးတယ်” ဆိုပြီး ဆရာတော်တွေရဲ့ ယာဉ်မောင်းကို ဖိအားပေး လိမ်

"နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မတာရုံ ကျောင်းတိုက် ဆရာ တော်ကို ပျံလွန်တော်မူသည်အထိ စစ်ဗိုလ်၊ စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ဟု ကားပေါ်တွင် လိုက်ပါသည့် မျက်မြင်သက်သေ ကန်သုံးဆင့် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသက မိန့်ကြား ရှင်းလင်း(ရုပ်/သံ)" #အင်းလေးလူထုလှုပ်ရှားမှု# ဇွန်လ ၊၂၀ရက်၊၂၀၂၄။ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါလာသောကားကို FAW ကားပေါ်တွင် ပါလာသည့် စစ်ဗိုလ်စစ်သားများက ဝိုင်းဝန်း ပစ်ခတ်ခဲ့ဟု ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ မိန့်ကြားခဲ့သည်။ ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံစာသင်တိုက်ကို ကန်သုံးဆင့်၊ ပရိယတ္တိစာသင်တိုင် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ ကြွရောက်လာစဉ် မိန့်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကန်သုံ

"အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့မှ့ပအိုဝ်းအ မျိုးသားလွှတ်မြောက်ရေးတပ်မတော် (PNLA) အဖွဲ့အားဘာလချောင်ကြော်လှူဒါန်း" #အင်းလေးလူထုလှုပ်ရှားမှု# ဇွန်လ၊၁၈ရက်၊၂၀၂၄။ ညောင်ရွှေမြို့နယ်၊အင်းလေးဒေသ၊အင်းလေးအ မျိုးသမီးသမဂ္ဂအဖွဲ့မှ ၂၀၂၄ခုနှစ်ဇွန်လ၊၁၇ရက်နေ့တွင်ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မ တော်( PNLA )အဖွဲ့ထံသို့ ဘာလချောင်ကြော်များသွားရောက်လှူဒါန်းပေးခဲ့သည်ဟုသိရပါသည်။ အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့မှ ရှေ့တန်းတွင်တိုက်ပွဲဝင်နေသောတပ်ရင်းတပ်ဖွဲ့များထံသို့ လစဉ်ဘာလချောင်ကြော်များအားပေးပို့လှူဒါန်းလျက်ရှိပြီး ယခုတစ်ကြိမ်တွင်မြန်မာ့အမျိုးသ မီးလွှတ်တော်ကိုယ်စားလှယ်များကွန်ယက်မှလည်းပံ့ပိုးကူညီပေးထားသည်ဟုဆိုသည်။ #[email protected]#

"ကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လွယ်ပေါ ကျေးရွာမှပြည်သူ၂ဦးထိခိုက်ဒဏ်ရာရ" #အင်းလေးလူထုလှုပ်ရှားမှု# ဇွန်လ၊၁ရက်၊၂၀၂၄။ ဖယ်ခုံမြို့နယ်၊လွယ်ပေါကျေးရွာအားအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့်လွယ်ပေါကျေးရွာမှ သားအဖ၂ဦးထိမှန်ကာ ဒဏ်ရာရရှိခဲ့သည်ဟုသိရှိရပါသည်။ အကြမ်းဖက်စစ်တပ်၏လွိုင်လင်လေးအခြေစိုက် ၅၃၀တပ်ရင်းဖက်မှတိုက် ပွဲဖြစ်ပွားခြင်းမရှိဘဲညနေ ၆း၃၀အချိန် ၁၂၀လက်နက်ကြီးဖြင့်ပစ် ခတ်မှု‌ ကြောင့်သားအဖနှစ်ဦးပြင်းထန်စွာဒဏ်ရာရရှိရှိခဲ့သည်ဟုဆိုသည်။ ယခုလိုအကြမ်းဖက်စစ်တပ်မှလက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ထိခိုက်မှုရှိခဲ့သလိုသက်ကြီးရွယ်အိုနှင့်ဒေ သခံပြည်သူများမှာထိတ်လန့်နေရပြီး အချို့မှာမနေ ရဲတော့သည်အတွက်အခြားနေရာများသို့ပြောင်းရွှေ့ကြသည်ဟုသိရှိရပါသည်။ #[email protected]#

"အင်းလေးအမျိုးသမီးသမဂ္ဂမှစစ်ဘေးရှောင်ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး" #အင်းလေးလူထုလှုပ်ရှားမှု# မေလ၊၁၉ရက်၊၂၀၂၄။ အင်းလေးအမျိုးသမီးသမဂ္ဂမှ စစ်ဘေးရှောင်ပြည်သူများနှင့်ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးခဲ့သည်ဟုသိရပါသည်။ အကြမ်းဖက်စစ်တပ်၊ pnoပြည်သူ့စစ်နှင့်အင်းလေးပျူအဖွဲ့ တို့မှ ညောင်ရွှေမြို့နယ်မှ၊ကရင်နီပြည်နယ်သို့သွားသည့်အင်းလေးကန်ပတ်လမ်းတစ်လျှောက်မှော်ဘီဂိတ်၊နန်းပန်ဂိတ်၊ထီရီးဂိတ်တို့တွင် ဖြတ်လေးဖြတ်ပြုလုပ်၍ ပြည်သူများ ၏ ပစ္စည်းများသယ်ယူခွင့်ကိုပိတ်ပင်ထားသည့်အတွက် အင်းတောင်ဘက်ခြမ်းစကားဒေသနှင့် ရှမ်းကယားနယ် စပ်ရှိဒေသခံပြည်သူများနှင့်စစ်ဘေးရှောင်‌ပြည်သူများအခက်အခဲတွေ့နေရပါသည်။ အဓိကအားဖြင့် ဆန်၊ဆီ၊ဓာတ်‌ဆီ၊ဒီဇယ်နှင့်ဆေးဝါးများအားသယ်ယူခွင့်ကိ

အင်းလေးအမျိုးသမီးသမဂ္ဂမှ "ပျားစစ်ကြောင်း"သို့ဘာလချောင်ကြော်ပေးပို့လှူဒါန်းခြင်းမှတ်တမ်း

ကျမတို့ အင်းလေးလူထုလှုပ်ရှားမှု မှနှစ်ဟောင်းမှနှစ်သစ်သို့ကြိုဆိုသောအားဖြင့် ဆုတောင်းဂါရဝပြုအပ်ပါတယ်ရှင့်....

ပင်‌လောင်းမြို့နယ်၊နန်းတုတ်ကျေးရွာအားအကြမ်း ဖက်စစ်တပ်မှတိုက်ပွဲမရှိဘဲလေယာဉ်ဖြင့်၂၀၂၄ခုနှစ်၊ မတ်လ၊၂၂ရက်နေ့ ည ၁၁နာရီ ၅၂မိနစ်အချိန်တွင်ဗုံးကြဲတိုက်ခိုက်မှုမှတ်တမ်းvideo....

"အကြမ်းဖက်စစ်တပ်က လွယ်ဝိုးတုတ်ရွာအား‌လေ ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့်ပြည်သူအိမ် ၂လုံးမီး‌ လောင်ပျက်စီး" #အင်းလေးလူထုလှုပ်ရှားမှု# ဖေဖော်ဝါရီလ၊၂၄ရက်၊၂၀၂၄။ ရှမ်းပြည်နယ် တောင်ပိုင်း၊ ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ အကြား ထမ်းဆန်းဂူအပေါ်ဘက်ရှိ လွယ်ဝိုးတုတ်ကျေးရွာအား အကြမ်းဖက်စစ်တပ်နှင့်စစ်တပ်လက်အောက်ခံပြည်သူ့စစ်တို့က ဗုံးကြဲတိုက်ခိုက်မှုကြောင့်ယနေ့ဖေဖော်ဝါရီလ၊၂၄ရက်နေ့တွင်ပြည်သူအိမ်၂လုံးမီးလောင်ပျက်စီးခဲ့ရပါသည်။ မိုင်းပွန်မြို့နှင့် ထမ်းစန်းဂူ အကြားတွင်ရှိ‌သော အကြမ်းဖက်စစ်တပ်နှင့်စစ်တပ်လက်အောက်ခံ PNOပြည်သူ့စစ်အဖွဲ့တို့၏လွယ်ဝိုးတုတ်စခန်းအား PNLO/PNLAတို့ကဖေဖော် ဝါရီလ ၂၃ ရက်နေ့တွင်သိမ်းပိုက်နိုင်ခဲ့ပြီးRPGတစ်လက်၊ပစ်စတိုတစ်လက်နှင့်ခဲယမ်းအချို့ရရှိခဲ့ပါသည်။ ထို့ကြောင့် ယနေ့ဖေဖော်ဝါရီလ ၊၂၄ရက်နေ့တွင

"ဖယ်ခုံတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်မှလေယာဉ်ဖြင့်ကျေးရွာများကိုဗုံးကြဲချ" *စစ်ပွဲအတွင်းပိတ်မိနေသောစစ်ရှောင်များအားအင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှကယ်ထုတ်နိုင်ခဲ့* #အင်းလေးလူထုလှုပ်ရှားမှု# ဇန်နဝါရီလ၊၁၀ရက်၊၂၀၂၄။ ကရင်နီပြည်နယ်၊လွိုင်ကော် မြို့အပါအဝင်ရှမ်း ပြည်နယ်တောင်ပိုင်းမိုးဗြဲဖယ်ခုံမြို့မျာကို၁၁.၁၁ စစ်ဆင်‌ ရေးမှစ၍ ပြည်သူ့ကာကွယ်ရေးတပ်များဝန်းရံထိမ်းချုပ်နိုင်ခဲ့သည်ဟုသိရှိရပါသည်။ ဖယ်ခုံမြို့တွင်ကျန်ရှိနေသည့် စကခ(၇)နှင့် ၃၃၆တပ်ရင်းဖယ်ခုံထိုင်တော်မူဘုရားတွင်အထိုင်ချတပ်စွဲနေသည့်စစ်ကောင်စီတပ်စခန်းများကိုဇန်န ဝါရီလ၈ရက်နေ့တွင်ပြည်သူ့ကာကွယ်ရေးတပ်များကတပြိုင်နက်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြပါ သည်။ ဖယ်ခုံမြို့ကုန်းဆုံရွာအနီးရှိထိုင်တော်မူဘုရားကုန်းတွင်တပ်စွဲနေသည့်တပ်စခန်းကိုသိမ်းပိုက်

ဒီနေ့၁.၁.၂၀၂၄ခုနှစ် နှစ်သစ်မှာအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေ.....

"အင်းလေးထိုးဖေါက်တိုက်ခိုက်ရေးအထူးအဖွဲ့ (ဓါးမကူး)မှအင်းလေးပျူခေါင်းဆောင်အားပစ်ခတ်သတ်ဖြတ်" #အင်းလေးလူထုလှုပ်ရှားမှု# ဒီဇင်ဘာလ၊၂၀ရက်၊၂၀၂၃။ ညောင်ရွှေမြို့နယ် အင်းလေးဒေသ အင်းအနောက်ခြမ်း ဘုရားနီကြေးစားလမ်းမတနေရာတွင် ၁၆.၁၂.၂၀၂၃ ရက်နေ့ ညနေ၆နာရီအချိန်ခန့်က အင်းလေးထိုးဖေါက်တိုက်ခိုက်ရေးအထူးအဖွဲ(ဓါးမကူး)မှအင်းလေးပျူအဖွဲ့ခေါင်းဆောင် အောင်စိုးလွင်(မင်းချောင်းရှေ့)နှင့်ကျော်ဟိန်း(မင်းချောင်းနောက်)တို့အားလမ်းပေါ်တွင်သေနတ်ဖြင့်ပစ်ခတ်ရှင်းလင်းလိုက်ပြီဟု ဓါမကူးခေါင်းဆောင်အယ်သားလေးမှEmail ပေးပို့လာပါသည် ။ အောင်စိုးလွင်နှင့် ကျော်ဟိန်းတို့၏ရုပ်အလောင်းကိုလာရောက်ကောက်ယူမည့်တပ်အားထပ်မံတိုက်ခိုက်ရန်စောင့်ဆိုင်းနေသော်လဲညောင်ရွှေနာရေးကူညီမှုအသင်းကားပါဝင်နေသဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းမပြုတော့ဟုပြောပြလာပါသည်

ကိုးကန့်ဒေသ၊ ရှီးရှမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ် တပ်ရင်းတစ်ခုလုံး ပြုတ်တဲအထိ သေဆုံးခဲ့သည့် ဗွီဒယိုဖိုင်ဖြစ်ပါတယ်။ #အင်းလေးလူထုလှုပ်ရှားမှု# #ဒီဇင်ဘာလ၊ ၃ရက်၊၂၀၂၃#

"တရုတ်အမြင်ကတော့မင်းအောင်လှိုင်ဟာလစ်ဗျားကဒါဖီ‌ခြေရာလိုက်မဲ့သူလို့ပြောပြီ" #အင်းလေးလူထုလှုရှာမှု# နိုဝင်ဘာလ၊၂၇ရက်၊၂၀၂၃။ မင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီးနောက် ပိုင်း နိုင်ငံတကာဖိအားတွေရနေပုံ'ပြည်တွင်း စစ်တွေမထိမ်းနိုင်ပဲ တရုတ်ကလာဖွင့်တဲ့အွန် လိုင်းငွေလိမ်တဲ့ အဖွဲ့တွေကြောင့် တရုတ် ဘက်ကလည်း အဲ့လူလိမ်တွေကြောင့် ပြသနာ ရှိပုံနဲ့ မြန်မာပြည်ကလူတွေပါ ထိခိုက်ပုံ၊ မင်း အောင်လှိုင်က လစ်ဗျားက ဂဒါဖီရဲ့ခြေရာလိုက် ပြီး နောက်ဆုံးမှာ မိသားစုလည်း ဒုက္ခရောက် သူလည်း သေနိုင်တယ်၊ မြောက်ပိုင်းက တပ် ပေါင်းစုတွေကြောင့် မအလစစ်တပ်အထိနာ နေတာတွေရယ်၊ ဒီလို တိုက်ပွဲတွေ ဖြစ်လာ တော့ တရုတ်အွန်လိုင်းငွေလိမ်အဖွဲ့ကြီးလေး ဖွဲ့ကို ပြည်သူ့တပ်တွေ နှိမ်နင်းနိုင်ခဲ့တာ တခု တော့ ကောင်းတာဖြစ်ခဲ့တယ်လို့ပြောတယ်။ အထူးသဖြင့် အဲ့ လောင်းကစား

"နယ်စပ်ခြံစည်းရိုးနားရောက်လာတဲ့ စစ်ဘေးရှောင်တွေကို တရုတ်က မီးခိုးဗုံး အသုံးပြုမောင်းထုတ်" #အင်းလေးလူထုလှုပ်ရှားမှု# နိုဝင်ဘာလ၊၂၆ရက်၊၂၀၂၃။ ရှမ်းပြည်နယ် မြောက်ပိုင်း လောက်ကိုင်မြို့အနီးဝန်းကျင်မှာ ယနေ့ နိုဝင်ဘာ ၂၅ ရက်က တိုက်ပွဲပြင်းထန်နေချိန် တရုတ်-မြန်မာနယ်စပ် ခြံစည်းရိုးအနီး ရောက်လာတဲ့ လောက်ကိုင် စစ်ဘေးရှောင်တွေကို တရုတ်နိုင်ငံ ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက မီးခိုးဗုံးအသုံးပြုကာ မောင်းထုတ်ခဲ့ပါတယ်။ တရုတ်-မြန်မာ နယ်စပ်မှတ်တိုင် ၁၂၅ ဘက်နားမှာ ကိုးကန့်တပ်မတော် (MNDAA) နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေပြီး အနီးဝန်းကျင်က ဒေသခံပြည်သူတွေဟာ စိုးရိမ်ကြောက်လန့်ကာ တရုတ်-မြန်မာ နယ်စပ် မြန်မာဘက်ခြမ်း ခြံစည်းရိုးနားမှာ စစ်ရှောင်ရောက်ရှိနေကြတာလည်း ဖြစ်ပါတယ်။ https://t.me/+wIWoWHicPghmZWJl [email protected]

"မင်းအောင်လှိုင်လုပ်မှပိုဆိုးနေတဲ့စစ်တပ်" စစ်ကောင်စီဥက္ကဌမင်းအောင်လှိုင်တယောက် အပူလှိုင်းတွေထပြီးအိပ်မပျော်စားမဝင်ဖြစ်နေ ရတယ် ပြင်ပဧည့်သည်တွေ့ခွင့်အားလုံးပိတ် ထားတယ်ဘယ်သူနဲ့မှအတွေ့မခံဘူး နေပြည် တော်ဇေယျာသီရိမှာရုံးထိုင်တယ် အရှုံးများစွာ ရင်ဆိုင်နေရတဲ့တနိုင်ငံလုံးရဲ့စစ်ဆင်ရေးတွေ ကိုကိုယ်တိုင်ကြီးကြပ်မယ် ကြည်းရေလေပူး ပေါင်းစစ်ဆင်ရေးတွေနဲ့ပြန်ချေမုန်းမယ်လို့ အော်နေပေမဲ့သူလုပ်မှဆုံးရှုံးမှုတွေကပိုဆိုလာ တယ်နိုင်တဲ့အ‌ချိန်အဖေများတယ်လို့ဆိုရိုးစ ကားရှိတယ်မဟုတ်လား?စစ်ပွဲတွေနိုင်ချိန်သူ စီစဉ်တာငါစီစဉ်တာပြောကြပေမဲ့အခုလိုဆုံး ရှုံးချိန်မှာသူ့ကြောင့်ငါ့ကြောင့်အပစ်တင်လက် ညိုးထိုးကြတယ်အခုတော့နစကထဲမှာကော စစ်တပ်ထဲမှာပါသူ့ကိုယ်လက်ညိုးထိုးကိုယ့်ကို သူလက်ညိုးထိုးအပစ်တင်သံတွေဟာဆူညံ လာကုန်ပြီ အ

"နမ့်ခမ်းမြို့ စခန်းသစ် လုံခြုံရေးကုန်းတိုက်ပွဲ တွင် စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက် ရာဓာတုဗေဒဗုံး အသုံးပြုတိုက်ခိုက်ခဲ့ " #အင်းလေးလူထုလှုပ်ရှားမှု# နိုဝင်ဘာလ၊၁၉ရက်၊၂၀၂၃။ ရှမ်းပြည်နယ်မြောက်ပိုင်းနမ့်ခမ်းမြို့ရှိ စစ်ကောင်စီ၏ စခန်းသစ် လုံခြုံရေးကုန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က တိုက်ခိုက်ခဲ့ပြီး အောင်မြင်စွာ သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့ပါသည်။ အဆိုပါ နမ့်ခမ်းမြို့ စခန်းသစ် လုံခြုံရေးကုန်းအား တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) က တပ်စွဲထားချိန် နိုဝင်ဘာလ (၁၈) ရက်နေ့ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က ဓာတုဗေဒဗုံး အသုံးပြုတိုက်ခိုက်ခဲ့ရာ TNLA တပ်သား အချို့ အဆိပ်ငွေ့သင့်ပြီး ဆေးကုသမှု ခံယူနေရကြောင်း၊ ဓာတုဗေဒဗုံး အမျိုးအစားကို စိစစ်ဆဲဖြစ်ကြောင်း PSLF/TNLA ၏ သတင်းထုတ်ပြန်ချက် အရ သိရသည်။