အင်းလေးလူထုလှုပ်ရှားမှု့

Voice Of Inle

21/07/2024

"ဆည်ခေါင်းဘုန်းကြီးကျောင်းရှေ့ရှိလက်နက်ကိုင်ဓားပြများ"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၂၁ရက်၊၂၀၂၄။

ညောင်ရွှေမြို့နယ် ၊အင်းလေးတောင်ခြမ်း စံကားကျေးရွာအုပ်စု ဆည်ခေါင်းကျေးရွာတွင်ပြည်သူ့ကာကွယ်ရေးတပ်များနှင့်စစ်ကောင်စီတပ်မ (၅၅)လက်အောက်ခံတပ်များတိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဖက်နှင့်ပအိုဝ်းပြည်သူ့စစ်တပ်များအင်အားအလုံးအရင်းဖြည့်တင်းနေပြီးယနေ့ဇူလိုင်လ (၂၁) ရက်နေ့တွင် တောင်ဖက်မှစစ်ပြေးဒုက္ခသည်များဆည်ခေါင်းရွာအတွင်ဖြတ်၍မြောက်ဖက်သို့စစ်ဘေးရှောင်ကြရာ ဆည်ခေါင်းရွာတောင်ဖက်အဝင်တွင်သာမန်မျှစစ်ဆေးပြီး‌ရွာမြောက်ဖက်အထွက်ဖုန်းကြီးကျောင်းရှေ့တွင် စစ်ဘေးရှောင်လူငယ်များအားအင်္ကျီချွတ်၍စစ်ဆေးခြင်း စစ်ရှောင်များ၏ ပါလာသည့် ကျောပိုးအိပ် ပိုက်ဆံအိပ်နှင့်ဖုန်းများသိမ်းဆည်းခြင်းခံရသည်ဟု ကုန်းသာစံကားနှင့်လင်လန်ရွာမှလူငယ်များအင်းလေးအသံသို့ပြောပြလာပါသည်လင်လံရွာမှအိမ်ထောင်သည်အမျိုးသမီး ၏ရင်သားကိုကိုင်တွယ်၍စစ်ဆေးခြင်းခံရသည်ဟုလဲသိရှိရပါသည်။

စစ်တပ်များစံကားဘုန်းတော်ကြီးကျောင်းနှင့်
ကုန်းသာဘုန်းတော်ကြီးကျောင်းတို့တွင်နေရာ
ယူထားပြီးကျေးရွာတွင်းရှိလူမရှိသည့်အိမ်များသို့ချိုးဖျက်ကာခိုးယူနေသည်ဟုလဲသိရှိ
ရပါသည်။

.com #

21/07/2024

"စစ်မှုထမ်းဥပဒေနဲ့ အင်အားမလုံလောက်သေးတဲ့ စစ်ကောင်စီက လူငယ်တွေကို အလုပ်အကိုင်အခွင့်အလမ်းနဲ့ မက်လုံးပေးတဲ့နည်းကို ပြန်အသုံးပြု"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၂၁ရက်၊၂၀၂၄။

ရခိုင်နဲ့ မန္တလေးက စစ်မျက်နှာတွေ အပါအဝင် နေရာအနှံ့မှာ ရှုံးနိမ့်နေတဲ့ စစ်ရှုံးကောင်စီဟာ စစ်မှုထမ်းဥပဒေ အသုံးပြုရုံတင် အင်အား
ဖြည့်တင်းမှု မလုံလောက်တာကြောင့် ပြည်တွင်းက အလုပ်အကိုင်ရှားပါးနေတဲ့ လူငယ်အမျိုးသားတွေကို ပစ်မှတ်ထား အလုပ်လိမ်ခေါ်တဲ့ နည်းလမ်းတွေ ပြန်လည်အသုံးပြုလာနေတယ်လို့ သိရပါတယ်။

စစ်မှုထမ်းဥပဒေအတည်မပြုခင် နည်းလမ်းဟောင်းတစ်ခုဖြစ်တဲ့ လူမှုကွန်ရက်ဖေ့စ်ဘုတ်စာမျက်နှာတွေပေါ်မှာ အလုပ်အကိုင်အခွင့်အလမ်း ဂရုတွေကတဆင့် အမျိုးသားလူငယ်တွေကို ပစ်မှတ်ထားပြီး အလုပ်အကိုင်ခေါ်စာအတုတွေနဲ့ တပ်သားသစ်စုဆောင်းခဲ့တဲ့နည်းလမ်းတွေကို စစ်ကောင်စီက အခုတဖန် ပြန်လည်အသုံးပြုလာတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကရန်ကုန်အလုပ်အကိုင်ရှာဖွေရေးဂရုတစ်ခုထဲ ဘယ်သူဘယ်ဝါ အတည်မပြုနိုင်တဲ့အကောင့်တွေကတဆင့် အမျိုးသားလူငယ်တွေကို ပစ်မှတ်ထားတဲ့အလုပ်ခေါ်စာမျိုးတွေ ခေါ်ယူခဲ့ကြပါတယ်။

အဲ့ဒီဂရုထဲမှာ လူတစ်ယောက်က နေ့စားစရိတ်ငြိမ်း၊ အခြေခံလစာ ၂သိန်းခွဲကစလို့ ၃သိန်းခွဲအထိပေးမယ်ဆိုပြီး လက်သမား၊ ပန်းရံ၊ ဝပ်ရှော့၊ စက်ယန္တရားမောင်းနှင်မှုစတဲ့ အလုပ်အကိုင်တွေကို ပွဲစားမလိုဘဲ တိုက်ရိုက်ခေါ်ယူခြင်းဆိုပြီး ပို့စ်တင်ထားရာ သွားရောက်လျှောက်ထားမိတဲ့လူငယ်တချို့ကလည်း သူတို့ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ အခုလိုပြောပြကြပါတယ်။

"အခုက အလုပ်အကိုင်တွေလည်းရှားနေလို့ ကိုယ့်ပညာအရည်ချင်းနဲ့လည်း ညီတယ်ဆိုပြီး အဲ့ပို့စ်အောက်သွားမန့်တော့ မက်ဆင်ဂျာကို လာခိုင်းတယ်။ အဲ့ဒီလိုနဲ့ပြောရင်းကတဆင့် သူတို့ဘက်က စကားကို ဝေ့လည်ကြောင်ပတ်ပြောနေရင်းကနေ တပ်က ခေါ်တာဆိုပြီးပြောတယ်။ ဒါနဲ့ ကျနော်လည်းကြောက်ပြီးဘလော့ပစ်လိုက်ပါတယ်" လို့ အဆိုပါအလုပ်ကို လျှောက်ထားမိတဲ့ လူငယ် ၁ယောက်က မောင်းကိုပြောပါတယ်။

အခြားလူငယ် ၁ယောက်ကလည်း
"ကျနော် အလုပ်လျှောက်လိုက်တော့ အမျိုးသမီး၂ယောက်က အင်တာဗျူးမယ်ဆိုပြီး လက်ဖက်ရည်ဆိုင်မှာချိန်းပါတယ်။ နယ်ကလာတဲ့လူငယ်တွေ ဦးစားပေးခေါ်တယ်။ နေ့စားငြိမ်းပေါ့။ ခေါ်တာက ရေတပ်ကတဲ့။ စစ်မတိုက်ရဘူး၊ သင်တန်း၄လ တက်ပြီးတာနဲ့ ကိုယ်ဝါသနာပါတဲ့အပိုင်းမှာ လုပ်ရုံပဲ ၊ လစာလည်းကောင်းတယ်ဆိုပြီး ဆွယ်ပါတယ်။ အဆင်ပြေရင် ချက်ချင်းခေါ်သွားမယ်လို့တောင် ပြောတာပါ။ ကျနော်လည်း မနည်းငြင်းပြီး ရှောင်ထွက်လာရပါတယ်" လို့ပြောပါတယ်။

ဒီလိုမျိုးစစ်တပ်က အလုပ်အကိုင် ခေါ်စာအတုနဲ့ ခေါ်ယူခံခဲ့ရတဲ့ လက်ရှိ ရွှေ့ပြောင်းလူငယ် ၁ယောက်ကလည်းသူ့အဖြစ်အပျက်ကို အခုလို မောင်းကိုပြောပြပါတယ်။

" အရင် ကျနော်တို့ ခံခဲ့ရဖူးတယ်။ အခုလိုစစ်မှုထမ်းမရှိခင်ချိန် ၂၀၂၂ လောက်က အလုပ်တွေတော်တော်ရှားလို့ အဲ့လိုခေါ်တာတွေ့လို့ လစာလည်းကောင်းတယ်ပေါ့ဆိုပြီး လျှောက်ကြတာပေါ့။ အဲ့အချိန်က သူတို့ခေါ်တဲ့ပုံစံက အထက်တန်းအောင်( ဆယ်တန်းအောင်) လူငယ်တွေနဲ့ကိုက်တဲ့ ကွန်ပျူတာသုံးတာတွေ၊ စက်ပစ္စည်းကိုင်တွယ်တာတွေဆိုတော့ အဆင်ပြေမယ်ထင်တာ။ အပြင်မှာတွေ့ကြည့်မှ စစ်တပ်ကခေါ်တာဆိုလို့ မနည်းအလိမ္မာသုံးပြီးရှောင်ထွက်လာရတယ်။ အဲ့ဒီကတည်းက အဲ့လိုအလုပ်ခေါ်စာပုံစံမျိုးတွေ အလွတ်ရသွားတယ်။ အခြားသူတွေလည်းသတိထားသင့်ပါတယ်"

လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီက စစ်မှုထမ်းဥပဒေအပတ်စဥ် ၃အထိ သင်တန်းခေါ်ယူနေပြီဖြစ်ပြီး အပတ်စဥ် ၁ သင်တန်းဆင်းတွေကိုလည်း သေနတ်ပစ်ရုံလောက် သင်ပေးပြီး ရခိုင်၊ ရှမ်းမြောက် ၊ ကရင်ပြည်နယ်နဲ့ မန္တလေးတိုင်းစတဲ့ စစ်မျက်နှာတွေကို ပို့ဆောင်ပေးနေတာ ဖြစ်ပါတယ်။

စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံထဲက အလုံးအရင်းနဲ့ထွက်ခွာကြတဲ့လူငယ်တွေကိုလည်း စစ်ကောင်စီက နိုင်ငံထွက်ခွာခွင့်တွေ အမျိုးမျိုးတင်းကြပ်ရင်း ပြည်တွင်းမှာပဲ စစ်မှုထမ်းဥပဒေအကြောင်းပြကာ ပေါ်ပေါ်ထင်ထင် စစ်သားစုဆောင်းမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

.com #

20/07/2024

"ညောင်ရွှေမြို့နယ်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်မှကျေးရွာများသို့လက်နက် ကြီးဖြင့်အကြိမ်ကြိမ်ပစ်ခတ်"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၂၀ရက်၊၂၀၂၄။

ညောင်ရွှေမြို့နယ်၊စကားဒေသတွင်ဇူလိုင်လ၊၁၈ ရက်မှစတင်ကာအကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်ဟုသိရပါသည်။

ညောင်ရွှေမြို့နယ်၊စကားဒေသရှိစကားမြို့၊နန်းပွန်ရွာ၊လွယ်လုံရွာ၊ဆယ်ခေါင်းရွာတို့တွင်အကြမ်းဖက်စစ်တပ်နှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်စွာဖြစ်စွာပွားခဲ့ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှထိခိုက်မှုများရှိခဲ့သလိုအကြမ်းဖက်စစ်တပ် ဘက်မှလည်းထိခိုက်သေဆုံးမှုများရှိခဲ့သည်ဟုဆိုသည်။

ထို့ကြောင့်အကြမ်းဖက်စစ်တပ်ဖက် မှ စကားမြို့၊ကုန်းသာ၊လုံကန်၊နန်းပွန်နှင့်ဖယ်ခုံအရှေ့ခြမ်းရှိကျေးရွာများသို့လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်မှုများပြုလုပ်နေသည့်အတွက် ကုန်းသာရွာမှအမျိုး သားတစ်ဦးခြေထောက်တွင်လက်နက်ကြီးစထိမှန်ခဲ့ပြီးလုံကန်ကျေးရွာတွင်လည်းပြည်သူနေအိမ်လက်နက်ကြီးထိမှန်သည့်အတွက်ပြည်သူအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုသိရပါသည်။

.com #

20/07/2024

"ညောင်ရွှေမြို့ပေါ်ရှိလုပ်ငန်းရှင်များထံPDFများမှခြိမ်းခြောက်သည့်ပုံစံဖြင့်ငွေတောင်းသည့်စာများရောက်လာ"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၂၀ရက်၊၂၀၂၄။

ညောင်ရွှေမြို့ပေါ်ရှိ စီးပွားရေးလုပ်ငန်းရှင်များအားအွန်လိုင်းပေါ်မှတဆင့် ကြေးစားလူသတ် ပစ်ခတ်ရေးအဖွဲ့ဟုဆိုကားPDFများလုပ်သည့်ပုံစံဖြင့်ခြိမ်း ခြောက်ငွေတောင်းခံသည့်စာများပို့ခံနေရသည်ဟုသတင်းရရှိပါသည်။

အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အမှတ် (၁၀၀၉)တပ်ရင်းသို့ခြိမ်းခြောက်စာနှင့်ပါတ်သက်၍မေးမြန်းရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှခြိမ်းခြောက်တောင်းယူခွင့်မူပေါ်လစီ ခွင့်ပြုထားခြင်းမရှိဘဲ ယ္ခုလိုလုပ်ရပ်မျိုးအခြားဒေသများတွင်းလဲဖြစ်ခဲဖူးကြောင်းနှင့် အာဏာသိမ်းစစ်တပ်မှတော် လှန်ရေးကိုပုံဖျက်ရန်လုပ်ဆောင်ခြင်းဖြစ်နိုင်ကြောင်းနှင့် ငွေလုံးဝမပေးရန် ပြောဆိုပါသည်။

ဖယ်ခုံမြို့ပေါ်တွင်လည်းဆိုင်တစ်ဆိုင်သို့လာရောက် ၍PDFပုံစံဖြင့်ငွေတောင်းခံသွားရာပိုင်ရှင်မှဖယ်ခုံရဲတပ်ဖွဲ့သို့သွားရောက်တိုင်တန်းရာငွေတောင်းသူမှာဖယ်ခုံရဲတပ်ဖွဲ့ဝတ်စုံဖြင့်ရဲစခန်းအတွင်းတွေ့ရှိရသဖြင့်‌ငွေတောင်းခံသူမှာရဲဖြစ်နေကြောင်းပေါ်ပေါက်ခဲ့ဖူးသည့်ဖြစ်စဉ်ရှိခဲ့ဖူးသဖြင့် လူထုများအကြောက်မလွန်ဘဲပိုမိုသတိရှိရန်လိုအပ်နေပါသည်။

.com #

19/07/2024

"အင်းစိန်(ရွာမ) လျှပ်စစ်ထုတ်စီမံကိန်းမှ စင်ကာပူကုမ္ပဏီ အရှုံးခံရောင်းချပြီး ထွက်ခွာ"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊ ၁၈ ၊၂၀၂၄။

ဆယ်စုနှစ်တစ်ခုကျော်ကြာ လည်ပတ်လုပ်ကိုင်ခဲ့သည့် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် ရွာမသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းကို အရှုံးခံရောင်းချပြီး မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်ဟု စင်ကာပူအခြေစိုက် AVARGA Limited ကုမ္ပဏီက ပြီးခဲ့သည့် သတင်းပတ်အတွင်းက ကြေညာလိုက်သည်။

UPP Holding မှ အမည်ပြောင်းလဲထားပြီး မြန်မာနိုင်ငံတွင် UPP Power Myanmar အဖြစ် မှတ်ပုံတင်ခဲ့သည့် AVARGA က အဆိုပါစီမံကိန်းကို ၂၀၁၄ ခုနှစ်မှစတင်ကာ အမေရိကန်ဒေါ်လာ ၄၆ သန်းကျော်ရင်းနှီးမြှုပ်နှံပြီး လည်ပတ်ခဲ့ခြင်းဖြစ်သည်။

ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက် ယင်းစီမံကိန်းကို အမေရိကန်ဒေါ်လာ ၁၀ သန်းခန့်ဖြင့် စင်ကာပူကုမ္ပဏီ Greengen Pte. Ltd ကိုရောင်းချလိုက်ကြောင်း စင်ကာပူစတော့အိတ်ချိန်း(SGX) ထံ တင်ပြသည့် ဇူလိုင် ၁၀ ရက် ကုမ္ပဏီထုတ်ပြန်ချက်တွင် ဖော်ပြသည်။

.com #

18/07/2024

"ပင်လောင်းမှ ဖယ်ခုံကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ လက်အောက်ခံ PNA ၇ ဦးကို တော်လှန်ရေးတပ်ပေါင်းစုက လက်ရဖမ်းမိ"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၁၈ရက်၊၂၀၂၄။

ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းဖက်မှဖယ်ခုံမြို့ကို စစ်ကြောင်းထိုးလာသောစစ်ကောင်စီစစ်ကြောင်းမှ ပအိုဝ်းပြည်သူ့စစ်(PNA) ၇ ဦးကို ဆောင်းပြောင်းကျေးရွာဘက်တွင် လက်ရဖမ်းမိသည်ဟုတော်လှန် ရေးသတင်းရင်းမြစ်နှင့် နီးစပ်သူတွေထံမှ သတင်း
ရရှိပါသည်။

စစ်ကောင်စီအင်အား ၅၀၀ ကျော်ခန့်နဲ့အတူ စစ် ကြောင်းထိုးလာသည့် ပအိုဝ်းပြည်သူ့စစ် PNA ထဲက ဆောင်းပြောင်းရွာအနီး အရှေ့ဘက် ၅ မိုင်အကွာက နမ့်ဖာမူရွာတွင် ဇူလိုင်လ ၁၆ ရက်က ၄ ဦးနှင့်လွိုင်ကော်မြို့တွင်းမှာ ဇူလိုင်လ ၁၄ ရက်နေ့ ၃ ဦးကို KNDFနှင့်တပ်ပေါင်းစုကဖမ်းမိခဲ့ပါသည်။

ဆောင်းပြောင်းတိုက်ပွဲမှာပအိုဝ်းပြည်သူ့စစ် (PNA) က ဗိုလ်ကြီးအဆင့် ရှိသူ ၁ ဦး ထပ်မံသေဆုံးခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁ရက်ကပအိုဝ်းပြည် သူ့စစ်( PNA)မှ ဗိုလ်ကြီးခွန်မောင်မွေး သေဆုံးပြီးနောက် ယခု ဗိုလ်ကြီး ၁ ဦးထပ်မံသေဆုံးခဲ့ခြင်းဖြစ်သည်။

လွိုင်ကော်မြို့ထဲသို့ ကားနှင့်ဝင်လာလို့ ဖမ်းမိသည်ဟုPNA အဖွဲ့ဝင်တွေကတော့ တပ်စိတ်မှူး အဆင့်ရှိသည့် ခွန်လှဆွေနှင့်တပ်သားတွေဖြစ်တဲ့ ခွန်အောင်ပေါနှင့် ခွန်လှသန်းတို့ ဖြစ်သည်ဟုသတင်းရရှိပါသည်။

.com #

18/07/2024

"ရှမ်းပြည်တောင်ပိုင်းညောင်ရွှေမြို့နယ်တိုက်
ပွဲသတင်း"

#အင်းလေးလူထုလှုပ်ရှာမှု #
ဇူလိုင်လ၊၁၈ရက်၊၂၀၂၄။

ညောင်ရွှေမြို့နယ် ဘန့်ပြင်ကျေးရွာအုပ်စုလွယ်လုံကျေးရွာအနီးရှိ စစ်ကောင်စီတပ်နှင့်စစ်လက်ပါးစေပအိုဝ်းပြည်သူ့စစ်( PNA)စစ်ဆေးရေးဂိတ်အား ပြည်သူ့ကာကွယ်ရေးတပ်များမှဝင်ရောက်တိုက် ခိုက်သည့်အတွက် စခန်းကျဆုံးပြီး စစ်ကောင်စီတပ်နှင့်ပအိုဝ်းပြည်သူ့စစ်(PNA) စစ်သား၂၀ကျော်သေ ဆုံးသည်ဟုလူထုသတင်းများမှတဆင့်ရရှိပြီးအ သေးစိတ်အချက်အလက်အားစုံစမ်းနေဆဲဖြစ်ပါသည်။

တိုက်ပွဲဖြစ်ပွားခြင်းကြောင့်အနီးရှိ လွယ်လုံစန်းလိပ် စန့်စွဲကျေးရွာသားများ နမ့်စမဲကျေးရွာသားများ သေနတ်ကြီးသံလက်နက်ငယ်သံများကြောင့်ကြောက်လန့်တကြား စစ်ဘေးပြေးရှောင်နေကြပါသည်။

ထီရီးဂိတ်ဖက်တွင်လဲပစ်ခတ်သံများကြားနေရသည့်အတွက် ထီရီး နမ့်ဗွန်ဖက်မှရွာသားများလဲထွက်ပြေးနေကြကြောင်းသိရှိရပါသည်။

.com #

18/07/2024

"ရှမ်းလူမျိုးတေးသံရှင် စိုင်းဆိုင်မောဝ် ကွယ်လွန်

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၁၈ရက်၊၂၀၂၄။

ရှမ်းလူမျိုး တေးသံရှင် စိုင်းဆိုင်မောဝ်(ခ)ဦးစိုင်းညွှန် အသက်(၇၆)ဟာ ရန်ကုန်မြို့ ပုဂ္ဂလိကဆေးရုံတရုံမှာယနေ့ ည ၇ နာရီ ၁၅ မိနစ်မှာ ဆုံးပါးသွားပြီလို့ သိရှိရပါသည်။

စိုင်းဆိုင်မောင်းသည်ရှမ်းဘာသာဖြင့်သီဆိုခဲ့သည့်ပင်လုံမြို့ဆိုသည့်သီချင်းသည်အထင်ရှားဆုံးဖြစ်ပြီး (၁၀)နစ်ပြည့်လဲမရခဲ့တဲ့ရှမ်းလူမျိုးအချုပ်အခြာနှင့်ပါတ်သက်၍ပင်လုံစာချုပ်အကြောင်းသီချင်းသီဆိုခဲ့သူတဦးဖြစ်ပါသည်။

မြန်မာသီချင်းများစွာထဲမှ ရှမ်းပဲပုပ်လေးကျွန်တော်၊ အိပ်မရတဲ့ညပေါင်းတွေ၊ တစ်ရွာသားနဲ့ ပဝါပါး၊ မောင်ပေးတဲ့အချစ်ပြန်ဆပ်ခဲ့ပါ၊ မူဆယ်-နမ့်ခမ်းလမ်း စတဲ့သီချင်းတွေအပါအဝင် ကျော်ကြားတဲ့တေးသီချင်းပေါင်းများစွာကို သီဆိုခဲ့ပြီး ဘိန်းဘုရင်ခွန်ဆာရဲ့ဌာနချုပ်တွင်သီချင်းသွားရောက်ဖျော်၊ဖြေရင်းတောခိုခဲ့သူတစ်ဦးဖြစ်ပါသည်။

၁၉၉၃ခုနစ်တွက်ကရင်နီဗဟိုဌာနချုပ်ကိုသိမ်းပိုက်ထားသောစစ်တပ်ထံတွင်ထိုင်းနိုင်ငံမှတဆင့်လက် နက်ချခဲ့ပြီးပြည်တွင်းသို့ပြန်သွားခဲ့သူတဦးဖြစ်ပါသည်။

ရှမ်းလူမျိုးအဆိုတော်များထဲတွင်စိုင်းထီးဆိုင်နှင့်အတူတနိုင်ငံလုံးအဆင့်အထင်ရှားဆုံအဆိုတော်တဦးဖြစ်ပြီးထိုင်းနိုင်ငံFMရေဒီယိုများတွင်မကြာခဏသီချင်းထုတ်လွှင့်ခံရသူတယောက်ဖြစ်ပါသည်။

.com #

17/07/2024

"နေပြည်တော် အေလာလေတပ်စခန်း တိုက်ခိုက်ခံရမှု လေတပ်အရာရှိ ၄ ဦးနဲ့ စစ်သည် ၁၂ ဦး သေဆုံး"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊ ၁၇ရက်၊ ၂၀၂၄။

နေပြည်တော် အေလာလေတပ်စခန်းကို ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ရာမှာ လေတပ်အရာရှိ ၄ ဦးနဲ့ အခြားအဆင့်စစ်သည် ၁၂ ဦး သေဆုံးသွားတယ်လို့ သိရပါတယ်။

လေယာဉ်သုံးစီးလည်း ပျက်ဆီးပြီး၊ အဆောက်အဦးများ၊ လက်နက် ခဲယမ်းတိုက် ၁ လုံးနဲ့ လေယာဥ်ပြုပြင်ရေး အပိုပစ္စည်း ဂိုဒေါင်ရုံ တို့ မီးလောင် ပျက်စီးခဲ့တယ်လို့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ က သတင်းထုတ်ပြန်ပါတယ်။

ဒီတိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ နဲ့ Mercury Revolution Force (MRF) တို့က Brave Warriors for Myanmar (BWM) အဖွဲ့ရဲ့ စီမံမှုနဲ့ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။

ဒီတိုက်ခိုက်မှုကို ဇူလိုင်လ ၁၆ ရက်၊ မနက် ၉ နာရီဝန်းကျင် အချိန်မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဦးစွာ နေပြည်တော် အေလာလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ကို ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ ရှော့တိုက်ဒုံး ၅ လုံးကတော့ ပစ်မှတ်ကို အောင်မြင်ထိရောက်စွာ ပစ်ခတ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒါ့အပြင် စစ်ဆင်ရေးဖော်ဆောင်တဲ့ ရဲဘော်အားလုံးဘေးကင်းလုံခြုံစွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။

ကနဦးစုံစမ်းမှုအရ အဆောက်အဦ ၄ လုံး၊ လက်နက် ခဲယမ်းတိုက် ၁ လုံး၊ လေယာဥ်ပြုပြင်ရေး အပိုပစ္စည်း ဂိုဒေါင်ရုံ တို့ မီးလောင် ပျက်စီးခဲ့သလို လေတပ်အရာရှိ ၄ ဦးနှင့် လေတပ်အခြားအဆင့်စစ်သည် ၁၂ ဦး ဘဝ ကူးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ထုတ်ပြန်ချက် အထဲမှာတော့ လေတပ်အရာရှိ ၃ ဦးနဲ့ အခြားအဆင့် ၇ ဦးလည်းပျောက်ဆုံး နေတယ်လို့ ဖော်ပြထားပြီး၊ A-5 Bomber Jet Fighter တစ်စင်း သုံးမရတော့လောက်အောင် ပျက်စီးပြီး နောက်ထပ် Jet Fighter တစ်စင်းခေါင်းပိုင်းထိခိုက် ပျက်စီးခဲ့ကာ Y-12 Military Transport Aircraft တစ်စင်းလည်း ထိခိုက်ပျက်စီးသွားကြောင်း ကြားသိခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

.com #

17/07/2024

"နေပြည်တော် အေလာလေတပ်စခန်း တိုက်ခိုက်ခံရ"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၁၇ရက်၊၂၀၂၄။

စစ်‌ကောင်စီရုံးစိုက်ရာ နေပြည်တော်ရှိ အေလာလေတပ်တပ်စခန်းသည် ယနေ့နံနက် ၈ နာရီခွဲခန့်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။

"မီးခိုးတွေ ထွက်လာတာတော့ တွေ့တယ်၊ အေလာလေတပ်စခန်းထဲက ဂိုဒေါင် လောင်သွားတယ်လို့တော့ ပြောနေကြတယ်“ ဟု ဒေသခံတစ်ဦးက ဆိုသည်။

ထိုတိုက်ခိုက်မှုက မည်သည့်အဖွဲ့ကမျှ ၎င်းတို့လက်ချက်ဟု ထုတ်ဖော်ပြောဆိုခြင်းမရှိသးပါ။ ထို့အတူ စစ်ကောင်စီကလည်း လေတပ်တိုက်ခိုက်ခံရမှုအတွက် အသံတိတ်နေဆဲဖြစ်သည်။

စစ်‌‌တပ်ဩဇာခံ ဝါဒဖြန့်ချိရေးတယ်လီဂရမ်ချန်နယ်များကတော့ အေလာလေဆိပ်သည် ရှော့တိုက်ဒုံးနှစ်လုံးဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ဝန်ခံခဲ့သည်။

ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေကျေမှု ရှိ၊မရှိကိုတော့ မသိရသေးပါ။

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှ အေလာလေတပ်သည် တော်လှန်ရေးတပ်များ၏ ပစ်မှတ်ထားတိုက်ခိုက်မှုကို မကြာခဏ ခံခဲ့ရသည်။

ပြီးခဲ့သည် ဧပြီ ၄ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်များသည် နေပြည် တော်ရှိ အေလာလေတပ်စခန်း၊ စစ်ရုံးချုပ်နှင့် စစ်ခေါင်းဆောင်တို့၏ နေအိမ်များကို ဒရုန်း ၃၅ စင်းဖြင့် တိုက်ခိုက်ခဲ့ကြသည်။ ထိုဒရုန်းများအနက် ၂၉ စင်းသည် ပစ်မှတ်များဆီ ရောက်ရှိခဲ့သည်ဟု NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် နေပြည်တော် (PDF) တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ထို့အတူ ဧပြီ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် Mountain Knights Defense Force (MKCDF) အဖွဲ့က အေလာလေတပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် တိုက်ခိုက်ခဲ့ပြီး လေတပ်အရာရှိ ၅ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာများရရှိသည်ဟု ထုတ်ပြန်ထား သည်။ ထိခိုက်သေဆုံးမှုနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်းမရှိ သေးပေ။

.com #
သတင်း - Myanmar Now

Photos from အင်းလေးလူထုလှုပ်ရှားမှု့'s post 17/07/2024

"အလင်းဝင်များခံစားခွင့်ကိုးကန့်တပ်မတော်ထုတ်ပြန်"

#အင်းလေးလုထုလှုပ်ရှားမှု #
ဇူလိုင်လ၊၁၇ရက်၊၂၀၂၄။

ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ်နှင့် အခြားလေယာဉ်အမျိုးအစားများဖြင့် အလင်းဝင်လာပါက ဆုငွေကျပ်သိန်း တစ်သောင်း ချီးမြှင့်မည်ဟု ကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန် ကြေညာလိုက်သည်။

အကြမ်းဖက်စစ်ကောင်စီ မင်းအောင်လှိုင်တပ်မှ တပ်နယ်ပယ်အဖွဲ့ဝင်အားလုံး အလင်းဝင်လာသူတို့အား ချီးမြှင့်ရန်ပြဌာန်းချက်(နောက်ထပ်ဖြည့်စွပ်သည့်ပြဌာန်းချက်များ)ဟုဆိုကာ MNDAAက ဇူလိုင် ၁၄ရက် နေ့စွဲဖြင့် ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားသည် MNDAA၏ ရှေ့တန်းတပ်ဖွဲ့ သို့လာရောက်လက်နက်ချကြပြီး ကိုယ့်ဆန္ဒအလျောက်အလင်းဝင်လာသူများအတွက် လူသားချင်းစာနာမှုများပေးပြီးအသက်ကိုအာမခံချက်အပြည့်ဝပေးမည်ဟု ဆိုသည်။

အလင်းဝင်လာသူများအား ဆုငွေချီးမြှင့်ခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များအနေဖြင့် စစ်သည်များ အလင်းဝင်လာသူအတွက် ကျပ် ၁၀သိန်းနှင့် လက်နက်နှင့်တကွ အလင်းဝင်လာသူအတွက် ကျပ် ၁၅သိန်း၊ဒု-ဗိုလ်မှ ဗိုလ်ကြီးအဆင့်ရှိအလင်းဝင်လာသူအတွက် ကျပ် ၂ဝ သိန်းနှင့် လက်နက်နှင့်အလင်းဝင်လာပါက ကျပ် ၂၅သိန်း၊ဗိုလ်မှူးမှ ဗိုလ်မှူးကြီးအဆင့်ရှိအလင်းဝင်လာသူအတွက် ကျပ် ၃ဝ သိန်းနှင့် လက်နက်ပါပါက ကျပ် ၃၅သိန်း ချီးမြင့်မည်ဟု အသိပေးထားသည်။

လက်နက်ကြီးများသယ်ဆောင်ပြီး အလင်းဝင်လာသူများ၊ စခန်းရှိ လက်နက်ကြီး များကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီးအလင်းဝင်လာသူများ၊ လက်နက်ကြီးများကို အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ အသုံးမပြုနိုင်အောင် ဖျက်ဆီးလိုက်ပြီး အလင်းဝင်လာသူများအတွက် ဆုချီးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်ချက်များကိုလည်း ထုတ်ပြန်ထားသည်။

၁၂.၇မမနှင့် အထက်ရှိ စက်သေနတ်များကို ဆုငွေ ကျပ်သိန်း ၅ဝ၊၁၀၀မမ နှင့် အထက်ရှိ အမြောက်များကို ကျပ်သိန်း၁၀၀၊သံချပ်ကာ၊တင့်ကားနှင့် အခြားကုန်းလမ်းသုံးအကြီးစားစစ်ရေးကိရိယာများကို ဆုငွေ ကျပ် သိန်း၁ဝဝဝနှင့် ရဟတ်ယာဉ်၊ ပို့ဆောင်ရေးလေယာဉ် နှင့် အခြားလေယာဉ်အမျိုးအစားများကို ဆုငွေ ကျပ်သိန်း ၁၀၀၀ဝ(ကျပ်သိန်းတစ်သောင်း) ချီးမြှင့်မည်ဟု အသိပေးထားသည်။

ထို့အပြင် အထက်အရာရှိကို ထိန်းချုပ်လိုက်ပြီး အလင်းဝင်လာသူကို ဆုငွေကျပ် ၁၀၀ သိန်း ချီးမြှင့်မည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့နောက် အလင်းဝင်ပြီးသူက အကြမ်းဖက်စစ်ကောင်စီတပ်ရှိ တာဝန်ထမ်းဆောင်သူများကိုဝါဒဖြန့်ခြင်း၊စည်းရုံးခြင်းဖြင့် အလင်းဝင်သူရှိလာပါက ဆောင်ရွက်ပေးသူတို့အား ထပ်မံ၍ ဆုငွေချီးမြှင့်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

"ကိုးကန့်တပ်မတော်က ပြောရင်ပြောသလိုလုပ်တယ်။ မက်လောက်စရာ ကမ်းလှမ်းမှုပဲ။ထီပေါက်ဂဏန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလက်ထဲမှာရှိနေပြီ"ဟု လားရှိုးမြို့ခံတစ်ဦးက ပြောသည်။

ဇူလိုင် ၁၃ရက်ကလည်း လားရှိုးစစ်ပွဲဇုန်အတွင်း စစ်ကောင်စီတပ်မှ ဒုတပ်ခွဲမှူးတစ်ဦးအပါအဝင် စစ်သုံ့ပန်း ၃၂ဦး ဖမ်းဆီးရမိပြီး ဒဏ်ရာရ စစ်သုံ့ပန်းများကိုလည်း လူသားချင်းစာနာမှုဆိုင်ရာကုသမှုများ ပေးအပ်ထားသည်ဟု MNDAAက အသိပေးထားသည်။

MNDAAသည် ဇူလိုင် ၃ရက်ကစတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီတပ်များကို မဟာမိတ်များနှင့်အတူ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ လားရှိုးနယ် နမ့်ပေါင်အခြေစိုက် ခလရ(၂၉၁)တပ်ရင်း၊ အမှတ်(၁၁)စစ်အခြေခံလေ့ကျင့်ရေးကျောင်း အပါအဝင် စစ်ကောင်စီတပ်စခန်းအချို့ကို သိမ်းပိုက်ထားသည်။

လက်ရှိတွင် ဇူလိုင် ၁၄ရက်ညပိုင်းမှစ၍ ၄ရက်ကြာ အပစ်ရပ်စဲထားကြောင်း MNDAAက ကြေညာထားသော်လည်း စစ်ကောင်စီက ကိုးကန့်တပ်ထိန်းချုပ်နယ်မြေများသို့ လေကြောင်း တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

အလင်းဝင်လိုသူများအနေဖြင့် ကိုအောင် ၊ Telegram - +၉၄ (၇၇) ၆၃၈၁၃၈၉ Wechat - zhangjun12208၊ ဇော်နိုင် ဝ၉၈၈၄၃၆ဝ၅၄၇သို့ ဆက်သွယ်နိုင်ကြောင်းအသိပေးထားသည်။

.com #

15/07/2024

"လောက်ကိုင်မြို့ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှု အရပ်သား တစ်ဦးသေဆုံးပြီး ဟိုတယ်နှင့်အဆောက်အဦးများပျက်စီး"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင် ၁၅၊ ၂၀၂၄။

ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ကို အကြမ်းဖက်စစ်တပ်က ၂၀၂၄ခုနှစ် ဇူလိုင်လ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် လေကြောင်းမှ ဗုံးကြဲရာ ဟိုတယ်များပျက်စီးပြီး အရပ်သားတစ်ဦးသေဆုံးကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လုပ်ငန်းရှင်များနှင့် ဒေသခံအချို့သည် ပစ္စည်းများရွှေ့ပြောင်းခဲ့ရပြီး Wang အမည်ရှိ (၃၇)နှစ်အရွယ် ဆီအောရွာနေသူ၏ ရုပ်အလောင်းအား MNDAA က မီးသဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် Royal Lever Hotel နှင့် Dongcheng International Hotelတို့ ပျက်စီးပြီး ပေါက်ကွဲအားကြောင့် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများလည်း ပျက်စီးသွားကြောင်း သိရသည်။

လွန်ခဲ့သည့် ရက်ပိုင်းကလည်း အကြမ်းဖက်စစ်တပ်က လူနေရပ်ကွက်များသို့ ပစ်မှတ်ထားပြီး သိန္နီခရိုင်ရှိ စာသင်ကျောင်းများနှင့် ဘုန်းကြီးကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လောက်ကိုင်မြို့သို့ ဝေဟင်မှ ထောက်လှမ်းမှုများပြုလုပ်ခဲ့သည်ဟု သိရသည်။

.com #

News - TachileikNews
Photo - The Kokang

Photos from အင်းလေးလူထုလှုပ်ရှားမှု့'s post 15/07/2024

"ညောင်ရွှေနယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့၏ပျောက်ကျားတိုက်ခိုက်မှုကြောင့်အောင် ခမ်းထီ၏စစ်သားနစ်ဦးသေဆုံး"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၁၅ရက်၊၂၀၂၄။

၁၄-၇-၂၀၂၄ ရက်နေ့ (၁၀း၀၀) နာရီခန့်အချိန်
ညောင်ရွှေမြို့နယ် ၊ဘုရားတောင်ရေပူအုပ်စုနန့်ဗွမ်ကျေးရွာတွင်၂၀၂၄ခုနှစ်၊ဇူလိုင်လ၊၁၄ ရက်နေ့ (၁၀း၀၀) နာရီခန့်အချိန် စစ်စခန်းမှဆိုင်ကယ်စီးဖြင့်ထွက်လာသော စစ်ကောင်စီလက်ကိုင်ဒုတ်ပအိုဝ်းပြည်သူ့စစ် PNAနှစ်ဦးကို ပျားစစ်ကြောင်းက ပျောက်ကျားချောင်းမြောင်းတိုက်ခိုက်ခဲ့ရာနှစ်ဦးလုံးသေဆုံးပြီးလက်နက် ၂ လက်ရရှိခဲ့သည်ဟုသတင်းရရှိပါသည်။

စစ်ကောင်စီလက်ကိုင်ဒုတ်ပအိုဝ်းပြည်သူ့စစ် PNAသည် စကစ တပ်ဖွဲ့ဝင်များနှင့်အတူ နန့်ဗွမ်ကျေးရွာတွင်စခန်းထိုင်အခြေပြုလျက်ရှိပြီး ထီရီစစ်စခန်းအတွက်ကတုတ်ကျင်းပြုလုပ်ရန် ဆန်အိတ်ခွံများအားလင်လံတောင်အုပ်စုအတွင်းတအိမ်၂လုံးနှုံး နှင့်ကောက်ခံပေးခြင်း၊ ငွေကြေးကောက်ခံပေးခြင်း၊ ထမင်းထုတ်ကောက်ခံပေးခြင်းပြုလုပ်လျှက်ရှိပါသည်။

ပျောက်ကျားပစ်ခတ်မှုကိုပျားစစ်ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်များကပြုလုပ်ခဲ့သည်ဟုသတင်းရရှိပါသည် ။

.com #

14/07/2024

"မိုင်းရယ်မြို့မှာ SSPP ၏ စိုးမိုးနယ်မြေဖြစ်၍ အခြားအဖွဲ့အစည်းလက် အောက် မကျရောက်ရန် အင်အား ၁၀၀၀ ကျော်ဖြင့် SSPP ကဝင်ရောက်တပ်စွဲ"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊ ၁၄ရက်၊ ၂၀၂၄။


ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့မှာ SSPP/SSA ၏ စိုးမိုးနယ်မြေဖြစ်၍ အခြားအဖွဲ့အစည်းလက်အောက် မကျရောက်ရန် အင်အား ၁၀၀၀ ကျော်ဖြင့် ဝင်ရောက်တပ်စွဲဟု SSPP က တရားဝင်ကြေညာသည်။

ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်း မိုင်းရယ်မြို့နယ် အတွင်း ဒေသတည် ငြိမ်ရေးနှင့် ပြည်သူ့လုံခြုံရေး အတွက် ရည်ရွယ်ပြီး SSPP/SSA မှ စစ်အင်အား ၁၀၀၀ ကျော်က မိုင်းရယ် မြို့ကို ဝင်ရောက် နေရာယူ တပ်စွဲလိုက်ကြောင်း၊ အဆိုပါ မိုင်းရယ်မြို့သည် SSPP/SSA က နှစ်ပေါင်းများစွာ စိုးမိုးလာသည့် နယ်မြေ ဖြစ်ပြီး ပြည် သူလူထု တောင်းဆိုချက်အရ ပြည်သူများကို ကာကွယ် ရန် အတွက် ယခုကဲ့သို့ ဝင်ရောက် တပ်စွဲခဲ့ခြင်း ဖြစ်ကြောင်း၊ ယမန်နေ့ ဇူလိုင်လ ၁၃ ရက်နေ့တွင်လည်း နောက်ထပ် စစ် သည် အင်အား ထပ်မံ ဖြည့်တင်းကာ မိုင်းရယ်မြို့နယ် အ တွင်း နေရာအနှံ့ ဖြန့်ကျက်ထားကြောင်း သိရှိရသည်။

ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/SSA မှ ပြောရေး ဆိုခွင့် ရှိသူ အတွင်းရေးမှူး ၂ ဗိုလ် မှူးကြီး စိုင်းဆုက “ ဒီဒေသက ကျနော်တို့ စိုးမိုးထားတဲ့ နယ်မြေ ဖြစ်ပါတယ်။ ဒါကြောင့်လဲ အခြား အဖွဲ့အစည်းတွေ လက်ထဲကို ရောက်မသွားအောင် ကာကွယ်ဖို့နဲ့ ရှမ်းပြည်တပ်မတော် အုပ်ချုပ်မှုအောက်မှာ ဆက်ပြီးတော့ ရှိနေအောင် အခု လို လုပ်လိုက်တာ ဖြစ်တယ်။ ပြည်သူတွေကလဲ သူတို့ကို ကာကွယ်ပေးဖို့ ကျနော်တို့ကို တောင်းဆိုကြပါတယ်” ဟု ပြောဆိုသည်။

မိုင်းရယ်မြို့နယ် အတွင်း စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ ၃၂၅၊ ခြေလျင်တပ်ရင်း ခလရ ၆၇ နှင့် ခြေလျင် တပ် ရင်း ခလရ ၂၂ တို့ အခြေစိုက်ထားသော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ တိုက်ပွဲခြင်းဖြစ်ပွားခြင်းမရှိပေ။

.com #
News - Khit Thit Media

14/07/2024

"ရေစကြိုမှာ ပျူရွာဆီ ပို့ဆောင်မယ့် ရိက္ခာထောက်ပို့ကား၁စီးကို ပကဖရဲဘော်တွေ ဖမ်းဆီးရမိ.."

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊ ၁၄ရက်၊ ၂၀၂၄။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်မှာ ပျူစောထီးကျေးရွာကို သွားရောက်ပို့ဆောင်မယ့် ခလရ ၂၅၇ တပ်ရင်းရဲ့ ရိက္ခာထောက်ပို့ကား၁စီးကို ဖမ်းဆီးရရှိခဲ့တယ်လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -ရေစကြိုပကဖ ထံက သိရပါတယ်။

ဇူလိုင်၁၄ ရက်၊ ဒီနေ့မနက်အစောပိုင်းကမှာ ရေစကြိုမြို့နယ်၊ ခလရ ၂၅၇ တပ်ထဲကနေ ဇီးတောပျူကျေးရွာကို သွားရောက်ပို့ဆောင်မယ့် ရိက္ခာထောက်ပို့ Light Truck ကားတစ်စီးကို ရေစကြို ပကဖရဲဘော်တွေက ကြိုတင်သတင်းရချက်နဲ့အတူ ရေစကြို-ချောင်းဦးကားလမ်းပိုင်းပေါ်မှာရှိတဲ့ အောင်မိုးလမ်းခွဲမှာ အသင့်စောင့်ဆိုင်း ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဇီးတော ကျေးရွာကို သွားရောက်ပို့ဆောင်မယ့်သူ ၂ယောက်အပါအဝင် မောင်းနှင်လာတဲ့ Light Truck ကား၁စီးနဲ့ ဆန် ၂၄ အိတ်၊ ဆီပုံး ၄ ပုံး၊ ဆား ၂ အိတ် ၊ ပဲ ၃ အိတ်နဲ့ နို့ဆီ ၅ ဖာတို့ကို ရေစကြိုပကဖရဲဘော်တွေက လက်ရသိမ်းဆည်းနိုင်ခဲ့တာဖြစ်ပါတယ်။

" ဟုတ်ကဲ့ ဒီနေ့မနက် ၆နာရီ ခွဲလောက်က ခလရ ၂၅၇ထဲကနေ ဇီးတောရွာဘက်ပို့တဲ့ ရိက္ခာတင်ကားကို လမ်းကနေ အသင့်စောင့်ပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ လက်ရှိရေစကြိုထဲမှာ ပျူရွာ ၆ရွာ လောက်တော့ရှိတယ်။ အဲ့အထဲဇီးတောမှာ ဒီကောင်တွေ လက်ရှိအင်အား၂၀လောက်ပဲ ရှိတော့တယ်လို့ သိရပါတယ်"လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေး-ရေစကြိုပကဖ သတင်းတာဝန်ခံက မောင်းကိုပြောပါတယ်။

လက်ရှိမှာ ရေစကြိုပကဖအနေနဲ့ ဖမ်းဆီးရမိထားတဲ့ ရိက္ခါတင်ကားမောင်းသမား၂ယောက်နဲ့ ပတ်သက်ပြီးတော့လည်း သီးခြားအတည်ပြုထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

အခုနောက်ပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်လက်နက်ပစ္စည်းပို့ဆောင်တာတွေအပါအဝင် တပ်အပြောင်းအရွှေ့လုပ်တာတွေနဲ့ အခုလို ရိက္ခာထောက်ပို့သယ်ဆောင်တဲ့နေရာမှာ စစ်ဘက်သုံးကားတွေအစား အရပ်သားကားတွေ အသုံးပြုလာတာကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မကွေးတိုင်း အထက်မင်းလှမြို့နယ်ထဲက လမ်းပိုင်းတွေမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ဒေသန္တရသတိပြုချက်တွေ ထုတ်ပြန်ခဲ့ပါသေးတယ်။

.com #
သတင်း - မောင်း

13/07/2024

"နိုင်ငံရေးမတည်ငြိမ်မှုတွေကြားထဲ ဝမ်ပေါင်က စစ်တပ်အကူအညီနဲ့ ကြေးနီတွေ အဆမတန် သယ်ထုတ်နေ"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊ ၁၃ရက်၊ ၂၀၂၄။

နိုင်ငံရေး မတည်မငြိမ်ဖြစ်နေချိန်မှာ
ဝမ်ပေါင်ကုမ္ပဏီဟာ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ကြေးနီးစီမံကိန်းကနေ အာဏာသိမ်းစစ်တပ်ရဲ့ အကူအညီယူနဲ့ ကြေးနီတွေ အဆမတန် ထုတ်လုပ်နေပြီး သယ်ယူမှုတွေကိုလည်း နေ့စဉ်ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အာဏာသိမ်းစစ်တပ်က လုံခြုံရေးယူပေးပြီး ကုန်းလမ်းကနေ ကြေးနီတွေ သယ်ထုတ်နေသလို ချင်းတွင်းမြစ် တလျှောက်မှာလည်း စစ်ကောင်စီက လုံခြုံရေးတွေချထားကာ သင်္ဘောတွေနဲ့ပါ သယ်ယူနေကြောင်း သိရပါတယ်။

"တစ်နေ့ထက်တစ်နေ့ ပိုပိုဆိုးလာနေတယ်။ စက်ယန္တရားတွေအသုံးပြုပြီး ဝမ်ပေါင်ဆိုဒ်လုပ်ကွက်တွေမှာ ကြေးနီ ထုတ်လုပ်မှုကို အရင်ထက် ပိုမိုလုပ်ဆောင်နေတယ်။ ထွက်လာတဲ့ ကြေးနီပြားတွေကိုလည်း နေ့စဥ်ဆိုသလို အာဏာသိမ်းစစ်တပ်က လုံခြုံရေးတွေပေးပြီး ကုန်းလမ်းကကော ရေလမ်းကပါ သယ်ယူမှုတွေ လုပ်နေတယ်” လို့ တရုတ်ဝမ်ပေါင် ကြေးနီစီမံကိန်းလုပ်ကွက်နဲ့ နီးစပ်သူတစ်ယောက်က မောင်းကို ပြောပါတယ်။

“တစ်ရက်ကို ကားအစီးရေ ၃၀ ကျော်လောက်နဲ့ ကြေးနီတွေ သယ်ယူနေတယ်” လို့ ကြေးနီစီမံကိန်းအနီးက ဒေသခံ အမျိုးသမီးကလည်း ပြောပါတယ်။

မိုးကြိုးပြင် ကျေးရွာက ဒေသခံတစ်ယောက်ကလည်း “တရုတ်က မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်ပြီး စီမံကိန်း လုပ်ကွက်ပျောက်မှာစိုးလို့ ကြေးနီ တူးဖော်ထုတ်လုပ်မှုတွေကို အရင်ထက် ပိုမိုလုပ်ဆောင်နေတယ်။ ဒေသခံတွေ သဘောမတူတဲ့ကြားက အာဏာသိမ်းစစ်တပ်အားကိုးနဲ့ လုပ်ဆောင်နေတာ ဖြစ်တယ်” လို့ ပြောပါတယ်။

ကြေးနီသယ်ယူမှုတွေကို ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက ဟန့်တားမှုအဖြစ် ကြေးနီသယ်ဆောင်တဲ့ယာဉ်တွေ၊ လုံခြုံရေးယူပေးနေတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်မှုတွေ လုပ်နေပေမယ့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းကို သိနေတဲ့ တရုတ်က ဒီကာလအတွင်း ကြေးနီထုတ်လုပ်သယ်ယူမှုတွေကို ပိုမိုလုပ်ဆောင်လာနေတယ်လို့ လက်ပံတောင်းတောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေထံက သိရပါတယ်။

.com #

Photos from အင်းလေးလူထုလှုပ်ရှားမှု့'s post 13/07/2024

"စစ်တပ်ကိုခြေမှုန်းတိုက်ခိုက်နေတဲ့ညီနောင် ၃ ဖွဲ့ အပါအဝင် ဆက်စပ်နေတဲ့ အဖွဲ့တွေကို ဆန့်ကျင်ရှုတ်ချကြောင်း ပြည်ခိုင်ဖြိုး ဦးဆောင်တဲ့ ၂၃ ပါတီ ကြေညာချက်ထုတ်ပြန်"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၁၃ရက်၊၂၀၂၄။

ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ MMNDAA/TNLA/AA တို့အနေနဲ့ အပစ်အခတ် ရပ်စဲထားတာကို အခွင့်ကောင်းယူပြီး ၁၀၂၇ ဒုတိယလှိုင်း အဖြစ် ပြန်လည် တိုက်ခိုက်လာတဲ့ အပေါ် ဆန့်ကျင် ကန့်ကွက် ရှုတ်ချ ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဦးဆောင်တဲ့ ၂၃ ပါတီက မနေ့ ဇူလိုင် ၁၁ ရက်နေ့က လက်မှတ်ရေးထိုးပြီး ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်ရေးပစ်မှတ် မဟုတ်တဲ့ အရပ်သားနေရာတွေကို တိုက်ခိုက်နေကြောင်းနဲ့ လူမျိုးစု မတူတဲ့သူတွေကို ကိုယ်ထိန်းချုပ်ထားတဲ့ နယ်မြေကနေ နှင်ထုတ် မှုတွေ လုပ်နေတာဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ရာ ရောက်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

ယ္ခုထုတ်ပြန်ချက်တွင်လက်မှတ်ရေးထိုးထား
သောပါတီအများစုသည် စစ်တပ်အထောက်
ပံ့ခံပါတီများဖြစ်ကြပြီး ပြည်သူလူထု၏
ထောက်ခံမှုမရှိသောပါတီများဖြစ်ကြပါသည်။

.com #

13/07/2024

"သလဲဦးတိုက်နယ်တွင် စစ်မှုထမ်းအတွက်တစ်အိမ် ၂၅၀၀၀ကောက်ယူနေ"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၁၃ရက်၊၂၀၂၄။

ညောင်ရွှေမြို့နယ်၊သလဲဦးကျေးရွာအုပ်စုကျေးရွာအချို့တွင် အကြမ်းဖက်စစ်တပ်၏စစ်မှုထမ်းအ ပတ်စဉ် (၂)အတွက်ငွေ ကြေးကောက်ခံနေပြီဟုသိရပါသည်။

သလဲဦးကျေးရွာအုပ်စုကျေးရွာအချို့တွင်စစ်မှု ထမ်းအတွက် ငွေ (၂၅၀၀၀)‌ကျပ်ကိုစတင်ကောက် ယူလျက်ရှိပြီးလိုက်ပါဆောင်ရွက်ပေးသောရွာလူများအတွက် ဝေစု(၁၀)သိန်းရရှိမည်ဟုဆိုသည်။

စစ်မှုထမ်းအတွက် အင်းလေးဒေသ၊လင်းကင်းရွာတွင်(၁၀၀၀၀)ကျပ်ကောက်ယူပြီး၊မင်းချောင်းကျေးရွာတွင်(၅၀၀၀)ကျပ်ကောက်ယူပြီးဖြစ်ပါ သည်။သလဲဦးကျေးရွာအုပ်စုတွင် ယခင်လက (၁၅၀၀၀)ကျပ်ကောက်ယူခဲ့ပြီးယခုလတွင်(၁၀၀၀၀) ကျပ်ပိုကာကောက်ယူခဲ့ပါသည်။

သလဲဦးအုပ်စု စစ်မှုထမ်းလူရရှိရေးအတွက် ကုန်းခြံအောက်ရွာမှ စိုးနိုင်လှဆိုသူကဦးဆောင်ကာပြုလုပ်ပေးလျက်ရှိပြီး ကျေးရွာအသီးသီးရှိရွာလူကြီးများကလည်း တက်ကြွစွာ ငွေကြေးကောက်ယူပေး
လျက်ရှိသည်ဟုသိရပါသည်။

ကျေးရွာအသီးသီးမှရွာလူကြီးများ၏အမည်စာရင်းကိုလည်းအင်း‌ လေးလှုပ်ထုလှုပ်ရှားမှုထံသို့ ပြည်သူများမှပေးပို့လာပါသည်။

.com #

11/07/2024

"စကားဒေသတွင်အကြမ်းဖက်စစ်တပ်က ရွာသားများ၏ကားများချောဆွဲကာ ဘီလူးချောင်းအရှေ့ကမ်းသို့လက်နက်ကြီးဖြင့်ထု"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၁၁ရက်၊၂၀၂၄။

ညောင်ရွှေမြို့နယ်၊စကားဒေသကျေးရွာများတွင်အကြမ်းဖက်စစ်တပ်က ကားရှိသည့်အိမ်များကိုကားချော ဆွဲပြီး တစ်အိမ်လျှင် ဆာလာအိတ်ခွံ ၂ လုံးစီပေးရမည်ဟုလိုက်လံတောင်းနေသည်ဟုသိရ ပါသည်။

စကားဒေသ၊ထီရီးရွာသို့အကြမ်းဖက်စစ်တပ်ကအင်အားဖြည့်တင်းရန်ရောက်ရှိနေပြီးကတုတ်ကျင်းများတူးရန် ကျေးရွာများအတွင်း ဆာလာအိတ်ခွံများတစ်အိမ်၂လုံးစီပေးရမည်ဟုတောင်းနေသည်ဟုသိရှိရပြီး ကားရှိအိမ်များကို ချောဆွဲနေသည်ဟုသိရပါသည်။

ထို့ပြင် ဇူလိုင်လ၊၁၀ရက်နေ့ည၈နာရီခွဲမှစတင်ကာ ည၁ဝနာရီအထိ နန်းတုတ်ရွာ၊ဟိုပန်ရွာ၊ရေပူရွာ၊နန့်ပွန်ရွာတို့အားလက်နက်ကြီးဖြင့်ထုသဖြင့်စစ်ရှောင်ပြန်လာသောရွာသားများမှာ ညအချိန် ထွက်ပြေးတိမ်းရှောင်ရပြန်သည်ဟုသိရှိရပါသည်။

.com #

11/07/2024

"ပအိုဝ်းပြည်သူ့စစ်( P N A) မှ နားခိုက်ကျေးရွာအားဝင်ယောက်လုယက်သည့် စရင်းထွက်ပေါ်လာ"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၁၁ရက်၊၂၀၂၄။

ဆီဆိုင်မြို့နယ်နားခိုက်ကျေးရွာကိုစစ်ကောင်စီတပ်မှအကြောင်းမဲ့ပျက်စီးရခြင်းအပါအဝင်စစ်ကောင်စီ ၏လက်ကိုင်တုတ်ပအိုဝ်းပြည်သူ့စစ်အဖွဲ့ (PNA) တပ်များနားခိုက်ရွာအတွင်းဝင်ရောက်ကာလုယက်ဖျက် ဆီးသတ်ဖြတ်သည့်စရင်းပေါ်ထွက်လာခဲ့ပါသည်။

ပအိုဝ်းပြည်သူ့စစ်(PNA)သည် စစ်ကောင်စီအလို ကျ မိမိ၏ပအိုဝ်းပြည်သူလူထုကိုယ္ခုကဲ့သို့ပြုလုပ်သည့်အတွက် ကန့်ကွက်ရှုံ့ချကြောင်းပအိုဝ်းသံဃာ တော်တစ်ပါးကအင်းလေးအသံသို့ပြောကြားခဲ့ပြီးအခြားသံဃာတော်များအနေနှင့်ယ္ခုအဖြစ်အ ပျက်များအမှန်တကယ်ဟုတ်မဟုတ်လာရောက်စစ်ဆေးကြားနာပေးပါရန်နှင့်အမှန်တရားဖက်မှရပ်တည်ပေးပါရန် နားခိုက်ဇာတိဖွားရဟန်းတော်ကပြောဆိုခဲ့ပါသည်။
၁။ ရွာသူရွာသားပိုင်ကား(၅)စီး
၂။ ရွာသားပိုင်ဆိုင်ကယ်မျိုးစုံ(၂၈)စီး
၃။ ဖျက်ဆီးသည့်ဆိုင်( ၄)ဆိုင်
၄။ ရွာသားကိုးကွယ်သည့်ဘုရား(၁၅)ဆူ
၅။ အိမ်ပေါ်တက်ရှာဖွေသည့်အိမ်(၂၅၆)အိမ်
၇။ဖျက်ဆီးသည့်အိမ်ပေါင်း(၈)အိမ်
၈။ သတ်ဖြတ်လိုက်သည့်ရွာသား(၃)ဦး
၉။ ရိုက်နှက်ခံရသည့်ရွာသား( ၈)ဦး
၁၀။ပစ်ခတ်ခံရသည့်ကျောင်းအချက်ရေ(၃)လုံး
၁၁။မီးရှို့သည့်အိမ်ပေါင်း(၄)အိမ်
၁၂။မီးရှို့ဖျက်ဆီးသည့်ကား(၁)စင်း
၁၃။ ယူသွားသည့်ရွာသားရွှေ (၁၀)ကျပ်သား
၁၄။ယူသွားသည့်ငွေသိန်းပေါင်း( ၃၄၀)ကျော်

.com #

11/07/2024

"နောင်ချို ၆၀၆ ဒုံးတပ်ရင်းကို TNLA သိမ်းပိုက်"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊ ၁၁ရက်၊ ၂၀၂၄။

စစ်ကောင်စီရဲ့ စစ်တက္ကသိုလ် တည်ရှိရာ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ ရှမ်းမြောက် နောင်ချိုမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ တအာင်းတပ်မတော်- PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ရွှေဖီမြေကို အတည်ပြု ပြောဆိုပါတယ်။

နောင်ချိုမြို့မှာရှိတဲ့ နောက်ဆုံး လက်ကျန်တပ်စခန်းဖြစ်တဲ့ ဒုံးတပ်ရင်း ၆၀၆ ကို ဒီနေ့ ဇူလိုင် ၁၀ ရက် နေ့လယ် ၃ နာရီမှာ TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

“နောင်ချိုမှာရှိတဲ့ ၆၀၆ ဒုံးတပ်ရင်းကိုတော့ ကျမတို့ ဒီနေ့လယ် ၃ နာရီမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်” လို့ လွေးယေဦးက ဆိုပါတယ်။

နောင်ချိုမြို့မှာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း (ခမရ ၁၁၄၊ ၁၁၅)နဲ့ ၆၀၆ ဒုံးတပ်ရင်းအပါအဝင် စစ်တပ်စခန်းပေါင်း ၁၄ ခုကို သိမ်းပိုက်ခဲ့တာပဲ ဖြစ်ပါတယ်။

နောင်ချိုမြို့ဟာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းမှာ TNLA နဲ့ ပူးပေါင်းတပ်တွေ ပထမဆုံး တိုက်ခိုက်သိမ်းပိုက်နိုင်တဲ့မြို့ ဖြစ်လာပါတယ်။

နောင်ချို မြို့သိမ်းတိုက်ပွဲမှာ TNLA နဲ့အတူ မန္တလေး PDF နဲ့ တော်လှန်ရေး အင်အားစုတွေလည်း ပါဝင်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

နောင်ချိုနဲ့ ကျောက်မဲကြားရှိ ဂုတ်ထိပ်စခန်းတစ်ခု ကျန်ရှိနေသေးကြောင်း စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကျောက်မဲ၊ သီပေါ၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်မှာ TNLA ပူးပေါင်းတပ်နဲ့ စစ်တပ်တို့အကြား တိုက်ပွဲ ဆက်လက် ဖြစ်ပွားနေတယ်လို့ လွေးယေဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်ကပြီး ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် ရှမ်းမြောက် ကျောက်မဲ၊ မိုးမိတ်၊ သီပေါ၊ နောင်ချိုနဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေကို တိုက်ခိုက်နေတာပါ။

.com #
သတင်း-ရွှေဖီမြေ

11/07/2024

"အကြမ်းဖက် စစ်ကောင်စီ၏ ခေါင်းဆောင်ပိုင်းက ပုဂ္ဂလိကဘဏ်ပိုင်ရှင်များအားလုံးကို နေပြည်တော်တွင် လာရောက်ရန် လျှို့ဝှက် ခေါ်ယူ"

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၁၁ရက်၊၂၀၂၄။

အကြမ်းဖက် စစ်ကောင်စီ၏ ခေါင်းဆောင်များက ပုဂ္ဂလိကဘဏ်များ၏ ပိုင်ရှင်များ အားလုံးကို နေပြည်တော်တွင် လာရောက်တွေ့ဆုံရန် လျှို့ဝှက် ခေါ်ယူလိုက်ကြောင်း သိရှိရသည်။

ဇူလိုင် ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်အချိန် နေပြည်တော်ရှိ စစ်ကောင်စီရုံးတွင် စစ်ကောင်စီ၏ အတွင်း ရေးမှူးအောင်လွင်းဒွေး၊ တွဲဖက်အတွင်း ရေးမှူးရဲဝင်းဦးနှင့် ပြည်ထဲရေးဝန်ကြီး ရာပြည့်တို့က ပုဂ္ဂလိကဘဏ်များ၏ ပိုင်ရှင်များအားလုံးကို ခေါ်ယူတွေ့ဆုံမည်ဖြစ်ကြောင်း၊ စစ်ကောင်စီ၏ ဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေပါ တက်ရောက်မည်ဖြစ် ကြောင်း သိရှိရသည်။

စစ်ကောင်စီက ဘဏ်များကို ခေါ်ယူတွေဆုံရန်ဖိတ်ကြားရာတွင် လျှို့ဝှက် ခေါင်းစဉ်တပ်၍ ဖိတ်ကြား ထားခြင်းဖြစ်ကြောင်း ၊ ဘဏ်ပိုင်ရှင်များအားလုံး မပျက်မကွက် တက်ရောက်ရန် ဆင့်ခေါ်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မကြာသေးမီက စစ်ကောင်စီက ပုဂ္ဂလိကဘဏ် ၇ ခုကို ဗဟိုဘဏ်သတ်မှတ်ထားသည့် ငွေကြေးပမာဏထက် ပိုမို၍ အိမ်ရာချေးငွေများ ထုတ်ချေးသည်ဟုဆိုကာ ဘဏ်များနှင့် ပိုင်ရှင်များကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

.com #

09/07/2024

"ရှမ်းမန်းစစ်ဆင်ရေးအတွင်း စစ်ကောင်စီ၏ သံချပ်ကာယာဉ်တစ်စီး တိုက်ခိုက်ဖျက်ဆီးခဲ့ဟု ပြင်ဦးလွင်ပကဖ ပြော "

#အင်းလေးလူထုလှုပ်ရှားမှု #
ဇူလိုင်လ၊၉ရက်၊၂၀၂၄။

ရှမ်းမန်းစစ်ဆင်ရေးအတွင်း မတ္တရာမြို့နယ်သို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)မှ စစ်ကူလာသည့် စစ်ကောင်စီ၏ သံချပ်ကာယာဉ် တစ်စီးကို ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ပူးပေါင်းအဖွဲ့က တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရှမ်းမန်းစစ်ဆင်ရေးအတွင်း မတ္တရာမြို့နယ်၌ စစ်ကောင်စီ၏ သံချပ်ကာယာဉ်တစ်စီးကို ပြင်ဦးလွင်ခရိုင် ပကဖ၊ မတ္တရာမြို့နယ် ပကဖ၊ မတ္တရာ မြို့နယ်တိုက်နယ် (၂) ပကဖ၊ ပြင်ဦးလွင် ခရိုင် အမှတ် (၁)တပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့က ဇူလိုင် ၆ရက်တွင် တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ပြင်ဦးလွင်ခရိုင် ပကဖက ပြောသည်။

"အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ မန္တလေးမြို့မှ စစ်ကူ ဒတက်လာတဲ့ သံချပ်ကာယာဉ်နှစ်စီး အနက် တစ်စီးကို RPG-7 ဒုံးကျည် နဲ့ သုံးကြိမ်ပစ်ခတ်စဉ် သံချပ်ကာယာဉ် ဘီးတွေ ပျက်စီးသွားတာကြောင့် ကျန်သံချပ်ကာယာဉ်နဲ့ ဆွဲပြီး နောက်ပြန်ဆုတ်သွားပါတယ်"ဟု ပြင်ဦးလွင်ခရိုင်ပကဖအဖွဲ့က ပြောသည်။

ထို့အပြင် တိုက်ခိုက်မှုအတွင်း လက်နက်ငယ် (၅) လက်ရရှိခဲ့ကြောင်း ပကဖ ပူးပေါင်းအဖွဲ့က အသိပေးသည်။

ဇူလိုင် ၇ရက်က ဖြတ်တောက်ပိတ်ဆို့ရေး တိုက်ပွဲတွင်လည်း လက်နက်ငယ် လေးလက်ရရှိခဲ့သေးသည်။ ထို့အပြင် စစ်သုံ့ပန်းများလည်း ဖမ်းဆီးထားပြီး ဂျနီဗာကွန်ဗန်းရှင်းနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း ပြင်ဦးလွင်ခရိုင်ပကဖက ထပ်မံအသိပေးသည်။

ရှမ်းမန်းစစ်ဆင်ရေး စတင်ကတည်းက စစ်ကူစစ်ကြောင်းပိတ်ဆို့ရေး၊ ကြားဖြတ် တိုက်ခိုက် ရေး တိုက်ပွဲများအား ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)များက ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်း တိုက်ခိုက်လျက်ရှိသည်။

ဇွန် ၂၅ ရက်မှ စတင်သော ၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂)နှင့် တစ်ပြိုင်တည်း ရှမ်းမန်းစစ်ဆင်ရေးကို မန္တလေးPDF ပူးပေါင်းတပ်က ဖော်ဆောင်နေရာ မတ္တရာမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၂၄ကိုလည်း သိမ်းပိုက်ထားသည်။

#အင်းလေးလူထုလှုပ်ရှားမှု #
သတင်း - People's Spring

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

"ညောင်ရွှေမြို့နယ်တွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်မှကျေးရွာများသို့လက်နက် ကြီးဖြင့်အကြိမ်ကြိမ်ပစ်ခတ...
"အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့မှ့စစ်အာဏာရှင်ဆန့်ကျင်သပိတ်ပြုလုပ်"#အင်းလေးလူထုလှုပ်ရှားမှု#ဇူလိုင်လ၊၄ရက်၊၂၀၂၄။အင်းလေးအမျိုး...
"သံဃာတော်များ၏ကံဆောင်သပိတ် လမ်းပေါ်စတင်ထွက်လာ"#အင်းလေးလူထုလှုပ်ရှားမှု#ဇွန်လ၊၂၇ရက်၊၂၀၂၄။မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ...
"အာဏာသိမ်းစစ်တပ်က ဆရာတော်ကြီးရဲ့ အသက်ကို နုတ်ယူပြီး မုသားအကြိမ်ကြိမ်ဆိုခဲ့"#အင်းလေးလူထုလှုပ်ရှားမှု#ဇွန်လ၊ ၂၁ရက်၊ ၂၀၂၄။အ...
"နိုင်ငံတော် သံဃာမဟာနာယကအဖွဲ့ဝင် ဝင်းနိမ္မတာရုံ ကျောင်းတိုက် ဆရာ တော်ကို ပျံလွန်တော်မူသည်အထိ   စစ်ဗိုလ်၊ စစ်သားများက ဝို...
"အင်းလေးအမျိုးသမီးသမဂ္ဂအဖွဲ့မှ့ပအိုဝ်းအ မျိုးသားလွှတ်မြောက်ရေးတပ်မတော် (PNLA) အဖွဲ့အားဘာလချောင်ကြော်လှူဒါန်း"#အင်းလေးလူထ...
"ကြမ်းဖက်စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် လွယ်ပေါ ကျေးရွာမှပြည်သူ၂ဦးထိခိုက်ဒဏ်ရာရ"#အင်းလေးလူထုလှုပ်ရှားမှု#ဇွန်လ၊၁...
"အင်းလေးအမျိုးသမီးသမဂ္ဂမှစစ်ဘေးရှောင်ပြည်သူများအားကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေး"#အင်းလေးလူထုလှုပ်ရှားမှု#မေလ၊၁၉ရက်...
အင်းလေးအမျိုးသမီးသမဂ္ဂမှ "ပျားစစ်ကြောင်း"သို့ဘာလချောင်ကြော်ပေးပို့လှူဒါန်းခြင်းမှတ်တမ်း
ကျမတို့ အင်းလေးလူထုလှုပ်ရှားမှု မှနှစ်ဟောင်းမှနှစ်သစ်သို့ကြိုဆိုသောအားဖြင့် ဆုတောင်းဂါရဝပြုအပ်ပါတယ်ရှင့်....
ပင်‌လောင်းမြို့နယ်၊နန်းတုတ်ကျေးရွာအားအကြမ်း ဖက်စစ်တပ်မှတိုက်ပွဲမရှိဘဲလေယာဉ်ဖြင့်၂၀၂၄ခုနှစ်၊ မတ်လ၊၂၂ရက်နေ့ ည ၁၁နာရီ ၅၂မိန...
"အကြမ်းဖက်စစ်တပ်က လွယ်ဝိုးတုတ်ရွာအား‌လေ ယာဉ်ဖြင့်ပစ်ခတ်မှုကြောင့်ပြည်သူအိမ် ၂လုံးမီး‌ လောင်ပျက်စီး"#အင်းလေးလူထုလှုပ်ရှား...

เว็บไซต์

ที่อยู่


Bangkok

Bangkok บริษัท สื่ออื่นๆ (แสดงผลทั้งหมด)
ยืนงงในดงโค้ด Shopee โปรโมชั่น ส่วนลด ยืนงงในดงโค้ด Shopee โปรโมชั่น ส่วนลด
Bangkok

ยืนงงในดงโค้ด SHOPEE ติด tag สิค่ะคุณจะได้

Tikmi Live Tikmi Live
Thai Cc
Bangkok, 10210

Tikmi is a social networking App for users to share their voice, to chat with friend across the world. Feel free to speak, let the world to hear your voice.

Thai Cele Girls Thai Cele Girls
Bangkok

Beautiful Thai Girls

Chomroeun Lim Chomroeun Lim
Bangkok, 10100

online shop

VNC digital VNC digital
Bangkok

Expertise: Branding, communication strategic planning, media planning and buying

JELLYLAB—DESIGN JELLYLAB—DESIGN
8F-803, 231 Hugs Building Ratchadamri Road , Lumpini, Prathumwan District
Bangkok, 10330

We're a Branding design studio & Consultancy based in Bangkok, Thailand. We providing flexible services that suited various of business, worldwide. — BRANDING — RE BRANDING — WEB...

B.King Jpanwell in Thailand B.King Jpanwell in Thailand
1031 Ploenchit Road, Pathumwan
Bangkok

ยาเม็ด Best King JpanWell

PNG PNG
ไทย
Bangkok, 10100

ครบจบในที่เดียว มีเกมทุกค่ายดังมากกว่า 3000 เกม

ปั้นแบรนด์ให้ปัง การันตียอดขาย By ASTN Rich ปั้นแบรนด์ให้ปัง การันตียอดขาย By ASTN Rich
ASTN Rich Co. , Ltd. บริษัท เอเอสทีเอ็น ริช จำกัด รามอินทรา 39 แยก 11 AISN Rich อมรสิริธานนท์ 95
Bangkok, 10220

ยอดขายหลักล้านต่อเดือน เเต่เราก็สามารถทำให้เกิดขึ้นได้

Mosaic One Company Limited Mosaic One Company Limited
43 Nakhon Chaisi Road, Thanon Nakhon Chai Si, Dusit
Bangkok, 10300

ที่ปรึกษาทางการตลาด และโฆษณา

Éstee Lauder Viet Nam Éstee Lauder Viet Nam
Silom Road, Khwaeng Silom, Khet Bang Rak, Krung Thep Maha Nakhon
Bangkok, 10500

ต้านเชื้อแบคทีเรีย ระบายอากาศ ยืดได้ 4 ทิศทาง นุ่ม ปลอดภัยต่อผิว หลากหลายดีไซน์

Markets&Future Markets&Future
Bangkok, 10500

Agency