Luna's artworks

Sketches/ Illustrations/ Designs & Aesthetics

Photos from Luna's artworks's post 06/03/2024

Refugees Welcome
First solo exhibition in BKK✌️

—People in the world no longer support each other . A little boy began to think that only aliens came to save a group of people who looked like aliens.That little boy is everywhere in the world. In a world, where humanity lack humanity.

23 bar & gallery

Photos from Art Corner's post 12/01/2024

အားတစ်ကိုဝှီးရဲ့ သဏ္ဏန်ကောင်များ
မနက်ဖြန် ပြပွဲ စ ပါပြီ

07/11/2023

ဒီနေ့ ပန်းဆိုးတန်းက ပုံပြင်တစ်ပုဒ်ကို
ဘုရားဖွက်သွားခဲ့ပါပြီ။

- Kyaw Zeyar Lwin

Photos from Luna's artworks's post 28/08/2023

အကြောင်းအမျိုးမျိုးကြောင့် စာအုပ်မဖတ်ဖြစ်လိုက်တဲ့ ကျနော့်ရဲ့ အဝေးရောက် ညီအစ်ကို သူငယ်ချင်းတွေ၊ စာအုပ်ပို့ဖို့ အခက်အခဲရှိလို့ မရောက်ဖြစ်လိုက်တဲ့နေရာဒေသက ရောင်းရင်းတွေအတွက် ရည်ရွယ်ပါတယ်။

စာအုပ်အဖြစ်အမှတ်တရသိမ်းဆည်းချင်တယ်ဆိုရင်လည်း Luna's artworks နဲ့ တရုတ်မကြီးစာပေ - Tayokemagyee Sarpayတရုတ်မကြီးစာပေတို့မှ တဆင့်မှာယူနိုင်ပါသေးတယ်။

#ပြည်တွင်းငှက်

Photos from Luna's artworks's post 28/07/2023

08/04/2023

“အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်အတော်များများဆီ
ပြည်တွင်းငှက်များ ပျံသန်းပြီးနှင့်ပါပြီ”

စာအုပ်ဆိုင်များမှာတော့
မိတ်ဆွေတို့ကိုယ်တိုင်ကိုယ်ကျ ပြည်တွင်းငှက်များကို သွားရောက်ထိတွေ့လို့ ရနေပါပြီ။

🏠ပြည်တွင်းငှက် ရောက်နှင့်ပြီးသော စာအုပ်ဆိုင်များ -

အပါးတော်မြဲ - ရေကျော်
We - သံဈေး
စောဦး - ၃၁လမ်း
ပါရမီ - ၂၉လမ်း
ဝန်ဇင်း
အင်းဝ - လှည်းတန်း
စိတ်ကူးချိုချို - မန္တလေး
စာပေလောက - ပန်းဆိုးတန်း
TAB
ရာပြည့်
အင်းဝ- ပန်းဆိုးတန်း

🪬 Luna's artworks page နဲ့ တရုတ်မကြီးစာပေ - Tayokemagyee Sarpay တို့ကနေလည်း ပြည်တွင်းငှက်များကို မှာယူလို့ ရပါသေးတယ် ။

17/01/2023

ကြိုတင်မှာယူသူ အယောက်တစ်ရာကျော်သွားပါပြီ။
ဝယ်ယူအားပေးကြသူအယောက်ချင်းစီတိုင်း
ကျေးဇူးတင်ပါတယ် ။ စတစ်ကာလက်ဆောင်လေးတွေလည်း ထည့်ပေးလိုက်ပါ့မယ်။

စာအုပ်များကိုတော့ ဆက်လက်မှာယူလို့ ရဦးမှာဖြစ်ပြီး
မကြာခင်မှာလည်း တရုတ်မကြီးစာပေမှတဆင့်
ဖြန့်ချိပါတော့မယ်။

#ပြည်တွင်းငှက်

15/01/2023

ပြည်တွင်းငှက် ရုပ်ပြစာအုပ်ကို
ကြိုတင်မှာယူလို့ ရပါပြီ။
ပထမဦးဆုံး မှာယူသူ အယောက်တစ်ရာအတွက်
လက်ဆောင်သုံးခု ထည့်ပေးထားပါတယ်။
အဲ့ လက်ဆောင်တွေက အခုရုပ်ပြနဲ့ သက်ဆိုင်တဲ့
စတစ်ကာလေးတွေပါပဲ။

ပြည်တွင်းငှက်ရုပ်ပြစာအုပ်ကို မှာယူချင်ရင်တော့
➡️ Luna’s artworks page ကိုပဲ messageပို့ပြီး မှာယူလို့ ရပါတယ်။
မကြာခင်မှာလည်း တရုတ်မကြီးစာပေမှတဆင့် ဖြန့်ချိပါတော့မယ်။

PRE-ORDER NOW!!!
တန်ဖိုး : ၄၅၀၀ကျပ်
စာမျက်နှာ : ၇၄
Order waiting time: 1 - 2 weeks


#ပြည်တွင်းငှက်

31/12/2022

Coming soon !

Photos from Luna's artworks's post 02/09/2022

Artist Ko Hwee ရဲ့ ပန်းချီကားနှစ်ကားကို
အပ်ချည်လုံးလူငယ်စျေးကွက်ပွဲမှာ ချိတ်ဆွဲထားပါတယ်

#အပ်ချည်လုံး
#လူငယ်စျေးကွက်

Photos from အပ်ချည်လုံး Home Shop's post 10/06/2022

Artist ကိုဝှီး နဲ့ Artist လွန်ရဲ ပန်းချီကားလေးတွေ အပြင်မှာကြည့်ပြီး အားပေးချင်ရင် အပ်ချည်လုံးရဲ့ လူငယ်ဈေးကွက်ပွဲမှာ လာကြည့်လို့ရပါတယ်ခင်ဗျာ

#အပ်ချည်လုံး
#လူငယ်ဈေးကွက်


's_artworks

https://www.facebook.com/109188058013185/posts/353299696935352/

03/06/2022

^Artist ကိုဝှီး ရေးဆွဲထားတဲ့ ပန်းချီကား (၄) ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ပန်းချီ စီးရီးနာမည်ကတော့ Sweet - 90's ပါ။

၉၀ခုနှစ်ဖွားတွေရဲ့ ငယ်ဘဝ အမှတ်တရကိစ္စတွေ ထည့်သွင်း ရေးဆွဲထားပါတယ်။ ပန်းချီကား တစ်ကားချင်းစီ စျေးနှုန်းကို ၂၅၀,၀၀၀ (နှစ်သိန်းခွဲ) သတ်မှတ်ထားပါတယ်။ ပန်းချီကား (၄) ကားစလုံး ပါဝင်တဲ့ Sweet - 90's စီးရီးတစ်ခုလုံး ဝယ်ယူမယ်ဆိုရင်တော့ ၈၅၀,၀၀၀ (ရှစ်သိန်းခွဲ) ဖြစ်ပါတယ်။

ပန်းချီကား ဝယ်ယူ စုဆောင်းလိုသူတွေ အနေနဲ့ page cb ကနေတစ်ဆင့် ဆက်သွယ်နိုင်ပါတယ်။

13/03/2022

ရောက်တတ်ရာရာ

Photos from Luna's artworks's post 09/11/2021

>Artist - လွန်ရဲနေ
"လူပျော့ကြီးများ" ပန်းချီ စီးရီး၊

ပန်းချီကား အရွယ်နဲ့ ဈေးနှုန်းကို ပုံတစ်ပုံစီမှာ ထည့်သွင်းထားပါတယ်။ စိတ်ဝင်စားသူများ chat box ကတစ်ဆင့် ဆက်သွယ်လို့ ရပါတယ်။

#ကျွန်းရှည်ကြီးပေါ်ကမျောက်နှစ်ကောင်

ပန်းချီကားများကို Cafe Deja brew II (မြေနီကုန်း) မှာ မနက်ဖြန် ဗုဒ္ဓဟူးနေ့အထိ ပြထားမှာ ဖြစ်ပါတယ်။

08/11/2021

#ကျွန်းရှည်ကြီးပေါ်ကမျောက်နှစ်ကောင်

Café Deja Brew II (မြေနီကုန်း) မှာ ပန်းချီကားတွေကို ဗုဒ္ဓဟူးနေ့ အထိ ချိတ်ဆွဲထားမယ်လို့ အသိပေးပါရစေ။ စိတ်ဝင်စားသူတိုင်း လာရောက် ကြည့်ရှုနိုင်ပါသေးတယ်။

Photos from Luna's artworks's post 08/11/2021

#ကျွန်းရှည်ကြီးပေါ်ကမျောက်နှစ်ကောင်


> Artist ကိုဝှီး
စိတ်ဝင်စားသူတွေ chat box ကတစ်ဆင့် ဆက်သွယ်လို့ ရပါတယ်။

07/11/2021

#ကျွန်းရှည်ကြီးပေါ်ကမျောက်နှစ်ကောင်


>Artist Profile
>လွန်ရဲ

၁၉၉၆ မေလ (၂၅) ရက်မှာ မွေးဖွား၊
မူလတန်း ကျောင်းသားဘဝမှာ ပန်းချီဆရာတစ်ယောက်နဲ့ တွေ့ဆုံရင်း ပုံဆွဲ စတင် သင်ယူ၊
ဆယ်ကျော်သက် အရွယ်မှာ ကဗျာကို စတင်တွေ့ရှိ၊
၂၀၁၃ မှာ Beauty မဂ္ဂဇင်းမှာ ကဗျာပါလာ၊
ကဗျာများ အရူးအမူး ရေးသားခဲ့၊
အဲ့ကာလအတွင်း အိမ်ကနေ ထွက်ခဲ့ပြီး မြန်မာပြည်အလယ်ပိုင်း တစ်ကြောမှာ လှည့်လည်နေထိုင်၊
၂၀၁၅-၂၀၁၆ ရန်ကုန်ပြန်ရောက်လာပြီး ကဗျာဆရာ သက်ငြိမ်သစ်နဲ့အတူ ကျောက်မြောင်း ထပ်ခိုးလေးမှာ နေထိုင်၊
လအနည်းငယ်အကြာ Joosk Studio မှာ Digital Illustration နဲ့ပတ်သက်တာကို ပညာသင်အဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့၊
“ဘီဘီးနှင့် သူငယ်ချင်းများ” ကောမစ်စီးရီး အတွက် တစ်ထောင့်တစ်နေရာမှ ပါဝင်ခဲ့၊
ပန်းချီများ ပြန်လည် ရေးဆွဲ၊
၂၀၁၈ မှာ Magic ပန်းချီပြပွဲမှာ ပါဝင်ပြသ၊
ကဗျာဆရာ မဖြစ်လာဘဲ ပန်းချီဆရာ ဖြစ်လာသူလို့ မူးရစ်တိုင်း ကိုယ်ကိုကိုယ် ညွှန်းဆိုလေ့ရှိ၊
လက်ရှိမှာ ပုံဆွဲခြင်းဖြင့်သာ အသက်မွေးကျောင်း ပြုနေ။
____________

Artist's Statement

ကျနော်တို့တွေသာ မာကျောမနေကြရင် နာကျင်စရာတွေ သက်သာပါလိမ့်မယ်။ ပုံမှန် လူမှုဘဝမှာလည်း လူအတော်များများဟာ တစ်နေ့ကို တစ်ခါလောက်တော့ ပျော့ညံ့ကြစမြဲပါပဲ။

ချစ်တတ်တာကအစ မုန်းတတ်တာအဆုံး၊ အားနာတာကအစ ဘယ်သူ့မျက်နှာမှ မထောက်တတ်တာအဆုံး၊ ကိုယ့်ကိုယ်ပိုင်အတ္တနဲ့ လုံးပါးပါး နေရသမျှ ကျနော်တို့ ပျော့ညံ့နေကြတာပဲ။ ပြီးတော့ ကိုယ်က တခြားအရာတစ်ခုကို ချီးလို့ထင်နေပေမယ့် ကိုယ်ကိုယ်တိုင်လည်း ချီးဖြစ်နေနိုင်ပါသေးတယ်။

အထက်ပါ အကြောင်းအရာတွေကြောင့် ဒီလိုကာလကြီး အတွင်း "လူပျော့ကြီးများ"ဆိုတဲ့ ပန်းချီကားတွေကို ရေးဆွဲဖြစ်လာတာပါပဲ။

Photos from Luna's artworks's post 06/11/2021

>ကိုဝှီး "ခလုတ်" ပန်းချီ စီးရီး၊
ပန်းချီကား အရွယ်နဲ့ ဈေးနှုန်းကို ပုံတစ်ပုံစီမှာ ထည့်သွင်းထားပါတယ်။ စိတ်ဝင်စားသူများ chat box ကတစ်ဆင့် ဆက်သွယ်လို့ ရပါတယ်။

#ကျွန်းရှည်ကြီးပေါ်ကမျောက်နှစ်ကောင်
ပွဲကို Cafe Deja brew II (မြေနီကုန်း) မှာစတင်နေပါပြီ။ လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

06/11/2021

#ကျွန်းရှည်ကြီးပေါ်ကမျောက်နှစ်ကောင်

Artist_ Ko Hwee | Lun Ye'

ပြပွဲ_ဒုတိယနေ့
Cafe Deja Brew II (မြေနီကုန်း) မှာ လာရောက် ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

05/11/2021

#ကျွန်းရှည်ကြီးပေါ်ကမျောက်နှစ်ကောင်


> Artist Profile
> ကိုဝှီး

၂၀၀၈ မှ ၂၀၁၂ ထိ underground ဂီတအဖွဲ့တခုတွင် ဘေ့စ်ဂီတာ တီးခတ်ခဲ့၊
၂၀၁၂ နောက်ပိုင်းမှ စ၍ စာဖတ်ခြင်း၌သာ အချိန်ကုန်၊
၂၀၁၄ မှာ ကဗျာ ပြန်ရေး၊
၂၀၁၉ နှင်းဆီဖြူ စာပေဂျာနယ်၌ ကဗျာ စတင် ပါလာ၊
၂၀၁၉ ကိုစိုးလူထက်နှင့်တွဲ၍ တောကြီးမျက်မည်းထဲမှ အနက် ရောင်ဦးထုပ်များ ကဗျာစာအုပ်ထွက်ရှိ၊

လွန်ခဲ့တဲ့ ရှစ်နှစ်က ဓာတ်ပုံရိုက်ထားတဲ့ ပန်ကာ ခလုတ်တစ်ခုကို စိတ်စွဲ နေရာမှ အရောင်ဖြင့် ပြန်လည် ဖောက်ထုတ်ရန် စဉ်းစားမိ၊
၂၀၁၉မှာ ပန်းချီ စတင် ရေးဆွဲ၊
ကိုယ်တိုင် ရှုပ်ထွေးမှုကို အရောင်ဖြင့် ရှင်းလင်းခြင်း၊
မိမိကိုယ်ကို အခြားတခုဖြင့် ဖောက်ချကြည့်ခြင်း၊
Jiro Yoshihara အဝိုင်းများ၊
Frank stella လေး ထောင့်ကွက်များ လွှမ်းမိုးမှုရှိ၊
Jo Baer , Ellsworth Kelly, Yayoi Kusama,Norman Lewis ကြိုက်နှစ်သက်၊
___________________

> Artist's Statement

ပြဿနာက မသဲကွဲဝေဝါးမှုက စတင်လာပါတယ်။ ကိုဗစ် စချိန်ကနေ အခုချိန်ထိ ဝေဝါးနေခဲ့/ နေဆဲ။ ပန်းချီကို သေချာစဆွဲ ဖြစ်တာကလည်း အဲ့ကာလက စခဲ့ပါတယ်။ အရင်ရှိပြီးသား ပန်ကာခလုတ် ဓါတ်ပုံကို အကြောင်းပြုပြီး ကျ နော် ထွက်ပေါက်တခုကို ရှာခဲ့ပါတယ်။ အရောင်တွေက ကျ နော့်အာရုံကနေ ဝင်လာပြီး ကင်းဗတ်စပေါ် ရောက်သွားတာ၊ အမြဲပြဲရွဲနေတဲ့ အချိန်ထိ အရောင်တွေနဲ့ ဖတ်လဲတကင်းရှိခဲ့တာဟာ ဒီကာလကိုဖြတ်သန်းဖို့ အထောက်အပံ့ သဘောဖြစ်နေပါတယ်။ ရှုပ်ထွေးမှုတွေ ကြားက ပြေးမထွက်နိုင်တဲ့အခါ/ ချင်တဲ့အခါ မြင်ကွင်းတွေ ရောထွေးကုန်တဲ့ အထိ ပုံ ထိုင်ဆွဲ ဖြစ်ပါတယ်။ အရောင်နည်းနည်းသုံးပြီး ပွင့်ထွက်လာတဲ့ လင်းပွင့်မှုမျိုးက ခဏတာ ကျနော့်အတွက် အဆင်ပြေ စေခဲ့ပါတယ်။ ဒီလိုနဲ့ တမျိုးတည်း ဖြစ်နေတဲ့ အရောင်တွေနဲ့ ကျနော် ရှိနေတဲ့ နေရာက အရာတွေကို ပေါင်းပြီး အန်ထုတ် ပစ်လိုက်ပါတယ်။

04/11/2021

Sneak Peek for tomorrow Exhibition

#ကျွန်းရှည်ကြီးပေါ်ကမျောက်နှစ်ကောင်

02/11/2021

“ကျွန်းရှည်ကြီးပေါ်က မျောက်နှစ်ကောင်” ဆိုတာ ပန်းချီပြပွဲ တစ်ခုပါ။ ပြပွဲမှာ ပါဝင်မယ့် ပန်းချီဆရာ နှစ်ယောက်ကတော့ ကိုဝှီးနဲ့ လွန်ရဲနေ ဖြစ်တယ်။ “ကျွန်းရှည်ကြီးပေါ်က မျောက်နှစ်ကောင်” ဆိုတဲ့ ပြပွဲနာမည်က ပေးဖြစ်ပုံက ဒီလိုပါ။

တစ်ရက်မှာ ကိုဝှီးနဲ့ လွန်ရဲနေ ဆိုင်ထိုင်ရင်း တစ်ယောက်က Long Island သောက်သလို၊ နောက်တစ်ယောက်က Monkey Shoulder တစ်ပက် သောက်မိကြတယ်။ သူတို့နှစ်ယောက် ပန်းချီပွဲ လုပ်ဖို့ ပြောထားကြပေမယ့်လည်း ပွဲနာမည်ပေးဖို့ လိုနေပါသေးတယ်။ အဲ့တာနဲ့ သောက်နေတဲ့ အရက်နာမည် နှစ်ခုကို ပေါင်းပြီး “ကျွန်းရှည်ကြီးပေါ်က မျောက်နှစ်ကောင်” ဖြစ်လာတာပါ။

ဒီပွဲမှာ ထူးခြားမှုတွေ ရှိပါတယ်။ ကိုဝှီးကတော့ ကဗျာတွေ ရေးသား နေရာကနေ အရောင်တွေ ရှာဖွေ တွေ့ရှိသွားသူပါ။ သူ့ကားတွေကတော့ acrylic ကားတွေဖြစ်ပြီး စူးရဲလွန်းလှပါတယ်။ လွန်ရဲနေကတော့ ၂၀၁၈ တုန်းက ပန်းချီ ဂရုရှိုးပွဲ လုပ်ခဲ့ပြီး လေးနှစ်အကြာမှာ ပြန်လာခဲ့ပါပြီ။ ပြပွဲမှာ ကိုဝှီး ပန်းချီကား ၁၅ ကားနဲ့ လွန်ရဲနေ ပန်းချီကား ၇ ကား ပါဝင်ပါမယ်။ စုစုပေါင်း ပန်းချီကား ၂၂ ကား ပါဝင်မယ့် ပွဲလေး ဖြစ်ပါတယ်။

“ကျွန်းရှည်ကြီးပေါ်က မျောက်နှစ်ကောင်” ပွဲကို မြေနီကုန်းက Café Deja Brew မှာ ပြုလုပ်သွားပါမယ်။ အခု လာမယ့် နိုဝင်ဘာ ၅ရက် ကနေ ၇ရက်နေ့ အထိ ပြုလုပ်သွားပါမယ်။

ဘော်ဒါတို့ အနေနဲ့ ခုအားလပ်ရက်မှာ ကော်ဖီသောက်ရင်း ပန်းချီပြပွဲကို လာရောက် ခံစားလို့ ရပါပြီ။ ပန်းချီပွဲက ကားတွေကို ကြည့်ရှုလေ့လာရင်းနဲ့ နှစ်သက် သဘောကျပြီး ဝယ်ယူလိုရင်လည်း အလွယ်တကူ ညှိနှိုင်း ဆောင်ရွက်ပေးသွားမှာပါ။

“ကျွန်းရှည်ကြီးပေါ်က မျောက်နှစ်ကောင်”
ပွဲကျင်းပမယ့် နေရာ- Café Deja Brew အမှတ် (၄၂) မပိုလမ်းနဲ့ သုခလမ်းထောင့်၊ မြေနီကုန်း။
အချိန် - မနက် ၁၀ နာရီမှ ညနေ ၅ နာရီ အထိ
နေ့ရက် - နိုဝင်ဘာလ ၅ ရက်နေ့မှ ၇ ရက် အထိ (စုစုပေါင်း ၃ ရက်)

#ကျွန်းရှည်ကြီးပေါ်ကမျောက်နှစ်ကောင်

02/11/2021

ကျွန်းရှည်ကြီးပေါ်က မျောက်နှစ်ကောင် ဘာလုပ်နေလဲ

Stay Tuned

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ศิลปะและความบันเทิง ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

#ကျွန်းရှည်ကြီးပေါ်ကမျောက်နှစ်ကောင် #exhibition Artist_ Ko Hwee | Lun Ye'ပြပွဲ_ဒုတိယနေ့Cafe Deja Brew II (မြေနီကုန်း) မှ...

ประเภท

เว็บไซต์

ที่อยู่


Bangkok
10250

ทัศนศิลป์ อื่นๆใน Bangkok (แสดงผลทั้งหมด)
Sombatpermpoon Gallery : สมบัติเพิ่มพูน แกลเลอรี Sombatpermpoon Gallery : สมบัติเพิ่มพูน แกลเลอรี
12 Sukhumvit Soi 1, Klongtoey Nua, Wattana
Bangkok, 10110

The largest art gallery in Thailand. Founded in 1979, is one of Thailand's leading collectors of Tha

supernormal supernormal
แจ้งวัฒนะ/ปากเกร็ด 24
Bangkok, 11120

Art Installation, Transport, Fabrication, Gallery services, Exhibition design, Project management.

CAMÉ LÉON CAMÉ LÉON
Bangkok, 1997

Artiste

ว่างค่อยทำ My Free Time ว่างค่อยทำ My Free Time
สกลนคร
Bangkok, 47260

กิจกรรมยามว่าง งานอดิเรก เดินทางท่องเที่ยว งานเกษตร งานช่าง งานไม้ ศิลปะ ดนตรี ถ่ายภาพ วีดีโอ อื่นๆ

724MM 724MM
Bangkok

A place where you guys can check out my drawing รับวาดรูป จิบิ อาหารสีน้ำ

The VIVE Clinic - เดอะ วีเว่ คลินิก สรงป The VIVE Clinic - เดอะ วีเว่ คลินิก สรงป
สรงประภา
Bangkok

เดอะ วีเว่ คลินิก ดอนเมือง

RAL Rendering Art Lab RAL Rendering Art Lab
Bangkok

Since 2008, RAL has been helping its customers in visualize their ideas.

OB Amulet OB Amulet
สุขุมวิท 103
Bangkok, 10260

พระหลากหลายคณาจารย์ ทั้งเก่าและใหม่ รับรองว่าไม่ผิดหวังแน่นอน

Stray Street Stray Street
Bangkok

Stray Street is a series of street animal misfits photographed by Tim Russell and Digitally Remixed by Benzakonium (Ben Howard) - Available now on OpenSea as NFTs.

Today’s Papers Today’s Papers
Bangkok

What Happened On This Day #WhatsHappeningInThailand |||

You Me We Us You Me We Us
Bangkok

You Me We Us นิทรรศการออนไลน์เรื่อง "เรา" กลุ่มชาติพันธุ์ในประเทศไทย

SARAN The Creator. SARAN The Creator.
BANGKOK
Bangkok, 10330

This page is for my art work. I love to draw, digital paint and create motion graphics from my inspirations. Each piece is one of a kind. I hope you enjoy delving into my world thr...