THET NAING OO

THET NAING OO

ဤမကောက်သည်အလုပ်ငန်းအကောက်မဟုတ်ပါ,ကျွန်ုပ်၏ဝေါသနာအရဖွင့်ထားတဲ့အကောက်ပါ,အမှားပါခဲ့လျှင်ခွင့်လွတ်ပေးကြပါ

21/06/2024
16/06/2024

ပရိသတ်တွေ အသိချင်ကြဆုံးဖြစ်တဲ့ ဂျာရတ်၊ ပေါလ်စခိုးလ်နဲ့ လမ်းပတ်တို့ သုံးဦးမှာ ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုလိုက်တဲ့ ဝိန်းရွန်းနီ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကစားသမားဟောင်းဖြစ်သူ ဝိန်းရွန်းနီဟာ အင်္ဂလန်လက်ရွေးစင်အသင်းသမိုင်းတစ်လျှောက် အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်အပါအဝင်လည်း ဖြစ်ပါတယ်။ ရွန်းနီဟာ အင်္ဂလန်လက်ရွေးစင်အသင်း အတွက် ပွဲပေါင်း ၁၂၀ ကိုယ်စားပြု ကစားပေးခဲ့ပြီးတော့ သွင်းဂိုး စုစုပေါင်း ၅၃ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ရွန်းနီတို့ လက်ထပ်တုန်းကဆိုရင် အင်္ဂလန် လက်ရွေးစင်အသင်းမှာ ကစားသမားကောင်းများစွာ ရှိတဲ့အတွက်ကြောင့်မလို့ ပရိသတ်တွေက ရွှေရောင် မျိုးဆက် ဆိုပြီးတော့တောင် တင်စားခေါ်ဆိုခဲ့ကြပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီမျိုးဆက် ဟာ အဓိကဖလားပြိုင်ပွဲတွေမှာ ဘာဆုတံဆိပ်မှ မရခဲ့ပဲ အမြင့်မားဆုံး အောင်မြင်မှု အဖြစ် ကွာတားဖိုင်နယ်လောက်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ အဲ့ဒီလို ရွှေရောင်မျိုးဆက် ကျရှုံးခဲ့ရတာဟာ အကြောင်းအရင်းအမျိုးမျိုးကြောင့် ရှိပြီး၊ ပရိသတ်အများစုကတော့ ကွင်းလယ်မှာ ကစားကြတဲ့ လမ်းပတ်နဲ့ ဂျာရတ်တို့ နှစ်ယောက်ရဲ့ အဆင်မပြေမှုကြောင့် လို့ သုံးသပ်ကြပါတယ်။ သူတို့ နှစ်ယောက်ဟာ ကစားရတဲ့ ကလပ်အသင်းချင်း မတူတာကြောင့်၊ ကလပ်အသင်းချင်း ပြိုင်ဆိုင်မှုတွေဟာ အင်္ဂလန်အသင်းအပေါ်ပါ သက်ရောက်မှု ရှိစေခဲ့ပါတယ်။ အဲ့ဒီလိုသူတို့နှစ်ယောက်အကြား အဆင်မပြေမှုကြောင့်ပဲ ပေါလ်စခိုးလ်ဟာ လက်‌ရွေးစင် ကစားသမားဘဝကနေ စောစောစီးစီး အနားယူ သွားခဲ့တာဆိုပြီး ယူဆကြသူတွေလည်း ရှိပါတယ်။ ဒါပေမယ့် သူတို့ သုံးယောက်စလုံးဟာ အရည်အချင်းရှိတဲ့ ကွင်းလယ် ကစားသမားတွေဆိုတာကိုတော့ ဘယ်သူမှ ငြင်းလို့ မရပါဘူး။ အဲ့ဒီအတွက်လည်း သူတို့ သုံးယောက်ထဲမှာ ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းဟာ ပရိသတ်တွေအကြားမှာ ယနေ့ထိတိုင်အောင် အငြင်းပွားစရာ မေးခွန်းတစ်ခု အဖြစ် ကျန်ရှိနေပါတယ်။ ဒါပေမယ့် သူတို့ သုံးဦးစလုံးနဲ့ အင်္ဂလန်အသင်းမှာအတူ ကစားခဲ့တဲ့ ရွန်းနီကတော့ အဲ့ဒီမေးခွန်းနဲ့ ပတ်သက်ပြီး သူ့ရဲ့ အမြင်ကို နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျုးမှာ ပြောပြသွားခဲ့ပါတယ်။ ပထမဦးစွာ သူနဲ့ တွဲဖက် ဆော့ကစားဖူးသမျှ အသင်းဖော်တွေထဲမှာ ဘယ်သူက အကောင်းဆုံးလဲဆိုပြီး မေးတဲ့အခါ ရွန်းနီက အခုလို ဖြေဆိုသွားခဲ့ပါတယ်။ “ အရည်အသွေးပိုင်းမှာဆိုရင်တော့ ခရစ္စတီယာနိုက အကောင်းဆုံးပါပဲ။ ဒါပေမယ့် အသင်းကို ယူဆောင်လာပေးနိုင်တဲ့ အချက်အလက်တွေအရဆို ပေါလ်စခိုးလ်ကလည်း အကောင်းဆုံးပါပဲ၊ ဒါပေမယ့် အရည်အသွေးပိုင်းအရ ကြည့်ရင်တော့ ခရစ္စတီယာနိုက သေချာပေါက် အကောင်းဆုံးပါပဲ “ လို့ ရွန်းနီက ဖြေဆိုသွားခဲ့ပါတယ်။ ရွန်းနီနဲ့ ခရစ္စတီယာတို့နှစ်ဦးဟာ မကြာသေးခင်က စကားလုံးတွေနဲ့ အကြီးအကျယ် ပြဿနာတက်ခဲ့ကြပြီး၊ ခရစ္စတီယာနို က ရွန်းနီကို သူငယ်ချင်းစာရင်းကနေပါ ထုတ်ပယ်လိုက်ပြီ ဖြစ်ကြောင်း ပြောဆိုထားခဲ့ပါတယ်။ ဆက်လက်ပြီးတော့ ရွန်းနီက ပရိသတ်တွေ အသိချင်ကြဆုံး ဖြစ်တဲ့ ပေါလ်စခိုးလ်၊ လမ်းပတ်နဲ့ ဂျာရတ်တို့ သုံးယောက်မှာ ဘယ်သူက အကောင်းဆုံးလဲဆိုတဲ့ မေးခွန်းကို ဖြေဆိုသွားခဲ့ပါတယ်။ ရွန်းနီ ပြောခဲ့တာကတော့ “ ပေါလ်စခိုးလ်၊ စတီဗင် ဂျာရတ်နဲ့ ဖရန့် လမ်းပတ်တို့ သုံးယောက်က မတူညီကြတဲ့ ကစားသမားတွေပါ။ ဘက်ပေါင်းစုံကနေ ကြည့်ရင်တော့ ဂျာရတ်က အကောင်းဆုံးပါ။ သူက ခံစစ်ကို ကွယ်နိုင်တယ်၊ ဘောလုံးပေးပို့တာတွေ လုပ်နိုင်တယ်၊ ပြေးနိုင်တယ်၊ လျှောထိုးဖြတ်ထုတ်တာတွေ လုပ်နိုင်တယ်၊ ဂိုးသွင်းနိုင်တယ်၊ အလွတ်တည်ကန်ဘော တွေ ကန်နိုင်တယ်။ အဲ့ဒီအတွက် ရှုထောင့်ပေါင်းစုံကနေ ကြည့်ရင်တော့ သူက အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ဂိုးသွင်းနိုင်တဲ့ ရှုထောင့်ကနေ ကြည့်ရင်တော့ ဖရန့် လမ်းပတ်က အကောင်းဆုံးလို့ ပြောလို့ရပါတယ်။ ကွင်းလယ်လောက်ကနေ သူ သွင်းခဲ့တဲ့ ဂိုးတွေအားလုံးက အမိုက်စားတွေကြည့်ပါပဲ။ နည်းစနစ်ပိုင်းအရဆိုရင်တော့ သူက ဂျာရတ်နဲ့ ပေါလ်စခိုးလ်တို့လို အဆင့်မျိုးမှာ မရှိပေမယ့်၊ ကွင်းလယ်ကနေ ဂိုးသွင်းနိုင်တဲ့ အပိုင်းမှာတော့ သူ့ထက် ပိုကောင်းတဲ့ ကစားသမား မရှိပါဘူး။ ပေါလ်စခိုးလ်ကကျတော့ ကွင်းရဲ့ ဘယ်နေရာမှာဖြစ်ဖြစ် အသားကျအောင် ကစားနိုင်တာက သူ့ကို အံ့သြစရာ ကောင်းသွားစေခဲ့တာပါ။ သူက အငယ်လေးတုန်းက တိုက်စစ်နေရာမှာ ကစားခဲ့ဖူးပါတယ်၊ အဲ့ဒီတော့ နံပါတ် ၁၀ နေရာမှာ ကစားနိုင်တယ်။ ပြီးတော့ ကွင်းလယ် နေရာမှာလည်း ကစားနိုင်တယ်၊ အဲ့ဒါပြီးရင် ကွင်းလယ်ခံစစ်လည်း ဆော့နိုင်တယ်။ ဂျာရတ်ကော၊ လမ်းပတ်ကောက ပေါလ်စခိုးလ်လိုမျိုး နေရာစုံအောင် မကစားနိုင်ဘူးလို့ ကျွန်တော် ထင်တယ်။ သူတို့ သုံးယောက်စလုံးက ကမ္ဘာ့အဆင့်မီတဲ့ ကစားသမားတွေပါ။ ဒါပေမယ့် ဂျာရတ်ကသာ မန်ယူအသင်းမှာ ကစားမယ်ဆိုရင်၊ ထိပ်တန်း ကစားသမား ဖြစ်နိုင်ပြီး၊ ပေါလ်စခိုးလ် လုပ်နိုင်တာတွေကို သူ လုပ်ပြနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ပေါလ်စခိုးလ်ကသာ လီဗာပူးလ်အသင်းမှာ ကစားမယ်ဆိုရင်၊ ဂျာရတ် လုပ်ပြခဲ့သလိုမျိုး သူ မလုပ်နိုင်လောက်ဘူးလို့ ကျွန်တော် ထင်တယ် “ ဆိုပြီး ရွန်းနီက သူ့ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ဂျာရတ်ကို ရွေးချယ်သွားခဲ့ပါတယ်။ ဂျာရတ်ဟာ သူ့ရဲ့ ကစားသမား ဘဝတစ်ခုလုံးနီးပါးကို လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကစားခဲ့သူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲ့ဒီလို ကစားခဲ့တာတောင် ပရီးမီးယားလိဂ်ဖလား တစ်လုံးတောင် မရခဲ့တဲ့ မှတ်တမ်းဆိုးလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ သို့ပေမယ့် ပရိသတ်တွေကတော့ သူ့ကို အကောင်းဆုံး ကွင်းလယ် ကစားသမားတွေထဲက တစ်ယောက်အဖြစ် လက်ခံယုံကြည်ထားကြပါတယ်။

16/06/2024

ရော်နယ်ဒိုရဲ့အနာဂတ်နဲ့ အယ်နာဆာအသင်းရဲ့လှုပ်ရှားမှုများ
ဒီနှစ်ပိုင်းအတွင်းဘောလုံးလောကမှာ အယ်နာဆာဆိုတဲ့အသင်းရဲ့နာမည်ကိုတော့ အတော်ကလေး ကိုကြား နေခဲ့ ရတာလည်းဖြစ်ပါတယ်။ အထူးသဖြင့်ရော်နယ်ဒိုပြောင်းရွှေ့ကစား ခဲ့ပြီးတဲ့နောက် ပိုင်း ဘောလုံးမီဒီယာတွေပေါ်မှာခပ်စိတ်စိတ်ကြားနေရတဲ့အသင်းဖြစ်ပါတယ်။ ကမ္ဘာ့မီဒီယာတွေရဲ့ အာရုံစိုက်မှုကလည်းရော်နယ်ဒိုနဲ့တွဲကာအယ်နာဆာအသင်းကို အထူးစောင့်ကြည့် လာခဲ့ကြပါ တယ်။ ရော်နယ်ဒိုကလည်းမန်ယူအသင်းနဲ့ကတောက် ကဆဖြစ်ပြီးတဲ့ ကမ္ဘာစံချိန်တင် လုပ်ခနဲ့ အယ်နာဆယ် အ သင်းကိုပြောင်း ရွှေ့ကစားခဲ့တာဖြစ်ပါတယ်။ အဲဒီလုပ်ခ ကြောင့်လည်း ဘောလုံးကမ္ဘာကို လှုပ်ခပ်သွားခဲ့ကြတာပါ။ ရော်နယ်ဒိုကနေ အစပြုလို့၊ နေမာ၊ဘင်ဇီမာတို့ကပါ နောက်ကနေလိုက်ပြီး ပြောင်းရွှေ့သွားခဲ့ကြသလို ဥရောပထိပ်တန်းကစား သမား တော်တော် များများအတွက် လည်းေ ဆာ်ဒီလိဂ်ကပြောင်းရွှေ့ကစားဖို့ စဉ်းစားစရာနေရာ တစ်ခုဖြစ်လာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ အယ်နာဆာအ သင်းကို ၂၀၂၂-၂၃ဒုတိယ ရာသီဝတ်မှာ ရောက်ရှိသွားခဲ့ပြီး ၁၆ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူပေးထားသူဖြစ်ပါတယ်။ ဒီနှစ်ရာသီ မှာဆိုရင်တော့သူဟာ အယ်နာဆာအ သင်းနဲ့အတူ ပြိုင်ပွဲစုံ ၄၇ ပွဲမှာ ၄၈ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ ဒါ့အပြင်ရော်နယ်ဒိုဟာ အယ်နာဆာအ သင်းနဲ့အတူ အာရပ်ချန်ပီယံများဖလားကိုရယူပေးထားနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၉ နှစ်သားကြီး ဟာ အာရပ်ကမ္ဘာ့မှာတော့ ကောင်းကောင်းလုပ်ပြထားနိုင်ဆဲဖြစ်ပါတယ။် ဒါကြောင့် လည်းအယ်နာ ဆာအသင်းကတော့ အသင်းရဲ့ပုံရိပ်ကို အကောင်းဆုံးမြှင့်တင်ပေးနေသလို အသင်းအတွက် အကောင်းဆုံးအားကိုးနေရတဲ့ ရော်နယ်ဒိုကိုအသင်းမှာဆက်လက်ရှိနေစေချင်တာ ဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့လက်ရှိအသင်းနဲ့စာချုပ်သက်တမ်းက ၂၀၂၅ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပေ မယ့် အယ်နာဆာအသင်းကတော့ ၂၀၂၆ ခုနှစ်ရာသီကုန်အထိ စာချုပ်သစ်ထပ်မံချုပ်ဆိုဖို့ ဆန္ဒရှိနေတာဖြစ် ပါတယ်။
ကမ္ဘာ့ကျော်အင်္ဂလန်ဂျာနယ်လစ် ဘင်ဂျက်ကော့စ်ကတော့ ပေါ်တူဂီစူပါစတား အနေနဲ့ကလည်း အသက် ၄၁ နှစ်အထိ အယ်နာဆာမှာဆက်လက်ရှိနေဖို့ဆန္ဒရှိနေတာကြောင့် စာချုပ်သစ်ထပ်မံချုပ်ဆို ရေးကို ကန့်ကွက်သွားဖို့ မရှိဘူးလို့ ရေးသားလိုက်ပါတယ်။ ကမ္ဘာ့ဘောလုံးပရိသတ်တွေကို ဆော်ဒီလိဂ်ရောက်လာ အောင် ခေါ်ဆောင်ပေးနိုင်ခဲ့တဲ့ရော်နယ်ဒိုဟာ အယ်နာဆာအသင်းအ တွက်တော့ပြိုင်ပွဲစုံ ပွဲ ၆၀ မှာ ၅၆ ဂိုးသွင်းယူကာ ၁၄ ဂိုးရရှိအောင် ဖန်တီးပေးထားနိုင်တာ လည်းဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာလည်း ဆော်ဒီလိဂ်ရွှေဖိနပ်ဆုအတွက် ထိပ်ဆုံးမှာရှိနေပြီး ၂၈ ပွဲမှာ ၃၃ ဂိုးသွင်းယူပေးထားတာဖြစ်ပါတယ်။ ဒုတိယနေရာမှာရှိနေတဲ့ မီထရိုဗစ်ကတော့လက်ရှိအချိန်မှာ ၂၆ ဂိုးသာသွင်းယူထားနိုင်သေးတာကြောင့် ရော်နယ်ဒိုက ရွှေဖိနပ်ရဖို့ အခွင့်အရေးပိုများနေပါတယ်။ ဆော်ဒီလိဂ်အနေနဲ့ကလည်း ကမ္ဘာ့ရုပ်သံဋ္ဌာနတွေနဲ့ စာချုပ်ချုပ်ဆိုထားနိုင်မှုဟာ ရော်နယ်ဒိုနဲ့ တိုက်ရိုက်အချိုးကျနေတာကြောင့် ကမ္ဘာ့ပရိသတ်ကိုဆက်လက်ဆွဲဆောင်ထားနိုင်ဖို့အတွက် ရော်နယ် ဒိုကိုအသင်းမှာဆက်လက်ထားရှိဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။ ရော်နယ်ဒိုဟာသူ့ရဲ့ပရော်ဖက်ရှင်နယ် ကစားသမားဘ၀ ကို တော့ စပို့တင်းအသင်းနဲ့အတူ ၂၀၀၂ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပါတယ်။ မန်ယူ၊ ရီးရဲ၊ဂျူဗင်တပ်နဲ့လက်ရှိအယ်နာဆာအသင်းတို့မှာကစားနေခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့လက်ရှိကစားသ မားဘဝကတော့ အခုဆိုရင် ဆယ်စုနှစ် ၂ ခုကျော်သွားခဲ့ပြီလည်းဖြစ်ပါတယ်။
အယ်နာဆာအသင်းဟာ ရော်နယ်ဒိုကိုအသင်းမှာနောက်ထပ်ဆက်လက်ရှိနေဖို့ ဆွဲထားဖို့ အစီအစဉ်တွေပြင်ဆင်ထားသလို လာမယ့်နွေရာသီမှာလည်း အသင်းကိုပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာတိုက်စစ်မှူး ရော်နယ်ဒိုဟာ ဆော်ဒီလိဂ်မှာတော့ ဂိုးသွင်းအများဆုံးကစားသမားအဖြစ်ရပ်တည်ကာအသင်းအပေါ်အကျိုးပြုထားခဲ့ပေမယ့်အယ်နာဆာအသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာတော့မရပ်တည်နိုင်ခဲ့ပါဘူး။ အယ်ဟီလာအသင်းရဲ့အောက် အဆင့် ၂ နေရာနဲ့ရပ်တည်နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့်လည်း အယ်နာဆာအသင်းအနေနဲ့ လာမယ့်နွေရာသီမှာ အသင်းကိုပြောင်းလဲမှုတွေထပ်မံလုပ်ဖို့ ပြင်ဆင်နေ တာလည်းဖြစ်ပါတယ်။
လက်ရှိသတင်းတွေအရတော့ အယ်နာဆာအသင်းဟာ အသင်းမှာကစားနေတဲ့ မန်စီးတီးကစားသမား ဟောင်း လာပေါ်တီနဲ့ ဘင်ဖီကာကစားသမားဟောင်းတာလီစကာတို့ကို အသင်းကနေရောင်းထုတ်ချင် တာကြောင့် ခေါ်ယူမယ့်အသင်းတွေကိုမျှော်နေတယ်လို့ဆိုပါတယ်။ အာဆင်နယ်ကစားသမားဟောင်း ဒေးဗစ်အော့စပီနာကလည်း အခုဆိုရင်အသက် ၃၅ နှစ်ရှိပြီဖြစ်ပြီး ရာသီကုန်မှာတော့ အသင်းကနေ အလွတ်နဲ့ထွက်ခွာမယ့် ဂိုးသမားတစ်ဦးဖြစ်ပါတယ်။ သူဟာ အယ် နာဆာအသင်းမှာတော့ ၂၀၂၂ ခုနှစ်ကတည်းကရောက်ရှိနေခဲ့တာဖြစ်ပြီး ဒီနှစ်ရာသီမှာ အသင်းနဲ့အ တူ ၂၆ ပွဲမှာ ဂိုးမပေးရအောင် ၁၄ ပွဲကာကွယ်ထားနိုင်ခဲ့ပါတယ်။ ဘရာဇီးကစားတာလီစတာဟာ အယ်နာဆာအသင်းကို တိုက်စစ်မှူး ရော်နယ်ဒိုမရောက်ရှိခင် ၂၀၂၁ ခုနှစ်ကတည်းက ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းနဲ့အတူ ပြိုင်ပွဲစုံ ၈၅ ပွဲမှာ ၆၈ ဂိုးအထိသွင်းယူပေးကာ ဂိုးရရှိအောင် ၁၀ ကြိမ်တိုင် ဖန်တီးပေးထားနိုင်သူဖြစ်ပါ တာလီစကာဟာ ဒီနှစ်ရာသီမှာတော့ တိုက်စစ်ပိုင်းမှာရော်နယ်ဒိုနဲ့တွဲကာ ပြိုင်ပွဲစုံ ၂၅ ဂိုးသွင်းယူကာဂိုးရရှိ အောင် ၄ ကြိမ်ဖန်တီးပေးထားသူဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ ရရှိထားခဲ့တဲ့ ပေါင်ခြံဒဏ်ရာကြောင့်အသင်းမှာ ရာသီကုန်အ ထိအနားယူဖို့ ရှိနေတဲ့သူ လည်းဖြစ်ပါတယ်။လာပေါ်တီကတော့ ဒီနှစ်ရာသီအစမှာ မန်စီးတီးအသင်းကနေ အယ်နာဆာအသင်း ကို ယူရို ၂၇.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ သူဟာအသင်းအတွက် ဂိုးမပေးရအောင် ၁၃ ကြိမ်ကာကွယ်ပေးထားနိုင်ခဲ့သလို ပြိုင်ပွဲစုံ ၃၇ ပွဲမှာ သွင်းဂိုးနဲ့ ဂိုးရအောင်ဖန်တီးပေးမှုက ၅ ကြိမ်ရှိခဲ့ ပါတယ်။ ဒါကြောင့်လည်း သူလိုကစားသမားမျိုးကို အသင်းကနေ ရောင်းထုတ်မယ်စာရင်းမှာပါဝင်နေ တာကတော့ အံ့အားသင့်စရာကောင်းပါတယ်။ ဆော်ဒီလိဂ်ကလည်း စည်းကမ်းချက်တွေကလည်း လာမယ့်ရာသီမှာ အပြောင်းအလဲတွေရှိပါတယ်။ ယခင်ကဆော်ဒီလိဂ်ဟာအသင်းတစ်သင်းမှာ နိုင်ငံခြားသားကစားသမား ၈ ဦးသာရှိရမယ့်လို့ စည်းကမ်းထုတ်ထားပါတယ်။ ဒါပေမယ့် လာမယ့်ရာသီ မှာတော့ဆော်ဒီလိဂ်ဟာ နိုင်ငံခြားသားကစားသမား ၁၀ ဦးအထိလက်ခံသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ ၁၀ ဦးထဲက ၂ ဦးဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်းမွေးသူဖြစ်ရမယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်းလာ မယ့်ရာသီ အယ်နာဆာအသင်းအနေနဲ့ ရော်နယ်ဒိုကို ဝန်ရံပြီး ဘယ်လိုအခင်းအကျင်းမျိုးနဲ့ ထွက်လာမ လည်းဆိုတာကိုစောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

16/06/2024

မက်ဆီကိုဖယ်ကာရော်နယ်ဒိုကိုရွေးချယ်ပြီး သူ့အပေါ်လွှမ်းမိုးမှုရှိတဲ့ တိုက်စစ်ကစားသမား ၃ ဦးကို ထုတ်ပြောလိုက်တဲ့ ချဲလ်ဆီးကစားသမား
တက်သစ်စလူငယ်ကစားသမားတိုင်းအတွက်တော့ မက်ဆီနဲ့ရော်နယ်ဒိုဆိုတာဟာ လေးစားအား ကျရပြီး သူတို့ရဲ့ ဘဝတွေအပေါ်မှာလွှမ်းမိုးမှု မရှိဆုံးကစားသမားတွေလို့ပြောရမှာလည်းဖြစ်ပါတယ်။ လူငယ်ကစား သမားတိုင်းအ တွက်တော့ တစ်နေ့မှာ မက်ဆီ၊ရော်နယ်ဒိုတို့လို ကြီးကျယ်ခမ်းနားတဲ့ ကစားသမား တစ်ဦးဖြစ်လာရမယ်ဆို တာကလည်း အဓိကအိပ်မက်စိတ်ကူးတွေလည်းဖြစ်ကြပါတယ်။ မက်ဆီ၊ရော် နယ်ဒိုတို့ဆိုတာကလည်း ပြီးခဲ့တဲ့ဆယ်စုနှစ် ၂ ခုလောက်အတွင်းမှာ ပြိုင်ဘက် မရှိလောက်အောင် ပြိုင်စံရှားတဲ့ ကစားသမားတွေအဖြစ်ရပ်တည်လာခဲ့ကြသူတွေဖြစ်ပါတယ်။ မက်ဆီကတော့ ပါရမီ ကောင်းလွန်ပြီး အံမခမ်းတဲ့ခြေစွမ်းတွေနဲ့ ကမ္ဘာ့အကောင်းဆုံးရပ်တည်လာနိုင်ခဲ့ သလို ရော်နယ်ဒိုဆို တာကလည်း အမြင့်ကိုရောက်လာဖို့အတွက် အစွမ်းကုန်ကြိုးစားပြီး ကစားသမားတစ် ယောက်ရဲ့လုပ်နိုင်စွမ်းပိုပြီး ကစားပြထားနိုင်တဲ့ မဟာလူသားအားကစားသမား တစ်ဦးဖြစ်ပါတယ်။ အခုတော့ ချဲလ်ဆီးအသင်းရဲ့ တောင်ပံက စားသမားတစ်ဦးဖြစ်တဲ့ မန်ဒူကီက သူ့ရဲ့ကစားသမားဘဝအပေါ်လွမ်းမိုးမှုရှိတဲ့ တိုက်စစ်ကစားသမား ၃ ဦးထဲ မှာတော့ မက်ဆီကိုဖယ်ကာ ရော်နယ်ဒိုနဲ့ အခြားကစားသမား ၂ ဦးကိုရွေးချယ်သွားခဲ့ပါတယ်။
အသက် ၂၂ နှစ်သာရှိနေသေးတဲ့ မန်ဒူကူဆိုတာက ဟော်လန်ကလပ် ပီအက်စ်ဗီအသင်းကနေ ချဲလ်ဆီးအသင်းကို ၂၀၂၃ ခုနှစ်၊ဇန်နဝါရီဈေးကွက်က ပြောင်းရွှေ့လာခဲ့တဲ့ လူငယ်ကစားသမား တစ်ဦးဖြစ်ပါ တယ်။ သူဟာ ချဲလ်ဆီးအသင်းကို ယူရို ၃၃ သန်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီး ၇ နှစ်ခွဲစာချုပ်ချုုပ်ဆိုထားခဲ့တာပါ။ သူဟာချဲလ်ဆီးအသင်းကိုစတင်ရောက်ရှိခဲ့တဲ့ပြီးခဲ့တဲ့ ဇန်နဝါရီက တည်းကအသင်းနဲ့အတူ ပရီးမီးယားလိဂ် ၁၂ ပွဲပါဝင်ကစားကာ ၁ ဂိုးသွင်းယူထားသူ လည်းဖြစ်ပါတယ်။ ဒီနှစ်ရာသီမှာတော့သူဟာ အသင်းနဲ့အတူ ပရီး မီးယားလိဂ် ၂၂ ပွဲပါဝင်ကစားကာ ၅ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ အင်္ဂလန်ကစားသမားတစ်ဦးဖြစ်တဲ့ မန်ဒူကူဟာ အသက် ၉ နှစ်အရွယ်မှာပဲလေ့စ်အသင်းရဲ့လူငယ်အကယ်ဒမီကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး ၃ နှစ်ကြာကစားခဲ့ပြီး တဲ့နောက် စပါးစ်အကယ်ဒမီကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ သူဟာအသက် ၁၅ နှစ်ရွယ်က တည်းက စပါးစ်အသင်းရဲ့ ယူ- ၁၆ နဲ့ ယူ- ၁၈ တို့မှာ ကပ္ပတိန်အဖြစ်ပါဝင်ကစားခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၈ ခုနှစ်မှာတော့ ဟော်လန်ကလပ် ပီအက်စ်ဗီအသင်းကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပီအက်စ်ဗီအသင်းကို မပြောင်းရွှေ့ခင် မန်ယူအသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံရရှိခဲ့ပေမယ့် မန်ဒူကီက ငြင်းဆိုခဲ့တာဖြစ်ပါ တယ်။ မန်ဒူကီဟာ အသက် ၁၇ နှစ်အရွယ်မှာတော့ ပီအက်စ်ဗီအသင်းနဲ့အတူ စတင်ပါဝင်က စားခွင့်ရရှိခဲ့ပါတယ်။ ပီအက်စ်ဗီအသင်းမှာတော့ ခြေစွမ်းပြကစားနိုင်မှုတွေကြောင့် အဲဒီနောက် ၂၀၂၃ ခုနှစ် ဇန်နဝါရီမှာတော့ ချဲလ်ဆီးအသင်း ကိုစတင်ပြောင်း ရွှေ့ကစားခဲ့ တာ ဖြစ်ပါတယ်။
အခုတော့ ချဲလ်ဆီးလူငယ်တောင်ပံကစားသမား မန်ဒူကီက သူ့ကစားသမားဘဝကို အလွှမ်းမိုးနိုင် ဆုံးကစားသမားအဖြစ် ရော်နယ်ဒိုအပါအဝင် ၃ ဦးကိုရွေးချယ်ပြခဲ့ပါတယ်။ မန်ဒူ ကီရွေးချယ်လိုက်တဲ့အခြားကစားသမား နှစ်ဦးကတော့ ပီအက်စ်ဂျီ တိုက်စစ်ကစား သမား အမ်ဘာပေနဲ့ ရီးရဲမက် ဒရစ်တိုက်စစ်ကစားသမား ဗင်နီးဆီးယက်စ် တို့ဖြစ်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး မန်ဒူကူက အခုလိုပြောဆိုသွားခဲ့ ပါတယ်။ “ကျွန်တော့်အပေါ် အဓိက လွှမ်းမိုးမှုအရှိဆုံးသူကတော့ ရော်နယ်ဒိုဖြစ်ပါတယ်။ ကျွန်တော်ငယ်စဉ်က တည်းက လေးစားအား ကျခဲ့ရတာပါ။ နောက်နှစ်ဦးကတော့ အမ်ဘာပေနဲ့ ဗင်နီးဆီး ယက်စ်တို့ဖြစ်ပါတယ်။ ကျွန်တော်ဟာ အဲဒိလိုအမျိုးအစားကစားသမားတွေကို စောင့်ကြည့်ပြီး သူတို့ ဆီကနေ ပညာတွေ သင်ယူပါတယ်။ ကျွန်တော်အတုယူရတဲ့ကစားသ မားထဲမှာတော့ ရော်ဘင်လည်းပါပါတယ်။ သူတို့ဟာ သူတို့ကိုယ်ပိုင်ခြေစွမ်းနဲ့ အသင်းကိုအ နိုင်ရရှိစေ တာဖြစ်ပြီး ပရိသတ်တွေကိုလည်း ဖျော်ဖြေမှုတွေ ပေးနိုင်ပါတယ်။ အဲဒါမျိုးကိုကျွန်တော်က ကြိုက်တာပါ”
ချဲလ်ဆီးလူငယ်ကစားသမား မန်ဒူကီပြောလိုက်တဲ့ ကစားသမား ၃ ဦးလုံးဟာ ဘောလုံးလောကရဲ့ ထိပ်တန်းအ ဆင့် တိုက်စစ်ကစားသမားတွေဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ဘောလုံးလောကမှာ ကာလကြာရှည်စွာကောင်းဆုံးကစားသမားတစ်ဦးအဖြစ်ရပ်တည်နေခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ဂိုးသွင်းကောင်းသူအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။ဒီနှစ်ရာသီမှာဆိုရင်လည်း ဆော်ဒီလိဂ် မှာ ဂိုးသွင်းအများဆုံးကစားသမား အဖြစ် ထိပ်ဆုံးမှာရပ်တည်နေတာဖြစ်ပါတယ်။ အမ်ဘာပေနဲ့ ဗင်နီးဆီးယက်စ်တို့ကတော့ ြ့ပီးခဲ့တဲ့နှစ်ပိုင်းတွေ အတွင်းကမှ ကမ္ဘာ့ဘောလုံးလော ကရဲ့အကောင်း ဆုံးကစားသမားတွေအဖြစ်အသိအမှတ်ပြုခြင်းခံထားရတာ လည်းဖြစ်ပါတယ်။ အမ်ဘာပေဟာ ပရော် ဖက်ရှင်နယ်ကစားသမားဘဝကို မိုနာကိုအသင်းနဲ့အတူ ၂၀၁၅ ခုနှစ်ကစတင်ခဲ့တာဖြစ်ပါတယ်။ ပီ အက်စ်ဂျီအသင်းကိုမပြောင်းရွှေ့ခင် မိုနာအသင်းနဲ့အတူ ပြင်သစ်ပထမတန်းဆုဖလားကိုလည်း ရယူ နိုင်ခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် အမ်ဘာပေဟာ ၂၀၁၈ ခုနှစ်မှာတော့ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားရယူထားနိုင်ခဲ့သူဖြစ်ပါတယ်။ သူဟာ ပီအက်စ်ဂျီအသင်းနဲ့အတူကမ္ဘာ့အကောင်းဆုံးက စားသမားတစ်ဦးအဖြစ်ရပ်တည်နိုင်ခဲ့ပြီး အသင်းမှာ မက်ဆီ၊နေမာတို့နဲ့ တွဲကစားခဲ့သူ လည်းဖြစ်ပါ။အမ်ဘာပေဟာလာမယ့်ရာသီမှာတော့ ဗီနီး ဆီးယက်စ်နဲ့အတူ ရီးရဲမက်ဒရစ်မြေပေါ်မှာ တွေ့မြင်ရဖို့ ရှိနေတဲ့သူဖြစ်ပါတယ်။ ဗင်နီးဆီးယက်စ်ကတော့ လက်ရှိအချိန်မှာအသက် ၂၃ နှစ်သာ ရှိနေသေးတာဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းကိုတော့ ၂၀၁၈ ခုနှစ်က ရောက်လာခဲ့တာဖြစ်ပါ တယ်။အခုနောက်ပိုင်း နှစ်တွေအတွင်းအသင်းမှာ ခြေစွမ်းပြကစားနေသူလည်းဖြစ်ပါတယ်။ သူဟာ ၂၀၂၁-၂၂ ရာသီကနေစလို့ လက်ရှိရာသီအထိတစ်ရာသီပြိုင်ပွဲစုံ ဂိုး ၂၀ ကျော်သွင်းယူပေး ထားသူဖြစ်ပါတယ်။

29/05/2024
29/05/2024
29/05/2024
29/05/2024
29/05/2024
29/05/2024
30/04/2024
ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Bangkok