Pann Myat Thawta
စာတွေဖတ်မယ်၊စာတွေရေးမယ်
ကော်ဖီတစ်ခွက်ရယ်၊စာအုပ်တစ်အုပ်ရယ်၊ဆူညံခြင်းကင်းတဲ့နေရာလေးတစ်ခုရယ်ဒီလောက်ပါပဲ
တော်လှန်ရေး ရံပုံငွေအတွက် 🤗🤗
အင်တိုက်အားတိုက် ကြိုးစားနေပါသော ဧရာဝတီအဖွဲ့သားများရဲ့ 🍁🍁🍁ရုပ်ရှင်ဇာတ်ကားကြီးကို ပြန်လည်ကြည့်ရှုအားပေးခွင့်ရပါတော့မယ်နော် ☺️💖💖
ချစ်သောပြည်သူများ 🤗🤗ရင်ခုန်စွာ ဝန်းရံပေးပါဦး 🙏🙏🥰🥰
กศน စာမေးပွဲကိုက်လို့
နှစ်နာရီပဲ 😫 အိပ်ရသေးတယ် 😫 အိပ်ချင်တယ်
ကျောင်းမသွားချင်ဘူး 😭😭
တော်လှန်ပုံကန် ကဗျာရွတ်သံ 💖💖🥰
မယ်မယ်ပဲလေ ..... ကြိုမြင်ထာပေါ့ 🤣🤣🤣
စထာဘာ 😁😁🤣
နဂါးမယ်တော်ရဲ့ 😩 အခွီလေးတစ်ဖြတ် 😁😜😜
https://fb.watch/pKN4kP0K9K/?mibextid=Nif5oz
မျက်နှာက ကလေးအထာနဲ့ 🤨နောက်ကြောကို ဓားထောက် 🥴😏😏
လွမ်းခွင့်လေး ပေး # # # # #
ငါ ....... ညံ့လို့ပဲဖြစ်မယ် 😰😰
အိုခေလားလို့စ် 😁😁😁
တကယ်ကြီး ☺️🫠🫠
ဒီကောင်မလေးကို 💖🍁အားပေးနော် 🥰🥰🥰
ဒီကောင်မလေးကို ချစ်ပေးပါ 🥰🥰🥰
ချစ်ပေးလို့ရတယ် 💖💖 မျက်စိမနောက်ကြေး 🥰
ချစ်ပေးလို့ရတယ်💖💖မျက်စိမနောက်ကြေး 🥰
မေတ္တာစစ်
***********
ကိုယ့် သဘာဝနဲ့ကိုယ်
ရှင်သန်နေထိုင်ပါတယ်
ဘယ်သူ့ကိုမှ
ခလုတ်မထိ ဆူးမညိစေလိုပါဘူး
ကိုယ့် မာနနဲ့ကိုယ်
လျှောက်လှမ်းပါတယ်
ကိုယ့်ကြောင့် ဘယ်သူ့ ဘယ်သူရယ်ကိုမှ
ဝန်မပို စေလိုပါဘူး
အတ္တမဖက်တဲ့ အပြုသဘောတွေကိုတော့
ချခင်းပေးထားပါတယ်
နင်းလိုကနင်းချေ
လာလမ်းဖြစ်စေ ပြန်လမ်းဖြစ်စေ
အမှန်တကယ် ဖြောင့်တန်း စေလိုပါတယ်။
Rainbow Pmtt 9.10.23
နှလုံးသား အဟာရ
*******************
ရာသီပေါ် အစွဲအလန်းတွေနဲ့
အိပ်မက်ကိုထမ်းပိုးထားတဲ့ကောင်ပါ
တစ်ခုတည်းသော ရွေးချယ်ခွင့်အတွက်
မင်းကလွဲရင် အရာရာကို စွန့်ပစ်မိတဲ့ကောင်ဟာ ...... ငါပါ
သေချာတာပေါ့
အဖြစ်မရှိတဲ့ကောင်ဟာ ....... ငါ
အချစ် ရှိတဲ့ကောင်ဟာ ........ ငါ
ဒီလိုကောင်အတွက် နှလုံးမူစရာ ထုံးတန်းလည်းမရှိပါဘူး
ကိုးကွယ်ရာ ယုံကြည်ရာမှာ
နောက်ဆုတ်စရာ ကမ်းမရှိသလို
ရှေ့တိုးစရာ လမ်းလည်း မရှိခဲ့ပါဘူး
ငါပိုင်တဲ့ လွမ်းဆွတ်ခြင်းတွေကို
ငါကိုယ်တိုင် တရစ်ခြင်းဖျော်သောက်တယ်
တဆင့်ခြင်းတက်လာတဲ့ နာကျင်မှု ချစ်ခြင်းသီအိုရီမှာ
တစ်ဆစ်ပြီး တစ်ဆစ် ကိုက်ခဲတတ်လာတဲ့ ဝေဒနာသွေးကြောတလျှောက်
မင်းဟာ .......
ကဗျာအဖြစ် တစ်ပုဒ်ပြီးတစ်ပုဒ် ဖူးပွင့်လာစမြဲပဲ
ဒီလိုနဲ့ အိပ်မက်ဟောင်းကြီးကို အကြိမ်ကြိမ် အခါခါကိုးကွယ်
နှလုံးသွေးတို့ ကုန်ခမ်းသွေ့ခြောက်သွားသည့်တိုင်
သေပျော်ပါပြီဆိုတဲ့ အတွေးတစ်စနဲ့
ငါလိုကောင်ဟာ ကျေကျေနပ်နပ်ကြီး ပြုံးနေမိတော့တာပါပဲ။ pmtt
လွမ်းသူ
***********
တစ်ခါတရံမှာ အရမ်းလွမ်းမိတဲ့အကြောင်းလေးတွေ ပြောပြချင်မိတယ်
နားထောင်မယ့်သူမရှိဘူးဆိုပေမဲ့ ရင်ဘတ်ထဲကလျှံကျလာတဲ့ ခံစားချက်လေးတွေကိုတော့ မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားဆဲပါပဲ
ချစ်သူရေ ......
တို့နှစ်ယောက်ဝေးခဲ့ကြတယ် ဝေးဖို့ထိုက်တန်ရဲ့လားဆိုတာကိုတော့ မတွေးမိခဲ့ကြဘဲနဲ့ပေါ့
တိုက်ဆိုင်မှုရှိတဲ့အခါ လွမ်းမိပါတယ်ဆိုပေမဲ့လည်း ကိုယ့်ရဲ့အရာရာက မင်းဖြစ်နေဆဲမို့ အလွမ်းတွေက စမ်းရေလိုပါပဲ
မာနတရားတွေနဲ့ သန်မာအောင်ကြိုးစားခဲ့ရတဲ့ဘဝမှာ တကယ်ကို ဝေးခဲ့ကြတာမို့ တကယ်ကို ဆွေးခဲ့ရပါတယ်
ဘာပဲဖြစ်ဖြစ်ပေါ့လေ ........
နာကျင်စရာတွေကို လှလှပပပွေ့ဖက်ရင်း သတ်ဆိုင်ခြင်းမရှိလို့ မသိနိုင်ဘူးဆိုပေမဲ့လည်း ကိုယ်တကယ် လွမ်းမိပါတယ်ဆိုတဲ့အကြောင်းလေးကိုတော့ ဝန်ခံချင်သေးရဲ့ ......။
Pmtt 13.8.23
ဆုရစာမူ @@@@@
******************
ကြိုးပြတ်သွားသော လေတံခွန်
***********************
ကာလာအနည်းငယ်သာတင်ထားသော မျက်ခမ်းထောင့်ကို အသင့်ယူဆောင်လာသည့် အိတ်ထဲမှ Eye Shadow ဘူးလေးထုတ်ကာ ခရမ်းရောင်ရင့်ရင့်ကို တင်လိုက်သည်။ ထို့နောက် Eyeliner ဖြင့် မျက်၀န်းတစ်ဝိုက်အား နက်မှောင်နေအောင် ရေးဆွဲလိုက်ပြန်၏။ တဖန် ဖူးညွတ်နုထွေးနေသောနှုတ်ခမ်းပေါ်သို့ Lip Cream ကို အားမနာတမ်း တင်လိုက်သည့်အခါ အရာအားလုံးပြည့်စုံလွန်းသည့် ကြွေရုပ်ကလေးနှယ် ဖြစ်ရတော့သည်။ ကော့ညွတ်နေသောမျက်တောင်၊ ကာလာစုံ မျက်၀န်း၊ ပန်းရောင်ရင့်ရင့်သန်းသော ပါးမို့လေးနှစ်ဖက်နှင့် ရွှန်းစိုတောက်ပနေသော နှုတ်ခမ်းလွှာတို့က အနုစိတ်သည့် ပန်းချီကားတစ်ချပ်နှယ်။
**************************
" အိုကွယ်.....ဒီလိုကြတော့လည်း ကာရံတို့က အရမ်းလှနေပြန်ရော "
"ဒါဆို အေမီပြောချင်တာက အစောတုန်းကတော့ ရုပ်ဆိုးတယ်ပေါ့......"
အေမီ၏ ပြောစကားများကို နားလည်သော်လည်း ကာရံ မသိဟန်ဆောင်ကာ ခပ်ချွဲချွဲမေးလေသည်။
" အိုမဟုတ်တာပဲ....အေမီပြောချင်တာက မပြင်ဆင်ခင်တုန်းက ကာရံက ရိုးယဉ်ယဉ်ကလေးလှတယ်။ အခုကြတော့ ခေတ်ဆန်ဆန်လေးလှနေပြန်ရော။ ကာရံလှတာ တို့တစ်ဆိုင်လုံး အသိပါကွာ။ ကာရံက ဒီဆိုင်ရဲ့ အလှဘုရင်မပဲ။ ဟုတ်ဘူးလား"
"အဟင်း.....ဟင်း.....ဟင်း အေမီကတော့ ကျအောင်ပြောနေပြန်ပြီ။ အေးပါကွာ ဒီတစ်ခါ ဘောနပ်စ်ရရင် အေမီကြိုက်တာပြော.....ဟုတ်ပြီလား"
အေမီရဲ့ အပြောတွေမှာ သဘောခွေ့ကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးနေသူလေး ကာရံ။ ဟုတ်တော့ဟုတ်သည်။ သူက သည်ဆိုင်၏ အလှဘုရင်မတစ်ပါးဖြစ်သည်။ သူ့အလှအပေါ် သူဂုဏ်ယူဝံ့ကြွားနိုင်အောင် ရူပကာအလှကလည်း ပြင်လေတိုင်း တင့်လွန်းခဲ့သည်ပဲ။
အခြေခံလူတန်းစားရပ်ကွက်ငယ်လေးရဲ့ အဆောင်တစ်ခုမှာ ငှါးရမ်းနေထိုင်သော ကာရံသည် စက်ရုံတစ်ခု၏ ညစောင့် အမျိုးသမီး၀န်ထမ်းအဖြစ် လူသိများသည်။ သူ၏ ညစောင့် ၀န်ထမ်း၀တ်စုံနှင့် လိုက်ဖက်ညီစွာ တောင့်တောင့်ဖြောင့်ဖြောင့် ကိုယ်ခန္ဓာက နွဲ့နှောင်းမှုကင်းလှသည်။ မာထန်ထန် မျက်နှာထားတင်းတင်းဖြင့် ပတ်၀န်းကျင်နှင့် ရင်းနှီးမှုကို ကာရံစည်ခြားထားသည်။ သီးခြားနေတတ်၍တော့မဟုတ်။ မာနမျိုးစေ့ အောင်လွန်း၍တော့မဟုတ်။ ရင်းနှီးမှုကတစ်ဆင့် သူ၏ ဖုံးအုပ်ထားသော မျက်နှာဖုံးအောက်ကဘ၀ကို မပေါ်လွင်စေချင်သောကြောင့်သာပင်။
ရွက်ကြမ်းရေကျိုသာရှိသော သူက အလှအပကို သင့်တင့်ရုံဖြင့်သာ အသုံးပြုလေ့ရှိပြီး လက်ရှိ သူနေထိုင်ရာ ရပ်ကွက်အတွင်းမှာတော့ မာနကြီးကာ လူမြင်တင့်တယ်သော အမျိုးသမီးငယ်တစ်ယောက်။
ယင်းအမျိုးသမီးငယ်လေးက စက်ရုံမဟုတ်သည့် ညဂျူတီ၀င်ရာ နေရာသို့အရောက်မှာတော့ သူသတ်မှတ်ထားသော ရိုးသားခြင်းများအားလုံးကို ခဝါချလေ့ရှိ၏။ ထိုအခါ အလှဘုရင်မအဖြစ်ပြောင်းလဲသွားရလေသည်။ မှော်ဆန်သော ပြုပြင်ခြင်းများဖြင့် `လူတစ်ကိုယ် နှစ်မျက်နှာ´ ပိုင်ဆိုင်ထားသော သူ့အား အေမီက အမြဲချီးမွမ်းနေကြဖြစ်သည်။ သူပြုံးနေသည်။ အေမီ ချီးမွမ်းသလို ဦးဂျင်မီလည်း အားမနာတမ်း ချီးမွမ်းပေလိမ့်ဦးမည်။
**************************
ကာလာရင့်ရင့် ဆေးဆိုးပန်းရိုက်များဖြင့်ပြည့်စုံနေသော ဘုရင်မတစ်ပါး၏ အလှကို ဒစ်စကို မီးရောင်များဖြင့် ထောက်ပံ့ပေးထားသော အခန်းငယ်လေး။ ထိုအခန်းငယ်လေးထဲတွင် ဗို့အားတစ်သောင်းဖြင့် ဆွဲဆောင်မှုအားကောင်းသည့် အလှတရားများနှင့် ကာရံရောက်နှင့်နေသည်။ သည်နေ့က ကာရံအတွက် အလွန်အရေးပါသော နေ့တစ်နေ့ဖြစ်သည်။ ဘဝတစ်စစ်ချိုး ပြောင်းလဲမည့်နေ့ဆိုလျှင်လည်းမမှား။ သည်နေ့ကိုရောက်ရှိလာဖို့ သုံးလခန့် ကြိုးစားတည်ဆောက်ခဲ့ရသည်။ သည်လိုအခြေအနေကို တည်ဆောက်နိုင်ဖို့ဆိုသည်ကလည်း သူ့အတွက်တော့ မိုးပေါ်ကကျသည့် ကံတရားကြီးသက်သက်မဟုတ်။ မည်မျှခက်ခဲခဲ့ပါကြောင်းကို သူသာလျှင်အသိဆုံးပင်။
" ကဲ ...... မင်းရဲ့လူ လာတော့မယ်။ အေမီ သွားတော့မယ်နော်"
ပြောပြောဆိုဆို ထထွက်သွားသော အေမီ၏ လက်ကို ကာရံ ဆွဲထားမိသည်။
" နေပါဦးကွာ အေမီကလည်း......ဒီမှာ ကာရံတစ်ယောက်ထဲ ဖြစ်နေမှာပေါ့ "
" အမလေးကွာ......လှပါတယ်ဆိုမှ အသည်းယားအောင်လုပ်နေပြန်ပြီ။ ဒီမှာ အဲ့ဒီအိုက်တင်တွေကို မင်းလူအတွက်ထား။ အေမီသွားမယ်။ ဂျာကြီးကအစထဲက အေမီ့ကိုဆို မျက်နှာသာပေးတာမဟုတ်ဘူး။ ဂျူတီသေချာမ၀င်လို့ဆိုပြီး အလုပ်ဖြုတ်ခံနေရပါဦးမယ်။ အေမီက ကာရံလို အခွင့်ထူးခံ လူတန်းစားထဲမှာ မပါဘူးရှင့် သိရဲ့လား"
အေမီ့ပြောစကားကြောင့် ကာရံစုပ်ကိုင်ထားသော အေမီ့လက်ချောင်းလေးများကို လွှတ်ပေးလိုက်မိပါ၏။ အေမီက ကာရံလောက်ဖောက်သည်မရှိ။ နာမည်မကျော်။ ဆိုင်၏ အခွင့်ထူးခံမဟုတ်။ ထို့ကြောင့် .........
အခန်းငယ်လေးထဲတွင် ကာရံတစ်ယောက်ထဲ ကျန်ရစ်သည်။ တကယ်တော့ သည်နေ့ သည်အခန်းကို ကာရံတစ်ယောက်ထဲ အပိုင်စီးထားခြင်းလည်း ဖြစ်သည်။ အထူးဧည့်သည်တော်နှင့် အထူးတွေ့ဆုံရမည်မို့။
ဦးဂျင်မီကို စိတ်ကောက်၍ ကာရံဆိုင်မလာသည်မှာ သုံးရက်။ ထိုသုံးရက်သည် ကာရံတွက်ဆထားသော စျေးကွက်တစ်ခုသာလျှင်ဖြစ်သည်။ သုံးရက်ကျော်သောအခါ ဦးဂျင်မီ ဖုန်းဆက်ချော့လာသည်။ ကာရံပူစာသောလုံးချင်းတိုက်ကို ဖြစ်ရမည်ဟူ၏။ သူ့အတွက် တိုက်ခန်း၊ ကား၊ စီးပွားရေးလုပ်ရန် ငွေအရင်းအနှီး စသည်တို့က အခုမှပိုင်ဆိုင်မည်မဟုတ်။ ပိုင်ဆိုင်ခဲ့ပြီးသားဖြစ်သည်။ ထိုပိုင်ဆိုင်မှုများကို တစ်လခန့်အသုံးပြုပြီးလျှင်တော့ ရရာစျေးဖြင့် ရောင်းချကာ သူငှါးရမ်းနေထိုင်နေကြ အခြေခံလူတန်းစားတို့ နေထိုင်ရာ ရပ်ကွက်အတွင်းရှိ အဆောင်တစ်ခုသို့ ပြန်လည်ရောက်ရှိသွားတတ်သည်သာ။ အလုပ်ခွင်ကတော့ အသစ်တစ်ဖန် ပြောင်းလဲသွားသည်ပေါ့။ ဒါက သူ့ခေါင်းပေါ် အထုတ်လိုက်ရွက်ထားရသော သူ့မောင်၏ ပညာရေးကြောင့်သာဖြစ်၏။ သူအလုပ်မှ ကြိုးစားရှာဖွေသော ငွေကြေးများက နေထိုင်စားသောက်ရန် လောက်ငှသော်လည်း စာတော်လွန်းသော ဆေးကျောင်းသား မောင်လေးအနာဂတ်က အပေါ်ရံရှာဖွေမှုဖြင့် လောက်ငှခြင်းမရှိ။
မည်သို့ပင်ရင်းနှီးရစေကာမူ တစ်နယ်တစ်ကြေးတွင် ရှာဖွေလုပ်ကိုင်နေသော သူ့အလုပ်အား မောင်လေးနှင့်တကွ မိဘများ မမြင်၊ မသိရှိနိုင်ခြင်းအတွက်ကိုပင် စိတ်သက်သာရာ ရလျှက်ရှိသည်။ အနှောင်အဖွဲ့ ကင်းရှင်းစွာဖြင့် စိတ်လက်ကြည်သာစွာ ပညာဆည်းပူးနေနိုင်သော မောင်လေးဘ၀အတွက် သူဂုဏ်ယူ၀မ်းသာမဆုံးဖြစ်ရသည်။ ထိုသို့မဟုတ်ပါက သူကြိုးစားသမျှ ၊ အနစ်နာခံခဲ့သမျှက အရာမထင်ဖြစ်သွားနိုင်သည် မဟုတ်ပါလား။
ကာရံဆိုသည်က ဆုံစည်းမြိုင်ဆိုသော တောရွာလေးမှ ဂုဏ်ထူး သုံးဘာသာဖြင့် အောင်မြင်ခဲ့သော ပထမဆုံး ဆယ်တန်းကျောင်းသူကလေး။ စိတ်ကူးမယဉ်ရဲ့ခဲ့သော တက္ကသိုလ်မြေပေါ် မောင်လေးကိုတွန်းတင်ပေးခဲ့သည့် ရွှေလက်ပိုင်ရှင် သတ္တိခဲမလေး။
**************************
" ကျွီ......... !"
ခပ်ပြတ်ပြတ်မြည်သွားသော တံခါးပတ်တာသံကြောင့် ကာရံအတွေးစကို ဖြတ်တောက်ပစ်လိုက်သည်။ ထို့နောက် ပျားရည်နှင့်မုသာဝါဒ ရောယှက်လိမ်းကျံထားသော အပြုံးစစ်တစ်ခုဖြင့် ကြိုဆိုလိုက်သည်။ မှုံကုပ်ကုပ်ဖြစ်နေသည့် ဦးဂျင်မီမျက်နှာကြောင့် ကာရံထိုင်ရာမှထကာ ရွှန်းစိုတောက်ပနေသည့် နှုတ်ခမ်းအစုံက်ိုအသုံးပြုကာ ကာမရောပြွမ်းနေသော အနမ်းတစ်စုံ လက်ဆောင်ပေးလိုက်၏။ ဦးဂျင်မီတစ်ယောက် ဟန်ဆောင်မနေနိုင်အောင် `နွားပြာကြီး အောက်သွားမရှိ´ ဆိုသလို.......။
" ဟင်.....ကလေး တစ်ယောက်ထဲလား"
" အို ...... တစ်ယောက်ထဲပေါ့ ကိုကြီးရဲ့......ကိုကြီးက ဘယ်နှစ်ယောက် မြင်ချင်နေလို့လဲ။ ကိုကြီးနော်......ကလေးကို ၀မ်းနည်းရအောင် မလုပ်နဲ့။ ကလေးမှာ ကိုကြီးကလွဲလို့ အခြားမရှိပဲ"
ကာရံ ခြေကလေးစောင့်ကာ ချွဲသည်။
" မဟုတ်ပါဘူး ကလေးရယ်.....ကလေးက အဖော်နဲ့ နေတာများတယ် မဟုတ်လား"
"အွန်း.......ဒါပေမယ့် ဒီနေ့က ကလေးအချစ်တွေကို သက်သေပြရမယ့်နေ့လေ ကိုကြီးရဲ့။ ကလေးနဲ့ ကိုကြီး နှစ်ယောက်ပေါင်းပြီး တစ်ယောက်ထဲပဲ ဖြစ်နေရမယ်လေလို့......အဟင်း.....ဟင်း"
ကာရံ၏ နှုတ်ခမ်းဖျားမှ အယုံသွင်းစကားများက အတားအဆီးမရှိ ကဆုန်ပေါက်ထွက်ကျလာသည်။
"အို....စကားတတ်လိုက်တဲ့ ကလေးလေး။ ကိုကြီးကို အဲ့လောက်တောင် ချစ်ရသလား" ဟုဆိုကာ ဦးဂျင်မီ ကာရံ၏ ကိုယ်ခန္ဓာလေးကို ရမ္မက်ထုံမွှမ်းသောလက်အစုံဖြင့် သိမ်းကြုံးဖက်လေ၏။
ကာရံအနေဖြင့် ဦးဂျင်မီကို သည်မျှ သံယောဇဉ်ဖြစ်စရာ အကြောင်းမရှိသည်ကို ဦးဂျင်မီကိုယ်တိုင် သဘောပေါက်ပါလိမ့်မည်ထင်သည်။ သို့သော် ဦးဂျင်မီက အချစ်မူးမူးကာ ပင်လယ်ရေ သောက်မိနေသော ရေငတ်နေသူတစ်ဦးနှယ်။ သောက်လေ ငတ်မပြေလေ ဖြစ်လို့နေတော့၏။
နှုတ်မှလည်း တတွတ်တွတ်ရွတ်နေသည်က "ကလေးလိုချင်တာမှန်သမျှ စည်းစိမ်ပြုတ်တဲ့အထိ ကိုကြီးကိုယ်တိုင် ၀ယ်ပေးမှာ" တဲ့.......... သို့သော်လည်း ဦးဂျင်မီခမျာ ထိုစကားများကို သိပ်ကြာကြာ မရွတ်လိုက်ရ.........
"ဝုန်း......."
တံခါးစောင့်ဖွင့်သံတစ်ချက်.......နောက်.......
"အစ်မ.....အစ်မ.....အဲ့လို ၀င်လို့မရ.....ဟာ "
" ကို.....ဂျင်.....မီ...... ! "
ဆဲသံ၊ အော်သံ ဟစ်သံ၊ တားဆီးသံများက မိုးခြိမ်းသံအလား...........ချစ်ရည်ရွှန်းသော ကမ္ဘာငယ်လေးမှတဆင့် စစ်မြေပြင်တစ်ခုအလား ပြောင်းလဲသွားရပုံမှာ မြန်ဆန်လှချည့်။ စစ်ကြီးပြီးတော့ ရှက်ရွံ့ခြင်း၊ အံ့သြောခြင်း၊ ကြောက်ရွံ့ခြင်း၊ မယုံကြည်နိုင်ခြင်း၊ နှမြောတသခြင်းများသာ ကျန်ရှိခဲ့ရတော့သည်ရယ်သာ။
**************************
" အား.......... ! "
ရှုပ်ထွေးမွန်းကျပ်နေသော နာကျင်မှုများအတွက် အာခေါင်ခြစ်အော်ကာ ဖောက်ခွဲထုတ်ပစ်လိုက်သည်။ ခေါင်းကို အားမနာတမ်းရမ်းခါနေရင်း ခွေလိမ်ကျနေသော ဆံနွယ်များကို ထိုးဖွပစ်နေမိသည်။ ထင်မှတ်မထားသော အချိန်ကာလတစ်ခုတွင် သူအရှုံးကြီးရှုံးခဲ့ရသည်။ ထိုအချိန်တွင် ပုရိသများကို အနိုင်နှင့်ပိုင်းနိုင်ခဲ့သော သူ၏ အလှတရားများက လက်နက်တစ်ခု မဖြစ်ခဲ့ခြင်းအပေါ် သူကိုယ်တိုင် ဘ၀င်မကျနိုင်ပါချေ။
ဦးဂျင်မီနှင့် ပက်သတ်၍ သူ၏ကျရှုံးခဲ့ရမှုသည် `အစားတစ်လုပ် ပါးစပ်နားရောက်မှ ပြုတ်ကျသွားရခြင်း´ ဆိုသည်ထက် ဦးဂျင်မီ၏ `နှုတ်သီးကောင်း လျှာပါး ´ ဇနီးသည်၏ ထိုးနှက်ချက်များကြောင့် အရှက်၊ အကြောက်၊ သိက္ခာ၊ မာနတရားတို့ပါ ကြွေလွင့်ခဲ့ရခြင်းပင်။ အဆိုးဆုံးက ဆိုင်ရှိလုပ်ဖော်ကိုင်ဘက်များက သူ့အား သနားစရာ သတ္တဝါအဖြစ် ရှူမြင်သွားခြင်းပင်ဖြစ်သည်။ ထိုအချိန်က အောင်မြင်သူ အလှဘုရင်မအဖြစ် ထူထောင်ထားသော သူ့နိုင်ငံသည် ကပ်ဘေးဆိုက်ကာ တစ်စစီပြိုကွဲခဲ့ရလေ၏။
သူ၏ လောကတွင် ဖြစ်တောင့်ဖြစ်ခဲ ပြသနာက သူ့ဘ၀အပေါ်အကျိုးပေးသောအခါ ရင်ဆိုင်ရန်ခက်ခဲနေသည်။ လဲကျခဲ့သော်လည်း `ခဲမှန်ဖူးတဲ့ စာသူငယ်လို´ပြန်ထရန် စိုးရွံ့ထိတ်လန့်နေမိသည်။
ထို့အပြင် "မိန်းမပျက်.......မိမဆုံးမ ဖမဆုံးမ " ဟုဆဲရေးခဲ့သော အသံက နားထဲသို့ရက်ရောစွာ လှူတန်းခံခဲ့ရပြီး မည်သည့်နေရာသို့မျှ ပြန်စွန့်ကျဲ၍မရ။
ကာရံသည် မိန်းမပျက် အဆင့်ကို ရောက်ရှိခဲ့သူဖြစ်သည်။ မှန်ကန်သော စွပ်စွဲမှုကြောင့် ထူးထွေ နာကျင် မနေလိုသော်လည်း `မိမဆုံးမ ဖမဆုံးမ ´ ဟူသောစကားက မမှန်ကန်။ ယခုအရွယ်ရောက်သည့်တိုင် ကာရံမိဘများက အလျဉ်းသင့်သလို ပြောဆိုဆုံးမစမြဲဖြစ်သည်။ သူ၏မကောင်းမှုက သူ့မိဘများခေါင်းအပေါ် ရိုးစွပ်ခံရသောအခါ ၀မ်းနည်းနာကျင်စိတ်က ဖြေဖျောက်၍မရ။ ဖြေသိမ့်၍မရ။ အားနာ၀မ်းနည်းမဆုံးရှိချေသည်။
ထိုစိတ်ဖြင့် သူ၏လောကကြီးကို ကျောခိုင်းမိသည်မှာ တစ်လနီးပါး။ အိမ်ကိုလည်း အဆက်အသွယ်မလုပ်မိ။ သို့သော်လည်း ရပ်တန့်မနေတတ်သည့် အချိန်ကာလ၏ သဘောကို သူဂရုပြုရပေလိမ့်ဦးမည်။
***************************
ကာရံ သူမရှေ့တည့်တည့်တွင်ရှိသော ဆိုင်းပုတ်ကို အချိန်အတော်ကြာအောင် ငေးမောနေသည်။ ၀င်းမွတ်အောင်ပြင်ထားသော မျက်နှာလေးက သူမအလုပ်ရရန် အထောက်ပံ့ဖြစ်မှာသေချာသည်။ သို့သော် ဆိုင်ထဲ၀င်ရန်အတွက် သူမ စိတ်မပါလှ။ အလုပ်အသစ်ကို ခြေချရန်အတွက် ခွန်းအားမရှိချင်။ ကျောခိုင်းရန်အတွက်လည်း အခွင့်အရေးတို့က မြူမှုံမျှရှိမနေပေ။
" မမ.....မမရေ....ဘာလို့ဖုန်းမဆက်တာလဲ။ အဖေတို့ အမေတို့က စိတ်ပူနေတာ" ဆိုသော မောင်လေးစကားနောက်တွင် " မမ အသံကလည်း နေမကောင်းသလိုပဲ။ နေမကောင်းမဖြစ်နဲ့ဦးနော်။ မောင်လေးက ဆမ လက်မှတ်ရသေးတာမဟုတ်ဘူး။ အခုအချိန်မှာ မမကို ဆေးကုပေးရင် မောင်လေးကို ဒေါက်တာ ရမ်းကုလို့ ဝိုင်းပြောကြလိမ့်မယ်ဗျ ။ ဆမ လက်မှတ်ရတဲ့အထိတော့ နေကောင်းအောင် တောင့်ထားပါဦးနော် မမ " ဆိုသည့် စကားတို့က ကာရံအတွက် သံပတ်ပေးလိုက်သည့်ပမာ။
မောင်လေးက အလုပ်သင်ဆရာ၀န်ဖြစ်တော့မည်။ အလုပ်သင် ကာလပြီးလျှင် မြို့ပေါ်ရှိဆေးရုံတစ်ခုခုတွင် တာ၀န်ထမ်းဆောင်ခွင့်ရရန် ကြိုးစားရပေဦးမည်။ ထိုမှသာ အဖေအမေတို့အတွက်ရော မောင်လေးအတွက်ပါ အဆင်ပြေနိုင်မည်။ သို့ဖြစ်ပါ၍ ငွေသည် ကာရံ့ဘ၀အတွက် အသက်သွေးကြောဖြစ်ပေသည်။ ငွေမရှိလျှင် သွေးကြောသည် ကောင်းစွာစီးဆင်းနိုင်မည်မဟုတ်။ ထိုအတွေးများဖြင့် မိန်းမဆန်သော အကြောက်တရားများ၊ စိုးရိမ်သောကများ၊ အရှက်တရားများ၊ မာနများကို ခေတ္တသိုဝှက်ကာ လမ်းဟောင်း၏ လမ်းကြောင်းတစ်ခုအပေါ်သို့ တွယ်တက်မိနေပြန်သည်။ ကျွမ်းကျင်ရာ လိမ္မာရာဖြင့်သာ ဖန်တီးရပေဦးမည်။ ကံကြမ္မာကို ရိုးမယ်ဖွဲ့လို့ဖြင့် ပြေလည်နိုင်မည်မဟုတ်တာ သူသိသည်ပဲ.......။
" အစ်ကို......အစ်ကိုတို့ဆိုင်မန်နေဂျာနဲ့ တွေ့လို့ရမလားဟင်......အဆိုတော်ခေါ်ထားလို့ပါ"
" ဪ....ဟုတ်ကဲ့။ ရပါတယ်ဗျ။ လာ....လာ ကျွန်တော်လိုက်ပို့ပေးမယ်"
ကာရံ ဝိတ်တာဟုယူဆရသော ကောင်လေးခေါ်ဆောင်ရာနောက်သို့ အားမပါသော ခြေလှမ်းများဖြင့် လိုက်ပါလာသည်။ အခန်းတစ်ခုရှေ့အရောက်..........
" ဒေါက်.....ဒေါက်.....ဒေါက် "
" ဟို....ဆရာ....ဆရာရေ....ဒီမှာ အစ်မတစ်ယောက်က အလုပ်လျှောက်ချင်လို့တဲ့။ အဲ့ဒါ ကျွန်တော်ခေါ်လာတယ်"
"အေး....ဟုတ်ပြီ.....၀င်လာခဲ့"
တုန့်ပြန်သံကြားသည်နှင့် တံခါးဖွင့်ပေးသော ဝိတ်တာကြောင့် ကာရံ မျက်နှာပေါ် အပြုံးတစ်ခု ဖြတ်ပြေးသွားသည်။
" လာ....ထိုင် ညီမလေး။ လစာကတော့ အစ်ကို့ဆိုင်က သိပ်မပေးနိုင်ဘူး....နည်းတယ်"
အတွေ့အကြုံရှိသူမှန်း ရိပ်မိသော မန်နေဂျာက ကာရံအကြောင်း အထွေအထူးမေးမနေ။ လိုအပ်သည်ကိုသာ တည့်တည့်ပြောသည်။
"ညီမနားလည်ပါတယ် အစ်ကို။ လစာကလည်း အရေးမကြီးပါဘူး။ ဒါပေမယ့် အရောင်းတွေအတွက်တော့ Percentage - % ရှိတယ်မို့လား။ နောက်ပြီး ရောင်းသူနဲ့၀ယ်သူကြားမှာ အနှောင်အဖွဲ့ကင်းတယ်မို့လား"
"ဟုတ်ပါတယ်.....Percentage - % ရှိပါတယ်။ နောက်ပြီး ညီမတို့အရည်အချင်းနဲ့ပတ်သတ်တဲ့ ရရှိမှုအပေါ် အစ်ကိုတို့ ဘာမှပတ်သတ်မှုမရှိပါဘူး။ စိတ်ချပါ"
လွတ်လပ်ပွင့်လင်းစွာ ဆွေးနွေးပြီး အလုပ်ရှင်နှင့်အလုပ်သမား အပေးအယူတည့်လို့နေသည်။ ကာရံ အလုပ်သစ်ရပြီ။ သူ မခို့တယို့လေးပြုံးနေသည်။ စိတ်လက် အနည်းငယ်ပေါ့ပါးသွားသယောင် ထင်မိသည်။ အတိတ်ကအရိပ်ကို ခနတာချော့သိပ်နိုင်လိုက်သည်က သေချာသည်။
**************************
မန်နေဂျာကို နှုတ်ဆက်ထွက်လာပြီး ချက်ခြင်းတော့ ကာရံမပြန်။ သူ့ထုံးစံအတိုင်း ကောင်တာတွင်ရပ်ကာ အလုပ်သမားများ၊ လုံခြုံရေးများကိုနှုတ်ဆက် စကားပြောသည်။ ပြုံးချိုဖော်ရွေသောသူမကို အားလုံးက လိုလားမှုပြန်လည်ပေး၏။ ကာရံက ရောက်သည့်ဆိုင်တိုင်းတွင် အပေါင်းအသင်း၀င်ဆန့်သောကြောင့် ကိုယ့်ချေကိုယ့်လက် ဖြစ်ရသည်။
ကာရံ အားလုံးကို နှုတ်ဆက်ပြီးသောအခါ ပြန်ရန်ပြင်ဆင်လိုက်ချိန်တွင် ဆိုင်ရှေ့သို့ ကားတစ်စီးထိုးဆိုက်လာသည်။ ဟွန်ဒါဖစ်ကား အပြာရောင်လေး။ ကားပေါ်မှအမျိုးသမီး သုံးယောက်ဆင်းလာပြီး ဆိုင်ထဲ၀င်လာသည်။ ဆိုင်မှ ၀န်ထမ်းအဆိုတော်များ ဖြစ်ပုံရ၏။
"ဟင်........ ဘုရား.....ဘုရား !"
ကာရံ ထိတ်လန့်တုန်လှုပ်စွာ ရေရွတ်လိုက်မိသည်။
" ဦး .....ဂျင်......မီရဲ့ ..... အမျိုးသမီးပါလား။ ဒါ.....ဒါဖြင့် .....သူ့ဆိုင်များလား"
ကြောက်ရွံ့ထိတ်လန့်စိတ်များက အနယ်နယ် အရပ်ရပ်မှ ချင်းနင်း၀င်ရောက်လာသည်။ တားဆီးမရသော ထိတ်လန့်စိတ်တို့ဖြင့် ကာရံ နောက်သို့လှည့်ကာ ဆိုင်ထဲအပြေးကလေး ပြန်၀င်မိသည်။
" ဟိတ်.......ကာရံ"
သြဇာညောင်းသော အသံအောင်အောင်က ကာရံ့ခြေလှမ်းများကို ရပ်တန့်သွားစေသည်။ နောက်ကျသွားပြီမှန်း သူအတတ်သိသည်။ သူ၏ ကံဇာတာသည် ဆိုးညံ့ဆဲဖြစ်သည်။ ရင်ဆိုင်ရုံကလွဲပြီး ဘာမျှတတ်နိုင်ခြင်း မရှိလေတော့။
" မင်း....မင်း....ကာရံမဟုတ်လား.....တူပါတယ်လို့ကြည့်နေတာ။ ဒီမှာ အလုပ်လာလျှောက်တာလား"
" ဦး.....ဦးဂျင်မီ မိန်းမ........ "
"ဟုတ်တယ်......ဟုတ်တယ်......မင်းပြောချင်နေတဲ့သူဟုတ်တယ်။ ဒါပေမယ့် တို့က ဦးဂျင်မီ မိန်းမတော့မဟုတ်ဘူး"
"ရှင်.......ဘယ်လို......ဘယ်လို.....အစ်မ ကိုယ်တိုင်ပဲ......."
ကာရံ အံ့သြမှုများနှင့် နားရှုပ်သွားရသည်။ မျက်စိလည်စရာ စကားအသွားအလာများက ဆိုင်၀န်ထမ်းများက်ိုပင် ဆွဲဆောင်လိုက်နိုင်သည်။ ဆိုင်ရှိလူအားလုံး၏ စိတ်၀င်စားမှုကို ကာရံ မမျှော်လင့်ပဲ ရရှိလိုက်ပြန်၏။
"ဒီလိုလေကွာ.....တို့က ဦးဂျင်မီရဲ့ အငှါးမိန်းမပေါ့။ မင်းနဲ့ ဇာတ်လမ်းဖြတ်ဖို့ တို့ကို ငှါးခဲ့တာလေ။ တို့လည်း ပေါ့ပေါ့ပါးပါးပဲဆိုတော့ လက်ခံလိုက်တယ်။ ကြေးကလည်း များတာကိုးကွ"
ရှည်ရှည်ဝေးဝေး ရှင်းပြရန်ပင်မလိုအပ်တော့။ ချက်ဆိုနားခွက်ကမီးတောက်သော ကာရံ လွယ်လွယ်ပင် ဇာတ်ရည်လည်သွားရသည်။ ထို့ကြောင့် သိချင်တာကို မြန်မြန်ပင် ဖွင့်မေးလိုက်၏။
"ဘယ်လောက်နဲ့များလဲ"
" Honda Fit (ဟွန်ဒါဖစ်) တစ်စီးလေ။ သူက တို့နဲ့ ပါတနာဖြစ်နေတာ ကြာပြီကွ။ သူ့အရှုပ်တွေ တို့ပဲရှင်းပေးနေကြ။ သူကချမ်းသာသလောက် တစ်ကယ့် ကြောင်ပါးကြီးကွ။ ဂျင်ပေါ်က ထုံးထက်တောင်ပိုသေး။ ဒီတစ်ခါတော့ မျိုးမျိုးမြတ်မြတ်ရလိုက်တာပဲ။ ဒါပေမယ့် တို့သေချာ ပြောနိုင်တာက မင်းကို အဲ့ဒိလောက်အထိ ခံစားလွယ်မယ်မထင်လို့ လက်ခံလိုက်တာပါ။ မင်းက ငယ်ငယ်ချောချော အသွက်ကလေးမဟုတ်လား။ လွယ်လင့်တကူ နောက်ဆုတ်သွားမယ်လို့ လုံး၀ထင်မထားဘူး။
" သြော် ....... ထင်မထားဘူးတဲ့လား.....!"
"တို့နောက်ရက် ဆိုင်ရောက်သေးတယ်။ မင်းအလုပ်ထွက်သွားတယ်ဆိုတာ သိရတော့ တစ်ကယ်စိတ်မကောင်းဘူးကွာ။ တို့ကို နားလည်ပေးပါနော်။ တို့ ပြောခဲ့ဆိုခဲ့တာတွေ အတွက်လည်း တစ်ကယ်ကို စိတ်မကောင်းပါဘူး။ အခု တစ်ဆိုင်ထဲဆိုတော့ တို့တွေ အတူလက်တွဲ လုပ်ကြရအောင်နော်"
ကာရံ အရာအားလုံးကို သဘောပေါက်သွားခဲ့ပါပြီ။ ပြောစရာ စကားလည်းမရှိတော့။ သူအတွက် မေးစရာ မေးခွန်းလည်း မလိုအပ်တော့ပါ။ တစ်ဖက်လူက အပြစ်ကျေတဲ့အပြစ်သားလို သွက်လက်နေသလောက် ကာရံ့မှာတော့ မစ္ဆရိယအတွေးများဖြင့်သာ ချာချာလည်နေရတော့၏။
" လူယုတ်မာကြီး......လူယုတ်မာကြီး....... ! စိတ်ထဲမှလည်း အကြိမ်ကြိမ်အခါခါ ဆဲရေးနေမိသည်။
အရှက်တရား၊အကြောက်တရား၊ သိက္ခာ မာနအပြင် ဘ၀ပါသိမ်းပိုက်ရယူသွားခဲ့ပြီး ကောက်ကျစ်ယုတ်မာစွာ လိမ်လည်လှည့်ဖျားခဲ့သည်။ သူကိုယ်သူ အရာအားလုံးသိသည်ဟု အထင်ရှိခဲ့သော သူသည် ဘာမျှ မသိနားမလည်သော ယုန်သူငယ်အဖြစ် ကစားခံခဲ့ရသည် လှည့်စားခံခဲ့ရလေသည်။
သူယုံကြည်မှုအပြည့်ဖြင့် လှုပ်ရှားရုန်းကန်ခဲ့သော လောကကမ္ဘာသည် သူ့အား ဝါးမြို့မည့် မရဏတွင်းနက်ဖြစ်နေသည်ကို သူ တကယ်မသိရှိနိုင်ခဲ့။ မတွေ့မြင်နိုင်ခဲ့။ နှုတ်ခမ်းဖျားကထွက်ကျလာသော အလိမ်အညာတွေနှင့် အသိဥာဏ်က ပြီးပြည့်စုံသည်ဟု အထင်ရောက်ခဲ့မိပါကောလား။
" အို......ကြောက်စရာ ကောင်းလိုက်တဲ့ လောကကြီးပါလား......"
ကာရံ အရာအားလုံးကို ကျောခိုင်းကာ ပြေးထွက်လာခဲ့မိသည်။ မုသား ပြည့်သိပ်နေသော လောကမှ ရုန်းထွက်လာခဲ့မိသည်။ သို့သော် အငှါးမိန်းမတစ်ယောက်၏ " ခံစားလွယ်မယ် မထင်လို့ပါ " ဟူသော စကားကတော့ဖြင့် ကာရံ၏ အသိဥာဏ်အတွင်းသို့ ထပ်ချက်မကွာ လိုက်ပါလျှက်ရှိသည်။
ဟုတ်ပါသလား။ မိန်းမတစ်ယောက်က ခံစားမလွယ်နိုင်ဘူးလား။၀မ်းနည်းပိုင်ခွင့်မရှိဘူးလား။ ရှက်ရွံ့ပိုင်ခွင့်မရှိဘူးလား။ နာကျည်းပိုင်ခွင့်မရှိဘူးလား။ လားပေါင်းများစွာဖြင့် မေးခွန်များက မဆုံးချင်တော့။
ကာရံ တစ်ခုတော့ နားလည်လိုက်ပါသည်။ သာမန်မိန်းမတိုင်းတွင် မိန်မများ၏ သဘာ၀အရ သိက္ခာတရားနှင့်သက့်ဆိုင်သော၊ စိတ်ခံစားမှုနှင့် သက်ဆိုင်သော အရာအားလုံး ခံစားထိန်းသိမ်းခွင့်ရှိမည်သာ။ မရှိနိုင်သောသူမှာ......သူ.....သူ.....မုသားကို ချိုမြိန်စွာ ကိုးကွယ်စားသုံးခဲ့သူ။ မိန်မတစ်ယောက်၏ တန်ဖိုးကို နှုတ်ခမ်းဖျားပေါ်တင် ရောင်းချခဲ့သူ၊ ငှါးရမ်းခဲ့မိသူ စည်းတစ်ဖက်ခြမ်းမှာ ရပ်တည်နေသော သို့တည်းမဟုတ် စည်းအပြင်မှာ ပျော်မွေ့နေသော သူ......သူသာ...... မိန်းမလည်လေးသူသာ........
"အဟင်း.....ဟင်း.....ဟင်း......ဟိဟိ.......ဟား.....ဟား.......ဟား......ဟားဟား ဟားဟား............"
လမ်းမတစ်လျှောက် စိတ်လွတ်ကိုယ်လွတ် ဖောက်ခွဲကာပြေးထွက်လာခဲ့မိသည်။ ဦးတည်ရာ ဌာနေမရှိ။ သူ့နောက်တွင်တော့ တည်ငြိမ်စွာတွန်း၍ တရွေ့ရွေ့သွားနေသော ထီလှည်းလေးတစ်စီးရှိ၏။
" တံလျပ်ကို .... ရေထင်.....ရွှေသမင်.....အလိုက်မှား....."
ထီလှည်းလေးမှ သီချင်းသံက ငြိမ့်ငြိမ့်ငြောင်းငြောင်း ပျံ့လွင့်နေသော်လည်း ကာရံ့၏ ခံစားမှုစိတ်အလျဉ်ကတော့ဖြင့် .............
" ဟားဟား.......ဟားဟား.........ဟင်း....ဟင်း....ဟင်း....အဟားဟား......."
ပန်းမြတ်သော်တာ
စာဖတ်သူအတွက် မေတ္တာဖြင့် ပျိုးသော ပန်းတစ်ခင်း
ဝါဆို ...... #
ကိုယ့်အတွက်ဆို ..... မင်းက
တိတ်ဆိတ်မှုတွေရယ်
အထီးကျန်ဆန်မှုတွေရယ်
လွမ်းဆွတ်မှုတွေရယ်နဲ့ ဖူးပွင့်နေလိုက်ပုံများ
ဘာကြောင့်များ မပြောင်းလဲနိုင်ရသေးတာလဲ ..........
ကိုယ့်မှာတော့
ရာသီစက်ဝန်းတွေ လောင်မြိုက်သွားတိုင်း
ကြည်နူးစွာမျှော်လင့်လိုက်ရတာ
မင်းပိုင်ဆိုင်တာက
အဆုံးမရှိတဲ့ အေးမြသာယာခြင်းတွေ
ကိုယ်ရရှိလိုက်တာက
သွေးအေးရက်စက်လွန်းတဲ့ အကျည်းတန်မှုတွေ
အို ...... ဘယ်လိုများ လှပလိုက်တာလဲ ..... ကိုယ်ချစ်သောရေ ။
Rainbow Pmtt 1.8.23
အရှုံးကြီးရှုံးခဲ့တယ် # # #
သူက ......
သူစိမ်းဆန်ချင်သူဆိုတော့
အပေါ်ယံလေးပဲ လှပ်ပြခဲ့တာပါ
ကိုယ့်မှာသာ
အရင်းနှီးဆုံးသူစိမ်းအဖြစ်နဲ့
သူ့မျက်ဝန်းရဲ့ အနက်ရှိုင်းဆုံးထိ ဝင်ရောက်ခဲ့မိသူ
အင်းလေ.....
တမင်ဝှက်ထားတဲ့ လမင်းဆိုမှတော့
သွေးရူးသွေးတမ်းဖြစ်ခဲ့ရုံကလွဲပြီး
ကိုယ်ဖမ်းမမိခဲ့တာ ဘယ်ဆန်းပါ့မလဲ။
မြတ်သောနှင်း pmtt
คลิกที่นี่เพื่อเป็นสมาชิก?
วิดีโอทั้งหมด (แสดงผลทั้งหมด)
ประเภท
ติดต่อ บุคคลสาธารณะ
เว็บไซต์
ที่อยู่
Myanmar
Bankok
Bankok
WE LOOK FOR SOMETHING TO HEAL US FROM DEMONS AND DARKNESS. BUT TOGETHER WE WILL BE ALONE.
292(44Masion) Room10 Layer1 Ounnut44 Road Sukhumvit 77 Suanroyol Bankok 10250
Bankok, 10260