Zuli Gems & Arts
ตำแหน่งใกล้เคียง ร้านขายของ
63110
Mae Sot, Tak
Mae Sot, Ban Mae Sot
Mae Sot, Tak
Maesot
Amphoe Mae Sot 63110
We bring most precious gems and arts with the most affordable price. Burmese gemstone only.
မဟူရာ ချစ်သူများအတွက် မင်မင် ဒီနေ့ ပြောပြပေးမာက မဟူရာကျောက် အကြောင်းလေးပါ..
ဘီစီ ၃ ရာစုနှင့် ၄ ရာစုမှစ၍ ဂရိဒေသတွင် စတင်တွေ့ရှိခဲ့သည့် Theophrastus ဟုခေါ်ဆိုသည့် Agate Stone (မဟူရာကျောက်) လေးအကြောင်း ဗဟုသုတတစ်ရပ်အနေဖြင့် တင်ပြပေးလိုက်ပါသည်။ ရှေးခေတ်အခါက Agate stone များကို ရုပ်ထုများ ထုလုပ်ရာတွင် တွင်းထုခြင်း အနုပညာတစ်ရပ်အနေဖြင့် လက်ရာမြောက်သော ရှေးဟောင်းအမွေအနှစ်များအဖြစ်တွေ့ရှိရပြီး ယခုအခါတွင် နိုင်ငံ၏ သမိုင်းဝင်သုတေသနပြုရာတွင် အသုံးဝင်သောအရာတစ်ခုအဖြစ် လေ့လာမှုများ လုပ်ဆောင်နေကြဆဲ ဖြစ်ပါသည်။
Agate stone များသည် သတ္တုတစ်မျိုးအပေါ် အခြေခံ၍ ပေါ်ပေါက်လာသည့် ကျောက်တစ်မျိုးဖြစ်သည့်အလျှောက် ၎င်း၏ စတင်တည်ရှိချိန်ကို ခန့်မှန်းရာတွင် အခက်အခဲများစွာရှိပြီး အများအားဖြင့် မီးတောင်ကျောက်လွှာများအတွင်းရှိ အကွက်များတွင် အတွေ့များသည်။ ဒါ့အပြင် ထုံးကျောက်နှင့် အနည်ကျကျောက်များတွင်လည်း တွေ့ရှိရလေ့ရှိပါသည်။ Agate stone များသည် အရောင်အသွေးစုံလင်စွာ ဖြစ်ပေါ်တတ်ပြီး အထူးသဖြင့် စိမ်းပြာရောင်၊ အနီရောင်၊ အမည်းရောင်၊ အဝါရောင်နှင့် မီးခိုးရောင် စသော အရောင်ရင့်များကို အခြေခံပြီး အုပ်မှိုင်းသော အရောင်ရှိသည်။ ဘီစီ ၄၀၀ မှစတင်ပြီး Agate stone များကို ဂရိလူမျိုးများမှ ရုပ်ထု ထုလုပ်ရာတွင်သာမကဘဲ ပုတီးစေ့များအနေဖြင့် စတင်ဖန်တီးလာပြီး နောက်ပိုင်းတွင် လက်ဝတ်ရတနာများထဲတွင် ထည့်သွင်းအသုံးပြုသော ကျောက်တစ်ခုအနေဖြင့် ခေတ်စားလာခြင်း ဖြစ်သည်။ ဒါ့အပြင် လက်ဝတ်ရတနာဒီဇိုင်းများအတွက်သာမက Agate stone သည် မာကျောသောစွမ်းရည်သတ္တိရှိတာကြောင့် နှောင်းပိုင်းကာလများတွင် ဓာတုအခန်းသုံး အသုံးအဆောင်များဖြစ်သည့် ချိန်ခွင်လျှာများနှင့် ဓာတုပစ္စည်းများ အမှုန့်ဖြစ်ရန် ပြုလုပ်ရာတွင်လည်း Agate stone များကို အသုံးပြုမှုများ ရှိလာခဲ့သည်။
သတိပြုရန် တစ်ချက်မှာ Agate stone များတွင် ပါဝင်သော Silicosis များကြောင့် တီဗီနှင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကို ဖြစ်ပွားနိုင်ချေရှိနိုင်သည်ဟု အချို့ ယူဆကြသဖြင့် Agate ကျောက် တူးဖော်သည့် လူများအနေဖြင့် သတိထားရမည့်အရာတစ်ခုလည်း ဖြစ်ပါသည်။
Agate stone များတွင် အပြုသဘောဆောင်သည့်စွမ်းအင်များရှိပြီး စိတ်နှင့် ကိုယ်ကို ဟန်ချက်ညီစေရန် ထိန်းညှိပေးနိုင်သည့် စွမ်းအင်ရှိသည့် ကျောက်တစ်မျိုးဖြစ်သည်ဟု ရှေးခေတ်သုတေသနပညာရှင်များက ဆိုကြသည်။ စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးနိုင်ပြီး အာရုံစူးစိုက်မှုကို ပိုမိုကောင်းမွန်စေနိုင်သည်ဟု ဆိုကြသည်။ ဒါ့အပြင် ဒေါသကြီးခြင်းနဲ့ စိုးရိမ်ပူပန်မှုများကို လျော့ချစေနိုင်သည့် စွမ်းအင်တစ်မျိုးလည်းရှိတာကြောင့် Agate stone များသည် စိတ်ကိုအေးချမ်းစေနိုင်သည်ဟု ယုံကြည်ကြသည်။ အထူးသဖြင့် စိတ်အေးချမ်းခြင်းကြောင့် ညဘက်အိပ်ပျော်ဖို့ ခက်ခဲသူများအနေနဲ့ ဆောင်ထားသင့်တဲ့ အဆောင်ကျောက်တစ်ခုလည်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအရလည်း Agate stone များသည် အမြင်အာရုံ၊ အစာခြေစနစ်နဲ့ သားအိမ်၏လုပ်ဆောင်ချက်များကို ကောင်းမွန်စေပြီး သွေးကြောများကို အားကောင်းစေပြီး အရေပြားရောဂါများကို သက်သာစေနိုင်သည်ဟု ဆိုကြသည်။
အခု မျှဝေပေးခဲ့တဲ့အကြောင်းအရာလေးကတော့ မဟူရာကျောက်ချစ်သူများအတွက် သာမက တွင်းထွက်ကျောက်များနှင့်ပတ်သက်ပြီးလေ့လာနေသူတွေအတွက်လည်း အကျိုးရှိစေရန် မဟူရာကျောက်အကြောင်းကို တင်ပြပေးလိုက်ပါတယ်ရှင့်
#ပတ္တမြား
ပတ္တမြားအတုအစစ် ခွဲခြားနိုင်ရန် အလွယ်ကူဆုံးနည်းလမ်းလေးများကိုဖော်ပြပေးလိုက်ပါသည်။
ပထမဆုံးနည်းလမ်းလေးသည် ပတ္တမြားအရောင် တောက်ပမှုပေါ်မူတည်၍ စစ်ဆေးနိုင်ခြင်းဖြစ်ပါသည်။ ပတ္တမြား အစစ်သည် နက်ရှိုင်းပြီး တောက်ပသည့် အရောင်ရှိပြီး ကျောက်သားအားလုံးသည် ကွက်ကွက်ကွင်းကွင်း အနီရောင် နီးပါးသန်း၍ တောက်ပနေပါသည်။ ပတ္တမြားအတုဆိုလျှင် အစစ်နှင့်ယှဉ်လျှင် သိသာစွာအရောင် မွဲလေ့ရှိပါသည်။ ထို့ကြောင့် ပတ္တမြားအစစ်နှင့် မိမိစစ်ဆေးလိုသော ကျောက်ကို တစ်တန်းတည်းထား၍ အရောင်ညီမညီကို စစ်ဆေးကြည့်ပါ။ အတုများသည်အပြစ် အနာအဆာများနှင့် မသန့်ရှင်းသောအစက်အပြောက်များ ပါဝင်နိုင်ချေ ပိုများပါသည်။ လမ်းညွှန်ချက် တစ်ခု အနေဖြင့် StopLight အနီရောင်ကို သုံးခြင်းဖြင့်လည်းပိုမိုတိကျသော ရလဒ်ကို ရနိုင်ပါသည်။
ဒုတိယမြောက်နည်းလမ်းသည် ပတ္တမြားကို အနီရောင် ဖန်သားကြမ်းနှင့် နှိုင်းယှဉ်ခြင်းဖြင့် ကွဲပြားမှုကို စစ်ဆေးနိုင်ပါသည်။ ပတ္တမြားနှင့်အခြားနီလာမျိုးကွဲကျောက် များကို ဖန်အဖြစ် အတုလုပ်လေ့ရှိသောကြောင့် သင်၏ ပတ္တမြားသည် ဖန်နှင့် အရောင်တူပါက အတုဖြစ်နိုင်ချေများပါသည်။နောက်ထပ်နည်းလမ်းတစ်ခုသည်ပတ္တမြား၏ မျက်နှာပြင်ကို ခြစ်၍ စစ်ဆေးခြင်းဖြစ်ပါသည်။ ပတ္တမြားအစစ်သည် အလွန်မာကျောသော ကျောက်မျက်ရတနာ တစ်ခုဖြစ်ပါသည်။ ပတ္တမြား၏ မျက်နှာ ပြင်ပေါ်သို့ လက်သည်း သို့မဟုတ် တစ်ခုခုနှင့် ခြစ်ကြည့်ပါက ခြစ်ရာများ ပေါ်နေလျှင် ပတ္တမြား အတုဖြစ်နိုင်ပါသည်။ သို့သော် စိန်နှင့် ပတ္တမြားကို ခြစ်မည်ဆိုပါက စိန်သည် ပတ္တမြားထက် ပိုမိုမာကျောသောကြောင့် ခြစ်ရာ ထင်နိုင်ပါသည်။
နောက်ထပ်နည်းလမ်းလေးသည် မှန်ဘီလူးကို အသုံးပြုခြင်း ဖြစ်ပါသည်။ မှန်ဘီလူးကို အသုံးပြု၍ ပတ္တမြားဖြတ်တောက်မှုနှင့် အသွင်အပြင်များကိုကြည့်ပါ။ ပတ္တ မြားသည် လုံးဝန်းသော သို့မဟုတ် ချောမွေ့လွန်းပါက ပတ္တမြားအတုဖြစ်နိုင်ပါသည်။ ပတ္တမြားအတုနှင့် ဓာတ်ခွဲခန်းမှ ဖန်တီးထားသော ပတ္တမြားများသည် အမြဲလိုလိုအပြစ်အနာအဆာကင်းစင်ပြီး သဘာဝ ချို့ယွင်းချက်များ အလွန်သေးငယ်သောကြောင့် ပုံတူကူးရန် အလွန်ခက်ခဲပါသည်။ ပေါင်းစပ်ပတ္တမြားများသည် ဖန်ဖြင့် အရည်ကျိုထားသော ပတ္တမြားအစစ်ဖြစ်သည်။ ပေါင်းစပ်ပတ္တမြားကို ပတ္တမြားအစစ်အမှန်ဈေးဖြင့် “အစစ်အမှန်” ပတ္တမြားအဖြစ် ရောင်းချလေ့ရှိသောကြောင့်သတိထားရန် လိုအပ်ပါသည်။
နောက်ဆုံးနည်းလမ်းလေးသည် မာကျောချောမွေ့သော မျက်နှာပြင်ပေါ်တွင် ပတ္တမြားကို ညင်သာစွာ ခြစ်ကြည့်ပါ။ ထိုအခါ ပတ္တမြားအစစ်သည် အနီရောင်သန်းသော အမှတ်အသား ချန်ထားခဲ့နိုင်သောကြောင့် သင်ပွတ်တိုက်သည့်မျက်နှာပြင်ပေါ်တွင် အနီရောင်သန်းနေသော အမှတ်အသားကို တွေ့ရှိနိုင်ပါလိမ့်မည်။
ယခုဖော်ပြပေးခဲ့သော နည်းလမ်းလေးများကို အသုံးချပြီး ပတ္တမြား အတုအစစ်ကို အလွယ်တကူ ရိုးရှင်းစွာ စစ်ဆေးနိုင်သော နည်းလမ်းလေးများဖြစ်ပြီး ကျွမ်းကျင်ပညာရှင်များအပြင် ခေတ်မှီစက်ကိရိယာများနှင့်စစ်ဆေးနိုင်သော နည်းလမ်းလေးများကို အသုံးပြုလျှင် ပိုမိုတိကျသော ရလဒ်ကိုရနိုင်မည် ဖြစ်ကြောင်း အကြုံပြုရင်း ဗဟုသုတရရှိစေရန် မျှဝေပေးလိုက်ပါသည်။
တိုက်တန်းနစ် မှာ လူမသိ သူမသိ ပျောက်ကွယ်နေတဲ့ ဖြစ်ရပ်ကလေးတွေ ရှိတယ်။ .
တိုက်တန်းနစ် ကို ကြည့်တော့..အားလုံးက ဂျက် ..၊ ကျန်တစ်ဝက် က ရိုစီ ဖြစ်ခဲ့ကြဖူးတာ အပြစ်မဆိုသာပေဘူး။ ဇာတ်လမ်းသွားနဲ့ရော၊ ခမ်းနားမှုနဲ့ရော တည်ဆောက်ခဲ့တာမို့ တခြားဇာတ်ရုပ်တွေနဲ့ ပျောက်ကွယ်နေတာလေးတွေကို မျက်စိမှောက်ခဲ့ဖူးတယ်။
🔸 🔸 ဖြစ်ရပ် (၁)
တစ်ယောက်လက်မောင်း ကို တစ်ယောက်တွယ်ဖက်ပြီး
နူးညံ့တဲ့ ချစ်ခြင်းတရား တွေနဲ့အတူတူ ငြိမ်းချမ်းတဲ့ သေဆုံးခြင်းကိုသာ ရွေးချယ်သွားခဲ့တဲ့ ဇနီးမောင်နှံ
နှစ်ယောက် ရှိတယ်။
ဂျူးသူဌေးတွေပါ၊
တော်တော့်ကိုချမ်းသာတဲ့ အထဲ မှာ ပါတယ်။
အဖိုးကြိး က Isidor ၊ အဖွားကြီး က Ida တဲ့။
တိုက်တန်းနစ်မြုပ်ခါနီး အချိန််မှ အသက်အရွယ်ကြီးမြင့်တဲ့အတွက် နှစ်ဦးစလုံးအသက်ကယ်လှေပေါ်မှာ နေရာပေးခံရပါတယ်။
ဒါပေမယ့် သူဌေးကြီး Isidor ဟာ သူတို့နေရာ ကို
ကလေးတစ်ယောက် နဲ့ အမျိုးသမီးတစ်ယောက်ကို
ပေးပြီး စွန့်လွှတ်ခဲ့ပါတယ်။
တစ်ယောက်လက်မောင်းကို တစ်ယောက်ဆုပ်ကိုင်ထားတဲ့ သူတို့ နှစ်ယောက်ကို အဖြူအမည်း မြင်ကွင်းဓါတ်ပုံ နဲ့အတူ တိုက်တန်းနစ်အကြောင်းတွေတိုင်းမှာ တွေ့ဖူးကြပါလိမ့်မယ်။( ရုပ်ရှင် ဇာတ်ကားထဲမှာလည်း သူတို့နှစ်ဦးရဲ့ တကယ့်ဖြစ်ရပ်ကို ထည့်သွင်းရိုက်ကူးခဲ့ပါတယ်)
🔸 🔸 ဖြစ်ရပ် (၂)
သင်္ဘောနစ်မြုပ်နေတဲ့အချိန်မှာ အပျော်စီးသင်္ဘောကြီးတွေ မှာ ပါတတ်တဲ့ သင်္ဘောရဲ့ သံစုံတီးဝိုင်းက တယော၊ နှဲစတဲ့ ဂီတပညာရှင်တွေဟာ သင်္ဘောနစ်မြုပ်နေစဥ် မှာပဲ ဆောက်တည်ရာမရ ဖြစ်နေကြတဲ့ ခရီးသည်တွေကို နောက်ဆုံးချိန်အထိ ဖျော်ဖြေခဲ့ကြတယ်။
𝗦𝗼𝗻𝗴𝗲 𝗱’𝗔𝘂𝘁𝗼𝗺𝗻𝗲 ဆိုတဲ့သီချင်းက သူတို့နောက်ဆုံးတီးခတ်သွားတဲ့သီချင်းပါ။
(ယူကျူမှာ .. Titanic orchestra လို့ ရှာရင် ရှိပါတယ်။)
🔸 🔸 ဖြစ်ရပ် (၄)
ခရစ်ယာန်ဘုန်းတော်ကြီးတစ်ပါးဟာ အသက်ကယ်လှေပေါ်ကိုတက်ဖို့ အခွင့်အရေး (၂) ကြိမ်ရခဲ့တယ် တဲ့။
ဒါပေမယ့် အဲဒိ (၂) ကြိမ်စလုံးငြင်းဆန်ခဲ့ကာ သင်္ဘောပေါ်မှာပဲ ဆုတောင်းရင်း လူ့ကျင့်ဝတ်နဲ့ အညီ ငြိမ်းချမ်းရာ ကို လိုက်သွားရှာသတဲ့။
- တိုက်တန်းနစ် နစ်မြုပ်မှုကနေ အသက်ရှင်ကျန်ခဲ့သူကတော့ (၇၀၆) ဦးရှိပါသတဲ့။ ဒါပေမယ့် အဲဒီအထဲမှာ သင်္ဘောအင်ဂျင်နီယာတွေ တစ်ယောက်မှမပါခဲ့ဘူးတဲ့
- သူတို့ဟာ သင်္ဘောကို ချက်ချင်းမနစ်မြုပ်စေဖို့ သူတို့ရဲ့ တတ်စွမ်းသမျှ အလုပ်တွေကို နောက်ဆုံးထွက်သက်အထိ လုပ်ဆောင်သွားကြတယ်။
- သင်္ဘောကပ္ပတိန် Edward John Smith ကလည်း
နောက်ဆုံးချိန်ထိ သင်္ဘောပေါ်မှာပဲ ကျန်ရစ်ခဲ့တယ်။
သူ့ရဲ့ရုပ်အလောင်းကိုတော့ ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဘူး။
🔸 🔸 ဖြစ်ရပ် (၅)
jack နဲ့ ရိုစီ ဟာ တကယ်တော့ မရှိပါဘူး။
နောက်ပြီးတော့ အပြင်လောက ရဲ့ တည်ဆောက်မှုအရ
ဆိုရင် တတိယတန်းခရီးသည် နဲ့ ပထမတန်းခရီးသည် ဟာ တွေ့ဆုံခွင့် မရှိအောင် ပိုင်းခြားထားတဲ့ သင်္ဘောပါ။
🔸 🔸 ဖြစ်ရပ် (၆)
တိုက်တန်းနစ် သင်္ဘောကြီး မြုပ်တော့
အနီးအနားမှာ သင်္ဘော ၃စီး ရှိနေခဲ့ပါတယ်။
1️⃣ "ဆမ်ဆွန်" ဆိုတဲ့ သင်္ဘေ က ၇ မိုင်အကွာ၊
- တိုက်တန်းနစ် ဆီ က ပစ်လွှတ်တဲ့ အန္တရာယ်အချက်ပေး
မီးကျည်တွေ တွေ့ခဲ့တယ်။
- မကယ်ခဲ့ဘူး။
- ဘာလို့လဲဆိုတော့ သူတို့ကိုယ်တိုင် က ပင်လယ်ဖျံတွေကို တရားမဝင် ခိုးဖမ်းတဲ့ သင်္ဘော၊ သွား ကူလိုက်မှ ကွိုင်တွေ ရှုပ်လာမှ တိုင်ပတ်ကုန်မယ် လို့ သူတို့တွေးတယ်။
2️⃣ "ကယ်လီဖော်နီးယန်း"ဆိုတဲ့သင်္ဘော က
၁၄ မိုင် အကွာမှာပါ
- အချက်ပြမီးကျည်တွေကို မြင်ပေမယ့် ကပ္ပတိန်နဲ့ သင်္ဘောသားတွေ က
- "ဘာမှ မဖြစ်နိုင်ပါဘူးလေ" ဟု ဆုံးဖြတ်တယ်။
3️⃣ "ကာပါသီယာ" ဆိုတဲ့ သင်္ဘော က မိုင် ၆၀ အကွာ၊
- သူက ပြန်လှည့်လာပြီး ခရီးသည် ၇၀၅ ယောက်
ကယ်ခဲ့တယ်။ ..
ဖြစ်ရပ်တွေ ကို ပြောပြပြီးခဲ့တဲ့နောက်မှာ
ကျွန်တော် မေးစရာ ရှိတာ က ...
တွေးကြည့်ဖူးသလား ....
🔹 ကျွန်တော်နိုင်ငံဟာ
🔹 ကျွန်တော်တို့တွေ ဟာ တိုက်တန်းနစ်သင်္ဘောကြီး နစ်မြုပ်မှုကြီး နဲ့ တူနေတယ် လို့ တွေးကြည့်ဖူးသလား ???
- တွေးကြည့်လိုက်ရအောင် ..
ခင်ဗျား က ဘယ်သူများလဲ ... ???.
ကျွန်တော်ကတော့
အမှတ် (၂) က Entertaining Author တစ်ယောက်ပါ အခက်အခဲတွေဖြစ် ဒုက္ခတွေများမြောင်နေတဲ့အချိန်မှာ
ကျွန်တော့် ရဲ့ စာတိုလေးတွေ နဲ့ ဖြစ်ဖြစ်
ခေတ္တခဏလေး အေးချမ်း သွားပါစေ
အမှတ်တမဲ့လေး ဖြစ်ဖြစ် ပျော်ရွှင်သွားပါစေ
ပျောက်နေတဲ့လမ်းကလေးတွေ ပြန်လည်ရှာတွေ့ပါစေ ...ဆိုတဲ့ အိပ်မက်တွေ တပုံကြီး ကို
နူးညံ့စွာ တည်ဆောက်ချင်သူပါ။
ကျွန်တော်တို့ Entertainer လောကမှာပဲ လူမသိ၊ သူမသိ ဖျော်ဖြေပေးဆပ်နေရင်း နဲ့ နောက်ဆုံးအချိန်အထိ ပေးဆပ်သွားမယ့်လူတွေ အများကြီး ရှိမှာပါ။
သင်္ဘောနစ်မြုပ်နေစဉ်မှာ နောက်ဆုံးအချိန်အထိ မဖြစ်နိုင်တော့တဲ့ မျှော်လင့်ချက်တွေကို အားကိုးပြီး သင်္ဘောပေါက်ပြဲ၊ ပျက်စီးမှုတွေကို ဖာထေးခဲ့တဲ့ အင်ဂျင်နီယာတွေ ရှိသလိုမျိုးပဲ
နိုင်ငံ၀ရုန်းသုန်းကား ဖြစ်နေချိန်မှာ နိုင်ငံကို ကျရာနေရာကနေ ကူညီထောက်မပေးနေတဲ့ လူငယ်တွေလည်း
ရှိနေမှာပါပဲ။
သူတပါးအတွက် နိုင်ငံတော်အသစ်အတွက် အနာဂတ်အတွက် စွန့်လွှတ်တတ်သော ရင်ခုန်သံတွေလည်း အများကြီး ရှိနေမှာပါပဲ
ချစ်သူကို ရဲဝင့်စွာချစ်ပြသွားတဲ့ ဂျက်လိုမျိုး လူငယ်တွေလည်း အများကြီး ရှိနေမှာပါပဲ။
အဲဒီအထဲမယ် ...
အမှတ် (၆) ထဲက သင်္ဘော ၂ စီးကတော့ ...
တံခါးပိတ်လိုက်၊ ဖွင့်လိုက် လုပ်ရင်း အချိန်တွေ ကုန်နေရှာတဲ့ NATO လိုလို၊ UN လိုလို
တူတယ် လို့ မထင်မိဘူးလား .
ကျွန်တော် စိတ်ဝင်စားမိတဲ့ ကာရိုက်တာ က ....
အောက်မှာပါ။
🔸 🔸 ဖြစ်ရပ် (၃)
တိုက်တန်းနစ် သင်္ဘောပေါ်မှာ ဂျပန်လူမျိုး တစ်ဦးတည်းပဲ ပါဝင်ပါတယ် အဲဒီ ရှားရှားပါးပါး ဂျပန်လူမျိုးက
သင်္ဘောနစ်မြုပ်မှုကနေ လွတ်သွားပါတယ်
သူ့အမည် က မဆဘူရီဟိုဆိုနို ဆိုပါတော့
အဲဒီ ဟိုဆိုနို က လွတ်မြောက်သွားပါတယ်
လွတ်မြောက်မှု က မဖြူစင်ခဲ့
သင်္ဘောနစ်မြုပ်မှုဖြစ်တော့ ၀ရုန်းသုန်းကားတွေ ဖြစ်နေရင်းမှ အသက်ကယ်လှေတစ်ခုဆီ က လူ ၂ ယောက်စာ လွတ်သေးတာကို လှမ်းအော်ပြောသံကြားတယ်
ဒါပေမယ့် စည်းမျဉ်း နဲ့ ကျင့်ဝတ်အရ အမျိုးသမီးနဲ့ ကလေးတွေကိုပဲ ဦးစားပေးမှာ ဖြစ်ပေမယ့်
ဟိုဆိုနို က မိန်မယောင်ဆောင်လိုက်တယ်
သေရေးရှင်ရေးကိစ္စတွေလည်းဖြစ်နေ မှောင်ကြီးမည်းမည်းမှာ ခက်ခဲတဲ့အခြေအနေလည်း ဖြစ်နေပြန်တော့ သူ့ကို ဘယ်သူမှ သတိမထားလိုက်မိဘူး။
ဒါပေမယ့် ဒီ ကိစ္စ ကို သတိထားမိတဲ့ စာရေးဆရာတစ်ယောက် က သင်္ဘောဖြစ်စဉ်ကို စာရေးလိုက်တော့ ဟိုဆိုနို ဟာ မိန်းကလေး လို အစားထိုးပြီး ကိုယ်လွတ်ရုန်းပြေးလာသူဆိုတာ အားလုံးသိသွားပါတယ်။
- ဂျပန်အစိုးရက သူ့ကို အလုပ်ဖြုတ်ခဲ့တယ်။
- ဂျပန်ဆာမှုရိုင်းအဖွဲ့အစည်းကလည်း သူ့လုပ်ရပ်ကို ရှုံ့ချပြိး ရိုးရာဓလေ့အတိုင်း လုပ်ဆောင်ဖို့ တောင်းဆိုတယ်။
- ဟိုဆိုနို ရဲ့ မိသားစု ဝန်းကျင် က လူတွေကလည်း သူ့ကို အပေါင်းအသင်းအဖြစ် မဆက်ဆံဘူး။
- ဂျပန်ရဲ့ မူလတန်းသင်ရိုးထဲမှာ အခုထိတောင် သူ့အကြောင်း ကို တခုတ်တရသင်ပြီးနောက်လာနောက်သားတွေအတွက် သူရဲဘောကြောင်သူ၊ အတုမယူသင့်တဲ့ အကြောင်းအရာအဖြစ် သင်ရိုးရှိတယ် လို့ ပြောကြတယ်။
- သူ ဟာ သင်္ဘောစိးချိန်မှာ အသက် ၄၂ နှစ် ကွယ်လွန်ချိန်မှာ အသက် ၆၈ နှစ် အရွယ် ဆိုတော့ ကျန်ရှိတဲ့ ရှင်သန်ခဲ့တဲ့ ၂၆ နှစ်တာလုံးလုံး စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ နဲ့ နေသွားခဲ့ရတာ
အားလုံးရဲ့ အပယ်ခံ
လူမျိုးရဲ့ မျိုးရိုးဂုဏ်ကို ဖျက်ဆီပစ်ခဲ့သူ
နိုင်ငံရဲ့ သိက္ခာကို ကျဆင်းစေသူ
ဘယ်လောက်တောင် အထီးကျန်သွားရှာမလဲ .. 💔
တွေးရင်းတောင် မြင်နိုင်တယ်။
ခင်ဗျား ဘယ်သူနဲ့ တူတူ တူလို့ ရပါသေးတယ်။
ဒါပေမယ့် အမှတ် (၃) က လူတော့ မဖြစ်ပါစေနဲ့။
အဲဒီလို လူ သာ ဖြစ်ခဲ့မယ်ဆိုရင်
ခင်ဗျား အသက်တော့ ရှင်နေမှာပါ ဒါပေမယ့်
ခင်ဗျားဘ၀ ကတော့ သေဆုံးသွားပါလိမ့်မယ်။
ခက်ခဲတယ်ဆိုတာ နားလည်ပေမယ့်
ဟိုဆိုနို လိုတော့ မလွတ်မြောက်စေချင်ဘူး
အနာဂတ် မှာ လိပ်ပြာလုံလုံ
အိပ်စေချင်ပါတယ်
လိပ်ပြာလုံခြင်းလောက် နူးညံ့တဲ့ခေါင်းအုံးမျိုး ဟာ
လောကမှာ မရှိပါဘူး။......
Crd. ဗဟုသုတ ရစေချင်လို့ပါ🤍
Photo - Internet
💎မိုဇာနိုက် စိန်အကြောင်း သိကောင်းစရာ 💎
------------------------------
စိန်ထည်ဆိုတာ အမျိုးသမီးတိုင်းအတွက် မရှိမဖြစ် အဆင်တန်ဆာတစ်ခုလို့ တောင်ခေါ်ဆိုလို့ရပါတယ်ရှင် ။ ခုခတ်မှာ တော့ ...
1. စိန်ထည်တွေဟာ တန်ဖိုးကြီးမြင့်လွန်းတာကြောင့် တစ်ကြောင်း
2. ဝယ်ယူတဲ့အခါမှာလည်း အရှုံးများတာကတစ်ကြောင်း
3. မတော်တဆ ဆုံးရှုံးရတဲ့အခါ တန်ဖိုးကြီးမားတဲ့ အတွက် နစ်နာဆုံးရှုံး မှု များတာကတစ်ကြောင်း
စသည်ဖြင့် အကြောင်းကြောင့် စိန်အစစ်နဲ့ အနီးစပ်ဆုံးတူတဲ့ စိန်အစားထိုး ကျောက်မျက်တွေကို သုံးစွဲလာကြပါတယ်ရှင်။
စိန်အစားထိုးကျောက်မျက်တွေထဲမှာမှ Moiss လို့ ချစ်စနိုးခေါ်ဝေါ်ကြတဲ့ Moissinite မိုဇာနိုက်စိန် ဟာ စိန်နဲ့ ၉၉.၉၉ ရာခိုင်နှုန်း လောက်ကို တူညီတဲ့အတွက် ပိုမိုအကြိုက်တွေ့ရွေးချယ် ဝတ်ဆင်လာကြပါတယ်ရှင်။ 💎💎💎
စိန်ကဲ့သို့ပင် မိုဇာနိုက်စိန်ရဲ့ အရည်အသွေးကို 4 Cs ဟုခေါ်တဲ့ အောက်ပါ အချက်၄ချက် နဲ့ သတ်မှတ်တိုင်းတာကြပါတယ် ။
4 Cs
*****
1. Carat Weight -မိုဇာနိုက်စိန်၏အလေးချိန်
2. Color -မိုဇာနိုက်စ်ိန်၏အရောင်အသွေး
3. Clarity -မိုဇာနိုက်စိန်၏သန့်စင်မှု
4. Cut -မိုဇာနိုက်စိန်၏သွေးကွက်
1. Carat Weight
****************
နိုင်ငံတကာတွင် Carat ချိန်ကို ရတနာများ၏အလေးချိန်ကိုဖော်ပြရာတွင် သုံးကြပါသည်။
မြန်မာနိုင်ငံတွင်မူ ရတီချိန်ကိုသာသုံးကြပါသည်။
Carat နှင့် ရတီ ဆက်သ ွယ်ချက်
1 Carat = 1.1 ရတီ
ထို့ကြောင့် ကာရက်ကို ရတီဖွဲ့လိုလျှင် 1.1 ဖြင့် မြှောက်ရပါမည်။
2. Color
********
မိုဇာနိုက်စိန်၏အရောင်ကို D မှ Z အထိ အာက်ပါအတိုင်းအဆင့်ခွဲထားပါသည်။
D, E, F, G, H, I, J, K, L, M, N,…………Z
D, E, F =Colorless
G, H, I= Near Colourless
K, L, M = Faint Yellow
N, O, P, Q, R =Very Ligh Yellow
S, T, U, V, W, X = Very Very Light Yellow
ဟု ခွဲခြ ားနိုင်ပါသည်။
စိန်အစစ် ရဲ့ D, E, F, H ကာလာတွေဟာ တန်ဖိုးမြင့်မားသဖြင့် မြန်မာနိုင်အတွင်းတွင် သုံးစွဲနိုင် သူနည်းပါးပြီး I J ကာလာများပဲ အသုံးများပါသည်။
မိုဇာနိုက်မှာတော့ D color ဟာ စျေးသင့်တင့်ပြီး အလွယ်တကူပဲ ဝယ်ယူရရှိနိုင်ပါတယ်။
3. Clarity
***********
စိန်၏သန့်စင်မှုကိုအောက်ပါအဆင့်များဖြင့် သတ်မှတ်ပါသည်။
FL = Flawless
IF = Internally Flawless
VVS1 =. Very Very Small Inclusion 1
VVS2 =. Very Very Small Inclusion 2
VS1 =Very Small Inclusion 1
VS2. =Very Small Inclusion 2
FL နှင့် IF တို့သည် 10 ဆချဲ့ မှန်ဘီလူးဖြင့်ကြည့်ပါကလုံး၀အနာအဆာမရှိသကဲ့သို့ ဖြစ်ပါသည်။
VVS 1 , VVS2 အထိသည်လည်း သန့်စင်မှု မြင့်မားသည် ဟု သတ်မှတ်နိုင်ပါသည်။
ထိုမှ ဖော်ပြထားသော အဆင့်အလိုက် ... သန့်စင်မှုအားနည်းလာပြီး အနာပါဝင်မှုပိုမိုများလာပါသည်။
4. Cut
*******
စိန်တစ်ပွင့်၏ လင်းလက်မှုအလှတရားသည် စိန်၏သေ ွးကွက်ပုံပေါ်တွင် များစွာ မူတည်ပါသည်။ စိန်တစ်ပွင့်လျှင်အကွက် 57-58 ကွက်ရှိပါသည်။
ရှေးစိန်များအရွယ်ကြီးပြီး သွေးကွက်မလှပသဖြင့်တန်ဖိုးနည်းသကဲ့သို့ လူကြိုက်နည်းပြီး ယနေ့ခတ်စျေးကွက်တွင် အလွန်ရောင်းရခက်ပါသည်။
မိုဇာနိုက်စိန်ဟာတော့ သွေးကွက် ၅၈ ကွက် အပြည့်သွေးထားပြီး သွေးကွက်တွေကနေ ပြန်ယိုင်ထွက်လာတဲ့ အလင်းပြန်တွေကြောင့် အရောင်တင်စရာ မလိုတဲ့ အတောက်ပဆုံး နဲ့ ထာဝရတည်မြဲသော အရည်အသွေးကို ရရှိပါတယ် ။
မင်မင်တို့ရဲ့ မြန်မာနိုင်ငံဟာ ကျောက်မျက်ရတနာမျိုးစုံထွက်ရှိရာ ဂုဏ်ယူစရာကောင်းတဲ့ ထူးခြားသောနိုင်ငံလေးပါ။ ဒီရတနာတွေထဲကမှ ကမ္ဘာ့ကျောက်မျက်ဈေးကွက်ထိ တန်းဝင်ပြီး
ထိပ်တန်းအရည်အသွေးရှိတဲ့ကျောက်မျက်တွေကို ရွေးချယ်ပြီးဗဟုသုတအဖြစ်ပြောပြပေးသွားပါမယ်ရှင်။
(၁) ပတ္တမြား နှင့် နီလာ
မြန်မာပြည်တွင်းထွက်ကျောက်တွေထဲကတန်ဖိုးအကြီးဆုံးကိုပြပါဆိုရင် ပတ္တမြား နဲ့ နီလာ အကြောင်းကိုအရင်ဆုံးပြောရမှာပါ။ အများဆုံးထွက်ရှိရာဒေသကတော့ "ပတ္တမြားမြေ"လို့
တင်စားခေါ်ဝေါ်ကြတဲ့ "မိုးကုတ်မြို့"ပဲဖြစ်ပါတယ်။ ဒုတိယထွက်ရှိရာဒေသကတော့ ရှမ်းပြည်တောင်ပိုင်း "မိုင်းရှူး"ဒေသဖြစ်ပါတယ်။အခြားအနည်းငယ်ထွက်ရှိရာဒေသအချို့လည်းရှိပါသေးတယ်။
မြန်မာ့မြေမှထွက်တဲ့ "ခိုသွေးရောင် ပတ္တမြား"ကကမ္ဘာ့အကျော်ကြားဆုံးပတ္တမြားဖြစ်ပါတယ်။ မြန်မာ့ပတ္တမြားနဲ့နီလာတော်တော်များများရဲ့ အရည်အသွေးဟာဘယ်လောက်ထိကောင်းလဲဆိုရင်
စိန်ထက်တောင်မှ ပိုပြီးတန်ဖိုးမြင့်ပါသေးတယ်။
(၂) ကျောက်စိမ်း
နောက်ထပ် ကမ္ဘာ့ဈေးကွက်အထိကျော်ကြားတာကတော့ မြန်မာ့ကျောက်စိမ်းပါ။ အထူးသဖြင့် ကချင်ပြည်နယ် ဖားကန့်မြို့ကနေ အရည်အသွေးအကောင်းဆုံး ကျောက်စိမ်းတွေထွက်ရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ ကျောက်စိမ်းအရိုင်းတုံးတွေမှာ ဂျေဒိုက်(Jadeite) နဲ့ နက်ဖရိုက်(Nephrite) ဆိုပြီး အမျိုးအစား(၂)ခုရှိပါတယ်။ အဲ့ထဲမှာမှ ဂျေဒိုက်ဟာ ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံအပါအဝင်(၅)နိုင်ငံလောက်သာထွက်ရှိပြီး
အရည်အသွေးအကောင်းဆုံးနဲ့တန်ဖိုးအကြီးဆုံးဖြစ်ပါတယ်။ ကျောက်စိမ်းထဲမှာလည်း အရည်ကောင်းမွန်တဲ့ကျောက်တွေဟာ စိန်ထက်ပိုပြီး တန်ဖိုးမြင့်မားနေတာဟာလည်း မှတ်သားစရာပါပဲ။
(၄) ပြောင်ခေါင်စိမ်း
ကမ္ဘာ့ကျောက်မျက်ဈေးကွက်မှာတန်းဝင်တဲ့ ပြောင်ခေါင်းစိမ်းကျောက်ဟာလည်း ကမ္ဘာပေါ်မှာ မြန်မာနဲ့ပင်လယ်နီဒေသ မှာသာတွေ့နိုင်ပါတယ်။ ထူးခြားတာက မြန်မာနိုင်ငံကထွက်တဲ့
ပြောင်ခေါင်းစိမ်းကျောက်တွေဟာ ပင်လယ်နီဒေသကထွက်တဲ့ ကျောက်ထက် ပိုမိုကြည်လင်ပြီးအရည်အသွေးပိုကောင်းသလို အရွယ်အစားအားဖြင့်လည်း ပိုမိုကြီးမားကြပါတယ်။
(၅)အခြားသော Semi-precious တွင်းထွက်ကျောက်များ
ပတ္တမြား၊နီလာ နဲ့ စိန်တို့ လောက် တန်ဖိုးမကြီးမားပေမယ့်လည်း တန်ဖိုးရှိတဲ့ကျောက်မျက်တွေကို Semi-precious stone လို့ခေါ်ပါတယ်။ ကျောက်မျက်အတော်များများထွက်ရှိတဲ့ မိုးကုတ်အပြင်
Aquamarine လို့ခေါ်တဲ့ မြပြာကတော့ ကူမဲဒေသဘက်မှာလည်းထွက်ရှိပါတယ်။ ခရမ်းစွဲကျောက်၊ အညံ့နီလာ၊ ရေနီလာ၊ မြပြာ၊ spinel၊ ဥဒေါင် စတဲ့ကျောက်တွေကလည်း ကရင်ပြည်နယ်
တကျောမှာတွေ့ရှိရပါသေးတယ်။
ကဲ အခုလိုထွက်ရှိတဲ့ကျောက်တွေ၊ ဒေသတွေသိသွားတော့ မင်မင်တို့မြန်မာ့မြေက တကယ့်ကိုဂုဏ်ယူစရာပဲနော်။💖💖💖
.
မင်းကဘယ်လောက်ထိ
စိတိထားကောင်းပြီး
စိတိဓာတိမွန်မြတ်နေပါစေ.....
မင်းကဘယ်လောက်ထိ
သနားညှာတာတတ်ပြီး
ကိုယ်ချင်းစားစိတ်ပြည့်ဝနေပါစေ
မင်းကတစ်ယုတစ်ယနဲ့
ကူညီပေးခဲ့ပြုစုပျိုးထောင်းပေးခဲ့
သွန်းသင်ဆုံးမပေးခဲ့ပေးမယ်လည်း
တစ်ဖတ်ကမင်းရဲ့ကျေးဇူးကို
မသိတတ်ရင်တော့အလကားပါပဲ....။။
❤ကရင်နှစ်သစ်ကူး ❤
{ 11.1.2024 } ကြာသပတေးနေ့
ကရင်သက္ကရာဇ် (၂၇၆၃)ခုနှစ်
"'ကရင်နှစ်သစ်ကူး ''နေ့ကို ဂုဏ်ပြုကြိုဆိုပါသည်။
ကရင် တိုင်းရင်းသားများနှင့်တကွ
မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး
ကျန်းမာ ချမ်းသာ၊ စီးပွားဥစ္စာများ တိုးတက်၍ ရောဂါ ကပ်ဆိုးအပေါင်းမှ ကင်းလွှတ်ပြီး ကောင်းခြင်းမင်္ဂလာနှင့် ပြည့်စုံသော
နှစ်သစ် ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင့် 🙏🙏
ပြောသောစကား
နီလာ သည် ပတ္တမြားနည်းတူ ကိုရမ်ဒမ် ဒြပ်ပေါင်း (AL2O3) ပင်ဖြစ်ပြီး တိုက်တေနီယံ ဒြပ်စင်အနည်းငယ် ပါဝင်သောကြောင့် အရောင် နှင့် ဖွဲ့စည်းမှုပုံသဏ္ဍန် ကွဲပြားသွားရခြင်းဖြစ်သည်။ ပုံဆောင်စနစ်မှာ ပတ္တမြား ကဲ့သို့ပင် တြိဂုဏ်စနစ် ဖြစ်ပြီး ပတ္တမြားနှင့် အပြင်ပန်းပုံသဏ္ဌာန်မတူညီရခြင်းမှာ ပါဝင်သော ဒြပ်စင်များ၏ အမျိုးအစားခြားနားခြင်းကြောင့်သာဖြစ်သည်။ ရောင်လက်မှာ ဖန်ရောင်လက်ဖြစ်ပြီး မာဆင့် ၉ ရှိသည်။
ကျောက်စိမ်းတလုံးရဲ့ ပြချက်၊ ပြစ်ချက်၊ အခွံရဲ့သဘောတရား.....
ပြချက်
ပြချက်ဆိုတာက ကျောက်အခွံပေါ်မှာတွေ့ရတဲ့ ကျောက်တလုံး၏ အတွင်းပိုင်းရှိ အရည်၊ အသား ကောင်းမွန်ကြောင်းကို (အထိုင်ကောင်းခြင်း၊ အခွံကောင်းခြင်း၊ အလေးချိန်းစီးခြင်း၊ ယမ်းဖွဲ့စည်းပုံကောင်းမွန်ခြင်း၊ အရည်မန်း၊ အသားမန်း၊ အကျွတ်ပွေး၊ အဆန်းပွေး) မြင်တွေ့ရတဲ့အချက်တွေဖြစ်ပါသည်။ မြင်တွေ့ရတဲ့အချက် အနည်းအများနှင့် ပြချက်ပီပြင်ခြင်း မပီပြင်ခြင်းပေါ်မူတည်ပြီး စျေးတန်ဖိုးကွာခြားပါတယ်.....
ပြစ်ချက်
ပြစ်ချက်ဆိုတာကတော့ ကျောက်တစ်လုံးအား တန်ဖိုးမဲ့အောင် ပျက်စီးသွားစေနိုင်သည့် အဖျက်အဂ်ါရပ်တွေကို အခွံပေါ်တွင်တွေ့ရှိရခြင်းဖြစ်ပါတယ်... အဖျက်လက္ခဏာ အသွင်သဏ္ဍန်၃မျိုး သို့မဟုတ် ပိုပြီးပါဝင်နေက ၎င်းကျောက်ကို အောင်နိုင်ခြေအလွန်နည်းပါးသောကြောင့် ဝယ်ယူရန်မသင့်ပါ...
ကျောက်တလုံးသည် ယမ်းမှုန်ညက်သော်လည်း ဖြတ်ကြည့်သည့်အခါ အသားမရတာမျိုးတွေ့ကြုံရတတ်တယ်... ၎င်းအရာသည် ကျောက်ခွံပေါ်၌ ကျောက်သားအားပျက်စီးစေနိုင်သော အဖျက်အဂ်ါရပ်များပါရှိနေလို့ဖြစ်ပါသည်...
အခွံပေါ်တွင် ယမ်းဖွဲ့စည်းပုံကောင်းမွန်နေသော်လည်း တခြားသောအဖျက်လက္ခဏာများဖြစ်သည့် စိုက်ရှင်း၊ အခွံပေါ်ရှိ အနာမျဥ်းများမှတဆင့် အတွင်းပိုင်းထိ ဝင်ရောက်နိုင်သော ယို့နာမျဥ်းများ၊
မဲ့များ၊ ယမ်းခေါင်းပေါ်ရှိ အဖြူဆံလေးများ၊ ခွံရောင် ညီညာမှု့မရှိခြင်း၊ ကျောက်ဆီမပြည့်ဝခြင်း
အစရှိသော ပြစ်ချက်များကြောင့် ကျောက်တလုံးသည် မည်မျှပင်အမြင်ကောင်းသော ပြချက်များပါရှိသော်လည်း ဖြတ်လိုက်လျှင်ပျက်စီးရခြင်းဖြစ်ပါတယ်.....
တရုတ်လူမျိုးရဲ့ အယူအဆတခုက ကျောက်စိမ်းတုံးတွေဟာ တခြားရိုးရိုးကျောက်တွေနဲ့မတူညီပဲ အသက်ရှိတယ်လို့ယူဆထားကြတယ်... ဒါဟာအမှန်တရားတခုလို့မြင်မိပါတယ်...
ဥပမာအနေနဲ့ ကျောက်စိမ်းတုံးတလုံးရဲ့ အခွံဖြစ်တည်ပုံကို သုံးသပ်ပြချင်ပါတယ်...
ကျောက်စိမ်းတလုံးရဲ့အခွံကိုကြည့်ပြီး ကျောက်၏ကောင်းခြင်း၊ ဆိုးခြင်းကိုခန့်မှန်းမယ်ဆိုရင် အခွံရဲ့ဖြစ်တည်မှု့ဟာ လူနဲ့သော်၎င်း၊ သစ်ပင်တွေနဲ့သော်၎င်း ထပ်တူထပ်မျှတူညီပါတယ်... လူတွေ၊ သစ်ပင်တွေရဲ့ သက်တမ်းအရ သက်တမ်းငယ်ရွယ်တဲ့အခါမှာနုနယ်ကြတဲ့အတိုင်း ကျောက်ရဲ့အခွံကလဲအရောင်နုရင် ကျောက်မျိုးနုတာမျိုး အသားနုတာမျိုးတွေဖြစ်တတ်ကြပါတယ်...
လူတွေ၊ သစ်ပင်တွေ အသက်ကြီးလာပြီး သက်တမ်းရင့်လာရင် လူ့အရေပြားတွေ သစ်ပင်တွေရဲ့သစ်ခေါက်အပွေးတွေ စိုစိုပြေပြေရှိမနေနိုင်တော့ပဲ ခြောက်သွေ့အက်ကွဲလာတတ်ကြသလိုပဲ ကျောက်အခွံတခုဟာလဲ သက်တမ်းအရမ်းကြာလာတဲ့အတွက် ခြောက်သွေ့ပြီး စိုပြေမှု့ကင်းမဲ့နေရင်လဲ ကျောက်သားမကောင်းတဲ့ဘက်ကိုရောက်သွားတတ်ပါတယ်... ဒါ့ကြောင့်အခွံနဲ့ပတ်သက်ရင် အရောင်စိုပြေရမယ် ခွံရောင်ညီညာမှု့ရှိတဲ့ကျောက်ခွံမျိုးကို ရှာကြည့်ပြီးဝယ်ယူတတ်ဖို့လိုပါတယ်...
မိတ်ဆွေအားလုံး ကျောက်ကောင်းကျောက်မြတ်တွေပိုင်ဆိုင်နိုင်ကြပါစေ...🙏🙏🙏
ကျောက်စိမ်း ဟာ ကမ္ဘာပေါ် မှာ ၃ နေရာ ပဲ တွေ့ရပါတယ် ။
.. အမေရိကန် နိုင်ငံ က
တက္ကဆက်စ် ပြည်နယ် ၊
တရုတ် က ကွမ်ကျိုးပြည်နယ် ရယ် နဲ့
ကျွန်တော် တို့ မြန်မာ နိုင်ငံ က ကချင်ပြည်နယ် တို့မှာပါပဲ
(ကွမ်ကျိုး ဟာ မှားနေရင် ပြင်ပေးကြပါ)
မှတ်ချက် ။ ။ ခန္တီး ဒေသ အပါအဝင်။
ဒီ ၃ နေရာ မှာ ပဲ တူးဖော် တွေ့ရှိနိုင်ပါတယ် ။
.. ယနေ့ထိ ၊ ဒီ၃ နေရာ က လွဲ လို့
တခြား ဘယ်နေရာ မှာ မှ မတွေ့ရသေးပါဘူး ။
.. ဒီ၃နေရာ ထဲ မှာ မှ ၊
ကမ္ဘာ့အကောင်းဆုံး ကျောက်စိမ်း ကို
မြန်မာ နိုင်ငံ မှာပဲ တူးဖော် ရရှိနိုင်ပါတယ် ။
.. ဆိုလိုချင်တာ က
ကျန် ၂ နေရာ က ထွက်တဲ့ ကျောက်စိမ်းဟာ မဖြစ်စလောက် အနည်းအကျဉ်းသာ ဖြစ်ပြီး ၊ အရည်အသွေး ကြ တော့ လည်း မြန်မာနိုင်ငံ ကို မမှီပါဘူး ။
.. ဒါကြောင့်မို့လည်း
မြန်မာ့ကျောက်စိမ်း ဟာ ကမ္ဘာမှာ နာမည် ကျော်ကြား နေရတာပါ ။
.. ကျောက်စိမ်း ကို
ဘယ်နေရာ တွေ မှာ သုံးသလဲ ဆိုရင်….
ပုတီး၊လက်ကောက် ၊ဆွဲပြား ၊ ဘုရားဆင်းတု ၊ ပန်းပု ထုခြင်း ၊ ကျောက်စိမ်းပန်းချီ စသည်ဖြင့် သုံးခဲ့ကြပါတယ် ။
.. ယနေ့
တိုးတက်လာတဲ့ ခေတ်ကြီး မှာတော့
ပိုက်ဆံ တတ်နိုင်သူများ ဟာ
ကျောက်စိမ်းကို ပါကေးပြား အရွယ်
ထုတ်လုပ် ပြီးနေအိမ်တွေ မှာ
ပါကေးတွေ ခင်းလာပါတယ် ။
.. ( ချမ်းသာကြွယ်ဝ မှုပေါ့)
အိမ်တွေ မှာ မီးဆိုင်းတွေ ကို
ကျောက်စိမ်း တွေ နဲ့ထုတ်လုပ်လာတယ် ။
.. ကားတွေ ထဲ က ဖင်ထိုင်ခုံ အောက်မှာ ကျောက်စိမ်းလုံးလေး တွေ ကို အခင်းသဖွယ် ယက်ပြီး ခင်းကြတယ် ။
.. ကျောက်စိမ်း ရဲ့သဘောသဘာဝ က အအေးဓါတ်ရှိပါတယ် ။
.. ရေနံသူဌေး နိုင်ငံတွေ ဖြစ်တဲ့ ၊
အာရပ် တွေ ဆီ မှာ ဆိုရင် ကျောက်စိမ်းကုတင် ၊ ကျောက်စိမ်း ထိုင်ခုံ စသည်ဖြင့် သုံးစွဲ ကြပါတယ် ။
. ကျွန်တော် သိခဲ့ ရတဲ့ ယမ်း ( crystal ) အကြောင်းလေး ရေးပြပါမယ် ။
.. သာမန်
လမ်းဘေး က ကျောက်တုံး တစ်တုံး နဲ ့ ကျောက်စိမ်း တုံး(အရိုင်းတုံး)နဲ့၊
ဘယ်လို ခွဲ ခြား မလဲ ဆိုရင်…
ဒီ ယမ်း ပါမပါ ကို ကြည့်ပြီး ခွဲ နိုင်ပါတယ် ။
.. ကျောက်စိမ်းတုံး အရိုင်းတုံး တွေ ကို နေရောင်အောက် မှာ
အနီးကပ် ကြည့်လိုက်မယ် ဆိုရင် ၊
လက်လက် လက်လက် နဲ ့လက်နေတဲ့
အမှုန် လေး တွေ ကို မြင်ရပါမယ်
(ဟင်းချိုမှုံလို အဖတ်လေးများ)
.. အနီးစပ်ဆုံး ဥပမာ ပေးရရင် ၊
စာရွက် အဖြူ တစ်ရွက်ပေါ်မှာ ဘောပင် နဲ့အစက်ကလေးတွေ ချလိုက်သလို ပါ ။ အစက်လေးတွေ ပါ ။ လက်နေပါတယ် ။
.. မှောင်တဲ့ နေရာမှာဆိုရင်တော့ ကျောက်ကြည့် ဓါတ်မီး နဲ့ထိုးကြည့်ရင် မြင်ရမှာပါ ။
( ဒီနေရာ မှာ ပြောချင်တာ တစ်ခု က တော့ ၊ ရွှေတို့ငွေတို့အစရှိသဖြင့် အခြား သတ္တု များ ပါဝင်တဲ့ ကျောက်ရိုင်းတုံး မှာလည်း လက်လက် လက်လက် တောက်နေပေမယ့် ၊
ကျောက်စိမ်း နဲ့တော့ တခြား စီပါ ။
ရွှေ တို့ငွေ တို့မှာ လက်လက် လက်လက် က သူ့အရောင် အလိုက် တောက်ပါတယ် ။ )
.. အဲဒီ လက်လက် လက်လက် လေးတွေ ကို
ယမ်း လို့ခေါ်ပါတယ် ။
ကျောက်စိမ်းအရိုင်းတုံး ကို ယမ်းပါဝင်မှု ၊
ယင်း ပါရှိမှု ပုံစံ ကို ကြည့်ပြီး ကျောက်စိမ်းအရိုင်းတုံး ကို
အခုလို ခွဲခြား လို့ရပါတယ် ။
.. ယမ်းချောရင်
အတွင်းက ကျောက်စိမ်းသား ချောပါမယ် ။
( ဆိုလိုချင်တာ ယမ်း က မှုန်မှုန်လေး တွေ နဲ့စုနေတာပါ )
ယမ်းကြမ်း ရင် အတွင်းက အသားကြမ်းပါမယ် ။ ( လက်လက် လက်လက် ယမ်းတွေ ဟာ ကျဲနေတာပါ )
ယမ်းစိပ် ရင် ကျောက်သား တင်းပါမယ် ၊ ကျောက်သား ကောင်းပါမယ်
( လက်လက်လေးတွေ စုနေတာပေါ့ )
ယမ်းကျဲ ရင်တော့ ကျောက်သား မကောင်းပါဘူး ။ (ဒီလိုကျောက်မျိုး ကို ဝယ်ရောင်း မလုပ်သင့်ပါဘူး )
.. အဓိက ယမ်း (၃) မျိုး ရှိပါတယ်
ယမ်းလုံး ၊ ယမ်းရှည် နဲ့ယမ်းပြား ပါ
.. ယမ်းလုံး ဆိုတာ က
ကျောက်ရိုင်းတုံး ရဲ့အခွံ ၊ မျက်နှာပြင်မှာ လက်လက် လက်လက်လေး တွေ က ၊ သကြားပွင့် ဆားပွင့်လေးတွေ လို ဖြစ်နေတာပါ ။ အဲဒီ ကျောက်ဟာ အရည် ကောင်း ပါတယ် ။
.. ယမ်းရှည် ဆိုတာ က
ကျောက်ရဲ့မျက်နှာပြင် မှာ
အပ်ချောင်းလေးတွေ လို ၊
ဟင်းချိုမှုန်ရှည်ရှည်လေးတွေလို မြင်ရတာပါ ။ အဲဒါမျိုး တွေ ့ရရင်တော့ အဲဒီကျောက် ဟာ အသား ကောင်းပါတယ် ။
.. ယမ်းပြား ဆိုတာ ကတော့ လက်လက် လက်လက် လေးတွေ ဟာ အရမ်းကြီး အရွယ် ကြီးနေမယ် ။( ဆားပွင့် ၊ သကြားပွင့် အရွယ် ထက် ပိုမယ် ) ဒါဆိုရင် အရည်ရော အသားရော မကောင်းနိုင်ပါဘူး ။
.. ယမ်းပြား မှာ ကို ၃ မျိုး ထပ်ခွဲ နိုင်ပါတယ် ။
(၁)ယင်ထောင်ယမ်း
(၂)မာယားယမ်း
(၃)ခွေးရိုးထိုး ဆိုပြီး ပေါ့
.. ယင်ထောင်ယမ်း ဆိုတာ က
လက်လက် လက်လက် တောက်နေတဲ့ ယမ်းပေါ့ ။ ယင်ကောင် တစ်ကောင် အရွယ် ခန့်ရှိပါတယ် ။ သူပါရင် အရည်အသား မကောင်းဘူး ။ ဈေးအများကြီး မပေးသင့်ပါဘူး ။
.. မာယား ဆိုတာ က
ယင်ကောင် အရွယ်ထက် ပိုကြီးမယ် ။ ရှောင်ရပါမယ် ။
.. ခွေးရိုးထိုး ဆိုတာ က တော့
မာယား ထက် အရွယ်ပိုကြီးတယ် ။
သူ့ကို တွေ့ရင် အဲဒီကျောက် ကို ရှောင်ရပါမယ် ။
ဗဟုသုတရစရာတွေကိုဆက်လက်တင်ပေးသွားမှာဖြစ်သဖြင့် page လေးကို like & follow လုပ်ထားဖို့မမေ့နဲ့နော် 🙏
crd...
Happy New year2024 🎉🎉🎉
နှစ်သစ်မာ ပျော်ရွှင်ပီး ကောင်းသောကံများသာ ရောက်လာပီး အသက်ရှုတိုင်း ၀င်ငွေသော နှစ်တစ်နှစ် ဖစ်ပါစေလို့ Zuli Gems & Arts Team မှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် ရှင့်❤️
အိမ်ထဲ၀င်ပီးအနုကြမ်းစီးခံရမှုဖြစ်ပွား
အချက်30တောင် လူရင်းအသိထဲကဓားနဲ့ထိုးသွားတာ
အနုကြမ်းစီးတဲ့ လူယုတ်မာ အကောင့်နဲ့ရုပ်
မြန်မာ့စိန်အကြောင်း💎💎
ပြည်ထောင်စုမြန်မာနိုင်ငံတွင် စိန်ကို မိုးကုတ်၊ မိုးမိတ်နှင့် သပိတ်ကျင်းမြို့နယ်၊ သုံးခုဖိုခုံလောက် ဆိုင်ဝန်းရံထားသည့်မိုးမိတ်မြို့နယ် ကြိမ်တောရွာဒေသတွင် စတင်တွေ့ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ကြိမ်တောရွာသူရွာသားများက နီလာနှင့် ပတ္တမြားရှာဖွေရင်း စိန်ကို စတင်တွေ့ရှိခဲ့ကြတယ်လို့ ဆိုပါတယ်။
ယင်းစိန်ကို ကျောက်သားနှစ်မျိုးတွင် တွေ့ရတတ်ပြီး ပထမကျောက်သားတစ်မျိုးမှာ“ဗေ့”နှင့်”ဗေ့လွန်”ကျောက်သားမျိုးရှိရာ မီးသင့်ကျောက်များ ဖြစ်ပါသည်။ ထိုကျောက်သားမျိုးတွင် မူလအခြေခံအနေဖြင့် တွေ့ရတတ်ပါသည်။အခြားကျောက်သားတစ်မျိုးမှာ မူလအရင်းတည်ရာ ဒေသမှ အတူမျောပါလာသည့် ရေဆောင်ကျောက်နည်များတွင် တွေ့ရတတ်သည်။ မိုးကုတ်ဒေသ၏ ဘူမိဗေဒအခြေအနေမှာ” ဂရန်နူလိုက် လိပ်သဲ”ကျောက်မျိုးဖြစ်သည်။ ထိုကျောက်သားမျိုးသည် မိုးမိတ်လွင်ပြင်အထိ ထိုးဝင်သွားည်။ မိုးမိတ်နယ်တွင် ကျောက်သားမျိုးအများစုကို “တတိယ ကပ်အနည်ကျ ကျောက်သား ” များက ဖုံးလွှမ်းထားသည်။ ယင်းဒေသတွင်”အဓိကမီးသင့်အောင်းကျောက်”နှင့်”နှမ်းဖတ်ကြီး ကျောက်ကြောများ”ကိုတွေ့ရပြီး အခြားသတ္တုများလည်း ရောနှောနေတတ်သည်။ မိုးမိတ်၏ အနောက်မြောက်ဘက် ဆယ်မိုင်ခန့်အကွာတွင် မျက်ရွဲကျောက်များကိုလည်း နှမ်းဖတ်ကြီးကျောက်မှ ရွေးချယ်တွေ့ရှိဖူးသည်။ အရှည်သုံးလက်မရှိသောအစိမ်းရောင်မျက်ရွဲကျောက်ကိုပင် တွေ့ခဲ့ဖူးပါသည်။ ကြွေကျောက်နှင့် မီးခိုးရောင်သလင်းကျောက်များကိုလည်း တွေ့ရသည်။ ထို့ကြောင့် ယင်းဒေသမြောက်ဘက်ရှိ ကျောက်စိုင်တွင် စိန်များ အခြေတည်ရှိမည်ဟု တွက်ဆခဲ့ကြသည်။
ကျောက်မျက်ရတနာကုန်သည်တစ်ဦးက ၁၉၅၉ခုနှစ်အတွင်းက မိုးမိတ်မှ ကျောက်မျက်တချို့ကို ဝယ်ယူခဲ့သည်။ သူဝယ်ခဲ့သောကျောက်များမှာ စိန်များဖြစ်နေကြောင်း နောင်သောအခါမှ သိရှိရပြီး ခွဲစိတ်သွေးဖြတ်၍ ရောင်းချခဲ့သည်။ ၁၉၇၁ ခုနှစ်အောက်တိုဘာအတွင်းက စတင်၍ မိုးမိတ်ဒေသအတွင်း၌ ဘူမိဗေဒ လေ့လာမှုများ ပြုလုပ်ခဲ့သည်။ ထိုဒေသမှာ ကြိမ်တောရွာ နှင့် ခြောက်မိုင်ဝေးသော “ရင်းဗြား” နှင့် “သပြေချောင်းကော”တို့တွင် ဖြစ်သည်။
Satellite Map များကိုလေ့လာရာတွင်လည်း ထိုဒေသနှစ်ခုပါဝင်ခဲ့သည်။ ထိုဒေသတွင် ပတ္တမြားနှင့်နီလာကျောက်မျက်များ ရှာဖွေတူးဖော်သည့်လုပ်ငန်းများမှာ မည်သည့်အချိန်က စတင်ခဲ့သည် မသိရသော်လည်း ဒေသခံတို့မျှော်ကိုးကြသည့် ကျောက်မျက်ရတနာများတွင် စိန်မပါခဲ့ပါ။ ယင်းဒေသခံတို့သည် ပတ္တမြားနှင့်နီလာကိုသာ အလေးထားရှာဖွေနေကြလေသောကြောင့် စိန်များပါလာလျှင်လည်း သတိထားမိမှာမဟုတ်ပါ။ ထို့ကြောင့်လွန်ခဲ့သောနှစ်နှစ်ဆယ်မှ ကျောက်မျက်ရှာဖွေရေးတွင် စိန်ကို သတိပြုရကောင်းမှန်း သိလာကြသည်။ ထို့ကြောင့် လွန်ခဲ့သော ၁၉၉၀ ခုနှစ်ဝန်းကျင်က နှစ်အနည်းငယ်အတွင်းကို စိန်ရိုင်းတုံးအလုံး ၁၅၀ ကျော် တူးဖော်ရရှိခဲ့သည်ဟု ဆိုကြသည်။ တွေ့ရှိရသည့်စိန်များမှာ တစ်ကာရတ်မပြည့်သည့်အရွယ်မှ ငါးကာရတ်အရွယ်အစားထိ အစားစားဖြစ်သည်။ အရောင်အဆင်းမှာလည်း အမျိုးမျိုးဖြစ်ပြီး အရောင်မဲ့၊ အဖြူရောင်နှင့်အဝါရောင်အမျိုးမျိုးကို တွေ့ရှိခဲ့သည်။ ထိုစိန်တုံးအချို့ကို ဓာတ်ခွဲခန်းစစ်ဆေးကြည့်သောအခါ အနည်းငယ်ပုံပျက်နေသော်လည်း ရှစ်မျက်နှာတုံးများဖြစ်ပြီး မျက်နှာပြင်အနည်းငယ်ခွက်နေသည်။ ယင်းစိန်၏ သိပ်သည်းဆမှာ ၃ ဒဿမ ၅၃ ဖြစ်ပြီး အရောင်မဲ့ ဖြစ်သည်။ ‘ခရမ်းရောင်လွန်ဓာတ်ရောင်ခြည်’ ဖြင့် ထိုးကြည့်သောအခါ အပြာနုရောင်သန်းနေပြီး အနာအဆာလုံးဝမရှိလောက်အောင် ကောင်းမွန်နေသည်ကို တွေ့ရှိခဲ့ရပါသည်။ ၁၉၇၄ ခုနှစ်လောက်တွင် ပညာရေးဝန်ကြီးဌာနနှင့်သတ္တုတွင်းဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ကာ သုတေသနတစ်ခု ပြုလုပ်ခဲ့ကြသည်။ ထိုသုတေသန၏ ရည်ရွယ်ချက်မှာ မြန်မာ့စိန်များ၏ မူလအရင်းအမြစ်ကို ရှာဖွေဖော်ထုတ်ကြရန် ဖြစ်သည်။ ယခုအခါတွင် စိန်များကို တူးဖော်ရရှိနေပြီဖြစ်သကဲ့သို့ မူလအရင်းအမြစ် စိန်ထွက်ရာအရပ်ဒေသများကိုလည်း တွေ့ရှိခဲ့သောကြောင့် တူးဖော်နေကြပြီ ဖြစ်သည်။
ကားတိုက်မူနဲ့ သားဖြစ်သူကွယ်လွန်သွားကြောင်း ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ သရုပ်ဆောင်မေသဥ္ဇာဦး ထပ်တူ၀မ်းနည်းရပါတယ်😢
စိန်သည် ကျောက်မျက်ရတနာများအားလုံးထဲတွင် အဖိုးထိုက်တန်ဆုံးနှင့် လူကြိုက်အများဆုံး ကျောက်မျက်ရတနာ တစ်ခုဖြစ်သည့်အပြင် လှပပြီး မာကြောမှုအရှိဆုံးကျောက်မျက်ရတနာ တစ်ခုဖြစ်သောကြောင့် လူကြိုက်အများဆုံးဖြစ်သည်နှင့်အညီ စိန်အကြောင်းလေ့လာနေသောသူများနှင့် စိန်ချစ်သူများအတွက် ရည်ရွယ်၍ ယနေ့ခေတ် ဈေးကွက်တွင် တွေ့ရသော စိန်အမျိုးအစားများအကြောင်းကို ဖော်ပြပေး လိုက်ပါသည်။
ဈေးကွက်တွင်တွေ့ရသော စိန်များကို အကြမ်းအားဖြင့် အဆင့်သတ်မှတ်ချက်အလိုက် ခွဲခြားနိုင်သလို GIA Certificate သတ်မှတ်ချက်အဆင့်အလိုက်လည်း ခွဲခြားကြပါသည်။ ဒါ့အပြင် စိန်၏ အရောင်များ၊ ကာရက်များနှင့် သဘာဝ ပုံပန်းသဏ္ဌာန် အရ သော်လည်းကောင်း စ သည်ဖြင့် တန်ဖိုးခွဲခြားလေ့ ရှိကြပါသည်။
ပထမဆုံးစိန် အမျိုးအစားမှာ သဘာဝစိန်များ ( Natural Diamond) ဟုခေါ်သော သဘာဝအလျှောက်ဖြစ်ပေါ်သော စိန်သည် တန်ဖိုးအကြီးဆုံးဖြစ်ပြီး သူ၏ အရွယ်အစား၊ ပုံပန်းသွင်ပြင်နှင့် အရောင်များသည် အမျိုးမျိုးရှိကာ ကာရက်အလိုက်တန်ဖိုးမြင့်မားသည့် ဈေးကွက်တွင်တွေ့ရသော တန်ဖိုးအကြီးဆုံး စိန်ဖြစ်ပါသည်။
ဒုတိယ စိန်များမှာImitation Diamond ဟုခေါ်သော လူလုပ်စိန်များဖြစ်ပြီး ဓာတ်ခွဲခန်းတွင် ဖန်တီး၍ ပြုလုပ်ထားသည့် စိန်အမျိုးအစားဖြစ်ပြီး သူသည်လည်း အရောင်အသွေးနှင့် အရွယ်အစား အမျိုးမျိုးရှိကာ လူတို့စိတ်တိုင်းကျ ပြုလုပ်ဖန်တီးထားသောကြောင့် တန်ဖိုးအားဖြင့် သဘာဝစိန်တန်ဖိုး၏ ၅၀ ရာခိုင်နှုန်းဝန်းကျင်ခန့် ကွာခြားနိုင်ပါသည်။
ပျက်စီးသွားသည့် စိန်များကို ပြန်လည်ပြုပြင်ခြင်းနှင့် ပြင်ဆင်ခြင်း ပြုလုပ်သော စိန်အမျိုးအစားကိုလည်း ဈေးကွက်တွင် တွေ့ရပါသည်။ ထိုစိန်များသည် သဘာဝအလျောက် ရရှိလာသော စိန်များ ပျက်စီးသွားသည့် အခါမျိုးတွင်ဖြစ်စေ၊ လူများပြုလုပ်ဖန်တီးထားသော စိန်များ လိုချင်သည့်ပုံစံမရသည့်အခါမျိုးတွင်ဖြစ်စေ ထိုစိန်များကို နည်းပညာ တစ်ခုအနေနှင့် ပြန်လည်ပြုပြင်ဖန်တီးပြီး ဈေးကွက်တွင် တန်ကြေးတစ်ခုအနေနှင့် ရောင်းချကြသော စိန်အမျိုးအစားများဖြစ်ပါသည်။
ဈေးကွက်တွင် နောက်ထပ်တွေ့ရှိရသောစိန်များမှာ သဘာဝဖန်စီအရောင်ရှိသည့် စိန်များဖြစ်ပြီး ထိုစိန်များသည် တွေရှိမှု ရာခိုင်နှုန်းအနည်းဆုံးနှင့် တန်ဖိုးအမြင့်ဆုံး စိန်များဖြစ်ပါသည်။အရောင်အားဖြင့်ဆိုလျှင် အပြာ၊ ခရမ်းရောင်၊ အနီ၊ အစိမ်း၊ အဝါ၊ မီးခိုးရောင်၊ အဖြူရောင်နှင့် အနက်ရောင် အစရှိသည့်အရောင်များကို သဘာဝအတိုင်း တွေ့ရှိရသလို လူတို့ဖန်တီးထားသော စိန်များလည်းတွေ့ရှိရပြီး တန်ဖိုး သတ်မှတ်ချက်အားဖြင့်ဆိုလျှင် အမျိုးအစားပေါ်မူတည်၍ သတ်မှတ်ထားခြင်းမျိုး ရှိပါသည်။
ယနေ့ခေတ်တွင် အထက်ဖော်ပြပါ စိန်အမျိုးအစားများသည် ဈေးကွက်တွင် တွေ့ရှိရလေ့ရှိသော အမျိုးအစားများဖြစ်ပြီး ဈေးနှုန်းသတ်မှတ်ချက်အားဖြင့် GIA Certificate ရယူထားသည့် စိန်များဖြစ်ပါက ကာရက်တူလျှင်တောင် ဈေးနှုန်းအားဖြင့်ကွာခြားနိုင်ပါသည်။
#မယ်ရီခရစ္စမတ် 🎄⛄
ခရစ္စမတ်မှာ ပျော်ရွှင်စရာများနဲ့အတူ
ဖြတ်သန်းနိုင်ကြပါစေနော် 😘
စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့
ပြည့်စုံပီး ချစ်ရသူတေနဲ့ ပျော်ရွှင်ခြင်းတေကိုဝေမျှနိုင်ကြပါစေလို့ Zuli Gems &Arts မိသားစု မှ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် 🥰🥰
คลิกที่นี่เพื่อเป็นสมาชิก?
วิดีโอทั้งหมด (แสดงผลทั้งหมด)
ประเภท
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Mae Sot
Mae Sot
DM for order� Make your day Special and dreamy�� Luxury Handmade ��� Nikkah pens,Doodh p
148 ม. 1 ต. แม่กุ อ. แม่สอด จ. ตาก
Mae Sot, 63110
จำหน่ายเฟอร์นิเจอร์ไม้สักและของตกแต่งบ้าน