Pixel's Sharing

Pixel's Sharing

ตำแหน่งใกล้เคียง ศิลปะและความบันเทิง

Confirm
Confirm
เลียบทางด่วน, Bangkok

Share & Tips

Photos from Pixel's Sharing's post 30/08/2024

" ဆုတောင်းပြည့်တဲ့ Ganesha ဟိန္ဒူနတ်ဘုရားကျောင်း" သို့
------------------------------------------------------------------------------
Huai Khwang (အပြာလိုင်း MRT) နားက မီးပွိုင့်ထောင့်မှာရှိတဲ့ Ganesha ဟိန္ဒူဘုရားကျောင်းမှာ ဆုတောင်းပြည့်တယ်ဆိုလို့ အပြောများလို့ သွားဆုတောင်းခဲ့ပါတယ်။ ‌ကိုယ်တိုင်တော့ ၂ခုဆုတောင်းတာ တကယ် ဆုတောင်းတစ်ခု ပြည့်ခဲ့လို့ ပြန်ရှဲတာပါ။ နိုင်ငံခြားသားအဖြူတွေကအစ တရုတ်၊ထိုင်းလူမျိုးတွေပါ လာဆုတောင်းတာ တွေ့ရတယ်။

ကိုယ်တိုင်သေချာမသိပဲရောက်သွားခဲ့ပေမယ့် အဲ့မှာ Ganesha နတ်ဘုရားအပြင် Trimurti ရုပ်ထု၊ Ratu ရုပ်ထု နဲ့ Mooshika လို့ခေါ်တဲ့ (ဖီးနွန်) ကြွက်ရုပ်ထုလေးရှိပါတယ်။ ထူးခြားတဲ့ ဆုတောင်းမှုလုပ်ရတာ အဲ့ ဖီးနွန် 🐁ပါ သူ့ဆီမှာ ဆုတောင်းရင် သူ့နားတစ်ဖက်ပိတ်ပြီး ကျန်တစ်ဖက်နားက ကိုယ်က ကပ်ပြီးတိုးတိုးလေးဆုတောင်းရပါတယ်။ ဒုတိယပုံမှာ ဆုတောင်းပုံကိုကြည့်လို့ရပါတယ်။

Ganesha ဟိန္ဒူနတ်ကွန်းမှာ သွားဆု‌တောင်းဖို့ အကောင်းဆုံးရက်ကတော့ အင်္ဂါနေ့နဲ့ ကြာသပတေးနေ့မှာ ဆုတောင်းပိုပြည့်တယ်လို့ပြောကြတယ်။ မင်မင်သွားခဲ့တာတော့ ကြာသပတေးနေ့ပါ။ ၂ခုဆုတောင်းတာ တစ်ခုပြည့်လာခဲ့တယ်ဆိုတော့ Huai Khwang ဘက်ရောက်ခဲ့ရင် ဝင်ဆုတောင်းသင့်ပါတယ်။ ဝေးလို့ မသွားနိုင်တဲ့သူတွေကတော ပို့စ့်ရှဲပြီး ဆုတောင်းကြည့်ပါ။ (ဆုတောင်းတယ်ဆိုပေမယ့် ကိုယ့်ရဲ့ကြိုးစားမှုလည်း လိုပါသေးတယ်နော်)

ဆုတောင်းပုံ (မင်မင်ဆုတောင်းနည်းပါ 😁)
------------------
Ganesha နတ်ဘုရားရုပ်ထုဘေးက ဆိုင်ခန်းမှာ ပန်း‌ကုံးဝယ်ပါတယ်။(ပုံမှန်ဆို အလှူငွေထည့် ဘတ်၃၀ ထည့်လို့ရပါတယ်) ထိုင်းလိုရေးထားပါတယ်။ မင်မင်က ဘူမသိကိုးမသိနဲ့ ပန်း‌ကုံးယူ ဘတ် ၁၀၀ ထိုးပေးတာ ဘတ် ၉၀ပြန်အမ်းပါတယ်။
အလှူငွေထည့်ဖို့ လက်ညှိုးထိုးပြပါတယ်။ နားမလည်လို့ မထည့်ခဲ့ပါဘူး 🥲 တချို့ဆို ရေကပ်လှူတာ ခြုံပုဝါ‌တွေ မုန့်တွေ ဝယ်ကပ်ပါတယ်။ တချို့ဆို ပလပ်စတစ်လောင်းထားတဲ့စာရွက်တောင်ပါပါတယ်။

မင်မင်ကတော့ အဲ့တာတွေမပါ ‌ပန်းကုံး၊ အမွှေးတိုင် ၅ချောင်း၊ ဖယောင်းတိုင် ၁တိုင်နဲ့ Ganesha နတ်ဘုရားရှေ့မှာ ‌ဖယောင်းတိုင်ထွန်း အမွှေးတိုင်ထွန်း လက်အုပ်ချီ ပန်းကုံးကိုင်လျက်နဲ့ ဆုတောင်းခဲ့တာပါ။ (အမွှေးတိုင်းနဲ့ ဖယောင်းတိုင်) အလကားပေးတာပါ။ (Ganesha နတ်ဘုရားရှေ့က ဘီလူးရုပ်ထုရှိပါတယ် အဲ့တာတော့ မဆုတောင်းခဲ့ပါဘူး။)

ဆုတောင်းပြီးတာနဲ့ ပန်းကုံးကို Ganesha နတ်ဘုရားရုပ်ထုအောက်ခြေမှာသွားထား နတ်ဘုရားရုပ်ထုကို လက်နဲ့ကိုင် ပြီးရင် ခေါင်းကိုသပ်ပါတယ်။ ပြီးတာ‌နဲ့ Ganesha နတ်ဘုရားဘေးနားက ကြွက်ရုပ်ထုလေးမှာ လူတန်းစီပြီး ဆုတောင်းပါတယ်။ ဒုတိယပုံမှာကြည့်လို့ရပါတယ်။ အဲ့တာပြီးတာနဲ့ တတိယ Trimurti ဆိုတဲ့ နတ်ဘုရားရှေ့မှာ လက်အုပ်ချီ ထပ်ပြီး ဆုတောင်းခဲ့ပါတယ်။ အဲ့တာတွေအကုန်လုံးက မင်မင်သိလို့မဟုတ်ပဲ ရှေ့ကသူတွေ လုပ်သလို လိုက်လုပ်ရင်းသိလာတာကိုပြန်မျှဝေတာပါ။ အဲ့မှာ ဝန်ထမ်းလေးတွေရှိပါတယ် ခြုံပုဝါကပ်ရင် သူတို့ကလုပ်ပေးတာပါ။

ကဲ ဝေးလို့ မသွားဖြစ်တဲ့သူတွေက ပိုစ့်ကို share ပြီးဆုတောင်းကြည့်ပါ။ (ပြည့်မပြည့်ကတော့ ကိုယ်ဆုတောင်း‌တဲ့ပေါ်မှာပဲမူတည်ပါတယ်)။ မင်မင်ကတော့ ၂ချက်မှာ ၁ချက်ပြည့်ခဲ့လို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။
အားလုံးပဲ အဆင်ပြေကြ‌ပါစေ။ ။

Location Maps
https://maps.app.goo.gl/eRoWkNcmgZzoGVGU6


#ဟိန္ဒူဘုရားကျောင်း

20/08/2024

Food Vlogs ရိုက်ချင်ပါသော်လည်း
ကြက်ဥကြော်နဲ့ထမင်းတောင် နှပ်မှန်အောင်
စားနေရသောအခါ.....🥹

12/08/2024

ကျပ် 💸 ဈေးကြည့်ပြီး အိပ်တောင် မအိပ်ရဲတော့ဘူး
သူငယ်ချင်းလေးတို့...မနက် နေ့ထွက်မှာတောင်ကြောက်နေပြီ
မနက်မိုးလင်း စပရိုက်ဆိုပြီး ထိပ်စီး ၂ပြောင်းနေရင် ဒိုးခ 😥

#လမ်းပျောက် #ရင်မှာဝမ်းနည်းကြေကွဲ

03/08/2024

ငွေဝင်နည်း ယတြာ ✨
သူငယ်ချင်းကတော့ တကယ်ရတယ် ပြောတယ် ဒါပေမယ့်
လူ့ပြည်မှာတော့မရှိတော့ဘူး 🙂

28/07/2024

Thailand toilet in summer 🥹
ခေါက်ဆွဲပြုတ်၊ ကြက်ဥပြုတ်၊ ကော်ဖီပါ ဖျော်လို့ရတယ် 🤌

The registration form of orientation of Certificate Program in Teaching English for Teachers (International Program) of Curriculum and Teaching Department, Faculty of Education, Mahachulalongkornrajavidyalaya University, on 27 July 2024, at 8:30... 27/07/2024

မဟာချူလာ‌လောင်ကွန်းကျောင်းရဲ့ orientation အတွက် register လုပ်ရမယ့်linkရယ် meeting Link ရယ်ပါ။

ဒီနေ့က စပါတယ်။ ပြန်shareပေးခြင်းသာဖြစ်ပါတယ်။

The registration form of orientation of Certificate Program in Teaching English for Teachers (International Program) of Curriculum and Teaching Department, Faculty of Education, Mahachulalongkornrajavidyalaya University, on 27 July 2024, at 8:30 am.- 4:00 pm.

>>>>https://forms.gle/Kmk8MMMHqewqfhVJ7

Cheke your name after you registed
>>>>https://docs.google.com/spreadsheets/d/1oXtHnfrtQH1OaBSb-kWgRKPJHdWYN3xEyYgm2coz6Lo/edit?usp=sharing

📍📍Programme
New Student Orientation Ceremony
Certificate Program in English for Teachers
Department of Curriculum and Teaching, Faculty of Education
Mahachulalongkornrajavidyalaya University
Academic Year 2024📍📍

⏰The meeting room is open at 08:30 a.m. -4 p.m.⏰
On 27 July 2024
👉🏻Room No.1 (1000 persons)
2141057825
https://zoom.us/j/2141057825
👉🏻Room No.2 (1000 persons)
6080937842
https://zoom.us/j/6080937842
👉🏻Room No.3 (1000 persons)
3507111409
https://zoom.us/j/3507111409
👉🏻Room No.4 (1000 persons)
8249782869
https://zoom.us/j/8249782869
👉🏻Room No.5 (1000 persons) 7412700514
https://zoom.us/j/7412700514

The registration form of orientation of Certificate Program in Teaching English for Teachers (International Program) of Curriculum and Teaching Department, Faculty of Education, Mahachulalongkornrajavidyalaya University, on 27 July 2024, at 8:30... ใส่ข้อความของคุณที่นี่

Photos from Pixel's Sharing's post 21/07/2024

ဗိုလ်တစ်ထောင်ကမ်းနားလမ်း (သို့) ပင်လယ်ဝ သို့
Kheha BTS ကနေ ဘတ် ၂၀ နဲ့သွားမယ် 🩵🏖️🌊
ဘယ်လိုသွားရလဲဆိုတာ တစ်ပုံချင်းမှာ အသေးစိပ်ပြောပြပေထားပါတယ်ခင်ဗျ။

#ပင်လယ်ဝ #ဗိုလ်တစ်ထောင်ကမ်းနား

16/07/2024

Burmese food in Partunam 😚
မန်းကျည်းရွက်သုပ်လေး🤤 (ဒီဆိုင်က ပိုလက်ရာကောင်းတယ်)...

13/07/2024

နံနံခြားရောက် မိမိနှင့်မိမိသူငယ်ချင်း...🥲

Photos from Pixel's Sharing's post 12/07/2024

အခုတလော အကောင့်အတုတွေနဲ့ ငွေလိုက်ညှစ်နေတာတွေ သတိထားကြပါ သူငယ်ချင်းတို့။ ကိုယ့်ကို တာဇံထင်ပြီး လာအပ်တာ IG က ပုံတွေကို Crop ဖြတ် တင်ထားတဲ့ ပုံတွေနဲ့ (Crop လည်း သေချာမဖြတ်တတ်ဘူး) 🥲 ပုံပါအကောင့်ပါ Account link ပါ ချပေးထားတယ်။

လုပ်တဲ့အကွက်တွေက တာဇံအကွက်တွေ -
၁။ ဘာကိစ္စမှမရှိပဲ ပလိန်းကြီး ဝင်ရောမယ်။ ဟိုင်း စားပြီးပြီလား ဘာညာတောင် intro မဝင်တတ် 🥲

၂။ အလုပ်အကိုင်တွေ တစ်လဝင်ငွေတွေ ပလိန်းကြီးမေးမယ်။ ပြီးရင် ပုံတောင်းမယ် Video ခနခေါ်ပြီး Camera ပိတ် SS ရိုက်မယ်။ ပြီးရင် လိုင်းပေါ်တင် ငွေညှစ်တော့တာပါပဲ။ အဲ့အကွက်တွေက ရိုးပါတယ်။ တာဇံတွေ ပိန်းဥတွေသာ ရမယ်နော်။
အကောင့်ကို ၇လပိုင်းပဲရှိသေးတာ ၊ ကိုယ်က IG မသုံးတော့ မသိရှာဘူး :) ပုံတွေက ဝါးနေတာ ၊ Crop ဖြတ်တာတွေ မသေသပ်တာတွေနဲ့တင် အကောင့်တုမှန်း သိနေပြီ တာဇံရဲ့ 🙂 လက်ကောင်းခြေကောင်းနဲ့ ကောင်းရာကောင်းဝယ်လုပ်စားကြ ဖုန်းဘေနဲ့ ပိုက်ဆံပေးချက်တဲ့သူတောင် နင်တို့ထက် အပုံကြီးသာတယ်။

ကိုယ်တွေ ၂၀၁၆ ၂၀၁၇ လောက်က လုပ်တဲ့ အကောင့်တုအကွက်ကိုတောင် မမှီပဲနဲ့ လာအစ်တာ အလုပ်မရှိလို့ ပျင်းနေလို့ ပြန်ပြောပေးလိုက်တာ။ အကောင့်တုမှန်းသိတယ်လည်း ပြောလိုက်ရင် စာတောင်ပြန်မလာတော့ဘူး။ 🤣
ကိုယ်တွေက အလုပ်ကိစ္စနဲ့ ရင်းနှီးတဲ့သူကလွဲရင် လက်ခံလေ့မရှိ အခုလည်းကိုယ့်ကို အလုပ်အပ်တဲ့ အကိုတစ်ယောက်နဲ့ Fri ဖြစ်နေလို့ လက်ခံပေးလိုက်တာ နာရီပိုင်းနဲ့ လာလုပ်တာ Crop တောင် သေချာမဖြတ်တတ်ပဲနဲ့ 🥲

https://www.facebook.com/share/p/kKygXvGoDewC9SQC/

Photos from Pixel's Sharing's post 09/07/2024

အယုဒ္ဓယမြို့မှာ ရှိတဲ့ မဟာချူလာလောင်ကွန်းတက္ကသိုလ် Mahachulalongkornrajavidyalaya University (MCU) ကို BTS (Yaek Kor Por Aor) ရေကပေါ်အော ကနေ

ဘားဂျတ်ချွေတာပြီး အသွားတစ်ကြောင်းကို ဘတ် (၃၉) နဲ့ လိုင်းကားစီးသွားလို့ရမယ့် လမ်းကြောင်းလေးပြောပြချင်ပါတယ်။ လိုင်းကားကတော့ ၃ဆင့်ပါ ပုံနဲ့စာနဲ့ တွဲရေးပြထားပါတယ်။ မှတ်တိုင်ကျော်တာတွေ ဖြစ်မှာစိုးရင် Google Maps ကြည့်သွားပါ နေရာနဲ့စီးရမယ့်ကားပါ တွဲကြည့်လို့အောင် ပြပေးထားပါတယ်ခင်ဗျ။ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ။

Video က‌တော့ နောက်မှပဲတင်ပေးပါတော့မယ်ခင်ဗျ။
ကျေးဇူးပါ။🤗

06/07/2024

MRT Pink line မှာ သွားနေရင်း Auto တံခါးပွင့်သွားတာပါ။ဖြစ်နိုင်ရင် တံခါးနားမှာ မရပ်တာ အကောင်းဆုံး သူငယ်ချင်းတို့ သတိထားကြပါ 😑
အဲ့ yellow လိုင်းနဲ့ pink လိုင်းက အသစ်တွေနော်။

02/07/2024

ဘန်ကောက်မြို့ထဲက မြန်မာအစားအစာတွေ အစုံရတဲ့ Feel စားသောက်ဆိုင်မှာ မုန့်ဟင်းခါးသွားစားမယ်...🍲

ဘယ်လိုသွားရလည်းဆိုတော့ ဘန်ကောက်မြို့ထဲက ပန်တူနမ် ( Pratunam )နားက လှေဆိပ်နဲ့ Big C ကြားမှာရှိပါတယ်။ မြန်မာအစားအစာတွေ အစုံရပြီး အရသာကလည်း မြန်မာကအတိုင်းရပါတယ်။ မြို့ထဲဆိုတော့ နည်းနည်းလေးတော့ မြို့ပြင်က ဈေးနဲ့နည်းနည်းကွာပါတယ် ။ အရသာနဲ့ ပေးရတာတော့ တန်ပါတယ်။ လမ်းကြုံရင် သွားဝယ်စားကြည့်လို့ရပါတယ်ခင်ဗျ။ နေရာမသိရင် အောက်မှာ Location လေးချပေးထားပါတယ်။ နောက်ဘာတွေဆက်ပြီးတင်ပြမလဲဆိုတာ ဆက်လက်စောင့်မျှော်ပေးကြအုန်းခင်ဗျ။ Youtube မှာလည်း သွားရောက်ကြည့်ရှုလို့ရပါတယ်။ 😊

Youtube Link
https://youtu.be/Q_gLxpVDA4U

Locations
https://maps.app.goo.gl/1ApcxyBC4Z5pv2Vg6

01/07/2024

နိုင်ငံခြားကိုမအူမလည်နဲ့ရောက်လာပြီး အလုပ်ရှာရခက်လို့
ရရာအလုပ်ကို မိမိနှင့် မိမိသူငယ်ချင်းများ စုလုပ်ကြသောအခါ -

01/07/2024

1.7.2024
----------------
ထိုင်းထီပေါက်စဉ် 🤗

Photos from Pixel's Sharing's post 28/06/2024

Job Expo Thailand 2024 (Day 1)

ကျွန်တော်က Productions, Social Media , Digital Media Marketing ပိုင်းကဆိုတော့ အဲ့အပိုင်းကဟာတွေ အဓိကသွားကြည့်ဖြစ်ခဲ့ပါတယ်။
Digital ပိုင်းက တွေ့ခဲ့တာဟာလေးတွေ ရိုက်လာခဲ့ပါတယ်။ တချို့ပုံက သူများရိုက်ထားတာမို့ Logo မတပ်ထားပါဘူး Photo အတွက် Crd ပါခင်ဗျ။
QR တွေ Scan ဖတ်တင်ကြည့်ပါ Mail လိပ်စာမမြင်ရတာတွေ ပြန်ရေးပေးထားပါတယ် အဆင်ပြေကြပါစေခင်ဗျ။ 🤩

တွေ့ခဲ့ရတဲ့ အပိုင်းတွေပြောရရင် အင်ဂျင်နီယာပိုင်းတွေ, IT သမားတွေ, web developer သမားတွေ, Accountant သမားတွေ, F&B နဲ့ ပက်သက်အလုပ်တွေလည်း အများကြီးတွေခဲ့ရပါတယ်။ Thai Airline က အစ အလုပ်ခေါ်တာတွေ့ရလာခဲ့ရပါတယ်။ ခန်းမကြီးက အတော်ကျယ်တာမို့ အကုန်လုံးလိုက်မကြည့်နိုင်ခဲ့ပါဘူး ခြေထောက်ညောင်းလို့ပြန်လာလိုက်ရပါတယ်။

အစားအသောက်တန်းရော Job fair တန်းရော တွဲရက်မို့ ဗိုက်ဆာရင် ဝယ်စားရုံပါပဲ။ တစ်ခု အကြံပေးချင်တာက MRT အပြာလိုင်းလက်မှတ်ဝယ်တာ လူအုံကြီး တန်းစီပြီး ဝယ်ရပါတယ်။ အတော်များတာပါ။ ရုံးဆင်းချိန် ကျောင်းဆင်းချိန်ဆိုရင် ပိုများမယ်ထင်ပါတယ်။ ထိုင်းတွေ တော်တော်များများလည်း လာလျှောက်ကြသလို့ တချို့အလုပ်တွေက ထိုင်းနိုင်ငံသာားမဟုတ်ရင် English လိုရှင်းပြပေးပါတယ်။
ကျွန်တော် Marko က အလုပ်ကို မေးတော့ မြန်မာလည်း လျှောက်လို့ရပါတယ်တဲ့ Eng, Thai (a little) ရရင် လျှောက်လို့ရပါတယ်တဲ့ သေချာရှင်းပြပါတယ်။
တချို့အလုပ်တွေဆို ကိုယ်နဲ့သက်ဆိုင်ရင် CV ပေးထားလို့ရသလို နာမည်စာရင်းလည်းပေးခဲ့လို့ရပါတယ်။ ကျွန်တော်ကတော့ Scan ဖတ်ပြီးပဲ CV (pdf file)သာ ပို့လိုက်ပါတယ်။

ကျွန်တော် အကြိုက်ဆုံးတစ်ခုကိုပြောရရင် Cv ပြင်ပေးတဲ့နေရာနဲ့ အလုပ်ကို ကြိုက်ရင်တန်းပြီး အင်တာဗျူးတဲ့အလုပ်ကိုတွေ့ခဲ့တယ်။ တော်တော်လေးသဘောကျမိတယ်။ ဒါပေမယ့် ထိုင်းစကားရမှ အဆင်ပြေနိုင်လောက်မယ်ထင်ပါတယ်။ အလုပ်တွေ ရကြပါစေဗျာ 🥳 ကျွန်တော်လည်းတင်ထားတာမို့ ပြန်ဆုတောင်းပေးခဲ့ကြပါအုန်း 🥲

CV Form ကို Digital (pdf files, etc..) မပြင်တဲ့သူတွေ ရှိရင် Page မှာ လာမေးလို့ရပါတယ်။ ကျွန်တော်အချိန်ရတဲ့အခါ ပြန်လည်ဖြေကြားပေးထားပါမယ်။

Photos from Pixel's Sharing's post 25/06/2024

တကယ် လက်မလွှတ်သင့်တဲ့ အခွင့်အရေးတစ်ခုမို့ အတူတူသွားကြည့်ရအောင်🤗
အဲ့နေ့ JOB EXPO THAILAND 2024 ရှိနေမယ် သူငယ်ချင်းလေးတို့ ✌️

မူရင်း ရေးသားသူ Link 👇🏻👇🏻👇🏻
https://www.facebook.com/share/t4LGqbyBgkijGmA5/?mibextid=WC7FNe
ဘန်ကောက်မှာ လာမယ့်သောကြာနေ့ အလုပ်အကိုင်ပြပွဲ ရှိပါတယ်။ ဒါက ရှားရှားပါးပါး အခွင့်အရေးတစ်ခုပါ။
JOB EXPO THAILAND 2024 ဆိုပြီးလုပ်မှာပါ။ အလုပ်အကိုင် နဲ့ internship ရဖို့ အတွက် network ကောင်းကောင်း၊ connection ကောင်းကောင်း ရနိုင်မယ်လို့ယူဆရပါတယ်။
နေ့ရက် : 28 Jun 2024 - 30 Jun 2024
အချိန် : မနက် 11:00 ကနေ ည 09:00 နာရီထိ
နေရာ - Queen Sirikit National Convention Center ศูนย์การประชุมแห่งชาติสิริกิติ์
Exhibition 6-7, LG Floor
Google link :
https://maps.app.goo.gl/ViZELqnR789ZUiUK9
( ခေါင်တိန်စျေးနဲ့ Terminal 21 ကြားက ပန်းခြံကြီးပါ။
Queen Sirikit MRT မှာဆင်းပါ။ Khlong Toei စျေးကနေသွားရင်လည်း ၁၀မိနစ် လောက် လမ်းလျှောက်ရင်ရောက်ပါတယ်။ )
အသေးစိတ် ကြည့်ဖို့ လင့်ခ်တွေပါ။
https://www.facebook.com/DoeCenter
https://jobit.doe.go.th/JOBEXPOTHAILAND2024
ထိုင်းနိုင်ငံတွင်းအလုပ်အကိုင်နေရာ ၆သိန်း လောက် ပါ၀င်မယ်လို့ လျာထားပါတယ်။
အလုပ်ခေါ်မယ့်ထဲမှာ
ဟိုတယ်၊ စားသောက်ကုန်လုပ်ငန်း၊ ခရီးသွားလုပ်ငန်းတွေအပြင်
ဆေးရုံ၊ ဘဏ်၊ engineering၊ အဖျော်ရမကာ၊ ရေနံနဲ့သဘာ၀ဓာတ်ငွေ့၊ လေကြောင်းလိုင်း၊ အစားသောက်လုပ်ငန်း၊ ဆေး၀ါး၊ နည်းပညာ၊ ဆောက်လုပ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ လုံခြုံရေး၊ စက်ရုံလုပ်ငန်း၊ အလုပ်အကိုင်အေဂျင်စီတွေ၊ corporate ကြီးတွေပါ၀င်ပါမယ်။
CP တို့ Central၊ The Mall ၊ BigC တို့လို ကုမ္ပဏီအကြီးစားကြီးတွေလည်း ပါ၀င် တာတွေ့ရပါတယ်။
Freelance , part-time နဲ့ remote jobs တွေလည်း ပါမယ်လို့သိထားရပါတယ်။
ပြည်ပ အလုပ်အကိုင်လည်း ၁သိန်းလောက်လည်း ပါ၀င်မှာဖြစ်လို့ နောက်ထပ် နိုင်ငံထပ်ကူးဖို့အစီအစဥ်ရှိတဲ့သူတွေအတွက် connection ကောင်းရနိုင်လောက်ပါတယ်။
ဟောပြောပွဲ ၊ workshop နဲ့ Mini concert ဖျော်ဖြေရေးတွေ လည်း ပါ၀င်မယ်လို့သိရပါတယ်။
(သပ်သပ်ရပ်ရပ်၀တ်စားသွားပါ။
CV/Resume ကို soft copy ကော color print/မိတ္တူ ကော များများ ယူသွားပါ။
မရှက်ပါနဲ့ ၀င်မေး ၀င်စုံစမ်းပါ။ ဒါမျိုးပွဲမှာ တခါတည်း Walkin Interview လုပ်တာရှိတတ်ပါတယ်။
လိုရမယ်ရ passport ယူသွားပါ။ ကျွန်တော်အဲ့ဒီ့ကိုမကြာခဏရောက်ပါတယ်။ စာရွက်စာတမ်း တစ်ခါမှစစ်ဆေးတာမကြုံရပါဘူး။ မကြောက်ပါနဲ့။
confidence ရှိရှိနဲ့ သွားပါ မေးပါ ဆွေးနွေးပါ။ အနည်းဆုံးတော့ အတွေ့အကြုံယူခဲ့ပါ။ )
~Dennis
#အလုပ်အကိုင်ပြပွဲ

21/06/2024

ဒီနေ့ ခွန်ထိုင်း ဘတ်စ်ကားပေါ်မှာ ကပ်ထားသော "ကြိုဆိုပါတယ်" စတေကာ
သူတို့အတွက် အထူးအဆန်းမဟုတ်ပေမယ့် ကိုယ့်မှာတော့ မီယမ်မာပြည်
ပြန်ရောက်နေသလိုပဲ 🥹

Photos from Pixel's Sharing's post 16/06/2024

16.6.2024
----------------
ထိုင်းထီပေါက်စဉ် 🤗

16/06/2024

ဘယ်သူတွေ ကံထူးကြမလဲ မသိဘူး...အက်ထမင်တော့ လွဲပြီးရင်လွဲပဲ
ကံဇာတာတွေက ရှေ့နောက်တွေ လွဲပုံများ 🥹

16-6-2024

15/06/2024

"ဘန်ကောက်မှာနေရာတိုင်းတွေ့ရသော ပိတောက်များ" 💐

ဘန်ကောက်မှာ သတိထားမိတာ တစ်ခုရှိတယ်။ အဲ့တာ
ဘာလဲဆိုတော့ "ပိတောက်ပင်"‌တွေ လမ်းမကြီး၊ လမ်းသွယ် ဘေးတိုင်းလိုလိုမှာ တွေ့ရတယ်‌။ နေရာတိုင်းလည်းတွေ့ရလေ့ရှိတယ်။ စီမံချက်နဲ့ စိုက်သလား အောက်မေ့ရတယ်။ အပင်ကြီး မျိုးရိုးဆိုပေမယ် ဒီက ပိတောက်ပင် ပင်စည်တွေက မြန်မာနိုင်ငံကအပင်လို ပင်စည်မကြီးဘူး။

သူတို့ ရည်ရွယ်ချက်ကတော့ သူတို့မြို့က အပူချိန်အရမ်းများလို့ အရိပ်ရဖို့ နေရာတိုင်း စိုက်သလားတော့ မသိပေမယ့်။ နေရာတိုင်းမှာ ပိတောက်ပင်နဲ့အတူ တခြားအပင်ကြီးမျိုး‌တွေနဲ့အတူ တွေ့ရတယ်။ နောက်တစ်ခုတွေ့ရတာက အဲ့ပန်းတွေကို မြန်မာတွေလို ခူးပြီး ရောင်းတာတွေ ပန်တာတွေတော့ မတွေ့ဖူးသေးဘူး။ တခြားနေရာမှာတော့ မပြောတတ်ဘူး။ ချီးကျူးတာတစ်ခုက လမ်းမနဲ့ မလွတ်လို့၊ လမ်းဘေးဘောင်မှာမို့ဆိုပြီး မြန်မာတွေလို အမြစ်ကမလှန်ဘူး။ အရိပ်ရဖို့ အပင်ကြီးတွေပဲ စိုက်သလား အောက်မေ့ရတယ်။

မြန်မာပြည်မှာတော့ အဲ့လို နေရာတိုင်းတွေ့ဖို့ ခပ်ရှားရှားရယ်။
တကယ် လက်ချိုးရေလို့ရတယ်။ ပွင့်တာနဲ့ ဝိုင်းခူးလို့ ဘုရားပန်းကပ်တဲ့သူက ကပ်။ ဈေးထဲမှာရောင်းတဲ့သူက ရောင်း၊
ပန်တဲ့သူ ပန်ပေါ့။ ငယ်ငယ်က ကျွန်တော်သိခဲ့ရတာ "ပိတောက်ပန်း"ဆိုတာ မြန်မာ့ရိုးရာပန်း တစ်နှစ်မှတစ်ခေါက် ၄ လပိုင်းလောက် သင်္ကြန်မိုးရွာရင် ပွင့်တယ်။ ပွင့်ရင်အပေါ်က
ပြောသလို့ ဘုရားကပ်တဲ့သူနဲ့၊ ပန်တဲ့သူနဲ့၊ ခူးရောင်းတဲ့သူနဲ့၊ ပိတောက်ပန်းပွင့်ပြီး ၂ရက်လောက်ဆို ပိတောက်ပင်အောက် အကိုင်းအခက်တွေ ကျိုးပြီး ကျန်ခဲ့တာပဲ တွေ့မြင်ရတယ်။

ဘယ်တော့မှ အပင်ပေါ်မှာ ဝါထိန်ပြီးဖွေးနေအောင် လှတာမရှိခဲ့ဘူး။ တချို့ ခူးလိုမမှီတဲ့ အပင်တွေသာ ကျန်ခဲ့တာ။ လူကြီးတွေကလည်း ပြောခဲ့ဆိုခဲ့ခြင်းမရှိတော့ ငယ်ငယ်တုန်းက
ဘူမသိကိုးမသိပဲ ကိုယ်တွေလည်းခူးပြီး ဘုရားကပ်ဖူးတယ်။ ဒါပေမယ့် အရွယ်ရောက်လာတော့ ခူးဖို့မပြောနဲ့ ပန်းပွင့်ရင် သူ့အပင်နဲ့သူအလှက ပိုပြီးကြည့်ကောင်းတယ် ပိုလှတယ်ဆိုတာသိလာတယ်။

ပြောချင်တာက မြန်မာ့ရိုးရာပန်းဆိုပြီး တန်ဖိုးမထားတာ
ထိုင်းက ဆွန်ကခရမ်သင်္ကြန်ဆိုပြီး ကမ္ဘာ့အမွေအနှစ် လုပ်သွားတာလဲ မပြောလိုဘူး (အရင်က ကိုယ်တွေလည်း မခံချင်စိတ်တော့ဖြစ်ခဲ့ပါတယ်) တန်ဖိုးမထားတတ်သူရဲ့ လက်ထဲစာရင် တန်ဖိုးရှိမှန်းသိလို့ တန်ဖိုးထားတဲ့သူလက်ထဲရှိတော့ ပိုကောင်းပါတယ်။(တစ်ခုပဲ သူတို့က တမ္ဘာလုံးဟာကို သူတို့နိုင်ငံထဲ အကုန်ရှိအောင်လုပ်နေတာ 🤏)
မြန်မာနိုင်ငံကဟာတွေ စိတ်လည်း ဝင်စားမှာမဟုတ်ပါဘူး ပါသွားမှသာ ထပြီးမျိုးချစ်ကုန်တာ စိတ်မဝင်စားအောင်လည်း
ဘဘတို့က ရှယ်ပလန်နဲ့လုပ်ခဲ့တာကို ကိုယ်တွေတောင်ပါခဲ့သေး 🙂 တကယ်ပါ မွေးတည်းက အသက် ၂၀ကျော်ထိ brainwash ခံလာရတဲ့ ဘဝကို တွေးကြည့်မိရင် ရင်နာလို့မဆုံး ကံကောင်းတာတစ်ခုက အသက် ၂၀ ကျော်မှ ၅နှစ်လောက် အမြင်နည်းနည်းပွင့်လာတာပဲ။ မဟုတ်ရင် ငယ်ငယ်တုန်းကလို ပထမဆု ရရင် သစ်သားဆေးသုတ် တံဆိပ်နဲ့ စတီးဇလုံတစ်လုံးရရင်ကို အဟုတ်မှတ်ခဲ့တာ 🤌 တော်ပါပြီ ငယ်ငယ်တုန်းက လမ်းထိပ် သမဝါယမ ဆိုင်ကို အုန်းကီးစက္ကူစာအုပ်မျိုးနဲ့ ငကျွဲလား ဇကွဲလား ကာပေါ်လစ်ဆပ်ပြာတုံးလား သွားတန်းစီခဲ့ရတဲ့ အချိန်တွေကိုတော့ ပြောမနေတော့ဘူး။ အကုသိုလ်ကောင်တွေကြောင်း ပြန်ပြောရင်လည်း ဘာမှဖြစ်လာမှာမဟုတ်ဘူး။

ဒါပေမယ့် အခု ပြန်ပြင်ကြရင်မီသေးတယ် နောက်ကလေးတွေကို တန်ဖိုးထားတတ်ဖို့ နားလည်‌အောင် ပြောပြပေးဖို့ ကျွန်တော်တို့မှာ တာဝန်ရှိတယ်။ ဝိုင်းဝန်းပြီး လုပ်ဆောင်ရင် ရနိုင်ပါသေးတယ်။ အခုတိုင်းပြည်ကလည်း သိတဲ့အတိုင်း။ အဲ့တာကို ကိုယ်နဲ့မဆိုင်သလို ပျော်နေကြတဲ့သူတွေလည်း အံ့ဩမိပါတယ်။ ကိုယ်တွေလည်း ဒီဘက်ရောက်လို့ အာချောင်တယ် ထင်ချင်လည်း ထင်နိုင်တယ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်မြို့မှာပဲ
နေချင်တဲ့သူတွေပါပဲ။ ပြောချင်တာက‌တော့ မဆိုင်သလိုနေရင် နိုင်ငံပါပျောက်သွားနိုင်တယ်ဆိုတာပါပဲ။

Peace ✌️

15/06/2024

ပန်တူနမ် Big C Food Avenueထဲမှာ မြန်မာဆိုင်လေး
ဘယ်ဆိုင်လဲသိကြလား 😁 မုန့်ဟင်းခါးနဲ့ နန်းကြီးသုပ်
ရှယ်ကောင်း မီယမ်မာပြည်က အရသာတိုင်းပဲ 🤤 ကုန်သွားမှသတိရတယ် မစားခင် ပုံမရိုက်ထားမိလိုက်ဘူး 😁 နောက်တစ်ခေါက်သွားစားရင်သေချာရိုက်ပြီးတင်ပေးမယ်။
ဘေးက Sassy Bound အိတ်ကတော့ လိုချင်လို့ ထီးနဲ့အိတ်ကို ရန်ကုန်ကနေ တကူးတက လှမ်းမှာပြီး ပို့ခိုင်းထားတာ။ ထီးလေးကို တစ်ရက် ထုတ်ကြွားအုန်းမယ် 😁

#မုန့်ဟင်းခါး #နန်းကြီးသုပ်

10/06/2024

Laos Savannakhet မှာ ကျွန်တော်တို့တွေ အောင်မြင်စွာ ကျောင်းဗီဇာတိုးနိုင်ခဲ့ပါပြီ။

📣အပြန်ခရီးစဉ်မှာတော့ 🤗

- အပြန်ကားလက်မှတ်ကို အွန်လိုင်းကတစ်ရက်ကြိုဝယ်ရင် ဝယ်ပါ။ Walk in လည်းဝယ်လို့ရပါတယ်။ ၅၀ လောက်တော့ ကွာပါတယ်။
- သံရုံးက စာအုပ်ကို နေ့လည် ၂နာရီမှ ထုတ်ပေးတာကို နာရီဝက်လောက်ကြိုသွားပြီး တန်းစီထုတ်ခဲ့ပါတယ်။
- စာအုပ်ရရင် ဗီဇာရက်ကို ပြန်စစ်ပါ။
- လက်ကျန်လာအိုပိုက်ဆံတွေက ကျွန်တော်တို့‌တွေ မုန့်ဝယ်လိုက်ပါတယ်။
- သံရုံးကနေ လာအို‌ immigration border ကို EV ကား App က promo 100% (50,000 KIP) ဖရီး ဂုန်းဆင်းပြီး သွားပါတယ်။
- Laos immigration မှာ အထွက်တုံးထုတော့ ဘတ် ၁၀၀ ပေးရပါတယ်။ (အသွားရော အပြန်ရော ပေးရတာပါ) ထိုင်းဘက်မှာ မပေးရပါ။
- ထုံးထုပြီးတာနဲ့ international bus ရောင်းတဲ့ ticket ရုံး‌တွေ့ပါလိမ့်မယ် လက်မှတ်ဝယ်ရင် 55 ဘတ် ပါ။(လာအိုပိုက်ဆံပိုလာရင်လည်းပေးလို့ရပါတယ်)
- Thai immigration ရောက်ရင် ကောင်တာကို
အရင်တန်းမစီပါနဲ့ ဝင်ဝင်ချင်းအပေါက်ဝမှာ ဖောင်စာရွက်အသေးလေး တစ်ရွက်ကို ဖြည့်ရပါတယ်။
ဖြည့်ရမယ့်ဟာတွေက -
(၁) Passport number
(၂) Visa type (Tourist or Ed visa)
(၃) ကိုယ်နေ့တဲ့ လိပ်စာရေးရပါတယ်။
(Eg. Bangkok ဆို Bangkok လိပ်စာပါ)
(၄) ဖုန်းနံပါတ်
အဲ့ ၄ခု ဖြည့်ပြီးရင် passport စာအုပ်နဲ့ အတူ ပေးလိုက်ပါ။

🚨တုံးထုလို့ပြီးရင် ကိုယ့်ဗီဇာ လတွေ နှစ်တွေပြန်စစ်ပါ။
ကျွန်တော်တို့ထဲက တစ်ယောက်က မှားပြီး ၂၀၂၅ ဆိုပြီးပါလာပါတယ်။ အကုန် ၃လဆိုတော့ September 2024 ဖြစ်ရမှာပါ။ မှားရင် သွားပြန်ပြောပါ ပြန်ထုပေးပါတယ်။

အဲ့တာတွေ ပြီးတာနဲ့ international bus စီးပြီး Makdahan ကားဝန်းရောက်တာနဲ့ လက်မှတ်ကြိုဖြတ်ထားတဲ့သူက
ပြသာနာမရှိပေမယ့် Walk in ဝယ်မယ့်သူက ကားရပ်တာနဲ့
ဘန်ကောက်မိုချစ် ရောက်တဲ့ လက်မှတ်ရုံဆီပြေးဝယ်ပါ 🏃
ရုံကတော့ ၃ရုံလောက်ရှိပါတယ်။ လူများရင် လက်မှတ်မရနိုင်မှာစိုးလို့ပါ။ ကျွန်တော်တို့ကတော့ ည ၆နာရီ ၃၅ မိနစ်ကားနဲ့ walk in ရလာပါတယ်။
လက်မှတ်ကြိုဖြတ်ရင်လဲ ည၆နာရီနောက်ပိုင်းကားကို ဖြတ်ဖို့ အကြုံပြုချင်ပါတယ်။ အဲ့တာဆို ဘန်ကောက်ရောက်ပါပြီ။
အားလုံးပဲ အဆင်ပြေကြမယ်လို့ မျှော်လင့်မိပါတယ် 🤗
ခေါ့ပွန်းခပ့် 📣

သွားတဲ့အတွေ့အကြုံလေးကို ဒီလင့်မှာ ဝင်ကြည့်လို့ရပါတယ်

https://www.facebook.com/share/p/x9LeTAXa9BRPKm7e/?mibextid=oFDknk

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ศิลปะและความบันเทิง ใน Phra Khanong?
คลิกที่นี่เพื่อเป็นสมาชิก?

วิดีโอทั้งหมด (แสดงผลทั้งหมด)

မိမိ နှင့် မိမိသူငယ်ချင်း မက်ဆင်ဂျာမှာဘဝအကြောင်း ပြောမိသောအခါ 🥹#friends #lifelessons #ရင်မှာဝမ်းနည်းကြေကွဲ #အဆင်မပြေဘူးသ...
အားတင်းထားကြပါ သူငယ်ချင်းလေးတို့🥹🙏#လမ်းပျောက် #ဖိုက်တင်း #သူငယ်ချင်း#pixelsharing
Smile 🙂
ဗိုလ်တစ်ထောင်ကမ်းနား (သို့) ပင်လယ်ဝ Sailom Bang Pu ကို သွားမယ်။ 🩵🌊မွန်းကြပ်မှုတွေ ပြေပျောက်ကြပါစေ 🤗#pixelsharing #ဗိုလ်တ...
ပန်တူနမ်ထဲက သူကြီးသားBurmese food ဆိုင်မှာမြန်မာထမင်း၊ဟင်း သွားစားခဲ့တာလေးComing soon...
MakhachkalalongkornrajavidyalayaUniversity (MCU) ကို BTS (Yaek Kor Por Aor) က‌နေ ဘတ် (၄၀)နဲ့ လိုင်းကားစီးသွားမယ် 🚎#pixel...
Let's go to eat Burmese food "Mohinga" from the city in Bangkok.
စာမသင်ရင် ခွေးဖြစ်မယ်မိမိ အိမ်ကခွေး : 🥲 #pixelsharing #funnypost
SavannakhetMixyNightMarket Teaser#pixelsharing #Laos #savannakhet #SavannakhetMixyNightMarket #Tiktop
ထိုင်းထီလက်ကားရောင်းတဲ့ဆိုင်ကို ဘယ်လိုသွားရမလဲ...ပုံမှန်ဆို လိုင်းကားစီးသွားရင်ရပါတယ်။ ကျွန်တော်ကတော့ ဒီနေ့ အသိညီလေးတစ်ယ...
Hello! 👋Pixel's Sharing Page အသစ်လေးမှ သူငယ်ချင်းလေးတို့ကို ကြိုဆိုလိုက်ပါတယ်။ ဒီ Page လေးကနေ Travel Short Tips လေးတွေ ,...

ประเภท

เว็บไซต์

ที่อยู่


Phra Khanong

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00
เสาร์ 09:00 - 17:00

Phra Khanong ศิลปะและความบันเทิงอื่นๆ (แสดงผลทั้งหมด)
ฅนเมือง GameMing ฅนเมือง GameMing
Phra Khanong

Content Creator / Gameming / อู้กำเมือง

สถานีของกิน By Shims สถานีของกิน By Shims
Phra Khanong

ยินดีต้อนรับ เข้าสู่ตำนานไดอารี่

รับปั่นบาคาร่า สล็อต ปั่นเสียคืนทุน100% รับปั่นบาคาร่า สล็อต ปั่นเสียคืนทุน100%
กรุงเทพมหานคร
Phra Khanong

📲สนใจทักเพจสอบถามก่อนได้นะคะ ถอนได้จริง 100% ✅สำหรับลูกค้าที่ใช้ เบอร์-วอลเล็ทก็รับนะคะ✅

1MM 1MM
Phra Khanong

1MM is Good

Harparrab Harparrab
Phra Khanong

Interesting and Relaxing video clip

SouthbangkoK SouthbangkoK
Phra Khanong

ชีวิต บุคคล ร้านค้า นักดนตรี ที่มีชื่อเสียง ย่านกรุงเทพตอนใต้ ที่ทุกคนรู้จักกันดี

LeicaOfficial LeicaOfficial
ซ. แยกไผ่สิงห์โต ถ. พระราม 4 คลองเตย คลองเตย กรุงเทพมหานคร
Phra Khanong, 10110

LEICA BET -Game เล่นมากมาย -ฝากเริ่มต้น 1 บาท

DoodlesLisa DoodlesLisa
Phra Khanong

วาดรูปเล่นไปวันๆ

แทง ฟุตบอล ออนไลน์ UFA1S by GREEN แทง ฟุตบอล ออนไลน์ UFA1S by GREEN
เลขที่ 1792 ซอยสุขุมวิท 54 (รัตนพราหมณ์) ถนนสุขุมวิท แขวงพระโขนงใต้ เขตพระโขนง
Phra Khanong, 10260

สมัครฟรี สมาชิกใหม่ ฝาก/ถou ไม่มีขั้น

Jennifer Jennifer
1756 Sukhumvit 52 Alley
Phra Khanong, 10260

best feeling

Sara Fletcher Sara Fletcher
Sukhumvit 52 Alley, Bang Chak
Phra Khanong, 10260

love you

Indyboy Indyboy
Phra Khanong

สตรีมเมอร์หน้าใหม่ ฝากตัวด้วยงับ เ?