Shwe Shwe Su

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Shwe Su, Grocers, Muse, OK.

07/01/2024

ကြိုက်မိလို့ ဖက်စေချင်

ရှေးခေတ်က ဘုရင်တွေဟာ
စစ်တိုက်ထွက်ရင် ဆင်ကိုသုံးတယ်။

အကယ်၍ အဲဒီဆင်က
ခြေထောက်နာသွားပြီဆိုရင် သုံးမရတော့ဘူး။

ဒီတော့
ဆင်ရဲ့ခြေကိုကာကွယ်စောင့်ရှောက်ဖို့
စစ်သည်တော် တွေထားတယ်
ဆင်ခြေဖုံး စစ်သည်တော် လို့ခေါ်ကြတယ်။

သူတို့တွေက
အဲ့ဒီ ဆင်အတွက် တော့
အလွန်အရေးပါတယ်။

နောက်တော့
မြို့တွေတည်လာတဲ့အခါ
မြို့ရဲ့ဘေးနားက ဝန်းရံတဲ့
ရပ်ကွက်တွေကို
မြို့ဆင်ခြေဖုံးရပ်ကွက်တွေလို့ခေါ်တယ်။

လက်လုပ်လက်စားလူတန်းစားတွေ
အလုပ်ကြမ်းလုပ်တဲ့သူတွေ
နေကြတာများတယ်
သူတို့လည်းသူ့နေရာနဲ့သူအရေးပါတယ်။

လောကကြီးမှာအလုပ်ကြမ်းလုပ်တဲ့သူက
မရှ်ိမဖြစ်အရေးကြီးတယ်
အဲဒီလိုလူတွေ
ဘဝ တွေ ပျက်ပြီး
အလုပ်လက်မဲ့ ဖြစ်ကုန်ရင်
စာရိတ္တတွေပျက်ပြီး
ခိုးဆိုးလုယက်ဘဝရောက်သွားရင်
မြို့ပူပြီ။

မြို့ပူရင် နိုင်ငံဆူပြီ

ဆင်ခြေမလုံရင်စစ်ရှုံးနိုင် သလို
ဆင်ခြေဖုံးရပ်ကွက်က
အခြေခံလူတန်းစားကို ဂရုမစိုက်မိရင်
တိုင်းပြည် အထိနာမယ်။

တိုင်းပြည်တခု ထူထောင်ဖ်ို့က
အခြေခံ လူတန်းစားက အဓိက ကျတယ်။

to: Original Writer

05/18/2024

လယ်ကန်ဇွန်းနီနီမန်ကျည်းမှည့် လေးငါးလေးနဲ့ချက်စားချင်ပါသော်လဲ 😞😞 ကန်ဇွန်းနီက ရှာလို့တောင်မရှိ

05/08/2024

ပေးခဲ့တဲ့မေတ္တာတွေမှာ
အတုယောင်ကင်းခဲ့တာမို့
လမ်းပဲခွဲခွဲ လမ်းပဲလွဲလွဲ
ကိုယ့်ကိုကိုယ် လိပ်ပြာလုံပါတယ်..

05/08/2024

" သိပ်ကောင်းတဲ့စာသားလေး "
မင်းရဲ့ တန်ဖိုးကို နားလည်တဲ့ သူဆီမှာပဲ
မင်းရဲ့ စိတ်ခံစားချက်တွေကို
မြုပ်နှံထားပါ...။

မင်းကို ခွင့်လွှတ်ပေးနိုင်တဲ့ သူဆီမှာပဲ
မင်းရဲ့ စိတ်ဆိုးစိတ်ကောက်
အမူအကျင့်လေးတွေကို လုပ်ပြပါ...။

မင်းကို နားလည်ပေးနိုင်တဲ့သူဆီမှာပဲ
မင်းရဲ့ ချစ်ခြင်းမေတ္တာတွေကို
ဖော်ပြပါ...။

မင်းကို ဂရုစိုက်ပေးနိုင်တဲ့ သူဆီမှာပဲ
မင်းရဲ့ နာကျင်ဝမ်းနည်းမှုတွေကို
ရင်ဖွင့်ပါ...။

မင်းကို မြတ်နိုးတန်ဖိုးထားပေးတဲ့ သူဆီမှာပဲ
မင်းရဲ့ ခွင့်လွှတ်နားလည်ပေးခြင်းတွေကို ပြန်ပေးပါ...။

မင်းအပေါ် အကောင်းဆုံး
နားလည်ပေးဆပ် နိုင်သူကိုသာ
မင်းရဲ့ သစ္စာစောင့်ထိန်းမှုတွေကို
မြုပ်နှံထားပါ...။

မင်းအပေါ် ကောင်းတဲ့ သူတွေအပေါ်မှာ ပြန်ကောင်းဖို့ မမေ့ပါနဲ့...။
မင်းအပေါ် တန်ဖိုးထားတဲ့ သူတွေကို
မဆုံးရှုံးခင် တန်ဖိုးထားပါ...။

ဘဝမှာ အချိန်ကြာကြာ
ရင်းနှီးပတ်သတ်ကြ သူတိုင်းကတစ်ဖက်သတ်ဆန်တဲ့ ဆက်ဆံရေးမျိုး မဟုတ်ကြဘူး...။
အပြန်အလှန် ထိန်းကျောင်းပေးရင်း
ရပ်တည်ကြတာမျိုးပါ...။

မင်းကို ချစ်တဲ့သူ များချင်များမယ်
မင်းအပေါ် နားလည်ပေးနိုင်တဲ့
သူက ရှားတယ်...။

မင်းကို စိတ်ဝင်စားတဲ့သူ များချင်
များမယ်
မင်းအပေါ် အချစ်စစ်နဲ့
ချစ်ပေးနိုင်မဲ့သူက ရွှေလိုရှားတယ်...

05/08/2024

ငါ့ကံကိုကမကောင်းပါဘူး
ကလေးမွေးခါနီးမှ တော်တော်က်ိုစိတ်ဆင်းရဲရတယ် ဘာမှမလုပ်နိုင်
ကိုယ့်က်ိုအားမကိုးနိုင်တဲ့အချိန်မို့ ပ်ိုပိုပြီးဒေါသ ဖြစ်တယ် ပိုပိုပြီးလဲ အားငယ်တယ် ဘယ်သူ့မှမလိုချင်တော့သလို ဘယ်သူ့မှလဲမကြည့်ချငတော့ဘူး
သေသွားတာကမှကောင်းအုံးမယ်

05/05/2024
04/30/2024

👶👼ကလေးကို စနစ်တကျ အသေးစိပ်အမှားမရှိလေအောင် မေမေများအတွက် 🥰❤

အာဟာရအထူးကုဆရာမနဲ့ ဆွေးနွေးတိုင်ပင်ထားတာလေးကို မေမေတို့အတွက် ပြန်မျှဝေပေးချင်ပါတယ်ရှင့်

❇️First 3days ကို ဆန်နဲ့မိခင်နို့ရည် or Formula ကို အရည်ကျဲကျဲ မိခင်နို့ရည်နီးပါး ကျဲတာနဲ့ စကျွေးရပါမယ်
❇️မနက် ၈နာရီ ညနေ ၄နာရီ တနေ့ကို ၂ကြိမ်ပဲကျွေးရပါမယ်(စစချင်းမို့)
❇️ဆန်ထမင်းစားဇွန်း တဇွန်းကို ပေါင်းအိုးနဲ့ပေါင်းပြီး ကြိတ်စက်နဲ့ သေချာညက်အောင် ပြန်ကြိတ်ပါ ပြီးရင် နို့နဲ့ရောကျွေးလို့ရပါပြီ
❇️မညက်ရင် ကလေးအစာအိမ်က လက်မခံနိုင်မှာစိုးလို့ပါ

❇️ 4-6 days ကို အဝါအသီးအနှံတစ်မျိုး လုပ်ကျွေးရပါမယ် တမျိုးကို တည့်မတည့် ၃ရက်စမ်းကျွေးပါ အသီးကိုပေါင်း ကြိတ်စက်နဲ့ကြိတ် အရည်ကျဲကျဲ တနေ့ ၂ကြိမ်

အဝါအသီးအနှံ-ပန်းသစ်တော် ပန်းသီး အာလူး သင်္ဘောသီး ရွှေဖရုံသီး နာနတ်သီး ငှက်ပျောသီး ပြောင်းဖူး လိမ္မော်သီး

❇️7-9days ကို အဝါနဲ့ အစိမ်းအသီးအနှံ တစ်မျိုးလက်တစ်ဆစ်စာနဲ့ ထမင်းကို ပေါင်း ကြိတ်ကျွေးရပါမယ်

အစိမ်းအသီးအနှံ-ထောပတ်သီး ပဲသီး ဟင်းနုနွယ် ကန်စွန်းရွက် ပဲစိမ်းလုံး မုန်ညှင်း

❇️10-12days ကို ဝါစိမ်းနီအသီးအနှံတစ်မျိုး လက်တစ်ဆစ်စာနဲ့ ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

အနီအသီးအနှံ- ကန်စွန်းဥ ခရမ်းချဉ်သီး မုန်လာဥနီ ဖရဲသီး ပဲနီလေး (ဝက်သား အမဲသား ဆိတ်သား ၈လအထက်)

❇️13-15days ကို ဝါစိမ်းနီ ကြက်သား ၃ကျပ်သားနဲ့ ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

❇️16-18days ကို ဝါစိမ်းနီ ငါး ၃ကျပ်သားနဲ့ ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ် ငါးအရိုးကို သေချာနွှင်ပါ

❇️19-21days ကို ပဲနီလေး ဝါစိမ်းနီ အသီးအနှံတစ်မျိုးထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

❇️22-24days ပဲဝါ ဝါစိမ်းနီ အသီးအနှံတစ်မျိုး ဆိတ်သား ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

❇️25-27days ကုလားပဲ ဝါစိမ်းနီ အသီးအနှံတစ်မျိုး ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

❇️28-30days ဝါစိမ်းနီ အသီးအနှံတစ်မျိုး ထမင်းကို ပေါင်း ကြိတ် ကျွေးရပါမယ်

✳️အစမ်းသပ်ကာလ တလပြည့်လျှင် ဆန်ကို ထမင်းစားဇွန်း ၂ဇွန်းတိုးကျွေးလို့ရပါတယ်
✳️ပဲဆီစစ်စစ်ကို လက်ဖက်စားဇွန်းတဝက်ထည့်ကျွေးပါ
✳️ကြက်သွန်ဖြူ ထည့်ကျွေးလို့ရပါတယ်
✳️ပဲနီ ပဲဝါ ကုလားပဲကို တစ်ပတ်မှာ ၃ ၄ရက်ကျွေးလို့ရပါတယ်

💁‍♀️အစားကျွေးခါနီး ၂နာရီအလို နို့မတိုက်ပါနဲ့
💁‍♀️နို့တိုက်ထားလျှင် ဗိုက်ဝပြီး ထမင်းမစားချင်ဖြစ်ပါလိမ့်မယ်
💁‍♀️ထမင်းကျွေးပြီးမှသာ နို့တိုက်ပါ
💁‍♀️250ml ပန်းကန်လုံးတဝက်ကျွေးပါ
💁‍♀️အစာအုပ်စုကြီး ၃စုပါဝင်အောင်ကျွေးပါ
💁‍♀️အစာများကို ကြယ်၄ပွင့်အစာများဖြစ်အောင် ပေါင်းစပ်ကျွေးပါ

အာဟာရဆရာဝန်က ready made ကို အားမပေးပါဘူးရှင့် home made ပဲ လုပ်ကျွေးခိုင်းပါတယ်💁‍♀️

✅၇လဆို Baby Noddles /Pasta ကြက်ဥစမ်းကျွေးလို့ရပါပြီ

✅၈လဆို Yogurt Cheese Baby ကြက်သားမှုန့် ပုစွန် အနီရောင်ရှိတဲ့အသား ဝက်သား ဆိတ်သား အမဲသား ကျွေးလို့ရပါပြီ

✅၁နှစ်အထက် နွားနို့ ပျားရည် Pink Salt Chocolate ကျွေးလို့ရပါပြီ

✅၂နှစ်အထက် ပဲနို့ သကြားကျွေးလို့ရပါပြီ

Credi to ဘေဘီလေးပြုစုပျိုးထောင်နည်း Page
Credit to Original writer for uploder

Photo Credit

Photos from Shwe Shwe Su's post 04/30/2024

ငယ်ငယ်ကအရမ်းကြိုက်ခဲ့ရတဲ့
ကလစ်လေးပေါ့ သူများပန်တာကြည့်ပြီးအားကြခဲ့ရသူပေါ့ .....
၀ယ်ပေးမဲ့ မိဘ မရှိလို့ မပူဆာရဲခဲ့ဖူး
ငါကြီးလာလို့ပိုက်ဆံတွေရှာနိုင်ရင် အများကြီး၀ယ်ပစ်မယ်လို့ တွေးခဲ့ဖူးတယ် .....
အော် ...ကလေးဘ၀က လိုချင်တတ်မတ်
မှု့လေးတွေက အခုကြတော့လဲ ဘာမှမဟုက်တော့ပါလား......

04/16/2024

ငှက်ပျောသီးခွံ မြေသြဇာလုပ်နည်း (၁၀) မျိုး
===============================
စားနေကြတဲ့ ငှက်ပျောသီးခွံကို စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဘယ်လိုသုံးလို့ ရနေတယ် ဆိုတဲ့အကြောင်းကို တင်ဆက်ပေးသွားမှာမို့ ငှက်ပျောသီးကျွေးပြီးရင် အခွံလေးပြန်တောင်း ပြန်စုကြပါ။

(၁) ငှက်ပျောခွံ အရည်

မြေဆွေးအရည်လိုမျိုးပဲ ငှက်ပျောသီးအခွံနဲ့လုပ်ထားတဲ့ ငှက်ပျောခွံရည်ဆိုတာကို ရွက်ဖျန်းအားဆေးအဖြစ် ပက်ဖျန်းပေးလို့ရပါတယ်။ အပင်တွေကို လောင်းပေးလို့ရပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတာကျတော့ ရေနဲ့ (၂) ရက် (၄၈ နာရီ) ထားပြီးရင် အဲ့ငှက်ပျောခွံရည်နဲ့ အပင်တွေကို လောင်းပေးလို့ရပါတယ်။ အာဟာရတွေကို ပိုရလာအောင် ငှက်ပျောခွံတွေက ကူညီပေးပါတယ်။

(၂) အပိုင်းအစလေးတွေ မြေကြီးထဲ ထည့်ပေးလို့ရတယ်။

စုထားတဲ့ငှက်ပျောခွံတွေရှိတယ်ဆိုရင် ၅ ချက် ၆ ချက်လောက် ခုတ်ထစ်ပြီးတော့ စိုက်ထားတဲ့ ခြံထဲ၊ ဥယျာဉ်ထဲကို တိုက်ရိုက်ထည့်ပေးလို့ရပါတယ်။ မြေကြီးတော့ ပြန်ဖုံးပေးခဲ့ဖို့ လိုအပ်ပါတယ်နော်။

တဖြည်းဖြည်း ဆွေးရင်းနဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။

(၃) မြေဆွေးပုံရင် သုံးလို့ရတယ်။

အခင်းထဲ တိုက်ရိုက်မထည့်ချင်ဘူးဆိုရင် မြေဆွေးပုံပုံပြီးတော့ သုံးတဲ့နေရာမှာ ငှက်ပျောခွံတွေပါထည့်ပြီးတော့ မြေဆွေးပြုလုပ်လို့ရပါတယ်နော်။ ငှက်ပျောခွံနဲ့လုပ်ထားတဲ့ မြေဆွေးတွေ ကောင်းကောင်းဆွေးပြီဆိုရင် ပျိုးဘောင်လုပ်တဲ့အချိန်မျိုးမှာ၊ အပင်တွေပန်းပွင့်တဲ့အချိန်မျိုးတွေမှာ သုံးပေးလိုက်ရင် အပင်တွေက အာဟာရတွေ အများကြီးရလာမှာပါ။

(၄) ငှက်ပျောခွံမှုန့်မြေသြဇာ

ငှက်ပျောခွံတွေ အများကြီးရှိနေတယ်ဆို နေရောင်အောက်မှာ အခြောက်ခံလိုက်ပါ။ ကောင်းကောင်းခြောက်သွားရင် အမှုန့်ကြိတ်ပြီးတော့ မြေကြီးထဲကို ထည့်ပေးလို့ရပါတယ်။

သတိထားရမှာတစ်ချက်က အမြစ်ကိုမထိအောင် ထည့်ပေးလိုက်ပါ။ အိုးတွေမှာဆို ဖြူးထည့်လိုက်ရုံပါပဲ။

(၅) အစေ့စိုက်ရင် ထည့်ပေးလို့ရ

မျိုးစေ့စိုက်မယ်ဆို ငှက်ပျောခွံကို တိုက်ရိုက်သုံးပေးလို့ရပါတယ်။ မြောင်းလေးတူး၊ ငှက်ပျောခွံလေးတွေခင်း ပြီးတော့ အစေ့လေးတွေချ၊ မြေပြန်ဖုံးခဲ့။ အမြစ်လေးတွေ စထွက်တဲ့အချိန်၊ အပင်လေးတွေ ကြီးလာတဲ့အချိန်မျိုးတွေဆို သူက အာဟာရတွေ ကောင်းကောင်းထောက်ပံ့ပေးနိုင်တဲ့ မြေသြဇာကြီးအဖြစ်နဲ့ အသုံးတော်ခံလို့ပေါ့။

(၆) ငှက်ပျောခွံရွက်ဖျန်း မြေသြဇာ

ငှက်ပျောခွံမှုန့် (၄) ဇွန်း၊ ကြက်ဥခွံ (၃)ခုရဲ့ အမှုန့်ရယ်၊ အက်ပဆွန် ဆားတစ်ဇွန်းကို ရေသန့်ဘူးအရွယ်အစားထဲထည့်ပြီး ရေအပြည့်ဖြည့်ပြီး အပင်တွေကိုဖျန်းပေးလို့ရပါပြီ။ ကယ်လ်စီယမ်၊ မဂ္ဂနီစီယမ်နဲ့ ပိုတက်စီယမ်ကြွယ်ဝတဲ့ ရွက်ဖျန်းမြေသြဇာပါပဲ။

(၇) အင်းဆက်တွေ ဖမ်းမယ်။

ပန်းသီးရှာလကာရည်ထဲကို ငှက်ပျောသီးခွံလေးထည့်ပြီး အင်းဆက်ထောင်ခြောက် လုပ်လို့ရပါတယ်။ ခြံထဲထည့်ထားရင် မှက်တွေကို အများကြီးလျော့ချနိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲဆိုတော့ အဖုံးပါတဲ့ ကော်ခွက်လေးတွေထဲကို ငှက်ပျောခွံနဲ့ ပန်းသီးရှာလကာရည်ထည့်၊ ဘေးပတ်ပတ်လည်မှာ အပေါက်လေးတွေ ဖောက်ထား။

အဖုံးလေးပြန်ပိတ်ထား။ အဲ့လိုဆို မှက်မျိုးနွယ်ဝင် အုပ်စုတွေက ထောင်ခြောက်မှာမိပြီး အပင်တွေကို ကာကွယ်နိုင်တာပေါ့။

(၈) ပျဆေး

အပင်ခြေရင်းမှာ ငှက်ပျောခွံအစတွေကို တင်ထားပေးရင် ပျတွေမတက်တော့ပဲ အပင်ကိုကာကွယ်ပြီးသားဖြစ်မှာပါ။ ငှက်ပျောခွံကို ပျတွေက မုန်းကြပါတယ်။

(၉) ပန်းပွင့်ဆေး

ငှက်ပျောခွံကို ရေနဲ့အချဉ်ဖောက်ပြီး ပန်းပွင့်တဲ့အပင်တွေကို ဖျန်းပေးရင် ပန်းပွင့်တွေ အများကြီး ကြီးကြီး လှလှ ပွင့်လာမှာပါ။

ဘယ်လိုလုပ်ရမလဲဆိုရင် ဖုံးလို့ရတဲ့ပုလင်းထဲ ငှက်ပျောခွံထည့်၊ ပြီးတော့ ရေမြုပ်နေအာင်ထည့်ပြီး အဝတ်ကလေးနဲ့ ပိတ်ထား၊ တစ်ပတ်လောက်စောင့်ရပါမယ်။

အမြုပ်ဖြူလေးတွေထလာရင် အဆင်ပြေပါတယ်။ အမြုပ်တွေက မဲနေမယ်။ မှိုတွေတက်လာတယ်ဆိုရင်တော့ လွှင့်ပစ်လိုက်ပါ။ အရည်ကိုလောင်းလို့ရပါတယ်။

အဖတ်တွေကိုကြိတ်ပြီးတော့ မြေကြီးထဲ ထည့်ပေးလို့ရပါတယ်။ ကဲ ဘာလိုသေးလဲ?

(၁၀) အက်ဆစ်ကြိုက်အပင်တွေ

စတော်ဘယ်ရီတို့လို အက်ဆစ်ကြိုက်တဲ့အပင်တွေ အချဉ်ဓာတ်လေးကြိုက်တဲ့ အပင်တွေကို ဖျန်းပေးရင် အရွက်ဖားဖားနဲ့ ပိုသန်စွမ်းလာမှာပဲဖြစ်ပါတယ်။

ငှက်ပျောခွံကို ရေနဲ့စိမ်ပြီးတော့ ငှက်ပျောခွံရှာလကာရည် လုပ်ရမှာပါ။ ရေနဲ့ စိမ်တာတူတူပါပဲ။ တစ်ပတ်ကြာရင် အဖတ်တွေဆယ်ပြီး ရေကိုပဲ (၄)ပတ်ကနေ (၆)ပတ်လောက် ထားရမှာပါ။

ရှာလကာရည်လို အနံ့လေးထွက်တယ်။ တူလာပြီဆိုရင် ရေနဲ့ ထပ်ရောပြီး အပင်လေးတွေကို လောင်းပေးပါ။

မူရင်းရေသားသူအားလေးစားစွာဖြင့်
သုခ သဘာဝမြေသြဇာ

Photos from Shwe Shwe Su's post 04/12/2024

လူပျိုလေးက ရှက်တတ်ပြီ

04/10/2024

မီးနေသည်အစားရှောင်ခြင်းပြဿနာ

မေမေတို့ရေ ရှေးရိုးမဆွဲပါနဲ့နော် အယူအစမှားတွေကိုပြင်သင့်နေပါပြီ.....
မီးဖွားပြီးခါစမိခင်တွေစားရမယ့် အစားအစာကို အယူအဆအမှားတွေနဲ့ မိဘအများစုက
အကန့်အသတ်ထားတာမျိုးက မဆန်းတော့ပါဘူးမီးနေသည် က
နို့ထွက်အောင် ဟင်းခါးပဲသောက်ရမယ်
ဟင်းအဖြူထည်ပဲစားရမယ်
ငါးခြောက်ဖုတ် /ငါးကြော် နဲ့ပဲ ထမင်းစားရမယ်
ဆိုပြီး တနေ့လာလဲဒါ တနေ့လာလဲ ဒါပဲ
ကျွေးကြပါတယ်

❌တကယ်တော့အဲဒီလို အရာတွေက မှားပါတယ်။အာဟာရစုံအောင်မစားထားရင် အာဟာရချို့တဲ့ပြီး မိခင်ရော ကလေးပါ ဘေးဒုက္ခရောက်တတ်ပါတယ်။ Vit B ချို့တဲ့ရင် အသက်အန္တရာယ်တောင်စိုးရိမ်ရပါတယ် နော် 😥

နို့ကောင်းကောင်းမထွက်ဘူးဆိုပြီး
ငါးခြောက်/ငါးကြော် ဟင်းခါးပဲနေ့တိုင်းစားနေရတယ် အရွက်လည်းမစားရဘူးတဲ့။
ဒါတွေပဲစားစားနေရတော့ ညည်းငွေ့ပြီးမစားချင်
မစားတော့အာဟာရမရှိ နို့ကနည်းပြီးမထွက်တော့တာ တွေက ဆက်စပ်နေတာပါ။

မိခင်နို့ထဲကို အစပ်တွေ အချဉ်တွေမရောက်ပါဘူးအရွက်စားလို့ ကလေးဝမ်းမပျက်စေပါဘူး
လက်မသန့်ရှင်းမှသာ၊ နို့ဘူးတိုက်တာမှာ
သန့်ရှင်းမှုမရှိမှသာ ဝမ်းပျက်တတ်တာပါ

နို့တိုက်မိခင်တွေ အစားအသောက်၊ အာဟာရနဲ့ပတ်သက်ပြီး သိသင့်တဲ့အချက်လေးတွေကတော့

✔️အစားစုံအောင်စားခြင်း

အသီးအနှံ၊ ဟင်းသီးဟင်းချက်၊ အသားအမျိုးမျိုး၊ငါး၊ ကြက်ဥ၊ ဘဲဥ၊ ပဲ၊ နို့နဲ့နို့ထွက်ပစ္စည်း စတာတွေကို သမမျှအောင် နေ့စဉ်စားသုံးရပါမယ်။

✔️ရေများများသောက်ခြင်း

နို့တိုက်မိခင်တစ်ဦးဟာ တစ်နေ့ကို ရေနှစ်လီတာလောက် အနည်းဆုံးသောက်ရပါမယ်။ နို့၊အသီးဖျော်ရည်၊ ရိုးရိုးရေ စသဖြင့် အရည်များများသောက်ပေးရပါမယ်။

✔️ပရိုတင်းကြွယ်ဝသောအစားအစားများစားခြင်း

နို့၊ ဒိန်ခဲ၊ ဒိန်ချဉ်၊ ပဲ၊အသား၊ ငါး စတာတွေဟာ ပရိုတင်းကြွယ်ဝစွာပါပါတယ်။ မီးဖွားပြီးကာစမိခင်ကို မြန်မြန်နာလန်ထစေနိင်ပြီး ခန္ဓာကိုယ်ကျန်းမာသန်စွမ်းစေပါတယ်။ မိခင်အသက်ဟာ ၁၈နှစ်အောက်ဖြစ်နေခြင်း သို့မဟုတ် ကိုယ်ဝန်မဆောင်ခင်မှာ ပိန်လွန်းနေခြင်းရှိခဲ့ရင် မီးဖွားပြီးချိန်မှာ ပရိုတင်းများများစားပေးရမှာဖြစ်ပါတယ်။

✔️ကိုယ်ဝန်ဆောင်အားဆေးများဆက်လက်သောက်သုံးခြင်း

မီးဖွားပြီးချိန်မှာလည်း ကျန်ရှိနေသေးတဲ့ ကိုယ်ဝန်ဆောင်စဉ်ကသောက်တဲ့အားဆေးတွေကိုဆက်လက်သောက်လို့ရပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ အားဆေးတွေကို မှန်မှန်သောက်ပေးခြင်းဟာ နို့တိုက်မိခင်ရဲ့ကျန်းမာရေးကောင်းဖို့ကို အာမခံချက်ပေးနိုင်ပါတယ်။

မိခင်တွေရှောင်ကြဉ်ရမယ့်အစားအစာတွေလည်းရှိပါတယ်။ အဲဒါတွေကတော့
အရက်
ကဖိန်းဓာတ်
fast food
ပူလွန်း၊ချဉ်လွန်း၊စပ်လွန်းတာတွေ
ဒူးရင်းသီးအလွန်အကျွံစားတာတို့၊
မသန့်တဲ့ချဉ်ဖတ်တို့၊ တညင်းသီးတို့တော့ရှောင်ပါ။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေရှင် ☘️⭐️❤️

04/07/2024

ရာသီဥတုကောင်းပုံများ😅😅😅

04/07/2024

သူ့ဘဝနဲ့သူ့တန်ရာ
******************
ဟာ.......ဟိုမိန်းမမွေးထားတဲ့ခွေးကသိန်း၂၀၀ကျော် တန်!!!
အော် ... ရူးနေတာ ငါသာဆို မဝယ်ဘူး
အဲ့အစား... ကားဝယ်စီးမှာပေါ့

မတူဘူးလေ... လူဆိုတာ သူ့ဘဝနဲ့သူ "

"အခု ငါတို့ စားနေတဲ့ဝိုင်း
ဘယ်လောက်ကျလဲ ???? "
"၃ထောင် .... "
"ကျွန်မတို့ လက်ဖက်ရည်ဆိုင်မှာ ခဏလေး စားတာ ၃ထောင်
ခဏ.... ကျွန်မ ရှင်နားလည်အောင် သက်သေပြမယ်"
ကလေး ဒီနား လာပါဦး"
ကျွန်မ လမ်းမပေါ်မှာရေသန့်ဘူးကောက်နေတဲ့ဘ၀ကိုရုန်းကန်နေတဲ့

၈နှစ်အရွယ်
ကလေးတစ်ယောက်ကို ခေါ်လိုက်တယ်
"သားကို မမတို့ ၃ထောင်ပေးမယ်
လမ်းထိပ်က ထမင်းဆိုင်မှာ ပုစွန်ဟင်းကောင်းတယ် ... ပုစွန်ထုပ်ကြီး ၂ကောင်တောင်ပါတယ် ... ဝယ်စားချည် ... စားမလား?"

"ဟာ...ကျွန်တော်အရူးမှ မဟုတ်တာ ဘာလို့စားမှာလဲ?
စားမနေဘူး ... အဲ့အစား မိသားစုအတွက် ဆန်၂ပြည် ဝယ်သွားပြီး ချက်စားမှာပေါ့ "
ကောင်လေးက ရိုးရိုးပဲ ဆတ်ခနဲ ပြန်ပြောတယ်

သူငယ်ချင်းဘက်ကို လှည့်ပြီး ပြောလိုက်တယ်
"ဟေ့မိန်းမ... စောစောက ရှင် ဘာပြောလဲ?
ဝယ်မနေဘူး .... အဲ့အစား
ကားဝယ်မှာပေါ့ လို့ ပြောတယ်မလား ???"

"အေး အဲလိုပဲ
ကျွန်မတို့အတွက် ၃ထောင်ဆိုတာ ၁၀မိနစ်အတွင်း လက်ဖက်ရည်ဆိုင်ထိုင်ဖြုန်းပစ်တာ ဘာမှ အရာမဟုတ်ပေမဲ့
မပြည့်စုံတဲ့သူတစ်ယောက်အတွက်တော့ ..... အဲ ၃ထောင်က ဆန် ၂ပြည်ပဲ"

"ထို့နည်းတူ.... သူ့ဘာသူ
ဘယ်နှသိန်းတန် ဘာဝယ်ဝယ်
လူချင်းတူပေမဲ့ ဘဝချင်းမတူဘူး
ဒါကို ရှင်ကောင်းကောင်း နားလည်ဖို့လိုတယ်"

"သူရှိလို့ သူဝယ်တာ
သူရှာတဲ့
သူ့ပိုက်ဆံနဲ့သူဝယ်တာ
ရှင် က ဝင်ကဲ့ရဲ့တော့
ရှင့် အဖြစ်နဲ့ ရှင့်အဆင့်က
စောစောက ကျွန်မယှဉ်ပြတဲ့
ကလေးငယ် လို ဖြစ်သွားတော့ မပေါ့"
"မုဒိတာတရား ထားစမ်းပါရှင်ရယ် "

"ရှင့်အတွက် မတန်ဘူး ထင်လား
အဲ့ဒါဆို အဲ့ပစ္စည်းက ရှင့် အတွက် ထုတ်တာ မဟုတ်ဘူး "

Credit
ပြန်လည်မျှဝေသည် 😍

04/05/2024

အမေ့သားငယ်လေးအရွယ်ရောက်လ်ို့
လောကဓံတွေ ရင်ဆိုင်ရချိန် ဒီအချက်
တွေကိုမှတ်သားထားပါသားရေ

သားဒုက္ခရောက်နေတာတောင်
မကူညီရကောင်းလားလို့ ဒေါသမထွက်ပါနဲ့။

ဘယ်သူကမှ သားကိုကူညီဖို့ တာဝန်ရှိမနေပါဘူး။

သားရဲ့အခက်အခဲတွေ အကျပ်အတည်းတွေကို
အလိုက်တသိနဲ့ နားမလည်ရကောင်းလား လို့
အပြစ်မတင်ချင်ပါနဲ့။

ဘယ်သူကမှ သားကိုနားလည်ပေးဖို့
လူလာဖြစ်နေကြတာ မဟုတ်ဘူး။

အမေ့သားလေးအထီးကျန်တယ် အဖော်မပြုရကောင်းလား လို့
မနာကျည်းလိုက်ပါနဲ့။

သားလျှောက်နေတဲ့လမ်းမှာ
မိသားစုကောင်း/မိတ်ဆွေရင်း/အဖော်မွန်စစ်
ပါချင် ပါလာမယ်။
မပါချင် မပါဘူး။

လမ်းခုလတ်က လှည့်ထွက်သွားတာလည်း ဖြစ်ချင်ဖြစ်မယ်။

သေချာတာ ကိုယ်သွားချင်တဲ့လမ်း
ကိုယ်တိုင်ဆုံးအောင် ဆက်လျှောက်ရမှာပဲ။

ဂရုစိုက်မယ့်သူရှိရင် ဂရုစိုက်ခံလိုက်။
ဘယ်သူမှ မရှိဘူးလား....?
သားကိုယ့်ကိုယ်ကိုယ် ဂရုစိုက်။

ချစ်ပေးမယ့်သူရှိရင် အချစ်ခံလိုက်။
မချစ်တော့ဘူးလား....?
လွတ်လပ်ခွင့်ပေးလိုက်။

သူတစ်ပါးစိတ်နှလုံးအိမ်ထဲမှာ နေရာတစ်ခုရဖို့ဆိုတာ
သားတောင်းဆိုလို့ မရဘူး။

တစ်ဖက်ကပေးသလောက်ပဲ သားနေရမယ်။
ကျေနပ်တာ မကျေနပ်တာ မတွေးပါနဲ့သားရေ။
ဘယ်သူကမှ သားခံစားချက်ကို မေးနေမှာမဟုတ်ဘူးတွေးပေးနေမှာမဟုတ်ဘူး။

ဒါတွေဟာ သမရိုးကျဖြစ်စဉ်တွေ ။

ထွေထွေထူးထူး ကြေကွဲမနေနဲ့အမေ့သားလေး။

ကိုယ့်ကိုကိုယ်မှ စိတ်ချမ်းသာအောင်မထားရင်
ဘယ်သူကမှ သားစိတ်ချမ်းသာအောင်
ထားနိုင်မှာမဟုတ်ဘူး။

ယောကျ်ားဆိုတာ လောကမှာ ရှင်သန်ရဲရမယ် ကျရှုံးခဲ့ရင်လဲ လက်ခံနိုင်ရမယ်
မိသားစုကို ကာကွယ်နိုင်တဲ့သတ္တိ ရှိရမယ် အမေ့သားလေး
nanshwebawin

04/03/2024

လိုချင်တာတွေများနေရင်_ရင်မောရတတ်တယ်
ဖြစ်ချင်တာ‌‌တွေများနေရင်_စိုးရိမ်နေရတတ်တယ်
မျှော်လင့်တာတွေများနေရင်_ပူပန်နေရတတ်တယ်...။

မလိုအပ်တဲ့အရာတွေကိုလည်း_မခင်တွယ်မိစေနဲ့
စိုးရိမ်သောကတွေကိုလည်း_လိုအပ်တာထက်မပိုနဲ့
မဖြစ်သေးတဲ့ကိစ္စကိုတွေးပြီး_သောကမရောက်ပါနဲ့...။

လောကဓံဆိုတာ...
မလိုချင်တာတွေလည်း_ရလာတတ်တယ်
မဖြစ်ချင်တာတွေလည်း_ဖြစ်လာတတ်တယ်
မမျှော်လင့်တာတွေလည်း_ကြုံလာရတတ်တယ်...။

ကိုယ်လိုချင်တာတွေမရလို့လည်း စိတ်ညစ်မနေပါနဲ့
ကိုယ်မလိုချင်တာတွေရပြီး စိတ်ညစ်နေရတဲ့သူတွေ
လောကကြီးမှာ ဒုနဲ့ဒေးရှိနေပါတယ်...။

အတိတ်ကရခဲ့တဲ့ နာကျင်စရာတွေကို မေ့လိုက်ပါ
ဒါပေမယ့် အဲ့ဒီကရတဲ့ သင်ခန်းစာတွေကိုတော့
ဘယ်တော့မှ မေ့မပစ်လိုက်ပါနဲ့...။

ရင့်ကျက်မှုတွေရဖို့ မျက်ရည်တွေနဲ့ ရင်းခဲ့ရတယ်
ခွင့်လွှတ်တတ်ဖို့ သည်းခံစိတ်တွေမွေးခဲ့ရတယ်
နားလည်ပေးဖို့ ဒေါသတွေ လျှော့ခဲ့ရတယ်
အဆင်ပြေသွားဖို့ ဖြစ်ချင်တာတွေ စွန့်လွှတ်ခဲ့ရလို့ပါ...။

လူ့ဘဝသက်တမ်း ဆိုတာက
ဖိနပ်တစ်ရံလိုပါပဲ ရုပ်ဝတ္ထုတွေနောက်လိုက်ရင်း
ပျော်ရွှင်မှုတွေနောက် လျှောက်ရင်း
ပါးလျကုန်ကြရတာလေ...
ဘဝဟာတိုတိုလေးမို့ အမုန်းတရားတွေနဲ့
အချိန်ကုန်မခံပါနဲ့...။

ပြောချင်တာက
လောကဓံဆိုတာ လူတိုင်းကြုံနေရတာပါ
အောင်မြင်လိုက် ရှုံးနိမ့်လိုက်နဲ့ပေါ့
ဘယ်သူမှ တသက်မတ်တည်း မရှိနိုင်ပါဘူး
ဒါဟာ သဘာဝပဲ...။

သဘာဝရဲ့ တစ်ခဏကို
ထာဝရလို့ မထင်လိုက်ပါနဲ့လို့ ပြောပါရစေ...။

မေတ္တာ ဖြင့်🍂
ပန်းပျိုးလက် ✍️
#နှလုံးသားအဟာရစာစုလေးများ

04/02/2024

ကိုယ်တို့က တနင်္လာနဲ ဗဒ္ဓဟူး
သာယာအေးချမ်းစီးပွားတတ်

ချမ်းသာမယ့် အိမ်ထောင်ဖက် 👍

ဦးသာ၊ စိန်ပန်း၊ ဒန်းလှ၊ ကိုရှာ။

ဦး သာ = တနင်္ဂနွေနှင့် သောကြာ
စိန် ပန်း = အင်္ဂါနှင့် ကြာသပတေး
ဒန်း လှ = စနေနှင့် ဗုဒ္ဓဟူး
ကို ရှာ = တနင်္လာနှင့် ရာဟု။

အိမ်ထောင်ဖက် အသက်မရှည်ရာ✋
အိမ်ထောင်ဖက်ထဲကတယောက်ယောက် စောစီးစွာ သေဆုံးတတ်သည်
သို့မဟုတ်
အိမ်ထောင်ကွဲစေတတ်သည်

ဓမ္မာ၊ သောက၊ အင်း၀၊ ရာဇာ။

ဓ မ္မာ = စနေနှင့် ကြာသပတေး
သော က = သောကြာနှင့် တနင်္လာ
အင်း ဝ = တနင်္ဂနွေနှင့် ဗုဒ္ဓဟူး
ရာ ဇာ = ရာဟုနှင့် အင်္ဂါ။

အေးချမ်းသာယာသော အိမ်ထောင်ဖက်🤗

အောင်ပ၊ ကုလား၊ ဆွေသား၊ တော်ရင်း။

အောင် ပ = တနင်္ဂနွေနှင့် ကြာသပတေး
ကု လား = တနင်္လာနှင့် ဗုဒ္ဓဟူး
ဆွေ သား = အင်္ဂါနှင့် သောကြာ
တော် ရင်း = စနေနှင့် ရာဟု။

ရန်ခနခနဖြစ်စေသော အိမ်ထောင်ဖက်😡

ဦးညို၊ ခေမာ၊ သုတ၊ ဝေရီ၊ ရန်စီစီ။

ဦး ညို = တနင်္ဂနွေနှင့် အင်္ဂါ
ခေ မာ = တနင်္လာနှင့် ကြာသပတေး
သု တ = သောကြာနှင့် စနေ
ဝေ ရီ = ဗုဒ္ဓဟူးနှင့် ရာဟု
ရန်စီစီ= ဗုဒ္ဓဟူးနှင့် အင်္ဂါ

ဓာတ်ဖက် စီးပွားတက်ပြီး အေးချမ်းသာယာစေသော အိမ်ထောင်ဖက်

အန္တော၊ ဂဗ္ဘေ၊ စရေ၊ ဝံသေ။

အ န္တော = တနင်္ဂနွေနှင့် စနေ
ဂ ဗ္ဘေ = တနင်္လာနှင့် ကြာသပတေး
စ ရေ = အင်္ဂါနှင့် ရာဟု
ဝံ သေ = ဗုဒ္ဓဟူးနှင့် သောကြ။

ဓာတ်ရန် ရန်ခနခန​ဖြစ်စေသောအိမ်ထောင်ဖက်

ဦးဝေ၊ စံကူး၊ ရေဘူး၊ တောသူ။

ဦး ဝေ= တနင်္ဂနွေနှင့် ဗုဒ္ဓဟူး
စံ ကူး = အင်္ဂါနှင့် တနင်္လာ
ရေ ဘူး = ရာဟုနှင့် ကြာသပတေး
တော သူ = စနေနှင့် သောကြာ။
ဆရာပိုင်

03/29/2024

တစ်ခုခုဆို ကံပါသလောက်ပဲ ငါတွေးထားတယ် ။
ငါအသက်ရှင်နေတုန်းလေး ငါပိုင်ဆိုင်ခွင့်ရတဲ့အရာတွေ
ငါ့အနားမှာ ရှိနေပေးကြတဲ့လူတချို့ကို
တန်ဖိုးထားပြီး အကောင်းမွန်ဆုံး ဆက်ဆံမယ် ။

လက်လွှတ်ဆုံးရှုံးရဖို့ အချိန်ရောက်လာရင်လည်း
ပြုံးပြုံးလေးနဲ့ လက်လွှတ်နိုင်အောင် ကြိုးစားမယ် ။

ချစ်ခြင်းမေတ္တာနဲ့ ပတ်သက်ရင်လည်း ထိုနည်းတူပဲ
ငါဘာကိုမှ ထွေထွေထူးထူး သိပ်မတွေးချင်တော့ဘူး
ကံပါသလောက်တော့ အတူရှိခွင့်ရမှာပါ ။
Crd နန်းရွှေဘ၀င်

03/28/2024

တစ်ခါ တစ်လေ..
စိတ်ပင်ပန်းတဲ့အခါ..
မပျော်ပဲ..မပြုံးချင်တော့ဘူး..

တချို့..အပေါ်ယံတွေမှန်း သိသိကြီးနဲ့
အလိုက်အထိုက် ပြောဆို ပေးနေရတဲ့..
ဆက်ဆံရေးတွေကိုလည်း..
မနှစ်မြို့ ချင်တော့ဘူး...

လုပ်ဖော်ကိုင်ဘက် အချင်းချင်း..
မျက်စောင်းထိုးနေရုံနဲ့...ဘဝကြီးက
ပြောင်းလဲသွားမှာမှ ..မဟုတ်တာ..
ကိုယ့်စိတ်သဘောထားနဲ့...
ကိုယ့်လုပ်ရပ်ကသာ...ကိုယ့်ဘဝကို..
ပြောင်းလဲပေးနိုင်တယ်ဆိုတာ...
သဘောပေါက်ရမှာမို့...
အဓိက က ဘာလုပ်လုပ်
စေတနာသာ ထည့်လုပ်ပါ

စေတနာဆိုတာ အကျိုးပေးပါတယ်..
အနည်းဆုံး ငတ်မွတ်နေရင်တောင်
ဆာလောင်မွတ်သိပ်တဲ့.ဒဏ်ကို ခံနိုင်ရည်ရှိပြီး
ဆာလောင်တဲ့...
စိတ်ဖြစ်မှာ မဟုတ်ပါဘူး...
ℂ𝕣𝕖𝕕𝕚𝕥 ပေးပါသည်။
nanshwebawin

03/28/2024

မမေ့နဲ့
ပေးနိုင်တာ ပေးလို့
ကျွေးနိုင်တာကို ကျွေးပြီး
ကူညီနိုင်တာ ကူညီလိုက်မယ်။

ဒါပေမယ့်
လူတွေရဲ့ အကြောင်းကို
ကောင်းကောင်း သိလာတော့...

လူတိုင်းကို
ရင်ဘတ်ကြီးနဲ့ မပေါင်းဖြစ်တော့ဘူး။

လူတစ်ချို့ဟာ
လိုတာ ရပြီးလို့.
အကြိုက်ကို မလိုက်နိုင်တော့တဲ့ အခါ

ရင်ဘတ်ကြီးနဲ့ ရင်းပြီး
ပေါင်းသင်းမိတဲ့ ကိုယ့်ရင်ကိုပဲ
နာကျင်စေတာ များလာလို့ပါ။

တစ်ဖြည်းဖြည်း
သိသိလာမိတာက

အကြိုက်တွေ
ပေးနေပေမယ့် စရိုက်တွေ
မတူရင် ပေါင်းလို့မရနိုင်ဘူး ဆိုတာရယ်

လောကမှာ
လူတွေ အများကြီး ရှိပေမယ့်
ရင်ဘတ်ချင်း တူသူက
အနည်းစုပဲ ရှိနိုင်တယ်

03/27/2024

"တန်ဖိုးရှိလွန်းလို့ ဖတ်ဖြစ်အောင်‌တော့ဖတ်ကြည့်လိုက်ပါ"
===============================

ကောင်းစားစေချင်လို့ဆိုပြီး
လူကြားထဲမှာအရှက်ခွဲခဲ့တဲ့
လူတချို့ရယ်

ခင်လို့စတာပါဆိုပြီး
အားနည်းချက်ကို လှောင်ပြောင်ခဲ့တဲ့
လူတချို့ရယ်

ဖြစ်တတ်ပါတယ်ဆိုပြီး
ဟန်ဆောင်မုသားတွေနဲ့ နှစ်သိမ့်ပေးနေတဲ့
လူတချို့ရယ်

ငါဘဝမှာ နင့်ကို အခင်ဆုံးဆိုပြီး
သူစိမ်းဆန်သွားတဲ့
လူတချို့ရယ်

နွေးထွေးစွာ ပွေ့ဖက်ထားမယ့်
ဟန်ပန်နဲ့ ရင်ဝကို ရက်ရက်စက်စက်
ဆောင့်ကန်ခဲ့တဲ့
လူတချို့ရယ်

နင့်အတွက် ငါရှိတယ်ဆိုပြီး
နောက်ကျောကိုဓားနဲ့
အကြိမ်ပေါင်းများစွာ ထိုးခဲ့တဲ့
လူတချို့ရယ်

ဆွဲထူမလိုလိုနဲ့
ဆောင့်တွန်းခဲ့တဲ့
လူတချို့ရယ်

မျှော်လင့်ချက်တွေပေးပြီး
အိပ်မက်တွေကို ရိုက်ချိုးပစ်ခဲ့တယ့်
လူတချို့ရယ်

ဘဝမှာ အဲ့လိုလူတွေနဲ့
တွေ့ပြီးတဲ့နောက်ပိုင်း
စိတ်မပါလည်း ပြုံးတတ်လာခဲ့ပါတယ်
အဖော်မက်လွန်းတဲ့ လူတစ်ယောက်မှာ
မိတ်ဆွေစစ်မရှိတာ မဆန်းပါဘူး။

03/27/2024

*စကားနှင့်တန်ဖိုး*
****************

*စကားဆိုတာ
သာမန်ကြည့်ရင်
လူတယောက်ရဲ့တန်ဖိုးနှင့်
မသက်ဆိုင်ဘူးလို့ထင်ရပေမယ့်
လူတယောက်ရဲ့အဆင့်အတန်းကိုတော့
စကားလုံးတွေကိုကြည့်ပြီး
ပိုင်းဖြတ်လို့ရတတ်ပါတယ်။

*စကားဆိုတာ
စကားစကားပြောပါများ
စကားထဲကဇာတိပြဆိုသလို
စကားလုံးကြမ်းတွေကလူ့တန်ဖိုးကို
နိမ့်ကျစေပါတယ်
စိတ်ရင်းဘယ်လောက်ကောင်းကောင်း
အပြောမတတ်ရင်ဆဲသလိုဆိုတာလည်း
အမှန်ပါပဲ။

*စကားဆိုတာ
လူတယောက်နဲ့တယောက်
ချစ်ခင်မှု့ကိုဖန်တီးပေးတတ်သလို
နာကျင်မုန်းတီးမှု့ကိုလည်း
လက်ဆောင်ပေးတတ်ပြန်ပါတယ်
ပျော်ရွှင်မှု့တွေသယ်ဆောင်လာတတ်သလို
အထီးကျန်မှု့ကိုလည်းတွဲခေါ်လာတတ်
ပြန်ပါတယ်။

*စကားကြောင့်
အားဖြစ်စေတတ်သလို
စကားကြောင့်ပဲ
စိတ်ဓါတ်ကျစေတတ်ပါတယ်
အသွားမတော်တစ်လှမ်း
အစားမတော်တစ်လုပ်ဆိုသလို
အပြောမတတ်ရင်
စကားတခွန်းထဲနဲ့ပဲ
အရမ်းချစ်ရသူတွေတောင်
ရန်သူဖြစ်သွားတတ်ပါတယ်။

*စကားဆိုတာ
အောင်မြင်မှု့တွေရဲ့
ပထမခြေလှမ်းဖြစ်သလို
ဆုံးရှုံးမှု့တွေရဲ့အဓိကခြေလှမ်းလည်း
ဖြစ်နေတတ်ပြန်ပါတယ်
ချစ်သူတွေပေါင်းစည်းခြင်းအတွက်
မြှားနတ်မောင်ဖြစ်နေတတ်သလို
အရမ်းချစ်ခဲ့ပြီးမှကျောခိုင်းတတ်တဲ့
တရာခံဟာလည်းစကားကြောင့်ပဲ
ဖြစ်ပါတယ်။

*စကားကြောင့်
မိတ်ဆွေဖွဲ့ပြီးရင်းနှီးခဲ့ကြသလို
မိတ်ဆွေကနေသူစိမ်းတွေ
ဖြစ်သွားတတ်ပါတယ်။

*စကားဆိုတာ
အပြောမတတ်ရင်
နှစ်ပေါင်းများစွာထိန်းသိမ်းလာတဲ့
ဂုဏ်သိက္ခာတွေတောင်
စကားတစ်ခွန်းကြောင့်
ရေစုန်မျောသွားတတ်ပါတယ်။

*မပြောမဖြစ်လို့ပြောပြန်ရင်လည်း
အမှားမပါစေပဲဓါးတလက်လို
အကျိုးရှိစေတဲ့နေရာမှာအသုံးချတတ်ဖို့ရာ
ကိုယ်နှင့်အခြားသူတွေကိုထိခိုက်စေတဲ့
လူသတ်လက်နက်ဓါးတစ်လက်တော့
မဖြစ်ပါစေနဲ့လို့ဆန္ဒပြုလိုက်ရပါတယ်။
နန်းရွှေဘ၀င်

03/26/2024

တကယ့်လောကဒဏ်ဆိုတာ . . . .ဘာလဲလို့
မိသားစုတစ်ခုလုံး ပြိုကွဲပျက်စီးသွားချိန် ၊
တစ်လဝင်ငွေဟာ လုံးလုံး . . . .
ကိုယ်ထမ်းပိုးထားရတဲ့ တာဝန်တွေအတွက်
မလောက်မငှဖြစ်လာချိန်တွေမှာ ပိုသိလိမ့်မယ်တဲ့။

ကိုယ်ကတော့ အခုနောက်ပိုင်း . . . .
စကားတစ်ခွန်းကိုတော်တော်လေးပြောဖြစ်တယ်။

" လက်ခံလိုက်. . . ."
" ဟုတ်တယ်၊ လက်ခံလိုက် " လို့ ။

ကိုယ့်မှာ အရှက်ရစရာမိသားစုရှိနေလား
" ဟုတ်ပြီ. . . .လက်ခံလိုက် "
ကိုယ့်မှာ ဆိုးသွမ်းတဲ့သားသမီးတစ်ယောက်ရှိနေလား
" ဟုတ်တယ်၊ လက်ခံလိုက် "

တစ်ခြား ကိုယ်ပြုပြင်ပြောင်းလဲလို့မရတဲ့အရာတွေရှိနေသေးရင်လည်း ရှင်းရှင်းလေး၊
" အဲ့အရာကို ဒီအတိုင်းပဲလက်ခံလိုက် "

တကယ်တော့ လူတွေပင်ပန်းတယ်ဆိုတာ. . . .
ပြတ်ပြတ်သားသား ဘဝကိုလက်မခံနိုင်ကြလို့တဲ့။

ငါဒီလိုဖြစ်နေတာ၊ ဒီလိုကြုံနေတာကြောင့်
ငါ့မှာ ဒီပြဿနာတွေရှိနေတာကြောင့် ၊ ပတ်ဝန်းကျင်ကဘယ်လိုပြောမလဲ၊ဘယ်လိုမြင်မလဲဆိုတာတွေနဲ့ အလုပ်ရှုပ်နေကြလို့

အဲ့အရာတွေကိုလက်ခံဖို့ခက်ခဲပြီး လိုက်ပြောင်းလဲဖို့ကြိုးစားနေမိကြတာပဲ။

နောက်ဆုံးကျတော့. . . . .အဲ့အရာတွေက
ကိုယ့်ဘဝထဲမှာ တကယ်လည်း ပြောင်းလဲသွားတာမဟုတ်ဘူးလေ။

ဒါကြောင့် ကိုယ်မကျူးလွန်ထားတဲ့ ဘဝပေးကိစ္စတွေအတွက် ဖြေရှင်းလို့မရတော့ရင်
လူတွေဝိုင်းလက်ညိုးထိုးတာခံလာရရင်

" ဒီအတိုင်းပဲ လက်ခံလိုက် "

" ဟုတ်တယ်. . . .ငါ့ဘဝကအဲ့အတိုင်းပဲ ၊
နင်တို့မြင်တဲ့အတိုင်းပဲ ၊

ဘာဖြစ်လဲ. . . .ငါကျော်ဖြတ်နေတယ်၊ ငါ့မှာအဲ့လိုပြဿနာတွေရှိတယ် "

ဒါပဲ. . . . .
ကျန်တာလူတွေ သူတို့ပြောချင်ရာပြောပါစေ
ဂရုမစိုက်နဲ့ စိတ်မညစ်နဲ့အားမငယ်နဲ့
လုပ်သင့်တာ လုပ်စရာရှိတာဆက်လုပ်လိုက်ပါ

03/24/2024

သုဘရာဇာက သေသူကိုရေချိုးပေးရင်းနဲ့
သေသူရဲ့သားကိုပြောတယ်
ခင်ဗျားဖခင်ရဲ့အင်္ကျီနဲ့ပုဆိုးဟာ
အသစ်ကြီးရှိနေသေးတယ်
ကပ်ကျေးနဲ့မညှပ်တော့ဘူး
ခင်ဗျားပြီးမှ ဝတ်လိုက်ပေါ့

သားက သုဘရာဇာကိုပြန် ပြောတယ်
လူသေရဲ့ကိုယ်ကချွတ်တဲ့အဝတ်အစားကို
ပြန်ဝတ်တဲ့သူရှိလားတဲ့...

သားလေးရယ် သေသူရဲ့ဘဏ်စာအုပ်မှာ
ကျန်တဲ့ငွေ
သစ်လွင်နေတဲ့ကား
ခမ်းနားလှတဲ့အဆောက်အဦး
အဲ့ဒါတွေအားလုံးပြန်သုံးမှာပဲ မဟုတ်လား

သတိထားပါသူတော်ကောင်း အပေါင်းတို့...
အကြင်သားသမီးတွေအတွက် အသင်ဟာမိမိရဲ့
ကိုယ် စိတ် ဥစ္စာ အချိန် တွေကိုရင်းနှီးမြုပ်နှံပြီးတော့
ရှာဖွေရင်းသွားနေတယ်.....

အဲ့ဒီသားသမီးတွေ
သင် ကွယ်လွန်ပြီးလျှင်......
သင့်ရဲ့ခန္ဓာကိုယ်က
အဝတ်အစားတောင်ပြန်ဝတ်ဖို့
နှစ်မြို့မှာမဟုတ်ဘူး.....

သို့ရှိလေရာ.....သင့်အနေနဲ့...
သင့်ရဲ့... ဥစ္စာပစ္စည်းတွေကို
ဘဝရဲ့သွားလာနေတဲ့ခရီးရှည်ကြီးမှာ....
မိမိရဲ့အကူအညီကိုလိုအပ်နေတဲ့
ဒုက္ခရောက်နေတဲ့သူတွေ....
သက်ကြီးရွယ်အိုတွေ....
ဆွေမျိုးသားချင်းတွေ....
သူဆင်းရဲတွေ.....အပေါ်မှာလည်းသုံးစွဲပါ

သို့မှသာ သံသရာမှာလည်း အသင့်အတွက်
အပြည့်အဝအကျိုးရှိမယ်...
သံသရာအတွက် အထုပ်ကြီးကြီး ထုပ်နိုင်ကြပါစေ...

နန်းရွှေဘ၀င်
ထပ်ဆင့်မျှဝေခြင်း
Crd

03/20/2024

ကိုယ် နာကျင်ရသလို
မင်းကို
ဘယ်တော့မှ
မနာကျင်စေချင်ဘူး ။

ဘာကြောင့်လည်းမေးရင်
မင်းက
ရင့်ကျက်ချင်ယောင်ဆောင်ပေမယ့်
သိပ် သိမ်ငယ်တတ်တာကို
ကိုယ် တစ်ယောက်တည်း
သိခဲ့တာလေ

သိပ် သန်မာသလို နေပြတတ်တတ်ပေမယ့်
တစ်ဖက်မှာ
သိပ် ပြိုလဲလွယ်တာကို
ကိုယ် သိခဲ့ရတယ် ။

ဖြစ်နိုင်ရင်
ဝဋ်ဆိုတဲ့ အရာကလည်း
လွတ်စေချင်တယ်

ချစ်တဲ့လူတစ်ယောက်ရဲ့ လက်မှာ
ပျော်ပျော်ရွှင်ရွှင်ရှိစေချင်တယ်
ဘ၀တစ်လျှောက်လုံး အေးချမ်းစေချင်တယ်

ကိုယ်က
ချစ်မိခဲ့တဲ့သူလေ
ကိုယ်က
ချစ်ခဲ့ရတဲ့သူလေ

ကိုယ် ပေးနိုင်တဲ့ မေတ္တာ
မင်းအပေါ်
အဆုံးစွန်ထိ နွေးစေချင်ပါတယ် ။

#ကျေးကို

03/19/2024

ဒေါသတွေထွက်ပြီးပေါက်ကွဲပစ်ချင်လဲ အော်သူလဲပင်ပန်းနေပါလားတိုပြီးဘာမှမပြောပဲမျိုသိတ်လိုက်ရတဲ့စကားတွေမှအများကြီး

03/19/2024

ငိုရုံပဲ ငိုတာပါ ...
ကျွန်မ မပြိုလဲသေးပါဘူး ...

ပြိုလဲလို့လည်း မရဘူးလေ
နာကျင်နေလည်း ဆက်လျှောက်ရဦးမယ်
လက်လျှော့ချင်လည်း
အားတင်းထားရဦးမယ် ...

အဆင်မပြေမှုတွေက
ဒီတစ်ကြိမ်တည်းမှ မဟုတ်တာဆိုတဲ့
အတွေးတွေနဲ့
ဒီအဆင်မပြေမှုကလည်း
အချိန်တန်တဲ့အခါ
ပြီးသွားမှာပဲ မဟုတ်လား ...

ဒါပေမယ့်
နာကျင်လွန်းတဲ့အခါ
ကျွန်မလည်း ငိုတတ်တာပေါ့ ...

မခံမရပ်နိုင်လောက်အောင်
မွန်းကျပ်လာတဲ့အခါ
ပေါက်ကွဲတတ်ပါတယ် ...

ပင်ပန်းလိုက်တာဆိုပြီး
ရေရွှတ်လောက်တဲ့အထိ
ကြမ်းတမ်းလာတဲ့အခါ
ခဏလောက်ဖြစ်ဖြစ်တော့
လဲကျချင်မိပါတယ် ...

ကျွန်မ ...
ဒီနေ့ ဒီအချိန်ထိတော့
ငိုရုံပဲ ငိုတာပါ

မပြိုလဲသေးပါဘူး ...

#ကျေးကို

03/19/2024

ဒီရာသီနဲ့အလိုက်ဖက်ဆုံးသရေစာ 😋😋

03/19/2024

စစ်မှာကအင်အားကြီးလေနိုင်လေ
အချစ်မှာကြအင်အားကြီးလေ
ရှုံး​လေ ပိုချစ်မိလေ ပိုရှုံးလေပဲ ။
လက်ခံနိုင်ဖို့သာပြင်ဆင်ထား
ကိုယ်ရွေးချယ်တဲ့လမ်း နာကျင်နေလဲ
ဆက်လျောက် တခုခုတော့ မင်းရခဲ့လိမ့်မယ် မခံမရပ်နိုင်တော့ဘူး အားလုံးကိုလွှတ်ချနိုင်ပြီလား
ဒါဆို လှည့်ထွက်ခဲ့ပါ အချစ်စစ်ဖြစ်ခဲ့လို့အရာရာဟာ ထိုက်တန်ခဲ့ပါတယ်

03/12/2024

မနက်မိုးမလင်းသေးဘူး သွား........😒😒လာမချွဲနဲ့ .....

03/10/2024

နှစ်အလိုက်
ရွှေ တစ်ကျပ်သားဈေးနှုန်းများ

1988 = 10,500 ကျပ်
1989 = 13,000 ကျပ်
1990 = 15,000 ကျပ်

1991 = 20,000 ကျပ်
1992 = 22,000 ကျပ်
1993 = 26,500 ကျပ်
1994 = 26,500 ကျပ်
1995 = 30,000 ကျပ်
1996 = 45,000 ကျပ်
1997 = 46,000 ကျပ်
1998 = 50,000 ကျပ်
1999 = 50,000 ကျပ်
2000 = 63,500 ကျပ်

2001 = 103,700 ကျပ်
2002 = 190,000 ကျပ်
2003 = 190,000 ကျပ်
2004 = 225,000 ကျပ်
2005 = 309,500 ကျပ်
2006 = 431,000 ကျပ်
2007 = 577,000 ကျပ်
2008 = 600,000 ကျပ်
2009 = 616,600 ကျပ်
2010 = 672,900 ကျပ်

2011 = 730,400 ကျပ်
2012 = 771,300 ကျပ်
2013 = 660,000 ကျပ်
2014 = 673,100 ကျပ်
2015 = 750,400 ကျပ်
2016 = 867,000 ကျပ်
2017 = 937,300 ကျပ်
2018 = 1,056,000 ကျပ်
2019 = 1,190,000 ကျပ်
2020 = 1,310,000 ကျပ်

2021 = 1,780,000 ကျပ်
2022 = 2,800,000 ကျပ်
2023 = 3,715,000 ကျပ် (30.12.2023)
2024 = 4,035,000 ကျပ် (8.3.2024)

#ရွှေဈေး

Want your business to be the top-listed Food & Beverage Service in Muse?
Click here to claim your Sponsored Listing.

Videos (show all)

စျေးသယ်လေး လာပါပြီရှင့်😍😍ဆံပင်တွေ အရမ်းကျွတ် လို့ စိတ်ညစ်နေလားဆံပင်အုံပါးလို့စိတ်ညစ်နေလား ဆံပင်ကြမ်းလို့ စိတ်ညစ်နေလားစိတ...
စျေးသယ်လေး လာပါပြီရှင့်😍😍ဆံပင်တွေ အရမ်းကျွတ် လို့ စိတ်ညစ်နေလားဆံပင်အုံပါးလို့စိတ်ညစ်နေလား ဆံပင်ကြမ်းလို့ စိတ်ညစ်နေလားစိတ...
စျေးသယ်လေး လာပါပြီရှင့်😍😍ဆံပင်တွေ အရမ်းကျွတ် လို့ စိတ်ညစ်နေလားဆံပင်အုံပါးလို့စိတ်ညစ်နေလား ဆံပင်ကြမ်းလို့ စိတ်ညစ်နေလားစိတ...

Category

Telephone

Website

Address


Muse, OK

Other Food & Grocery in Muse (show all)
Mee sheel Mee sheel
Muse

12.4.2021

Hnin Nu Wai Hnin Nu Wai
@hninnu. W. W. W
Muse

MUSE OFFICIAL SPONSOR AGENCY 🥰☑️☑️

2D Aung ko Aye 2D Aung ko Aye
Myanmary
Muse, GGG

မိတ်ဆွေတွေ အားလုံးကို ကျွန်တော်တင်?

Shou Tai Shou Tai
Muse
Muse, 765321

Noung Hom

𝐍𝐨𝐮𝐧𝐠 𝐇𝐨𝐨𝐦 𝐏𝐚𝐠𝐞 𝐍𝐨𝐮𝐧𝐠 𝐇𝐨𝐨𝐦 𝐏𝐚𝐠𝐞
မူဆယ်မြို့
Muse, 11041