Retro Cinemaazi- MM Subtitled Classic Films

IndianCinemaရဲ့classic ကျတဲ့ရာစုနှစ်တွေ (50s,60s,early 70s) ?

Photos from Retro Cinemaazi- MM Subtitled Classic Films's post 05/20/2023

just admiring this beautiful view @ my backyard ❤️❤️

05/26/2022

တော်တော်ကြာမှ ကျွန်တော် Website မှာ ဆောင်းပါးတစ်ပုဒ်ရေးဖြစ်ပါတယ်။ ဆောင်းပါးကတော့ တခြားမဟုတ်ပါဘူး အားလုံးနဲ့ ရင်းနှီးကျွမ်း၀င်ပြီးသား သီချင်းလေးတစ်ပုဒ်ဖြစ်တဲ့ အဆိုတော် စိုးပိုင်ရဲ့ စိတ်ကူးလေးနဲ့ရွက်လွှင့်မယ်ဆိုတဲ့ သီချင်းရဲ့ မူရင်း Record ဖြစ်တဲ့ Hai Apna Dil To Awaara ဆိုတဲ့
သီချင်းလေးအကြောင်းပါပဲ။ သီချင်းရဲ့ အနှစ်သာရကို ကျွန်တော် တွေးထင်ခံစားမိသလောက်ဖော်ကျူးထားပါတယ်။ ရှေးဟောင်းသီချင်းဆိုတာကရော ဘယ်လိုဟန်ရှိလဲ။ ဘာကြောင့် အထင်မသေးသင့်လဲအစရှိသဖြင့် အသေးစိတ်ကို ဖတ်ရှုရမှာပါ။

ဆောင်းပါးလင့်လေးကတော့ ဟောဒီမှာပါ ☺️ 👇

https://t.me/rcmusicroomfgldera/43

Retro Cinemaazi Telegram Channel လင့် 🔗

https://t.me/retrocinemaazimm2022

Retro Cinemaazi Music Room Channel လင့် 🔗

https://t.me/rcmusicroomfgldera

05/09/2022

Retro Cinemaazi မှ ရုပ်ရှင်ကြည့်ပရိသတ်များ ခင်ဗျား. . .
ကျွန်တော်တို့ အကြောင်းအမျိုးမျိုးကြောင့် ရုပ်ရှင်တွေ ဘာသာပြန်ပြီး တင်ဖို့ မဖြစ်နိုင်တော့ပေမယ့် သီချင်းတွေတင်တဲ့ RC MUSIC ROOM မှာတော့ အမြဲတမ်း Active ဖြစ်နေပါတယ်ဗျ။ Old Era က catchy tunes လေးတွေမှ စကားလုံးအနုအယွလေးတွေနဲ့ special ဘာသာပြန်ပေးထားတာတွေကို နားဆင်ရမှာပါ 😊
ဆိုတော့ ကျွန်တော်တို့ရဲ့ Music Room ချန်နယ်လေးကို join ထားကြဖို့ ပြောချင်ပါတယ်။ နားထောင်ချင်တဲ့ သီချင်းများရှိရင် အချိန်မရွေးတောင်းဆိုလို့ရပါတယ်။

🎶 RC Music Channel 👇

https://t.me/rcmusicroomfgldera

11/04/2021

🕯️ Happy Diwali To All Indians Out There 🕯️

Diwali နေ့မှာ ဟိန္ဒူညီအစ်ကိုမောင်နှမများ ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာရှိပါစေကြောင်း ကျွန်တော်တို့ Retro Cinemaazi မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျာ.....

ဒါနဲ့ ကျွန်တော်တို့ Tanujaji အကြောင်း article ရေးတုန်းက မိတ်ဆက်ပေးခဲ့တဲ့ `Anubhav´ ဆိုတဲ့ရုပ်ရှင်ကို ကျွန်တော်တို့ချန်နယ်မှာ part 2 အထိ တင်ထားပေးပြီးပါပြီ။ မကြည့်ရသေးရင်သွားကြည့်လိုက်ကြပါဦးနော်။ ဒီရုပ်ရှင်က ခင်ဗျားတို့ကို တမူထူးခြားတဲ့ vibe တစ်ခုပေးမှာအသေအချာပါပဲဗျာ။

ရုပ်ရှင်ကြည့်ရန် Link 👇

https://t.me/retrocinemaazimm2022

10/29/2021

Articles:

Bollywood ခေါ် Hindi Cinema ရဲ့ သမိုင်းကြောင်းတစ်လျှောက်မှာ First Kissing Scene ကို ဘယ်သူက ဘယ်နှခုနှစ်မှာ စတင်ခဲ့တာလဲ...

အောက်ပါလင့်မှာ အပြည့်အစုံဖတ်ရှုနိုင်ပါပြီခင်ဗျာ 👇

https://ouo.io/3DVtkj

10/16/2021

••••• အထူးသတိပေးကြေညာချက် •••••

ဤ Channel အတွင်းရှိပြသထားသော ရုပ်ရှင်ဇာတ်ကားများ၊ နောင်ကာလများတွင် တင်မည့်ရုပ်ရှင်များသည် ကျွန်ုပ်တို့ Retro Cinemaazi မှ သေသေချာချာ အမှန်အကန် စိစစ်ရွေးချယ်ထားပြီး လူကြီး၊ လူငယ်၊ သက်ကြီးရွယ်အို၊ ကလေးများမှ အစ ကြည့်ရှုနိုင်ပါသည်။ ကြမ်းကြုတ်သော ဇာတ်ကွက်များ၊ ရုတ်ရင်းကြမ်းတမ်းသော စကားလုံးများ အလျင်းမပါရှိပါ။ ကျွန်ုပ်တို့ Retro Cinemaazi ၏ အဓိကမူလရည်ရွယ်ချက်မှာ အိန္ဒိယရုပ်ရှင်သမိုင်းကြောင်းအစက ရုပ်ရှင်များအား အများပြည်သူများအား ကြည့်ရှုစေခြင်းဌာ စကားအပြောအဆို၊ ဟန်ပန်အမူအရာများ၊ မိဘနှင့်သားသမီးမေတ္တာဖွဲ့ဇာတ်လမ်းများ ၎င်းရှေးဟောင်းရုပ်ရှင်တို့၏ သူမတူသော ခံစားမှုများအား ကြည့်ရှုခံစားစေကာ နှလုံးသားအာဟာရပြည့်၀ စေလိုခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ကိုယ်ကျိုးအကျိုးအမြတ်တို့အတွက် အသုံးချခြင်းမပြုလိုပါ။ သို့ပေသိ ထိုရုပ်ရှင်ကားများကို အများပြည်သူ၊ကြည့်ရှုသူများအား အဆင်ပြေချောမွေ့စေရန် မေတ္တာစေတနာအပြည့်ထားကာ နေ့ဆိုလည်းနေ့ ညဆိုလည်းည၊ မနားမနေ၊ အချိန်ဗီဇနာများပေးဆပ်ကာ ဘာသာပြန်ဆို၊ အက်ဒစ် ( edit ) လုပ်ရသည်မှာ မလွယ်ကူလှပါ။ သို့ဖြစ်ပါသောကြောင့် ဤချန်နယ်အတွင်းရှိ ဇာတ်ကားများကို အကြောင်းကြားခွင့်ပန်ခြင်း အလျင်းအပြု မရှိဘဲ ကိုယ်ကျိုးအတွက် အသပြာရှာကာ မိမိကိုယ်ပိုင်ပုံစံပြန်တင်ခြင်း မပြုရန်ဖြစ်ပါသည်။ ကြည့်ရှုသူများအနေဖြင့်လည်း ဤကဲ့သို့ခွင့်ပြုချက်မရှိဘဲ ကူးယူတင်ထားခြင်းများအားတွေ့ရှိပါက လာရောက်အကြောင်းကြားပေးပါရန်နှင့် ဤကဲ့သို့လုပ်ရပ်မျိုးအား ဆန့်ကျင်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပြန်လည်တင်ပြဖြန့်ဖြူးချင်ပါက လာရောက်အကြောင်းကြား ခွင့်ပန်မည်ဆိုလျှင် မငြင်းနိုင်ပါ။ ငြင်းဖွယ်ရာမရှိပါ။ ကျွန်ုပ်တို့ Retro Cinemaazi မှဘာသာပြန်တင်ဆက်ထားသော ရုပ်ရှင်များနဲ့သီချင်းများအား အားပေးကြည့်ရှုသူ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါကြောင်း. . .

09/29/2021

Nightingale of India လို့တောင်တင်စားကြရတဲ့ Legendary Singer Lata Mangeshkar ရဲ့ဘ၀အကြောင်းနဲ့ အနုပညာ ဖြတ်သန်းပုံတွေကို Birthday Post အနေနဲ့ website တင်လိုက်ပါပြီ။

ဖတ်ရန်လင့် ⬇️
https://t.me/retrocinemaazimm2022/78

09/20/2021

Mother India (1957) မြန်မာစာတန်းထိုး
••••••••••••••••••••••••••••••••••••••••••••••••••••
တောင်းဆိုထားတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေရှိတာကြောင့် တတ်နိုင်သလောက် အမြန်ဆုံး Translate ပြီးတင်ပေးလိုက်ပါပြီ။ ရုပ်ရှင် Female-oriented film ဖြစ်တဲ့အတွက်ကြောင့် အဲဒီခေတ်မှာဆိုရင် တော်တော်ရှားတဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
Mother India နဲ့ပတ်သက်တဲ့ ဇာတ်လမ်းအ​ကျဥ်းရယ် ထူးခြားတဲ့ facts ကလေးတွေရယ်ကို article တစ်ပုဒ်အနေနဲ့ ရေးတင်ပေးမှာဖြစ်ပါတယ်။
အကယ်၍အခြားကြည့်ချင်တဲ့ ရုပ်ရှင်တွေ(၅၀ခုနှစ်-၇၀ခုနှစ်အလွန်) ရှိသေးရင်တောင်းဆိုသွားနိုင်ပါတယ်။ ရုပ်ရှင် ၃နာရီ၀န်းကျင်ကြာမြင့်တာကြောင့် ကျွန်တော်တို့ အပိုင်းတွေဖြတ်ပြီး translate ပြီးတင်ပေးနေပါတယ်။ file size ကြီးနေတာကြောင့် Quality လည်းကောင်းကောင်းနဲ့ bill သမားတွေပါကြည့်လို့ရအောင် သေချာပြင်ဆင်ပြီးတင်ပေးပါ့မယ်ခင်ဗျ။ ပထမအပိုင်းကို channelမှာ ကြည့်လို့ရပါပြီ။
အားလုံးပဲ ဘေးကင်းကြပါစေ

p.s ကျွန်တော်တို့ RC Channel ကိုအကြံပေးချင်တာပဲဖြစ်ဖြစ် လိုအပ်ချက်တစ်စုံတစ်ရာရှိရင် page cb ကို အချိန်မရွေးလာပြောလို့ရပါတယ်နော်

RETRO CINEMAAZI TELEGRAM ⬇️
https://t.me/retrocinemaazimmsub

Photos from Retro Cinemaazi- MM Subtitled Classic Films's post 09/02/2021

🎂 Happy 80th Birthday Sadhana Shivdasani 🎂 (2, Sep, 1941- 25 Dec, 2015)

Hindi Cinema ရဲ့ Mystery girl လို့တင်စားရတဲ့ Sadhanaရဲ့ မွေးနေ့ဖြစ်ပါတယ်
Sadhana(ဆာဒါနာ) ဟာ ဆင်ဒီဘာသာစကားပြောမိသားစုက မွေးဖွားလာတာဖြစ်ပြီး သူ့ဇာတိက အခု Parkistan Karachi မြို့ဖြစ်ပါတယ်။ အဲဒီတုန်းက British India ခေတ်ဆိုတော့ အိန္ဒိယနဲ့ပါကစ္စတန် မကွဲသေးတဲ့အချိန်လဲဖြစ်ပါတယ်။ နောက်တော့ ဘုံဘေကိုပြောင်းလာပြီး ကွန်ဗင့်ကျောင်းနဲ့ Jai Hind ကောလိပ်မှာပညာသင်ကြားခဲ့တယ်။ တက္ကသိုလ်ကျောင်းသူဘ၀မှာ Sadhana ဟာ မင်းသမီးကြီး Nutanရဲ့ရုပ်ရှင်တွေကိုကြည့်ရင်း မင်းသမီးဖြစ်ဖို့ Inspiration ရခဲ့တာပါ။ 1955မှာထွက်တဲ့ Raj Kapoor နဲ့ Nargis တို့ရဲ့ Shree 420 ဆိုတဲ့ဇာတ်ကားမှာ "Mur Mur Ke Na Dekh Mur Mur Ke" ဆိုတဲ့သီချင်းမှာ chorus girl အဖြစ်ပါ၀င်ခဲ့ပါတယ်။ နောက်တော့ 'Abaana' (1958) ဆိုတဲ့ ဆင်ဒီစကားပြောရုပ်ရှင်မှာ small role ကနေပါ၀င်ခဲ့ပါသေးတယ်။ 👇 Read More

09/02/2021

Remembering Sadhana Shivdasaniji on her 80th birth anniversary.
သူမအကြောင်းကိုမကြာခင်အသေးစိတ်ရေးတင်ပေးပါ့မယ်

RC MUSIC ROOM 08/28/2021

📢 Attention Please 📢
RC Channel က subscriber လေးတွေကို ကြေညာစရာရှိပါတယ်။ ကျွန်တော်တို့ ရုပ်ရှင်တွေ စတားတွေအကြောင်းတင်ပေးနေတဲ့ ဒီချန်နယ်ကနေ သီချင်းတွေပါတင်ပေးချင်တဲ့အတွက် ချန်နယ်တစ်ခုတည်းမှာ ရောထွေးမသွားအောင် သီချင်းတွေသီးသန့်တင်ပေးမဲ့ ချန်နယ်သီးသန့်တစ်ခုထောင်လိုက်ပါပြီခင်ဗျ။ Channel အသစ်မှာ Classic Song(50s,60s, early 70s) မြန်မာစာတန်းထိုးပြီးသားတွေကို နားဆင်ခံစားရမှာပါ။
To join 👇

https://t.me/rcmusicroomfgldera

RC MUSIC ROOM This channel is about old bollywood's melodious and lovely songs with Burmese Translations.

08/24/2021

Manzil (1960) မြန်မာစာတန်းထိုး

Dev Anand နဲ့ Nutan တို့ ရုပ်ရှင်တွေထဲက ဒုတိယမြောက်အကြိုက်ဆုံးကားဆိုရင် ဒီကားပါပဲ။ ရုပ်ရှင်က သူငယ်ချင်းသံယောဇဥ်ကိုအခြေခံထားပြီး Musical romance လို့ပြောလို့ရပါတယ်။ Raju (Dev Anand) ဟာ လူကုံထံအသိုင်းအဝိုင်းက ဖြစ်ပြီး ဘိလပ်ကို စီးပွားရေးပညာသင်ဖို့လွှတ်လိုက်ပေမယ့် ဂီတကိုပဲစိတ်၀င်စားတာကြောင့် ဂီတနဲ့ပဲကျောင်းပြီးသွားပြီး ရှင်းမလားကိုပြန်လာခဲ့ပါတယ်။ သားသမီးကို အမြဲတမ်းရိုက်နှက်ကန်ကျောက် ဆုံးမတတ်ပြီး အလုပ်မရှိ သူ့အိမ်မှာ သောက်သောက်စားစားနေ နေတဲ့ Raju ကို မျက်စိစပါးမွှေးဆူနေခဲ့တာဖြစ်ပါတယ်။ ဒီတော့ သားဖြစ်သူနဲ့ကတောက်ကဆတွေဖြစ်ပါတော့တယ်။
အဲဒီမှာ ငယ်သူငယ်ချင်း Pushpa (Nutan) ဟာ Raju နဲ့ ပြန်တွေ့ဖို့ ရှင်းမလားကိုရောက်လာခဲ့ပြီး Raju နဲ့ မေတ္တာမျှသွားပါတယ်။ ဖခင်နဲ့စိတ်သဘောထားမတိုက်ဆိုင်တာကြောင့် Raju ဟာအိမ်ပေါ်ကဆင်းသွားပြီး musician ဖြစ်ဖို့​ ကြိုးစားတဲ့အချိန်မှာ ဘယ်လို အခက်အခဲတွေကြုံရမလဲ his lover Pushpa နဲ့ရောပြန်ဆုံစည်းနိုင်မလားဆိုတာ
ဆက်လက်ရှုစားရမှာဖြစ်ပါတယ်။

ရုပ်ရှင်ကြည့်ရန် ⬇️

https://t.me/retrocinemaazimmsub/46

မြန်မာစာတန်းထိုး Classic Film များကြည့်ရှုရန်
RETRO CINEMAAZI telegram channel သို့ ဖိတ်ခေါ်အပ်ပါသည်

Photos from Retro Cinemaazi- MM Subtitled Classic Films's post 08/23/2021

ဒီနေ့က Legend Dilip Kumar ရဲ့ ဇနီး မင်းသမီးကြီး Saira Banu ရဲ့ 77နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်။ အူဒူရ် ဘာသာစကားပြော မိသားစုကနေမွေးဖွားလာခဲ့ပြီး မွေးချင်းအစ်ကို တစ်ယောက်ရှိပါတယ်။
Saira ဟာ ၁၉၆၀ ခုနှစ် သူ့အသက် ၁၆နှစ်အရွယ်မှာ မင်းသမီးစလုပ်တယ်။ Indian Classical Dance ကို well-trained ဖြစ်ပြီးသားဆိုလဲမမှားပါဘူး။
Saira ရဲ့အမေက နာမည်ကျော် မင်းသမီးကြီး Naseem Banu ပါ။ Saira ဟာ ငယ်စဥ်က London မှာကျောင်းတက်ခဲ့ရပြီး အိန္ဒိယကိုကျောင်းပိတ်ရက်တိုင်း ပြန်လာလေ့ရှိပါတယ်။
ဆက်ဖတ်ရန် 👇

08/23/2021

Happy Heavenly 77th Birthday Saira Banuji❣️

Saira Banu အကြောင်းဖတ်ရန် 👇

https://www.facebook.com/105789375144451/posts/112330921156963/

Photos from Retro Cinemaazi- MM Subtitled Classic Films's post 08/19/2021

Kalpana Kartik (Mona Singha) 🎂

19 ရက်နေ့ August 1931 မှာ မွေးတဲ့ Kalpana Kartik ဟာမင်းသားကြီး Dev Anand ရဲ့ ဇနီးလဲဖြစ်ပြီး မနေ့က သူ့အသက် ကိုးဆယ်ပြည့်မွေးနေ့ပါ။ Kalpana ဟာ Lahore မြို့ (ယခု Pakistan) မှာမွေးခဲ့ပြီး ခရစ်ယာန်ဘာသာ၀င် Punjabi လူမျိုး မိသားစုကနေဆင်းသက်လာတာဖြစ်ပါတယ်။ မောင်နှမ ခုနှစ်ယောက်ရှိပြီ သူဟာ ရှစ်ယောက်မြောက် အငယ်ဆုံး သမီးလေးဖြစ်ပါတယ်။ ဆက်ဖတ်ရန် 👇

08/19/2021

Solva Saal (1958)
အပြည့်အစုံတင်ပြီးပါပြီ။ နည်းပညာအခက်အခဲ အနည်းအငယ်ဖြစ်သွားတာကြောင့် ကျန်အပိုင်းကိုတင်ပေးဖို့ရက်အနည်းအငယ် လောက်ကြန့်ကြာသွားတဲ့အတွက်ကြည့်ရှုသူများကို တောင်းပန်ပါတယ်ခင်ဗျာ။
ရုပ်ရှင်ရဲ့ ထူးခြားတဲ့ facts အနည်းအငယ်ကိုပြောပြချင်ပါတယ်
ဒီကားရဲ့ ဒါရိုက်တာ Raj Khosla ကိုယ်တိုင် scene အနည်းအငယ်မှာပါ၀င်ထားပါတယ်။ Dev Anand နဲ့ Waheeda တို့ စတူဒီရိုကိုပြန်ရောက်ပြီး စတူဒီရိုထဲမှာ ရုပ်ရှင်ရိုက်ဖို့ပြင်ဆင်တဲ့အခါ ဒါရိုက်တာအနေနဲ့ Instruction ပေးနေတဲ့နေရာ၊ နောက်ပြီး အကမယ် Neena နဲ့ စကားပြောခန်းတချို့မှာလဲပါ၀င်ထားပါတယ်။
တစ်ကားလုံးကို ချုံကြည့်မယ်ဆိုရင် ဇာတ်လမ်းအသွားအလာ သွက်လက်ပြီး point လွဲသွားတာတို့ ဟာကွက်လုံး၀မရှိတဲ့ကားပါ။
နှစ်ယောက်ရဲ့ Romantic scene တွေကိုညှပ်ထည့်ထားပြီး soft & cozy ဖြစ်တယ်လို့ပြောလို့ရပါတယ်။

ရုပ်ရှင်ကြည့်ရန်
part 1 👇
https://t.me/retrocinemaazimmsub/7

Complete 👇
https://t.me/retrocinemaazimmsub/20

Photos from Retro Cinemaazi- MM Subtitled Classic Films's post 08/18/2021

Madhubala (1933-1969)

Mumtaz Jehan Begum Dehlavi, Stage name Madhubala ကို ၁၄ရက်နေ့ ဖေဖော်၀ါရီလ ၁၉၃၃ခုနှစ်၊ ဒေလီမှာမွေးတယ်။ အဖေနာမည်က Attaullah Khan ဖြစ်ပြီး အမေနာမည်က Ayesha Begum လို့ခေါ်တယ်။ သားသမီး ၁၁ယောက်ထွန်းကားခဲ့ပြီး Madhubala က ငါးယောက်မြောက်ကလေးဖြစ်တယ်။ Madhubala ရဲ့ငယ်ဘ၀မှာ၀မ်းနည်းစရာတွေအများကြီးပါ။ သူ့ရဲ့ညီမသုံးယောက်နဲ့ အစ်ကို နှစ်ယောက်ဟာ သူအသက်ငါးနှစ် ခြောက်နှစ်အရွယ်လောက်မှာဆုံးသွားတာပါ။ Madhubala ဟာ Bombay Talkies မှာ ကလေးသရုပ်ဆောင်အနေနဲ့ ရုပ်ရှင်လောကထဲကိုစ၀င်ခဲ့တယ်။ သူ့အဖေနဲ့အတူ ဒေလီကိုလိုက်သွားပြီး Baby Mumtaz အနေနဲ့ သရုပ်ဆောင်ခဲ့တယ်။ 👇 ဆက်ဖတ်ရန်

08/15/2021

Solva Saal (1958)
ကျွန်တော် Classic Film တွေကိုစပြီး သဘောကျခဲ့တာဒီကားနဲ့လို့ပြောရမှာပေါ့။ ရှေးဟောင်းရုပ်ရှင်ဆိုတော့လဲ ဘာများထူးခြားမှာလဲဆိုပြီး အထင်သေးတဲ့စိတ်နဲ့ကြည့်ခဲ့တယ်။ ဒါပေမယ့် အဲဒီကစပြီး ရှေးဟောင်းကားတွေရဲ့ထူးခြားမှုကိုစပြီး သတိပြုမိလာတယ်။
အဲဒီကားမှာသီချင်းပေါင်း ၆ပုဒ်ပါတယ် ၆ပုဒ်စလုံးသူ့ရဲ့ဇာတ်၀င်ခန်းနဲ့ဆီလျော်အောင် အပိုအလိုမရှိထည့်ထားတယ်။ Playback singer တွေကတော့ Hemant Kumar, Mohammed Rafi နဲ့ အမျိုးသမီးအဆိုတော်တွေကတော့ Asha Bhosle နဲ့ Sudha Malhotra တို့ဖြစ်တယ်။ နောက်ကျရင် Playback singer တွေအကြောင်းကျွန်တော် သီးသန့်ရေးပါဦးမယ်။ ဇာတ်လမ်းက ခပ်အအ တက္ကသိုလ်ကျောင်းသူတစ်ယောက် (Waheeda Rehman) ရည်းစားနဲ့ခိုး​ရာလိုက်ရာမှာ ရည်းစားကသူယူလာတဲ့ဆွဲကြိုးကို လုပြီးထွက်ပြေးသွားတဲ့အခါမှာ မင်းသား (Dev Anand) ကလည်ဆွဲကို တစ်ညတည်းနဲ့ဘယ်လိုလိုက်ရှာပေးမှာလဲ။ Waheeda က ရော မနက်၅နာရီမထိုးခင်အိမ်ကိုအရောက်ပြန်န်ိုင်ပါ့မလားဆိုတာကို ရင်တလှပ်လှပ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်

ဇာတ်၀င်တေးတွေမှာဆိုရင်လဲ Playback singer တွေရဲ့ ပေါ့ပေါ့ပါးပါး လွတ်လပ်တဲ့ဆိုဟန်နဲ့ Dev Anand ရဲ့ superb acting skill တွေကိုတွေ့ရမှာဖြစ်ပါတယ်
ရုပ်ရှင်ကိုနှစ်ပိုင်းခွဲပေးထားမှာဖြစ်ပြီး ဒုတိယအပိုင်းကိုမကြာမီတင်ပေးမှာဖြစ်ပါတယ်

ရုပ်ရှင်ကြည့်ရန် 👇https://t.me/retrocinemaazimmsub/7

မကြာမီမြန်မာစာတန်းထိုး Classic Filmတွေကိုကြည့်ရှုနိုင်ရန်ကျွန်တော်တို့ telegram channel ကိုဖိတ်ခေါ်အပ်ပါတယ် 👇

https://t.me/retrocinemaazimmsub

Photos from Retro Cinemaazi- MM Subtitled Classic Films's post 08/14/2021

အခုကတော့ အင်္ဂလိပ်သက္ကရာဇ်ရ ၂၀၂၁ ခုနှစ်ပေါ့
ခင်ဗျားတို့ကိုတစ်ခုလောက်မေးပါရစေ
Time Travel ဆိုတဲ့စကားစုလေးကိုကြားဖူးကြမှာပါ
တစ်ခါလောက်များ ဒီစကားလေးနဲ့ပတ်သက်ချင်မိကြလား။
ဥပမာပြောရရင် လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ၆၀လောက်ပြန်သွားကြမယ်ဆိုရင် Time Travelသွားနိုင်ဖို့ စက်ယန္တရားကြီးတီထွင်ဖို့မလိုပါဘူး
ဒါဖြင့်ဘယ်အရာတွေနဲ့ time travel သွားနိုင်သလဲ
ဒီပေ့ချ့် အဓိကထားတာကတော့ ရုပ်ရှင်တွေပါပဲ
ဒီ page မှာဘယ်လိုရုပ်ရှင်တွေကြည့်နိုင်သလဲ
အဖြူအမည်းရုပ်ရှင်တွေ technicolor ရုပ်ရှင်တွေပါ
တစ်နည်းအားဖြင့်ခင်ဗျားတို့ကို Indian Cinema (ဘောလီး၀ုဒ်) ရဲ့ goldie အနှစ်တွေကိုပြချင်တာပါ
တော်ရုံဆိုရှေးဟောင်း classic film တွေကို သတိထားမိဖို့မလွယ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ စိတ်မ၀င်စားကြတာကြောင့်ဖြစ်နိုင်သလို အထင်မကြီးတာကြောင့်လဲဖြစ်နိုင်ပါတယ်။ လွန်ခဲ့တဲ့တစ်လကကွယ်လွန်သွားတဲ့ Legendary Dilip Kumar နဲ့ဆက်စပ်ပြီးပြောပါမယ်။ သူ့အကြောင်းပြောရင် Hindi Cinema နဲ့ရင်းနှီးကျွမ်း၀င်ပြီးသူတွေက ' Mughal-e-azam ရုပ်ရှင်နဲ့သိကြပါတယ်
တကယ့်တော့သူခေတ်သူ့အခါမှာ သူ့ပုံစံနဲ့သူရပ်တည်ခဲ့ကြတာပါပဲ။
ဒီတော့ရှေးဟောင်းရုပ်ရှင်တွေမှာ သူ့ဟာနဲ့သူ မှော်ဆန်တဲ့အရာလေးတွေရှိတယ်ဆိုတာခင်ဗျားတို့ကိုသိစေချင်တာပါ။ ဒါပေမယ့် era တစ်ခုစီတိုင်းမှာ သူမတူတဲ့ စတားတွေရှိခဲ့ကြတာပါပဲ။ ဒါပေမယ့် တစ်ချိန်တုန်းကသူမတူအောင်ချောခဲ့လှခဲ့ကြတဲ့ စတားတွေ ရုပ်ရှင်တွေကို မမြင်ဖူးသေးရင်တော့နောင်တရစရာပါ။ ဒီခေတ်မှာ နည်းပညာတိုးတက်လာလို့အလှအပကိုငွေနဲ့ပေး၀ယ်လို့ရတယ်လို့ထင်ရပေမယ့်တကယ့်သဘာ၀အလှတွေ ငွေနဲ့ပေး၀ယ်လို့မရတဲ့အလှတွေပေါ်ထွန်းခဲ့တာဆိုသိစေချင်ပါတယ်
ခင်ဗျားတို့ကို အနှစ်ကြီးပဲရှိတဲ့ တကယ့် eraကြီးနဲ့မိတ်ဆက်ပေးချင်တာပါ။ အဲဒီခေတ်ကစတားတွေက သက်ရှိထင်ရှားမရှိတော့ပေမယ့် သူတို့ရုပ်ရှင်တွေ သီချင်းတွေသာကျွန်တော်တို့နှလုံးသားထဲမှာ ရှင်သန်နေသေးရင် သူတို့အသက်ရှင်နေသလိုပါပဲ။
ဒီပေ့ချ်ကနေ 1950s 60s နဲ့ early 70s ကိုဦးစားပေးတင်ပေးသွားမှာပါ

မကြာမီမြန်မာစာတန်းထိုး Classic Filmတွေကိုကြည့်ရှုနိုင်ရန်ကျွန်တော်တို့ telegram channel ကိုဖိတ်ခေါ်အပ်ပါတယ် 👇

https://t.me/retrocinemaazimmsub
အရင်ဆုံးအဲဒီခေတ်ကစတားတွေအကြောင်းကို အရင်မိတ်ဆက်ကြည့်ရအောင်လား

Want your establishment to be the top-listed Arts & Entertainment in Seattle?
Click here to claim your Sponsored Listing.

Videos (show all)

🕯️ Happy Diwali To All Indians Out There 🕯️Diwali နေ့မှာ ဟိန္ဒူညီအစ်ကိုမောင်နှမများ ဘေးအန္တရာယ်အမျိုးမျိုးမှ ကင်းဝေးပြီး...
••••• အထူးသတိပေးကြေညာချက် •••••ဤ Channel အတွင်းရှိပြသထားသော ရုပ်ရှင်ဇာတ်ကားများ၊ နောင်ကာလများတွင် တင်မည့်ရုပ်ရှင်များသည်...
Nightingale of India လို့တောင်တင်စားကြရတဲ့ Legendary Singer Lata Mangeshkar ရဲ့ဘ၀အကြောင်းနဲ့ အနုပညာ ဖြတ်သန်းပုံတွေကို Bi...
Remembering Sadhana Shivdasaniji on her 80th birth anniversary.သူမအကြောင်းကိုမကြာခင်အသေးစိတ်ရေးတင်ပေးပါ့မယ်
Happy Heavenly 77th Birthday Saira Banuji❣️Saira Banu အကြောင်းဖတ်ရန် 👇https://www.facebook.com/105789375144451/posts/112...

Category

Website

Address


Seattle
Seattle, WA
98104

Other Movie Theaters in Seattle (show all)
Northwest Film Forum Northwest Film Forum
1515 12th Avenue
Seattle, 98122

Northwest Film Forum incites public dialogue and creative action through collective cinematic experiences. Since its founding in Seattle in 1995, NWFF has evolved from a filmmaker’...

Open Screening Open Screening
3210 16th Avenue W
Seattle, 98119

OPEN SCREENING 4 Seattle and beyond> Film,Video,Visual Media Art, Producers,Directors and Viewers! Come to meet media art creators near you!

Grand Illusion Cinema Grand Illusion Cinema
1403 NE 50th Street
Seattle, 98105

Seattle's smallest & weirdest movie theater. Non-profit & 100% volunteer-operated.

Majestic Bay Theatres Majestic Bay Theatres
2044 NW Market Street
Seattle, 98107

Majestic Bay Theatres, A Movie Theatre in Ballard!

Central Cinema Central Cinema
1411 21st Avenue
Seattle, 98122

The Historic Admiral Theater The Historic Admiral Theater
2343 California Avenue SW
Seattle, 98116

Ticket Prices Adult: $16 Senior (age 65+)/Child: $13 Tuesday Movie Mania (Coming in May 2024) (all tickets, all day, all ages): $9 Matinee: $13

Buy tickets Buy tickets
Seattle

Movie Bert Movie Bert
Seattle

Regal Meridian Regal Meridian
1501 7th Avenue
Seattle, 98101

DPenG HD DPenG HD
9679 46th Avenue SW
Seattle, 98136

Page នេះសំរាប់ទស្សនារឿង , សូមជួយ Like & Follow ទាំងអស់គ្នាផង...

Cinema008 Cinema008
12015 31st Avenue NE
Seattle, 98125

Bestawardmovie

Netflix Movies 168 Netflix Movies 168
3419 S 164th Street
Seattle, 98188

Welcome on full movie Netflix very stronger