စိတ် MYPsych4Life

စိတ် MYPsych4Life

Useful psychological knowledge to apply in your life. Page admin- Wathan Seezar Kyaw
Bachelor of s

06/09/2023

မိဘရယ် ငယ်ငယ်ကတည်းက ကြီးပြင်းလာရတဲ့ ပတ်ဝန်းကျင်ရယ်က တကယ်ကို အရေးကြီးပါတယ်။
မြန်မာနိုင်ငံမှာမြင်နေရတာ တချို့မိဘတွေက အလုပ်အရမ်းရှုပ်လို့ သားသမီးကို ဂရုမစိုက်နိုင်ဘူး neglect လုပ်ထားသလို ဖြစ်၊ သားသမီးတွေက စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်တွေနဲ့ ကြီးပြင်းလာ၊ မိဘကို မကျေနပ်၊
မိဘတွေကလည်း သားသမီးကို မိဘကျေးဇူးမသိတတ်ဆိုပြီး အမြင်မကြည် သံသရာကို လည်နေတော့တာပါပဲ။
မွေးရာပါလာတဲ့ genes ကြောင့်ဖြစ်တာတွေကလည်း ပတ်ဝန်းကျင်ပေါ်မှာမူတည်ပြီး phenotype မြင်ရတဲ့ အပြုအမူ အကျင့်စရိုက်တွေ ပြောင်းလဲနိုင်ပါသေးတယ်။
ဥပမာ- psychopath ဖြစ်နိုင်တဲ့ ဦးနှောက်ရှိတဲ့သူ တောင် မိဘရဲ့ ချစ်ခြင်းမေတ္တာနဲ့ ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာရတော့ လူတွေကို အကျိုးပြုတဲ့ပညာရှင် ဖြစ်လာတဲ့ James Fallon လို လူမျိုးတွေ ရှိပါတယ်။

မိဘဖြစ်ရတာ အင်မတန် မလွယ်ကူပါဘူး။ သားသမီးကို လူကောင်းတစ်ယောက်ဖြစ်အောင် လူ့ပတ်ဝန်းကျင်မှာ ကောင်းမွန်စွာ ရှင်သန်နိုင်အောင် ပြုစုပျိုးထောင်ရတဲ့အလုပ်ပါ။ authoritative parenting style သုံးပြီး ပြုစုပျိုးထောင်ကြပါ။ မေတ္တာတရားနဲ့ ကလေးကို ဂရုစိုက်စည်းကမ်းတွေကိုလည်း ငါမိဘပြောတာလိုက်လုပ်ရမယ် မဟုတ်ဘဲ အကျိုးအကြောင်းနဲ့ ရှင်းပြတဲ့ parenting style မျိုးပါ။ ကလေးကို လေးစားပါ။ ငယ်ငယ်ကတည်းက သူ့အတွေးတွေ ခံစားချက်တွေကို အသိအမှတ်ပြု လေးစားမခံရတဲ့ ကလေးဟာ ဘယ်လိုမှ ကြီးပြင်းလာရင် ကိုယ့်ကို ကိုယ် လေးစားမှုရှိမှာမဟုတ်ပါဘူး။ မိမိကိုယ်ကို ယုံကြည်ချက်အားနည်းနေမှာပါ။ လုံးဝမရိုက်ပါနဲ့။ စိတ်ဝင်စားရင် အသေးစိတ် parenting styles တွေကို နောက်မှ ရှင်းပြပါမယ်။

24/06/2022

New video

22/05/2022

ဘဝမှာ ဘာအလုပ်အကိုင် လုပ်ရမလဲ မသိတဲ့သူများအတွက်

Things happen for a reason in life…
ကိုယ်ဖြစ်ချင်တာကို ကလေးဘဝထဲက စသိခဲ့တဲ့သူ မဟုတ်ပါဘူး။ ကိုယ်နဲ့ အဆင်ပြေမယ် ထင်ခဲ့တဲ့ ဘာသာရပ်တွေကို လေ့လာရင်း လက်တွေ့ကြုံရင်းနဲ့ ကိုယ်နဲ့ အဆင်ပြေတဲ့ဟာ ကိုယ်နဲ့ အဆင်မပြေတဲ့ဟာတွေ တဖြည်းဖြည်း ပိုသိလာရတယ်။ ဖြစ်ချင်တဲ့အရာအချို့ လက်ရှိမှာ မဖြစ်နိုင်ဘူးဆိုတာတွေ ကြုံရတဲ့ အချိန်တွေ မှာ တော်တော် စိတ်ဆင်းရဲခဲ့ရဖူးတယ်။ အဲ့လိုအချိန်တွေမှာ life ending သလိုမျိုး ခံစားရပေမယ့် ရပ်တန့်မသွားဘဲ ကိုယ်ဆက်လုပ်လို့ ရနိုင်တာကို ကြိုးစားလုပ်ရင်းနဲ့
ကိုယ်ဘဝမှာ ဘာအလုပ်လုပ်ရင်း ရှင်သန်ချင်လဲ ဆိုတာကို တွေ့တွေ့လာရတယ်။

အိမ်က ဆရာဝန် ဖြစ်စေချင်ခဲ့တာ ကိုယ်က အမှတ်လည်း မမှီ လုပ်လည်း မလုပ်ချင်တော့ မဖြစ်ခဲ့ဘူး။ စိတ်ပညာတက်ခဲ့ neuroscience တက်ခဲ့ရတာမှာ စိတ်ပညာကို ပိုစိတ်ဝင်စားမိတယ်။ အဲ့တာကြောင့် Counsellor, su***de crisis supporter အလုပ်တွေ လုပ်တယ်။ လုပ်ရတာ လူတွေ ကို ကူညီရတော့ စိတ်ချမ်းသာရပေမယ့် ကိုယ်နေ့တိုင်း full-time လုပ်နိုင်တဲ့ အလုပ်မဟုတ်ဘူးလို့ ခံစားလာရတယ်။ စိတ်ပညာကျောင်းသားတွေကို စာသင်ပေး tutor လုပ်ရတဲ့ အလုပ်ကို ပို enjoy ဖြစ်မိတယ်။ အဲ့တာသိလာရတာရယ် ကံစီမံရာတွေကြောင့် ကလေးတွေ ကို educator လုပ်ရတဲ့ နေရာမှာ အလုပ်ရခဲ့တယ်။ အဲ့အလုပ်မှာ ကလေးတွေနဲ့ အလုပ်လုပ်ရတာကို တော်တော်လေး သဘောကျမိတယ်။ နေ့တိုင်း အလုပ်မှာ ပျော်ရွှင်နေရတယ်။ ကိုယ်နဲ့လည်း အဆင်ပြေတယ်လို့ ခံစားရတယ်။ အဲ့တာနဲ့ master of teaching ကို ဆက်တက်ဖို့ ဆုံးဖြတ်ဖြစ်ခဲ့တယ်။ ခုတက်နေရင်းနဲ့ သင်ယူရတာတွေကြောင့် ပညာရေးနဲ့ ကလေးတွေနဲ့ ပတ်သက်တဲ့ အကျိုးရှိတဲ့ အလုပ်ကို ရှာဖွေတွေ့ရှိလာရတယ်။

ဒါကြောင့်မို့ အခုအချိန်မှာတော့ အဲ့လို အဖြစ်အပျက်အမျိုးမျိုးတွေနဲ့ ကြုံတွေ့ရတာဟာ ကိုယ့်ဘဝ ကိုယ်ဖြစ်ချင်တာကို သေချာပြန်သုံးသပ်ဖို့ အခွင့်အရေးတွေ ဆိုတာကို သိလာရတယ်။ ပိုပြီး ကျေးဇူးတင်မိတယ်။

အဲ့တာကြောင့် ဘဝမှာ ဘာလုပ်ရမလဲ မသိရင် စိတ်မပျက်ပါနဲ့။ လက်ရှိအချိန်မှာ ကိုယ် ဝမ်းစာအတွက် ရှာလို့ရတာလုပ်၊ နီးစပ်တဲ့ အလုပ်တွေ စမ်းလုပ်ကြည့် ဘာသာရပ် အသစ်တွေကို စမ်းလေ့လာကြည့်ပါ။ အဲ့လိုလုပ်ရင်း ကိုယ့်ဘဝ career ကို တွေ့လာနိုင်ပါတယ်။
ဘာမှ မတွေ့ရင်လည်း စိတ်မပျက်ပါနဲ့။ အလုပ်မလုပ်ပဲ ဘဝကို အေးအေးဆေးဆေး ဖြတ်သန်းချင်တာလဲ သင့်ဘဝရဲ့ career ဖြစ်နိုင်ပါတယ်။

28/03/2022

မအောင်မြင်တာ ဆင်းရဲတာ အလုပ်မကြိုးစားလို့ပြောတဲ့သူတွေကို တစ်ခါတစ်လေကျရင် အတော် အမြင်ကပ်မိတယ်။
ကြိုးစားတာက ဘဝတိုးတက်ဖို့အရေးပါတာ အထိုက်အလျောက်မှန်ပေမယ့် မနက်မိုးလင်းကနေ မိုးချုပ်ထိ မနားမနေ အလုပ်လုပ်ပေမယ့် ထမင်းစားဖို့တောင် အနိုင်နိုင် ဖြစ်နေတဲ့သူတွေ ကျွန်မတို့ နိုင်ငံမှာ အတော်များလာပါတယ်။ အဲ့လိုလူတွေ များလာလေလေ နိုင်ငံအခြေအနေ စနစ်တွေကို သေချာ သုံးသပ်ဖို့ လိုလာပါပြီ။ ကြိုးစားရဲ့သားနဲ့ လူတန်းစေ့နေဖို့တောင် ခက်ခဲနေတာ ဘာတွေကြောင့်များလဲ? သူတို့တွေမှာ ဘယ်လို အခက်အခဲတွေ လိုအပ်ချက်တွေရှိလဲ? ဘာစနစ်တွေ ပြင်ဖို့လိုမလဲ?
ဒီလို ပြဿနာတွေဟာ တစ်ဦးတစ်ယောက်ထဲထက်စာရင် လူမူအဖွဲ့အစည်း တစ်ခုလုံး တစ်နိုင်ငံလုံး စုစည်းပြီး ဖြေရှင်းရမည့် အရေးတွေပါ။
ကိုယ်တိုင် အရင်ကြိုးစားကြည့်ပါ။ ကိုယ်တစ်ယောက်တည်း ဖြေရှင်းလို့မရတဲ့ ပြဿနာတွေကို အကူအညီ ရသလောက်ယူကြည့်ပါ။ စုပေါင်းပြီး ဖြေရှင်းကြည့်ပါ။
အားလုံး တူတူ ရှေ့ဆက်ကြရအောင်ပါ။

ဘယ်လို တူတူ ရှေ့ဆက်လို့ရမလဲ ဆိုတာပါ သိသလောက် ထပ်ဖြည့်ရေးပေးလိုက်ပါတယ်။

ကွဲပြားတဲ့ အဖွဲ့အစည်း အမျိုးမျိုး (ဥပမာ- ပြည်သူလူထု၊ non-profit, စီးပွါးရေးလုပ်ငန်းများ၊ အစိုးရ၊ အစိုးရနဲ့ မသက်ဆိုင်သော အဖွဲ့အစည်းများ၊ foundations)က အားလုံး စုပေါင်းပြီး ရှုပ်ထွေးတဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ဆို အခြေအနေ ၅ ချက်လိုအပ်ပါတယ်။
၁။ common agenda ( ဘုံ/ တူညီတဲ့ ပန်းတိုင်နဲ့ ရည်ရွယ်ချက်)
၂။ shared measurement ( ဘာတွေ လုပ်ဆောင်နေလဲ၊ လုပ်ဆောင်ပြီးပြီလဲဆို တာ တိတိကျကျ သတ်မှတ်ထားခြင်း)
၃။ mutually reinforcing activities ( ကိုယ့် ကဏ္ဍနဲ့ ကိုယ် တာဝန် ပြီးဆုံးအောင် လုပ်ဆောင်နိုင်ရန် အချင်းချင်း အမှီသဟဲ ပြုခြင်း)
၄။ continuous communication (ချိတ်ဆက်မိခြင်း၊ အဆက်အသွယ် မပြတ်ပါစေနဲ့၊ ကိုယ်အဖွဲ့က ဒါလုပ်တာကို နောက်အဖွဲ့ မသိတာမျိုး မဖြစ်ပါစေနဲ့)
၅။ backbone organisation ( အားလုံးကို စီမံခန့်ခွဲ ထောက်ပံ့ ရွေ့လျားစေနိုင်မယ့် ကျောထောက် နောက်ခံ အဖွဲ့အစည်းရှိခြင်း)

အသေးစိတ် သေချာလေ့လာလိုပါက collective impact ဆိုပြီး ရှာကြည့်နိုင်ပါတယ်။

22/03/2022

When communities get together to solve things, we can achieve great things in life ✨

12/03/2022

ကိုယ်တွေရဲ့ စမှတ်က ဖွံ့ဖြိုးပြီးသားနိုင်ငံက လူတွေရဲ့ စမှတ်ထက် ဟိုးအနောက်မှာရောက်နေတာမို့ သူတို့တွေထက် ၁၀ ဆ ပိုကြိုးစားရတယ်။
အစကတော့ အဲ့တာကို မကျေနပ်ဘူး။ သူများတွေ အတွက် လွယ်လွယ်လေးကို ငါ့မှာမှ ဘာလို့ အင်မတန် ခက်ခဲပင်ပန်းရတာလဲလို့တွေးပြီး မတရားဘူးလို့ ခံစားရတယ်။
ဒါပေမယ့် အဲ့လိုတွေ ခံစားနေရရင် ကြိုးစားချင်စိတ်တွေ လျော့ပြီး လက်လျှော့ အရှုံးပေးချင်သလိုဖြစ်လာတယ်။ ရှေ့ဆက်ဖို့ အတွက် အထောက်အကူမဖြစ်ဘူး။
အဲ့ဒါကြောင့် ခံစားစရာရှိတာ ခံစားပြီးရင် လက်ရှိဖြစ်နေတာကို အရင်ဆုံးလက်ခံလိုက်တယ်။ ဖြစ်နေတာကတော့ ဒါ ဖြစ်နေတာပဲ။ ကိုယ်ထက်တောင် စမှတ် နောက်ကျလို့ အဆ ၁၀၀ ကြိုးစားရတဲ့သူတွေလည်း ရှိမှာပဲ ဒေါသထွက် ပြီး ဘာမှ မလုပ်ရင် ငါဘယ်မှရောက်မှာမဟုတ်ဘူးလို့ ပြန်တွေးတယ်။ old unhelpful beliefs တွေကို helpful constructive beliefs တွေ နဲ့ အစားထိုးလိုက်တယ်။
ဒါကတော့ ငါ လက်ရှိ အခြေအနေပဲ အနာဂတ်ကို ငါတတ်နိုင်သမျှ ကြိုးစားကြည့်မယ်ဆိုပြီး ပြန်အားမွေးတယ်။
ကိုယ်စိတ်သက်သာမယ့် အရာတွေ လုပ် အနားယူလိုက် ကြိုးစားလိုက်နဲ့ ရှေ့ဆက်နေ
ဖြစ်တယ်။
ကိုယ် ထိန်းချုပ်နိုင်တဲ့ အရာတွေထက် ကျော်လွန်နေတဲ့ အရာတွေ(things out of my control) ကို မပူဖို့ ကိုယ့်ကိုကိုယ် သတိပေးဖြစ််တယ်။

ကြိုးစားပြီး လုပ်ကြည့်လို့ ရလဒ်က အဆိုးဆုံးဖြစ်နေရင်တောင် ဘယ်လိုရင်ဆိုင်မလဲဆိုတာ တွေးကြည့်လိုက်တော့ အနာဂတ်ဟာ သိပ်ကြောက်စရာ မကောင်းတော့ဘူး။
လက်ခံနိုင်သွားတာက အဓိကပဲ
မျှော်လင့်ချက်နဲ့ ရှေ့ဆက်နိုင်တာက အမြတ်ပဲ။

07/03/2022

ဒီနေ့ master of teaching ကျောင်းစဖွင့်တဲ့နေ့ theorising play ဆိုတဲ့ ဘာသာရပ် tutorial စတတ်ရတယ်။ ဆရာမက လုံးဝ ချိုသာပြီး ချစ်ဖို့ကောင်းလိုက်တာ။ play- ကစားခြင်း ဆိုတဲ့ အကြောင်းအရာကို ဆွေးနွေးဖြစ်ကြတယ်။ ကလေးတွေပဲ ကစားမှာပေါ့ ကစားတာကို ဘာလို့ theory တွေ ဘာတွေနဲ့ လေ့လာနေရလဲ ထင်ကောင်း ထင်နိုင်ပေမယ့် ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကစားတာကလည်း လိုအပ်တယ်။
စာတွေ တော်စေချင်လို့ ၄-၅နှစ်လေးတွေကို စာတွေကြီး ဖိသင်တာထက် သူတို့ အသက်အရွယ်နဲ့ လိုက်တဲ့ ကစားနည်းလေးတွေ ကစားဖို့က အရေးကြီးတယ်။ ၀-၂ နှစ် ကလေးတွေဆို egocentric ဖြစ်သေးတော့ share မျှဝေပြီး ကစားခိုင်းလို့ မရသေးဘူး။ သူကိုယ်သူ အရင် ဦးစားပေးပြီး ဆော့မှပဲ ရဦးမယ်။ ဒီနေ့ကတော့ play ကစားခြင်းကို ဘယ်လို အဓိပ္ပာယ် ဖွင့်ဆိုလဲ၊ အရင်ခေတ်တွေနဲ့ အခုခေတ် ကစားပုံ ကစားနည်းတွေ ဘယ်လို ပြောင်းလဲလာလဲဆိုတာ ဆွေးနွေးဖြစ်ကြတယ်။ ရှေ့ဆက်ပြီးလည်း ဘယ်လို play နဲ့ ပတ်သက်ပြီး စိတ်ဝင်စားစရာတွေ လေ့လာရမလဲဆိုတာ မျှော်လင့်နေမိပြီ ☺️
နောက်တစ်ခုက ကိုယ့်အကြောင်းကိုယ် သေချာ ပိုသိလာရတာပဲ။ လူတွေအကြောင်းကို လေ့လာရတာကို အရမ်းစိတ်ဝင်စားတယ်ဆိုတာကို။ Bachelor မှာတုန်းက သိပ္ပံဘွဲ့ဆိုတော့ စိတ်ပညာအပြင် neuroscience,neurophysiology, pharmacology, bio chemistry တွေသင်ခဲ့ရတုန်းကဆို
ဒီလောက် လေ့လာရတာ passionate မဖြစ်ခဲ့ဖူးဘူး။
လူတွေကို တိုးတက်အောင် guide လုပ်ပေးရတာ သဘောကျ ကလေးလည်း ချစ်တတ်တော့ ကလေးတွေကို ဘက်ပေါင်းစုံ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမလဲဆိုတာကို လေ့လာဖို့ ဆုံးဖြတ်လိုက်တာ မှန်သွားတယ် ထင်တာပဲ။ Looking forward to the future. ✨

Page followers ထဲမှာ မူကြိုဆရာ/ဆရာမတွေ ကလေးမိဘတွေရှိရင် ကလေးတွေကို ဘယ်လို ကစားနည်းမျိုးလေးတွေ ကစားဖို့ plan ဖြစ်ကြလဲဆိုတာ မျှဝေ ပေးကြပါဦး။

05/03/2022

Dance therapy ကို ဟာသသဘောရိုက်ထားတာ ရယ်နေရတယ်။
Just see it as an art.

27/02/2022

Blog with some useful EF tips that applies to all of our community: 4 Ways to Overcome Cognitive Overload In Your Students.

https://blog.innerdrive.co.uk/4-ways-to-overcome-cognitive-overload

25/02/2022

လက်ရှိမှာ ရှေ့ဆက်ဖို့ အနာဂတ်ကို တွေးမရနိုင်အောင်ဖြစ်နေနိုင်ပါတယ်။ ကိုယ့်အနာဂတ်နဲ့ ပတ်သက်ပြီး စိတ်ဖိစီးမှုတွေ များနေတာလည်း ဖြစ်နိုင်ပါတယ်။
အဲ့လိုတွေဖြစ်နေရင်
လက်ရှိအခြေအနေမှာ ဖြစ်နိုင်တာနဲ့ ကိုယ်လုပ်နိုင်တာကို လုပ်ပါ။
ကြီးကြီးမားမားကြီး လုပ်မှဖြစ်မယ် မဆိုလိုပါဘူး။ ရှေ့ဆက်နေရင်ကို ရပါတယ်။
ကိုယ် ရှေ့ဆက်နေသမျှ လုပ်ပြီးသမျှလေးတွေကိုလည်း အသိအမှတ်ပြုပေးပါ။ ဆက်လုပ်ဖို့ အားတွေ ဖြစ်စေမှာပါ။
လူတွေ ကိုယ့်အပေါ် မျှော်လင့်ထားသလောက် မလုပ်နိုင်ဘူးဆိုတဲ့ စိတ်က တော်တော်ပူလောင်စေပါတယ်။အဲ့ဒါကြောင့် ကိုယ်တတ်နိုင်တာ ကိုယ်လုပ်နေတာကို ဘေးလူတွေရဲ့ အမြင် ကို ကိုယ်စိတ်ဒုက္ခရောက်ရသည်အထိ တည့်စဉ်းစားပြီး မပူလောင်ပါနဲ့။

ဘဝဆိုတာ မပြီးသေးသရွေ့ ရှေ့ဆက်နေရမှာပါ။ စိတ်ငြိမ်းချမ်းအောင် ထားပြီး ရှေ့ဆက်နိုင်ဖို့ ရည်ရွယ်ကာ ရေးတင်လိုက်တာပါ။

Photos from Passionate Heart's post 22/02/2022

စိတ်ဝင်စားသူများအတွက်

22/02/2022

“ဟယ် နင် ဝလာလိုက်တာ/ ပိန်သွားတယ်နော်
ဝက်ခြံတွေ ပေါက်နေတာလား?”
လူတစ်ယောက်ကို မြင်ရင် သူရဲ့ ပြောင်းလဲရခက်တဲ့ အပြင်ပန်း အရာတွေအကြောင်းပြောပြီး နှုတ်ဆက်တာက မယဉ်ကျေးတဲ့ အပြုအမူလို့ ကျွန်မ မြင်ပါတယ်။

အပြောခံရသူတို့လည်း အိမ်မှာ မှန်ရှိပါတယ်။ အဲ့ဒါတွေ ကိုယ့်ဘာသာမြင်နေရပြီး စိတ်အားငယ်နေတာလဲ ဖြစ်နိုင်ပါတယ်။ အပြောခံရတဲ့သူက “ဟယ် ငါ အရမ်းဝနေပြီလား၊ ဝက်ခြံတွေနဲ့ အရမ်းရုပ်ဆိုးနေပြီလား” ဆိုပြီး တွေးနေမိပြီး ပိုစိတ်ဆင်းရဲရတတ်ပါတယ်။
အဲ့တာကြောင့် ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် တစ်ဖက်သား စိတ်ဒုက္ခရောက်သွားရင် ဘယ်ကောင်းပါ့မလဲနော်။ “နေကောင်းရဲ့လား? အဆင်ပြေရဲ့လား? မတွေ့ရတာကြာပြီနော်” လေးတွေ သုံးပြီး မိတ်ဆက်ရင် ဘယ်လောက်ပို အဆင်ပြေလိမ့်မလဲ

နောက်ပြီးတော့ အဲ့လို ကိုယ့်ပုံပန်းသဏ္ဍာန်ကို ဝေဖန်အနှုတ်ဆက်ခံရတဲ့သူတွေကို ပြောချင်တာကတော့ သူတို့ ဘာပြောပြော စိတ်ထဲ မထည့်ပါနဲ့။ လူတွေက ပြောသာပြောလိုက်တာ ပြီးရင် သူတို့စိတ်ထဲ ရှိတာ မဟုတ််ပါဘူး။ လူဆိုတာ ကိုယ့်ကိစ္စနဲ့ ကိုယ် ရှုပ်နေတဲ့ လူတွေပါပဲ။
အဲ့ဒါကြောင့် ကိုယ် ပြင်ဆင်လို့ရတာ ပြင်မယ်။ ပြောင်းရမလွယ်တာဆို ကိုယ့် ဖြစ်တည်မှုကို လက်ခံပြီး ကိုယ် စိတ်ချမ်းသာသလို နေပါ။
ပိုမို အဆင်ပြေတဲ့ လူ့အဖွဲ့အစည်းမှာ နေရဖို့ ကြိုးစားကြရအောင်ပါ။

19/02/2022

သင် မအောင်မြင်ခဲ့ဘူး ကျရှုံးသွားတယ် ဆိုတာ သင်အတွက် achievement တစ်ခုပါပဲ
လောကမှာ လူဘယ်နှစ်ယောက်တောင် ကျရှုံးမှာစိုးရိမ်လို့ စတောင် မစဘဲ နေကြလဲဆိုတာ သိပါသလား?
အများကြီးဆိုမှ အများကြီးပါပဲ
သင်က အဲ့တာကို ကျော်လွန်ပြီး စတောင်လုပ်နိုင်ခဲ့ပါတယ်။ မအောင်မြင်ဘူးဆိုတာ ခံစားရခက်ပေမယ့် သင် လုပ်လိုက်ခြင်းအားဖြင့် အတွေ့အကြုံရလိုက်တယ် သင်ခန်းစာတွေ ရလိုက်တယ်။ နောက် တစ်ခေါက် ထပ်လုပ်ဖို့ဆို ဘယ်နားတွေ ပိုကောင်းအောင် လုပ်မယ် ဘယ်နားတွေ တော့ သတိထားရမယ် ဆိုတာ ပိုသိလာပါပြီ။ ဒီအလုပ် ကိုယ်နဲ့ ကိုက်မကိုက်ဆိုတာလည်း လုပ်ကြည့်ဖူးတော့ သိသွားဦးမှာပါ။

အဲ့တာကြောင့် ကျရှုံးမှာ မလုပ်နိုင်မှာကို ကြောက်ပြီး မစတင်နိုင်ဘဲ ဖြစ်နေမှာထက်စာရင် လုပ်ကြည့်လိုက်ပါ။ သင်ယူပါ။ တစ်နေ့တစ်လှမ်းရွေ့ရင် လိုရာခရီးတစ်နေ့ ရောက်မှာပါ။

07/01/2022

If you don’t find your unique self but copy others, you will always come second in creativity…

01/01/2022

✨နှစ်သစ်မှာ အခက်အခဲတွေကို ကျော်လွှားနိုင်ပြီး
စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ✨
ကိုယ့်ဘဝက အစ မိသားစု နိုင်ငံ အထိ ကောင်းမွန်သောအရာတွေ ဖြစ်လာပါစေ လို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

[스페셜] 집사부일체 멤버들의 ‘따뜻한 연말 감성’ 메들리♬ㅣ집사부일체(Master in the House)ㅣSBS ENTER. 31/12/2021

၂၀၂၁ ရဲ့ နောက်ဆုံးနေ့
ကျွန်မတို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အတွက် အင်မတန် ခက်ခဲတဲ့ နှစ်တစ်နှစ်ပါပဲ

ဒီနှစ်အတွက် ကိုးရီးယားက master in the house program ရဲ့ Arirang ဆိုတဲ့ သီချင်းလေး နားထောင်ကြည့်ပြီး ရလိုက်တဲ့ message လေးက ရင်ထဲကို နွေးသွားစေတာမို့ မျှဝေပေးလိုက်ပါတယ်။

“ကြမ်းတမ်းပြီး မြင့်မားတဲ့တောင်ကို
ကျော်ဖြတ်ဖို့သွားကြပါစို့
သွားရင်းနဲ့ မောရင်
ခေတ္တ အနားယူကြမယ်
မောလို့ အနားယူပြီးရင်
တူတူ လက်တွဲပြီး ဆက်သွားကြမယ်” ဆိုတဲ့ စာသားလေးပါပဲ။

သွားရမယ့်လမ်းက ခက်ခဲရင် ချက်ချင်း မအောင်မြင်တဲ့ အခါကျ စိတ်ဓာတ်ကျ ဝမ်းနည်းရကြပါတယ်။ စိတ်ဓာတ်ကျပြီး ဘာမှ မလုပ်တော့ရင် ဘာမှ မဖြစ်တော့မှာမို့ ကြိုးစားတာကို ရပ်လိုက်လို့မရပါဘူး။ မာရသွန်ပြေးပွဲလိုပဲ နားလိုက် လုပ်လိုက် အားဖြည့်လိုက်နဲ့ သွားကြရမယ်လို့ ထင်ပါတယ်။

အားလုံး အချင်းချင်းအားပေးရင်း စုသွားကြရင်
တစ်နေ့နေ့တော့ အခက်အခဲတွေ ကျော်ဖြတ်ပြီး ပန်းတိုင်ကို ရောက်နိုင်မှာပါ။

ကိုယ့်ကိုကိုယ် အားတက်အောင် နားထောင်ဖြစ်တဲ့ သီချင်းလေးတွေ ရှိလဲ comment မှာ မျှဝေပေးကြပါဦး


သီချင်းလေးကို ဒီlink မှာ နားထောင်လို့ရပါတယ်။ https://youtu.be/oKqRZL1dYYE

[스페셜] 집사부일체 멤버들의 ‘따뜻한 연말 감성’ 메들리♬ㅣ집사부일체(Master in the House)ㅣSBS ENTER. 집사부일체 연말 메들리 무대 모음을 공개합니다! SBS 일요일 예능 ‘집사부일체’☞ 오후 6시 30분 본방송 #집사부일체 #이승기 #양세형▶ Hompage : https://www.sbs.co.kr/tv/enter▶ Subscribe SBS Entertainment : https:/...

26/12/2021

How to stay sane during this struggling period
ခက်ခဲတဲ့အချိန် စိတ်ဆင်းရဲတဲ့ အချိန်တွေကို ဘယ်လို ရင်ဆိုင်လဲ?

၁။ ခံစားချက်တွေကို သိတယ် အသိအမှတ်ပြုတယ်
ငါ ဒီကိစ္စကြောင့် ဝမ်းနည်းတယ် ဒေါသထွက်တယ် နာကြည်းတယ် (နာမည်တပ်တယ်)

ခံစားချက်တွေကို ကားတွေ သွားနေတာကို စောင့်ကြည့်သလို စောင့်ကြည့်တယ်။

ခံစားချက်တွေကို စောင့်ကြည့်(observe) လုပ်နေရင် အချိန်တစ်ခု ကြာလာတော့ ဖြစ်ပြီး ပျက်သွားတာကို မြင်လာတယ်၊

တဖြည်းဖြည်း ကားတွေ ရွေ့သွားသလို ခံစားချက်တွေလည်း ပေါ်လိုက် ပျောက်လိုက်ပဲ

တဖြည်းဖြည်း သက်သာလာတယ်၊ စဖြစ်ဖြစ်တုန်းကလောက် မပြင်းထန်တော့ဘူး။

၂။ အာရုံလွဲတယ်။ အမြင်၊ အကြား၊ အသံ၊ အနံ့၊ အရသာ၊ အထိအတွေ့ စတဲ့ အာရုံငါးပါးကို ပိုအာရုံစိုက်တယ်။

၃။ self care (ကိုယ့်ကိုကိုယ် ဂရုစိုက်တယ်)
ရေသောက်တယ်။ ရေချိုး ခေါင်းလျှော်တယ်။ သီချင်းဖွင့်ပြီး ကတယ်။ လေ့ကျင့်ခန်းလုပ်တယ်။ လမ်းလျှောက်ထွက် သစ်ပင်တွေ လူတွေကိုကြည့် တယ်။

၄။ ကိုယ်လုပ်နိုင်တာကို လုပ်နိုင်တဲ့ အချိန်မှာ လုပ်တယ်။ မလုပ်နိုင်ရလေခြင်းဆိုပြီး တွေးပူမနေဘူး။ ဪ ငါ ဒါတွေ လုပ်ထားတယ်။ (Acknowledge what I have done) နောက်ပြီးမှ ဒါ ဆက်လုပ်မယ် ဆိုပြီး ကိုယ့် အခု လုပ်နေတာကို ပြန် အာရုံစိုက်တယ်။

၅။ ခံစားနေရတာတွေကို ဖွင့်ထုတ်တယ် (expressing)
ကိုယ်နဲ့ အတွေ့အကြုံတူတဲ့သူ သို့ ရင်းနှီးတဲ့သူဆီမှာ ရင်ဖွင့်တယ်။
စာအုပ်မှာ ကိုယ့်ခံစားချက်တွေကို ချရေးတယ်။

၆။ အသက်ရှု လေ့ကျင့်ခန်းလုပ်တယ်။ ရှူတာ ဝင် လေ ထွက်လေ ဗိုက် ဖောင်းတာ ပိန်တာကို သတိနဲ့ မှတ်တယ်။

ဒါက ဝဿန်အခု တွေးမိသလောက် နည်းလမ်းလေးတွေကို ရေးပေးထားတာပါ။

မိတ်ဆွေတို့ရော ဘယ်လိုနည်းလမ်းလေးတွေသုံးပြီး မကောင်းတဲ့ စိတ်ခံစားချက်တွေကို ကိုင်တွယ်လဲ?


တစ်ယောက်တည်း ခက်ခဲနေရင် စိတ်ကျန်းမာရေးကျွမ်းကျင်ပညာရှင်တွေဆီမှ အကူအညီရယူပါ

Image credit - https://www.shamashalidina.com/blog/infographic-mindfulness-difficult-emotions?format=amp

Photos from စိတ် MYPsych4Life's post 26/12/2021

အပြုသဘော စိတ်ပညာ notes
(အပိုင်း-၁)
ကြုံရတဲ့ အခြေအနေတွေကို ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုလဲ ဆိုတဲ့ အပေါ်မူတည်ပြီး စိတ်ခံစားချက်တွေ တုံ့ပြန်မှုတွေ ကွဲပြားနိုင်တယ်။
Positive emotions တွေက လူတွေကို ခံစားရကောင်းမွန်စေပြီး လုပ်ချင်ကိုင်ချင်စိတ် ပိုဖြစ်စေတဲ့အတွက် ဘဝရှေ့ဆက်ဖို့ကို အားအင်အပြည့်နဲ့ ရှေ့ဆက်စေနိုင်တယ်။
အဲ့တာကြောင့် positive emotions လေးတွေကို မွေးမြူတတ်အောင် ပုံမှန်လေ့ကျင့်ပေးဖို့လိုတယ်။ လူဆိုတာ negative emotions တွေကို ပိုပြီး သတိထားမိ အချိန်ပိုကြာကြာ ခံစားမိတတ်ကြတယ်။
Positive emotions ကိုကျ အဲ့လောက် မဟုတ်ဘူး။ အဲ့တာကြောင့် gratitude journal ကျေးဇူးတင်တဲ့ အရာကို ချရေးတဲ့သူတွေက ပိုပြီး စိတ်က အပြုသဘောဆောင်တဲ့ ခံစားချက်ကို ကိန်းအောင်းအောင် ဆိုပြီး ရေးကြတာ ဖြစ်တယ်။ အဲ့လို လုပ်လို့လည်း ရသလို ပုံထဲမှာ ဖော်ပြထားတဲ့ 10 positive emotions ခံစားရတဲ့ အခါတိုင်း သတိလေးနဲ့ အာရုံစိုက်ပြီး ပိုခံစားကြည့်လို့လဲ ရပါတယ်။

မှတ်ချက်- မကောင်းတာတွေ လုံးဝမတွေးရ negative emotions တွေ မခံစားရဆိုပြီး အတင်း ထိန်းချုပ်ခိုင်းတာ မဟုတ်ပါ။

20/12/2021

ဖိုဝါဒကြောင့်ပဲဖြစ်ဖြစ် လူမှုပတ်ဝန်းကျင်မှာ ငယ်ငယ်တည်းက အဲ့လို အုပ်စုလိုက် သဘောတူလက်ခံလို့ကြောင့်ပဲ ဖြစ်ဖြစ်
အပျို မဟုတ်တော့လို့ ဘဝဟာ ပျက်စီးသွားပြီ တန်ဖိုး မရှိတော့ဘူးဆိုတဲ့ အတွေးအခေါ်အစွဲကြီး ဟာ မိန်းကလေးမှာ ရှိနေရင် တော်တော်ကို စိတ်ဒဏ်ဖြစ် စိတ်ဆင်းရဲရတာတော့ အမှန်ပဲ။
ပတ်ဝန်းကျင် အမြင်ကလည်း အရေးကြီးပေမယ့် မိန်းကလေးတွေ အနေနဲ့ ကိုယ့်တန်ဖိုးကို အဲ့ဒီ နေရာနဲ့ မဆုံးဖြတ်တာ အကောင်းဆုံးပဲ
Let’s change as a society for better!

“ဖိုဝါဒက ပေးတဲ့ Relationship ပြဿနာများ”

(ဖတ်ရန်ကြာချိန် ၇ မိနစ်)

ကျွန်တော်တို့ဆီက RS ပုံစံ အများစုကို ကြည့်လိုက်ရင် ယောက်ျားလေးက မိန်းကလေးကို လိုက်တယ်။ ချစ်ရေးဆိုတယ်။ ပြန်ချစ်လာအောင် ကြိုးစားတယ်။ ချစ်သူဖြစ်သွားပြီဆို လက်ထပ်ပေါင်းသင်းမယ်။ တင့်တောင့်တင့်တယ် ထားနိုင်အောင်လည်း အလုပ်တွေ လုပ်၊ ငွေတွေ ရှာရတယ်။

မိန်းကလေးတော့ သူ့ကို ချဉ်းကပ်လာသူ၊ ချစ်တယ်လို့ ဖွင့်ပြောလာသူကို လေ့လာမယ်။ အကဲခတ်မယ်။ အားကိုးလို့ ရမရ၊ သစ္စာရှိ မရှိ၊ မိဘတွေနဲ့ အဆင်ပြေလောက် မပြေလောက်။ အကဲခတ်လို့ ကျေနပ်ပြီ ဆိုတဲ့အခါ အဖြေပြန်ပေးတယ်။ လက်ထပ်တယ်။ ဒီယောက်ျားကို ဖြည့်ဆည်းတယ်။ ပြုစုတယ်။ သူနဲ့ မွေးလာတဲ့ သားသမီးတွေကို စောင့်ရှောက်တယ်။

ဒါကြောင့် RS တစ်ခုကို အချစ်တွေ၊ မေတ္တာတွေ ခဏဖယ်ပြီး အပေးအယူဆိုတဲ့ ရှုထောင့်ကနေ တည့်တည့်ပြောရရင် ယောက်ျားလေးတစ်ယောက်သည် S*x ကို လိုချင်တယ်။ သူ့ကို အစစအရာရာ ဖြည့်ဆည်းပေးမဲ့သူ၊ အိမ်မှုကိစ္စ နိုင်နင်းသူ၊ Supportive role ကို ယူပေးမဲ့သူ လိုချင်တယ်။ ကလေးမွေးပေးဖို့၊ မိသားစုတစ်ခု သူ လိုချင်တယ်။ ဒီအတွက် သူ ပြန်ပေးရတာက အရည်အချင်း၊ ငွေရှာနိုင်စွမ်း၊ အားကိုးလောက်စရာ အရည်အချင်းတွေ ဖြစ်တယ်။

မိန်းကလေးအတွက်ကတော့ ပြောင်းပြန်ပေါ့။ ဘဝလုံခြုံမှု လိုချင်တယ်။ ပြည့်ပြည့်စုံစုံ နေချင်တယ်။ အားကိုးချင်တယ်။ ပုံအပ်ချင်တယ်။ ပြန်ပေးရတာကတော့ S*x ရယ်၊ အိမ်ထောင်ရှင်မ ဖြစ်ဖို့ရယ်၊ ကလေးမွေးဖွား ပြုစုပျိုးထောင်ဖို့ရယ်။

ဒါကို ကျွန်တော်တို့ အဖိုးအဖွားတွေဆီမှာ တွေ့နိုင်သလို မိဘတွေတုန်းကလည်း ဒီပုံစံပဲ။ ခုထိ ကိုယ်တွေမှာလည်း ဒီပုံစံပဲ တွေ့နေရသေးတယ်။ S*x နဲ့ ပတ်သက်လို့ အပျိုစစ်မှ ဆိုတာမျိုး မဟုတ်တော့ဘူး ဆိုရင်တောင် မိန်းမဆို အိမ်မှုကိစ္စနိုင်မှ၊ အချက်အပြုတ်တော်မှ၊ အပြုအစုကောင်းမှ၊ ဒါတွေတော့ ရှိသေးတာပဲ။ ရုပ်ရှင်ကားတွေ၊ သီချင်းတွေထဲမှာလည်း ဒီသဘောတွေ အများကြီးပဲ တွေ့ရမယ်။

ရုတ်တရက်ဆို အဆင်ပြေသလိုတော့ ထင်ရတယ်။ သို့သော် ဒီလိုပုံစံကြောင့် ဘာပြဿနာတွေ ဆက်ဖြစ်ရလဲ ဆိုတာ ဆွေးနွေးပါမယ်။

◾ဘာပြဿနာတွေ ပေးလဲ

S*x ဆိုတာ နှစ်ယောက်လုံး ခံစားကြရတာ ဖြစ်ပေမဲ့ ယောက်ျားတွေက ရယူတာ၊ မိန်းကလေးတွေက ပေးဆပ်ရတာ ဆိုတဲ့ အမြင်မျိုး ရှိနေတယ်။ မယူရသေးဘဲ အဲဒီကိစ္စ တောင်းဆိုတယ်ဆိုရင် ဒါ မိန်းကလေးကို တန်ဖိုးမထားတာ ဆိုတာမျိုးတောင် မြင်ခဲ့ကြတယ်။ ခုနောက်ပိုင်းသာ သိပ်မရှိတော့တာ။ သမီးရည်းစားဘဝမှာ ဒီမိန်းကလေးကို မှဲ့တစ်ပေါက် မစွန်းစေရဘဲ စောင့်ထိန်းတယ် ဆိုတာသည် ယောက်ျားတွေရဲ့ ဂုဏ်သိက္ခာ ဖြစ်နေခဲ့တာပေါ့။ ဆိုတော့ ယောက်ျားတစ်ယောက်သည် လက်ထပ်ပြီးမှပဲ ဒါကို ရယူနိုင်တယ်။

တစ်ဖက်ကလည်း မိန်းကလေးတွေအနေနဲ့ အပျိုစစ်မှသာ မိန်းမကောင်း ပီသတယ် ဆိုတာမျိုး သတ်မှတ်ထားကြတယ်။ လက်ထပ်တဲ့သူကိုမှ သူ့ရဲ့ အပျိုစင်ဘဝကို ပေးအပ်ချင်တယ်ပေါ့။ ယောက်ျားလေးကလည်း အဲ့လိုအပျိုစင်ဘဝကို ရလိုက်ရရင် ဘယ်လောက် ကြည်နူးတယ်၊ ရင်ခုန်တယ် ဆိုတာတွေကို မင်္ဂလာဦးညနဲ့ ပတ်သက်တဲ့ ဝတ္တုတွေ၊ ရုပ်ရှင်ကားတွေ၊ သီချင်းတွေက ဖော်ပြနေတယ်။

နောက်ပိုင်း အိမ်ထောင်သည်ဘဝမှာလည်း ဒီလိုပဲ။ S*x နဲ့ ပတ်သက်ရင် ယောက်ျားလိုအပ်တာ ဖြည့်ဆည်းပေးရတယ်လို့ပဲ မှတ်ယူထားကြတယ်။ Or**sm ဆိုတာ ဘာမှန်းမသိတဲ့ အမျိုးသမီးတွေ တစ်ပုံကြီး။

ဆိုတော့ အစပိုင်းကတော့ သိပ်ပြဿနာမရှိဘူး။ သို့သော် Everything has the expired date လေ။ အထူးသဖြင့် ဒီလိုစိတ်ဆန္ဒ (Passion) တွေ၊ စိတ်လှုပ်ရှားမှု (Excitement) တွေက ပိုပြီး သက်တမ်းကုန်လွယ်တယ်။ ပိုဆိုးတာက S*x ဆိုတာ ကိုယ့်ဘက်က အပေးသပ်သပ်ပဲလို့ ခံယူထားတော့ ပိုပိုပြီး ရင်ခုန်အောင် မလုပ်တော့ဘူး။ လုပ်ရင် ဒါ ရှက်စရာကောင်းတယ်၊ မိန်းမကောင်း မပီသရာ ရောက်တယ်၊ ငါ့ယောက်ျား ငါ့ကို အထင်သေးသွားမယ်၊ ဒီလိုအတွေးတွေ ရှိတယ်။ အဲဒီအခါ ယောက်ျားတွေရဲ့ စိတ်က ပြင်ပမိန်းမတွေဆီ ရောက်လာတယ်။ အသစ်ကို လိုချင်လာတယ်။

ယောက်ျားတိုင်းတော့ မဟုတ်ပါဘူး။ အလုပ်ပဲ အာရုံစိုက်နေတာ၊ မိသားစုနဲ့ ကလေးတွေကို ဦးစားပေးတာ၊ ကိုယ်ကျင့်သိက္ခာကို အလေးထားတာ၊ ဒါမှမဟုတ် S*x က သူ့အတွက် ဒီလောက်ကြီး အရေးမပါလှတာ စသဖြင့် အကြောင်းပေါင်းစုံ ဖြစ်နိုင်တယ်။ သူတို့တွေကတော့ S*x အတွက်နဲ့ တခြားမိန်းမဆီ မရောက်သွားဘူး။

သို့သော် တချို့ကတော့ အပေါ်မှာ ပြောခဲ့သလို Excitement အသစ်ကို ရှာချင်လာတယ်။ မိန်းမကိုလည်း ချစ်တယ်။ သားသမီးတွေကိုလည်း ချစ်တယ်။ သို့သော် သူတို့ရဲ့ လိင်ဆန္ဒအတွက်ပေါ့လေ။ အဲဒီကစလို့ အိမ်ထောင်ရေး ပြဿနာ စတက်တယ်။

ယောက်ျားက ခြေလှမ်းတွေ ပျက်လာတယ်။ စိတ်က ကိုယ့်ဆီ မရှိတော့ဘူး။ အလုပ်ကနေ ပြန်လာတာတွေ နောက်ကျလာတယ်။ ကြုံဖူးတဲ့ အမျိုးသမီးတွေကတော့ ပိုသိလိမ့်မယ်။ အဲ့လိုအချိန် ဖြစ်ရတဲ့ ခံစားချက်ကို။

အဲဒီမှာမှ တချို့က ငွေပဲ ချူတယ်။ တချို့က လူပါ အပိုင်လိုချင်လာတယ်။ ဇာတ်လမ်းတွေက ပိုရှုပ်ထွေးလာတယ်။ အဲဒီမှာ လာပြီ။ ဟိုတယ်ခန်းထဲထိ လိုက်သွားပြီး ပါးရိုက်တာတို့၊ ဖေ့စ်ဘွတ်ပေါ် တင်ပြီး အရှက်ခွဲတာတို့။

ဒါဖြင့် ဒီလောက်ဆိုးတဲ့ ယောက်ျား ကွာလိုက်ပါလား ဆိုတော့ ကွာလို့ မရဘူး။ ဘာလို့လဲဆို မိန်းမတွေဟာ ယောက်ျားတွေအပေါ်မှာ မှီခိုမှု ၃ မျိုး ရှိနေလို့ပဲ။

👉 ၁။ ငွေကြေးအရ မှီခိုနေရတာ (Financial dependence)

ဘာမှ မလုပ်စားတတ်တော့ ဒီယောက်ျား မရှိရင် မဖြစ်ဘူး။ ဒီတော့ ကြိတ်မှိတ်ပေါင်းသင်းပေတော့ပဲ။ ပေးစရာ ဥပမာတွေက အများကြီးပဲ။ စာရှည်မှာစိုးလို့ အဆိုးဆုံးတစ်ခုကိုပဲ ပြောပြမယ်။ အဖေက သမီးအရင်းကို အဓမ္မကျင့်တယ်။ အဲဒါကို ကလေးက တိုင်မယ်လုပ်တော့ အမေကိုယ်တိုင်က တားတယ်။ နင့်အဖေ ထောင်ကျသွားရင် ငါတို့တစ်မိသားစုလုံး ဒုက္ခရောက်မှာတဲ့။ ဒါ အိမ်ထောင်ရေး ဖောက်ပြန်တဲ့အဆင့် မဟုတ်တော့ဘူးနော်။ မုဒိမ်းကျင့်တဲ့အဆင့်။ ကျင့်တာကလည်း သမီးရင်းကို။ အဲဒါတောင် ကွာဖို့ မပြောနဲ့၊ ဘာမှ မလုပ်ရဲဘူး ဆိုတာ ဒီလူ့အပေါ် ဝင်ငွေအရ မှီခိုနေရလို့ပဲ။

👉 ၂။ စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရတာ (Emotional dependence)

ခုခေတ်ကျ မိန်းကလေးတွေလည်း ကိုယ်ပိုင်အလုပ်နဲ့၊ ကိုယ်ပိုင်ဝင်ငွေနဲ့ ဖြစ်လာကြပြီ။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာအရ မှီခိုနေရတုန်းပဲ။ ယောက်ျားမရှိရင် မတင့်တယ်ဘူး ဆိုတာမျိုးပေါ့။ အိမ်ထောင်ကွဲထားတဲ့ ငါ့ကို တန်ဖိုးထား ချစ်တဲ့သူ၊ လက်ထပ်မဲ့သူမှ ရှိပါဦးမလား စသဖြင့် တွေးမိကြတယ်။ မိန်းကလေးတွေရဲ့ စိတ်မှာကိုက အဲဒီလို မလုံခြုံမှု (Insecurity) က ရှိနေတာ။ မိဘတွေရဲ့ ပျိုးထောင်မှုပုံစံနဲ့လည်း အများကြီး ပတ်သက်တာပေါ့။

👉 ၃။ လူမှုရေးအရ မှီခိုနေရတာ (Social dependence)

အိမ်ထောင်ပျက်ထားတဲ့ အမျိုးသမီး မဖြစ်ချင်ဘူး။ လူတွေ အထင်သေးမှာ ကြောက်တယ်။ တကယ်ကြောက်လောက်အောင်လည်း လူတွေက ကဲ့ရဲ့ကြ၊ သနားကြည့်နဲ့ ကြည့်ကြ လုပ်တာကိုး။ ယောက်ျားတွေကလည်း အိမ်ထောင်ကွဲထားတဲ့ အမျိုးသမီးဆို ပိုပြီး ယိသဲ့သဲ့က လုပ်ချင်ကြသေးတယ်။ ဆိုတော့ ဒါတွေကို ကြောက်တယ်။

ဒီလိုတစ်ခုမဟုတ် တစ်ခု မှီခိုနေရတဲ့အတွက် အမျိုးသမီးတွေဟာ တော်ရုံနဲ့ မကွာနိုင်ဘူး။ အဲ့တော့ ယောက်ျားဖြစ်သူ လုပ်သမျှ သည်းခံ၊ အိမ်မှာတော့ မျက်ရည်နဲ့ မျက်ခွက်။ ဖေ့စ်ဘွတ်ပေါ်တော့ သူ့ယောက်ျား ဘယ်လိုချစ်ကြောင်း တက်တက်ရေး။ မသိတဲ့သူတွေကလည်း အားကျပေါ့။ ဒီလိုအိမ်ထောင်သည် အမျိုးသမီးတွေ အများကြီး ရှိတယ်။

မိန်းမတွေရဲ့ ကိုယ့်ကိုယ်ကိုယ် လေးစားမှု (Self-esteem) သည် ကိုယ့်အိမ်ထောင်ဖက်၊ ကိုယ့်ယောက်ျားက ဘယ်လောက်ချစ်တယ်၊ ဂရုစိုက်တယ်၊ တန်ဖိုးထားတယ် ဆိုတာကနေ လာတာ များတယ်လေ။ ဒါကြောင့် Right person ဆိုပြီး ပြောတာ၊ ကိုယ့်ပါတနာနဲ့ ပတ်သက်လို့ အကြွားများတာသည် မိန်းမတွေ ဖြစ်နေတာ တွေ့ရလိမ့်မယ်။ အားအကျခံချင်တာပေါ့။

ဒီတော့ အဆင်မပြေတဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ရလို့ ပိုပျော်မသွားဘူး။ သူ ရပ်တည်နေတဲ့ ကမ္ဘာမြေကြီး ပျောက်သလို ဖြစ်သွားတာ။ အဲဒါထက်စာရင်တော့ ကိုယ့်ဆီ စိတ်မရှိတော့တဲ့ ယောက်ျားကိုပဲ ဆက်ပေါင်းနေလိုက်တာ ပိုကောင်းတယ်ဆိုပြီးပဲ ကြိတ်မှိတ်နေလိုက်ကြတော့တာပဲ။

S*x ကိစ္စ ဖောက်ပြန်မှ မဟုတ်ဘူး။ ရိုက်နှက်၊ အနိုင်ကျင့်၊ Emotional abuse တွေ လုပ်လည်း ဆက်ပေါင်းနေကြရတာ ဒါတွေကြောင့်ပဲ။

အိမ်ထောင်သက် နှစ်ကြာလာမှ ပြဿနာ တက်တာလား ဆိုတော့ မဟုတ်ဘူး။ မင်္ဂလာဦးညကတည်းက သတို့သမီးက သွေးမထွက်လို့ ငါ့ကို ချို(ဂျို) တပ်ပေးတယ်၊ နွားဖြစ်အောင် လုပ်တယ် ဆိုပြီး ရန်ရှာတာတွေလည်း ရှိတယ်။

သမီးရည်းစားဘဝမှာလည်း တက်တာပဲ။ ဘာလဲဆိုတော့ အပျိုစင်လေးကို ရဖို့ အိမ်ထောင်ရှိတာ မပြောဘဲ ကာမလိမ်လည်ရယူသွားတာ၊ S*x ကို ရဖို့ ချစ်တယ်ဆိုတဲ့ စကားကို လှလှပပပြောပြီး ချင်းထည့်သွားတာ၊ မိန်းကလေးတွေမှာ ဒီရည်းစားနဲ့ အတူနေပြီးလို့ ပြတ်သွားရင် ငါတော့ သွားပြီ၊ တန်ဖိုးမရှိတော့ဘူး ဆိုပြီး စိတ်ဒဏ်ရာတွေ ရကျန်နေခဲ့တာ၊ အဲ့လိုတွေပေါ့။

ဟော အဲဒီထက် ဆိုးလာရင် မုဒိမ်းကျင့်တာ၊ ခြိမ်းခြောက်ပြီး ကာမရယူတာ၊ ကားတင်ပြေးတာတွေ ဖြစ်လာတယ်။ အဲ့လို လုပ်ပြီးသွားရင်လည်း ဒီမုဒိမ်းကောင်က ယူပါမယ်ဆို မိန်းကလေးက လက်ခံလိုက်ရတာ ရှိတယ်။ ပတ်ဝန်းကျင်ကလည်း နားချတာကိုး။ ဟဲ့ တစ်ရှက်ကနေ နှစ်ရှက် မဖြစ်စေနဲ့ပေါ့လေ။ ပြီးခဲ့တာတွေလည်း ပြီးပြီပဲပေါ့။ အဲ့တော့ ဒီမုဒိမ်းကောင်က Impunity လို့ ခေါ်တဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရသွားရော။ ကောင်မလေးတစ်ယောက်ကို ကြိုက်တယ်။ ပြန်မကြိုက်ဘူးလား။ ရတယ်လေ။ အတင်းအကြပ် ကာမရယူလိုက်။ ဒါဆို ကိုယ့်မိန်းမ မဖြစ်ချင်လည်း ဖြစ်ရတော့မှာပဲ။ ဒီလိုတွေ လက်ခံကျင့်သုံးလာကြရော။

ဒါ ခုနကလို အပေးအယူ၊ အလဲအထပ် လုပ်ခြင်းကနေ ဖြစ်လာတဲ့ အကျိုးဆက်တွေပေါ့။

◾ဘာကြောင့် ဖြစ်ရသလဲ

ဟုတ်ပြီ။ ဒါဆို ဘာကြောင့် အဲ့လို အပေးအယူပုံစံ ဖြစ်နေရသလဲ စဉ်းစားကြည့်ရအောင်။

စကားလုံးတစ်လုံးတည်း ပြောပါဆို Patriarchy လို့ ခေါ်တဲ့ ဖိုဝါဒကြောင့်ပဲ။ ဖိုဝါဒဆိုတာကို ထပ်ရှင်းပြရရင်တော့ အမျိုးသားတွေကို တစ်ဆင့်မြင့် လူတန်းစားရယ်လို့ ဖြစ်စေတဲ့ အတွေးအခေါ်၊ အလေ့အထ၊ ယဉ်ကျေးမှု၊ စံသတ်မှတ်ချက်တွေကို ဆိုလိုတာ ဖြစ်ပါတယ်။

ယောက်ျားဆိုတာ အရည်အချင်း ရှိရတယ်။ ငွေရှာနိုင်ရတယ်။ ဦးဆောင်နိုင်တယ်။ မိန်းကလေးဆိုတာကတော့ အပျိုစစ်ရမယ်။ အိမ်မှုကိစ္စ နိုင်နင်းရတယ်။ မိခင်ကောင်း ပီသရမယ်။ မိန်းမကောင်း ပန်းပန် တစ်ပွင့်ပန် ဆိုသလို အိမ်ထောင်တစ်ဆက်တည်း ရှိရမယ်။ ဒီလို သတ်မှတ်ချက်တွေ ရှိတယ်။

မိန်းကလေးတစ်ယောက်က ဦးနှောက်ကပဲ ငြင်းငြင်း၊ နှလုံးသားကပဲ ငြင်းငြင်း၊ သူ့လိင်အင်္ဂါကို အပိုင်ရရင် သူ့ကို ပိုင်သွားပြီ ဆိုကတည်းက သူ့တန်ဖိုးဟာ ပညာအရည်အချင်းတို့၊ စိတ်နေစိတ်ထားတို့မှာ မရှိတော့ဘဲ အဲဒီ ၆ လက်မလောက် ရှည်တဲ့ နေရာမှာ ရောက်နေပြီ။

အဲ့လိုပေတံတွေကြောင့်ပဲ ငယ်ငယ်ကတည်းက ယောက်ျားလေး၊ မိန်းကလေးတွေရဲ့ တွေးခေါ်ပုံ၊ အရည်အချင်း ဖြည့်တင်းပုံ၊ ကိုယ့်ကိုယ်ကိုယ် ရှုမြင်မှု (Self-image) ၊ RS နဲ့ အိမ်ထောင်ရေးကနေ ဘာလိုချင်တယ် ဆိုတဲ့ မျှော်လင့်ချက်၊ ဒါတွေ မတူတော့ဘူး ဖြစ်လာတယ်။ အိမ်ထောင်ရေးသည် Partnership မဟုတ်ဘဲ Ownership ပုံစံ ဖြစ်နေတယ်။

ကိုယ်ပိုင်အလုပ်နဲ့၊ အရည်အချင်းနဲ့၊ ဝင်ငွေနဲ့ ရပ်တည်နိုင်တဲ့ မိန်းကလေးတွေကအစ အပေါ်မှာ ပြောခဲ့သလို စိတ်ပိုင်းဆိုင်ရာအရ မလုံခြုံတာတွေ၊ ပတ်ဝန်းကျင်က ဘယ်လိုမြင်မလဲ တွေးပူနေတာတွေ အများကြီးပဲ ရှိတယ်။ ဒါတွေဟာ Patriarchy ကြောင့်ပဲ။

တချို့ကလည်း ပြောကြတယ်။ မိန်းကလေးတွေရဲ့ တန်ဖိုးက အပျိုစစ်မှ မဟုတ်ဘူးတဲ့။ ပြန်ကြည့်တော့ ပြောတဲ့ မိန်းကလေးက နိုင်ငံခြားကနေ ဘွဲ့ရထားတာ။ နားထောင်နေတဲ့ မိန်းကလေးက ၄ တန်းနဲ့ ကျောင်းထွက်ထားတဲ့သူ။ သူ့ဘဝက ပညာလည်း ကောင်းကောင်းမသင်ရ၊ အလုပ်လည်း မရှိ၊ ရှိလည်း ရပ်တည်နိုင်လောက်တဲ့ ဝင်ငွေမရ။ အဲဒီအခါ သူ့တန်ဖိုးသည် အပျိုစင်ဘ၀ ဖြစ်နေဦးမှာပဲ။

ဆိုလိုတာက အဲ့တစ်ခုတည်း ကွက်ပြီး ပြောလို့ မရဘူး။ အမြင်ဖွင့်လို့ မရဘူး။ မိန်းကလေးတွေအတွက် ပညာရေး အခွင့်အလမ်း၊ အလုပ်အကိုင် အခွင့်အလမ်းတွေ ရှိနေရမယ်။ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်အောင် လုပ်ပေးရမယ်။ ဒါမှ လက်တွေ့ကျမှာ။ အဲ့လို မိန်းကလေးတွေ အခွင့်အရေး ပိုရလာဖို့က Patriarchy ကို ဖယ်ရှားမှ ဖြစ်ပါလိမ့်မယ်။

ပိုရလာဖို့ ဆိုလို့ ဦးစားပေးရမယ် မဟုတ်ဘူး။ Patriarchy ကြောင့် ယောက်ျားတွေက အသာရသလို ဖြစ်နေတဲ့ အနေအထားကို ဖယ်ရှားပြီး မိန်းမတွေအတွက် တန်းတူညီမျှ အခွင့်အရေးတွေ ဖန်တီးပေးဖို့ ဆိုလိုတာ။ ဥပမာ သားနဲ့ သမီးမှာ သားကိုတော့ ကျောင်းဆက်ထား၊ သမီးကို ကျောင်းထုတ်၊ အိမ်အလုပ် ကူခိုင်းတာမျိုးကစလို့၊ လုပ်ခလစာ အညီအမျှ အပေးမခံရခြင်း အလယ်၊ ခေါင်းဆောင်ပိုင်းတွေမှာ အမျိုးသမီးတွေကို နေရာမပေးတာ အဆုံး၊ ဒါတွေကို လျော့နည်းသွားအောင် လုပ်ဖို့ လိုတယ်။

ယောက်ျားတွေက ချမ်းသာလာရင် ပျက်စီးတယ်၊ မိန်းမတွေက ဆင်းရဲရင် ပျက်စီးတယ် ဆိုတဲ့ စကားရှိတယ်။ ယောက်ျားတွေက အရည်အချင်း ရှိလာတဲ့အခါ၊ ငွေရှာကောင်းလာတဲ့အခါ ဝိုင်းဝိုင်းလည်လာတယ်။ အိမ်ထောင်ရှိရှိ မရှိရှိ ဂရုမစိုက်ဘူး၊ သူ့ကို စပွန်ဆာပေးနိုင်ရင် ပြီးရော ဆိုတဲ့ မိန်းကလေးတွေလည်း ရှိမယ်။ ခုနကလို ကိုယ့်ပါတနာကနေတဆင့် Self-esteem ကို တည်ဆောက်တာမို့ ဒီလို အရည်အချင်းရှိတဲ့ ယောက်ျားနဲ့ တွဲရရင်၊ ယူရရင် ဘဝက ပြည့်စုံပြီဆိုပြီး အပိုင်ယူတာတွေပါ ရှိလာတယ်။

မိန်းကလေးတွေကျ ငယ်ငယ်ကတည်းက ယောက်ျားအပေါ် မှီခိုရမယ် ဆိုတဲ့ပုံစံနဲ့ ပျိုးထောင်ခံလာရတော့ သူ သုံးချင်တာ၊ ဝယ်ချင်တာတွေကို ဝယ်ပေးမဲ့ လူတစ်ယောက်က လိုကိုလိုတယ်။ ကိုယ့်ဟာကိုယ် ဝယ်နိုင်ဖို့အတွက် လုံလောက်တဲ့ ပညာအရည်အချင်း၊ အလုပ်အကိုင် အခွင့်အလမ်းကလည်း ရှိမနေဘူး။ ဒီတော့ ဆင်းရဲရင် ပျက်စီးလွယ်တယ် ဆိုပြီး ဖြစ်လာတာ။ ပြောရရင် ဒီစကားသည်လည်း Patriarchy ကြောင့် ဖြစ်လာတာပဲ။

ယောက်ျားလေးတစ်ယောက်က နှစ်ရှည်လများ ရည်းစားဖြစ်ပြီးမှ ဖြတ်လိုက်တယ်ဆို သူများသားသမီးကို မစာနာဘူး ဆိုပြီး ဝိုင်းဆဲကြတယ်။ မိန်းကလေးဘက်က ဖြတ်သွားရင်တော့ ဒါ ဒီကောင် တော်တော်ဆိုးလို့နေမယ် ဆိုပြီး ပြောကြတယ်။ မိန်းမတွေက Double standard ဖြစ်နေတယ် ထင်ရတယ်၊ အမြဲပဲ သူတို့မှန်တယ် ပြောနေသလို ထင်ရတယ်။ သို့သော် အဲ့လိုနှစ်တွေ အကြာကြီး ရည်းစားဖြစ်ပြီးမှ ကွဲသွားရင် မိန်းကလေးဘက်က တန်ဖိုးကျသွားပြီလို့ ဒီလူ့အဖွဲ့အစည်းကပဲ သတ်မှတ်ထားတာကိုး။

S*x ကိစ္စမှာ မိန်းကလေးဘက်က စလို့ပါ ပြောရင် ဘယ်သူမှ မယုံကြဘူး ဆိုတာကလည်း S*x နဲ့ ပတ်သက်ရင် မိန်းကလေးတွေကို ထိန်းသိမ်းထားတာတွေ များလို့ပါ။ ဒီအကြောင်း ပြောရင်၊ ပွင့်လင်းရင် အထင်သေးတတ်ကြလို့ပါ။

ချမ်းသာတဲ့ ယောက်ျားက ရှင်ဘုရင်၊ ပိုက်ဆံမရှိတဲ့ ယောက်ျားက သူတောင်းစား ဆိုပြီး နှိုင်းခံရတာ၊ အပျိုစင်ကို မရလို့ နွား ဆိုပြီး တံဆိပ်ကပ် ခံရတာ၊ ဒါတွေဟာလည်း Patriarchy ကြောင့်ပါပဲ။

အဲ့လိုပဲ အချစ်ခံရသူနဲ့ တွေ့တော့ ကောင်မလေးမျက်နှာက ဘယ်လို ဆိုပြီး ရှယ်နေကြတာ၊ ထက်မြက်တဲ့ မိန်းမ လို့ အစချီပြီး စာအရှည်ကြီးတွေ ရေးနေကြတာ၊ သိန်းဘယ်နှထောင်နဲ့ တင်တောင်းတာ၊ တန်ဖိုးရှိအောင် နေလို့ အဲ့လို တင်တောင်းခံရတာပေါ့ ဆိုပြီး ပြောကြတာ၊ အဲ့လို တင်တောင်းခံရတာကို အားကျနေကြတာ အားလုံးဟာလည်း Patriarchy ကြောင့်ပဲ ဆိုတာ သိဖို့ လိုတယ်။ ကျော်လွန်ပြီး မြင်တတ်ဖို့ လိုပါတယ်။

စာလည်း သိပ်ရှည်နေပြီမို့ နိဂုံးချုပ်ရရင် ဖိုဝါဒဆိုတဲ့ ကိစ္စက ကျွန်တော်တို့ရဲ့ ရင်ထဲ အသည်းထဲမှာ စိမ့်ဝင်နေတဲ့ ကိစ္စ ဖြစ်တယ်။ ယောက်ျားတွေကိုလည်း ဒုက္ခပေးတာ ရှိပေမဲ့ အဓိကအားဖြင့်တော့ မိန်းကလေးတွေကို တစ်ဆင့်နိမ့်တဲ့ လူတန်းစားတွေ ဖြစ်သွားစေပါတယ်။ အပျိုစစ်ခြင်း၊ မစစ်ခြင်း ကိစ္စတွေထက် ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်းနဲ့ကို ပြဿနာ ပေးနေတာပါ။

ဒါကို လျော့နည်းသွားအောင် လုပ်ဖို့က တစ်ရက် တစ်မနက်တည်းနဲ့ မဖြစ်နိုင်ပါဘူး။ အရင်ဆုံး၊ ကိုယ့်ဆီမှာ အမြစ်တွယ်နေတဲ့ ဒီအမြင်တွေကို တော်လှန်ရမယ်။ ပြီးရင်တော့ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာတဲ့ ဆိုဆုံးမမှုတွေကို ကိုယ့်လက်ထက်မှာ အဆုံးသတ်ပစ်ဖို့ပါပဲ။

ဒေါက်တာ ဖြိုးသီဟ
၂၀.၁၂.၂၀၂၁

Photo credit

Photos from Psychological Fellowship for Education and Support - PFES's post 18/12/2021

Very very glad to see this train the trainer project that we have started working☺️

12/12/2021

Self-reflections… ကိုယ့်ကိုကိုယ် သုံးသပ်ခြင်း
These 3 years have been the hardest for me (many ups and downs in life) and I have learnt a lot about myself and how I have been perceiving the world.
သတိလေးနဲ့ ပိုနေတတ်လာတယ်။ ခံစားချက်တွေ စိတ်ရှုပ်စေတဲ့အရာတွေ ခံစားမိလာရင် ငါဘာတွေ တွေးနေမိလို့ ဒီလိုခံစားရတာလဲဆိုတာကို ပိုသတိထားမိလာတယ်။ အဲ့လို self-aware ပိုဖြစ်လာတဲ့အခါမှာ အရင်က ကိုယ်မကောင်းဘူး ထင်တာတွေလဲ ထင်သလောက် မဟုတ်ပါလား လောကကြီးကို မြင်တဲ့ အမြင်တွေ ပိုကျယ်ပြန့်လာတယ်။
ဘယ်လိုဘဲ ဖြစ်ဖြစ် အဲ့လိုနေနိုင်လာတာကို နေပျော်တယ်။ အဆိုးထဲက အကောင်းတစ်ခုပဲ။
#ဘဝ

12/12/2021

လောကကြီးမှာ ဖြစ်ချင်တိုင်း မဖြစ်တဲ့အခါတွေလည်းရှိတယ်။ မဖြစ်ချင်တာတွေ ဖြစ်တဲ့ အခါတွေလည်းရှိတယ်။
လူသားတစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ဒီလို အခြေအနေတွေကြားထဲမှာ ဘယ်လို အဆင်ပြေအောင် နေမလဲဆိုတာကို ကြံဆ ကြိုးစားရတာပါပဲ။
ဘယ်ပြောလို့ရမလဲ?
တစ်ခါတစ်လေကျတော့လည်း အဆိုးထဲက အကောင်းဖြစ်လာနိုင်တာပဲ
- (မဖြစ်ချင်တာတွေ ဖြစ်နေရတဲ့ အချိန် အဖေက အားပေးတဲ့စကား)
#ဘဝ

06/12/2021

“အခက်အခဲတွေ မကောင်းတာတွေကြားထဲမှာ ကောင်းတာလေးတွေ ကျေးဇူးတင်မိတာလေးတွေကို သတိရနေရင်း ရှေ့ဆက်သွားနိုင်တာကို resilience ရှိအောင် လေ့ကျင့်ခြင်းလို့ ခေါ်ပါတယ်။”

ခုလိုခက်ခဲနေတဲ့ချိန်မှာ positive psychology course လေးကို တက်ရင်းနဲ့ ဒီnote လေးကို အကျိုးရှိမယ်ထင်လို့ share ပေးလိုက်ပါတယ်။
Notes ထုတ်ထားတွေ အကုန်ကြည့်ချင်ကြလား?

courseraမှာ free တက်လို့ရပါတယ်

Photos from Anti-Hate Movement's post 05/12/2021

4th batch

21/11/2021

ဒီလိုကိစ္စမျိုး ကြုံရရင် မလွယ်ကူပေးမယ့် ရုန်းထွက်ရာတွင် အားဖြစ်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။
✨live your life to the fullest✨

-ဒီစာကို နောက်ထပ် မိန်းကလေးတွေ အိမ့်လိုမျိုး
S*xual Harassment ရဲ့ Victim မဖြစ်ရအောင် ရည်ရွယ်ပီးရေးပါတယ် (စာရှည်)

- အရင်အကြောင်းတွေ ပြန်မပြောချင်ပေမဲ့လည်း ယုတ်မာ ကောက်ကျစ်တဲ့ လူတစ်သိုက်ကတော့ အခုချိန်ထိကို ယုတ်မာ လို့ မပီးနိုင်ကြသေး ,

တစ်သက်လုံးလည်း ပီးမှာမဟုတ်ပါဘူး
လူဖြစ်တည်လာရခြင်းကိုက တစ်ယောက် မဟုတ် တစ်ယောက် Victim ရှာပီး သူတစ်ပါးကို စိတ်ဆင်းရဲ , အရှက်တကွဲ အကျိုးနည်း
မျက်ရည်ကြီးငယ်ပေါက်ကျ , ဘဝပျက်အောင် ယုတ်မာရမှ ဘဝမှာ နေပျော်ပီး စားဝင် အိပ်ပျော်တဲ့ အကုသိုလ် ကံတွေနဲ့ လူတစ်စုက သက်သက်ကိုရှိတယ်

- ပီးခဲ့တဲ့ လတွေတုန်းက အိမ့် NUG frame ချိန်းတာနဲ့ ပတ်သတ်ပီး social attack လုပ်ခံရပါတယ် .. အိမ့်က ကိုယ့် inner peace ငြိမ်းချမ်းရင်ပီးရော ဆိုပီး respond မလုပ် တတ်တဲ့သူမလို့ ပွဲလည်း
မဖြစ်သွားပါဘူး

- သိတဲ့သူတွေလည်း သိကြပါတယ် စိတ်ပူပီး လာပြောပေးခဲ့ကြတဲ့သူတွေ, အမြဲကိုယ့် ဖက်မှာရှိပေးခဲ့တဲ့ သူတွေကိုလည်း ဒီကနေ
ကျေးဇူထပ်တင်ပါတယ်

- NUG frame profile မှာရေးထားတဲ့ ss နဲ့အတူ ရန်တိုက်ပေးတယ် အရင်က Video ပြန်ဖြန့်တယ် , အပိုင်းသစ်တွေထွက်တယ်ဆိုပီး photoshop တွေလုပ်တယ် , fake acc တွေ အုံလိုက်ပေါ်လာပီး sexual harassment , cyber bullying တွေလုပ်နည်းမျိုးစုံပဲ..

- ရုပ်အဆိုးဆုံးကတော့ vd ကို နိုင်ငံခြားက မိသားစုဝင်တွေကို track လုပ်ပီး ပို့ကြပါတယ် ..

speechless လို့လည်း မပြောချင်ဘူး ဒါတွေက ဒီလိုဖြစ်မယ်ဆိုတာ
ကြိုတွက်ထားပီးသားပါ ..

ပြုသူအသစ် ဖြစ်သူအဟောင်းပေါ့

- ရည်ရွယ်ချက်တွေကတော့ နင်ငြိမ်းချမ်းနေလား ပူလောင်စမ်း , နင်အောင်မြင်နေလား ကျရှုံးစမ်း ဆိုတဲ့ သူတို့ဘက်က အပူတွေကို ခံစားမိပါတယ် တကယ် ကြောက်စရာကောင်းပါတယ်

- ကိုယ်ပြောပြလို့ သိပီးသားဆိုပေမဲ့လည်းဘယ်သူကမှ လိုက်ရှာကြည့်မနေဘူး , မြင်လည်းမမြင်ချင်ဘူး သိလည်း မသိချင်ဘူး ဦးနှောက်ထဲကရော ရင်ဘတ်ထဲကရော ထုတ်ထားရတဲ့ ကိစ္စတွေ

- သူတို့ကလည်း အိမ့်အားငယ်မှာစိုးလို့ မပြောရှာကြဘူး ..

အိမ့် Carbra ဖုန်းကိုဖွင့်ကြည့်ရင်း တွေ့တာ.

အဲ့နေ့က အိမ့်တို့ Medellin မြို့မှာ ညစာစားနေကျတဲ့ အချိန်

ရုတ်တရက်မြင်လိုက်တော့ ရင်ဘက်ထဲ ဒိန်း ခနဲ တကယ်လန့်သွားတာ ...

သူတို့ မျက်နှာ တွေလိုက်ကြည့်တော့ ပြုံးပြုံးနဲ့ အေးဆေးပဲ ... စိတ်ရှုပ်မှာစိုးလို့ မပြောပြကြဘူး

- တစ်ခါတစ်လေ လည်း strong girl အဖြစ်နဲ့နေရတာ ပင်ပန်းတယ်ဆိုတာ ရင်ဖွင့်ချင်တယ်
(အခုစာဖတ်နေတဲ့သူတွေကို)

- ရုပ်မပျက်အောင်ထိန်းပီး အိမ်သာထဲသွား
အားရပါးရ ငိုထည့်ပစ်လိုက်တယ်

- စိတ်ထဲမှာ သူတို့တွေကို အားနာတဲ့စိတ်ရယ်, ဘာလို့ ငါ့ကျမှလဲ ဆိုတဲ့ စိတ်တွေ ပေါင်းစုံပဲ ပေါ်လာတယ်

- ငိုတာအရှိန်က ရပ်လို့မရ ,
မျက်စိကတော်တော်ဖောင်းနေပီ ..
စားပွဲဝိုင်းကိုပြန်မသွားချင်လို့ Cabra ကို text လှမ်းပို့, လာခေါ်ခိုင်း အနောက်ပေါက်ကထွက်ပီး
အိမ်ပြန်လိုက်တယ်

- မိုးလင်းနိုးတော့ စိတ်ထဲရှိတာတွေ ငိုချထားတာ ရှင်းသွားပီ ..စိတ်သစ် လူသစ်နေ့သစ်ကို ကောင်းကောင်း စနိုင်ခဲ့တယ်

တစ်ခါတစ်လေကျရင် တချို့ပြဿနာ တွေက စိတ်ထဲ မတင်းထားပဲ ငိုချပစ်လိုက်ဖို့ လိုတယ် ဆိုတဲ့ lesson တစ်ခုကိုလည်းရတယ် ...

- အတွင်းစိတ်ပုတ် ယုတ်မာသူအချို့
အခုလည်းနင်တို့ ဒီစာကို ဖတ်နေမှာပေါ့

" ဒီမှာ နင်တို့ယုတ်မာလို့ ငါငိုလိုက်ရတယ်ဆိုတာ သိပီးပျော်နေရင်တော့ That's make you a narcissist 😂

- Without you guys I wouldn't have been able to grow .. So fking thx u for chrissake

- ရင်ထဲမှာ နာစရာသာမရှိရင် , လောကကြီးက struggles တွေ မပေးပဲ ဒီအတိုင်း သာမာန်လူတယောက် လိုသာ မျောနေခွင့်ပေးခဲ့မယ် ဆိုရင် အခုအချိန်

အဆိုတော်လိုလို , Model လိုလို , Dancer လိုလို
ကိုယ့်ကိုကိုယ့် Describe လုပ်ပါဆိုရင်တောင် ဘယ်လိုပြောပြရမှန်းမသိတဲ့
Comfortable Zoneထဲ သာယာပီး လည်ပတ်နေဦးမှာ

- အဲ့ဒီ Comfortable Zone အိမ့်ကတော့
Dangerous Zone လို့ပဲ သတ်မှတ်ထားတယ်

- တစ်ခါတစ်လေကျရင် ဘယ်လောက် Motivate ဖြစ်အောင်ပဲလုပ်လုပ် ပျင်းရိတဲ့

frequency တွေဝင်လာတဲ့ Moment တွေ
အကြိမ်ကြိမ်ရှိတယ် Goals တွေ
မှေးမှန်လာတယ် အရှုံးပေးချင်လာတယ်

-အဲ့လိုအချိန် struggles တွေ အတိုက်အခိုက်တွေပေါ်လာတယ် .... ဟ အကြိုက်ပဲ

I will never ever fking give up ဆိုတဲ့
မခံချင်စိတ်က ပြန်ဝင်လာတယ် .. တကယ်ပြောတာ
ရွဲ့ပြောတာမဟုတ်ဘူး
တကယ်ကျေးဇူးတင်တယ်

- Don't waste your pain , Use your pain efficiently for your growth ( နာကျင်ခံစားရမှုတွေကို မဖြုန်းတီးပါနဲ့ , ကိုယ့်တက်လမ်းအတွက် အကျိုးရှိရှိ အသုံးချပါ )

- Failures , struggles တွေက ဘဝရဲ့
တစ်စိတ်တစ်ပိုင်းဆိုတာ နားလည်ပီးတဲ့နောက်ပိုင်း ready ပဲ Fail ဖို့ ,

Fail early , Fail often , fail forward

- အိမ့် အပြောခံဖူးတယ်

" ဟယ် လုပ်ကြည့်မလို့လား နင်Fail မှာနော် ..အမလေး" ဆိုပီး အားရပါးရ ..

ကိုယ်လည်း အားရပါးရပဲ ပြန်ပြောလိုက်တယ်

" အေးဟုတ်တယ် fail မှာ.. တစ်ခါ မက အခါ တစ်ရာ , တစ်ထောင် , တစ်သောင်း မက fail ဦးမှာ ..

fail မှာကြောက်လို့ မကြိုးစားပဲ
ဘဝကို အရှုံးပေးပီး နေနေတဲ့ လူဖြစ်ရှုံးတဲ့ ဘဝတွေထက်တော့ သာတယ် "

လို့ပဲ ပြောလိုက်တယ် ..နောက်နေ့ မခေါ်တော့ဘူး ( 😁မခေါ်နဲ့လေ ကိုယ့်ကိုကိုယ်တောင် အချိန်မလောက်ဘူး 🤷🏻‍♀️)

- failure is a massive part of being able to be successful ..You gotta seek all the failures where the lessons are 🤍

အဲ့တော့ မိန်းကလေးတွေကို အိမ့် တကယ် စေတနာနဲ့ သတိပေးပါတယ် ... အိမ့်လိုမျိုး မဖြစ်အောင် အတတ်နိုင်ဆုံး ကိုယ့်ဘက်က သတိထားပီး
ဆင်ခြင် ကာကွယ်ပါ ..

- အိမ့်က ဥပမာပါ ဒီလိုကိစ္စတွေဟာ တစ်သက်လုံး
မပီးပါဘူး နောက်ကတောက်လျှောက်လိုက်နေမှာပါ
​သားသမီးတွေ မြေးတွေရတဲ့ အထိ ဒီလိုတွေ ဖြစ်နေဦးမှာပါ

- ဖြစ်လာပီဟေ့ဆိုရင်လည်း
ဘာအကြောင်းကြောင်းမှ ပစ်မှုကျူးလွန်ထားသလို အားငယ်စရာ .အရှုံးပေးစရာမလိုဘူး
အကောင်းဆုံးကျော်ဖြတ်ပါ

- အိမ့်ပြသာနာဖြစ်ပီးနောက်ပိုင်း အိမ့်ကို မိန်းကလေးတွေ တော်တော်များများရင်လာဖွင့်ကြတယ် ,

သာမာန်သူတွေ အိမ်ထောင်ကျပီးသားသူတွေ ..
ကိုယ့်ထက် ဆိုးရွားပါတယ် ..

သာမာန်လောကထဲမှာမလို့ လူမသိကြတာ ..

သူတို့ လည်း sexual ပိုင်းနဲ့ ပတ်သတ်ရင် Brainwash အလုပ်ခံထားရတဲ့ နိုင်ငံမျိုးမှာ
အကြောက်တရား, အရှက်တရား , ခြိမ်းခြောက်ခံရမှု တွေနဲ့ ဖြတ်သန်းနေကြရတယ် 🥺

- ညီမလေး ဘယ်လို ဖြတ်ကျော်လဲဟင်လို့
မေးလာတိုင်း အဆိုးထဲက အကောင်းဖြစ်အောင် ဖန်းတီးပြောင်းလဲဖို့ အိမ့်အတတ်နိုင်ဆုံး အကြံပေးတယ်

- အိမ့်တုန်းကဆို လူတွေအုပ်လိုက်ကြီးပေါ်လာပီး ခြိမ်းခြောက်ခံရတယ် , ငွေညစ်ခံရတယ် ..

အပိုင်းသစ်တွေရှိသေးတယ် တင်မှာနော် မတင်စေချင်ရင် ဆယ်သိန်းပေး သိန်းနှစ်ဆယ်ပေးဆိုပီး စာတွေပို့ကြတာ ...

အားနည်းချက် နဲ့ အကြောက်တရားကို အသုံးချကြတယ်

- အိမ့်အတွက်ကတော့ သန်းခေါင်ထက်လည်း ညမနက်တော့ပီမလို့ ကြိုက်တာသာ လုပ်ကြလို့ပဲ အိမ့်ပြန်ပြောမိလိုက်တယ်

- အဲ့ကိစ္စဖြစ်ဖြစ်ချင်း အပြင်သွားတိုင်း
အိမ့်တို့ လူမျိုးတွေ အားနာ ယဉ်ကျေးတတ်တဲ့ လူမျိုးတွေပါ ..

ဒါပေမဲ့ လမ်းမှာတွေ့ရင်တောင် အတင်းကို တိုးတိုးတိတ်တိတ်မပြောနိုင်ပဲ လက်ညိုးတွေထိုး ရုပ်ပျက် ဆင်းပျက်ထိုး မျက်နှာကြီးတွေမဲ့ရွဲ့ပီး ပြောကြတာ ...

အဲ့မျက်နှာတွေအားလုံး အခုချိန်ထိ
မှတ်မိသေးတယ်

- အိမ်အပြင်မထွက်ရဲတော့ အိမ်ထဲပဲအောင်း , social media တက်ကြည့်လိုက်တော့လည်း ကိုယ့် Meme တွေချည်းပဲ ..

တစ်ယောက်ထဲနေ လမ်းတွေပျောက်
စိတ်ဓာတ်တွေကျလာတယ် .. Su***de လုပ်သွားတဲ့ သူတွေရဲ့ ခံစားချက်ကို ဘဝမှာ တစ်ခါနားလည် ခဲ့ဖူးတယ်

- ရှက်စရာကြီး HD ထွက်ထားတာလို့ ပြောတဲ့သူတွေအားလုံးကို ပြောပါမယ်..

- မရှက်ပါဘူး .ထပ်ပြောမယ် လုံးဝမရှက်ပါဘူး .

အရှုံးသမား တစ်ယောက်လိုလည်း ဘဝကို ဆက်မရှင်သန်နိုင်ပါဘူး

လူသတ်ထားတာမဟုတ်ပါဘူး ,

နင်တို့တွေ နင်တို့သူများမိသားစု တွေကို စိတ်ဆင်းရဲရအောင် လိုက်ယုတ်မာနေတာလည်း
မဟုတ်ပါဘူး .

-ကံဆိုးမတွေထဲက တစ်ယောက် ဝဠ်ကြွေးဆပ်ရုံသာ

- တကယ်တမ်း နစ်နာခဲ့တာက ကာယကံရှင်နှစ်ဦးနဲ့ ဆွေမျိုး မိဘတွေပါ

- တကယ်ရှက်ရမှာက သူတစ်ပါးအတွင်းရေး, သူတစ်ပါး personal privacy ကိုချိုးဖောက်ပီး ယုတ်မာခဲ့ကြတဲ့သူတွေ ..

-မိန်းကလေးတစ်ယောက် တစ်နိုင်ငံလုံး အတိုင်းအတာ နဲ့ S*xual harassment လုပ်ခံနေရတဲ့ အချိန် ဟာသတစ်ခုလို ပျော်ပျော်ပါးပါးကြီး ဝိုင်းလှောင် ခဲ့ကြတဲ့သူတွေ ,

-မိန်းကလေးအချင်းတောင် ပိုးစိုးပက်စက် ဝိုင်းလှောင်ပီး ပျော်ပျော်ကြီး Bullying လုပ်ခဲ့တဲ့သူတွေကသာ ရှက်ရမှာပါ ...

-အဲ့အချိန်မှာ စာနာဖေးမပေးခဲ့တဲ့ လူတစ်စု ,100 မှာ 0.5 လောက်ပဲရှိတဲ့ လူတစ်စုရဲ့ ကူညီဖေးမမှုတွေကြောင့် အကောင်းဆုံးဖြတ်ကျော်နိုင်ခဲ့တာ တကယ် ကျေးဇူးတင်တယ် အမြဲတမ်းအတွက်🙏

- အမေကတော့ ပြောတယ်
"ငါ့သမီးကို ဘုရားရိုက်တာတဲ့ "

အသိတွေကတော့ ဘဝမှာ အမဲစက်
အားနည်းချက်ရှိသွားပီတဲ့ ... အစတုန်းကတော့

"ဟုတ်တယ်နော် ငါ့ဘဝက အဲ့လိုဖြစ်သွားပီ " ပေါ့ဆိုပီး အားငယ်စိတ်တွေနဲ့ ရှင်သန်ခဲ့တယ်

- ဒါပေမဲ့ အခုအချိန်ပြန်ကြည့်တော့

" ဘုရားရိုက်တာ မဟုတ်ဘူး , ဘုရားကယ်တာ"

လို့ပဲ သတ်မှတ်တယ် .

"ဘဝကိုပီးလွယ်စကူနေတဲ့ အချိန်ပြည့်ပီ pain & failures တွေနဲ့ ကြိုးစားလော့ "

ဆိုပီး အချိန်မီ လမ်းတည့်ပေးခဲ့တာ

- အားနည်းချက် ဆိုပီး မျက်နှာသိမ်ငယ်စွာနဲ့
မခံယူတော့ဘူး အစစ အရာရာ သာ စေခဲ့လို့

"အားသာချက်" လို့ပဲ သတ်မှတ်လိုက်တဲ့ အခါ
ကိုယ့် Growth , Self Confidence, Mentality ပိုင်းအတွက် အကူအညီပေးပီး ကိုယ့်ဘဝအပေါ် မြင်တဲ့
အမြင်တွေပြောင်းလာပါတယ်

The day you change your mindset , your life will change . This is bloody truth . Trust me , change your minnset first ..everything in life will be better & brighter✨🤍

Dun forget Honey , Dun Waste your PAIN

Live your own damn life for you the way you want to the fullest . In the end , people will judge you anyway .

နောက်လည်းကြုံတိုင်း sexual harassment နဲ့ အမျိုးသမီးထု ရဲ့ လူ့အခွင့်အရေးတွေ နဲ့
ပတ်သတ်လာရင် ရေးပါဦးမယ် 🤍

With Loves ,
Ellie🤍

For personal growth > here’s my new YT >

https://youtube.com/c/ElliesLifeJourney

Videos (show all)

dealing with traumatic event
စိတ်ကျန်းမာရေးအတွက် ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်မည့်နည်းလမ်းများ
Guided Meditation video 2 before sleep
Motivation and self-care
Stress
Killing Begets Killing
Taking a Screen time break and self-care (Part 2)
How do you know you need Screen time break?
22/02/2021 အထွေထွေသပိတ် တစ်နိုင်ငံလုံးကပုံရိပ်တွေ အမှတ်တရ ဗီဒီယိုလေးလုပ်ထားတာပါ။ မိမိ ဆန္ဒကို သတ္တိရှိရှိ ထုတ်ဖော်ရန် ပါ...
Revealing my personality test results
Personality
Where is mind in your body?

Website