Rangoon Guy

Authentic Burmese Food Stall

Aung Naing Tun(1)(1)-mc 07/10/2024

ဖောက်ပြန်ခြင်း
=========

ဖောက်ပြန်ခြင်း ဆိုတာ လူ့အသိုင်းအဝိုင်းရဲ့ အိမ်ထောင်ရေး
လောကမှာ မည်သည့်နည်းနဲ့မှ လက်ခံပေးလို့ မရသော
စည်းဖောက်မူှတစ်ခုပါ။

ဖောက်ပြန်ခြင်းကို ဖြစ်ပေါ်စေသော အကြောင်းအရင်းများမှာ
(၁)အရွယ်ကွာလွန်းသော အိမ်ထောင်ရေး

(၂)လင်နဲ့မယား ဘဝပေးအခြေအနေအရ ခွဲခွာနေရခြင်း

(၃)ယောက်ျားများ စီးပွားရေး အဆင်ပြေလာခြင်း

(၄)မိန်းမများ ဆင်းရဲလာပြီး မိမိဘဝကို လက်မခံနိုင်ခြင်း

(၅)မေတ္တာမပါ သော အိမ်ထောင်ရေး

(၆)အိမ်ထောင်ရေးသုခ မရရှိခြင်း

(၇)သားသမီး မထွန်းကားခြင်း

(၈)မျိုးရိုးဗီဇအရ ရမ္မက်ကြီးလွန်းခြင်း

(၉)အရက်နှင့် မူးယစ်သေစာ သောက်စားခြင်း

(၁၀)အပျော်အပါး မက်မောခြင်း စသည်တို့ကြောင့်ဖြစ်သော်လည်း
ဖောက်ပြန်ခြင်း၏ အဓိကတရားခံမှာ "စိတ်အလိုလိုက်ခြင်း" ကြောင့်
ဖြစ်ပါတယ်။

လူသားတိုင်းသည် အသစ်အဆန်းကို ကြိုက်နှစ်သက်ပြီး လက်တည့်စမ်း
ကြည့်ချင်တဲ့ သဘာဝရှိပါတယ်။အရွယ်ရှိနေသော လူသားတိုင်းတွင်
သွေးသားအလိုဆန္ဒရှိသော်လည်း ဆန္ဒကို သိက္ခာနှင့် အတွေးအခေါ်က
ထိမ်းကွပ်ပေးပါတယ်။

ယောက်ျားလေးများ၏ သဘာဝသည် လှတာမြင်ရင် ငေးတတ်ကြသလို
မိန်းကလေးသဘာဝသည် အယုံလွယ်ခြင်းနှင့် သနားတတ်ခြင်း
တို့ကြောင့် လှတာမက်တော့ ဘဝ ပျက်ကြရသလို သနားတတ်ပြီး
အားနာတတ်သောကြောင့် "ခါး"ပါတတ်ပါတယ်။

တစ်ချို့သော ဖောက်ပြန်ရေးများတွင် လင်နဲ့မယား အဆင်မပြေမူှတစ်ချို့
ကြောင့် အရွဲ့တိုက်ရင်းနဲ့ ဘဝတွေပါ ရွဲ့စောင်းကုန်ကြပါတယ်။
ဖောက်ပြန်ခြင်းတွင် အဓိကထိခိုက်ကြေကွဲရသူမှာ လူကြီးတွေမဟုတ်ဘဲ
အပြစ်မဲ့သော သားသမီးများ ဖြစ်နေတတ်ပါတယ်။

အပြစ်မဲ့သော ကလေးများ မြေစာပင်ဖြစ်ခဲ့ကြရသလို ဖောက်ပြန်နေသူလည်း လူ့အသိုင်းအဝိုင်းကြားမှာ နှာခေါင်းရှုံ့ခံကြရပါတယ်။

ဖောက်ပြန်ခြင်းကို အစပြုျသော တရားခံအများစုသည် စနူှိက်ကြော်
မိန်းမများကြောင့်ဖြစ်သလို ကြာကူလီယောက်ျားတစ်ချို့ကြောင့်
မခူးခင်က အညွှတ်ခံချင်သူများက အသိုက်အမြုံ ဆိုသော မိသားစု
ကမ္ဘာလေးကို ခဏတာသာယာမူှနဲ့ လဲလှယ်ခဲ့ကြပါတယ်။

သတိတစ်ချက်လွတ်ပြီး စိတ်အလိုလိုက်မူှ တစ်ခဏတာကြောင့်
တစ်သက်လုံး ထိမ်းသိမ်းလာသော ဂုဏ်သိက္ခာသည် မည်းညစ်ခဲ့ရ
သလို သားသမီးများ၏ အနာဂတ်ကို အရိပ်မည်းကြီးလိုက်ထိုးနေတာကို
သိသွားတဲ့ အချိန်မှာတော့ အချိန်လွန်မှ ရတဲ့ "နောင်တ" တစ်ပွေ့တစ်ပိုက်
ကြီးနဲ့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်နေရုံကလွဲပီး ပြင်လို့မရသော
အမှားကြောင့် ခေါင်းငုံ့ခံနေရုံအပြင် အခြားမရှိတော့ဘူးလို့
ထင်ပါတယ်။

ချစ်လို့ပဲယူယူ ၊ သင့်တော်လို့ပဲယူယူ ကိုယ့်ရဲ့လက်တွဲဖော်ကို
အတတ်နိုင်ဆုံး သည်းခံပေါင်းသင်းသင့်ပါတယ်။ သည်းမခံနိုင်ရင်
ဖောက်ပြန်ခြင်းဆိုတဲ့ ထွက်ပေါက်ကို ရွေးချယ်မည့်အစား
တရားဝင် လမ်းခွဲလိုက်တာက ကိုယ့်ရဲ့သမိုင်းကြောင်းလှပကာ
တစ်သက်တာ လိပ်ပြာသန့်ပြီး စိတ်ချမ်းသာစေမယ်လို့
ယူဆပါတယ်။

လေးစားစွာဖြင့်♥ ♥ ♥
ဇင်းနစ် မကွေး

Credit _ original

______________________________________________

သင် ဖောက်ပြန်နေပြီလား... ဖောက်ပြန်မိတော့မှာလား
ဒါလေးဖတ်ပြီး ဆင်ခြင်ပါ👇

(၁) စိတ်ကြောင့်ပါ။ အဓိက အဲ့ဒါပါပဲ။ တစ်ခြားဘာမှ တရားခံမဟုတ်ပါဘူး။
သမီးရည်းစား အိမ်ထောင်သည်အားလုံး
ကိုယ့် လက်တွဲဖော်ကို စိတ်ကုန်သွားတယ်ဆိုတာနဲ့ ကြည့်ကို မကြည့်ချင်ကြတော့တာပါ။
စိတ်ကို ပြန်လည် ပြင်ဆင်ရင်တော့ ရပါတယ်။
မိန်းမ၊ ယောက်ျားအားလုံး စိတ်ကို အလိုလိုက်လို့ ဖောက်ပြန်မှုတွေ ဖြစ်နေကြတာပါ။
အတော်များများ ဖောက်ပြန်နေသူတွေဟာ သူတို့ မှားတာကို သူတို့သိကြပါတယ်။ နောင်တလဲ ရကြပါတယ်။ ခက်တာက သူတို့ နောက်ပြန်လှည့်လို့ မရတော့ဘူးလို့ ဖြစ်နေကြတာပါ။ တကယ်က ရဲရဲသာ နောက်ပြန်လှည့်လိုက်ပါ။ အသစ်ပြန်စပါ။ ရပါတယ်။
သာယာတတ်သော စိတ်ကို ပြုပြင်ရမှာပါ။
ခဏတာ သာယာမိတာပါ။ ကိုယ့် လက်တွဲဖော်
ကိုယ်နဲ့ အတူတူ တိုက်ပွဲဝင်ခဲ့တဲ့ အိမ်ထောင်ရေးတလျှောက်ကို ပြန်စဉ်းစားကြည့်ပါ။
စိတ်နာစရာ စိတ်ဆိုးစရာ ဆိုတာ တခါ ၂ခါပါ။ ပြန်ဖြည့်တွေးပြီး ဆင်ခြင်ကြည့်ပါ။

(၂)တန်ဖိုးခြင်း ယှဉ်ကြည့်ပါ။
ကိုယ့် လက်တွဲဖော်ကို အခုအသစ်ရထားတဲ့ သူလောက် လွယ်လွယ်ရခဲ့တာလား စဉ်းစားကြည့်ပါ။ အညှာလွယ်တတ်သူလား ပြန်တွေးပါ။ အသစ်က အခုကိုယ်နဲ့ အညှာလွယ်သလို တခြားသူတွေကိုလဲ အညှာလွယ်မယ်ဆိုတာ ပြန်သုံးသပ်ပြီး ဆင်ခြင်ပါ။

(၃)သင် ဘယ်လောက် ဒုက္ခရောက်နေ ရောက်နေ။ အမြဲတမ်း ပွစိပွစိပြောနေတတ် အပြစ်တင်နေတတ်ပေမယ့် အဝေးထွက်မသွားတတ်တဲ့သူနဲ့။ အခုခဏလေးမှ ရောက်လာပြီး ချိုသာပြနေတဲ့သူ ယှဉ်ကြည့်ပါ။ ဘယ်နှစ်ရက်ချိုသာပြနိုင်မလဲလို့။

(၄)လှတာလိုချင်တာလား။ ပိုက်ဆံရှာလိုက်ပါ။ ပြီးရင် စိတ်ကြိုက် ကိုယ့်လက်တွဲဖော်ကို ပြုပြင်လိုက်ပါ။ လိုသလို ပုံစံရပါတယ်။

လုံး၀ ကိုယ့်အပေါ် မကောင်းသူဆိုရင်တော့ တစ်မျိုးပေါ့။ အမှန်တရားကို မြင်ကြပါ👌👌👌

CREDIT"TO
KYAW KYAW KHAING

______________________________________________

သူတစ်ပါးအိမ်ထောင်ကို ဖြိုခွဲတဲ့သူတွေခံစားရမယ့်
အရာ(၅)မျိုး
====================
လောကမှာ ကြောက်စရာအကောင်းဆုံးနဲ့ အယုတ်ညံ့
ဆုံးလုပ်ရပ်တွေထဲမှာသူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတာ
လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်
ဒီလိုလူတွေက ယာယီတော့ ပျော်ရွှင်ရမယ်
ဒါပေမယ့်ဘယ်တော့မှ ငြိမ်းချမ်းမှု၊ ပျော်ရွှင်မှုကိုရရှိမှာ
မဟုတ်ပါဘူး
သူတစ်ပါးမိသားစုကိုဖြိုခွဲတဲ့သူတွေ၊ဖောက်ပြန်တဲ့သူ
တွေခံစားရမယ့်အရာတွေကို ဖော်ပြပေးလိုက်ပါတယ်
အားလုံးလည်း သတိထားဆင်ခြင်နိုင်ကြပါစေ။
(၁) ပူလောင်ခြင်း
---------------------
သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်တဲ့
သူတွေ အမြဲတမးခံစားနေရမယ့်အရာကတော့ပူလောင်
ခြင်းပါပဲ
သူတို့ရင်ထဲမှာ နောင်တရသလိုလို၊ ကျေနပ်သလိုလို
မှားနေသလိုလို၊ မှန်နေပြန်သလိုလို မသေချာမရေရာ
တဲ့ခံစားချက်တွေ အမျိုးမျိုးဖြစ်နေပြီး ဘယ်တော့မှ
အေးချမ်းရမှာမဟုတ်ပါဘူး
တစ်ခါတလေအလိုလိုနေရင်း ဒေါသတွေထွက် ရှူးရှူး
ရှားရှားတွေဖြစ်ပြီးဘာတွေကိုဒေါသထွက်လို့ထွက်မှန်း
မသိအောင်ကို ပူလောင်ပြီး အရူးတစ်ယောက်လို ဖြစ်
နေမှာပါ။
(၂) စိုးရိမ်ထိတ်လန့်ခြင်း
---------------------------
ဒီလိုလူမျိုးတွေရဲ့ပတ်သက်မှုဟာ မတရားသဖြင့်ရရှိ
ထားတဲ့ ပတ်သက်မှု မျိုးဖြစ်တာကြောင့် အမြဲတမ်း
ပူပင်သောကရောက်နေရမှာပါ
ဒါ့အပြင်ဘယ်တော့ဝဋ်ပြန်လည်မလဲ၊ဘယ်တော့များ
တခြားသူနောက်ပြန်ပါသွားမလဲ၊
ကိုယ့်ကိုယ်ဘယ်တော့ထားသွားမလဲဆိုပြီး တစ်ချိန်
လုံး စိုးရိမ်သောကရောက်နေရမှာပါ
ဒါ့အပြင် ကြာလာတဲ့အခါသူတို့ကြားမှာနည်းနည်း
လေး ပြဿနာ ရှိလာတာနဲ့ တစ်ယောက်နဲ့ တစ်
ယောက်အပြစ်တင်ပြီး စိတ်ညစ်ပြီးရင်းညစ်လာရ
မှာပါ။
(၃) ဝဋ်လည်ခြင်း
--------------------
ဝဋ်ဆိုတာက တကယ်ကိုလည်ပါတယ်
ခုခေတ်မှာ ဝဋ်လည်တာပိုတောင်မြန်ပါသေးတယ်
ဒါကြောင့် ဒီလိုလူတွေဟာ သူတစ်ပါးကို မျက်ရည်
ကျအောင်၊ရင်ကွဲအောင်၊နာကျင်အောင်လုပ်ခဲ့သမျှ
သူတို့ပြန်ခံစားရမှာပါ
သူတစ်ပါးမျက်ရည်နဲ့တည်ဆောက်ထားတဲ့သူတို့တွေ
ရဲ့ ပတ်သက်မှုဟာ ဘယ်တော့မှ ပျော်စရာကောင်း
လာမှာ မဟုတ်သလို
တစ်ချိန်မှာ ကျိန်းသေပေါက်ဝဋ်ပြန်လည်လာတဲ့အခါ
ကျရင် သူတို့ကို ကူညီမယ့်သူ၊ သနားမယ့်သူ တစ်
ယောက်မှတောင်ရှိမှာ မဟုတ်ပါဘူး။
(၄) လူတွေရဲ့အထင်အမြင်သေးခြင်း
---------------------------------------
သူတစ်ပါးအိမ်ထောင်ကိုဖြိုခွဲတဲ့သူ၊ ဖောက်ပြန်တဲ့သူတွေ
ဟာဘယ်လောက်ပဲ စည်းစိမ်ဥစ္စာတွေရှိရှိ၊ ဘယ်လောက်
ပဲပညာအရည်အချင်းမြင့်မြင့် ဘယ်သူကမှသူတို့ကို လေး
စားတော့မှမဟုတ်သလို
ဘယ်သူကမှလည်း သူတို့ကိုယုံကြည်တော့မှာမဟုတ်ပါ
ဘူး
သူတို့ရဲ့ စညးစိမ်ဥစ္စာ၊ နာမည်၊ ဂုဏ်ကြောင့်သာအပေါ်
ယံပေါငးချင်ပေါင်းမယ်၊ ဒါပေမယ့် စိတ်ထဲမှာတော့သူတို့
ကို အထင်အမြင်အရမးသေးနေမှာဖြစ်ပါတယ်
ဒုက္ခရောက်တဲ့အချိန်တွေမှာတောင် ကူညီမယ့်သူတစ်
ယောက်မှ ရှိမှာ မဟုတ်ပါဘူး။
(၅) နောင်တတရား
---------------------
သူတစ်ပါးရဲ့အိမ်ထောင်ကိုဖြိုခွဲတဲ့သူတွေနဲ့ ဖောက်ပြန်
တဲ့သူတွေဟာ နောင်တတရားနဲ့ အဆုံးသတ်ရလေ့ရှိ
ပါတယ်
သူတို့ရဲ့ သားသမီးတွေရဲ့ နာကျည်းခြင်းကိုခံရတဲ့အခါ
အရာအားလုံးကို နောင်တရပြီး စစ်မှန်တဲ့ မေတ္တာတရား
ကို တောင့်တလာတဲ့အခါမှာ ဘယ်သူမှ သူတို့အနားမှာ
ရှိတော့မှာ မဟုတ်ပါဘူး
အရင်အချိန်တွေ၊ အရင်တုနးကဖြူစင်ခဲ့တဲ့ အတိတ်တွေ
ကိုဘယ်လောက်ပဲပြန် လိုချင်လိုချင် သူတို့ကိုယ်တိုင်က
အမဲစက်ဖြစ်နေတဲ့အတွက် ဘယ်တော့မှပြန်ပြီး မဖြူစင်
နိုင်တော့ပါဘူး ။

Em Em(Auntymay)
Credit. To. TrueMan

______________________________________________

“ကာမေသုမိစ္ဆာစာရကံရဲ့ ဆိုးကျိုးများ”
••••••••••••••••••••••••••••••••••
ရှေးတုန်းက “ဧရကစ္ဆမြို့” မှာ ရွှေပန်းတိမ်သည်
သူဌေးသားလူငယ်တစ်ယောက် ရှိခဲ့တယ်။
ဥစ္စာပေါ ရုပ်ချောဆိုတာ လူတကာငေးရတာပေါ့။
ငွေရှိတော့ ထင်တိုင်းကြဲ ပျိုပျိုအိုအို သူနဲ့ ကင်းလွတ်သူ
မရှိသလောက်ပါပဲ။ ဒီလိုပျော်ပါးရင်းနဲ့ပဲ ဘဝကုန်ဆုံးတော့
“ငရဲ”ကျရောက်ပါတယ်။

“ငရဲ”က လွတ်ပြန်တော့ မျောက်ဘဝ၊ ဆိတ်ဘဝ၊
နွားဘဝတွေမှာ ဖြစ်တယ်။ဖြစ်တိုင်းပဲ သင်းကွပ်ခြင်းကို
ခံရပါတယ်။ နွားဘဝမှာ မျက်စိကန်းလို့ မကျန်းမမာ
ဖြစ်နေတာတောင် ထွန်ဆွဲရ၊ လှည်းရုန်းရနဲ့
မပြတ်လုပ်နေရတယ်။

နောက်ဘဝကျတော့ “ကျွန်အမျိုးသမီး”တစ်ဦးရဲ့ သားဖြစ်တယ်။
သားဆိုပေမယ့် ယောက်ျားမဟုတ်၊ မိန်းမဟုတ်တဲ့ “နပုံးပဏ္ဍုပ်”ပါ။
အသက်သုံးဆယ်မှာ သေဆုံးလို့ ဆင်းရဲသားလှည်းကူလီရဲ့
သမီးထပ်ဖြစ်ပြန်ရော။ အကြွေးမပေးနိုင်လို့ ၊
လှည်းကုန်သည်က လှည်းကူလီရဲ့ သမီးကို အကြွေးနဲ့သိမ်းလိုက်ပါတယ်။
၁၆ နှစ်အရွယ်မှာ မယားရှိတဲ့ “လှည်းကုန်သည်သား”က
ချစ်လှပါတယ်ဆိုပြီး “မယားငယ်”အဖြစ်နဲ့ သိမ်းပိုက်ခံရတယ်။

ကျေနပ်အောင် ပြုစုသော်လည်းပဲ “မေတ္တာစစ်”ကို မရခဲ့ပါဘူး။
အဲဘဝကနေ သေဆုံးတော့ ဂေါတမဘုရားရှင်လက်ထက်မှာ
“ဥဇ္ဇေနီပြည် သူဌေး”တစ်ဦးရဲ့ “သမီး” ဖြစ်ပါတယ်။
အရွယ်ရောက်တော့ သာကေတသူဌေးသား တစ်ယောက်နဲ့
လက်ထပ်ခဲ့တယ်။ လိမ်လိမ်မာမာနေကာ
မယားဝတ်ကျေအောင် ပြုစုပါသော်လည်း နောက်တော့
လင်ရဲ့ စွန့်ပစ်ခြင်း ကို ခံရပြန်ပါတယ်။
နောက်တစ်ယောက်နဲ့ ထပ်ပြု၊ ပြန်ကွဲ။
ဒီလိုနဲ့ “အိမ်ထောင်သုံးဆက်”ရှိတာ သုံးဆက်လုံး
“လင်စွန့်ပစ်တာ” ကို ခံရတယ်။ အပြစ်များလှပါပေတယ်။
ရွှေပန်းထိမ်သည်ဘဝနဲ့ ငွေကို ရေလိုသုံးခဲ့သမျှ
ခံရတာမသက်သာပါလား။

နောက်ဆုံးမှာတော့ “ဇိနဒတ္တာထေရီမ” နဲ့ တွေ့လို့ တရားနာရတယ်။ ဘိက္ခုနီမဝတ်တရားအားထုတ်လိုက်တာ
“ရဟန္တာမ” ဖြစ်သွား ပါတော့တယ်။
ဒီတော့မှ “ကာမေသုမိစ္ဆာစာရကံရဲ့ ဝဋ်ကြွေး”မှ
လွတ်မြောက်သွားပါတော့တယ်။

သူများသားမယားဖောက်ပြားတဲ့ကံဟာ ဆိုးကျိုးများပြားလှပါတယ်။
ဒါကြောင့်ပဲ ရှေးဆရာတော်များက လူအများတို့
ကာမေသု မိစ္ဆာစာရအပြစ်များကို အလွယ်တကူ
သိရှိကြပြီး ရှောင်ကြဉ်နိုင်ကြရန်အတွက် ခုလို
ကဗျာစပ်ခဲ့ပါတယ်။

“သူ့လင်သူမယား၊ မရှောင်ရှားဘဲ၊ ပြစ်မှားလေမှု၊
ထိုသည့်သူအား၊ ရန်သူပေါများ၊ ချစ်သူရှား၏။
ယောကျားမပီ၊ မ,မပီပဲ၊ မကြည်အိန္ဒြေ၊
ကျက်သရေမရှိ၊ ဟိရိမကပ်၊ ဩတ္တပ်ကင်းကွာ၊
အင်္ဂါချိုတဲ့၊ ရှိန်ဇော်မဲ့၍၊ ချို့တဲ့ဥစ္စာ၊ ဆင်းရဲရှာ၏။
ကွဲကွာချစ်သူ၊ သောကဆူလျက်၊ စိတ်ပူပြင်းပြ၊
စိုးကြောင့်ကြနှင့်၊ လားရဒုဂ္ဂတိ၊ ဆင်းရဲဖိသည်။
ရ၏ဆိုးကျိုးများစွာတည်း။”

အရမ်းကြောက်စရာကောင်းလှပါတယ်။
စာချစ်ပရိသတ်များလည်း ဒီလို “ဝဋ်” မျိုးမခံရအောင်
“ကာမေသုမိစ္ဆာစာရကံ” ကို ရှောင်ကြဉ်ပြီး
အချစ်စစ်ကိုရှာ ဘဝလက်တွဲဖော်နဲ့သာ
လှပတဲ့ဘဝတစ်ခုတည်ဆောက်ဖို့ တိုက်တွန်းပါတယ်။

- 【ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

______________________________________________

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ ဟောကြားတော်မူသော ကာမေသုမိစ္ဆာစာရ တရားတော်။

Mp3 download link: File size ( 10.4 MB)

Aung Naing Tun(1)(1)-mc MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

08/04/2024

Europe ရဲ့အမြင့်ဆုံး ရေခဲ့တောင်ထိပ် တစ်နေရာနှင့် Royal Myanmar Teamix

08/11/2022
Want your business to be the top-listed Grocery Store in London?
Click here to claim your Sponsored Listing.

Videos (show all)

Address


London
E17LA

Opening Hours

Tuesday 12pm - 2pm
Wednesday 12pm - 2pm
Thursday 12pm - 2pm

Other London grocery stores (show all)
Cheese at Leadenhall Cheese at Leadenhall
4-5 Leadenhall Market
London, EC3V1LR

We are a specialist cheesemongers, lunch restaurant and wine & port bar in the heart of London. We al

Luigi's Delicatessen Luigi's Delicatessen
349 Fulham Road
London, SW109TW

The Sushi Chef The Sushi Chef
1 Kennington Lane
London, SE114RG

We make the most delicious sushi, sashimi & dim sum. Available for Delivery, Take Away & Sushi Chef Hire! www.thesushichef.co.uk Call us : 0207 7354207

Olivino Olivino
12 Lower Belgrave Street
London, SW1W0LJ

Olivino deli offers a large selection of fine quality Italian & Sardinian wines, food & lots more!

Olu Olu Foods Olu Olu Foods
Unit 1 Heybridge Way, Lea Bridge Road
London, E107NQ

United Kingdom - Email: [email protected] - Tel: +44 (0)20 8518 7094/ 7836 Africa - Email: [email protected] - Tel: +234 803 722 2622

Lina Stores Lina Stores
13/15 Marylebone Lane
London, W1U2NE

Mevlana Restaurant Mevlana Restaurant
Hertford Road 610a
London, EN35TD

#Mevlana

The Deli Co The Deli Co
12 Ventnor Terrace, Broad Lane
London, N154QR

Local Deli offering a variety of dishes from Pizza, Pasta, Bagels, Wraps, Jackets and so much more!

Hujreh Hujreh
London

Hujreh is the first UK on-demand platform for ethnic minorities, migrants and refugees where you can buy authentic ethnic foods and grocery products from your local neighbourhood

Doner Doner
London

Le Deli Robuchon London Le Deli Robuchon London
82 Piccadilly
London, W1J8JA

A casual, yet sophisticated, all-day dining deli by Joel Robuchon.

Triple Hot Spicy Triple Hot Spicy
23-25 Queensway, Bayswater
London, W24QP

Order traditional Indonesian food right here online, right to your door.