ThuRein Fitness Studio

Fitness Personal Trainer

04/04/2024

Heat Stroke ကိုသတိထား

လွန်ခဲ့သောရက်ပိုင်းအတွင်းမှာ
အသက် ၂၃ နှစ်အရွယ်လူငယ်တစ်ဦး နေပူပြင်းချိန်တွင်
အပြင်မှပြန်လာပြီး
ရေခဲသေတ္တာထဲက ရေသန့်ဗူးကိုယူသောက်မိပါတယ်တဲ့

ခဏအကြာမှာပဲ နုတ်ခမ်းတွေပြာနှမ်းလာပြီး
စကားမေးမရဖြစ်လာတဲ့အတွက်ဆေးရုံကိုပို့ဆောင်နေစဉ်မှာပဲ
သေဆုံးသွားခဲ့ပါတယ်တဲ့

သူသောက်ခဲ့တဲ့ရေကိုစစ်ကြည့်တော့လဲ ရိုးရိုးရေပါပဲ၊
အလောင်းကိုခွဲစိပ်စစ်ဆေးကြည့်တဲ့အခါမှာတော့
ဦးနှောက်သွေးကြောပြတ်ပြီးသေဆုံးကြောင်း
ဆရာ၀န်ကြီးတွေကအတည်ပြုခဲ့ပါတယ်တဲ့

အခုလိုပူပြင်းတဲ့ရာသီကိုရောက်တဲ့အခါမှာ
ပြင်းထန်တဲ့နေပူဒဏ်ဟာ အရေပြားကနေတဆင့်
ခန္ဓာကိုယ်သွေးကြောထဲကိုရောက်ရှိသွားပြီး၊
အပူအအေးဆန့်ကျင်ဘက်ဖြစ်စဉ်
ပြင်းပြင်းထန်ထန်ဖြစ်ပေါ်လာတတ်ပါတယ်တဲ့ ။

နေပူထဲက နေ အအေးထဲကိုရုတ်ချည်း၀င်ရောက်ခြင်း၊
ရေအေးသောက်ခြင်း၊ ရေချိုးခြင်း၊အအေးခန်းတွင်း
ကနေရုတ်တရက်ပူပြင်းတဲ့နေရောင်ထဲကိုထွက်ခြင်းတွေကြောင့်
လူ့ခန္ဓာကိုယ်မှာအပူအအေးရုတ်တ
ရက်ပြင်းထန်စွာပြောင်းလဲမှုဖြစ်စဉ်ဖြစ်ပေါ်ပြီး
Heat Stroke မြန်မာလို ( အပူရှပ်ခြင်း ) ဖြစ်ပေါ်ပါတယ်တဲ့

Heat Stroke ဖြစ်ပြီဆိုရင် အပူအအေးရုတ်ချည်းပြောင်းလဲတဲ့အတွက်
ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေဟာပူလို့
ကျယ်တဲ့ဒဏ်၊အေးလို့ကျုံ့တဲ့ဒဏ်တွေကြောင့်
သွေးစိးကြောင်းအကျဉ်းအကျယ်ဖြစ်တဲ့ဒဏ်ကို
မခံနိုင်တော့ပဲသွေးကြောကြီးတွေဆိုအက်ကွဲလာပြီး၊
သွေးကြောငယ်လေးတွေဆိုပြတ်ထွက်တာတွေ
ဖြစ်နိုင်ပါတယ်တဲ့။

အသက်ကြီးတဲ့သူတွေရဲ့ သွေးကြောတွေဟာဟောင်းနွမ်းပြီး
မာဆတ်နေပြီဖြစ်တဲ့အတွက် ပလတ်စတစ်ပိုက်တွေ
ဟောင်းနွမ်းလာတဲ့အခါ မာကျွတ်လာသလို
ကွဲလွယ်ပေါက်လွယ်ဖြစ်လာတာကြောင့်
အသက်ကြီးတဲ့လူတွေမှာပိုဖြစ်လွယ်ပါတယ်တဲ့။

အထူးသဖြင့်အသက် ၅၀ ကျော်လူကြီးတွေ၊ သွေးတိုးရောဂါသမားတွေ
အထူးသတိထားသင့်ပါတယ်တဲ့။

လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် Heat Stroke ဖြစ်ပြီဆို
သတိလစ်တာ၊အဖျားကြီးပြီးတက်တာ၊
ဖျားပြီးဦးနှောက်အမြေးရောင်တာ၊
အူတွင်းသွေးကြောတွေ၊ဦးနှောက်သွေးကြောတွေပေါက်ထွက်တာတွေ
ဖြစ်ပြီးအသက်ဆုံးရှုံးနိုင်ပါတယ်တဲ့။

Heat Stroke မဖြစ်အောင် ဒါတွေကိုရှောင်ရပါမယ်တဲ့-
(၁) နေပြင်းချိန်အပြင်မထွက်ပါနှင့်၊
မလွဲသာလို့ထွက်ရမယ်ဆိုရင်လည်း
အဆောင်း၊ အကာ၊ ထီး၊ ဦးထုပ်ပါရမည်။
(၂) စောင့်ဆိုင်းရသောအလုပ်ဖြစ်လျင်
သစ်ပင်အရိပ်၊အမိုးအကာအောက်မှ စောင့်ပါ။
(၃)ရေသောက်လျင်ရိုးရိုးရေသောက်ပါ။ရေခဲရေမသောက်ပါနှင့်။
(၄)အဲကွန်းကားစီးပြီး၊နေပူရှိန်ပြင်းသောနေရာတွင်ဆင်းရမည်ဆိုလျင်
မဆင်းမီကကြိုတင်ရေသောက်ထားပါ။
အစာအိမ်အတွင်းရေရှိလျင်သွေးကြောများက
ရေကိုစုပ်ယူထားသဖြင့်သာမန်အပူဒဏ်ကို
ခံနိုင်ရည်ရှိသည်။
(၅)နေပူထဲမှလာပြီးခန္ဓာကိုယ်မအေးမီချက်ခြင်းရေမချိုးပါနှင့်၊
မျက်နှာမသစ်ပါနှင့်၊ခြေထောက်မဆေးပါနှင့်။
(၆)ပူစပ်တဲ့အစာစားရင်ကိုယ်အပူရှိန်တက်တတ်ပြီး၊
ပူပြင်းတဲ့နေ့လည်နှင့်ညနေစောင်းတွေမှာ
အရက်သေစာမသောက်စားသင့်ပါ။
(၇)ရေနွေးကြမ်းမှာဆားလှော်အနည်းငယ်ခပ်သောက်တာဟာ
ရှေးလူကြီးများ၏အပူဒဏ်ကာကွယ်နည်းတစ်မျိုးဖြစ်တဲ့အတွက်
ကျင့်သုံးသင့်ပါတယ်တဲ့.

ယခုနှစ်မှာ အယ်နီညိုရာသီဥတုကြောင့်မြန်မာနိုင်ငံဟာ
အပြင်းထန်ဆုံးအပူချိန်ကိုခံစားရမှာဖြစ်တဲ့အကြောင်း
မိုးလေ၀သပညာရှင်တွေကခန့်မှန်းထားကြသလိုပဲ
ပူပြင်းလွန်းတာကြောင့် မီလောင်မှုတွေကို ဆက်
တိုက်ကြုံတွေ့နေကြရပါပြီ။

အပူဒဏ်ဟာ မီးလောင်မှုအပြင် HeatStroke ကိုပါဖြစ်စေနိုင်ပြီး
အသက်အန္ဒရာယ်ကိုပါထိခိုက်နိုင်တာကြောင့်
လုပ်ရိုးလုပ်စဉ်အလုပ်တွေကို ပုံမှန်ရာသီဥတုမှာလို
ပေါ့ပေါ့ဆဆ သွားလာနေထိုင်လုပ်ကိုင်နေရုံနဲ့
မလုံလောက်ပါကြောင်းနှင့် Heat Stroke မဖြစ်အောင်
သတိထားပြီးနေထိုင် သွားလာသင့်ပါကြောင်း
နိုးဆော်တင်ပြလိုက်ပါတယ်ခင်ဗျား။

မှီငြမ်းကိုးကား;
၅-၃-၂၀၁၆ နေ့ထုတ်ကြေးမုံသတင်းစာပါ
ဆောင်းပါးရှင်ကြည်လွင်မြင့်(မုဒြာ)၏
Heat Stroke ရောက်လာပြီ ဆောင်းပါး
ရွှေကြာ

Photo-credit


#အပူရှပ်

Photos from ThuRein Fitness Studio's post 28/03/2024

♻️အိမ်က အငယ်ကောင်ရဲ့ သူ့အလိုလို ထိုင်ပြီး နာရီဝက်ကျော်ကြာTVကြည့်ရင်းထိုင်သွားတဲ့ deep Squat Pattern

♻️လူသားတစ်ယောက်မွေးဖွား ကလေးလေးအရွယ်ကစလို့ သူ့သဘာဝအတိုင်း
တွားတွားသွားမယ် တဖြည်းဖြည်းနဲ့လေးဘက်ထောက်မယ် ပြီးရင် ထိုင်မယ် ပြီးရင်
ရပ်နိုင်ပေရပ်န်ိုင်ပေ အသံလေးနဲ့အတူ မတ်တပ်ရပ်မယ် ပြီး ရင် လမ်းလျှောက်မယ် တဖြည်းဖြည်းနဲ့ ပြေးတာတွေနဲ့ အသက်နည်းနည်းကြီးလာရင် ခုန်ပေါက် ဆော့ကစားလာကြမယ် အကုန်လုံးက သဘာဝအတိုင်း Functional movement တွေကိုတဖြည်းဖြည်းနဲ့သန်မာကျွမ်းကျင်လာပြီး
ကျန်းမာသန်စွမ်း ကြံခိုင်တဲ့ လူရွယ် တစ်ယောက်အဖစ်ကို ကူးပြောင်းလာတယ်

အဲ့အချိန်ကာလမှာ ကလေးသဘာဝအတိုင်း ဖွံံ့ဖြိုးကြီးထွားလာပြီးခုန်ပေါက်ဆော့ကစားလာပြီးကြီးထွားလာတဲ့ကလေးနဲ့

ယနေ့ခေတ်လူနေမှု့ပုံစံအတွင်းက ချမ်းသာတဲ့လူ့ပတ်ဝန်းကျင်အတွင်းမှာ ဇိမ်ခံပစ္စည်းတွေနဲ့အတူ
သူ့သဘာဝအတိုင်း ဆော့ကစားခွင့်မရပဲ ကြီးထွားလာတဲ့ကလေးနဲ့ သန်စွမ်းသွက်လက်ခြင်း အတော်ကွာသွားပါတယ်

♻️မြို့ပေါ်က ကလေးတွေနဲ့ တောရွာက ကလေးတွေလိုပေါ့ ထိုနည်းအတူ ယနေ့ခေတ်လို လှုပ်ရှားမှု့နည်းပြီးအထိုင်များတဲ့လူနေမှု့ ပုံစံအတွင်းမှာ ပြောင်းလဲပြုပြင်ပြီး မနေထိုင်တဲ့ ၂၀ကျော်ရွယ် လူငယ်တွေရဲ့ သန်မာကြံခိုင်မှု့က

လူ့သဘာဝအတိုင်းရှင်သန်လှုပ်ရှားပြီး အသက်ကြီးတဲ့ထိ ကျန်းမာသန်စွမ်းစွာ လှုပ်ရှာဖြတ်သန်းလာတဲ့ အသက်၆၀ကျော်လူကြီးတစ်ယောက်လိုတောင် မသန်စွမ်းတော့ပါဘူး

✅ခန္ဓာကိုယ်က ရှင်းတယ်
သုံးရင် သုံး
မသုံးရင် တုံးသွား တဲ့ပုံစံမျိုးမို့
ပြောင်းလဲပြုပြင်စွာနေထိုင်ဖို့အတွက်နဲ့
လေ့ကျင့်ခန်းတစ်ခုခုကိုစွဲစွဲမြဲမြဲပြုလုပ်စေချင်ပါတယ်

💪Train Hard & Train Smart 🧠
ThuRein Fitness Studio (Bago)

27/03/2024

♻️ကျောင်းလွယ်အိပ်အလေးကြီး တွေ
♻️ဘက်မညီတဲ့လွယ်အိပ်လေးတွေ အလွယ်များတဲ့ကလေးတွေ
♻️အထိုင်များတဲ့ကလေးတွေ
♻️body posture အမှားနဲ့ ဂိမ်းအကြာကြီးဆော့တဲ့ကလေးလူငယ်တွေ

ကြီးကောင်ဝင်ခါစ ကျောင်းသားကလေးသူငယ်လေးတွေ ရဲ့ အဖြစ်များတဲ့ ပြဿနာ ❗️

💪Train Hard & Train Smart🧠
ThuRein Fitness Studio Bago

26/03/2024

အကို့Studioက စက်တွေမစုံဘူးနော်လို့ ပြောတဲ့သူတွေကြည့်လိုက်ရင်
ဒိုက်ထိုး တာနဲ့Body Weight Squatတောင်
technique မှန်အောင်မလေ့ကျင့်တတ်တဲ့ Gymဆော့သက်ကြာတဲ့သူတွေကြီးပဲဖြစ်နေတယ်ရော😁

ကျွန်တော်Studioမှာကစက်ပစ္စည်းနဲ့Trainတာမဟုတ်ပဲ
🧠Education & Technique တွေနဲ့Trainတဲ့ Studioဖြစ်တဲ့အတွက်

✅အနုပညာဆန်စွာ muscleတစ်ခုချင်းစီကို
လှပဖွဲ့ဖြိုးကြီးထွား ရန် လိုအပ်တဲ့ ပြိုင်ပွဲဝင်BodyBuilding အားကစားသမားတွေကလွဲရင်

ကျန်တဲ့ သူတွေအကုန်လုံးကို
၁၀ဆလောက်
ကျန်းမာအောင် 🔥
သန်စွမ်းအောင် 🔥
အမောခံနိုင်အောင် 🔥
သွက်လက် အောင်🔥
အဆီကျအောင် လူကောင်ကြီးအောင် ကျွန်တော်Studioမှာ Trainလို့ရပါတယ်

💪Train Hard & Train Smart 🧠
ThuRein Fitness Studio (Bago)

24/03/2024

🔥🔥🔥ကျန်းမာသန်စွမ်းပြီး လှပစေမဲ့
Online Zoom Live Group Training Class🔥🔥🔥

သင်တန်းကြေး မပြောမီ
Group Training Class ကိုမှ Zoom နဲ့ Live Train မှာ ဖစ်တဲ့အတွက်ကြောင့် Training တကယ်လိုက်လုပ်မဲ့သူတွေတကယ်ပြောင်းလဲချင်တဲ့သူတွေပဲ ဝင်လို့ ရပါမယ်

နောက်တစ်ချက် Group training classဆိုပြီး အကုန်လုံးကို ဒါတွေပဲဆော့ခိုင်းမှာမျိုးမဟုတ်ပဲ
တစ်ဦးချင်းစီ လိုအပ်တဲ့အခြေခံလောက်ပဲ တူပြီး
တစ်ဦးနဲ့တစ်ဦးနဲ့ တိုးတက်မှု့တွေ တုန့်ပြန်မှု့တွေ မတူတဲ့အတွက် နောက်ပိုင်းမှာ တစ်ဦးချင်းစီ Training Programs တွေ ပြောင်းသွားမှာပါ။
Zoom Liveမှာ အတူတူ တစ်ဦးနဲ့ တစ်ဦး Moti ယူပြီး Training လုပ်ကြရမှာ။

နောက်တစ်ချက်က အစားအသောက်ပိုင်းကိုပါ အခြေခံလမ်းညွန်မှု့လေးတွေ ပါတဲ့အပြင်
တစ်ဦးချင်းစီ တစ်နေ့တာစားတဲ့ အစားသောက်တွေကို Training Class Group ထဲမှာ နေ့တိုင်းပို့ရမှာမို့ တစ်ယောက်စားတာ တစ်ယောက် motiရပြီး အစားအသောက်တွေပါ သေချာ အတူတူလိုက်စားမိကြမှာဖြစ်လို့ Body Transformation ဖစ်ဖို့အတွက်
သေချာသလောက် ဖြစ်နေပါပြီ။

ဘယ်လိုသူတွေ joinလို့ရလဲဆိုရင်
♻️ကျန်းမာရေးကောင်းစေရန်အတွက် မိမိတစ်နေ့တာမှာ လေ့ကျင့်ခန်းလုပ်ချင်တဲ့သူတွေ
♻️အဆီကျပြီး ကျန်းမာလှပချင်တဲ့သူတွေ
♻️gymသွားဖို့အချိန်မပေးနိုင်တဲ့သူတွေ

သင်တန်းဖွင့်မဲ့နေ့တွေက လာမဲ့ ၃.၃.၂၀၂၄ မှစပြီး
တနလ်ာနေ့ကနေ သောကြာ
နေ့ထိTraining လုပ်ရမှာ ဖြစ်ပြီး
တစ်ပတ်ကို၅ရက်နဲ့ ၁လက်ို Zoom live Training ချိန် (၂၀)ချိန် ပါပါမယ်။

🔥သင်တန်းကြေး ၁လ ၁သိန်း (Training ချိန် ၂၀စာ)
ပထမဦးဆုံး သင်တန်းအပ်တဲ့သူယောက် (၃၀)က
သင်တန်းကြေး (၅)သောင်းနဲ့ Training လုပ်ခွင့်ရပါမယ်🔥

Training လုပ်ဖို့အတွက် လိုအပ်တဲ့ပစ္စည်းတွေက
♻️Foam Roller
♻️DB 5kg တစ်စုံ
♻️Power Band 1ကြိုး
♻️Restance Band အရှည် 1 ကြိုး
♻️Yoga map 1 ချပ်

Training အချိန်
မနက် 5:00Am- 6:00Am တစ်ချိန်
ည. 8:00Pm- 9:00Pmတစ်ချိန်
9:00PM-10:00PMတစ်ချိန် ရှိမှာမို့
မိမိအားတဲ့အချိန်ကို join လို့ရပါတယ် 🔥🔥🔥

20/03/2024

Client-ဆရာဒီနေ့ အောက်ပိုင်းနေ့ကြီးလား
Me👇🤣

Photos from ThuRein Fitness Studio's post 07/03/2024

♻️ကျွန်တော်တို့ကြွက်သားတွေပြုပြင်တာတွေ
ကြီးထွားတာတွေ အပြင်Total performance တွေကောင်းဖို့အတွက်က ကျွန်တော်တို့အနားယူတဲ့အချိန်တွေမှာအဓိကလုပ်ဆောင်တာမို့
✅Recovery ရဖို့က Training တွေလိုပဲအရေးကြီးပါတယ်။
❗️ကျန်းမာဖို့အတွက် လေ့ကျင့်ခန်းတော့ သေချာလုပ်ပါရဲ့ Recovery တွေကို ဂရုမစိုက်ပဲ လုပ်လို့ OverTrainingမိသွားရင်
ကျန်းမာရေအတွက်အကုန် အနုတ်လက္ခဏာတွေကြီးပဲမို့
ဖြစ်ချင်တဲ့ဇောလေးကိုလျော့ပြီး
ကိုယ့်ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှု့ကိုသေချာနားထောင်ပြီး Recovery ကိုဂရုစိုက်စေချင်ပါတယ်

💪Train Hard & Train Smart 🧠
ThuRein Fitness Studio (Bago)

19/12/2023

You have two choice ✌️

10/12/2023

🔥Focus🔥

03/12/2023

♻️ကျန်းမာချင်လို့ မနက်ခင်းတိုင်း လမ်းလျှောက်
ပေမဲ့ ၁၅မိနစ်လောက်ပဲ လျှောက်ရသေးတယ်
❗️ခြေဖနောက်က နာလာတာတို့
❗️ခြေချင်းဝတ်ကနာလာတာတို့
❗️ဒူးက နာလာတာတို့
❗️ခါးကညောင်းပြီး တင်းတင်းကြီးကြီး ဖစ်သွားတာ တို့ စတဲ့ ပြဿနာတွေက
❗️အခက်မသင့် လို့ ဖြစ်တာ မဟုတ်လို့ ❗️
နာရင်ဆေးလူး ဆေးသောက်တာ တစ်ခုတည်းနဲ့ မရပါဘူး
✅Body Posture Error နဲ့လမ်းလျှောက်လို့
အပေါ်ကပြဿနာတွေ ဖြစ်တာမို့လို့
မှားနေတဲ့ Body Posture တွေ movement errorတွေကို ပြန်Trainမှ အဲ့ ပြဿနာတွေ အပြီးသတ်မှာ
ဖြစ်ပါတယ်

💪Train Hard & Train Smart🧠
Thu Rein Fitness Studio (Bago)

29/11/2023

✅အဆီလည်း ကျရမယ်
Performance လည်း ကောင်းရမယ် ✌️
(Gymမှာ ရိုးရိုးပြေးစက်ပေါ်မှာ တက်ပြေးတာထက်
အကျိုးကျေးဇူးပိုရစေပါတယ်)
💪Train Hard & Train Smart 🧠
Thu Rein Fitness Studio (Bago)

29/11/2023

အဆီကျဖို့ အပြင်စာတွေရှောင်ပြီး အိမ်က ဟာတွေပဲစားလို့
ဒီအတိုင်းရိုးရိုးလေး ပြောမိတာ
ဆိုင်ကနေ အိမ်ကိုပါဆယ် တွေ ထုပ်လာပြီး အိမ်မှာ ဆွဲနေရော🥹

Photos from ThuRein Fitness Studio's post 28/11/2023

တစ်ချို့ခေါင်းကိုက်တာတွေ
ဇတ်ကြောတက်တာတွေ
နေရတာ မလန်းတာတွေ
ညဘက်ကောင်းကောင်း အိပ်မရတာတွေ
အစားမမှားပဲ သွေးတိုးတာတွေ
အာရုံကြောအားနည်းတာတွေ
စတဲ့ပြဿနာတွေ က တစ်ချို့လူတွေမှာ ဆေး​သောက်ရုံတစ်ခုတည်းမသက်သာပါဘူး
‼️အထူးဖြင့်
❗️Neck posture error ဖြစ်နေတဲ့ သူတွေမှာပါ

ဒီError ဖြစ်နေတဲ့ Neck posture ကို မှန်အောင် ပြန်ပြီး မTrainရင် အပေါ်က ပြသနာတွေ က
လုံးလည်ချာလည် ဖစ်နေဦးမှာပါ

♻️အဲ့လို posture ပြဿနာတွေ မဖစ်ရအောင်လို့
ကျွန်တော်တို့ရဲ့ လူနေမှု့ life style မှာ
ကိုယ်ဟန်အနေထား မှန်ကန် အောင် နေဖို့လိုအပ်ပါတယ်

💪Train Hard & Train Smart🧠
Thu Rein Fitness studio (Bago)

22/11/2023

ကျွန်တော့်ဆီ ပထမ အစPt လာအပ်တုန်းက
ဒူးနာလို့ ဝါသနာပါတဲ့ ဘောလုံး မကန်ရလို့ စိတ်ညစ်နေတဲ့ အကို ☺️
အခုတော့ သူလည်း အဆင်ပြေ
ကိုယ် ပီတိ ဖြစ်🤗

I love my Job❤️
💪Train Hard & Tain Smart🧠
Thu Rein Fitness Studio (Bago)

Photos from ThuRein Fitness Studio's post 21/11/2023

♻️ကျွန်တော်တို့ ခန္ဓာကိုယ်အောက်ပိုင်းရဲ့
Strength /Stability & Balance တွေအတွက် အရေးပါ တဲ့ ကြွက်သားအုပ်စု တစ်ခုဖြစ်သော်လည်း ကျွန်တော်တို့ အောက်ပိုင်း Training လုပ်တဲ့နေ့တွေမှာ မေ့လျော့လျော့ နဲ့ Train ဖို့ ကျန်ခဲ့တဲ့ Muscle အုပ်စုက Adductor Muscle အုပ်စုပါ။

♻️Adductor Muscle တွေက ကျွန်တော်တို့ရဲ့
တင်ပဆုံရိုးနဲ့ ဒူးရဲ့ တည်ငြိမ်မှု့ကို ကူညီပေးတာ
ကြောင့် ဒီကြွက်သားတွေ သန်မာနေပါက ကျွန်တော်တို့ရဲ့ နေ့စဥ်လှုပ်ရှားမှု့တွေ ဖစ်တဲ့
လမ်းလျောက်ခြင်း /ပြေးခြင်းနှင့်အထိုင်အထပြုလုပ်ရာတွေ မှာ များစွာအထောက်အကူပြုပေးတာမို့လို့
ဒီကြွက်သားတွေကို သန်မာအောင် Trainထားရင်
ဒူးနာ တာတွေ ခါးနာတာတွေ စတဲ့ injury တွေ မဖြစ်အောင်ရယ် ဖြစ်နိုင်ချေကို လျော့ချပေးတဲ့
အကူညီရတာမို့
♻️ပေါက်ကွဲအားကောင်းကောင်း နဲ့ ကစားတဲ့
အပြေးသမားတွေ/ဘောလုံးကစားသမားတွေ/ဘက်စကတ်ဘော ကစားသမားတွေအနေနဲ့ မဖြစ်မနေ Adductor Muscle တွေကို
သန်မာအောင် Trainထားသင့်ပါတယ်

💪Train Hard & Train Smart🧠
Thu Rein Fitness Studio (Bago)

20/11/2023

အားဆေးလေးတွေ🤗

❗️Posture error တွေနဲ့ ဘာအားကစားပဲ လုပ်လုပ်
နောက်ဆုံး မနက်ခင်းတိုင်း လမ်းလေးပဲထွက်လျောက်
ရင်တောင် ဒူးနာ ခါးနာ ခြေချင်းဝတ် ဒဏ်ရာ ရသွားတဲ့သူတွေ အများကြီး မို့
♻️လူကြီး /လူငယ်တွေကျန်းမာရေးအတွက်
လေ့ကျင့်ခန်း စလုပ်တော့မယ်ဆို Body posture Error တွေကိုစပြီး Trainပါ

Thu Rein Fitness Studio (Bago)

Photos from ThuRein Fitness Studio's post 19/11/2023

Diet idea😋

17/11/2023

💪Train Hard & Train Smart🧠
Thu Rein Fitness Studio (Bago)

Want your business to be the top-listed Gym/sports Facility in Bago?
Click here to claim your Sponsored Listing.

Videos (show all)

Client-ဆရာဒီနေ့ အောက်ပိုင်းနေ့ကြီးလား Me👇🤣
🔥Focus🔥
✅အဆီလည်း ကျရမယ် Performance လည်း ကောင်းရမယ် ✌️(Gymမှာ ရိုးရိုးပြေးစက်ပေါ်မှာ တက်ပြေးတာထက် အကျိုးကျေးဇူးပိုရစေပါတယ်)💪Trai...
💪Train Hard & Train Smart🧠Thu Rein Fitness Studio (Bago)
ခါးနာခြင်း
Preworkout မလိုပဲ အလေးနိုင်နည်း တွေ့သွားပါပီ😆
Happy Birthday 🥳ပါမသူ ရေ🤗🤗မွေးနေ့မှစပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ပိုမိုလှပပြီး စီးပွားရေးတွေလည်းတိုးတက်အောင်မြင်ပါစ...
🔥Train Hard & Train Smart🔥
✊️Train Hard & Train Smart 🧏‍♂️လုပ်တဲ့Training မှန်သမျှ အကြောင်းမဲ့သက်သက် ဘယ်တော့မှမလုပ်ဘူး❗️ThuRein Fitness Studio  (Ba...
Super Morning 🥰အပတ်တိုင်းမရိုးအောင် သွားကြမယ်နော်🥰✊️Train Hard & Train Smart 🧏‍♂️
ဒီရက်ပိုင်းCross Fit ကိုဓာတ်ကျ🔥
Transformation 🔥

Telephone

Website

Address


Bago

Other Personal Trainers in Bago (show all)
PT Nyein Dance & Fitness Studio PT Nyein Dance & Fitness Studio
Bagoda Street
Bago

(Aerobics, Fitness Dance & GYM) ပဲခူးမြို့။

No one Ugly No one Ugly
Bago, 08011

Experience certified trainer