Ma Ma Thinzar

Be Happy 🙂

11/01/2024

Good Night ပါရှင့်...
ညတွေကို နှစ်ခြိုက်စွာ..
အိပ်ပျော်စေချင်တယ်......

မနက်ခင်းတိုင်းကို ..
စိတ်ကြည်လင်စွာနဲ့.
နိုးထစေချင်တယ်.......😊

နွေးစေချင်လို့ ပို့တဲ့ မေတ္တာတွေကြောင့်
အအေးပိုတဲ့ဆောင်းမှာ
ချစ်သောတို့ ပိုနွေးထွေးပါစေ...🥰

ကျမပို့တဲ့ မေတ္တာ တွေကြောင့်..
စိတ် ရော ကိုယ် ရော
ချမ်းမြေ့ပျော်ရွင်ပါစေနော်...☘

ချစ်ခြင်းများစွာဖြင့်, 💓

#မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်ရှင့် ❤️
🖊✍️✍️

11/01/2024

Happy Kayin New Year
ပျော်ရွှင်စရာ ကရင်နှစ်သစ်ဖြစ်ပါစေရှင့်....🥳
"နအိုင်ဖူသာမူရောရာ...❤️

ခုတော့...ကရင်မလေးပေါ့ရှင်...👱‍♀️
ကရင်မလေး ကိုရောချစ်လား...😍
ကရင်ပြည်နယ်ရောက် အမှတ်တရပုံလေးများနဲ့
ကရင်နှစ်သစ်ကူးနေ့ကို ကြိုဆိုပါတယ်...🎉

ချစ်သော,💓

🖊

📝11- Jan- 2024 ✍️✍️

10/01/2024

Congratulation par Thamelay .🥇
I'm so proud for you. 🏆
I love you so much 🥰

သမီးဦးမို့ ရှေ့ဆောင်လမ်းပြအဖြစ်
ဘက်စုံထူးချွန်ထက်မြတ်ပြီး လိမ္မာယဥ်ကျေးတဲ့
သူလေးအဖြစ်ဆက်ပြီးမြင်ချင်တာ ပါပါ မာမာတို့
အကြီးမားဆုံးသောဆန္ဒပါ အသဲလေးရေ... ❤️

https://m.facebook.com/story.php?story_fbid=777466050875090&id=100058351056141&mibextid=Nif5oz

ချစ်သောမာမာ ,💓

🖊
📝 10- Jan - 2023 ✍️✍️

09/01/2024

လူတွေမှာ ဓာတ်ဆိုတာရှိတယ်။
ဒါကို English လို Vibes လို့ခေါ်
မလား မသိဘူး။

တချို့သူတွေ အနားသွားရင်
အလိုလို တက်ကြွလာတယ်။
တချို့သူတွေ အနားသွားရင်
အလိုလို ပျော်လာတယ်။
တချို့သူတွေ အနားသွားရင်
တခြားကမ္ဘာကြီးတစ်ခု
ရောက်သွားသလိုပဲ။

တချို့သူတွေ အနားသွားရင်
ကိုယ့်ရှိတဲ့အားတွေကို
စုပ်ယူသွားသလိုပဲ။
တချို့သူတွေ အနားသွားရင်
ကိုယ်ပါ စိတ်ညစ်သွားတယ်။

ဓာတ်တူတဲ့ လူတွေစုမိတဲ့အခါ
အလုပ်တွေ ပိုတွင်တယ်။
snowball effect နဲ့
အလုပ်တွေ ပိုပြီးတယ်။

ဒီဓာတ်တွေ ဖန်တီးဖို့
တန်ဖိုးထားမှု core values
ဆိုတာ မရှိမဖြစ်လိုလာတယ်။

ကျမရဲ့ core values ကတော့
customer first
move fast
work hard
learn everyday ပဲ။

ကိုယ့်ရဲ့ personal core values က
ဘာလဲ။
နောက်ကိုယ်က ပေးတဲ့ vibes က
ဘာလဲ။
တခါတလေ ပြန်မေးရမည့်
အချိန်တွေ ရှိကောင်းရှိလိမ့်မယ်။

ချစ်ခြင်းအားဖြင့်; 🤍🍀

Phyo Paing @ Derek✍🏻✍🏻
#ထပ်တူခံစားပြီးပြန်လည်မျှဝေပါတယ်ရှင့် 🎁
🖊

09/01/2024

စိတ်မညစ်ရအောင် ဒီစာလေးကို ဖတ်ပါရှင့်...
❣❣❣❣❣❣❣❣❣❣❣❣❣

ကိုယ့်ကို နှိပ်စက်နေနိုင်တဲ့
အတွေးတွေ မတွေးပါနဲ့•••🤔

ကိုယ့်စိတ်ကို ပူလောင် စေတဲ့
အတွေးတွေ မတွေးပါနဲ့•••

ကိုယ့်အပေါ် မကောင်းတဲ့
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့်ကို မခေါ်ချင်တဲ့
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့်ကို ဂရုမစိုက်
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့် စေတနာကို နားမလည်
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့်အပေါ် သစ္စာ မရှိတဲ့
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့်အပေါ် လိမ်ညာ လှည့်စား
သူတွေ အကြောင်း မတွေးပါနဲ့•••

ကိုယ့်ကို မုန်းတဲ့
သူတွေ အကြောင်းလည်း မတွေးပါနဲ့•••
ကိုယ့်ကို မချစ်လို့ ကျောခိုင်း 💘
ထွက်ခွာသွား တဲ့ သူတစ်ယောက်
အကြောင်း မတွေးပါနဲ့•••

မတွေးပါနဲ့နော်•••🤭

အဲ့ဒီ သူတွေ အကြောင်း မတွေးပါနဲ့
အဲဒီ အကြောင်းတွေ တွေးမိနေ သမျှ
ကိုယ့်စိတ်ကို နှိပ်စက် နေလို့
ကိုယ့်မှာ စိတ် ချမ်းသာမှု ဆိုတာ
ဘယ်တော့မှ ရနိုင်ဖို့မလွယ်ပါဘူး•••

ဒါ့ကြောင့်
ကိုယ့်စိတ်ကို ချမ်းသာအောင် တွေးပါ•••
နားလည်ပေးနိုင်မယ့် အတွေးသာတွေးပါ•••
မေတ္တာပွားနိုင်ဖို့ တွေးပါ•••💓
ခွင့်လွှတ် နိုင်အောင် ကြိုးစားဖို့ တွေးပါ•••
အမုန်းမပွားဖို့ပဲ တွေးပါ•••

မေတ္တာထားခြင်းသည်
အကောင်းဆုံး လက်စား ချေခြင်း ပါပဲ•••

ကိုယ့် စိတ်ကို နှိပ်စက် နိုင်ဆုံးသူဟာ
ကိုယ်ကိုယ်တိုင်သာ ဖြစ်ပါတယ်•••

တစ်ခြားသူတွေဟာ ကိုယ့်စိတ်ထဲကို
ဝင်လာပြီး နှိပ်စက်လို့ မရပါဘူး•••

အဲ့ဒီ သူတွေကို ကိုယ့်စိတ်ထဲမှာ ထားပြီး
ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်နေတာပါပဲ•••
ကိုယ့်အတွေး တွေနဲ့ ကိုယ့်ကိုယ်ကိုယ်
ပြန်ပြီး မနှိပ်စက်ပါနဲ့တော့•••

လူ့ဘဝ က တိုတောင်းလွန်း လှပါတယ်•••
ခဏတာ ရလာတဲ့ လူ့ဘဝ လေးမှာ
ကိုယ့်ကိုယ်ကိုယ် ပျော်ရွှင် အေးချမ်းမှု
ရအောင် ကိုယ်တိုင် လုပ်ယူ ဖန်တီးပြီး
ပျော်ပျော်နေနိုင်ဖို့ အရေးကြီးပါတယ်ရှင်•••

ကျမတို့ ငယ်ငယ် ကလည်း ငိုခဲ့ပြီးပြီ ..😥
အရွယ်ရောက် တော့လည်း ငိုခဲ့ပြီးပြီ ..😪
မနေ့ကလည်း ငိုခဲ့ ပြီးပြီ ..
ဒီနေ့လည်း ငိုခဲ့ပြီးပြီ ...
မနက်ဖြန်က စပြီး ရယ်နိုင်ဖို့ ကြိုးစားပါနော် •••😊

လူ့ဘဝ တိုတို လေးမှာ အမြဲတမ်း
ငိုနေ ရရင် လူဖြစ်ရှုံး ပါတယ်ရှင်•••
ကိုယ့်စိတ်ကိုထပ်ပြီး မနှိပ်စက် ပါနဲ့တော့နော်•••

#လေးစားစွာ𝐂𝐫𝐞𝐝𝐢𝐭ပေးပါတယ်ရှင့် ❣❣
🖊

09/01/2024

ဒီအကောင့်ပိုင်ရှင်လေးရေ...😘

ရင်းနှီးသည်ဖြစ်စေ
မရင်းနှီးသည်ဖြစ်စေ
ကျန်းမာချမ်းသာပါစေ..🌺
ပျော်ရွှင်ချမ်းမြေ့ပါစေ...
ကံကောင်းခြင်းတွေသာ
ထာဝရပိုင်ဆိုင်ရရှိပါစေလို့နော်...🍀

http://www.facebook.com/profile.php

ချစ်သော,💖

🖊
📝9 -Jan -2024 ✍🏻✍🏻

08/01/2024

❤️❤️

ဘဝဆိုတာ အထီးကျန်ခြင်းကစတယ်
တစ်ယောက်တည်း လျှောက်လှမ်းရမှာ မကြောက်ပါနဲ့
မင်းဘဝရဲ့ပဲ့ကိုင်ရှင်က မင်းပဲလေ...

အရာအားလုံးက သင်္ခါရသဘောတရားတွေပါ
မကျော်လွှားနိုင်တာ မရင်ဆိုင်နိုင်တာ မရှိပါဘူး
အရာအားလုံးက သူ့အချိန်နဲ့သူ
အဖြေထွက်လာလိမ့်မယ်
အဆင်ပြေသွားလိမ့်မယ်...

ကိုယ့်ထက်သာတဲ့လူတွေကို မော့ကြည့်ပြီး
အားကျမိတာ ညောင်းလာရင် ကိုယ့်အောက်ကို
မေတ္တာစိတ် ကျေးဇူးတင်စိတ်နဲ့
တစ်ချက်လောက် ငုံ့ကြည့်ပါ
မင်းဘဝဟာ ထင်သလောက်
မဆိုး ရွားမှန်းသိလိမ့်မယ်..

လူဆိုတာ ကိုယ့်ဘဝကို ကျေးဇူးတင်ရင်း
ရှင်သန်တတ်ဖို့ လိုတယ်
ဘုရားပေးထားတဲ့
ကိုယ့်ဘဝကို ချစ်တတ်ဖို့လိုတယ်..

အမြဲတမ်းလိုလို ညည်းနေတာ
ကိုယ့်ကိုကိုယ် အပြစ်တင်
စကားဆိုတာတွေ လျှော့ပါ
ငါရော အကောင်းဆုံး
ကြိုးစားရှင်သန်နေတယ်လို့ ပြောယူပါ
I can do the best !

ရှင်သန်လို့ သိပ်ပင်ပန်းလာတဲ့အခါ
ခဏလောက် break ယူပါ /အနားယူပါ
စိတ်ကို တည်ငြိမ်အောင် ထားပြီး
စိတ်ကိုပျော်ရွှင်စေတဲ့အရာတွေ လုပ်ပါ
သီချင်းဆိုတာ၊ တရေးလောက်အိပ်တာ၊
ငိုချင် ငိုလို့ရတယ်၊ကောင်းကင်ကို
ငေးကြည့်တာ စသလိုပေါ့..

မလောပါနဲ့
အေးဆေးပေါ့
ဖြည်းဖြည်းမှန်မှန်လေးပဲ
ဒို့တွေ ရှင်သန်သွားကြတာပေါ့...

ချစ်သော,🤍☘

✍🏻
#ထပ်တူခံစားပြီးပြန်လည်မျှဝေပါတယ်ရှင့်
🖊
____________________________♥

ချစ်ရတဲ့သူငယ်ချင်းလေးတို့ရေ..... 😘
စာဖတ်ဝါသနာပါသူလေးတွေ ကျမရဲ့
(Acc) လေးနဲ့ (Page) လေးထဲ
စာလေးတွေ ဝင်ဖတ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်...📖
Link လေးပါ ထည့်ပေးထားတယ်ရှင့်....👇👇👇

https://www.facebook.com/profile.php?id=100086310554726

https://www.facebook.com/myint.thinzar.56

Thank you so much 💖

08/01/2024

The subtle art of not giving a f*ck ဆိုတဲ့
စာအုပ်ကိုရေးသူစာရေးဆရာ Mark Manson
ကပြောပါတယ်!

လူတစ်ယောက်ရဲ့ 80% သော
ပျော်ရွှင်မှုနဲ့ သုခချမ်းသာရှိမှုကို မေးခွန်သုံးခုနဲ့
ဆုံးဖြတ်နိုင်ပါတယ်တဲ့!

- သင်ဘယ်လောက်အိပ်စက်ပါသလဲ.?

- အစားကိုဘယ်လောက်ကောင်းမွန်စွာစားသုံးသလဲ..?

- သင့်ရဲ့ဘေးပတ်ဝန်းကျင်မှာဘယ်လိုလူမျိုးတွေ
ရှိပါသလဲ..?

ရုတ်တရက်တွေးကြည့်ရင်အရေးမပါဘူးလို့
ထင်ရပေမယ့် လူတွေရဲ့ happiness and
well-being အတွက်က အလွန်ကိုအရေးပါတဲ့
၃ ချက်ပါပဲ!

ကိုယ်ဆိုငယ်ငယ်က ၄ နာရီလောက်ပဲ
အိပ်ရလဲပြဿနာမရှိဘူး! နောက်နေ့အလုပ်ကို
ဆက်တိုက်လုပ်နိုင်ခဲ့ပေမယ့် အခုကြတော့
တစ်နေ့ကို ၈ နာရီမှပြည့်ပြည့်ဝဝ မအိပ်ရရင်
နောက်နေ့ကကိုယ့်အတွက်တော့ miserable ပဲ!

ဘယ်လိုမှစိတ်လက်ကြည်သာမရှိနိုင်တော့ဘူး!
ဘာကိုမှအာရုံစိုက်လို့မရတော့ဘူး!
အိပ်ရေးဝဝအိပ်ရဖို့ sound sleep ရဖို့က
အရမ်းကိုအရေးကြီးပါတယ်! .

ဒါကြောင့် အိပ်ရေးဝဝအိပ်ပါ!
ညဘက်ကိုစောစော အိပ်နိုင်အောင်ကြိုးစားပြီး
မနက်စောစောထတာကရုပ်ပိုင်း/
စိတ်ပိုင်းကျန်းမာရေးအတွက်
အရမ်းကောင်းတဲ့ habit ပါ!
နှစ်သစ်ကနေစပြီး ကြိုးစားပြင်ဆင်
တည်ဆောက်နိုင်ကြပါစေ!

ကိုယ်စားတဲ့အစားက Healthy meal ဖြစ်ဖို့
အရမ်းအရေးကြီးပါတယ်!
လူတွေက self-care လို့ပြောရင်လက်သည်း
ခြေသည်းလေးကိုအလှပြင်တာ,
spa သွားတာမျိုးလောက်
ထင်ကြတာများပါတယ်!

တကယ်တော့ self-care, self-love
ဆိုတဲ့ကိုယ့်ကိုယ်ကိုယ်တကယ်ဂရုစိုက်တယ်,
ချစ်တယ်ဆိုတာကကိုယ့် body အတွက်
မကောင်းတဲ့အစာတွေကို မစားတာ,
အစားကိုသေချာရွေးချယ်စားတာက
အစပါပါတယ်!

ကိုယ့်ခန္ဓာကိုယ်ထဲကိုထည့်မယ့်
အရာကိုဂရုတစိုက်ရွေးချယ်စားခြင်းက
ကိုယ့်ရဲ့psychical ကျန်းမာရေးအတွက်သာမက
mental benefit အတွက်ပါအရေးပါပါတယ်!

Healthy meal တွေစားမယ်! တစ်ခါတစ်ရံမှာ
detox လုပ်တာ, Intermittent fasting လို့
ခေါ်တဲ့ အစာခဏဖြတ်ခြင်းတွေလုပ်တာ,

mediation ထိုင်တာ စသည်ဖြင့်တွေ
လုပ်ခြင်းကသင့်အတွက် စစ်မှန်သော
ပျော်ရွှင်အေးချမ်းခြင်းတွေရရှိစေမှာပါ!

နောက်ဆုံးအချက်ကတော့အရေးကြီးဆုံးပါပဲ!
လူတစ်ယောက်က ပတ်ဝန်းကျင်နဲ့နေပြီးတော့
တစ်ကိုယ်တော်တောက်ပပျော်ရွှင်ပြီးတော့
အေးချမ်းငြိမ်းချမ်းနေဖို့ဆိုတာမဖြစ်နိုင်ပါဘူး!

ကိုယ့်ရဲ့ရုပ်ပိုင်း/ စိတ်ပိုင်းကကျန်းမာပြီး
ပျော်ရွှင်နေဖို့ဆိုတာ မိမိရဲ့ဘေးက မိသားစု
မောင်နှမ, အိမ်ထောင်ဖက်, ချစ်သူ,
လုပ်ဖော်ကိုင်ဖက်, သူငယ်ချင်း စတဲ့
လူအားလုံးနဲ့လဲတိုက်ရိုက်သော်လည်းကောင်း,
သွယ်ဝိုက်ပြီးသော်လည်းကောင်း
အရေးပါပါသေးတယ်!

ကိုယ့်ဘေးနားမှာအနီးကပ်ရှိနေတဲ့သူတွေက
energy vampire တွေ, toxic people,
negative အရမ်းများတဲ့သူတွေဆိုရင်လည်း
သင်ကဘယ်လိုမှအဆင်ပြေနိုင်မှာမဟုတ်ပါဘူး!

လူတွေက positive ဖြစ်အောင်နေပါလို့
ပြောကြတာ လွယ်ပေမယ့် ဒီလိုလူတွေနဲ့
surround လုပ်ခံနေရတဲ့သူတွေကတော့လူတွေ
ပြောသလောက် positive vibeနဲ့နေဖို့ဆိုတာ
မလွယ်ကူနိုင်ပါဘူး!

ဒီလိုလူတွေကိုလည်းဘဝမှာကိုယ်ကလုပ်ချင်တိုင်း
cut out လုပ်ဖို့က မလွယ်ဘူးဆိုရင်
အကြံပေးချင်တာကတော့
set your boundaries ပါ!

ကိုယ့်ရဲ့စိတ်ပိုင်း,ရုပ်ပိုင်းအတွက်အဆင်မပြေတဲ့
လူတွေနဲဲ့ဆိုရင်အတိုင်းအတာတွေ,
ကန့်သတ်ချက်တွေ, စည်းတွေထားပါ!

ကိုယ်ကသတ်မှတ်ချထားတဲ့
boundary တွေကို ဘယ်သူ့ကိုမှပေးမကျော်ပါနဲ့!
ကိုယ်တိုင်လည်း ဘယ်လိုအချိန်အခါဖြစ်ဖြစ်
မကျော်ပါနဲ့!

ဒါဆိုတဖြည်းဖြည်းနဲ့သူတို့လည်း
ကိုယ့်ရဲ့ boundary တွေကို သင်ယူနိုင်လာပြီး
သဘောပေါက်သွားပါလိမ့်မယ်!

လူတိုင်း ကိုယ့်ပျော်ရွှင်မှုရရှိဖို့အတွက်က
ကိုယ့်မှာပဲတာဝန်ရှိပါတယ်! ကိုယ့်ပျော်ရွှင်မှု
အတွက်ဘယ်သူ့မှာမှာတာဝန်မရှိပါဘူး!

ငါပျော်အောင် နင်လုပ်ပေးရမယ်လို့
အတင်းတောင်းဆိုလို့မရသလို ဘယ်သူမှလည်း
ကိုယ်ပျော်အောင်မလုပ်ပေးနိုင်ကြပါဘူး!

လုပ်ပေးနိုင်လည်းခဏပေါ့! ကိုယ့်တစ်ဘဝလုံး
ကျန်းမာအောင်, စိတ်ချမ်းသာပျော်ရွှင်ရအောင်,
ငြိမ်းချမ်းမှုရရှိနေအောင် ကိုယ်ပဲကြိုးစားရမှာပါ!

ကိုယ့်ရဲ့ peace of mind ကိုထိခိုက်စေမယ့်
အကြောင်းအရာဖြစ်စေ လူဖြစ်စေဘာမဆို
ကိုယ့်ကခွင့်မပြုသေးသရွေ့ဘယ်သူမှလာပြီး
ထိခိုက်အောင်လုပ်လို့မရပါဘူး!

ဒါကြောင့်know yourself and
love yourself ပါ!
ကိုယ့်ကိုယ်ကိုယ်သိပါ!
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ!

လူတိုင်းကကိုယ့်ကိုယ်ကိုယ် စစ်မှန်စွာ
ချစ်တတ်ကြင်နာတတ်မှပဲ ကိုယ့်နားကလူတွေကို
လည်း စစ်မှန်စွာချစ်တတ် ကြင်နာတတ်
ကြမယ်မဟုတ်လား!

ကျ​မကလည်းစာဖတ်သူတွေကိုချစ်လို့ပါလေ ✨❤️

ချစ်သော,💚☘

✍🏻✍🏻
#မေတ္တာဖြင့်ပြန်လည်မျှဝေပါတယ်ရှင့် 💖
🖊
____________________________♥

ချစ်ရတဲ့သူငယ်ချင်းလေးတို့ရေ..... 😘
စာဖတ်ဝါသနာပါသူလေးတွေ ကျမရဲ့
(Acc) လေးနဲ့ (Page) လေးထဲ
စာလေးတွေ ဝင်ဖတ်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့်...📖
Link လေးပါ ထည့်ပေးထားတယ်ရှင့်....👇👇👇

https://www.facebook.com/profile.php?id=100086310554726

https://www.facebook.com/myint.thinzar.56

Thank you so much 💖

07/01/2024

👉 ကိုယ့်ဘဝရဲ့ရှင်သန်ခြင်း အဓိပ္ပါယ်

ပိုပျော်ရွှင်စေမယ့် နည်းလမ်းကောင်းများ
ဒီနေ့ကစလုပ်ပါ...👏

ကိုယ့်ကိုယ်ကို ပျော်ဖို့ပဲ အမြဲစဉ်းစားတာ
ရပ်ပြီးသူများကို ကူညီပါ...

ကိုယ်နားထောင်နေတဲ့ သီချင်းတွေထဲက
အပြုသဘောမဆောင်တဲ့ သီချင်းတွေကို
ထုတ်ပစ်လိုက်ပါ... 🎼

တကယ်ပျော်ချင်ရင် နေ့တိုင်း
လေ့ကျင့်ခန်းလုပ် ပါ...🤹‍♀️

အိပ်ရေး၀၀အိပ်တာက ပျော်ရွှင်ခြင်းကို
ဖန်တီးပေးမှာရယ်ပါ....😊

ကိုယ့်ကို ဘာများထင်နေလဲဆိုတဲ့
အတ္တစိတ်ကို လျှော့ပါ...

ကိုယ်သေမယ့်နေ့ကို နေ့တိုင်းစဉ်းစားပြီး
နောင်တနည်းစေမယ့် အလုပ်တွေလုပ်ပါ....✅

ရလဒ်တွေထက် လုပ်နေရတဲ့ Process
ဖြစ်စဉ်ကို အာရုံစိုက်ပါ...

တစ်ယောက်တည်းလည်း
ပျော်တတ်အောင်နေပါ....😍

ဘ၀ဆိုတာ လက်ခံပြီး နေ့တိုင်း
ပြဿနာတွေကို ကြိုတင်မျှော်လင့်ထားပါ...

ကိုယ်ဘာဖြစ်ဖြစ် (၁၅)မိနစ်ထက်
ပိုပြီး မခံစားဘူး...ပျော်ပျော်နေမယ်လို့သာ
ဆုံးဖြတ်ထားပါ...👍

ချစ်ခြင်းအားဖြင့်; 💓

🖊
📖
📝7 - Jan- 2024 ✍🏻✍🏻

07/01/2024

ကျမတို့က..ကိုယ့်ကိုယ်ကိုယ် ချစ်တယ်..
ချစ်တယ်နဲ့...တကယ်တမ်းကျတော့ ...
ဒုက္ခရောက်အောင်တွေ လုပ်နေ
တတ်ကြတာများတယ်.....

ကိုယ့်ကိုယ်ကိုယ်..ကျန်းမာအောင်
ပျော်ရွှင်အောင် နေတတ်ဖို့ဆိုတာ ဘဝမှာ
လိုအပ်ပါတယ်..
ဒါဟာ..မိမိကိုယ်မိမိ မေတ္တာ သက်ဝင်
ချစ်ခင်ခြင်းပဲဖြစ်ပါတယ် ...

Self Care လို့ပြောလိုက်ရင်ကျွန်မတို့က
အလှပြင်ဆိုင်သွားပြီး လက်သည်းခြေသည်း
လုပ်တာ..Spa လုပ်တာလောက်ကိုပဲ
မျက်စိထဲပြေးမြင်မိကြတယ်..

ကိုယ် ကြိုက်တဲ့..တန်ဖိုးကြီးပစ္စည်းတွေကို
ဝယ်ပစ်လိုက်တာ...အစရှိသဖြင့်
ငွေကုန်ကြေးကျများတဲ့အရာတွေကို
အရင်ဆုံးစဉ်းစားလိုက်ကြတာများတယ်..

တကယ်တော့ ကိုယ့်ကိုယ်ကိုယ်..
ချစ်ဖို့ပျော်ရွှင်အောင်ထားဖို့ဆိုတာ
ငွေကုန်ကြေးကျတွေ..
အများကြီးခံစရာမလိုပါဘူး...

အစားအသောက်..အနေအထိုင်လေးတွေ..
စိတ်ရဲ့ အတွေးလေးတွေကို ဆင်ခြင်သတိ
ရှိနေတာဟာလည်း ကိုယ့်ကိုယ်ကိုယ်မေတ္တာ
ရှိရာရောက်ပါတယ်နော်....

ကိုယ်ခန္ဓာကြီးကို ချစ်တယ်ဆိုရင်
နေ့စဥ် ရေများများသောက်ပါ..
စောစောအိပ်ပါ..
မျက်စိကို သနားရင် ဖုန်းသိပ်မကြည့်ပါနဲ့..

အူတွေကိုသနားရင် အစားတွေ အများကြီး
မစားပါနဲ့..အသီးအရွက်တွေစားပေးပါ..
အသဲကိုသနားရင် အရက်တွေသိပ်မသောက်ပါနဲ့..

Fresh Juice လေးတွေသောက်ပါ
အဆုတ်ကိုသနားရင်..ဆေးလိပ်မသောက်နဲ့
လေကောင်းလေသန့်ရှု..
အသက်ရှုလေ့ကျင့်ခန်းလုပ်ပါ..

နှလုံးကို သနားရင် အဆီတွေ သိပ်မစားနဲ့..
လေ့ကျင့်ခန်း လုပ်ပါ..
ဝင်သက်ထွက်သက်လေးမှတ်ပါ..

စိတ်ပိုင်းဆိုင်ရာအရဆိုရင်..
ကောင်းတဲ့အရာလေးတွေကို
ရှာဖွေတွေးတတ်တဲ့ အလေ့အကျင့်လေးတွေကို
ပြုစုပျိုးထောင်ဖို့လိုပါတယ်..

ကျမကတော့ စိတ်ညစ်စရာတစ်ခုကြုံတိုင်း
စိတ်ပျော်စရာ ဆယ်ခုလောက်ကို
ချရေးပစ်လိုက်တယ်..

စိတ် ဆင်းရဲစရာ စိတ်ရှုပ်စရာတွေနဲ့
တတ်နိုင်သလောက်ဝေးဝေးနေပါတယ်..
အဲဒီလိုစိတ်ခံစားမှုတွေကိုပေးတတ်တဲ့
သူတွေနဲ့လည်း ရှောင်ရှားပြီးနေပါတယ် ..

နောက်ဆုံးတစ်ခုကတော့ကိုယ့်ရဲ့စိတ်ကို
အေးချမ်း ငြိမ်သက်အောင်ထားတတ်ရပါမယ်..

ကိုယ့်ရဲ့စိတ်အစဉ်ကို အေးချမ်းအောင်ထား
နိုင်ခြင်းဟာ ကိုယ့်ကိုယ်ကိုယ်..စစ်မှန်တဲ့
မေတ္တာပေးခြင်းပဲဖြစ်ပါတယ်...🍀

ကိုယ့်စိတ်ကို..ကိုယ်..
အကုသိုလ်တွေမပေးမိဖို့ ...
သန့်ရှင်းတဲ့စိတ်နဲ့..ဘဝမှာ..
ဟန်ချက်ညီအောင် ..
Balance ဖြစ်အောင်..
နေထိုင်တတ်ခြင်းဟာ ကိုယ့်ကိုယ်ကို
ဂရုစိုက်ခြင်းပဲ ဖြစ်ပါတယ်..

ကိုယ့်စိတ်ပျော်ဖို့..
ကိုယ့် ကိုယ်ခန္ဓာကျန်းမာဖို့ဆိုတာ
ဘယ်သူ့ပေါ်မှာမှ မူတည်ခြင်းမရှိပါဘူး..
ကိုယ်နဲ့သာဆိုင်ပါတယ်..

ကိုယ်တိုင်လုပ်မှရမယ့်အရာတွေအတွက်..
ဘယ်သူ့ကိုမှစိတ်ပင်ပန်းခံပြီးမမှီခိုပါနဲ့..
ကိုယ့်ကိုယ်ကိုချစ်တတ်ဖို့..
ဂရုစိုက်တတ်ဖို့..ဆိုတာကိုယ့်မှာသာ
တာဝန်ရှိပါတယ်..☘

နှစ်သစ်ရဲ့ပထမဆုံးလကစပြီး..
ကိုယ့်ကိုယ်ကိုယ် ချစ်တတ်..
ဂရုစိုက်တတ်ဖို့..
ပျော်ရွှင်တတ်ဖို့ ..
ကြိုးစားကြည့်ကြရအောင်ပါနော်..😘

ချစ်သော,💖

✍🏻✍🏻
#ထပ်တူခံစားပြီးပြန်လည်မျှဝေပါတယ်ရှင့် 🤍☘
🖊

06/01/2024

Life Style တစ်ခုလုံးကို ပြောင်းယူလိုက်ပါ
_______________________________✍🏻✍🏻

ကျမတို့နေထိုင်စားသောက်ပုံ…🍱
တွေးခေါ်စဉ်းစားပုံတွေ…
အကုန် ပြောင်းလဲပစ်လိုက်ပါ....
ပေါ့ပါးတဲ့…လူတစ်ယောက်
ဖြစ်လာပါလိမ့်မယ်ရှင့်…

တစ်သက်လုံး စွဲစွဲမြဲမြဲ ကျင့်သုံး…
စားသောက်လာတဲ့ အမူအကျင့်တွေကို…
ရက်တိုခနတည်းနဲ့ ပြောင်းလဲဖို့ဆိုတာ
မဖြစ်နိုင်ပါဘူးနော်….

Life Style အသစ်တစ်ခုကို
အကျင့်ပါသွားအောင် လုပ်ဖို့ဆို တာ …
နှစ်နဲ့ချီအချိန်ပေးရပါတယ်…
စိတ်ရှည် သည်းခံပြီးလုပ်ရပါမယ်...

ကျမတို့က အလွှယ်လမ်းလိုက်ချင်…
စိတ်ကို အလိုလိုက်ချင်တော့…
၁၀ ရက်လောက်မှ ဗိုက်မချပ်ရင်
ဆက်ပြီးဝိတ်ချချင်တဲ့ စိတ်မရှိတော့ပါဘူး…
ဒုံရင်းပြန်ရောက်သွားကြတာပါပဲရှင်…

တကယ်တော့…ကျမတို့မှာလည်း
အခုထက်ပိုပြီး ကျန်းမာလှပချင်တဲ့
ဆန္ဒတွေရှိနေခဲ့ပါတယ်…
ဖြစ်အောင်လုပ် ဖို့သာ လိုနေတာပါ….

ကျန်းမာ ပျော်ရွှင်သော ဘဝတွေ
အမြဲထာဝရ ပိုင်ဆိုင်နိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းပေးလိုက်ပါရှင့်...🍀

ချစ်သော; 🤍☘

🖊
#ဟန်ချက်ညီသောဘဝ 📖
📝 6 -Jan - 2024 ✍🏻✍🏻

06/01/2024

ရေမှာပျော်တဲ့ ရေမကူးတတ်သော
ရေသူမလေးပါ 🏊‍♀️🚣‍♀️

ခရီးကပြန်လာတာ အရှိန်က မသေသေးဘူးရယ်...
တနေရာရာကို ထပ်သွားချင်နေတုန်းကွယ်...

ဘယ်ထပ်သွားရင် ကောင်းမလဲလို့..🏞
အကြံလေးပေးပါဦးလို့...😜

ချစ်သော,🤍☘

🖊
📝 6 -Jan- 2024 ✍🏻✍🏻

05/01/2024

အဖိုးတန်ဆုံးဆိုတဲ့ ...
လက်ဆောင်တွေထဲက တစ်ခုက 🎁
ဘဝမှာ ကိုယ့်ပေါ် တန်ဘိုးထား
နားလည်ပေးပြီးပျော်ရွှင်စေတဲ့ သူလေးတွေကို
ပိုင်ဆိုင်ရရှိထားခြင်းပါဘဲလေ....

ချစ်တဲ့မျက်စိနဲ့ကြည့်မိတဲ့အခါ
မပြည့်စုံမှုတွေကို
ချစ်ခြင်းနဲ့ ဖြည့်ပေးတတ်ကြတော့
လှပပြည့်စုံစွာ
မြင်ရတတ်ပါတယ်...💓

ကိုယ့်ဘဝရဲ့ နှစ်လိုသာယာဖွယ်ကောင်းတဲ့
အချိန်တွေက ကိုယ်ချစ်ခင်မြတ်နိုးရတဲ့
သူတွေအနား အတူတူရှိနေခြင်းမို့...
ကိုယ့်ချစ်သောလေးတွေနဲ့ သွားခဲ့တဲ့
ပျော်စရာ အမှတ်တရလေးတွေ....🥰

ချစ်သော,❤️

🖊
👨‍👩‍👦‍👦
📝5 -Jan -2024 ✍️✍️

Photos from Ma Ma Thinzar 's post 05/01/2024

Keep smile always on your face .🥰

Be happy .😊

Be good luck🍀
&
may be peaceful this year. ✌️

With Love, 💓

🖊
👨‍👩‍👦‍👦
📝 5 - Jan - 2024 ✍🏻✍🏻

Photos from Ma Ma Thinzar 's post 04/01/2024

လောကမှာ ကိုယ်အနှစ်သက်ဆုံးအရာ
ဘာလဲလို့မေးလာရင်
ချစ်သူခင်သူတွေရဲ့ ဆုတောင်းတွေထဲ
သတိတရ ရှိနေခွင့်လေးမို့ 😘
ချစ်ရသူတွေရဲ့
တောင်းဆုတွေမှာ
သတိရပေးပါလို့နော်...

ပျော်ရွှင်ပါစေရှင့်... 😊
Good Night ❤️

ချစ်သော,💓

🖊
👨‍👩‍👦‍👦
📖 4 - Jan - 2024 ✍🏻✍🏻

03/01/2024

My happiness is stay with you. 💓

ခရီးသွားမှတ်တမ်းတွေက ဘဝမှာ တန်ဖိုး
အရှိဆုံးမှတ်တမ်းတွေပဲမဟုတ်လားရှင့်....🤗
ခရီးသွားမှတ်တမ်းလေးရအောင်
တင်ခဲ့သမျှ ပုံလေးတွေ အတွက်
ဒီရက်ထဲ မျက်စိနောက်သလိုဖြစ်ခဲ့ရင်
တောင်ပန်ပါတယ်ရှင့်...🤗

အမှတ်တရ မှတ်တမ်းပုံလေးတွေ
ကိုယ့်ရဲ့Wall မှာကျန်ခဲ့စေခြင်တာမို့...
အပြစ်မမြင်ဘဲ ဆက်ပြီးချစ်ခင်ပေးပါနော်..🤗

သြော် ... ဒီနေရာလေးတွေက
ကိုယ်တချိန်က ရောက်ခဲ့ဖူးတာပဲဆိုတဲ့
ပျော်စရာ memory တွေဟာဖြင့်
အချိန်တွေကြာလို့ အသက်တွေ
ကြီးလာရင်တောင် မနေ့တစ်နေ့ကလိုဘဲ
ပြန်ပြီး အမှတ်ရနေစေမှာပါနော်...😘

ဘဝမှာ ချစ်ရတဲ့သူတွေနဲ့ အတူတူ
ပျော်ရွှင်စရာနေ့ရက်များစွာကို အေးချမ်းစွာ
ပိုင်ဆိုင်နိုင်ကြပါစေလို့....💝
ဆုမွန်ကောင်းတောင်းပေးလိုက်ပါနော်...❣

https://m.facebook.com/story.php?story_fbid=773212971300398&id=100058351056141&mibextid=Nif5oz

ချစ်ခြင်းများစွာဖြင့် , ❤️

🖊
⛱️
📝 3- Jan - 2024 ✍️✍️

03/01/2024

အမှတ်တရ မှတ်တမ်းပုံလေးတွေ
ကိုယ့်ရဲ့Wall မှာကျန်ခဲ့စေခြင်လို့ပါရှင့်...
အပြစ်မမြင်ဘဲ ဆက်ပြီးချစ်ခင်ပေးပါနော်..🤗

ခရီးသွားမှတ်တမ်းတွေက ဘဝမှာ တန်ဖိုး
အရှိဆုံးမှတ်တမ်းတွေပဲမဟုတ်လားရှင့်.. .

ထပ်တူပျော်ရွှင် ပါချစ်လေးတို့ရေ......🥰

https://m.facebook.com/story.php?story_fbid=773212971300398&id=100058351056141&mibextid=Nif5oz

ချစ်သော, 💗

🖊
📝3 - Jan -2024 ✍🏻✍🏻

03/01/2024

နေ့စဉ် Gratitude Practice လုပ်ရင်း
ဘယ်လို..စိတ်နေလို့ကောင်းလာတာလဲဆိုတော့..
စိတ်အားငယ်မှုတွေ..သိပ်မရှိတော့ဘူး ...
စိုးရိမ်ပူပန်မှုတွေအတော်လျော့သွားတယ်..
သိပ်မကြောက်တော့ဘူး ....

ကိုယ်ကြောက်တဲ့အရာတွေဟာ
ကိုယ်ထင်သလောက် မဆိုးဘူးဆိုတာ မြင်လာတယ်..
ပစ္စုပ္ပန်မှာနေတတ်လာတယ်..
တစ်နေ့စီ ရှင်သန်ဖြတ်သန်းတတ်လာတယ်...
ကိုယ့်ကိုယ်ကိုယ်..ယုံကြည်မှုတွေတိုးလာတယ်..
အားတက်လာတယ် ..

ကောင်းတာတွေပိုလုပ်ဖို့ သတိရလာတယ်..
မကောင်းတာတွေ လုပ်မိ ပြောမိ
နားထောင်မိတိုင်းလည်း
သိနေတယ်ကိုယ့်ရဲ့အမှားတွေ..
ကိုယ့်ဘက်ကအလွန်တွေကို..
ပြန်ပြီးမြင်တတ်လာတယ် ..

အဲဒီအခါမှာဒေါသ..နည်းသွားတယ် ..
ရှင်သန် နေခွင့်ရနေသေးတဲ့ ဘဝကို..
ကိုယ့်ဘေးက လူတွေ.. အရာဝတ္ထုတွေကို
တန်ဖိုးထားတတ်လာတယ်..
အကောင်းမြင်တတ်လာတယ်..

ကျေးဇူးတင်စရာတွေများလာတာနဲ့အမျှ
ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာ ဒီကျေးဇူးတရား..
တွေဟာသိုက်သိုက်ဝန်းဝန်းလွှမ်း
ခြုံထားသလိုဖြစ်နေတယ်..

အထီးကျန်တာမျိုး ငါတစ်ယောက်တည်း..
ဒီလို.. ပြဿနာတွေပူပန်မှုတွေ တွေခံစားနေရပါလား..
ဆိုတာမျိုးတွေ မရှိတော့ဘူး...

သိပ္ပံပညာနဲ့...သုတေသနပြုလုပ်ချက်တွေအရ..
ဒီလို Gratitude Practice လုပ်တဲ့အတွက်
လူတွေမှာ စိတ်ပိုင်းဆိုင်ရာ..ရုပ်ပိုင်းဆိုင်ရာ
အကျိုးကျေးဇူးတွေ..ဘယ်လောက်ထိရသလဲဆိုတာကို
သက်သေတွေအများကြီးပြနေနိုင်ဆဲပါပဲ..

A consistent gratitude practice
can change your life and improve your mental
health and wellbeing.

Gratitude Practice ကိုပုံမှန်လုပ်နေမယ်ဆိုရင်
ဘဝကိုရှုမြင်တဲ့ပုံစံတွေပြောင်းလဲသွားနိုင်သလို
ကိုယ့်ရဲ့စိတ်ကျန်းမာရေးအတွက်လည်း
အများကြီးတိုးတက်လာတာကိုတွေ့ရပါလိမ့်မယ် ။

အဓိကကတော့နှစ်နှစ်ကာကာယုံယုံကြည်ကြည်
ဆောင်ရွက်ပြုလုပ်ဖို့ပါပဲ..
နေ့တိုင်း..တစ်လလောက်လုပ်ကြည့်တဲ့အခါ
နောက်ပိုင်းမှာ မလုပ်ရရင်မနေနိုင်တော့
လောက်အောင်..

ရပ်လို့မရတော့အောင်ကို
Gratitude Practice Journal ရေးရတာ
ပျော်ရွှင် လာပါလိမ့်မယ်..😊

ချစ်သော ,💓

✍️✍️
📝
#ထပ်တူခံစားပြီးပြန်လည်မျှဝေပါတယ်ရှင့် 🍀
🖊

Want your public figure to be the top-listed Public Figure in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Happy Kayin New Yearပျော်ရွှင်စရာ ကရင်နှစ်သစ်ဖြစ်ပါစေရှင့်....🥳"နအိုင်ဖူသာမူရောရာ...❤️ခုတော့...ကရင်မလေးပေါ့ရှင်...👱‍♀️ကရ...
Congratulation par Thamelay .🥇I'm so  proud for you. 🏆I  love you so much 🥰သမီးဦးမို့ ရှေ့ဆောင်လမ်းပြအဖြစ်ဘက်စုံထူးချွန...
👉 ကိုယ့်ဘဝရဲ့ရှင်သန်ခြင်း အဓိပ္ပါယ် ပိုပျော်ရွှင်စေမယ့် နည်းလမ်းကောင်းများ ဒီနေ့ကစလုပ်ပါ...👏ကိုယ့်ကိုယ်ကို ပျော်ဖို့ပဲ အ...
ရေမှာပျော်တဲ့ ရေမကူးတတ်သောရေသူမလေးပါ 🏊‍♀️🚣‍♀️ခရီးကပြန်လာတာ အရှိန်က မသေသေးဘူးရယ်...တနေရာရာကို ထပ်သွားချင်နေတုန်းကွယ်...ဘယ...
အဖိုးတန်ဆုံးဆိုတဲ့ ...လက်ဆောင်တွေထဲက တစ်ခုက 🎁ဘဝမှာ ကိုယ့်ပေါ် တန်ဘိုးထားနားလည်ပေးပြီးပျော်ရွှင်စေတဲ့  သူလေးတွေကို ပိုင်ဆ...
My lovely Family 👨‍👩‍👦‍👦 ကိုယ့်ဘဝရဲ့ နှစ်လိုသာယာဖွယ်ကောင်းတဲ့ အချိန်တွေကို ကိုယ်ချစ်ခင်မြတ်နိုးရတဲ့သူများနဲ့ အတူတူရယူပါ!...
ဒီနေ့ ချစ်ရတဲ့ ဝန်ထမ်းများအတွက် နှစ်ကုန် Bonus များ ရက်မှန်ဆုများ​ပေးရလို့ အရမ်းပျော်မိတယ်....🤗နောက်နှစ်တွေမှာ အရင်လို ဝ...

Category

Telephone

Address


Yangon
133276

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Writers in Yangon (show all)
𝙲𝙷𝙾𝙲𝙾 𝙻𝙰𝚃𝚃𝙴 𝙲𝙷𝙾𝙲𝙾 𝙻𝙰𝚃𝚃𝙴
Yangon

𝔀𝓪𝓷𝓷𝓪 𝓫𝓮 𝔂𝓸𝓾𝓻𝓼 . . .

Blog by Timmy Blog by Timmy
Yangon

Lucky Drawn Lucky Drawn
Yangon

Books and General

Loon Nhung & Loumg Yeik Loon Nhung & Loumg Yeik
Yangon

Writing

Lwin Moe Naing Lwin Moe Naing
Yangon, 223432

Lover

Myanmarjbk47 Myanmarjbk47
Yangon

Facebook.com

The battle of life The battle of life
Yangon
Yangon, 11261

"အပြုံးသာ ရောဂါတစ်ခုဆိုရင် တစ်ကမ္ဘာလုံး ကူးစက်နိုင်ကြပါစေ"

Rakhine Mail box Rakhine Mail box
Yangon

အချစ်နဲ့ဝါသနာသည် ဘယ်သောအခါမှ မအိုမင်း�

Aung Aung feeling Aung Aung feeling
Yangon

Feeling video လေးတွေတင်မယ်