Avolac Myanmar
Pioneer Lactulose Brand In Myanmar
"အရွယ်သုံးပါး အတွက် Avolac"
ဝမ်းနုတ်ဆေးနှင့် အယူအဆလွဲများ 😅
#အရွယ်သုံးပါးအတွက်Avolac
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
ဘေဘီလေးများ ၀မ်းချုပ်ဝေဒနာကင်းဝေးအောင် 🤷
#အရွယ်သုံးပါးအတွက်Avolac
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
ဝမ်းပျော့ဝမ်းမှန်ဆေးဖြစ်ပေမယ့် Avolac က ဘာလို့ဗိုက်မရစ်တာလဲ 🤔❓
#အရွယ်သုံးပါးအတွက်Avolac
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
အူကျန်းမာရေးအတွက်ဓာတ်စာ သို့မဟုတ် Prebiotics 🌟
✅ ပိုးသတ်ဆေးဆိုတာကတော့ လူတိုင်းနဲ့ နားကြားသိပ်မစိမ်းတတ်ပါဘူး။ ပိုးသတ်ဆေးတွေကို အချိန်အတော်ကြာ သောက်နေရတဲ့ သူတွေမှာ ဒီလိုခန္ဓာကိုယ်အတွက် အကျိုးပြုနေတဲ့ အူလမ်းကြောင်းထဲက ပိုးတွေထိခိုက်သေဆုံးတာတွေဖြစ်တတ်ပြီး မကောင်းတဲ့ပိုးတွေ ပိုမိုရှင်သန်လာတတ်ပါတယ်။
Prebiotics ဆိုတာ Probiotics လို့ခေါ်တဲ့
ခန္ဓာကိုယ်အတွက် အကျိုးပြုနေတဲ့ ကောင်းတဲ့
ဘက်တီးရီးယားပိုးတွေအတွက် အစာအာဟာရပါပဲ။
Prebiotics တွေကိုတော့ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဌက်ပျောသီး၊ ပန်းသီးတဲ့ အစားအစာတွေမှာတွေ့ရတတ်ပါတယ်။ ဒီ Prebiotics တွေကို Probiotics လို့ခေါ်တဲ့ ခန္ဓာကိုယ်အတွက်အကျိုးပြု ဘက်တီးရီးယားတွေက ဖြိုခွဲလိုက်တဲ့အခါ Fatty Acids တွေထွက်လာတတ်ပြီး ဒီ Fatty Acids တွေက အူမကြီးဆဲလ်တွေအတွက် စွမ်းအင်ပေးပါတယ်။
✅ ဒါ့အပြင် Prebiotics တွေဟာ ခန္ဓာကိုယ်မှာ ဘာတွေလုပ်ဆောင်ပေးသေးလဲဆိုရင်...
✔️ အူလှုပ်ရှားမှုမှန်အောင်လုပ်ဆောင်ပေးတယ်
✔️ စိတ်ခံစားမှုအပြောင်းအလဲနဲ့ တခြားလုပ်ငန်းဆောင်တာတွေအတွက် ဦးနှောက်နဲ့ အူလမ်းကြောင်းကို အသွားအပြန်သတင်းပို့လုပ်ဆောင်နိုင်ဖို့ Neurotransmitter တွေထုတ်လုပ်ပေးတယ်။
✔️ အစားအသောက်၀င်စေတဲ့ ဟော်မုန်းရော၊ စားချင်စိတ်ကို ချိုးနှိမ်ပေးတဲ့ ဟော်မုန်းရောကို ခန္ဓာကိုယ်က ထွက်နိုင်အောင် လှုံ့ဆော်ပေးတယ်။
✔️ အရိုးသိပ်သည်းဆကောင်းမွန်အောင် calcium နဲ့ magnesium စတဲ့ သတ္တုဓာတ်တွေကို ခန္ဓာကိုယ်က စုပ်ယူနိုင်အောင်ကူညီပေးတယ်။
✔️ ရောင်ရမ်းတာတွေလျော့ကျအောင် လုပ်ဆောင်ပေးပြီး ကိုယ်ခံအားကောင်းအောင်လည်း ကူညီပေးတယ်။
✔️ ခန္ဓာကိုယ်အတွက်အကျိုးပြု ဘက်တီးရီးယားတွေကိုတော့ များလာစေပြီး ဆိုးကျိုးပေးတဲ့ ဘက်တီးရီးယားတွေကိုတော့ နည်းလာစေတယ်။
✅ Avolac မှာပါ၀င်တဲ့ Lactulose ကလည်း Prebiotic အာနိသင်ရှိပြီး ခန္ဓာကိုယ်အတွက်ကောင်းတဲ့ဘက်တီးရီးယားပိုးတွေဖြစ်တဲ့ Bifidobacteria/ Lactobacilli စတာတွေကြီးထွားမှုကို ဖြစ်စေပြီး မကောင်းတဲ့ပိုးတွေကိုကျ ကြီးထွားမှုလျော့နည်းအောင်လုပ်ပေးနိုင်ပါတယ်။
Avolac ကို ဘယ်လောက်ပမာဏလောက်သောက်သုံးလို့ရလဲဆိုရင် လူကြီးဆိုရင် တစ်နေ့ကို 1-2 teaspoon ၊ ကလေးတွေဆိုရင် တစ်နေ့ကို 1 teaspoon လောက်သောက်သုံးလို့ရပါတယ်။
#အရွယ်သုံးပါးအတွက်Avolac
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
အားလုံးပဲ မဂ်လာပါရှင့်...🙏
ဒီနေ့မှာတော့ Avolac Myanmar ရဲ့ ဥာဏ်စမ်းပဟေဠိ အဖြေညှိ အစီအစဥ်ရဲ့ Winners လေးတွေကို ကြေညာပေးသွားမှာပါ
1. Htet Lin Aung
2. Zin Zin
3. Thet Htoo Zaw
4. Moe Thu Zar Aung
5. Zin Mg Latt
Winner လေးတွေအတွက် ဆုလက်ဆောင်ပစ္စည်းလေးတွေကို တစ်ပတ်အတွင်း အိမ်တိုင်ရာရောက်ပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်ရှင့်😊
ဒီအစီအစဥ်မှာပါဝင်ပေးခဲ့ကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်ရှင့်😊😊
နောက်ထပ် စိတ်လှုပ်ရှားစရာ လက်ဆောင်လေးတွေနဲ့ ဥာဏ်စမ်းအစီအစဥ်လေးတွေမှာလည်း ယခုကဲ့သို့ ပါဝင်ပေးကြဖို့ ဖိတ်ခေါ်လိုက်ပါရစေ
#အရွယ်သုံးပါးအတွက်Avolac
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
အားလုံးပဲသာယာသောနေ့လေးဖြစ်ပါစေရှင့်🙏🙏
👉 Avolac ရဲ့ ဥာဏ်စမ်းပဟေဠိ အဖြေညှိ အစီအစဥ်ကို အင်တိုက်အားတိုက်ဖြေပေးကြတဲ့ အယောက်စီတိုင်းကို Avolac မိသားစုမှ ကျေးဇူး အထူးတင်ရှိပါတယ်။ အခုလောက်ဆို ဘယ်သူတွေက ဆုလက်ဆောင်တွေကို ဆွတ်ခူးနိုင်သလဲဆိုတာ ပရိသတ်ကြီးလဲ သိချင်နေကြပြီ ထင်ပါတယ်။
👉 ဆုရရှိသူကို မကြေငြာခင် မေးခွန်းတွေ အတွက် အဖြေမှန်လေးတွေကို ပရိသတ်ကြီး ဗဟုသုတရအောင် အရင်တင်ပေးလိုက်ရပါတယ်။
👉 ကိုယ်ဖြေထားတာ ဘယ်နှစ်မှတ်ရလဲဆိုတာကို သသူငယ်ချင်းတွေ ကို comment မှာ mention ခေါ်ပြီး ကြွားလိုက်ရအောင်
#အရွယ်သုံးပါးအတွက်Avolac
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
အားလုံးပဲမဂ်လာပါရှင့်
ဒီနေ့မှာတော့ Avolac ပရိသတ်ကြီးအတွက် ထူးခြားတဲ့ အစီအစဉ်လေးတစ်ခု စီစဉ်ထားပါတယ်။ ဒါလေးကတော့ ဒီအောက်မှာ ပေးထားတဲ့ link လေးထဲကို၀င်ပြီးဉာဏ်စမ်းမေးခွန်းလေးတွေကို admin နဲ့ အတူတူ ဖြေကြည့်ပြီး ဆုလက်ဆောင်လေးတွေ ရယူကြဖို့ပဲ ဖြစ်ပါတယ်။
👇👇👇👇👇👇
https://forms.gle/UJgABmCA8xFVzMzr6
👆👆👆👆👆👆
"သင့်အစာခြေစနစ်အကြောင်း သင်ဘယ်လောက်သိလဲ" ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အတူမေးခွန်းလေးတွေကို ဖြေကြည့်ရင်း ပထမဆုံးအဖြေမှန်သူ ( ၁၀ ) ဉီးကို Avolac မှ မိုးရာသီအတွက် ထီးလှလှလေးတွေကို အိမ်တိုင်ရာရောက် လာရောက်လက်ဆောင်ပေးသွားမှာပဲ ဖြစ်ပါတယ်။
"ဇူလိုင်လ ၁၃ ရက်နေ့" မှာ ဆုရရှိသူစာရင်းကို ကြော်ငြာမှာဖြစ်လို့ အခုပဲ Admin နဲ့တူတူ ပါ၀င်ဖြေဆိုလိုက်ကြရအောင်နော်
#အရွယ်သုံးပါးအတွက်Avolac
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
သင်ဘာလို့ ဝမ်းခဏခဏ ချုပ်နေရတာလဲ?
ဘာကြောင့်လည်းဆိုတာ အောက်က Video လေးမှာ ကြည့်ကြည့်လိုက်နော်...
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
သင်ဝမ်းချုပ်နေရင် ဒါတွေကို လုပ်ဆောင်ပါ 💯
💢 အမျှင်ဓာတ်များတဲ့ အသီးအနှံတွေ၊ Fiber Supplement တွေကို သောက်သုံးပါ။
💢 ရေများများသောက်ပါ၊ ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လေးတွေ လုပ်ကြည့်ပါ။
💢 Lactulose ပါ၀င်တဲ့ Avolac လို ၀မ်းနှုတ်ဆေးတွေ၊ တခြား၀မ်းနှုတ်ဆေးတွေနဲ့ Probiotics စတာတွေ သောက်သုံးကြည့်ပါ။
💢 နောက်ဆုံးမရရင် ၀မ်းချူကြည့်ပါ။
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
ဝမ်းချုပ်ခြင်းနှင့် အပေါင်းအဖော် ဝေဒနာများ 🙍
💢 ၀မ်းချုပ်တဲ့ဝေဒနာက တော်တော်အောင့်သက်သက်နဲ့ နေရထိုင်ရတာ တစ်မျိုးကြီးပဲဆိုတာ ၀မ်းချုပ်ဖူးတဲ့သူတွေအသိဆုံးနေမှာပါ။ ၀မ်းချုပ်တာကို တစ်ရက်လောက် ၀မ်းမသွားတာနဲ့ ခေါ်ဆိုသတ်မှတ်တာမျိုးမဟုတ်ပဲ ၃ ရက်လောက် ၀မ်းတစ်ခါမှ မသွားမှသာ ၀မ်းချုပ်တယ်လို့သတ်မှတ်ပါတယ်။
၀မ်းချုပ်တဲ့အခါ နောက်ဆက်တွဲ အပေါင်းအဖော်အနေနဲ့ ရောဂါဝေဒနာတစ်ချို့ပါ တွဲလိုက်လာတတ်ပါတယ်။
၀မ်းချုပ်ခြင်းက ဘယ်လိုဝေဒနာမျိုးတွေကို သယ်လာတတ်လဲဆိုရင်.....
1) လိပ်ခေါင်းရောဂါ
👉 ၀မ်းချုပ်တဲ့အခါ လိပ်ခေါင်းဖြစ်တတ်တာကိုတော့ အားလုံးသိကြမှာပါ။ ၀မ်းချုပ်တဲ့အခါ ၀မ်းညှစ်ပြီး အူလှုပ်ရှားမှုရအောင်လုပ်ရတဲ့အတွက် ကြာတဲ့အခါ စအိုအတွင်းနဲ့ ပတ်ပတ်လည်က သွေးကြောတွေ ဖောင်းလာတာကိုဖြစ်စေပြီး လိပ်ခေါင်းရောဂါကိုဖြစ်လာစေပါတယ်။
2) စအိုကွဲခြင်း
👉 ၀မ်းချုပ်နေတဲ့အချိန်မှာ စအိုကနေ ၀မ်းတုံးအကြီး၊ ၀မ်းအမာတွေဆင်းတဲ့အခါ စအို၀ကွဲပြီး စအိုကနေသွေးဆင်းတာ၊ နာတာမျိုးတွေရှိလာတတ်ပါတယ်။
3) အူကျွံခြင်း
👉 ၀မ်းချုပ်နေတဲ့အချိန် ၀မ်းသွားအောင် အူကို အနည်းငယ်ဆွဲဆွဲဆန့်ပြီး လှုပ်ရှားမှုဖြစ်အောင်လုပ်ရင်းကနေ အူကျွံတာထိဖြစ်လာတတ်ပါတယ်။
4) ၀မ်းပိတ်ခြင်း
👉 တခါတလေ ၀မ်းက အရမ်းမာပြီး ၀မ်းသွားဖို့ မဖြစ်နိုင်တဲ့အခါမှာလည်း ၀မ်းတုံးတွေဟာ ပိတ်မိနေပြီး ဗိုက်အောင့်တာ၊ နာတာမျိုးတွေဖြစ်လာတတ်ပါတယ်။
5) အူပိတ်ခြင်း၊ အူပေါက်ခြင်း
👉 ၀မ်းချုပ်ရင်း ၀မ်းတုံးတွေအထဲမှာ ပိတ်မိရာကနေ အူမှာအနာဖြစ်တာ၊ အူပိတ်တာ၊ အူပေါက်တာတွေအထိဖြစ်လာနိုင်ပါသေးတယ်။ တကယ်လို့ သေချာသာ ကုသမှုမခံယူဘူးဆိုရင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ထိကို ဖြစ်နိုင်ပါတယ်။
ဒါတွေဟာ ၀မ်းချုပ်တာကြောင့် နောက်ဆက်တွဲဆက်ဖြစ်လာနိုင်တဲ့အရာတွေပါပဲ။ ၀မ်းချုပ်တာရဲ့ အပေါင်းအဖော်တွေလို့ခေါ်လည်း မမှားပါဘူး။
💁 ဒီလို ၀မ်းချုပ်တာတွေမဖြစ်စေဖို့ဆိုရင် ရေများများသောက်တာ၊ အမျှင်ဓာတ်ပါတဲ့ အသီးအနှံဟင်းသီးဟင်းရွက်တွေစားသုံးတာမျိုးလုပ်ပေးရပါတယ်။ ၀မ်းချုပ်တာကို သက်သာစေပြီး ၀မ်းပြန်မှန်စေဖို့အတွက်ကတော့ Lactulose ပါ၀င်တဲ့ Avolac ကို ဆရာ၀န်ညွှန်ကြားချက်အတိုင်းသော်လည်းကောင်း၊ မိမိသောက်နေကျပမာဏအတိုင်းသော်လည်းကောင်း ဝယ်ယူသောက်သုံးနိုင်ပါတယ်။
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
Avolac ကို အချိုးဆမှန်မှန်နဲ့ ဘယ်လိုသောက်သုံးမလဲ?
ဒီ Video လေးထဲမှာဆိုရင် Avolac ဆေးရည်ကို အသက်အရွယ်အလိုက် သောက်သုံးသင့်သော ဆေးပမာဏလေးတွေ ပြောပြပေးထားပါတယ်နော်
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
ဘယ်လိုဝမ်းနုတ်ဆေးကို သင့်အူကျန်းမာရေးအတွက် ရွေးချယ်မလဲ??
ဝမ်းနုတ်တယ်ဆိုတာကျွန်တော်တို့နေ့တဓူဝ ကြားဖူးနေကျ တွေ့ကြုံနေကျ အရာတစ်ခုပဲ ဖြစ်ပါတယ်။ ရှေးလူကြီးများဆိုရင် ကိုယ်ခန္ဓာမှာ အပူဖုတစ်ခုခု၊ အနာစိမ်း တစ်ခုခုလောက် ပေါက်လာပြီ ဆိုတာ နဲ့ အပူများနေပြီဆိုပြီး ဝမ်းနုတ်ဆေးတိုက်တတ်ကြတာ ကျွန်တော်တို့ မြန်မာအယူအဆ တစ်ခုလိုတောင် ဖြစ်နေပါပြီ။ ဒါပေမယ့် ဝမ်းချုပ်လို့ပဲ ဖြစ်ပါစေ၊ ဘယ်လိုအကြောင်းအရင်းနဲ့ပဲ ဖြစ်ပါစေ ဝမ်းနုတ်တော့မယ်ဆိုရင် အူကျန်းမာရေးအတွက် သင့်လျော်တဲ့ဝမ်းနုတ်ဆေးကို ရွေးချယ်တတ်ဖို့က အလွန်ပဲ အရေးကြီးလှပါတယ်။
ဝမ်းချုပ်ပြီလို့ ဘယ်အချိန်မှာသတ်မှတ်မလဲ??
တစ်ပတ်ကိုအနည်းဆုံး သုံးကြိမ်အောက် ဝမ်းသွားခြင်း ၊ ဝမ်းသွားတဲ့ အခါမှာ အားစိုက်ပြီး ညှစ်ထုတ်ရခြင်း၊ မစင်များ ခြောက်သွေ့မာကြောနေခြင်း စတဲ့ အရာတွေထဲက တစ်ခုခုဖြစ်နေပြီဆိုရင် ဒီ အခြင်းအရာကို ဝမ်းချုပ်ခြင်း (Constipation) ဖြစ်တယ်လို့သတ်မှတ်လို့ရပါတယ်။
ဘယ်လို ဝမ်းနှုတ်ဆေးတွေကို အသုံးပြုသင့်သလဲ??
(၁) Bulk Agents (Fibers)
အသီးအရွက်၊ အသီးအနှံအစားနည်းခြင်းကြောင့် အမျှင်ဓာတ် (Fibers) ချို့တဲ့ ခြင်းကလည်း ဝမ်းချုပ်ခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းထဲမှာ တစ်ခု အပါအဝင်ပဲ ဖြစ်ပါတယ်။ Bulking Agents ဆိုတာကတော့ အမျှင်ဓာတ် (Fibers) ထည့်သွင်းထားတဲ့ ဖြည့်စွက်စာတစ်မျိုးပဲဖြစ်ပါတယ်။ အမျှင်ဓာတ်တွေဟာ အူနံရံထဲက ရေစီးဝင်မှုပမာဏကို မြင့်တက်စေတာကြောင့် အူမကြီးထဲမှ မစင်တွေကိုပျော့ပျောင်းစေပြီး ဝမ်းမှန်စေပါတယ်။ အရေးကြီးတာကတော့ Bulking Agents အမျိုးအစား ဝမ်းနုတ်ဆေးကို သုံးမယ်ဆိုရင်တော့ ရေကို လုံလုံလောက်လောက်သောက်ဖို့လိုအပ်ပါတယ်။
(၂) Lubricant Laxatives
တိုတိုနဲ့ လိုရင်းပြောရရင်ချောဆီ သဘောပါပဲ။ ဝမ်းတွေကို အူမကြီးထဲကနေ အပြင်ကို မြန်မြန်ဆန်ဆန်သွားလို့ ရအောင်ဆီ ထည့်ပေးတဲ့ သဘောပါ။ သံလွင်ဆီ ၊ နေကြာဆီ စသည်ဖြင့် ဆီ တွေကိုလည်း အသုံး ပြုနိုင်သလို စနစ်တကျ ထုတ်ပိုးထားပြီးသား ပုံစံနဲ့လည်း Lubricant Laxative တွေကို ထုတ်လုပ်လေ့ရှိပါတယ်။ တစ်ခုရှိတာကတော့ ဆီတွေရဲ့ သဘောတရားအရ အူနံရံရဲ့ စုပ်ယူနိုင်စွမ်းကို လျော့ကျစေတဲ့အတွက် အခြားဆေးတစ်မျိုးမျိုးနဲ့ တွဲမသောက်သင့်ပါဘူး။
(၃) Lactulose
Lactulose ဆိုတာ သကြားဓာတ်ပေါင်း တစ်မျိုးဖြစ်တာကြောင့် အူကျန်းမာရေးအတွက်ဘေးထွက်ဆိုးကျိုးနည်း
ပါတယ်။ Lactulose ဟာ အူသိမ်ကြီး(Large intestine) ထဲမှာပြိုကွဲပြီး ပြင်ပမှ ရေတွေကို အူအတွင်းသို့ဝင်လာစေပြီး ဝမ်းကို နူးညံ့အောင်လုပ်တာဖြစ်ပါတယ်။
ဒါကြောင့်Lactulose ဟာ အခြား Stimulant Laxative တွေလိုအူကို လှုပ်ရှားစေခြင်းအားဖြင့်ဝမ်းပျော့စေတာ မဟုတ်တာကြောင့် ဝမ်းနုတ်ဆေး သောက်ပြီး ဗိုက်ရစ်လို့
ညမအိပ်နိုင်တဲ့ ပြဿနာတွေကနေ သက်သာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဝမ်းနုတ်ဆေးကိုညစာနဲ့ ဝေးပြီး သောက်စရာမလိုဘဲ လိုအပ်သလိုနေ့ခင်းဘက်လည်း သောက်သုံး နိုင်တဲ့ပုံစံ ဖြစ်တာကြောင့်အသုံး ပြုမှုများသလို အဆင်လည်း ပြေပါတယ်။
ဘယ်လိုဝမ်းနုတ်ဆေးတွေကို သတိထားသင့်ပါသလဲ?
(၁) Stimulant Laxatives (eg; Bisacodyl)
ဒီ ဝမ်းနုတ်ဆေးပုံစံ ကတော့ အူနံရံတွေကိုလှုပ်ရှားမှု (Contraction) ဖြစ်လာအောင်လှုံ့ ဆော်ပေးခြင်းအားဖြင့် အူမကြီးအတွင်းရှိ ဝမ်းတွေကို အောက်သို့လျှော ကျစေသောနည်းဖြင့် စွန့်ထုတ်တာ ဖြစ်ပါတယ်။ အနည်းငယ် အန္တရာယ်ရှိတဲ့ ဆေးအမျိုးအစားထဲမှာ ပါဝင်ပြီး သောက်သုံးသူဟာ အလွန် အမင်းဗိုက်ရစ်ခြင်း၊ ပျို့အန်ခြင်း၊ မအီမသာဖြစ်စေပါတယ်။ ဒီဆေးလေး တွေကိုဆိုရင်တော့ အပြာရောင်ကတ်နဲ့ အဝါရောင်အလုံးသေးလေး တွေနဲ့ တွေ့မြင်ရများလေ့ရှိပြီး အူတွင်းပိတ်ဆို့မှုတစ်ခုခု ရှိသူတွေ၊ အူအတတ်ရောင်ရမ်းနေသူတွေနဲ့အူနံရံသွေးယိုစိမ့်မှု ရှိသူတွေအနေနဲ့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။
(၂) Osmotic Laxatives (eg; MOM)
MOM ကတော့ ဈေးနှုန်းအရလည်း သက်သာသလို ဝယ်ရလည်းလွယ်ကူတဲ့အတွက်အရင်ထဲက အသုံးပြုသူ များလှပါတယ်။ Osmotic Laxative တွေကတော့Stimulant Laxatives တွေလိုမျိုး ဘေးထွက်ဆိုးကျိုးမများပေမယ့် Lactulose နဲ့ယှဉ်တဲ့အခါမှာ တော့ကွာခြားမှုအနည်းငယ်ရှိပါတယ်။ ဒါကတော့Milk of Magnesia လို့ခေါ်တဲ့ MOM ဟာ အူမကြီးထဲရောက်တာနဲ့ ပြင်ပရေကို တိုက်ရိုက်ဆွဲယူတာကြောင့် ရေဓာတ်ဆုံးရှုံးမှုနဲ့ မအီမသာဖြစ်တာလေး တွေတော့ ရှိနိုင်ပါတယ်။ Lactulose အနေနဲ့ကတော့ သကြားဓာတ်ပေါင်းအနေနဲ့သောက်သုံးပြီး အူသိမ်ကြီးပိုင်းထဲရောက်မှ ပြိုကွဲကာ ရေကိုစီးဆင်းဝင်ရောက်စေတဲ့အတွက်မအီမသာဖြစ်မှုကို အနည်းဆုံးဖြစ်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်။
အချုပ်အားဖြင့်ဆိုရရင် မိမိကိုယ်တိုင် ဝမ်းချုပ်ခြင်းဆိုတဲ့ ဝေဒနာခံစားလာရလို့ ဝမ်းနုတ်ဆေးရွေးချယ်မယ်ဆိုရင်တော့ အပေါ်က ပြောထားတဲ့ အရာတွေထဲက မိမိနဲ့ အဆင်ပြေမယ့်နည်းလမ်းကို အသုံးပြုလို့ရပါတယ်။
ဒီထဲကမှ Lactulose ကိုရွေးချယ်မယ်ဆိုရင်တော့ Lactulose ပါဝင်တဲ့ AVOLAC ဟာဆိုရင် ဝမ်းချုပ်ခြင်းပြသနာအမျိုးမျိုးကို ဘေးထွက်ဆိုးကျိုးကင်းစွာ သက်သာပျောက်ကင်းစေနိုင်တဲ့အပြင် ပျားရည်အရသာကြောင့် သောက်သုံးရတာလည်း နှစ်လိုဖွယ်ရာရှိတာကြောင့် ဝမ်းချုပ်တတ်သူများအတွက် လမ်းညွှန်လိုက်ရပါတယ်။
#ဝမ်းချုပ်ခြင်း
#အေဗိုလက်
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the practice
Telephone
Website
Address
No(32), Manawhari Road, Dagon Township, Yangon , Myanmar
Dagon
11191
Opening Hours
Monday | 08:00 - 17:00 |
Tuesday | 08:00 - 17:00 |
Wednesday | 08:00 - 17:00 |
Thursday | 08:00 - 15:00 |
Friday | 08:00 - 15:00 |
No. 139/140, Khaing Thazin Street, 32 Extension Quarter, North Dagon Township, Yangon
Dagon, 11421
Online Pharmacy Service