Dr.nge

Online Pharmacy Service

27/11/2023

မြန်မာပြည်ကြီး နှင့် တကမ္ဘာလုံး အမြန်ဆုံးအေးချမ်းပျော်ရွှင်နိုင်ပါစေ

Photos from Dr.nge's post 26/04/2023

ဆံပင်တွေကျွတ်တယ် 🤯🤯🤯

ဗောက်တွေထတယ် 🤯🤯🤯

ဆံသားကြမ်းတယ်😱😱😱

အမျိုးသမီးလေးတို့ ဆံကေသာ ကျန်းမာစေဖို့ လုပ်ဆောင်ရမယ့်အချက်လေးတွေမျှဝေချင်ပါတယ်

၁ ) အဆီတွေထွက်တဲ့ ဆံကေသာမျိုးဆို ခေါင်းမကြာမကြာလျှော်ပေးပါ။ ဆံသား ဆီထွက်များရင် ၂ရက်ခြားလောက်လျှော်ပေးပါ။

၂) ခေါင်းလျှော်ပါက ဆံသားကို ခေါင်းလျှော်ရည် လျော့သုံးပီး ဦးရေပြားကို သာ အာရုံစိုက်ပီး လျှော်ပေးပါ။ ဆံပင်သားကိုခေါင်းလျှော်ရည်များများသုံးပါက ဆံပင်ကြမ်းစေပါသည်။

၃) ခေါင်းလျှော်ရည်နှင့်လျှော်ပီးတိုင်း ပျော့ဆေးသုံးပေးပါ။ နှစ်ခါမလျှော်လိုပါက ပျော့ဆေးပါသော 2 in 1 ခေါင်းလျှော်ရည်အမျိုးအစားကိုသာသုံးပါ။

၄) ပျော့ဆေးထည့်ပါကလဲ ဆံပင်အရင်းကိုသာ ပျော့ဆေးနှင့်လျှော်ပေးပါ။ ဦးရေပြားပေါ်နှင့် ဆံပင်သားတွေကိုသုံးခြင်းဟာပျော့ဆေးအာနိသင်လျော့စေပါသည်။

၅) မိမိ၏ ဆံပင်အမျိုးအစားနှင့်သင့်တော်သော ခေါင်းလျှော်ရည်ကို သေချာရွေးချယ်ရန်လဲ လိုပါသည်။

၆) ရေကူးရာတွင် ဆံပင်သား မပျက်စီးစေရန် ဆံပင်လုံသောCap မျိုးသုံး၍ ဆံပင်ကိုကာကွယ်ခြင်း၊ သို့မဟုတ် ကူးပီးပါက ပျော့ဆေးဖြင့် အသေအချာလေးပြန်သုံးပေးရန်လိုပါသည်။

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 24/04/2023

Tolterodine ခေါ် ဆီးထိန်းနိုင်သောဆေး

🚽🚰Tolterodine ဆေးသည် Overactive bladderဟုခေါ်သော ပုံမှန်ထက်ပိုအလုပ်လုပ်နေသော ဆီးအိမ်ကိုထိန်းရန် ကုသရန် အတွက် ဆေးဖြစ်ပါသည်။

🚽🚰ထိုဆေးသည် ဆီးအိမ်ရှိကြွက်သားများအားပျော့စေပီး ဆီးအိမ်ကို ဆီးထိန်းနိုင်သောစွမ်းရည်မြင့်အောင် ပြုလုပ်ပေးသောဆေးဖြစ်ပါသည်။

🚰🚽ထို့ကြောင့်ထိုဆေးသည် ဆီးထွက်ကျခြင်း ဆီးမထိန်းနိုင်ခြင်းတို့က်ုသက်သာစေပါသည်။

🚽🚰ထိုဆေးကို ဆရာဝန်ညွှန်ကြားချက်ဖြင့်သာသောက်သုံးသင့်ပါသည်။

🚰🚽ဆေးကို ညစာစားပီးသောက်သုံးပါက နေ့စဉ် ညစာစားပီးသောက်သုံးရန် အချိန်မှန်မှန်သောက်သုံးရန် လိုပါသည်။

🚰🚽ဆေးအာနိသင်ပိုမိုရရှိစေရန် ဆိုပီးဆေးကိုပုံမှန်ထက်ပိုမသောက်သုံးသင့်ပဲ မှန်မှန်သာသောက်သုံးသင့်ပါသည်။

🚽🚰ဆေး၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် အာခေါင်ခြောက်ခြင်း၊ဝမ်းချုပ်ခြင်းတို့ဖြစ်တတ်ပါသည်။

🚰🚽ထိုဆိုးကျိုးများသက်သာစေရန် ရေများများသောက်ခြင်း၊ဝမ်းပျော့ဆေးသောက်ပေးခြင်းတို့က်ု ပြုလုပ်ပေးရပါမည်။

🚰🚽ထိုဆေးကိုလိုအပ်ပါကမှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာပါစေ

ဘေးကင်းပါစေ

Dr.Nge

02/03/2023

တောင်သူလယ်သမားနေ့ တောင်သူဦးကြီးများအားဂုဏ်ပြုအပ်ပါသည်ရှင်

🙏🙏🙏

Photos from Dr.nge's post 11/01/2023

ဆောင်းရာသီတွင် ဆောင်ရန်ရှောင်ရန်လေးများ

❄️☃️ အေး၍ခြောက်သွေ့သောရာသီတွင် ကျွနုပ်တို့၏ နှုတ်ခမ်းသားများခြောက်သွေ့ကွဲအက်တတ်သည့်အတွက် နှုတ်ခမ်းနီအဆီလေးလိမ်းပေးပါ။

❄️☃️ထို့ပြင် လေနှင့်ထိတွေသောအရေပြားများလဲ ခြောက်ကပ်နိုင်သဖြင့် လက်လိမ်းဆီလေးများ ၊lotionsလေးများလိမ်းပေးပါ။

❄️☃️အေး၍ခြောက်သွေ့သောလေသည် နှာခေါင်းရှိ sinuseများကိုခြောက်သွေ့စေပါသည်။အခန့်မသင့်လျှင် ဖုန်များဝင်ပီး နှာခေါင်းပိတ်ခြင်း၊လေအိတ်ငယ်များရောင်ရမ်းခြင်း၊နှာခေါင်းသွေးလျှံခြင်းတို့ဖြစ်စေနိုင်ပါသည်။

❄️☃️ထိုအရာများကိုကာကွယ်ရန် အိမ်ခန်းတွင်း humidifier စိုထိုင်းမှုထိန်းစက် တပ်ဆင်ပေးပါ။

❄️☃️ရေများများသောက်ပေးပါ။

❄️☃️Omega-3 fatty acidsကိုသောက်သုံးပေးခြင်းသည်လဲ အသားအရေတွင်း အဆီဓာတ် အစိုဓာတ်ကိုထိန်းသိမ်းပေးပါသည်။

❄️☃️ထို့ပြင်ရာသီဥတုအေးသည့်အတွက် ရေချိုးချိန်ကြာမြင့်ခြင်းကိုလဲရှောင်ရှားသင့်ပါသည်။

အားလုံးကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 04/12/2022

သွေးလေးဘက်နာရောဂါ (Rheumatoid arthritis)
အပိုင်း (၂)
အပိုင်း ၁ တွင် ရောဂါလက္ခဏာနှင့်ဖြစ်ပွါးပုံများ တင်ပြပီးဖြစ်ပါသည်။

🤷‍♂️🤷‍♂️ယခုအခါ ရောဂါရှိမရှိသေချာစေရန် သွေးစစ်ခြင်း (ဥပမာ Rheumatoid factor, AntiCCP, ESR) စသည့်သွေးများနှင့် ဓာတ်မှန်ရိုက်ခြင်း စသည်တို့နှင့်ရောဂါရှိမရှိသိနိုင်ပါသည်။

🤷‍♀️🤷‍♀️RAရောဂါရှိပီဆိုသည်နှင့် ကုသမှုများကို ဆုံးဖြတ်ရပါမည်။

🤷‍♀️🤷‍♂️သေချာသည်မှာ ထိုရောဂါမှာ အမြစ်ပြတ်ပျောက်ခြင်းမရှိပဲ ကုသမှုခံယူပါက ရောဂါကို ထိန်းထားနိုင်ပီး နောက်ဆက်တွဲ အဆစ်များပျက်စီးခြင်းမှ ထိန်းနိုင်ပေမည်။

🤷‍♂️🤷‍♀️ကုသနိုင်သောဆေးများအနေဖြင့်
၁) ရိုးရိုးအရောင်ကျဆေး (NSAIDs)
၂) steroid ဟုခေါ်သော အရောင်ကျဆေး
၃) ကိုယ်ခံအားထိန်းဆေးများ (DMARDs)methotrexate
၄) ဇီဝကုထုံး (Biological therapy) အစရှိသောဆေးများသုံး၍ ကုသနိုင်ပါသည်။

🤷‍♂️🤷‍♀️ဆေးတခုချင်းစီတွင် ဘေးထွက်ဆိုးကျိုးများရှိ၍ အလွန်အကျွံသုံးစွဲခြင်းမပြုလုပ်ပဲညဆရာဝန်နှင့်တိုင်ပင်ပီးမှသောက်သုံးသင့်ပါသည်။

🤷‍♂️🤷‍♀️ထို့ပြင် အစာလဲဆေး ဆေးလဲအစာဖြစ်သည့်အတွက် သွေးလေးဖက်နာရောဂါရှိသူတို့အတွက် ဆောင်ရန် ရှောင်ရန် များလဲဖော်ပြပါမည်ရှင်

🤷‍♂️🤷‍♀️ဆောင်ရွက်ရမည်မှာ အာဟာရပြည့် မျှတသောအစားအစာများစားသုံးခြင်း၊ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များစားသုံးခြင်း၊ နေ့စဉ် မိနစ် ၃၀ခန့် လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ရပါမည်။

🤷‍♂️🤷‍♀️ရှောင်ကျဉ်ရမည်များမှာ ဆိုးဆေးပါသောအစားအသောက်များ တာရှည်ခံအောင်ပြုလုပ်ထားသောအစားအစာများ တိရစ္ဆာန် အဆီများ အငံများရှောင်ခြင်း၊ ဆေးလိပ် အရက်များရှောင်ကျဉ်ခြင်း ရောဂါပိုးရှိသောလူများ(တီဘီ တုပ်ကွေး) အနီးသွားရောက်ခြင်းမှ ရှောင်ကျဉ်ခြင်းများ ပြုလုပ်ရပါမည်။

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 27/11/2022

Rheumatoid arthritis (သွေးလေးဖက်နာရောဂါ)
အပိုင်း (၁)

🤷‍♂️🤷‍♀️သွေးလေးဖက်နာဆိုသည်မှာ နာတာရှည်အဆစ်ရောင်ရောဂါတမျိုးဖြစ်ပါသည်။

🤷‍♂️🤷‍♀️သွေးလေးဖက်နာရောဂါသည် ကိုယ်ခံအားဖောက်ပြန်ခြင်းကြောင့်ဖြစ်ပါသည်။ ကိုယ်ခံအားဖောက်ပြန်သည့်အတွက် ခန္ဓာကိုယ်သည်ရောဂါပိုးမွှားများကို ပုံမှန်လူများလို တိုက်ထုတ်နိုင်ခြင်းမရှိဖြစ်ကာရောဂါဖြစ်ပေါ်စေပါသည်။

🤷‍♂️🤷‍♀️ထိုသို့ကိုယ်ခံအားစနစ်ဖောက်ပြန်ရခြင်းမှာ ဗီဇ၊ ပတ်ဝန်းကျင်၊ အမူအကျင့်တို့အပြင် ဓာတုပစ္စည်းများသုံးစွဲခြင်း၊ ဆေးလိပ်သောက်ခြင်းတို့လဲပါဝင်သည်။

🤷‍♂️🤷‍♀️ရောဂါကြောင့်ဖြစ်ပေါ်ခြင်းမဟုတ်ပါ။

🤷‍♂️🤷‍♀️သွေးလေးဖက်နာရောဂါတွင် လက်ချောင်းလေးများ ၊ လက်မ၊ လက်ကောက်ဝတ်နှင့် ခြေချောင်းလေးများ တွင် ပိုရောင်တတ်ပါသည်။

🤷‍♂️🤷‍♀️ခန္ဓာကိုယ်ရှိ တခြားအဆစ်များလဲရောင်တတ်ပါသည်။

🤷‍♂️🤷‍♀️အဆစ်များသည်ရောင်နေရုံသာမက နီရဲနေခြင်း ဖောင်းနေခြင်းတို့ကြောင့် အကိုက်အခဲပျောက်ဆေးသောက်ပီး တလကြာ၍ မသက်သာပါက အရိုးအကြောအဆစ်အထူးကုဆရာဝန်နှင့်ပြသင့်ပါသည်။

🤷‍♂️🤷‍♀️ရောဂါ ရှာဖွေခြင်းနှင့် ကုသပုံတို့ကို ဒုတိယပိုင်းတွင်ဖော်ပြပေးပါမည်။

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 25/11/2022

Hemomin ကြက်ဥအကာဖျော်သောက်အမှုန့်

🥚🥚Hemomin ခေါ်အာဟာရအမှုန့်သည် ခန္ဓာကိုယ်ရှိ အာဟာရနှင့် ဟော်မုန်းဓာတ်ထိန်းညှိပေးပီးရေဓာတ်ကိုလဲထိန်းပေးသော albumin proteinပါဝင်ပါသည်။

🥚🥚ထို့အတွက် albumin proteinသီးသန့်လိုအပ်သော အသည်း နှင့်ကျောက်ကပ်ရောဂါရှိသူတို့အတွက် အထူး သင့်တော်ပါသည်။

🥚🥚ထို့ပြင် ဆိုဒီယမ်ဓာတ်လျော့ချထားသဖြင့် သွေးတိုးရှိသူတို့အတွက်လဲသင့်လျော်ပါသည်။

🥚🥚ထို့ပြင် နေ့စဉ် ခန္ဓာကိုယ်အလေးချိန် ထိန်းရန် အာဟာရတန်ဖိုးတွက်ချက်စားသုံးနေသူ ဝိတ်ချသူတို့အတွက်လဲသင့်လျော်ပါသည်။

🥚🥚အထက်ပါအာဟာရတန်ဖိုးများနှငိ့ပြည့်စုံသော Hemomin အာဟာရမှုန့်ဘူးများကို Dr.Nge pageတွင်မှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

18/11/2022

သူတို့ ဘာကြောင့် ကျန်းမာနေကြတာလဲ။
ခပ်နည်းနည်းပဲစားတဲ့ Style

မိတ်ဆွေများကိုကမ္ဘာပေါ်မှာခေတ်စားလာမယ့်အကောင်းဆုံးStyleတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

အဲဒီ Styleလေးကခပ်နည်းနည်းပဲစားတဲ့ Style ဖြစ်ပြီးအကျိုးကျေးဇူးသိပ်များပါတယ်။

အဲဒီStyleကိုလုပ်လိုက်ပြီဆိုတာနဲ့ကျန်တဲ့Styleတွေပါအလိုအလျောက်ပါလာမယ်ဆိုတာကိုဒီpostဖတ်ရင်းနဲ့သိသွားပါလိမ့်မယ်။

ကျနော်တို့ဟာနေ့စဉ်အစားအသောက်တွေကိုစားသောက်ကြရတယ်။အဲဒီလိုစားရာမှာရသတဏှာကိုဦးစားပေးပြီးဗိုက်ဝအောင်စားရမှကျေနပ်ကြတယ်။အသက်ရှင်ဖို့စားတာမဟုတ်ဘဲစားဖို့အသက်ရှင်နေသလိုဖြစ်နေကြတယ်။

အဲဒါသည်ကျနော်တို့အတွက်အမှားကြီးမှားနေတာပြဲဖစ်တယ်။လူတစ်ယောက်အသက်ရှင်ရပ်တည်ဖို့အတွက်စားသင့်တဲ့အတိုင်းအတာကသူ့အစာအိမ်ပမာဏလောက်ပဲဖြစ်တယ်။အစာအိမ်ပမာဏကဂရိတ်ဖရုသီးတစ်လုံးအတိုင်းအတာလောက်ပဲရှိတာဖြစ်တယ်။ဒါကြောင့်တစ်ခါစားရင်ဂရိတ်ဖရုသီးတစ်လုံးစာလောက်ပဲစားရမယ်။

အဲ့လိုမစားဘဲဗိုက်ကြီးပြဲကားအောင်စားနေကြတော့ဘာဖြစ်လာသလဲ။ကိုယ်တွင်းကလီစာတွေကစားလိုက်တဲ့အစာတွေကြေညက်အောင်ချက်တဲ့အလုပ်ကိုပင်ပန်းစွာလုပ်ရပါတယ်။အစာခြေရည်တွေအများကြီးထုတ်ရတယ်၊သည်းခြေရည်တွေထုတ်ရတယ်၊နှလုံးကလည်းပိုအလုပ်လုပ်ရတယ်၊ကျောက်ကပ်ကလည်းပိုဆေးရတယ်၊အသည်းကလည်းပိုပြီးအဆိပ်ဖြေပေးရတယ်။အူတွေကလည်းအလုပ်ပိုလုပ်ရတယ်။ကြာတော့ကလီစာတွေသိပ်ပင်ပန်းကြတယ်။နှစ်ရှည်မခံတော့ဘူး။

စားသင့်တဲ့အတိုင်းအတာထက်ပိုစားတဲ့အစာတွေကကိုယ့်အတွက်အကျိုးမရှိဘူး။ပိုတဲ့အစာတွေကအဆိပ်အပုပ်တွေဖြစ်သွားတယ်။Free Radical တွေပိုထွက်လာစေတယ်။ရောဂါတွေကိုဖြစ်စေတာပဲအဖတ်တင်တယ်။ဘာမှကိုအကျိုးမရှိဘူး။

အစားကြူးတဲ့သူတွေကိုလေ့လာကြည့်ပါ။သူတို့ဟာရောဂါသိပ်များတယ်။အစောကြီးသေကြတယ်။ရုပ်ရည်အားဖြင့်လည်းကြည့်ရဆိုးတယ်။ဘဝအရည်အသွေးမကောင်းဘူးဆိုတာတွေ့ရလိမ့်မယ်။

လူတွေကအများကြီးစားနိုင်မှအားရှိတယ်လို့ထင်နေကြတယ်။တကယ်တော့အပူအပုပ်ကင်းပြီးပေါ့ပါးလန်းဆန်းခြင်းသည်သာအားရှိခြင်းဖြစ်ပါတယ်။သွက်လက်ဖြတ်လတ်ခြင်းသည်သာအားရှိခြင်းဖြစ်တယ်။

ကဲ....ဒါဆိုဘယ်လိုစားရမလဲပြောမယ်နော်....

မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စားနေကျမြန်မာစာတွေကိုပဲသင့်ရုံစားသွားဖို့ပါပဲ။အထွေအထူးပြောင်းစားဖို့မဟုတ်ဘူး၊စားမယ့်Meal potion amount ကိုသာသင့်ရုံစားဖို့ဖြစ်ပါတယ်။

ဂရိတ်ဖရုတစ်လုံးစာလောက်ပေါ့။စားတာကအကုန်စားလို့ရတယ်နော်။အဆီ၊အခေါက်၊အသား၊ကလီစာ၊အသီးအရွက်၊မြေအောက်ဥ၊ကောက်နှံ၊ပဲမျိုးစုံကြိုက်တာသာစား။

Breakfast စားမယ်ဆိုရင်မုန့်ဟင်းခါးသင့်ရုံတစ်ပွဲပေါ့။
၂ပွဲမဖြစ်စေနဲ့။အီကြာကွေးဆိုလည်းတစ်ချောင်းပေါ့၊
ပေါက်ဆီဆိုလည်းတစ်လုံးပေါ့၊
ကြက်ဥပေါင်မုန့်တစ်ချပ်ပေါ့၊နံပြားပြဲပုတ်ဆိုလည်းတစ်ချပ်ပေါ့။တော်ပီလေတစ်ပွဲ၊ကော်ဖီလည်းတစ်ခွက်ပဲပေါ့။

Lunchစားမယ်ဗျာ။ထမင်းတစ်လုံးအသားငါးဟင်း၂တုံး၊အရွက်ကြော်သင့်ရုံပေါ့။ခေါက်ဆွဲကြော်ထမင်းကြော်ဆိုရင်လည်းပွဲသေးပေါ့။ဆီချက်ဆိုလည်းတစ်ပွဲပေါ့။သင့်ရုံပဲ။

Dinnerစားမယ်ဗျာ။ဘိုစာဆိုလည်းတစ်ပွဲစာလောက်ပဲ။ကြာဆံကြော်ဆိုလည်းတစ်လုံးလောက်ပဲ။ကြက်သားpuffဆိုလည်း၂ခုလောက်ပေါ့။ဘာစားစားကြိုက်တာသာစားဗျာ၊အတိုင်းအတာကဂရိတ်ဖရုတစ်လုံးစာလောက်ပြဲဖစ်ရမယ်။ဗိုက်ဆာရင်ရေသောက်ပေါ့။

ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားရမယ်ဆိုတော့ဗိုက်ပြည့်ပါ့မလားပေါ့။အစာအိမ်ကသိပ်အံ့သြစရာကောင်းတယ်။ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားတဲ့အလေ့အကျင့်လုပ်ပေးရင်အစာအိမ်ကသူ့ဟာသူသေးသွားရောဗျ။တစ်ပတ်ဆယ်ရက်တော့အချိန်ပေးပြီးစောင့်ရတယ်။တစ်ပတ်အတွင်းမှာတော့စားရတာတင်းတိမ်မှာမဟုတ်ပေမဲ့ဆယ်ရက်လောက်မှာကျင့်သားရပြီးမဆာတော့ဘူး။နည်းနည်းပိုစားမိရင်တောင်အစာအိမ်ကလက်မခံချင်တော့လောက်အောင်အကျင့်ကောင်းသွားပြီ။အဲဒါဆိုအေးအေးဆေးဆေးပဲ။

ရေကတော့Bodyရဲ့လိုအပ်ချက်အတိုင်းသောက်ပေးဖို့လိုတယ်။ပေါင်၅၀ကိုတစ်လီတာနှုန်းနဲ့သောက်ရမယ်။ပေါင်၁၅၀ဆိုရင်တစ်နေ့ကို၃လီတာအနည်းဆုံးပဲ။ရေသောက်ရင်မနက်စောစောကလွဲလို့ကျန်တဲ့အချိန်တွေမှာနည်းနည်းနည်းနည်းနဲ့ခဏခဏသောက်ပေးတာပိုကောင်းပါတယ်။စားထားတဲ့အစာဟောင်းတွေအကုန်ပြန်ထုတ်ဖို့ကရေကိုပြည့်မီအောင်သောက်ဖို့လိုတယ်။

အဲဒီလိုခပ်နည်းနည်းပဲစားတဲ့styleနဲ့သွားရင်Bodyကတဖြည်းဖြည့်းသွယ်လျလာလိမ့်မယ်။ကိုယ်တွင်းမှာအဆိပ်အပုပ်တွေကင်းတဲ့အတွက်အသားရေကြည်လင်လှပလာလိမ့်မယ်။ပေါ့ပါးသွက်လက်တက်ကြွလာလိမ့်မယ်။မကောင်းတဲ့ကော်လက်စတြောတွေမရှိလို့မျက်နှာကအစ်ထစ်မနေတော့ဘဲပိုချောလာလိမ့်မယ်။Bodyလှလာတဲ့အတွက်ဝတ်စားဆင်ယင်မှုကလည်းအလိုလိုstyleကျနေလိမ့်မယ်။ဥာဏ်ရည်လည်းကောင်းလာလို့လုပ်ငန်းလုပ်လို့ပိုအဆင်ပြေလာလိမ့်မယ်။တရားထိုင်ရတာလည်းသိပ်ကောင်းလိမ့်မယ်။ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာလည်းမိမိကိုယ်မိမိယုံကြည်မှုတွေတိုးလာလိမ့်မယ်။မမျှော်မှန်းထားတဲ့အကျိုးကျေးဇူးတွေရလာတာကိုအံ့သြစွာကြုံလာရပါလိမ့့်မယ်။

ရန်ကုန်မြို့ကကြယ်၅ပွင့်ဟိုတယ်ကြီးတစ်ခုမှာဘူဖေးညစာသွားစားဖူးပါတယ်။အဲ့မှာပြင်သစ်၂ယောက်ကိုတွေ့တယ်။သူတို့ဘယ်လိုစားလည်းလေ့လာကြည့်တယ်။အစားအစာတွေကိုပန်းကန်လှရုံပဲထည့်စားပြီးပြန်သွားကြတယ်။ကျနော်တို့မြန်မာတွေကတော့ပန်းကန်အမောက်ကြီးတွေ၂ခါ၃ခါထပ်ထည့်စားပြီးဗိုက်ပြဲကားမှအိမ်ပြန်ကြပါတယ်။အဲဒါကိုသတိထားမိတယ်။

ကျနော်စင်္ကာပူမှာနေတုန်းကနေ့တိုင်းစားတဲ့ထမင်းဆိုင်ကတရုတ်လင်မယားကကျနော်စားတာကိုနေ့တိုင်းကြည့်နေကြတယ်။ထမင်းကို၃ပန်းကန်လောက်စားတာကိုး။ခြောက်လလောက်ကြာတော့သူတိ့နဲ့ခင်သွားတယ်။သူတို့ကဘာပြောသလဲဆိုရင်မင်းအဲ့လောက်စားနေရင်ရောဂါတွေဖြစ်လာလိမ့်မယ်တဲ့။သင့်ရုံပဲစားတဲ့။ဟုတ်တယ်ဗျ၊စလုံးကလူတွေထမင်းတစ်လုံးပဲစားကြလို့ရောဂါကင်းပြီးသွယ်လျကြတာတွေ့ရတယ်။

ကမ္ဘာကျော်မင်းသားမင်းသမီးတော်တော်များများဒီအတိုင်းခပ်နည်းနည်းစားတဲ့Styleကိုကျင့်သုံးနေကြတယ်။ဘောလိဝုဒ်မင်းသားမင်းသမီးတွေတောင်အရင်လိုဗိုက်မပူကြတော့ဘူးဗျ။မြန်မာပြည်မှာလည်းကြည့်။သာသနာရေးမှာဆိုရင်ပါချုပ်ဆရာတော်ကြီးပေါ့၊နိုင်ငံရေးလောကမှာဆိုအမေစုလိုပုဂ္ဂိုလ်မျိုးပေါ့၊အနုပညာလောကမှာဆိုလည်းဒါရိုက်တာဦးအောင်ကိုလတ်တို့လိုပုဂ္ဂိုလ်တွေပေါ့၊ပန်းချီဦးစိုးမိုးလိုပုဂ္ဂိုလ်မျိုးပေါ့၊စီးပွားရေးလောကမှာဆိုဦးမောင်ဝိတ်တို့လိုပေါ့။ဘယ်လောက်ကြည့်ကောင်းပြီးအောင်မြင်နေကြလဲဆိုတာ။ဒါကထင်ရှားတဲ့သူအချို့ကိုပြောတာ။အခြားပြည်တွင်းပြည်ပကလူတွေအများကြီးရှိပါသေးတယ်။

ကဲ...မိတ်ဆွေများ....အခုကJanuaryလပေါ့ဗျာ။အခုကစပြီးခပ်နည်းနည်းပဲစားတဲ့styleကိုလုပ်ကြည့်ကြမလား။နောက်နှစ်January ဒီအချိန်လေးမှာအဖြေထုတ်ကြည့်ကြမယ်။တကယ်ဖြစ်ချင်ရင်တကယ်လုပ်-အဟုတ်ဖြစ်ရမည်တဲ့။နေမကောင်းဘူးဆိုတာမရှိစေရ။ကျန်းမာပြီးရောဂါကင်းတဲ့ဘဝ၊သွယ်လျပြီးလှပတဲ့ဘဝ၊တိုးတက်ပြီးအောင်မြင်တဲ့ဘဝ၊စိတ်ချမ်းသာပြီးပျော်ရွှင်တဲ့ဘဝကိုတကယ်လိုချင်သူတွေအတွက်.....

CHALLENGE.......!!!

ချစ်ခင်လေးစားလျှက်........

စာရေးဆရာမင်းကျော်ဝင်း
လေးစားစွာ crdပေးပါတယ် ဆရာ shareခွင့်ပြုပါ။

Photos from Dr.nge's post 13/11/2022

⚡️⚡️Methylcobalamin ဆေးသည် သောက်ဆေးနှင့် ထိုးဆေးဆိုပီး နှစ်မျိုးရှိပါသည်။ ထိုးဆေးဆိုလျှင် တပတ်ကို တကြိမ် မှ သုံးကြိမ်အထိ ထိုးနိုင်ပါသည်။
⚡️⚡️အကယ်၍ မိမိသည် Chloramphenicol,တခြားပိုးသတ်ဆေးများ၊ colchicine, အစာအိမ်ဆေးများ၊ ဆီးချိုဆေးတွင် Metforminပါသောဆေးများသောက်သုံးနေပါက Methylcobalamin ဆေးနှင့် အပြန်အလှန်သက်ရောက်မှုရှိနေတတ်ပါသဖြင့် ဆရာဝန်ကို မေးမြန်ပီးမှ သောက်သုံးသင့်ပါသည်ရှင်
⚡️⚡️အထက်ပါ B-12ဆေး Methylcobalamijဆေးကိုလဲ Dr.Nge pageတွင် မှာယူနိုင်ပါပီရှင်
ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 24/10/2022

🗣️🗣️Fexofenadine ဆေးသည် ခန္ဓာကိုယ်အား ယားယံခြင်း အလာဂျီကို ဆန့်ကျငသော ဆေးတမျိုးဖြစ်ပါသည်။

🗣️🗣️Fexofenadineဆေးကို ယားယံခြင်း နှာခေါင်းပိတ်ခြင်း၊မျက်လုံးယောင်ယမ်းခြင်း၊ နှင်းခူ နှင့် အခြား အစားအစာ ဓာတ်မတည့်ခြင်းရှိသူတို့တွင်ပေးသောဆေးဖြစ်ပါသည်။

🗣️🗣️ထိုဆေးသည် ၁၂၀ မီလီဂရမ် နှင့် ၁၈၀ မီလီဂရမ်ဆိုပီး နှစ်မျိုးရှိပါသည်။

🗣️🗣️Fexofenadineသည် အခြားယားယံသက်သာစေသောဆေးများကဲ့သို့ အိပ်မငိုက်ခြင်းသည် Fexofenadineဆေး၏ အားသာချက်ဖြစ်ပါသည်။

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 13/09/2022

🫁🫁🫁ရာသီအကူးအပြောင်းတုပ်ကွေးကြောင့် ချောင်းဆိုးကျန်သူများ လည်ပင်းယားပီး ချောင်းဆိုးသူများ ချွဲကျပ်သူများတို့ဆောင်ရမည့် ရွေးချယ်စရာချောင်းဆိုးပျောက်ဆေးလေးများကိုတင်ပေးလိုက်ပါတယ်ရှင့်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းကြပါစေ
Dr.Nge

Photos from Dr.nge's post 12/09/2022

Hello

Covid -19 wave အမျိုးမျိုးကို တွန်းလှန်နိုင်ဖို့ ကိုယ်ခံအားကောင်းစေမယ့် Vitamin-Cအမျိုးမျိုးကို မှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

01/09/2022

"ဒူးနာခြင်း ဝေဒနာအကြောင်း"
🍀. ဒူးနာခြင်းသည် အသက်အရွယ် မရွေးဖြစ်ပွားနိုင်တဲ့ ဝေဒနာတစ်ခုပါ။

🍀. အသက်ကြီးသူများ,အမျိုးသမီးများတွင်ပို၍ အဖြစ်များတတ်ပါတယ်။

🎯. ဒူးနာနိုင်သော အဓိကအကြောင်းအရင်း အမျိုးမျိုးရှိပါတယ်

"ရောဂါလက္ခဏာတွေကတော့"
💠. နာကျင်ခြင်း
💠. ဒူးရောင်ခြင်း
💠. အကွေးအဆန့်တွင် ဒူးထဲမှအသံမြည်ခြင်း
💠. အကွေးအဆန့် ကောင်းစွာမရခြင်း
💠. ဒူးကိုစမ်းကြည့်လျှင် ပူနေခြင်း
💠. ဒူးကိုက်ခြင်း
💠. တံကောက်ခွက်နာခြင်း
💠. အထိုင်အထခက်ခဲခြင်း
💠. လှုပ်ရှားမှုများလျှင်နာခြင်း

"ဖြစ်နိုင်ချေရှိသူများ"
♦️. အသက်၅၀ကျော်အမျိုးသမီးများ
♦️. မျိုးရိုးရှိသူများ
♦️. ကုန်ထမ်းရသူများ
♦️. အချိန်ကြာရှည်စွာ မတ်တပ်ရပ်သူများ
♦️. ဒူးရိုးအဆစ်မကောင်းသူများ
♦️. အပြေးသမားများ
♦️. လမ်းလျှောက်များသူများ
♦️. ဒူးပေါ်အနင်းခံသူများ

"ဒူးနာခြင်းမှ သက်သာစေရန်"
✔️. ဒူးကိုအနားပေးပါ
✔️. ဒူးကြွက်သားများ သန်မာစေရန်
ဒူးလေ့ကျင့်ခန်းများ ပြုလုပ်ပါ
✔️. နာနေသောဒူးတဝိုက်ကို အဝတ်တစ်ထပ်ခံ၍
ရေခဲ(၁၅)မိနစ်ခန့် ကပ်ပေးပါ

💠. လှေကားအတက်အဆင်း မကြာခဏလုပ်ခြင်းရှောင်ပါ။
💠. တောင်တက်ခြင်း ရှောင်ပါ။
💠. ပြေးခြင်း,လမ်းမြန်မြန်လျှောက်ခြင်း ရှောင်ပါ။
💠. ဆောင့်ကြောင့်ကြာကြာထိုင်ခြင်း ရှောင်ပါ

"ဘယ်လို ကုသရမလဲ" လမ်း ပုံမှန် လျှောက်ပေးပါ သင့်တော်သော လေ့ကျင့်ခန်း ကို နေ့စဉ် ပြုလုပ်ပေးပါ ရောင်နေသော အဆစ်နေရာအား ရေအေးကပ်ပါ သင့်တော်ကောင်းမွန်သော ဆေးကို ပုံမှန်သောက်ပါ အရိုးအားကောင်းစေသော အစားအသောက်များအား ရွေးချယ်စားသောက်ပါ နေရောင်ခြည် ခံပါလိုအပ်ပါက ဆရာ၀န်နဲ့ ဆွေးနွေးတိုင်ပင် ပြသပါ

to Drလူချို

Photos from Dr.nge's post 28/08/2022

ဘေဘီလေးတို့ဥာဏ်ကောင်းအားရှိစေမည့် အားဆေးလေး မှာလို့ရပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

24/08/2022

🧠🧠ဦးနှောက်အာရုံကြောရောဂါရှိသူများအတွက် အဓိကထားဖော်စပ်ထားသော PEPTIBREN ဖြည့်စွက်အာဟာရမှုန့် ကို Dr.Nge pageတွင် မှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းကြပါစေ
Dr.Nge

Photos from Dr.nge's post 21/08/2022

🫁🫁🫁ချောင်းဆိုးချွဲကျပ်ရှိသူတို့အတွက် အသုံးဝင်သည့် ချွဲပျော်ဆေးလေးတွေမှာလို့ရပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 20/08/2022

Hello

ပန်းနာရင်ကျပ် အဆုတ်ပွ ရောဂါရှိသူတို့အတွက် ရှူဆေးလေးလိုအပ်ပါကမှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းကြပါစေရှင်
Dr.Nge

Photos from Dr.nge's post 14/08/2022

Hello
ကျောက်ကပ်သမားတို့အတွက်လိုအပ်သော ဆေးလေးတွေ မှာယူနိုင်ပါပီရှင်

📣📣📣လိုအပ်ပါက ဟလိုလိုက်ပါရှင့်

ကျန်းမာချမ်းသာကြပါစေ

ဘေးကင်းကြပါစေ

Dr.Nge

Photos from Dr.nge's post 07/08/2022

Fluconazole ခေါ် မှိုဆေး

🌿Fluconazole ဆေးသည် မှိုရောဂါ အမျိုးမျိုးကို သက်သာပျောက်ကင်းစေသော မှိုသတ်ဆေးတမျိုးဖြစ်ပါသည်။

🌿🌿Fluconazole ဆေးသည် လူတို့တွင် ကူးစက်ခံရပီး အန္တာရာယ်ပေးတတ်သော မှိုရောဂါများဖြစ်သည့် Candidiasis, blastomycosis, coccidocomycosis, cryptomycosis, histocytosis, dermatomyosis ,pityriasis versicolor စသည်ဖြင့် ရောဂါပိုးမွှား များကူးစက်ခံရပါက သောက်သုံးရသောဆေးဖြစ်ပါသည်။

🌿🌿Fluconazoleဆေးကို ရောဂါပြင်းထန်မှုအနည်းအများပေါ်မူတည်ပီး ဆေး ပမာဏကိုပေးရလေ့ရှိပါသည်။

🌿🌿ဘေးထွက်ဆိုးကျိုးအနေဖြင့် မူးမောခြင်း၊ရင်တုန်ခြင်း၊ပျို့အန်ခြင်းတို့စသည်တို့ဖြစ်ပေါ်တတ်သည့်အတွက် ထိုဆေးကို အစာစားပီးမှသာသောက်သုံးသင့်ပါသည်။

🌿🌿ပိုးသတ်ဆေးဖြစ်သည့်အတွက် ဆရာဝန်ညွှန်ကြားချက်ဖြင့်သာသောက်သုံးရသောဆေးဖြစ်ပါသည်။

🌿🌿Fluconazoleဆေးကို milligrams အမျိုးမျိုး Brand အမျိုးမျိုးကို Dr.Nge pageတွင်မှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းကြပါစေ
Dr.Nge

Photos from Dr.nge's post 01/08/2022

Pregabalin ခေါ် အာရုံကြောဆေး

🔔Pregabalinဆေး၏ Original ဆေးဖြစ်သော Lyrica ဆေးဖြစ်ပီး အတက်ရောဂါထိန်းရန်နှင့် စိတ်ငြိမ်ဆေးပဖြစ်အသုံးများပါသည်။

🔔ထို့ပြင် Pregabalin ဆေးကို
၁) အတက်ရောဂါ
၂) အာရုံကြောကိုက်ခဲနာ
၃)ကြွက်သားအရွတ်တောင့်တင်းရောဂါ
၄)Opoid ဘိန်းဖြတ်သူများ
၅) စိတ်ပူပင်ကြောင့်ကျရောဂါသမားတို့အတွက် သောက်သုံးရန် ညွှန်ကြားပါသည်။

🔔ထို့ပြင် ဆီးချိုရောဂါကြောင့်ဖြစ်သော အာရုံကြောထုံကျဉ်ခြင်းများအတွက်လဲသုံးပါသည်။

🔔Pregabalinဆေးသည် အာရုံကြောများ ထုံကျဉ်ခြင်းကို ဦးနှောက်သို့သတင်းပို့သော နည်းလမ်းကို ပြောင်းလဲခြင်းဖြင့်ထုံကျဉ်ခြင်းကို လျော့စေပါသည်။

🔔Pregabalinဆေးကို စစပေးလျှင် ပမာဏအနည်းငယ်ဖြင့်သာစပေးပီး လူနာခံနိုင်ရည်ရှိမှသာဆေးပမာဏ Doseကိုတဖြေးဖြေးတိုးပေးရပါသည်။

🔔အဘယ်ကြောင့်ဆိုသော် ထိုဆေးသည် ဘေးထွက်ဆိုးကျိုးအနေဖြင့် ခေါင်းမူးခြင်း တရိပ်ရိပ်ဖြစ်ခြင်း မူးမောခြင်းစသည့် ဘေးထွက်ဆိုးကျိုးများရှိသောကြောင့်ဖြစ်ပါသည်။

🔔မည်သို့ပင်ဆိုစေ Pregabalinဆေးကို စတင်သောက်သုံးမည်ဆိုပါက ဆရာဝန်ညွှန်ကြားမှသာသောက်သုံးသင့်ပါသည်။

🔔Pregalinဆေးကို Dr.Nge pageတွင်လဲ မှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 29/07/2022

Celecoxib ခေါ် အကိုက်အခဲပျောက်ဆေး

🌳🌳Celecoxib အကိုက်အခဲပျောက်ဆေးသည် COX-2 Inhibitors အမျိုးအစား ဖြစ်ပီး ခန္ဓာကိုယ်ရှိ ရောင်ရမ်းကိုက်ခဲမှုများကို သက်သာစေသော ဆေးတမျိုးဖြစ်ပါသည်။

🌳🌳Celecoxibဆေးသည် NSAID ဟုခေါ်သော Steroid မဟုတ်သောအကိုက်အခဲပျောက်ဆေးအရောင်ကျဆေးအုပ်စုတွင်ပါဝင်ပါသည်။

🌳🌳Celecoxibဆေးကို နာကျင်ကိုက်ခဲခြင်း၊ အဆစ်ရောင်ခြင်းလက္ခဏာများကို သက်သာစေခြင်း၊ အဆစ်များရောင်ရမ်းခြင်း၊ တောင့်တင်းခြင်းများကို သက်သာစေပါသည်။

🌳🌳 အကိုက်အခဲပျောက်ဆေးဖြစ်သည့်အတွက် အစာအိမ်ထိခိုက်နိုင်သည့်ဘေးထွက်ဆိုးကျိူးရှိသည့် အတွက် အစာစားပီးမှသာ သောက်သုံးသင့်ပါသည်။

🌳🌳Celecoxib ဆေးကို အစာအိမ်နာရှိသူတို့သောက်သုံးပါက အစာအိမ်ဆေးနှင့်တွဲဖက်သောက်သုံးသင့်ပါသည်။

🌳🌳Celecoxib အကိုက်အခဲပျောက်ဆေးကို Dr.Nge page တွင်လဲ မှာယူနိုင်ပါပီရှင့်

ကျန်းမာချမ်းသာပါစေ
ဘေးကင်းပါစေ
Dr.Nge

27/07/2022

🌿🌱🌱🌿🌿ယခုလို ခက်ခဲနေတဲ့ ကာလမှာ ဆေးစျေးနှုန်းတွေဘအဆမတန်တက်တာရယ် ဆေးမသောက်ရင် ရောဂါ မသက်သာမှာစိုးရိမ်နေရတဲ့ မိဘပြည်သူတို့အတွက် Dr.Nge page မှ ဆေးနှင့်ပက်သက်သော အောက်ပါအကူအညီလေးများဖြင့် ကူညီပါရစေရှင်

၁) သောက်လက်စ ဆေးနှင့် အလားတူ ဆေးသောက်၍ ရမရ အခမဲ့မေးမြန်းနိုင်ခြင်း

၂) ရောဂါ အခြေအနေကို မေးမြန်းခြင်း

၃) ဆေးရုံဆေးခန်းမသွားနိုင်သေးခင် ခံစားရသော ရောဂါလက္ခဏာသက်သာစေသော ဆေးများသောက်သုံးထားနှင့်ရန် အကြံဥာဏ်တောင်းခြင်း

၄) ကျန်းမာရေးနှင့်ပက်သက်၍ သိလိုသော စိတ်ထဲမတင်မကျဖြစါနေသောအရာများအားတိုင်ပင်ခြင်း

၅) ဆရာဝန်ပေးထားသော ဆေးမှာ ဘာဆေးတွေပေးထားလဲ ဘယ်လောက်ကြာ သောက်သုံးရနိုင်လဲ စသည် တို့ အခမဲ့ မေးမြန်းခြင်း

၆) မိမိစားသုံးလိုသောအစားအစာနှင့် မိမိရောဂါ တည့်မတည့် မေးမြန်းခြင်း

စသည်တို့အတွက် Dr.Nge page မှ ဒေါက်တာငယ်မှ ဖြေကြားပေးသွားပါမည်ရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
🍀🍀🍀

26/07/2022

🤔🤔အလားတူ .. ဆေးဝါးများဝယ်ယူခြင်း

ဒီနေ့ ကိုယ်သောက်သုံးနေကျ ဆေးဝါးများ ဝယ်ယူရန် အခက်အခဲဖြစ်လာရင် …
ရွေးချယ်ဖို့ နည်းလမ်းလေး ပါ ..

🤔🤔ဆေးဝါးများကို …
ကုန်အမှတ်တံဆိပ် (Brand name) နဲ့ မှတ်ထားကြပါတယ် ..
တစ်ချို့က အဂ်လိပ် လို မခေါ်တတ်တော့ …. ဆေးကဒ်ပြား အရောင် … ဘူးခွံမှာပါသော .. ပုံ များကို မိမိ အရပ်အခေါ်အဝေါ်နဲ့ မှတ်ထားပါတယ် …
ဘယ်လိုပဲ ဖြစ်ဖြစ် …. အလားတူ ဆေးဝါးကို အောက်ပါအချက်တွေနဲ့ တိုက်ပြီး ရှာဖွေနိုင်ပါတယ် ..

၁။ ကိုယ်သောက်နေကျ ဆေးဝါးရဲ့ ဘူးခွံ (သို့) ပုလင်း (သို့) ဆေးကဒ်ပြား ပေါ်မှာ … ဆေးရဲ့ မျိုးရင်းအမည် (Generic name) ကိုရှာပါ …
ဥပမာ။ ။ အဖျား, ခေါင်းကိုက်ရင် သုံးတဲ့ … ဆေးရဲ့ မျိုးရင်းအမည် (Generic name) က ပါရာစီတမော …. ဆိုရင် ဘယ်ကုန်အမှတ်တံဆိပ်(Brand) မဆို သုံးနိုင်ပါတယ်

၂။ ဆေးရဲ့ ပါဝင်မှု အလေးချိန် တူညီရပါမယ် (ဥပမာ။ ။ ပါရာစီတမော ၅၀၀ မီလီဂရမ်) ဆိုရင် အလားတူ ဆေးရဲ့ ပါဝင်မှုအလေးချိန် … ပါရာစီတမော ၅၀၀ မီလီဂရမ် တူရပါမယ်

၃။ ဆေးပြား (Tablet) ဖြစ်ဖြစ် , ဆေးတောင့် (capsule) ဖြစ်ဖြစ် ဆေးရဲ့ မျိုးရိုး အမည် (Generic) နဲ့ ဆေးပါဝင်မှု အလေးချိန် (မီလီဂရမ် / မိုက်ကရိုဂရမ်) တူရပါမယ် …

၄။ မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးငှာန (FDA) ရဲ့ ဆေးဝါး မှတ်ပုံတင်အမှတ် ရှိရပါမယ်

၅။ ဆေးဝါးရဲ့ သက်တမ်း (Expired date) ကို စစ်ပါ … သက်တမ်းကုန်ဆုံးသော ဆေးဝါးများ မသုံးသင့်ပါ

၆။ တစ်ချို့ဆေးတွေက … ဆေးတစ်မျိုးထက်ပါဝင် ပေါင်းစပ်ထားတာတွေရှိပါတယ်
အတတ်နိုင်ဆုံး … မိမိသောက်နေကျ ဆေးရဲ့ မျိုးရိုးအမည် (generic name) နဲ့ ဆေးပါဝင်မှု အလေးချိန် (မီလီဂရမ်, မိုက်ကရိုဂရမ် )…နဲ့ အခြားသော ဆေးများပေါင်းစပ်ပါဝင်မှု ကို အတိအကျ စစ်ဆေးပြီး … အလားတူ ဆေးကို ရွေးချယ်နိုင်ပါတယ် ….

🤔🤔🤔သတိပြုဖို့ က… ဆေးဝါးတစ်ချို့မှာ ဆေးနာမည် တစ်ခုနဲ့တစ်ခု … ဆေးဝါးကုန်အမှတ်တံဆိပ်အမည် (Brand name) အသံထွက် တူပြီး … ဆေးမှာပါဝင်တဲ့ မျိုးရင်း (Generic name) မတူရင် အန္တာရယ် ရှိပါတယ် ….

မိမိအနီးအနားရှိ … ဆေးဝါးကျွမ်းကျင်သူ , ဆရာဝန်, ကျန်းမာရေး ဝန်ထမ်းများ ကို မေးမြန်းပါ …

မျိုးသက် (ဆေးဝါးလုလင်)
Institute of pharmacy
19 July 2022

Photos from Dr.nge's post 25/07/2022

Trimetazidine ခေါ် နှလုံး ဆဲလ်များ ကာကွယ်ဆေး

🫀🫀Trimetazidine ခေါ်နှလုံးဆေးကို Angina pectoralsဟုခေါ်သော နှလုံးသွေးကြောကျဉ်းရောဂါရှိသူတို့တွင် နှလုံးဆဲလ်များ ကာကွယ်ရန် သွေး တွင် အောက်ဆီဂျင်လုံလောက်စွာရရှိစေရန်ပေးသောဆေးဖြစ်ပါသည်။

🫀🫀Trimetazidineဆေးသည် နှလုံးသို့သွေးလည်ပတ်မှုပိုကောင်းစေပီး အောက်ဆီဂျင်ပိုရစေပီး သွေးပေါင်ချိန်ရုတ်တရက်အပြောင်းအလဲကိုလဲကာကွယ်ပေးပါသည်။

🫀🫀ထို့ပြင်သွေးကြောကျဉ်း၍ ပိတ်၍ ရင်ဘတ်အောင့်တတ်သူများအတွက်လဲသက်သာစေပါသည်။

🫀🫀 ထို့ကြောင့် နှလုံးသွေးကြောကျဉ်းရောဂါရှိသူတို့အတွက် စွမ်းဆောင်ရည်ကောင်းသည့် Trimetazidine ဆေးကို မှန်မှန်သောက်ခြင်းဖြင့် နှလုံးရောဂါဖောက်ခြင်းကို ထိန်းထားရပါမည်။

🫀🫀Trimetazidine ဆေးကို လိုအပ်ပါကလဲ Dr.Nge pageတွင်မှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းကြပါစေ
Dr.Nge

Photos from Dr.nge's post 21/07/2022

Warfarin ခေါ် သွေးကျဲဆေး

🎈🎈Warfarin သွေးကျဲဆေးသည် သွေးခဲမဖြစ်စေရန် ကာကွယ်ပေးသောဆေးတမျိုးဖြစ်ပါသည်။

🎈🎈Warfarinဆေးကို ခြေထောက်သွေးပြန်ကြော များမပိတ်ရန်၊ အဆုတ်သွေးပြန်ကြောမပိတ်ရန် နှင့် နှလုံးရောဂါအခံများရှိသူတို့တွင် သွေးခဲလေးများ ဦးနှောက်အတွင်းသွားမပိတ်ရန် လေမဖြတ်စေရန်ပေးသောဆေးဖြစ်ပါသည်။

🎈🎈 Warfarinဆေးကို အဓိကအားဖြင့် နှလုံးတုန်ခြင်း(AF) ၊ VTE ဟူခေါ်သော သွေးပြန်ကြော သွေးခဲများ သွေးကြောထဲ ပြုတ်ထွက်တတ်ခြင်း၊ နှင့် နှလုံးအဆို့ရှင် လဲထားသူများတွင် အဓိကပေးပါသည်။

🎈🎈Warfarin ဆေးသည် အရေးကြီးသော ဆေးဖြစ်သဖြင့် PT INRဆိုသောသွေးကျဲဓာတ်ကို စစ်ဆေးပီးမှ လိုအပ်သလောက်သောပမာဏပဲပေးရသဖြင့် အညွှန်းမရှိပဲသောက်ပါက သွေးပြန်မစစ်ပဲသောက်သုံးပါက အန္တာရာယ်အလွန်များသောဆေးဖြစ်ပါသည်။

🎈🎈ထိုသို့အာနိသင်ရှိသော Warfarin ဆေးကို Milligrams အမျိုးမျိုး တံဆိပ်အမျိုးမျိုးဖြင့် Dr.Nge pageတွင်မှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

19/07/2022

🇲🇲 အာဇာနည်နေ့ ဒို့မမေ့ 🇲🇲

လွန်ခဲ့သော (၇၅) နှစ် - ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်နေ့ ၊နံနက် (၁၀) နာရီ (၃၇) မိနစ် အချိန်တွင် ကျဆုံးခဲ့ကြသော ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရိုသေလေးစားစွာဖြင့် ဂါရဝပြုအပ်ပါသည်...

#အာဇာနည်နေ့
#၁၉ဇူလိုင်မမေ့နိုင်

Photos from Dr.nge's post 13/07/2022

Pantoprazole နှင့် Domperidone အစာအိမ်ဆေးအရော

🐉🐉 အစာအိမ်ရောင်ခြင်း အစာအိမ်နာခြင်းတိူ့ဖြစ်ပေါ်ပါက ဝမ်းဗိုက်တွင် နာကျင်နေပီး အစာမစားနိုင်ဖြစ်တတ်ပါသည် ။

🐉🐉ထိုသို့ အစာအိမ်နာနေသည့် အချိန်တွင် အစာလဲမစားနိုင် အစာလဲမစားချင် ပဲပျို့နေပါက ပို၍ အစာအိမ်အနာ ဆိုးသွားတတ်ပါသည်။

🐉🐉ထိုကဲ့သို့ အချိန်မျိုးတွင် သောက်ရသည့် ဆေးအရေအတွက်များနေပါကလဲ ဝေဒနာခံစားနေရသည့်သူကို ပိုပင်ပန်းစေပါသည်။

🐉🐉ထိုကဲ့သို့ ခံစားနေရသော လူနာများဆိုလျှင် အစာအိမ်အနာလဲသက်သာ ပျို့အန်ခြင်းလဲ သက်သာအောင် အထက်ပါဆေးအရောမျိုးကို သောက်သုံးနိုင်ပါသည်။

🐉🐉ထိုဆေး၏ domperidoneသည် မျို့အန်ခြင်းသက်သာစေပီး Pmatoprazole သည် acidထွက်ခြင်းကိုသက်သာစေသည့်အတွက် အစာအိမ်အနာရှိသူတို့ အထူးသောက်သုံးသင့်သောဆေးဖြစ်ပါသည်။

🐉ထိုသို့သော အစာအိမ်ဆေးအရောအား လိုအပ်ပါက Dr.Nge pageတွင်မှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းကြပါစေ
Dr.Nge

12/07/2022

"သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တစ်ချက်ဗြာဋိဟာ” ဆိုတဲ့ စကားနှင့်အညီ ဒီ “ဝါဆိုလပြည့် ဓမ္မစင်္ကြာ အခါတော်နေ့”
ဆိုတာ

- ဂေါတမမြတ်စွာဟာ မယ်တော်မာယာရဲ့ ဝမ်းတွင်းမှာ
ပဋိသန္ဓေတည်တဲ့နေ့
- ဘုရားလောင်း သိဒ္ဓတ္ထမင်းသား တောထွက်တော်မူတဲ့နေ့
- ဓမ္မစင်္ကြာ တရားထူးကို ပထမဦးဆုံး ဟောကြားတော်
မူခဲ့တဲ့နေ့
- တန်ခိုးပြာဋိဟာကို ပြတော်မူခဲ့တဲ့ နေ့လည်းဖြစ်ပါတယ်။

နေ့ထူးနေ့မြတ်အချိန်အခါလေးမှာ ကောင်းမှုကုသိုလ်တွေ ယခင်ထက်ပို ပွားများနိုင်ပြီး လုပ်ကိုင်သမျှအောင်မြင်လို့ ရွှင်လန်းချမ်းမြေ့နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်🙏🙏

Photos from Dr.nge's post 09/07/2022

ဆေးခေါ် ဆီးဆေး

🐙🐙Aldactone ဆိုသော ဆေးသည် Spironolactone ဆိုသော Chemicalပါဝင်ပီး အထူးသဖြင့် နှလုံးပန်းလူနာများ။ ကျောက်ကပ်ရောဂါ ၊သွေးတိုးရောဂါရှိသော လူနာများတွင် အဓီကပေးပါသည်။

🐙🐙Aldactone ကိုသောက်သုံးခြင်းဖြင့် သွေးပေါင်ချိန်ကျစေသဖြင့် လေဖြတ်ခြင်းကိုကာကွယ်နိုင်ခြင်း၊ နှလုံးအတက်ရခြင်း၊ နှင့် ကျောက်ကပ်ရောဂါတို့က်ုသက်သာစေပါသည်။

🐙🐙တခါတရံ ခြေထောက်ဖောရောင်နေသော သွေးတိုးသမားတို့တွင် ပိုတက်ဆီယမ် ဓာတ်မနည်းစေပဲ ဆီးသွားစေပီး အရောင်ကျစေသောဆေးလဲဖြစ်ပါသည်။

🐙🐙သို့သော် Aldactone ဆေးသည် သွေးပေါင်ကျစေသောဆေးဖြစ်သဖြင့် ဆရာဝန်ညွှန်ကြားချက်မရှိပဲ သွေးပေါင်ကျစေရန်မသောက်သုံးသင့်ပါ။

🐙🐙ထို Aldactone ဆေးကို လိုအပ်ပါက Dr.Nge pageတွင်မှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 07/07/2022

ဝမ်းချုပ်ခြင်း

🚽🚽ဝမ်းချုပ်သည်ဟု ဘယ်လိုအခါတွင် ပြောနိုင်မည်နည်း။

🚽ပုံမှန် လူတဦးအတွက် ရက်သတ္တပတ် ၇ ရက်အတွင်း ကို ဝမ်း ၃ကြိမ်အောက်ပဲ သွားပါက ဝမ်းချုပ်နေသည် ဟုပြောနိုင်ပါမည်။

🚽🚽ဝမ်းချုပ်သည်ဆိုရာဝယ် ဝမ်းကမာခြောက်နေသဖြင့် ထိုလူကဝမ်းမသွားခိင်နေပြန်လျှင်လဲ ဝမ်းချုပ်သည်ဟု ဆိုရပါမည်။

🚽🚽ဝမ်းချုပ်ရခြင်းအကြောင်းများမှာ
1) အရည်ဓာတ်လုံလောက်စွာမသောက်သုံးခြင်း
2) စားသုံးသည့်အစားအစာများထဲတွင် အမျှင်ဓာတ်အပြည့်အဝမပါခြင်း
3) ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း
4) ဝမ်းသွားချိန်တွင် ချက်ချင်းမသွားပဲ အောင့်ထားတတ်ခြင်း
5) ဝမ်းပျော့ဆေး မကြာခဏစားသုံးခြင်း
6) တချို့သောဆေးဝါးများ
7) စိတ်ပူပန်မှုများ စိတ်ဖိစီးမှုများနေခြင်း
စသည့်အကြောင်းများကြောင့် ဝမ်းချုပ်နေတတ်ပါသည်။

🚽🚽မည်သို့ပင်ဖြစ်စေ လူတယောက်၏ ဝမ်းပုံမှန်မသွားခြင်းကလဲ ရေရှည်အနဲနှင့်အများ ကျန်းမာရေးကိုထိခိုက် စေတတ်သဖြင့် ဝမ်းပုံမှန်သွားအောင်ကျန်းမာရေးကောင်းအောင် ပြုမူနေထိုင်ရမည်များကို ဖော်ပြပေးပါမည်။

၁) မိမိခန္ဓာကိုယ်ထဲ စားသုံးမည့် အစားအစာများတွင် အမျှင်ဓာတ်ပေါများသည့်အစာများကို မပါမဖြစ်ထည့်သွင်းစားသုံးရပါမည်။

၂) ကိုယ်လက်လှုပ်ရှားမှုကိုလဲ တနေ့လျှင်အနဲဆုံး နာရီဝက် ချွေးစို့လာသည်အထိ လှုပ်ရှားသွားလာပေးရပါမည်။

၃) သောက်ရေကိုလဲ သတ်မှတ်ထားကာ တနေ့ ရေသန့် ၂လီတာအနဲဆုံးသောက်ပေးရပါမည်။

၄) ဝမ်းသွားချိန်ပုံမှန်ဖြစ်စေရန် အလုပ်အားသည့် အချိန်တခုသတ်မှတ်ကာ ဝမ်းသွားတတ်သည့်အကျင့်ကိုပြုလုပ်ပါ။

၅) ဝမ်းသွားချင်စိတ်ဖြစ်လာလျှင် အလုပ်မအားလို့ဆိုကာ အောင့်ထားခြင်းမှရှောင်ရှားပီး အမြန်သွားပေးသည့်အကျင့်ကိုပြန်လုပ်ပါ။

၆) ဝမ်းနုတ်ဆေးသောက်မှ ဝမ်းသွားသည်ဆိုသောစိတ်ကိုဖျောက်၍ ဝမ်းနုတ်ဆေးမသောက်ပဲ ဝမ်းသွားစေသည့် အသီးအရွက် များစားသုံးပေးခြင်းဖြင့်အစားထိုးပါ။

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 04/07/2022

Cefalexin ပိုးသတ်ဆေး

🚦🚦Cefalexin ပိုးသတ်ဆေးသည် ဘတ်တီးရီးယားပိုးကူးစက်ခံရသော အဆုတ်ပိုးဝင် နမိုးနီးယားဖြစ်ခြင်း၊ အရေပြားပိုးဝင်ခြင်း နှင့် ဆီးလမ်းကြောင်းပိုးဝင်ခြင်းတို့တွင်ပေးသော ပိုးသတ်ဆေးတမျိုးဖြသ်ပါသည်။

🚦🚦ထိုပိုးသတ်ဆေးသည် ကလေးလူငယ်မရွေးလိုအပ်သဖြင့် ပိုးသတ်ဆေးကို အရည် အခဲ နှင့် Capsule ပုံစံအမျိုးမျိုးကို ခန္ဓာကိုယ်အလေးချိန် နှင့်အလိုက် သောက်သုံးရသောဆေးအမျိုးအစား ဖြစ်ပါသည်။

🚦🚦ထို့ပြင် ပိုးသတ်ဆေးဖြစ်သည့် အတွက် အကြောင်းအမျိုးမျိုးကြောင့် စတင်သောက်သုံးသည်မှ ဆေးပတ်လည် courseပြည့်သည်အထိ မှန်မှန်သောက်သုံးရန်လိုပါသည်။

🚦🚦ဆေးမှန်မှန်မသောက်ပါက ဆေးယဉ်ပါးခြင်း ဖြစ်ပေါ်တတ်ပီး ထိုလူတွင် နောက်တကြိမ် ရောဂါလက္ခဏာ ခံစားရပါက ဆေးမတိုးပဲ ပိုပြင်းသော ပိုးသတ်ဆေးများ လိုအပ်သွားနိုင်ပါသာ်။

🚦🚦ဆေး၏ ဘေးထွက်ဆိုးကျိုးအနေဖြင့် အစားနည်းနည်းပျက်ခြင်း၊ ပျို့ခြင်း ၊အန်ခြင်း၊ ဝမ်းသွားခြင်းတိူ့ ရံဖန်ရံခါဖြစ်တတ်ပါသည်။

🚦🚦ပိုးသတ်ဆေးသောက်သုံးရပါက အချဉ်ဓာတ်များသောအသီးများ၊ အအေးဘူးများ၊ ချောကလက်နှင့် အစာကြေဆေးတို့နှင့် တွဲမသောက်သုံးသင့်ပါ။

🚦🚦ထို့ပြင် ကျောက်ကပ် ရောဂါရှိသူတို့တွင်လဲဆေးကို ချင့်ချိန်ပေးရပါမည်။

🚦🚦ထိုသို့ အာနိသင်ရှိသော Cefalexin ပိုးသတ်ဆေးကို လိုအပ်ပါက Dr.Nge pageတွင်မှာယူနိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းကြပါစေ
Dr.Nge

02/07/2022

#မာလကာသီးစားခြင်း၏_အကျိုးများ

🪀🪀ကျွန်တော်တို့နေ့စဉ် အသီးအနေဖြင့်ဖြစ်စေ အဆာပြေဖြစ်စေ မုန့်အနေဖြင့်ဖြစ်စေ စားသုံးဖြစ်သော မာလကာသီး၏ ကောင်းကျိုးများကို DrNge pageမှ လေ့လာမိသရွေ့ဖော်ပြပေးပါရစေရှင်

🪀🪀မာလကာသီးစားပေးပါက
၁) အူလမ်းကြောင်း အတွက် လိုအပ်သော အရာများ
ရရှိစေခြင်း

၂) မာလကာသီးတွင်ပါသော အမျှင်ဓာတ်ကြောင့် ဝမ်းမှန်
စေခြင်း၊ ဝမ်းမချုပ်ပဲ ဝမ်းမှန်စေသဖြင့် အူမကြီးကင်ဆာမှ
ကာကွယ်နိုင်ခြင်း

၃) ဗီတာမင်စီပါဝင်သည့်အတွက် ကိုယ်ခံအား
ကောင်းစေခြင်း

၄) ဓာတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်သည့်အတွက်
အိုမင်းရင့်ရော်ခြင်းမှကာကွယ်ပေးခြင်း

၅) မာလကာသီးသည် အမျှင်ဓာတ်ပါပီး ဗိုက်လဲ
ပြည့်စေသဖြင့် ဝိတ်ချချင်သူတို့လဲ စားပေးပါက
အထောက်အကူဖြစ်စေခြင်း

၆) အသီးဖြစ်ပီးအရမ်းမချိုသဖြင့် ဆီးချိုသမားတို့လဲ
စားသုံးနိုင်ခြင်း

၇)ကော်လဂျင်ဆိုသော အရေပြားအားဖြစ်စေသည့်
ဓာတ်ပါသည့်အတွက် အသားအရေလှပစေခြင်း

🪀🪀ထို့ကြောင့် ဗမာမာလကာသီးဖြစ်စေ ယိုးဒယားသီးဆိုသော အလုံးကြီးကြီး မာလကာသီးဖြစ်စေ ပျိုပျိုအိုအို ကြီးကြီးငယ်ငယ် တကြွပ်ကြွပ် ဖြင့် အဆာပြေအဖြစ် စိတ်ချလက်ချ စားသုံးနိုင်ပါသည်ဟု မျှဝေလိုက်ရပါသည်ရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းပါစေ
Dr.Nge

Photos from Dr.nge's post 01/07/2022

Ginkgo biloba သည် ယပ်တောင်ပုံစံ သစ်ရွက်များဖြင့်ဖွဲ့စည်းထားသည့် သစ်ပင်ဖြစ်သည်။ ထိုသစ်ပင်၏ သစ်ရွက်များဖြင့်ဖော်စပ်ထားသော Ginkgo ဆေးကို သောက်သုံးခြင်းဖြင့် မှတ်ဥာဏ်နှင့် ဆိုင်သောပြသနာများကို ဖြေရှင်းနိုင်ပါသည်။

Ginkgo ဆေးသည် လွန်ခဲ့သောနှစ်သန်းပေါင်း ၂၀၀ ကျော်က ပေါ်ထွန်းခဲ့ပါသည်။

🔰Ginkgo ဆေး ကိုသောက်သုံးခြင်းဖြင့်
1. မှတ်ဥာဏ်ကောင်းစေခြင်း
2. Anxiety ဟုခေါ်သော စိတ်ပူပန်မှုများလျော့ကျစေခြင်း
3. အမြင်အာရုံကြည်လင်စေခြင်း
4. Alzheimer’s disease တွင်သုံးပေးခြင်းဖြင့်
သတိမေ့သည့် လက္ခဏာများလျော့ကျနိုင်ခြင်း
5. အမျိုးသမီးတို့ရာသီလာစဉ်ကိုက်ခဲနာကျင်ခြင်း
များကိုလဲသက်သာစေခြင်း
6. လေဖြတ်နေသူများအတွက်လဲ ကောင်းကျိုးရနိုင်ခြင်း
7. မူးဝေရောဂါရှိသူများသက်သာစေခြင်း

🔰ထိုသို့ကောင်းကျိုးများရှိသည့် Ginkgo ပါဝင်သောဆေးဝါးများဖြစ်သည့်
1. Ginko-3000
2. Giloba
3. Nutriginko
အစရှိသည့် ဆေးဝါးများကို Dr.nge pageတွင် မှာယူနိုင်ပီဖြစ်ကြောင်းသတင်းကောင်း ပါးအပ်ပါသည်ရှင်🤗

ကျန်းမာချမ်းသာပါစေ
ဘေးကင်းပါစေ
Dr.nge

Photos from Dr.nge's post 29/06/2022

Netazox ဆေးခေါ် ပိုးသတ်ဆေး

🌸Netazox ပိုးသတ်ဆေးတွင် Netazoxnideဟုခေါ်သော chemicalပါဝင်ပီး ခန္ဓာကိုယ်အစာအိမ် အူလမ်းကြောင်းတွင်ကူးစက်ခံရသော ကပ်ပါးရောဂါပိုးများ ကုသရန်ပေးသောဆေးဖြစ်ပါသည်။

🌸Netazoxဆေးသည် ကပ်ပါးကောင်များဆက်လက်မပွါးများစေရန် ပြုလုပ်ပေးသဖြင့် ဝမ်းလျောနေခြင်းကို သက်သာစေပါသည်။

🌸ထို့ကြောင့် Netazox ဆေးသည် ကပ်ပါးကောင်ကြောင့်ဝမ်းလျောခြင်း နှင့် အခြားကပ်ပါးကူးစက်ခံရသော နေရာများ အတွက်သုံးသောဆေးဖြစ်ပါသည်။

🌸🌸Netazox သည် ပိုးသတ်ဆေးဖြစ်သည့် အတွက် ဆရာဝန်ပေးထားသော ရက် အတိုင်း အကြိမ်ရေ မှန်မှန်သောက်သုံးရမည့်ဆေးဖြစ်ပါသည်။

🌸🌸ထို့အတူ ကပ်ပါးပိုးကူးစက်ခံရခြင်းသည် အသက်အရွယ်မရွေးကူးစက်ခံရနိုင်သဖြင့် ဆေးdose နှင့် Miligrams မှာ အသက်အရွယ် နှင့် ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပီး ပုံစံ ၃မျိုး (ဆေးရည် ၊အခဲ) စသည်ဖြင့်ရှိပါသည်။

🌸Netazoxဆေးကို မှာယူလိုပါက Dr.Nge pageမှ တဆငိ့ ဆက်သွယ်နိုင်ပါပီရှင်

ကျန်းမာချမ်းသာကြပါစေ
ဘေးကင်းကြပါစေ
Dr.Nge

Photos from Dr.nge's post 24/06/2022

#အသည်းဆေးမျိုးစုံကိုလည်းDr.nge Page တွင် စျေးနှုန်းသက်သားစွာဖြင့် မှာယူရရှိနိုင်ပါပြီရှင့်🤗

🔰မိမိနှင့်သင့်တော်အဆင်ပြေရာကိုရွေးချယ်ဝယ်ယူနိုင်ဖို့အတွက် ​ဆေးတစ်မျိုးခြင်းစီ၏ ပါ၀င်ပစ္စည်း၊ ​သောက်သုံး
သင့်သူများ၊ အကျိုး​ကျေးဇူးများကိုလည်း ​ဖော်ပြ​ပေးလိုက်
ပါတယ် 🤗

🔰မှာယူချင်တယ်ဆိုရင်တော့ 👇👇👇

🈷messenger (chat box) ကဖြစ်စေ
🈷Viber ph : 09- 09964334888 ကိုဖြစ်စေ
ဆက်သွယ်မှာယူနိုင်ပါပြီရှင့်😍

#ကျေးဇူးတင်ပါတယ်ရှင့်
#ကျန်းမာပျော်ရွှင်ဘေးကင်းကြပါစေ

Want your practice to be the top-listed Clinic in Dagon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


No. 139/140, Khaing Thazin Street, 32 Extension Quarter, North Dagon Township, Yangon
Dagon
11421

Other Pharmaceuticals in Dagon (show all)
Avolac Myanmar Avolac Myanmar
No(32), Manawhari Road, Dagon Township, Yangon , Myanmar
Dagon, 11191

Pioneer Lactulose Brand In Myanmar "အရွယ်သုံးပါး အတွက် Avolac"

Ascozin-Myanmar Ascozin-Myanmar
Shwe Gone Taing Street
Dagon

Health care