Minokca Construction Chemicals-Min Myanmar Nwe International Co.,Ltd

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Minokca Construction Chemicals-Min Myanmar Nwe International Co.,Ltd, Shwe Hintha Street, Shwe Hintha Tower-B, 11th floor, Room-1105, Hlaing.

Minokca is building concrete chemicals products formulated by raw materials from Japan, South Korea, Europe and 20 years of experience in America and Asia in the field of building technology.

Photos from Minokca Construction Chemicals-Min Myanmar Nwe International Co.,Ltd's post 13/08/2024

လုပ်သက်(၁၀) နှစ်ပြည့် ကိုကျော်ဇင်လတ်နှင့် ကိုအောင်ကျော်ဇေယျအား ဂုဏ်ပြုလက်ဆောင်ပေးအပ်ပွဲ အခမ်းအနား အမှတ်တရ ဓါတ်ပုံများ


#လုပ်သက်(၁၀)နှစ်ပြည့်အခမ်းအနား

12/04/2024

Min Myanmar Nwe International Co.,Ltd မိသားစု သင်္ကြန်အကြို စုဝေးပွဲအခမ်းအနား

12/04/2024

သင်္ကြန်ရုံးပိတ်ရက်ကြော်ငြာခြင်း

Min Myanmar Nwe International Co.,Ltd အား မြန်မာ့ရိုးရာ အတာနှစ်ကူးသင်္ကြန်ရက် ၁၃.၄.၂၀၂၄ မှ ၂၁.၄.၂၀၂၄ အထိ ရုံးပိတ်ထားမည်ဖြစ်ပြီး ၂၂.၄.၂၀၂၄ နေ့တွင် ပုံမှန် ပြန်လည် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။

အတာနှစ်ကူးသင်္ကြန်အချိန်သမယတွင် မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် မိတ်ဟောင်းမိတ်သစ်များအားလုံး စိတ်​၏ချမ်းသာခြင်း၊ ကိုယ်​၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

Min Myanmar Nwe International Company Limited | 06/01/2024

We invite you to Minokca's Website to learn about your company's products............

https://minmyanmarnweinternational.com/ #

Min Myanmar Nwe International Company Limited | Min Myanmar Nwe Intl. Co. Ltd is a company registered in Myanmar. The company has produced MINOKCA’s Construction Chemical products since 1999. It is proud to mention that MINOKCA is the first construction chemical which was manufactured in Myanmar for commercial purpose. MINOKCA products are desi...

Photos from Minokca Construction Chemicals-Min Myanmar Nwe International Co.,Ltd's post 06/01/2024

Minokca ​၏ (24)နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား🎉

#5.1.2024
the date
#24 Years Anniversary "Minokca"

31/12/2023

နှစ်သစ်တွင် မိတ်ဟောင်းမိတ်သစ်များအားလုံး ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်

27/11/2023

၂၇.၁၁.၂၀၂၃ ရက်နေ့ (သမညဖလအခါတော်နေ့) တန်ဆောင်မုန်းလပြည့်နေ့တွင် မိတ်ဟောင်း၊ မိတ်သစ်များနှင့် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း Min Myanmar Nwe International Co.,Ltd မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။


chemical

01/08/2023

ဝါဆိုလပြည့်၊ ဓမ္မစကြာအခါတော်နေ့တွင် မိတ်ဟောင်းမိတ်သစ်များနှင့်တကွ မြန်မာပြည်သူပြည်သားအပေါင်း ရောဂါဘယများ ကင်းဝေးပြီး စိတ်​၏ချမ်းသာခြင်း၊ ကိုယ်​၏ကျန်းမာခြင်းများ ပြည့်စုံကြပါစေကြောင်း Min Myanmar Nwe International Co.,Ltd မှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။

#ဝါဆိုလပြည့်

03/05/2023

၂၀၂၃ခုနှစ် မေလ (၃)ရက်နေ့တွင် ကျရောက်သော ကဆုန်လပြည့်(ဗုဒ္ဓနေ့)တွင် ရပ်နီးရပ်ဝေးမှာရှိကြတယ့် မိတ်ဟောင်း၊မိတ်သစ်များနှင့်တကွ မြန်မာပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း Min Myanmar Nwe International Co.,Ltd မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

01/05/2023

၁.၅.၂၀၂၃ တွင်ကျရောက်သော"အပြည်ပြည်ဆိုင်ရာအလုပ် သမားနေ့"အား ဂုဏ်ပြုကြိုဆိုသောအားဖြင့် တစ်နိုင်ငံလုံးမှာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများ၊ အလုပ်သမားများအားလုံး အန္တရာယ်ကင်းဘေးရှင်းပြီး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာသော နေ့ရက်များ ပိုင်ဆိုင်နိုင်ကြပါစေလို့ Min Myanmar Nwe International Co.,Ltd မှ ဆုမွန်ကောင်းတောင်းလိုက်ပါသည်🙏



day
Day2023
#အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့

18/04/2023
Photos from Minokca Construction Chemicals-Min Myanmar Nwe International Co.,Ltd's post 18/04/2023

07/04/2023

04/04/2023

ဒီတပတ်မှာတော့ Non-structural crack အမျိုးအစားများထဲမှ

1. Long term drying shrinkage
2. Crazing
3. Corrosion of reinforcement
4. Alkali Aggregate reaction
5. Blister ဆိုတယ့် crack အကြောင်းလေး sharing လုပ်ပေးချင်ပါတယ်

1. Long term drying shrinkage
Long term drying shrinkage များသည် slab များနှင့် wallများတွင် ဖြစ်လေ့ရှိပါသည်။ အဆိုပါ shrinkage crack များ ဖြစ်ပေါ်ရခြင်း၏ အဓိကအကြောင်းအရင်းမှာ joint အရေအတွက် မလုံလောက်ခြင်းနှင့် joint ဖြတ်သည့်ပမာဏ မလုံလောက်ခြင်းတို့ကြောင့် ဖြစ်ပေါ်တက်ပါသည်။ ဒုတိယအကြောင်းအရင်းမှာ လုံလောက်သော concrete curing မလုပ်ဆောင်မှုကြောင့်ဖြစ်ပါသည်။ Concrete pavement များတွင်လည်း ဖြစ်ပေါ်တက်ပါသည်။ ရက်သတ္တပတ်မှ လပိုင်းအတွင်း ဖြစ်ပေါ်တက်ပါသည်။

ကုစားရန် နည်းစနစ်များ
ကွန်ကရိကို ဖျော်စပ်ရာတွင် ရေထည့်ဝင်မှုကို လျော့ချရန်လိုအပ်ပါသည်။ သင့်တော်သော admixture များ သုံး၍ ရေကိုလျှော့ချနိုင်ပါ သည်။ ထို့အပြင် ကွန်ကရိသည် သတ်မှတ်ထားသော strength ရရှိသည်အထိ curing ကို သေချာစွာ လုပ်ဆောင်သင့်ပါသည်။
---------------------------------------------------------------------------------------------
2. Crazing
ကွန်ကရိမျက်နှာပြင်ပေါ်တွင် ပင့်ကူသန် direction မျိုးစုံသို့ ဦးတည်နေသော အက်ကြောင်းများ ဖြစ်ပေါ်သည်။ ၎င်းတို့သည် Walls များနှင့် slab များ ၂ မျိုးစလုံးတွင် ဖြစ်ပေါ်တက်ပါသည်။ Wall တွင် ဖြစ်ပေါ်သော crazing များသည် impermeable form-work များကြောင့် ဖြစ်ပေါ်တက်ပါသည်။ ထို့အပြင် ဘိလပ်မြေ အသုံးများခြင်းနှင့် curing မမှန်ကန်ခြင်း၊ မပြည့်စုံခြင်းကြောင့်လည်း ဖြစ်တက်ပါသည်။

ကုစားရန် နည်းစနစ်များ
ဘိလပ်မြေ အလွန်အကျွံအသုံးပြုခြင်းကို ရှောင်သင့်ပါသည်။ ထို့အပြင် လက်ပွတ်တိုက်ခြင်းကို အလွန်အကျွံ မပြုလုပ်သင့်ပါ။ Vi****or အလွန်အကျွံထိုးလျှင်လည်း ဘိလပ်မြေအနှစ်များ မျက်နှာပြင်ပေါ်သို့ တက်လာသဖြင့် ရှောင်ကျဉ်သင့်ပါသည်။ လုံလောက်သော curing ကိုလည်း လုပ်ဆောင်သင့်ပါသည်။
--------------------------------------------------------------------------------------------
3. Corrosion of Reinforcement
ကွန်ကရိထဲတွင် ပါဝင်သော chloride ion များ၏ တိုက်ခိုက်မှုကြောင့်လည်းကောင်း၊ လေထဲတွင်ပါဝင်သော CO2 နှင့် ရေပေါင်း စပ်ပြီး Carbonic Acid ၏ တိုက်ခိုက်မှုကြောင့်လည်းကောင်း ကွန်ကရိတွင် အက်ကွဲကြောင်းများ ဖြစ်ပေါ်တက်ပါသည်။ ထိုအက်ကွဲကြောင်းများသည် Reinforcement များ ပါဝင်သော columns နှင့် beams များတွင် အများဆုံးတွေ့ရပါသည်။
ဘိလပ်မြေသည် ရေနှင့်ပေါင်းစပ်ပြီး Hydration ဖြစ်စဉ်တွင် ထိစပ်နေသော သံချောင်းများ၏ မျက်နှာပြင်ပေါ်တွင် Oxide အလွှာပါးလေးကို ဖြစ်ပေါ်စေပါသည်။ အဆိုပါ oxide အလွှာပါးလေးသည် သံချေးတက်ခြင်းကို ကာကွယ်မှုပြုပါသည်။ Chloride attack ဖြစ်စဉ်တွင် chloride ion များသည် အဆိုပါ oxide အလွှာပါးကို ဦးစွာပျက်စီးစေပြီး electrolytic deposition ဖြစ်စေပြီး သံချောင်းများကို ပျက်စီးစေပါသည်။ Carbonation ဖြစ်စဉ်တွင်လည်း ကွန်ကရိ အက်ကြောင်းများမှ တဆင့် သံချောင်းများ သံချေးတက်ခြင်းဖြစ်စဉ်ကို ဖြစ်ပေါ်စေပါသည်။ သံချေးတက်ခြင်း ဖြစ်စဉ်မှတဆင့်ကွန်ကရိများ အက်ကွဲကြောင်း ဖြစ်ပေါ်တက်ပါသည်။ သက်တမ်း(၂)နှစ်ခန့်နောက်ပိုင်းတွင် ဖြစ်ပေါ်တက်ပါသည်။

ကုစားရန် နည်းစနစ်များ
သံချောင်းအပေါ်တွင်ရှိသော ကွန်ကရိ၏အထူ (Cover) ကို သတ်မှတ်ချက်အတိုင်း ထားရှိရန်နှင့် ကွန်ကရိအရည်အသွေးကို မြှင့်တင်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်။
----------------------------------------------------------------------------------------------
4. Alkali
Aggregate Reaction : (Aggregate) ကျောက်များတွင် ( Amorphous Silica) ဓာတ်ပြုလွယ်သော ဆီလီကာများ ပါဝင်မှုကြောင့် ဖြစ်ပေါ်တက်ပါသည်။ ဘိလပ်မြေတွင် အယ်ကလီ(Alkali) ဓာတ်ပါဝင်မှုများခြင်းနှင့် ကွန်ကရိသည် အမြဲတန်း စိုစွတ်မှုများ များပြားခြင်းသည်လည်း Alkali Aggregate ဓာတ်ပြုမှုဖြစ်စဉ်ကို ပိုမိုလျင်မြန်စေပါသည်။ ကျောက်များတွင် ပါဝင်သော “ ဓာတ်ပြုမှု လွယ်သော ဆီလီကာ” များနှင့် ဘိလပ်မြေတွင်ပါဝင်သော “အယ်ကလီ”တို့၏ ဓာတ်ပြုဖြစ်စဉ်ကြောင့် ထုထည်ပိုမိုကြီးသော “အယ်ကလီ ဆီလီကိတ်” များ ဖြစ်ပေါ်မှုကြောင့် ကွန်ကရိ ကွဲအက်ခြင်း ဖြစ်ပေါ်တက်ပါသည်။ ဤဖြစ်စဉ်များသည် ကွန်ကရိ သက်တမ်း (၅)နှစ်ကျော်ခန့်တွင် ဖြစ်ပေါ်တက်ပါသည်။

ကုစားရန်နည်းစနစ်များ
(Active Silica) ဓာတ်ပြုလွယ်သော ဆီလီကာ ပါဝင်သော ကျောက်များ သုံးစွဲခြင်းမှ ရှောင်ကြဉ်ရန် လိုပါသည်။ ထို့အပြင် အယ်ကလီဓာတ် PH (13.5) ထက် နည်းသော ဘိလပ်မြေများကိုသာ အသုံးပြုသင့်ပါသည်။
---------------------------------------------------------------------------------------------
5. Blistering
ကွန်ကရိမျက်နှာပြင်မှ ပွရောင်းဖြစ်ပေါ်ခြင်းကို blistering ဖြစ်သည်ဟုခေါ်ပါသည်။ ကွန်ကရိထဲတွင်ရှိသော လေနှင့် ရေတို့သည် ကွန်ကရိမခဲမှီအချိန်တွင် မျက်နှာပြင် အပေါ်သို့ တက်လာပြီး ပိတ်မိနေတက်ပါသည်။ မျက်နှာပြင်ကို အချောကိုင်သောအခါ မျက်နှာပြင်တွင် ကနဦးတွင် မတွေ့ရပါ။ အပေါ်ယံမျက်နှာပြင် ပွတ်တိုက်ပျက်စီးသွားသောအခါ အပေါက်များ၊ ခွက်များ ပေါ်ထွက်လာတက်ပါသည်။

ဒီနေ့ sharing လုပ်ထားတယ့် အကြောင်းအရာများသည် လူကြီးမင်းတို့လုပ်ငန်းခွင်အတွက် အသုံးဝင်မယ်လို့ မျှော်လင့်ပါတယ်..
ကွန်ကရစ်နည်းပညာဆိုင်ရာ အကြံပြုချက်များ လိုအပ်ပါက Min Myanmar International Co., Ltd သို့ ဖုန်းဖြင့်သော်လည်းကောင်း ၊ Page Messenger ကို သော်လည်းကောင်း ဆက်သွယ်၍ အခမဲ့ ရယူနိုင်ပါသည်။

03/04/2023

#သင်္ကြန်ရုံးပိတ်ရက် ကြေငြာခြင်း

04/11/2022

မင်္ဂလာရှိသော တန်ဆောင်မုန်းလပြည့်နေ့အခါသမယတွင် မြန်မာပြည်သူ ပြည်သားများအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံပါစေကြောင်း Min Myanmar Nwe International Co.,Ltd မှ ဆုမွန်ကောင်း တောင်းအပ်ပါသည် 🙏🙏🙏

07/10/2022

သီတင်းကျွတ်အချိန်အခါသမယတွင် ပျော်ရွင်ချမ်းမြေ့ပါစေကြောင်း Min Myanmar Nwe International Co.,Ltd မှ တောင်းဆုမေတ္တာပို့သအပ်ပါသည်။

09/09/2022

ဒီတပတ်မှာတော့ Concrete လုပ်ငန်းတွေမှာ ဖြစ်လေ့ရှိတယ့် Non Structural Cracks များထဲမှ
1. Plastic settlement
2. Plastic shrinkage
3. Early thermal contraction အကြောင်းကို sharing လုပ်ချင်ပါတယ် ....

Plastic Settlement

ကွန်ကရိထဲတွင် ပါဝင်သော ရေများသည် ကွန်ကရိ final setting နှင့် strength development မဖြစ်ခင်အချိန်တွင် လျင်မြန်စွာ ထွက်သွားခြင်း (Bleeding) ကြောင့် ဖြစ်ပေါ်တက်ပါသည်။ ကွန်ကရိလောင်းရာတွင် အထူ 1 မီတာထက် ကျော်သောအခါတွင်လည်း ဖြစ်ပေါ်တက်ပါသည်။ ထို့အပြင် ကွန်ကရိထဲတွင် ပါဝင်သော ရေများ လျင်မြန်စွာ အငွေ့ပျံမှုကြောင့်လည်း ဖြစ်ပေါ်တက်ပါသည်။ ဤဖြစ်စဉ်မျိုးသည် ကွန်ကရိလောင်းပြီး 10 min မှ 3 hr အတွင်း ဖြစ်တက်ပါသည်။

ကုစားရန် နည်းစနစ်များ
Plastics settlement များ ဖြစ်ပေါ်ပါက ကွန်ကရိ၏ mix design ကို ပြန်လည်ပြုပြင်သင့်ပါသည်။ Coarse နှင့် Fine aggregate တို့၏ အချိုးအဆ၊ Cement Content နှင့် ရေပါဝင်မှုတို့အား စီစစ်သင့်ပါသည်။ ၎င်းတို့ကြောင့် bleeding ဖြစ်ပေါ်စေပါသည်။ ကွန်ကရိသည် initial setting မဝင်သေးပါက vibrating ပြန်လုပ်၍ ကုစားနိုင်ပါသည်။

Plastic Shrinkage
ကွန်ကရိထဲတွင် ပါဝင်သောရေများ လျင်မြန်စွာ အငွေ့ပျံသွားခြင်း (Rapid drying) ကြောင့် ဖြစ်ပေါ်တက်ပါသည်။ တခါတရံ သံချောင်းများ (reinforcement)သည် ပုံစံခွက် မျက်နှာပြင်နှင့် အလွန်နီးကပ်နေသောအခါတွင်လည်း ဖြစ်ပေါ်တက်ပါသည်။ ဤဖြစ်စဉ်မျိူးသည် ကွန်ကရိလောင်းပြီး 30 min မှ 6 hr အတွင်းဖြစ်ပေါ်တက်ပါသည်။ Pavement နှင့် slab များတွင်လည်း ဖြစ်ပေါ်တက်ပါသည်။

ကုစားရန်နည်းစနစ်များ
ရေငွေ့ပျံမှုလျော့နည်းစေရန် ကွန်ကရိ curing ကို စောလျင်စွာပြုလုပ်သင့်ပါသည်။ အသုံးပြုသော Coarse နှင့် Fine Aggregate များကိုလည်း saturated surface dried condition အခြေအနေရောက်မှသာ ကွန်ကရိဖျော်စပ်သင့်ပါသည်။ ရာသီဥတုပူပြင်းပြီး လေတိုက်နှုန်းမြင့်မားပါက (Wind break) လေတား အစီအမံများပြုလုပ်သင့်ပါသည်။ ကွန်ကရိတွင် ပါဝင်သော W/C ratio ကို 0.44 အောက်သို့ လျော့ချ နိုင်ပါက ကွန်ကရိထဲတွင်ရှိသော အပေါက်ငယ်လေးများ (pores)များ ချိတ်ဆက်မှု ပြတ်တောက်သွားပြီး ရေငွေ့ပျံနှုန်း လျော့ချနိုင်ပါသည်။

Early thermal Contraction
Cement hydration ဖြစ်စဉ်ကြောင့် အပူများ ထွက်ပေါ်လာပါသည်။ ထို့နောက် Raw Material များအတွင်းရှိ နဂို အပူနှင့် ပေါင်းစပ်ကာ မြင့်မားသော အပူချိန်များ ဖြစ်ပေါ်လာပါသည်။ အပူချိတ်အမြင့်တွင် ကွန်ကရိသည် ကျယ်ပွမှုဖြစ်စဉ် ဖြစ်ပေါ်ပြီး အချိန်ကြာသည်နှင့်အမျှ ကွန်ကရိအပူချိန် ပြန်လည်လျှော့ကျလာ၍ အပူချိန်အနိမ့်တွင် ကွန်ကရိသည် ပြန်၍ ကျုံ့သွားမည် ဖြစ်ပါသည်။ ပြန်ကျုံ့သည့် အချိန်တွင် ကွန်ကရိသည် Final setting ဖြစ်ပြီးချိန်ဖြစ်၍ အက်ကြောင်းများ ဖြစ်ပေါ်လာပါသည်။
ဤဖြစ်စဉ်များကို အခြေခံအားဖြင့် (၂)မျိုး ထပ်မံခွဲခြားထားပါသည်။ မျက်နှာပြင်ပေါ်တွင်မြင်ရနိုင်သော အက်ကြောင်းများ (External Cracks) နှင့် ကွန်ကရိအတွင်း ဖြစ်ပေါ်သော အက်ကြောင်းများ (Internal Crack) ဟူ၍ ရှိပါသည်။ External Cracks များကို ထူသော နံရံများနှင့် အတော်အတန်ထူသော slabများတွင် တွေ့ရပါသည်။ ဤဖြစ်စဉ်မျိုးသည် hydration process မြန်ခြင်းကြောင့် ဖြစ်ပေါ်တက်ပါသည်။ ထို့အပြင် ကွန်ကရိအေးခဲမှု ဖြစ်စဉ် လျင်မြန်ခြင်းကြောင့်လည်း ဖြစ်ပေါ်ပါသည်။
အတွင်းအက်ကြောင်းဖြစ်စဉ်ကို ထူသောကွန်ကရိကြမ်းခင်းများတွင် ဖြစ်ပေါ်တက်ပါသည်။ အချိန်အခါအားဖြင့် (၁)ရက်မှ (၂) ပါတ်၊ (၃)ပါတ် အတွင်း ဖြစ်ပေါ်တက်ပါသည်။

ကုစားရန် နည်းစနစ်များ
ဘိလပ်မြေ၏ Hydration ဖြစ်စဉ်နှုန်းများကို လျှော့ချခြင်း၊ အပူချိန်လျှော့ချနိုင်စေရန် cooling system များ တက်ဆင်ထားခြင်း၊ အပူကာပစ္စည်းများ တက်ဆင်ထားပြီး ကာကွယ်နိုင်ပါသည်။

ကွန်ကရစ်နည်းပညာဆိုင်ရာ အကြံပြုချက်များ လိုအပ်ပါက Min Myanmar Internationl Co., Ltd သို့ ဖုန်းဖြင့်သော်လည်းကောင်း ၊ Page Messenger သော်လည်းကောင်း ဆက်သွယ်၍ အခမဲ့ ရယူနိုင်ပါသည်။
နောက်တပတ်တွင်လည်း Crack အမျိုးအစားထဲမှ Non Structural Cracks အကြောင်းကို ဆက်လက် Sharing လုပ်ပေးပါမည် …….

Want your business to be the top-listed Equipment Service in Hlaing?
Click here to claim your Sponsored Listing.

Videos (show all)

နှစ်သစ်တွင် မိတ်ဟောင်းမိတ်သစ်များအားလုံး ကျန်းမာပျော်ရွှင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်#happynewyear2024#Mino...

Telephone

Address


Shwe Hintha Street, Shwe Hintha Tower-B, 11th Floor, Room-1105
Hlaing
11051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Other Hlaing equipment services (show all)
မီးစက် ဒေါက်တာ Generator Spare Parts မီးစက် ဒေါက်တာ Generator Spare Parts
ရွှေဟင်္သာတာဝါ၊ (၆)မိုင်ခွဲ၊ ကျောင်းကွေ့မှတ်တိုင်အနီး၊ ပြည်လမ်း
Hlaing, 11051

ယန္တရားများ၊ စက်ပစ္စည်းများ၊ မီးစက်များ၊ အင်ဂျင်များ၊ အော်တာနေတာများ၊ ကွန်ဒရိုးများ စသည်တို့၏ဆက်စပ် အပိုပစ္စည်းမျိုးစုံ Generator/Gensets Spare Parts Heavy Machinery Spare Parts E...

ATH Focus Engineering Service, Design & Construction Co.,Ltd ATH Focus Engineering Service, Design & Construction Co.,Ltd
Aung Maga Street
Hlaing

We can do the best house for you.

Thiha Nay La Thiha Nay La
No. (61), Yangon/Insein Road, (9)ward
Hlaing, 11051

Micro Bean Micro Bean
N0. 5, Ground Floor, Punnchan Kyaung Lane, 13 Ward
Hlaing, 11051

𝑳𝒆𝒕 𝒖𝒔 𝒈𝒓𝒐𝒘 𝒕𝒐𝒈𝒆𝒕𝒉𝒆𝒓

Sunrise Group Sunrise Group
No. 829A, Kyaung Kone Street 3, Than Lan
Hlaing

If you want to use solar system, you can call us! +959 423 158 808

Mingalar Phyo Battery Sales & Service Mingalar Phyo Battery Sales & Service
အမှတ်45, သီရိမြိုင်မှတ်တိုင်အနီး၊ဗဟိုလမ်း
Hlaing, 11051

Car Battery And Solar Inverter Sales & Service

Sandar tools Sandar tools
အခန်း(၆-၇)၊ အင်းစိန်လမ်းမ၊ ဆင်ရေတွင်းမှတ်တိုင်၊ ကမ္ဘောဇဘဏ်အနီး၊ လှိုင်မြို့နယ်၊ ရန်ကုန်
Hlaing, 11051

Investing in quality

KMS Electric Co.,Ltd KMS Electric Co.,Ltd
No (54), 16 Ward, U Aye (4) Street, Hlaing Township, Yangon
Hlaing

Ko hein vlog Ko hein vlog
236 Khaing Shwe Wah Street
Hlaing, 11051

car mechanic /car vlog /car knowledge sharing

ပြည့်စုံရာ ပြည့်စုံရာ
Insein Road
Hlaing

ဆောက်လုပ်ရေးလုပ်ငန်းသုံး POWER TOOLS အမျိုးမျိုးတို့ကို တနိုင်ငံလုံးအနှံ့ ဖြန့်ဖြူးရောင်းချပေး​ပါသည်။

HELI Myanmar HELI Myanmar
Bayint Naung Road
Hlaing, 11051

Forklift Sales, Service and Spare Parts

Mega Force Design and Engineering Mega Force Design and Engineering
Ywar Ma Kyaung Street
Hlaing, 11051

Design and Engineering