DREAM IDECO

Flooring Decoration Service Only - Experience Expert Excellence

02/11/2022

Hello

Send a message to learn more

29/10/2022

Page လေး အခြေနေမကောင်း

Send a message to learn more

29/10/2022

Crd Floor Deco

🏡 အိမ်မှာ ကိုရီးယားပါကေး ကြမ်းခင်းနဲ့
Floor Deco လုပ်တော့မယ်ဆိုရင် သိထားသင့်တာလေးတွေကို အိမ်ရှင်တို့အတွက် ပြောပြပေးလိုက်ရပါတယ်နော်🤗

💥 ကိုရီးယားပါကေး
Laminated Wooden Flooringရဲ့ အားသာချက်

🌳 Garmany နည်းပညာနဲ့
🌳 သဘာဝသစ်ကို အခြေခံ ထုတ်လုပ်ထားပြီး
🌳 Wear Layer က Aluminium Oxid Coating
ဖြစ်တာကြောင့် ကျွန်းပါကေးထက် မျက်နှာ​ပြင်ပေါ်
ထိခိုက်ဒါဏ် ပိုပြီးခံနိုင်ရည်ရှိ။

🌳 Polish ထပ်တင်စရာမလိုပဲ
ခင်းပြီးတာနဲ့ ချက်ချင်း နေလို့ရ။

🌳 မျက်နှာပြင် Coating ရဲ့ (Abrasion Rating System)
AC3 & AC4 Level ထိ အသွင်းများကြတာမို့
တော်သင့်ရုံ အစင်းရာ၊ အခြစ်ရာဒါဏ် ခံနိုင်။

🌳 သံချွန်လိုမျိုး သတ္ထု ပစ္စည်းတွေရဲ့
ဖိဆွဲတာမျိုးကလွှဲလို့ Furniture အတွန်းအရွှေ့
ဒဏ်ခံနိုင်။

🌳 တော်ရုံမီးအပူ ဒဏ်ခံနိုင်။🔥🔥
(eg. ခြင်ဆေးမီး၊🚬 စီးကရက်မီး၊
အိမ်သုံး Chemical အပျော့)

🌳 HDF (High Density Fiber Board System)ဖြစ်ရင်
ရေစိုခံနိုင်၊💧☔☔၊ Weight ဒဏ်ခံနိုင်။

🌳 Floating System နဲ့ Installation ပြုလုပ်နိုင်တဲ့
အားသာချက်ကြောင့် ရွှေ့ပြောင်း အသုံးပြုနိုင်။

🌳 သဘာဝ Hardwood အခြေခံထုတ်လုပ်ထားလို့
အပူအအေးမျှတပြီး ကျန်းမာရေးအတွက်
အထူးသင့်လျော်။

🌳 အိမ်ရှင်မများအတွက်..
သန့်ရှင်းရေးလုပ်ရ လွယ်ကူ။

🌳 ကလေးငယ်ရှိတဲ့အိမ်တွေမှာလည်း
မိမိတို့ရဲ့ရင်သွေး ရတနာလေးများကို
ကြမ်းခင်းပေါ်တွင် 100% စိတ်ချစွာထားနိုင်။

🙅🙅သတိထားရမဲ့ အချက်တွေက🙅🙅

> HDF (High Density Fiber Board System) မဟုတ်ပဲ
MDF (Medium Density Fiber Board) နဲ့ ထုတ်ထားတဲ့
Laminated Wooden Floor တွေဆို ရေရှည်အသုံးမခံ။

> Quality ပေါ်မူတည်ပြီး (8hr or 24hr) ရေစိုဒဏ်ခံနိုင်။
ရေစိမ်ထားသကဲ့ဖြစ်ခဲ့လျှင် Error တတ်နိုင်👎👎

> Laminated Wooden Flooring လိုမျိုး
Ready Made ကြမ်းခင်းတွေဟာ Floating System
Installation Method ဖြစ်လို့ ပါကေးပေါ်မှာ
သံ၊ စကူစွဲရိုက်မိလျှင်Error တက်နိုင်။

> ဒါကြောင့် အခန်းဖွဲ့ပြီးမှ ကိုရီးယားပါကေး ခင်းသင့်။ ။

ဒီလောက်သိထားရင်ကို
အတော်လေးအဆင်ပြေပြီမို့ အခြားသိချင်တာတွေရှိ

[email protected]
(09)972997660 / (09)950316137
Cb မှာ မေးလို့ရပါတယ်နော်🤗

ပြီးဆုံးအောင် ဖတ်ရှုပေးတဲ့အတွက်လည်း
ကျေးဇူးအများကြီးတင်ပါတယ်ရှင့်..😘

#ကိုရီးယားပါကေး

28/10/2022

Customer 🗣 "ကြွေပြားခင်းထားတဲ့အပေါ် မှာ
ပါကေးခင်းလို့ ရလား?"

Floor Deco🗣 ''ပါကေးအမျိုးအစားလေး
သိပါရစေနော်''

Cust, 🗣 ''SPC Vinyl တို့၊ ကိုရီးယား ပါကေးတို့
ခင်းရင်ကောင်းမလား...စဥ်းစားနေလို့ပါ''

Floor Deco🗣 ''ဟုတ်...တစ်ခါထဲ တန်းပြီး ခင်းလို့ရ/ မရ
အခြေနေပေါ်မူတည်တာပေါ့''

ခင်းထားတဲ့ ကြွေပြားအခင်းက...
- လေခိုတာတွေ မရှိဘူး
- ကွာနေတာတွေ မရှိဘူး
- Moisture တွေ မရှိဘူး
- Level လည်း ညီနေမယ်ဆိုရင်
ခင်းလို့ အရမ်းကောင်းပါတယ်

ဒါပေမယ့်
ခင်းထားတဲ့ ကြွေပြားက
- လေခိုတဲ့ နေရာတွေ ရှိနေမယ်
- အက်ကြောင်းတွေလိုက်နေ၊ ကွဲနေ၊ ကွာနေတယ်
- Moisture တွေရှိနေမယ်
- Level လည်း မညီဘူးဆို ပြန်လည်ပြုပြင်ပြီးမှ
ခင်းသင့်ပါတယ်

မပြုပြင်ပဲ ခင်းလိုက်မယ်ဆိုရင်တော့
ခင်းထားတဲ့ ပါကေးကြမ်းခင်းအပေါ်
Effect ဖြစ်စေပြီး ပျက်စီးဆုံးရှုံးရမှာပါ။

Photos from DREAM IDECO's post 28/10/2022

🏡အိမ်ထဲမှာ

🍀Indoor Plants လေးတွေကို

ဘယ်လိုအလှဆင်ထားကြလဲရှင့်🤗

ကိုယ့်စိတ်ကူးလေးနဲ့ အလှဆုံး ပုံဖော်၊ နေရာချ
အလှဆင်ထားတဲ့ ပုံလေးတွေရှိရင်

အခြားသူတွေလည်း
Inspiration လုပ်လို့ရအောင်
ပုံလေးတွေ မန့်ခဲ့ပေးနော်😍

26/10/2022

SPC Vinyl Floor ခင်းတော့မယ်ဆို
ဘာတွေသိထားဖို့ လိုမလဲ?

SPC = (Stone Polymer Composite) ကို
- Solid Polymer Core
- Rigid Core Vinyl Floor လို့လည်း သိကြပါတယ်

SPC Vinyl Floor ကို
- UV Coating,
- Wear layer,
- SPC Print layer,
- SPC Core Layer,
- Balanced Layer တွေနဲ့ တည်ဆောက်ထားပါတယ်။

SPC Vinyl Floor မှာ
ပထမ အရေးကြီးဆုံးက Rigid Core Layer ပါ။
ဘာတွေပါလဲဆိုတော့...

Stone
[သဘာဝ Lime Stone Powder
(Calcium Carbonate CaCO3)]

Polymer [PVC (Poly Vinyl Chloride)] &

[Stabilizers] တွေကို

Composite အဖြစ်ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။

ဒီ Rigid Core Layer နဲ့ပတ်သက်ပြီး
သတိထားသင့်တာက, အခုစျေးကွက်ထဲမှာ
လူပြောများနေတဲ့

- Virgin လား?
- Recycled လား? ဆိုတာပါပဲ...
ဘာကိုပြောနေကြတာလဲဆိုတော့
(PVC) ပါဝင်မှုကိုပြောနေကြတာပါ။

PVC ကို Virgin သုံးထားတဲ့ SPC Vinyl Floorတွေက
စျေးပိုကြီးပေမယ့် ကျန်းမာရေးအရဆို မဖြစ်မနေ
သုံးသင့်ပါတယ်။ အောက်ခံ Topping Level သာ
ကောင်းမယ်ဆို ဘာ Error မှ မဖြစ်သလောက်ပါပဲ။ ။

ဒါပေမယ့် PVC ကို Recycled သုံးထားတဲ့
SPC ကို ဝယ်ယူမိရင်တော့ စျေးသက်သာပေမယ့်

- (Formaldehyde) ထုတ်လွှင့်နိုင်တာကြောင့် အသက်ရှူ
လမ်းကြောင်းနဲ့ ဆိုင်တဲ့ ရောဂါတွေကိုဖြစ်စေသလို

- လျှာ (Click)တွေကျိုးတာ၊

- Coating တွေလန်တာ၊

- ခုံးတက်လာတာတွေ ဖြစ်လို့ စိတ်ညစ်နေကြရပါတယ်

နောက်...ဒုတိယ အရေးကြီးတာက Wear layer ပါ...

💥 Ware Layer & UV Coating

SPC Vinyl Floor ရဲ့ ပထမဆုံး/ မျက်မှာပြင်မှာ
ရှိနေတဲ့ အလွှာဖြစ်ပြီး နင်းလျှောက်ရာမှာ
အမြဲထိတွေ့ခံစားမိနေမယ့် အလွှာပဲဖြစ်ပါတယ်။

Wear Layer ရဲ့ Functions ကြောင့်
ခြစ်ရာတွေနဲ့ အစွန်းအထင်းဒါဏ်တွေကို ခံနိုင်ရည်ရှိပြီး သန့်ရှင်းရေးပြုလုပ်ရ လွယ်ကူစေပါတယ်။

Wear Layer ရဲ့ ပါဝင်မှုအထူအပါး (mm)
ပေါ်မူတည်ပြီး Quality နဲ့ စျေးနှုန်းတွေ ကွာပါသေးတယ်။

Wear Layer (0.1mm ကနေ 0.5mm)ထိ
အသုံးများကြပါတယ်။

(0.2mm) လောက်ဆို ''Light Residential Use''
အိမ်သုံးအတွက် သင့်တင့်ပါပြီ။

(0.3mm)ဆို ''Heavy Residential Use''
(Or) ''Light Commercial Use'' မို့လို့
အိမ်သုံးအတွက် လုံးဝ အကောင်းဆုံးပါပဲ။

(0.5mm)ကတော့
Heavy Commercial Use ပါ။

💥 Decor Film layer

Decor Film အလွှာပေါ်မူတည်ပြီး မိမိတို့
အိမ်ဂေဟာလေးအတွက် စိတ်ကြိုက် Design,
Color တွေကို ရွေးချယ်အသုံးပြုနိုင်ကြပါတယ်။

Color Rich ပေါ်မူတည်ပြီးလည်း
စျေးကွာပါတယ်

Color Rich ဆိုတာကို ဥပမာ ပြောရရင်
- Architecture တွေ Design ဆွဲတာနဲ့
- လက်သမားဆရာကြီးတွေ Design ဆွဲတာနဲ့
ကွာသလိုပါပဲ

Color Rich ကောင်းလေလေ
Reality သဘာဝ ပိုဆန်လေ ပိုလှလေပါ။

💥 SPC Layer
SPC Layer (or) Rigid Core Layer ကို
သဘာဝထုံးကျောက်မှုန့် ( Limestone Powder ),
PVC (Polyvinyl Chloride) & Stabilizers တွေနဲ့ ပေါင်းစပ်ပြီး ကျစ်လစ်သိပ်သည်းစွာပြုလုပ်ထားတဲ့အတွက်

- Weight ဒါဏ်နဲ့ ရေစိုဒါဏ်ကို ခံနိုင်ရည်ရှိပြီး
- SPC Vinyl Floor တစ်ချပ်ချင်းစီအတွက် ခိုင်ခံ့မှုနဲ့
တည်ငြိမ်မှုကို ရှိနေစေတာပဲ ဖြစ်ပါတယ်။
SPC Vinyl Floor ရဲ့ အသက်လို့ ပြောလို့ရပါတယ်
အပေါ်မှာလည်း Rigid Core Layer အကြောင်း
ပြောပြခဲ့သေးတာ မှတ်မိတယ်ဟုတ်။ ။

💥 Base Layer ကတော့
SPC Rigid Core Layer အောက်မှာ
(EVA Foam = Ethylene And Vinyl Acetate Foam)
လိုမျိုး အမျိုးအစားတစ်ခုနဲ့အတူ တစ်ပါထဲ
တွဲပါပြီးသား ရှိသလို၊

Extra Foam (ဖော့) အမျိုးအစားတစ်ခုခုကို
ရွေးချယ်အသုံးပြုနိုင်ပါတယ်။

EVA Foam (ဖော့) ရဲ့ Functions က
ပုံမှန်ထက် အသံလုံ/ ခြေသံကို လုံစေပါတယ်။

PE Foam, IXPE Foam, EVA Foam ဆိုပြီး
စျေးကွက်ထဲမှာ တွေ့ရပြီး Quality နဲ့
စျေးနှုန်းလေးတွေလည်း ကွာခြားပါသေးတယ်။

(100Sqft = တစ်ကျင်း) Rate မှာ
8,000mmk To 15,000 လောက်ထိ စျေးနှုန်းကွာပါတယ်။ ။

လက်နဲ့ ဖိကြည့်ရုံနဲ့
ဘယ်ဟာပိုကောင်းလည်း သိနိုင်ပါတယ်

💥ပြောရမယ်ဆို တစ်လွှာချင်းစီရဲ့
Qualityတွေကို လိုက်လျှော့လိုက်မယ်ဆို

စျေးတွေသက်သာသွားမှာ ဖြစ်ပေမယ့်
💥အဲ့လိုမျိုး SPC Vinyl Floor တွေကို
သုံးမိခဲ့တဲ့ အိမ်ရှင်တွေ (၂)ခါကုန် ဖြစ်နေရလို့
စိတ်ညစ်နေကြရပါတယ်💥

SPC Vinyl Floor ရဲ့
အားသာချက်တွေနဲ့ အားနည်းချက်တွေက ဘာတွေလဲ???

အားသာချက်??? -

▲ Waterproof - SPC Vinyl ကြမ်းခင်းကို
ရွေးချယ်ခြင်းရဲ့ အကြီးမားဆုံးအကျိုးကျေးဇူးတွေထဲက တစ်ခုက Rigid Core Layer ရဲ့ Quality အရ ရေစိမ်ခံနိုင်ခြင်း ဖြစ်ပါတယ်။

အစိုဓာတ်နဲ့ အပူချိန် အတက်အကျရှိတဲ့ နေရာမှာ
ပိုပြီး Stable ဖြစ်ပြီး သစ်သားကြမ်းခင်းတွေနဲ့ မတူပဲ SPC Vinyl Floor ကို

- အဝတ်လျှော်ခန်း၊
- ရေချိုးခန်း၊
- မြေအောက်ခန်းနဲ့
- မီးဖိုချောင်တို့လို နေရာတွေမှာပါ
ခင်းကျင်းအသုံးပြုနိုင်ပါတယ်။

▲ Easy Installation
- SPC Vinyl Floor ရဲ့
Locking & Click System ကြောင့်

- ခင်းကျင်းရလွယ်ကူပြီး
- အချိန်ကုန်သက်သာစေတဲ့အပြင်
- ရွှေ့ပြောင်းအသုံးပြုနိုင်ပါသေးတယ်။

▲ Affordability
- ပုံမှန် ကော်ဇော်ကြမ်းခင်းတွေထက် ဈေးပိုကြီးပေမယ့် SPC Vinyl ကြမ်းခင်းဟာ သစ်မာ၊ ကျောက်နဲ့ အခြားကြွေပြားအမျိုးအစား ဇိမ်ခံကြမ်းခင်းအမျိုးအစားတွေထက် စျေးသက်သာပါတယ်။

▲ Styles
- SPC Vinyl Floor ကို သဘာဝသစ်မာသား Design, ကြွေပြားနဲ့ အခြားကြမ်းခင်းအမျိုးအစားတွေလိုပဲ Design, Pattern, Colors မျိုးစုံရရှိနိုင်မို့လို့

မိမိတို့ အိမ်ဂေဟာလေးကို
စိတ်ကြိုက်ပြင်ဆင်လိုသူတွေအတွက်
အတော်လေးကိုမှ အဆင်ပြေစေပါတယ်။

▲ Comfort
- SPC Vinyl Floor Thickness ပိုထူပြီး
EVA Foam ပါပြီးသား ကြမ်းခင်းပေါ် နင်းလျှောက်ရာမှာ ခြေဖဝါးအတွက် သက်တောင့်သက်သာရှိစေတဲ့အပြင် အသံလုံစေပါတယ်။

ကလေးငယ်တွေလည်း
ပြေးလွှားဆော့ကစားနိုင်ပါသေးတယ်။

▲ Easy Maintenance
- SPC Vinyl Floor ဟာ အလွန်တာရှည်ခံနိုင်ပြီး
မယုံနိုင်လောက်အောင်ကို သိပ်သည်းမှုရှိတာကြောင့်

- Weight ဒါဏ်တွေ၊
- အစွန်းအထင်းတွေ၊
- ခြစ်ရာ/ အစင်းရာ ဒါဏ်တွေကို ခံနိုင်ရည်ရှိပါတယ်

SPC Vinyl Floor ဟာ ထိန်းသိမ်းရလွယ်ကူတဲ့
အပြင် သန့်ရှင်းရေး လုပ်ရလွယ်ကူတာကြောင့်

အလုပ်များတဲ့
- အိမ်ထောင်စု/
- မိသားစုတွေ/
- အမျိုးတွေအတွက်
အကောင်းဆုံးရွေးချယ်မှုပဲ ဖြစ်ပါတယ်။

SPC Vinyl Floor ရဲ့ အားနည်းချက်တွေက???

▼ Less Wood Sense
- သဘာဝသစ်မာသားတွေကို
မြတ်နိုးတတ်သူတွေအတွက်တော့

သစ်သားကြမ်းခင်းပေါ်မှာ နင်းရတဲ့
Feelingမျိုး ရရှိနိုင်မှု နည်းနေမှာပါ။

▼ Not as eco-friendly as other flooring type
- SPC Vinyl Floor ကို အခြား Vinyl Floor တွေထက် Chemical ပါဝင်မှုတွေကို လျှော့ချထားပေမယ့်

သဘာဝရဲ့ လက်ဆောင်တွေဖြစ်တဲ့ သစ်သားပါကေး၊
ဝါးပါကေးတို့လောက်တော့ Eco-Friendly ဖြစ်မှာ
မဟုတ်ပါဘူး။ ။

နိဂုံးချုပ်ပြောရရင်,
SPC Vinyl Floor (Rigid Core) ဟာ
သဘာဝ ကျောက်သားရဲ့ ခိုင်ခံ့မှုနဲ့ သစ်သားရဲ့ အလှ Pattern Design တွေကို ပေါင်းစပ်ပေးထားပြီး အမျိုးတို့ အိမ်ဂေဟာလေးရဲ့ ကြမ်းခင်းအလှဆင်ခြင်းအတွက် အဖြေတစ်ခုလည်း ဖြစ်ပါတယ်။

Quality ကောင်းတဲ့ SPC Vinyl Floor ဟာ
မာကြောအကြမ်းခံပြီး အသံလုံမယ်၊ 100% Waterproof ဖြစ်မယ်၊ လူသားတွေကို အန္တရာယ်ဖြစ်စေမယ့် ဓာတုဓာတ်တွေ မထုတ်လွှတ်ပဲနဲ့ Eco-Friendly ဖြစ်စေပါတယ်။ ။

ဒါပေမယ့် အိမ်ရှင်တို့ သတိပြုရမှာက

စျေးကွက်ထဲမှာ

- Qualityတွေ၊
- စျေးနှုန်းတွေ၊
- အမျိုးအစားတွေ
မျိုးစုံရနိုင်တာကြောင့်

ကိုယ်အသုံးပြုရတဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီဖို့ပါ။

ဥပမာ-
- နှစ်အနည်းငယ်ပဲ သုံးမှာလား?
- နှစ်ရှည်အသုံးပြုမှာလား?
- အပြောင်းအရွှေ့လုပ်အုံးမှာလား?

ချိန်ဆရမှာပါ...

25/10/2022

Hello

24/10/2022

ဘေးဘယာတွေ ကင်းဝေးပါစေ🙏🙏🙏

Photos from DREAM IDECO's post 24/10/2022

🌳 ဝါး၏မူလအရောင်ကို ပေါ်လွှင်စေပြီး
ပိုးမစား၊မှိုမတက်စေသည့်နည်းလမ်း

💥 ပထမအဆင့်

🌳 ရှေးဦးစွာ ဝါးကို ဝါး/ကြွေ ချေးချွတ်ဆေးဖြင့်
သန့်ရှင်းပေးရပါမည်။

💥 ဒုတိယအဆင့်

🌳 အမိုနီယမ်ကို ဟင်းစားဇွန်းတစ်ဝက်ခန့်
မီးအပူပေးပါ။ နနွင်းရောင်မှ အစိမ်းရောင်ပြောင်း
သွားပါမည်။ ထို့နောက် အစိမ်းရောင်ပြောင်းသွား
သော အမိုနီယမ်ကို လက်ဖြင့် ချေမွပါ။

🌳 ပြီးနောက် ဆိုဒီယမ်ဒိုင်ခရိုမိတ်နှင့် မဂ္ဂနီရှားကို
အနည်းငယ်ယူ၍ ချေမွထားသော အမိုနီယမ်နှင့်
ရောပါ။

🌳 အရောင်အတွက် နီကယ်ဖရိုက်ဆော့ကိုလည်း
အသင့်အတင့် ထည့်ပေးရပါမည်။

အားလုံးရောပြီးလျှင် ရေကို ပျော်ပျော်လေးထည့်ဖျော်ပါ။

🌳 ဤအရာသည် ဒုတိယအဆင့် ဝါးကို
သုတ်လိမ်းဖို့အတွက် ဆေးရည် ရပါပြီ။

မှတ်ချက်။ ။
ဆိုဒီယမ်ဒိုင်ခရိုမိတ် နှင့် မဂ္ဂနီရှား ထည့်ရခြင်းမှာ
ဝါးကို ပိုးမစား/မိုမတက်ဖို့အတွက် ဖြစ်ပါသည်။
ဤဆေးသည် ဝါး၏မူလအရောင်ကို ရရှိစေပြီး
ပိုးစားခြင်း၊မှိုတက်ခြင်း ကိုလည်း ကာကွယ်စေပါသည်။

ဗဟုသုတ ရစေရန် စာသားနှင့် ဓါတ်ပုံများ ဝေမျှပေးပါသော မူရင်း ပိုင်ရှင် Ko Zaw Myo Win
ဇော်မျိုးဝင်း(ကောလင်း) အား ရိုသေလေးစားစွာဖြင့် Credit ပေးအပ်ပါသည်။

24/10/2022

🌳“မြင်းတွေသောက်တဲ့ စမ်းချောင်းက
ရေကိုသောက်ပါ။ မြင်းက ဘယ်တော့မှ
ရေဆိုးကို မသောက်ပါဘူး။

🌳 ကြောင်အိပ်တဲ့ နေရာမှာ သင့်အိပ်ယာကို ခင်းပါ။

🌳 ပိုးကောင် တကောင် ထိခံထားရတဲ့ သစ်သီးကိုစားပါ။

🌳 အင်းဆက် နားတဲ့ မှိုကို ရဲရဲ နှုတ်ပါ။

🌳 ပွေး တွင်းတူးတဲ့ နေရာမှာ သစ်ပင်စိုက်ပါ။

🌳 မြွေက သူ့ကိုယ်သူ နွေးစေဖို့ ခွေတဲ့ နေရာမှာ
သင့်ရဲ့ အိမ်ကို ဆောက်ပါ။

🌳 ငှက်တွေ အပူရှောင် ပုန်းခိုတဲ့ နေရာမှာ
သင့်ရဲ့ ရေပန်းကို တူးပါ။

🌳 ငှက်တွေနဲ့ တချိန်တည်း အိပ်ယာဝင် အိပ်ယာထပါ —
သင် နေ့အားလုံးမှာ ရွှေဝါရောင် ကောက်နှံစေ့တွေ
ရိတ်သိမ်း ရပါလိမ့်မယ်။

🌳 ဟင်းရွက်စိမ်းတွေ ပိုစားပါ — သစ်တောထဲက
သတ္တဝါတွေလို သင့်မှာ သန်မာတဲ့ ခြေထောက်တွေနဲ့
ခုခံအားရှိတဲ့ နှလုံးတခုကို ပိုင်ဆိုင်လာပါလိမ့်မယ်။

🌳 မကြာမကြာ ရေကူးပါ — ရေထဲက ငါးလို
သင် မြေပြင်ပေါ်မှာ ခံစားရပါ လိမ့်မယ်။

🌳 ဖြစ်နိုင်သမျှ မကြာမကြာ ကောင်းကင်ကို ကြည့်ပါ။
သင့်အတွေးတွေ ပေါ့ပါး ကြည်လင် လာပါလိမ့်မယ်။

🌳 ကောင်းစွာ ဆိတ်ဆိတ်နေပါ၊
စကားမပြောမိသလောက် နေပါ —
ထိုအခါ ဆိတ်ငြိမ်ခြင်းဟာ သင့်နှလုံးအိမ်ထဲ
ဝင်လာပြီး သင့်စိတ်ဟာ တည်ငြိမ်ပြီး
သာယာ အေးချမ်းမှုတွေ ပြည့်လာပါမယ်။

အင်္ဂလိပ်မူရင်း 👇🏻
“Drink water from the spring where horses drink. The horse will never drink bad water. Lay your bed where the cat sleeps. Eat the fruit that has been touched by a worm. Boldly pick the mushroom on which the insects sit. Plant the tree where the mole digs. Build your house where the snake sits to warm itself. Dig your fountain where the birds hide from heat. Go to sleep and wake up at the same time with the birds – you will reap all of the days golden grains. Eat more green – you will have strong legs and a resistant heart, like the beings of the forest. Swim often and you will feel on earth like the fish in the water. Look at the sky as often as possible and your thoughts will become light and clear. Be quiet a lot, speak little – and silence will come in your heart, and your spirit will be calm and full of peace.”

Saint Seraphim of Sarov

Credit To🙏🙏🙏
https://www.facebook.com/100001132846822/posts/4327916680589384/

Photos from DREAM IDECO's post 23/10/2022

ဝါးးး

ငယ်စဥ်ကတည်းကနေ အိုမင်းရင့်ရော်သွားတဲ့အထိ
လူတွေကို အကျိုးပြုနေတဲ့ ဝါးးးး

အသုံးအဆောင် ပရိဘောကတွေ ဖန်တီးသုံးစွဲမလား?
​Decoration တွေ လုပ်မလား?
ကြမ်းခင်းအတွက်ပဲ သုံးမလား?

စွယ်စုံရ

ဝါးးးဝါးးးဝါးးး

23/10/2022

လူနေထိုင်ခွင့် ( BCC) ဆိုတာဘာလဲ???
တချို့နေရာတွေမှာ အဆောက်အဦးဆောက်လို့
ပြီးနေပေမယ့် ဘာကြောင့် လူနေထိုင်လို့ မရတာလဲ?

BCC ဆိုတာ တိုက်ခန်းရောင်း/ဝယ် လုပ်ရင်
ဘယ်လိုအရေးပါသလဲ....ဆိုတာတွေကို
အိမ်ပိုင်ရှင်တွေအနေနဲ့ မဖြစ်မနေ သိထားရအောင် ပြန်လည် မျှဝေပေးလိုက်ပါတယ်....

တိုက်ခန်း ဝယ်သူတွေ
မေးကြတဲ့ ဘီစီစီ(BCC) စာရွက်ဆိုတာ

BCC စာရွက်ဆိုတာ ( Building Complete Certificate ) (လူနေထိုင်ခွင့်ပုံစံ) စာရွက်လို့ ခေါ်ဆိုပါတယ်။ အဲဒီစာရွက်လေးဟာ တိုက်ခန်းတစ်ခန်း ဝယ်ယူမယ်ဆိုရင် အခြားလိုအပ်တဲ့ စာရွက်စာတန်းတွေနဲ့ အတူ BCC စာရွက်လေး ကိုလဲ အဓိကထား စစ်ဆေးသင့်ပါတယ်။

အဆိုပါ စာရွက်ဟာ လူနေထိုင်ခွင့်ပုံစံ စာရွက်ဖြစ်သလို နောင်တစ်ချိန် အရောင်းအဝယ် ပြန်လုပ်တဲ့ အခါမှာ
မရှိမဖြစ် လိုအပ်တဲ့ စာရွက်ဖြစ်ပြီး အဲ့ဒီစာရွက်မရှိပါက ရောင်းဝယ်ဖို့ ကြန့်ကြာနိုင်ပါတယ်။

ဘီစီစီစာရွက်ပါလို့ ပေးလိုက်ပေမယ့် ဘီစီစီစာရွက်လို့
မသိကြတဲ့သူတွေ ရှိနေပါတယ်။

ဘီစီစီကို လူနေထိုင်ခွင့်လို့ လူတွေအလွယ်ပြောပါတယ် ။
အဲဒီတော့ စာရွက်ပေါ်မှာ လူနေထိုင်ခွင့်လို့ ပါနေလိမ့်မယ်လို့ မသိစိတ်က ထင်မှတ်ထားကြပါတယ် ။

ဒါပေမယ့် ဘီစီစီ(BCC) ဆိုတာ
Building Completion Certificate ဆိုတဲ့
စည်ပင်ဌာနကထုတ်ပေးတဲ့ အဆောက်အဦး
ပြီးစီးကြောင်း အသိအမှတ်ပြုလွှာလို့ ခေါ်တာပါ။

ဘီစီစီကို လူနေခွင့်လို့ အကြမ်းဖျဉ်းသိထားတဲ့သူတွေက ဘီစီစီစာရွက်လည်း မြင်ရော “လူနေခွင့်ပြုသည်” ဆိုတဲ့ စာသားမပါလို့ဆိုပြီး ရောင်းတဲ့သူ နဲ့ အကျိူးဆောင်တွေကို မယုံမကြည် မေးတတ်ပြန်ပါတယ် ။

ဘီစီစီစာရွက်ဆိုတာ ဘယ်လိုပုံစံမျိူးလဲဆိုတာ
ဝယ်သူက သေချာမသိတာပါ..။

ဒါကြောင့် ဒီလိုပြဿနာတွေ ဖြစ်နေတဲ့အပေါ်
(BCC) ဆိုတာကို နားလည်နိုင်စေဖို့ ဖြစ်ပါတယ်။

ပိုပြီးဆိုးတာက ဘုတ်စိမ်းလို့အလွယ်ခေါ်တဲ့
ဆောက်လုပ်ခွင့်ပြုမိန့်စာရွက်မှာ လူနေထိုင်ရန်ဆိုတဲ့ စာလုံးကို စာလုံးဆိုဒ်အကြီးနဲ့ မင်ခုံနဲ့ထုပြီး ပါတာကို
ဘီစီစီ ထင်တာပါပဲ..။

လူနေထိုင်ရန် ဆိုတဲ့ စာလုံးအကြီးပါတဲ့စာရွက်က
ဘုတ်စိမ်းစာရွက် (ဆောက်လုပ်ခွင့်ပြုတဲ့အမိန့်)
စာရွက်ပါ..။

လူနေရန် ဆိုတဲ့ စာလုံးကြီးကြီးပါနေတာက
လုပ်ငန်းလုပ်ရန်( Commercial) နဲ့
ခွဲခြားသတ်မှတ်ထားတာပါ..။

ဘုတ်စိမ်းစာရွက်ပါရင် တရားဝင်ဆောက်လုပ်
ခွင့်ပြုမိန့်နဲ့ ဆောက်တဲ့တိုက်လို့ ဆိုလိုတာပါ..။
တရားဝင်ဆောက်လုပ်ခွင့်ပြုမိန့်နဲ့ ဆောက်လုပ်
ပြီးစီးသွားရင် ဘီစီစီလျောက်ရပါတယ်..။

ဘုတ်စိမ်းစာရွက်တစ်ခုနဲ့တင် မပြီးပါဘူး..။
ဘီစီစီစာရွက်ပါ ပါရပါတယ်..။
ဘုတ်စိမ်းစာရွက်(လူနေထိုင်ရန် လို့ ပါတဲ့စာရွက်)ပဲ
ပြနိုင်ရင် တရားဝင် ဆောက်လုပ်ခွင့်နဲ့တော့
ဆောက်ထားတယ်..။

အဆောက်အဦးပြီးစီးကြောင်း စာရွက်
ဘီစီစီတော့ တင်မထားဘူးလို့ အဓိပ်ပါယ်ရပါတယ်..။

လှိုင်နဲ့ သင်္ဃန်းကျွန်း တစ်ချို့ရပ်ကွက်တွေမှာ
ဘုတ်စိမ်း(ဆောက်လုပ်ခွင့်ပြုမိန့်) စာရွက်ပါပြီး..ဘီစီစီစာရွက်မပါတဲ့တိုက်တွေ တစ်ရပ်ကွက်လုံးနီးပါးရှိတဲ့ ရပ်ကွက်တစ်ချို့ရှိပါတယ်..။

ဘီစီစီစာရွက်ပါရင်တော့ ဘုတ်စိမ်းစာရွက်တောင်းဖို့
မလိုပါဘူး..။ ဘီစီစီဆိုတာ ဘုတ်စိမ်းစာရွက်ရှိမှ ရတဲ့စာရွက်မို့ပါ..။

တောင်ဥက္ကလာရဲ့ ၉၀%သောတိုက်ခန်းတွေက
ဘီစီစီပါကြပါတယ်..။

တောင်ဥက္ကလာမှာ တရားမဝင်ဆောက်တဲ့တိုက်..၊
ဘီစီစီမတင်တဲ့တိုက် မရှိသလောက် နည်းပါတယ်..။(တစ်လုံးတစ်လေ ရှိပါတယ်..။)

၂၀၁၅ နှစ်လယ်ရှေ့ပိုင်းလောက်ထိ တိုက်တွေက မီတာကျပြီး အားလုံးပြီးစီးပြီဆိုမှ ဘီစီစီစာရွက် သပ်သပ်တင်ရတာပါ..။

၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်ဆောက်တဲ့ ကန်ထရိုက် အသေးစားတွေက ဆောက်လုပ်ခွင့်(ဘုတ်စိမ်း)တင်ပြီးဆောက်ရင် မီတာလည်း အလွယ်တကူရတာမို့ ဘီစီစီတင်တာကို အလုပ်ပိုလို့ မြင်ပါတယ်..။

ဒါမို့လို့ ၃ထပ်ခွဲတိုက်နဲ့ ၅ထပ်တိုက်တွေမှာ ဘီစီစီစာရွက်မေးလိုက်ရင် လူနေထိုင်ရန်လို့ မင်အပြာနဲ့တုံးထုထားတဲ့ ဘုတ်စိမ်းစာရွက်ကို ဘီစီစီလို့ ပြောပြီးပေးတတ်တာလည်း ကြုံဖူးကြားဖူးပါတယ်..။

(မသိ နားမလည်တာကို အခွင့်အရေးယူတာပါ..။ ဒါမို့လို့ မိမိက သိအောင်လုပ်ထားရပါမယ်..။)

၂၀၁၅ နှစ်လယ်လောက်နောက်ပိုင်းကစလို့ အဆောက်အဦးတွေမှာ ဘီစီစီရမှ မီတာချပေးတော့ပါတယ်..။

အဲဒီတော့မှ ဘယ်ကန်ထရိုက်တိုက်မဆို ဘီစီစီဆိုတာ
မတင်မနေရ ဖြစ်ကုန်တာပါ..။

ဘီစီစီကျပြီးတာနဲ့ ဘီစီစီစာရွက်နဲ့
မီတာ ထပ်လျောက်ရပါတယ်..။

၂၀၁၅ နှစ်လယ်နောက်ပိုင်းကတိုက်တွေတိုင်းမှာ
ဘီစီစီစာရွက် ပါပါတယ်..။

(ဘီစီစီကျပြီးမှ မီတာချပေးတော့တာမို့ ဘီစီစီမတင်ပဲ
ချိုချိုချောင်ချောင်ဆောက်တဲ့ ၃ထပ်ခွဲနဲ့ ၅ထပ်တိုက်တွေ ဈေးမကိုက်တော့လို့ မဆောက်ကြတော့ပါဘူး..။)

တစ်ခါတုံးက တောင်ဥက္ကလာမှာ တိုက်ခန်းတစ်ခန်းရောင်းပေးတော့ စာရွက်စာတမ်းကို ရှေ့နေနဲ့စစ်တာကို အဆောက်အဦးပြီးစီးကြောင်း စာရွက်ပဲပါပြီး လူနေထိုင်ရန် ဆိုတဲ့ လူနေထိုင်ခွင့် ဘီစီစီစာရွက် လိုသေးတယ်လို့ အပြောခံရပါတယ်..။

(စိတ်ကို တော်တော်လေသွားပါတယ်..။)

ဘီစီစီရဲ့ အင်္ဂလိပ်အရှည်က Building Completion Certificate မို့ ဘီစီစီဆိုတာ လူနေထိုင်ခွင့်လို့ ရေးထားတဲ့ စာရွက်မဟုတ်ပဲ အဆောက်အဦးပြီးစီးကြောင်း အသိအမှတ်ပြုစာရွက်သာဖြစ်ကြောင် အထောက်အထားခိုင်လုံစွာနဲ့ ရှင်းပြမှ လက်ခံသွားပါတော့တယ်..။

တိုက်ခန်းမဝယ်ခင် ဒီစာကို အသေးစိပ်
နားလည်အောင်ဖတ်သွားရင် အကျိူးရှိပါတယ်..။

မိမိနဲ့ တိုက်ခန်းဝယ်ဖို့ရှိနေတဲ့ မိတ်ဆွေတွေကို ဒီပို့စ်ကို အဆင့်ဆင့်လက်ဆင့်ကမ်းပေးခြင်းဖြင့် မိမိစိတ်ထဲမှ
မရှင်းလင်းမှုကို ချေဖျက်နိုင်ကြပါစေ..။

Want your business to be the top-listed Home Improvement Business in Insein?
Click here to claim your Sponsored Listing.

Telephone

Address


No. (47/B4), Mingalar Chan Won, Mingalar Street, Phawkan Qtr, Insein Tsp, Yangon
Insein
11012

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Other Insein home improvement businesses (show all)
AEEG-Air conditioner Sale and Service AEEG-Air conditioner Sale and Service
No(210), Thirimingalar Street
Insein, 11011

Servicing and Repairing of Air conditioner, Refrigerator and washing machine

ပြည့်စုံ-ဂျပန်ဖန်ထည်၊ကြွေထည် အမျိုးမျိုးရောင်းဝယ်ရေး ပြည့်စုံ-ဂျပန်ဖန်ထည်၊ကြွေထည် အမျိုးမျိုးရောင်းဝယ်ရေး
ကြေးတိုင်စု (၁) လမ်းသွယ်၊ပိန္နဲကုန်းရပ်ကွက်၊အင်းစိန်မြို့နယ်။
Insein

SOE's Garden SOE's Garden
4th Street
Insein

We plant every day for you.

Kae plant Shop Kae plant Shop
3rd Street (south)
Insein, 11011

ပန်းပင်များချစ်မြတ်နိုးသူ

Shwe Pyae San Trading Shwe Pyae San Trading
Building (4/6), Room (1-2), Corner Of Shwe Wah Street And Patamyar Street, Sawbwar GyiGone
Insein, 11011

Established since 1998, We guarantee you the best products and the best services for your dream home

Lin Thu Ya Lin Thu Ya
Shwe War Road
Insein, 11011

သဘာ၀အလှဆင်ကျောက်( Home Decoration)

ဖေ့သမီးJapan domestic online shop ဖေ့သမီးJapan domestic online shop
No(29) Pitout Road
Insein

အမြတ်နည်းနည်းနဲ့များများရောင်းမယ်

U Thein Aung & Sons U Thein Aung & Sons
အဆောင်(၁၀)အခန်း(1/2)ပတ္တမြား(၅)လမ်း
Insein

Shop(2)

S.B.G Myanmar S.B.G Myanmar
Bulid (30), Room(9), , Padamyar 6th, Street, Sawbwargyigone
Insein

Korea Parquet,SPC Floorings,Ceilings Materials, Doors,Tiles, Modern Bathroom & Shower Accessories and Building Materials

TilesCity TilesCity
Padamyar(6th), Street. Sawbwargyigone
Insein, 11011

I create a new fb page,Pleae everyone follow me.