Finding Your True Spiritual Power

စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်တဲ့အကြောင်းအရာတွေကိုလာပြီးမျှဝေးပေးမှာပါ

18/08/2023

လေ့လာချက်တွေအရ introvert သမားတွေက extrovert သမားတွေထက် အတွေးတွေပိုတွေးဖြစ်တယ်
တကယ်လို့ကိုယ်က introvert တစ်ယောက်လို့ထင်တယ်ဆိုရင်
ဒီအရာတွေ လိုက်လုပ်ကြည့်ပါ
၁။ကိုယ့်ရဲ့အတွေးတိုင်းကိုချရေးပါ
ရေးချတာများလာတဲ့အခါမှာ
စာရေးဆရာတစ်ယောက်ပါဖြစ်လာလိမ့်မယ်🤣
၂။ဗဟုသုတရစေမယ့်စာပေတွေဖတ်ရှုလေ့လာပါ
audio book,အောင်မြင်သူစကား၊
စကားပြောကြွယ်တဲ့သူစကားတွေကိုနားထောင်ပါ
ဘာလို့နားထောင်ရလဲဆိုတော့ introvert
တော်တော်များများက စကားမကြွယ်ကြဘူး။
ဒီအရာတွေ လိုက်နားထောင်မှသာလျှင်
စကားပြောစွမ်းရည် ပိုကောင်းလာမှာပါ💪
၃။Meditationထိုင်ပါ (ဒါမှမဟုတ်)ခဏခဏ
လေဝင်လေထွက်မှတ်ပါ၊ပျံ့နေစိတ်ကို
ပြန်စုတဲ့သဘောပါ၊
၄။တစ်နေ့ကိုအနည်းဆုံးလေ့ကျင့်ခန်းတစ်မျိုးလောက်
လုပ်ပေးပါ၊ကိုယ်လက်လှုပ်ရှားမှုတွေ
လုပ်ပေးတဲ့အတွက် ဦးနှောက်ကျန်းမာရေး
အားကောင်းစေတယ်👍
၅။အသီးအရွက်အသားငါးမျှတအောင်စားပေးပါ
ဒီအရာက introvert သမားတွေအတွက်
အရမ်းကိုအရေးပါတယ်👌
၆။အလုပ်နေရာမှာဆိုရင် စျေးရောင်းတဲ့အလုပ်က
introvert တွေနဲ့မကိုက်ဘူး ဘာလိုလဲဆိုတော့
လူအများနဲ့ဆက်ဆံရတဲ့အတွက် အဆင်မပြေဘူး
လူနည်းနည်းလုပ်ရတဲ့အလုပ်ကို ရွေးလုပ်ပါ
နောက်တစ်ခုက ကိုယ်ကအတွေးသမားဆိုတော့
တီထွင်ရတဲ့အလုပ်ကို ရွေးချယ်နိုင်ပါတယ်
အားအားမနေပါနဲ့ အလုပ်တစ်ခုခုဝင်လုပ်ပါ
ဒါမှအတွေးတွေတွေးဖို့ အချိန်နည်းမှာပါ🤘
၇။ကိုယ့်ဖြစ်ချင်တာမှန်သမျှ မိဘကိုမကြာခဏ
ဖွင့်ပြောပေးပါ၊အစတော့ သူတို့က
ကိုယ့်ကိုယ်ဘယ်နားလည်ပေါ့မလဲ
ကြာလာရင် နားလည်ပေးမှာပါ
ပြောပြတဲ့အခါမှာ မိဘတွေ
စိတ်ကြည်တဲ့အချိန်မှာ ရွေးပြောပေးပါ
မိဘတိုင်းက သူတို့သားသမီးတွေရဲ့
ဆန္ဒကို ဖြည်ဆည်းချင်ကြတာဘဲ
သူငယ်ချင်းတွေနဲ့မကြာခဏတွေ့ပေးပါ
နေရာသစ်တွေကိုလည်းမကြာခဏသွားလည်ပါ
လူတွေနဲ့ ဆက်ဆံတတ်အောင်အကျင့်လုပ်ပါ
တခါထဲပြောင်းလဲဖို့ မတိုက်တွန်းပါဘူး
တစ်နေ့ကို နည်းနည်းစီကျင့်ယူပါ🤠
🍊🍊ဒီစာလေးက ကိုယ့်အတွက် အကျိုးရှိမယ်လိုထင်ပါတယ် Athi
ကိုယ်တိုင်ကလည်း introvert သမားတစ်ယောက်ပါ
introvertသမားဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သိမ်မငယ်ပါနဲ့၊
ကမ္ဘာကျော်အောင်မြင်နေတဲ့သူအများစုကလည်း introvert သမားဖြစ်နေတာကိုတွေ့ရပါတယ်၊ကိုယ်နဲ့ကိုက်ညီတဲ့အလုပ်ကိုရှာပါ၊သူများအားကျစေမယ့်အလုပ်ကိုရွေးမလုပ်ပါနဲ့၊လူမှန်နေရာမှန်​ဖြစ်တဲ့အခါ သူများချီးကြူးတာခံရတယ်၊လူမှန်နေရာမှန်မဖြစ်တဲ့အခါ သူများကဲ့ရဲ့တာခံရမယ်၊ဖြစ်နိုင်တာက ဘဝကို အရှုံးမပေးဘဲနဲ့ ဆက်လက်သွားနေဖို့လိုတယ်

youtube:
https://youtube.com/?si=l5MtGgQEvJWVWXVx
please subscribe

ချစ်ခြင်းများစွာဖြင့် ...❤❤

24/07/2023

ကိုယ့်ရဲ့နေ့ရက်တိုင်းကို Gratitude ဆိုတဲ့ ကျေးဇူးတင်တဲ့စိတ်နဲ့စပါ
ကိုယ့်ရဲ့မိဘနှစ်ပါးကို ကျေးဇူးတင်လိုက်ပါ
ကိုယ်အခု ပိုင်ဆိုင်နေတဲ့အရာမှန်သမျှကို ကျေးဇူးတင်လိုက်ပါ
အတိတ်ကနေ ပစ္စုပ္ပုန်းအထိ ကိုယ့်ကို ကူညီဖူးတဲ့သူကို ကျေးဇူးတင်ပါ

ကျေးဇူးတင်လိုက်ခြင်းအားဖြင့် ကိုယ့်ရဲစိတ် အရင်ကထက် ပိုပြီးငြိမ်းချမ်းစေတယ်







#စိတ်ကျန်းမာရေး

23/07/2023

Negative အတွေးက ဘာလို့ ခေါင်းထဲမှာ ခဏခဏ ပေါ်နေတာလဲ
ငါတို့သတိမထားမိတဲ့အချိန်မှာ မသိစိတ်က negative အကြောင်းတွေကို ထပ်ခါထပ်ခါပြန်တွေးမိနေတဲ့အတွက်ကြောင်း....negative အတွေးပြန်ပေါ်နေတာပါ

23/07/2023

မနက်ပိုင်းတိုင်းမှာ (Positive thought
)ဆိုတဲ့ ကောင်းတဲ့အတွေးတစ်ခုကို တွေးပေးလိုက်ခြင်းဟာ မင်းရဲ့ တစ်နေ့တာလုံးကို ကောင်းတဲ့အရာတွေ ဖြစ်လာဖို့ ဆွဲဆောင်လာနိုင်တယ်၊ပြောင်းလဲနိုင်တယ်.....💧







#စိတ်ကျန်းမာရေး

22/07/2023
20/07/2023

အလုပ်နဲ့အိပ်ဆက်ခြင်းရဲ့ဆက်စပ်ပုံ
အခုခေတ်မှာ လူတော်တော်များများက Social Media ပေါ်မှာပဲအချိန်တွေဖြုန်းကျ၊အလုပ်တွေလုပ်ကျ တာများတဲ့အတွက် အိပ်ချိန်ကို (7-8)နာရီပြည့်အောင်အိပ်စက်တဲ့သူတွေကရှားတယ်
အားကိုသုံးပြီးအလုပ်လုပ်ရတဲ့သူတွေက သိပ်ပြီးစိုးရိမ်စရာမရှိပေမယ့်
ဦနှောက်ကိုသုံးပြီးအလုပ်ကိုလုပ်ရတဲ့သူတွေကတော့ သိပ်ကိုစိုးရိမ်ရပါတယ်
ဘာလို့လဲဆိုတော့ အိပ်ချိန်မမှန်တဲ့အခါ အလုပ်ထဲအာရုံစိုက်လို့မရ၊စိတ်ဖိးစီးမှုဖြစ်လွယ်လာတာ၊အရင်ကထက်စိတ်တိုတာ၊အစားအများကြီးစားမိတာ၊screenကိုသုံးပြီးအလုပ်လုပ်တဲ့အခါ ခေါင်းတွေအရမ်းကိုက်လာတာ၊idea ကောင်းတွေမထွက်တာ
တကယ်လို့ကိုယ်က ဦနှောက်ကိုသုံးပြီးအလုပ်လုပ်ရတဲ့သူတစ်ယောက်ဆိုရင် အိပ်ချိန်ကိုပုံမှန်အိပ်ဖြစ်အောင်အိပ်ပါ၊အိပ်ချိန်ပုံမှန်အိပ်တဲ့အခါအလုပ်ထဲမှာ အရင်ကထက် မထက်မှတ်ထားတဲ့ ရလဒ်ကောင်းတွေရလားလိမ့်မယ်

19/07/2023

.....မိဘ (4)မျိုး

🍄Permissive parent
(ကလေးအပေါ်ထိန်းချုပ်မှုနည်းသောမိဘမျိုး)
🍄Neglectful parent
(ကလေးအပေါ်အလေးမထားသောမိဘမျိုး)
🍄Authoritarian parent
(ကလေးအပေါ်အမိန့်ပေးတတ်သောမိဘမျိုး)
🍄Authoritative parent
(ကလေးအပေါ်ဂရုဏာ၊မေတ္တာပေးသောမိဘမျိုး)
ကိုယ့်ရဲ့ဘဝမှာ ဘယ်လိုမိဘမျိုးနဲ့ကြုံခဲ့သလဲ
ဒီစာရဲ့ comment အောက်မှာရေးလာခဲ့ပေးလို့ရပါတယ်ရှင့်

18/07/2023

☘☘☘ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိအောင်ဘယ်လိုတည်ဆောက်ရမလဲ?

☘တစ်ခုခုစလုပ်ရမှာကိုကြောက်တယ်၊ ယုံကြည်မှုမရှိဘူးလို့လူတွေပြောကြတယ်...

ယုံကြည်မှုမရှိဘူးလို့ကိုယ့်ကိုယ်ကိုပြောတာများရင် ဦးနှောက်ကကိုယ်ပြောတဲ့စကားကိုမှတ်ပြီး ယုံကြည်မှုမရှိတဲ့သူတစ်ယောက်ဖြစ်အောင်လုပ်ပါလိမ့်မယ်

☘ယုံကြည်မှုရှိတဲ့သူတစ်ယောက်ဖြစ်အောင်ဘယ်လိုလုပ်ဆောင်ရမလဲ....ကိုယ်ပြောတဲ့အတိုင်း၊ကိုယ်သတ်မှတ်ချထားတဲ့အတိုင်း မဖြစ်မနေဖြစ်မြောက်အောင်လုပ်ဆောင်ပါ၊
လူတစ်ယောက်သည်အလုပ်တစ်ခုကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်တဲ့အခါမှာ တခြားအလုပ်တစ်ခုကိုလုပ်ဆောင်ဖို့ဝန်မနဲ့ကြဘူး☘

17/07/2023

... .Infantilize လုပ်ခံရတဲ့လူတွေမှာတွေ့ရတဲ့အချက်တွေက

🌵 ငယ်စဥ်ကတည်းက မိဘတွေရဲ့ဂရုစိုက်မှုကိုလုံလုံလောက်လောက်ရတဲ့သူတွေ

🌵 မိဘစကားကိုမြေဝယ်မကျနားထောင်တဲ့သူတွေ

🌵 မိဘစိတ်မချမ်းမသာမှုကိုမလိုလားတဲ့သူတွေ

🌵 မိဘအရိပ်​အောက်မှာနေရတာ သူတိုအတွက်လုံခြုံမှုရှိတယ်လို့ထင်ရတယ်

တကယ်လို့ကိုယ်ကဒီအချက်တွေနဲ့ကိုက်ညီတယ်ဆိုရင် အသစ်အဆန်းလုပ်ရမှာကြောက်တဲ့သူ၊ယုံကြည်မှုမရှိတဲ့သူတွေဖြစ်ကြတယ်
...တခါတလေလူအများကြားမှာ ကိုယ်ကိုယ်တိုင်ကအသုံးမကျတဲ့သူတစ်ယောက်လိုခံစားရတယ်
ဒီအတိုင်းမနေပါနဲ့ ရုန်းထွက်နိုင်အောင်ကြိုးစားပါ
အဲ့ဒါကိို မိဘတွေရဲ့ infantilze လုပ်ခံရတဲ့သူတွေလို့ခေါ်ကြတယ်

16/07/2023

☘☘☘

🍁ခြေလှမ်းတိုင်းဟာ ကိုယ့်ရဲ့ဦးနှောက်ကိုပိုပြီးအားဖြစ်စေတယ်ဆိုတာကိုသိပါသလား...

🍁လေ့ကျင့်ခန်းပုံမှန်လုပ်နေတဲ့သူက (stress)စိတ်ဖိစီးကိုပိုပြီးထိန်းချုပ်နိုင်စွမ်း၊ခံနိုင်ရည်စွမ်းရှိတယ်ဆိုတာကိုသိပါသလား...

15/07/2023

အတိတ်က🍀
နာကျင်မှုတွေ🍀
ဘာလို့ခဏခဏပေါ်နေတာလဲ..??🍀

🍀 နာကျင်မှုဖြစ်လက်စအချိန်မှာ ကိုယ်က
စိတ်ခံစားချက်နဲ့တွဲမှတ်လိုက်
တဲ့အတွက်ကြောင့် မေ့ပြစ်ချင်ပေမယ့်
မှတ်ဥာဏ်ထဲမှာအဲကြောင်းအရာတွေ ခဏခဏပြန်ပေါ်နေတာပါ🍀

14/07/2023

ဦးနှောက်နဲ့လေ့ကျင့်ခန်းဆက်စပ်ပုံ

လူတိုင်းဟာ ကိုယ့်ရဲ့ဦးနှောက်ကိုလိုသလိုပြောင်းလဲချင်စိတ်ရှိကြတယ်
ဦးနှောက်စွမ်းရည်အားကောင်းအောင်ဘာတွေလုပ်ဆောင်ရမလဲ⁉
အဖြေကအရမ်းကိုရိုးရှင်းပါတယ်၊ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းပဲဖြစ်ပါတယ်

အပြေးလေ့ကျင့်ခြင်းကြောင့်အားရုံစူစိုက်မှုကိုအားကောင်းစေပြီး ပိုတော်တဲ့စန္ဒရားသမားတစ်ယောက်ဖြစ်လာစေနိုင်တယ်ဆိုတာကိုလက်ခံနိုင်ပါသလား?

လမ်းလျှောက်ခြင်းဟာ လူသားတွေရဲ့ အတွက်အချက်စွမ်းရည်နဲ့စာဖတ်စွမ်းရည်တွေကိုတိုးတက်စေနိုင်တာကိုရော သိပါသလား?

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေက ဦးနှောက်ကိုကျန်းမာစေခြင်းရဲ့ပထမအချက်က ဦးနှောက်ရဲ့ဆင့်ကဲပြောင်းလဲမှု သဘောတရားနဲ့ဆက်စပ်နေပါတယ်
ရှေ့ခေတ်လူးသားရဲ့ဦးနှောက်အဖွဲ့စည်းပုံနဲ့ယခုခေတ်လူသားရဲ့ဦးနှောက်အဖွဲ့စည်းပုံကတစ်ပုံစံတည်းရှိနေပါတယ်၊ရှေ့ခေတ်လူတွေကယခုခေတ်လူတွေထက်ကျန်းမာရေးပိုကောင်းကြတယ်၊ဘာလို့လဲဆိုတော့သူတို.စီ ကျရောက်လာတဲ့ အန္တရာယ်တွေကနေလွတ်မြောက်နိုင်ဖို့နဲ့အစားအသား၊အမိုးအကာတွေရရှိဖို့အတွက် အချိန်တိုင်းရုန်းကန်လှုပ်ရှားပြေးလွှာနေခဲကြတာပါ၊ဒီအရာကသူတို့ကိုပိုကျန်းမာလာစေတယ်၊ယခုခေတ်လူတွေက တစ်ခုကိုလိုချင်ရင်စားချင်ရင် online,supermarket ကနေဘဲဝယ်ယူကြတယ်၊စက်မှုးထွန်းကားတဲ့အတွက်ကြေင်း အလုပ်ထဲမှာလည်းအထိုင်များတဲ့အလုပ်တွေကပိုများတယ်၊ဒါကြောင်းကျန်းမာရေးအားနည်းစေတယ်

လေ့ကျင်းခန်းလုပ်တဲ့အချိန်မှာ (heavy) အပြင်းအထန်းဖြစ်တဲ့လေ့ကျင့်ခန်းကိုလုပ်မဲ့အစား ရေရှည်လုပ်နိုင်သွားတဲ့​လေ့ကျင့်ခန်းမျိုးကိုလုပ်ပေးဖို့လိုတယ်၊
လေ့ကျင့်ခန်းလုပ်တဲ့သူက ဘဝမှာကြုံတွေရတဲ့အခက်ခဲကို ပ်ိုမိုရင်ဆိုင်နိုင်တဲ့သူတွေဖြစ်တယ်

13/07/2023

Stress

Stress (စိတ်ဖိစီးမှု)ဖြစ်စေတဲ့အကြောင်းအရင်း
အလုပ်နဲ့ပတ်သက်ပြီးဖိအားပေးခံရတာ၊ဘဝမှာပြောင်းလဲမှုအကြီးတွေနဲ့ရင်ဆိုင်ခံရတာ၊အလုပ်လက်မဲ့ဖြစ်တာ၊ငွေရေးကြေးရေးအတွက်ပူပင်နေရတာ၊ ကိုယ်မထိန်းချုပ်နိုင်တဲ့အရာကိုအာရုံစိုက်နေတဲ့အခါမှာ Stress ဖြစ်ပွားမှုများစေတယ်

Stress ဖြစ်နေတဲ့ လက္ခဏာက
ပျော်ရွှင်တယ်လိုမခံစားရဘူး၊စိတ်ဓာတ်ကျနေတာ၊ကြောက်ရွံနေတာ၊ကိစ္စတစ်ခုကိုသေသေချာချာအားရုံမစိုက်နိုင်တာ၊လူအများနဲ့ရှိနေသော်လည်းကိုယ့်ကိုကိုယ်တစ်ယောက်တည်းသမားလို့ခံစာနေရတာ၊

‼လူတိုင်းမှာ Stress ကိုယ်စီရှိကြပါတယ်၊အနည်းနဲ့အများပဲကွာပါတယ်
Stress ကိုဘယ်လိုနည်းနဲ့သက်သာအောင်လုပ်ဆောင်ရမလဲ
stressဖြစ်နေပြီးလို့ကိုယ့်ကိုကိုယ်သတိထားမိနေပြီဆိုရင် သူငယ်ချင်း၊မိတ်ဆွေကိုယ်ရင်းနှီးတဲ့လူတွေနဲ့ရင်ဖွင့်ပါ၊တစ်ယောက်တည်းမနေပါနဲ့သူတို့စီက အကြံဥာဏ်၊အကူညီတွေယူပါ၊ပီတော့ ကိုယ်သဘောကျတဲ့အစားစားတွေကို ကိုယ်တိုင်ချက်စားပါ၊

Stress ဖြစ်နေတဲ့အချိန်မှာမလုပ်သင့်တဲ့အချက်က
အစားအများကြီးစားပြီး stress သက်သာအောင်လုပ်တာ၊အရက်တွေအလွန်အကျွံသောက်တာ တကယ်လို့ကိုယ်ကဒီအရာတွေလုပ်မိနေတယ်ဆိုရင် ၂ ခါပြန်ခံစားရတယ်၊ဘာကြောင့်လဲဆိုတော့ အစားအများကြီးစားမိတဲ့အခါ ခန္ဓာကိုယ်ကဝိတ်တက်လာမယ်၊အရက်တွေသောက်များတဲ့အခါ အရက်စွဲလာမယ် ဒီအရာတွေဖြတ်ဖို့နည်းလမ်းပြန်ရှာတဲ့အတွက်အရင်ကထက်ပိုပြီး stress များစေတယ်

01/03/2023

ကိုယ့်ရဲ့တစ်နေ့တာကအကျိုးမရှိဘူးလို့ခံစားနေရပါသလား ⁉

ဒါဆိုဒီလို (tips)လေးတွေကိုကျင့်သုံးပါ
(1)tip ကကိုယ့်အတွက်အရေးပါတဲ့ပညာရပ်တွေကိုလေ့လာပါ
(2)tip က အားကစားတစ်ခုခုလုပ်ပါ
နောက်ဆုံးဖြစ်တဲ့ (3)tip က တစ်နေ့တာအတွက်ကိုယ့်ကိုကိုယ်
ကျေးဇူးတင်ပါ
ဒီ(tips)လေးတွေလိုက်လုပ်ခြင်းဖြင့် ကိုယ့်ကိုကိုယ်ယုံကြည်မှု
တိုးလာစေမှာပါ

01/02/2023

လူတွေဆီကမကြာခဏအနိုင်ကျင့်ခံရတဲ့ပြဿနာဖြစ်ဖူးလား

ဒါဆိုဒီစာလေကိုဆုံးအောင်ဖတ်ကြည့်ပါ

အတန်းထဲမှာဆို ဆရာမက သင်ကိုလူညံ့တစ်ယောက်လိုထင်နေတာမျိုး

အိမ်ထဲမှာဆို အမေက သင်ကို မိုက်မဲတဲ့ကလေးလို့မြင်နေတာမျိုး

အလုပ်ခွင်ထဲမှာဆို သူဋ္ဌေးက သင်ကိုအလေးလိုက်သူလို့ထင်နေတာမျိုး

တစ်ခါတစ်လေ တစ်ခြားသူတွေမြင်တဲ့အတိုင်း သင်ရဲ့ ဖြစ်တည်မှုက

သင်ကိုယ်တိုင်ပြောင်းလဲလို့မရနိုင်တာကိုတွေ့နေရတယ်၊ သင်လုပ်နေ

တဲ့အရာမှန်သမျှကိုအရှေ့မရောက်ဘဲ နောက်ဆုတ်နေတတ်တယ်

တကယ်တော့ လူတွေပြောတဲ့အတိုင်း သင်လိုက်နာကျင့်သုံးမယ်ဆိုရင်

သင်ဘဝကို သင်မပိုင်ဘဲ သူများပိုင်သလိုဖြစ်သွားပါမယ်

ဒါကြောင့် လူတစ်ယောက်ကို သူ့မကောင်းကြောင်းမပြောဘဲနဲ့

သူ့ကောင်းကြောင်းကိုပြောပေးပါ၊ လူတွေကချီးမွမ်းခံရတဲ့

အတွက်ကြောင့် ကြာလာရင်ကောင်းတဲ့ဘက်ကို ပြုမူလာနိုင်မယ်

လူတွေရဲ့ အနိုင်ကျင့်တဲ့စကားကြောင်း သင်ရဲ့စိတ်ထဲကို

Virus တွေဝင်ခွင့်မပြုလိုက်ပါနဲ့

30/01/2023

To Be Happpiness of Benefit

(ပျော်ရွှင်ခြင်းရဲ့အကျိုးကျေးဇူး)

လူတိုင်းဟာ ပျော်ရွှင်မှုရဖို့ရှာဖွေကြတယ်၊လိုချင်ကြတယ်

ပျော်ရွှင်တဲ့သူတွေက တစ်ခြားမပျော်ရွှင်တဲ့လူတွေထက်

အလုပ်မှာအောင်မြင်မှုပိုရကြတတ်တယ်

မနေ့က ငယ်သူငယ်ချင်းတစ်ယောက်နဲ့စကားစမည်ပြော

ဖြစ်ကြတယ်

သူကပြောတယ်သူ့မျက်နှာပေါ်ကဝက်ခြံအမာရွတ်ပါးလာတယ်

လို့ပြောပြတယ်

ကျွန်တော်ကသူစကားပြောပုံကိုကြည့်ပြီးသူအရင်ကထက်ပို

ပျော်လာတာကိုသတိထားမိတယ်

ပျော်ရွှင်မှုဟာ နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေတယ်

. stress ဆိုတဲ့စိတ်ဖိစီးမှုကိုဟန်းတားဖြစ်စေတယ်

ကိုယ်ခံအားကောင်းစေတယ်(အပြင်ကလာတဲ့

. ရောဂါများစွာကိုတိုက်ထုတ်ပေးနိုင်စေတယ်)

ကျန်းမာတဲ့နေထိုင်မှုဘဝကို ပိုင်ဆိုင်စေတယ်

နာကျင်မှုကိုသက်သာစေတယ်

. ဘဝရဲ့သက်တမ်းကြာရှည်စွာနေနိုင်စေတယ်

စိတ်ချမ်းသာ၊ကျန်းမာပျော်ရွှင်မှုကိုပိုင်ဆိုင်ဖို့အဓိကလိုအပ်ချက်

တစ်ခုကညတိုင်းလိုလို 7 (or) 8 နာရီ ပြည့်အောင်အိပ်ပေးကြပါ

အိပ်ရေးဝမှ idea တွေထွက်လာမယ်၊အလုပ်ပေါ်မှာအားရုံစိုက်

. လာနိုင်မယ်၊ကျန်းမာလာမယ်

26/01/2023

သိမ်ငယ်စိတ်

လူအများစုဟာ အကြောင်းမျိုးမျိုးကြောင့် တစ်ခါတစ်ရံမှာ

မိမိကိုယ်မိမိ သိမ်ငယ်စိတ်ဖြစ်တတ်တယ်

လူငယ်တော်တော်များဖြစ်တတ်တာက ကိုယ့်မိတ်ဆွေ

သူငယ်ချင်းတွေ အလုပ်၊ဝင်ငွေကိုယ်စီရှိကြပြီး ကိုယ်တစ်ယောက်တည်း

ကတာအလုပ်မရှိတဲ့အခါ သိမ်ငယ်စိတ်ပေါ်တတ်ကြတယ်

မိဘတွေကတော့ သားသမီးက ကိုယ့်အပေါ်မကောင်းခဲလျှင်

သိမ်ငယ်စိတ်တွေဖြစ်တတ်ကြတယ်

သိမ်ငယ်စိတ်နည်းအောင်ဘယ်လိုပြုမှုနေထိုင်ရမလဲ

1. လုပ်သင့်လုပ်ထိုက်တဲ့အရာ၊သင်ယူသင့်သင်ယူထိုက်တဲ့အရာကို

အချိန်မဆွဲဘဲ သင်ယူလုပ်ဆောင်ပါ

2.ကိုယ့်အပေါ်မကောင်းတဲ့လူကို မကောင်းတဲ့လူလို့မမှတ်ယူဘဲနဲ့

အကောင်းဘက်တွေးလို့တွေးလိုက်ပါ

3.ကိုယ့်ကိုအားကိုးတတ်အောင် နေထိုင်ပါ

4. သူများရဲ့ကောင်းကြောင်းကိုဘဲလိုက်မကြည့်ပါနဲ့

ကိုယ့်မှာရှိတဲ့အရာကို တန်ဖိုးထားပါ


-mind

25/01/2023

UnHappy ဖြစ်ရခြင်းရဲ့နောက်ထပ် formula တစ်ခုကတော့

လိုအင်ဆန္ဒ

အလုပ်ထဲမှာ ရာထူးတိုးချင်တယ်၊အရင်လထက်ဝင်

ငွေတိုးချင်တယ်၊ trips တွေများများထွက်ချင်တယ် ဒီအရာအာလုံးဟာ

လိုအင်ဆန္ဒ များဖြစ်ကြတယ်

thought (အတွေး)

အပေါ်ကအရာတွေဖြစ်မြောက်ဖို့ အတွေးတွေနဲ့စလာတယ်

Fear (ကြောက်စိတ်)

ဖြစ်ချင်တဲ့အရာ မဖြစ်မြောက်လာခဲ့လျှင် Fear ဆိုတဲ့

ကြောက်စိတ်ထပ်ဖြစ်လာတယ်

နောက်ဆုံးအဆင့်က Unhappy အဆင့်

လူတစ်ယောက် မပျော်ရွှင်ရဘူးဆိုတာဒီအဆင့်တွေနဲ့

သွားကိုက်နေတာကိုတွေ့ရတယ်

23/01/2023

Believe ဆိုတဲ့ယုံကြည်မှုဟာ လူတိုင်းအတွက်

မရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါ

လူတစ်ချို့က ကိုယ်ပိုင်အလုပ်လုပ်ဖို့ယုံကြည်မှုမရှိကြဘူး


တချို့ကိုယ်ယုံကြည်နေတဲ့အရာကကိုယ့်ရဲ့ရှေ့ရေးကို

ဟန့်တားဖြစ်စေပါတယ်

ကိုယ်ကအောင်မြင်မှုရခြင်းရင် Negative ဖြစ်တဲ့ယုံကြည်မှု

တွေကိုနည်းနိုင်သမျှနည်းအောင်လုပ်ပါ

20/01/2023

တစ်ခုခုလုပ်နေတဲ့အချိန်မှာတခြားတစ်ခုကို

ထလုပ်ချင်တာမျိုးဖြစ်နေလားရှင့်

စာဖတ်နေချိန်မှာ ရေထဆာတဲ့ပြဿနာမျိုး

ဒါဆို (10)မိနစ်လောက်စောင့်ပြီးမှ သောက်မယ်လို့

အချိန်ဆွဲလိုက်ပါ

ဒီလိုလုပ်ခြင်းအားဖြင့် ရေဆာတဲ့ပြဿနာကိုမေ့သွားစေမှာပါ

19/01/2023

တခါတလေ ကိုယ်လုပ်နေတဲ့အရာကို

အာရုံစိုက်လိုမရဘူးဖြစ်နေသလား

အဖြေက. social media.Game တွေမှာအာရုံစိုက်မိလို့

ကိုယ့်ရဲ့အလုပ်ပေါ်မှာ 100% အထိစိတ်ကမရောက်နိုင်တာ

18/01/2023

'' မသေချာမရေရာတဲ့ အနာဂတ်အတွက်

တွေးပူနေခြင်းဟာ ပစ္စုပ္ပန်အချိန်က

ပျော်ရွှင်မှုတွေဟာပျောက်ကွယ်သွားမှာဖြစ်စေပါတယ်"

17/01/2023

Relationships တော်တော်များများမှာတွေနေတဲ့အရာတစ်ခုက

ကိုယ့်ရဲ့ချစ်သူကောင်းလေး လုပ်သမျှကိုလိုက်ပြီ

ဝေဖန်နေခြင်းဟာ

ချစ်ရာမရောက်ဘဲ ပုံသွင်းရာရောက်စေတယ်

16/01/2023

တချို့နေရာမှာကိုယ်ကပွင့်လင်းပြီးပြောလိုက်တဲစကားတွေဟာ

သူ့အတွက် ပိုကောင်းအောင်ပြောဖြစ်နေပြီးလား

ဒါမှမဟုတ် ပိုဆိုးအောင်ပြောမိနေပြီးလား

eg.သူငယ်ချင်းတစ်ယောက်က သူ့လုပ်ငန်းမှာ

သူသတ်မှတ်ထားတဲ့ငွေပမာနအတိုင်း သူမစွမ်းဆောင်နိုင်တဲ့အခါ

ကိုယ်ကသူ့ကိုမင်းဟိုဟာမလုပ်လို့

ဒီလိုရလဒ်ရလာတယ်လို့ပြောမဲ့အစား

မင်းဒီတခါကြိုးစားမှုကနည်းလမ်းလွဲချော်မှုလေတွေရှိခဲ့အတွက်ကြောင်း

မင်းလိုအပ်ချက်တွေကိုပြန်သင်ယူပြီး နောက်တခါ

ဒီထက်ကောင်းတဲ့ရလဒ်ကို ပိုင်ဆိုင်ဖို့ရာခိုင်နှုန်းပိုများမယ်

ဒါကြောင့် သိပ်ပြီးအားငယ်မနေပါနဲ့

ဒီလိုမျိုးပြောလိုက်ခြင်းအားဖြင့် သူ့အတွက် ပိုပြီးခွန်းအားဖြစ်စေတယ်

13/01/2023

Emotional Intelligence မြင့်တဲ့သူတွေက

စိတ်မသက်မသာရာ တစ်ခုခုကိုကြုံရတဲ့အခါ

အကြာကြီးစိတ်ကိုအဲ့နေရာမှာမနစ်မြုပ်ထားဘဲ

အဲ့အရာကိုဘယ်လိုကျော်ရမလဲဆိုတဲ့အချက်ကိုရှာဖွေတတ်ကြတယ်

12/01/2023

Imperfection သမားတွေရဲ့စိတ်ဓာတ်အမူအကျင့် (၃)ခု

1. Binary thinking (သုည/တစ်)

ဥပမာ-ဒီနေ့ကိုယ်လုပ်မယ်လို့ဆုံးဖြတ်ထားတဲ့

အလုပ်တစ်ခုကို အကောင်းဆုံးလုပ်နိုင်သည်ဖြစ်စေ၊

မလုပ်နိုင်သည်ဖြစ်စေ။အဲ့အလုပ်ကို လုပ်ဖြစ်တယ်ဆိုရင်

(တစ်)လို့အမှတ်ပေးပါ။

မလုပ်နိုင်ရင် (သုည) လို့မှတ်ပါ။

2.(2)မိနစ်နဲ့ဆုံဖြတ်ချက်မြန်မြန်ချနည်း

eg-ကိုယ်သွားချင်တဲ့နိုင်ငံနှစ်ခုကိုတစ်ခုရွေးရမယ်ဆိုရင်

အဲ့တစ်ခုကိုမြန်မြန်ရွေးတာ၊

(2)မိနစ်နဲ့လုပ်ရတဲ့အလုပ်ကိုအချိန်မဆွဲပဲနဲ့ထလုပ်တာ

3.အလုပ်တွေ (mini)ခွဲပြီးလုပ်တာ

တခါတလေလူတွေကအလုပ်တွေများလွန်လို့ဘယ်ကစလုပ်ရမလဲ

ဆိုတဲ့အခက်ခဲတွေဖြစ်တတ်ကြတယ်၊

ဒါဆို အဲ့အလုပ်ကိုခွဲပြီးလုပ်တာကပိုပြီးမြန်မြန်ပြီးမြောက်စေပါတယ်

11/01/2023

ကိုယ်အရမ်းယုံကြည်ရတဲ့သူတစ်ယောက်က ကိုယ့်အပေါ်

သစ္စာဖောက်ခံရတဲ့အခါမှာ ကိုယ့်ရဲ့စိတ်က

ဘယ်ဝေဒနာခံစားရပြီး၊ဘယ်အရာတွေဖြတ်ကျော်နေရသလဲ

1.စစမှာတော့လက်ခံဖို့ငြင်းပယ်ကြတယ်

2.စိတ်ဆိုးတဲ့အခြေအနေ

3.အတိတ်မှာပိတ်မိနေတယ်

4.အတိတ်ကနေရုန်းထွက်ချင်ပြီး

အဲ့အရာတွေကိုစွန့်လွတ်ချင်တယ်

5.နောက်ဆုံးတော့လက်ခံတဲ့အခြေအနေ

ဒီ(5)ဆင့်ကိုရောက်ပြီးမှကိုယ့်ရဲ့စိတ်က

အရင်ကလိုပုံမှန်အတိုင်းပြန်ဖြစ်လာကြတယ်

Want your public figure to be the top-listed Public Figure in Kamawet?
Click here to claim your Sponsored Listing.

Videos (show all)

Daily Inspiration#inspiration #asterthi
Merry Christmas to you all#psychology #lovepsychology #asterthi
ကြည့်မိသူတိုင်းဘဝအမော်ပြေစေဖို့#design #crazy #canva

Category

Telephone

Website

Address


Kamawet
12084

Other Kamawet public figures (show all)
MULAR Gaming MULAR Gaming
Kamawet

𝚃𝚑𝚠𝚎  𝚁𝚎𝚟𝚒𝚎𝚠𝚎𝚛 𝚃𝚑𝚠𝚎 𝚁𝚎𝚟𝚒𝚎𝚠𝚎𝚛
Kamawet

လှပတဲ့လောကကြီးဖြစ်ဖို့သွယ်နဲ့အတူအ?