Seik Non Chan Online Business

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Seik Non Chan Online Business, Actor, Kamawet.

11/03/2023

#တကယ့်ပျော်ရွှင်ခြင်း

အမတ်ကြီးနဲ့ဘုရင့်သားဟာ
တစ်နေ့တော့ တိုင်းခန်းလှည့်
လည်လာရင်းနဲ့

ချောင်းတစ်ခုနားကို
ရောက်တော့
အ၀တ်ပုံတစ်ခုကိုတွေ့သတဲ့။

အဲဒီအ၀တ်ပုံမှာ အပေါ်၀တ်
အကျီတစ်ထည်နဲ့ ပုဆိုးအစုတ်
နှစ်ထည်ကို တွေ့ပါတယ်။

ဘုရင့်သားက စုတ်ပြတ်နေတဲ့
အ၀တ်ပုံကိုကြည့်ပြီးတော့

အမတ်ကြီးကြည့်ပါ

ဒီအ၀တ်ပုံဟာ
ဆင်းရဲသားတစ်ယောက်ရဲ့
အ၀တ်ပုံ ဖြစ်ရမယ်။

အ၀တ်တွေဒီနားမှာ
ထားသွားတာကို ကြည့်ရတာ
သူရေချိုးနေပုံရတယ်"

အမတ်ကြီးက ပြုံးနေတယ်။

ဘုရင့်သားကပဲ " အမတ်ကြီး
ဒီရေချိုးနေတဲ့ ဆင်းရဲသားရဲ့
အ၀တ်တွေကို ဖွက်ထားပြီး

ချုံပုတ်တစ်ခုထဲကနေ
ချောင်းကြည့်နေရရင်
မကောင်းဘူးလား။

သူတက်လာလို့ အ၀တ်တွေ
ပျောက်သွားတာကို မြင်ရင်
တော်တော်
ရယ်စရာကောင်းတဲ့
ရုပ်ဖြစ်နေမှာ "

အမတ်ကြီးက မင်းသားအား
အရှင့်သား

လူတစ်ဦးတစ်ယောက်ရဲ့
၀မ်းနည်းပူဆွေးနေမှုကို
ကြည့်၍
ပျော်နေတယ်ဆိုတာ

သူတော်ကောင်းတွေမဟုတ်
တကယ်လို့
အရှင့်သားအနေနဲ့
အရမ်း
ပျော်ချင်နေတယ်ဆိုရင်
ဒီလိုလုပ်"

အမတ်ကြီးက ရွှေပြား
၂ ပြားအား မင်းသားကို
ထုတ်ပေးလေသည်။

မင်းသားက အမတ်ကြီးအား
နားမလည်သလိုကြည့်၏။

အမတ်ကြီးက "အရှင့်သား
ဒီရွှေ၂ပြားအား
ထိုဆင်းရဲသားရဲ့
အ၀တ်ပုံထဲက
အ်ိပ်ကပ်နှစ်ခုမှာ တစ်ဖက်
တစ်ပြားစီထည့်လိုက်ပါ"

မင်းသားလဲ သွားထည့်လိုက်၏။

ထို့နောက် သူတို့ နှစ်ဦးသစ်ပင်
အကွယ်တွင်
စောင့်ကြည့်နေကြသည်။

မကြာမီဆင်းရဲသားရေထဲမှ
ပြန်တက်လာသည်။

အရင်ဆုံး ပုဆိုးကို ရေလဲပြီး
ဝတ်လိုက်သည်။

ထို့နောက် အကျီင်္ကို ကောက်၀တ်
လိုက်သည်။

ပြီးနောက် အကျီ်အိတ်ထဲ
တစ်ခုခု ရှိနေသလို ခံစားမိသဖြင့်
လက်နှိုက် လိုက်လေသည်။

ထိုအချိန်မှာ အိတ်ကပ်ထဲက
ရွှေပြားကို တွေ့သည်။

သူအရမ်းပျော်မြူးသွားသည်။

မယုံနိုင်သလိုထိုရွှေပြားကို
ပွတ်ကြည့်၏။ ကိုက်ကြည့်၏။

ဆင်းရဲသားကား
ပျော်ရွှင်မြူးတူးနေ၏။

ထို့နောက်ပြန်လှည့်အထွက်မှာ
နောက်အိတ်ကပ် တစ်ခု
လေးနေသည်ကို သတိထား
မိ၏။

လက်နှိုက် ကြည့်ပြန်၏။

ရွှေပြားတစ်ပြားထွက်
လာပြန်၏။

ထိုအချိန်တွင် ဆင်းရဲသားက
မြေကြီးပေါ်
ဒူးထောက် ထိုင်ချပြီး
လက်အုပ်ချီကာ ကောင်းကင်
မော့၍

အို အကျွနုပ်အား
ဖေးမကူညီကျသော
နတ်ဒေဝါ အပေါင်းတို့

အကျွန်ုပ်အိမ်တွင်
နေမကောင်းဖြစ်နေသော
ကျွန်ုပ်အမေအား အသင်တို့
စောင့်ရှောက်ပေး၏။

စားစရာမရှိသောကြောင့်
အားအင်ပြတ်လပ်နေသော
ညီမလေးအားလဲ အသင်တို့
စောင့်ရှောက်၏၊

သင်တို့အား
အထူးကျေးဇူးတင်ပါ၏"
ဟုဆိုကာ ဦးသုံးကြိမ်ချ၍
ပျော်ရွှင်စွာပြန်သွားလေသည်။

ထိုအဖြစ်ကိုကြည့်ပြီး
ဘုရင့်သား မျက်ရည်ကျ၏။

အမတ်ကြီးကား ပြုံးနေ၏။

မင်းသားက " အမတ်ကြီး
ယနေ့
ကျွန်တော့်အား မမေ့နိုင်တဲ့
သင်ခန်းစာတစ်ခုကို
သင်ပေးလိုက်ပြီ ဟုပြော၏။

အမတ်ကြီးက "အရှင့်သား
လူတွေကို ဒုက္ခပေးပြီးမှ
ပျော်ရတာထက် သုခပေး
ခြင်းဟာ
တကယ့်ပျော်ရွှင်ခြင်းအစစ်
မည်ပေသည် "

အရှင့်သားအဖို့
မှတ်သားထားပါလေ။

08/03/2023

အားလုံးမင်္ဂလာနေ့လယ်ခင်းလေးပါ
ကိုယ်ရပ်တည်တဲ့နေရာနှင့် ကိုယ်သွားရမဲ့နေရာ

07/03/2023

အချိန် နေ့လယ် 11ခွဲ online page မှာဆုံကျမယ်

18/02/2023

ကြိုးစားနေသရွေ့ လမ်းဆိုတာ တွေ့နေမှာပါ။
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄

အခွင့်အလမ်းဆိုတာ သူ့ကိုရှာနေတဲ့သူဆီကို အမြဲရောက်လာလေ့ရှိတယ်ဆိုတာမျိုး ကြားဖူးလိမ့်မယ်။

တကယ်တော့ ရောက်လာတယ်ဆိုတာထက် ကိုယ်က အမြဲရှာနေတော့ အဲဒါကို သတိထားမိတယ်၊ မြင်တယ်၊ ပြီးတော့ လုပ်စရာရှိတာလုပ်တယ်ဆိုရင် အခွင့်အလမ်းကို ဆုပ်ကိုင်နိုင်တဲ့သဘောမျိုးပါ။

တစ်ရက်တစ်ရက် ဘေးနားကလူတွေက ပြောချင်ရာပြောတာကတစ်မျိုး၊ သတင်းတွေအမျိုးမျိုးမြင်ရ၊ ကြားရတာကတစ်မျိုးနဲ့ အာရုံတွေက အရမ်းကို များတတ်ကြပါတယ်။

ကိုယ်လိုချင်တာကိုသာ သေချာမသတ်မှတ်ထားဘူး၊ အာရုံမစိုက်ထားဘူးဆိုရင် ခေါင်းထဲမှာ ကြုံသလိုဖြစ်တဲ့အတွေးတွေနဲ့ ပြည့်နှက်နေမှာပါ။

အဲဒါကြောင့် ကိုယ်တိုးတက်ချင်တဲ့ဘဝအစိတ်အပိုင်းအတွက် ပန်းတိုင်တွေ၊ ရည်ရွယ်ချက်တွေကို မဖြစ်မနေသတ်မှတ်ရပါတယ်။

ပန်းတိုင်တွေ သတ်မှတ်တာနဲ့တင်မပြီးသေးပါဘူး၊ အဲဒါတွေကို ထပ်တလဲလဲပြန်ဖတ်နေဖို့၊ နှလုံးသွင်းနေဖို့ လိုသလို မျက်စိမှိတ်ပြီးမြင်ယောင်ကြည့်ဖို့၊ အစီအစဉ်ဆွဲဖို့၊ လုပ်စရာရှိတာကို လုပ်ဖို့ အရေးကြီးပါတယ်။

ကြိုးစားနေသရွေ့တော့ လမ်းဆိုတာ တွေ့နေမှာပါ။

17/02/2023

ပန်းအိုးထဲမှာ သစ်ပင်စိုက်သူ မဖစ်စေနဲ့

လူအများစုဟာ ပန်းအိုးထဲမှာ စိုက်ထားတဲ့ သစ်ပင်တွေလိုဘဲ ကြီးထွားနိုင်တဲ့ အောင်မြင်နိုင်တဲ့ အတိုင်းအတာ ပမာဏရှိသလောက် ဘယ်တော့မှ မကြီးထွားနိုင်ဘဲ ရှိတတ်ကြတယ်

သစ်ပင်တွေ ကြီးထွားဖို့ ကျယ်ဝန်းတဲ့မြေနဲ့ ရှည်လျားသန်မာတဲ့ အမြစ်တွေရှိဖို့ လိုသလို လူပုဂ္ဂုလ်တွေ အောင်မြင်ကြီးထွားဖို့ မိမိကိုယ်ကို ယုံကြည်လေးစားမှုဆိုတဲ့ အခြေခံရေသောက်မြစ်လိုပါတယ်။
ဒါဟာ အရမ်းကို အရေးကြီးတယ်

မိမိကိုယ်ကိုကော၊ မိမိရဲ့ ဖြစ်နိုင်စွမ်းကိုကော ယုံကြည်မှုမရှိတဲ့အခါ
မိမိရဲ့ စိတ်ကူးအိမ်မက်များရှေ့မှာ အခက်အခဲ အတားအဆီး အမျိုးမျိူးချပြီး မိမိကိုယ်ကို ကန့်သတ်ချုပ်ချယ်နေမိတယ်။
မိမိတတ်လမ်းမှန်သမျှကို မိမိဘာသာ လှည့်ပတ်ပိတ်ဆို့မိသွားတယ်။ ဒီတော့ ပန်းအိုးထဲမှာ စိုက်ထားတဲ့ သစ်ပင်တွေလိုဘဲ ကြီးထွားခွင့် မရှိတော့ဘူး


စိတ်ကူးယဉ်အိမ်မက်ဆိုတဲ့စကားကို လူတွေက ကဲ့ရဲ့စရာ စကားလုံးအဖြစ်သာ သုံးလေ့ရှိကြတယ်။ အိမ်မက်မရှိဘဲ အိမ်မက်ကို အကောင်အထည်ဖော်လို့ မရနိုင်ဘူး

သားသားကြီးလာရင် ဘာလုပ်မလဲ
မေးတဲ့လူကြီးကို
ဆရာဝန်ကြီးလုပ်မယ် စီးပွားရေးသမားကြီးလုပ်မယ်
လို့ ပြောတဲ့ ကလေးငယ်မှာ ဆရာဝန်ကြီးအဖြစ်၊ စီးပွားရေးသမားကြီးအဖြစ် စိတ်ကူးယဉ်အိမ်မက်ခွင့် ရှိရုံတင်မကဘူး၊ တကယ်ဖြစ်လာနိုင်တဲ့ အခွင့်အရေးလည်း ရှိပါတယ်။
အရေးကြီးတာက သူ့အိမ်မက်ကိုသူ အကောင်အထည်ဖော်ဖို့ဘဲ

လောကမှာ အခက်အခဲတွေရှိတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျော်လွှားမရနိုင်တဲ့ အခက်အခဲဆိုတာ မရှိသလောက်ဘဲ။ အမေရိကန်နိုင်ငံ တောချိုအုံကြားထဲက တဲကုပ်ကလေးတခုမှာ ကြီးပြင်းခဲရတဲ့ လင်ကွန်းကလေးကို တနေ့မှာ အမေရိကန်သမ္မတကြီးဖြစ်မယ်လို့ ဘယ်သူထင်ခဲ့ကြပါ့မလဲ။ အလှမ်းဝေးလွန်းတဲ့ အနေအထားပါ
ဒါပေမယ့် အားလုံးသိတဲ့အတိုင်း သူဟာ သမ္မတဖြစ်ခဲ့တယ်။

လင်ကွန်းဟာ သူ့အိမ်မက်သစ်ပင်ကို ပန်းအိုးထဲမှာ မစိုက်ဘူး။ အချုပ်အနှောင် အကန့်အသတ်မထားဘူး။ လွပ်လပ်ကျယ်ဝန်းတဲ့ မြေကွက်မှာ ချစိုက်တယ်။ လွပ်လပ်ရှည်လျားတဲ့ အမြစ်တွေနဲ့ ပတ်ဝန်းကျင်က ရသမျှမြေဆီသြဇာတွေကို စုပ်ယူတယ်။ ဒါ့ကြောင့် သူ့အိမ်မက်သစ်ပင်ဟာ အမြင့်မားဆုံး ဝေဆာစည်ပင်ခဲ့တယ်

17/02/2023

လူတစ်ယောက်ရဲ့ အရည်အသွေးကို ဘာတွေနဲ့ တိုင်းတာလို့ ရမလဲ?

လူတစ်ယောက်ရဲ့ အရည်အသွေးကို ကုန်ပစ္စည်းတွေလိုမျိုး စံနှုန်းတွေနဲ့ တိုင်းတာလို့မရတာကတော့ သေချာပါတယ်။

လူတိုင်းက ကိုယ့်ကိုယ်ကိုယ် သက်ဆိုင်ရာနယ်ပယ်မှာ အရည်အသွေးပြည့်မှီတဲ့ လူတစ်ယောက်ဖြစ်အောင် ကြိုးစားနေကြပါတယ်။

ဒီအရည်အသွေးက နေ့ချင်းညချင်း ရလာနိုင်တဲ့ အရာမဟုတ်သလို ကိုယ်ဖန်တီးခဲ့ဖူးတဲ့ အကောင်းဆုံး လက်ရာတစ်ခုနဲ့လဲ သတ်မှတ်လို့မရပါဘူး။

တချို့က ကိုယ်အကောင်းဆုံး ဆောင်ရွက်နိုင်ခဲ့တဲ့ အလုပ်တစ်ခုနဲ့ ကိုယ့်ရဲ့ အရည်အသွေးကို သက်သေပြချင်ကြပါတယ်။

တကယ်တော့ အရည်အသွေးကို ကိုယ့်ရဲ့ masterpiece တစ်ခုတည်းနဲ့ တိုင်းတာလို့မရပါဘူး။

ဘတ်စကတ်ဘော ကစားသမားတစ်ယောက်က အဝေးဆုံး အကွာအဝေးကနေ ဘောလုံးကို ပိုက်ထဲ ဝင်အောင် တစ်ခါထည့်ဖူးရုံနဲ့ သူ့က အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်လာမှာ မဟုတ်ပါဘူး။

ဘယ်အခြေနေ ဘယ်နေရာမှာမဆို ဘောလုံးကို ဝင်အောင်ထည့်နိုင်မှသာ သူ့ရဲ့ အရည်အသွေးကို အသိအမှတ်ပြုလို့ရမှာပါ။

ဒါကြောင့် အရည်အသွေးကို အကောင်းဆုံးလက်ရာတစ်ခုနဲ့ မသတ်မှတ်နိုင်ဘဲ ဒီလို လက်ရာကို ဘယ်လောက်ထိ အကြိမ်ပေါင်းများစွာ လုပ်နိုင်လဲ၊ ဒီ့ထက်ပိုကောင်းအောင် လုပ်နိုင်လဲဆိုတဲ့ အရာတွေနဲ့ တိုင်းတာပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ‌‌‌‌ရှေးဟောင်း ဂရိအတွေးအခေါ်ပညာရှင်ကြီး Aristotle က “အရည်အသွေးဆိုတာ လုပ်ရပ်တစ်ခုမဟုတ်ဘူး။ အလေ့အကျင့်တစ်ခု ဖြစ်တယ်။” လို့ ပြောခဲ့ပါတယ်။

အလေ့အကျင့်ဆိုတာက စွဲမြဲစွာ လုပ်ဆောင်တာကို ပြောတာပါ။ အကျင့်ပါသွားရင် ဖြတ်ရခက်ပါတယ်။ အရည်အသွေးကောင်းတဲ့ အရာတွေကို ဖန်တီးလေ့ရှိတဲ့ အကျင့်ရသွားရင် လူကိုယ်တိုင်ရဲ့ အရည်အသွေးကလဲ တက်လာပါလိမ့်မယ်။

ဒီလို အလေ့အကျင့် ဖြစ်ဖို့အတွက်တော့ အလုပ်ကြိုးစားမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတွေ အပြင် ပိုပြီး တိုးတက်အောင် လုပ်ဆောင်နိုင်စေမယ့် အတွေးအခေါ်တွေကို လိုအပ်ပါတယ်။ အမှားတွေထဲက ပြန်သင်ယူပြီး အချိန်နဲ့အမျှ ပိုကောင်းအောင် လုပ်ဆောင်နိုင်မှသာ အရည်အသွေးလို့ ခေါ်လို့ရမှာ ဖြစ်ပါတယ်။

ဒါကြောင့် လူတစ်ယောက်ရဲ့ အရည်အသွေးကို ဘာနဲ့ တိုင်းတာမလဲဆိုရင် အကောင်းဆုံး လက်ရာကို ဆက်တိုက် ထိန်းသိမ်းရင်း ပိုတိုးတက်အောင် လုပ်နိုင်တဲ့ အလေ့အကျင့်နဲ့ တိုင်းတာနိုင်မယ်လို့ ထင်ပါတယ်။

Dream Labers တို့အနေနဲ့ရော?

www.dreamlab.news
နေ့စဥ် စာတစ်အုပ်ဖတ်ပါ။

16/02/2023

📖📖—စာဖတ်ပါ—📖📖

စိတ်ဓာတ်ကျနေရင်....စာဖတ်ပါ

အလုပ်အဆင်မပြေရင်....စာဖတ်ပါ

ပင်ပန်းလို့အရှုံးပေးချင်နေပြီဆိုရင်....စာဖတ်ပါ

ပတ်ဝန်းကျင်ရဲ့ စကားလုံးတွေကြောင့်
စိတ်ညစ်နေရင် စာဖတ်ပါ

အသဲကွဲနေရင် .....စာဖတ်ပါ

အထီးကျန်သလို ခံစားရရင်....စာဖတ်ပါ

ဘယ်သူမှ အရေးမထားတဲ့အခါ.....စာဖတ်ပါ

စာဖတ်ရင် အောင်မြင်မှု့တွေကို
ချက်ချင်းသယ်ဆောင်လာပေးတာ
အရာရာပြည့်စုံအောင် ထားပေးတာ မဟုတ်ပေမယ့်..

စာဖတ်ရင်...

စိတ်ဓာက်ကျနေရင်
အားအင်ရှိစေတဲ့ စကားလုံးတွေကို တွေ့နိုင်တယ်။

အရှုံးပေးချင်နေရင် အောင်မြင်သူတိုင်း
ဘယ်နှစ်ခါ လဲကျ ရှုံးခဲ့ရတယ် ဆိုတဲ့
သင်ခန်းစာတွေကို သိနိူင်တယ်...

စိတ်ညစ်နေရင် အချိန်က ဒီမှာ မရပ်နားနေသလို
အရာအားလုံးလဲ ပြီးဆုံးသွားမယ်
ဆိုတဲ့ ခံယူချက်နဲ့ တောင့်ခံနိုင်လာမယ်...

ပတ်ဝန်းကျင် ဆိုတာကို လေးစားရမယ်
ဒါပေမယ့် အရာအာလုံးထဲ
ဂရုစိုက်နေဖို့မလိုတာကိုလဲ သိလာမယ်....

နေ နဲ့ လတောင် အဖော်မပါ
တစ် ကမ္ဘာလုံးအတွက်
အလင်းရောင်ပေးနိုင်တာ
တစ်ယောက်ထဲ ဖြစ်တဲ့ကိုလဲ
တစ်ယောက်ထဲ ဖြစ်အောင် နေတတ်လာမယ်။

ဘယ်သူ့မှ ကိုယ့်ဘက်မရှိတဲ့အခါ
ကိုယ့်အတွက် ကိုယ်ရှိနေတက်လာမယ်။

သန်မာတဲ့ စိတ်ဓာတ်တွေနဲ့အတူ
ရင့်ကျက်စွာ ရှင်သန်နိုင်လာမယ်။

စာအုပ်က စကားမပြောတတ်ပေမယ့်
စာအုပ်က ကိုယ့်ဘဝအလင်းရောင်
ပေးနိုင်တာကြောင့် စာဖတ်ပါ....မိတ်ဆွေ😇

မေတ္တာ ဖြင့်

16/02/2023

ဘဝဇာတ်ခုံ
=======

ငိုချင်ပေမယ့်လည်း
ပြုံးပြခဲ့ရတာတွေရှိခဲ့ဖူးတယ် ။

ပြောချင်ပေမယ့်လည်း
နှုတ်ပိတ်ခဲ့ရတာတွေရှိခဲ့ဖူးတယ် ။

နာကျင်ပေမယ့်လည်း
ကြိတ်မှိတ်ပြီးနေရတာတွေလည်း ရှိခဲ့ဖူးတယ်။

စိတ်လျှော့ချင်ပေမယ့်လည်း
အားတင်းပြီးနေရတာတွေလည်း ရှိခဲ့ဖူးတယ်။

အရှုံးပေးချင်ပေမယ့်လည်း ...
ရည်ရွယ်ချက်တွေအတွက်
ကြိုးစားနေရတာတွေရှိခဲ့ဖူးတယ်။

ပေါက်ကွဲချင်ပေမယ့်လည်း
ရင်ထဲမျိုချလိုက်ရတာတွေလည်းရှိခဲ့ဖူးတယ်။

ပြောဖို့စကားလုံးတွေ ရှိနေပေမယ့်လည်း
စာနာထောက်ထားပြီး သည်းခံရတာတွေရှိခဲ့ဖူးတယ် ။

အနိုင်ယူလို့ရပေမယ့်လည်း အခြေအနေအရ
အရှုံးပေးလိုက်ရတာတွေရှိခဲ့ဖူးတယ်။

ရင်နာပေမယ့်လည်း
ဟန်ဆောင်နေရတာတွေလည်း ရှိခဲ့ဖူးတယ်။

ရင့်ကျက်လာတဲ့ လူတစ်ယောက်ဖြစ်ဖို့က
ဘဝဇာတ်ခုံမှာ ပုံစံအမျိုးမျိုးသရုပ်ဆောင်လာခဲ့ရတာပါ။

ဒါတွေဟာ
ကျော်ပြီး ဖတ်လို့ မရသလို မဖတ်ချင်လို့လည်း မရတဲ့
လောကဓံကပေးလာတဲ့ သင်ခန်းစာတွေပါ။

ဘဝဆိုတာကလည်း ကိုယ့်ဘဝကို
တစ်နေ့ နဲ့ တစ်နေ့ ကောင်းလာအောင်
တော်လာအောင် လှပလာအောင်
မရိုးနိုင်တဲ့(Character) အမျိုးမျိုးနဲ့
ဖြတ်သန်းကျော်ဖြတ်ရတာပါ ။

ဒါကြောင့်
လဲနေရင် ကိုယ့်ကိုယ်ကိုပြန်ထနိုင်ရမယ်
ယိုင်နေရင် ကိုယ့်ကိုယ်ကိုပြန်တည့်နိုင်ရမယ်
စောင်းနေရင် ကိုယ့်ကိုယ်ကိုပြန်မတ်နိုင်ရမယ်
ကျနေရင် ကိုယ့်ကိုယ်ကိုပြန်ကောက်နိုင်ရမယ်

ဘဝဆိုတာကိုယ်အရှုံးပေးမှ ရှုံးတာမဟုတ်လား
ကိုယ့်ကအရှုံးမပေးသရွေ့တော့
ဘယ်တော့မှမရှုံးပါဘူး ။

ခဏတာယာယီဆုံးရှုံမှုတွေကို
ထာဝရဆုံးရုံးမှုလို့ ဘယ်တော့မှ...
မသက်မှတ်လိုက်ပါနဲ့ ။

ကိုယ့်ဘဝရဲ့ဖန်တီးရှင်
ကိုယ့်ဘဝရဲ့ပဲ့ကိုင်ရှင်ဟာ ကိုယ်ကိုယ်တိုင်ပါပဲ ။

ဒီတော့
ကိုယ်လိုချင်တဲ့.
အောင်မြင်မှု / အေးချမ်းမှု
စိတ်ချမ်းသာမှု / ပျော်ရွှင်မှုတွေဟာ
အဝေးကြီးမှာ သွားရှာစရာမလိုပါဘူး။
ကိုယ့်ရဲ့လက်ထဲမှာဆိုတာ မမေ့လိုက်ပါနဲ့။

ကိုယ်အားငယ်ရင် ကိုယ်ကျရှုံးမှာပဲ ။
ကိုယ်အရှုံးပေးရင် ကိုယ်အောင်မြင်မှုနဲ့ဝေးမှာပဲ ။
ကိုယ်မုန်းရင် ကိုယ်ပူလောင်မှာပဲ ။

ဒါကြောင့်
လောကရဲ့ ဘဝဇာတ်ခုံပေါ်မှာ
ဘယ်လို(Character)မျိုးပုံစံနဲ့ပဲကျကျ

ကိုယ့်ရဲ့ဘဝကို အကောင်းဆုံးဖြစ်အောင်
အတော်ဆုံးဖြစ်အောင် လှပအောင်
ဒီထက်ပိုပြီး ဆိုးရွားမသွားအောင်
ကြိုးစားပြီး သရုပ်ဆောင်နိုင်ဖို့ပါပဲ ။
______________________________
to အနော်
✍✍✍✍✍✍✍✍✍
လေးစားစွာ ေးပါသည်"

09/02/2023

နေ့စဉ် Live

08/02/2023

အလုပ်သမားဘဝကနေ ကျွန်တော်စီးပွာရေးဘက်ကိုပြောင်းလာတဲ့ ရည်ရွယ်ချက်

08/02/2023

အလုပ်သမားဘ၀ကနေ ကျွန်တော်ဘာအကြောင့်စီးပွာရေးဘက်ကိုပြောင်းလာရတဲ့အကြောင်း ဒီည 7နာရီ Live မှာပြန်ဆုံကျမယ်

07/02/2023

အရောင်းသမားတစ်ယောက်ဟာ ယုံကြည်မှု 3 ခုဘတည်ဆောက်ရမည်

07/02/2023

7ရက်2လ23
ရောင်းချင်တာရောင်းဆြိတဲ့ စာအုပ်ထဲက လှိုဝှက်ချက်တစ်နေရာကို ညနေ 7နာရီ လာမျှဝေးပေးမည်
အရောင်းနဲ့ပက်သက်တာ

Photos from Seik Non Chan  Online Business's post 07/02/2023

Zhulian စီးပွာရေးမှာ လုပ်တဲ့လူပဲရတယ်
နည်းနည်းလုပ်ရင် နည်းနည်းရမယ်
များများလုပ်ရင် များများရမည်
ဘာမှမလုပ်ရင် ဘာမှမရဘူး
အရမ်းကို‌မှ ကောင်းမွန်တယ်
ကျွန်တော်ဆရာDSM ဆရာကိုအောင်ပြောသလိုပဲ
Zhulian စီးပွာရေးဟာ ငါးကြီးက ငါးသေးကိုစားတာမဟုတ်ဘူး မြန်တဲ့ငါးက နှေးတဲ့ငါးကိုကျော်ဖြတ်တဲ့ စီးပွာရေးပါ ။

07/02/2023
Photos from Seik Non Chan  Online Business's post 07/02/2023

စိတ်ရှည်စွာနဲ့ ပညာတွေကိုမျှဝေးပေးတဲ့ DSM ဆရာကိုအေးဇော် အရမ်းကျေးဇူတင်ပါတယ်ဆရာ🙏🙏🙏

Photos from Seik Non Chan  Online Business's post 07/02/2023

Zhulian စီးပွာရေးမှာအောင်မြင်ထားတဲ့ခေါင်းဆောင်တွေနှင့် Zhulian မိသားစုအဖွဲ့၀င်တွေနဲ့အမှတ်တရ

07/02/2023

သိုက်နန်ဆာန် လုပ်ကိုင်တဲ့ စီးပွာ‌ေရး ဥက္ကဌကြီး CEO

30/01/2023
29/01/2023

Zhulian သိုက်နန်ဆာန်Live လာပြီး
မိတ်ဆွေများအားလုံးကိုလေးစာချစ်ခင်ပါသည်

27/01/2023

မိမိသုံးတဲ့ပစ္စည်း မိမိအတွက်၀င်ငွေပြန်ရစေတယ်

23/01/2023

Zhulian ကုမ္ပဏီကြီးသွားတဲ့မိတ်ဆွေများ
ကြိုတင်စရင်ပေးလို့ရပါပြီး

17/01/2023

သွားကိုက် သွားနာနေတဲ့
ချစ်မိတ်ဆွေများ သွားကျန်းမာရေးအတွက်
Zhulian စမိုင်းအွန်လာပါပြီး
Zhulian သိုက်နန်ဆာန်

16/01/2023

2023
မှာ အရမ်ကိုတည်ဆောက်လွယ်ကူတဲ့စီးပွာရေး
မိတ်ဆက်ပေးပါမည်

11/01/2023

Zhulian ကိုတွေ့ရှိတာ ကံကောင်တယ်
RCM ဆရာကိုကျော်ခိုင်

Photos from Seik Non Chan  Online Business's post 10/01/2023

ပစ္စည်းကောင်းရင် ရောင်းအားကောင်းမည်

Want your public figure to be the top-listed Public Figure in Kamawet?
Click here to claim your Sponsored Listing.

Videos (show all)

အားလုံးမင်္ဂလာနေ့လယ်ခင်းလေးပါကိုယ်ရပ်တည်တဲ့နေရာနှင့် ကိုယ်သွားရမဲ့နေရာ
နေ့စဉ် Live
အလုပ်သမားဘဝကနေ ကျွန်တော်စီးပွာရေးဘက်ကိုပြောင်းလာတဲ့ ရည်ရွယ်ချက်
အရောင်းသမားတစ်ယောက်ဟာ ယုံကြည်မှု 3 ခုဘတည်ဆောက်ရမည်
Zhulian သိုက်နန်ဆာန်Live လာပြီးမိတ်ဆွေများအားလုံးကိုလေးစာချစ်ခင်ပါသည်
မိမိသုံးတဲ့ပစ္စည်း မိမိအတွက်၀င်ငွေပြန်ရစေတယ်
Zhulian ကုမ္ပဏီကြီးသွားတဲ့မိတ်ဆွေများကြိုတင်စရင်ပေးလို့ရပါပြီး
သွားကိုက် သွားနာနေတဲ့ချစ်မိတ်ဆွေများ သွားကျန်းမာရေးအတွက်Zhulian စမိုင်းအွန်လာပါပြီးZhulian သိုက်နန်ဆာန်
2023မှာ အရမ်ကိုတည်ဆောက်လွယ်ကူတဲ့စီးပွာရေးမိတ်ဆက်ပေးပါမည်
Zhulian ကိုတွေ့ရှိတာ ကံကောင်တယ်RCM ဆရာကိုကျော်ခိုင်
ချစ်ခင်ရတဲ့မိတ်ဆွေများ မင်္ဂလာညချမ်းလေပါခင်ဗျာ။ နှစ်သစ်အတွက် အကောင်းဆုံး အတူတူလက်တွဲလုပ်ဆောင်ရမည်။Zhulian သိုက်နန်ဆာန်

Category

Telephone

Website

Address


Kamawet

Other Kamawet public figures (show all)
MULAR Gaming MULAR Gaming
Kamawet

Finding Your True Spiritual Power Finding Your True Spiritual Power
Kamawet, 12084

စိတ်ပိုင်းဆိုင်ရာနှင့်ပတ်သက်တဲ့အကြောင်းအရာတွေကိုလာပြီးမျှဝေးပေးမှာပါ

𝚃𝚑𝚠𝚎  𝚁𝚎𝚟𝚒𝚎𝚠𝚎𝚛 𝚃𝚑𝚠𝚎 𝚁𝚎𝚟𝚒𝚎𝚠𝚎𝚛
Kamawet

လှပတဲ့လောကကြီးဖြစ်ဖို့သွယ်နဲ့အတူအ?