ဓူဝံကြယ် တီးဟောက်စ်- Duwun Kyal Tea House
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဓူဝံကြယ် တီးဟောက်စ်- Duwun Kyal Tea House, Cafe, 80th Street, Between 36 x 37th Street, Mandalay.
၄၂ လမ်း အမေကြီး မုန့်ပေါင်းဆိုရင်တော့ မန္တလေးမြို့က အစားအသောက်ကောင်း ကြိုက်တဲ့သူတွေ မသိသူ မရှိသလောက်အောင်ပါပဲ...✨
မန္တလေးဇာတိချက်ကြွေဖြစ်တဲ့ ကိုယ်တိုင်ကလည်း အမေကြီး မုန့်ပေါင်းကို ကြိုက်နှစ်သက်သူ ဖြစ်လေတော့ ဓူဝံကြယ်ဆိုင်စလုပ်တဲ့အချိန်မှာ အမေကြီးရဲ့ လက်ရာ မုန့်ပေါင်းကို ဆိုင်ရဲ့ Special Menu တွေထဲမှာ ထည့်ချင်စိတ်က ထိန်းမရအောင်ပါဘဲ...
ဒါကြောင့်ပဲ ၄၂ လမ်းက အမေကြီးဆီမှာ ခွင့်တောင်းပြီး ဓူဝံကြယ်ရဲ့ မြန်မာမုန့်လုပ်သူတွေကို အမေကြီး လက်ရာ မုန့်ပေါင်းပြုလုပ်နည်းတွေ စနစ်တကျ သင်စေခဲ့ပါတယ်...
အမေကြီးရဲ့ စေတနာ၊ ဓူဝံကြယ်က မြန်မာမုန့်လုပ်သူတွေရဲ့ စိတ်အားထက်သန်မှုတွေ ပေါင်းစပ်ပြီး နောက်မှာတော့ မန္တလေးမြို့ရဲ့ အထင်ကရ တစ်ခုဖြစ်တဲ့ ၄၂ လမ်း အမေကြီး မုန့်ပေါင်းကို ဓူဝံကြယ်ရဲ့ Special Menu တစ်ခုအဖြစ် စားသုံးသူတွေ ဆီ ပို့ပေးနိုင်ခဲ့ပါပြီ...
မြန်မာ့ရိုးရာ မုန့်တွေထဲက တစ်ခု ဖြစ်တဲ့ မုန့်ပေါင်းကိုမှ မန္တလေးမြို့နဲ့ ခွဲခြားလို့မရနိုင်တဲ့ ၄၂ လမ်း အမေကြီး မုန့်ပေါင်းကို ဓူဝံကြယ်ကနေ လက်ဆင့်ကမ်း သယ်ဆောင်လာခဲ့ပြီ ဖြစ်လို့ ဓူဝံကြယ်ရောက်တဲ့အခါ ချစ်ခင်အားပေးကြပါဦးနော်☺
"ဘော်ဒါတွေ ဆုံမယ် ဓူဝံကြယ်"
📍လမ်း ၈၀၊၃၆လမ်းနှင့်၃၇ လမ်းကြား၊မန္တလေးမြို့။
📱09 960 196 702
#လက်ဘက်ရည်တစ်ခွက်တစ်ထောင်ကျပ်
တစ်ခွက်ကို တစ်ထောင်ပဲ ဆိုပေမယ့် လ္ဘက်ရည်တစ်ခွက်မှာပါရမယ့် လ္ဘက်ခြောက်၊နို့ဆီ၊နို့စိမ်း စတဲ့ပါဝင်ပစ္စည်းတွေကို အကောင်းဆုံးတွေကိုပဲ သုံးထားသလို ဖျော်စပ်မှုပိုင်းမှာလည်း အတွေ့အကြုံတွေ အများကြီးရှိတဲ့ တီးဖျော်ဆရာတွေကိုယ်တိုင် စေတနာအပြည့်နဲ့ ဖျော်စပ်ထားတဲ့ ဓူဝံကြယ်ရဲ့ လ္ဘက်ရည်ကို မြည်းစမ်းကြည့်ပြီးပါပြီလား?
ချစ်ခင်စိတ်နဲ့ မှတ်ချက်ပြုမယ့် comment လေးတွေကို ဓူဝံကြယ် ဝိုင်းတော်သားများက ရင်ခုန်စွာနဲ့ စောင့်မျှော်နေပါတယ်နော် 🤩✨
"ဘော်ဒါတွေ ဆုံမယ် ဓူဝံကြယ်"
📍လမ်း ၈၀၊၃၆လမ်းနှင့်၃၇ လမ်းကြား၊မန္တလေးမြို့။
📱09 960 196 702
#လက်ဘက်ရည်တစ်ခွက်တစ်ထောင်ကျပ်
ဓူဝံကြယ်ဆိုင်ရဲ့ page comment လေးတွေကို လိုက်ပြီး ဖတ်ကြည့်တဲ့အခါ ရောင်းကောင်းပါစေ၊အောင်မြင်ပါစေဆိုပြီး ဆုတောင်းပေးကြတဲ့ comment လေးတွေ အများကြီးတွေ့ရတော့ ဒီဆိုင်လေးအပေါ် အားလုံးက အောင်မြင်စေချင်ကြတဲ့ စေတနာတွေကို သိရှိခံစားမိရပါတယ်...
ဒီအတွက် ဓူဝံကြယ် ဝိုင်းတော်သားများက ဝမ်းသာပျော်ရွှင်ရသလို ကျေးဇူးတင်ရပါတယ်...
တစ်ဆက်တည်းမှာပဲ ဒီ ဓူဝံကြယ်ဆိုင်လေးကို လုပ်ဖြစ်ရတဲ့ ရည်ရွယ်ချက်နဲ့ အသေးစိတ်လေးတွေ ဘယ်လို လုပ်ထားသလဲဆိုတာလေးတွေကိုပါ လ္ဘက်ရည်ချစ်သူတွေသိအောင် မျှဝေပေးချင်မိပါတယ်...
တစ်အချက်ကတော့ စျေးနှုန်းပေါ့နော်...
လ္ဘက်ရည်ဆိုင်တွေအများကြီးရှိနှင့်ပြီးသားဆိုပေမယ့် ကျနော်တို့ရည်ရွယ်ချက်က လ္ဘက်ရည်ကောင်းကောင်းသောက်ချင်တဲ့သူတွေကို မြန်မာငွေ တစ်ထောင်ကျပ်တည်းနဲ့ လ္ဘက်ရည်ဆိုင် ကောင်းကောင်း ထိုင်လို့ရမယ့် နောက်ထပ်နေရာတစ်ခုကို ပေးချင်တာပါ...
ဒါကြောင့် ဒီခေတ်ထဲမှာ ရှိတော့ ရှိတယ် ဒါပေမယ့် ရှားသွားပြီဆိုတဲ့ စျေးတန်း လ္ဘက်ရည်တစ်ခွက်ကို တစ်ထောင်နဲ့ လူတိုင်း သောက်နိုင်အောင် ရောင်းချပေးဖြစ်တာဖြစ်ပါတယ်...
လ္ဘက်ရည်ဆိုင်ထိုင်တဲ့အခါ အဆာပြေ မုန့်လေးတွေ စားတတ်တဲ့သူတွေလည်း ရှိတာမို့ လ္ဘက်ရည်မှာစျေးချိုပြီး မုန့်တွေမှာ စျေးကြီးတယ် မဖြစ်ရအောင် ဓူဝံကြယ်မှာ ရောင်းတဲ့ အဆာပြေမုန့်ကစလို့ ဗိုက်၀ စာတွေ အားလုံးကို စျေးသက်သာအောင် စီစဉ်ထားပေးပါတယ်...
ဥပမာ- ပလာတာ တစ်ပွဲကို တစ်ထောင်နဲ့ ရတာမျိုးပေါ့...
ပိုက်ဆံ ၂ ထောင်ပါရုံနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ပြီး လ္ဘက်ရည်ကောင်းကောင်းနဲ့ အဆာပြေ မုန့်စားလို့ရတာမျိုးကို ဓူဝံကြယ်မှာ ရရှိနိုင်မှာပါ...
အပြင်အဆင်ကရော ?
---------------------
ဓူဝံကြယ်လေးက လူတိုင်း ပေါ့ပေါ့ပါးပါးနဲ့ ထိုင်နိုင်အောင် ဖန်တီးထားတဲ့ ဆိုင်လေးဆိုပေမယ့် အကောင်းဆုံးပေးချင်တဲ့ စိတ်စေတနာက လျှော့လို့မရလေတော့ ဆိုင်အပြင်အဆင်ကိုလည်း မန္တလေးမြို့ရဲ့ ရာသီဥတုနဲ့ လိုက်ဖက်အောင်၊သဘာ၀အလင်းရောင်နဲ့ လေဝင်၊လေထွက် ကောင်းမွန်အောင် သေသေချာချာလေး ဒီဇိုင်းဆွဲပြီးမှ ဆောက်လုပ်ထားတာဖြစ်ပါတယ်...
အနောက်ဘက်လှည့်ဖြစ်တဲ့အတွက် အနောက်ဘက်ကျနေ ထိုးတဲ့အခါ အပူသက်သာစေဖို့လည်း ရေပန်းစနစ်တွေ ထပ်မံတပ်ဆင်ပေးထားခြင်းက ကျနော်များ ဓူဝံကြယ်ရဲ့ လ္ဘက်ရည်ချစ်သူတွေအပေါ် ထားရှိတဲ့ စေတနာတွေထဲက တစ်ခုပါပဲနော်... ဒါပေမယ့်လည်း မန်းနေရဲ့ အပူချိန်ကို ထပ်မံတပ်ဆင်ထားတဲ့ ရေပန်းတွေကလည်း လုံလောက်အောင် အကာအကွယ်မပြုနိုင်သေးတာကို တွေ့ရပါတယ်...
ဒါကြောင့် နောက်ထပ်လည်း ပိုပြီးအေး၊ပိုပြီး သက်တောင့်သက်သာရှိစေဖို့အတွက် သက်ဆိုင်ရာ ပညာရှင်များနဲ့ တိုင်ပင်နေကြတယ်ဆိုတာကိုလည်း ခင်မင်စွာ အသိပေးပါရစေ...
ဝန်ဆောင်မှု
-----------
မွန်းကြပ်မှုတွေများတဲ့ ကာလဖြစ်တဲ့အတွက် ဓူဝံကြယ်ရဲ့ အပိုဆန်တဲ့ ဝန်ဆောင်မှုတွေကြားမှာ လ္ဘက်ရည်ချစ်သူတွေ ပိုပြီး မွန်းကြပ်မှာကို စိုးတဲ့အတွက်လည်း အရင်တုန်းက လ္ဘက်ရည်ဆိုင်ထိုင်ရင် ရတတ်တဲ့ ပေါ့ပေါ့ပါးပါး ဝန်ဆောင်မှုတွေကိုပဲ တမင်ထားရှိပေးထားပါတယ်...
ဝန်ထမ်းငယ်လေးတွေရဲ့ လိုအပ်ချက်တွေကိုလည်း တစ်ရက်ထပ် တစ်ရက် ပိုပိုကောင်းမွန်လာအောင် ကြိုးစား ပြင်ပေးနေကြပါတယ်...
ဓူဝံကြယ် အောင်မြင်မှာလား?
----------------------------
ဓူဝံကြယ် အတွက်ကတော့ တစ်ကယ်ကို အရသာရှိတဲ့ အစားအစာတွေနဲ့ လ္ဘက်ရည်ကောင်းကောင်းကို တော်တော်ရှားသွားပြီဖြစ်တဲ့ စျေးတန်းမျိုးနဲ့ ရောင်းချပေးနိုင်ခဲ့တာကို အောင်မြင်မှု တစ်ခုလို့ ယူဆထားပါတယ်... 🤩
အခုလို ဓူဝံကြယ်ရဲ့ အသေးစိတ်စဉ်းစားပြီး ဖန်တီးပေးထားတဲ့ စေတနာတွေနဲ့ ချစ်ခြင်းမေတ္တာတွေကို လာရောက်ခံစားရင်းနဲ့ ဓူဝံကြယ်လေး ဆိုင်ခွဲတွေအများကြီးနဲ့အတူ ဒီထက် ပိုမိုလင်းလက်တောက်ပလာအောင် ဝိုင်းဝန်းချစ်ပေးကြပါဦးလို့...
"ဘော်ဒါတွေ ဆုံမယ် ဓူဝံကြယ်"
📍လမ်း ၈၀၊၃၆လမ်းနှင့်၃၇ လမ်းကြား၊မန္တလေးမြို့။
📱09 740 9090 80/ 09 740 9090 60
#လက်ဘက်ရည်တစ်ခွက်တစ်ထောင်ကျပ်
🙏 ကဆုန်လပြည့် ဗုဒ္ဓနေ့ 🙏
“ ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း ” ဆိုတာနဲ့ အညီ ထူးမြတ်လှတဲ့ ကဆုန်လပြည့်နေ့ အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေကြောင်း ဓူဝံကြယ်တီေဟာက်စ် မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
#ကဆုန်လပြည့်နေ့ #ဗုဒ္ဓနေ့
အမျိုးသားတွေတင် လ္ဘက်ရည်ကြိုက်တာ မဟုတ်ပါဘူး... လ္ဘက်ရည်သောက်ရတာကို နှစ်သက်သလို လ္ဘက်ရည်ကောင်းကောင်းကိုမှ သောက်ချင်ကြတဲ့ အမျိုးသမီးတွေလည်း အများကြီးပါပဲ... ✨
ဒီကနေ့ ကျရောက်တဲ့ international tea day မှာ တစ်ထောင်ကျပ်တည်းနဲ့ လ္ဘက်ရည်ကောင်းကောင်း ရနိုင်တဲ့ ဓူဝံကြယ်မှာ ဘော်ဒါတွေ ဆုံပြီး လ္ဘက်ရည်သောက်ရင်း ရှေ့ဟောင်းနှောင်းဖြစ်တွေ ပြောကြရအောင်...😉
"ဘော်ဒါတွေ ဆုံမယ် ဓူဝံကြယ်"
📍လမ်း ၈၀၊၃၆လမ်းနှင့်၃၇ လမ်းကြား၊မန္တလေးမြို့။
📱09 740 9090 80/ 09 740 9090 60
#လက်ဘက်ရည်တစ်ခွက်တစ်ထောင်ကျပ်
လောကဓာတ်၊ ပြောစမှတ်၊ ဝေါကပ်အောင်ပလီ ပူတစ်ချီ အေးတစ်လှည့် ဇောကပ်တဲ့ရာသီ...
ဒီလို ဆိုချင်ပေမယ့် ဒီတစ်ခေါက် မန္တလေးနွေကတော့ ပူတစ်ချီ အေးတစ်လှည့်မဟုတ်ဘဲ ၊ အပူချည်းသာနေ့ညဆက်လျက်...
မန္တလေးရဲ့ အပူက အတူတူပေမယ့် အပူကို တုံ့ပြန်ပုံချင်း မတူကြတာကိုတော့ အလွယ်တကူ အခန်းယူလို့မရတဲ့ အဲယားကွန်း ဟိုတယ်အခန်းတွေက သက်သေလို့ပင် ဆိုရမလို...
တစ်ကယ်လို့များ အပူရှောင်ရင်း အပူတွေအကြောင်း ဖောက်သည်ချဖို့ နေရာကောင်းလေး တစ်ခု လိုအပ်လာခဲ့ရင်တော့ မနက်၊နေ့လယ်နဲ့ ညခင်းတွေမှာပါ အေးအေးဆေးဆေးနဲ့ ထိုင်လို့ကောင်းတဲ့အပြင် စားစရာပါ တစ်ချိန်နဲ့တစ်ချိန် မရိုးအောင်ရတဲ့ ကျနော်များရဲ့ ဓူဝံကြယ်ကိုသာ လှမ်းခဲ့ဖို့ ဖိတ်ခေါ်ပါရစေဗျာ...
သဘာ၀လေဝင်လေထွက်နဲ့ အလင်းရောင် ရရှိစေဖို့ သေချာ ဒီဇိုင်းဆွဲထားတဲ့အပြင်အဆင်၊ရှားပါးသွားပြီဖြစ်တဲ့ လ္ဘက်ရည်တစ်ခွက် တစ်ထောင်ကျပ်နဲ့အတူ အရသာရှိပြီး စျေးသက်သာတဲ့ အစားအစာတွေကို တ၀ကြီး ခံစားရင်း ဒီနွေအပူကို အံတုကြပါစို့နော်...
"ဘော်ဒါတွေ ဆုံမယ် ဓူဝံကြယ်"
📍လမ်း ၈၀၊၃၆လမ်းနှင့်၃၇ လမ်းကြား၊မန္တလေးမြို့။
📱09 740 9090 80/ 09 740 9090 60
#လက်ဘက်ရည်တစ်ခွက်တစ်ထောင်ကျပ်
ငယ်ငယ်က အဖေနဲ့ လ္ဘက်ရည်ဆိုင်ထိုင်တော့ ပူမှာစိုးလို့ အောက်ခံပန်းကန်ပြားလေးထဲကို လ္ဘက်ရည်ခွဲထည့်ပြီး အအေးခံသောက်စေတာက အဖေ့ရဲ့ ချစ်ခြင်းမေတ္တာ... 💜
ဘော်ဒါတွေနဲ့ ဆိုင်ထိုင်ကြတော့ အလုပ်ရှိပြီး ဝင်ငွေကောင်းတဲ့ ဘော်ဒါက လ္ဘက်ရည်ဖိုးကို စိုက်ပြီးရှင်းတယ်... ဒါ ဘော်ဒါချင်းထားတဲ့ ချစ်ခြင်းမေတ္တာ... 💜
သမီးရည်းစား စုံတွဲတစ်တွဲ လ္ဘက်ရည်ဆိုင်ထိုင်ကြတော့ ကောင်လေးက ကောင်မလေးအတွက် တစ်ရှူးလေးအရံသင့် ဆောင်ထားပေးတာဟာလည်း ချစ်ခြင်းမေတ္တာတစ်မျိုးပဲ... 💜
အခုလိုကာလမျိုးမှာ ရှိတော့ရှိတယ် ရှားတယ်လို့ ဆိုရမယ့် လ္ဘက်ရည်တစ်ခွက်ကို ၁ ထောင်ကျပ်ဆိုတာကလည်း ဓူဝံကြယ်ရဲ့ အားလုံးအပေါ်ထားတဲ့ ချစ်ခြင်းမေတ္တာတွေပါပဲ ... ✨
လ္ဘက်ရည်တစ်ခွက်ကို တစ်ထောင်ကျပ်တည်းနဲ့သောက်ဖို့ ဆိုတာထက် ဓူဝံကြယ်ရဲ့ အားလုံးအပေါ် ထားရှိတဲ့ ချစ်ခြင်းမေတ္တာကို အတူတူမျှဝေခံစားရင်း ပျော်စရာအမှတ်တရတွေ ဖန်တီးနိုင်ဖို့ ဖိတ်ခေါ်ပါရစေနော်...
"ဘော်ဒါတွေ ဆုံမယ် ဓူဝံကြယ်"
📍လမ်း ၈၀၊၃၆လမ်းနှင့်၃၇ လမ်းကြား၊မန္တလေးမြို့။
📱09 740 9090 80/ 09 740 9090 60
#လ္ဘက်ရည်တစ်ခွက်တစ်ထောင်
မန္တလေးမြို့ရဲ့ ဓူဝံကြယ် တီးဟောက်စ် ကတော့ မြို့မေတ္တာခံယူရင်း အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်... 🤩✨
ဖွင့်ပွဲနေ့မှာ တစ်ခဲနက် အားပေးခဲ့ကြတဲ့အတွက် ဝမ်းသာရသလို ထင်မှတ်ထားတာထက် ပိုပြီး အားပေးကြတဲ့အတွက် သတ်မှတ်အချိန်မတိုင်ခင် စောပြီး ဖွင့်ပွဲအစီအစဉ်ကို ရပ်နားလိုက်ရတဲ့အတွက်လည်း ဓူဝံကြယ် ဝိုင်းတော်သားများက စိတ်မကောင်း ဖြစ်ရပါတယ် 🥹
ဘယ်လိုပဲ ဖြစ်ဖြစ် မန္တလေးမြို့ရဲ့ ဆုံမှတ်တစ်ခု အဖြစ် ဓူဝံကြယ်က ရောက်ရှိလာခဲ့ပြီဖြစ်သလို ရှေ့လျှောက်ပြီးလည်း မြို့မေတ္တာ ခံယူရတဲ့ ဆိုင်လေး တစ်ဆိုင်အဖြစ် ရပ်တည်သွားနိုင်ဖို့ ဝိုင်းဝန်းအားပေးကြပါဦးလို့ ကျနော်များ ဓူဝံကြယ် ဝိုင်းတော်သားများက ဖိတ်ခေါ်လိုက်ပါရစေ...✨
"ဘော်ဒါတွေ ဆုံမယ် ဓူဝံကြယ်"
📍လမ်း ၈၀၊၃၆လမ်းနှင့်၃၇ လမ်းကြား၊မန္တလေးမြို့။
📱09 740 9090 80/ 09 740 9090 60
ကုသိုလ်နဲ့အစပြုမယ် ဓူဝံကြယ်... ✨
မနက်ဖြန်မှာ စတင် ဖွင့်လှစ်တော့မယ့် ဓူဝံကြယ် လ္ဘက်ရည်ဆိုင်ရဲ့ ကနဦး ကုသိုလ် အဖြစ် ဒီကနေ့ မနက်၅ နာရီခွဲမှာ သံဃာ အပါး ၁၂၀ ကို အာရုဏ် ဆွမ်း ဆပ်ကပ် လှူဒါန်း ကုသိုလ်ပြုခဲ့တဲ့ ပုံရိပ်များကို အားလုံး သာဓုခေါ်ယူနိုင်ဖို့အတွက် မျှဝေပေးလိုက်ပါတယ်။
မနက်ဖြန်မနက် ၆ နာရီအချိန်မှာလည်း ဓူဝံကြယ်ရဲ့ Grand Opening ဆိုင်ဖွင့်ပွဲ ရှိတဲ့အတွက် အခမဲ့ လာရောက် သုံးဆောင်ဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်နော်။
"ဘော်ဒါတွေဆုံမယ် ဓူဝံကြယ်"
📍လမ်း ၈၀၊၃၆လမ်းနှင့်၃၇ လမ်းကြား၊မန္တလေးမြို့။
📱09 740 9090 80/ 09 740 9090 60
လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနဲ့ လ္ဘက်ရည်ဆိုင်ထိုင်ရတဲ့ ခံစားမှုမျိုးကို နှစ်သက်တဲ့ ရွှေမန်းမြို့က လ္ဘက်ရည်ချစ်သူတွေအတွက် ဓူဝံကြယ်လ္ဘက်ရည်ဆိုင်ကို လာမယ့် မေလ ၉ ရက်နေ့ မနက် ၆ နာရီမှာ စတင်ဖွင့်လှစ်သွားတော့မှာ ဖြစ်ပါတယ်... ✨
ဖွင့်ပွဲအထိမ်းအမှတ်အနေနဲ့ လ္ဘက်ရည်ကောင်းကောင်းသောက်ချင်တဲ့ မိဘပြည်သူ၊ညီကို မောင်နှမတွေ အားလုံးကို မနက် ၆ နာရီကနေ ၁၀ နာရီအတွင်းမှာ အခမဲ့ ကျွေးမွေးဧည့်ခံသွားမှာ ဖြစ်တဲ့အကြောင်းကိုလည်း သတင်းကောင်းပါးပါရစေနော်... 🤩
ဒါကြောင့် ရွှေမန္တလေးမြို့ရဲ့ လ္ဘက်ရည်ဆိုင်ယဉ်ကျေးမှုကို အသစ်တစ်ဖန်ပြန်လည် ဆန်းသစ်စေမယ့် ကျနော်များရဲ့ ဓူဝံကြယ် လ္ဘက်ရည်ဆိုင်ကို ချစ်ခြင်းမေတ္တာများနဲ့အတူ ကြွရောက်ချီးမြင့်ပေးကြပါဦးလို့ ... ☺️
"ဘော်ဒါတွေဆုံမယ် ဓူဝံကြယ်"
📍လမ်း ၈၀၊၃၆လမ်းနှင့်၃၇ လမ်းကြား၊မန္တလေးမြို့။
📱09 740 9090 80/ 09 740 9090 60
ကိုယ့်လူတို့ Crush ဆီက ချစ်အဖြေ ရ၊မရဆိုတာ မသေချာပေမယ့် မေလထဲမှာ ဓူဝံကြယ် ဖွင့်မယ်ဆိုတာတော့ သေချာနေပြီမို့ မကြာခင်မှာ ဘော်ဒါတွေနဲ့ ဆုံတွေ့ချင်ပါရဲ့ဗျာ 🤩
"ရယ်ရယ်မောမော၊ပေါ့ပေါ့ပါးပါး ဓူဝံကြယ်မှာ ဆုံစို့လား"
#ဓူဝံကြယ် #လ္ဘက်ရည်ဆိုင် #၃၀၀၀နဲ့ဆိုင်ထိုင်မယ်
ကြိုးစားလုပ်ကိုင်လိုစိတ်ရှိရင် ဒီအလုပ်အကိုင်အခွင့်အလမ်းတွေက စောင့်ကြိုနေပါတယ် 🤩
မကြာခင်ဖွင့်လှစ်တော့မယ့် ဓူဝံကြယ် တီးဟောက်စ် မန္တလေးဆိုင်အတွက် အောက်ဖော်ပြပါ အရည်အချင်းနဲ့ ကျွမ်းကျင်သူတွေ ရှာဖွေနေပါတယ်နော်...
• Cashier (၂)ဦး
• Store Keeper (၁) ဦး
• Waiter/Waitress (၆) ဦး
• Food Runner (၁၀) ဦး
• အအေးဖျော်ဆရာ (၁) ဦး
• တီးဆရာ (၁) ဦး
• ရှမ်းခုံ၊ ဆီဆမ်းခုံ (၆) ဦး
• ထမင်းအချက်အပြုတ်ကျွမ်းကျင် (၁) ဦး
တစ်ကယ်လို့ မိတ်ဆွေက အလုပ်အတွေ့အကြုံ မရှိသေးပေမယ့် ကြိုးစားသင်ယူပြီး လုပ်ကိုင်လိုစိတ်ရှိသူ၊အကျင့်စာရိတ္တကောင်းမွန်သူ တစ်ဦးဆိုရင်လည်း စီနီယာတွေက လက်တွဲခေါ်ယူပြီး သင်ကြားပေးသွားမှာ ဖြစ်လို့ ဓူဝံကြယ်မှာ အလုပ်လျှောက်လို့ရပါတယ်။
မကြာခင်မှာ ဓူဝံကြယ်ကလည်း ဖွင့်လှစ်တော့မှာ ဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ page messenger ကနေ ဒါမှမဟုတ် Viber No ၀၉-၉၆၀ ၁၉၆ ၇၀၂ ကို ကိုယ်ရေးအကျဉ်းနဲ့ လျှောက်ထားလိုတဲ့ နေရာကို ရေးသားပေးပို့ပြီး အမြန်ဆုံး လျှောက်ထားလိုက်ပါနော်။
မကြာခင် ဓူဝံကြယ်မှာ ဆုံမယ်"
#ဓူဝံကြယ် #အလုပ်ခေါ်စာ
အတာကူးတဲ့ တန်ခူးလ အချိန်အခါမှာ ကျင်းပပြုလုပ်တဲ့ နှစ်ကူး သင်္ကြန် အခါသမယမှာ ကိုယ်စိတ်နှလုံး ကြည်သာရွှင်ပြုံးပြီး အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ပါစေကြောင်း ဓူဝံကြယ် တီးဟောက်စ်မှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...✨
"မကြာခင် ဓူဝံကြယ်မှာ ဆုံမယ်"
#ဓူဝံကြယ်
သင်္ကြန်လည်ပြီး နေပူလာချိန်ဆို လ္ဘက်ရည်ဆိုင်မှာ အပူရှောင်ရင်း ဗိုက်ဖြည့်ရတာကလည်း အရသာ တစ်မျိုးပဲဗျ...
လူတွေ အများကြီး ပြုံကျလေ့ ရှိတဲ့ ဆိုင်တွေဆိုရင် ရှေ့က အော်ဒါတွေ စောင့်ရင်း နောက်ရက် ဘယ်မဏ္ဍပ် သွားမယ်ဆိုတာ တိုင်ပင်ရတာကလည်း အမောသားလေ...
ဘော်ဒါတို့ရော သင်္ကြန်တွင်းမှာ လ္ဘက်ရည်ဆိုင်ထိုင်လေ့ ရှိကြလား ? ကွန်းမန့်မှာ အမှတ်တရတွေ မျှဝေပေးခဲ့ပါဦး...
"ရယ်ရယ်မောမော၊ပေါ့ပေါ့ပါးပါး ဓူဝံကြယ်မှာ ဆုံစို့လား"
#ဓူဝံကြယ် #လ္ဘက်ရည်ဆိုင် #၃၀၀၀နဲ့ဆိုင်ထိုင်မယ်
“ညီလေးရေ ... လ္ဘက်ရည်တစ်ခွက်၊နံပြားတစ်ချပ်၊ နံပြားကိုတော့ ပဲနဲ့ ပေးကွာ...
ဖွာတော် တစ်ပွဲနဲ့ အခြစ်လေးလည်း ချပေး...”
လ္ဘက်ရည်ဆိုင်မှာ ဒီလို မှာဖို့ဆိုရင် အနည်းဆုံး ငါးထောင်မှ အိတ်ကပ်ထဲ မပါရင် မဖြစ်တော့ဘူးလို့ ဆိုကြတယ်...
ဘော်ဒါတို့ရော လ္ဘက်ရည်ဆိုင် တစ်ခါထိုင်ရင် ဘယ်လောက်ကုန်လဲဆိုတာ ကွန်းမန့်မှာ မျှဝေခဲ့ပါဦး...
#ဓူဝံကြယ်
လ္ဘက်ရည်ဆိုင် ထိုင်ကြရအောင်...✨
စကားပြောဖို့၊ဗိုက်ဖြည့်ဖို့၊စုပြီး ကဗျာဖတ်ဖို့၊ချိန်းပြီး ဂိမ်းဆော့ဖို့၊ခေတ်အကြောင်း ဆွေးနွေးဖို့၊သီချင်းအသစ်တွေအကြောင်း ပြောဖို့၊ စာအုပ်အသစ်တွေအကြောင်း ငြင်းဖို့...
လာပါ လ္ဘက်ရည်ဆိုင် ထိုင်ကြရအောင်...
ဓူဝံကြယ်လာမည်...
Click here to claim your Sponsored Listing.
Videos (show all)
Website
Address
Mandalay
72ⁿᵈ, Between 30ᵗʰx31ˢᵗ
Mandalay, 05021
Café & Restaurant with HelloKitty Theme💗
Mandalay
Bread, pastry and healthy food shop We bake everyday for you and your family. We hope you will enjoy it. We hope you will be smile when you have it.���
62A, Bet: 110 X 111
Mandalay, 05041
We provide fresh coffee & healthy bread everyday!
30st Bet 83st *84 Street
Mandalay
We prepare and serve high quality, simple food, at a great value, in a home-like environment with rea
Corner Of 66&27 Street, Chan Aye Tharzan Township
Mandalay
Can order some desserts here �
72street, Bet 29th & 30th Streets , Chan Aye Tar Zan Township
Mandalay
Our coffee will make your day better !