SPA Paragon

SPA Paragon

Health Relax and Beauty Spa

13/09/2024

❗❗ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်

၁။ ကိုယ့်အိမ်နဲ့ ဘေးပတ်ဝန်းကျင်အိမ်တွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးကြည့်ပါ။

၂။ အရေးပေါ် ပြောင်းရွေ့နိုင်ရန် နေရာ (ရေလွတ်နိုင်မယ့်နေရာ၊ ကုန်းမြင့်)၊ လမ်းကြောင်းများနဲ့ မိသားစုဆုံရပ်နေရာတွေကို ကြိုတင်သတ်မှတ်ထားပါ။

၅။ အရေးကြီးတဲ့ ပစ္စည်းများကို ထုပ်ပိုးထားပါ။ ရေစိုပျက်စီးနိုင်တဲ့ ပစ္စည်းများကို အထပ်မြင့်တွင် ထားပါ။

၆။ သောက်သုံးရေနဲ့ အထားခံသော အစားအစာများ၊ ဆေးဝါးပစ္စည်းများ ကြိုတင် စုဆောင်းထားပါ။

၇။ ချိုင့်၊ ရေမြောင်း စတဲ့ အန္တရာယ်ရှိနိုင်မယ့်နေရာတွေမှာ ကြိုတင်အမှတ်အသား ပြုလုပ်ထားပါ။

၈။ အရေးပေါ်ပစ္စည်းများနဲ့ အသက်ကယ်ပစ္စည်းများ ကြိုတင် စုဆောင်းထားပါ။

၉။ သတင်းနဲ့ အခြားသူများ အကြံပြုချက်များကို စဉ်ဆက်မပြတ် နားထောင်ပါ။

၁၀။ အရေးကြီးပစ္စည်းများ၊ စာရွက်စာတမ်းများ၊ အသက်ကယ်ပစ္စည်းများနဲ့ ဆေးဝါးများကို မိမိနဲ့အတူ ထားရှိ ထုပ်ပိုးထားပါ။

၁၁။ မိသားစုနဲ့ ကွဲကွာသွားပါက ပြန်လည်ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်လိပ်စာ၊ ဆက်သွယ်ရမယ့်သူ စသဖြင့် ရေးမှတ်ထားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားပါ။

၁၂။ သတ်မှတ်ထားတဲ့ ဘေးလွတ်နေရာသို့ ပြောင်းရွေ့ပါ။

(Credit)

‌ရေအမြန်ဆုံးပြန်ကျပြီး ပြည်သူများအားလုံး အားလုံးဘေးအန္တရာယ်ကင်းဝေးကြပါစေ...🙏🙏🙏

04/09/2024
23/09/2023

https://m.facebook.com/story.php?story_fbid=692382776250537&id=100064364611392&mibextid=ZbWKwL

အလှပြင်ဆိုင်တဆိုင်ရဲ့ အသက် #ဆိုင်ရှင် Vs #၀န်ထမ်း
မဖတ်အားသေးရင် shared & Saved ထားလို့ရပါတယ်

#ဆိုင်ရှင်သို့ပေးစာ📝📝

အလှပြင်ဆိုင်တဆိုင်မှာ ဝန်ထမ်းတွေဟာ သင့်ရဲ့ beauty,spa,Salon ဆိုင်ရဲ့ အင်ဂျင်စက်တလုံးပါ။ အင်ဂျင်မရှိပဲ စက်မလည်ပတ်နိုင်ပါဘူး။သင့်ကိုယ်သင်ပဲအားကိုးနေရင်တော့ ခုလက်ရှိ ဝင်ငွေလောက်နဲ့အသက်ငါးဆယ်ကျော်အထိ ဒီဝင်ငွေအတိုင်းပဲဖြစ်နေမှာပေါ့။ဒါကြောင့်ဝန်ထမ်းဟာ သင့်အတွက်မရှိမဖြစ် သားသမီးတပည့်တွေပါ။

ဆံပင်ညပ်ဆိုင်ပိုင်ရှင်က ဝန်ထမ်းတွေကို အပြစ်တွေဆဲဆို ဆူငေါက်တာတွေလုပ်နေသမျှကာလပတ်လုံး သင်နဲ့သင့်ဆိုင်ရဲ့ ဆိုင်းဘုတ်ဟာ ဆိုင်နောက်ဖေးမှာချိတ်ဆွဲထားတာနဲ့ တူနေဦးမှာပဲ။

#ကိုယ့်ရဲ့အင်ဂျင်ဟာ ကောင်းမွန်စွာလည်ပတ်နိုင်ဖို့ 👇👇

၁ ၀န်ထမ်းတွကို customerရှေ့မှာ လူအများရှေ့မှားလုံးဝ မဆူမဆဲမငေါက် အပြစ်မဖို့ပါနဲ့။

၂ အခါအခွင့်သင်သလို တော်ကြောင်း ကောင်းကြောင်း ချီးကျူ း ပြောဆိုဂုဏ်ပြုပါ။(ဝန်ထမ်းက ဘာတွေတော်တာလည်းမသိသေးရင် သင့်အတ္တတွေကို နိမ့်ချပီးကြည့်ပါ)

၃ ဝန်ထမ်းတွေဟာ သိပ်တော်တဲ့ ဆိုင်ရှင်တွေရဲ့ အားကိုးရာ အားထားရာအဖြစ် အမှန်တကယ်လက်ခံပါ။

၄ ထိုက်တန်တဲ့ရာထူး ငွေကြေးbonusကိုပေးဖို့မမေ့ပါနဲ့။ကိုယ့်အတွက်ထက် ဝန်ထမ်းအတွက်ကြည့်ပေးမှဝန်ထမ်းဟာ ဆိုင်ရဲ့အလုံးစုံကို ကျေနပ်ပျော်ရွှင်စွာကြည့်ပေးနိူင်မှာပါ။(ပေးတဲ့အခါ မျက်နာကို ဒေါသ မာနတွေ သုပ်လိမ်းမထားပါနဲ့)

၅ ရံဖန်ရံကာ ဝန်ထမ်းကိုအပြစ်ဖို့ဘို့ ပါးစပ်ယားလာရင် နာရီဝက်လောက် စဉ်းစားပီးမှပြောပါ။

၆ ဝန်ထမ်းကို ကိုယ်လိုရာစည်းမျဉ်းတွေအတိုင်း ရောက်ဖို့ ချီးကြူးစကားပြော၊ စေတနာထားမူပေးရင်း ပုံသွင်းပါ။

တလထိအဲ့လိုလုပ်နိုင်ရင် သင်ဟာ ကိုယ့်ကိုယ်ကို အမျှော်အမြင်ရှိတဲ့ownerဖြစ်လာတာပဲ လို့ကြည်နှုးမိလိမ့်မယ်။

#ဝန်ထမ်းသို့ပေးစာ 📝📝📝

ဝန်ထမ်းတယောက်အနေနဲ့ လုပ်ခဲ့တဲ့သက်တမ်းရယ် ဆိုင်ပြောင်းခဲ့တဲ့အကြိမ်အရေအတွက်ရယ် ရည်ရွယ်ထားချက်ရယ် စဉ်းစားကြည့်စမ်းပါ။

ဆိုင်တဆိုင်ရဲ့လိုအပ်ချက်တွေနဲ့ အောင်မြင်အောင် ဘယ်လိုလုပ်ရမလည်းဆိုတာ တစ်ဆိုင်ပီးတစ်ဆိုင် ပြောင်းရွေ့ပီးရှာရတဲ့အမျိုး မဟုတ်ဘူးဆိုတာ ခေါင်းဆောင်ဖြစ်တဲ့အခါ သိလာမှာပါ။ ဒီသူဌေးမကောင်းဘူး မကြိုက်ဘူး နောက်ဆိုင်ပြောင်းမယ်ဆို သင် ဆိုင်ရှင်ဖြစ်လာတဲ့အခါ သင့်ဆိုင်ကို ဒီနေရာမကြိုက်ဘူး ဟိုနေရာပြောင်းမယ်လို့အမြဲ ရွှေ့နေမှာလား။

အနာဂတ်မှာ ဆိုင်တွေပဲလိမ့်ပြောင်းနေပီး အတိတ်မေ့သလို ရွှေပျောက်သလို လုပ်နေရင် ပညာဦးကျိုးသွားပါလိမ့်မယ်။
ဦးကျိုးရင် ကိုယ့်ကိုယ်ကို ရူးလို့ရူးမှန်းမသိ ထူးလို့ထူးမှန်းမသိ ပညာနှို့ပိုးစားသွားလိမ့်မယ်။

သင့်ကိုယ်သင် ဆံပင် အလှပြင်ပိုင်းမှာ experience ,knowledge,education, job training ဘာပဲရည်ရွှယ်ထားထား ဒီဆိုင်မှာရောက်နေရင် ဒီဆိုင်မှာ ownerရဲ့ယုံကြည်ရဆုံးသူ အားအထားရဆုံးဝန်ထမ်း ဘောစိတွေရဲ့ စိတ်အချရဆုံးဝန်ထမ်းတယောက်အဖြစ် အကောင်းဆုံးကြိုးစားကြည့်ပါ။

ဆိုင်ရှင်တွေဆီက အခက်အခဲတွေကို သင်လက်ခံရိုကျိုးစွာသင်ယူပီး ပညာရှာပါ။အမြင့်တက်ပါ။ ဆိုင်နဲ့ ဆိုင်ရှင်တွေကို ဘုကလန့်တိုက်ပီး မျောက်ဆေးဆရာ မလုပ်ချင်ပါနဲ့။

အခက်အခဲဆိုတာ လူတိုင်းမှာ ရှိနေကြုံနေစမြဲပါပဲ ။ သူဠေးမှာလည်းရှိတာပဲ ဆိုင်လေးဖွင့်ပီး ဒူးနှံ့နေတာတော့မဟုတ်ဘူး။ ဆိုင်ရပ်တည်ဖွံ့ဖြိုးနိုင်ဖို့ အစစအရာရာ မျက်စိတောက်ထောက်ကြည့်နေရတာ ။

ဝန်ထမ်းတွေလို customer မရှိတော့ရင် ဖုန်းတလုံးကိုင် စနောက်ပျော်ရွှင်နေတာမဟုတ်ဘူး။ ownerဆိုင်ပိုင်ရှင်တိုင်း ရိုးသားကြိုးစားပီး ဆိုင်ကို စိတ်ချယုံကြည်စွာလက်လွဲအပ်ထားနိုင်လောက်တဲ့ဝန်းထမ်းကို အမြဲနေရာပေးချင်နေတဲ့သူတွေပါ။

ထပ်ပြောပါမယ် အမြင့်ကိုမှန်းထားရင်အပေါ်ကိုတက်ပါ။ အမြင့်တက်တဲ့ မည့်သည့်အရာမဆို လွယ်တဲ့အရာတော့မရှိပါဘူး။ ဘေးကိုပဲထွက်ခွါနေရင် တဖြည်းဖြည်းဘေးရောက်မယ်။ အခန့်မသင့်ရင် ဘဝပျက်မယ်။

ဆံပင်ညပ် အလှပြင်လောကရဲ့ ဘဝက သိပ်နုနှယ်တယ်။ ဟန်ချက်မညီရင် ကံဆိုးမိုးမှောင်ကျတတ်တယ်။ ကျလို့ကျမှန်းတောင်မသိနိုင်ခဲ့ကြသူတွေအများကြီးပဲ။ ဒါကြောင့်
#အလုပ်ပြောင်းဖို့ထက်
#အလုပ်ကောင်းအောင်ကြိုးစားစမ်းပါ။

ဒီဆိုင် ဒီဝန်ထမ်းတွေအားလုံးရဲ့ထိပ်မှာ ခေါင်းဆောင်လုပ်ပါ။ owner ရဲ့ပြောဆိုတာတွေ ကြမ်းတမ်းစကားတွေ ကိုrespectအရ နာခံပါ။သည်းခံပါ။

သင်ဆိုင်ရှင်ဖြစ်လာတဲ့အခါကျရင်လည်း သင့်ဝန်ထမ်းတွေရဲ့ပေါ့ဆမှု ညံ့ဖျင်းမှု တွေကို ''no problem အေးဆေးပဲ တပည့် ဘာမှမဖြစ်ဘူး'' လို့ ပြောနိုင်မှာလား?? ကိုယ်ချင်းစာကြည့်ပါ။ နားလည်ပါ။

''ဟေ့ငါ့ကိုတော့ သူဌေးက ယုံပီးသား ငါဆိုင်ကို ကောင်းကောင်းထိန်းသိမ်းပေးနိုင်တယ်လို့ ပြောနိုင်လာအောင်လုပ်ကြပါ💪💪
အဆင်မပြေမှုတွေကတော့ ဆိုင်မှာမပြောနဲ့ မိသားစုတွေမှာတောင်ရှိနေသေးတာပဲ

အောင်မြင်မှုဆိုတာ ဆိုင်တွေနေရာတွေမှာ ရှိတာမဟုတ်ပါဘူး။သင့်စိတ်တွေထဲမှာရှိနေတာပါ။ သင့်အစွမ်းကို သင့်ပတ်၀န်းကျင်က လူတွေ မိသားစုတွေ သူငယ်ချင်းဝန်ထမ်းတွေ သိအောင်ချပြလိုက်စမ်းပါ။

'👏👏👏👏

အမှားပါရင် တောင်းပန်ပါတယ် စေတနာဖြင့် ......

Photos from SPA Paragon's post 20/09/2023

ပျိုပျိုမေတို့အတွက်အသားအရေလှဖို့ နဲ့ ကျန်းမာရေးအတွက်ချွေးပုပ်ထုတ်ဖို့
တကိုယ်လုံးပေါင်းတင်ဖို့
မိန်းခလေးတိုင်းရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် တစ်ထောင့်တစ်နေရာကနေ
အစဉ်အမြဲပံ့ပိုးပေးမယ့် Spa Paragon မှာ ယုံကြည်စွာနဲ့ Spa service လေးယူဖို့
အရောက်သာလှမ်းခဲ့ပါနော်
👇ဖေါ်ပြပါ ကိုယ်လုံးပေါင်းတင်စက်ကလေးတွေက Spa Paragon မှာ အသုံးပြုနေတဲ့စက်ကလေးတွေပါ

18/09/2023

We are ready for this nail art designs!
Come and visit our SPA Paragon.

Photos from SPA Paragon's post 17/09/2023

Spa Paragon မှာမီးနေသည်ချွေးထုတ်
ဝန်ဆောင်မှုယူလို့ရသလို
အိမ်မှာပဲကိုယ်တိုင်ချွေးထုတ်ချင်ရင်လည်း
ချွေးထုတ်အရွက်စုံထုပ်လေး..ကိုအလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်
မိန်းခလေးတွေအတွက်အရမ်းအသုံးဝင်တဲ့ပစ္စည်းလေး..
မီးနေသည်..မီးဖွားထားသူတွေ..ချွေးအောင်းနေသူတွေအတွက်..ချွေးထုပ်ဆေးရွက်အစုံ..
အသင့်အစုံပါပြီးသားမို့..ဝယ်ထားသင့်တယ်နော်

အမျိုးသမီးတိုင်းအတွက်သီးသန့်သာဝန်ဆောင်မှုပေးနေတဲ့ Spa Paragon ပါရှင်

Photos from SPA Paragon's post 17/09/2023

တစ်သွေးလှလေးတွေလည်း
Spa Paragon မှာတင်ထားတယ်နော်
Ladies တို့ရေ

17/09/2023

Spa Paragon မှာ မီးနေသည် ဒိုက်ဘာလေးမှာလို့ရပါပြီနော်

17/09/2023

💦မီးနေသည် နှင့် အယူဆ အမှားများ

🍓မီးနေသည်ဆိုတာဘာလဲ
ကလေးမွေးပီး၄၅ရက်ကိုဆိုလိုခြင်းဖြစ်ပါတယ်။

🍓မီးနေသည်မေမေတွေ ရဲ့၄၅ ရက်က အရမ်းကို ခက်ခဲပါတယ်။မိသားစုရဲ့ ဖေးမမှုတွေ ခင်ပွန်းရဲ့ ဂရုစိုက်မှုတွေ အဓိကလိုအပ်တဲ့အချိန်ပါ။မီးနေသည်တွေကိုမသန့်ရှင်းသူဆိုပီးယူဆခဲ့တာနှစ်များစွာပါ။

ရှေးရိုးစွဲတချို့အယူသီးမှုတွေဟာ မေမေရော ကလေးပါထိခိုက်နိုင်ပါတယ်။မဖွံ့ဖြိုးသေးတဲ့ ကျေးလက်ဒေသတွေအပြင် မြို့ပေါ်မှာလည်း အယူအဆ မျိုးစုံနဲ့ မီးနေသည်မေမေတွေဟာ သေချာနားမလည်ပဲ လိုက်လုပ်နေရတုန်းပါ။

🍓မီးနေသည်နှင့်အယူအဆအမှားများ
ကလေးမွေးပြီးချိန်မှာ
🍄မေမေ
-မီးနေသည်ကို နနွင်းလိမ်းတာ၊သောက်စေတာ -အစားအသောက်ရှောင်ခိုင်းတာ (ငါးခြောက်နဲ့ ဟင်းချိုရည်ပဲစားခိုင်းတာ)
-မေမေကိုအပူခံချွေးအောင်းခိုင်းတာ
-မေမေကိုသန့်သန့်ရှင်းရှင်းမထားတာ
-လေ့ကျင့်ခန်းစတာတွေမလုပ်စေပဲငြိမ်နေစေတာ
-နို့ထွက်များစေရန်ဆေးဝါးတွေမိမိဘာသာသောက်စေတာ

🍄ကလေး
-ကလေးကိုနနွင်းလိမ်းပေးတာ
-ကလေးကို ချက်ကြွေရင် အနာကျက်မြန်အောင် နနွင်းသိပ်တာ၊ဆေးတို့ပတ်၊ပေါင်ဒါမှုန့်တွေထည့်တာ
-ကလေးအသက်၆လမပြည့်သေးပဲ ဆံပင်ရိတ်တာ(ဆံပင်သန်အောင်ဆိုတဲ့အယူအဆအမှား)
-ကလေး၆လမပြည့်ခင်ရေတိုက်တာ လူကြီးစားတဲ့ထမင်းဟင်းကျွေးတာ
-ကလေးကိုသနပ်ခါးလိမ်းပေးတာစတဲ့ အယူအဆ များစွာရှိပါတယ်

🍓သေချာရှင်းပြပေးမှာဖြစ်လို့ လုပ်သင့်မလုပ်သင့်‌ဆုံးဖြတ်နိုင်ပါတယ်။
🍄နနွင်းလိမ်း/သောက်တဲ့ အယူအဆ
ကလေးတွေက မွေးမွေးပြီးချင်းမှာ အသားဝါတက်လို့ မေမေတွေ နနွင်းလိမ်းထားမယ်ဆိုရင် အသားဝါမဝါ စမ်းသပ်ဖို့ ခက်ပါတယ်။အသားဝါကိုဦးနှောက်ထိရောက်ခဲ့မယ်ဆိုရင်ကလေးဉာဏ်မမှီတာ၊သေတဲ့ထိဖြစ်တတ်ပါတယ်။

🍄ချွေးအောင်း အယူအဆ
အပူအပုပ်ကင်းစင်အောင် ချွေးအောင်းခိုင်း တာထက် သန့်သန့်ရှင်းရှင်း နေဖို့က အဓိကပါ။

-ထဘီ ကိုတနေ့ ၃ခါ ၄ခါ လဲပါ
-Pad ကို မကြာခဏ လဲပေးပါ
-တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်မယ်ဆိုရင်မွေးလမ်းကြောင်းချဲ့ထားတဲ့အနာ၊ခွဲမွေးထားတဲ့ ဒဏ်ရာ ပိုးဝင်းခြင်းမှ ကာကွယ်ပေးပါတယ်။

🌲ချွေးအောင်းပြီး ရေမချိုးခိုင်းတာက ရောဂါပိုးမွှားများ အလွယ်တကူဝင်ရောက်နိုင်ပြီး ကိုယ်အပူချိန်လဲတက်နိုင်ပါတယ်

🍄အစားရှောင်ခိုင်းတာ
ဟင်းသီးဟင်းရွက်၊အသားငါးတွေကိုလုံလောက်စွာမစားခြင်းက ကလေးဉာဏ်ရည်၊ကိုခံအားကိုများစွာကျဆင်းစေပါတယ်။ဟင်းချိုထဲမှာတဲ့အငံဓာတ်၊အချိုမှုန့်ကလဲကလေးဉာဏ်ရည်ကိုထိခိုက်စေပါတယ်။

🌲ကလေးမွေးပီးဘယ်လိုစားသောက်မလဲ
မွေးပြီးစ မေမေ တွေ အားရှိတာ ကျန်းမာရေးနဲ့ ညီညွတ်တာ သန့်ရှင်းလတ်ဆတ်တာ မှန်သမျ အကုန်စားလို့ရပါတယ်။ရှောင်ရမှာကအငံ၊အချိုမှုန့်ပါ။

🍓မိခင်နို့ထွက်ခြင်း
မွေးပြီးစမှာထွက်တဲ့ နို့ဦးရေကြည်က ကလေးအတွက်လုံလောက်ပီး‌ မွေးစကလေးအတွက်အကောင်းဆုံးပါ။က‌လေးငိုတယ်ဆိုတယ်ဆိုတာတိုက်နည်းမမှန်လို့ပါ။နို့ဘူးတိုက်ဖို့မလိုပါ။
အမှန်ကကလေးကစို့လေ နို့ထွက်လေပါ။ကလေးနို့တိုက်နည်းကိုသေချာလေ့လာပီးပုံစံတကျတိုက်တတ်ဖို့လိုပါတယ်။
ကလေးနို့တိုက်ပီးတိုင်းလေထုတ်ပေးဖို့လိုပါတယ်။

🍓ချက်ထဲ နနွင်း၊ဆေးတို့ပတ်ထည့်ခြင်း
အသားဝါမဝါ ကြည့်ဖို့ခက်သလို ချက်မှာထည့်ရင်လဲ ပိုးဆိပ်တက်ပြီး အသက်ဆုံးရှုံးတဲ့ အထိ ဖြစ်နိုင်ပါတယ်။
ချက်ကိုသန့်သန့်ရှင်းရှင်းထားပေးပါ။

🍓၆ လမပြည့်ပဲရေတိုက်တာ၊အစာကျွေးတာ
ကလေးအသက်၆လအထိ မိခင်နို့တစ်မျိုးထဲတိုက်တာက လုံလောက်ပါတယ်။မိခင်နို့ထဲမှာ ရေဓါတ်လဲပါပြီးသားမို့ ရေထပ်တိုက်ဖို့မလိုပါဘူး။ကလေးအသက်မပြည့်ပီးအစာကျွေးခြင်းက ကလေးသီးပီးသေတတ်ပါတယ်။

🍓ဆံပင်ရိတ်ခြင်း
ဆံပင်ရိတ်ပေးရင် ဆံပင်သန်တယ် ဆိုတာကလဲ မဟုတ်ပါဘူး။
ကလေးတွေရဲ့ငယ်ထိပ်မပိတ်သေးတဲ့အတွက်ဆံပင်ကအပူအအေးကိုထိန်းပေးထားတာပါ။ခဏခဏနှာစီးချောင်းဆိုး၊ဖျားတတ်ပါတယ်။
ခေါင်းမခိုင်သေးပဲဆံပင်ရိတ်တဲ့အခါ အခန့်မသင့်ရင်ဓားရှရာကနေတဆင့် ပိုးဝင်နိုင်ပီးဦး‌ နှောက်အမြှေးပါးရောင်ကာတက်ခြင်း၊သေဆုံးတဲ့ထိဖြစ်တတ်ပါတယ်။

🍓မွေးကင်းစ ကလေးတွေကို သနပ်ခါးလိမ်းပေးတာ
ကလေးမှာ ရင်ကြပ်ရောဂါရှိလားမသိနိုင်တာမို့ သနပ်ခါးမှုန်လေးတွေခြောက်သွားပြီး အသက်ရှုလမ်းကြောင်းထဲရောက်ရင် ရင်ကြပ်တာ အသက်ရှုရခက်တာတို့ဖြစ်နိုင်ပါတယ်။

🌲ဒီအချက်လေးတွေကိုသိထားရင်ကလေးမွေးပီးစမေမေတို့အနေနဲ့ကလေးရောအမေပါ ကျန်းမာပျော်ရွှင်ပီးအန္တရာယ်ကင်းတဲ့မီးတွင်းကိုဖြတ်နိုင်မှာပါ။
မေတ္တာဖြင့်
ဒေါက်တာကောင်းထက်ကျော်

17/09/2023

Myaungmya Spa Paragon မှာ
သဲလှလှလေးတို့အတွက်
Nails design ဆန်းဆန်းလေးတွေ လာ Try
ကြည့်ပါနော်

17/09/2023

ခန္ဓာကိုယ် ကိုက်ခဲတာတွေ သက်သာဖို့
အနင်းအနှိပ်ခံ ကြသလို …
မိန်းကလေးတွေ ဓမ္မတာလာစဉ် ကိုက်ခဲတာတွေ အတွက် အနှိပ်လေးရှိပါတယ်။

ဝမ်းဗိုက်နှိပ်နယ်ပေးခြင်း က တခြားနှိပ်နယ်ခြင်းများနည်းတူ endorphins, dopamine စတဲ့ ဟော်မုန်းများထွက်စေတာမို့ ဓမ္မတာ ကိုက်ခဲဝေဒနာတွေ ကို သက်သာစေပါတယ်။

Home care အိမ်မှာ မိမိဘာသာ ပြုလုပ်လိုပါက

📍မပူလွန်းသော ပရုတ်ဆီ ( ထိုင်း အနှိပ် ပရုတ် ဆီ က အနေတော်ပါပဲ) ကို ချက်ပတ်ပတ်လည် ကို စက်ဝိုင်းသဏ္ဌန် နှိပ်ပေးရုံပါပဲ။
📍နောက်တနည်းကတော့ ချက် နဲ့ ဆီးခုံကြား နေရာကို ခေါင်းအုံးအသေး ( ကလေး အုံးတဲ့ ခေါင်းအုံး ) ခုထားပီး ၃၀ မိနစ် ခန့် မှောက်အိပ်ပေးရင်လဲ ကိုယ်လုံး weight လေး နဲ့ ဖိထားသလို ဖြစ်စေလို့ သက်သာစေပါတယ်။
📍အလွယ်တကူ လူတိုင်းသိပြီးသားနည်းလေးကတော့ ရေနွေးအိတ် ကပ်ပေးလို့ရပါတယ်။

ဝမ်းဗိုက်နှိပ်နယ်ပေးခြင်းက ကိုက်ခဲမှုဝေဒနာတွေ သက်သာစေတာ အပြင် …. တရုတ်ရိုးရာ ယူဆချက်တွေ အရ

သားအိမ် အားကောင်းစေတယ်။
သွေးသားမှန်စေပြီး အလှတိုးစေတယ်။
ဗိုက်သားတွဲတာတွေ ကို သက်သာစေတယ်။ ( အထူးသဖြင့် ကလေးမွေးပြီးသူတွေ )

ဝမ်းဗိုက် အနှိပ်ကို ကျမတို့ SPA Paragon မှာ အချိန် ၄၅ မိနစ် ကြာမြင့်ပါတယ်။ စျေးနှုန်းကတော့ ၂၈၀၀၀ ကျပ် ကျသင့်မှာ ဖြစ်ပါတယ်။

23/07/2023

"မ သဘာဝ"

ဘတ်စ်ကားပေါ်မှာ...
မိန်းမနှစ်ယောက် ထိုင်ခုံလုရင်း အကြီးအကျယ် စကားများနေကြသတဲ့။

စပယ်ယာက ကြားဝင်ဖျန်ဖြေပေမယ့် မ‌ရဘူး၊

ဒါနဲ့...
ဒရိုင်ဘာက လှမ်းအော်ပြောတယ်... ...

"ရုပ်ဆိုးတဲ့ တစ်ယောက်ကို ထိုင်ခိုင်းလိုက်"

အဲ့မှာ...
မိန်းမနှစ်ယောက်လုံး ခုံ မလုတော့ဘဲ
တစ်လမ်းလုံး မတ်တပ်ရပ် လိုက်လာသတဲ့။

အေး တာ ပဲ
သင်ခန်းစာ
------
ညောင်းချင်သလောက်ညောင်း၊ ရုပ်ဆိုးတော့ မခံဘူး။
😅

crd
Via...​စောရန်နိုင်

19/06/2023

ဘယ်အချိန် မှာ ဝန်ထမ်းခန့်ကြလဲ

အလှပြင်ဆိုင်တွေ အလုပ်စလုပ်ကြရတဲ့ သီတင်းကျွတ်ကနေ တန်ခူးလအတွင်း ဝန်ထမ်းတွေအပြိုင်အဆိုင်ခေါ်ကြချိန်ပါ
အလှပြင်ဆိုင် အလုပ်ဟာစတိုးဆိုင်တွေ အလုပ်ခန့်သလိုဘယ်သူလာလာ လုပ်လို့ရတဲ့အလုပ်မဟုတ်ပါဘူး
ကျွမ်းကျင်မူ့အတတ်ပညာနဲ့လုပ်ရတာဖြစ်တဲ့အတွက် ကျွမ်းကျင်လုပ်သက်ရင့် ပါတယ်ဆိုတဲ့သူကိုတောင် ကိုယ့်ဆိုင်ရဲ့အထာသိဖို့အချိန်တခု ပေးရပါတယ်
ပညာသင်တို့ ဆရာအကူအဆင့်တို့ကို ဖြောင့်ခေါင်း ဆိုးခေါင်း ကျွမ်းကျင်စွာကိုင်တတ်ဖို့ဆို ဆိုင်ဘက်က ပြင်ဆင်လေ့ကျင့်မူ့တွေ များစွာ လုပ်ပေးရပါတယ်
ဒါကြောင့် အလှပြင်ဆိုင်တွေ ဝန်ထမ်းခန့်တဲ့အခါ လိုအပ်တဲ့အချိန်မှ ခေါ်တာထက် မိုးကာလတည်းက ကြိုခေါ်ထားတာ အကောင်းဆုံးပါပဲ
သူတို့ကို ကိုယ်လိုချင်တဲ့ပုံ ကြိုတင်လေ့ကျင့်ပေးထားလို့ရပါတယ်
ကြိုခေါ်ထားရတာဖြစ်တဲ့အတွက် ငွေကြေး ကုန်ကျမူ့ပိုရှိပါတယ်
ဒါကို အလုပ်ထဲထည့်ရတဲ့ရင်းနှီးမြှပ်နှံမူ့လို့ သဘောထားရပါမယ်
ကိုယ်က ကြိုတင်ရင်းနှီးမြှပ်နှံထားတဲ့ အတွက်ကတိကဝတ်စာချူပ်စာတမ်းတွေလည်းလိုပါတယ်
ဒီခေတ်ထဲမှာ လူအများစုက သူဟာငါ့ကို ဒီအခြေအနေဒီပညာနဲ့ရပ်တည်နိူင်သူဖြစ်အောင် ကူညီခဲ့လို့ ငါဒီအလုပ်ကနေထွက်ရင် ဒီအလုပ်မှာ နောက်ဝန်ထမ်းနဲ့ အဆင်ပြေပြေလွဲထားခဲ့ပြီးမှ ထွက်မယ်ဆိုတဲ့သူ အတော်ရှားသွားပါပြီ အများစုဟာအတတ်ပညာလေးမတတ်ခင်သာ နဲနဲလေးများရတာနဲ့ သာကူးတွေအများစုဖြစ်သွားပြီ ကျေးဇူးတရားမရှိတော့ဘူး ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုပြီး သွားတဲ့သူတွေချည်းပဲ
ဒါကြောင့် အလုပ်တခုရယ်လို့ ပီပီပြင်ပြင် လုပ်ကြတော့မယ်ဆို မိသားစုလို မလုပ်ပါနဲ့ အလုပ်တခုလိုပဲ လုပ်ပါ ဒီအလုပ်မှာလုပ်ရင် ကိုယ့်ဘက်က ဘာတွေခံစားခွင့်ပေးမယ်
သူတို့ဘက်က ဘာတွေတာဝန်ယူပေးရမယ် ဒီအတိုင်းငါတို့အလုပ်လုပ်ကြမယ် သဘောတူတယ်ဆို စာချူပ်ချူပ် လက်မှတ်ထိုး လက်ဗွေပါ နှိပ်ခိုင်း
စာချူပ်မပြည့်ခင် ဆက်မလုပ်ချင်ရင် စာချူပ်အတိုင်းသွား
အဲလိုလုပ်ထားရင် သာကူးတွေ ကိုယ့်ဆိုင်ကို လက်တည့်စမ်းဖို့ခဏရောက်လာတဲ့သူတွေတော်တော်ကာကွယ်နိူင်ပါတယ် နောက်တခုကနဲနဲတတ်လို့ အချိူးပြောင်းပြီး စော်ကားကြမယ့်သူတွေရှိခဲ့ရင်လည်း ငါကဒီလောက်ကောင်းထားပေးတာတောင် လုပ်ရက်တယ်ဆိုတဲ့ ရင်ကွဲနာလည်းကျစရာမလိုဘူး
ကိုယ့်ရပ်တည်မူ့က ရှင်းတယ် ကိုယ့်ဆီမှာနေရင် ကိုယ့်ကတိအတိုင်းလုပ်ပေးတယ် သူတို့ဘဝတွေ ဝင်ငွေတွေပါ အဆင်ပြေအောင် ကိုယ့်တာဝန်လို့ခံစားပြီးဆောင်ရွက်ပေးတယ်
မနေချင်လို့ထွက်တဲ့အခါ သဘောတူညီမူ့အတိုင်း သူ့ဘက်ကတည်ခဲ့ရင် ဒီ​နေ့ထွက်မယ်ပြောတာနဲ့ မနက်ဖြန်နားလို့ရပြီ သဘောတူညီတဲ့အတိုင်းမရှိခဲ့ရင် လုပ်ငန်းစာချူပ်စည်းကမ်းအတိုင်းပဲ သွားပါတယ် ဘယ်သူ့ကိုမှ ချစ်လို့ မုန်းလို့ မရှိပါဘူး
ဘဝဆိုတာ တနေ့တည်းပြီးသွားတဲ့အရာမှ မဟုတ်ပါ ငွေဆိုတာက ဘဝရှင်သန်နေသရွေ့ ရှာနေကြရမှာ
အလုပ်နဲ့တွဲလျက်တည်ဆောက်ယူရတဲ့ နာမည်ကောင်းကအသက်ရှင်နေတဲ့သူတိုင်း တည်ဆောက်လို့ရတာမဟုတ်ဘူးဆိုတာ အောင်မြင်ဖို့ကြိုးစားနေသူတိုင်းကို သိစေချင်ပါတယ်
Crd

04/06/2023

လူလွတ်များလွတ်အောင်ရှောင်နိုင်ကြပါစေ😂

30/05/2023

🤩SPA အလုပ်သင် အမျိုးသမီးဝန်ထမ်းများ ခေါ်ယူနေပါသည်။

🤩သင့် အတွက် အခွင့်လမ်းတစ်ခု အခွင့်အရေးတစ်ခု ဖြစ်လာစေဖို့အတွက် ယခုဘဲ Spa Paragon နှင့်အတူ လက်တွဲလိုက်ပါ ။

(ခံစားခွင့်များ )

-အခြေခံလစာ
-အဆောင်
-Wifi
-Tip money
-Allowance

(အခွင့်လမ်းများ)

💆 Spa နှင့်ပက်သက်သော အနှိပ်ပညာရပ်များ၊ Beauty ပိုင်း ပညာရပ်များ ၊ Health ပိုင်း ပညာရပ်များ ၊ Customer Services ၊ Business Relationship ၊ Team Work ၊ Follow up Rule & Regulation များ ၊ အစရှိသည်တို့အား သင်ကြားနိုင်မည် ဖြစ်သည်။

👍(အခွင့်အရေးများ)

မိမိဘဝအတွက် ရည်မှန်းချက်လမ်းကြောင်းများပေါ်သို့ တက်လှမ်းနိုင်မည့် အခွင့်အရေးများ ရရှိမည် ။

ဧရာဝတီတိုင်းမြောင်းမြမြို့နယ်တွင် တာဝန်ထမ်းဆောင် သင်ကြားနိုင်သည်။

ဆက်သွယ်ရန် နှင့် လျှောက်ထားရန်
09250579944

30/05/2023

၀န်ထမ်းများခေါ်ယူလိုခြင်း

အသစ်ဖွင့်လှစ်မည့် အမျိုးသမီးသီးသန့်
SPA & Foot Reflexology ဆိုင်တွင် တာ၀န် ထမိးဆောင်ရနိ အလှအပ နှင့် ကျန်းမာရေး၀န်ဆောင်မှု လုပ်ငန်းများ ကို စိတိပါ၀င်စားစွာရေရှည် လက်တွဲလုပ်ကိုင်လိုသော အသက် ၂၃ နှစ် မှ ၄၀ နှစ် အတွငိးရှိ သွက်လက်တက်ကြွ သော အမျိုးသမီး ဝန်ထမ်းများ အမြန်အလိုရှိပါသည်
သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်မှုနှင့် အလုပ်အတွေ့အကြုံပေါ်မှုတည်ပြီးလစာညှိနှိုင်းပေးမည်
အလုပ်အတွေ့အကြုံ မရှိပါကလည်း
SPA & Foot Reflexology ပညာရပ်ကို ကျွမ်းကျင်ပညာရှငိများမှ စနစ်တကျ ကျွမ်းကျင်သည်အထိသင်ကြားပေးပါမည်
စိတ်၀င်စားသူမည်သူမဆိုသည်
Viber no 09250579944 သို့ ဆက်သွယ်လျှောက်ထားနိုင်ပါသည်

22/05/2023

ဝန်ထမ်းအသစ်များခေါ်ယူလိုခြင်း
👱‍♀️အလုပ်ရှင် တိုက်ရိုက်ပါ
ဧရာဝတီတိုင်း MYAUNGMYA Tsp တွင်
ဖွင့်လှစ်မည့် အမျိုးသမီးသီးသန့်
SPA & Massage Centerတွင်တာဝန်ထမ်းဆောင်ရန်အမျိုးသမီးဝန်ထမ်းများအမြန်အလိုရှိပါသည်။ ​

🧚‍♀️Foot Reflexlogy & Thai Massage - (4) ဦး

- ကျွမ်းကျင်မှုပေါ်မူတည်ပီး လစာ ညှိနှိုင်း
- ရုပ်ရည် အသင့်အတင့်ပြေပြစ်သူ
- အသက် 25 - 40
- သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင်
စိတ်ဝင်စား တတ်မြောက်လိုသူ
🎀ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
🌸 6လအနည်းဆုံးလုပ်ကိုင်နိုင်သူများ
သာလျှောက်ထားပါ
🌸 သွက်လက်ချက်ချာ၍အလုပ်အပေါ်
စိတ်ဝင်စားမှုရှိရမည်။

🤩ပုံမှန်လစာ + ကော်မရှင် 10% +
ရက်မှန်ကြေး + bonus
🤩နေစားငြိမ်းစီစဉ်ပေးသည်။
👒တစ်လခွင့် (၂)ရက်
📝မှတ်ပုံတင်မူရင်း
📝သန်းခေါင်စာရင်းCopy
😍စိတ်ပါဝင်စားသူ မည်သူမဆို cb (or)
📱09250579944 (Phone & Viber)

22/05/2023

ဝန်ထမ်းအသစ်များခေါ်ယူလိုခြင်း
👱‍♀️အလုပ်ရှင် တိုက်ရိုက်ပါ
ဧရာဝတီတိုင်း MYAUNGMYA Tsp တွင်
ဖွင့်လှစ်မည့် အမျိုးသမီးသီးသန့်သာ
SPA & Massage Centerတွင်တာဝန်ထမ်းဆောင်ရန်အမျိုးသမီးဝန်ထမ်းများအမြန်အလိုရှိပါသည်။ ​

🧚‍♀️Senior Spa & MeseageTherapist - (3) ဦး

- ကျွမ်းကျင်မှုပေါ်မူတည်ပီး လစာ ညှိနှိုင်း
- ရုပ်ရည် အသင့်အတင့်ပြေပြစ်သူ
- အသက် 25 - 40
- သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင်
အတွေ့အကြုံ အနည်းဆုံး ၁ နှစ်ရှိပြီး
လုပ်ငန်းကျွမ်းကျင်သူ
🎀ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
🌸၆လအနည်းဆုံးလုပ်ကိုင်နိုင်သူများ
သာလျှောက်ထားပါ
🌸 သွက်လက်ချက်ချာ၍အလုပ်အပေါ်
စိတ်ဝင်စားမှုရှိရမည်။

🤩ပုံမှန်လစာ + ကော်မရှင် 10% +
ရက်မှန်ကြေး + bonus
🤩နေစားငြိမ်းစီစဉ်ပေးသည်။
👒တစ်လခွင့် (၂)ရက်
📝မှတ်ပုံတင်မူရင်း
📝သန်းခေါင်စာရင်းCopy
😍စိတ်ပါဝင်စားသူ မည်သူမဆို cb (or)
📱09250579944 (Phone & Viber)
မှတ်ချက် - မည်သည့်အမျိုးသားများကိုမှ လက်ခံ.
မည်မဟုတ်ပါ
အမျိုးသမီးငယ်များအတွက် အလှအပ ကိုယ်စိတ်ကျန်းမာရေးနှင့် အမျိုးသမီးကြီးများအတွက် အညောင်းအညာဖြေစရာ စိတ်လက်အပန်းဖြေစရာနေရာလေးတစ်ခုအဖြစ် ဖန်တီးတည်ထောင်သွားရန်ရည်ရွယ်ပါသည်
မည်သည့် အမျိုးသားများအတွက်ကိုမျှဝန်ဆောင်မှုပေးမည်မဟုတ်ပါ

22/08/2022

တခါတလေမှာ ကိုယ့်ဘာသာကိုယ်
ဝ လာတာမျိုးလဲ မဟုတ် ဘဲ မျက်နှာကြီးက
အသားပွပွကြီးနဲ့ ဖောသွပ်သွပ် ဖြစ်နေတဲ့ အခြေအနေမျိုး ကြုံဖူးကြပါလိမ့်မည်

ဒါဆို အဲ့လိုဖြစ်ရင်ဘာ့ကြောင့်ဆိုတာမျိုး
သိချင်ကြပေလိမ့်မည်
👵ထိုအရေးကြီးတဲ့ အချက်ကတော့ကျွန်ုပ်
တို့၏မျက်နှာတွင် ပြန်ရည်ကြောစနစ် ( lymphatic drainage systems ) ဆိုတာရှိပါတယ်။
ထိုပြန်ရည်ကြောမှာ သွေးလည်ပတ်မှု နဲ့ သက်ဆိုင်ပြီး ကျွနုပ်တို့ ကိုယ်စိတ်နှစ်ပါးပင်ပန်းနေတဲ့အခါမျိုး၊ အငံဓာတ် (ဥပမာ အချို့မှုန့်/ဆား ) အစားများတဲ့ အချိန်အခါမျိုး၊ အရက်အလွန်အကျွံ သောက်မိတဲ့အခါ မျိုးမှာ ပြန်ရည်ကြော စနစ် သွေးလည်ပတ်မှု ကိုနှေးကွေးလာစေပါတယ်။

ထိုသို့ သွေးလည်ပါတ်မှုနှေးကွေးစေသောကြောင့် ကျွန်ုပ်တို့ မလိုချင်တဲ့ ပွပွ ဖောင်းဖောင်းမျက်နှာ ပုံစံမျိုး
(puffy or swollen look) ကိုဖြစ်ပေါ်လာစေပါသည်

ထိုသို့နှေးကွေးနေတဲ့ပြန်ရည်တွေကိုမြန်မြန်ဆန်ဆန် စီးဆင်းသွားအောင် ပြုလုပ်နိုင်သည့်နည်းလမ်းများကိုတင်ပြပေးပါရစေနော်

ပထမနည်းကတော့ 👩‍🦰Face Massage နှိပ်နယ်ပေးခြင်း။
ပိုမို ၍တိကျအောင် ပြောရရင်တော့ lymphatic drainage massage
နောက်ထပ်ပြီးတော့ Gua sha လို့ခေါ်တဲ့ ကျောက်ပြား အနှိပ်
ဒါမဟုတ် ရင်တော့Jade roller ဖြင့် ပင့်တင် နှိပ်နယ်ပေးခြင်း များ

ဒုတိယနည်းလမ်း ကတော့ ခောတ်ပေါ်နည်းပညာ အကူအညီ ဖြင့်ကြွက်သားများကို နိုးဆွပေးခြင်း။
micro current လျှပ်စစ်စီးကြောင်း အပျော့စားဖြင့် facial လုပ်ပေးနိုင်ခြင်း၊ LED Mask ( အလင်းရောင် ကုထုံး ) နည်းဖြင့် ပေါင်းတင်ပေးခြင်း။

အောက်တွင်ပြထားတဲ့ပုံကတော့ lymphatic pathways နဲ့ lymph node ရှိတဲ့နေရာ တွေ ဖြစ်ပါတယ်။

16/08/2022

✨လှလှပပနေခြင်းဟာ ဘယ်သူ့ဝေဖန်မှုမှ မလိုအပ်ပါဘူး✨

လှလှလေးပြင်ဆင်တယ်၊ နေထိုင်တယ်ဆိုတာ အမှန်က ဘယ်သူဘယ်ဝါကြောင့်၊ ဘယ်သူဘယ်ဝါကြည့်ဖို့မဟုတ်ဘဲ ကိုယ့်အတွက်ကိုယ်ပြင်ဆင်ချင်လို့ ပြင်ဆင်ကြတာပါ။ မိန်းကလေးတစ်ယောက် ပြင်ဆင်ချယ်သခြင်းက ကလူ၏ မြူ၏အတွက်မဟုတ်ဘဲ သူ့အတွက်သူပြင်သလို ယောကျာ်းလေးတစ်ယောက် ပြင်ပြင်ဆင်ဆင်နေခြင်းကလည်း နွဲ့နှောင်းနေလို့ ဆိုပြီး ပြောလို့မရပါဘူး။

တကိုယ်ရေသန့်ရှင်းရေးလုပ်ကြသလို တချို့လူတွေက ပိုပြီး ပြင်ဆင်နေထိုင်လိုတာဟာ ထိုသူရဲ့ရွေးချယ်မှု၊ ရှင်သန်ကြီးပြင်းမှုနဲ့ သူ့ရဲ့ဘဝရွေးချယ်မှုပါဘဲ...

✨ ကလေးအမေလည်း ပြင်ဆင်ချယ်သ လှလှပပနေထိုင်ခြင်းဟာ သူမရဲ့အပျော်၊ သူမရဲ့ စိတ်ကျေနပ်မှုတွေနဲ့ သူမရဲ့ရွေးချယ်မှုပါ

✨ မိန်းကလေးတစ်ဦး သူ့လုပ်အားခနဲ့ သူ့ဟာသူ အလှပစ္စည်းဝယ်သုံးပြင်ဆင်နေထိုင်ခြင်းဟာ သူမရဲ့ရွေးချယ်မှုပါ

✨ ယောကျာ်းလေးတစ်ယောက် လှလှပပနေထိုင်ခြင်းကလည်း သူ့ဘဝ သူ့အလှနဲ့ သူ့ရွေးချယ်မှုပါ

✨ ကောင်မလေးတစ်ယောက် အလှအပမကြိုက်လို့ မပြင်ဘဲ သူ့စိတ်နဲ့သူ နေထိုင်ခြင်းကလည်း သူမဘဝပါဘဲ...

ဒါဆို ကိုယ်နဲ့မဆိုင်တဲ့ တပါးသူရဲ့ အလှအပအပေါ် ပြောဆိုအပြစ်ထိုင်တင်နေရင်တော့ အဲ့လူက ဦးနှောက်တခုခုချို့ယွင်းနေလို့ပါ ... တကယ်

လူတိုင်း လှလှပပနေဖို့ ဘယ်သူ့ကိုမှ ခယစရာမလိုသလို ဘယ်သူ့ပါးစပ်အရသာခံပြောဖို့လည်း လိုမနေပါဘူး...

လှလှပပနေပါ... ပိုတောက်ပပါ.... ပိုကြိုးစားပါ

Thanks writer
Crd to Hazel’s Lifestyle
14/8/2022

09/08/2022

🎏ဝန်ထမ်းအသစ်များခေါ်ယူလိုခြင်း
👱‍♀️အလုပ်ရှင် တိုက်ရိုက်ပါ
ဧရာဝတီတိုင်းတွင် ဖွင့်လှစ်မည့် အမျိုးသမီးသီးသန့် SPA & Massage Centerတွင်တာဝန်ထမ်းဆောင်ရန်အမျိုးသမီးဝန်ထမ်းများအမြန်အလိုရှိပါသည်။ ​

🧚‍♀️Senior SpaTherapist - (3) ဦး

- ကျွမ်းကျင်မှုပေါ်မူတည်ပီး လစာ ညှိနှိုင်း
- ရုပ်ရည် အသင့်အတင့်ပြေပြစ်သူ
- အသက် 25 - 40
- သက်ဆိုင်ရာ လုပ်ငန်းနယ်ပယ်တွင်
အတွေ့အကြုံ အနည်းဆုံး ၁ နှစ်ရှိပြီး
လုပ်ငန်းကျွမ်းကျင်သူ
🎀ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရမည်။
🌸၆လအနည်းဆုံးလုပ်ကိုင်နိုင်သူများ
သာလျှောက်ထားပါ
🌸 သွက်လက်ချက်ချာ၍အလုပ်အပေါ်
စိတ်ဝင်စားမှုရှိရမည်။

🤩ပုံမှန်လစာ + ကော်မရှင် 10% +
ရက်မှန်ကြေး + bonus
🤩နေစားငြိမ်းစီစဉ်ပေးသည်။
👒တစ်လခွင့် (၂)ရက်
📝မှတ်ပုံတင်မူရင်း
📝သန်းခေါင်စာရင်းCopy
😍စိတ်ပါဝင်စားသူ မည်သူမဆို cb (or)
📱09250579944 (Phone & Viber)

Want your business to be the top-listed Beauty Salon in Myaungmya?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Building 16, 7 Street Myaung Mya
Myaungmya

Opening Hours

Monday 09:00 - 20:00
Tuesday 09:00 - 20:00
Wednesday 09:00 - 20:00
Thursday 09:00 - 20:00
Friday 09:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Other Myaungmya beauty salons (show all)
Myat handmade Myat handmade
Myaungmya

ဘိုးလှလှလေးတွေလုပ်မယ်

M.L.K online shopping M.L.K online shopping
ကံ့ကော်မြိုင်(8)လမ်း အိမ်အမှတ်/45
Myaungmya

Cos’Mos Cos’Mos
Ma Soe Yein Lane 3, Mayangone 11061
Myaungmya

Exploring the world of holistic beauty for a radiant, inside-out glow with Cos’Mos. 💫

Worry Box Worry Box
Myaungmya

Beauty by Nant Win Beauty by Nant Win
Myaungmya, 10211

Online Business မှာ ရောင်းအားအကောင်းဆုံး Sales Target

Peach Peach
Myaungmya

Little Craft By Mann Little Craft By Mann
Myaungmya
Myaungmya

you can’t buy love,you can buy handmade And that’s kind of the same thing!

EH POE EH POE
မြောင်းမြ
Myaungmya, မြောင်းမြစာတိုက်

Focus beauty product များကို လက်လီလက်ကားမှာယူနို

Naung Lin Naung Lin
Myaungmya

Beauty By La Min Lay Beauty By La Min Lay
Myaungmya

La Min Lay I'Aura မြောင်းမြမြို့ကိုယ်စားလှယ်

SUZAN Beauty Cosmetics Collection SUZAN Beauty Cosmetics Collection
Myaungmya
Myaungmya