Yangon God

To support the best professional project while using minimum fees for clients is OUR MISSION. We off

29/05/2024

အခုတော့ တကယ်ပဲဒေါ်လာ 100$ Campaign တစ်ခုအတွက်
ကိုယ့်ရဲ့ Service Fee ပါ အပါဆိုရင်
5သိန်း မကတောင်းနေရပါပြီခင်ဗျ...
ဒါတောင် မနှစ်က 2 သောင်းတန်မထွက်ခဲ့လို့
ထွက်သာ ထွက်ခဲ့လို့ကတော့ အခုချိန် ရွှေစျေး
သိန်းတစ်ရာတွေဘာတွေဖြစ်နေလောက်ပြီ... ကျေးဇူးဗျ🥲

Photos from Yangon God's post 18/10/2023

ပြင်ဦးလွင်က ကိုယ့် Client ရဲ့ Beauty's House အတွက်
ချစ်စရာကောင်းတဲ့ Logo လှလှလေး 🤗🤗🤗

Option နှစ်ခုပေးတာ နှစ်ခုစလုံး Client က ကြိုက်လို့
Profile Picture နဲ့ Cover Photo မှာ
မျှပြီးသုံးပေးထားလိုက်ရတယ်...

လုပ်ငန်းတွေအများကြီး တိုးတက်အောင်မြင်ပါစေ

14/10/2023

ကျတော်တို့ ဝယ်ယူမှုတွေရဲ့ 85% လောက်က
ကြိုတင်စီစဉ်ထားတာမဟုတ်ဘူး ဆိုတာသတိထားမိလား

ငွေပမာဏအများကြီးသုံးစရာမလိုဘဲ
ခဏခဏဝယ်ယူရတဲ့ ပစ္စည်းမျိုးတွေ
ဥပမာ (မုန့်၊ အဝတ်အစား၊ နေ့စဉ်အသုံးအဆောင်)ကို
ရုပ်တရက်လှုံ့ဆော်မှုအရဝယ်ယူလေ့ရှိကြပြီး...

တစ်ခါဝယ်ဖို့ အများကြီးစဉ်းစားရတဲ့ ပစ္စည်းတွေ
ဥပမာ(အိမ်၊ ကား၊ ဖုန်း၊ လက်ဝတ်ရတနာ၊ ဇိမ်ခံပစ္စည်း) တွေကိုတော့
စဉ်းစားတွေးတောပြီး ဝယ်ယူလေ့ရှိကြပါတယ်..

ဒီလို ခဏခဏဝယ်တဲ့ပစ္စည်းတွေအများစုကို
Feeling Buying အဖြစ်သတ်မှတ်ပြီး
စဉ်းစားပြီး ဝယ်ရတဲ့ပစ္စည်းတွေအတွက်
Function Buying ဆိုပြီးခွဲလို့ရတယ်

City Mart တို့ Ocean တို့လို
Shopping Center ကြီးတွေမှာ စျေးဝယ်တဲ့အခါ
ကိုယ်တကယ်ဝယ်ဖို့စီစဉ်ထားတာက
2 ခုလောက်ပဲပါရှိပြီး
ကျန်တဲ့ 10ခု လောက်ကဟိုရောက်မှ
လျှောက်ကြည့်ရင်းကနေ လက်က စျေးခြင်းထဲ
အော်တိုကောက်ထည့်ခဲ့တဲ့ပစ္စည်းတွေဖြစ်နေတာ တွေ့ရလိမ့်မယ်...

ဥပမာနောက်တစ်ခုက
Facebook ပွတ်နေတဲ့ အမျိုးသမီးတွေပိုသိတယ်
ပွတ်တုန်းကတော့ ဘာရယ်မဟုတ်ဘူး ပွတ်လို့လဲပြီးရော
Online Shop က သုံးခုလောက်မှာပြီးနေပြီ...
သူ့အနေနဲ့ တစ်ခုခုဝယ်ဖို့ Facebook ကြည့်တာမဟုတ်ပေမယ့် ဝယ်မိသွားတာ...

အဲ့ဒါ ကျတော်တို့ရဲ့ 85% သော Feeling Buying တွေရဲ့ သိသာတဲ့နမူနာတွေပဲ...

ဒါဆို ကျန်တဲ့ 15% ဖြစ်တဲ့ Function Buying ကရော...
ဘယ်သူကများ အိမ်ကို Online Shop ကနေဝယ်တာတွေ့ဖူးတုန်း
ကိုယ်လိုချင်တဲ့ Location ဖြစ်ရဲ့လား
ဟိုဟာနဲ့နီးလား ဒီဟာနဲ့နီးလား
ဟိုဟာပါလား ဒီဟာပါလား စတဲ့
Function တွေကို စစ်တော့တာပဲ

ကားဝယ် ဖုန်းဝယ် ဇိမ်ခံပစ္စည်းဝယ် အတူတူပဲ
လိုချင်တဲ့အချက်တွေကို သေချာလိုက်စစ်ပြီးမှ
သေသေချာချာ ဆုံးဖြတ်ပြီးဝယ်ယူကြတယ်...

ကိုယ့်ရဲ့ Sale & Marketing Field ထဲ 10 နှစ်ကျော်ကြာ
အတွေ့အကြုံတွေနဲ့ လေ့လာထားတာလေးတွေကို
အားလုံးအတွက် စေတနာဖြင့်မျှဝေပေးတာမို့
အသုံးဝင်တယ်ဆိုရင် Sharing လုပ်ပေးပါ...

ကိုယ့် Product ဒါမှမဟုတ် Service က
Feeling Buying Group ထဲမှာလား
Function Buying Group ထဲမှာလား
ခွဲခြားကြည့်ပါ...

Feeling Buying ဆိုရင်
ဘယ်လိုအချက်တွေနဲ့ ဆွဲဆောင်မလဲ?

Function Buying ဆိုရင်ရော
အရေးကြီးတဲ့ ဘယ်အချက်တွေကို လုပ်ဆောင်ရမလဲ?

သိချင်ရင် Comment မှာရေးခဲ့ပါ နောက်တစ်ပို့စ်လုပ်ပြီးတင်ပေးပါမယ်...

13/10/2023

အကောင်းဆုံးတွေ ဖန်တီးပေးတာမို့
အချိန်လေးတော့ နဲနဲပိစိလေးပေးပါဗျာ

04/10/2023

လုပ်ငန်းတိုင်း ကိုးကွယ်ရမယ့် USP နတ်မင်းကြီးငါးပါး

USP(Unique Selling Point or Unique Selling Proposition) ဆိုတာ လုပ်ငန်းတစ်ခု အောင်မြင်ဖို့ Key Fact တွေထဲမှာပါတဲ့ မလုပ်မဖြစ် လုပ်ဆောင်ရမယ့် အချက်တစ်ခုဖြစ်တယ်...

USP ကောင်းကောင်းတစ်ခု တည်ဆောက်ဖို့ လုပ်ငန်းတစ်ခုလုံးမှာရှိတဲ့ Level စုံ လုပ်သားတွေရဲ့လုပ်ဆောင်နိုင်စွမ်းနဲ့ ထုတ်ကုန်အရည်အသွေးစတဲ့အချက်တွေအများကြီးအပေါ် မူတည်တယ်...

အခြေခံတွက်ချက်ရမယ့်အချက်တွေ
အများကြီးရှိပေမယ့်
အရေးအကြီးဆုံးအချက် 5 ချက်ကို
ဒီနေ့ Sharing လုပ်ပေးပါမယ်...

နံပါတ် ၁. စျေးနှုန်း
နံပါတ် ၂. ထုတ်ကုန်/ဝန်ဆောင်မှု အရည်အသွေး
နံပါတ် ၃. အဆင်ပြေချောမွေ့မှု
နံပါတ် ၄. မတူကွဲပြားမှု
နံပါတ် 5. အကျိုးအမြတ်ထူးခြားမှု

ဒီလို Main Point တွေမှာ
ကိုယ့်ရဲ့ Competitors တွေထက်
သိသိသာသာထူးခြားနေဖို့လိုတယ်...
အပေါ်က အချက် 5 ချက်ကိုအခြေခံပြီး
Client နဲ့ ကိုယ်နဲ့ နှစ်ကိုယ်ကြားလေး အကွက်အများကြီးရွှေ့သွားနိုင်ရင် Market Sharing များများရပြီသာမှတ်တော့...

ပုံမှာပြထားသလို Client Circle ဖြစ်တဲ့
Marketစက်ဝိုင်းကြီးကို ကိုယ့်အထဲများများဆွဲထည့်နိုင်ဖို့
USP ကို အကောင်းဆုံးတည်ဆောက်ထားရမယ်ဆိုတာ
ငြင်းစရာမလိုတော့ဘူးနော်

27/09/2023

ဒီနေ့မှာတော့ ကျတော်တို့ရဲ့
ဗဟုသုတ ဟင်းအိုးကြီးဖြစ်တဲ့
ဆရာကြီး Google ရဲ့ 25 နှစ်ပြည့်မွေးနေ့ဖြစ်ပါတယ်...
ဒီနေ့ Google စာမျက်နှာကိုဝင်ကြည့်မယ်ဆိုရင်
သူ့ရဲ့ Logo မှာ 25 ဆိုတဲ့ နံပါတ်လေး ထည့်သွင်းဖော်ပြထားတာကို ပုံပါအတိုင်းတွေ့ရမှာပါ...
Google ရဲ့ အရင် နာမည်အဟောင်းဖြစ်တဲ့
BackRub ကို 1998 ခုနှစ်မှာစတင်ပြီး
Google ဆိုပြီးပြောင်းလဲခဲ့ပါတယ်...
ကျတော်ကတော့ မိတ်ဆွေကြီး Google နဲ့
20010 - 2011 ခုနှစ်လောက်မှာစတင်ရင်းနှီးခဲ့ပါတယ်...
IT ပိုင်းကို ထဲထဲဝင်ဝင်လေ့လာခွင့်ရခဲ့တာကလည်း
အဲ့ဒီဆရာကြီး Google ကြောင့်ပဲဆိုပါတော့...
အခုကတော့ လေ့လာစရာတွေပိုပိုများလာပေမယ့်
Google နဲ့တော့ဘယ်လိုမှမကင်း
နိုင်ပါဘူး...
Google ရဲ့ Logo အဟောင်းလေးတွေကို Comment မှာ ပြပေးထားပါမယ် စိတ်ဝင်စားသူများဝင်ကြည့်လို့ရပါတယ်ခင်ဗျ...

20/09/2023

လူငယ်များအတွက်

လမ်းလျှောက်တဲ့အခါ မယိုင်မနဲ့ လိုရာရောက်ဖို့
သန်မာတဲ့ ခြေထောက်တွေလိုတယ်...
လောကလမ်းတွေပေါ် မယိုင်မနဲ့ ဒူပေနာပေခံနိုင်ဖို့
စိတ်ဓါတ်တွေ သူမတူအောင် သန်မာနေဖို့လို​ပြန်တယ်...
သူများကို မနင်းမခွဘဲ သန့်စင်တဲ့ခြေလှမ်းတွေနဲ့
Mentally Strong (စိတ်ဓါတ်ကြံ့ကြံ့ခိုင်ခိုင်) ဖြစ်ဖို့
ဒီအချက်တွေနဲ့ စိတ်ကိုနေ့စဉ်ထိန်းကျောင်း မွေးမြူထားဖို့လိုတယ်
No.1 ဉီးနှောက်အာဟာရဖြည့်ပါ ♦
အမြင်ကျယ်ခြင်းနဲ့ ဗဟုသုတကြွယ်ဝခြင်းဟာသင့်အတွေးအခေါ်ကို မှန်ကန်တည့်မတ်စေပါတယ်...
“အမြင်မတူရင် အတွေးအခေါ်မတူဘူး
အတွေးအခေါ်မတူရင်
လုပ်ဆောင်ချက်တွေကွာသွားတယ်
လုပ်ဆောင်ချက်ကွာသွားတော့
ရလဒ်တွေလဲကွဲပြားသွားပါတယ်”
အကြောင်းအရာတစ်ခုကို ရှင်းရှင်းလင်းလင်းအမြင်မှန်ဖို့ သင့်ဉီးနှောက်ကို အစာကောင်းကောင်းကျွေးထားဖို့လိုပါတယ်...
No.2 ဇွဲနပဲ ♦
ပြဿနာတစ်ခုနဲ့ကြုံတဲ့အခါ လွယ်လွယ်မရှုံးမပေးပါနဲ့
ကိုယ်တိုင်အဖြေရှာ ဖြေရှင်းနိုင်ဖို့ကြိုးစားပါ...
No.3 ယုံကြည်မှု♦
သင့်ကိုယ်သင်မယုံကြည်ရင် ဘယ်သူမှသင့်ကိုမယုံကြည်ပါဘူး...
No.3 အကောင်းမြင်ပါ ♦
လက်ရှိရနေတာကို အကောင်းမမြင်နိုင်သရွေ့
နောက်ထပ်ပိုကောင်းတာ ဘာပဲလာလာ
ကောင်းတယ်ထင်မှာမဟုတ်တော့ပါဘူး...
အခုရနေတာကိုတန်ဖိုးထားပါ ပိုကောင်းတာတစ်ခုကိုရဖို့ လက်ထဲကအခွင့်အရေးကို အကောင်းဆုံးအသုံးချပါ...
No.4 ကိုယ့်အခြေအနေကို ကိုယ်အမြဲသုံးသပ်ပါ ♦
ဒီနေ့ “သင်” နဲ့ မနက်ဖြန် “သင်”
ဘာတွေကွာသွားအောင်လုပ်မှာလဲ...
တစ်ရက်စာရော ဘာတွေလုပ်ပြီးပြီလဲ...
နောက်ထပ်အချိန် 24နာရီဖြုန်းလိုက်တာလား
သုံးလိုက်တာလား ညတိုင်းသေသေချာချာသုံးသပ်ပါ
No.5 ချီးမြှောက်တက်ပါစေ ♦
မိတ်ဆွေ သို့မဟုတ် အခြားသူတွေရဲ့ အောင်မြင်မှုကို ပျော်ပျော်ရွှင်ရွှင် လက်ခုတ်တီးပါ...
သူများအောင်မြင်မှုနဲ့ ကိုယ့်စိတ်ကိုမြှင့်တင်နိုင်တဲ့အခါ သင်ကိုယ်တိုင်အောင်မြင်ဖို့ နီးစပ်လာပါလိမ့်မယ်
No.6 အမှားတွေကနေ သင်ယူပါ ♦
There are no mistakes, only lessons.
အမှားမဟုတ် သင်ခန်းစာတွေသာဖြစ်တယ်
သိပ်ကောင်းတဲ့ အတွေ့အကြုံတွေက အရမ်းကြမ်းတဲ့ အမှားတွေကလာတာပါ
No.7 ရင်ဆိုင်ပါ ♦
စိန်ခေါ်မှုတွေနဲ့ ပြိုင်ဆိုင်မှုတွေ
အဆုံးအရှုံးတွေနဲ့ လဲကျမှုတွေရဲ့ အရသာကို
မကြောက်ပါနဲ့...
အရှုံးဆိုတာ သင်လက်ခံမှ
တကယ်အရှုံး သမားဖြစ်တာပါ...
ဘယ်မှာဘယ်လောက်ရှုံးရှုံး
သူ့ထက်ကောင်းတဲ့ အနိုင်တွေ အများကြီး
သင်ယှဉ်ပြိုင်ရယူနိုင်ပါသေးတယ်...
အသေးစိတ်အချက်တွေအများကြီးရှိပေမယ့်
စာရှည်မှာစိုးလို့ အရေးကြီးတဲ့ အဓိကအချက်တွေပဲ Sharing လုပ်ပေးခဲ့ပါတယ်...
ကျတော်ကိုယ်တိုင်လဲ အသုံးချနေတဲ့အချက်တွေမို့ အားလုံးကို Sharing လုပ်ပေးခြင်းပဲဖြစ်ပါတယ်...
လူငယ်တွေအတွက် နှစ်ချက် သုံးချက်လောက်ပဲ
သေသေချာချာအသုံးချရင်တောင်
ရေးရကျိုးနပ်ပါတယ်...
အားလုံးပဲ လောကလမ်းတွေ မှန်မှန်ကန်ကန်
သန်သန်မာမာလျှောက်လှမ်းနိုင်ကြဖို့ ဆန္ဒပြုပါတယ်...

20/09/2023

အမေကတော့ ငါ့သားလေးရုံးမှာ အေးအေးဆေးဆေးပဲလို့ထင်နေမှာ 😅

17/09/2023

သူများ Client
ကိုယ့် Client ဖြစ်လာဖို့

Customer ကို ပွားလာအောင်လုပ်ဖို့

စျေးကွက်ခွဲတမ်းအများဆုံး သိမ်းပိုက်နိုင်ဖို့

အရမ်းအရေးကြီးတဲ့နည်းလမ်း သုံးခု 👇

No.1 - အကျိုးအမြတ် ထူးခြားရမယ်...
No.2 - ရလဒ်မြန်ဆန်ရမယ်...
No.3 - ယုံကြည် စိတ်ချရမယ်...

09/09/2023

လုပ်ငန်းခွင်သည်
သင့်ရဲ့ မိဘအိမ်မဟုတ်သလို
သင့်ချစ်သူရဲ့ ရင်ခွင်လဲမဟုတ်ပြန်ဘူး

သင့်ရဲ့အရည်အချင်းနဲ့
ကိုယ်စွမ်းကိုယ်စအတွက်သာ
ပေးချေသောနေရာဖြစ်တယ်...

Company ရဲ့ Rules and regulations နဲ့ မကိုက်ညီတာ (ဒါမှမဟုတ်) လုပ်ငန်းခွင် Culture နဲ့ မကိုက်ညီတဲ့ သင့်ရဲ့ ကိုယ်ပိုင်မူအကျင့်တွေရှိနေရင် ရအောင်ပြင်နိုင်ဖို့လိုတယ်...

ဥပမာ ဆေးလိပ်မသောက်သင့် ကွမ်းမစားသင့်တဲ့ ဝန်းကျင်မျိုးမှာ ကွမ်းတမြုံ့မြုံ့ဝါးနေတာမျိုး ဆေးလိပ်ထသောက်တာမျိုး

ဉပမာနောက်တစ်ခုအနေနဲ့ကတော့
''အိမ်မှာ ငါကဘယ်လိုနေတာကွ'' နဲ့
''ငါကတော့ မဟုတ်မခံကွ'' ဆိုတဲ့လူမျိုးတွေပေါ့....

သင့်အနေနဲ့
''အိမ်မှာ ဘယ်လိုပဲနေနေ''
''မဟုတ်မခံပဲဖြစ်ဖြစ်''
''အဟုတ်အခံပဲဖြစ်ဖြစ်'' လုပ်ငန်းခွင်ရဲ့ Communications နဲ့ Teamwork ကိုထိခိုက်ရင်
သင်အရမ်းတော်နေရင်တောင် သင့်ကိုရာထူးတိုးပေးဖို့ အထက်လူကြီးအနေနဲ့ အခက်တွေ့နေမှာပဲဖြစ်ပါတယ်...

ညှိနှိုင်းမှုစွမ်းရည်(Negotiation skills)

နားထောင် နာခံနိုင်မှု(Active listening)

စုဖွဲ့လုပ်ဆောင်နိုင်မှု(Teamwork)

နားလည်ပေးနိုင်မှု နဲ့ ကိုယ်ချင်းစာနိုင်စွမ်း
(Being able to understand and
empathize with others)

သဘောထား မတိုက်ဆိုင်မှုများကို ထိမ်းချုပ်ခြင်း
(Managing conflict)

စတဲ့ Interpersonal Skills တွေကို
ကောင်းကောင်းသိရှိ အသုံးချနိုင်ဖို့က
လုပ်ငန်းခွင်မှာအရမ်းကို အရေး​ကြီးပါတယ်...

ဒါကြောင့်
လုပ်ငန်းခွင်သည်
သင့်လုပ်သမျှအပြစ်တွေခွင့်လွှတ်ပေးမယ့်
သင့်ရဲ့ မိဘအိမ်မဟုတ်သလို...

ငါ့ကိုကြိုက်ရင် ဒါတော့သည်းခံရမှာပဲလို့
ခပ်တည်တည်နဲ့ ဟောက်စားလုပ်လို့ရမယ့်
သင့်ချစ်သူရဲ့ ရင်ခွင်လဲမဟုတ်တာကြောင့်

လုပ်ငန်းခွင်တိုင်းမှာ အထှာကျကျ အထိုင်ချနိုင်ဖို့
Interpersonal Skills တွေကို
သေသေချာချာ လေ့ကျင့်အသုံးချပါ...

09/09/2023

မင်္ဂလာပါ ကာကာတို့ရေ..
ဒီနေ့ မင်မင်ပြောပြမှာကတော့ Blah Blah Blah 😅

04/09/2023

လူတွေက သက်သာတာကိုကြိုက်ကြတယ်...
သက်သာတယ်ဆိုတဲ့နေရာမှာ
''စျေးပေါတာ'' ကို သက်သာတယ်လို့ခေါ်တာမဟုတ်ဘူး
''စျေးတန်တာ'' ကိုမှ သက်သာတယ်လို့ယူဆကြတာ
ဒီတော့ ကိုယ့် Product က စျေးပိုနည်းလို့ ပိုပေါလို့
''သူများထက်သက်သာနေတာပဲ''
''လူတွေကြိုက်မှာပဲ'' လို့ မထင်လိုက်နဲ့
ငါးပါးမှောက်ပြီး ခွက်ခေါက်နေရမှာ...
ဝယ်သူ စိတ်ထဲ တန်တယ်လို့ယူဆအောင်(တစ်နည်းအားဖြင့် ပေးရတဲ့စျေးနဲ့ တန်လိုက်တာ ဆိုတာမျိုးဖြစ်သွားအောင်) အပိုထည့်ပေးရတဲ့ Tips တွေ Tricks တွေရှိတယ်
ဒီလို သူများလိုက်ခိုးချလို့မရတဲ့
'' Invisable Trick ''လေးတွေ သုံးတက်ဖို့လိုတယ်...

02/09/2023

တကယ်ဆရာကျတဲ့အရောင်းသမားဆိုတာ အရောင်းပိတ်ခြင်း၊ Cross sale နဲ့ Up Sale ကိုပိုင်နိုင်နေဖို့လိုတယ်...

Face to face meeting ပြီးလို့ Client ကို အရောင်းပိတ်အခါ Cross sale နဲ့ Upsale နည်းစနစ်ကို သေသေချာချာ အသုံးချနိုင်လေ Sale margin မြင့်လေပဲ...

Face to face ရောင်းလို့မရတဲ့ Process တွေအတွက်တော့ Automation system ဖန်တီးပေးရတယ်...
Auto upsale လုပ်ဖြစ်ဖို့ဆိုရင် 3 Boxes လိုမျိုး Strategy တွေသုံးလို့ရပြီး...Auto Cross sale ဖြစ်ဖို့ကျတော့ Knowledge Sharing တွေထားဖို့လိုအပ်တယ်

အရောင်းပိတ်ခြင်း အနုပညာ
Cross Sale
UpSale
3 Boxes Strategy
စတာတွေကိုနောက်နေ့ကျရင် Video လေးလုပ်ပြီးတင်ပေးပါမယ်...

23/08/2023

သိအောင်လုပ်တာ Marketing
ထိအောင်လုပ်တာ Branding
ငြိအောင်လုပ်တာ Quality

အခုလို Human Capital နေရာမှာ ပိုပြီးတိကျသေချာတဲ့ Chat GPT လို AI တွေနဲ့ ERP လို Website base software တွေက အသုံးပြုတက်ရင်နေရာတစ်ခုအထိ အစားထိုးဝင်နေကြပြီဖြစ်တယ်...

ဒီတော့...
သိအောင်
ထိအောင်
ငြိအောင် လုပ်ဖို့ Company ကို တည်ဆောက်တဲ့အခါ Online/Offline နှစ်မျိုးလုံး Balance ညီညီ တည်ဆောက်ထားဖို့ အရမ်းအရေးကြီးလာတာ မဆန်းဘူး...

04/08/2023

ဒီနေ့ သွားရင်းလာရင်း ကိုယ်ကြိုက်မိတဲ့ Branding လေး 😁

08/06/2023

''Content is king''
Microsoft တည်ထောင်သူ Bill Gate က အခုလို Social Media တွေမပေါ်လာခင် 1996 ကတည်းက ခုနှစ်ကတည်းကပြောခဲ့တာဖြစ်ပါတယ်... ကျတော်တို့ လက်ရှိသုံးနေတဲ့ Facebook ကဆိုရင်တော့ 2004 ခုနှစ်ရောက်မှ Mark Zuckerberg က စတင်ခဲ့တာဖြစ်ပါတယ်....
အင်တာနက်ကို အသုံးပြုသူတွေ
Online Platform တွေမှာ Branding လုပ်တဲ့အခါ Content က အရမ်းကိုအရေးကြီးတာတွေ့ရတယ်... Content ဆိုတဲ့နေရာမှာ Facebook မှာ ပုံလေးတစ်ခုဖန်တီး စာလေးတစ်ကြောင်းနှစ်ကြောင်းရေးရုံနဲ့ Content ဖြစ်နေတာမဟုတ်ဘူးဗျ...
Content ဆိုတာ
စာသားတွေချည်းပဲဖြစ်နိုင်သလို
အသံဖိုင်လဲဖြစ်နိုင်တယ်
ဗီဒီယိုတစ်ခုလဲဖြစ်နိုင်တယ်
ပစ္စည်းလေးတစ်ခုတည်းကတောင်
Content ဖြစ်နေနိုင်တယ်...
Content မျိုးစုံကို အမျိုးမျိုးသော Social Media(ဉပမာ Youtube, Facebook, TikTok, Instagram စတာ) တွေ ပေါ်မှာတွေ့နိုင်သလို Website နဲ့ Blog စတာတွေ မှာလဲ တွေ့ ရနိုင်ပါတယ်...
2000 ခုနှစ်နောက်ပိုင်းမှသာ အင်တာနက်ကို ကျတော်တို့ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြတယ်
Content အသားပေးဖြစ်တဲ့ Social Media တွေဖြစ်တဲ့
Facebook က 2004 လောက်မှာပေါ်လာတယ်...
Youtube က 2005 လောက်မှာ Launch လုပ်တယ်
Twitter က 2006 လောက်မှာစတယ်...
Bill Gate တော့ 1996 ကတည်းက
Content is king လုပ်ခဲ့တာ...
ခုထိလဲ ပွင့်ပွင့်လင်းလင်းပြောရရင်
Content is king ဖြစ်နေတုန်းပါပဲ...
ဒါကြောင့်လဲ Social Media တွေမှာဆိုရင် ဒေါ်လာသုံး အခပေးကြော်ငြာနေပေမယ့် Quality Content တစ်ခုရဲ့ Organic Reachကိုတောင် မကျော်နိုင်တဲ့အဖြစ်တွေမှ အပုံအပင်ကြီးပဲ...
တကယ်တော့ Skillful ဖြစ်တဲ့ Content Creator တစ်ယောက်ဖြစ်ဖို့က လွယ်တဲ့ကိစ္စတော့မဟုတ်ဘူး
စာလေးနှစ်ကြောင်းသုံးကြောင်းလောက် စာလုံးပေါင်းသတ်ပုံမှန်အောင်ရေးနိုင်ရုံနဲ့ Content Creator ဖြစ်နေတာမဟုတ်ဘူးနော်...
Creative ဖြစ်ရမယ့်အပိုင်းတွေ
Knowledge ပြည့်ရမယ့်အပိုင်းတွေ
သက်ဆိုင်ရာ Social Media ရဲ့ Rules & Regulations ကို
သိရမယ့်အပိုင်းတွေ အများကြီးလိုသေးတယ်...
Content အမျိုးအစားတွေကို အကြမ်းအားဖြင့်
Informative Content
Entertaining Content
Educational Content
Inspirational Content
Promotional Content
ဆိုပြီးခွဲလို့ရပါတယ် ( အကြမ်းအားဖြင့်နော် )အကျယ်ချဲ့ရင် အဲ့ထက်ပိုတယ်...
Quality Content တစ်ခုဖြစ်လာဖို့ ဘယ်လိုအချက်တွေက မပါမဖြစ်ပါရမယ်ဆိုတဲ့အချက်တွေနဲ့ လက်ရှိမြန်မာနိုင်ငံမှာ အတွင်ကျယ်ဆုံးသုံးနေကြတဲ့ Social Media Platform ဖြစ်တဲ့ Facebook အတွက် တစ်လစာ Content Calendar ရေးဆွဲနည်းကို နောက်တစ်ပို့စ်မှာ တင်ပေးမှာမို့ ထုံးစံအတိုင်း နဲနဲစောင့်ကြပါဉီး...
ကိုယ့်မိတ်ဆွေတွေအတွက် Sale & Marketing နဲ့ Management ပိုင်းဆိုင်ရာ အကြိုးရှိမယ့်စာတွေသိထားသမျှ လေ့လာထားသမျှလေးတွေ တင်ပေးသွားမှာမို့ အားပေးကြပါဉီး...
မိတ်ဆွေတို့အတွက် အသုံးဝင်တယ် အထောက်အကူဖြစ်တယ်ဆိုရင်လဲ အခြားသူတွေလဲ အသုံးဝင်အောင် ရှဲပေးသွားပါဉီး...
ဒါပါပဲဗျ..
နောက်မှတွေ့မယ်...
Han Linn Ko
YG Media Agency
Htun Brother Business Group
CMSBM:(Creative Marketing & Strategic Business Management)

08/06/2023

Social media visual design for B8 Hair & Beauty Center...

Competitor တွေထက် ခြေတစ်လှမ်းအမြဲသာချင်ရင်တော့ ချက်ချင်းသာ Hello လုပ်...👍👍👍
သူမတူတဲ့ Content Creation နဲ့ Content Plan တွေအပြင်... 2 နာရီစာ Market Strategy Session ကို Special Price နဲ့ ရမှာမို့ လက်ဉီးတဲ့သူပဲနော်....
Get Appointment :
👉👉👉Ph:09421010 694,09 9578 50906
Email : [email protected]

03/06/2023

အဆိပ်အတောက်ဖြစ်သည့် ဝန်ထမ်း
(Virus Employee Or Toxic Employee)

လုပ်ငန်းကြီးပဲဖြစ်ဖြစ်
လုပ်ငန်းငယ်ပဲဖြစ်ဖြစ်
အဆိပ်အတောက်ဖြစ်ပြီး Virus လို ကူးစက်တက်တဲ့
ဝန်ထမ်းမျိုးတွေ ရှိကို ရှိတက်ဗျ...

ဒီလို Virus Employee တွေဟာ
လုပ်ငန်းတစ်ခုလုံးနဲ့ သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို
ကြောက်စရာကောင်းလောက်အောင်
ဒုက္ခပေးတက်ကြတယ်...

ဒီလိုဝန်ထမ်းအများစုကတော့
လုပ်ငန်းပိုင်းဆိုင်ရာမကျွမ်းကျင်မှုကြောင့်
ဒါမှမဟုတ် သူ့ရဲ့ Life Style ကြောင့်
Motivation ကျနေလို့ဖြစ်ဖြစ်
သူ့ရဲ့ပင်ကိုအကျင့်စရိုက် စိတ်ထားဖြစ်တဲ့
Attitude, Ethic နဲ့ Behavior စတာတွေ
နိမ့်ပါ့ညံ့ဖျင်းတာကြောင့်ပဲဖြစ်ဖြစ်
Virus နဲ့ Toxic Employee ဖြစ်လာတက်ကြပါတယ်...

ဒီလိုဝန်ထမ်းတွေကို သေချာကိုင်တွယ် ထိန်းချုပ်နိုင်တာမျိုး
မရှိဘူးဆိုရင် သူတို့ရဲ့ မကောင်းတဲ့အပြုအမူတွေနဲ့
စိတ်ဓာတ်ညံ့ဖျင်းမှုတွေဟာ အခြား Key Player တွေဖြစ်တဲ့
ဝန်ထမ်းကောင်းတွေကိုပါ ကူးစက်လာပြီး
အလုပ်ထွက်သွားတာ ဒါမှမဟုတ်
(Company policy and procedures)
ကုမ္ပဏီမူဝါဒနှင့် လုပ်ထုံးလုပ်နည်းတစ်ခုလုံးအပေါ်ကို
မကျေမနပ်ဖြစ်လာပြီး Motivation ကျဆင်းခြင်းနဲ့
လုပ်ငန်းပိုင်းဆိုင်ရာစွမ်းဆောင်ရည်(Performance) ကို
များစွားထိခိုက်လာပြီး Management လုပ်ရာမှာ
အရမ်းအခက်တွေ့စေပါတယ်ဗျ...

Virus or Toxic Employee ကိုဘယ်လိုခွဲခြားမလဲ ?

👉Moral(ကိုယ်ကျင့်တရား)
လုပ်ငန်းရဲ့ ငွေကြေးသို့မဟုတ် ပစ္စည်းများအား မမှန်မကန်အသုံးပြု အလွဲသုံးစားလုပ်ရန် လုပ်ဖော်ကိုင်ဖက်များအားတိုက်တွန်းခြင်း ဒါမှမဟုတ် အတူသုံးဆွဲရန် ဆွဲဆောင်ခြင်း... ထိုသို့သုံးဆွဲသည်မှာ ရပိုင်ခွင့်ဖြစ်သည်လို့ထင်‌အောင် ပြောဆိုသိမ်းသွင်းတက်ခြင်း

👉 သွေးခွဲခြင်း
လုပ်ဖော်ကိုင်ဖက်ဖြစ်သူကို အထက်ကချီးမွန်း အသိအမှတ်ပြုရင်တောင် သူ့ထက်သာမှာကြောက်တာကြောင့် စိတ်ထဲမကျေမနပ်ဖြစ်ပြီး ချီးမွန်းခံရသူရဲ့မကောင်းကြောင်းများကို အခြားဝန်ထမ်းများအထင်လွဲအောင်လိုက်ပြောပြီး သူ့ရဲ့ရှေ့မှာတော့ သူ့အပေါ်ကောင်းသလိုဟန်ဆောင်တက်ကြပါတယ်... ဝန်ထမ်းများအချင်းချင်းကြားဝင်သွေးခွဲခြင်းများကြောင့် စည်းလုံးမှုနဲ့ Team Spirit(အဖွဲ့လိုက်လုပ်ဆောင်မှုစိတ်ဓာတ်) ကို ထိခိုက်စေတက်ခြင်း

👉 မကောင်းမြင်စိတ်
ဝန်ထမ်းအသစ်များရှေ့မှာ လက်ရှိလုပ်ငန်းမကောင်းကြောင်းများပြောပြီး သူကိုယ်တိုင်လည်း အလုပ်ထွက်တော့မယ့်အထာမျိုးနဲ့ပြောဆိုကာ စိတ်ဓာတ်ကျအောင်လုပ်ဆောင်ခြင်း(ဒီလိုလူမျိုးက ကိုယ်တွေ့နော်...ကိုယ်တောင်သူပြောလို့စိတ်ညစ်ပြီးထွက်ခဲ့ဖူးတယ် သားကောင်ဖြစ်ခဲ့တာပေါ့... သူကတော့ အခုထိမထွက်သေးဘူး😅) ဒီလို Virus မျိုးက သူ့ထက်သာမှာ အသေကြောက်တဲ့သူမျိုး အသစ်ဝင်တဲ့သူက ကိုယ်ရည်ကိုယ်သွေးကောင်းရင် ပိုတောင်မြန်မြန်တွန်းထုတ်တက်ကြတယ်...

👉စည်းကမ်းလေးစားမှု
လုပ်ငန်းခွင်မကောင်းကြောင်းများအစပျိုးပြောဆိုတက်ကာ တူရာတူရာတွေစုပြီး လုပ်ငန်းစည်းကမ်းများကို မေးခွန်းထုတ်ခြင်းနှင့် လက်တစ်လုံးခြားဖောက်ဖျက်မှုတွေကြောင့် အခြားစည်းကမ်းလိုက်တာသောဝန်ထမ်းများအတွက် မကျေနပ်မှုနှင့် တန်းတူမညီဘူးလို့ ခံစားရစေတက်ပြီး ဝန်ထမ်းကောင်းတွေစိတ်ဓာတ်ပျက်ပြားစေခြင်း...

ဒါတွေကတော့ အကြမ်းဖျင်းသိရှိနိုင်တဲ့ နည်းလမ်းအချို့ပါ
သင့်လုပ်ငန်းမှာ ဒီလို Virus မျိုး ရှိနေပြီဆိုရင်
ချက်ချင်းအချိန်မဆွဲဘဲ ကိုင်တွယ်ရမယ့်နည်းလမ်းတွေကို
အချိန်မီ တစ်ဆင့်ချင်း သေသေသပ်သပ်လုပ်ဆောင်ရပါမယ်...
(ဘယ်လိုလုပ်ဆောင်ရမလဲသိချင်ရင်တော့
နောက်ထပ် Post တစ်ခုနဲ့တင်ပေးပါ့မယ်)

အချိန်မမီရင် သင့်လုပ်ငန်းရဲ့ System နဲ့ Plan ကို
အကြီးအကျယ်ထိခိုက်လာနိုင်တာမို့
လုပ်ငန်းရှင်တိုင်း ဒါမှမဟုတ်
လုပ်ငန်းရှင်ဖြစ်ဖို့ကြိုးစားနေသူတိုင်း သတိချပ်သင့်ပါတယ်...

ဘဝအတွက်ကြိုးစားနေကြတဲ့
ညီငယ် ညီမငယ်များလည်း
Virus Employee ရဲ့ကူးစက်ခြင်းမခံရအောင်
သတိထားကြဖို့နဲ့
ကိုယ်တိုင် Virus Employee ဖြစ်မှန်းမသိဖြစ်နေပြီး
လုပ်ငန်းအတွက် အဆိပ်အတောက်(Toxic) မဖြစ်အောင်ကြိုးစားကြဖို့ တိုက်တွန်းပါတယ်..

ကိုယ့်အရည်အသွေးကို ကိုယ်တိုင်မြှင့်တင်ပြီး
စစ်မှန်တဲ့ နေရာတစ်ခုနဲ့ နာမည်တစ်ခုကိုရယူတန်ဖိုးထားတက်ကြပါစေ...

Han Linn Ko
Htun Brother Business Group
CMSBM:(Creative Marketing & Strategic Business Management)

21/11/2022

မကြာမီ လာမည်....

Competitor တွေထက် ခြေတစ်လှမ်းအမြဲသာချင်ရင်တော့ ချက်ချင်းသာ Hello လုပ်...👍👍👍
သူမတူတဲ့ Content Creation နဲ့ Content Plan တွေအပြင်... 2 နာရီစာ Market Strategy Session ကို Special Price နဲ့ ရမှာမို့ လက်ဉီးတဲ့သူပဲနော်....
Get Appointment :
👉👉👉Ph:09421010 694,09 9578 50906
Email : [email protected]

Photos from Yangon God's post 11/11/2022

Maky Up Artist တစ်ဦးလည်းဖြစ် EVE Beauty Saloon & Training School ရဲ့ Founder လည်းဖြစ်တဲ့ မမေမီမီရဲ့ Personal Blog အတွက် ဖန်တီးပေးထားတဲ့ Post တွေထဲက အချို့ကို ဖော်ပြပေးလိုက်ပါတယ်....

ကိုယ့်ကို အလုပ်အပ်တဲ့ Client မို့ပြောတာမဟုတ်ဘူး မမေမီကသင်တန်းသားတွေကို တကယ်စေတနာပါတာဗျ... ပွဲတက် မိတ်ကပ်ပြင်တာလဲ အရမ်းမိုက်နေ‌ရောပဲ... Make-Up May Mi Mi ရဲ့ Blog ကို Comment မှာ Link လေးချပေးထားမယ်နော်... အလှအပနဲ့ပတ်သက်တာတွေကိုလဲ ပုံမှန် Sharing လုပ်ပေးနေတဲ့ Blog လေးမို့ အလှကြိုက်တဲ့ အားမေတို့က Like လေးလုပ်သွားကြပေါ့....

လုပ်ငန်းရှိပြီး ထင်သလောက်မထိုးဖောက်နိုင်ဘူးဖြစ်နေရင်တော့ YG နဲ့ဆက်သွယ်ဆွေးနွေးလိုက်ပါ....
Competitor တွေထက် ခြေတစ်လှမ်းအမြဲသာချင်ရင်တော့ ချက်ချင်းသာ Hello လုပ်...👍👍👍
သူမတူတဲ့ Content Creation နဲ့ Content Plan တွေအပြင်... 2 နာရီစာ Market Strategy Session ကို Special Price နဲ့ ရမှာမို့ လက်ဉီးတဲ့သူပဲနော်....

Get Appointment :
👉👉👉Ph:09421010 694,09 9578 50906
Email : [email protected]

08/11/2022

Persia တပ်သားများဂိတ်ဝရောက်နေသော်လည်း...
မနက်ဖြန် မင်ဂါဆောင်သွားရမှာ သတိရသွားသောအခါ😅😅😅

For more information click the below link👇

https://www.facebook.com/photo/?fbid=148170284621434&set=a.131929762912153

သင့်လုပ်ငန်းကို Level တစ်ခုမြှင့်ချင်ရင်တော့ YGနဲ့ ခုပဲ တိုင်ပင်ဆွေးနွေးလိုက်ပါဗျ...👍👍👍
👉👉👉Ph:09421010 694,09 9578 50906

Photos from Yangon God's post 05/11/2022

ဗလကြီး အိမ်ဆောက်ပစ္စည်းဆိုင်အတွက်
YG Team မှ ဖန်တီးပေးထား‌တဲ့ Social Media Post
Design အလန်းလေးတွေထဲကမှ
တချို့တစ်ဝက်ကို အမြည်းအနေနဲ့ပြပေးလိုက်ပါတယ်...

Content ရော Design တွေပါ
အပြည့်အဝကြည့်ချင်တယ်ဗျာဆိုရင်တော့
အောက်က link ကိုသာ ဝင်သွားလိုက်တော့ဗျာ...

သင့်လုပ်ငန်းကို Level တစ်ခုမြှင့်ချင်ရင်တော့ YGနဲ့ ခုပဲ တိုင်ပင်ဆွေးနွေးလိုက်ပါဗျ...👍👍👍
👉👉👉Ph:09421010 694,09 9578 50906

Photos from Yangon God's post 27/09/2022

ဒီလို လူငယ်တွေကို အထောက်အကူကောင်းတွေပေးနေတဲ့ လုပ်ငန်းမျိုးအတွက် Logo ဖန်တီးခွင့်ရတာ အရမ်းကံကောင်းတယ်လို့ခံစားရတယ်ဗျ...

ကဲ...ကဲ... YG ရဲ့ Logo presentation ကိုခံစားပြီးရင် CAN Career Coaching & Consulting page လေးကိုသွားပြီး Follow ထားကြဗျို့👍 တန်ဖိုးရှိတဲ့ စာတွေဖတ်ရင်းနဲ့ သင့်အတွက် အကြံဉာဏ်ကောင်းလေးတွေပါရလာနိုင်သေးတယ်ဗျ....Comment မှာ link လေးချပေးထားမယ်နော်(Post မှာထည့်ရင် ဇူဇူကစိတ်ကောက်မှာ😅)

သေသပ်ပြီး ဆွဲဆောင်မှုရှိတဲ့ Branding တစ်ခုဖြစ်လာအောင် 👍🏻 အသက်သာဆုံးနှုန်းထားတွေနဲ့💵 ဝန်ဆောင်မှု ပေးနေပါပြီ
ဒီဇိုင်းသီးသန့်မဟုတ်ဘဲ Printing ပါအပြီး အပ်မယ်ဆိုရင်💢Discount💢 တွေထပ်ရဦးမှာဆိုတော့ ပိုပြီးအဆင်ပြေပြီပေါ့ဗျာ✔
အားလုံးပဲ ရောဂါဘယကင်းဝေးပြီး ကျန်းမာကြပါစေခင်ဗျ🙏🏻

Want your business to be the top-listed Computer & Electronics Service in Pazundaung?
Click here to claim your Sponsored Listing.

Telephone

Website

Address


Pazundaung
11171

Other Pazundaung computer & electronics services (show all)
BIB Training Center BIB Training Center
Pazundaung

Information Technology and Japanese Language Training Center.

Evolve Tech Evolve Tech
65, 2nd Floor, Yae Kyaw Road
Pazundaung, 11171

Authorized Distributor of Crome , Dragon Power , HP (Gaming Accessories) & AULA (Gaming Accessories)

Zaw Ye Naing Graphic -GPK Zaw Ye Naing Graphic -GPK
No. 44, 92 Street (Short Street), Kandawlay
Pazundaung, 11222

UV Printing , Eco Solvent Printing & Design

iMax Electronics iMax Electronics
No. 190/194, 3rd Floor, Pansodan Street (Middle Block), Kyauktada Township
Pazundaung, 11181

Welcome to the official iMax Electronics Page - where innovation meets your everyday! 🌟 Stay tuned to explore the latest home tech trends as iMax redefines your appliance experienc...

Good Will Printing - GW Co.,Ltd Good Will Printing - GW Co.,Ltd
Pazundaung, 11171

Offset Printing Service

Soe Family Electronic Wholesale & Retail Soe Family Electronic Wholesale & Retail
Pazundaung

We are distributor of home electronics offering refrigerators, washing machines, freezers & air conditioners. We source primarily from Thailand & China, distributing to wholesalers...

SHARP Myanmar SHARP Myanmar
Upper Pazundaung Road, Satsan (9) Street
Pazundaung, 11171

Sanji's V**e Paradise Sanji's V**e Paradise
55th Street
Pazundaung, 11171

pod and juice

Demo Content & Graphic Demo Content & Graphic
134
Pazundaung, 12345

Newbie-PLPD Newbie-PLPD
Satsun
Pazundaung

Page Logo & Post Design Service

Multiplex Software Multiplex Software
Pazundaung, 11171

VSS Myanmar VSS Myanmar
173, 175, #204, Pansodan Tower, Pansodan Road (Middle Block), Kyauktada Township
Pazundaung, 11181

Value Added Distributor For IT, Network, and Cyber Security Solutions.