DR. KYAW General and Home Visit Care Clinic
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DR. KYAW General and Home Visit Care Clinic, Family doctor, Pyinmana.
ဝမ်းချုပ်ခြင်းဝေဒနာ (Constipation)
လူတိုင်း မကြာခဏ ကြုံတွေ့ရလေ့ရှိသည့် ဝမ်းချုပ်ခြင်း ဝေဒနာအကြောင်းနှင့် ပတ်သတ်၍ အစာအိမ်အူလမ်းကြောင်း အထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်တာ သိန်းမြင့်မှ ပြည့်စုံစွာ ရှင်းလင်းထားသည်ကို တင်ဆက်ပေးလိုက်ပါသည်။
ရောဂါ ဖြစ်ရခြင်း၏ အကြောင်းအရင်းများ
၁။ အဓိက အကြောင်းအရင်း
(က) ဆေးဝါးများ --- အလူမီနီယံပါသော အစာအိမ်ဆေး၊ကိုဒင်းပါသော အကိုက်အခဲပျောက်ဆေး၊ သံဓာတ်ပါသောဆေး၊စိတ်ကျရောဂါ ကုသဆေး (ဥပမာ- Tripta) သွေးတိုးကျဆေး(ဥပမာ- Calcium Channel Blocker မူးယစ်ဆေးဝါး Morphine)
(ခ) ကိုယ်တွင်းရောဂါများ----ဆီးချိုရောဂါ၊ကျောက်ကပ် အားနည်းသော ရောဂါ၊ပိုတတ်ဆီယမ် ဓာတ်နည်းခြင်း၊ ကယ်လဆီယမ် ဓာတ်များခြင်း၊သိုင်းရွိုက်ဂလင်း အားနည်းရောဂါ၊ကိုယ်ဝန်ရှိခြင်း၊
(ဂ)အခြားအကြောင်းများ ----- အစာစားသောက်မှု လွဲမှားခြင်း၊အသီးအနှံ၊ အသီးအရွက် အမျှင်ဓာတ်များ မစားခြင်း၊ဝမ်းသွား အကျင့်မမှန်ခြင်း၊အသက်ကြီးသူများ၊ ကာလကြာရှည်စွာ အိပ်ရာထဲ လဲနေသူများ၊ အချိန်ကြာမြင့်စွာ ကား - ရထားစီးသူများ။
၂။ အူလမ်းကြောင်း ပိတ်ဆို့ပြီး ဝမ်းချုပ်ခြင်း
အူမကြီးကင်ဆာ၊အူကျွံခြင်း၊ အူခေါက်ခြင်း၊စအိုဝကျဉ်းခြင်း၊နာတာရှည် အူမကြီး ရောင်ခြင်း၊ အူမကြီးသို့ သွေးလှည့်ပတ်မှု နည်းခြင်း။
၃။အူလမ်းကြောင်း မပိတ်ဆို့ဘဲ ဝမ်းချုပ်ခြင်း အူလမ်းကြောင်းလှုပ်ရှားမှု ပုံမမှန်ခြင်း၊ အူမကြီး ပုံမှန်ထက် အဆမတန်ကျယ်ခြင်း၊ စအိုကျွံခြင်း၊ ဝမ်းညှစ် ကြွက်သား အားနည်းခြင်း၊ စိတ်ကျရောဂါ၊ ဝမ်းကို ပုံမှန် မသွားဘဲ ချုပ်တီးထားခြင်း။
စမ်းသပ်စစ်ဆေးမှုများ
ပုံမှန်စစ်ဆေးစမ်းသပ်မှုများ ဝမ်းသွားလမ်းကြောင်း စစ်ဆေးခြင်း၊ သွေးစစ်ဆေးခြင်း၊ ယူရီးယားနှင့်ဓါတ်ဆားများ စစ်ဆေးခြင်း၊
အခြားစမ်းသပ်မှုများ အူလမ်းကြောင်းဆေးသွင်း ဓာတ်မှန်ရိုက်ခြင်း အူလမ်းကြောင်း မှန်ပြောင်းကြည့်ခြင်း စအို၀ အသားစယူ၍ စစ်ဆေးခြင်း အူလမ်းကြောင်း ဖြတ်သန်းချိန်တိုင်းတာခြင်း ပူဖောင်းဖြင့် လေသွင်းစစ်ဆေးခြင်း အူလမ်းကြောင်း ကြွက်သားစစ်ဆေးခြင်း
အောက်ပါလက္ခဏာများ ခံစားရပါက ဆရာဝန်နှင့် ပြသရမည်။
ကိုယ်အလေးချိန် သိသိသာသာကျသွားခြင်း၊
ဝမ်းသွား၍ သွေးပါခြင်း၊
ဝမ်းသွား အားမရခြင်း၊
ဝမ်းကျန်ခြင်း၊
ဗိုက်ဖောင်းလာခြင်း၊
ဝမ်းသွားလိုက်၊ ချုပ်လိုက်ဖြစ်ခြင်း၊
ဗိုက်တွင် အလုံးပေါ်လာခြင်း
ပျို့ခြင်း၊ အန်ခြင်း
သာမန်ထက်ပို၍ မောပန်းလာခြင်း
သွေးအားနည်းခြင်း
ဗိုက်နာခြင်း၊
မိမိဆွေမျိုးများတွင် အူမကြီးကင်ဆာ ဖြစ်သူများ ရှိခြင်း
#ကျောက်ကပ်ပျက်စီးခြင်း
ကျွန်တော်တို့ လူမျိုးများတွင် ဓလေ့တစ်ခုရှိသည်။ အထူးသဖြင့် အမျိုးသမီးများတွင် တွေ့ရသည်။
"မတွေ့တာကြာပြီဟာ... နင် ပိန်သွားသလိုပဲနော်
ကျန်းမာရေးလဲ ဂရုစိုက်ဦး" ဟူ၍တစ်မျိုး၊
"သူငယ်ချင်း နင့်မျက်နှာကြီးက အမ်းနေသလိုပဲ
သွေးလေးဘာလေး ချိန်ကြည့်ဦး... သွေးတိုးနေတယ်ထင်တယ်" ဟူ၍တစ်ဖုံ၊
"နင့်မျက်နှာက ဖောနေသလိုပဲနော် ဆေးခန်းလေးဘာလေး ပြကြည့်ဦး...ကျောက်ကပ်ဖြစ်နေဦးမယ်" ဟူ၍တစ်နည်း အလျဉ်းသင့်သလို ပြောဆိုတတ်ကြသည်။
ထိုသို့ပြောဆိုမှုများက ကျန်းမာရေးကို ဂရုပြုမိစေသည်။ တစ်နည်းအားဖြင့်ဆိုလျှင် ဆေးရုံဆေးခန်းများသို့ သွားရောက်ပြသဖြစ်စေရန်အတွက် တွန်းအားဖြစ်စေတတ်သည်။
ထိုအခါ ရောဂါကို ဆောလျင်စွာ သိရှိ၍ အချိန်မီကုသမှုခံယူနိုင်ရန် အခွင့်အရေးရလာသည်။ ထို့ကြောင့် ထိုအခြင်းအရာကို ကျန်းမာရေးရှုထောင့်က ကြည့်လျှင်မူ ကောင်းသည်ဟု မှတ်ချက်ပြုလိုသည်။ ထိုသို့ပြောဆိုတတ်ကြသော အကြောင်းအရာများအနက် လူအများ လွယ်ကူစွာ သတိထားမိတတ်ကြသော အချက်တစ်ခုသည် မျက်နှာဖောရောင်ခြင်းဖြစ်သည်။ မျက်နှာဖောရောင်ခြင်းကို ဖြစ်စေသော အကြောင်းအရင်းအများအပြားရှိသည်။ ထိုအနက် ကျောက်ကပ်ပျက်စီးခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။
📌ကျောက်ကပ်ဆိုသည်မှာ
ကျောက်ကပ်သည် ဆီးလမ်းကြောင်းဆိုင်ရာလုပ်ငန်း ဆောင်တာများအတွက်သာမက ခန္ဓာကိုယ်၏ မရှိမဖြစ် အရေးပါသော အစိတ်အပိုင်းဖြစ်သည်။ လူ၏ ခန္ဓာကိုယ်တွင် ကျောက်ကပ် နှစ်ခုရှိသည်။ ပုံစံအားဖြင့် ပဲစေ့ပုံသဏ္ဍာန်ရှိပြီး အရွယ်အားဖြင့် လက်သီးတစ်ဆုပ်ခန့်ရှိကာ ခါးရိုး၏ တစ်ဖက်တစ်ချက်စီတွင်တည်ရှိသည်။ ကျောက်ကပ်၏ လုပ်ငန်းဆောင်တာများကို လေ့လာကြည့်မည်ဆိုလျှင် ကျောက်ကပ်သည် သွေးတွင်းမှ အညစ်အကြေးများ၊ အဆိပ်အတောက်များနှင့် ရေပိုရေလျှံများကို စစ်ထုတ်၍ ဆီးလမ်းကြောင်းမှတဆင့် ဆီးအဖြစ် ပြန်လည် စွန့်ထုတ်ပေးသည်။ ထိုနည်းဖြင့် ခန္ဓာကိုယ်တွင်းရှိ ရေဓာတ်ကို ထိန်းညှိပေးသည်။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်သော သတ္တုဓာတ်များကို ပုံမှန်ဖြစ်စေသည်။
ထိုသို့မဟုတ်ဘဲ ကျောက်ကပ် အလုပ်လုပ်နိုင်စွမ်းကျဆင်းလာပြီဆိုလျှင် ကျောက်ကပ်ပျက်စီးနေပြီဟု သတ်မှတ်နိုင်သည်။ ကျောက်ကပ်တစ်လုံးတွင် အလုပ်လုပ်နိုင်စွမ်း (၁၅)% ခန့် ကျဆင်းလာသည်နှင့် ကျောက်ကပ်ပျက်စီးနေပြီဟု ဆိုနိုင်သည်။ကျောက်ကပ်ပျက်စီးလျှင် အညစ်အကြေးများနှင့် ရေပိုရေလျှံများကို ကောင်းစွာ မစစ်ထုတ်နိုင်တော့ချေ။ ထိုအခါ ခန္ဓာကိုယ်တွင်း အညစ်အကြေးများနှင့် ရေများ စုပုံလာကာ သတ္တုဓာတ်များကို မညီမမျှဖြစ်စေပြီး လူကို မကျန်းမမာ ဖြစ်စေတော့သည်။ ကျောက်ကပ်ပျက်စီးရာတွင် ပြန်လည်ကောင်းမွန်လာနိုင်သော ခေတ္တကျောက်ကပ်အလုပ်မလုပ်ခြင်းရှိသကဲ့သို့ နာတာရှည် ကျောက်ကပ်ပျက်စီးခြင်းလည်းရှိသည်။ ခေတ္တကျောက်ကပ်အလုပ်မလုပ်ခြင်းသည် ပြန်လည် ကောင်းမွန်လာနိုင်သော်လည်း နာတာရှည်ကျောက်ကပ်ပျက်စီးခြင်းသည် နောက်ဆုံးအဆင့်ဖြစ်သည်။ ကျောက်ကပ်တုသွေးသန့်စင်ခြင်း၊ ကျောက်ကပ်အစားထိုးခြင်းကဲ့သို့ ကုသမှုများဖြင့်သာ ကုသမှုခံယူနိုင်တော့သည်။ လူ၏ သက်တမ်းကို တိုစေသည်။
ထို့ကြောင့် မိမိ၏ ကျောက်ကပ် ကောင်းစွာ အလုပ်လုပ်နိုင်ခြင်း ရှိ/မရှိ စောစီးစွာ ဆန်းစစ် သတိပြုမိရန် လိုအပ်သည်။
📌လက္ခဏာများ
ကျောက်ကပ် စတင်ပျက်စီးနေပြီဆိုလျှင် အောက်ပါလက္ခဏာများကို ခံစားရတတ်သည်။
နွမ်းနယ်နေတတ်ခြင်း၊
အာရုံစူးစိုက်မှု နည်းပါးလာခြင်း၊
ကောင်းစွာ အိပ်မပျော်ခြင်း၊
ဆီးသွား များခြင်း/နည်းခြင်း၊
ဆီးတွင် သွေးပါခြင်း၊
ဆီးတွင် အမြှုပ်များခြင်း၊
မျက်လုံးတဝိုက် ရောင်ခြင်း၊
မောခြင်း၊
ခြေထောက်ရောင်ခြင်း၊
အစားအသောက်ပျက်ခြင်း၊
ကြွက်တက်ခြင်းတို့ကို ခံစားရတတ်သည်။ ထိုလက္ခဏာများ ခံစားနေရပါက ဆရာဝန်နှင့် စောစီးစွာ ပြသ၍ ကျန်းမာရေးစစ်ဆေးသင့်သည်။ ကုသမှုခံယူသင့်သည်။
ထို့အပြင် ကျောက်ကပ်ကို ထိခိုက်စေတတ်သော အပြုအမူများကို သိရှိထား၍ ရှောင်ကြဉ်နိုင်ရန်လည်း အရေးကြီးသည်။
📌ဆီးချိုရောဂါကို ထိန်းညှိရန်
ဆီးချိုရောဂါ၏ နောက်ဆက်တွဲ ရောဂါသည် ကျောက်ကပ်ပျက်စီးခြင်းပင်ဖြစ်သည်။ ထို့ကြောင့် ဆီးချိုရောဂါကို စနစ်တကျ ကုသမှုခံယူ၍ ထိန်းညှိရန် အရေးကြီးသည်။
📌သွေးပေါင်ချိန်ကို ထိန်းညှိရန်
သွေးတိုးရောဂါကို မထိန်းနိုင်ပါက သွေးပေါင်ဆောင့်တက်လျှင် ကျောက်ကပ်ကို ထိခိုက်တတ်သည်။ သွေးပေါင်ချိန်ကို စနစ်တကျ ထိန်းညှိနိုင်ရန်၊ သွေးထိန်းဆေးပုံမှန်သောက်ရန် လိုအပ်သည်။
📌ဆားလျှော့စားရန်
ဆားကို ပုံမှန်ထက် အလွန်အကျွံစားသုံးမိလျှင် သွေးတွင်းရှိ သတ္တုဓာတ်ညီမျှနေမှုကို ပျက်ယွင်းစေပြီး ကျောက်ကပ်ကို အားနည်းစေသည်။
📌ကိုယ်အလေးချိန် လျှော့ရန်
အဝလွန်ခြင်းသည်လည်း ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေကို များပြားစေသည်။ ပုံမှန်လမ်းလျှောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှုပြုခြင်းတို့ဖြင့် ကိုယ်အလေးချိန်ကို လျှော့ချပေးသင့်သည်။
📌ဆေးဝါးများကို မိမိသဘောဖြင့် မသောက်သုံးရန်
အချို့သော ဆေးဝါးများ(ဥပမာ-အကိုက်အခဲပျောက်ဆေးများ၊ ပိုးသတ်ဆေးများ)သည် ညွှန်ကြားချက်အတိုင်း တိကျစွာ မသောက်သုံးပါက ကျောက်ကပ်ကို ထိခိုက်တတ်သည်။ ထို့ကြောင့် ဆေးဝါးများကို ဆရာဝန် ညွှန်ကြားချက်အတိုင်း အတိအကျလိုက်နာ၍ သောက်သုံးသင့်သည်။ မိမိသဘောဖြင့် ဆေးဝယ်သောက်ခြင်းသည် ကျောက်ကပ် ကျန်းမာရေးအတွက်သာမက အစာအိမ်အတွက်ပါ ဆိုးကျိုးများစေတတ်သည်။
📌ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို စနစ်တကျကုသရန်
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် တစ်ခါတစ်ရံ ကျောက်ကပ်ကို ရောင်စေသည်။ ဆီးပိုးသေသည်အထိ စနစ်တကျ ကုသမှုမခံယူပါက ကျောက်ကပ်ကို မကြာခဏ ရောင်ရမ်းစေ၍ အချိန်ကြာလာလျှင် ကျောက်ကပ်ပျက်စီးသွားသည်အထိ ဖြစ်နိုင်သည်။
📌ဆီးလမ်းကြောင်း ကျောက်တည်လျှင် မပေါ့ဆရန်
ဆီးလမ်းကြောင်းတွင် အထူးသဖြင့် ဆီးပြွန်တွင် ကျောက်တည်ပါက ဆီးသည် အောက်သို့ ကောင်းစွာ မစီးဆင်းနိုင်တော့ချေ။ ထိုအခါ ကျောက်ကပ်တွင် ဖိအား သက်ရောက်မှုရှိစေ၍ ကျောက်ကပ်ကို ထိခိုက်စေတတ်သည်။ ထို့ကြောင့် ဆီးကျောက်တည်လျှင်လည်း စနစ်တကျ ကုသမှုခံယူသင့်သည်။
📌ကျောက်ကပ်ထိခိုက်စေသော အစားအစာများကို ရှောင်ရန်
အချို့သောအစားအစာများ(ဥပမာ-ဒညှင်းသီး)သည် ကျောက်ကပ်ကို တိုက်ရိုက် ထိခိုက်စေတတ်သည်။ ထို့ကြောင့် လုံးဝ ရှောင်ကြဉ်သင့်သည်။ ကျောက်ကပ်မကောင်းသောသူများအတွက်မူ ပိုတက်စီယမ်ကြွယ်ဝသော အစားအစာများ၊ ဖော့စဖောရပ်စ်ကြွယ်ဝသော အစားအစာများ၊ ပရိုတင်းဓာတ်ကြွယ်ဝသော အစားအစာများကို အလွန်အကျွံ မစားသင့်ပေ။ အချို့သော အသီးအနှံများ(ဥပမာ-ထောပတ်သီး၊ ငှက်ပျောသီး)တွင် ပိုတက်စီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်သည်။ အချို့သော အစားအစာများ (ဥပမာ- ကိုကာကိုလာ၊ ဆိုဒါပါဝင်သော အစားအစာများ၊ ခရမ်းချဉ်သီး၊ အာလူး)တွင် ဖော့စဖောရပ်စ်ဓာတ် ကြွယ်ဝစွာပါဝင်သည်။ နို့ထွက်ပစ္စည်းများသည်လည်း ပိုတက်စီယမ်နှင့် ဖော့စဖောရပ်စ် ကြွယ်ဝစွာပါဝင်၍ ကျောက်ကပ်မကောင်းသူများအတွက် မသင့်တော်ပေ။ သံဗူးများဖြင့် ထုပ်ပိုးထားသော အသင့်စား အစားအစာများတွင်လည်း တာရှည်ခံ ဆေးများပါဝင်၍ ရှောင်ကြဉ်သင့်ပေသည်။
📌ဆေးလိပ်၊ အရက် ရှောင်ရန်
ဆေးလိပ်နှင့် အရက် အလွန်အကျွံ သောက်သုံးခြင်းသည် ကျောက်ကပ်ရောဂါ ဖြစ်ပွားနိုင်ခြေကို နှစ်ဆ ပိုမိုများပြားစေသည်။
📌အထိုင်များခြင်းကို ရှောင်ရန်
အထိုင်များခြင်းသည် ကျောက်ကပ်ကို တိုက်ရိုက် သက်ရောက်မှု ရှိစေကြောင်း အထောက်အထားမပြနိုင်သေးသော်လည်း ကျောက်ကပ်ကို အားနည်းစေတတ်ကြောင်းတွေ့ရှိရသည်။
📌ရေများများသောက်ရန်
ရေကို နေ့စဉ် အနည်းဆုံး (၂)လီတာခန့်သောက်သုံးပေးခြင်းသည် ကျောက်ကပ်ကျန်းမာရေးအတွက် အထောက်အကူပြုစေသည်။ ကျောက်ကပ်ဝေဒနာ ခံစားနေရသော လူနာများအတွက်မူ ဆရာဝန်ညွှန်ကြားချက်အတိုင်း ရေကို လျှော့သောက်သင့်ပေသည်။
ဖော်ပြပါအတိုင်း ဂရုပြု၍ လိုက်နာဆောင်ရွက်ပါက သင်၏ ကျောက်ကပ်ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမည်မှာ မလွဲဧကန်ဖြစ်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။
ဒေါက်တာပြည့်ဖြိုးကျော်
အကျိုးရှိရင်တော့ မျှဝေပေးဖို့ မမေ့ပါနဲ့။
#ဂေါက်ရောဂါကို
အစားအစာနဲ့ ကုသမယ်
===================
ယူရစ်အက်ဆစ် (Uric Acid) နဲ့ ဂေါက်ရောဂါ ( စားသင့် / မစားသင့်သောအစားအစာများ
ယူရစ်အက်ဆစ်ဆိုတာ အစားအစာအတော်များများတွေရတဲ့ purine ဓါတ်ပြိုကွဲမှုကနေ ထွက်လာတဲ့ product တစ်ခုဖြစ်ပါတယ်။ ခန္ဓာကိုယ်က Purine ပရိုတင်းတမျိုးကို ခြေဖျက်ရာကနေ ယူရစ်အက်ဆစ်ဆိုတဲ့ ဓာတ်တစ်မျိုး ထွက်ပေါ်လာပါတယ်။
ယူရစ်အက်ဆစ်က များသောအားဖြင့် ဆီးထဲမှာ ပါသွားပေမယ့် သင့်ကျောက်ကပ်က ကောင်းစွာ အလုပ်မလုပ်ဘူးဆိုရင်၊ သင့်ခန္ဓာကိုယ်က ယူရစ်အက်ဆစ် အများကြီး ထုတ်လုပ်မယ်ဆိုရင် ၎င်းက ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
ယူရစ်အက်ဆစ်ပိုလျှံမှုက သင့်အဆစ်များမှာ အနည်ထိုင်လာပြီး (အဆစ်အမြစ် ဂေါက်ရောဂါလို့ သိကြတဲ့) ရောင်ရမ်းခြင်းတွေ၊ နာကျင်ကိုက်ခဲခြင်းတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
သင့်ကျောက်ကပ်ထဲမှာ substanceတွေ စုပုံနိုင်ပြီး ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်လာနိုင်ပါတယ်။
အရွယ်ရောက်ပြီး အမျိုးသားများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အဖြစ်များပါသည်။
ယူရစ် အက်ဆစ်လွန်ကဲလာတာကို လေ့လာတဲ့အခါ ၃ ပုံ ၁ ပုံကစားသုံးတဲ့ အစားအစာ
တွေကြောင့်လို့သိရပါတယ်။
ဂေါက်ရောဂါ ကို အစားအစာနဲ့ ကုမယ်
၁ ရေသောက်ခြင်း
ရေသောက်ခြင်းက သွေးထဲမှာရှိတဲ့ ယူရစ်အက်ဆစ်ပမာဏကို ဆီးကနေစွန့်ထုတ်ပေးသောကြောင့် တနေ့လျှင်ရေ ၈ ခွက်မှ ၁၀ ခွက်အထိ သောက်ပေးပါ။
၂ တရုတ်နံနံ
တရုတ်နံနံအစေ့(သို့)အရွက်ဟာ uric acidကိုကျစေတဲ့ အာနိသင်ရှိတာကြောင့် ထမင်းစားရင်ဘဲဖြစ်ဖြစ် ဟင်းချက်တဲ့နေရာမှာဘဲဖြစ်ဖြစ် တရုတ်နံနံရွက်ကို ထည့်ချက်ပါ။အစေ့ကို သုံးခွက်တစ်ခွက်ကျိုပြီး သောက်လို့လည်းရပါတယ်။
၃ ဗိုစားပဲ
ဗိုစားပဲသီးကို အစိမ်းလိုက် ဝါးစားခြင်း ( သို့ ) ဗိုစားပဲသီး ဖျော်ရည် တနေ့ ၁၅၀ မီလီလီတာ သောက်ပေးခြင်းဖြင့် အကျိုးထူး ခံစားရပါလိမ့်မည်။
၄ ပန်းသီး
ပန်းသီးထဲရှိ မဲလစ်အက်ဆစ်ဓာတ်က ယူရစ်အက်ဆစ်ပမာဏကို မျှတစေလို့ နံနက်နေ့လည်. ည ထမင်းစားပြီးတိုင်း ပန်းသီး ၁ လုံးစီစားပါ ။(သို့မဟုတ်) ပန်းသီးဖျော်ရည်ကို သဘာဝပျားရည်နဲ့ ရောဖျော်သောက်ပါ။
၅ ငှက်ပျောသီး
ဂေါက်ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရချိန်မှာ တနေ့လျှင် ငှက်ပျောသီး ၁လုံးကျစီဖြင့် ၄ရက် ဆက်တိုက်လောက် စားပေးပါ။
၆ ရှောက်သီးနဲ့ သံပရိုသီး
ရှောက်သီးနဲ့ သံပရိုသီးထဲရှိ ဗီတာမင်စီ ဓာတ်များက အရိုးအဆစ်များကို သန်မာစေရုံသာမက ယူရစ်အက်ဆစ်ပမာဏကိုလည်း မျှတစေလို့ ရှောက်ရည် (သို့)သံပရိုသီးဖျော်ရည်ကို သကြားနဲ့ဆား လုံးဝမထည့်ပဲနဲ့ သောက်ပါ။
၇ နာနတ်သီး
ယူရစ်အက်ဆစ်ကိုမျှတစေသည့် ရှားပါးသော bromelain ပါရှိသော နာ နတ်သီး ဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေတဲ့အတွက် ဂေါက်ရောဂါဖြစ်နေချိန် နာနတ်သီးစားခြင်းဟာ အဆစ်အမြစ်ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။
၈ သင်္ဘောသီး အစိမ်း
သဘောသီး အစိမ်းကို အတုံးလေးတွေတုံးကာပြုတ်ပြီး လက်ဖက်ခြောက်ခပ်၍ ရောသောက်ပါ။
Uric Acid ယူရစ်အက်ဆစ်ကို လျော့ချပေးမည့် အစားအစာများ၊ စားပေးသင့်သော အစားအစာများ
၁ - ပန်းဂေါ်ဖီစိမ်း - သခွားသီး
- ပန်းဂေါ်ဖီစိမ်းနဲ့ သခွားသီးတွေက သွေးထဲမှာ ယူရစ်အက်ဆစ် ပိုလျှံမူနဲ့ အဆစ်များ
ပတ်လည်ရှိ ယူရစ်အက်ဆစ်ပုံဆောင်ခဲတွေ ထုတ်လုပ်မူကို လျော့နည်းစေပါတယ်။
၂ - ငှက်ပျောသီး
- ငှက်ပျောသီးက ယူရစ်အက်ဆစ် ပမာဏကို လျော့ချရန်အကောင်းဆုံး အသီးပါ။
၃ - မုန်လာဥနီ
- မုန်လာဥနီကို ပုံမှန်စားပါက ဂေါက်ရောဂါကို ကာကွယ်ပေးသလို ကျန်းမာရေးကို
လည်း ပိုမို ကောင်းမွန်စေနိုင်ပါတယ်။
၄ - ချယ်ရီသီး
- anthocyanin လို့ ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင့်ပစ္စည်း ပါဝင်လို့ ချယ်ရီသီးက ယူရစ်
အက်ဆစ်ပမာဏကိုလျော့ချပေးနိုင်တယ် - အဆစ်ပတ်ပတ်လည်မှာရှိတဲ့ crystals မဖြစ်ပေါ်အောင် တားဆီးပေးနိုင်ပါတယ်။
၅ - ရေ
- ရေ မကြာခဏ သောက်ခြင်းက ယူရစ်အက်ဆစ်ပမာဏကို လျောနည်းစေရုံသာမ
က ခန္ဓာကိုယ်ကနေ စွန့်ပစ်ပစ္စည်းနဲ့ အဆိပ်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
၆ - ပန်းသီး
- ပန်းသီးကို ပုံမှန်စားသုံးတဲ့အခါ ခန္ဓာကိုယ်ကို detox ဖြစ်စေတဲ့အပြင် ပိုလျှံနေတဲ့
ယူရစ်အက်ဆစ်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။
၇ - တရုတ်နံနံကြီး
- ယူရစ်အက်ဆစ် များလို့ဖြစ်ပေါ်လာနိုင်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကနေ ကာ
ကွယ်ပေးနိုင်တယ် - ယူရစ်အက်ဆစ်ပမာဏကိုလည်း လျော့ချပေးနိုင်ပါတယ်။
၈ - ကြက်သွန်နီ
- ခန္ဓာကိုယ်ကနေ ယူရစ်အက်ဆစ်တွေကို ဖယ်ထုတ်ပြီး ယူရစ်အက်ဆစ်ပိုလျှံလို့ ဖြစ်
လာနိုင်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ကြက်သွန်နီကကူညီပေးနိုင်ပါတယ်။
၉ - ရေနွေးကြမ်း
- ရေနွေးကြမ်းပုံမှန်သောက်ရင် ဂေါက်ရောဂါကိုတားဆီးသလို သွေးထဲယူရစ်အက်ဆစ်
ပမာဏမြင့်တက်တာကိုလည်း ထိန်းပေးပါတယ်။
၁၀ - ရှောက်သီး သံပုရာသီး. သံပုရိုသီး
- ဒီအသီး မျိုးနွယ်ဝင် Citric acid ပါဝင်သည့်အသီးတွေကို စားခြင်းဖြင့် ခန္ဓာကိုယ်
အတွင်းရှိ ယူရစ်အက်ဆစ်လွန်ကဲခြင်းကို တားဆီးနိုင်ပါတယ်။
၁၁ - ဘယ်ရီသီးများ
- ဘယ်ရီသီးတွေ ပုံမှန်စားလျှင် ခန္ဓာကိုယ်မှာ ယူရစ်အက်ဆစ် လွန်ကဲစွာ စုပုံခြင်းကို
တားဆီးပေးနိုင်ပါတယ်။
🙅မစားသင့်သည့်အစားအစာများ🙅
1. ဝမ်းတွင်းကလီစာ - ဥပမာ - အသည်းအမြစ်၊ နှလုံး၊ ဦးနှောက်။
2. အနီရောင်ရှိသော အသားများ - ဥပမာ - အမဲသား၊ ဆိတ်သား။
3. ပင်လယ်စာ များ၊ ငါးသေတ္တာငါးအစရှိတဲ့ အစားအစာ တွေ ပာ Purine လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါတဲ့ အတွက် Uric Acid ကို ပိုများစေပါတယ်။
4. တစ်နေ့ကို အသင့်သောက် အချိုရည် ၆ဘူး အထက်သောက်တဲ့ သူတွေ မှာ လည်း Uric Acid တွေများနေပါတယ်။ အကြောင်းအရင်း ကတော့ အချိုရည် တွေ မှာပါတဲ့ သကြားတစ်မျိုးဖြစ်တဲ့ Fructose (ဖရက်တို့စ်) ကြောင့်ပါ။
5. အရက် အလွန်အကျွံသောက်တာ ကိုလည်းရှောင်ကြဉ်ရပါမယ်။
6. ကော်ဖီ ကိုလည်း တစ်နေ့ ၂-၃ ခွက်ထက်မပို သင့်ပါဘူး။
7. ပဲပုပ်စေ့၊ ကုလားပဲ စတဲ့ ပဲတွေမှာတော့ purine ပါဝင်မှု့ များတဲ့ အတွက် အလွန်အကျွံ မစားမိဖို့လိုအပ်ပါတယ်။
8. ဗီတာမင် စီ နှင့် ဒီ ပါဝင်သော အားဆေးများကို တတ်နိုင်သမျှရှောင်ကြဉ်ရပါမယ်။ ဆီးကျောက်တည်တာ ကို ပိုဆိုးစေလို့ပါ။
9. အသီးအရွက်ထဲ မှာဆိုရင် ပာင်းနုနွယ်၊ ကညွတ်၊ ပန်းဂေါ်ဖီ၊ မှို တွေကို အများကြီးမစားသင့်ပါဘူး။
Credit... Original
Crd
အစာအိမ်ရောဂါပိုး(H pylori)
အစာအိမ်ရောဂါပိုး H pylori ဆိုသည်မှာ လူ၏အစာအိမ်နံရံတွင် သာမန်မျက်စိဖြင့် မမြင်ရသော အလွန်သေးငယ်သည့် ဘတ်တီရိးယားတစ်မျိုးဖြစ်သည်| အစာအိမ်ရောဂါပိုးကို WHOမှ ၁၉၉၄ခုနှစ်ကတည်းက အစာအိမ်ကင်ဆာဖြစ်စေနိုင်သော ပိုးအဖြစ် သတ်မှတ်ထားပါသည်| မြန်မာနိုင်ငံတွင်လည်း အစာအိမ်ပိုးဖြစ်ပွားနှုန်းမှာ ၆၀%မှ ၇၀ %ခန့်ရှိပါသည် |မသန့်ရှင်းသော လမ်းဘေးအစားအစာများ |ယင်နားစာ| လက်နှင့်နယ်ထားသော အစားအစာများ| ချဥ်ဖတ်များတွင် အစာအိမ်ပိုးကို ပိုမိုတွေ့ရှိရပါသည်|
ရောဂါကူးစက်ပုံ
မသန့်ရှင်းသောရေ| မသန့်ရှင်းသော အစားအစာ| တံတွေး| လူ၏မစင် မှတဆင့်ကူးစက်နိုင်သည်| အသက်အရွယ်ကြီးသူများ| ဝင်ငွေနည်းပြီး လူဦးရေများသောမိသားစုများ |တစ်အိမ်ထဲ တစ်နေရာတည်း လူအများစုပေါင်းနေထိုင်သောမိသားစုများ တွင်ပိုမိုတွေ့ရှိရပါသည်|
အစာအိမ်ပိုးကြောင့်ဖြစ်တတ်သည့် ရောဂါများ
အူသိမ်အနာ| အစာအိမ်အမြှေးပါးရောင်ခြင်း|
အစာအိမ်အနာ| အစာမကြေရောဂါ |သံဓာတ်ချို့တဲ့သွေးအားနည်းရောဂါ| အစာအိမ်ကင်ဆာ |အစာအိမ်သားငံရည်ကြိတ်ကင်ဆာ| သွေးဥမွှးအားနည်းရောဂါတို့ဖြစ်ပါသည်
ရောဂါလက္ခဏာ များ
အစာအိမ်ပိုးဝင်ရောက်ပါက အစာအိမ် ရောင်ရမ်းနာကြောင့် ဗိုက်နာခြင်း| အစာစားလျင်ပြန်အန်ခြင်း| မအီမသာဖြစ်ခြင်း| လေချဥ်တက်ခြင်း| ရင်ပူခြင်းစသည့်တို့ခံစားရပါသည်| မကုသဘဲထားပါက နာတာရှည်အစာအိမ်ရောင်ရမ်းနာ အဖြစ်သို့ အသွင်ပြောင်းသွားပြီး မကြာခဏ အစာမကြေဖြစ်ခြင်း| ဗိုက်အောင့်ခြင်း |ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း |ဝမ်းပျက်ခြင်းတို့ ဖြစ်တတ်ပါသည်| ထိုမှတဆင့် အစာအိမ်ကင်ဆာ သို့ကူးပြောင်းသွားနိုင်ပါသည်|
အစာအိမ်ပိုးရှိ မရှိစစ်ဆေးသင့်သူများ
အစာမကြေရောဂါ ရှိသူများ| အစာအိမ်နှင့် အူသိမ်အနာရှိသူများ| အစာအိမ်ကင်ဆာ ဟုသံသယရှိသူများ| သံဓာတ်နှင့် ဗီတာမင်ဘီ၁၂ ချို့တဲ့သူများ| သွေးဥမွားနည်းရောဂါရှိသူများ ဖြစ်ပါသည်
စစ်ဆေးနိုင်သည့်နည်းလမ်းများ
အစာအိမ်မှန်ပြောင်းကြည့်ရှုပြီး ပိုးမွေးခြင်း|အသားစ စစ်
ဆေးခြင်း |လေမှုတ်စစ်ဆေးခြင်း |ဝမ်း |ဆီး |တံတွေး ထဲတွင် အစာအိမ်ပိုးစစ်ခြင်းတို့ဖြစ်ပါသည်|
ကုသနိုင်သည့်နည်းလမ်းများ
နောက်ဆုံးပေါ်ကုထုံးအရ အစာအိမ်အက်ဆစ်ထိန်းဆေးနှင့် ပိုးသတ်ဆေး၂မျိုး ပေါင်းစပ်ပြီးအနည်းဆုံး ၁၄ရက်
သောက်သုံးရပါသည်| Bismuth ဆေးရနိုင်ပါက ထိုဆေးနှင့် အခြားဆေး၃မျိုး ပေါင်းစပ်ပြီး ၁၄ရက်ကြာသောက်သုံးနိုင်ပါသည်|
ဆေးသောက်ပြီး ခြောက်ပတ်အကြာတွင် အစာအိမ်ပိုးပျောက် ကင်းခြင်း ရှိ |မရှိပြန်လည်စစ်ဆေးရန်လိုပါသည်| ထိုအချိန်တွင် လေမှုတ်စစ်ဆေးခြင်း သည် စိတ်ချရသောနည်းလမ်းဖြစ်ပါသည်|
ပိုးသတ်ဆေးယဥ်ပါးမှုသည် အစာအိမ်ရောဂါ ပိုး ကုသခြင်း ထိရောက်မှုမရှိစေသော အဓိကသော့ချက်ဖြစ်ပါသည်|
ကျွမ်းကျင်သည့် ဆရာဝန်၏ညွှန်ကြားချက်အတိုင်းဆေးများကို တိတိကျကျသောက်ပါက ၉၀% ပျောက်ကင်းနိုင်ပါသည် |
ပိုးသတ်ဆေးသောက်ပြီးလူနာများ၏ ၃% မှာပိုးပြန်လည်တွေ့ရှိရတတ်ပါသည်|
အစာအိမ်ပိုးကုသခြင်း၏အကျိုးကျေးဇူးများမှာ အချိန်တိုအတွင်း ငွေကုန်ကျမှုသက်သာစွာဖြင့် အမြစ်ဖြတိကုသနိုင်ပါသည် |ထိုသို့ကုသခြင်းဖြင့် နောက်ဆက်တွဲ အ
စာအိမ်အနာ|အူသိမ်နာနှင့် အစာအိမ်ကင်ဆာ တို့ကို ကာကွယ်ပေးနိုင်ပါသည် |မိမိမှတဆင့် တခြားသူများကိုလည်း အစာအိမ်ပိုးကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်|
ကြိုတင်ကာကွယ်ခြင်း
တစ်ကိုယ်ရေ သန့်ရှင်းရေးကိုအလေးထား ဂရုစိုက်ခြင်း| အစာမစားခင်လက်ကို စင်ကြယ်အောင်ဆေးခြင်း| အစားအစာများကို သန့်ရှင်းစင်ကြယ်စွာချက်ပြုတ်စားသောက်ခြင်း| လတ်ဆတ်သော သားငါးနှင့်သီးနှံများကိုကျက်အောင် ချက်ပြုတ်ခြင်း |ယင်နားစာများရှောင်ခြင်းဖြင့် ကာကွယ်နိုင်ပါသည်|
Crd #
👨⚕️ ဝမ်းပျက်ဝမ်းလျှောရောဂါ (𝐃𝐢𝐚𝐫𝐫𝐡𝐞𝐚)
===========================
📣 တစ်ချိန်က တစ်ကမ္ဘာလုံးကို ကပ်ရောဂါကြီးအနေနဲ့ ခြိမ်းခြောက်ခဲ့တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဟာ Shigella dysenteriae ၊ Vibrio cholerae နဲ့ Escherichia coli လို့ခေါ်တဲ့ရောဂါပိုးတွေကြောင့် အများဆုံးဖြစ်တတ်ပါတယ်။
အဓိကအားဖြင့်တော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုအဖြစ်များပါတယ်။
အခုချိန်ထိလည်း ဝမ်းပျက်ဝမ်းလျှောရောဂါဟာ ကမ္ဘာတစ်ဝန်းလုံးမှာ သေဆုံးမှုအများဆုံးရောဂါတွေထဲက တစ်ခုဖြစ်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်စေနိုင်တဲ့ အဓိကအကြောင်းရင်းကတော့ မသန့်ရှင်းတဲ့အစာနဲ့ရေကို စားသောက်မိတာနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးအသိပညာမရှိတာတွေကြောင့် ဖြစ်ပါတယ်။
ရောဂါပိုးကူးစက်ခံထားရတဲ့ လူနာတွေ တိရစ္ဆာန်တွေကနေတစ်ဆင့်လည်းထပ်မံကူးစက်နိုင်ပါတယ်။
🔰 ဘယ်လိုဆိုရင် ဝမ်းပျက်ဝမ်းလျှောလို့ သတ်မှတ်မလဲ ❓
◾ ဝမ်းပျော့ပျော့ ဒါမှမဟုတ် အရည်ချည်းပဲ တစ်နေ့ကို သုံးကြိမ်နဲ့အထက် သွားနေရင် ဝမ်းပျက်ဝမ်းလျှောရောဂါလို့ သတ်မှတ်နိုင်ပါတယ်။
◾ ဝမ်းထဲမှာသွေးပါလာတာ ၊ ဗိုက်အောင့်တာ ၊ ဗိုက်ရစ်နာတာ ၊ ဖျားတာတွေနဲ့ပါ တွဲလာရင်တော့ ဝမ်းကိုက်ရောဂါလို့ သတ်မှတ်ပါတယ်။
🔰 ဘယ်လိုလူတွေမှာ ပိုသတိထားရမလဲ ❓
◾ အစားအသောက်နဲ့သောက်သုံးရေ လုံလောက်သန့်ရှင်းစွာမရရှိတဲ့နေရာမှ ပြည်သူတွေ ( ဥပမာ -စစ်ဘေးရှောင်စခန်း )
◾ ကိုယ်ခံအားမကောင်းတဲ့သူတွေ ( ဥပမာ-HIV ရောဂါဝေဒနာရှင်များ )
🔰 ဘယ်လိုရောဂါလက္ခဏာတွေပြတတ်လဲ ❓
◾ ဝမ်းပျက်ဝမ်းလျှော - ဝမ်းပျော့ပျော့ ဒါမှမဟုတ် အရည်ချည်းပဲ တစ်နေ့ကို သုံးကြိမ်နဲ့အထက်သွားနိုင်ပါတယ်။
◾ ဝမ်းကိုက်ရောဂါ - ဝမ်းလျှောတာအပြင် ဝမ်းထဲမှာသွေး သို့မဟုတ် အချွဲပါလာတာ ၊ ဗိုက်အောင့်တာ ၊ ဗိုက်ရစ်နာတာ ၊ ဖျားတာတွေနဲ့ပါ တွဲနိုင်ပါတယ်။
◾ ကာလဝမ်းရောဂါ - ဆန်ဆေးရည်လိုအရည်တွေသွားတာ ၊ အချွဲပါတာ ၊ တစ်ခါတစ်ရံ အန်တာ ၊ ဗိုက်အောင့်တာ တွေဖြစ်နိုင်ပါတယ်။
🔰 နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ ❓
◾ ဝမ်းလျှော၍ ရေနဲ့ဓာတ်ဆားဆုံးရှုံးခြင်းကြောင့် မျက်တွင်းချိုင့်တာ ၊ ပါးစပ်နဲ့အာခေါင်ခြောက်တာ ၊ ရေအလွန်အမင်းဆာတာတွေ ဖြစ်နိုင်ပါတယ်။
◾ ဒီအဆင့်မှာကုသမှုမခံယူဘဲ ပိုဆိုးလာမယ်ဆိုရင် အသိကောင်းကောင်းမရှိတော့တာ ၊ ရေမသောက်နိုင်တော့တာတွေအထိ ဖြစ်လာနိုင်ပါတယ်။
🔰 ရောဂါအခြေအနေကို ဘယ်လို စမ်းသပ်စစ်ဆေးမလဲ ❓
လူနာရဲ့ရေနဲ့ဓာတ်ဆားဆုံးရှုံးမှုအတိုင်းအတာကို အောက်ပါအတိုင်း ဆန်းစစ်နိုင်ပါတယ်။
◾ ကနဦးရေဓာတ်ဆုံးရှုံးခြင်း - ရောဂါလက္ခဏာမပြနိုင်ပါ။
◾ အသင့်အတင့်ရေဓာတ်ဆုံးရှုံးခြင်း - မျက်တွင်းချိုင့်တာ ၊ ပါးစပ်နဲ့အာခေါင်ခြောက်တာ ၊ ရေအလွန်အမင်းဆာတာ ၊ စိတ်ဆတ်လာတာတွေ ဖြစ်နိုင်ပါတယ်။
◾ ပြင်းထန်ရေဓာတ်ဆုံးရှုံးခြင်း - အသိကောင်းကောင်းမရှိတော့တာ ၊ ဆီးမသွားတော့တာ ၊ ခြေတွေလက်တွေအေးစက်လာတာ ၊ သွေးပေါင်တိုင်းမရတော့တာတွေ တွေ့ရတတ်ပါတယ်။
🔰 ဘယ်လိုကုသကြမလဲ ❓
◾ ရေနဲ့ဓာတ်ဆားကိုအလုံအလောက် အချိန်မီ ပြန်လည်ဖြည့်တင်းပေးဖို့က ဝမ်းပျက်ဝမ်းလျှောရောဂါကုသမှုမှာ အဓိကအချက်ဖြစ်ပါတယ်။ ကနဦးနဲ့အသင့်အတင့်ရေဓာတ်ဆုံးရှုံးခြင်းအဆင့်တွေမှာ ဆုံးရှုံးသွားတဲ့ရေဓာတ်ပမာဏအတိုင်း ဓာတ်ဆားရည်ပြန်လည်သောက်သုံးပေးရပါမယ်။ ပြင်းထန်ရေဓာတ်ဆုံးရှုံးခြင်းအဆင့်မှာတော့ ဓာတ်ဆားပုလင်းချိတ်ပေးပြီး ရေနဲ့ဓာတ်ဆားကိုပြန်ဖြည့်ပေးရပါမယ်။ ကာလဝမ်းရောဂါကလွဲပြီး ဝမ်းပျက်ဝမ်းလျှောလူနာတွေမှာ ပုံမှန်အားဖြင့် ပိုးသတ်ဆေးသောက်ဖို့မလိုပါဘူး။ ပိုးသတ်ဆေးတွေမလိုအပ်ဘဲသောက်သုံးတာဟာ ဆေးယဉ်ပါးခြင်းဖြစ်စေနိုင်တဲ့အတွက် ဆရာဝန်ညွှန်ကြားမှသာ သောက်သုံးသင့်ပါတယ်။
◾ ထို့အပြင် အစားအသောက်ကိုလည်း သန့်ရှင်းပြီးလတ်ဆတ်တဲ့အစားအသောက်များကို အာဟာရပြည့်ဝစွာ စားသုံးပေးသင့်ပါတယ်။
◾ စားနိုင်သလောက်လေး နည်းနည်းနဲ့ ခဏခဏ စားသုံးပေးသင့်ပါတယ်။
🔰 ဘယ်လို ကာကွယ်ကြမလဲ ❓
◾ လက်ကို ဆပ်ပြာဖြင့်သေချာစွာဆေးကြောခြင်း။
◾ သောက်သုံးရေကို ကျိုချက်သောက်သုံးခြင်း ၊ ရေတွင်းများတွင် ကလိုရင်းခပ်ခြင်း။
◾ အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများကို သေချာစွာ စွန့်ပစ်ခြင်း ၊ ယင်လုံအိမ်သာအသုံးပြုခြင်း။
◾ မွေးကင်းစနှင့် (၆)လအောက်ကလေးငယ်များကို မိခင်နို့တစ်မျိုးတည်းတိုက်ကျွေးခြင်း။
◾ အစားအသောက်ကို သန့်ရှင်းစွာ ကိုင်တွယ်ချက်ပြုတ်ခြင်း ၊ ယင်နားစာမစားခြင်း တို့ဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
*** လူတိုင်း ဝမ်းပျက်ဝမ်းလျှောရောဂါမှ ကင်းဝေးကြပါစေ ***
𝑪𝒓𝒆𝒅𝒊𝒕: တယ်လီကျန်းမာ
Photo....Crd
🔸️ အားလုံးပဲကျန်းမာချမ်းသာကြပါစေ 🔸️
#အစာအိမ်ရောဂါ
အစာအိမ်ရောဂါဖြစ်ပွားရတဲ့အကြောင်း ရင်းတွေကတော့ အစာရေမျိုရောင်ခြင်း၊ အစာအိမ်အနာ၊ အူသိမ်ဦးပိုင်းအနာနဲ့ အစာ အိမ် ရောင်ခြင်းတို့ ဖြစ်တယ်။ အိပ်ချ်ပိုလိုရီ ခေါ် အစာအိမ်ရောဂါပိုးကြောင့် ဖြစ်ပွားရ တာပါ။ ပိုပြီး ဆိုးရွားစေတဲ့အခြေအနေမှာ အကိုက်အခဲပျောက်ဆေးသောက်ခြင်း၊ ဆေးလိပ်၊ကွမ်းနဲ့ အရက်သောက်သုံးခြင်း၊ စိုးရိမ်ပူပန်မှုများခြင်းနဲ့ တခြားအကြောင်း အရာတွေကြောင့် အစာအိမ်ရောဂါ ဖြစ် ပွားပါတယ်။
ပုံမှန်စားသောက်နေကျ အစားအစာ ကို စားနိုင်ပါတယ်။ ထမင်းနဲ့ဟင်းကို ပုံမှန် စားရမှာ ဖြစ်ပါတယ်။ အစာစားပြီး ရောဂါ အခြေအနေပိုဆိုးလာရင် အစာကို ခေတ္တ ရပ်ထားပြီး အစာပျော့ပျော့စားရပါမယ်။
ပူလွန်း၊ စပ်လွန်းတဲ့အစာတွေကို ရှောင် သင့် တယ်။ မာတဲ့အစာ၊ အစာမကြေလွယ် တဲ့ အစာ၊ အဆီအအိမ့်များလွန်းတဲ့ အစာ တွေ မစားသင့်ဘူး။ လက်ဖက်၊ လက်လုပ် ချဉ်၊ အချဉ်ဓာတ်များတဲ့ အစာတွေ မစား သင့် ပါဘူး။
ဗိုက်နာစဉ်မှာ ပြင်းထန်တဲ့ ကိုယ်လက် လှုပ်ရှား ကစားခြင်း၊ အလေးမ,ခြင်းတွေ ခေတ္တရပ်ထားသင့်ပါတယ်။ အောက်ကျ နေ တဲ့ ပစ္စည်းတွေကို ခါးကုန်းပြီး မ ကောက်ဘဲ ထိုင်ပြီး ကောက်သင့်တယ်။ ခုတင်ခေါင်း ရင်းကို ရှစ်လက်မခန့်မြှင့်ပြီး အိပ်သင့် တယ်။ ကြမ်းပြင်မှာအိပ်ရင် ခေါင်းအုံး အ နည်းငယ်မြှင့် အိပ်ရမယ်။ သာမန်ထက် ဝနေ ရင် ကိုယ်အလေးချိန် လျှော့ချရမယ်။
သွေးအန်ခြင်း၊ ကော်ဖီရောင်အန်ခြင်း၊ ဝမ်းအမည်းသွားခြင်း၊ ဗိုက်တစ်ပြင်လုံး တင်းပြီး မာလာခြင်း၊ အကိုင်မခံနိုင်အောင် နာခြင်း၊ အလုံးပေါ်ခြင်း ၊ သွေးပေါင်ကျ ခြင်း၊ သာမန်ထက်ပိုပြီး မောခြင်း၊ သိသိ သာသာပိန်ခြင်း စတဲ့ လက္ခဏာတွေ ပေါ်လာရင် သမားတော်နဲ့ ပြသင့်ပါတယ်
ရောဂါလက္ခဏာများ
ရင်ပူခြင်း၊ လေချဉ်တက်ခြင်း၊ ခံတွင်း ချဉ်ခြင်း၊ အစာစားပြီးပါက ရင်ဝမှာ မီးစနဲ့ ထိုးသကဲ့သို့ ပူခြင်း၊ အစာများ မကြာခဏ အပေါ်သို့တက်ခြင်း၊ တံတွေးအထွက်များ ခြင်းနဲ့ တခြားလက္ခဏာတွေ ဖြစ်စေနိုင်ပါ တယ်။
ရောဂါပိုဆိုးစေခြင်း
အဝလွန်ခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ အဝတ် အစားတင်းကျပ်စွာဝတ်ခြင်း၊ အစာစားသုံး မှု များလွန်ခြင်း၊တစ်ကြိမ်တည်းဖြင့် အစား များစွာ စားသုံးခြင်း၊ ကြာရှည် ဆောင့် ကြောင့် ထိုင်ခြင်း၊ မကြာခဏခါးကုန်းခြင်း၊ ပစ္စည်းအလေးမ,ခြင်း၊ ဆေးလိပ်သောက် ခြင်း၊ အရက်သောက်ခြင်း၊ ကွမ်းစားခြင်း၊ ဆေးငုံခြင်းနဲ့ ဓာတ်မတည့်တဲ့ဆေး သုံးစွဲမိ ခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။
ရောဂါနဲ့ မတည့်တဲ့ အစာများ
ပူလွန်း၊ စပ်လွန်း၊ ချဉ်လွန်းတဲ့ အစား အစာတွေ၊ ငရုတ်ကောင်း၊ ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုး၊ နာနတ်သီး၊ ဆီပြန်ဟင်း၊ ဆီနဲ့ ကြော်တဲ့ အစာများ၊ မဆလာ၊ ကြက်သွန် ဖြူ၊ ကြက်သွန်နီပါဝင်တဲ့ အစားအစာများ၊ ချောကလက်နဲ့ ဂက်စ်ပါတဲ့ အရည်များ၊ ကွမ်း၊ ဆေးလိပ်၊ လက်ဖက်၊ ဖာလာ၊ လေး ညှင်း၊ ပရုတ်၊ သစ်ကြံပိုး၊ လိမ္မော်ရည်၊ ခရမ်း ချဉ်သီးနဲ့ ပြုလုပ်ထားတဲ့ အစားအစာများ ပါဝင်ပါတယ်။
Credit....
အသည်းရောဂါရှိရင် ဘာတွေရှောင်ရမလဲ❓❓
⚠️ အဆီဓာတ်၊ အချိုဓာတ်နှင့် ဆားဓာတ် ပါဝင်မှုများသော အစားအစာများကို ရှောင်ကြဉ်ပါ။ ဆီကြော်များ၊ အမြန်ပြင်အစားအစာများ (Fast food)၊ တာရှည်ခံအောင် ပြုလုပ်ထားသော အစားအစာများ ကိုရှောင်ပါ။
⚠️ ဆိုးဆေးပါသော အစားအစာများ၊ မှိုတက်နိုင်သော အစားအစာများကို ရှောင်ကြဉ်ပါ။
⚠️ အနီရောင်အသားများ (အမဲသား၊ ဝက်သား၊ ဆိတ်သား စသည်) ကို တတ်နိုင်လျှင် လျှော့စားပါ။
⚠️ အရက်နှင့် အရက်ပါသော အဖျော်ယမကာများကို ရှောင်ကြဉ်ပါ။
⚠️ ဆေးလိပ်သောက်ခြင်းနှင့် ကွမ်းစားခြင်းတို့သည်လည်း ရှောင်ကြဉ်သင့်သော အလေ့အကျင့်များ ဖြစ်သည်။
⚠️ ပါရာစီတမော ကဲ့သို့သော အဖျားကျဆေးများ၊ အကိုက်အခဲပျောက်ဆေးများနှင့် အရောင်ကျဆေးများကို ရှောင်ကြဉ်သင့်ပါသည်။
⚠️ ဗီတာမင်-စီ၊ သံဓာတ် (Iron) ပါသောအားဆေးများနှင့် အိပ်ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ သောက်သုံးပါ။ မိမိသဘောနှင့် မိမိ မည်သည့်အရာကိုမှ ဆေးဖြစ်ဝါးဖြစ် ရေရှည်စွဲ၍ အသုံးမပြုပါနှင့်။ မည်သည့်ဆေးမဆို မသောက်သုံးမီ ဆရာဝန်နှင့် တိုင်ပင်ပါ။
ဒေါက်တာခင်မောင်လွင် (FAME)
ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း (Heart Attack)အကြောင်းတစေ့တစောင်း
ရုတ်တရက်နှလုံးသွေးကြောပိတ် Heart attack ဆိုတာ ဘာလဲဆရာ ဖြစ်မှာ စိုးရိမ်လို့ပါ
ကျွန်တော်တို့ရဲ့နှလုံးကြွက်သားတွေဟာ ခန္ဓာကိုယ်ရဲ့သွေးကြောစနစ်ကို ဖြတ်သန်းပြီးနေ့စဉ်သွေးလီတာ (၇၂၀၀) ခန့်ကို ပေးပို့လုပ်ဆောင်လျှက်ရှိပါသည်။ ဒီနှလုံးကြွက်သားတွေကို အောက်ဆီဂျင်နှင့်သွေးအဓိက ထောက်ပံ့ပေးနေတဲ့သွေးလွှတ်ကြောတွေကို (ကိုရိုနရီ သွေးလွှတ်ကြော Coronary – arteries လို့ခေါ်ပါတယ်။ - ညာဘက်မှာ သွေးလွှတ်ကြောတစ်ချောင်နှင့်ဘယ်ဘက်မှာ နှစ်ချောင်းရှိတယ်လို့ အကြမ်းဖျဉ်းပြောကြားနိုင်ပါသည်။ ဒီနှစ်လုံးသွေးကြော တစ်ချောင်းချောင်း ရုတ်တရက်ပိတ်ဆို့မှုရှိသည့်အခါ သွေးလည်ပတ်မူ ဟန့်တား ရပ်ဆိုင်းပြီး ရုတ်တရက် နှလုံးသွေးကြောပိတ်ခြင်း (heart attack) ဖြစ်ပေါ်လာပါတယ်။
ဘာကြောင့် Heart attack ဖြစ်ရလဲ
အများသိသည့် နှလုံးသွေးကြောကျဉ်း အန္တရာယ်ဖြစ်စေနိုင်သူများကတော့ ဆေးလိပ်သောက်သူများ သွေးတွင်းအဆီများသူများ အ၀လွန်သူများ၊သွေးတိုးရောဂါရှိသူများ၊ဆီးချိုရောဂါရှိသူများနှင့် နှလုံးသွေးကြောကျဉ်းမျိုးရိုးရာဇ၀င်ရှိသူများ၊ အသက်အရွယ်ကြီးရင့်သူများဖြစ်ပါသည်။ နှလုံးသွေးကြောကျဉ်းသည့်ဖြစ်စဉ် အဆင့်ဆင့်ကတော့ သွေးလွှတ်ကြော အတွင်းနံရံများထူထဲခြင်း (အက်သရိုစကယ်ရိုးဆင့်)မှ အစပြုပါတယ်။
နားလည်လွယ်အောင်ပြောရရင် သွေးလွှတ်ကြောနံရံမှာ ဆီချေး(ကြေး)ကပ်တာပါ။ ဆီကြေးများ အချိန်ကာလ (၅)နှစ်မှ (၁၀)နှစ် တဖြည်းဖြည်းကြာလာသည့်နှင့်အမျှ များလာကာ သွေးလွှတ်ကြောကို ဖြတ်ပြီးစီးဆင်းသည့်သွေးစီကြောင်းကို တဖြည်းဖြည်းနှင့်ပိတ်ဆို့လာပါသည်။ ဒီကြေးဖတ် ဆီချေးဖတ်တွေဟာ အလွယ်တကူကျိုးပဲ့နံရံမှကွာကျပြီး ပဲ့ထွက်နိုင်ပါတယ်။ သွေးထဲမှာ ဒီအစလေးတွေ ထွက်လာပြီဆိုပါက သွေးထဲ၌ ရှိသော သွေးဥမွှာများကို ဆွဲငင်ပေါင်းစပ်ကာ သွေးခဲအစိုင်အခဲတစ်ခုဖြစ်ပြီး သွေးလွှတ်ကြောကို ရုတ်တရက် သွားပိတ်ပါတယ်။ သွေးစီးဆင်းမှု ရပ်တန့်သွာြး့ပီး လူနာမှာ အပြင်းထန်ဆုံး ရင်ဘတ်အောင့်သည့် ဝေဒနာ (heart attack) ခံစားရမည်ဖြစ်သည်။
heart attack ရရင် အန္တရာယ်ကြီးလား
Heart Attack ရပါက ၅၀% သည် (၂) နာရီအတွင်း သေဆုံးနိုင်ပြီး ၇%သည် ဆေးရုံးမဆင်းမှီ နှစ်ပတ်အတွင်း သေဆုံးနိုင်သည့်အတွက် အလွန်အရေးကြီးသည့် အခြေအနေဖြစ်သည်။
ဘယ်လို ကုသကြမလဲ
ဝေဒနာခံစားရသူသည် ဆေးရုံသို့ အချိန်မှီလာရောက်ရန် လိုအပ်ပါသည်။ နှလုံးသွေးကြောမည်မျှပမဏ၊မည်သည့်သွေးကြော ပိတ်ဆို့သည် ကို (အီ-စီ-ဂျီ) သွေးစစ်ဆေးခြင်းဖြင့် မှန်းဆသိရှိနိုင်ပါသည်။ အီး-စီ-ဂျီ (ST Segment) တက်နေပါက (STEMI) ဖြစ်သည်ဟု့ခေါ်ဆိုပြီး ပိတ်ဆိုနေ့သည့် သွေးခဲကို အမြန်ဆုံးချေဖျက်နိုင်ရန် (Streptokiase) အကြောဆေးထိုးသွင်းခြင်းဖြင့် ကုသနိုင်သည်။ အောင်မြင်မှု ၅၀% မျှသာဖြစ်သည်။
အကောင်းဆုံးကုထုံးကဘာလဲ
အကောင်းဆုံးကုထုံးအနေဖြင့် နှလုံးသွေးကြောချဲ့စင်တာ (Cath Lab) ရှိသည့်နေရာဖြစ်ပါက ပေါင်မှ လက်ကောက်၀တ်သွေးကြောမှ ပလတ်စတစ်ပိုက်နှလုံးသို့ထည့်သွင်းကာ ပိတ်ဆို့နေသည့် သွေးခဲကို စုပ်ယူခြင်း သွေးကြောထောက်ကိရိယာထည့်ခြင်း စသည့်ဖြင့် ကုသနိုင်သည်။ ၁၀၀% နီးပါးကုသပျောက်ကင်းနိုင်သည်။ စတင်ရောဂါခံစားရသည့်အချိန်မှစ၍ ၃နာရိအတွင်းကုသခံယူပါက အကောင်းဆုံးဖြစ်သည်။ ကျွမ်းကျင်သည့် သူနာပြုများ၊ နှလုံးဆရာ၀န်များဖြင့် (၂၄)နာရီလည်ပတ်နိုင်သည့် Primary (PCI) နှလုံးကုသမူဌာန စင်တာရှိမှသာ ကုသမှုခံယူနိုင်သည့် အနေအထားဖြစ်သည်။
နှလုံးသွေးကြောချဲ့ အချိန်မှီ ကုသမူု့ မရလျင် ဘာတွေဖြစ်နိုင်လဲ
ဆေးရုံသို့ အချိန်မှီမရောက်ရှိပါက အချိန်ကြာမြှင့်သည့်နှင့် အမျှ နှလုံးကြွက်သားများ ထိခိုက်မှုများပြားပြီး ကုသမှုကောင်းစွာပေးသော်ညားလည်း ဝေဒနာခံစားရသူအ နေဖြင့် ၁၀၀% ပျောက်ကင်းနိုင်မှု နည်းပါးနိုင်ပါသည်။ နာတာရှည် နှလုံးအားနည်းရောဂါအဖြစ်ကျန်ရှိနေနိုင်သည်။အခြားနှလုံးသွေးကြောပိတ်ခြင်း အမျိုးအစား NSTEMI (တဝက်တပျက်သွေးကြောပိတ်ဟု့ဆိုလျင်ရ) မှာ အရေပြားအောက်တွင် ထိုးဆေး Heparin သွေးကျဲဆေးထိုးခြင်းဖြင့် ကုသနိုင်သည်။
နှလုံးသွေးကြောပိတ်ဆို့ခြင်းကို ယာယီအားဖြင့် သက်သာစေသော်လည်း နောင်တစ်ချိန်တွင် နှလုံးသွေးကြောထောက်ကိရိယာ ထည့်သွင်းခြင်း ဘူပေါင်းဖြင့်နှလုံးသွေးကြောချဲ ု့ခြင်း များလိုအပ်နိုင်သည်။
ကုသမူ့ ခံပြီးသူတွေ ဘာတွေဆက်လုပ်သင့်လဲ
ကုသမှုခံယူပြီး ပျောက်ကင်း သက်သာပါကလဲနောက်ထပ်ပြန်မဖြစ်စေရန် သွေးပေါင်ထိန်းခြင်း၊ ဝိတ်ချခြင်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများပြုလုပ်ခြင်းများ အပြင် Aspirin ACEI Statin (သွေးတွင်း အဆီကျဆေး သွေးကြဲဆေး ) အစရှိသည့်ဆေးများ တစ်သက်လုံးမှီဝဲသုံးစွဲရန်လိုအပ်ပါသည်။ အားလုံးဥာဏ်သတိဖြင့် နှလုံးသွေးကြောရုတ်တရက်ပိတ်ခြင်းမှကင်းဝေးနိင်ကြပါစေ။
Credit to ဆရာ ဒေါက်တာသက်ဟိန်း (နှလုံးအထူးကု)
အပူဒဏ်နဲ့ နှလုံး
ဒီလို ရာသီဥတု အရမ်းပူပြင်းတဲ့ အချိန်မှာ ကျွန်တော်တို့ နှလုံးကလည်း ပုံမှန်ထက် သွေးတွေညှစ်ပို့ အလုပ်ပိုလုပ်ရပါတယ်။ အရေပြားကို သွေးပိုရောက်ဖို့ ခန္ဓာကိုယ် အေးအောင် ချွေးထွက်များစေပြီး ထိန်းညှိရပါတယ်။ ဒီလို အပူချိန်ထိန်းညှိဖို့ ဟန်ချက်ညီညီ မလုပ်နိုင်တော့ဘူး ဆိုရင်တော့ တခြား ကိုယ်တွင်း အင်္ဂါ တွေ ထိခိုက်ပြီး အန္တရာယ်များတဲ့ heat stroke လို ခေါ်တဲ့ အပူရှပ်ဝေဒနာ ခံစားရမှာ ဖြစ်ပါတယ်။ နှလုံး ညှစ်အား မကောင်းတဲ့ ဝေဒနာရှင်တွေ ပုံမှန် လူတွေထက် ပိုဂရုစိုက်ရပါမယ်။
အပူရှိန် (> 40.5 C ) ပိုလာရင်တော့ ပုံမှန် လူတွေရော ၊တခြားရောဂါ အခံ ရှိသူများပါ အပူဒဏ် ကြောင့် နောက်ဆက်တွဲများ ဖြစ်နိုင်ပါပြီ။ အားလုံးဂရုပြုရပါတော့မယ်။
ဘယ်သူတွေ ပိုဖြစ် အန္တရာယ် ပိုများလဲ
✅ ၇၅ နှစ် အထက် အသက်အရွယ်ကြီးတဲ့သူတွေနဲ့ အရမ်းငယ်တဲ့ ကလေး တွေ မှာ စိတ်ပူရပါတယ်။ နှလုံး ရောဂါ ရှိသူများသာမက နာတာရှည် ရောဂါ ရှိတဲ့သူတွေ ဥပမာ ကျောက်ကပ်ရောဂါ ၊သွေးချို နဲ့ အာရုံ ကြော မကောင်းတဲ့ သူတွေလည်း အန္တရာယ် များသူများ ဖြစ်ပါတယ်။
ဘယ်လို လက္ခဏာတွေ ပြမလဲ
✅ heat exhaustion အပူရှပ်တဲ့ အစပိုင်းအဆင့်မှာတော့ ချွေးအများကြီး ထွက်မယ် ။နောက် ကိုယ်လက် အရေပြား အေးစက်လာမယ် ၊ နှံးမယ်၊ ပျို့တာ မူးချင်လာတာ တွေ ဖြစ်လာပါမယ်။
နောက် heat stroke အဆင့်ဖြစ်လာရင်တော့ အဖျားတက်လာမယ်၊ပူမယ် အရေပြားခြောက် ချွေးမထွက်တော့၊ ရီဝေဝေ ဖြစ်မယ်၊ ပျို့ အန်၊ အာရုံ ရှုတ်ထွေးပြီး သတိလစ်တော့ မှာ ဖြစ်ပါတယ်။ အချိန်မှီ မကုသနိုင်ရင် သေဆုံးတဲ့ထိဖြစ်နိုင်ပါတယ်။
ဘယ်လို ကာကွယ်ကြမလဲ
✅ ပြင်းထန်တဲ့ အပူရှိန်အောက်မှာ ချွေးထွက်များစေတဲ့ အလုပ်နဲ့ လေ့ကျင့်ခန်းတွေ ရှောင်ကြဉ်ရပါမယ်။
✅ ရေနဲ့ ဓာတ်ဆားရည် လုံလုံလောက်လောက် ရေငတ်တိုင်း ချွေးထွက်များတိုင်း သောက်သုံးသင့်ပါတယ်။ အရည်ရွှမ်းတဲ့ အသီးများ ဥပမာ ဖရဲသီး နဲ့ အသီးဖျော်ရည်များလည်း သောက်လို့ရပါတယ်။
✅ အရက်နဲ့ ကော်ဖီ ရှောင်ကြဉ်သင့်ပါတယ်။
✅ အေးတဲ့ အရိပ်ရတဲ့ နေရာတွေကို ရွေးချယ် နေရပါမယ်။
✅ အရောင်ဖျော့တဲ့ ချောင်ချောင်ချိချိ အဝတ်အစားတွေ ရွေးချယ် ဝတ်သင့်ပါတယ်။ အရောင်ရင့်ရင့် သည် အပူစုပ်ယူမူ့များပြီး အရောင်ဖျော့ အထူးသဖြင့် အဖြူရောင်သည် အရောင်ပြန်စေပါသည်။ အဲ့ဒါမှ ခန္ဓာကိုယ်ရဲ့ အပူထိန်း စနစ် မှန်ကန်စွာ လုပ်ဆောင်နိုင်ပြီး ချွေးထုတ်အပူလျော့အောင် ထိန်းညှိတာ အဆင်ပြေမှာ ဖြစ်ပါတယ်။
နှလုံးရောဂါဝေဒနာရှင်တွေ ဒီကာလ ဘာတွေ ထူး ဂရုစိုက်ရမလဲ
✅ နှလုံးသွေးကြောကျဉ်း လူနာများ အောင့်ရင် ရှုတဲ့ ငုံတဲ့ GTN ( nitrate) ဆေးများက အပူရှပ်နေတဲ့ အချိန်တွေမှာ သွေးပေါင်ပိုကျ စေပြီး မူးဝေတာ ဖြစ်စေတတ်သဖြင့် ဂရုစိုက်သောက်သုံးကြပါ။
✅ နှလုံးခုန်နှုန်း ထိန်းညှိဖို့ နှေးအောင် ပေးထားတဲ့ (beta blocker ) ဆေးသောက်သုံးနေသူတွေဟာ အပူရှိန် ထိန်းညှိတဲ့ ဇီဝ လှုပ်ရှားမူ့တွေကို အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အတွက် အပူ မရှပ်အောင် ဂရုပြုရပါမယ်။
✅ နှလုံး ညှစ်အားနည်း လူနာများသည် ပုံမှန်အားဖြင့် ရေဓာတ် ထိန်းညှိနိုင်ဖို့ ခန္ဓာကိုယ်မှာ ရေပိုလျှံမူ့ မဖြစ်စေရေး အတွက် ဆီးဆေးများ ပေးထားခြင်း၊ သောက်ရေကို ၁ လီတာ ၂ လီတာ ထက် ပို မသောက်ရန် စသဖြင့် မှာကြားထားသူများ ဖြစ်ကြပါတယ်။ ဒါပေမဲ့ ပူတဲ့ဒီကာလမှာတော့ ကုသပေးတဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိန်းညှိဖို့ လိုအပ်ပါတယ်။ ဥပမာ အားဖြင့် ပူပြင်းတဲ့ ချွေးထွက်များတဲ့နေ့တွေမှာ ဆီးဆေးများ လျော့သောက်ခြင်း၊ ရေနဲ့ ဆားဓာတ် လိုအပ်ပါက ဖြည့်တင်း သောက်သုံးနိုင်ရန် အရေးကြီးပါတယ်။
အားလုံးပဲ ကျန်းမာ ပျော်ရွှင်နိုင်ပါစေ။
Credit to ဆရာဒေါက်တာ သက်ဟိန်း ( နှလုံး အထူးကု)
# short note on hot weather, heat stroke and heart #
Click here to claim your Sponsored Listing.
Category
Contact the practice
Telephone
Website
Address
Pyinmana
Pyinmana
ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းအရာများ၊ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ စုံစမ်းမှာယူနိုင်ပါသည်။