Aung Kaung Clinic

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Kaung Clinic, Medical and health, Taunggyi.

01/09/2023

ဝက်ခြံအကြောင်း တစေ့တစောင်း (Short Points)

Covid ကာလမှာ အဖြစ်အများဆုံးအရေပြားပြဿနာတွေထဲမှာ ဝက်ခြံကလည်း ထိပ်ဆုံးကပါပဲ နော်....

ဝက်ခြံလို့ပြောလိုက်ရင် တချို့သိကြ၊ ကြားဖူးကြပါတယ်။

ဝက်ခြံအကြောင်း​ဆိုရင် ဒါတွေသိထားသင့်ပါတယ်။

၁/ ဝက်ခြံဖြစ်စေတဲ့အကြောင်း
၂/ ဝက်ခြံသက်သာစေမယ့် ကုသမှုတွေအကြောင်း
၃/ ဝက်ခြံမဖြစ်အောင် ဘယ်လိုကာကွယ်ရမလည်းဆိုတဲ့ အကြောင်း

⚠️ ၁/ ဝက်ခြံဖြစ်စေတဲ့အကြောင်း
ဝက်ခြံဆိုတာ မျက်နှာအရေပြားမှာရှိတဲ့ အဆီအိတ်တွေ ထကြွရာကနေ အဖုလေးတွေ၊ ပြည်လုံးတွေ၊ အကျိတ်တွေဖြစ်စေပြီး စိတ်ဒုက္ခပေးတဲ့ အရေပြားပြဿနာပါ။

ဝက်ခြံဖြစ်စေတဲ့ အခြေခံအချက် (၄) ချက်
- အဆီအိတ်တွေ အဆီထုတ်မှုလွန်ကဲလာခြင်း
- အရေပြားအပေါ်မှာရှိတဲ့ ဆဲလ်သေတွေနဲ့ အညစ်အကြေးတွေ အဆီပေါက်ကို ပိတ်ရာကနေ အဆီအိတ်တွေ ရောင်လာခြင်း
- ဝက်ခြံပိုးဝင်ခြင်း
- ဟော်မုန်းအပြောင်းအလဲကြောင့် အဆီအိတ်တွေရောင်လာခြင်း

⚠️ ၂/ ဝက်ခြံပေါက်လာရင် ဘယ်လို သက်သာအောင်လုပ်မလည်း?

တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်တွေ၊ အရေပြားအလှအပဆရာဝန်တွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
ချက်ချင်းမပြနိုင်ခဲ့ရင် ဒီနည်းတွေနဲ့ ၃ရက်လောက် မိမိဘာသာ ကုကြည့်ပါ။

- မျက်နှာကို မနက် ၁ကြိမ်၊ ည အိပ်ယာဝင် ၁ကြိမ် ဆပ်ပြာနဲ့ ဆေးဖြစ်အောင်ဆေးပါ။
- အိပ်ရေး ဝ ဝ အိပ်ပေးပါ။
- တစ်နေ့ကို အနည်းဆုံး ရေ ၃/၄ လီတာသောက်ပေးပါ။
- အသစ်သုံးလိုက်တဲ့ Skin care တွေ၊ လိမ်းဆေးတွေ ရပ်လိုက်ပါ။ Cream အမျိုးအစားလိမ်းဆေးတွေရပ်လိုက်ပါ။ ဖြစ်နိုင်ရင် ဘာမှ မလိမ်းပဲ ရေဓာတ်ဖြည့်တာပဲ လိမ်းပေးပါ။
- မြန်မြန်သက်သာချင်ရင် အပူအစပ်၊ အငံ၊ နို့ထွက်ပစ္စည်း၊ အချို၊ Ready Made/အသင့်စား အစာတွေ၊ အချိုရည်သံဘူး၊ Gas ပါတဲ့ ဖျော်ရည်တွေ ရှောင်ပေးပါ။
- Clindamycin ပိုးသတ်ဆေးကို မလိုပဲ လုံးဝ စပြီးမသုံးပါနဲ့။
၃ရက်နေလို့မှ ပိုဆိုးလာရင်၊ မသက်သာရင်တော့ ဆရာဝန်စီအမြန်​သွားပြပါ။

ဆရာဝန်နဲ့ ပြထားပါက ညွှန်ကြားချက်အတိုင်းလိုက်နာပါ။ ဆရာဝန်ကို မကုခင်ကတည်း သေသေချာချာရွေးချယ်ပြီး ယုံကြည်ပေးပါ။ ဘာလို့ဆို တချို့ ဝက်ခြံတွေက ကုရခက်လို့ပါ။ ပျောက်ဖို့ရာ အနည်းဆုံး ၁လ ကနေ ၆ လ အထိ ကြာတတ်လို့ပါ။

မိမိနဲ့ သင့်တော်မယ့် Treatment တွေ၊ Skin care တွေ၊ လိမ်းဆေးတွေ၊ သောက်ဆေးတွေ ပေးပါလိမ့်မယ်။ မှန်မှန်သုံးပေးပါ။

ဝက်ခြံ Treatment လိုရင်တော့ Chemical Peeling (CP) လုပ်ရပါမယ်။ သုံးရမယ့် ဆေးကိုတော့ ဆရာဝန်က ရွေးပေးပါလိမ့်မယ်။ Glycolic or Salicylic....စသဖြင့်ပေါ့။
ပြီးရင် CP ကြောင့် ရေဓာတ်လျော့တတ်လို့ ရေဓာတ်ဖြည့်တဲ့ Treatment လိုပါမယ်။

ပြီးရင် မိမိအရေပြားနဲ့ သင့်တော်မယ့် Skin Care တွေ၊ လိမ်းဆေးတွေ လိုမယ်။
- Cleanser မျက်နှာသစ်ဆပ်ပြာ (သန့်စင်ဖို့)
- Toner (ph ထိန်းဖို့)
- Hydrator (ရေဓာတ်ဖြည့်ဖို့)
- Vitamin A, C, E... (အရေပြားအတွက် လိုအပ်မယ့် ဗီတာမင်တွေ)
- Exfoliator (ပိတ်နေတာတွေ ဖယ်ဖို့)
- Sunscreen (နေလောင်ဓာတ် ကာကွယ်ဖို့)

⚠️ ၃/ ဝက်ခြံမဖြစ်အောင် ဘယ်လိုနေမလည်း?

- မျက်နှာသေချာသစ်ပါ။
- Make up သုံးရင် Make up remover သုံးပေးပါ။
- သုံးနေကျ ပစ္စည်းတွေပဲသုံးပါ။
- အိပ်ရေး ဝ ဝ အိပ်ပါ။
- ရေ တစ်နေ့ ၃/၄ လီတာသောက်ပါ။
- မိမိနဲ့သင့်တော်မယ့် Skin care တွေ၊ လိမ်းဆေးတွေ သေချာ မှန်မှန်လေးအသုံးပြုပေးပါ။

ဘာတွေသုံးရမလည်း?

Skin Care အတွက် လက်နက် ၅မျိုးကို Post တင်ပေးထားပါတယ်။ အသေးစိတ်ကို အဲ့ Post မှာ ဖတ်ပေးပါ။ Normal Skin တွေက အဲ့တာတွေ သုံးရင်ရပါပြီ။
ဝက်ခြံပေါက်ဖူးပြီး ကုထားရတဲ့လူတွေ၊ မကြာမကြာ ဝက်ခြံပေါက်တတ်သူတွေ၊ Sensitive ဖြစ်သူတွေကတော့ ဆရာဝန်ရွေးပေးတာတွေ သို့မဟုတ် အပေါ်က ပြောထားသလို Cleanser, Toner, Hydrator, Vitamins နဲ့ Sun Screen နေလောင်ကာလိမ်းဆေးတွေ နေ့တိုင်းပုံမှန် သုံးပေးရပါမယ်။

ဘာတွေရှောင်ရမလည်း?

- သူများ​ကောင်းတယ်ပြောတိုင်း မလိုပဲ လျှောက်မလိမ်းပါနဲ့။
- မျက်နှာကို လက်နဲ့ကိုင်တတ်တဲ့အကျင့် ဖျောက်ပါ။
- ညှစ်တဲ့အကျင့် ရှောင်ပါ (အမဲစက်ကျန်နိုင်၊ ပိုကြီး၊ ပိုဆိုးလာနိုင်လို့ပါ)။
- ဝက်ခြံထွက်ရင် ၂ အချက်မှာ ​ပြောထားတာတွေအတိုင်း လိုက်နာပေးပါ။

ဝက်ခြံအမြစ်ပြတ် ပျောက်နိုင်လား?
ပျောက်ဖို့ အာမခံလား?
ဘယ်နှရက်နဲ့ ပျောက်မှာလည်း?
ဘယ်လောက်ကုန်ကျမှာလည်း?

ဝက်ခြံကို ကုလို့ရပါတယ်။
အမြစ်ပြတ်ဖို့တော့ ခက်ပါတယ်။
ဖြစ်တဲ့အဆင့်ပေါ်မူတည်ပြီး ၁လကနေ ၆လ တချို့ ၁နှစ်အထိ ကြာတတ်ပါတယ်။
ကုသရတဲ့အဆင့်၊ ကြာချိန်အပေါ်မူတည်ပြီး ကုန်ကျစားရိတ်လည်းကွာပါတယ်။ မြန်မြန် စောစောကုလေ သက်သာလေပါပဲ။ ၁လအတွက် အနည်းဆုံး ၆သောင်းကနေ အများဆုံး ၂သိန်းအထိ ကုန်ကျနိုင်ပါတယ်။ လပိုကြာကြာကုဖို့လိုရင်တော့ ပိုကုန်ကျနိုင်ပါတယ်။

အသေးစိတ်သိလိုရင်တော့ "အောင်ကောင်း "ဆေးခန်းကို မနက် ၉ နာရီမှ ညနေ ၆:၃၀ နာရီအတွင်း၊ တနင်္လာမှ စနေနေ့အထိ ဆရာဝန်တွေနဲ့ လာရောက်ဆွေးနွေးနိုင်ပါတယ်။

လိပ်စာ
အမှတ် (ရပ/၄၄)၊အနောက်မြို့ပတ်လမ်း၊ကျောင်းကြီးစုရပ်ကွက်၊နယ်မြေ (၁၀)၊တောင်ကြီးမြို့။

ဖုန်း
၀၉ ၈၈၉၃၃၀၄၅၄
၀၉ ၉၇၂၉၅၈၀၁၀

Photos from Aung Kaung Clinic's post 13/08/2023

#သွေးလွန်တုပ်ကွေး


သွေးလွန်တုပ်ကွေးရာသီ‌ရောက်နေပြီမို့ ဆရာကြီး ဦးစောဝင်းရေးထားတာလေးကို sharing လုပ်ပေးလိုက်ပါတယ်။

ကလေးများနှင့်သွေးလွန်တုပ်ကွေးအန္တရာယ်

❗️သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်
၁. အော့ အန် ခြင်း
၂. အရေပြား ပေါ် တွင် အဖိန့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကိရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေးဖြူဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် အရောင်အန်ခြင်း

⚠️အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

❗️အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

❗️ဆေးရုံတက်သင့် သော လူနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

#သွေးလွန်တုပ်ကွေး #သွေးလန့်ခြင်းလက္ခဏာများ
(𝐃𝐞𝐧𝐠𝐮𝐞 𝐒𝐡𝐨𝐜𝐤 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞)

👉ခန္ဓာကိုယ်အတွင်း သွေးယိုစီးသည့်အတွက်ကြောင့် ကော်ဖီမှုန့်ရောင်၊ အညိုရောင် အဖတ်အမျှင်လေးများပါသော အရည်များအန်ခြင်း၊ ဝမ်းမည်းမည်း သွားခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးကြားသွေးထွက်ခြင်း

👉ခန္ဓာကိုယ်ရှိ အရေပြားပေါ်တွင် ထိခိုက်သကဲ့သို့၊ သွေးခြေဥသကဲ့သို့ အနီကွက်များပေါ်လာခြင်း

👉ကိုယ်အပူချိန် ရုတ်တရက်ကျဆင်းသွားခြင်း ( များသောအားဖြင့် စဖျားသည့်နေ့မှ (၃)ရက်မြောက်တွင် ဖြစ်တတ်ပါသည်။)

👉ရုတ်တရက် ဗိုက်အောင့်လာခြင်း

👉ဂနာမငြိမ်ဖြစ်ခြင်း (သို့) အရမ်းမှိန်းလာခြင်း

👉ဆီး မသွားခြင်း

👉ခြေဖျား လက်ဖျားများ အလွန်အမင်း အေးစက်ခြင်း
​သွေးလန့်လျှင် မှိန်း​နေပြီး တကိုယ်လုံး ​အေးစက်လာခြင်း

👉သွေးပေါင်အလွန်ကျဆင်းခြင်း၊ နောက်ဆုံးတွင် တိုင်းတာ၍ မရသည့် အခြေအနေဖြစ်ခြင်း၊ အပေါ်သွေး၊ အောက်သွေးခြားနားချက်သည် 20mmHg (သို့) ထို့ထက်နည်းခြင်း

👉အစာ/ ရေ မဝင်နိုင်လောက်အောင် အဆက်မပြတ်အန်ခြင်း စသည်တို့ဖြစ်ပါသည်။

‼️‼️မိဘများ အထူးသတိပြုရန်‼️‼️

⚠️က​လေး အစား နှင့် အရည် မဝင်လျှင်၊ဗိုက်​အောင့်လျှင်၊အဖျားကျ ပြီး တကိုယ်လုံး​အေးစက်​နေ​သော်လည်း မလန်းလျှင် မှိန်း​နေလျှင်၊ဆီးမသွားနိုင်လျှင်၊တောက်​လျှောက်အန်​နေလျှင်၊

⚠️ကိုယ်ပူချိန် မကျဘဲ 102'F နှင့်အထက်မှာ ရှိ​နေလျှင်၊ တက်လျှင်

⚠️ နှာ​ခေါင်း​သွေးယိုလျှင် ၊သွားဖုံး​သွေးယိုလျှင်၊ ကတ္တရာစီး​ရောင် ဝမ်းမည်းမည်းသွားလျှင်၊ဆီးထဲ​သွေးပါလျှင်၊ခန္ဓာကိုယ်တွင်အနီစက်များထွက်လျှင်၊အညိုအမဲကွက်များ​ပေါ်လျှင်

🔰ချက်ချင်း တတ်ကျွမ်းနားလည်​သော ဆရာဝန် / က​လေးအထူးကု ဆရာဝန်နှင့် ပြသရန် ​ဆေးရုံ ​ဆေးခန်းသို့ သွားရပါမည်။🔰

⛔️သွေးလွန်တုပ်ကွေးရောဂါမဖြစ်အောင်ဘယ်လိုကာကွယ်မလဲ⛔️
👉နေ့ခင်းဘက်ကလေးအိပ်ရင်ခြင်မကိုက်အောင်ခြင်ထောင်ထောင်သိပ်ပါ

👉ခြင်မပေါက်ပွားအောင် ရေလှောင်ကန်တွေကိုအဖုံးဖုံးအုပ်ပါ၊ပိုလောက်လန်းတွေ့လျင် ရေကိုလှယ်ပစ်ပါ

👉အိမ်ပတ်ဝန်းကျင်တွင် ခြင်မခိုအောင်းနိုင်အောင် ခြုံများ၊ တာယာကန်များ၊မိုးရေတင်နိုင်သောရေခွက် အိုးခွက်ဟောင်းများကိုစနစ်တကျ စွန့်ပစ်သန့်ရှင်းရေးလုပ်ပါ

👉ဘုရားပန်းအိုးများကိုနေ့စဥ်​လဲလှယ် ပေးပါ (ပိုးလောက်လန်း ပေါက်ပွားမှုကိုမရှိစေရန်)

👉ပိုးလောက်လန်းကင်းစင် မှသာ သွေးလွန်တုပ်ကွေးဖြစ်စေသောခြင် ကင်းစင်မည် ဖြစ်ပါသည်။

Reference: Prof Dr Saw Win, WHO Myanmar, happylifeonlineclinic

သားသားမီးမီးတို့သွေးလွန်တုပ်ကွေးအန္တရာယ်မှကင်းဝေးကြပါစေ။

credit....

31/12/2022

🕊️နှစ်သစ်မှစ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံ၍ စီးပွါးလာဘ်လာဘများ ကြီးပွါးတိုးတက်ကြပါစေကြောင်း အောင်ကောင်းဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါသည်ဗျ🎉🎊💖

Want your business to be the top-listed Health & Beauty Business in Taunggyi?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Taunggyi

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Other Medical & Health in Taunggyi (show all)
Choice - Home Health Care & Clinic, Taunggyi Choice - Home Health Care & Clinic, Taunggyi
Taunggyi

Home Health Care & Clinic

Hanuman တိုင်းရင်းဆေး agent khaing cho Hanuman တိုင်းရင်းဆေး agent khaing cho
Taunggyi

ဒူးနာခါးနာ ကျီးပေါင်းနှင့် အခြားသေ?

Yoon's Favorite Yoon's Favorite
Taunggyi
Taunggyi

Hanuman Brand Myanmar

HAPPY LIFE Pharmacy HAPPY LIFE Pharmacy
Myo Ma Market, Sao San Htun Street
Taunggyi

ကျန်းမာခြင်းသည်လာဘ်တပါး

Top Surgery Service TGI Top Surgery Service TGI
Taunggyi

အိမ်မက်တွေကို အမှန်တကယ် ဖြစ်မြောက်အောင် ဆောင်ရွက်လိုက်ပါ...

Cho Cho HM Skincare Product Cho Cho HM Skincare Product
Taunggyi

Medical&Healthy

Aung Myint Mo Specialist Clinic and Diagnostic Center Aung Myint Mo Specialist Clinic and Diagnostic Center
No. 167, West Circular Road , Yadana Thiri Quarter
Taunggyi

We Care Your Health !!!

Hanuman တိုင်းရင်းဆေးကပ်ခွာ Hanuman တိုင်းရင်းဆေးကပ်ခွာ
Taunggyi, TAUNGGYISHANSTATE

Skin care and Health care

Kf94 Taunggyi Kf94 Taunggyi
Taunggyi

KF 94 Mask လက်လီလက်ကား

TDT:Healthy Tips TDT:Healthy Tips
Taunggyi

ခါးနာ၊ဒူးနာနှင့်အာရုံကြောဝေဒနာရှင်များတွက်ဗဟုသုတများမျှဝေနေပါသည်

Cherry Pharmacy Taunggyi Cherry Pharmacy Taunggyi
ဆိုင်ခန်းအမှတ်-ည(၅/၆)/Ocean မြေညီထပ်/‌ရေထွက်ီဥးလမ်း/ကန်ရေ့ရပ်/တောင်ကြီးမြို့/Ph & Viber 09-254081796/09-794558719
Taunggyi, 06101

Health is wealth

NeuroGain 90 DHA Vegicaps Taunggyi Dealer NeuroGain 90 DHA Vegicaps Taunggyi Dealer
Taunggyi
Taunggyi

Neurogain 90 DHA Vegicaps