Yoga Villa Taunggyi

Yoga Studio in Taunggyi

Photos from Yoga Villa Taunggyi's post 26/01/2024

Yoga ဆိုတာ လူတိုင်းအတွက်ပါ ကျန်းမာ ဖို့အတွက်ယောဂ လေ့ကျင့်ရင်း

ခန္ဓာကိုယ်ပျော့ပျောင်းမှု့နဲ့အတူသန်မာမှု့ကိုပါရရှိသွားသောသူမ

စိတ်မြန်လက်မြန်ရှိသူကနေ ဘယ်အရာကိုမဆိုစဉ်းစားချင့်ချိန်တတ်လာပြီလို့ပြောတဲ့သူမလေး

ကိုယ်ကျန်းမာနေရင် မိသားစုအတွက်အထောက်အကူပြုနိုင်ဖို့အတွက်ပဲ ယောဂကျင့်ရာကနေ နောက်ဆက်တွဲအပိုဆုတွေက
ခန္ဓာလဲလှလာသလိုစိတ်လဲ နေရတာ ပိုအဆင်ပြေလာတယ်လို့ပြောတဲ့ ယောဂီ ချောလေး 😍

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင် နှင့်မျက်နှာချင်းဆိုင်)

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

Photos from Yoga Villa Taunggyi's post 24/01/2024

တစ်နေ့ကို အနည်းဆုံး အချိန်နာရီဝက် တစ်နာရီလောက်ပေးပြီး ယောဂမှန်မှန်ကျင့်ပေးခြင်းဖြင့် ကောင်းကျိုးတွေ များစွာရရှိနိုင်ပါတယ်။

(၁) စိတ်တွေကို တည်ငြိမ်လာစေပါတယ်

စိတ်ညစ်စရာတွေ စိတ်ဖိစီးမှုတွေများနေတဲ့အချိန်မျိုးမှာ ယောဂကျင့်ပေးတာကလည်း စိတ်တွေကို တည်ငြိမ်လာစေနိုင်ပြီး စိတ်ဖိစီးမှုကို အချိန်တိုလေး အတွင်းမှာ လျော့နည်းသွားစေနိုင်ပါတယ်။ ယောဂကျင့်တယ်ဆိုတာက တရားထိုင်နည်းအထဲ ပါဝင်သလို ကိုယ်လက် လေ့ကျင့်ခန်း ပြုလုပ်ပေးရာလည်း ရောက်ပါတယ်။

(၂) ကျန်းမာစေပါတယ်

တစ်နေကုန်ထိုင်ပြီး အလုပ်လုပ်နေရတဲ့သူ ဆိုရင်တော့ ယောဂကျင့်ပေးတာကတော့ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးရာ ရောက်တဲ့အတွက် တခြားအားကစားနည်းတွေကို အထူးတလည် မပြုလုပ်ပေးရင်တောင်မှာ ကိုယ်ခန္ဓာကို ပေါ့ပါး လန်းဆန်းပြီး ကျန်းမာစေနိုင်ပါတယ်။

(၃) စိတ်ဖိစီးမှုကို လျော့နည်းစေနိုင်ပါတယ်

ယောဂကျင့်ပေးတာကတော့ အပေါ်က ပြောထားတဲ့အတိုင်း စိတ်တွေကို တည်ငြိမ်စေနိုင်တဲ့အတွက် စိတ်ဖိစီးမှုတွေကိုလည်း လျော့ကျသွားစေနိုင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာကတော့ စိတ်တွေ ဂယောက်ဂယက် ဖြစ်နေတာမျိုး၊ စိတ်ထဲမှာ ဝေခွဲမရတဲ့ အရာတွေနဲ့ ရှုပ်ထွေးနေတာမျိုး ဖြစ်တဲ့အတွက် ယောဂကျင့်ပြီး စိတ်တွေကို တည်ငြိမ်အောင် ပြုလုပ်ပေးလိုက်တာကတော့ စိတ်ဖိစီးမှုတွေကို အလိုလို လျော့နည်းသွားစေနိုင်လို့ပါ။

(၄) နှလုံးကိုပိုမို ကျန်းမာစေနိုင်ပါတယ်

နှလုံးနဲ့ ဆိုင်တဲ့ရောဂါ ရှိတဲ့သူတွေ အတွက်ဆိုရင်လည်း ယောဂကျင့်ပေးတာကတော့ အကောင်းဆုံး ကုထုံးပဲ ဖြစ်ပါတယ်။ ယောဂကျင့်ပေးတာကတော့ နှလုံးကျန်းမာရေးကို ပိုမို ကောင်းမွန်စေနိုင်တာကြောင့် နှလုံးရောဂါရှိသူများသာမကဘဲ ပုံမှန် လူတွေအတွက်ပါ နှလုံးရဲ့ ခံနိုင်ရည်စွမ်းအားကို မြှင့်တင်ပေးနိုင်ပါတယ်။

(၅) အိပ်ပျော်စေတယ်
ညည အိပ်မပျော်ဘဲ ဖြစ်နေတာမျိုး၊ အိပ်နေရင် လန့်နိုးလာတာမျိုး၊ ညနက်တဲ့အထိ မအိပ်ချင်ဘဲ ဖြစ်နေတာမျိုးတို့ကို ခံစားနေရမယ်ဆိုရင်တော့ ယောဂကို ပုံမှန်ကျင့်ပေးပါ။ ယောဂ ပုံမှန် ကျင့်ပေးတာကတော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေနိုင်တဲ့အတွက်ပါ။

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင် နှင့်မျက်နှာချင်းဆိုင်)

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

22/01/2024

Yoga Villa Taunggyi family ရဲ့ မဲနယ်တောင်‌ဒေသမှာ ရှိတဲ့ အမြင့်ပေ8250 လွိုင်မိုင်းတောင်တက် ခရီးစဉ်လေး

ပါ၀င်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးတင်ပါတယ်

စိတ်ရှည်လက်ရှည်နဲ့ အစအဆုံး လိုက်ပို့ပြီး ဧည့်ခံကျွေးမွေးတဲ့ ဆရာခဲ နှင့်ရွာသူရွာသားများလဲကျေးဇူးအထူးတင်ပါတယ်ရှင်

မမြဲခြင်းရဲ့ အရိပ်တွေကို တရားပြလေသလား ထင်မှတ် ရလောက်အောင် ခုမြင်ခဏပျောက်လောကကြီးမှာ လက်ရှိအချိန်တိုင်းကို တန်ဖိုးရှိစွာ သတိလေးနဲ့ ဖြတ်သန်းရင်း အမှတ်တရများစွာရှိခဲ့တဲ့ တောင်တက်ခရီးစဉ်လေးမလို့ memoryလေး save ထားပါရစေရှင် 🙏

( 20 . 1 . 2024 )

add a copyright disclaimer with the copyright symbol, the year of the copyright, and the name of the copyright owner.

Photos from Yoga Villa Taunggyi's post 21/01/2024

မဲနယ်တောင်‌ဒေသမှာရှိတဲ့ အမြင့်ပေ8250 လွိုင်မိုင်းတောင်တက် ခရီးစဉ်ကို Yoga Villa Taunggyi မှ ချစ်သော yogi များနှင့်အတူပျော်ရွှင်စွာ တက်ရောက်နိုင်ခဲ့ပါတယ်။

ပါ၀င်ခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအထူးတင်ပါတယ်။

စိတ်ရှည်လက်ရှည်နဲ့ အစအဆုံး လိုက်ပို့ပြီး ဧည့်ခံကျွေးမွေးတဲ့ ဆရာခဲ နှင့်ရွာသူရွာသားများလဲကျေးဇူးအထူးပါ။

2024ရဲ့ မှတ်တိုင်တခု (20.1.2014)

16/01/2024

နေ့စဉ် ရှင်သန်လှုပ်ရှား ရုန်းကန်နေရတဲ့ ဘ၀တွေမှာ စီးပွားရေး လူမှု့ရေးတွေနဲ့ပိတ်မိနေပြီး မိမိကိုယ်ကို ရှာဖွေဖို့ချိတ်ဆက်ဖို့ မေ့နေတတ်ကြတယ်။မိသားစုအတွက် အလုပ်အတွက် အချိန်တွေပေးရင်း မိမိကိုယ်ကို ချစ်တတ်ဖို့ ပျောက်ဆုံးနေတတ်ကြတယ်။ မိမိကိုယ်ကိုကိုယ်ချစ်ဖို့ အတွက် ပထမဆုံး မိမိရဲ့ ဖြစ်တည်မှု့တိုင်းကို လက်ခံနိုင်တဲ့ အရည်အချင်းက ပိုလိုအပ်ပါတယ်။

မိမိကိုယ်ကို လက်ခံခြင်းဆိုတာ ကိုယ့်ရဲ့အရှိတရားပုံစံအမှန်တိုင်းပဲမြင်နိုင်ခြင်း၊အမှီအခိုကင်းကင်းနဲ့ မိမိ
ကိုယ်ကို စောင့်ရှောက်နိုင်ခြင်း၊ ကိုယ့်ရဲ့ကောင်းခြင်းတွေကိုရှာဖွေကျေးဇူးတင်တတ်ပြီး ကိုယ့်ရဲ့အားနဲချက်တွေအပေါ်မှာ ဝေဖန်မှု့မရှိပဲ အကောင်းမြင်ကျေးဇူးတင်စိတ်နဲ့ မြင်လာနိုင်ခြင်း ကိုယ့်ရဲ့ဖြစ်တည်မှု့ကို အပြည့်အ၀လက်ခံလာနိုင်ခြင်း စတာတွေပါ။ ဒါတွေကို ဘယ်လိုလေ့ကျင့်ရမလဲ ဘယ်လိုစိတ်ထားရမလဲသိချင်ရင်တော့ …
စိတ်၏ငြိမ်းချမ်းရာ၊ကိုယ်၏ ကျန်းမာရာ တိတ်ဆိတ်တဲ့၀န်းကျင်မှာ မိမိကိုယ် မိမိ ပြန်လည်ရှာဖွေဖို့အတွက် Yoga Villa ကို ကြွလှမ်းခဲ့ပါလို့ ဖိတ်ခေါ်ပါရစေရှင်…

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင် နှင့်မျက်နှာချင်းဆိုင်)

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

Photos from Yoga Villa Taunggyi's post 13/01/2024

သင်ဟာ ပျော်ရွှင်တတ်သူလား?
သင်ဟာ အကောင်းမြင်စိတ်ရှိသူလား?
သင်ဟာ စိတ် ညစ်တတ်သူလား (သို့) စိတ်ညစ်စရာမရှိ ရင် မနေတတ်သူလား?

နေ့စဉ်ဘ၀ ရှင်သန်လှုပ်ရှား ရုန်းကန်ကြရတာချင်းအတူတူမှာ လူတချို့က ဘာကြောင့် ပျော်ရွှင်ပေါ့ပါးပြီး လူတချို့က စိတ်ညစ် စိတ်ပျက်မပျော်ရွှင်ရသလဲဆို သင်ရဲ့အတွေးအတိုင်းသင်ပြန်ရတတ်လို့ပါပဲ။
မြင်ဖူးတဲ့လူတချို့က စိတ်ညစ်စရာ စိတ်ပူစရာကို အဖော်လုပ်ပြီးနေတတ်ကြတယ်။ စိတ်ညစ်စရာမရှိတော့ရင် သူတို့ မှာ နေမထိ ထိုင်မသာတွေဖြစ်နေတတ်ကြတယ်။စဉ်းစားပါ။ ကိုယ့်ဖြစ်ချင်တဲ့ဘ၀ကိုပဲတွေးပါ။
ပျော်တတ်တဲ့သူလဲ တနေ့သေမှာပဲ။အိုမှာပဲ။ ရလာတဲ့လူဘ၀‌တိုတိုလေးမှာ တရက်ချင်းစီအတွက်ပဲ ရှင်သန်နေထိုင်ကြည့်ပါ။မသေချာတဲ့အနာဂါတ်တွေအတွက်စိုးရိမ်ပူပန်စိတ်ညစ်ပြီး မနေပါနဲ့လား။Take a deep breath in and out.ရှုသွင်းရှုထုတ်လေးပေါ်မှာ အာရုံစိုက်ရင်း တနေ့ချင်းစီဖြတ်သန်းကြရအောင်လား။
TZM
(13th.Jan.2024)

Photos from Yoga Villa Taunggyi's post 12/01/2024

မိမိခန္ဓာကိုယ်ကိုကျန်းမာအောင်ဂရုစိုက်ခြင်းဟာ မိမိရဲ့ စိတ်ကို ကျန်းမာအောင်စောင့်ရှောက်ခြင်းနဲ့တူတယ်။
မိမိကိုယ်ကို ကျန်းမာအောင်စောင့်ရှောက်ခြင်းသည် မိမိ မိသားစုကို ကူညီစောင့်ရှောက်ရာရောက်သည်။
အသက်ရှုသွင်းဖို့လည်း မမေ့ရသလို ရှုထုတ်ဖို့လည်း သတိရပါ။
အစားအသောက်ဟာလည်း လူတယောက်အတွက်အဓိက ကျတာမို့ ကျန်းမာတဲ့အစားအစာကိုသာရွေးချယ်စားသုံးပါ။
Love you my Yogi Angels 😍😍😍

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင် နှင့်မျက်နှာချင်းဆိုင်)

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

10/01/2024

🧘🏻🧘‍♀️Yoga is not just an exercise.
🧘🏻🧘‍♀️Movement, breath, and a focused point have to connect while practicing asanas.
🧘🏻🧘‍♀️Through this yoga practice, it prepares our bodies for mindful meditation.

05/01/2024

🧘‍♀️ယောဂကျင့်ပေးခြင်းဖြင့်
🧘‍♀️စိတ်တည်ငြိမ်လာခြင်း
🧘‍♀️အရွယ်တင်နုပျို‌စေခြင်း
🧘‍♀️အာရုံစူးစိုက်မှုအားကောင်းမွန်ခြင်း
🧘‍♀️ခန္ဓာကိုယ် ပေါ့ပါး လန်းဆန်းစေခြင်း
🧘‍♀️သွေးလည်ပတ်မှုကောင်းမွန်စေခြင်း
🧘‍♀️ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များ ဖယ်ရှားပေးခြင်း
စသည့် အကျိုးကျေးဇူးများရရှိ​စေပါသည်။

ဒါ့ကြောင့် ခန္ဓာနဲ့စိိတ် သန်စွမ်းဖို့ Yoga Villa မှာ ယောဂလေ့ကျင့်ကြပါစို့။

သင်တန်းချိန်လေးတွေကတော့ ….

Mon- Fri 6:30 - 7:30 Am
Mon-Fri 7:30 - 8:30 Am
Mon- Thurs 10:00 - 11:30 Am
Mon-Fri 3:30 - 4:30 Pm ( full )
Mon- Fri 5 - 6 Pm
Mon-Fri 6 - 7 Pm

လူဦးရေ အကန့်အသတ်ရှိလို့ အမြန်ဆုံး Register လေးလာလုပ်ပါနော်❗️❗️

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင် နှင့်မျက်နှာချင်းဆိုင်)

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

30/12/2023

နှစ်ဟောင်းကုန်လို့ နှစ်သစ်2024 ကိုအကောင်းဆုံးဖြတ်သန်းကြဖို့ နှစ်သစ်plan တွေချထားပြီးပြီလား.…..

ကိုယ်လက်လှုပ်ရှားအားကစားတခုခုလုပ်မယ်ဆိုတဲ့planလေးပါမယ်ဆိုရင်တော့ … ကျန်းမာရေး နှင့်အလှအပ အတွက်သာမက စိတ်နှင့်ခန္တာကိုယ်အတွက်ပါ ကောင်းကျိုးများစွာရရှိတဲ့ယောဂကျင့်မည့်planကိုဒီနှစ်သစ်လေးကနေစပြီးအကောင်အထည်ဖော်ဖို့အတွက် ကျွန်မတို့ရဲ့ ” Yoga Villa Taunggyi " ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်ချင်ပါတယ်ရှင်

သင်တန်းချိန်လေးတွေကတော့ ….

Mon- Fri 6:30 - 7:30 Am
Mon-Fri 7:30 - 8:30 Am
Mon- Thurs 10:00 - 11:30 Am
Mon-Fri 3:30 - 4:30 Pm ( full )
Mon- Fri 5 - 6 Pm
Mon-Fri 6 - 7 Pm

လူဦးရေ အကန့်အသတ်ရှိလို့ အမြန်ဆုံး Register လေးလာလုပ်ပါနော်❗️❗️

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင် နှင့်မျက်နှာချင်းဆိုင်)

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

03/12/2023

Namaste 🙏 မင်္ဂလာပါရှင် ….
Yogaဟာ ကျင့်စဥ်တစ်ခုဖြစ်တဲ့အတွက် အမြဲတမ်း လေ့ကျင့်သွားမယ်ဆိုရင် စိတ်ရော ခန္ဓာပါကျန်းမာစေယုံမက အလှအပ အတွက်ပါ အပိုဆုလေးရစေမှာပါ 😍

ဒါ့ကြောင့် December လရဲ့ yoga schedule လေးကိုကြည့်ပြီး မိမိအဆင်ပြေတဲ့အချိန်လေးရအောင် အမြန်ဆုံးလာရောက်ကျင့်ကြဖို့ဖိတ်ခေါ်ပါတယ်ရှင် 🙏

🏡သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးကွင်းရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်မျက်နှာချင်းဆိုင် )

📲Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

02/11/2023

Namaste 🙏🙏🙏 မင်္ဂလာပါရှင်…

သီတင်းကျွတ်ပိတ်ရက်လေးတွေလည်းပြီးပြီဆိုတော့ ခန္ဓာနဲ့စိတ်အချိတ်အဆက်မိစေဖို့ တရက်တနာရီအချိန်ပေးပြီး
မိမိတို့ အားလပ်ချိန်လေးနဲ့ ကိုက်ညီတဲ့အချိန်လေးတွေ ရွေးချယ်တက်ရောက်လို့ရအောင် ကျွန်မတို့ Yoga Villa Taunggyi ရဲ့ November လအတန်းချိန်ဇယားလေးကိုကြည့်ပြီး လူမပြည့်ခင်အမြန်စာရင်းပေးတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့် ...

🏡 သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှင့် မျက်နှာချင်းဆိုင် )

📲 Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

Photos from Yoga Villa Taunggyi's post 09/10/2023

Private class က yogi ချောချောလေး 😍

ခြံဝင်းလေးထဲမှာ ဒီလိုview လှလှလေးနဲ့ယောဂကျင့်ချင်ရင် လာကျင့်ဖို့ဖိတ်ခေါ်ပါတယ်ရှင့် 🧘‍♀️

အတန်းချိန်လေးတွေကတော့ …

Mon- Fri 6:30 - 7:30 Am
Mon-Fri 7:30 - 8:30 Am
Mon- Thurs 10:00 - 11:30 Am
Mon-Fri 3:30 - 4:30 Pm ( full )
Mon- Fri 5 - 6 Pm
Mon-Fri 6 - 7 Pm

မိမိလိုချင်သည့်အချိန်ရအောင်အမြန်ဆုံးဆက်သွယ်စုံစမ်းဖို့ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးကွင်းရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်မျက်နှာချင်းဆိုင် )

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

29/09/2023

ခန္ဓာကိုယ်မှာရှိတဲ့ အဆိပ်အတောက်တွေကင်းရှင်းဖို့စနစ်တကျအသက်ရှုရတဲ့ Pranayama ကျင့်စဉ် 🧘
တပတ်လုံး လှုပ်ရှားထားတဲ့ စိတ်နဲ့ ခန္ဓာကိုယ်ကို အကောင်းဆုံးဖြေလျော့ပေးမယ့် ☯️ Yin Yoga Practice လေးတွေရယ်
ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကို ဟန်ချက်ညီအောင် ကျင့်ရတဲ့ yoga wheel Practice ရယ် အမျိုးအစားစုံလင်စွာ တတ်ရောက်နိုင်ပါမယ် 😍

ကိုယ့်အတွက်တစ်ရက်တစ်နာရီပဲအချိန်ပေးပါ 🧘‍♀️

မိမိကိုယ်ကိုယ်ရှာဖွေဖို့အတွက်ယောဂကျင့်ပါ 🧘‍♀️

ခန္ဓာ၊ ကိုယ်ပျော့ပျောင်း သန်မာဖို့ အတွင်းစိတ်ငြိမ်းချမ်းဖို့အတွက်ယောဂကျင့်ကြရအောင် 🧘‍♀️

လူတိုင်းယောဂကျင့်စေချင်တဲ့စေတနာနဲ့သင်တန်းကြေးအသက်သာဆုံးထားပေးထားလို့ လူမပြည့်ခင်အမြန်ဆုံးစုံစမ်းတက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင် 😍

လူပြည့်သွားတဲ့အတန်းလေးတွေကိုလည်း waiting list လေးပေးထားရင်အစဉ်အတိုင်းလွတ်တဲ့နေရာလေးတွေက်ိုထည့်ပေးမှာဖြစ်ပါတယ်ရှင့် 😍

အတန်းချိန်လေးတွေကတော့ …

Mon- Fri 6:30 - 7:30 Am
Mon-Fri 7:30 - 8:30 Am
Mon- Thurs 10:00 - 11:30 Am
Mon-Fri 3:30 - 4:30 Pm ( full )
Mon- Fri 5 - 6 Pm
Mon-Fri 6 - 7 Pm

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးကွင်းရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်မျက်နှာချင်းဆိုင် )

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

10/09/2023

မနက်ဖန် ယောဂသင်တန်းလေးပြန်စဖွင့်ပြီဖြစ်တဲ့အတွက် ပုံမှန် အချိန်အတိုင်းပြန်လည်လာရောက်ကျင့်ကြဖို့ဖိတ်ခေါ်လိုက်ပါတယ်။သင်တန်းသူ အသစ်များလဲ လက်ခံနေပါပြီရှင့်။

🏡 သင်တန်းနေရာ - ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှင့် မျက်နှာချင်းဆိုင်)

📲 သင်တန်းအပ်ရန် နှင့် ယောဂဖျာများဝယ်ယူရန် Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

Photos from Yoga Villa Taunggyi's post 07/09/2023

၁၀ရက်တာ International 100 Hours Yin Yoga Teacher training Course လေးပြီးဆုံးသွားခဲ့ပြီ...
ကိုယ်တိုင်လဲ စိတ်အတွင်းထိ သေချာသွားချင်ခဲ့လို့ အချိန်ပေးပြီး သေချာကြိုးစားခဲ့တယ်။ ဆရာတွေပေးသမျှကို ခွက်အလွတ်လေးနဲ့ ရသလောက်ခံယူမယ်ဆိုတဲ့စိတ်လေးနဲ့ လာရောက်သင်ယူခဲ့တာ မျှော်မှန်းခဲ့သလို ရရှိခဲ့လို့ ၀မ်းသာပီတိ ဖြစ်ခဲ့ရပါတယ်။
မချွင်းမချန် အိတ်သွန်ဖာမှောက်သင်ပေးခဲ့တဲ့ ဆရာ၊ဆရာမတို့ကိုလဲ ကျေးဇူးအနန္တပါ။ ဆက်လက်ပြီးလဲ ကြိုးစား‌လေ့လာ လေ့ကျင့်ပြီး မျှဝေသွားပါ့မယ်။
ရေစက်ရှိတဲ့ တယောက်ချင်းစီတိုင်းကို သိခဲ့ တတ်ခဲ့သမျှ သေသေချာချာ စနစ်တကျ စေတနာ အရင်းခံ ပြီး ပြန်လည် မျှဝေပေးသွားပါမယ်ရှင်။
See you soon

31/08/2023

မင်္ဂလာပါရှင် … ကျယ်၀န်းတဲ့ ယောဂခန်းမနဲ့အတူ ဆရာမလေး သင်ယူလာခဲ့တဲ့ ယောဂပညာရပ်တွေကိုသေသေချာချာစနစ်တကျ ပြန်လည် မျှဝေပေးမှာဖြစ်လို့ September လအတွက်အချိန်ဇယားလေးကိုကြည့်ပြီးမိမိအဆင်ပြေသည့် အတန်းချိန်လေးမှာလာရောက်လေ့ကျင့်ကြဖို့ဖိတ်ခေါ်ပါတယ်ရှင့် 🙏

မနက်စောစော ရုံးချိန် ကျောင်းချိန် လွတ်တဲ့အချိန်လေးကျင့်ချင်ကြသူများအတွက်လည်း
(၆:၃၀-၇:၃၀) အချိန်လေးထပ်တိုးထားပေးပါတယ်ရှင့် 🙏

🏡 သင်တန်းနေရာ - ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှင့် မျက်နှာချင်းဆိုင်)

📲 သင်တန်းအပ်ရန် နှင့် ယောဂဖျာများဝယ်ယူရန် Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်

28/08/2023

ယောဂချစ်သူများ နေရာကျယ်ကျယ်ဝန်းဝန်းနဲ့လေကောင်းလေသန့်ရရှိပြီး စ်ိတ်အေးချမ်းသာစွာယောဂလုပ်နိုင်ရန်အတွက် ယောဂခန်းမချဲ့ရန် နှင့် သင်တန်းဆရာမလေးမှ အကြောင်းတရားတိုက်ဆိုက်မှု့တွေကြောင့် International 100 Hours Yin Yoga Teacher Training Courseလေးကို ပြင်ဦးလွင်မြို့မှာရှိတဲ့ Patanjali yoga Vidya school (PYVS)မှာ သင်တန်းလေးတတ်ရောက်နေပါတယ် ဒါကြောင့် (28.8.2023 မှ 10.9.2023)အထိ ၂ပတ်တာယောဂသင်တန်းလေးခနနားထားပါမယ်ရှင် ။

ဆရာမလေးပြန်လာတဲ့အခါ ကျယ်၀န်းတဲ့ ယောဂခန်းမနဲ့အတူ ဆရာမလေးရဲ့ သင်ယူလာခဲ့တဲ့ ယောဂပညာရပ်တွေကိုသေသေချာချာစနစ်တကျ ပြန်လည် မျှဝေပေးမှာဖြစ်လို့ သင်တန်းပြန်ဖွင့်မည့် ၁၁ရက်၉လပိုင်းတွင်လာရောက်လေ့ကျင့်ကြဖို့ဖိတ်ခေါ်ပါတယ်ရှင့် ။

ယုံယုံကြည်ကြည်နဲ့စောင့်နေပါ့မယ်ဆိုတဲ့တယောက်ချင်းစီတိုင်းကိုရင်ထဲကနေလှိုက်လှိုက်လှဲလှဲကျေးဇူးတင်ရသလို ခွန်အားတွေလဲ ဖြစ်ရပါတယ်ရှင် 🙏

🏡 သင်တန်းနေရာ - ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှငိ့မျက်နှာချင်းဆိုင်)

📲 သင်တန်းအပ်ရန် နှင့် ပစ္စည်းများဝယ်ယူစုံစမ်းလိုပါက Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

Photos from Yoga Villa Taunggyi's post 24/07/2023

ကလေးတွေကို ယောဂကျင့်ပေးတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲဆိုတော့ အာရုံစူးစိုက်မှုကောင်း စေပါတယ်။ သူတို့စိတ် သူတို့ထိန်းနိုင်သွားပါတယ်။ ဒီလိုကစားတဲ့အခါမှာ သူတို့ရဲ့ ဟန်ချက်ကိုလည်း ထိန်းနိုင်သွားပါတယ်။ ကျန်းမာရေးအရ သူတို့စားနိုင်လာမယ်၊ ညဘက်ဆိုလည်း ကောင်းကောင်း အိပ်ပျော်စေနိုင်ပါတယ်၊ အစာချေဖျက်အား ကောင်းပြီး ၀မ်းလည်းမှန်လာနိုင်ပါတယ်။

ကလေးတွေအတွက် စိတ်ငြိမ်စေပြီး စိတ်လှုပ်ရှားတာတွေကို ထိန်းပေးနိုင်တဲ့ အတွက် နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ အာရုံစူးစိုက်မှု အားကောင်းစေတဲ့ အတွက် စာကျက်မှတ်တဲ့အခါမှာ မှတ်ဉာဏ်အားကောင်းစေပါတယ်။ ကလေးတွေရဲ့ ခန္တာကိုယ်ပျော့ပျောင်း နူးညံ့စေပြီး ဉာဏ်ရည် ထက်မြက်စေပါတယ်။

ကလေးတွေ ခါးကုန်းတာ၊ လက်ပြင်ကုန်းတာတွေပျောက်ကင်းစေနိုင်ပြီး၊ ကျောလေးတွေမတ်လာအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ ခြေထောက်ကြွက်သားလေးတွေဆွဲဆန့်ပေးနိုင်ပြီး ၀မ်းဗိုက်ကြွက်သားလေးတွေကိုလဲ ပိုသန်မာလာစေပါတယ်။ သူတို့လေးတွေရဲ့ ခန္တာကိုယ် ပေါ့ပါးသွက်လက်စေနိုင်ပါတယ်။ လေးလံထိုင်းမှိုင်းနေတာမျိုးတွေလဲ မရှိအောင် ကလေးတွေကို ယောဂသင်တန်းလေး တတ်ခိုင်းသင့်ပါတယ်။

ယောဂကို အသက်အရွယ်အားဖြင့်တော့ ၄နှစ်လောက်ကနေစပြီး ကျင့်လို့ရပါတယ် အကောင်းဆုံးကတော့အသက်၇နှစ်လောက်မှစပြီးယောဂသင်တန်းလေးတွေပို့ပေးတာအကောင်းဆုံးပါရှင့် …

ပုံလေးကတော့ ယောဂကိုကြိုက်လို့ ကိုယ်တိုင်ကယောဂတက်ချင်လို့ ဖေဖေမေမေတို့ကိုပူဆာပြီးလာကျင့်တဲ့ Yoga Villa ရဲ့အငယ်ဆုံးယောဂီ Angel လေးပါရှင့် 😇

🕰 သင်တန်းချိန် - မနက် ၇:၃၀-၈:၃၀ ၊ မနက် ၁၀-၁၁:၃၀ နှင့် ညနေ ၄:၄၅-၆ ၊ ည ၆-၇

🏡 သင်တန်းနေရာ - ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှငိ့မျက်နှာချင်းဆိုင်)

📲 သင်တန်းအပ်ရန် နှင့် ပစ္စည်းများဝယ်ယူစုံစမ်းလိုပါက Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

04/07/2023

July လအတွက် အချိန်ဇယားလေးပါရှင့် ❤️

မိမိလိုချင်တဲ့အချိန်လေး လူမပြည့်ခင်ဝင်လို့ရအောင် အမြန်ဆုံးလာရောက်ဖို့ဖိတ်ခေါ်ပါတယ်ရှင့်

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှင့် မျက်နှာချင်းဆိုင် )

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

01/07/2023

ဘာလိုလိုနဲ့ တနှစ်ပြည့်ပြီပဲ

သင်ဆရာ မြင်ဆရာ ကြားဆရာ များအားလုံးနဲ့ အဘက်ဘက်က အထောက်အပံ့ပေးကြတဲ့သူတွေ
တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
Yoga Villa နဲ့ ဆရာမလေး အပေါ်ယုံကြည်စွာအပ်နှံခဲ့တဲ့ Client တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။ Client တွေရဲ့ ယုံကြည်အားပေးမှု့ကြောင့်သာဒီနေ့ဒီအချိန်ထိရပ်တည်လာနိုင်ခဲ့တာပါ။
ကိုယ်လိုချင်တဲ့ Happy moneyလေးနဲ့ ရပ်တည်ခွင့်ရခဲ့လို့ အတိုင်းမသိ ဝမ်းသာဂုဏ်ယူမိပါတယ်။
နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ ကျေးဇူးတင်ထိုက်သူအားလုံးကိုကျေးဇူးတင်ပါတယ်😍
ဆက်လက်ပြီလဲ ကိုယ် သိသလောက်တတ်သလောက်တွေကို အကောင်းဆုံးဝေမျှပေးသွားပါဦးမယ်ရှင် ❤️

Photos from Yoga Villa Taunggyi's post 21/06/2023

Happy International Yoga Day 💚

Photos from Yoga Villa Taunggyi's post 21/06/2023

9th International Day of Yoga 🧘‍♀️
၂၀၂၃ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင်ကျရောက်သော အပြည်ပြည်ဆိုင်ရာ ယောဂနေ့ ကို Yoga Villa Taunggyi မှ yogi များက နေမင်းကန်တော့ကျင့်စဉ် ၁၀၈ ခေါက် ဖြင့် ပါဝင်ဂုဏ်ပြုခဲ့ပါတယ် 🙏

Photos from Yoga Villa Taunggyi's post 19/05/2023

Yoga သင်သက် ကျင့်သက်တလျှောက်လုံးမှာ သိရှိခဲ့ရတဲ့ အတွေ့ကြုံလေးတွေထဲက sharing လုပ်ပေးချင်လို့ပါရှင်။

နောက်ပိုင်းမှာလူတော်တော်များများယောဂကျင့်လာကြတယ်။ ဒါဟာကောင်းသောဖြစ်စဉ်တခုပါပဲ။ ဒါမဲ့ awareness ရှိပြီး စိတ် ခန္ဓာတသားထဲကျအောင်ထားလေ့ကျင့်နေတဲ့သူဆိုတာရှားပါတယ်။ တချို့ဆိုရင် ကျင့်သက်နှစ်ချီလာတဲ့တိုင်အောင် အဲ့ခံစားချက်ကိုမသိလိုက်တာမျိုးလဲရှိပါတယ်။
ကျင့်ချိန်သာပြည့်သွားတယ် သတိကပ်ပြီးကျင့်တာမဟုတ်တဲ့တွက် physically အရ အကျိုးရနိုင်ပေမဲ့ mental ပိုင်းမှာတော့ အေးချမ်းမှုမရနိုင်တော့ပါဘူး။

ဒါကြောင့် အချိန်ကုန်တာချင်းအတူတူ physical ရော mental ပါအကျိုးရရှိစေဖို့ ယောဂကျင့်တဲ့အချိန်တိုင်း အောက်ပါအချက်လေးတွေကို လိုက်နာဖို့လိုအပ်ပါတယ်။

၁။ ကိုယ်လေ့ကျင့်တဲ့ အနီးတဝိုက်မှာ အနှောက်ယှက်ဖြစ်စေမဲ့အရာမှန်သမျှ ဖယ်ရှားထားပါ။
ဉပမာ- ဖုန်း၊ နာရီ ကိုယ်ပိုင်အသုံးအဆောင်ပစ္စည်းတခုခု။ practice area မှာ yoga mat နဲ့ လိုအပ်တဲ့ accessory အနဲငယ်သာရှိသင့်ပါတယ်။

၂။ အတန်းချိန်မှန်ကန်ဖို့နဲ့ ယောဂမစခင်ထဲက ကျန်းမာရေး အလေး၊ အပေါ့ ကြိုတင်လုပ်ဆောင်ရပါမယ်။ mat ပေါ်ရောက်ပြီဆိုတာနဲ့ ထိုင်တဲ့အနေအထားမှာ meditation ဖြစ်စေ၊ လှဲရက်အနေအထားမှာ မျက်လုံးမှိတ်အနေအထားဖြစ်စေ လုပ်ဆောင်ရပါမယ်။ ဒါသည် အာရုံစူးစိုက်မှုကောင်းဖို့ကို များစွာအထောက်အကူဖြစ်စေပါသည်။

၃။ သင်တန်းအစပိုင်းကျင့်စဉ်တွေမှာ ကိုယ့်ခန္ဓာကိုဘယ်လိုခံစားရလဲဆိုတာ သိအောင်လုပ်ပါ။ ဤကဲ့သို့သိအောင်လုပ်ခြင်းသည် ခန္ဓာကိုယ်မလိုက်နိုင်တာကို အပြစ်တင်ဖို့မဟုတ်သလို ကိုယ်ဘယ်လောက်ထိ ရရမယ်ဆိုတာမျိုး အတင်းလုပ်ယူဖို့လဲမဟုတ်ပါ။ ရိုးရှင်းစွာပဲ ကိုယ့်ခန္ဓာရဲ့ဖြစ်စဉ်တွေကို အသိစိတ်ရှိပြီး သတိထားမိနေဖို့ပဲဖြစ်ပါတယ်။

၄။ လေ့ကျင့်နေချိန်တွင် အခြားသူများနဲ့ နှိုင်းယှဉ်ခြင်းမပြုပဲ posture တိုင်းမှာ ကိုယ့် limit နဲ့အဆင်ပြေပြေလေ့ကျင့်ရပါမယ်။ ခက်ခဲတဲ့ကျင့်စဉ်တွေ လေ့ကျင့်နေတဲ့သူတွေအနေနဲ့ လေ့ကျင့်ချိန်မှာ စိတ်မပျံ့လွင့်စေပဲ အဓိက point နေရာကိုမြင်အောင်ကြည့်ရပါမယ်။ အဲ့လိုမြင်အောင်ကြည့်ဖို့က လူတိုင်းတွက် လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ လိုအပ်ပါက အတွေ့ကြုံရှိတဲ့ ဆရာများနှင့် လေ့ကျင့်ပေးပါ။

၅။ လေ့ကျင့်နေစဉ် ဒေါသထွက်လာတတ်တာမျိုးကို သတိထားရပါမယ်။ နာကျင်လာတဲ့ခါ စိတ်ရှည်မှု၊ သီးခံနိုင်စွမ်းတွေ ပျောက်ထွက်ကုန်ပြီး တခါတရံဒေါသထွက်လာတတ်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စိတ်ကိုလျှော့ထားပြီး instructor ရဲ့ instruction ပေးတဲ့နောက်ကို သတိကပ်ပြီးလိုက်ရပါမယ်။

၆။ တချို့ asana အကွက်တွေမှာ မျက်လုံးအကြည့်တွေသည် မှန်ကန်နေဖို့လိုအပ်ပါသည်။ အမှတ်တနေရာထဲ စိုက်ကြည့်ထားခြင်းသည် awareness ကိုပိုမိုအားကောင်းလာစေပြီး အသက်ရှူခြင်းနဲ့ connect ဖြစ်လာစေပါသည်။

၇။ ခန္ဓာကိုယ် အနားယူဖို့လိုအပ်လာတဲ့ချိန်ကိုသိဖို့လိုအပ်ပါသည်။ တခါတရံ ကိုယ်ခန္ဓာ limit ကျော်ပြီးလေ့ကျင့်ချိန်မှာ awareness ကိုပျောက်ဆုံးစေပါသည်။ ထိုအချိန်မျိုးတွင် ဖျာပေါ်မှထသွားခြင်း ရေကိုအလွန်အကျွံသောက်ခြင်းမပြုလုပ်ပဲ အသက်ရှုသံကိုပုံမှန်လေးရှူသွင်းရှူထုတ်လုပ်ကာ ဖျာပေါ်မှာပဲ child pose or relaxation pose တခုခုဖြင့် အနားယူသင့်ပါသည်။

၈။ Savasana တွက်အချိန်ပေးပါ။ practitioner တော်တော်များများသည် အကြောင်းအမျိုးမျိုးကြောင့် savasana or death pose ကိုမလေ့ကျင့်ပဲနေကြပါသည်။
physical practice ကိုရပ်နားပြီး Savasana လေ့ကျင့်တဲ့အချိန်သည် စိတ်နဲ့ ခန္ဓာ အချက်ပြပေါင်းစည်းမှုကို မြင်နိုင်ဖို့ အကောင်းဆုံးအချိန်ဖြစ်တဲ့တွက် Savasana သည်မဖြစ်မနေလေ့ကျင့်သင့်ပါသည်။

Tr Mee(Yoga Land)

Photos from Yoga Villa Taunggyi's post 13/05/2023

တပတ်သားလေးရဲ့ ကြိုးစားမှု့လေး မိုးရွာရွာလဲ ဇွဲရှိရှိ တနာရီကိုယ့်အတွက်ကိုယ်အချိန်ပေးလို့ ကျေးဇူးတင်ပါတယ်
Thank you
Thank you
Thank you

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှင့် မျက်နှာချင်းဆိုင် )

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

11/05/2023

Namaste 🙏🙏🙏 မင်္ဂလာပါရှင်…

တောင်ကြီးမြို့မှ ယောဂချစ်သူများရှင့် ခန္ဓာနဲ့စိတ်အချိတ်အဆက်မိစေဖို့ တရက်တနာရီအချိန်ပေးပြီး
မိမိတို့ အားလပ်ချိန်လေးနဲ့ ကိုက်ညီတဲ့အချိန်လေးတွေ ရွေးချယ်တက်ရောက်လို့ရအောင် ကျွန်မတို့ Yoga Villa Taunggyi ရဲ့ အတန်းချိန်ဇယားလေးကိုကြည့်ပြီး လူမပြည့်ခင်အမြန်စာရင်းပေးတက်ရောက်ဖို့ ဖိတ်ခေါ်ပါတယ်ရှင့် ...

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှင့် မျက်နှာချင်းဆိုင် )

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

14/03/2023

Benefits of Dancer pose
💃Strengthens the feet, ankles, legs, core, back and arms.
💃Opens the front of the body, the chest, abdomen, hip flexors and the shoulders.
💃Improves balance and concentration.

ပုံလေးကတော့ ကျွန်မတို့ရဲ့ intermediate class ကအရမ်းတော်တဲ့ yogi လေးရဲ့ပုံလေးဖြစ်ပါတယ်ရှင့်😍

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှင့် မျက်နှာချင်းဆိုင် )

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

02/02/2023

ချစ်ခြင်းမေတ္တာတွေပြည့်ဝနေတဲ့ February လလေးရောက်ရှိလာပြီဆိုတော့ …. ချစ်ခြင်းမေတ္တာအကြောင်းပြောကြတဲ့အခါ ကိုယ့်ကိုချစ်ဖို့မေ့လျော့နေတတ်ကြပါတယ်…. ကိုယ့်စိတ်ကလေးကိုအေးချမ်းအောင်ထားတာ၊ ကိုယ့်ကျန်းမာရေး အလှအပ ကိုဂရုစိုက်တာ၊ အအိပ်အစားသင့်တင့်မျှတအောင်နေထိုင်တာလေးတွေက မိမိကိုယ်ကိုချစ်ပေးတာပါပဲ ။ ဒါ့ကြောင့် healthy lifestyle ကိုရရှိဖို့အတွက်မိမိကိုယ်ကို ၁ရက်၁နာရီလေးအချိန်ပေးပြီး ယောဂလေးကျင့်ပေးပါ ချစ်ပေးပါ ။

တနေ့တာကိုလန်းဆန်းတက်ကြွစွာ လုပ်ငန်းခွင်ဝင်ချင်တဲ့သူများအတွက် မနက်ခင်း အတန်းလေး
⏱Mon to Fri -7:30am to 8:30am
တပတ် (5)ရက်အတန်းလေးကို Joinပါ။

မေမေတို့အတွက် ကိုယ့်အတွက်Me timeပေးချင်ရင်တော့ကလေးကျောင်းချိန် လွတ်လေး
⏱Mon to Thu - 10:30am to 12:00pm
တပတ် (4)ရက် အတန်းလေးကိုJoinပါ။

Yoga poseတွေကို ပိုပြီးကျွမ်းကျင်စွာလေ့ကျင့်ချင်ရင်တော့ intermediate အတန်းလေး
⏱Mon to Fri - 4:45pm to 6:00pm
တပတ်(5)ရက်တန်းလေးကိုJoinပါ။

တနေ့တာ မောပန်းခဲ့သမျှကို ဖြည်လျှော့ချင်သူများအတွက် ညနေခင်း အတန်းလေး
⏱Mon to Fri -6:00pm to 7:00Pm
တပတ်(5)ရက်တန်းလေးကိုJoinပါ။

လူဦးရေ အကန့်အသတ်ရှိလို့ အမြန်ဆုံး Register လေးလာလုပ်ပါနော်❗️❗️

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှင့် မျက်နှာချင်းဆိုင် )

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

Photos from Yoga Villa Taunggyi's post 23/01/2023

အရမ်းလှနေတဲ့သူလေး...
လှပပြီး ကျန်းမာနေတာလေးကိုကြည့်ရင်း.ရင်ထဲမှာပေါ်လာတဲ့ပီတိလေးကဘာနဲ့မှမလဲနိုင်ပါဘူး..
Arch yoga matလေးနဲ့
Arch yoga suite လေးနဲ့သိပ်လှနေတဲ့သူမလေးကိုယ့်ရဲ့ ယောဂီ အချောလေး 😍

သင်တန်းနေရာ …. ၆/၄ အရှေ့မြို့ပတ်လမ်း ရေအေးရပ်ကွက် တောင်ကြီးမြို့ ( အမှတ်၅စျေးမြောက်ဘက် ၊ ယွန်းမြို့သူဖုန်းဆိုင်နှင့် မျက်နှာချင်းဆိုင် )

Ph no - 09796602209 နှင့် page messenger တို့တွင်လည်းစုံစမ်းမေးမြန်းနိုင်ပါတယ်ရှင် ။

Want your practice to be the top-listed Clinic in Taunggyi?
Click here to claim your Sponsored Listing.

Videos (show all)

Yoga Villa Taunggyi family ရဲ့ မဲနယ်တောင်‌ဒေသမှာ ရှိတဲ့ အမြင့်ပေ8250 လွိုင်မိုင်းတောင်တက် ခရီးစဉ်လေးပါ၀င်ခဲ့ကြတဲ့တယောက်ခ...
''ရယ်သော သူ အသက်ရှည်၏" စကားပုံလေးကြားဖူးမယ်ထင်ပါတယ်…..ပြုံးရယ်ခြင်းနဲ့ကျန်းမာရေးကောင်းကျိုးများ(laughing yoga)ကို ပြောပြ...
Search your Inner peace 🧘‍♀️Candle Light Meditation and Yoga NidraCandle Light Meditationတရားထိုင်ခြင်းတွင် အသုံးပြုသည့်...

Category

Telephone

Website

Address


6/4 East Circular Road, Yae Aye Kwin Ward
Taunggyi
06101

Other Yoga & Pilates in Taunggyi (show all)
The Morning Rise Yoga Class The Morning Rise Yoga Class
မ/၈၀-၈၁၊မြောက်ကျောင်းလမ်း၊မြို့မရပ်၊တောင်ကြီးမြို့။
Taunggyi, 06011

Rightway Yoga Studio Rightway Yoga Studio
Kyan Tine Aung Street
Taunggyi

One of the Best Yoga Class in Taunggyi