Saydanar Mon Medicine & Plastic Ware DistributionAgency - Taunggyi

Plastic ware wholesale

01/10/2024
21/05/2024

🙏🙏🙏

02/04/2024

Livolin Forte ပစ္စည်းပြတ်
မသောက်မဖြစ်သူများဆက်သွယ်မှာယူနိုင်ပါတယ်၊
(တောင်ကြီးမြို့အနီးသာ)

01/04/2024

လာမယ့်အတာသင်္ကြန်မှာ ​ရေကစားရန် B အသားနဲ့​စျေးသက်သာတဲ့​ရေဖလား​လေး​တွေ ရပါပြီ၊ ​​တောင်ကြီးမြို့​ပေါ်ရွှေပင်လုံစတိုးတွင်လည်းရနိုင်ပါပြီ၊B လိုင်းအသား​ပေမယ့် A လိုင်းအသားနဲ့ယှဥ်လို့ရပါတယ်။

01/04/2024

A လိုင်း​ကော်သားနဲ့ ဗူးကြီးမျိုးစုံလက်လီလက်ကားရနိုင်ပါတယ် ​တောင်ကြီးမြို့​ပေါ် ​ရွှေပင်လုံစတိုးမှာလည်းရရှိနိုင်ပါတယ်ခင်ဗျာ

30/03/2024

ပစ္စည်းပြတ် ကြိုက်​စျေး​ရောင်း​နေ
1 Amp 20000 mmk ​လောက်ဖြစ်​နေ

30/03/2024

E.C ပစ္စည်းပြတ်​နေပါတယ်

30/03/2024

Metformin Denk 500 ​စျေးပြန်ကျပါတယ်

29/05/2023

09760100820 နံပါတ်နဲ့ Atom myanmar ကဖုန်း​ခဏခဏခေါ်​နေလို့ ၂စက္ကန့်​လောက်ကိုင်ပြီးပြန်ချလိုက်တာကို ​ဘေလ်ထဲက ၉ကျပ်ဖြတ်သွားတယ်။
မြန်မာပြည်ကထူးဆန်းတယ် သူခိုးလုပ်​နေကြတာ သူ​ဌေး​တွေချည်းဘဲ ဆင်းရဲသားသူခိုးလုပ်စား​နေတဲ့လူ​တွေလဲ အလုပ်လက်မဲ့ဖြစ်ကုန်ပြီ ​ဘေလ်ထဲမှာပိုက်ဆံလက်ကျန်မထားရဲဘူး အခု​အဝင်ခေါ်လာတဲ့နံပါတ်က ​ဘေလ်လက်ကျန်ရှိ​နေလို့​ခေါ်လာတာ ခိုးစရာပိုက်ဆံကျန်​နေလို့
Atom ကမ​ကျေနပ်လို့ရှင်းမယ်ဆို SS ရှိတယ်​နော် အချိန်မ​ရွေးလာခဲ့ ​ခွေးသူခိုး​တွေ

Photos from Saydanar Mon Medicine & Plastic Ware DistributionAgency - Taunggyi's post 13/05/2023

အပိုင်း(၂)

ဤ​ဆေးများ အားလုံးသည်​ သွေးတွင်းမှာရှိ​သောအင်ဆူလင်ပမာဏ ကိုအ​ရေးကြီး​သော အဆင့်ပမာဏအထိ တိုး​စေသည်။ ၎င်းအင်ဆူလင်ပမာဏ​ကြောင့် ​သွေးများကိုနို့ဆီကဲ့သို့ ထူပျစ်လာ​စေသည်။ အင်ဆူလင်ပမာဏ အများအပြားသည် ခန္ဓာကိုယ်ကို ကြီးမား​သော အန္တရာယ်ဖြစ်​စေသည်။ အသည်း၊ ​ကျောက်ကပ်နှင့် အခြား​သောမစင်အင်္ဂါများကို ဖျက်ဆီးပစ်သည်။
အင်ဆူလင်သည် အစာအိမ်တွင်းမှထွက်​သော အစာ​ခြေရည်တွင်ပါဝင်​သော ဂုဏ်သတ္တိဓါတ်သဘာဝနှင့် လုပ်​ဆောင်ချက်ခြင်း ဆင်တူသည်။ ဥပမာအားဖြင့် အစာ​ခြေရည်ကို သင်၏အခြား​သော ကိုယ်တွင်းအင်္ဂါများတွင်ပြည့်​စေလျင် ဘာ​တွေဖြစ်လာမလဲ ? စိတ်ကူးကြည့်ပါ။ သူတို့
တဆင့်ချင်း ​လောင်ကျွမ်းသွားလိမ့်မယ်၊ မြင့်မား​သော
အင်ဆူလင် ပမာဏသည် ဆဲလ်များကို တိုက်စား​စေပြီး ၎င်းတို့၏ ပုံမှန်မဟုတ်​သော ကွဲပြားမှု့ကို ဖြစ်​ပေါ်​စေသည်။ထိုအချက်သည် ကင်ဆာ​ရောဂါ​ဗေဒ၏ သ​ဘောသဘာဝ​အောက်မ​လျော့ပါ၊ဤအ​ကြောင်းရင်းကြောင့်ကိန်းဂဏန်းများ၏ ​ဖော်ပြထားချက်အရ ဆီးချို​ရောဂါသည် ၂၈% တွင် ကင်ဆာ​ရောဂါ ဖြစ်​ဖို့ ပိုအား​ကောင်း​ စေသည်ကို ​လေ့လာ​ တွေ့ရှိရသည်။
ထို့အပြင် အင်ဆူလင်ပါဝင်မှု မြင့်မားခြင်း​ကြောင့်အင်ဆူလင် ကြွယ်ဝ​သော ခန္ဓာကိုယ်တွင်း လှည့်ပတ်​​​ နေသော​ သွေးများ ထူပျစ်လာပြီး ​နေ့စဥ်ပုံမှန်လှုပ်ရှားမှု့များ ​နှေး​ကွေးလာ​စေသည်၊ ထိုအချက်ကပင် ​သွေး​ကြောများထဲတွင် cholesterol plaque များ ပိတ်ဆို့လာပြီး​သွေးဖိအား (blood pressure) တက်လာ​စေပါသည် ။ ရလဒ်တစ်ခု အ​နေဖြင့် ဆီးချို​ရောဂါသည် ၉၈% သည် ​သွေးတိုး​ရောဂါပါအတူ တွဲလျက်ပါလာတတ်တာကို ​တွေ့ရပါတယ် ၊ ဒါ့အပြင် နှလုံး​သွေး​ကြောစနစ် ဆိုင်ရာ အခြားပြသနာများစွာလည်း ဖြစ်လာတာကို ​တွေ့ရပါတယ်။
Metformin based ကုထုံး၏ ​ နောက်ဆက်တွဲ ခြိမ်း​ခြောက်နိုင်​သော အကျိုးဆက်များမှာ.........၊
(က) အစာအိမ်နှင့် အူလမ်း​ကြောင်းဆိုင်ရာ ​ရောဂါများ၊
( မကြာခဏ ဝမ်း​လျှောခြင်း၊ ​လေချဥ်တက်ခြင်း၊ အစာအိမ်နာခြင်း )
(ခ) ​သွေးတိုး​ရောဂါ ၊
( အထူးသဖြင့် ည​နေပိုင်းများတွင်​ ခေါင်းကိုက်ခြင်း၊ နားအူ နားကြပ်ခြင်း ၊ စိုးရိမ်​ကြောက်ရွံ့စိတ်များဖိစီး​ခြင်း)
(ဂ) အသည်း​ခြောက်ခြင်း၊
( အသည်းသည်တွယ်ဆက်တစ်ရှူးဖြစ်လာပြီး အသည်း
၏ လုပ်ငန်း​ဆောင်တာဖြစ်​သော ​သွေးသန့်စင်ခြင်းလုပ်ငန်းရပ်တန့်ပြီး ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆိပ်အ​တောက်များဖြင့် ပြည့်နှက်လာ​စေပါသည် ။)
(ဃ) ​ကျောက်ကပ် ​ကျောက်တည်ခြင်း၊
( ဆားနှင့် သကြားဓါတ်ကို ပြင်းပြင်းထန်ထန် စွန့်ထုတ် ခြင်း​ကြောင့် ​ကျောက်ကပ်​ကျောက်တည်ခြင်း
(င) ကင်ဆာ​ရောဂါ၊
( ပျကိစီး​နေ​သော ​သွေး​ကြောများ​ကြောင့်အရွယ်မတိုင်မီ ​စောစီးစွာ​သေဆုံးခြင်း)
(စ) မျက်​စေ့ကွယ်ခြင်း၊
(သိပ်ဟုတ်တာ​ပေါ့ဗျာသင့်မျက်​စေ့ဘယ်အတိုင်းအတာထိ ဆိုးဝါးပြီး ပိုခံစားရမယ် ဆိုတာက ​ ရောဂါကိုဖြေရှင်းကုသမှုကို အကြိမ်အ​ရေအတွက် သင်ဘယ်​လောက်ကြာ​အောင် ခံယူခဲ့သလဲ ဆိုတာနဲ့ သင်တို့ တစ်ဦးချင်းဆီရဲ့ အကျင့်စရိုက်နဲ့ ဝိ​သေသလက္ခဏာ​တွေ​ပေါ် မူတည်ပါတယ်သို့​ပေမယ့် ခံစား​နေရတဲ့ ရှုပ်​ထွေး​နေတဲ့ အ​ခြေအ​နေများကို​တော့ လုံးလုံးလျားလျား မဖယ်ရှားနိုင်ပေ၊)
ဤမျှ​လောက် အန္တရာယ်( risk) များ​နေတာကို လူနာ​တွေအဘယ့်​ကြောင့် metformin ကိုအသုံးပြု​နေပါသလဲ?ကံမ​ကောင်းစွာနဲ့ဘဲ အများစု​သော အထူးကုဆရာဝန်​တွေဟာ လူနာ​တွေရဲ့ အ​ခြေအ​နေ တိုးတက်လာသလား?? ဆုတ်ယုတ်သွားသလား ?? ဆိုတာကို ဘယ်သူမှဂရုမစိုက်ကြပါဘူး ၊ကျွန်​တော်​ ပြောချင်တာက အများစု​သောအထူးကုဆရာဝန်​ တွေဟာ သူတို့ရဲ့ အသက်​မွေးဝမ်းကျောင်းအလုပ်ထဲတွင်သာ နိစ္စဒူဝ နစ်​မြောလုပ်ကိုင်​ပြီး ပိုက်ဆံရှာ​နေကြပါတယ်၊ ဒါ့​ကြောင့် သက်ဆိုင်ရာ ကဏ္ဍအလိုက်အကြီးအကဲ အာဏာပိုင်များ (သို့မဟုတ်) ဝန်ကြီးဌာနမှ အကြံပြုထား​သော ​ဆေးဝါးထုတ်ကုန်များဖြင့် သင့်အားညွှန်းဆိုကုသ​ပေးရန် မတွန့်ဆုတ်ကြ​ပေ။ ဤကဲ့သို့​သော​ရောဂါအ​ပေါ် ​ဖြေရှင်းနည်းသည် chemical products
များကိုအ​ခြေခံပြီး ကြီးမားစွာ​သော အမြတ်အစွန်းများကို​ဆောင်ကြဥ်း​ပေးပါတယ် ၊ ဟုတ်ပါတယ် ​လော​လောဆယ်​တော့ အလုပ်ဖြစ်​ပေမယ့် ဒီ​ဖြေရှင်းချက်ရဲ့ အကျိုးသက်​ရောက်မှုက​တော့ ​ရေတိုပါဘဲ၊ ဆီးချို​ဝေဒနာရှင်များ ကုသမှု ခံယူတဲ့ အ​ခြေအ​နေမှာ ဤကဲ့သို့ ​ရေတိုအဆင်​ပြေရင်ပြီး​ရောဆိုပြီး လစ်လျှူရှုခြင်းဖြင့် မ​ဖြေရှင်းသင့်​ပေ။ကျွမ်းကျင်သူ သမား​တော်များက ဤ​ဖြေရှင်းကုသမှု၏ အကျိုးအပြစ်များကို နားလည်​အောင် အချိန်​ပေး ရှင်းပြမှုမရှိခဲ့ဘဲ ဤ​ဖြေရှင်းနည်းများကို ခံယူခဲ့ပါက လူနာသည်​နောင်တွင် ၎င်းတို့ဘာဆက်ဖြစ်မည်ကို မသိနိုင်ကြ​ပေ။
ဒီလိုပြင်းထန်ပြီး ​နောက်အကျိုးဆက် ဆိုးရွားမှုများတဲ့ ​ဆေးဝါး​တွေကို ထုတ်လုပ်သုံးစွဲမှုက​နေ ဖယ်ရှားသင့်တယ်လို့ ကျွန်​တော်ထင်ပါတယ်၊ ဒါ့အပြင် ကမ္ဘာတစ်ဝှမ်းရှိဆီးချို​ရောဂါ စာရင်းဇယားများဟာ တစ်နှစ်ထက်တစ်နှစ်ဆက်လက် တိုးတက်လာတဲ့အတွက် ၎င်း​ဆေးဝါးများရဲ့ထိ​ရောက်မှု အမှန်တကယ် ရှိသည်ဟု မယူဆနိုင်​ပေ၊ဒါ့​ကြောင့် ဆီးချို​ရောဂါကို တိုက်ဖျက်ရာမှာ အမှန်တကယ်အ​ထောက်အကူဖြစ်​စေမယ့် နည်းလမ်း​တွေ အ​ကြောင်းပြချက်​တွေကို ​ကျွမ်းကျင်ပညာရှင်​တွေအ​နေနဲ့ ​နောက်ထပ်​လေ့လာ​ဖော်ထုတ်​စေချင်ပါတယ် ။
အပိုင်း(၃) ကို​စောင့်​မျှော်ဖတ်ရှု​ပေးပါ၊

Yan Kin

Photos from Saydanar Mon Medicine & Plastic Ware DistributionAgency - Taunggyi's post 09/05/2023

မုန်တိုင်း​ဘေးအန္တရာယ်ကြိုတင်ပြင်ဆင်ရန်နှင့်လိုက်နာ​ဆောင်ရွက်ရန်အကြံပြုချက်များ၊

Credit to NUG/MRCS

08/05/2023

ပထမဦးဆုံးအ​နေနဲ့စာ​ရေးသူကိုယ့်ကိုယ်ကိုမိတ်ဆက်ချင်ပါတယ် ကျွန်​တော်ဟာဆရာဝန်တစ်​ယောက်မဟုတ်ပါ၊ဒါ့အပြင်​ဆေးဝါးကျွမ်းကျင်တစ်​ယောက်လဲမဟုတ်ပါဘူး၊​ဆေးဝါးနဲ့ပါတ်သက်တာဆိုလို့ ​နိုင်ငံခြား​ဆေးမျိုးစုံကိုလက်လီ/လက္ကား ​ရောင်းတဲ့အ​တွေ့အကြုံသာရှိပါတယ်၊ဒီလိုမျိုးကြိုပြီးရှင်းပြထားရတဲ့အ​ကြောင်းက​တော့ကျွန်​တော်အခု online မှာဖတ်ရတဲ့​ဆေးပညာ​ဆောင်းပါးတစ်ပုဒ်ကို မြန်မာဘာသာပြန်​ပေးပြီးကျွန်​တော့်လိုဘဲ​ဆေးပညာဗဟုသုတမရှိတဲ့အများပြည်သူဖတ်ရပြီးတစ်ခုခုရသွား​စေချင်တဲ့​စေတနာအရင်းခံသက်သက်နဲ့မျှ​ဝေ​ပေးခြင်းသာဖြစ်ပါတယ်၊​ဆောင်းပါးမှာပါတဲ့အ​ကြောင်းအရာများဟာ
သတင်းဌာနကိုအင်တာဗျူး​ပေးခဲ့တဲ့ ဖိလစ်ပိုင်လူမျိုး Dr.Melvin Pedro ရဲ့မူရင်းအာ​ဘော်အတိုင်းအ​ရေးကြီးတဲ့​ပညာရပ်ဆိုင်ရာအသုံးအနှုန်း​တွေကိုအတတ်နိုင်ဆုံးအတိအကျဘာသာပြန်ဆို​ပေးထားပါတယ် အငြင်းပွားမှုတစ်စုံတစ်ရာအတွက် Dr.Melvin Pedro နဲ့သာသက်ဆိုင်ပြီးဘာသာပြန်ဆိုသူရဲ့အာ​ဘော်မပါဝင်​ကြောင်းကြိုတင်ရှင်းပြထားလိုပါတယ် ၊ကျွန်​တော်ဒီ​ဆောင်းပါးကိုဘာသာပြန်လိုတဲ့စိတ်ဖြစ်ရတဲ့အ​ကြောင်းရင်းခံက​တော့ ပြီးခဲ့တဲ့
(၂၂-၂-၂၃)​နေ့ကဆီးချို ​၊ကျောက်ကပ်​ရောဂါနဲ့အသက် (၇၆)နှစ်မှာကွယ်လွန်သွားတဲ့အ​မေကိုသတိရတဲ့စိတ်ကလူအများကိုဆီးချိုနဲ့ပါတ်သက်ပြီးknowledge တစ်စုံတရာရ​စေချင်တဲ့ ဆန္ဒ ​ကြောင့်ဖြစ်ပါတယ်။​ဆောင်းပါးကအ​တော်​လေးရှည်တဲ့အတွက်အပိုင်းလိုက်ခွဲပြီးတင်ဆက်​ပေးသွားပါမယ်ခင်ဗျာ၊​စောင့်ပြီးဖတ်​ပေးကြပါခင်ဗျာ။
Dr.Melvin Pedro က​တော့သူ့​ဆောင်းပါးကို​အောက်ပါအတိုင်းအစပြုထားပါတယ်။
ဆီးချို​ရောဂါကိုမထိန်းနိုင်ဘူးလို့သင်ခံစား​နေရရင်​တော့သင်သိထားတဲ့​ဆောင်ရန်​ရှောင်ရန်အချက်များဟာမှားယွင်း​နေခြင်းသာဖြစ်ပါမယ်၊မှားယွင်းစွာသိထား​တဲ့ဆီးချို​ရောဂါနှင့်သက်ဆိုင်​သောဗဟုသုတများသည်ဘဝသက်တမ်းကိုတို​စေ​ရသောအဓိကအ​ကြောင်းရင်းဖြစ်သည်ဟု ဖိလစ်ပိုင်လူမျိုး endocrine glands နှင့် hormones က​မောက်ကမ ဖြစ်သည့်​ရောဂါကျွမ်းကျင်သူ Melvin Pedro က​ပြောပါတယ်။
ဆီးချို​ရောဂါကိုတိုက်ဖျက်ရန်ဤ​အောင်မြင်​သောနည်းလမ်းများကိုယခင်ကမည်သူမျှမသိ​သော​ကြောင့် သူ့ကို Guru (ဆရာကြီး)ဟုထိုက်တန်စွာ ဂုဏ်ပြု​ခေါ်ဆိုခဲ့ကြသည်။ဆီးချို​ရောဂါရှိ​နေတဲ့ နာမည်ကြီးအနုပညာရှင်များ Celebrities များအားလုံးက သူ့ဆီက​ဆောင်ရန်​ရှောင်ရန်အကြံညဏ်များရယူရန်သွားခဲ့ကြပါတယ်၊ပြင်သစ်၊ဂျာမနီ၊အဂ်လန်အစရှိတဲ့အခြားနိုင်ငံများမှဆီးချိုလူနာများသည် Dr.Melvin Pedro ထံသွားကြပြီးအကြံညဏ်နဲ့ ကုသမှုကိုခံယူကြပါတယ်၊ Dr.Melvin Pedro သည် ဖိလစ်ပိုင်နိုင်ငံ၏အ​ရေးအကြီးဆုံးအထူးကုသမား​တော်တစ်ဦးဖြစ်ပါတယ်။
Dr.Melvin Pedro သည်အင်တာဗျူးများ​ဖြေရန်အချိန်​ပေးခဲ​သော်လည်းကျွနု်ပ်တို့သတင်း​ထောက်၏​မေးခွန်းများကို​ဖြေကြားရန်သ​​ဘောတူခဲ့ပါတယ်၊ Dr.Melvin Pedro ကသူ၏နည်းလမ်းသည်သင့်အား Type 2 အမျိုးအစားဆီးချို​ရောဂါကိုတိုက်ဖျက်ရာတွင်အ​ထောက်အကူဖြစ်​စေမည်ဟုအပြည့်အဝယုံကြည်ပါသည်၊အ​ထောက်အကူဖြစ်​စေမည့်အ​ရေးကြီးတဲ့အကြံပြုချက်များကို​အောက်တွင်​ဖော်ပြထားပါတယ်၊
ပထမဆုံးအချက်အ​နေနဲ့ဆီးချို​ရောဂါရှိ/ မရှိ နဲ့မိမိကိုယ်ကိုဘာ​တွေသိထားသင့်သလဲ ?
ဒုတိယအချက်အ​နေနဲ့ ဆီးချို​ရောဂါရှိသူ ၉၅% သည် ၎င်းတို့ဖြစ်​နေ​သော​ရောဂါ၏ ပြသနာများကိုအဘယ်​ကြောင့်မ​ဖြေရှင်းနိုင်သနည်း ?
တတိယအချက်က​တော့ဆီးချိုရောဂါနဲ့ရင်ဆိုင်ရပြီဆိုလျင် မိမိ၏ကိုယ်ပိုင်ဘဝကို လွယ်ကူ ​ချော​မွေ့ ​ပျော်ရွှင်​အောင်ဘယ်လို​နေထိုင်ရမလဲ ?
​စတုတ္ထအချက် က​တော့ ဆီးချို လူနာရဲ့ ​ဆေး မှတ်တမ်း စာအုပ်မှာ ဆရာဝန်က ဘာ​တွေ မှတ်ချက်​ရေးထားသလဲ ? ဘာ​တွေကို alarm လုပ်ထားသလဲဆိုတာ​ဆေးအ​ရောင်းဆိုင်​တွေအ​နေနဲ့ ​ကောင်း​ကောင်းနားလည်​အောင်ဖတ်ကြည့်ဖို့ လိုအပ်ပါတယ်။
Dr.Melvin Pedro ကဆက်​ပြောပါတယ်၊ ထူးဆန်းတာက ဆီးချို​ရောဂါ ကုထုံး များ ပရိုတို​ကော များတွင် Metformin နှင့် ၎င်း၏ analogue များပါ​နေခြင်းဖြစ်သည်၊ ထိုအချက်မှာ ပညာဗဟုသုတ နည်းသူများနှင့်ဆရာဝန်များထံမှ မျှ​ဝေထား​သော မှိုင်းတိုက်မှု တစ်ခုသာဖြစ်သည်၊ Metformin သည် နာမကျန်းဖြစ်မှုနှင့် အချိန်မတိုင်မီ ​သေဆုံးခြင်းဆီသို့သွား​သော အတိုဆုံးလမ်းတစ်ခုဖြစ်တယ်၊ ဒါ​ကြောင့် သင့် ဆရာဝန်က သင့်အား Metformin ပါဝင်​သော ​ဆေးကိုညွှန်ကြားပါက မင်းကိုငါအ​ကောင်းဆုံးအကြံ​ပေးချင်တာက အဲဒီဆရာဝန်နဲ့ ​ဝေးရာကို​ပြေးဖို့ဘဲ။
ဆက်လက်​ဖော်ပြပါမည်။ မူရင်း​​ဆောင်းပါး link ကို first comment တွင်​ဖော်ပြထားပါတယ်။
Yan Kin

25/12/2022

Merry X-mas to you all

19/12/2022

2022 World Cup​ ​တော့ပြီးသွားပြန်ပြီ ​နောက်ထပ် ၄နှစ်ထပ်​စောင့်ရင်းနဲ့ ဆံပင်ညို​တွေ​တောင်ဖြူ ဖြူလာ​တော့မယ်ဗျာ၊ .........ပြီး​တော့လဲပြီးတာပါဘဲ.....!

18/12/2022

18-12-22 ဗိုလ်လုပွဲစဥ်

17/12/2022

17-12-22 တတိယ​နေရာလုပွဲ

15/12/2022

Semi-final ပွဲစဥ်(၂) Result

14/12/2022

Semi-final ပွဲစဥ်(၁) Result

13/12/2022

ယ​နေ့ည(14-12-22)ပွဲစဥ်တစ်ပွဲတည်းသာ

Want your practice to be the top-listed Clinic in Taunggyi?
Click here to claim your Sponsored Listing.

Videos (show all)

#DIY FYP
အာဂျင်တီးနားမျက်ရည်သုတ်
Truly positive minded personRIP ပါဆရာကြည်

Category

Website

Address


Taunggyi

Other Medical Supplies in Taunggyi (show all)
Khaing Cho Khaing Cho
Taunggyi, Shan State
Taunggyi

ခါးကြောညှပ်ခြင်း,ဒူးနာ,ခါးနာ,အရိုးကျီးပေါင်း ဝေဒနာများအတွက် သဘာဝတိုင်းရင်းဆေး

Yadanar Yadanar
Taunggyi, 06101

Yadanar Online Shop

ဖွားစော ဖွားစော
Taunggyi, 06101

Medical Whole Sale

Lin Pharmacy Taunggyi Lin Pharmacy Taunggyi
No. 120, Hnin See Street, Pyi Daw Thar Quarter
Taunggyi

We serve customer with care and passion. Message or call us if you need to place an order or want to