Mangala Money

ဘဏ် ငွေရေးကြေးရေး အာမခံ ရင်းနှီးမြှုပ်နှံမှု

Photos from Mangala Money's post 11/12/2023

ရန်ကုန်မှာ ဆီဖြည့်နိုင်ဖို့ New Day Energy ကတော့ google map နဲ့ update လုပ်ပေးနေပါပြီ။ ဆီဆိုင်က တိုက်ရိုက်လုပ်ထားပေးတယ်ဆိုတော့ အားထားရလောက်ပါတယ်။

မြေပုံပေါ်မှာပါတဲ့ အနီရောင် icon ပေါ်နှိပ်ကြည့်ရင် ဆီရရှိနိုင်မှုအခြေအနေနဲ့ နောက်ဆုံး update လုပ်ထားတဲ့ ရက်စွဲ နဲ့ အချိန် status တွေ တွေ့ရပါမယ်။

https://maps.newdayenergymyanmar.com/?fbclid=IwAR1nV02kEkzyBx0b-83bHaTMrAgk5Xb1FwmMDoTDW7mpQ6TQ2Z7h_Yb5nhY_aem_AabFtrwgC83Do0TV7X-CX7Bjk9mrlq67JQzezXTYyXGvsNAEz0TEKe7w343WkUBjUMc

04/05/2023

#ဆောက်လုပ်ခွင့်ပါမစ် ကျဖို့
အနည်းဆုံး ၈ လ နဲ့ ၁ နှစ် ဘာကြောင့် ကြာသလဲ ?
မေးမြန်းမှုကို ဒီပို့စ်နဲ့ပဲ ဖြေလိုက်တယ်။

အခန်းပေး အခန်းယူ
ဆောက်လုပ်မယ်ဆိုရင် ....
မြေရှင် + ကန်ထရိုက်
ချိတ်ဆက်ထားမှ
( ဆောက်လုပ်ခွင့်ပါမစ် ဆိုတာ ဖြစ်လာတာပါ )

D .C - map. မြေပုံကူး/မြေတိုင်း
မိမိဆောက်လုပ်မည့် မြေ
အကျယ်အဝန်းအတွက်
ဘေးအိမ်တွေလက်မှတ်ထိုး
D.C map အတွက် ခရိုင်အလိုက်
မြေယာ AE လက်မှတ် စုံမှ
ခန်းမ ( မြို့ တော် ခန်းမ )
D.C map အတွက် ငွေးသွင်း ရပါတယ်
သွင်းချင်တိုင်း သွင်းလို့ မရပါဘူး
တနင်္လာ - ဗုဒ္ဓဟူး - သောကြာ
မနက် ၉း၀၀ ညနေ ၂း၀၀
အထိပါဘဲ ငွေသွင်းပြီးမှ
၁ လအတွင်း မြေလာတိုင်းတာပါ
ပြီးမှ D.C map စာရွက်ထွက်ဖို့
၄၅ ရက်လောက်ကြာပါတယ်

Proposal Drawing.
မိမိ အဆောက်အဦး ပုံစံငယ်
တင်ရပါတယ် အဲ့ မှာ
RSE Construction sign
လက်မှတ်နဲ့ တွဲတင်ရတာပါ
YCDC ဆယ်ထပ်ရုံးမှာ ပုံစံစစ်မယ်
( ရစ်မယ် )
YCDC ခြောက်ထပ်ရုံး ကို ပို့မယ်
ပုံစံ စစ်မယ် ( ရစ်မယ် )
ပြင်လိုက်တင်လိုက်နဲ့
၄၅ ရက်လောက်ကြာပါတယ်
ပြီးရင်ပုံစံ စစ်ဆေးခအတွက်
မြို့တော် စည်ပင်ဘဏ်မှာ
ငွေသွင်းခိုင်ပါတယ်
ပြီးရင် ငွေသွင်း ချလန် ကို
YCDC ဆယ်ထပ်ရုံး
ကိုပြန်ပို့ပေးရတယ်
အားလုံးက ထိုင်ခုံမှာဘဲ ထိုင်နေတာပါ
ကိုယ်တိုင်ကိုယ်ကျ လိုက်လုပ်နေရတာပါ

Soil Test မြေစမ်းခြင်း
foundation အတွက်
မိမိဆောက်လုပ်မည့် မြေ
ပျော့ခြင်း မာခြင်းကို တိုင်းတာရတာပါ
မြေစမ်း ပြီး Soil Test စာအုပ်
ထွက်ဖို့အတွက် အချိန် တစ်လခွဲ ကြာမြင့်
ပါတယ်

RSE Structure Caculation/sign.
တွက်မယ် ချက်မယ်
လက်မှတ်ထိုးမယ်
နှစ်ပတ်လောက်တော့ကြာပါတယ်

RSE Construction sign.
လက်မှတ်ထိုးမယ် တုန်းထုမယ်

Pile RSE Structure sign.
လက်မှတ်ထိုးမယ် တုန်းထုမယ်

Pile Company sign
လက်မှတ်ထိုးမယ် တုန်းထုမယ်

( RSE / Pile sign စုံဖို့ အနည်းဆုံး ၁ လ ပါဘဲ )

မီးသတ်ထောက်ခံချက်

စပြီ ကျနော်တို့ Proposal အောင်ထားတဲ့ ပုံစံကိုကြည့်မယ် မီးသတ်က သက်မှတ်ချက်အတိုင်း ပုံစံ ပြန်ဆွဲမယ်
ပြီးပြီ ဆိုရင် YCDC နဲ့ မဆိုင်ဘူး
မီးသတ် ကိစ္စ ဆိုတော့
ငွေကို တာမွေ
တရားရုံးနောက်က ဘဏ်မှာ
မီးသတ်အတွက် ငွေသွင်းပေးရတယ်
အဲ့ချလန် ကိုတော့
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ
ပြန်တွဲပေးရတယ်

ရေ မိလ္လာထောက်ခံချက်
လည်း မီးသတ်နည်းအတူ
သတ်မှတ်ပုံစံ ပြန်ဆွဲ ပြီး
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ
ပြန်တွဲပေးရတယ်

( မီးသတ် / ရေ မိလ္လာ ကအနည်းဆုံး
၂ လလောက်ကြာပါတယ် )

LC ကန်လိုင်စင်
တော်များများကတော့ LC လိုင်စင်
ငှါးပြီး ဆောက်လုပ်ရေးလုပ်ကြပါတယ်
ကိုယ်အတွက်ထိုးတဲ့ LC လိုင်စင်
သက်တန်းရှိလား ဆိုတာ
အဓိကကျပါတယ်
ပုံစံကြီး ( ဆောက်လုပ်ခွင့် ပါမစ် ) မှာ
ပြန်တွဲပေးရတယ်

အပေါ်ကစာရွက်စာတန်းတွေ အားလုံး
စုံလင်မှ ပုံစံကြီးအတွက်
စပြီးစစ်ဆေးပါတယ်
( အဲ့မှာ မှားပြင်လိုထည့် နဲ့ အနည်းဆုံး
၃ ပတ် လောက်ကြာပါတယ် )

အာမခံစဘော်ငွေ ပုံစံစစ်ဆေးခ
ပုံစံကြီး အတွက် အားလုံးနီးပါ
ပြည့်စုံပြီဆိုရင်တော့ စာတိုက်ကနေ
ငွေသွင်း အကြောင်းကြားစာ ပို့ပေးပါတယ် ( စာမလာပါဘူး ကိုယ်တိုင်သွားမေးရပါတယ် ပြီးရင် ဘယ်နေ့
ဒိတ်နဲ့ ပို့လိုက်တာ အခုထိ မရောက်သေးဘူးလားဆိုပြီး စဖြဲပါတယ် သီးခံပါ
တက်နိုင်သလောက် )
အာမခံ ငွေ သိန်း ၅၀ နဲ့
ပုံစံစစ်ဆေးခ ၅ သိန်းကျေ ာ်သွင်းပေးရပါတယ် ငွေမသွင်းမှီ YCDC ဆယ်ထပ်ရုံးက နှစ်လွှာ နဲ့ လေးလွှာ ကို အပ်ပင်
လေးခေါက်လောက်ပြေးရပါတယ်
ပြီးမှ မြို့တော် စည်ပင်ဘဏ်ကို လွှတ်ပါတယ် ဘဏ်မှာ ငွေသွင်းပြီး ကြောင်းစာရွက်စာတန်းတွေကို မိတ္တူ လေးငါးစုံကူးရပါတယ် ပြီးရင် ဆယ်ထပ်ရုံး ကို
ပြန်သွား နှစ်လွှာ နဲ့ လေးလွှာ ကို
အပ်ပင် အပြေးအလွှား ပေးပြီးမှ
ပါမစ် ( ဘုတ်စိမ်း or ဗီနိုင်း ) အတွက်
သုံးပတ် ထပ်စောင့်ရပါတယ်

BL ( ပါမစ် ) ကျ ပြီးအိမ်မဖျက်မှီ
အိမ်သုံးမီတာနဲ့ ရေအတွက်
ဂျိူးဖြူ ကို မြို့နယ်မှာ ပြန်အပ်ဖို့အတွက်
ဖောင်တင်ပေးရပါတယ်
အဆောက်အဦး ဆောက်မှ ယာယီ
လုပ်ငန်းသုံး ပြန်လျှောက်အသုံးပြု
ရပါတယ်

ဒါတောင် ဘေးအိမ်က တိုင်တာတို့
လမ်းထဲက တယောက်ယောက်ကသာ
မြေရှင်ကို မကျေ နပ်လို့ တိုင်စာ
ပစ်လိုက်ပြီဆိုရင် ...ကျ နော်တို့
ဆောက်လုပ်ရေး ကုမ္ပဏီတွေအတွက်
အရမ်းကို ခက်ခဲသွားပါတယ် အဲ့အချိန်ကျရင် မြို့တော် ခန်းမ ဆယ်ထပ်ရုံး
ခြောက်ထပ်ရုံး ကို အပ်ပင်ပြေးပြီး
ဟိုးအောက်ခြေကနေ အပေါ်ထိ
ရောက်အောင် ဂါရ၀ ထားပြီး
အလုပ်လုပ်ရပါတယ် အဲ့လိုအငြို းတေး
တွေနဲ့ဆိုလည်း ကျ နော် တို့ဘဲ
ထိခိုက်ရတာပါ မြေရှင်က တော့
မင်းတို့တာဝန်ယူထားတာမင်းတို့ရှင်းဘဲလေ ..... တကယ် မလွယ်တဲ့
ဆောက်လုပ်ရေး လောကပါ

ပြောပြချင်တာကတော့ သူတို့ က
(YCDC ကသူတွေက) ဌာန မတူရင်
စားပွဲမတူရင်တောင်
လင့်မချိတ်ထားပါဘူး
မေးလည်းရင် ဖြေချင်ဖြေမယ်
မဖြေချင်ရင် မသိဘူးဘဲ ပြောလွှတ်မှာပါ
စာရွက် ပေါ် စာရွက် ဆင့်ပြီး အလုပ်
လုပ်နေသ၍ကတော့က .......
ကျနော်တို့ အတွက် အရမ်း
ခက်ခဲနေပါတယ်

မပြောတော့ပါဘူး
ကျနော်တို့ ကန်ထရိုက် တာတွေကို
ကိုယ်ချင်းစာနိုင်ဖို့ဘဲ ဆုတောင်းပါတယ်

ထိန်ချန်မှုမရှိပါ။ ကျနော် အတွေ့အကြုံမျှသာ။

အားလုံး ကိုယ်ရော စိတ်ပါ ကျမ်းမာ ချမ်းသာပြီး
အောင်မြင်ကြပါစေ။

EHK Group via Aung Aung

31/03/2023

မြန်မာနိုင်ငံအတွက် ပထမဆုံးသော LNG ဖြင့် လျှပ်စစ်ဓာတ်အားပေးသည့်သင်္ဘောကြီး
၂ နှစ်လေးလကျော်အကြာ ပြန်ထွက်သွား
=============================

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas -LNG) ကနေ လျှပ်စစ်စွမ်းအင် ထုတ်လုပ်ပေးနိုင်တဲ့ LNG သင်္ဘောကြီးဟာ ၂ နှစ် လေးလကျော်အကြာ မတ်လ ၃၀ ရက်နေ့မှာ သီလဝါဆိပ်ကမ်းကနေ ပြန်လည်ထွက်ခွာသွားတယ်လို့ သိရပါတယ်။

“ဒီသင်္ဘောကြီး ဆိုက်ကပ်ထားတာက နှစ်နှစ်လေးလကျော် ဆိုက်ကပ်ထားခဲ့တာ၊ အခုတော့ ထွက်ခွာသွားခဲ့ပါပြီ” လို့လည်း ရေကြောင်းဆိုင်ရာနယ်ပယ်မှ ရေယာဉ်မှူးတစ်ဦးက ပြောပြပါတယ်။

အဆိုပါ MT CNTIC VPOWER ENERGY သင်္ဘောဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၂၈ ရက်က မလေးရှားနိုင်ငံကနေ စတင်ထွက်ခွာလာပြီး မေလ ၆ ရက်မှာ ရန်ကုန်မြစ်ဝသို့ ရောက်ရှိလာပြီးနောက် ကျောက်ချရပ်နား၍ ယာယီဆိပ်ခံတံတား အဖြစ် အသုံးပြုမယ့် Mobile Filling Platform (MFP) တည်ဆောက်မှုပြီးစီးတဲ့ ဇွန်လ ၆ ရက်မှာ ဆိုက်ကပ်ခဲ့တယ်လို့ သိရပါတယ်။

LNG (Liquefied Natural Gas) ဖြင့် ပထမဆုံးအကြိမ်အဖြစ် သာကေတရှိ မဂ္ဂါဝပ် ၄၀၀၊ သန်လျင်ရှိ မဂ္ဂါဝပ် ၃၅၀ ဓာတ်အားပေး စက်ရုံတွေကို ချိတ်ဆက်ပို့လွှတ်ကာ လည်ပတ်နေပြီး လျှပ်စစ်ဓာတ်အားလိုအပ်ချက် ဖြည့်ဆည်းရန် ပံ့ပိုး လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

ထို LNG သိုလှောင်ရေးသင်္ဘောကြီးဟာ အလျား ၁၇၆ ဒသမ ၈ မီတာ၊ ရေဆူး ၈ မီတာနဲ့ စုစုပေါင်း တန်ချိန် ၃၆၀၀၀ ခန့်ရှိပြီး ဓာတ်အား ၂၀၀ မဂ္ဂါဝပ်ကို ၁၄ ရက်ကြာ ဓာတ်အားထုတ်လုပ်နိုင်တဲ့ LNG ပမာဏကို သိုလှောင်နိုင်ပြီး Small LNG Tanker များဖြင့် လိုအပ်တဲ့ LNG တွေကို ဖြည့်တင်းနိုင်သော အခြေအနေမျိုးရှိတယ်လို့ သိရပါတယ်။

Story by Opinion Leader

Photos from Mangala Money's post 30/03/2023

ရန်ကုန် ဆီဒိုးနားဟိုတယ်မြေပိုင်ဆိုင်မှုကို ကန့်ကွက်သူပေါ်ပေါက်နေ

ရန်ကုန်၊ မတ် ၃၀

ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်ရဲ့ မြေဧရိယာအတွင်း မခွဲစိတ်ရသေးတဲ့ မြေပိုင်ဆိုင်မှု ပါဝင်နေတဲ့အတွက် မြေကိုရောင်းချတာ၊ ငှားရမ်းတာတွေမလုပ်ဖို့ သတင်းစာကနေ ကန့်ကွက်တဲ့ကြော်ငြာထည့်သွင်းခဲ့ပါတယ်။

ဆီဒိုးနားဟိုတယ်ကို စင်္ကာပူလုပ်ငန်းစုဖြစ်တဲ့ Keppel Land ကုမ္ပဏီက ဒေါ် ၅၇ သန်းကျော်နဲ့ ဝယ်ယူခဲ့ပြီးနောက်မှာ ကန့်ကွက်တဲ့ ကြော်ငြာ အခုလိုထည့်သွင်းလာတာပါ။

အမွေဆိုင်မြေကွက်တစ်ခုဖြစ်တဲ့ မခွဲစိတ်ရသေးတဲ့ မြေဧရိယာ ၂၇ ဧက ကျော်ဟာ ဆီဒိုးနားဟိုတယ် တည်ဆောက်ထားတဲ့ မြေကွက်ထဲမှာ ပါဝင်နေတယ်လို့ ကန့်ကွက်ထားတဲ့ ကြော်ငြာမှာ ထည့်သွင်းဖော်ပြထားပါတယ်။

အဲ့ဒီအတွက် မြေနေရာနဲ့ပတ်သက်လို့ ပိုင်ဆိုင်တဲ့ ဦးရဲဝင်းအောင်ဆိုသူရဲ့ ခွင့်ပြုချက်မရဘဲ မြေကို လက်လွှဲရောင်းချတာ၊ ပေါင်နှံတာ၊ ပေးကမ်းတာ၊ လှူဒါန်းတာ၊ ကျူးကျော်ဝင်ရောက်တာတွေ မလုပ်ဖို့ ရှေ့နေနဲ့ လွှဲအပ်ပြီး ကန့်ကွက်ထားတာဖြစ်ပါတယ်။

ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဟိုတယ်ကို စင်္ကာပူလုပ်ငန်းစု Keppel Land ကုမ္ပဏီကို ရောင်းချလိုက်ပြီလို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြပါတယ်။

Story by Mercury Media

Photos from Mangala Money's post 27/03/2023

ကုမ္ပဏီတွေအနေနဲ့ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်ပြီး စာရင်းရေးဆွဲအစီရင်ခံတင်ပြရမှာ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံစာစံများကိုသတ်မှတ်သည့် IFRS နှင့်အညီ လိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံစာရင်းကောင်စီက မတ်လ ၂၃ ရက်နေ့ထုတ် အမိန့်ကြေငြာစာဖြင့် ပြဌာန်းပြင်ဆင်လိုက်ပါတယ်။ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်ထက်စောလျင်စွာလည်း လိုက်နာကျင့်သုံးနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒီလိုမျိုး နိုင်ငံတကာစံချိန်စံညွှန်းနဲ့ကိုက်ညီတဲ့ financial reporting အကောင်အထည်ဖော်ဖို့ စတင်လုပ်ဆောင်လာတာကတော့ နှစ်အနည်းငယ်ကျော်ကြာလာပါပြီ။ ယခုလက်ရှိမှာလဲ အချို့သောဘဏ်၊ MFI နဲ့ အာမခံကုမ္ပဏီတွေ ကျင့်သုံးနေတာရှိပါတယ်။ ဒါမျိုးအများပြည်သူနဲ့ပတ်သက်ပြီးလုပ်ဆောင်တဲ့ လုပ်ငန်းတွေကတော့ IFRS စံများနှင့်အညီ အကောင်အထည်ကျင့်သုံးရန်လဲ ပိုမိုတင်းကျပ်ထားပါတယ်။

23/03/2023

စီးပွါးရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ မတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ ပြည်ပမှ ကုန်ပစ္စည်းတင်သွင်းမှုအားလုံးသည် ဆိပ်ကမ်း
မရောက်မီ သွင်းကုန်လိုင်စင်ရရှိပြီးမှသာ တင်သွင်းခွင့်ပြုမည်ဖြစ်သည်။

အမိန့်ကြေငြာစာအမှတ် (၅၀/၂၀၂၀) အရ “သွင်းကုန်လိုင်စင်ရယူတင်သွင်းရမည့် ကုန်ပစ္စည်းများအတွက် အကောက်ခွန်သိုလှောင်ရုံသို့ ထည့်သွင်းရန် တင်သွင်းလာသည့် ကုန်စည်များမှအပ ကျန်ကုန်စည်များအား ခွင့်ပြုချက်မရမီ ဆိပ်ကမ်းသို့ကြိုတင်ရောက်ရှိခြင်း မရှိစေရ” ကိုလည်း
(၁.၄.၂၀၂၃) ရက်နေ့မှစ၍ ၆ လ ယာယီဆိုင်းငံ့မည်ဟု ဆိုပါသည်။

20/03/2023

ဘဏ်ပြိုလဲမှုမှကာကွယ်ရန်
ဆွစ်ဇာလန်နိုင်ငံ Credit Suisse ဘဏ်ကြီးအား
ပြိုင်ဘက် UBS ဘဏ်ကြီးက ဝယ်ယူ

မတ်လအတွင်း အမေရိကန်ုပြည်ထောင်စု၌ ဘဏ်ကြီးနှစ်ခုပြိုလဲခဲ့ပြီးနောက် ဖြစ်ပေါ်လာခဲ့သော ငွေရေးကြေးရေးဈေးကွက်၌ အထိတ်တလန့်ဖြစ်လာရမှုကို အရင်းခံ၍ ဘဏ်လုပ်ငန်းအခြေအနေထိခိုက်မှုရှိနေသော ဆွစ်ဇာလန်နိုင်ငံ၏ Credit Suisse ဘဏ်ကြီးအား ၎င်း၏ပြိုင်ဘက်လည်းဖြစ်သော ဆွစ်ဇာလန်၏ အကြီးဆုံးဘဏ်ကြီးဖြစ်သည့် UBS ဘဏ်ကြီးက ဝယ်ယူရန် မတ်လ ၁၉ ရက်တွင် သဘောတူခဲ့ကြောင်း သိရသည်။

ဆွစ်အမျိုးသားဘဏ်က ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ရာ၌ “ယနေ့တွင် UBS ဘဏ်က Credit Suisse ဘဏ်ကို လွှဲ ပြောင်းရယူဖို့ ကြေညာခဲ့ကြောင်း၊ ၎င်းက လုပ်ငန်းထိခိုက်မှုရှိနေသည့် Credit Suisse ဘဏ်ကို UBS ဘဏ်က ဘဏ်အချင်းချင်း အရေးပေါ်ကယ်ဆယ်ရေးသဘောတူညီချက်အရ ဝယ်ယူရန်သဘောတူခဲ့ခြင်းဖြစ်ပြီး ငွေရေးကြေးရေး တည် ငြိမ်မှုနှင့် ဆွစ်ဇာလန်နိုင်ငံ၏ စီးပွားရေးကိုကာကွယ်ဖို့အတွက်ပါ ဆောင်ရွက်ခြင်းလည်းဖြစ်ကြောင်း” ဖော်ပြခဲ့သည်။

UBS ဘဏ်က Credit Suisse ဘဏ်အတွက် ဆွစ်ဖရန့်ငွေ ၃ ဘီလျံ(ဒေါ်လာ ၃ ဒသမ ၂၅ ဘီလျံ) ပေးရမည်ဖြစ်ပြီး Credit Suisse ဘဏ်၏ အစုရှယ်ယာရှင်များအနေဖြင့် မတ်လ ၁၇ ရက်ဈေးနှုန်းအရ စတော့ရှယ်ယာတစ်ခုလျှင် ၁ ဒသမ ၈၆ ဆွစ်ဖရန့်ငွေရှိသောရှယ်ယာများအတွက် သုည ဒသမ ၇၆ ဆွစ်ဖရန့်နှုန်းဖြင့် လက်ခံရရှိမည်ဖြစ်ကာ ဘဏ်၏အစုရှယ်ယာရှင်များအား ဖယ်ထုတ်ပစ်မည်ဖြစ်သည်။ ဆွစ်အစိုးရက သဘောတူထားသော ဥပဒေအရ ထိုကဲ့သို့ လက်လွှဲဝယ်ယူရန်သဘောတူညီချက်က အစုရှယ်ယာပိုင်ရှင်များ၏ အတည်ပြုမှုမလိုအပ်ဟုလည်း သိရသည်။

Credit Suisse ဘဏ်က ရင်းနှီးမြှုပ်နှံသူများနှင့် သုံးစွဲငွေအပ်နှံသူများ၏ ယုံကြည်အားထားမှုကို ဆုံးရှုံးခဲ့ရသည်မှာ နှစ်နှင့်ချီ၍ရှိလာပြီဖြစ်သည်။ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ငွေရေးကြေးရေးအကျပ်အတည်းကာလမှစ၍ Credit Suisse ဘဏ်၏ ဆုံးရှုံးမှုများက စံချိန်တင်ခဲ့သည်။ မတ်လ ပထမပတ်အတွင်းမှာပင် Credit Suisse ဘဏ်က ၎င်း၏ ငွေရေးကြေးရေးဆိုင်ရာမှတ်တမ်းအစီရင်ခံမှုများအား သိမ်းဆည်းရာတွင် ကြီးကြပ်မှု၌ ချို့ယွင်းအားနည်းချက်များရှိနေကြောင်း ဝန်ခံခဲ့သည်။ တဖန် အမေရိကန်ဘဏ်ကြီးနှစ်ခုဖြစ်သော Silicon Valley Bank နှင့် Signature Bank တို့ ဆက်တိုက်ဆိုသလို ပြိုလဲမှုများဖြစ်ခဲ့ခြင်းက အတိုးနှုန်းမြင့်တက်မှုများဖြစ်ပေါ်လာခဲ့သည်တွင် ကမ္ဘာတစ်ဝန်းရှိ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာနည်းပါးသော ဘဏ်များသို့ပါ စိုးရိမ်မှုများကူးစက်ဖြစ်ပေါ်စေခဲ့ရာ Credit Suisse ဘဏ်တွင်လည်း စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။

ထို့ကြောင့်လည်း သက်တမ်း ၁၆၇ နှစ်ရှိပြီဖြစ်သော Credit Suisse ဘဏ်၏ အစုရှယ်ယာများမှာ တစ်ပတ်အတွင်းမှာပင် ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။ ထိုသို့ ဘဏ်လည်ပတ်မှုအတွက်အဓိကဖြစ်သော ရင်းနှီးမြှုပ်နှံမှုများ လျော့ကျလာချိန်တွင် ငွေအပ်နှံသူများကလည်း တစ်နေ့လျှင် ဒေါ်လာ ၁၀ ဘီလျံအထိ ပြန်လည်ထုတ်ယူမှုများရှိခဲ့ပြန်သည်။ ဆွစ်အမျိုးသားဘဏ်ထံမှ အရေးပေါ်ချေးငွေအဖြစ် ဒေါ်လာ ၅၄ ဘီလီယံ ချေးငှားရန်အစီအစဉ်မှာလည်း မအောင်မြင်ခဲ့ပေ။ ထို့ကြောင့်လည်း ဆွစ်ဇာလန်နိုင်ငံ၏ အကြီးမားဆုံးသက်တမ်းရှည်ဘဏ်ကြီးဖြစ်သည့် Credit Suisse ဘဏ်အနေဖြင့် ဘဏ်ပြိုလဲမှုမှကာကွယ်ရန်နောက်ဆုံးနည်းလမ်းအဖြစ် UBS ဘဏ်၏ အစုရှယ်ယာဝင်များကို ဆွဲဆောင်ကာ ဘဏ်အချင်းချင်း အရေးပေါ်ကယ်ဆယ်ရေးသဘောတူညီချက်အရ UBS ဘဏ်က Credit Suisse ဘဏ်ကို ဝယ်ယူရန်သဘောတူညီမှုကို လက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Partially translated by Htwe Ko Tun, MTNews
Original story at https://www.cnn.com/2023/03/19/business/credit-suisse-ubs-rescue

16/03/2023

ဗဟိုဘဏ်၏ ဒီနေ့ထုတ်ပြန်ချက်အရ နိုင်ငံခြားငွေဝယ်ယူရောင်းချလဲလှယ်လုပ်ကိုင်ခွင့်ရှိသော Money Changer လုပ်ငန်း ၂၀ ခုကို လုပ်ပိုင်ခွင့်လိုင်စင် ရုပ်သိမ်းလိုက်သည်။

13/03/2023

အ​မေရိကန်ဘဏ်ပြိုခြင်းနှင့်မြန်မာပြည် အဆက်အစပ်

အ​မေရိကတွင် ဘဏ်၂ခုပြိုလဲသည့်အ​​ပေါ် သက်​ရောက်မူက ဘယ်သူ​တွေခံစားရနိုင်လဲ၊မြန်မာကကော ဘယ်​လောက် ရိုက်ခတ်ခံရနိုင်လဲစိတ်ဝင်စား​နေကြသည့်အတွက် ​ပေါ်ပြုလာနယူးစ်က ​မေးသင့်သူများအား​မေးမြန်းကာ ရလာသည့်အ​ဖြေအချို့အားစုစည်း​ဖော်ပြလိုက်ပါသည်။​ဖြေဆို​ပေးသူများ၏ရူ့​​ထောင့် မတူကြသည့်အ​လျောက် အ​ဖြေ​များကကွဲပြားလျက်ရှိ​နေဆဲဖြစ်သည်။

"ပြည်တွင်းမှာ USD အဝင်က အကန့်အသတ်ဖြစ်​နေတယ်၊ USD reserved က ​တောင့်တင်း တဲ့အ​နေထားရှိမရှိအတိအကျမသိရဘူး။ ဗဟိုဘဏ် ကလည်း USD ထုတ်​ရောင်းပြီး ​ပေါက်​စျေးကို မလွှမ်းမိုးနိုင်​သေးဘူး။ Dem​and အရ ​ရွှေကပထမ၊ ​ဒေါ်လာက ဒုတိယ​နေရာက မကျ​သေးဘူး။ အစားထိုး ​စျေးကစားရတဲ့ ​မြေနဲ့ကားက ခရီးမ​ပေါက်​သလိုဖြစ်​နေတယ်။ မြန်မာကျပ် များများကိုင်တဲ့ အ​လေ့အထ ​လျော့ကျ​နေ​သေးလို့၊ ​ဒေါ်လာထိုးကျမယ့် အ​နေအထား မြန်မာပြည်မှာ ​တွေ့ရဖို့ ဖြစ်တန်​ခြေ နည်းပါးတယ်လို့ မြင်ပါတယ်"ဟု သု​တေသနသမားတစ်ဦးက သူ၏ ယူဆချက်ကိုရှင်းပြသည်။

ကုန်သည်ကြီးတစ်ဦးက "အခုအကြပ်အတည်းမှာ ​ဒေါ်လာအားပျော့သွားနိုင်ဖွယ်ရှိပြီး၊ ရွှေစျေးအခိုက်တန့်မြင့်လာမည့်အခြေအနေဖြစ်မယ်လို့ထင်တယ်။ ပို့ကုန်တင်ပို့မှုအားကောင်းတဲ့ကာလလည်းဖြစ်လို့ မြန်မာငွေအပေါ်သက်ရောက်မှုအနေနဲ့​တော့ ဒေါ်လာနှင့်လဲလှယ်ရာမှာ ကျပ်တန်ဖိုးပိုခိုင်မာလာမည့်အလားအလာလို့သုံးသပ်မိပါတယ်"ဟုဆိုသည်။

သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက​တော့"မြန်မာနိုင်ငံအတွက် အကျိုးသက်ရောက်မှု သိပ်မရှိသေးဘူးလို့ ထင်ပါတယ်၊ ဒါပေမယ့် ကမ္ဘာ့စီးပွားရေး ကျဆင်းမှုက စလာ​နေပါပြီ။နေရာတိုင်းမှာ ရှယ်ယာဈေးတွေ ကျနေပါတယ်။သတိ​တော့ထား​နေရမှာပါ" ဟု၄င်း၏ရူ့​ထောင့်ကို​ပြောပြခဲ့သည်။

​ဘဏ်လုပ်ငန်းကျွမ်းကျင်သူတစ်ဦးက"ပထမဘဏ် SVB ကနည်းပညာထောက်ပံ့တဲ့ဘဏ်မို့အိန္ဒိယနည်းပညာကုမ္မဏီ​တွေကသက်ရောက်မူရှိနိုင်သလို၊ဂျာမနီ နည်းပညာကုမ္မဏီ​တွေလည်းထိနိုင်တယ်။ခုဆိုအိန္ဒိယမှာ အရေးပေါ်အစည်းအဝေးတွေခေါ်နေပြီ။ဒုတိယဘဏ်ကျ​တော့နယူး​ယောက်ကစီးပွားရေးဘဏ်​ပေါ့။
Federal Reserve ဗဟိုဘဏ်က သူတို့ဘဏ်​တွေရဲ့စည်းကမ်းထိမ်းသိမ်း​ရေးဆိုပေမယ့် ခုသူကဝင်ရောက်မစွက်ဖက်ဘဲ ဒေသအစိုးရက ဝင်ကိုင်တွယ်တာတွေ့ရတယ်။ SVB ဘဏ်ကိုပြန်ဖွင့်ခိုင်းတာမျိုးပေါ့။မြန်မာပြည်နဲ့အမေရိကန်ဘဏ်တွေနဲ့ တိုက်ရိုက်အဆက်အဆံမရှိဘူး။ အဆက်အဆံမရှိတဲ့အတွက် တိုက်ရိုက်သက်ရောက်မှုအနေနဲ့ မြန်မာပြည်မှာ ဘာမှထူးထူးခြားခြားမဖြစ်နိုင်ဘူး။ မြန်မာနိုင်ငံက အ​မေရိကန်ရဲ့ ဆန်ရှင်နိုင်ငံ​တွေထဲကနံပါတ်၆​လောက်ဖြစ်နေတယ်။အမေရိကန်နဲ့လည်း တိုက်ရိုက်စီးပွားကူးသန်းတာမရှိဘူး။ ဒါ့ကြောင့် ဒါနဲ့ပတ်သတ်ပြီး ထိခိုက်မှုမရှိနိုင်ပါဘူး။မြန်မာနိုင်ငံနဲ့တိုက်ရိုက်ကြီးမပတ်သက်​ပေမယ့် အိန္ဒိယကို​တော့ဂယက်ရိုက်လိမ့်မယ်။ဒါတဦးထဲကိုယ်ပိုင်အမြင်ကိုပဲ​ပြောပြတာပါ။"

​ဒေါ်လာ​စျေးမကျ နိုင်​လောက်ဘူး။အ​မေရိကဘဏ်​တွေရဲ့ ပိုင်ဆိုင်မူAssessts က ပိုများနေလို့ဟုယူဆသူ​တွေရှိသလိုဆန့်ကျင်ဖက်သုံးသပ်သူများက"​ဒေါ်လာဈေးကျနိုင်သလို ၊ အ​ပေါင်ဆုံးတွေများမှာမို့ အ​မေရိကမှာ အိမ်ခြံမြေဈေးကျနိုင်တယ်။Deposit အပ်​ငွေသမားတွေ ပြန်အမ်းတဲ့အခါ ​ငွေကိုအမ်းရမှာ၊ဒီအချိန် သူ့ Assesstsကလဲ ဗိုက်နာဈေးပဲရမယ်ထင်တယ် ၊အစိုးရအာမခံ FDIC ကသူ့ကို ဘယ်လောက် back up လုပ်ပေးမှာလဲ ဆိုတာပေါ်တော့ မူတည်တာပေါ့"ဟု​ဆွေး​နွေးကြသည်။

အ​မေရိကတွင်​နေထိုင်သူတစ်ဦးက"
ဒီမှာငွေကြေးဖောင်းပွလွန်းနေတာကအရှိတရားပါပဲ ၊မရှိမဖြစ်သုံးတဲ့ပစ္စည်း၊အစားအသောက်က ဈေးကြီးတော့ ထိတော့ထိနိုင်တယ် ၊ဒါပေမယ့်ဆင်ပိန်ကျွဲပါ၊ဆက်သွားနိုင်မှာပါ၊ မြန်မာနဲ့မဆိုင်​လောက်ပေမယ့် ကိုယ့်လူမျိုး​တွေက ညောင်ဦးကမ်းပါးပြိုတာကို စမ္ပာနဂိုရ် နွားမပေါင်ကျိုးတာနဲ့ချိတ်ဆက်နိုင်ကြတော့ ​ဒေါ်လာဆွဲတင်ချင်သူတွေလဲရှိနိုင်ပါတယ်"ဟု​ပြောသည်။

Story by Popular News

Photos from Mangala Money's post 11/03/2023

၂၀၂၃ ခုနှစ်မှာ မြန်မာ့ဒီဂျစ်တယ် ငွေပေးချေမှုစုစုပေါင်းတန်ဖိုး ဒေါ်လာ ၃.၁ ဘီလီယံကျော်အထိ ရောက်ရှိမည်ဟု Statista ခန့်မှန်း

ယခုနှစ်အတွင်း မြန်မာ့ဘဏ္ဍာရေးဆိုင်ရာ နည်းပညာကဏ္ဍ (Myanmar FinTech Sector) မှာ ဒီဂျစ်
တယ်ငွေပေးချေမှု စုစုပေါင်းတန်ဖိုးက အမေရိကန်ဒေါ်လာ (၃.၁) ဘီလီယံကျော်အထိ ရောက်ရှိပြီး သုံးစွဲသူအရေအတွက် ၂၃ သန်းကျော်ရှိမယ်လို့ ဂျာမနီနိုင်ငံအခြေစိုက် နာမည်ကြီးစာရင်းအင်းဆိုင်ရာ သုတေသနလုပ်ငန်း Statista က ခန့်မှန်းထားပါတယ်။

ဒါ့အပြင် ဒီဂျစ်တယ်ငွေကြေးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုအပိုင်းက ၂၀၂၄ ခုနှစ်မှာ ဝင်ငွေ (၃၆) ရာခိုင်နှုန်း တိုးလာမယ်လို့ မျှော်လင့်ရပြီး စုစုပေါင်းဒီဂျစ်တယ်ငွေပေးချေမှု အသုံးပြုသူအရေအတွက်လည်း ၂၀၂၇ ခုနှစ်အထိဆိုရင် ၂၈ သန်းကျော်ရှိလာမယ်လို့ Statista က ခန့်မှန်းထားပါတယ်။

လက်ရှိမှာ KBZ ၊ CB ၊ AYA စတဲ့ ပုဂ္ဂလိကဘဏ် (၈) ခုကနေ အက်ပလီကေးရှင်းတွေကတဆင့် မိုဘိုင်းငွေပေးချေဝန်ဆောင်မှုပေးအပ်ထားပြီး MPT Pay ၊ M-Pitesan ၊ Mytel Pay စတဲ့ ဆက်သွယ်ရေးအော်ပရေတာတွေနဲ့ Wave Pay ၊ True Money ၊ Ok $ စတဲ့ အက်ပလီကေးရှင်းတွေကလည်း ဒီဂျစ်တယ်ငွေပေးချေ ဝန်ဆောင်မှုတွေ ဆောင်ရွက်နေပါတယ်။

မြို့ပြနေ သုံးစွဲသူတွေအနေနဲ့ ဘဏ်အပါအဝင် အခြားသော မိုဘိုင်းပိုက်ဆံအိတ်တွေကို ရွေးချယ်အသုံးပြုနိုင်ပေမယ့် နိုင်ငံ့လူဦးရေရဲ့ (၆၈) ရာခိုင်နှုန်းကျော်ရှိတဲ့ ကျေးလက်နေထိုင်သူတွေကတော့ တယ်လီကွန်းတွေ ဦးဆောင်တဲ့ အက်ပလီကေးရှင်းတွေနဲ့ မိုဘိုင်းပိုက်ဆံအိတ်တွေကို အသုံးပြုနေရပါတယ်။

ဒါ့ကြောင့် မိုဘိုင်းငွေပေးချေမှု ဆောင်ရွက်နိုင်တဲ့ အက်ပလီကေးရှင်းတွေအနေနဲ့ ၎င်းတို့ရဲ့ မြန်ဆန်လွယ်ကူသောစနစ် ဖန်တီးပြီး ကျေးလက်ဈေးကွက်ကို ထိုးဖောက်ဝင်ရောက်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေပါတယ်။

Figures by Statista

11/03/2023

စင်ကာပူလုပ်ငန်းစု Spring Blossom က
ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို ဒေါ်လာ ၅၇ သန်းဖြင့် ဝယ်ယူ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရန်ကုန်၊ မတ် ၁၁

စင်ကာပူနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Spring Blossom Ventures လုပ်ငန်းစုက ရန်ကုန်မြို့မှာ ဖွင့်လှစ်ထားတဲ့ ဆီဒိုးနားဟိုတယ်ကို မူလပိုင်ရှင် စင်ကာပူကုမ္ပဏီ Keppel Land ထံကနေ အမေရိကန်ဒေါ်လာ (၅၇.၄) သန်းနဲ့ ဝယ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

နှစ်ဖက်သဘောတူညီချက်အရ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းဆိုင်ရာ ကိစ္စရပ်တွေကို ယခုနှစ်ဝက်အတွင်း အပြီးသတ်နိုင်ဖို့ မျှော်လင့်ရတယ်လို့ Spring Blossom Ventures ရဲ့ အမှုဆောင်အရာရှိချုပ် Low Heng Huat က ပြောပါတယ်။

Spring Blossom အနေနဲ့လည်း ဟိုတယ်အဖြစ် ဆက်လက်လုပ်ကိုင်ဖို့ ရည်ရွယ်ထားပြီး လက်ရှိမှာ ဟိုတယ်လုပ်ငန်းကို စီမံခန့်ခွဲဆောင်ရွက်လိုသူ အော်ပရေတာအသစ်ကို ရှာဖွေနေတယ်လို့ သိရှိရပါတယ်။

Spring Blossom Ventures လုပ်ငန်းစုက ကဏ္ဍစုံရင်းနှီးမြုပ်နှံမှုနဲ့ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေကို အဓိက စီးပွားရေးလုပ်ကိုင်နေတဲ့ စင်ကာပူနိုင်ငံအခြေစိုက် လုပ်ငန်းစုတစ်ခုလည်း ဖြစ်ပါတယ်။

‘‘မြန်မာ့စီးပွားရေးအခြေအနေက တည်ငြိမ်နေပြီး နိုင်ငံအနေနဲ့ ရှေ့ကို ဆက်သွားဖို့ လိုအပ်ပါတယ်’’လို့ Low Heng Huat က မှတ်ချက်ပြုပါတယ်။

မူလပိုင်ရှင် Keppel Land က ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို ရောင်းချလိုက်တာကြောင့် ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ်တွေကို ဖော်ဆောင်ပေးနိုင်မယ့် ငွေဖော်ရေးအစီအမံတွေနဲ့ ကိုက်ညီမှုရှိတယ်လို့ ယခုသီတင်းပတ် ထုတ်ပြန်ချက်အတွင်း ဖော်ပြခဲ့ပါတယ်။

ဆီဒိုးနားဟိုတယ်(ရန်ကုန်)ကို ၁၉၉၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံမှာ အစောဆုံး ဖွင့်
လှစ်ခဲ့တဲ့ နိုင်ငံတကာဟိုတယ် လုပ်ငန်းတွေထဲမှာ တစ်ခုအပါအဝင်လည်း ဖြစ်ပါတယ်။

Story and photo by BETV

07/03/2023

နိုင်ငံခြားငွေဖြင့် အခွန်ဆောင်ရသူများ နိုင်ငံပိုင်ဘဏ်များတွင်သာ ငွေစာရင်းဖွင့်လှစ် ပေးသွင်းရမည်

ရန်ကုန်၊ မတ် ၇

နိုင်ငံခြားငွေနဲ့ အခွန်ပေးဆောင်ရသူတွေအနေနဲ့ မြန်မာ့စီးပွားရေးဘဏ် (MEB)၊ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် (MICB)၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှု (MFTB) စတဲ့ နိုင်ငံပိုင်ဘဏ်တွေမှာသာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်ပြီး အခွန်ပေးသွင်းရမယ်လို့ ဗဟိုဘဏ်က ညွှန်ကြားလိုက်ပါတယ်။

၎င်းတို့အနေနဲ့ ပုဂ္ဂလိကဘဏ်နဲ့ နိုင်ငံခြားဘဏ်ခွဲတွေမှာ ငွေစာရင်းဖွင့်လှစ်ထားပါက အခွန်ဆောင်ရမယ့် နိုင်ငံခြားငွေကို ကျပ်ငွေအဖြစ် လဲလှယ်ခြင်းမပြုစေဘဲ မြန်မာ့စီးပွားရေးဘဏ် (MEB) ထံ ရရှိတဲ့ နိုင်ငံခြားငွေအတိုင်း လွှဲပြောင်းပေးရမယ်လို့ ဆိုပါတယ်။

ကျသင့်အခွန် ပေးချေတဲ့နေရာမှာ နိုင်ငံသားနဲ့ နိုင်ငံခြားသား (ပြည်တွင်းနေ) ဖြစ်မယ်ဆိုရင် ဗဟိုဘဏ်ရဲ့ သတ်မှတ်ငွေလဲနှုန်းနဲ့ နိုင်ငံခြားငွေကနေ ကျပ်ငွေကို ဖလှယ်ရမှာဖြစ်ပြီး ပြည်ပနေ နိုင်ငံခြားသား ဖြစ်မယ်ဆိုရင် ရရှိတဲ့ ငွေကြေးအမျိုးအစား (နိုင်ငံခြားငွေ) နဲ့ အခွန်ပေးဆောင်ရမယ်လို့ သတ်မှတ်ထားပါတယ်။

AD လိုင်စင်ရ ဘဏ်တွေအနေနဲ့ နိုင်ငံခြားငွေ ရရှိသူတွေ ပေးဆောင်ရမယ့် အခွန်ငွေကို မြန်မာကျပ်ငွေ တန်ဖိုးသင့်ပြီး Payment Order ထုတ်ပေးခြင်းအစား မြန်မာ့စီးပွားရေးဘဏ်ထံ ပြည်ပအဆက်အသွယ် ဘဏ်တွေကတဆင့် Nestro Based Transfer နဲ့ SWIFT Code – MYEBMMMY ကို အသုံးပြု လွှဲပို့ရမယ်လို့ အသိပေးထားပါတယ်။

ဒါ့ကြောင့် SWIFT နဲ့ ငွေလွှဲပို့တဲ့ နေရာမှာ ကျသင့်တဲ့ SWIFT Charges ကို အခွန်ပေးဆောင်ရသူက ကျခံရမှာဖြစ်တာကြောင့် SWIFT Charges အတွက် ပေးချေရမယ့် ငွေကြေးကို ကန်ဒေါ်လာ သို့မဟုတ် ယူရိုငွေနဲ့ ကောက်ခံဖို့ ညွှန်ကြားထားပါတယ်။

ဝန်ကြီးဌာနတွေ ရရှိတဲ့ နိုင်ငံခြားငွေများ ပုဂ္ဂလိကဘဏ်နဲ့ နိုင်ငံခြားဘဏ်ခွဲများထံ ဝင်ရောက်မယ်ဆိုရင် ရရှိတဲ့ ငွေစာရင်းအတိုင်း နိုင်ငံပိုင်ဘဏ်တွေထံ လွှဲပြောင်းပေးပြီး ဘဏ်ကနေ အစိုးရဌာနတွေဆီ ငွေပေးအမိန့်လွှာ (Payment Order) ထုတ်ပေးကာ ဌာနရဲ့ ငွေစာရင်းထံ ပေးသွင်းစေမယ်လို့ ဖော်ပြထားပါတယ်။

Story and photo by BETV

သတင်း - BETV Business

14/02/2023

#ငွေစျေးနှုန်း 14-FEB-2023 (TUE 02:15 PM)

🇺🇸USD: Buy=2,840. Sell=2,855.

🇸🇬SGD: Buy=2130. Sell=2,160.
🇹🇭THB: Buy=85. Sell=86.
🇲🇾MYR: Buy=650. Sell=665.
🇨🇳CNY: Buy=414. Sell=419.
🇯🇵JPY: Buy=21. Sell=22.
🇪🇺EUR: Buy=3,020. Sell=3,050.
🇬🇧GBP: Buy=3,420. Sell=3,510.






#ဝယ်ရောင်းမလုပ်ပါ

13/02/2023

#ငွေစျေးနှုန်း 13-FEB-2023 (MON 11:00 AM)

🇺🇸USD: Buy=2,840. Sell=2,855.

🇸🇬SGD: Buy=2130. Sell=2,160.
🇹🇭THB: Buy=85. Sell=86.
🇲🇾MYR: Buy=650. Sell=665.
🇨🇳CNY: Buy=414. Sell=419.
🇯🇵JPY: Buy=21. Sell=22.
🇪🇺EUR: Buy=3,020. Sell=3,050.
🇬🇧GBP: Buy=3,420. Sell=3,510.






#ဝယ်ရောင်းမလုပ်ပါ

09/02/2023

#ငွေစျေးနှုန်း 09-FEB-2023 (THU 11:45 AM)

🇺🇸USD: Buy=2,835. Sell=2,850.

🇸🇬SGD: Buy=2130. Sell=2,160.
🇹🇭THB: Buy=84.50. Sell=85.50.
🇲🇾MYR: Buy=650. Sell=665.
🇨🇳CNY: Buy=413. Sell=418.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=3,020. Sell=3,050.
🇬🇧GBP: Buy=3,420. Sell=3,510.






#ဝယ်ရောင်းမလုပ်ပါ

08/02/2023

#ငွေစျေးနှုန်း 08-FEB-2023 (WED 11:55 AM)

🇺🇸USD: Buy=2,830. Sell=2,845.

🇸🇬SGD: Buy=2120. Sell=2,160.
🇹🇭THB: Buy=84.50. Sell=85.50.
🇲🇾MYR: Buy=650. Sell=665.
🇨🇳CNY: Buy=413. Sell=419.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=3,010. Sell=3,050.
🇬🇧GBP: Buy=3,440. Sell=3,510.






#ဝယ်ရောင်းမလုပ်ပါ

07/02/2023

#ငွေစျေးနှုန်း 07-FEB-2023 (TUE 11:45 AM)

🇺🇸USD: Buy=2,835. Sell=2,850.

🇸🇬SGD: Buy=2120. Sell=2,160.
🇹🇭THB: Buy=84.50. Sell=86.
🇲🇾MYR: Buy=650. Sell=665.
🇨🇳CNY: Buy=413. Sell=419.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=3,010. Sell=3,050.
🇬🇧GBP: Buy=3,495. Sell=3,530.






#ဝယ်ရောင်းမလုပ်ပါ

06/02/2023

#ငွေစျေးနှုန်း 06-FEB-2023 (MON 11:45 AM)

🇺🇸USD: Buy=2,840. Sell=2,855.

🇸🇬SGD: Buy=2120. Sell=2,160.
🇹🇭THB: Buy=85. Sell=86.
🇲🇾MYR: Buy=650. Sell=665.
🇨🇳CNY: Buy=413. Sell=419.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=3,010. Sell=3,050.
🇬🇧GBP: Buy=3,495. Sell=3,530.






#ဝယ်ရောင်းမလုပ်ပါ

27/01/2023

#ငွေစျေးနှုန်း 27-JAN-2023 (FRI 11:55 AM)

🇺🇸USD: Buy=2,835. Sell=2,855.

🇸🇬SGD: Buy=2120. Sell=2,160.
🇹🇭THB: Buy=85. Sell=86.50.
🇲🇾MYR: Buy=650. Sell=665.
🇨🇳CNY: Buy=413. Sell=419.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=3,010. Sell=3,050.
🇬🇧GBP: Buy=3,490. Sell=3,530.






#ဝယ်ရောင်းမလုပ်ပါ

26/01/2023

#ငွေစျေးနှုန်း 26-JAN-2023 (THURSDAY)

🇺🇸USD: Buy=2,830. Sell=2,850.

🇸🇬SGD: Buy=2100. Sell=2,140.
🇹🇭THB: Buy=84. Sell=85.50.
🇲🇾MYR: Buy=645. Sell=665.
🇨🇳CNY: Buy=405. Sell=415.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=2,990. Sell=3,020.
🇬🇧GBP: Buy=3,470. Sell=3,510.






#ဝယ်ရောင်းမလုပ်ပါ

25/01/2023

#ငွေစျေးနှုန်း 25-JAN-2023 (WED 11:30 AM)

🇺🇸USD: Buy=2,825. Sell=2,845.

🇸🇬SGD: Buy=2100. Sell=2,140.
🇹🇭THB: Buy=84. Sell=85.50.
🇲🇾MYR: Buy=645. Sell=665.
🇨🇳CNY: Buy=405. Sell=415.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=2,980. Sell=3,020.
🇬🇧GBP: Buy=3,465. Sell=3,505.






#ဝယ်ရောင်းမလုပ်ပါ

24/01/2023

#ငွေစျေးနှုန်း 24-JAN-2023 (TUE 12:15 PM)

🇺🇸USD: Buy=2,825. Sell=2,845.

🇸🇬SGD: Buy=2100. Sell=2,140.
🇹🇭THB: Buy=84. Sell=85.50.
🇲🇾MYR: Buy=645. Sell=665.
🇨🇳CNY: Buy=405. Sell=415.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=2,980. Sell=3,020.
🇬🇧GBP: Buy=3,465. Sell=3,505.






#ဝယ်ရောင်းမလုပ်ပါ

23/01/2023

ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် လျှောက်ရာတွင် DICA ခွင့်ပြုမှရမည်

------------------
ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်လျှောက်ထားသူတွေအနေနဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန (DICA)က လုပ်ငန်းလုပ်ကိုင်ခွင့်ပြုထားတဲ့ လုပ်ငန်းဖြစ်ရမှာဖြစ်တယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ အမြဲတမ်းအတွင်းဝန် ဦးအောင်အောင်က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ ပြည်ပနိုင်ငံတွေကြားမှာ တရားမဝင် ငွေလွှဲလုပ်ငန်းတွေ လျော့နည်းပြီးတော့ တရားဝင် ငွေလွှဲလုပ် ငန်းတွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်တွေကို ထုတ်ပေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်ကို လျှောက်ထားတဲ့အခါ DICA က ခွင့်ပြုထားတဲ့ လုပ်ငန်းဖြစ်ရမှာ ဖြစ်သလို ပြည်ပ နိုင်ငံနဲ့ ချိတ်ဆက်ဆောင်ရွက်ရာမှာ သက်ဆိုင်ရာနိုင်ငံမှာ တရားဝင်ငွေလွှဲလုပ်ငန်းလိုင်စင် ရရှိရမှာဖြစ်တယ် လို့လည်း ဦးအောင်အောင် ကပြောပါတယ်။ လက်ရှိအချိန်ထိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေနဲ့ ကုမ္ပဏီ ၁၁ ခု အတွက် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ထုတ်ပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

Story by One News Myanmar

23/01/2023

#ငွေစျေးနှုန်း 23-JAN-2023 (MON 11:30 AM)

🇺🇸USD: Buy=2,830. Sell=2,850.

🇸🇬SGD: Buy=2100. Sell=2,140.
🇹🇭THB: Buy=84. Sell=85.50.
🇲🇾MYR: Buy=645. Sell=665.
🇨🇳CNY: Buy=405. Sell=415.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=2,990. Sell=3,020.
🇬🇧GBP: Buy=3,470. Sell=3,510.






#ဝယ်ရောင်းမလုပ်ပါ

22/01/2023

#ငွေစျေးနှုန်း 22-JAN-2023 (Weekend Average)

🇺🇸USD: Buy=2,830. Sell=2,850.

🇸🇬SGD: Buy=2100. Sell=2,140.
🇹🇭THB: Buy=84. Sell=85.50.
🇲🇾MYR: Buy=645. Sell=665.
🇨🇳CNY: Buy=405. Sell=415.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=2,990. Sell=3,020.
🇬🇧GBP: Buy=3,470. Sell=3,510.






#ဝယ်ရောင်းမလုပ်ပါ

20/01/2023

#ငွေစျေးနှုန်း 20-JAN-2023 (FRI 01:15 PM)

🇺🇸USD: Buy=2,830. Sell=2,850.

🇸🇬SGD: Buy=2100. Sell=2,140.
🇹🇭THB: Buy=84. Sell=85.50.
🇲🇾MYR: Buy=645. Sell=665.
🇨🇳CNY: Buy=405. Sell=415.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=2,990. Sell=3,020.
🇬🇧GBP: Buy=3,470. Sell=3,510.






#ဝယ်ရောင်းမလုပ်ပါ

Photos from Mangala Money's post 20/01/2023

၂၀၂၁ -၂၀၂၂ ခုနှစ်အတွင်း ဟွန်ဒီငွေလွှဲလုပ်ငန်း ပြန်လည်ကျယ်ပြန့်လာဟု နိုင်ငံတကာအခြေစိုက် ICG ပြော

ရန်ကုန်၊ ဇန်နဝါရီ ၂၀

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ နစကအစိုးရလက်ထက်မှာ တရားမဝင် ငွေလွှဲဝန်ဆောင်မှုဖြစ်တဲ့ ဟွန်ဒီလုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန် ပြန်လည်ပေါ်ထွက်လာတယ်လို့ ဘရပ်ဆဲလ်စ်မြို့အခြေစိုက် နိုင်ငံတကာပဋိပက္ခလေ့လာရေးအဖွဲ့ (International Crisis Group - ICG) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပြည်တွင်းရှိ ဟွန်ဒီဝန်ဆောင်မှုတွေက မိုဘိုင်းငွေပေးချေမှု ရွေးချယ်ခွင့်တွေ များပြားလာခြင်းနဲ့အတူ တိမ်မြှုပ်ပျောက်ကွယ်သွားပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်နောက်ပိုင်း တကျော့ပြန် ဝန်ဆောင်မှုတွေ ရယူလာကြခြင်း ဖြစ်ပါတယ်။

လက်ရှိမှာ မိုဘိုင်းငွေပေးချေမှုအခင်းအကျင်းကို Wave Money နဲ့ KBZ Pay တို့က လွှမ်းမိုးထားပြီး Wave Money ကို ရိုးမအုပ်စုက ပိုင်ဆိုင်ကာ KBZ Pay ကို ပြည်တွင်းထိပ်သီးဘဏ်လုပ်ငန်း ကမ္ဘောဇဘဏ်က ဆောင်ရွက်နေပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ အာဏာပိုင်တွေက မိုဘိုင်းငွေပေးချေမှု အသုံးပြုသူတွေရဲ့ အထောက်အထားတွေကို စစ်ဆေးဖို့နဲ့ မှတ်တမ်းထားရှိဖို့ သက်ဆိုင်ရာကုမ္ပဏီတွေကို ညွှန်ကြားခဲ့ပြီး ယခုအခါ ဝန်ဆောင်မှုရယူသူတိုင်း မှတ်ပုံတင် ပြသဖို့ လိုအပ်ပါတယ်။

‘‘ငွေပေးချေမှု ပေးပို့ခြင်း (သို့မဟုတ်) ရယူခြင်းဆိုင်ရာ အချက်အလက်တွေကို ရဲတပ်ဖွဲ့က ပေးပို့ဖို့ ညွှန်ကြားထားပါတယ်’’လို့ မိုဘိုင်းငွေကြေး ထုတ်/သွင်း ပြုလုပ်ပေးတဲ့ ကိုယ်စားလှယ်တစ်ဦးက Nikkei Asia ကို ပြောပါတယ်။

ဒ့ါကြောင် အချို့သော မိုဘိုင်းငွေပေးချေမှု သုံးစွဲသူတွေက အာဏာပိုင်တွေရဲ့ စောင့်ကြည့်နေမှုအပေါ် စိုးရိမ်တာကြောင့် မိုဘိုင်းငွေပေးချေခြင်း အသုံးပြုမှုကို ရှောင်ကြဉ်လာကြပြီး ဒါက ဟွန်ဒီစနစ်ကို ပိုမိုအသက်ဝင်လာစေတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလတုန်းက ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေအနေနဲ့ ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင် ရယူထားခြင်းမရှိဘဲ ဟွန်ဒီငွေလွှဲလုပ်ငန်းလုပ်ကိုင်နေတဲ့ တာချီလိတ်နဲ့ မူဆယ်မြို့တို့က လုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံခဲ့ပြီး တရားဝင်လိုင်စင် ရယူဆောင်ရွက်ကြဖို့ အသိပေးခဲ့ပါတယ်။

ဒါ့အပြင် တရားမဝင်ငွေလွှဲတဲ့ ဟွန်ဒီလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ စည်းမျဉ်းတွေကို အကောင်အထည်ဖော်မယ်လို့ သူမက ငွေကြေးခဝါချမှုနှင့် အကြမ်းဖတ်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

Story by BETV

19/01/2023

ကမ္ဘာ့အကြီးဆုံး Tech ကုမ္ပဏီ ၄ ခုဖြစ်တဲ့ Apple, Amazon, Microsoft, Google (Alphabet) တွေထဲမှာ လာမယ့်ဆယ်စုနှစ်အတွင်း အကောင်းဆုံးနေရာယူထားတဲ့ကုမ္ပဏီက ဘယ်ကုမ္ပဏီလဲလို့ ပြောရမယ်ဆိုရင် Microsoft ပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ Microsoft က…..

- သူ့ဝင်ငွေတွေဟာ လုပ်ငန်းပေါင်းစုံကရရှိတဲ့ဝင်ငွေ (most diversified revenue stream)

- Cloud services စျေးကွက်မှာ AWS ရဲ့ပြိုင်ဘက်ဖြစ်တဲ့ သူ့ရဲ့ Azure က ကမ္ဘာ့နံပတ် ၂ မှာ ရရှိထား

- သူ့ရဲ့ လက်ရှိ AI က ကမ္ဘာ့အကောင်းဆုံးတစ်ခုဖြစ်သလို OpenAI ကုမ္ပဏီကို ဝယ်ယူဖြစ်မယ်ဆိုရင် ထုတ်ကုန်အသီးသီးထဲမှာ သူ့ရဲ့ AI ကို ပိုမိုကျယ်ပြန့်စွာ ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဒီအချက်အလက်တွေကို ဆန်းစစ်ကြည့်မယ်ဆိုရင် Microsoft ကုမ္ပဏီဟာ အရမ်းအားကောင်းတဲ့နေရာမှာ ယူထားနိုင်ခြင်းပဲလို့ ပြောလို့ရပါတယ်။

19/01/2023

#ငွေစျေးနှုန်း 19-JAN-2023 (THU 10:30 AM)

🇺🇸USD: Buy=2,825. Sell=2,845.

🇸🇬SGD: Buy=2100. Sell=2,140.
🇹🇭THB: Buy=84. Sell=85.50.
🇲🇾MYR: Buy=645. Sell=665.
🇨🇳CNY: Buy=405. Sell=415.
🇯🇵JPY: Buy=20.50. Sell=21.50.
🇪🇺EUR: Buy=2,980. Sell=3,020.
🇬🇧GBP: Buy=3,465. Sell=3,505.






#ဝယ်ရောင်းမလုပ်ပါ

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Address


Yangon

Other Finance in Yangon (show all)
Yato FX _ Your Advisor Yato FX _ Your Advisor
Bo Myat Htun Street
Yangon, 1111

Smart_Psycho Forex by_Yato https://t.me/yatoforex Ph_09884848871

Abacus Finance Abacus Finance
No. 111, Mingalar Theik Di Street, Dawbon Township
Yangon

Company တစ်ခု မှာ လို အပ်တဲ့ လိုင်စင် ၊ စာ?

MaeMae MaeMae
Yangon, 11431

မြန်မာပြည်အနံ့ အိမ်လိပ်စာအရောက် Delivery ပို့ဆောင်ပေးသည်။

Burmese Crypto Burmese Crypto
27 Street
Yangon

Crypto currency for Burmese

PHP Finance PHP Finance
အမှတ်(၇၅၀) ဘုမ္မာ(၅)လမ်း (ဈ)ရပ်ကွက် မြောက်ဥက္ကလာပမြု့်နယ်
Yangon

HelloHello HelloHello
Sakawar Street
Yangon, 11441

Hot item လေးတွေ အစုံတင်ပေးမှာမို့ page ကို like

Jai Prop firms trader Jai Prop firms trader
Yangon

copy trading signal services

Passive U Finance Passive U Finance
No. 35/302(2nd Floor), Phyar Pone St; Sanchaung
Yangon, 11051

Your Finance Your Happiness

Chinese cabbage-shop Chinese cabbage-shop
韩国
Yangon, 123123

U Aye Kyu - LCCI U Aye Kyu - LCCI
No 11 112 Street Mingalar Taung Nyunt Tsp Yangon
Yangon

B40yrm B40yrm
No(9). Gyartawya Street Bahan Twp
Yangon, 194585

nothing