DSCL Architectural, Structural Design & Construction Co.,Ltd.
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from DSCL Architectural, Structural Design & Construction Co.,Ltd., Structural Engineer, No. 3/A Bogyoke Aung San Road, Level 14 Junction City Tower, Pabedan Township, Yangon.
2024 ခုနှစ်မှာ ကျန်းမာပျော်ရွှင်ပြီး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့နှစ်ဖြစ်ပါစေလို့ နှစ်သစ်ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။
2024 မှာ အလှဆုံး အကောင်းဆုံးအိမ်တွေ ကို စနစ်တကျ ပုံစံရေးဆွဲ တည်ဆောက်ကြဖို့လည်းဖိတ်ခေါ်ပါတယ် ။
Architecture team ၊ structure team ၊ construction team ဆိုပြီး ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတာဖြစ်လို့ လှပမှု ခိုင်ခံ့မှု အရည်အသွေးပြည့်မီမှု စတာတွေ အတွက် ၁၀၀ % နှုန်း အပြည့်အဝ အာမခံချက် ရှိပြီးသားပါ ။
သိချင်တာ မေးချင်တာများရှိရင်လည်း အချိန်မရွေး မေးမြန်းစုံစမ်းနိူင်ပါတယ် ။
DSCL Architectural,Structural Design & Construction Co.,Ltd.
No.3/A, Bogyoke Aung San Road,Level14 Junction City Tower , Pabedan Township, Yangon.
09965534299
[email protected]
ခြံမျက်နှာစာကျဉ်းပြီး အလျားရှည်နေပေမယ့် function ကျအောင် zone ပြတ်အောင် ဖန်တည်းပေးထားဖြစ်တယ် ။
DSCL မှ လှူဒါန်းခဲ့သော Design အလှူ သိမ် နဲ့ ဓမ္မာရုံ ။
အချောသပ်ပြီးခါနီးပြီ ။
Site Engineer Position
Wooden color material idea ❤️❤️
Double volume Living room
Line Plan မှ သည် အဆောက်အဦး ကုန်ကျစရိတ်ဆီသို့ ။
အိမ်ဆောက်ရင် PAE ဘယ်စျေးလောက်ကျတတ်လည်း လို့ မေးကြပါတယ် ။
PAE စျေးနဲ့ တွက်ယူပြီး မဆောက်ပါဘူး ။ Architecture နဲ့ structure design တွေရမှ ကုန်ကျစရိတ် တွက်ရပါမယ် ။ အဲ့ဒီတော့မှ ဘယ်မျှ ကျမယ် ဆိုတာ အတိအကျ သိရပါမယ်လို့ပဲ ရှင်းပြဖြစ်ပါတယ် ။ Design ပေါ်မှာမူတည်ပြီး ကုန်ကျစရိတ်က အိမ်တစ်လုံးနဲ့ တစ်လုံး မတူညီ နိူင်ပါ ။ မိမိ အသုံးပြုမယ့် ဘတ်ဂျက်ကို ချိန်လို့ ရအောင် PAE က အခုကာ လ ခန့်မှန်းပေါက်စျေး ပြောပြဖြစ်ပါတယ် ။
လုံးချင်းအိမ် ၂ ထပ် ၃ ထပ် တွေဆိုတာ အထပ်မြင့်တိုက်ခန်းတွေလို အပေါ်အောက် အခန်းဖွဲ့ မတူညီပါ ။ အိမ်ရှင် စိတ်ကူးထားတာနဲ့ designer ဘက်က ဖန်တည်း ထားတာ ကို design ဖေါ်တဲ့အခါ plan layout တွေက လုံးချင်းအိမ်တွေ ထုံးစံ အတိုင်း beam တွေ column တွေ နေရာချရတာ လက်ပေါက်စိတ်ပါတယ် ။
နားလည်လွယ်အောင်ပြောရရင် အခန်းဖွဲ့တွေ များတဲ့အခါ beam တွေ များလာတော့တာပါပဲ ။ အဲ့အတွက် ကုန် ကျစရိတ်တွေ တိုးလာပါတယ် ။
Archi ပုံရှုပ်လေ၊ design ဆန်းပြားလေ ကုန်ကျစရိတ်ပိုလေ ပါ ။
အိမ်ခန်းအလယ် မှာ တိုင်တွေ တည့်တည့်ကြီးမပါစေဖို့ ၊ ဧည့်ခန်း အကျယ် မှာ တိုင်ပြောက်စေဖို့ structure designer တွေက တွက်ချက်ကြတဲ့အခါ foundation မှာ isolated foundation အစား ၊ combined foundation တွေ strap beam တွေ ထောက်ရတာမျိုးတွေ အထိ ကျယ်ပြန့် လာတော့တာပါပဲ ။ အဲ့အခါမှာ ကုန်ကျစရိတ်က တက်လာပါတယ် ။ ရေတွေရှိနေတဲ့ ရွှံ့ပြော့မြေထဲက အိမ်ရဲ့ foundation က ပိုကုန်တယ် ဆိုတာလည်း ရှင်းပြပေးရတာပါပဲ ။
HRB 500 တို့ HRB 400 တို့သိလား စက်မှုဇုံထုတ်ရော ကြားဖူးလား မေးရပြန်တယ် ။ ဆောက်လုပ်ရေးလောကနဲ့ စိမ်း တော့ ဘယ်သိမလဲ ။ သံချောင်းလို့ပဲ သိမှာပဲလေ ။
ဒီတော့ကာ အိမ်တောက်တဲ့အထဲ က သံချောင်း ကို ထည့်ချင်ရာထည့် ပြီး PAE လျော့ ယူမယ် ဆိုတာနဲ့ As per design drawing အတိုင်း ဆောက်တဲ့ စျေးက များနေတာမျိုးနဲ့ ယှဉ်ပြီး ရှင်းပြပေးဖြစ်တယ် ။
အုတ်စီတဲ့ အခါ ဘယ်အချိူး နဲ့ စီလည်း ၊ ကွန်ကရစ်လောင်းတော့ရော mix design က structure design. အတိုင်း ဖြစ်ရဲ့လား ။ ဒါတွေကို အတိအကျ လုပ်ရင် စျေးက အတိအကျ အတိူင်း ယူရမှာပါပဲ ။
အိမ်တစ်လုံးဖြစ်လာဖို့ architecture ပုံ အရင်ထုတ်ရတယ် ။ ပုံကြမ်းအတွက် line plan ချရ
တယ် ။ ပြီးမှ 3D ပုံ ထုတ်ရတယ် ။ Archi ပြီးမှ Structure design စရတယ် ။ အဲ့ ဒါတွေပြီးမှ ကုန်ကျစရိတ် estimate တွက်ရတယ် ။
အချိန် ၂ လခန့် ကြာပါတယ် ။
ဘာပုံမှ မရှိသေးရင် ဘယ်လောက်ကုန်မလည်း မဆိုနိူင်ပါ ။ ခန့်မှန်း လို့ ရအောင် ၄၅၀၀၀ လောက် ကနေ စတွက်ကြည့်ပါလို့ပဲ ပြောဖြစ် တယ် ။
ကိုယ်သုံးမယ့်ဘတ်ဂျက်နဲ့ ချိန်ညှိလို့ ရအောင် ။ ပုံထုတ်ပြီးမှ ကုန်ကျစရိတ်က များနေပြန်ရင် ဘာလုပ်ရမှန်း မသိ ဖြစ်နေမယ် ။
Plan ချ ၊ design လုပ် ၊ ကုန်ကျစရိတ်တွက် တစ်ဆင့်ချင်း သွားရပါမယ် ။
ကိုယ်မသိနားမလည်ရင် step by step သွားတာက အန္တရာယ်ကင်းပါတယ် ။
Louvers Idea
အတွင်းပိုင်းကို အပေါ် roof ကနေ အလင်းနဲ့ လေပေးပြီး green zone ထည့်ပေးထားတဲ့ design ။
Luxury design
Roof slab ပေါ်တက်တဲ့လှေခါးကို အိမ်ရှေ့ကနေ မမြင်ချင်လို့ ။
Perforated design ။
Roof ကနေ အလင်းပြန်ပေးတဲ့အခါ နေရောင်ကြောင့် မျက်နှာပြင်ပေါ်ကျနေတဲ့ အရိပ်ရဲ့ အလှကိုပါ ထည့်စဉ်းစားရပါတယ် ။
ဒါလည်း အနုပညာပါပဲ ။
Teak wood design
entry patio landscape design
Design for Living with Smart Products
DSCL design & construction is seeking:
Senior Design Architect - (1) post
- Bachelor Degree in Architecture
- 5 years and above is more preferable
- Proficiency in design software including AutoCAD, Sketchup, Rendering software (Lumion, Vray), Adobe Photoshop
- High knowledge of building materials, systems, details, specifications,
- Attention to Building Design
- Able to work within a team or individually under tight deadline
- Mention expected salary
Please send your Resume, CV and Portfolio to
[email protected]
Luxury
Natural light is one of the most important elements in architecture design
Create with Black color 🏘️🏘️🏘️
🌲🌴🏘️🏘️🌴🌲
Natural ventilation and lighting are essential aspects of architectural design🍀☘️🌿🌻🌤️🌧️🌖
🏘️🎼🌹🌴🌲🍀🥰🥰
Smart Home Design ❤️
Luxury home🏡🏘️🏣
Luxury home 🏡 🏘️❤️
အိမ်တစ်လုံးဆောက်မယ်ဆိုတော့ ဘယ်က စရမယ် မှန်း လူတိုင်း မသိနိူင် ။ အင်တာနက်ပေါ်က နေ design အမျိုးမျိုးတွေလည်း တွေ့နိူင်ကြပြီ ။ သို့ပေမယ့် အတွင်းပိုင်းဖွဲ့စည်းပုံက ကိုယ်လိုချင်တာမျိုး နဲ့ ကွက်တိ ဖြစ်မဖြစ် က ကျွမ်းကျင်သူနဲ့ အပ်ရတော့မည် ။
Client အတော်များများက သူတို့လိုချင်တဲ့ ပုံစံလေးတွေ ယူလာကြတာက များပါတယ် ။ သူတို့စိတ်ကူးထဲက စိတ်ကြိုက် design လေးတွေကိုလည်း ကိုယ်တွေဘက်က တေးမှတ်ထားရပြီ။
သူတို့လိုချင်တဲ့ ပုံစံ အနေအထားနဲ့ မြေကွက်အနေအထား ဘယ်လိုချန် ဘယ်လိုတိုး ဘယ်လိုလျော့ စသည်ဖြင့် ဆွေးနွေးကြရပြီ ။
Client ဘက်က လိုချင်တာပြောပြ ကိုယ့်ဘက်က design concept ကို ရှင်းပြပေးပြီး ဘယ်လိုတော့ဖြင့် မသင့်တော်ဘူး ဘယ်လိုတော့ဖြင့် လုပ်သင့်တယ် စသည်ဖြင့် နာရီပေါင်းများစွာ ဆွေးနွေးကြရစမြဲ။
Line sketch ကနေအစပြုပြီး ရုပ်လုံးပေါ်သည်အထိ meeting တွေ အဆင့်ဆင့် လုပ်ကြရပါ၏ ။
Client နဲ့ meeting မခေါ်ခင် design team က အကြိမ်ကြိမ် တည်းဖြတ်ကျ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ကြ နဲ့ လုပ်ကြရပါတယ် ။
အိမ်ဆောက်တယ်ဆိုတာ အဝတ်တစ်ထည် ဝယ်သလို မလွယ်တဲ့ ကိစ္စဖြစ်လေတော့ အစပိုင်းကတည်းက စေ့စပ်သေချာရပြီ ။
အခန်းတစ်ခုခြင်းရဲ့ function ကျမှုနဲ့ design concept idea တွေကို တစ်ခုစီ စုဖွဲ့ကြရပြီ ။
Shape တွေ block တွေ material တွေ ကို အတူတကွပေါင်းစပ်ဖန်တီး ပြီး ပုံထုတ် ရေးဆွဲရတာဖြစ်လို့ client က ok ပြီ ကြိုက်ပါတယ် ဆိုရင် ပီတိဖြစ်ရစမြဲပါ ။
Design မှာ အာခီ design က အကြာဆုံးပါ ။ ဖန်တီးသူနဲ့ လိုအပ်သူကြားက လိုအပ်ချက်ကို အတတ်နိူင်ဆုံးထပ်တူကြဖို့ လုပ်ရတာဖြစ်လေတော့ ခက်ခဲပါတယ်လို့ဆိုရပါမယ်။ design အတည်ဖြစ်တဲ့နေက အောင်မြင်တဲ့နေ့ပါ ။
Design တစ်ခု အချိန် တစ်လခွဲ ၂လ နီးပါး ထွေးပိုက်ထားပြီး နောက်ဆုံး အပ်နိူင်ပြီဆိုမှ တာဝန်တွေ ကျေပြီလို့ မှတ်ယူရပါ၏ ။
ဖန်တီးပေးလိုက်တဲ့ design လေး ရုပ်လုံးပေါ်လာရင် ပျော်နေရပါပြီ ။ စိတ်တိုင်းမှ ကျပါရဲ့လား ၊ ခေတ်မီရဲ့လား ၊ ဘေးနားက အိမ်တွေထက် ပိုမိုက်ရဲ့လား ၊ အိမ်မှာနေတဲ့သူရော function ဖြစ်ရဲ့လား စတာတွေ ကိုပါ ခေါင်းထဲ ထည့်ခဲ့ရတဲ့ အချိန်တွေ အတွက် အိမ်ပြီးပြီ ဆိုရင် အိမ်ရှင်ထက် design team က ပိုပျော်ပါတယ် ။
Designer တွေဆိုတာ ရေအေးအေးလည်း ချိူးရင်း ကြာမွှေးမွှေးလည်း ခူးရင်း ဆိုသလို ၂ ဖက်လှ နေနိူင်ကြသူတွေပါ ။
smart design 😍
Dream home 🏡
🌲🌴☘️🏘️🏡❤️🏘️🌲🌴🌴
Nice Design ☘️🌲🥰🍀
Click here to claim your Sponsored Listing.
Videos (show all)
Contact the business
Telephone
Website
Address
No. 3/A Bogyoke Aung San Road, Level 14 Junction City Tower, Pabedan Township
Yangon
Yangon, MESSENGER
စေတီ~ရုပ်ပွားတော်~နဂါးရုံဘုရား~မုခ်ဦး~အနုစိတ်ပန်းကနုတ်စသောလုပ်ငန်းများ ထုဆစ်ပူဇော်ပါသည်
Tha Mine Lann Sone
Yangon
Living with nature aim to future
191(ခ), Kawliya 26th Street, South Okkalapa Township
Yangon
Decoholic is a boutique Architecture & Interior Design studio + Knowledge sharing media platform.
330/B , (43) Qtr , Bo Min Young Road , North Dagon Township
Yangon
အမှတ် ၃၄/၃လွှာ , သီရိမင်္ဂလာလမ်း, တောင်လုံးပြန်ရပ်ကွက် , အထက်ပုဇွန်တောင်
Yangon
Construction Architecture MEP Design Estimate
Yangon
0️⃣9️⃣2️⃣6️⃣8️⃣3️⃣6️⃣6️⃣3️⃣2️⃣1️⃣ မြန်မာပြည်အနှံ့ ဆောက်လုပ်ရေး တိကျ မှန်ကန် ဝင်းထက်စံ