Myanmar Modern Treasure Engineering & Construction Company

ဒီဇိုင်းလှပ၊ ​စျေးလည်းတန်၊ စိတ်ချမ?

25/12/2023

Merry Christmas 🎈🪅🎀
ယခုလို ပိတ်ရက်လေးမှာ ချစ်ခင်ရသော မိသားစုများနှင့် အတူ ပျော်ရွှင်သော အချိန်အခါ ကာလလေး ဖြတ်သန်းနိုင်ပါစေလို့ ကျွန်တော်တို့ Myanmar Modern Treasure မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ ❤️❤️❤️❤️

Photos from Myanmar Modern Treasure Engineering & Construction Company's post 18/08/2023

💁💁Baby လေးတွေမှ အမွှာလေးတွေ လိုချင်ကြတာမဟုတ်ဘူးနော် 😇😇😇 အိမ်လေးတွေလည်းမိသားစု တူတူနေကြဖို့ အမွှာအိမ်လေးတွေ ဖန်တီးလို့ရပါတယ်ဗျ 😄😄😄
မြောက်ဒဂုံ40ရပ်ကွက်မှာ မကြာမှီတည်ဆောက်ပေးတော့မည် ပုံစံတူ အမွှာ2လုံးအား ယုံကြည်စွာအပ်နှံပေးပါသော ဆောက်လုပ်ရေးလုပ်ငန်းတူမှ အကိုကို့လဲကျေးဇူးတင်ပါတယ်ဗျ 😃🥳

Office 🏠 No (945), U Shwe Kyuu Street, 42Ward,North Dagon, Yangon. (ဗိုလ်မင်းရောင်အိမ်ယာအနီး)
📞 09751231801, 09751231797

Photos from Myanmar Modern Treasure Engineering & Construction Company's post 18/08/2023

လက်တလောအပ်နှံပြီးစီးခဲ့သော Car Showroom တည်ဆောက်ခြင်းလုပ်ငန်းလေးတစ်ခု 🤗🤗🤗ယုံကြည်စွာအပ်နှံပေးသော Customer များလဲ စီးပွားရေးများတိုးတက်ပါစေ Myanmar Modern Treasure မိသားစု မှဆုတောင်းလိုက်ပါတယ် 🌷

Office 🏠 No (945), U Shwe Kyuu Street, 42Ward,North Dagon, Yangon. (ဗိုလ်မင်းရောင်အိမ်ယာအနီး)
📞 09751231801, 09751231797

18/08/2023

တောင်ဥက္ကလာပမြို့နယ် မှာ ဆောက်လုပ်မည့် RC နှစ်ထပ်ခွဲ မင်္ဂလာစရံလေး ပေးချေသော ပုံလေးပါ ✨✨✨
👉ယခုလို ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ ယုံကြည်စွာအပ်နှံသူကလည်း အပ် 🤗လက်ခံသူများကလည်း ကြိုးစားပမ်းစား အိမ်ရှင်စိတ်တိုင်းကျ Design နဲ့ ဈေးနှုန်းလေးတွေ ညှိနှိုင်းပြီး ဆောင်ရွက်ပေးနေပါတယ်ဗျ 🥰💫💫💫
ရုံးလိပ်စာလေး ပြောင်းထားပါတယ်ဗျ👇👇👇
No (945) ,U Shwe Kyuu Street , 42 Ward, North Dagon , Yangon(ဗိုလ်မင်းရောင်အိမ်ယာအနီး)

လူကြီးမင်းတို့ သိလိုသော အကြောင်းအရာများကို မေးမြန်းလိုပါက ဖုန်းနပါတ်လေးတွေကို ဆက်သွယ် မေးမြန်းနိုင်ပါတယ်ဗျ
ကျေးဇူးတင်ပါတယ်ဗျ

📞📞 09751231801,09751231797

21/07/2023

ကျွန်တော်တို့ Myanmar Modern Treasure Company ရဲ့ ရုံးသစ်ပြောင်းရွေ့ခြင်းနှင့် ဝါဆိုသင်္ကန်း အလှုသို့ ကြွရောက်ပေးကြသော ယုံကြည်စွာ လုပ်ငန်းအပ်နှံပေးကြသည့် ကျေးဇူးရှင် အိမ်ရှင်သစ် အိမ်ရှင်ဟောင်းများအား
အထူးပင် ကျေးဇူးတင်ပါသည်ခင်ဗျာ ❤️❤️❤️

Photos from Myanmar Modern Treasure Engineering & Construction Company's post 01/05/2023

မင်္ဂလာရှိသောညချမ်းလေးပါ 🌜🌜🌜
👉🏻👉🏻👉🏻တောင်ဒဂုံProject လေးအတွက် ထပ်မံ စာချုပ်ချုပ်ခဲ့ကြတဲ့ ပုံလေးတွေ တင်ပြပေးလိုက်ပါတယ် 🤓
ယခုလို လုပ်ငန်းများ ယုံကြည်စွာနဲ့ အပ်နှံပေးကြသော အိမ်ရှင်မိသားစုများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွါးလာဘ်လာဘများ ပိုမိုကြီးပွါးတိုးတက်ပါစေလို့ Myanmar Modern Treasure Engineering & Construction Company မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ

ပိုမိုသက်သာကောင်းမွန်ပြည့်စုံသော အရည်အသွေးမှီ အဆောက်အဦးများကို တည်ဆောက်ပေးပါတယ်ခင်ဗျ 🤝🤝🤝

ဆက်သွယ်မေးမြန်းစုံစမ်းလိုပါက
📞 09751231801
09751231797
သို့ ဆက်သွယ်နိုင်ပါတယ်ခင်ဗျ
ကျေးဇူးတင်ပါတယ်ခင်ဗျာ 😇😇😇

19/04/2023

09751231801
09751231797 သို့ဆက်သွယ် မေးမြန်းနိုင်ပါတယ်ဗျာ

😳😳😳Wow wow wow🤩🤩🤩
🍁🍂မြန်မာ့နှစ်သစ်ကူး တန်ခူးလ သင်္ကြန်အခါသမယလေးမှာ ကျွန်တော်တို့Myanmar Modern Treasure မှ လူကြီးမင်းတို့အတွက် အထူးအစီအစဉ်လေးရှိပါတယ်ဗျ 🥳🥳🥳
👉🏻👉🏻👉🏻 April 8 ရက်နေ့မှ April 27 ရက်အတွင်း စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းဆောင်ရွက်ဖြစ်မည်ဆိုပါက စုစုပေါင်း လုပ်ငန်းလက်ခံတန်ဖိုး​၏ 3% မှ 5% အထိ Cashback ပြန်ရမည်ဖြစ်​ကြောင်း သတင်း​​ေကာင်းလေး ပါးပေးလိုက်ပါတယ်နော်
🎊🎊🎊
😉😉😉Cashbackလေးတွေရယူနိုင်ဖို့ Promotion ကာလလေးအတွင်း အမြန်ဆုံးဆက်သွယ်လိုက်တော့နော် ☺️☺️☺️
📞 09751231801
📞 09751231797
🏡 အမှတ် ၁၄၄၃ B4 ငါးလွှာ၊ စေတနာ (၁)လမ်း၊ ၄၃ရပ်ကွက် ၊ မြောက်ဒဂုံ။

19/04/2023

🎋🎋🎋ဟုတ်ကဲ့ မြန်မာ့နှစ်သစ်ကူး အချိန် သမယလေးမှာ မြန်မာပြည်သူအပေါင်း မင်္ဂလာအပေါင်းနဲ့ ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်လိုက်ရပါတယ်ဗျာ 🌹🌹🌹
👉🏻👉🏻👉🏻Myanmar Modern Treasure Engineering & Construction Company ရဲ့ ကာလလေးလည်း ကုန်ဆုံးခါ နီးပြီမို့ အမြန်ဆုံး ဆက်သွယ်နိုင်ပါကြောင်း ထပ်မံ သတင်းကောင်း ပါးပေးချင်ပါတယ် 😁😁😁🌼🤩🤩🤩လိုချင်တာလေးလည်းရ စျေးလေးကလည်းတန် ရှယ်တန်တန် Promotionလေး ရရှ်ိဖို့ 09751231801 , 09751231797 သို့ အမြန်ဆုံးဆက်သွယ်လိုက်တော့နော်
🥸🥸အောက်ကပုံလေးက ချစ်ခင်ရသော လူကြီးမင်းတို့ကို စတာပါ စတာပါ အတည်ပြောတာပါ 😙😙

13/04/2023

🪷🪷တန်ခူးလရဲ့ မဟာသင်္ကြန်အကြိုနေ့လေးမှာ 🪷🪷
Myanmar Modern Treasure Construction မိသားစုရဲ့ မိတ်ဟောင်း မိတ်သစ်များ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး နှစ်သစ်အလှုအတန်းများလည်း ပိုမိုလှုတန်းလုပ်ဆောင်နိုင်ကြပါစေ 🌼🌼🌼
💐နှစ်ဟောင်းမှ အညစ်အကြေးများ ကုန်စင်ပြီး နှစ်သစ်မှ စလို့ စိတ်သစ်လူသစ် အကြံဉာဏ်သစ်များနဲ့အတူ စီးပွားလာဘ်လာဘများ တိုးပွားကြပါစေ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ကျွန်တော်တို့ Myanmar Modern Treasureမိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ 🍂🍂🍂

Photos from Myanmar Modern Treasure Engineering & Construction Company's post 12/04/2023

☀️☀️☀️ဟုတ်ကဲ့ လာပါပြီဗျာ ☺️☺️☺️
ကျွန်တော်တို့ Myanmar Modern Treasure မှတန်ခူးလရဲ့ Promotion အမှီ အိမ်အပ်သွားခဲ့ပါပြီဗျာ 🤩🤩🤩
👉🏻👉🏻👉🏻ဒီကနေ့လေးကတော့ မင်္ဂလာရှိသော စာချုပ်ချုပ် စရံငွေ အပ်နှံသော ပုံလေးတွေ ဝေမျှလိုက်ပါတယ်ဗျ 🥰
💫💫💫ယခုလို နှစ်သစ်ကူးတန်ခူးလလေးမှာ MMTထံ ယုံကြည်စွာလုပ်ငန်းအပ်နှံပေးကြသော လူကြီးမင်းတို့စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွားလာဘ်လာဘများတိုးပွားကြပါစေလို့ ကျွန်တော်တို့ Myanmar Modern Treasure Engineering & Construction Company မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ဗျ ❤️❤️❤️

လူကြီးမင်းတို့လည်း တန်ခူးလ Promotion လေးအမှီ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ဗျ
📞 09751231801
📞 09751231797

06/04/2023

😳😳😳Wow wow wow🤩🤩🤩
🍁🍂မြန်မာ့နှစ်သစ်ကူး တန်ခူးလ သင်္ကြန်အခါသမယလေးမှာ ကျွန်တော်တို့Myanmar Modern Treasure မှ လူကြီးမင်းတို့အတွက် အထူးအစီအစဉ်လေးရှိပါတယ်ဗျ 🥳🥳🥳
👉🏻👉🏻👉🏻 April 8 ရက်နေ့မှ April 27 ရက်အတွင်း စာချုပ်ချုပ်ဆိုပြီး လုပ်ငန်းဆောင်ရွက်ဖြစ်မည်ဆိုပါက စုစုပေါင်း လုပ်ငန်းလက်ခံတန်ဖိုး​၏ 3% မှ 5% အထိ Cashback ပြန်ရမည်ဖြစ်​ကြောင်း သတင်း​​ေကာင်းလေး ပါးပေးလိုက်ပါတယ်နော်
🎊🎊🎊
😉😉😉Cashbackလေးတွေရယူနိုင်ဖို့ Promotion ကာလလေးအတွင်း အမြန်ဆုံးဆက်သွယ်လိုက်တော့နော် ☺️☺️☺️
📞 09751231801
📞 09751231797
🏡 အမှတ် ၁၄၄၃ B4 ငါးလွှာ၊ စေတနာ (၁)လမ်း၊ ၄၃ရပ်ကွက် ၊ မြောက်ဒဂုံ။

Photos from Myanmar Modern Treasure Engineering & Construction Company's post 02/04/2023

မင်္ဂလာပါခင်ဗျာ 💕💕💕
မြောက်ဒဂုံ site လေး မြေသန့်ပန္နက်ရိုက်သော ပုံလေးတွေ တင်ပြပေးလိုက်ပါတယ် 🤗🤗🤗
👌🏻👌🏻👌🏻ယခုလို ကုန်ပစ္စည်းများစျေးနှုန်းများ တက်နေသော်လည်း ကျွန်တော်တို့ Myanmar Modern Treasure Construction Co.,ltd မှ တိကျမှန်ကန်သော အရည်အသွေးမှီ ကုန်ပစ္စည်းများနဲ့ ဆောက်လုပ်ဆောင်ရွက်လျက်ရှိပါတယ် 😊😊😊😊
လူကြီးမင်းတို့ တည်ဆောက်လိုသော အရည်အသွေးများနဲ့ အဆောက်အဦးပုံစံများအား ဆက်သွယ်ဆွေးနွေးလိုပါက
📞📞 09751231801 သို့ ဆက်သွယ်နိုင်ပါတယ်ဗျ 😍❤️

Photos from Myanmar Modern Treasure Engineering & Construction Company's post 17/03/2023

မင်္ဂလာမနက်ခင်းပါခင်ဗျာ ☺️☺️☺️
ကျွန်တော်တို့ Myanmar Modern Treasure မှ March လပိုင်းတွင် ဆောက်လုပ်မည့် အဆောက်အဦးပုံစံလေးအား တင်ပြလိုက်ပါတယ် 😇😇😇
✨✨✨ လူကြီးမင်းတို့ ခန့်မှန်းငွေကြေးနဲ့ တိကျသက်သာထိုက်တန်သော အဆောက်အဦးများအား ကျွန်တော်တို့ Myanmar Modern Treasure မှ လူကြီးမင်းတို့ စိတ်ကြိုက် ဆောက်လုပ်ပေးနေပါသည်။
🌟🌟🌟 အသေးစိတ်မေးမြန်းစုံစမ်းလိုပါက
📞 09751231801 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။
မင်္ဂလာရှိသော နေ့လေးဖြစ်ပါစေဗျာ 😇😇😇

Photos from Myanmar Modern Treasure Engineering & Construction Company's post 14/03/2023

🌼🌼🌼ကုန်ပစ္စည်းစျေးနှုန်းလေးတွေ တက်နေတဲ့ကြားက မှန်ကန်သက်သာသော PAE စျေးနှုန်း အသစ်များနဲ့ MMT ပြန်လာပါပြီဗျာ 🤩🤩🤩
👉👉Customer များရဲ့ အထူးယုံကြည်မှုများဖြင့် တည်ထောင်ထားသော ကျွန်တော်တို့ MMT မှ လူကြီးမင်းတို့ စိတ်တိုင်းကျသည်အထိ မှန်ကန်တိကျသော စျေးနှုန်းများဖြင့် တည်ဆောက်ပေးနေပါတယ်ဗျ 🖐🖐🖐
🫰လူကြီးမင်းတို့ တည်ဆောက်လိုသော အဆောက်အဦးအကျယ် အနေအထားအား MMT မှ ကျွမ်းကျင်ပညာရှင်များနှင့် ဆွေးနွေးပြီး လူကြီးမင်းတို့ သတ်မှတ်ထားသော ငွေကြေးပမာဏနဲ့ ညှိနှိုင်းတည်ဆောက်နိုင်ပါတယ်ဗျ 🏘🏡🏢

📞📞 ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးလိုပါက
09751231801 သို့ ဆက်သွယ်နိုင်ပါတယ်

10/01/2023

ယုန်ဖြူလေးက တောင်ခြေက လှိုင်ဂူတစ်ခုရှေ့မှာစာရေးနေတယ်။
မြေခွေးတစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”
ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

မြေခွေးက မယုံဘူး၊ ဒါနဲ့ ယုန်က မြေခွေးကိုလှိုဏ်ဂူထဲခေါ်သွားတယ်။
ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲကပြန်ထွက်လာတယ်၊

စာဆက် ရေးတယ်။

တောဝက်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”

ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က တောဝက်ကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကိုလှိုဏ်ဂူထဲခေါ်သွားတယ်။

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီးထိုင်နေတယ်၊ အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..



ဒဿန ~~ လူတစ်ယောက်ရဲ့ စွမ်းရည်ရှိမရှိထက် အဲဒီလူက ဘယ်သူနဲ့လက်တွဲလုပ်နေသလဲအပေါ်မူတည်တယ်၊ သင်ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် သူဌေး Background မကောင်းရင်အလကားပဲ၊ တစ်ခါတစ်လေ စိုက်ထုတ်မှုထက် ရွေးခြယ်မှုက အများကြီးအရေးပါတယ်၊ တစ်ချက်အရွေးမှားသွားတာနဲ့ နောက်က ကြိုးစားသမျှအချည်းအနှီးပဲ၊ သင်ရွေးခြယ်တဲ့ ကုမ္ပဏီနဲ့ သူဌေးက Backgroundတောင့်ရဲ့လား...

အပိုင်း (၂)

ယုန်ဖြူလေးက ဒီအကြောင်းကို သူ့သူငယ်ချင်းကို လွှတ်ခနဲပြောပြမိလိုက်တယ်၊ သတင်းက ချက်ချင်းကြီး တောအုပ်ထဲမှာ ပျံ့နှံ့သွားတယ်၊ ခြင်္သေ့ကြီးက ဒေါသအရမ်းထွက်သွားတာပေါ့၊

“ ဒီတစ်ပတ်အတွင်း ငါ့ကို အစာမပို့ပေးနိုင်ရင် မင်းကိုသတ်စားပစ်မယ်” လို့ ခြိမ်းခြောက်တယ်

ဒါနဲ့ ယုန်ကလေးက မှိုင်တိုင်တိုင်လေးနဲ့ လှိုဏ်ဂူဝမှာ စာဆက် ရေးတယ်။

ဒရယ်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်.. “မင်းဘာအကြောင်းရေးနေတာလဲ”

ယုန်ကပြန်ဖြေတယ် [{ အားနွဲ့တဲ့ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုဘယ်လိုသတ်စားလိုက်တယ်}] ဆိုတဲ့အကြောင်းလေး.. ။

ဒရယ်က တဟက်ဟက်နဲ့ရယ်ပြီးပြန်ပြောတယ်.. “ တစ်တောတောင်လုံးဒီအကြောင်း သိနေပြီ.. မင်းအကွက်ကရိုးနေပြီ.. ဒါတွေ မြို့မှာသွားပြော.. ဟဟ”

ယုန်ကပြန်ဖြေတယ် “ အဲဒီလို တစ်တောတောင်လုံးသိကုန်လို့ပေါ့ ကိုဒရယ်ကြီးရယ်.. ခြင်္သေက ကျနော့်ကို အလုပ်ဖြုတ်မယ်လုပ်နေတယ်၊ ကျနော့်အစား အခြားတစ်ယောက်လိုတယ်တဲ့၊ ကိုဒရယ်ကြီး ဒီရာထူးကို မလိုချင်ဘူးလားဗျာ..”

ဒရယ်တွေဝေသွားတယ်.. နောက်လက်ခံလိုက်တယ်၊ ယုန်နဲ့တူတူ လှိုဏ်ဂူထဲဝင်ပြီးခြင်္သေ့ကြီးကိုသွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။

ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်၊

စာဆက်ရေးတယ်။ မြင်းတစ်ကောင်ထပ်လာတယ်၊ ခုနလိုပဲပြောပြီးအထဲထပ်ခေါ်သွားတယ်၊

နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..

< ဘယ်လိုအခြေအနေပဲရောက်ရောက် Marketing ကောင်းရင် သူဌေးအတွက် ရလာဒ်ဆိုတာ ရှိစမြဲပဲ >

ဒဿန ~~ မိမိတို့ရုံးက ကိစ္စအပြင်မပေါက်ကြားပါနဲ့၊ ပေါက်ကြားမိပြီဆိုရင် အလားတူအတိုင်း အစွမ်းထက်တဲ့ နည်းနဲ့ အမြန်ဆုံးပြန်ဖာထေးသင့်တယ်၊ ဝန်ထမ်းကောင်းက သူဌေးအတွက် တီထွင်ဖန်တီးမှု အိုင်ဒီယာ အမြဲရှိနေရမယ်၊ သူဌေးက မင်းဖန်တီးတဲ့လမ်းကိုနှစ်ခြိုက်နေပြီဆိုရင်တော့ မင်းရဲ့ ပန်းတိုင်ဟာ မဝေးတော့ပါဘူး။

အပိုင်း (၃)

ခြင်္သေ့ကြီးက တစ်နေ့တစ်ခြား ပိုပိုကြီးထွားလာတယ်၊ ယုန်ကလေး ဆက်သတဲ့အစာကို သူစားမဝတော့ဘူး၊ ဒါနဲ့ ယုန်ကိုထပ်ခြိမ်းခြောက်တယ်၊
“ ငါ့ရဲ့ အစာလိုအပ်မှုက ခါတိုင်းထက် နှစ်ဆဖြစ်သွားပြီ၊ ခါတိုင်း ၄ရက်ကို တစ်ကောင်စားတယ်၊ အခု ၂ရက်ကို ၁ကောင်စားမယ်၊ တကယ်လို့ တစ်ပတ်အတွင်းမှ မပြောင်းလဲပေးနိုင်ဘူးဆိုရင် ငါမင်းကိုသတ်စားရလိမ့်မယ်” တဲ့။

ဒါနဲ့ ယုန်က လိုဏ်ဂူဝက ထွက်ခွာသွားတယ်၊ တောအနက်ကြီးထဲပြေးဝင်သွားတယ်၊ တစ်နေရာရောက်တော့ တောင်ဆိတ်နဲ့တွေ့တယ်၊ “ အားနွဲ့တဲ့ ယုန်ဖြူငယ်လေးတစ်ကောင်က မြေခွေးကိုသတ်စားလိုက်တာယုံလား..” တောင်ဆိတ်မယုံဘူး၊ ဒါနဲ့ တောင်ဆိတ်ကို လှိုဏ်ဂူထဲထိလမ်းပြခေါ်ဆောင်သွားတယ်။

ခဏကြာတော့ ယုန်တစ်ကောင်တည်းထွက်လာတယ်၊ ခုနလိုပဲ တောနက်ထဲထပ်ဝင်သွားတယ်၊ သိုးတစ်ကောင်နဲ့ထပ်တွေ့တယ်၊ အဲလိုနဲ့ပဲ အလားတူကိစ္စမျိုး ထပ်မံဖြစ်ပွားတယ်ပေါ့။

လတ်စသတ်တော့ တောနက်ထဲမှာ ယုန်နဲ့ခြင်္သေ့တို့အကြောင်းကို မသိကြသေးဘူးတဲ့၊

လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးနေရင်း ယုန်ကလေး လာပို့တဲ့စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ်..

< အထိုင်လုပ်ငန်းကနေ ရွေ့လျားလုပ်ငန်းပြောင်းခြင်းရဲ့ တိုးတက်မှု>

ဒဿန ~~ စျေးကွက်ကိုမနားတမ်းထိုးဖောက်ပါ၊ မတူညီတဲ့နေရာဒေသကို လုပ်ငန်းထိုးဖောက်ခြင်းဟာ မထင်မှတ်တဲ့ရလာဒ်ကောင်းတွေရနိုင်တယ်ဆိုတာယုံပါ၊ တကယ်လို့ မထိုးဖောက်ချင်ခဲ့ရင်တောင် စိတ်ပြေလက်ပျောက်ထသွားကြည့်ပါ။

အပိုင်း (၄)

အချိန်ကာလတွေကြာလာတာနဲ့တစ်ပြိုက်နက် စားလိုက်အိပ်လိုက်နဲ့ ခြင်္သေ့ကြီးဟာ တစ်နေ့ တစ်ခြားဝ,ဝ လာတယ်၊ ဒါနဲ့ အပြင်ထွက်လမ်းလျှောက်ကြည့်မယ်လို့ဆုံးဖြတ်လိုက်တယ်၊ ဂူဝလည်းရောက်ကော သူ့ကိုယ်လုံးက ဂူဝထက် မတရားကြီးမားနေတာကိုတွေ့တယ်.. ဘယ်လိုမှထွက်လို့မရတော့ဘူး..။

ယုန်က ဂူဝကနေခြင်္သေ့အဖြစ်ကို ကြည့်ပြီးရယ်ပြီးပြောတယ်..
“နောက်ဆုံးတော့ ငါမျှော်လင့်နေတဲ့ရက်က ရောက်လာပြီပဲ.. ဒီနေ့က စပြီး ငါဘာပြောပြော မင်းနားထောင်ရမယ်၊ တစ်နေ့ မနက်တစ်ခါ ညနေတစ်ခါ ဂူအတွင်းကနေ ဟိန်းသံ ပေးရမယ်၊ နို့မို့ စားဖို့အစာမပို့ပေးတော့ဘူး”

ခြင်္သေ့ကြီးက မဆိုင်းမတွဘဲ" ရပါတယ်၊ ရပါတယ်.. ငါ့ကိုစားစရာသာပို့ပေးရင် မင်းဘာခိုင်းခိုင်းလုပ်ပေးပါ့မယ် ” ဒီအချိန်မှာ ယုန်ထပ်ရေးထားတဲ့စာကြောင်းတိုလေးကို တွေ့လိုက်ရတယ်

“ဗျူဟာရဲ့ အဆုံးမှာ ခွန်အားကြီးတဲ့သူတောင် ပညာရှိတဲ့သူကိုဝပ်တွားရတာပဲလေ” တဲ့။

ဒဿန ~~ ဝန်ထမ်းကောင်းတစ်ယောက်ဖြစ်သွားပြီဆို ဘယ်သူဌေးမှ လက်လွတ်မခံတော့ပါဘူး၊ အဲအချိန်ကျရင် အခြား ကုမ္ပဏီပြောင်းမလား သူဌေးကို လစာပဲတိုးခိုင်းမလား မင်းစိတ်ကြိုက်ပေါ့၊ မင်းနာမည်က ဟိုးတစ်လေးကျော်နေပြီပဲလေ။

ဂူထဲမှာ အမြဲအောင်းနေတဲ့ သူဌေးမလုပ်မိပါစေနဲ့၊ အမြဲ အပြင်လောကနဲ့ထိတွေ့ဆက်ဆံပါ၊ ဝန်ထမ်း စပယ်ယာပတ်ကိုခန့်ပါ.. :-P ပထမလူတော်သလို ဒုတိယ ပညာသင်ဝန်ထမ်းကိုလည်းတော်အောင်လုပ်ပါစေ၊ ဒါမှ နှစ်ယောက်လုံး အလုပ်မြဲနေမှာပါ၊ ဝန်ထမ်းဗိုလ်ပြန်ကျတာမခံချင်ရင် နားကိုစွင့်ပါ၊ ဝန်ထမ်းထက်ကြိုမြင်တတ်ပါ၊ နို့မို့ ဝန်ထမ်း ပြန်ရောင်းစားခံရမှာ အမှန်ပင်။

ဇတ်သိမ်း။

ယုန်ရဲ့နာမည်က ကြီးသတဲ့ထက်ကြီးလာခဲ့တယ်၊ တောထဲမှာ သူပြီး ဘယ်သူမှမရှိတော့ဘူး၊ ခြင်္သေ့ကတောင် သူ့ကိုကြောက်နေရတာအားလုံးသိသွားတယ်၊

ဒါနဲ့ပဲ တောထဲမှာ ယုန်က စတင်မွှေပါလေကော၊ အပေါ်အနိုင်ကျင့်၊ အောက်အနိုင်ကျင့်နဲ့၊ ခြင်္သေ့အသံနဲ့ လုပ်စားနေတယ်ပေါ့၊
နောက်ဆုံးတစ်နေ့မှာ အဲဒီနာမည်ကြီးတဲ့ယုန်ကို မုဆိုးက အရှင်လတ်လတ်ထောင်ဖမ်းသွားတယ်၊ ဂူဝမှာ စာတိုလေးပြန်ကပ်ထားခဲ့တယ်

“ တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်”

ဒဿန ~~ မိမိကိုယ်မိမိဘဝမမေ့ပါစေနဲ့။ မိမိထက်သာတဲ့ပြိုင်ဘက်က မိမိကိုအသာလေးအလဲထိုးနိုင်မယ်ဆိုတာသိထားပါ။ အောက်ခြေမလွတ်ပါနဲ့၊ မိမိထက် ရာထူးနိမ့်သော သူများကို တလေးတစားဆက်ဆံပါ၊ မမောက်မာပါနဲ့၊ တစ်ယောက်ယောက်နဲ့ ချွန်ပြီးခြေထိုးခံရကိန်းရှိသည်။

နိဂုံး။

တောထဲမှာ အရင်ကလိုပုံမှန်ပြန်ဖြစ်သွားတယ်၊ ယုန်နဲ့ခြင်္သေ့အကြောင်းနဲ့ ယုန်ကမြေခွေးကိုစားတဲ့ ပုံပြင်တွေလည်းမေ့ကုန်တယ်။

အရမ်း.. အရမ်းကိုကြာပြီးတဲ့နောက်မှာ ကျားပျိုလေးက ဒီပုံပြင်လေးကို ပြန်ကြားမိသွားတယ်.. အရမ်းလည်း စိတ်အားထက်သန်သွားတယ်၊

မျောက်တစ်ကောင်ကိုဖမ်းလိုက်ပြီး အဲဒီလိုလုပ်ဇတ်ဖန်တီးကြမယ်.. မလုပ်ဘူးဆိုရင် သတ်ပစ်မယ် ခြိမ်းခြောက်တယ်။

မျောက်လည်း သဘောတူလိုက်တယ်.. ဒါနဲ့ ကျားက သဘောကျပြီး လှိုဏ်ဂူကြီးထဲဝင်သွားတယ်၊ လိုဏ်ဂူထဲမှာ မျောက်ကို စောင့်နေလိုက်တာ သုံးရက်လုံးလုံး တစ်ကောင်မှ လာမပို့ဘူး.. မအောင့်နိုင်တော့တာနဲ့ ဂူပြင်ထွက်ကြည့်တယ်.. လတ်စသတ်တော့ မျောက်မသားက လစ်သွားတာကြာပြီ.။
မြေကြီးပေါ်မှာ စာတိုလေးတစ်စောင်ထားခဲ့တယ်။

< သူဌေးတစ်ယောက်ဖြစ်ဖို့ ဝန်ထမ်းကိုဘယ်လိုစည်းရုံးရမလဲ အရင်နားလည်အောင်လုပ်ပါဦးလို့ >

ဒဿန~~ လုပ်ဆောင်မှုတိုင်းဟာ လူတိုင်းအပေါ် အသုံးမတည့်ကြပါဘူး.. ခေတ်ကာလရဲ့ပြောင်းလဲမှု၊ အခွင့်အရေးရဲ့အချိန်အပ်စပ်မှုရှိမရှိကို မသိဘဲ ရှေးရိုးထုံးကြီးလမ်းစဉ်နောက်ကိုလိုက်မိရင်တော့ ရှုံးနိမ့်ရမှာ မလွဲမသေပင်။

- Credit to Original Uploader
>> ဗဟုသုတများစွာမျှဝေကြမယ်

22/12/2022

22.12.2022ရက်နေ့ ကရင်နှစ်သစ်ကူးနေ့မှာ မြန်မာနိုင်ငံသူ/သားအားလုံး ချမ်းသာပျော်ရွှင်ပါစေကြောင်း MMT Companyမှဆုတောင်းပေးလိုက်ပါတယ်။

10/11/2022

မြောက်ဥက္ကလာရှိ ဆိုဒ်လေး အိမ်ရှင်ထံ လက်ဆောင်ကျောက်စီပန်းချီကားလေးအပ်နှံခဲ့သော ပုံလေးပါ 🥰🥰🥰🥰
ယုံကြည်မှုနှင့် အပ်နှံပေးခဲ့သော အိမ်ရှင်မိသားစုများ စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး စီးပွါးလာဘ်လာဘ တိုးတက်ပါစေလို့ MMT မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင့် ❤️❤️❤️

09/10/2022

ယနေ့ သီတင်းကျွတ် လပြည့်နေ့ အခါသမယလေးမှာ ဦးဦး ဒေါ်ဒေါ် ဘိုးဘိုး ဘွားဘွား မောင်နှမ အားလုံး စိတ်ရွှင်လန်း ချမ်းမြေ့ပါစေလို့ MMT မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင် 🥰🥰🥰🥰

03/09/2022

RC နှင့် Steel Structure ခြားနားချက်

R.C နဲ့ Steel Structure နှစ်ခုလုံးမှာ -
load transfer method က တူတူပါပဲ။
သို့သော် R.C က သံကူကွန်ကရစ်
Steel Structure ကတော့ Mild Steel ဆိုပြီး တည်ဆောက်ခြင်းဆိုင်ရာ အသုံးပြု ပစ္စည်းအမျိုးအစားကွာပါတယ်။

R.C
ဝန်အားတွေကို သံကူဘိလပ်မြေကွန်ရစ်တွေကနေမြေကြီးပေါ်ကို သက်ရောက်စေပါတယ်

Steel Structure
ဝန်အားတွေကို Steel Member တွေကတစ်ဆင့် မြေကြီးပေါ် သက်ရောက်စေပါတယ်။

R.C
ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ၏ ပုံစံအရွယ်အစားတွေဟာ ကြီးမားပါတယ်။

Steel Structure
ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ အစိတ်အပိုင်းများ၏ ပုံစံအရွယ်အစားတွေဟာ R.C ထက် သေးငယ်ပါတယ်။

RC
ငလျင်ဒဏ်နဲ့ လေအားခံနိုင်ရည်ကတော့ နည်းပါတယ်။

Steel Structure
ငလျင်ဒဏ်နဲ့ လေအားခံနိုင်ရည် အားသာပါတယ်။

RC
Tensile strength က Steel Structure နဲ့ ယှဥ်ရင် နည်းပါတယ်။

Steel Structure
Tensile strength အ​နေဖြင့် RC တွေထက် အားသာချက်ရှိနေပါတယ်။

RC
လုပ်သားလိုအပ်ချက် ပိုပြီးများပါတယ်။ intensive ဖြစ်တယ်ပေါ့။

Steel Structure
လုပ်သားလိုအပ်မှုနည်းပြီး အလုပ်ရုံတစ်ခုတည်းမှာပဲ ကြိုတင် ထုတ်လုပ်ရေး ဆောင်ရွက်နိုင်မှု အားသာပါတယ်။

RC
Construction လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုကြာတတ်ပါတယ်။

Steel Structure
Construction လုပ်ငန်းဆောင်ရွက်ချိန် ပိုမိုမြန်ဆန်မှု ရှိပါတယ်။

RC
သံချေးတက်ခြင်းအတွက်စိတ်ပူစရာမလိုအပ်ပါဘူး။
သို့သော်လည်း လုပ်ငန်းဆာင်ရွက်စဥ် ဂရုစိုက်မှု အားနည်းခဲ့လျှင် ပြန်လည်ပြုပြင်မှုအတွက် မူလတည်ဆောက်ခြင်း ကုန်ကျစရိတ်ထက်ပင် ပိုနေတတ်ပါသေးတယ်။

Steel Structure
Steel structure ကတော့ သေချာပါတယ် အချိန်တစ်ခုကြာရင် သံချေးတက်မှာပါ။
(ကြိုတင်ကာကွယ်ခြင်းများ ဆောင်ရွက်ရန်လိုအပ်။)

RC
ပြန်လည်ပြုပြင်မှုအတွက် ကုန်ကျစရိတ်ပိုတယ်။
ပြုပြင်မှုအတွက်လည်း ခက်ခဲတယ်။

Steel Structure
ပြန်လည်ပြုပြင်မှု ကုန်ကျစရိတ် သက်သာတယ်။
ပြုပြင်မှုအတွက်လည်း လွယ်ကူပါတယ်။

RC
သက်တမ်းအားဖြင့် အရေးကြီး ဆုံးဖြတ်ရပေမဲ့ တည်ဆောက်မှု နည်းပညာ အရမ်းကြီး ဆုံးဖြတ်ရ
မခက်ခဲပါ။

Steel Structure
သက်တမ်းအားဖြင့် အရေးကြီး ဆုံးဖြတ်ရသလို တည်ဆောက်မှု နည်းပညာဟာလည်း အရမ်းအရေးကြီးပါတယ်။

RC
ဆောက်လုပ်မှုအတွက် ကျွမ်းကျင်လုပ်သားအပြင်
မကျွမ်းကျင်သူများလည်း ပေါများစွာ ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။

Steel Structure
ကျွမ်းကျင်လုပ်သားများသာ အဓိက ဦးစားပေး ဆောင်ရွက်ခြင်းပြုလုပ်ရန် အလေးပေးပါတယ်။

RC
ဆောက်လုပ်မှုဟာ ရိုးရှင်းပေမဲ့ မပေါ့ဆသင့်ပါ။

Steel Structure
တည်ဆောက်မှုလုပ်ငန်းဟာ ကြီးမား လေးလံတဲ့ အရာတွေကြောင့် သယ်ဆောင်ရန်၊ အသုံးပြုရန်ခက်ခဲခြင်း ပြဿနာများ ကြုံတွေ့နိုင်စေပါတယ်။

RC
အလေးချိန်အားဖြင့် ပိုမိုလေးလံပါတယ်။
(Whole Building)

Steel Structure
အလေးချိန်အားဖြင့် နည်းပါတယ်။

RC
မီးလောင်ဒဏ်ကို ပိုမိုကြာရှည်အောင် ခုခံထားနိုင်စွမ်းရှိပါတယ်။

Steel Structure
မီးလောင်မှုအား ခံနိုင်ရည်အလွန် နည်းပါတယ်။

RC
ဆောက်လုပ်နေစဥ်အတွင်း ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းများအား ဂရုစိုက်ကြည့်ရှုရန် အချိန်နဲ့အမျှ အရေးကြီးနေပါတယ်။

Steel Structure
ဆောက်လုပ်နေစဥ်အတွင်း ကွန်ကရစ်သွန်းလောင်းခြင်း လုပ်ငန်းများမှအပ အချိန်နဲ့အမျှ ​ဂရုစိုက်နေရန် မလိုအပ်ပေ။

RC
အရည်အသွေးထိန်းရတာခက်ပါတယ်။
(Curing of Conc;)

Steel Structure
အရည်အသွေးထိန်းရတာ ပိုကောင်းနေပြန်ပါတယ်။

RC
ကျောက်ပုံးကျောက်ခွက်အတွက် လိုအပ်ချက်နှင့် လုပ်အား အလွယ်တကူရရှိနိုင်တဲ့ နေရာမျိုးတွေမှာ ကုန်ကျမှု သက်သာစေပါတယ်။

Steel Structure
တကယ်တမ်းကောင်းကောင်းလိုချင်ရင် ကုန်ကျမှုစရိတ် ပိုများပါတယ်။ 😇
ဥပမာ
သံချေးတက်ခြင်းကာကွယ်ရန် မီးလောင်ဒဏ်ခံခြင်းအတွက် ထပ်ဆောင်း ကုန်ကျစရိတ်တွေပေါ့။

RC
ကျွတ်ဆတ်ခြင်းကြောင့် ရုတ်တရက်
ပြိုကျမှုဖြစ်ခဲ့သော် အလွန် အန္တရာယ်များပါတယ်။

Steel Framed Structure
နန်းဆွဲခံနိုင်ခြင်းကြောင့် ရုတ်တရက် ပြိုကျခြင်းခက်ခဲပါတယ်။ (တလွဲ မလုပ်ရင်ပေါ့) 😇

RC
တည်ဆောက်မှုဆိုင်ရာ member ပုံစံများမှာ စတုရန်း၊ ထောင့်မှန်စတုဂံ၊ စက်ဝိုင်း၊ L ပုံစံများ၊ T ပုံစံများရှိတတ်ပါတယ်။

Steel Structure
တည်ဆောက်မှုဆိုင်ရာ member ပုံစံများမှာ I ပုံစံများ၊ L ပုံစံများ၊ C ပုံစံများ၊ T ပုံစံများရှိတတ်ပါတယ်။
Credit



😇😇Engineering ဗဟုသုတများ နှင့် MMT ၏လုပ်ငန်းခွင်ဆောက်လုပ်ရေး လုပ်ငန်းစဉ်များကို ထပ်မံသိရှိလေ့လာလိုပါက Myanmar Modern Treasure page လေးကို like and follow လေး လုပ်ပေးထားပါရှင့် 🥰🥰🥰

31/08/2022

သစ်လုံး သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း
-----------------------------------------------------

သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

သစ်လုံးကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် လက်မကိုတည် ၄ နှင့်စား၊ ရလဒ်သည် ဒုဗြက်လက်မဖြစ်သည်။ ဒုနှင့်ဗြက်ကိုမြှောက်၊ သစ်လုံးအလျားနှင့် ဆက်မြှောက်ရသော အဖြေကိုတည်၍ ၇၂၀၀ နှင့်စားလ ျှင် အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့် စားလ ျှင် ကုဗပေရသည်။

ဥပမာ - သစ်လုံးပတ် ၆၀ လက်မ ၊ အရှည် ၃၂ ပေရှိသော သစ်လုံးကို တန်ဖွဲ.လိုလ ျှင်

၆၀/၄ = ၁၅ ဒုနှင့်ဗြက်လက်မ

တွက်နည်း (၁)

(၁၅ x ၁၅ x ၃၂) / ၇၂၀၀ = ၇၂၀၀/၇၂၀၀ = ၁ တန်

တွက်နည်း (၂)

(၁၅ x ၁၅ x ၃၂) / ၁၄၄ = ၇၂၀၀/၁၄၄ = ၅၀ ကုဗေပ

၅၀ ကုဗပေ = ၁ တန်

သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

(သစ် ၁ တန် = ၁” x ၁” ပတ်လည် ၇၂၀၀ ပေ)

သိလိုသော သစ်အရွယ်အစား၏ ဒုနှင့်ဗြက်ကို မြှောက်၍ရသော ရလဒ်နှင့် ၇၂၀၀ ကိုစားရသောအဖြေသည်သစ်တစ်တန်၏ ပေအရှည်ဖြစ်သည်။

တွက်နည်း (၁)

၄ x ၂ = သစ်တစ်တန်ရှိပေရှည်ကို သိလိုသော်

၄ x ၂ = ၈

၇၂၀၀ / ၈ = ၉၀၀ ပေ

( ၄ x ၂ ) သစ်တစ်တန်မှာရှိသောပေအရှည် = ၉၀၀ ပေ

သစ်ခွဲသားများကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် တွက်လိုသည့်သစ်ခွဲသား၏ ဗြက်နှင့်ဒုကို မြှောက်ပြီးနောက်သစ်တစ်တန်ရှိ ၅၀ ကုဗပေနှင့် ထပ်မြှောက်ပြီးလ ျှင် ၇၂၀၀ နှင့်စားခြင်းဖြင့် ကုဗပေများကိုရရှိမည်။ အကြွင်းရှိလ ျှင်မပြတ်မချင်း (သုည) ထိုး၍ ဆက်စားခြင်းဖြင့် ဒသမများကို ရရှိမည်။

တွက်နည်း (၂)

၄ x ၂ သစ်ခွဲသား ပေ ၉၀၀ ကို ကုဗပေ မည်မ ျှရှိကြောင်း တွက်ချက်ရာတွင်

(၄ x ၂ x ၉၀၀ x ၅၀) / ၇၂၀၀ = ၅၀ ကုဗေပ

Unicode

သစ်လုံး သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း
-----------------------------------------------------

သစ်လုံးကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

သစ်လုံးကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် လက်မကိုတည် ၄ နှင့်စား၊ ရလဒ်သည် ဒုဗြက်လက်မဖြစ်သည်။ ဒုနှင့်ဗြက်ကိုမြှောက်၊ သစ်လုံးအလျားနှင့် ဆက်မြှောက်ရသော အဖြေကိုတည်၍ ၇၂၀၀ နှင့်စားလျှင် အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့် စားလျှင် ကုဗပေရသည်။

ဥပမာ - သစ်လုံးပတ် ၆၀ လက်မ ၊ အရှည် ၃၂ ပေရှိသော သစ်လုံးကို တန်ဖွဲ.လိုလျှင်

၆၀/၄ = ၁၅ ဒုနှင့်ဗြက်လက်မ

တွက်နည်း (၁)

(၁၅ x ၁၅ x ၃၂) / ၇၂၀၀ = ၇၂၀၀/၇၂၀၀ = ၁ တန်

တွက်နည်း (၂)

(၁၅ x ၁၅ x ၃၂) / ၁၄၄ = ၇၂၀၀/၁၄၄ = ၅၀ ကုဗေပ

၅၀ ကုဗပေ = ၁ တန်

သစ်ခွဲသားများကို ကုဗပေနှင့်တန်ဖွဲ.ခြင်း

(သစ် ၁ တန် = ၁” x ၁” ပတ်လည် ၇၂၀၀ ပေ)

သိလိုသော သစ်အရွယ်အစား၏ ဒုနှင့်ဗြက်ကို မြှောက်၍ရသော ရလဒ်နှင့် ၇၂၀၀ ကိုစားရသောအဖြေသည်သစ်တစ်တန်၏ ပေအရှည်ဖြစ်သည်။

တွက်နည်း (၁)

၄ x ၂ = သစ်တစ်တန်ရှိပေရှည်ကို သိလိုသော်

၄ x ၂ = ၈

၇၂၀၀ / ၈ = ၉၀၀ ပေ

( ၄ x ၂ ) သစ်တစ်တန်မှာရှိသောပေအရှည် = ၉၀၀ ပေ

သစ်ခွဲသားများကို ကုဗပေနှင့် တန်ဖွဲ.ရာတွင် တွက်လိုသည့်သစ်ခွဲသား၏ ဗြက်နှင့်ဒုကို မြှောက်ပြီးနောက်သစ်တစ်တန်ရှိ ၅၀ ကုဗပေနှင့် ထပ်မြှောက်ပြီးလျှင် ၇၂၀၀ နှင့်စားခြင်းဖြင့် ကုဗပေများကိုရရှိမည်။ အကြွင်းရှိလျှင်မပြတ်မချင်း (သုည) ထိုး၍ ဆက်စားခြင်းဖြင့် ဒသမများကို ရရှိမည်။

တွက်နည်း (၂)

၄ x ၂ သစ်ခွဲသား ပေ ၉၀၀ ကို ကုဗပေ မည်မျှရှိကြောင်း တွက်ချက်ရာတွင်

(၄ x ၂ x ၉၀၀ x ၅၀) / ၇၂၀၀ = ၅၀ ကုဗေပ

Photos from Myanmar Modern Treasure Engineering & Construction Company's post 21/08/2022

🫧🫧8လပိုင်းကုန်တွင် အပ်နှံတော့မည့် မြောက်ဥက္ကလာခေမာသီ(၁)လမ်းရှိ 3ထပ်foundation နှစ်ထပ်ခွဲရင်ကွဲအဆောက်ဦး၏ လက်ရှိပြီးစီးမှု အခြေအနေအားသိရှိနိုင်ရန်ဖော်ပြပေးလိုက်ပါတယ်ရှင့် 😚😚

ယုံကြည်မှုများနှင့် အပ်နှံကြသော အိမ်ရှင် လူကြီးမင်းများ၏ နေအိမ် အဆောက်အဦးများအား MMT မှ အထူး ဂုဏ်ယူစွာဖြင့် တည်ဆောက်ပေးနေပါသည် ။ 🥰

အသေးစိတ်မေးမြန်းလိုပါက 🛎09751231801 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။ 😘😍

ရုံးခန်း လိပ်စာလေးကတော့ 🏠မြောက်ဒဂုံ ၊၄၃ရပ်ကွက် ၊စေတနာ(၁)လမ်း ၊ အမှတ် ၁၄၄၃ အခန်း B4 ငါးလွှာ 👣☝🏻

🌟🌟🌟”ဒီဇိုင်းလှပ ၊ စျေးလည်းတန် ၊ စိတ်ချမ်းသာစေရမည် ၊ ကျွန်ုပ်တို့ MMT” 🌟🌟🌟

21/08/2022

MMT မှ
👉Purchasing နှင့် စာရင်းပိုင်း နှစ်ခုအား တွဲဖက်လုပ်ကိုင်နိုင်သော ဝန်ထမ်း (မ ) (၂)ဦး

👉 Site Engineer ကျား / မ (၂) ဦး

👉 Store keeper ကျား (၁)ဦး

အထက်ပါ Position များအတွက် ဝန်ထမ်းများ အလိုရှိသည် ။

Cv form အား MMT gmail သို့ ပို့နိုင်ပါသည်

📩 [email protected]

Photos from Myanmar Modern Treasure Engineering & Construction Company's post 18/08/2022

🤗🤗🤗 ၄၃ရပ်ကွက် ၊ ဗိုလ်မင်းရောင်လမ်းမကြီးပေါ်ရှိ ခြံအမှတ် (၃) အား MMT မှ ကွင်းဆင်း၍ survey ဆင်းနေသော ပုံလေးတွေကို တင်ပြလိုက်ပါတယ်ရှင့် 😚😚

ယုံကြည်မှုများနှင့် အပ်နှံကြသော အိမ်ရှင် လူကြီးမင်းများ၏ နေအိမ် အဆောက်အဦးများအား MMT မှ အထူး ဂုဏ်ယူစွာဖြင့် တည်ဆောက်ပေးနေပါသည် ။ 🥰

အသေးစိတ်မေးမြန်းလိုပါက 🛎09751231801 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည် ။ 😘😍

ရုံးခန်း လိပ်စာလေးကတော့ 🏠မြောက်ဒဂုံ ၊၄၃ရပ်ကွက် ၊စေတနာ(၁)လမ်း ၊ အမှတ် ၁၄၄၃ အခန်း B4 ငါးလွှာ 👣☝🏻

🌟🌟🌟”ဒီဇိုင်းလှပ ၊ စျေးလည်းတန် ၊ စိတ်ချမ်းသာစေရမည် ၊ ကျွန်ုပ်တို့ MMT” 🌟🌟🌟

Photos from Myanmar Modern Treasure Engineering & Construction Company's post 13/08/2022

MMT မှ 👉မြောက်ဒဂုံမြို့နယ် ၄၂ရပ်ကွက် ပီမိုးနင်းလမ်းတွင် စတင်တည်ဆောက်နေသောRC တစ်ထပ်အိမ်ကလေး၏ မြေသန့် ပန္နက်ရိုက် ပုံလေးတွေ တင်ပြပေးလိုက်ပါတယ်ရှင် 😇

🤩🤩ယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံပေးပါသော အင်ဂျင်နီယာအကိုတို့ မိသားစုလေးလည်း စီးပွါးလာဘ်လာဘများ တိုးပွါးပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေလို့ MMT မိသားစုမှ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🥰🥰🥰

🤔ခန့်မှန်းကုန်ကျစရိတ်နဲ့ 🤝 ထပ်တူကျပြီး လူကြီးမင်းတို့ စိတ်တိုင်းကျ 💯 တိကျ၊ မြန်ဆန်၊ လှပ၊ ခိုင်ခံ့မှုရှိအောင် တည်ဆောက်ပေးနိုင်ပြီး ကျွမ်းကျင်တဲ့ ကန်ထရိုက်တာ ရှာနေရင်တော့ 💁‍♀️"မြောက်ဒဂုံမြို့နယ်" က

❣️MMT Engineering & Construction❣️ ကိုသာ ယုံကြည်စွာ အပ်နှံလိုက်ပါရှင်

❣️ဒီဇိုင်းလှပ၊ ​စျေးလည်းတန်၊ စိတ်ချမ်းသာ ​စေရမည် ကျွန်ုပ်တို့ MMT❣️

💫MYANMAR MODERN TREASURE💫

🏠 အမှတ် (1443), စေတနာ(၁)လမ်း၊ Room B4 5th Floor ,(၄၃) ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်။

📲Hot Line: 09 751231801
☎️ Office No: 09452285510 , 09 751231801
, 09751231797


&Construction

19/07/2022

19 JULY “၇၅ ကြိမ်မြောက် အာဇာနည်နေ့ “

ယနေ့ကျရောက်သော အာဇာနည်နေ့တွင် ကျရှုံးသွားသော အာဇာနည်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း
နှင့် တကွ အာဇာနည်ခေါင်းဆောင်များကို MMT မှ လေးစားစွာဖြင့် အလေးပြု ဂါရဝ ပြုပါသည်

#အာဇာနည်နေ့

11/07/2022

“ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်း သိကောင်းစရာ”

++++++++++++++++++++++++++++++

၀ါဆိုလပြည့်နေ့ကို ဓမ္မစကြာ အခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်း ဖြစ်ပါသည်။

ဓမ္မစကြာ တရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် ဝါဆိုလပြည့်နေ့ နေ၀င်လထွက်အချိန်၌ ပဉ္စ၀ဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ၀န်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါပါဠိတော်၌ ပဉ္စ၀ဂ္ဂိယ ကထာ-အမည်ဖြင့် လာရှိပါသည်။
ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန ဝါရ-အမည်ဖြင့် လာရှိပါသည်။
မဟာ၀ဂ္ဂသံယုတ် ပါဠိတော်၌ ဓမ္မစက္ကပ၀တ္တန သုတ္တ-အမည်ဖြင့် လာရှိပါသည်။

ဓမ္မစက္ကပ၀တ္တန၏ အဓိပ္ပါယ်မှာ တရားတည်းဟူသော အသိစက်ကို ဖြစ်စေ၊ လည်စေတော်မူခြင်း-ဟု အဓိပ္ပါယ် ရပါသည်။
(ဓမ္မစက္က=တရားတော်။ ပ၀တ္တ=ဖြစ်စေ၊ လည်စေခြင်း။)

ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကသုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။ ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှာ
(အစွန်း ၂-ခု) ကို ရှောင်ကြဉ်ရေး၊ မဇ္ဈိမပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာ၀င် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင်အာရုံစိုက်၍ ရွတ်ဖတ် သရဇ္ဈာယ်တော်မူကြပါသည်။ အမြို့မြို့ အရွာရွာ၌ ဓမ္မစကြာ အသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။

( ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ )

မြန်မာ့ရိုးရာ ၁၂-လရှိသည့်အနက် ဝါဆိုလပြည့်နေ့သည်-
၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသောနေ့ဖြစ်၍ ထူးခြားခြင်း။
၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း။
၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍ ထူးခြားခြင်း။
၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့ဖြစ်၍ ထူးခြားခြင်း။
၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း။

အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာ၀င် သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်ခြင်းအားဖြင့် ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့-ကို ဆင်နွှဲ ပြုလုပ်ကြပါသည်။

Credit - Shwe Nyar Thar

မကြာခင်ရောက်ရှိတော့မည့် ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာလေး မျှဝေလိုက်ပါတယ်။

***********************************

ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာများ

ဝါဆိုလပြည့်ဆိုတာ မြန်မာတွေအတွက် အရေးပါလှတဲ့ နေ့လေးတစ်နေ့ပါ။ ဂေါတမမြတ်စွာဘုရား တရားဦးဟောကြားခဲ့သော ဓမ္မစင်္ကြာတရားကြောင့် ဗုဒ္ဓအလင်းရောင်တွေ ထိန်လင်းခဲ့ပါသည်။ ဓမ္မစင်္ကြာ အခါတော်နေ့ဟာ သစ္စာလေးပါးနဲ့ အမှန်တရားကို ဟောပြ ခဲ့တဲ့ နေ့ထူးနေ့မြတ် ဖြစ်ပါသည်

၀ါဆိုလပြည့်နေ့ရာဇ၀င်

ဟိုးရှေးရှေးတုန်းက… မြတ်စွာဘုရားလက်ထက်မှာ ရဟန်းသံဃာအများစုသည် မိုးတွင်းကာလမှာ စိုက်ပျိုးထားသည့် စပါးခင်းများထဲကို ဖြတ်သန်းလေ့ရှိတာကြောင့် စပါးခင်းတွေ ပျက်ဆီးခဲ့ရပါသည်။ အဲဒီအကြောင်းကို ရွာသူရွာသားများက မြတ်စွာဘုရားကို တိုင်ကြားကြပါသည်။ မြတ်စွာဘုရားသည် စပါးပင်တဲ့စိုက်တဲ့အချိန်ကနေ စ၍ စပါးပင်တွေ မှည့်တဲ့ အချိန်ထိတိုင်အောင်.. ရဟန်းသံဃာများကို မိမိသီတင်းသုံးနေသောကျောင်းမှ ဘယ်နေရာကိုမှ ညအိပ်ညနေသွားခွင့်မရှိပဲနဲ့မိမိကျောင်းမှာပဲ သီတင်းသုံးကာ တရားအားထုတ်ဖို့ အချိန်သုံးလသတ်မှတ်ခဲ့ပါသည်။ ထိုကာလကို ဝါတွင်းသုံးလလို့ ခေါ်ပါသည်။ အဲဒါကြောင့်မို့ဒီဝါတွင်း သုံးလအတွင်းမှာ ရဟန်းသံဃာများဟာ ဘယ်မှဝေးဝေးလံလံ မသွားဘဲနဲ့ ကိုယ့်ကျောင်းမှာပဲ တရားဒေသနာများကို သင်ချအားထုတ် လေ့လာ ဆည်းပူးနိုင်ပါသည် လို့ စည်ကမ်းသတ်မှတ်ခဲ့ပါသည်။

၀ါဆိုသင်္ကန်း

၀ါဆိုသင်္ကန်း- ဆိုတာ ဝါတွင်းကာလ(မိုးကာလ)၌ မိမိတို့ကျောင်းအသီးသီးတွင် သီတင်းသုံးနေထိုင်သည့် သံဃာတော်များအား လှူဒါန်းသည့်သင်္ကန်းလို့ ပြောနိုင်မယ်ထင်ပါသည်။ ဘုရားရှင် ဟောကြားတဲ့ ပါဠိတော်များမှာ ဝါဆိုသင်္ကန်းကို ဝဿာဝါသိက သာဋိက-လို့ ဟောထားပါသည်။ ပါဠိအင်္ဂလိပ်အဘိဓာန်မှာတော့ a cloak for use in the rainy season- လို့ဖွင့်ပါသည်။ တိပိဋက ပါဠိအဘိဓာန်က ဝဿာဝါသိက- မိုးကာလ၌ နေလေ့ရှိသော ရဟန်း သာဋိက-အ၀တ်(သင်္ကန်း) – မိုးကာလ၌ မိမိတို့ကျောင်းတွင် နေလေ့ရှိသောရဟန်းတို့အား ပေးလှူအပ်သော သင်္ကန်းလို့ ဖွင့်ပါသည်။
၀ါမဆိုမီကာလမှာ ဝါဆိုသင်္ကန်းကို ကပ်လှူလေ့ရှိသည်။ ဝါတွင်းကာလမှာ အရင်ကထက်ပိုလို့ စာသင်စာချ(ပရိယတ်) တရားထိုင်တရားပြ(ပဋိပတ်) လုပ်တဲ့သံဃာတော်တွေကို ဝါဆိုသင်္ကန်းဆိုပြီး ကျွန်တော်တို့ ထေရဝါဒဗုဒ္ဓဘာသာ၀င်တွေက လှူဒါန်းကြပါသည်။

ပြန်လည်ကူးယူ ဒါနပြုခြင်းဖြစ်ပါသည်။
Credit: 🙏🙏🙏 #မဟာဓမ္မ

07/07/2022

ပန်းရံ ၊လက်သမား၊ ရေ ၊မီး ၊ဆေး ၊ကြွေပြား၊ပါကေး ၊အလူမီနီယမ် Etc ….. Construction နှင့် ပတ်သတ်သော လုပ်ငန်းစိတ်များအား စိတ်ဝင်စားသော Company လေဘာ ကန်ထရိုက်များ ဆက်သွယ်နိုင်ပါသည် ။

02/07/2022

MMT ရဲ့ Promotion ကာလအတွင်း လူကြီးမင်းတို့ရဲ့ လိုအပ်ချက်များအတွက် ကူညီဆောင်ရွက်ပေးခွင့်ရပြီး ကျေနပ်နှစ်သက်ကြသော တစ်ဦးချင်းတစ်ယောက်ချင်းစီတိုင်းအား MMT မိသားစုမှ အထူးကျေးဇူးတင်ပါတယ်ရှင်🥰🥰🥰🥰🥰

Photos from Myanmar Modern Treasure Engineering & Construction Company's post 28/06/2022

Bedroom Interior Design လေးတွေ မျှဝေပေးလိုက်ပါတယ်ရှင်🥰🥰🥰

💎MYANMAR MODERN TREASURE💎

🏠 အမှတ် (1443) ၊စေတနာ(၁)လမ်း၊ အခန်း ( B 4 ) ၅လွှာ ၊ (၄၃) ရပ်ကွက်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်၊ ရန်ကုန်။

📲Hot Line: 09 452285510
☎️ Office No: 09751223789, 09751231797.


&construction

12/04/2022

မနက်ဖြန်ခါ ကျရောက်တော့မယ့် ၁၃၈၄ နှစ်သစ်ကိုကြိုဆိုသော မြန်မာ့သင်္ကြန်အခါအကြိုနေ့ကို
ကျွန်မတို့ Myanmar Modern Treasure Engineering & Construction Company မှ ကြည်နူးခြင်းများစွာဖြင့်ကြိုဆိုလိုက်ပါတယ် 🥰🥰🥰🥰
နှစ်သစ်မှစ ကျန်းမာခြင်း ချမ်းသာခြင်း ကံကောင်းခြင်းများစွာဖြင့် ပြည့်စုံပါစေကြောင်း ကျွန်မတို့ မိသားစုမှ ဆုတောင်းပေးလိုက်ရပါတယ်ရှင့် 🎀🎊

Want your business to be the top-listed Engineering Company in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address


Yangon

Other Construction Companies in Yangon (show all)
Shwe Nan Daw Shwe Nan Daw
Yangon

အိမ်ဆောက်ပစ္စည်းနှင့်အိမ်အလှဆင်ပစ?

Shwe Pyae Hein Construction Shwe Pyae Hein Construction
No. 173/59, Ground Floor, Shwe Ta Sote Street, (2) Quater, Mayangone Township
Yangon, 11061

Build Your Dream With Us!

Than Tun Aung ဆောက်လုပ်ရေးကုမ္ပဏီ Than Tun Aung ဆောက်လုပ်ရေးကုမ္ပဏီ
ကျန်စစ်မင်းအိမ်ယာ
Yangon

လူကြီးမင်းများစိတ်တိုင်းကျအဆောက်ဦးများကိုဆောက်လုပ်ပေးပါတယ်။

Mahar Shwe Aoe Gyi Company Mahar Shwe Aoe Gyi Company
No(38B), 10th Floor, Sabae Phyu Condo, Zawana, Thingangyun
Yangon, 11071

To become the leading construction firm, while delivering projects that consistently exceed international standards and provide exceptional customer satisfaction.

Evolve Engineering & Construction Evolve Engineering & Construction
No. 29 Gyo Phyu Street
Yangon, 11221

MA Group. Glass & Aluminum Co.,Ltd MA Group. Glass & Aluminum Co.,Ltd
North, Okkalapa (North)
Yangon, 11031

M+A Group is the partner company of Yadanabon Glass. We are leading experts in Glass & Aluminium

APMK Construction APMK Construction
No(No49), Anawmar (2) Street, (13) Ward, South Okkalapa Township
Yangon, 0011

Construction PAE (Plinth Area Estimation ) Construction. Renovation Design (Archi, Structure, M&E)

SE PWAR TUN Co.,Ltd SE PWAR TUN Co.,Ltd
229, Naykyar Street, Pale(3), Mingalardon
Yangon

အိုးအိမ်တိုက်တာဆောက်ကြဖို့ စီးပွားထွန်းနှင့်လက်တွဲဆို့

HTIKE YI Construction & Interior Decoration HTIKE YI Construction & Interior Decoration
No 339, Ground Floor, Between 39st & 40th Street. Maharbandulla Road Kyauktada
Yangon, 11182

“ကျွန်တော့်တို့ စိတ်ထားနဲ့ တူညီသော အကျိုးကိုသာ ပြန်လည်ရရှိ ခံစားရပါစေ”

Rehoboth Steelweld Engineering Rehoboth Steelweld Engineering
Yangon, 11121

MSWE Provides process plant construction,maintenance & inspection of equipment,piping and welding.

SHINE STAR Construction & Decoration SHINE STAR Construction & Decoration
Kyiemyintdine Nat Sin Street
Yangon