Eastern Breeze

Diagnostic Lab,X ray and USG

12/01/2024

ဝိတ်တက်အောင်ဆိုပြီး အသားတွေ အများကြီးစား မိနေပြီလား ????

အခုနောက်ပိုင်း ကျန်းမာရေး နှင့်ပတ်သက်ပြီး လူတော်တော်များများ ဂရုပြုလာတာ ကိုတွေ့မိပါတယ်။ အခု ဆို ရန်ကုန် မန္တလေး မော်လမြိုင်တို့လို မြို့ကြီးမပြောနဲ့ တခြား နယ်မျို့လေးတွေ မှာ ပါ Gym တွေရှိလာကြပါတယ်။ ဒါကိုကြည့်ခြင်း အားဖြင့် လူတွေ ကျန်းမာရေး အမြင် ပိုမြင်လာတယ်ဆိုတာ သိနိုင်ပါတယ်။ ဒါပေမယ့် ဝမ်းနည်းစရာ ကောင်းတာကတော့ ကျန်းမာရေး အတွက် ကိုယ်လက်လှုပ်ရှား အားကစား က အရေးကြီးသလို မိမိ စားနေတဲ့ စားသောက်တဲ့ ပုံစံ ကလည်း ကျန်းမရရေး နဲ့ အများကြီး နှီးနှော ဆက်နွယ်နေတာကို တော့ သိပ်ဂရုမပြုမိကြပြန်ပါဘူး။

အထူးသဖြင့် အခုခေတ်က လည်း six pack ရအောင် လုပ်တဲ့ ခေတ်ဆိုတော့ protein အငားဓါတ်တွေ များများ စား တဲ့ အပြင် protein supplement တွေ သောက်လာကြပါတယ်။ တချို့တချို့သော Gym ကစားနေတဲ့ သူတွေ တော်တော်ကြီး လွဲမှားစွာ အသားတွေ စားတာ၊ protein supplement တွေ သောက်တာကို စိတ်မကောင်းဖွယ်တွေ့ရပါတယ်။

တကယ်တော့ protein supplement ဆိုတာ သောက်တော့မယ်လို့ ဆုံးဖြတ်ပြီးရင် အာပာရ ကို ကျွမ်းကျင်ပိုင်နိုင်တဲ့ သူနဲ့ အရင်ဆုံး သေချာဆွေးနွေး တိုင်ပင်ပြီးမှ သောက်ရမှာပါ။ အာပာရပညာရှင် နဲ့ တွေ့ပြီး မိမိ လတ်တလော ရှိနေတဲ့ အလေးချိန်၊ ရှိသင့်တဲ့ အလေးချိန်၊ လတ်တလော ခံစားနေရတဲ့ ရောဂါ ဝေဒနာ စတာတွေ ကို သေချာ အရင် တိုင်ပင်သင့်ပါတယ်။

သုံးစွဲသူများလာတာနှင့် အမျှ supplement တွေကလည်း အမျိုးအစားတော်တော် လေးများလာပါတယ်။ ဒါပေမယ့် များသောအား ဖြင့် သူတို့ အခြေ ခံ ပြီး ထည့်ထားတာ ကတော့ protein အသားဓါတ်ပါပဲ။ အသားဓါတ်ကို နည်းမျိုးစုံ ပုံပြောင်းပြီး ထုတ်ထားတာ လို့ အလွယ်ပြောရင် မမှားပါဘူး။

အမျိုးအစား များလာတာနှင့် အမျှ ဘာတွေ ဖြစ်လာနိုင်လဲ ဆိုတော့ အများသိတဲ့ အတိုင်း ပိုက်ဆံတော့တော်တော်လေးကုန်ပါတယ်။ ဒါကတော့ သောက်နေတဲ့ သူတိုင်း သတိထားမိမှာပါ။ ဘာကြောင့်လဲ ဆိုတော့ တစ်ဗူး တစ်ဗူး စျေးက နည်းမှ မနည်းတာပဲ။ နောက် တစ်ခု အနေနဲ့ ကျန်းမာရေး အမြင် ဘက်က ကြည့်ရင်တော့ အသားဓါတ် protein တွေက လိုအပ်တဲ့ ပမာဏ ထက် အဆများစွာပိုပြီးစား မိနေကြပါတယ်။ ဘာကြောင့်လဲ ဆိုတော့ အားလုံး နီးပါးသော အများ အခေါ် pre work out နှင့် post work out သောက်နေကြတာတွေ က protein ကိုပဲ အဓိက အခြေခံပြီး နည်းမျိုးစုံ ပုံစံမျိုးစုံ နာမည်မျိုးစုံ နဲ့ ထုတ်ထားတဲ့ အတွက်ကြောင့်ပါ။

Protein အစားများရင် ဘာတွေ ဖြစ်တတ်လဲ ဆိုတော့ ကျောက်ကပ်ပျက်စီး နိုင်ပါတယ်။ အသားဓါတ် protein ရဲ့ နောက်ဆုံးစွန့်ပစ် ပစ္စည်း ပာ Urea (ယူရီးယား) လို့ခေါ်တဲ့ ဓါတ်ပစ္စည်း တစ်မျိုးပါ။ urea ို ကျွန်တော်တို့ ကျောက်ကပ် က urine (ဆီး) ထဲ မှာ စွန့်ထုတ်ပေးပါတယ်။ အသားဓါတ် တွေ အများကြီးစားရင် စွန့်ပစ် ပစ္စည်းဖြစ်တဲ့ Urea ကလည်း အဆမတန် များလာပါတယ်။ ဒါကို အစမှာတော့ ခန္ဓာကိုယ် ရဲ့ ဇီဝကမ္မ ဖြစ်စဉ် အရ အဆမတန်များလာတဲ့ urea ကို ဆီးကနေ စွန့်ထုတ်ပေးပါတယ်။ နောက်ပိုင်းမှာတော့ ကျောက်ကပ်ရဲ့ လုပ်နိုင်စွမ်း (Renal Function) တဖြည်းဖြည်း ကျလာပြီး နောက်ဆုံးမှာ တော့ ကျောက်ကပ် အလုပ်မလုပ် (Renal Failure) နိုင်တဲ့ အဆင့် ထိ ရောက်သွားနိုင်ပါတယ်။

သွေးတွင်းမှာ ယူရီးယား များလာရင် ဘာတွေ ဖြစ်တတ်လဲ
1. အသားအရေယားယံ လာခြင်း
2. ကြွက်သားတွေ နာလာခြင်း
3. အစားအသောက် ပျက်ခြင်း
4. အော့အန်ခြင်း
5. မူးဝေခြင်း
6. ဝိတ်မချဘဲ ဝိတ်ကျလာခြင်း
7. အမြင် အာရုံ ဝေဝါးလာခြင်း
8. စိတ် ကစဉ့်ကလျား ဖြစ်ခြင်း
9. အရင်ကထက် ပိုမောလာခြင်း၊ ရေဆာလာခြင်း
စတာတွေ ဖြစ်တတ်ပါတယ်။

ဒါဆို protein(အသားဓါတ်) ကို ဘယ်လောက် စားလို့ရလဲ????

မိမိရဲ့ ကိုယ် အလေးချိန် (ကီလိုဂရမ်) ကို နှစ် နှင့် မြှောက်ပြီး ထွက်လာတဲ့ အဖြေ ကို gram တပ်လိုက်တဲ့ ပမာဏ ထက်ပို မစားသင့်ပါဘူး။

ဥပမာ - အလေးချိန် ၆၀ ကီလိုဂရမ် ရှိတဲ့သူဆိုပါစို့၊ ၆၀*၂ = ၁၂၀ ဂရမ် ထက် ပိုပြီး အသားဓါတ် ကိုဂပိုပြီးမစားသင့်ပါဘူး။
ဒါက Gym ကို အပြင်းအထန် ကစားပြီး six pack ထွက်အောင် ကြိုးစားနေတဲ့ သူတွေ အတွက်ပါ။

သာမန်လူတွေ အတွက်ကတော့ တစ်နေ့ကို အသားဓါတ် ပမာဏ ပာ မိမိရဲ့ ကိုယ်အလေးချိန် ကို 0.8 မှ 1.2 နဲ့ မြှောက်ပြီး ထွက်လာတဲ့ ပမာဏ ထက် ပိုပြီး မစားသင့်ပါဘူး။

ဥပမာ - အလေးချိန် ၆၀ ကီလိုဂရမ် ရှိတဲ့ သာမန် လူတစ်ယောက် အတွက် ဆိုရင် အသားဓါတ် ပမာဏ 60*0.8 = 48 gram မှ 60*1.2= 72 gram အတွင်းသာ စားသင့်ပါတယ်။

Supplement တွေ မှာတော့ အမှုန့်တစ်ခွက်ထည့်ရင် protein ပမာဏ ဘယ်လောက် ဂရမ် ပါလဲဆိုတာ ကတော့ ဘူးပေါ်၊ အိတ်ပေါ် မှာ ရေးထားပါတယ်။ ဒါပေမဲ့ supplement တစ်ခုတည်း ကနေ ပရိုးဓါတ် ရတာမပာုတ်ပါဘူး။ ကျွန်တော်တို့ နေ့စဉ်စားနေတဲ့ အသား၊ ငါး၊ ဥအမျိုးမျိုး ကနေလည်း protein ဓါတ်တွေ ရပါသေးတယ်။

ဘယ်အသားတွေ မှာ အသားဓါတ် ဘယ်လောက် gram တွေပါနေလဲဆိုတာတော့ သိဖို့လိုပါသေးတယ်။

အခု ဖော်ပြထားတဲ့ အသားဓါတ် ပမာဏ တွေ က အသား ၁၀၀ ဂရမ် (6ကျပ်သား) (လက်နှစ်လုံး အရွယ် သုံးတုံး) မှာ ပါတဲ့ ပမာဏတွေ ဖြစ်ပါတယ်။

1. ကြက်သား - 20 gram
2. ဝက်သား - 24 gram
3. အမဲသား - 24 gram
4. ဆိတ်သား - 33 gram
5. ဘဲသား - 19 gram
6. ကြက်ဥ တစ်လုံး - 6 gram
7. ဆော်လမွန်ငါး - 21 gram
8. ငါးသေတ္တာ - 21 gram
9. တူနာငါး - 24 gram
10. ငါးကြင်း - 16 gram
11. ငါးခူ - 15 gram
12. တီလားဗီယား - 20 gram
13. ကကတစ်ငါး - 20 gram
14. နွားနို့ (240 ml) - 8 gram

ဒါဆို Gym တွေမှာ ဝိတ်တက်အောင် (Weight Gain) ကစားနေတဲ့ သူတွေ အာပာရ ပြည့်ပြည့် ဝဝ မျှမျှတတ စားတတ် စေဖို့ ကစီဓါတ်၊ အသားဓါတ်၊ အဆီဓါတ် တွေ ထဲ က ဘယ်လို အစားအစာ မျိုးတွေ စားသင့်လဲ ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

Carbohydrate များတဲ့ အစားအစာ အုပ်စု

(၁) ကန်စွန်းဥ
(၂) Chocolate Milk Shake
(၃) နာနတ်သီး၊ ဘယ်ရီသီး၊ ငှက်ပျောသီး၊ ကီဝီသီး
(၄) ထမင်း
(၅) Oatmeal
(၆) အာလူး
(၇) အီတလီခေါက်ဆွဲ
(၈) အစိမ်းရောင် အသီးအရွက်များ

Protein (အသားဓါတ်) ကြွယ်ဝတဲ့ အစားအစာအုပ်စု (Muscle Build အတွက် အဓိက စားသင့်ပါသည်)

(၁) ကြက်ဥ (ကြက်ဥစားမယ် ဆို အနှစ်ပါစားရင် တစ်နေ့ နှစ်လုံး ထက်မပိုသင့်ပါ။ အကာပဲစားမယ်ဆိုရင် များများ စားနိုင်ပါတယ်။)
(၂) ဒိန်ချဉ် (အဆီထုတ်ပြီး)
(၃) ဒိန္ခဲ
(၄) ဆော်လမွန် ငါး
(၅) ကြက်သား (ဝက်သား၊အမဲသား နှင့် ဆိတ်သားတို့ ကတော့ အဆီဓါတ် နှင့် ကိုလက်စထရော (Cholesterol) များတဲ့ အတွက် များများမစားသင့်ပါ)
(၆)တူနာငါး

Fat (အဆီဓါတ်) ကြွယ်ဝ တဲ့ အစားအစာများ (ကျန်းမာရေး အတွက် အကျိုးရှိမယ့် အဆီဓါတ် ကြွယ်ဝတဲ့ အစားအစာများ) (Cholesterol ကျစေပါသည်။)

(၁) ထောပတ်သီး
(၂) Nuts
(၃) မြေပဲ ထောပတ်
(၄) သစ်သီးခြောက်

ဒါကြောင့် muscle တက်ချင်တယ် ဆိုပြီး အစားအသောက်တွေ ကို ရွေးချယ်စားသောက်တဲ့ နေရာမှာ မှန်ကန်တဲ့ရွေးချယ်မှု့ ဖြစ်ဖို့ အများကြီးလိုအပ်ပါတယ်။ အရွေးမှား ရင် ကျောက်ကပ်ပျက်စီး တဲ့အထိ ဖြစ်တတ်တဲ့ အတွက် စနစ်တကျ ရွေးချယ်စားသောက် တတ်ဖို့က အဓိက သော့ချက်တစ်ခုဖြစ်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

09/01/2024

မင်္ဂလာပါခင်ဗျ 🌞🎉🎉
Eastern Breeze ဆေးခန်းမှ ကြိုဆိုလိုက်ပါတယ်
Eastern Breeze ဆေးခန်းမှ ရရှိနိုင်တဲ့ medical checkup services လေးတွေ အကြောင်း ပြောပြချင်ပါတယ်
🌞 Pre employment package
အလုပ်မဝင်မှီ Agency များ လိုအပ်ချက် အရ ဆေးစစ်ပေးခြင်း

🌞 Medical Checkup for Students who will study abroad
Singapore, Malaysia,Japan education package များ အတွက် ဆေးစစ်ပေးခြင်း

🌞 Medical Checkup packages
အသက်အရွယ် မရွေး စစ်ဆေးနိုင်မည့် ကျန်းမာရေး Package များ
အပြင်

🫀 နှလုံး ECG ဆွဲ‌နိုင်ခြင်း

☢️ ရင်ဘတ်ဓါတ်မှန်(Chest X-ray) နှင့် Ultrasound များရိုက်ခြင်း

🩸 သွေးစစ်ခြင်း ( Laboratory services) များ

ကိုလဲ တိကျမှန်ကန်စွာနှင့် အမြန်ဆုံး ဆောင်ရွက် ပေးနေပါတယ်။

🌟🌟 စိတ်ဝင်စား၍ ကျန်းမာရေးစစ်ဆေးမှုများလာရာက်ပြုလုပ်လိုပါက
09 661 222 159, 09 787 005 644 မှတဆင့် (၁) ရက်ကြိုတင် ပြီး Appointment ပြုလုပ်‌ပေးပါခင်ဗျ။

🚏ဆေးခန်းဖွင့်ချိန်အား တနင်္လာနေ့ မှ စနေနေ့ မနက် (၁၀)နာရီ မှ ညနေ (၆)နာရီထိ ဖွင့်လှစ်စစ်‌ဆေး ပေးလျက်ရှိပါသည်။

ဆေးခန်းကို ဆက်သွယ်မယ် ဆိုရင်
🗺️: အမှတ်(၁၈)၊ ကျွန်းတောလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။
☎️: 09 661 222 159, 09 787 005 466
✉️: [email protected]

06/01/2024

ဓာတ်မှန် အထူးကု ဆရာဝန်ကြီး မှ
အမေရိကန် နိုင်ငံထုတ်
GE LOGIQ V5 💻🖥️စက်သစ် ကြီးဖြင့်
USG တယ်လီဗေးရှင်း ဓာတ်မှန် ကို နေ့စဉ် တနင်္လာ နေ့မှ စနေ့နေ့ အထိ နေ့လည် ၁၂ နာရီမှ ညနေ ၂ နာရီ အတွင်း ကြည့်ရှုပေးနေပါပြီ
Facebook check in လုပ်သူများကို 10% off ထပ်ပေးပါမည် 😊😊
Eastern Breeze ရောဂါရှာဖွေရေးစင်တာ
အမှတ် ၁၈ ကျွန်းတောလမ်း စမ်းချောင်း(ကျွန်းတော AYA bank နှင့် MAB bank ရှေ့)
ဖုန်း 09661222159
09787005466
#ဓာတ်မှန်ရိုက်
#စမ်းချောင်း
#ကျန်းမာရေးစစ်ဆေး

05/01/2024

ကျွန်တော်တို့ Eastern Breeze
ရောဂါရှာဖွေရေး စင်တာ တွင်

ဓာတ်မှန် X ray Health care
အတွက် ✅✅

Digital Radiography System ဖြင့်
Xray machine (GE Healthcare)
Fujifilm computed Radiography System တို့ဖြင့် ဝန်ဆောင်မှုပေးနေပါပြီ
နောက်ဆုံးပေါ် Digital Radiography ရဲ့ အားသာ ချက်တွေ ကတော့
👍 👍Radiation exposure ကို ၈၀% အထိ လျော့ချ နိုင်ခြင်း

👍👍 ပုံထွက် ပိုမို ပြတ်သား ကောင်းမွန်ခြင်း

👍👍စက္ကန့်ပိုင်း အတွင်း ပုံရိပ် ထွက်ခြင်း

👍👍ဓာတ်မှန် ရိုက်ပေးသော ပညာရှင် အတွက်လည်း ဓာတ်ရောင်ခြည် သင့်မှု နည်းပါးခြင်း

Eastern Breeze ဆေးခန်းတွင် နောက်ဆုံးပေါ် DR system ဖြင့် ဓာတ်မှန် ရိုက်ခြင်း ဝန်ဆောင်မှု ပေးနေပါပြီ

ရိုက်ပြီးသော film ပုံ များကိုလဲ ဖုန်း Viber သို့ တိုက်ရိုက် ပို့ပေး ခြင်းလဲ ပြုလုပ်ပေးပါသည်

အမှတ် ၁၈ ကျွန်းတောလမ်း စမ်းချောင်း(ကျွန်းတော AYA bank နှင့် MAB bank ရှေ့)
ဖုန်း 09661222159
09787005466

, #ရင်ဘတ်ဓါတ်မှန်၊

05/01/2024

ကြိုတင်ကာကွယ် ရင်သားကင်ဆာ အန္တရာယ်

https://www.facebook.com/109119807474881/posts/444997060553819/?mibextid=Nif5oz

05/01/2024

ရင်သားကင်ဆာ ကြိုတင်ကာကွယ် 🎀

04/01/2024

လုပ်ငန်းခွင်၀င်နေကြတဲ့သူတွေ ဖတ်စေဖို့
===========================

၁။ တစ်ပါးသူဟာ ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိုယ့်ကို နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်က ရနိုင်မှာဖြစ်တယ်။

၂။ ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို၊ စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။

၃။ ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။

၄။ စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။

၅။ ကိုယ့်ရဲ့ အသိဥာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ ဝင့်ဝါတဲ့စိတ်ကြောင့် အသိဥာဏ်တွေ မယုတ်လျော့သွားစေနဲ့။

၆။ သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှမဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း သူ့အောင်မြင်မှုတွေ လျော့သွားမှာ မဟုတ်ဘူး။

၇။ အခွင့်အရေးကို ဖန်တီးသူဟာ ထက်မြက်သူ၊ အခွင့်အရေးကို စောင့်မျှော်သူဟာ တုံးအသူ။

၈။ သူတစ်ပါးရဲ့ အထင်အမြင်ကို အရင်နားထောင်ပါ။ကိုယ့်အယူအဆကို ထုတ်ပြောဖို့ မလောပါနဲ့။

၉။ ပုလင်းချင်းအတူတူ ဘာကြောင့် ကိုယ့်ပုလင်းထဲ အဆိပ်တွေ ထည့်ရမှာလဲ? ခံစားတတ်တဲ့ စိတ်ချင်းအတူတူ ဘာကြောင့် ကိုယ့်စိတ်ထဲ မပျော်ရွှင်တာတွေ ထည့်ရမှာလဲ?

၁ဝ။ ကိုယ့်ကိုယ်ကို ရိုးသားမှုရှိလာတဲ့အခါ လောကမှာ ဘယ်သူ့မှ ကိုယ့်ကိုလိမ်ညာလို့ မရနိုင်တော့ဘူး။

၁၁။ သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့ ကိုယ့်အပြစ်၊ ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

၁၂။ လောကမှာ ဘယ်တော့မှ သွားပုပ်လေလွှင့် အပြောမခံရတဲ့လူ မရှိသလို အမြဲတမ်းအချီးကျူးခံနေရသူလည်း မရှိဘူး။ ကိုယ်စကားများရင် အပြစ်ပြောမယ်၊ ကိုယ်စကားနည်းရင်လည်း အပြစ်ပြောမယ်၊ ကိုယ်စကားလုံးဝ မပြောဘဲ ဆိတ်ဆိတ်နေရင် လည်း အပြစ်ပြောမယ်။ ဒါကြောင့် ဒီလောကမှာ မပြောမခံရတဲ့လူဆိုတာ မရှိဘူး။

၁၃။ ဆိတ်ဆိတ်နေခြင်းဟာ မဟုတ်မမှန် သွားပုပ်လေလွှင့်သတင်းတွေအတွက် အကောင်းဆုံး အဖြေဖြစ်တယ်။

၁၄။ လူတွေက ကိုယ့်ကို ကြောက်တယ် ဒါ ဂုဏ်ယူစရာမဟုတ်ဘူး။ လူတွေက ကိုယ့်ကိုနှိမ်တယ် ဒါ ရှက်စရာမဟုတ်ဘူး။

၁၅။ တစ်ခြားသူက ကိုယ့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတာ မဟုတ်ဘူး။ ကိုယ့်က တစ်ခြားသူရဲ့ စကားကိုယူပြီး ကိုယ့်ကိုယ်ကို စိတ်အနှောင့်အယှက်ပေးနေတာ။

K.K(ကနောင်)

Check Your Diabetes Risk With Our Free Calculator👉 04/01/2024

ဆီးချို ဖြစ်နိုင်ခြေ တွက်ကြရအောင်

https://www.facebook.com/100064364364787/posts/748956047259867/?mibextid=Nif5oz

Check Your Diabetes Risk With Our Free Calculator👉 heck if you are at risk for diabetes with our user-friendly diabetes risk calculator. Try now to get your diabetes risk score!

02/01/2024

https://m.facebook.com/story.php?story_fbid=215241447505618&id=100070592935342&mibextid=Nif5oz

ိုသဘာဝအတိုင်းလျှော့ချရန်အိမ်တွင်းကုထုံးများ

🧑‍⚕️Creatinine သည် ကြွက်သားများကို အသုံးပြုသည့်အခါ ထွက်လာသည့် စွန့်ပစ်ပစ္စည်းတစ်မျိုးဖြစ်ပါတယ်။

🩺ပရိုတင်း (အသား) များများစားခြင်းသည်လည်း Creatinine အနည်းငယ်ကို ထွက်‌စေနိုင်ပါတယ်။

🩺သွေးတွင်းရှိ creatinine ကိုသွေးကြောမှတဆင့် ကျောက်ကပ်များသို့ ပို့ဆောင်ပေးကာ ခန္ဓာကိုယ်မှ ၎င်းကို ဆီးမှတဆင့် စွန့်ထုတ်ပါတယ်။

🩺သို့သော် ကျောက်ကပ်များ ကောင်းမွန်စွာ အလုပ်မလုပ်ပါက သွေးထဲတွင် creatinine ပမာဏ တက်လာပါတယ်။

🩺သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သွေးနှင့်ဆီးအတွင်းရှိ creatinine ပမာဏကို စစ်ဆေးနိုင်သည့်အပြင် ကျောက်ကပ်ကျန်းမာရေးကိုအကဲဖြတ်ရန် အခြားစစ်ဆေးမှုများကိုလည်း စစ်ဆေးနိုင်ပါတယ်။

🩺ပုံမှန်မဟုတ်သော creatinine ပမာဏသည် ကျောက်ကပ်ရောဂါ ၏ လက္ခဏာတစ်ခုဖြစ်နိုင်ပါတယ်။

🩺အောက်ပါ လက္ခဏာများရှိပါက သင်သည် creatinine စစ်ဆေးရန် လိုအပ်ပါတယ်။

❤️ဆီးသွားရာတွင်ဖြစ်သော ပြောင်းလဲမှုများ (အကြိမ်ရေများခြင်း၊ နာကျင်ခြင်း၊ အမြှုပ်ထခြင်း သို့မဟုတ် သွေးပါခြင်း)၊

❤️ကြွက်သားကြွက်တက်ခြင်း၊

❤️ပင်ပန်းနွမ်းနယ်ခြင်း၊

❤️ပျို့ချင် သို့မဟုတ် အော့အန်ခြင်း၊

❤️မျက်လုံးတစ်ဝိုက်တွင် ရောင်ရမ်းခြင်း၊

❤️ခြေဖဝါး သို့မဟုတ် ခြေချင်းဝတ်များတွင် ရောင်ရမ်းခြင်း။

🩺သင့်တွင် ကျောက်ကပ်လုပ်ငန်းဆောင်တာ ကျဆင်းသွားစေနိုင်သော သို့မဟုတ် ကျောက်ကပ်ကို ထိခိုက်စေနိုင်သော အောက်ပါအခြေအနေများရှိပါက သင်၏ ဆရာဝန်က ပုံမှန် creatinine စစ်ဆေးခြင်းကို အကြံပြုနိုင်ပါတယ်။

❤️ဆီးချိုရောဂါ၊

❤️သွေးတိုးရောဂါ၊

❤️သိုင်းရွိုက်ရောဂါ၊

❤️Autoimmune ရောဂါများ၊

❤️ကျောက်ကပ်ပိုးဝင်ခြင်း၊

❤️ဆီးလမ်းကြောင်းပိတ်ဆို့ခြင်း၊

❤️ကျောက်ကပ်ရောဂါဆိုင်ရာ မိသားစုရာဇဝင်ရှိခြင်း။

🩺Creatinine ပမာဏသည် ပြင်းထန်သောလေ့ကျင့်ခန်းများလုပ်ခြင်း သို့မဟုတ် sulfamethoxazole၊ trimethoprim သို့မဟုတ် ကင်ဆာဆေးသွင်းရာတွင်အသုံးပြုသော ဆေးဝါးများကြောင့်လည်း ခေတ္တမြင့်တက်နိုင်ပါတယ်။

🩺သင်၏သွေးထဲတွင် creatinine များနေပါက၊ သင့်ကျောက်ကပ်လုပ်ဆောင်ချက်ကိုထိခိုက်စေနိုင်သည့် ဆေးဘက်ဆိုင်ရာပြဿနာများကိုဖြေရှင်းရန် ကုသမှုအစီအစဉ်များကို စနစ်တကျလိုက်နာရန် သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် လက်တွဲလုပ်ဆောင်ရန် အရေးကြီးပါတယ်။

🩺Creatinine တက်စေသော ဆေးဘက်ဆိုင်ရာ ပြဿနာများကို ကုသရန် ညွှန်ကြားသော ဆေးဝါးများနှင့် အခြားကုသမှုများနှင့်အတူ အောက်ပါလူနေမှုပုံစံပြောင်းလဲမှုများသည် သင့်အတွက် သင့်လျော်မှုရှိမရှိကို သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ဆွေးနွေးရန် အရေးကြီးပါတယ်။

🧑‍⚕️၁။ Creatine ပါ၀င်သော ဖြည့်စွက်စာများကို မစားပါနဲ့။

🩺Creatine သည် သင့်အသည်းတွင်ပြုလုပ်ထားသော သဘာဝဒြပ်ပေါင်းတစ်ခုဖြစ်ပါတယ်။

🩺၎င်းကို စွမ်းအင်အတွက် အသုံးပြုရန်အလို့ငှာ ကြွက်သားများထံ ပို့ဆောင်ပေးပါတယ်။

🩺Creatine ကို စွမ်းအင်အဖြစ် အသုံးပြုသောအခါ၊ ၎င်း၏ စွန့်ပစ်ပစ္စည်း ဖြစ်သည့် creatinine အဖြစ်သို့ ပြောင်းသွားပါတယ်။

🩺၎င်း၏သဘာဝပုံစံအပြင်၊ creatine ကို ဖြည့်စွက်စာ အဖြစ်ရနိုင်ပါတယ်။

🩺အားကစားသမားအချို့သည် အားကစားစွမ်းဆောင်ရည်မြှင့်တင်ရန်အလို့ငှာ ဤဖြည့်စွက်စာများကို အသုံးပြုကြပါတယ်။

🩺ကျောက်ကပ်လုပ်ငန်းဆောင်တာ ကောင်းမွန်စေရန် ၎င်းတို့၏ creatinine ပမာဏကို လျှော့ချလိုသူတိုင်း creatine ဖြည့်စွက်စာများကို မသုံးသင့်ပါ။

🧑‍⚕️၂။ ပရိုတင်းစားသုံးမှုကို လျှော့ချပါ။

🩺လေ့လာမှုအရ ပရိုတင်းဓာတ် အများအပြား စားသုံးခြင်းသည် creatinine ပမာဏကို တိုးစေနိုင်ပါတယ်။

🩺အထူးသဖြင့် ချက်ပြုတ်ထားသော အနီရောင်အသားများသည် creatinine ပမာဏကို တိုးစေနိုင်ပါတယ်။

🩺ချက်ပြုတ်ခြင်းမှ အပူသည် အသားတွင်ရှိသော creatine ကို creatinine အဖြစ်ပြောင်းလဲစေပါတယ်။

🩺ပရိုတင်း(အသားဓာတ်) ပါဝင်သော အစားအစာများ အထူးသဖြင့် အနီရောင်အသားများနဲ့ နို့ထွက်ပစ္စည်းများကို များများစားသုံးသူများတွင် creatinine ပမာဏ တက်နေနိုင်ပါတယ်။

🧑‍⚕️၃။ အမျှင်ဓာတ်များများစားပါ။

🩺Creatinine ပမာဏအပေါ် အမျှင်ဓာတ်၏ သက်ရောက်မှုများကို ဆုံးဖြတ်ရန် နောက်ထပ် သုတေသနပြုရန် လိုအပ်ပါသေးတယ်။

🩺မည်သို့ပင်ဆိုစေကာမူ လေ့လာမှုတစ်ခု အရ အမျှင်ဓာတ်စားသုံးမှုကို တိုးမြင့်သော နာတာရှည်ကျောက်ကပ်ရောဂါရှိသူများတွင် Creatinine ပမာဏ သိသိသာသာ လျော့ကျသွားသည်ကို လေ့လာတွေ့ရှိခဲ့ရပါတယ်။

🩺အမျှင်ဓာတ်ကို အောက်ပါအစားအစာများစွာတွင် တွေ့ရှိနိုင်ပါတယ်။

❤️သစ်သီးများ၊
❤️ဟင်းသီးဟင်းရွက်များ၊
❤️အစေ့အဆန်များ၊
❤️ပဲပင်များ။

🧑‍⚕️၄။ အရည်မည်မျှသောက်သင့်သည်ကို သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။

🩺ရေဓာတ်ခမ်းခြောက် ခြင်းသည် Creatinine ပမာဏကို တိုးစေနိုင်ပါတယ်။

🩺ကျောက်ကပ်ရောဂါရှိသူအချို့အတွက် အရည်သောက်ခြင်းသည် ပြဿနာတစ်ခုဖြစ်နိုင်သည့်အတွက် တစ်ချို့လူနာများတွင် အရည်သောက်ရမည့် ပမာဏကို ကန့်သတ်ထားနိုင်ပါတယ်။

🩺ထို့ကြောင့် တစ်နေ့လျှင် ရေနှင့် အခြားအရည်များ မည်မျှသောက်သင့်သည့်အကြောင်း သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် ဆွေးနွေးပါ။

🧑‍⚕️၅။ ဆားစားသုံးမှုကို လျှော့ချပါ။

🩺ဆားပါဝင်သည့် အစားအစာများသည် သွေးတိုးရောဂါကို ဖြစ်စေနိုင်ပါတယ်။

🩺အထူးသဖြင့် ပြုပြင်ပြီးသော အစားအစာများ (Ready Made) တွင် ဆိုဒီယမ်နှင့် ဖော့စဖရပ်များ ပါဝင်လေ့ရှိပါတယ်။

🩺၎င်းတို့သည် ကျောက်ကပ်ဆိုင်ရာ ပြဿနာများကို ဖြစ်စေနိုင်ချေရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။

🩺ဆားအစားထိုး ဟင်းခတ်အမွှေးအကြိုင်များနှင့် သဘာဝအလျောက်ရရှိသော အသား၊ငါး၊အသီးအရွက်များကို အသုံးပြုပြီး မိမိဘာသာ အိမ်မှာ ပြင်ဆင်ချက်ပြုတ်စားတာ အကောင်းဆုံးပါပဲ။

🧑‍⚕️၆။ အကိုက်အခဲပျောက်ဆေး (NSAIDs) အလွန်အကျွံသုံးစွဲခြင်းကို ရှောင်ကြဉ်ပါ။

🩺အကိုက်အခဲပျောက်ဆေးများ (NSAIDs) ကို အလွန်အကျွံသောက်ပါက သို့မဟုတ် အကြံပြုထားသော ပမာဏထက် ကျော်လွန်‌၍‌သောက်သုံးပါက သင်၏ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ် (အထူးသဖြင့် သင့်တွင် ကျောက်ကပ်ရောဂါရှိလျှင်)။

🧑‍⚕️၇။ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။

🩺ဆေးလိပ်သောက်ခြင်းသည် နည်းလမ်းများစွာဖြင့် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

🩺ဆေးလိပ်သောက်ခြင်းသည် နာတာရှည်ကျောက်ကပ်ရောဂါ၏အန္တရာယ်ကို သိသိသာသာတိုးလာ‌ေစပါတယ်။

🩺ဆေးလိပ်ဖြတ် ခြင်းသည် creatinine ပမာဏကို တိုးလာစေသော ကျောက်ကပ်ဆိုင်ရာ ပြဿနာများ ဖြစ်နိုင်ခြေကို လျှော့ချရန် နည်းလမ်းတစ်ခုဖြစ်ပါတယ်။

🧑‍⚕️၈။ အရက်သောက်ခြင်းကို ကန့်သတ်ပါ။

🩺အရက်သောက်ခြင်းသည် ကျောက်ကပ်လုပ်ငန်းဆောင်တာနှင့် ပတ်သက်လာလျှင် အလွန်ရှုပ်ထွေးလှပါတယ်။

🩺အချို့သောလေ့လာမှုများက သင့်တင့်မျှတရုံ အရက်သောက်ခြင်းသည် နာတာရှည်ကျောက်ကပ်ရောဂါဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။

🩺တခြားလေ့လာမှုများအရ အရက်အလွန်အကျွံသောက်ခြင်းသည် ကျောက်ကပ်ကို ပျက်စီးစေနိုင်ကြောင်း ဖော်ပြထားပါတယ်။

🩺သင့်တင့်မျှတရုံ‌ဖြစ်စေ၊ အလွန်အကျွံဖြစ်စေ အရက်သောက်သုံးပါက သွေးတိုး‌ရောဂါဖြစ်နိုင်ခြေကိုတိုးစေပြီး နှင့် အရက်ကို စွဲလမ်းသွားစေနိုင်သည်ဟု ပညာရှင်များက ဆိုပါတယ်။

🩺ထို့ကြောင့် သင်သည် အရက်သောက်တတ်ပါက ကျန်းမာရေးအတွက် အသင့်တော်ဆုံးပမာဏ သို့မဟုတ် အရက်ဖြတ်ရန်လို/မလိုကို သင်၏ကျန်းမာရေးစောင့်ရှောက်မှုပေးသူနှင့် တိုင်ပင်ရန် အရေးကြီးပါတယ်။

🧑‍⚕️၉။ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း။

🩺ပင်ပန်း၍ ပြင်းထန်သော လေ့ကျင့်ခန်းပုံစံများသည် သွေးထဲတွင် creatinine အဆင့်ကို တိုးစေနိုင်ပါတယ်။

🩺ထို့ကြောင့် Creatinine ပမာဏကို လျှော့ချရန်နှင့် ကျောက်ကပ်လုပ်ဆောင်ချက်ကို ထိန်းထားနိုင်ရန် ပေါ့ပေါ့ပါးပါး လုပ်ရသော လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ပေးရပါမယ်။

🧑‍⚕️အဓိကအချက်။

🩺Creatinine ပမာဏ လွန်ကဲခြင်းသည် ပြင်းထန်သော ဆေးဘက်ဆိုင်ရာ အခြေအနေများကို ညွှန်ပြနိုင်သော်လည်း အချို့သော လူနေမှုပုံစံ သို့မဟုတ် အခြေအနေတစ်ခု၏ ယာယီအကျိုးဆက်တစ်ခုလည်း ဖြစ်နေနိုင်ပါသေးတယ်။

🩺အကယ်၍ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူသည် သင်၏ creatinine ပမာဏ မြင့်မားသည်ကို တွေ့ရှိပြီး သင့်တွင် ပြင်းထန်သော ဆေးဘက်ဆိုင်ရာ အခြေအနေများမရှိပါက၊ သင်၏ ‌နေ့စဉ်နေထိုင်လှုပ်ရှားမှုပုံစံ၊ စားသောက်မှုနှင့် ဖြည့်စွက်စာအသုံးပြုသော အလေ့အထများကို ပြောင်းလဲခြင်းဖြင့် Creatinine ပမာဏကို လျှော့ချနိုင်မည်ဖြစ်ပါတယ်။

🌼🌼🌼မည်သည့်အကြောင်းကြောင့်ဖြစ်စေ သင်၏သွေးထဲတွင် creatinine ပမာဏ များနေပါက၊ သင်၏ ကျန်းမာရေးစောင့်ရှောက်မှုပေးသူ ညွှန်ကြားသော ကျောက်ကပ်လုပ်ဆောင်ချက်ကိုထိခိုက်စေနိုင်သည့် ဆေးဘက်ဆိုင်ရာပြဿနာများကိုဖြေရှင်းရန် ကုသမှုအစီအစဉ်များကို စနစ်တကျလိုက်နာရန်သာ အရေးကြီးဆုံးဖြစ်ပါတယ်။🌼🌼🌼

❤️❤️❤️ကျောက်ကပ် ရောဂါနဲ့ ပတ်သက်တာတွေ စဉ်ဆက်မပြတ် ရေးပေးသွားမှာမို့ Like and Follow လုပ်ခဲ့ကြပါဦးနော် ❤️❤️❤️

🌟🌟🌟ဤစာကို မိတ်ဆွေတို့ ကြိုက်နှစ်သက်ပါက သို့မဟုတ် မိတ်ဆွေတို့အတွက် အကျိုးရှိသည်ဟု ခံစားရပါက Page ကို Like လုပ်ခြင်း၊ Post ကို share ပေးခြင်းဖြင့် ကူညီပေးကြပါနော်။ 🌟🌟🌟

ဒေါက်တာ ထက်အာကာ
၁၄.၁၁.၂၀၂၂

#ဒေါက်တာထက်အာကာ
#ကျန်းမာရေးဗဟုသုတ
#‌ကျောက်ကပ်ရောဂါဆိုင်ရာကျန်းမာရေးဗဟုသုတ
ျစေရန်အိမ်တွင်းကုထုံးများ

01/01/2024
29/12/2023

Zika Virus (ဇီကာ ဗိုင်းရပ်စ်)

အခုတလော Zika virus (ဇီကာ ဗိုင်းရပ်စ်) ပျံ့ပွါးမှု့ တွေ ဖြစ်နေပါတယ်။ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ထိုင်းနိုင်ငံ မှာ တော့ Zika virus (ဇီကာ ဗိုင်းရပ်စ်) ပျံ့ပွါးမှု့တွေ များနေတယ် ဆိုပြီး ထုတ်ပြန်ထားပါတယ်။

📍ဘယ်လိုကူးနိုင်လဲ?

- Aedes (အေးဒီးစ်) ခြင် ကိုက်လို့ ကူးတာပါ။ (နေ့ဘက် ကိုက်တဲ့ ခြင်ပါ)
- ကိုယ်ဝန်ဆောင်မိခင် ကနေ သန္ဓေသားဆီ
- သွေးနှင့် သွေးနှင့်ဆက်စပ် ပစ္စည်း များမှ တဆင့် (သွေးသွင်းခြင်း)
- လိင်ဆက်ဆံခြင်းမှ တဆင့်
- ရောဂါရှိသူရဲ့ ကိုယ်အင်္ဂါ အစားထိုး ကုသခြင်းမှ တဆင့် (organ transplant)

📍ရောဂါ လက္ခဏာ ဘာတွေရှိလဲ?

များသောအားဖြင့် ရောဂါ လက္ခဏာ မပြပါဘူး။ ပြခဲ့ရင်လဲ ရောဂါကူးစက်ပြီး ၃-၁၄ ရက် ကြာမှ ပေါ်တတ်ပါတယ်။

- ဖျားခြင်း
- အင်ပြင်ထခြင်း
- မျက်စိနာခြင်း
- ကြွက်သားနာခြင်း
- အဆစ်အမြစ် နာကျင် ကိုက်ခဲခြင်း
- နုံးချိခြင်း
- ခေါင်းကိုက်ခြင်း

ဖြစ်ပြီဆိုရင် ရောဂါ လက္ခဏာ တွေကတော့ ၂-၇ ရက်ထိ ကြာတတ်ပါတယ်။ ရောဂါ လက္ခဏာ တွေက တခြား virus ရောဂါ တွေ နဲ့တူတာဖြစ်လို့ ဓါတ်ခွဲခန်း အဖြေနဲ့ မှ Zika virus (ဇီကာ ဗိုင်းရပ်စ်) ဟုတ်မဟုတ် ဆုံးဖြတ်နိုင်ပါတယ်။

📍နောက်ဆက်တွဲ ဆိုးကျိုးများ

1. ကိုယ်ဝန်ဆောင် မိခင် ကူးဆက်ပါက - ကလေး မှာ ဦးခေါင်းပုံမှန်ထက် သိသိသာသာ သေးခြင်း (microcephaly) နှင့် တခြားမွေးရာပါ အကြားအာရုံ ချို့တဲ့ခြင်း၊ အမြင်အာရုံချို့တဲ့ခြင်း၊
2. သားလျှောခြင်း
3. လမစေ့ဘဲ မွေးခြင်း
4. ကလေး အသက်မပါ ပဲ မွေးခြင်း (still birth)
5. Guillain-Barré syndrome (အာရုံကြောထိ တဲ့ ရောဂါ) (လူကြီး)
6. ကြွက်သားယောင်ခြင်း (လူကြီး)

စတာတွေဖြစ်တတ်ပါတယ်။

📍ဘယ်လို ကုသမလဲ?

ဗိုင်းရပ်စ် ရောဂါဖြစ်လို့ တိတိကျကျ ကုသ စရာ မရှိပါဘူး။

- ကိုယ်ပူရင် အဖျားကျဆေးသောက်ပါ
- ရေများများသောက်ပါ
- အာဟာရပြည့်အောင်စားပါ

📍ဘယ်လို ကာကွယ်ကြမလဲ?

ကာကွယ်ဆေးမရှိသေးပါ

- နေ့လည်နေခင်း အိပ်ရင် ခြင်တောင် ထောင် အိပ်ပါ
- ဖြစ်နိုင်ရင် နေ့လည်နေ့ခင်း ခပ်ပါးပါး အင်္ကျီလက်ရှည်၊ ဘောင်းဘီ လက်ရှည် ဝတ်ပါ
- ခြင်ဇကာပိတ်ထားပါ
- Zika virus (ဇီကာ ဗိုင်းရပ်စ်) အဖြစ်များသည့်နေရာတွင် နေပါက ကျန်းမာရေးဝန်ထမ်း နှင့် သေချာ တိုင်ပင်ပြီးမှ ကလေး ယူဖို့ စဉ်းစားသင့်ပါတယ်။

အားလုံးပဲ ဂရုစိုက်ကြပါ

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#ဇီကာ #ဗိုင်းရပ်စ်

26/12/2023

We never know the love of a parent until we become parents ourselves.
ကိုယ်တိုင်မိဘ မဖြစ်မချင်း မိဘ ကျေးဇူး ကို သေချာ မသိသေးပါ 💝💝👍👍

25/12/2023

အသားတွေကို ရေသိပ်မဆေးနဲ့ အသား အချိုပေါ့သွားမယ် 🤔🤔🤔🤔

ငယ်ငယ် က ခဏခဏ ကြားဖူးတယ်။ အခုလဲ မကြာမကြာ ကြားဖူးပါတယ်။

စျေးထဲက ဝယ်လာတဲ့ ကြက်သား၊ အမဲသားတွေ ဆိုရင် ရေ ၁ ခါ၊ ၂ ခါ လောက်ပဲ ဆေးတယ်။ ရေခဏခဏ ဆေးရင် အသား အချိုရည်တွေ ပါသွားတတ်လို့ သိပ်မဆေးကြဘူးဆိုတာ ကြုံတွေ့ဖူးပါတယ်။

အသားအရသာရှိနေဖို့ဆိုတာက အသားနှပ်တဲ့ အချိန်ရယ်၊ ထည့်တဲ့ ပါဝင်ပစ္စည်း တွေက အဓိကပါ။

အသားဆေးရင် အကျိအချွဲ တွေ အကုန် ပြောင်အောင်ဆေးဖို့လိုပါတယ်။

အထူးသဖြင့် မွေးမြူရေး ကြက်တွေ ဆိုရင် အရေပြား နဲ့ အသား ကြားမှာ အချွဲတွေ အများကြီးရှိနေပါတယ်။

ဒါကြောင့် အရေခွံဖယ် ပြီး အသားကို အချွဲပျောက်တဲ့ အထိ ဆေးပေးသင့်ပါတယ်။

မွေးမြူရေး ကြက် စားရမှာ ကြောက်လို့ ရှားလွန်းပြီး အသားနည်း တဲ့ ဗမာကြက် စားမယ်ဆိုရင်တောင် ပြောင်နေအောင်ဆေးပေးဖို့လိုပါတယ်။ မွေးမြူရေး ကြက် စားမယ်ဆိုရင် အရေခွံဖယ် ရေသေချာဆေးပြီး ကျက်အောင် ချက်စားဖို့ အရေးကြီးပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#မွေးမြူရေးကြက် #ဗမာကြက်

25/12/2023

ဒီရက်ပိုင်း ကျွန်တော်တို့ အသောက်များလာတဲ့ Detox Water တွေ က တကယ်ကော အကျိုးရှိ/မရှိ???? တကယ်ကော ဝိတ်ကျ စေနိုင်လား????

အခုတလော လူငယ်တွေ ကြားမှာ detox water သောက်တာ နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ nutrition နဲ့ ပတ်သက်တဲါ အချက်အလက် လေး တွေကို ပြန်လည်ဝေမျှပေးချင်ပါတယ်။

တကယ်တမ်း သစ်သီးတွေ မှာ အဖိုးမဖျက် နိုင်တဲ့ ဗီတာမင် နှင့် သတ္တု ဓါတ်တွေ ပါဝင်ပြီးသားပါ။ ဒါကြောင့် မို့လည်း ကျွန်တော် တို့ တစ်နေ့တာ ကို အသီးအရွက် ကို သတ်မှတ်ထားတဲ့ ပမာဏ ကို ပြည့်မီအောင်စားဖို့ အကြံအမြဲပေးဖြစ်နေတာပါ။

ဒါပေမယ့် အသီးတွေ ကို ရေစိမ်ပြီး ၁ရက်ကြာထားတာ၊ ဒါမှ မဟုတ် နာရီပိုင်း ကြာထားပြီး သောက်တာက တော့ ထွေထွေထူးထူး အကျိုးအာနိသင် ရှိတယ် ဆိုပြီး ဖော်ပြထားတာ တော့မရှိသေးပါဘူး။ ဒါတွေ သောက်မယ့်အစား အသီးတစ်လုံး လတ်လတ်ဆပ်ဆပ် စားတာက ဗီတာမင် နှင့် သတ္တု ဓါတ်ပြည့်ဝ စွာပို ရနိုင်ပါတယ်။ နောက်ဆုံး research paper (လေ့လာတွေ့ရှိချက်) တွေ အထိမှာတော့ ကျန်းကျန်းမာမာ နဲ့ ဝိတ်ကျတယ် ဆိုတာ လုံးဝ မတွေ့ရှိသေးပါဘူး။ ရေဝိတ်တွေ ကျသွားပြီး ပေါင်ချိန်စက်ပေါ်က ဂဏန်း ကျ သွားတာတော့ ဖြစ်နိုင်ပါတယ်။ ဒါက တကယ်ဝိတ်ကျတာတော့မဟုတ်ပါဘူး။

နောက်တစ်ခု ကတော့ သစ်သီးဖျော်ရည်ကိစ္စ ပါ။ သစ်သီးဖျော်ရည် သောက်တာ ကို ကျွန်တော် အမြဲ အားပေးပါတယ်။ ခန္ဓာကိုယ် အတွက် တစ်နေ့တာ လိုအပ်တဲ့ အမျှင် ဓါတ် (Fibre) ပြည့်ဝဖို့ အတွက် ကျွန်တော်တို့ မြန်မာလူမျိုး တွေအတွက် တော်တော် လေး လေ့ကျင့်ယူရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ကျွန်တော် ကတော့ ကျန်းမာရေးအရ အသီးအရွက် စားလို့ အဆင်ပြေတဲ့ လူနာ တော်တော် များများ ကို သတ်မှတ်ထားတဲ့ ပမာဏ ပြည့်အောင် အမြဲ စားခိုင်းပါတယ်။
အသီးဖျော်ရည် သောက်တာကတော့ ကျန်းမာရေး အတွက်ကောင်းပါတယ်။ ဖျော်နည်းက တော့ အရည် ရော အဖတ် ရော ၂ ခုလုံးတွဲသောက်တာ ပဲ ကောင်းပါတယ်။ အရည်ချည်း ပဲ စစ်ပြီးသောက်တာ က သကြားရေဖျော် သောက်လိုက်တာနဲ့ သိပ်မကွာပါဘူး။ ဒါကြောင့် Detox water သောက်ပြီး ဝိတ်ချတာ ကတော့ အခုထိတော့ မည်သည့် ပညာရှင်တွေကမှ လက်မခံသေးပါဘူး။

Detox အစား လက်လက်ဆတ်ဆတ် အသီး တစ်လုံးပဲ စားလိုက်တာ ကိုတောင် ဗိုက်ပြည့်တယ်လို့ ခံစားမိပါလိမ့်မယ်။

နောက်ထပ်ပြောချင်တာ တစ်ခု ကတော့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ detox water နဲ့ ၃ ရက်တာ ဘာမှ မစားဘဲ detox water ပဲသောက်ပြီး အူလမ်းကြောင်း ကို ဆေးပစ်တယ် ဆိုတာကလည်း လွဲမှားနေတဲ့ အတွက် လိုက်မလုပ်ကြဖို့ တိုက်တွန်းပါရစေ။

အူလမ်းကြောင်း ဆေးချင်ရင်လွယ်ပါတယ်။ တစ်နေ့တာ သတ်မှတ်ထားတဲ့ အသီးအရွက်ပမာဏ (ချက်ပြီးသား ဆိုရင် ထမင်း ပန်းကန်လုံး ၂ လုံး) (မချက်ရသေးတဲ့ အစိမ်း ဆိုရင် ထမင်း ပန်းကန်လုံး ၄လုံး) ပြည့်အောင် စားပေးခြင်းအားဖြင့် အူလမ်းကြောင်း မှာရှိနေတဲ့ ကင်ဆာ ဖြစ်စေတဲ့ ဓါတ်ပစ္စည်းတွေ ကို ဖယ်ရှားပေးခြင်းဖြင့် အူလမ်းကြောင်း သန့်ရှင်းပေးရာ ရောက်ပါတယ်။

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#ဝိတ်ချ

23/12/2023

အမွေဆိုတာ ဥစ္စာပစ္စည်းပဲ မဟုတ်ပါဘူး။
တခါတလေကျရင် မင်း ဖခင်ရဲ့ ကောင်းမွန်စွာနဲ့
ကျော်ဇောတဲ့ ဂုဏ်သတင်းရနံ့တွေကလည်း
(မင်းအတွက် အမွေဖြစ်ဖို့) လုံလောက်ပါတယ်။

မင်း ဘယ်နေရာကိုပဲ သွားသွား
(အဲ့ဒီ့နေရာက လူတွေက)
"" မင်းအဖေဟာ လူကောင်းသူမွန်တွေထဲက
တစ်ယောက်ပါ "" လို့ မင်းကို ပြောကြလိမ့်မယ်။

👍👍👍
ဥစ္စာ ပစ္စည်း ထက်ကို ပို အရေးကြီးတယ်လို့ ထင်ပါတယ်
Eastern Breeze ရဲ့ မိဘပြည်သူ တွေ ကရော ဘယ်လို ထင်ပါသလဲ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Merry Christmas 🎉🎉🎉
Standard Installation for Seafarers Audio meter.

Telephone

Website

Address


No18/ground Floor And First Floor, Kyundaw Road, Sanchaung Township
Yangon
1111

Other Diagnostic Centers in Yangon (show all)
Thukha-သုခ Diagnostic and Health Care Center Thukha-သုခ Diagnostic and Health Care Center
142/144, Botahtaung Pagoda Road(Middle Block), Botahtaung Tsp
Yangon

Provides a professional health care services, Pharmacy,laboratory testing and clinical laboratory.

easy health easy health
25, U Chit Maung Road, Bahan Township
Yangon, 11201

စွယ်တော် ရောဂါရှာဖွေရေးဆေးခန်း စွယ်တော် ရောဂါရှာဖွေရေးဆေးခန်း
Yangon

စွယ်တော်ဆေးနှင့်ဆေးပစ္စည်းကိရိယာ စွယ်တော် ရောဂါရှာဖွေရေး စင်တာ

Kaung Myat Mon Diabetes & Diagnostic Centre Kaung Myat Mon Diabetes & Diagnostic Centre
No. (26), Baho Road, Sanchaung Township
Yangon, 11111

Clinic and Laboratory Service

Khatta Clinic , Diagnostic & Home care services Khatta Clinic , Diagnostic & Home care services
No(29), Mingalar Street, Sanchaung Township
Yangon, 11111

Your Health,Our Passion သင့်ကျန်းမာရေးအတွက် စိတ်ချရအောင် ရွှေခတ္တာဆေးခန်းမှ အထူးဝန်ဆောင်မှုပေးပါသည်

Pneumatic Transport System/ Pneumatic Tube Pneumatic Transport System/ Pneumatic Tube
Junction Square Complex
Yangon, 11041

Generally, it is an intra-hospital transport system between wards, buildings and floors

Health Point Specialist Clinic Health Point Specialist Clinic
Hledan Center, No. 3C/3D, Room-06, Ground Floor, Corner Of Pyay And Hledan Road, Kamayut Township
Yangon

SAFE ❇️ CONVENIENT ❇️ RELIABLE❇️

Vital Diagnostics Vital Diagnostics
Hiway Complex, Building (B), Unit (205), Yuzana Street, Ward (6), Kamayut Township
Yangon, 11121

Vital Diagnostics Co., Ltd. is a distribution company specialised in in-vitro diagnostics which are used to detect diseases and other conditions. Vital Diagnostics is based in Yan...

Garuna Moe Specialist Clinic & Diagnostic Center - ဂရုဏာမိုး Garuna Moe Specialist Clinic & Diagnostic Center - ဂရုဏာမိုး
No (79), Tay Oh Yin (4) Street, (7) Ward, Hlaing Thar Yar Township
Yangon, 11401

24 Hour Clinic, Open Everyday (Best One-Stop Service for your Health!)

Garuna Moe အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ Garuna Moe အထူးကုဆေးခန်း နှင့် ရောဂါရှာဖွေရေးစင်တာ
အမှတ် ၇၉၊ တေးဥယျာဉ် (၄) လမ်း၊ (၇) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်
Yangon, 11401

24 Hour Clinic, Open Daily (Best One-Stop Service for your Health!)