Thukha-သုခ Diagnostic and Health Care Center

Provides a professional health care services, Pharmacy,laboratory testing and clinical laboratory.

31/12/2023

♥️🎊Happy New Year 2024🎊♥️

ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မင်္ဂလာနှစ်သစ်တွင် ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာဖြင့် စီးပွါးဥစ္စာများလည်း ဒီရေအလားတိုးတက်ကြီးပွားကြပါစေကြောင်း သုခ မိသားစု ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ရှင် 🙏🙏

28/10/2023

သီတင်းကျွတ်ပိတ်ရက် အသိပေးကြေညာခြင်း

ကျွန်မတို့ Thukha Diagnostics and Health Care Centerကို October 29 ရက်နေ့တွင် သီတင်းကျွတ်ပိတ်ရက်အဖြစ် ပိတ်မည်ဖြစ်ကြောင်းအသိပေးကြေငြာအပ်ပါသည်။
(၃၀.၁၀.၂၀၂၃) နေ့တွင် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများနဲ့ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
သီတင်းကျွတ်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ပါစေကြောင်း သုခမိသားစု မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင့်။ 🙏🙏🙏

01/08/2023

သန္ဓေတောထွက် ဓမ္မစက်၊ မိန့်မြွက်သံချို လဝါဆို”

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ဒုတိယဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့တွင် သုခမိတ်ဆွေအားလုံးတို့ စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းအပေါင်းတို့ ပြည့်စုံကြပြီး ဘေးဘယာဝေးကွာကြပါစေကြောင်း”သုခ မိသားစု” မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ရှင် …. 🙏🙏🙏

20/07/2023

ကျန်းမာရေးအတွက် ဘာပဲလိုလို “Thukha - သုခ" ကို သတိရပါ!

"အာရောဂျံ ပရမံ လာဘံ - ကျန်းမာခြင်းသည် လာဘ်တစ်ပါး" ဆိုတဲ့ စကားနဲ့အညီ ကျန်းမာရေးကို အထူးဂရုပြုလိုသူ မိတ်ဆွေတို့အားလုံးအတွက် အားထားစရာ “Thukha - သုခ" ရှိပါတယ်ရှင်။

“Thukha - သုခ" မှာ ကိုယ်ဝန်ဆောင်မိခင်၊ ကလေး၊ လူကြီး၊ အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် လိုအပ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို အထူးကုဆရာဝန်ကြီးတွေနဲ့ အထွေထွေရောဂါကုဆရာဝန်ကြီးတွေ ကိုယ်တိုင် ဦးစီးကုသပေးနေပါတယ်။

တိုင်ပင်ဆွေးနွေး ကုသခြင်းအပြင် တခြားရရှိနိုင်တဲ့ service တွေကတော့ -

ရာသီအလိုက် လိုအပ်တဲ့ ကာကွယ်ဆေးအမျိုးမျိုးထိုးနှံခြင်း
ကြိုတင်ကာကွယ်နိုင်တဲ့ ရောဂါများဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ၊ အသည်းရောင်အသားဝါ (ဘီ) စတဲ့ရောဂါများအတွက် ကာကွယ်ဆေးထိုးနှံခြင်း
သွေး၊ ဆီး စစ်ဆေးခြင်းနှင့် ရောဂါရှာဖွေခြင်း
မိခင်လောင်းတို့အတွက် ကိုယ်ဝန်ဆောင်သွေးစစ်ဆေးခြင်း (ANR care)
အရေပြား၊ အလှအပနဲ့ ပတ်သက်ပြီး ဆွေးနွေးကုသခြင်း
Post-Covid medical checkup နဲ့ booster ထပ်မံထိုးနှံခြင်း တွေ ပြုလုပ်နိုင်တဲ့အပြင် -
လိုအပ်တဲ့ ဆေးဝါးအမျိုးမျိုးကိုပါ “Thukha - သုခ" မှာ တစ်ခါတည်းဝယ်ယူနိုင်တာမို့ အရင်ကလို အချိန်ကုန်လူပန်းစရာ မလိုတော့ပါဘူးနော်။

Service တွေကတော့ အကုန်ပြည့်စုံပါတယ်.... ဒါပေမယ့် ကလေးငယ်လေးတွေ၊ အသက်ကြီးတဲ့ လူကြီးမိဘတွေအတွက် အိမ်အပြင်ထွက်ဖို့ မလွယ်ဘူးဆိုရင်လည်း စိတ်မပူပါနဲ့နော်!
“Thukha - သုခ" ရဲ့ ကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် အရောက်လာပေးမယ့် အိမ်တိုင်ရာရောက် ဝန်ဆောင်မှုတွေလည်း ရှိနေပါတယ်။

ဒါ့အပြင်... စိတ်လုံခြုံပေါ့ပါးပြီး privacy အပြည့်နဲ့ ကျန်းမာရေးအတွက် အသေးစိတ်တိုင်ပင် ဆွေးနွေးချင်သူတွေအတွက် တယ်လီဖုန်း ဒါမှမဟုတ် မတ်ဆင်ဂျာကနေလည်း consultation ပြုလုပ်နိုင်ပါတယ်။
သုခpage messenger သို့မဟုတ် hotline no: 09 965430840 ကနေ ဆက်သွယ်နိုင်ပါတယ်နော်။

အခုလို တစ်နေရာတည်းမှာ ရောဂါရှာဖွေခြင်း၊ ကုသခြင်း၊ ကြိုတင်ကာကွယ်ဖို့ ကာကွယ်ဆေးထိုးခြင်း ဝန်ဆောင်မှုတွေအပြင် အပြင်ထွက်စရာမလိုအောင် - အိမ်တိုင်ရာရောက် သွေးဖောက်ဝန်ဆောင်မှုနဲ့ အွန်လိုင်းဆွေးနွေးမှုတွေပါ ပြုလုပ်နိုင်လို့ ကျန်းမာရေးနဲ့ ပတ်သက်လာရင် ဘာပဲလိုလို “Thukha - သုခ" ကို သတိရလိုက်ပါရှင်။

“Thukha - သုခ" ရဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေထဲက ဘယ် service ကိုစိတ်အဝင်စားဆုံးလဲ ပြောပြခဲ့ပါဦးနော်...

#ယုံကြည်စိတ်ချ_သုခ

#မှန်ကန်တိကျ_သုခ

#ဘာပဲလိုလို_သုခ

09/06/2023

အကြောအဆစ် နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆိုင်ရာများအားဆွေးနွေးတိုင်ပင်ကုသလိုပါက သုခဆေးခန်းတွင် အထူးကုသမားတော်ကြီးနှင့်ပြသနိုင်ပါပြီ။
လေးဖက်နာ အဆစ်ရောင်ရမ်းရောဂါများ၊တစ်နေရာထဲတွင်မလှုပ်ရှားပဲအချိန်ကြာမြင့်စွာအလုပ်လုပ်ရာမှဖြစ်တတ်သော ပုခုံးနာ၊အရွတ်နာ၊ ဇတ်ကြောတက်ခေါင်းမူးခြင်းများ၊ဒူးနာခါးနာရောဂါများ၊လေဖြတ်၍ ကိုယ်အင်္ဂါအားနည်းခြင်းများအစရှိသော ရောဂါများအားကုသနိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်။
Booking ယူပြသလိုတဲ့ မိတ်ဆွေများအနေဖြင့်
သုခရဲ့ page messenger နဲ့ Hotline number “09965430840”ကို အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

📢အမှတ် ၁၄၂-၁၄၄၊ ဗိုလ်တစ်ထောင်ဘုရားလမ်း အလယ်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့

#အကြောအဆစ်

#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေး
#ယုံကြည်စိတ်ချ_သုခ
#မှန်ကန်တိကျ_သုခ

08/06/2023

ဆီးချို၊သွေးချို နှင့် ဟော်မုန်းရောဂါဝေဒနာရှင်များအတွက် သုခဆေးခန်းတွင် အထူးကုသမားတော်ကြီးနှင့်ပြသနိုင်ပါပြီ။
ဆီးချို၊သွေးချို၊ ဟော်မုန်းရောဂါများနှင့်ပတ်သက်သော ကျန်းမာရေး စစ်ဆေးမှုများကိုလည်း တိကျမြန်ဆန်မှန်ကန်စွာဖြင့် ဆောင်ရွက်စစ်ဆေးနိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်ရှင်။
Booking ယူပြသလိုတဲ့ မိတ်ဆွေများအနေဖြင့်
သုခရဲ့ page messenger နဲ့ Hotline number “09965430840”ကို အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
📢အမှတ် ၁၄၂-၁၄၄၊ ဗိုလ်တစ်ထောင်ဘုရားလမ်း အလယ်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့

#ဆီးချိုသွေးချို

#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေး
#ယုံကြည်စိတ်ချ_သုခ
#မှန်ကန်တိကျ_သုခ

31/05/2023

အစာအိမ် အူလမ်းကြောင်းနှင့် အထွေထွေရောဂါကုသမားတော်ကြီး ဒေါက်တာ ဇေယျာလွင် သည် “သုခ” အထူးကုဆေးခန်း တွင် စနေ၊ တနင်္ဂနွေ - ၁၂ နာရီ မှ ၂ နာရီ တွင် ကြည့်ရှုပေးနေပြီဖြစ်ပါသည်။
Booking ယူပြသလိုတဲ့ မိတ်ဆွေများအနေဖြင့်
သုခရဲ့ page messenger နဲ့ Hotline number “09965430840”ကို အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
📢အမှတ် ၁၄၂-၁၄၄၊ ဗိုလ်တစ်ထောင်ဘုရားလမ်း အလယ်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့

#အစာအိမ်အူလမ်းကြောင်းနှင့်အထွေထွေ
#သမားတော်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေး
#ယုံကြည်စိတ်ချ_သုခ
#မှန်ကန်တိကျ_သုခ

Photos from Thukha-သုခ Diagnostic and Health Care Center's post 30/05/2023

သုခအထူးကုဆေးခန်းတွင် အထွေထွေရောဂါကုသခြင်းများအတွက် အထွေထွေရောဂါအထူးကုသမားတော်ကြီးများနှင့်ပြသနိုင်ပြီဖြစ်ပါတယ်။ ရောဂါမဖြစ်ခင်ကြိုတင်ကာကွယ်ခြင်းများ၊ ရောဂါအဖြေရှာဖွေခြင်းများ၊ အချိန်မှီကုသမှုများနှင့် ခွဲစိတ်ကုသမှုလိုအပ်သော လူနာများအတွက် မခွဲစိတ်မီ ကျန်းမာရေးအခြေအနေ စစ်ဆေးခြင်း
များအား အထွေထွေရောဂါကုသမားတော်များနှင့်တိုင်ပင်ဆွေးနွေးကုသနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်ရှင်။

Booking ယူပြသလိုတဲ့ မိတ်ဆွေများအနေဖြင့်
သုခရဲ့ page messenger နဲ့ Hotline number “09965430840”ကို အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
📢အမှတ် ၁၄၂-၁၄၄၊ ဗိုလ်တစ်ထောင်ဘုရားလမ်း အလယ်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့

#အထွေထွေရောဂါကု
#သမားတော်
#အထူးကုဆေးခန်း
#ရောဂါရှာဖွေရေး
#ယုံကြည်စိတ်ချ_သုခ
#မှန်ကန်တိကျ_သုခ

Photos from Thukha-သုခ Diagnostic and Health Care Center's post 28/05/2023

သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးများနှင့်ပြသလိုသောမိတ်ဆွေများအတွက် ကျွန်မတို့သုခဆေးခန်းမှာနေ့စဉ်ပြသနိုင်ပြီဖြစ်ပါကြောင်းသတင်းကောင်းပါးအပ်ပါတယ်။

- အမျိုးသမီးရောဂါများ
- သားဆက်ခြားခြင်းဆိုင်ရာကိစ္စရပ်များအားဆွေးနွေးနိုင်ခြင်း
- သားဥအိမ်တွင် ရေအိတ်တည်ခြင်း၊ သွေးအိတ်တည်ခြင်း၊ ဓမ္မတာထိန်ခြင်း၊ သွေးအဆင်းများခြင်းနှင့် ပုံမှန်မဟုတ်သောအဖြူဆင်းခြင်းများ
- သားအိမ်ခေါင်းကင်ဆာ နှင့် သားအိမ်ပြသနာအမျိုးမျိုး
- ရင်သွေးရရန်ခက်ခဲခြင်းများ
- ကိုယ်ဝင်ဆောင်စဉ်ကာလများတွင်ကြုံတွေ့ရလေ့ရှိသော ပျို့အန်၊ ခေါင်းမူးခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း အစရှိသော အမျိုးသမီးကျန်းမာရေးပြဿနာများ ကို ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။

Booking ယူပြသလိုတဲ့ မိတ်ဆွေများအနေဖြင့်
သုခရဲ့ page messenger နဲ့ Hotline number “09965430840”ကို အသေးစိတ်ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
📢အမှတ် ၁၄၂-၁၄၄၊ ဗိုလ်တစ်ထောင်ဘုရားလမ်း အလယ်ဘလောက်၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့

#သားဖွားမီးယပ်

#သမားတော်

#အထူးကုဆေးခန်း

#ရောဂါရှာဖွေရေး

#ယုံကြည်စိတ်ချ_သုခ

#မှန်ကန်တိကျ_သုခ

04/05/2023

Vacancy For Runner (Male 1 post)

သုခ မှ အလုပ်ခေါ်ပါတယ်ရှင့် ။

(၁) စကားပြောပြေပြစ်ပြီး စိတ်ရှည်ရပါမယ်။

(၂) ရန်ကုန်မြို့တွင်း ကျွမ်းကျင်စွာ သွားလာတတ်ရပါမယ်။

(၃)လုပ်ငန်းအတွေ့အကြုံရှိသူ ဦးစားပေးမည်။

လစာ - ညှိနှိုင်း

ဒီ (၃)ချက်ပြည့်စုံရင်တော့ [email protected] ကို CV,Certificates များပို့ပြီးလျှောက်ထားနိုင်ပါတယ်နော်။ အသေးစိတ်သိလိုပါက 09-965439840 သို့ ဖုန်းဆက်စုံစမ်းနိုင်ပါသည်။

28/04/2023

Heat stroke (သို့မဟုတ်) အပူရှပ်ခြင်း

✅အပူရှပ်ခြင်း (heat stroke) ဆိုတာ ဘာလဲ။
🌞အပူရှပ်ခြင်းဆိုတာဟာ ပတ်ဝန်းကျင် အပူချိန် အဆမတန်မြင့်တင်လာခြင်းကြောင့် ခန္ဓာကိုယ် အပူချိန် ဟာ ၄၀ ဒီဂရီစင်တီဂရိတ် (၁၀၄ ဒီဂရီဖာရင်ဟိုက်) အထက်မြင့်တင့်တာလာပြီး အသက်သေစေနိုင်တဲ့ အထိ ပြင်းထန်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။

✅ ဘယ်လိုအကြောင်းအရာတွေက အပူရှပ်ခြင်းကို ဖြစ်ပေါ်စေတာလဲ။
🌞 အပူရှပ်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းအရာတွေက
၁။ အလွန်အမင်း ပူပြင်းတဲ့ရာသီဥတု၊ နေရောင်ခြည် တွေနဲ့ အချိန်အကြာကြီး ထိတွေ‌မိခြင်း။
၂။ ခန္ဓာကိုယ်မှ ရေဓာတ်အလွန်အမင်း ဆုံးရှုံးခြင်း။
၃။ ချွေးထွက်များစေတဲ့ ကိုယ်လက်လှုပ်ရှားမှုကို အပြင်းအထန်ပြုလုပ်ခြင်း။
၄။ အရက်အလွန်အကျွံသောက်သုံးခြင်း၊ ရေဓာတ်ခမ်းခြောက်စေတဲ့ ဆေးဝါးများသောက်သုံးခြင်း။
တို့ ဖြစ်ပါတယ်။

✅အပူရှပ်တဲ့ သူတွေက ဘာတွေ ခံစားရမလဲ။
၁။ ခန္ဓာကိုယ် အပူချိန် မြင့်တက်ခြင်း။
၂။ စိတ်ပိုင်းဆိုင်ရာ အမူအကျင့် ကပြောင်းကပြန်ဖြစ်ခြင်း။
၃။ အရေပြားစိုခြင်း (သို့) ခြောက်သွေ့ခြင်း။
၄။ အသက်ရှူမြန်လာခြင်း။
၅။ နှလုံးခုန်မြန်လာခြင်း။
၆။ ခေါင်းကိုက်ခြင်း။
၇။ ပျို့အန်ခြင်း။
တို့ ဖြစ်တတ်ပါတယ်။

✅အပူရှပ်ခြင်းကို ဘယ်လို ကာကွယ်ရမလဲ။
၁။ အလွန်အမင်းပူပြင်းတဲ့ နေရောင်ခြည်ကိုထိတွေခြင်း၊ အပူရှိန်မြင့်မားချိန်တွင် အပြင်ထွက်ခြင်းများကို ရှောင်ကြဉ်ရပါမယ်။
၂။ ပေါ့ပါးပြီး ချောင်ချိသောအဝတ်အထည်များကို ဝတ်ဆင်ကြပါ။
၃။ နေပူထဲ သွားပါက နေလောင်ကာ (suncream) များ လိမ်းခြင်း၊ ထီးဆောင်းခြင်းများ ပြုလုပ်ပါ။
၄။ ရေ၊ ဓာတ်ဆားများကို များများသောက်သုံးပါ။
၅။ နေပူထဲတွင် ကိုယ်လက်လှုပ်ရှားမှု များ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ပါ။
၆။ အရက်သေစာသောက်သုံးခြင်း၊ ကဖင်းဓာတ်နှင့် အချိုဓာတ် လွန်ကဲစွာ စားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

✅အပူရှပ်ခြင်းကို ဘယ်လို ကုသနိုင်မလဲ။
၁။ လူနာကို အေးမြ၍ အရိပ်ရသော နေရာသို့ရွေ့ပါ။
၂။ ထူထဲသော အဝတ်အစားများကို အမြန်ချွတ်ပါ။
၃။ ရေချိုးပေးခြင်း၊ ရေပတ်ဝတ်တိုက်ပေးခြင်း၊ ရေချိုးကန်ထဲစိမ်ပေးခြင်းများ ပြုလုပ်ပါ။
၄။ ရေဓာတ်ပြန်လည်ဖြည့်တင်းရန် ရေ၊ ဓာတ်ဆားများ တိုက်ပေးပါ။
၅။ အထက်ပါ အရေးပေါ်ကုသမှုမျ ပြုလုပ်ပြီး နီးစပ်ရာ ဆေးရုံ‌၊ ဆေးခန်းသို့ အမြန်ပို့ပေးရန် လိုအပ်ပါတယ်။

အားလုံး အပူရှုပ်ခြင်းမှ ကင်းဝေးကြပါစေဟု ဆန္ဒပြုရင်း....

Dr. Yann

သုခ ရောဂါရှာဖွေရေးနှင့် ကုသရေးစင်တာ

#မှန်ကန်တိကျ_သုခ
#ယုံကြည်စိတ်ချ_သုခ

08/04/2023

💦💦💦 သင်္ကြန်ပိတ်ရက် ကြေငြာခြင်း 💦💦💦

သုခ Diagnostic and Healthcare Centre အား ၁၂.၄.၂၀၂၃ မှ ၁၇.၄.၂၀၂၃ ထိ သင်္ကြန်ပိတ်ရက်အဖြစ်သတ်မှတ်ပါကြောင်း မိတ်ဆွေတို့အားအသိပေးအကြောင်းကြားအပ်ပါတယ်။
၁၈.၀၄ .၂၀၂၃ မှ စတင်ပြီးတော့ ဆီး၊ဝမ်း၊သွေး စစ်ဆေးမှုများ၊အထူးကုဆရာဝန်ကြီးများနှင့်ပြသခြင်းများအတွက် ဝန်ဆောင်မှုများကိုပါပြန်လည်ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။

မြန်မာနှစ်သစ်ကူးမှာ မိတ်ဆွေများအားလုံးကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလျှက်။

သုခ Team

22/03/2023

ကြိုတင်ကာကွယ်ထားသင့်သော တုပ်ကွေးရောဂါ💉

များမကြာမှီမှာပဲ အရင်နှစ်ကလို တုပ်ကွေးရာသီကို ပြန်လည်ရောက်ရှိလို့ လာပါတော့မယ်။ အခုလို ရောဂါအမျိုး အမည် များပြာလာတဲ့ ခေတ်ကြီးမှာ ကြိုတင်ကာကွယ်လို့ ရတဲ့ ရောဂါတွေကို ကြိုတင်ကာကွယ်ထားမှာသာ ပြင်းထန်လှတဲ့ ရောဂါလက္ခဏာတွေမှခံစားရခြင်းမှ ကင်းဝေးနိုင်မှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့တုပ်ကွေးရာသီမရောက်မှီ ကာကွယ်ဆေးထိုးထားမှသာ တုပ်ကွေးရောဂါကို ကာကွယ်နိုင်ပြီး အကယ်၍ဖြစ်ပွါးခဲ့ပါကလည်း ရောဂါလက္ခဏာ ပြင်းထန်မှုနှုန်းကို လျှော့ချနိုင်မှာပါ။

တုပ်ကွေးရောဂါ ကာကွယ်ဆေး (vaxigrip tetra) ကို အထူးသဖြင့်

💉ကလေးသူငယ်တွေ
💉သက်ကြီးရွယ်အိုတွေ
💉သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါအခံရှိသူတွေ
💉ရောဂါအခံရှိသူတွေ
💉ကိုယ်ခံအားနည်းလို့ ခဏ၊ ခဏ ဖျားနာ နေသူများက မဖြစ်မနေ ထိုးထားသင့်ပါတယ်။

Vaxigrip Tetra 2023 ကတော့ အဖြစ်များတဲ့ တုပ်ကွေးရောဂါပိုး ၄ မျိုးဖြစ်တဲ့

🦠A/H1 N1
🦠A/H3 N2
🦠B/Washington
🦠B/Phuket
ကို ကာကွယ်ပေးနိုင်ပြီး သွေးလွန်တုပ်ကွေးရောဂါကိုတော့ မကာကွယ်နိုင်ပါဘူးရှင့်။

ကာကွယ်ဆေးထိုးနှံလိုသူ မိသားစုများ၊ ကုမ္ပဏီများ၊ အသင်းအဖွဲ့များ အနေနဲ့ အထူးစျေးနှုန်းဖြင့် သုခ မှာ ကြိုတင် စာရင်းပေးနိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းလေး ပါးပါရစေရှင့်။

ကြိုတင် စာရင်းပေးသွင်းလိုပါက သုခpage messenger မှ ဖြစ်စေ hotline no 09 965430840 မှဖြစ်စေ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါပြီ။

Photos from Thukha-သုခ Diagnostic and Health Care Center's post 18/03/2023

Emerald Bay မှာဒီနေ့ကျင်းပပြုလုပ်တဲ့ International School Rangoon - ISR ရဲ့ 1st Anniversary ပွဲမှာ သုခအဖွဲ့သားတွေရောက်ရှိနေပါပြီ။ အထူးpackage တွေများစွာကို သုခမိတ်ဆွေများအတွကိ စီစဉ်ပေးထားတာမလို့ လာရောက်ဖို့ ဖိတ်ခေါ်ပါရစေရှင်❣️❣️❣️

04/02/2023

Create a future without cancer.
The time to act is now !!

30/12/2022

Happy Holidays!
Thukha family wishes you and your family Happy Holidays and a Healthy 2023!
Our Clinic will be closed January 1st, 2023. We will open normally from January 2nd, 2023❤️

24/12/2022

“One Year Anniversary Promotion” 📣

မင်္ဂလာပါ သုခမိတ်ဆွေတို့ရေ ။

ကျွန်တော်တို့ရဲ့ “သုခ Health Care Center “ဟာ မိတ်ဆွေတို့အားလုံးရဲ့အားပေးမှု၊ ဆရာ၊ဆရာမများ၊ ဝန်ထမ်းများရဲ့ လက်တွဲကူညီပေးမှု တို့နဲ့အတူအောင်မြင်စွာနဲ့ တစ်နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဒါကြောင့်မို့ တစ်နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ Anniversary promotion လေးတစ်ခုပေးချင်ပါတယ်။
“1stcare_Thukha” ဆိုတဲ့ discount code လေးကိုအသုံးပြုပြီး ဒီပိုစ့်လေးကိုshare ပေးလိုက်ရုံနဲ့ သုခမှာပြုလုပ်နိုင်တဲ့မည်သည့်သွေးစစ်ဆေးမှုမျိုးကိုမဆို ၁၀% discount ပေးအပ်သွားမှာပါ။
⏰promotion ကာလက December 25 ရက်နေ့ကနေ January 5 အထိပဲမို့ မိတ်ဆွေတို့ရဲ့ ကျန်းမာရေးဆိုင်ရာစစ်ဆေးမှုများကိုသုခမှာလာရောက်ပြုလုပ်လိုက်ကြရအောင်လားခင်ဗျာ။

🏡142/144, Botahtaung Pagoda Road(Middle Block), Botahtaung Tsp, Yangon

📞 Appointment - 09 965 430840



#ယုံကြည်စိတ်ချ_သုခ
#မှန်ကန်တိကျ_သုခ

22/12/2022

Happy Karen new year to everyone! May God bless your family with prosperity, good health, and happiness in New Year. Praying that you and your family have a happy and healthy New Year!

Thukha Family

09/10/2022

𝐇𝐚𝐩𝐩𝐲 𝐓𝐡𝐚𝐝𝐢𝐧𝐠𝐲𝐮𝐭!!!

ယနေ့မှာကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့မှစ၍ မိသားစုများအားလုံးအစစအရာရာအဆင်ပြေပြီး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံကြပါစေ✨
ချစ်ခင်သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ကြပါစေလို့ “သုခ” မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်🙏

#ယုံကြည်စိတ်ချ_သုခ
#မှန်ကန်တိကျ_သုခ

07/10/2022

သမာရိုးကျ လက်ဆောင်ပစ္စည်းတွေနဲ့ မိမိတို့ရဲ့ ဂါရဝတရားကို ပြသနေတုန်းလား 🙏

ဝါလကင်းလွတ် သီတင်းကျွတ်ကိုရောက်ခဲ့ပြန်ပြီ သုခမိတ်ဆွေတို့ရေ… မီးထွန်းပွဲတော်အပြင် လူကြီးမိဘ၊ ဆရာသမားတွေနှင့်မိမိထက်သီလ၊ သမာဓိ၊ပညာမြင့်မားသူတွေကို အမြတ်တနိုး ပူဇော်ကန်တော့လေ့ရှိကြတာမို့ ကြည်နူးစရာကာလလေးတစ်ခုလဲဖြစ်ပါတယ်။
ကန်တော့ကြတဲ့အခါမှာ လူကြီးတွေ တစ်ကယ်လိုအပ်တဲ့အရာ၊ လက်တွေ့အသုံးဝင်နိုင်မယ့် အရာကိုစဉ်းစားရတာလဲ ခေါင်းစားစရာပါပဲနော်။ အထူးသဖြင့်ဒေါ်လာစျေးတွေတက်နေတဲ့ အခုလိုကာလမှာကန်တော့ပစ္စည်းရွေးချယ်ရတာကလဲ ပိုခက်ခဲလာပါတယ်။ဒါကြောင့်မို့ ကျွန်မတို့ သုခ ရောဂါရှာဖွေးနှင့် ကုသရေး စင်တာမှ အလိုအပ်ဆုံး လက်ဆောင်မွန်ဖြစ်တဲ့ “Medical checkup gift card” လေးတွေကို ပြင်ဆင်ထားပါတယ်။
သီတင်းကျွတ်၊ တန်ဆောင်တိုင်ကာလတွေမှာ smart ကျကျ ကန်တော့ချင်တဲ့ မိတ်ဆွေတို့အတွက် လျှော့စျေး package တွေလဲ စီစဉ်ထားရှိပြီး “80000 MMK” ကနေ စတင်တဲ့ရွေးချယ်စရာ Gift card plan တွေများစွာရှိနေတာဖြစ်လို့ အသေးစိတ်သိရှိလိုပါက သုခ ရောဂါရှာဖွေရေးနှင့် ကုသရေးစင်တာကို လူကိုယ်တိုင်လာရောက်၍ဖြစ်စေ page messenger မှ ဖြစ်စေ hot line 09-965430840 မှ ဖြစ်စေ ဆက်သွယ်ဝယ်ယူ မေးမြန်းနိုင်ပါတယ်ရှင့်။

14/08/2022

သင်ဟာ
👉အဖြူတွေ ဆင်းနေမယ်။
👉ဒိန်ချဉ်လို အဖတ်တွေ ဆင်းနေတယ်။
👉အနံ့အသက်လည်း မကောင်းဘူး။
👉မိန်းမကိုယ်ကလည်း ယားတယ်။
👉တခါတလေ ငါးညှီနံ့လို အနံ့တွေ ထွက်နေတယ်။
👉ဒါဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုနေပါပြီ။
👉ဆေးခန်းကို လာစရာ မလိုပဲ လိုင်းပေါ်ကပဲ ပြသမယ် ဆိုရင် တယ်လီသုခရဲ့ page messenger ကို ဆက်သွယ် လိုက်ပါ။
#အားလုံးအတွက်_တယ်လီသုခ

12/08/2022

သုခရဲ့ အစီအစဉ်အသစ်တစ်ခုဖြစ်တဲ့ “တယ်လီသုခ”နဲ့မိတ်ဆက်ပေးပါရစေ။
မြန်မာငွေ”နှစ်ထောင်ငါးရာကျပ်”သာကျသင့်မယ့်ဒီအစီအစဉ်မှာတော့ မိတ်ဆွေတို့အနေနဲ့ နှစ်မျိုးရွေးချယ်လို့ရပါမယ်။
⌨️သုခ Page messengerမှာ ၂၄ နာရီဆွေးနွေးခြင်း (သို့မဟုတ်) 📞၁၅ မိနစ်စာ တိုက်ရိုက်ဖုန်းပြောခြင်းတို့ပါဝင်မှာဖြစ်ပါတယ်။
- တိုးတိုးတိတ်တိတ်အဖြေရှာဆွေးနွေးချင်တဲ့ကျန်းမာရေးကိစ္စတွေရှိနေပါသလား ?
- ဆရာဝန်ညွှန်ကြားထားသည့်ဆေးများ၊ဆေးစာများအား အသေးစိတ်နားလည်ဖို့အခက်အခဲရှိနေပါသလား?
အထွေထွေရောဂါကုဆရာဝန်များမှတာဝန်ယူဖြေကြားပေးမယ့် “တယ်လီသုခ” ကိုသတိရလိုက်ပါနော် ❣️
#အားလုံးအတွက်_တယ်လီသုခ
#ယုံကြည်စိတ်ချ_သုခ
#မှန်ကန်တိကျ_သုခ

28/07/2022

မင်္ဂလာပါရှင် ။
ကျွန်မတို့ရဲ့”သုခရောဂါရှာဖွေရေးနှင့် ကုသရေးစင်တာ” တွင် သက်ဆိုင်ရာ နယ်ပယ်များမှ ကျွမ်းကျင်သော အထူးကု ဆရာဝန်ကြီးများ နှင့် အထွေထွေရောဂါကု ဆရာဝန်များ ကိုယ်တိုင် ဦးစီးပြီး ကုသပေးနေပြီဖြစ်ပါကြောင်း သတင်းကောင်းပါးပါရစေ။
သင့်မိသားစု ကျန်းမာရေးအတွက် ယခုပဲ 09 965430840 ကို ဆက်သွယ်လိုက်ပါ။
#မှန်ကန်တိကျ_သုခ
#ယုံကြည်စိတ်ချ_သုခ

14/07/2022

PROTECT YOURSELF & FAMILY !!

အရင်ကထက် ပိုပြီးဂရုစိုက်ကာကွယ်ကြပါနော် ..... 😷😷

#ယုံကြည်စိတ်ချ_သုခ

13/07/2022

✅သင့်ရဲ့ မျက်နှာ အလှအပရေးရာနဲ့ အရေပြား ပြဿနာများအတွက် အဖြေရှာနေပါသလား။

✅အပြင်ကို မထွက်ပဲ မိမိ အိမ်မှာပဲ နေပြီး အရေပြား ပြဿနာများကို ဖြေရှင်းလိုပါသလား။

✅Tele consultation ဖြင့် သင့်ရဲ့ အရေပြား ပြဿနာများကို အဖြေရှာနိုင်ပါပြီ။

✅သုခ မှ အရေပြားအထူးကု ဆရာဝန်ကြီးများရဲ့ အကူအညီဖြင့် သင့်ရဲ့ အရေပြား ပြဿနာများကို အခုပဲ ဖြေရှင်းလိုက်ပါ။



#တယ်လီသုခ
#မှန်ကန်_တိကျ_သုခ
#ယုံကြည်_စိတ်ချ_သုခ

12/07/2022

❝ ဝါဆိုလပြည့်နေ့ ၊ ဓမ္မစကြာ အခါတော်နေ့ ❞ 🙏🙏🙏

ယနေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ နေ့တနေ့ဖြစ်သော သန္ဓေ၊ တောထွက်၊ ဓမ္မစက်၊ တချက်ပြာဋိဟာ ဟူ၍ဆိုကြသည့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) ဖြစ်ပါသည်။ ယနေ့ကျရောက်သော ဝါဆိုလပြည့်နေ့တွင် ဘေးရန်ကင်းကွာ၍ ကျန်းမာစွာ၊ ချမ်းသာစွာ ငြိမ်းချမ်းသာယာရှိနိုင်ကြပါစေ။ စိတ်အေးချမ်းခြင်း ၊ ရွှင်လန်းခြင်းများနဲ့အတူ ကောင်းမှုကုသိုလ်များကိုဆထက်ထမ်းပိုးဆောင်ရွက်နိုင်ပါစေကြောင်း “သုခ” မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ယုံကြည်စိတ်ချ_သုခ
#မှန်ကန်တိကျ_သုခ

28/05/2022

မြန်မာငွေ “၅၀၀၀” ကျပ်ဖြင့် laboratory တစ်ခုကို မိမိအိမ်သို့ခေါ်ယူလို့ရပါပြီ
-ရာသီဥတုကလဲအခုပဲမိုးရွာလိုက်၊ အခုပဲနေပူလိုက်နဲ့ အပြင်ထွက်ရင်ထပ်ဖျားမှာစိုးရိမ်တယ်
-သွေးစစ်ဖို့အတွက်မေမေ၊ဖေဖေ တို့လူကြီးတွေပဲ ဆေးခန်းကို လွှတ်လိုက်ရမှာစိတ်မချဘူး ။လိုက်ပို့ဖို့ကလဲမအားဖူးဖြစ်နေတယ်။
-ဆရာဝန်ကြီးတွေနဲ့ပြန်ပြဖို့ရက်ချိန်းကနီးနေပြီ ဒါပေမယ့် အလုပ်ကခွင့်ထပ်ယူလို့မရတော့လို့သွေးစစ်ဖို့အတွက်အချိန်သက်သက်မပေးနိုင်တော့ဘူး။
အထက်ပါပြဿနာတွေအတွက်တော့စိတ်မပူပါနဲ့တော့ရှင်။ ဝန်ဆောင်ခ “၅၀၀၀” ကျပ်ထဲဖြင့် မိတ်ဆွေတို့ရဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့ အတွက်”အိမ်တိုင်ရာရောက်သွေးဖောက်ဝန်ဆောင်မှု” သုခမှာရပါပြီ။
စစ်ဆေးလိုသော ရောဂါအမည်၊အမျိုးအစားကိုသာ မိတ်ဆွေတို့ဘက်ကပြောပြပါ။ ကျွန်မတို့သုခမှ ကျွမ်းကျင်သော ဝန်ထမ်းများမှ သေချာစွာပိုးသတ်ထားရှိသော medical box ဖြင့် မိတ်ဆွေတို့ဆီကိုအရောက်လာခဲ့ပါ့မယ်။
( မြို့နယ်အကွာအဝေးပေါ်မူတည်၍ transportation charges သီးသန့်ကျသင့်ပါမယ်ရှင်)

#မှန်ကန်တိကျ_သုခ
#ယုံကြည်စိတ်ချ_သုခ

27/05/2022

Vacancy For Nurse aid (Female 1 post)

သုခ မှ အလုပ်ခေါ်ပါတယ်ရှင့် ။

(၁)စကားပြောပြေပြစ်ပြီး စိတ်ရှည်ရပါမယ်။

(၂)Nurse aid Certificate ရှိဖို့လိုပါမယ်။
(အခြားမည်သည့်ထောက်ခံစာမှ မလိုအပ်ပါဘူးရှင်)

(၃)ဆေးရုံ၊ ဆေးခန်းလုပ်သက်အနည်းဆုံး(၂)နှစ်ရှိရမယ်။

ဒီ (၃)ချက်ပြည့်စုံရင်တော့ [email protected] ကို CV,Certificates များပို့ပြီးလျှောက်ထားနိုင်ပါတယ်နော်။ အသေးစိတ်သိလိုပါက 09-965439840 သို့ ဖုန်းဆက်စုံစမ်းနိုင်ပါသည်။

24/05/2022

ကလေးငယ်များအားသွေးလွန်တုပ်ကွေးအန္တရာယ် မှကင်းဝေးအောင်ကြိုတင်ကာကွယ်ကုသနိုင်ရေးနည်းလမ်းများ

ကလေးငယ်လေးတွေဟာ အထိမခံတဲ့ပန်းကလေးတွေလိုပဲမို့ကျွန်မတို့မိဘတွေဟာ အရိပ်တကြည့်ကြည့် ပြုစုစောင့်ရှောက်ကြရပါတယ်။ များပြားလှတဲ့ ရောဂါတွေနဲ့ virus ပိုးတွေရန်ကနေကာကွယ်ဆေးမျိုးစုံနဲ့ကာကွယ်ထားပြီးကြပေမယ့်လဲ အခုလို မိုးရာသီစလာပြီဆိုတာနဲ့ ကလေးလေးတွေကို ဒုက္ခအပေးနိုင်ဆုံးသွေးလွန်တုပ်ကွေးအန္တရယ်ကိုလဲ မမေ့သင့်ပါဘူးရှင်။ဒါကြောင့်မို့ ကျွန်မတို့ သုခ ရောဂါရှာဖွေရေးနှင့် ကုသရေးစင်တာမှ သွေးလွန်တုပ်ကွေးနှင့် ပတ်သက်တဲ့ဗဟုသုတတွေကိုမျှဝေပေးလိုက်ရပါတယ်။

🤱🏼သွေးလွန်တုပ်ကွေးဘယ်ကနေကူးနိုင်သလဲ?
🧑🏼‍⚕️သွေးလွန်တုပ်ကွေးဆိုတာခြင်မှ တဆင့် ကူးစက်တတ်တဲ့ ရောဂါတစ်မျိုး ဖြစ်ပြီးနေ့ခင်းဘက်မှပေါက်ဖွားထွက်ပေါ်တဲ့ရောဂါပိုးကို သယ်ဆောင်ထားတဲ့ ခြင်တစ်မျိုး (Aedes )အကိုက်ခံရတာကြောင့် ကူးစက်ခြင်း ဖြစ်ပါတယ်။ ကလေးငယ်တွေမှာ အများဆုံးဖြစ်တတ်ပါတယ်။

🤱🏼ရောဂါဖြစ်လာရင် ဘယ်လို လက္ခဏာမျိုးတွေ ခံစားရတတ်ပါသလဲ။
🧑🏼‍⚕️သွေးလွန်တုပ်ကွေး မှာ အဆင့် ၄ ဆင့် ရှိပါတယ်။
✅အဆင့် ၁ မှာ သာမာန်တုပ်ကွေးလို ဖျားပြီး နေပြန်ကောင်းသွားတတ်ပါတယ်။ Hess’s test လို့ခေါ်တဲ့ လက်မောင်းမှာ သွေးပေါင်ချိန်တိုင်း ကိရိယာကို ငါးမိနစ် ခပ်တင်းတင်း စည်းထားပါက အနီ အစက်အပျောက်တွေ ပေါ်လာတာကို တွေ့ရမှာပါ။ပထမအဆင့်မှာထဲက သေချာဂရုပြုသင့်ပါတယ်။
✅အဆင့် ၂ မှာ အဖျားက ပိုကြီးလာမယ်။ နှာခေါင်းသွေးလျှံ၊ သွားဖုံးသွေးယို၊ ကော်ဖီရောင် အန်တာ၊ ဝမ်းမည်းမည်းတွေသွားတာ မျိုးတွေပါတွေ့လာရတတ်ပါတယ်။
✅အဆင့် ၃ မှာ အထက်ပါ လက္ခဏာတွေအပြင် ကလေးက အရမ်းမှိန်းလာမယ်၊ သတိလစ်မယ်၊ ခြေဖျားလက်ဖျားတွေ အေးစက်လာတတ်ပါတယ်။ ထိုလက္ခဏာများဟာ သွေးလန့်ခြင်း (shock) ရတော့မည့် လက္ခဏာများ ဖြစ်ပါတယ်။
✅အဆင့် ၄ မှာ သွေးပေါင်ချိန်တိုင်းလို့ မရပဲ သွေးလန့်ခြင်း အဆင့်ကို ရောက်သွားတတ်ပါတယ်။
အဆင့် ၄ ဆင့် ရှိသော်လည်း အချို့ကလေးတွေမှာ အဆင့် ၁ နဲ့ ပြီးသွားတတ်ပြီး အချို့ ကလေးတွေမှာ အသက်သေဆုံးသွားရတဲ့အထိ ဖြစ်တတ်ပါတယ်။
ဒါကြောင့်မို့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါက မပေါ့ဆပဲ ကလေးငယ်တွေကို သေချာစွာဂရုစိုက်ပြုစု ကုသသင့်ပါတယ်။
(အထူးသဖြင့် မိမိကလေးငယ်ဖျားနာပြီး ၃ ရက်မှ ၅ ရက်အတွင်း သွေးလန့်ခြင်း ဖြစ်ပွါးနိုင်တာမို့ အဆိုပါရက်တွေမှာ အထူး ဂရုပြု စောင့်ကြည့် ပေးရမှာ ဖြစ်ပါတယ်။)

🤱🏼သွေးလွန်တုပ်ကွေး ရောဂါ မဖြစ်အောင် ဘယ်လို ကာကွယ်၍ ရပါသလဲ?
🧑🏼‍⚕️နေ့ဘက်ထွက်တဲ့ခြင်ကနေအဓိကကူးတာမို့ ကလေးတွေကို နေ့ခင်းဘက်တွေမှာ ခြင်မကိုက်နိုင်အောင် ဂရုစိုက်ရမှာ ဖြစ်ပါတယ်။ (ကလေးတွေကို နေ့ခင်းဘက် အိပ်တဲ့ ချိန်မှာ ခြင်ထောင်နဲ့ သိပ်တာ၊ ဆေးစိမ်ခြင်ထောင်အသုံးပြုတာ၊ ခြင်မကိုက်လိမ်းဆေးလိမ်းပေးတာစသဖြင့်)
🧑🏼‍⚕️မိုးရွာအပြီး မိမိနေထိုင်ရာအိမ်နဲ့ ပတ်ဝန်းကျင်မှာ ရေတင်ကျန်နိုင်တဲ့ နေရာတွေကို သတိထားစောင့်ကြည့်ပြီးခြင်တွေမပေါက်ဖွားအောင် “ဖုံး၊ သွန်၊ လဲ၊ စစ်”လုပ်ပေးရပါမယ်။

🤱🏼ဘယ်လို လက္ခဏာတွေဖြစ်ရင် ကလေးကို ဆေးရုံတင်သင့်ပါသလဲ။
🧑🏼‍⚕️ကလေးကိုယ်အရမ်းပူရာကနေ ရုတ်တရက်ကျသွားပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာလျှင်၊ ကလေး အရမ်းမှိန်းနေလျှင်၊ ကလေး နှာခေါင်းသွေးလျှံ၊ သွားဖုံးသွေးယို၊ ဝမ်းမည်းမည်းတွေသွားလျှင် ဆေးရုံအမြန်ဆုံးတင်သင့်ပါတယ်။

🤱🏼ကလေးဖျားတာနဲ့သွေးလွန်တုပ်ကွေးဟုတ်မဟုတ်စစ်ဆေးလို့ရနိုင်သလား?
🧑🏼‍⚕️စစ်ဆေးလို့ရပါတယ်။သွေးလွန်တုပ်ကွေးရောဂါ ဟုတ်/မဟုတ် ကလေးအထူးကု ဆရာဝန်များနှင့် ပြသပြီး ဆရာဝန်ညွှန်ကြားချက်အတိုင်းလိုအပ်တဲ့ ဓာတ်ခွဲစစ်ဆေးခြင်း၊ကုသခြင်းများ ပြုလုပ်နိုင်ပါတယ်။

ဓာတ်ခွဲစစ်ဆေးခြင်း၊ အထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေးတိုင်ပင်ခြင်း များကို အသေးစိတ်သိရှိလိုပါက သုခရဲ့ page messenger နဲ့ Hotline number “09965430840”ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ရင်သွေးငယ်များအားလုံးသွေးလွန်တုပ်ကွေးအန္တရာယ်မှကင်းဝေးကြပါစေ။

#သွေးလွန်တုပ်ကွေး
#ယုံကြည်စိတ်ချ_သုခ
#မှန်ကန်တိကျ_သုခ

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Telephone

Website

Address

142/144, Botahtaung Pagoda Road(Middle Block), Botahtaung Tsp
Yangon

Other Yangon clinics (show all)
Thin Myat Thu Zar Thin Myat Thu Zar
Yangon

အိမ်ရှင်မဖြစ်ပေမဲ့ငွေရှာတော်ရမယ် 💪💪ကလေးတို့မေမေ💪💪

Eastern Breeze Eastern Breeze
No18/ground Floor And First Floor, Kyundaw Road, Sanchaung Township
Yangon, 1111

Diagnostic Lab,X ray and USG

Pregnazon Complete Myanmar Pregnazon Complete Myanmar
Moemakha Street
Yangon

Health for Pregnance Women

ချမ်းသာကြီး-၃ အထူးကုဆေးခန်း Chan Thar Gyi-3 Specialist Clinic ချမ်းသာကြီး-၃ အထူးကုဆေးခန်း Chan Thar Gyi-3 Specialist Clinic
No (53/1 To 53/3), Anawrahta Road, Shwe Kan Tharyar Housing (Shophouse), Hlaingtharyar
Yangon

(၂၄) နာရီ အထူးကုဆေးခန်း

San Taw Win Clinic San Taw Win Clinic
Yangon

ကလေးနှင့် သားဖွားမီးယပ်အထွေထွေရောဂါကုဆေးခန်း

easy health easy health
25, U Chit Maung Road, Bahan Township
Yangon, 11201

စွယ်တော် ရောဂါရှာဖွေရေးဆေးခန်း စွယ်တော် ရောဂါရှာဖွေရေးဆေးခန်း
Yangon

စွယ်တော်ဆေးနှင့်ဆေးပစ္စည်းကိရိယာ စွယ်တော် ရောဂါရှာဖွေရေး စင်တာ

Kaung Myat Mon Diabetes & Diagnostic Centre Kaung Myat Mon Diabetes & Diagnostic Centre
No. (26), Baho Road, Sanchaung Township
Yangon, 11111

Clinic and Laboratory Service

June Online Pharmancy June Online Pharmancy
No. 1166 A, Thumana Road, 2 South Ward, Thaketa
Yangon

လူအများအတွက် လိင်ပညာပေး နှင့်ကျန်းမာရေးအချက်အလက်များ မျှဝေမယ်

Khatta Clinic , Diagnostic & Home care services Khatta Clinic , Diagnostic & Home care services
No(29), Mingalar Street, Sanchaung Township
Yangon, 11111

Your Health,Our Passion သင့်ကျန်းမာရေးအတွက် စိတ်ချရအောင် ရွှေခတ္တာဆေးခန်းမှ အထူးဝန်ဆောင်မှုပေးပါသည်

𝐂𝐎𝐂𝐎 - ကိုးကိုးအလှအပဆေးခန်း 𝐂𝐎𝐂𝐎 - ကိုးကိုးအလှအပဆေးခန်း
Yangon, 11201

Aesthetic, Laser & Cosmetics Surgery Clinic

အင်ကြင်း ဆေးခန်း -Ingjin Clinic အင်ကြင်း ဆေးခန်း -Ingjin Clinic
183/59, အထက်ဗဟိုလမ်း နှင့် ရွှေတဆုပ် လမ်းထောင့်, ၂ ရပ်ကွက် , မရမ်းကုန် မြို့နယ်
Yangon

183/59,အထက်ဗဟိုလမ်း နှင့် ရွှေတဆုပ် လမ်းထောင့်, ၂ ရပ်ကွက်,မရမ်းကုန်း မြို့နယ် ရန်ကုန်မြို့