Hein Insurance Service Agency

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hein Insurance Service Agency, Insurance Agent, Yangon.

14/01/2024

မဂ်လာပါခင်ဗျာ 🙏🙏🙏

ရဲ့ သီးသန့်အာမခံအမျိုးအစားလေးဖြစ်တဲ့
လို့အမည်ရတဲ့
#ဘ၀တစ်သက်တာအာမခံ အကြောင်းလေးကို သေချာလေးရှင်းပြပေးပါမယ်ခင်ဗျ 😘

( 👉 ဘ၀မှာ #ကြမ္မာ မုန်တိုင်း တိုက်ခတ်ချိန်ရောက်တဲ့အချိန်လည်စင်းခံပေးရတာမျိုးမဖြစ်ရလေအောင် နဲ့ကြိုတင်အနိုင်ယူထားလို့ရပါတယ် 🙂 )

💵 အဓိကအားသာချက်အနေနဲ့ကတော့ #ပရီမီယံကြေးအနည်းငယ်နဲ့ ကြီးမားတဲ့အကာအကွယ်ရရှိစေပါတယ် ၊ သွင်းမယ့် ပရီမီယံကြေးကိုလည်း နှစ်သက်ရာရွေးသွင်းလို့ရပါတယ် ၊ ကိုယ်စုထားတဲ့ငွေတွေဟာ တိုးရင်းပေါင်းတွေနဲ့တကွ ကိုယ်ပိုင်စုဆောင်းငွေစာရင်းတစ်ခုအဖြစ်တည်ရှိနေမှာဖြစ်ပါတယ် ၊ ကိုယ်နဲ့သက်ဆိုင်တာက ကိုယ့်ရဲ့စုဆောင်းငွေစာရင်းဖြစ်ပြီး ကိုယ်ချစ်ခင်ရတဲ့မိသားစုနဲ့သက်ဆိုင်တာကတော့ အမြင့်ဆုံးသတ်မှတ်ထားတဲ့အာမခံအဆိုပြုငွေဖြစ်ပါတယ် ၊

ဥပမာ - အသက် ၃၆ နှစ်အရွယ် အာမခံထားသူတစ်ယောက်ဟာ အဆိုပြုငွေ " သိန်းတစ်ထောင် " အတွက်ဆိုရင် သူနှစ်စဉ်စုရမယ့်ပမာဏမှာ တစ်နှစ်ကို သိန်း ၂၀ မှ သိန်း ၂၅ ထိ နှစ်သက်သလောက်စုလို့ရပါတယ်

အခြားအကြောင်းတွေ မရှင်းပြခင် ဦးစွာ သွင်းလိုက်တဲ့ ပရီမီယံကြေးတွေ အလုပ်လုပ်ပုံကိုရှင်းပြချင်ပါတယ်
---------------------------------------------------------------
👉 #ဘ၀တစ်သက်တာအာမခံ ပရီမီယံကြေးအလုပ်လုပ်ပုံလေးက အခြားဘယ်ဟာနဲ့မှမတူ ထူးခြားပါတယ် ၊
💵 သွင်းလိုက်တဲ့ ပရီမီယံကြေးတွေကို စာရင်းနှစ်ခုခွဲပြီး စာရင်းတစ်ခုကတော့ အာမခံထားသူရဲ့စုဆောင်းငွေဖြစ်ပါတယ် ၊ #မိမိကိုယ်ပိုင်စာရင်း ဖြစ်ပြီး ဘဏ်မှာအပ်ထားတဲ့စုဆောင်းငွေနဲ့တူပါတယ် ၊ #ဘဏ်စုဆောင်းငွေစာရင်း တစ်ခုသဖွယ် လိုအပ်ရင်လည်းထုတ်သုံးလို့ရပါတယ်
💰 နောက်ထပ်ထူးခြားတာတစ်ခုကတော့ #အတိုး ပေးတဲ့ပုံစံလေးပါ 😘 #အတိုး ကို ပုံသေတစ်ခါတည်းပေးလိုက်တာမဟုတ်ဘဲ သွင်းတဲ့ပရီမီယံကြေးတွေပေါ်မှာနှစ်စဉ်တွက်ပေးပြီး အာမခံထားသူရဲ့ ကိုယ်ပိုင်စာရင်းဘက်မှာထားပေးတာဖြစ်ပါတယ် 😊😊



အဓိကအကာအကွယ် ( ၁ )
================
#ကွယ်လွန်ခြင်း အကျိုးခံစားခွင့်
benefit
=================
🛡️🛡️🛡️🛡️🛡️🛡️🛡️🛡️

#အာမခံရဲ့အဓိကအကာအကွယ်ဆိုတာ ပရီမီယံကြေးသွင်းနေရင်း မမျှော်လင့်ဘဲရုတ်တရက်ကွယ်လွန်သွားခဲ့လျှင် အာမခံအဆိုပြုငွေကို လွှဲပြောင်းခံရသူမိသားစုမှ တစ်လုံးတစ်ခဲတည်းရရှိမှာဖြစ်ပါတယ် ✅ ထူးခြားချက်အနေနဲ့ အခြားဘယ်နေရာမှာမှ မရတဲ့အကာအကွယ်ကို အာမခံမှာဘဲ သီးသန့်ရရှိတာဖြစ်ပါတယ် ၊ ကွယ်လွန်သူဟာ သံသရာခရီးကို စိတ်အေးချမ်းသာစွာ အစွဲကင်းစွာ ရှေ့ဆက်လျှောက်လှမ်းနိုင်မှာဖြစ်သလို ကျန်ရစ်သူမိသားစုမှာလည်း သောကတွေနဲ့ကျန်ခဲ့တာမဟုတ်ဘဲ ဘဏ္ဍာရေးစည်းစိမ်တွေနဲ့ကျန်ခဲ့တာဖြစ်ပါတယ်
😘😘 အဲ့ဒီထူးခြားချက်တွေအပြင် "
#ဘ၀တစ်သက်တာအာမခံ မှာဘဲရရှိနိုင်တဲ့အကျိုးကျေးဇူးကတော့

💵💵 = အဆိုပြုငွေ + ကိုယ့်ရဲ့စုဆောင်းငွေ 💵💵

နှစ်မျိုးပေါင်းကို တစ်လုံးတစ်ခဲတည်းရရှိမှာဖြစ်လို့ အာမခံထားသူအတွက် အရမ်းကိုထူးခြားပြည့်စုံကောင်းမွန်ပါတယ်

ဥပမာ - အသက် ၃၆ နှစ်အရွယ် အာမခံထားသူ ၊ အဆိုပြုငွေ သိန်းတစ်ထောင်အတွက် နှစ်စဉ်ပရီမီယံကြေး ၂၅ သိန်းသွင်းနေသူတစ်ယောက်သည် ၈ နှစ်မြောက်လောက်မှာ ကွယ်လွန်သွားခဲ့တာ်ဆိုရင် သူသွင်းခဲ့တဲ့ငွေစုစုပေါင်းက သိန်းနှစ်ရာသာရှိသေးပေမယ့် #အကျိုးဆက်ခံခွင့်ရရှိသူ ဟာ

💵 #အဆိုပြု ငွေ သိန်းတစ်ထောင်
+
စုငွေစာရင်းမှ သိန်းတစ်ရာလေးဆယ် ( နှစ်အလိုက် ကွာခြားမှုရှိပြီး နှစ်ကြာလေ ပမာဏများလေဖြစ်ပါသည် )
=
စုစုပေါင်း သိန်းတစ်ထောင်တစ်ရာ့လေးဆယ် 💰💰💰💰

😯😯😯😯😯😯 ကို တစ်လုံးတစ်ခဲတည်းရရှိမှာဖြစ်ပါတယ်
✅ အိမ်ထောင်ရှိသူများအနေနဲ့လည်း မိမိရဲ့သားသမီးနောင်ရေးစိတ်အေးရသလို
✅ အိမ်ထောင်မရှိသူ လူပျို အပျိုများအနေနဲ့လည်း မိဘအတွက် စိတ်အေးရပါတယ် ၊ ဒါမှမဟုတ် ကိုယ်ကွယ်လွန်ချိန်မှာ ဖောင်ဒေးရှင်းတည်ထောင်မလား ၊ ဘုရားကျောင်းကန်လှူမလား ကြိုက်နှစ်သက်ရာအတွက် ဘဏ္ဍာရေးချန်ခဲ့နိုင်ပါတယ်

👉 #အာမခံ ဘက်မှာ အစိတ်အပိုင်းသေးသေးလေးနေရာချထားလိုက်ခြင်းအားဖြင့် ကျန်ရစ်သူမိသားစုအတွက် #ကိန်းဂဏန်းပေါင်းများစွာချန်ခဲ့ပေးနိုင်မယ့်အရာ က အာမခံမှာဘဲရှိပါတယ် 🙂 လူတိုင်းဟာ တစ်နေ့သေမှာ သေချာနေတော့ ဒီလိုနေရာချတာဟာ အရှုံး လုံး၀မရှိတဲ့စီးပွါးရေးတစ်ခုသဖွယ်လည်းဖြစ်ပါတယ် ၊ ကိုယ်သေရင် မိသားစု၀င်တွေဟာ ဘယ်သူမှလိုက်သေမှာမဟုတ်ဘဲ ရှင်သန်နေထိုင်နေကြမှာဖြစ်လို့ မေတ္တာတရားကြီးမားသူ တာ၀န်ယူတတ်သူတွေအတွက် ချစ်ခြင်းမေတ္တာပြသလို့ရတဲ့အကောင်းဆုံးသောအရာဖြစ်ပါတယ်

🙂 သေရင်ဘာမှယူသွားလို့မရပေမယ့် ချန်ခဲ့ပေးနိုင်စွမ်းတော့လူတိုင်းမှာရှိပါတယ် ၊ ကိုယ်အသက်ရှင်စဉ်လုံး၀မရှာပေးနိုင်တဲ့ငွေပမာဏမျိုးကိုလည်း ချန်ခဲ့ပေးနိုင်ဖို့အခွင့်အရေးရောက်ရှိလာပါပြီ 🙂

အဓိကအကာအကွယ် ( ၂ )
================
#ထာ၀စဉ်မသန်စွမ်း အကျိုးခံစားခွင့်
benefit
====================
🛡️🛡️🛡️🛡️🛡️🛡️🛡️🛡️

#အာမခံထားရှိသူ ဟာ ပရီမီယံကြေးသွင်းနေရင်း မမျှော်လင့်ဘဲ ထာ၀စဉ်မသန်စွမ်းဖြစ်ခဲ့ပါက အပေါ်က ဥပမာအတိုင်း တစ်ထပ်တည်းရရှိမှာဖြစ်ပါတယ် ၊
👉 လူတစ်ယောက်ဟာ သေတစ်နေ့ မွေးတစ်နေ့ဖြစ်လို့ သေခြင်းတရားကို အရမ်းစိုးရိမ်စရာမလိုပေမယ့် ကြောက်ဖို့အကောင်းဆုံး ထိတ်လန့်တုန်လှုပ်စရာအကောင်းဆုံးကတော့ ထာ၀စဉ်မသန်စွမ်းဖြစ်ခြင်းပါ ၊ မိသားစုအတွက်လည်း ၀န်ထုပ်၀န်ပိုးဖြစ်စေသလို ဘဏ္ဍာရေးတွေ အနာဂတ်ရည်မှန်းချက်တွေလည်းထိခိုက်ပျက်စီးစေနိုင်ပါတယ် ၊ မိသားစုညိုငြင်တာကိုခံရနိုင်ပြီး ကိုယ်တိုင်အနေနဲ့လည်း စိတ်အလိုမကျမှုတွေ မိသားစုအပေါ်အားနာမှုတွေဖြစ်စေနိုင်ပါတယ်

#ကင်ဆာ ရောဂါအကာအကွယ်
benefit
==================
💊
ယနေ့ခေတ်ကာလမှာ ကင်ဆာရောဂါအဖြစ်များနေသလို #မြန်မာနိုင်ငံ ဟာလည်း ကင်ဆာရောဂါအဖြစ်အများဆုံးနိုင်ငံစာရင်းမှာပါ၀င်ပါတယ် ၊ ကင်ဆာရောဂါဟာ စည်းစိမ်ဥစ္စာတွေကိုဝါးမျိုနိုင်စွမ်းရှိတာ အားလုံးအသိဘဲဖြစ်ပါတယ်
👉 " ဘ၀တစ်သက်တာအာမခံ " မှာ ပေးထားတဲ့ ကင်ဆာရောဂါအကာအကွယ်ပုံစံလေးကတော့ အာမခံထားသူဟာ ကင်ဆာဝေဒနာခံစားရပြီဆိုရင် ကုသဖို့ငွေကြိုထုတ်ပေးတာဖြစ်ပါတယ် ၊ ထုတ်ပေးတဲ့ပမာဏကတော့ အဆိုပြုငွေရဲ့ ၂၅% ဖြစ်ပါတယ်
ဥပမာ - အသက် ၃၆ နှစ်အရွယ် ၊ အဆိုပြုငွေ သိန်းတစ်ထောင် ၊ ပရီမီယံကြေး တစ်နှစ်ကို ၂၅ သိန်းသွင်းနေသူတစ်ယောက်ဟာ သွင်းနေရင်း ကင်ဆာဝေဒနာခံစားခဲ့ရပါက

💵 သိန်းတစ်ထောင်ရဲ့ ၂၅% = သိန်းနှစ်ရာ့ငါးဆယ် 💵

ကို ကင်ဆာဝေဒနာကုသဖို့ ကြိုတင်ရရှိမှာဖြစ်ပါတယ်

👉 #ကင်ဆာ ကုသဖို့ အိမ်တွေရောင်း အကြွေးတွေတင်နဲ့ လူတန်းစားတစ်ရပ်နိမ့်ကျသွားသူတွေအများကြီးရှိပါတယ် ၊ အာမခံဆိုတာ လူတန်းစားနိမ့်ဆင်းမသွားစေဖို့အတွက် အကောင်းဆုံးအကာအကွယ်တစ်ခုဖြစ်လို့ ကင်ဆာအတွက်လည်းကာဗာလုပ်ပေးထားတာဖြစ်ပါတယ်

#စုဆောင်းငွေ ကဏ္ဍ

============
💵💵💵💵💵💵

👉 အပေါ်ကရေးခဲ့သလိုပါဘဲ #အာမခံထားသူ စုလိုက်တဲ့ ပရီမီယံကြေးထဲက စုဆောင်းငွေအကောင့်ဟာ နှစ်စဉ်နှစ်တိုင်း ပွားများနေပြီး အတိုးတွေပါ ထပ်ပေါင်းထည့်ပေးတာဖြစ်လို့ ထိုအကောင့်ဟာ နှစ်စဉ်ကြီးထွားနေမှာဖြစ်ပါတယ် ၊
✅ #စုဆောင်းငွေ ဟာ " အာမခံ " ဆိုတဲ့အမည်နဲ့လိုက်ဖက်အောင်ကိုဘဲ " အာမခံချက်ရှိတဲ့ငွေ " ဖြစ်ပါတယ် ၊ အခြားအရာများမှငွေကြေးတွေဆိုတာ တက်လွယ် ကျလွယ် အာမခံချက်မရှိတာဖြစ်လို့ အာမခံချက်ရှိတဲ့ငွေကို အရံအနေနဲ့ စုဆောင်းထားခြင်းဟာ ဘက်ပေါင်းစုံကနေ ကာဗာလုပ်ထားသလို စိတ်အေးရစေပါတယ် ၊ အသက်ကြီးလာမယ့်အရွယ်အတွက် ပင်စင်သဘောမျိုး ကြိုတင်စုထားသလိုဖြစ်စေပါတယ်

ပြောင်းလွယ်ပြင်လွယ်လုပ်ပိုင်ခွင့်ကဏ္ဍ
========================
😊😊😊😊

👉 အဆိုပြုငွေပမာဏကိုအတိုး/အလျှော့လုပ်နိုင်ခြင်း 😘

------------------------------------------------------------------

အာမခံစာချုပ်စတင်စဉ်က အဆိုပြုထားတဲ့ပမာဏအတိုင်း ရေရှည်စုရမယ်လို့ မဆိုလိုဘဲ မိမိကိုယ်တိုင် အတိုးအလျှော့လုပ်ပိုင်ခွင့်ပေးထားပါတယ် ၊ ဒါကြောင့် နှစ်ကြာလာတဲ့အချိန်မှာ ငွေကြေးဖောင်းပွမှုနှုန်းတွေနဲ့တွက်ချက်ပြီး အဆင်ပြေစေလောက်မယ့် ပမာဏကို တိုးလို့ရပါတယ်

👉 ပရီမီယံသွင်းသည့်ကာလနားရက်ယူခြင်း😘
-------------------------------------------------------

✅ လူတစ်ယောက်ဟာ အနိမ့်အမြင့်အတက်အကျရှိနိုင်သလို အခြားသော ကြိုတင်မသိရှိရတဲ့ အကြောင်းပေါင်းများစွာရှိပါတယ် ၊ ဒါကြောင့် ပရီမီယံသွင်းသည့်ကာလတစ်ခုကို နားရက်ယူထားလို့ရပြီး ထိုကာလမှာလည်း အကာအကွယ်ကတော့ ရရှိနေမှာဖြစ်ပါတယ်

👉 စုဆောင်းစာရင်းထဲကို ထပ်မံဖြည့်စွက်ခြင်း😘
-------------------------------------------------------

✅ ငွေပိုငွေလျှံရှိလာလို့ ထပ်မံစုဆောင်းချင်တယ်ဆိုရင်လည်း စုလို့ရပါတယ်

👉 စုဆောင်းငွေစာရင်းထဲမှ ထုတ်ယူသုံးစွဲခြင်း😘
-----------------------------------------------------------

✅ ဘဏ်စုဆောင်းငွေသဘောမျိုးပါဘဲ ၊ မိမိစာရင်းထဲမှ ငွေသားကို ထုတ်ယူသုံးစွဲခွင့်ရှိပါတယ်

အပိုဆုကြေးကဏ္ဍ

============
💸💸💸💸💸💸💸

❤️🏋️ AIAMyanmar ဟာ လူသားတွေအတွက် ပိုမိုကျန်းမာတဲ့ဘ၀ကို
လိုလားပါတယ်
🚭 ဒါကြောင့် ဆေးလိပ်မသောက်တဲ့ဆုကြေးလည်းသတ်မှတ်ပေးထားပါတယ်
အာမခံထားသူကွယ်လွန်ချိန်မှာ ဆေးလိပ်မသောက်သူဖြစ်ပါက အဆိုပြုငွေရဲ့ ၁၀ % ကို ဆုကြေးအဖြစ်ရရှိမှာဖြစ်ပါတယ် ၊ ကွယ်လွန်ချိန်မှာ မိမိချစ်ခင်ရတဲ့မိသားစု ပိုမိုရရှိစေဖို့ ချစ်ခြင်းမေတ္တာတရားတွေနဲ့ ဆေးလိပ်ဖြတ်လိုက်တယ်ဆိုရင် ကျန်းမာတဲ့ လူသားအရေအတွက်များလာမှာဖြစ်ပါတယ်

ဥပမာ - အသက် ၃၆ နှစ် ၊ အဆိုပြုငွေ သိန်းတစ်ထောင်နဲ့အာမခံပြုလုပ်ထားသူဟာ ဆေးလိပ်မသောက်သူဖြစ်ပါက ကွယ်လွန်ချိန်မှာ

အဆိုပြုငွေ သိန်းတစ်ထောင် + စုဆောင်းစာရင်းငွေ + ဆေးလိပ်မသောက်ဆုကြေး သိန်းတစ်ရာ 💵 ၃ မျိုးပေါင်းရရှိမှာဖြစ်ပါတယ်

ပေါ်လစီကိုရပ်စဲခြင်း
============
📃📃📃📃

👉 ဘ၀တစ်သက်တာဆိုတဲ့အမည်နဲ့လိုက်ဖက်ညီစွာဘဲ အသက် ၁၀၀ ထိ အကာအကွယ်ပေးထားတာဖြစ်ပါတယ် ၊ နှစ်ကာလအပိုင်းအခြားသတ်မှတ်ထားတာမျိုးမရှိဘဲ မိမိကြိုက်တဲ့နှစ်မှာရပ်လို့ရပြီး ရပ်လိုက်တာနဲ့ ကိုယ့်ရဲ့စုဆောင်းငွေစာရင်းထဲကပမာဏကို အကုန်ပြန်ရမှာဖြစ်ပါတယ် ၊ စုဆောင်းငွေစာရင်းကြီးထွားချိန်ရပ်မလား နောက်ထပ်အတိုးတွေနဲ့ ပိုမိုကြီးထွားချိန်ရပ်မလားဆိုတာ တစ်ယောက်နဲ့တစ်ယောက်လိုအပ်ချက်ချင်းမတူနိုင်တာဖြစ်လို့ ကိုယ်ဆက်သွယ်တဲ့အကြံပေးနဲ့သေချာဆွေးနွေးလို့ရပါတယ်

🛡️🛡️🛡️🛡️

👉 အသက်အာမခံ ဆိုတာ ကွယ်လွန်မှရတာမဟုတ်ပါဘူး ၊ ကွယ်လွန်ရင် ကိုယ်အဆိုပြုထားတဲ့ပမာဏကို ကျန်ရစ်သူများမှ တစ်လုံးတစ်ခဲတည်းရရှိမှာဖြစ်ပြီး အသက်ရှင်နေရင် ကိုယ့်ရဲ့စုဆောင်းငွေကို တိုးရင်းပေါင်းရရှိမှာဖြစ်ပါတယ်

😊 လူဆိုတာ လက်ရှိအခြေအနေထက် ပိုမိုသာလွန်ချင် ကောင်းချင်ကြတဲ့သူတွေချည်းပါဘဲ ၊ ဘယ်သူမှ နိမ့်ဆင်းမသွားချင်ကြပါဘူး ၊ အဲ့ဒီလို မနိမ့်ဆင်းဖို့အတွက်ဆိုရင် မမြင်ရသေးတဲ့အဆိုးတွေကို ကြိုတင်ကာကွယ်ထားဖို့လိုပါတယ် 🛡️

❤️ ပြည့်စုံခြင်းဆိုတာ စည်းစိမ်ဥစ္စာအဆောင်အယောင်တွေတင်မဟုတ်ဘဲ ဆိုးကျိုးတွေကိုကာကွယ်ထားတဲ့ စာချုပ်လေးတစ်စောင်လည်းပါ၀င်ပါတယ် ၊ ပိုမိုကောင်းမွန်တဲ့ပြည့်စုံခြင်းပါဘဲ

✅ သက်မဲ့ဖြစ်တဲ့ ဖုန်းလေးတစ်လုံးကိုကာဗာစွပ်ဖို့သတိရသလို သက်ရှိဖြစ်တဲ့လူသားဆိုရင် အထူးတလည်ပြောစရာလိုမယ်မထင်ပါဘူး ၊ လူသားဟာ အပင်တစ်ခုရဲ့အမြစ်ဆိုရင် အခြားသက်မဲ့ပစ္စည်းတွေဟာ အကိုင်းအခက်တွေပါ ၊ အမြစ်ကိုပိုမိုဂရုစိုက်ဖို့အတွက် " ဘ၀တစ်သက်တာအာမခံ " ကို ညွှန်းဆိုချင်ပါတယ်

❤️ ကိုယ့်မိသားစုကို ချစ်ခင်ကြောင်း ပြသဖို့အကောင်းဆုံး သက်သေခံလက်မှတ်

💰 စီးပွားမရှာနိုင်တော့တဲ့အချိန်မှာ အကူအညီပေးမယ့် ငွေထုတ်စက်

🔰မမျှော်လင့်ထားတဲ့အခြေအနေတွေပေါ်ပေါက်ခဲ့ရင်
ကိုယ့်မျိုးဆက်တွေဟာ လက်ရှိထက်မနိမ့်ကျဖို့ အကာအကွယ်

✅ကိုယ့်ရဲ့ retirement အချိန်မှာ ပူပင်ကြောင့်ကြကင်းဖို့ စာချုပ်လေးတစ်စောင်
--------------------------------
အကာအကွယ်ဆိုတာ အခုမှပေါ်လာတဲ့ ပေါ်ပင်မဟုတ်ပါဘူး ၊ အကာအကွယ်သဘောတရားက ရှေးပဝေသဏီတွေကတည်းကလူတိုင်းမှာရှိပါတယ်

❓ဘယ်လိုရှိတာလဲ 🤔🤔

🔶 ရှေးယခင်က ‌ပိုက်ဆံစုတာ ရွှေငွေစုတာတွေကို ဓါးပြတိုက်မှာစိုးလို့ တနေရာတည်းမထားဘဲ နေရာခွဲထားတာကလည်း အာမခံအကာအကွယ်သဘောတရား

🔶 ကလေးပညာရေးစရိတ် ၊ မကျန်းမာရင်ကုသဖို့ဆေးကုစရိတ် အပြင် အခြားသောအထွေထွေအရံအတားထားရှိတဲ့ဘတ်ဂျက်‌‌ တွေဟာလည်း အာမခံ သဘောတရား

🔶 အိမ်သော့မိတ္တူလေးဆောင်ထားတာ ၊ အရေးကြီးစာရွက်စာတမ်းကို မိတ္တူလေးကူးထားတာကလည်း အာမခံသဘောတရား .................. တို့အပြင် so many!

👍 ပြောင်းလဲလာတဲ့ခေတ်ရေစီးကြောင်းမှာ ကိုယ့်အတွက် အကာအကွယ်ပေးမယ့်အဖွဲ့အစည်းတွေပေါ်လာပြီဆိုတော့ ကိုယ့်အတွက်က နှလုံးစိတ်၀မ်းအေးချမ်းမှုတွေနဲ့နေလို့ရပြီ

❤️ လူသားချင်း ချစ်ခြင်းမေတ္တာဝေမျှခြင်းဟာ အကောင်းဆုံးဘာသာတရားတစ်ခုဖြစ်တယ်ဆိုရင် မိသားစုအတွက် အသက်အာမခံထားတဲ့နည်းလမ်းနဲ့ ဖော်ကျူးလို့ရပါတယ်ခင်ဗျာ ❤️
👌
အချိန်မရွေး မေးမြန်းစုံစမ်းနိုင်ပါတယ်ခင်ဗျာ 😘

Ko Hein Pyae



📮 [email protected]
📲09440124358

AUNG MYO TUN

14/01/2024

🙏 မဂ်လာပါ 🙏
AIA က ထပ်မံမိတ်ဆက်လိုက်တဲ့ နိုင်ငံတကာအဆင့်မီ ကျန်းမာရေးအာမခံဖြစ်တဲ့
ONE HEALTH SOLUTION လေးအကြောင်း အသေးစိတ်ပြောပြပေးချင်ပါတယ် ✅

👉 One Health Solution အလုံးစုံ ကျန်းမာရေးအာမခံထားရှိလို့ရတဲ့အရွယ်က ( ရက် ၃၀ ကလေးအရွယ်မှ အသက် ၆၀ အထိဖြစ်ပြီး အသက် ၈၀ ထိ သက်တမ်းတိုးလို့ရပါတယ် ) 😘 ဒါကြောင့် ဘေဘီလေးတွေရဲ့ကျန်းမာရေးကိုဂရုစိုက်တဲ့ဖေဖေမေမေတို့တွေအတွက်လည်း အဆင်ပြေပါတယ် 🧑‍🍼🤱

🗺️🧳🏨 ပြည်တွင်းသာမက ပြည်ပဆေးရုံများမှာ ကုသရခြင်း ခွဲစိတ်ရခြင်းများအတွက်လည်း အကာအကွယ်ပေးပါတယ်

👉 One Health Solution အလုံးစုံကျန်းမာရေးအာမခံထားရှိလို့ရမယ့်ပုံစံကတော့ ကိုယ်အတွက်အဆင်ပြေကိုက်ညီမယ့် plan လေးတွေ ရွေးချယ်ရမှာဖြစ်ပြီး မတူညီတဲ့ plan ၇ မျိုးရှိပါတယ် ၊ plan တစ်ခုချင်းရဲ့ဈေးနှုန်းတွေဟာ အသက်အရွယ် ကျား/မ ကွဲပြားမှုတွေပေါ်မူတည်ပြီး ဈေးနှုန်းကွဲပြားပါတယ် 💵 ဈေးနှုန်းတစ်ခုချင်းမှာ တစ်နှစ်စာစောင့်ရှောက်မှုပေးမယ့်ပမာဏနဲ့ တစ်သက်စာစောင့်ရှောက်မှုပေးမယ့်ပမာဏတွေကိုသတ်မှတ်ထားပါတယ်

🛡️ ကာကွယ်မှုပေးမယ့်အပိုင်းတွေကတော့ အောက်ဖော်ပြပါအတိုင်းဖြစ်ပါတယ်
------------------------------------------------------

🌡️( ၁ ) ဆေးရုံမတက်ရောက်မီ လိုအပ်တဲ့စစ်ဆေးမှု၊ အဖြေရှာမှုစရိတ်များ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸
✅ ‌ဆေးရုံမတက်ရောက်မီ ရက် ၆၀ အတွင်း ရောဂါရှာဖွေခြင်းကျသင့်ငွေ
✅ အထူးကုဆရာ၀န်ဖြင့် ဆွေးနွေးသည့် သမားတော်ခကျသင့်ငွေ
✅ ခွဲစိတ်မှုခံယူရန်အတွက် ဒုတိယမြောက်သမားတော်ဖြင့် ဆွေးနွေးအကြံဉာဏ်ရယူသည့်ကျသင့်ငွေ
👉💸 အထက်ပါ ကျသင့်ငွေတို့အတွက် တစ်နှစ်စာကာဗာပေးထားသည့် သတ်မှတ်ပမာဏအတွင်းကနေပြီး အမှန်တကယ်ကုန်ကျစရိတ်ကိုပေးမှာဖြစ်ပါတယ် 💯 💸
ဥပမာ - အသက် ၂၈ နှစ်အရွယ် ကိုဇော်ဇော်သည် plan 2 ကိုရွေးချယ်ဝယ်ထားသည်ဆိုလျှင် သူ့အသက် plan 2 ရဲ့ တနှစ်စာကန့်သတ်ချက်က 7500000 ဖြစ်လို့ ထို ခုနှစ်ဆယ့်ငါးသိန်းထက် မကျော်တဲ့ပမာဏထိ အကာအကွယ်ပေးထားမှာဖြစ်ပါတယ်

🏨 ( ၂ ) ဆေးရုံအတွင်းလူနာအဖြစ်ကုသမှုခံယူရခြင်းများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸
✅ ဆေးရုံအခန်းခနှင့် ဆေးရုံမှကျွေးသည့် ထမင်းစရိတ်များအတွက်
ရွေးချယ်ထားသည့် plan အလိုက် သတ်မှတ်ချက်များထားရှိပြီး ပေးအပ်မှာဖြစ်ပါတယ်
ဥပမာ - ကိုဇော်ဇော် plan 2 အတွက်ဆိုလျှငိ
တစ်ရက်ကို 38000 အထိ အမှန်တကယ်ကုန်ကျစရိတ်ကိုရရှိမှာဖြစ်ပါတယ်
✅ ICU သို့ရောက်ရှိပါက တစ်နှစ်စာကန့်သတ်ချက်ပမာဏအတွင်းမှ အမှန်တကယ်ကုန်ကျစရိတ်ကို ပြန်လည်ပေးအပ်မှာဖြစ်ပါတယ် 💯 💸
✅ ဆေးရုံတက်နေစဉ် အောက်ဖော်ပြပါဆေးရုံတွင်း အထွေထွေကုန်ကျစရိတ်တွေကိုလည်း ပြန်လည်ပေးအပ်မှာဖြစ်ပါတယ် 👎👎👎

🎛️🎚️ ဆေးရုံသုံး အထောက်အကူပြုပစ္စည်း ၊ ၀န်ဆောင်မှုများ
👨‍⚕️သမားတော်လှည့်လည်ကြည့်ရှုသည့်ကျသင့်ငွေ
👩‍⚕️nurse အတွက်ကျသင့်ငွေ 💵
🧾ကျောက်ပါတ်တီး ၊ အနာပါတ်တီးစရိတ်များ
🌡️ဓါတ်ခွဲခန်းတွင်စစ်ဆေးမှုများ
💉 ခွဲစိတ်ခန်းစရိတ်များ
💊 မေ့ဆေး / ထုံဆေးကျသင့်ငွေများ
🚑 လူနာတင်ယာဉ်အသုံးပြုခ ...............စသည့် ကုန်ကျစရိတ်များအား တစ်နှစ်စာကန့်သတ်ချက်အတွင်းမှ အမှန်တကယ်ကုန်ကျငွေကို ပြန်လည်ပေးအပ်မှာဖြစ်ပါတယ်💯 💸

🏥💉 ( ၃ ) နေ့ချင်းပြီး ခွဲစိတ်ရမှုများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
✅ ဆရာ၀န်ညွှန်ကြားချက်အရ မဖြစ်မနေပြုလုပ်ရမယ့် နေ့ချင်းပြီး အသေးစားခွဲစိတ်မှုများအတွက်လည်း အကာအကွယ်ရရှိမှာဖြစ်ပါတယ် 💯 💸

🚑 🏥( ၄ ) Accident ကြောင့် ပြသရသည့် ဆေးရုံ/ ဆေးခန်းစရိတ်များ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸
✅ မတော်တဆဖြစ်ရပ်နဲ့ကြုံရလို့ ဆေးရုံ / ဆေးခန်းတွင် ကုသမှုခံယူရပါက ကုန်သည့်ကုန်ကျစရိတ်နှင့် နောက်ထပ် ရက် ၃၀ အတွင်း ပြန်လည်ပြသနေရသည့်ကုန်ကျစရိတ်များအား တစ်နှစ်စာသတ်မှတ်ထားသည့်ပမာဏအတွင်းမှ အမှန်တကယ်ကုန်ကျစရိတ်ကို ပြန်လည်ပေးအပ်မှာဖြစ်ပါတယ် ၊ မတော်တဆဖြစ်ရပ်ကြောင့် " သွား " ထိခိုက်ရင်လည်း လိုအပ်သည့်ကုသမှုများအတွက် အကာအကွယ်ရရှိမှာဖြစ်ပါတယ် 💯 💸

🏨 ( ၅ ) ပြင်ပလူနာအဖြစ် ကင်ဆာဆေးသွင်းရခြင်းများ / ကျောက်ကပ်ဆေးခြင်းများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
✅ ပေါ်လစီအတည်ပြုပြီး ( ၁ ) လ နောက်ပိုင်းတွင် ကျောက်ကပ်ဆေးရခြင်းများ ၊ ( ၂ ) လ နောက်ပိုင်းတွင် ကင်ဆာနှင့်ပါတ်သက်သည့် ကုသမှုခံယူရခြင်းများအတွက်လည်း အမှန်တကယ်ကုန်ကျစရိတ်များ ပြန်လည်ပေးအပ်မှာဖြစ်ပါတယ် 💵💯

💀( ၆ ) ကွယ်လွန်ခြင်း
🔸🔸🔸🔸🔸🔸🔸
✅ Accident ကြောင့် ကွယ်လွန်ပါက ကိုယ်ရွေးချယ်ထားသည့် plan အလိုက် ပေးလျော်မှာဖြစ်ပါတယ် 💵

🏆( ၇ ) ကျန်းမာခြင်းဆုလာဘ်
🔸🔸🔸🔸🔸🔸
✅ ပေါ်လစီသက်တမ်း တစ်နှစ်အတွင်း ဘယ်လိုအခြေအနေမှမပေါ်ပေါက်ဘဲ ကျန်းမာသုခနှင့်ပြည့်စုံနေပါက နောက်ထပ်တစ်နှစ်စာပေါ်လစီအတွက် ၅% 😘 ကို ကျန်းမာခြင်းဆုလာဘ်အဖြစ်ကို ချီးမြှင့်ပေးမှာဖြစ်ပါတယ် 🏆🏆🏆🏆

🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸

👉 လူတစ်ယောက်ရဲ့ဘ၀မှာ ဈေးဆစ်လို့မရတဲ့စရိတ် ၊ ကိုယ့်စီးပွားရေး ကိုယ့်ရည်မှန်းချက်တွေကို ဝါးမျိုစေနိုင်တဲ့စရိတ် ၊ နှမြောတွန့်တိုပေမယ့် မဖြစ်မနေသုံးရတဲ့စရိတ် 😭
အဲ့လိုဝါးမျိုနိုင်စွမ်းကြီးမားတဲ့ ဆေးရုံ ဆေးခန်းစရိတ်တွေကနေ ရှောင်ရှားဖို့အတွက် ကိုယ့်ရဲ့ စား သောက် နေထိုင်မှုပုံစံကို ကျန်းမာအောင်ကိုယ်တိုင်ကျင့်ကြံနေထိုင်သင့်သလို
ကျန်းမာရေးအာမခံပြုလုပ်ထားခြင်းနည်းလမ်းဖြင့်လည်း လျှော့ချလို့ရပါကြောင်း အကြံပြုလိုပါတယ်ခင်ဗျာ 🙏

Hein Pyae

📮 [email protected]
📲09440124358




Myo Tun

15/05/2023

"အာမခံရဲ့ တန်းဖိုးရှိတဲ့ အချက်အလက်များစွာထဲက ဖြစ်စဉ်တစ်ခု"🤍
---------------------------------------

အခုလတ်တလော ဖစ်ပွားနေတဲ့ မုန်တိုင်းရဲ့အကျိူးဆက်ကြောင့် ရန်ကုန်ကို

ပြင်းထန်စွာ လေပြင်းမိုး တိုက်ခတ်မှုများ ရွာတဲ့ ဒဏ်ကို ခံစားနေရပါတယ်။

အခုပုံပါတဲ့ ကားဆိုရင် ကားပါကင်ရပ်ထားစဉ် လေပြင်းအားကြောင့်

အနားမှာရှိတဲ့ ဆိုင်းဘုတ်ကြောင့် ကားခေါင်းမိုးထောင့်ကို ထိခိုက်မှု ဖစ်ခဲ့ပါတယ်။

ဒါပေမယ့် ထိခိုက်မှုကို ဆိုင်းဘုတ်ပိုင်ရှင်ကို လျော်ခိုင်းလို့မရ မုန်တိုင်းကလဲ

တာဝန်မယူနိုင် နောက်ဆုံးတော့ လူအများစု ထားဖို့ ဝန်လေးနေတဲ့ အာမခံ company ကပဲ

အစအဆုံးတာဝန်ယူ ဖြေရှင်းသွားပါမယ်ခင်ဗျာ။🥰

အဲဒါကြောင့်မို့လို့ လူကြီးမင်းတို့ ကားထိခိုက်မှုကို Hein Insurance Service Agency

တာဝန်ယူ ဆောင်ရွက်ပါရစေ ခင်ဗျာ။

လူကြီးမင်းတို့ရဲ့ ကားအာမခံကို ထားရှိလိုပါက
Phone Number 09-976162295
09-941479547
09-440124358
ဆက်သွယ်မေးမြန်း စုံစမ်းထားရှိလို့ရပါတယ်ခင်ဗျာ။







Hein Insurance Service Agency

20/04/2023

Hein Insurance က မည်သည်ယာဉ်မဆို ကားအာမခံ "အခမဲ့ ဝန်ဆောင်မှု" ပေးနေပါပီခင်ဗျာ။😅

အချိန်နောက်မကျခင် အမြန်ဆုံး ဆက်သွယ်မေးမြန်းနိုင်ဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။😘🤍

ဆက်သွယ်ရန်ဖုန်းနံပါတ်- 09 941 479 547
- 09 440 124 358
- 09 976 162 295 .







Hein Insurance Service Agency

Photos from Hein Insurance Service Agency's post 06/04/2023

"တစ်ရက်ကို ထောင်ဂဏန်းပဲ ကျမှာကို သိန်းဆယ်ချီ မကုန်မိကျပါစေနဲ့"

အာမခံထားရင် ကားတန်ဖိုးရဲ့ 1% ပေးဆောင်ပီး အချိန်ကုန်သက်သာ
ငွေကြေးတွေ စိုးရိမ်စရာမရှိအောင် အာမခံ ဝယ်ထားပီး ကာကွယ်ကြပါစို့။

Hein Insurance Service Agency

30/03/2023

ကားထိခိုက်မှု စိတ်ရှုပ်ဝေဒနာ

လူတွေက ပြောကြတယ် ကားအာမခံထားဖို့ဆိုရင် ယုန်လို မြန်ကြတယ်

ထိခိုက်မှုဖစ်လို့ လျော်ကြေး တောင်းတော့မယ်ဆိုရင် လိပ်လို နှေးကြတယ်လို့ ဆိုကြတယ်

တကယ်တော့ ------

Customer ရဲ့ ကားအာမခံ ထားတဲ့ ပေါ်လစီ အမြင်ကတော့ "လျင်မြန်မှု"

အာမခံဝန်ထမ်းတွေ ရဲ့ စည်းမျဉ်းကတော့ "တိကျ မှန်ကန် ဖြေရှင်းမှု"

အဲဒီနှစ်ခု ကိုပေါင်းစပ်လိုက်တဲ့ အခါ "အထင်အမြင် နားလည်လွဲမှု"တွေကို

ဖြေရှင်းပေးဖို့အတွက် ကျွန်တော်တို့ Hein Insurance Service Agency က

"တာဝန်ယူမှု" နဲ့ အသင့်ရှိနေပါတယ်ခင်ဗျာ။ ။

ဆက်သွယ်ရန်ဖုန်းနံပါတ်- 09 941 479 547
- 09 440 124 358
- 09 976 162 295




Hein Insurance Service Agency

28/03/2023

"လူကြီးမင်းတို့ အတွက် ဂုဏ်ယူစရာ ဝမ်းသာစရာ သတင်း " 💙

ကျွန်တော်တို့ Hein Insurance Service Agency က

B-one (Best One) ကားဘောဒီရုံကို အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ပါတယ်ခင်ဗျာ။

လူကြီးမင်းတို့ ကားကျန်းမားရေး အာမခံ ကို အကောင်းဆုံး ဝန်ဆောင်မှု ပေးနိုင်ရန်

ကြိုးစားသွားပါမယ်ခင်ဗျာ။ ။💙

Adress - အမှတ်(၇၂၉)၊မဟာသုခိတာလမ်း(၉)လမ်းမြောက်၊အရှေ့ကြို့ကုန်း၊အင်းစိန်မြို့နယ်၊ရန်ကုန်မြို့

Contact - 09 420 351 114 , 09 420 351 116

08/03/2023

"တစ်ရက်ကို 1500ကျပ် ထည့်ရုံနဲ့ အသက်ငွေစုအာမခံ ရရှိနိုင်မည့်အခွင့်အရေး"

အသက်ငွေစုအာမခံကို လက်ဝယ်ပိုင်ဆိုင်နိုင်ရင် ရရှိနိုင်မယ့် အကျိုးကျေးဇူးများ....?🤔🤔🤔

အသက်ငွေစုအာမခံ ရင်းနှီးမြှပ်နှံမှု အကျိုးခံစားခွင့်...?🤑🤑🤑

ပရီမီယမ် ပုံမှန်သွင်းဆုကြေး အကျိူးခံစားခွင့်...?💰💰💰

နှစ်စေ့ အကျိူးခံစားခွင့်...?🎊🎊🎊

ဘဝတစ်သက်တာ အသက်အာမခံ အကာကွယ်များဖြစ်တဲ့ အထက်ပါအချက်အလက်များကို
သိရှိလိုပါက...........

ဖုန်းနံပါတ်-09941479547
-09440124358
-09976162295 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။




Hein Insurance Service Agency

Photos from Hein Insurance Service Agency's post 06/03/2023

Super Monday 🥰🥰🥰

လူကြီးမင်းတို့ရဲ့ ကားအာမခံကို ထားရှိလိုပါက
Phone Number 09-976162295
09-941479547
09-440124358
ဆက်သွယ်မေးမြန်း စုံစမ်းထားရှိလို့ရပါတယ်ခင်ဗျာ။







Hein Insurance Service Agency

03/03/2023

"သင့်အတွက်မဆုံးရှုံးမယ့် ကျန်းမာရေးအာမခံ"

ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေကြောင် ရုတ်တရက် ခွဲစိတ်မှုလိုအပ်လာတာပဲဖစ်ဖစ် သင့်ရဲ့ချစ်ခင်ရတဲ့သူနဲ့မိသားစုဝင် ကျန်းမာရေးအခြေအနေကြောင့် ဆေးကုသမှုလိုအပ်လာတာပဲဖစ်ဖစ် ဆေးကုသမှုကုန်ကျစရိတ်အတွက်စိတ်ပူပန်နေစရာမလိုတော့ပဲနဲ့ ပြန်လည်ကျန်းမာလာစေရန်အတွက် ကျွန်တော်တို့Hein Insurance Service Agency မှာ ကျန်းမာရေးအာမခံဝယ်ယူခြင်းဖြင့် ကျသင့်တဲ့စရိတ်ပမာဏအတိုင်း ပြန်လည်ပေးအပ်ခြင်းဖြင့် ဆေးကုသမှုနှင့်ဆိုင်တဲ့အကာအကွယ်များကို တာဝန်ယူဖြေရှင်းပေးသွားမှာဖစ်ပါတယ်ခင်ဗျာ။ 🛡☺️

ကမ္ဘာအနှံ့ဆေးကုသမှုအကျိုးခံစားခွင့်လဲရှိပါသေးတယ်ခင်ဗျ။🤭🤭
ကျန်းမာရေးအာမခံနှင့် ပတ်သက်သောအကြောင်းအရာများကို ထပ်မံသိရှိလိုပါက Hein Insurance Service Agency မှာစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။
ဆက်သွယ်ရန်ဖုန်းနံပါတ်- 09941479547
- 09440124358
- 09976162295 ကို
ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။



#ကျန်းမာရေးအာမခံ
Hein Insurance Service Agency

02/03/2023

National Farmer Day🤍❤️💙

Photos from Hein Insurance Service Agency's post 28/02/2023

Happy White Day🤍❤️🤍

လူကြီးမင်းတို့ရဲ့ ကားအာမခံကို ထားရှိလိုပါက

Phone Number 09-976162295
09-941479547
09-440124358

ဆက်သွယ်မေးမြန်း စုံစမ်းထားရှိလို့ရပါတယ်ခင်ဗျာ။






Hein Insurance Service Agency

23/02/2023

"အာမခံအကြောင်းတစ်စေ့တစ်ကြောင်း"
အသက်အာမခံလို့ ပြောလိုက်တာနဲ့ လူတိုင်းကထင်ကြတယ် အသက်သေဆုံးမှူဖြစ်မှထုတ်လိူ့ရတယ်လိူ့ ထင်ကြတယ် တကယ်တော့အဲ့လိုမဟုတ်ဘူးဗျ။
ဘာလို့လဲဆိုတော့ ကိုယ်တစ်ယောက်တည်းအတွက်သာမက ကိုယ့်မိသားစုအနာဂတ်ကိုပါ ငွေကြေးအရ လုံခြုံမှုရှိစေတဲ့ Risk Management အစီအစဥ်တစ်ခုပါ။💸💸💸
အသက်အာမခံ ဆိုတာကတော့ မိသားစုပေါ် တန်ဖိုးထားမှု ပါဝင်ပြီး ကိုယ့်ဝင်ငွေနဲ့ နိုင်သလောက် ငွေကြေးစီမံထားခြင်းပါ။
ကိုယ့်မှာ မပိုင်ဆိုင်ထားသေးတဲ့ (ရည်မှန်းထားတဲ့) အနာဂတ် ငွေကြေးပမာဏတစ်ခုအတွက် သေးငယ်တဲ့ လစဥ်စုဆောင်းငွေနဲ့ မိသားစုအနာဂတ်ကို လုံခြုံစွာ အကာအကွယ်ယူ တည်ဆောက်ပေးထားခြင်းဖြစ်ပါတယ်။ 🛡🛡🛡
လောဘကင်းတဲ့ လုပ်ဆောင်ချက်ဖြစ်လို့ သောကလည်း ကင်းပြီး စိတ်အေးချမ်းကိုပါ ရရှိစေမှာအမှန်ပါပဲ။☺️☺️☺️
ခိုင်မာတဲ့ ကြိုတင် အမွေပေးထားမှု တစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။
အသက်အာမခံ နဲ့ ပတ်သက်ပီး အထက်ပါ အချက်အလက်တွေမကပဲ တခြားအကြောင်းအရာများကို ထပ်မံသိရှိလိုပါက Hein Insurance Service Agency ရဲ့ ဖုန်းနံပါတ်များဖြစ်တဲ့ 09941479547,09440124358 နှင့် 09976162295 ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။




#အသက်အာမခံအကြောင်းသိကောင်းစရာ
Hein Insurance Service Agency

13/02/2023

AIAMyanmar၌
အသက်အာမခံ နဲ့ ပတ်သတ်ပြီး သိကောင်းစရာ ဟောပြောပွဲကို
19.2.2023 (Sunday)တွင် တတ်ရောက်ရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါတယ်

စိတ်၀င်စားရင် Hein Insurance Service Agencyကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။
ဆက်သွယ်မေးမြန်းလိုပါက 09941479542 ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်ခင်ဗျာ။


#ကျန်းမာရေးအာမခံ
#အသက်အာမခံအကြောင်းသိကောင်းစရာ



Hein Insurance Service Agency

08/02/2023

"လူဆိုးလူကောင်းကို ခွဲမခြား မီးဘေးရဲ့ တယူသန်လာဘ်စားပုံ"❤️

နာရီ အချိန် နေ့ရက် နေရာ မရွေး ပေါ်လာတတ်တဲ့ မီးဘေး သိပ်ကြောက်ဖို့ကောင်း

ကိုယ်ရဲ့ တစ်သက်စာ စုဆောင်းမိတဲ့ အရာအားလုံး မျက်စီတစ်မှိတ်အတွင်း ပျောက်ဆုံး

အဲလိုမျိူး ဘဝကို တစ်က ပြန်မစဖို့အတွက် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ...?

အဖြေကတော့ ရိုးရှင်းပါတယ် Hein Insurance Service Agency နဲ့ လက်တွဲလိုက်ပါ။

လူကြီးမင်းတို့ အခက်အခဲဖစ်စေမယ့် အရာအားလုံးကို Hein Insurance Service Agency က ကူညီဖြေရှင်းပေးနေပါတယ်ခင်ဗျာ။❤️








Hein Insurance Service Agency

07/02/2023

ကားအာမခံထားရခြင်း၏ ရည်ရွယ်ချက်.....🤍❤️

မိတ်ဆွေတို့ရဲ့ကား ဆုံးရှုံးမှုတစ်ခုခု ဖြစ်လာခဲ့ရင် သုံးဖို့အတွက်ပြင်ဖို့အတွက် ငွေကိုရံထားကြရပါတယ်။

ဒီလိုငွေကိုရံထားစရာ ချန်ထားစရာမလိုပဲ တခြားသောကိစ္စမှာ
စိတ်ကြိုက်အသုံးပြုနိုင်ဖို့ မိတ်ဆွေတို့ရဲ့ကားကို စိတ်ချလက်ချအသုံးပြုနိုင်ရန်ကျွန်တော်တို့ Hein Insurance Service Agency မှာ ကားအာမခံကို ယုံကြည်စိတ်ချစွာ ထားရှိနိုင်ပါတယ်ခင်ဗျာ။

ကားအာမခံ ထားခြင်းအားဖြင့် မိတ်ဆွေတို့၏ကားအပေါ် မတော်တဆ အန္တရာယ်တစ်စုံတစ်ခု ကျရောက်၍ ပျက်စီးမှုရှိခဲ့သော် အာမခံစနစ်မှာထားရှိထားသော ငွေကြေးအားဖြင့် ဆုံးရှုံးမှုအပေါ် တာဝန်ယူလုပ်ဆောင်ပေးနိုင်ရန် အကောင်းတကာ့အကောင်းဆုံးဝန်ဆောင်မှုများနှင့်ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်ခင်​ဗျာ။

မိတ်ဆွေတို့ဘက်မှ ကားအာမခံအကြောင်း ထပ်မံ၍အသေးစိတ်တိတိကျကျ သိရှိလိုပါက 09941479542 ကိုရုံးချိန်အတွင်း အချိန်မရွေး ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။







Hein Insurance Service Agency

Photos from Hein Insurance Service Agency's post 02/02/2023

"ရေဘူးနဲ့ဖိနပ်မပါ နွေခါမှသိ

သီလနဲ့ဒါန မပါ သေခါမှသိ

အာမခံနဲ့ Hein Agency မပါ ထိခိုက်မှသိ"








Hein Insurance Service Agency

Photos from Hein Insurance Service Agency's post 01/02/2023

10 မိနစ် နဲ့ ကားဘက်မှန် ခိုးခံရခြင်း အနုပညာ😇

ဖြစ်စဉ် ဝန်ကြီးများရုံးအရှေ့တွင် ရပ်ထားစဉ် မဂ်လာဆောင် လာစဉ် ဆယ်မိနစ်အတွင်း
လက်ဖွဲ့သွားပေးနေတဲ့ အချိန်တွင် ကားဘက်မှန် နှစ်ဖက်လုံး ခိုးယူခဲ့ရပါတယ်ခင်ဗျာ။

အဲဒီ Case ကို ကျွန်တော်တို့ Hein Insurance Service Agency က 24 နာရိအတွင်း ကူညီဖြေရှင်းပေးခဲ့ပါတယ်ခင်ဗျာ။🥰







Hein Insurance Service Agency

Photos from Hein Insurance Service Agency's post 31/01/2023

"ခေတ်တွေ ရာသီဥတုတွေ ရိုက်ခတ်နေပါစေ
အာမခံရဲ့ကာကွယ်စောင့်ရှောက်မှုကတော့🛡
ဘယ်တော့မှ မပြောင်းလဲပါဘူး
အချိန်တွေ နေရာတွေ မရွေး သင့်အတွက်
အာမခံက စောင့်ကြိုနေမှာပါခင်ဗျာ"💙

Hein Insurance Service Agency နဲ့ လက်တွဲထားပေးတဲ့ 🥰
Customer အယောက်စီတိုင်းကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။






Hein Insurance Service Agency

25/01/2023

အဖြစ်အပျက်ကြောင့် ဆုံးရှုံးခြင်း💙

အာမခံကို မည်သည်အကြောင်းကြောင့် လိုအပ်ပါသနည်းဟု
မေးလာပါက အာမခံသည်
မီးလောင်ခြင်း ငလျင်လှုပ်ခြင်း မော်တော်ယာဉ် မတော်တဆ ဖြစ်ပွားမှုကြောင့်
ဖြစ်ပေါ်လာသော ပျက်ဆီးဆုံးရှုံးခြင်းမှ ငွေကြေးအထောက်အပံ့ ရယူရန်ဆိုသော
အခြေခံသဘောတရား အကြောင်းတရားတစ်ရပ် ဖြစ်ပါသည်။

လူသားတို့နေ့စဉ် လှုပ်ရှားသွားလာနေသော လူမှုပတ်ဝန်းကျင်တွင် Risk ဆိုသော
ပျက်စီးဆုံးရှုံးနိုင်ဖွယ်ရှိသည့် အဖြစ်အပျက်သည် နေရာတိုင်း အချိန်တိုင်းတွင်
တွေ့ကြုံနိုင်ရပါသည်။

လူတိုင်းသည် တစ်နေ့မလွဲမသွေ မုချသေဆုံးရမည် ဖြစ်ပါသည်။ သို့သော်
မည်သည့်အချိန် မည်သည်နေရာတွင် မည်ကဲ့သို့ သေဆုံးရမည်ကို မသိရှိ၍သာ
အာမခံ ဝယ်ယူခြင်း လက်ခံခြင်းပြုလုပ် ထားသင့်ပါသည်။

လူကြီးမင်းတို့ အာမခံ ဒီထက်ပို အသေးစိတ်သိချင်လိုပါက
ရုံးချိန်အတွင်း 09941479542 ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

09/01/2023

ကျန်းမာရေးအတွက် ဘယ်လို စုဆောင်းကြမလဲ..?

လူရယ်လို့ ဖြစ်လာတာနဲ့ ကိုယ်ဝင်ငွေ ထွက်ငွေကတော့ ရှိစမြဲပါခင်ဗျာ

ကိုယ်ရဲ့ ဝင်ငွေ ဆယ်ပုံတစ်ပုံကို ကျန်းမာရေး အတွက် ဖယ်ထားလိုက်မယ်ဆိုရင်

အသက်ငယ်တုန်း မသိသာပေမယ့် အရွယ်တစ်ခုရောက်လာရင် အကျိူးကျေးဇူး ခံစားရမှာပါ။

ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် ကျန်းမာရေးအာမခံကို ကိုင်ဆောင်ထားမယ်ဆိုရင်

အနာဂတ်အတွက်ရော လက်ရှိအတွက်ရော စိုးရိမ်ပူပန်စရာ မလိုပဲ ကျော်ဖြတ်သွားနိုင်ဖို့

အပြည့်အဝ ယုံကြည်ပါတယ်ခင်ဗျာ။

ကျန်းမာရေး ကောင်းနေပါစေ မျှော်လင့်မထားတဲ့ အရာတွေ ကြုံတွေ့ရင်ဆိုင် ဖြတ်သန်းနိုင်ဖို့

ကြိုတင်ပြင်ဆင်ထားသင့်ပါတယ် ခင်ဗျာ။

လူကြီးမင်းတို့ ကျန်းမားရေးအာမခံ ဒီထက်ပို အသေးစိတ်သိချင်လိုပါက

ရုံးချိန်အတွင်း 09941479542 ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

"လူနေမှု အဆင်အတန်း မြင့်မားတဲ့ ဆေးရုံကုသစရိတ် ကာကွယ်မှုကို ယူဖို့

ကျန်းမာရေး အာမခံ ကို ယူကြပါစို့"။ ။





Hein Insurance Service Agency

06/01/2023

"အသက်အာမခံ အပေါ် လူတွေရဲ့ နားလွဲမှုများ"

အသက်အာမခံ ထားလိုက်ရင် သေဆှုံးမှုဖစ်မှ ကိုယ်ရဲ့ငွေပမာဏကို ထုတ်နိုင်မယ် ထင်တဲ့အမှား....?

-တကယ်တော့ ကိုယ်အသက်အရွယ်နဲ့ ငွေသွင်းတဲ့ပမာဏကို ကြည့်ပီး နှစ်တစ်ခုခု အချိန်တိုင်ကြာရင် ထုတ်လို့ရနိုင်ပါတယ်ခင်ဗျာ။❤️

အသက်အာမခံ ကိုယ်ကိုကိုယ်ထားလိုက်ရင် ကိုယ်အတွက် ဘာအကျိူးခံစားခွင့်မရှိဘူးထင်ကြတယ်.....?

-တကယ်တော့ ကိုယ်အတွက်တင် အကျိူးရှိယုံတင်မကဘူး ကိုယ်မိသားစုအတွက် ကိုယ်ပတ်ဝန်းကျင်တွေပါ ကောင်းမွန်တဲ့ ကာကွယ်စောင့်ရှောက်မှု အားကျ‌နေမှာဖြစ်ပါတယ်ခင်ဗျာ။❤️

အသက်အာမခံ ထားလိုက်ရင် ကိုယ်အတွက် ငွေကြေးတိုးပွားလာနိုင်သလား အများဆုံးမေးကျတယ်.....?

-ငွေကြေးတိုးဖို့အတွက် မဟုတ်ဘဲ ကိုယ်မိသားစုအတွက် ကိုယ်မရှိခဲ့ရင် အဆင်ပြေနေနိုင်ဖို့အတွက် နည်းလမ်းကောင်းလေးတစ်ခု လို့ပြောချင်ပါတယ်ခင်ဗျာ။❤️

အသက်အာမခံ နဲ့ ပတ်သက်ပီး အထက်ပါ အချက်အလက်တွေမကပဲ တခြားအကြောင်းအရာများ သိချင်သေးရင် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။ ။





Hein Insurance Service Agency

Photos from Hein Insurance Service Agency's post 11/12/2022

ကားအာမခံ ဘာကြောင့်ထားသင့်သလဲ....?💙

🌈 ကားအက်စီးဒန့် အတွက် ကာကွယ်ပေးဖို့ တစ်ခုတည်းရည်းစူးပီး ထားရတာမဟုတ်ပါဘူး။

🌈 ကိုယ်ရဲစိတ်ကို ကားအာမခံထားလိုက်ရင် စိတ်ရဲ လုံခြုံမှု စိုးရီမ်မှု ကာကွယ်ပေးလိုက်သလိုပါပဲခင်ဗျာ။

🌈 ကိုယ်မမြင်နိုင်တဲ့ ဘေးအန္တာရယ် ကိုယ်အမှားမဟုတ်ရင်တောင် မသိနိုင်တဲ့အရာများ စိတ်ပူစရာမလိုတော့မှာ အမှန်ပါပဲဗျာ။

🌈 အာမခံက ကိုယ်ရဲ့ဥစ္စာစည်းစိမ်ကို တိုးအောင်မလုပ်ပေးနိုင်ပေမယ့် ပျက်ဆီးဆုံးရှံးမှုမဖြစ်အောင် ကာကွယ်ပေးပါတယ်ခင်ဗျာ။

🌈 ဒါကြောင့်မို့လို့ မိသားစုအတွက်ပဲ ဖစ်ဖစ် ကိုယ့်လုပ်ငန်းအတွက် ဖစ်ဖစ် မရှိမဖြစ် လိုအပ်ပါတယ်ခင်ဗျာ။

"ဆေးနဲ့ပတ်သက်ရင် ဆရာဝန်ကိုမေး
အာမခံနဲ့ ပတ်သက်ရင် Hein Insurance Service Agency ကိုသတိရလိုက်ပါ"

☎️ လူကြီးမင်းတို့ ကားအာမခံ ဒီထက်ပို အသေးစိတ်သိချင်လိုပါက
ရုံးချိန်အတွင်း 09941479542 ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။




Hein Insurance Service Agency

04/12/2022

"ရောဂါမဖြစ်ခင် ကျန်းမာရေးအာမခံဝယ်ဖို့ အခွင့်အလမ်း"

💞 👉 လူရယ်ဆိုတာနဲ့ အသက်ကြီးလာတာနဲ့ အမျှ ရောဂါတစ်ခု မဟုတ် တစ်ခု ရင်ဆိုင်ကြုံတွေ့ရမှာပါ
အစားအသောက်မှားလို့ပဲဖြစ်ဖြစ် မျိုးရိုးစဉ်ဆက် ဖြစ်တတ်တဲ့ရောဂါတွေ တွေ့ကြုံလာရရင်
လူတွေနဲ့ မသွားမဖြစ် ဆေးရုံကို ကျန်းမာရေးစောင့်ရှောက်မှု ခံယူရပါတယ်ခင်ဗျာ။

💞 👉 အခုခေတ် အရာအားလုံး စျေးတန်ဖိုးတက်နေတဲ့အချိန်မှ ကိုယ်ရဲ့ဝင်ငွေ ဆယ်ပုံတစ်ပုံကို
မိသားစုကျန်းမာရေး အာမခံအတွက် ရင်းနှီးမြှပ်နှံသင့်ပါတယ်ခင်ဗျာ။

💞 👉 ကိုယ့်မိသားစုကို ကျန်းမာရေးအာမခံဖြင့် ကာကွယ်စောင့်ရှောက်ထား​​​​ခြင်းဖြင့်
တကယ်လို့ ဆေးရုံတက်ရမယ့် အချိန်တွေရောက်လာခဲ့မယ်ဆိုရင်
ကိုယ့်ရဲ့ ဝင်ငွေကိုလည်း တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုပါလိမ့်မယ်ခင်ဗျာ။

💞 👉 နောက်ဆုံးအနေနဲ့လည်း ကိုယ်အသက်ကြီးလာရင်တောင် ကျန်းမာရေးအာမခံ ကြိုတင်
ဝယ်ထားခဲ့မယ်ဆိုရင် ကိုယ့်သားသမီး၊မြေးတွေကို အားကိုးစရာမလိုဘဲ
ဘဝရဲ့နောက်ဆုံးအချိန်ကို အေးအေးဆေးဆေး ကုသိုလ်တွေလုပ်ရင်းနဲ့
ဖြတ်သန်းသွားနိုင်မယ်လို့ ယုံကြည်မိပါတယ်ခင်ဗျာ။

❤ 👉 လူကြီးမင်းတို့ ကျန်းမာရေးအာမခံ ဒီထက်ပို အသေးစိတ်သိချင်လိုပါက
ရုံးချိန်အတွင်း 09941479542 ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။





Hein Insurance Service Agency

03/12/2022

မနက်မိုးလင်းတာနဲ့ သင့်ကိုသင် ပြောသင့်တယ် စကား(၅)ခွန်း

-ဒီနေ့ဟာ ငါ့ရဲ့နေ့ပါ
-ငါအတွက် ငါအမြဲရှိတယ်
-ငါ့ဟာ အတော်ဆုံးပဲ
-ဘယ်လောက် ခက်ခဲနေပါစေ ငါလုပ်နိုင်တယ်
-ဒီနေ့အတွက် ငါကအနိုင်ရရှိမဲ့သူပါ



Hein Insurance Service Agency

Photos from Hein Insurance Service Agency's post 02/12/2022

Super Friday 🥰❤️❤️



Hein Insurance Service Agency

01/12/2022

Hello December 🥰❤️

Wishing you and your family a joyful Merry Christmas.😘❤️



Hein Insurance Service Agency

28/11/2022

" စိတ်ချမ်းသာမှုကို ဝယ်ယူခြင်း "👨‍👩‍👦‍👦

❤️ - အာမခံဝယ်ယူထားရှိခြင်းဖြင့် မမျှော်လင့်သော ဆုံးရှုံးမှု ဖြစ်ပေါ်လာပါက အာမခံလျော်ကြေး အကျိူးခံစားခွင့် ရရှိနိုင်သည်ဟု နားလည်သိရှိ
လက်ခံထားခြင်းဖြင့် အာမခံသက်တမ်း တည်မြဲနေချိန်အတွင်း စိတ်လုံခြုံအေးချမ်းမှုကို တစ်နည်းတစ်ဖုံ ခံစား ရရှိနိုင်ပါတယ်ခင်ဗျာ။
စိတ်ပူပင်သောက အနည်း ၊ အများကို အတိုင်းအတာတစ်ခုအထိ လျှော့ချနိုင်ပါတယ်။🥰

❤️ - အာမခံထားရှိသည် ဆိုသည် စိတ်အေးချမ်းသာယာမှုကို အာမခံ ပရီမီယံကြေး ဆိုသည့် ငွေကြေးအားဖြင့် ဝယ်ယူထားခြင်းဖြစ်သည်ဟု
တင်စားသုံးနှုန်း လို့ ရပါတယ်ခင်ဗျာ။🥰

❤️ - ပရီမီယံကြေး အနည်းငယ်ဖြင့် မိမိ၏ ကြီးမားသော ပိုင်ဆိုင်မှု ပျက်ဆီးဆုံးရှုံးနိုင်မှုများကို ငွေကြေးအားဖြင့် ပြန်လည်ရယူရရှိနိုင်သည်
မမျှော်လင့်ဘဲ ပျက်စီးဆုံးရှုံးသွားရင်လည်း အာမခံ လျော်ကြေးငွေဖြင့် မိမိ၏ ဘဝအခြေအနေ အကြီးအကျယ် မပျက်စီး မဆုံးရှုံးအောင်
ကာကွယ်ထားခြင်းဖြစ်ပါတယ်ခင်ဗျာ။🥰




Hein Insurance Service Agency
Hein Pyaë

23/11/2022

" သင့်ကျန်းမားရေးကို တန်ဖိုးထားရင် လုပ်ပေးရမယ့် အလေ့အကျင့် "

****************************************************************

သင့်မျက်လုံးကို ဂရုစိုက်လျှင် - မအိပ်ခင် ခြေဖမိုးကို ဆီလိမ်း၍ နှိပ်ပေးပါ...🥰

သင့်လည်ချောင်းကို ဂရုစိုက်လျှင် - မကြာခဏ ငရုတ်ကောင်းထည့်စားပါ...

သင့်နှာခေါင်းကို ဂရုစိုက်လျှင် - ပူစီနံကို ပုံမှန်စားပေးပါ...

သင့်ဦးနှောက်ကို ဂရုစိုက်လျှင် - ၁ ရက် ၈ နာရီ အိပ်ပေးပါ...

သင့်ကျောက်ကပ်ကို ဂရုစိုက်လျှင် - ညဘက် ရေလျော့သောက်ပါ...

သင့်အူအတက်ကို ဂရုစိုက်လျှင် - မကြာခဏ သံပရိုသီး စားပေးပါ...🥰

လူကြီးမင်းတို့ ကျန်းမားရေးအတွက် Hein Insurance Service Agency ကနေ ကျန်းမားရေးဗဟုသုတကို သိသလောက်မှတ်သလောက်
ဝေမျှပေးလိုက်ပါတယ်ခင်ဗျာ ရွှင်လန်းချမ်းမြေ့ ကြပါစေခင်ဗျာ။❤️





Hein Insurance Service Agency

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Yangon

Other Insurance Agents in Yangon (show all)
Worldlink Express Shipping (W.E.S Group) Worldlink Express Shipping (W.E.S Group)
Than Thu Mar
Yangon

Insurance, Logistics & General Services

AIA Foster Financial Services AIA Foster Financial Services
22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township
Yangon

သင်နှင့် သင့်မိသားစုအတွက်

Happy Life Happy Life
18 Floors, Office Tower 2, Myanmar Plaza, Kabaraye Pagoda Road, Bahan
Yangon

Myanmar needs Insurance

Wit Yee Maw Wit Yee Maw
Kantharyar Office Tower
Yangon

Insurance Advisor From Manulife Myanmar.

AIA Myanmar Hannah AIA Myanmar Hannah
Junction City Tower, No. 3/A. Bogyoke Aung San Road, 22nd Floor
Yangon, 11141

Specialised in insurance covering Life, Education, Health and general insurance.

Kaung Htaik Aung - Wellness Financial Advisor Kaung Htaik Aung - Wellness Financial Advisor
Yangon

Wellness Financial Advisor

CHUBB by Gold CHUBB by Gold
Myanmar Plaza, 18th Floor , Tower B , Bagan Township
Yangon

Agency Leader for CHUBB , purpose of helping people life and safety.

Min Chit 2D Min Chit 2D
သမ
Yangon

Insurance Advisor by Emarra Insurance Advisor by Emarra
Yangon

Advisor of Life service

Chubb Shields by Myat Chubb Shields by Myat
Myanmar Centre Tower 2
Yangon

Advise people for saving money and protecting life