Wit Yee Maw

Insurance Advisor From Manulife Myanmar.

20/12/2023

အာမခံထားရတဲ့ တကယ့်ရည်ရွယ်ချက်ကဘာလဲ။
ဘဝမှာ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေ ဖြစ်လာခဲ့လို့ ဝင်ငွေမရှိတော့ရင် ကိုယ်တိုင် (သို့မဟုတ်) ကိုယ့်ကို အားကိုးနေတဲ့ မိသားစုဝင်တွေ၊ ကိုယ်ချစ်ရတဲ့သူတွေအနေနဲ့ ငွေကြေးဆိုင်ရာအတွက် ပူပင်စရာမလိုဘဲ အနာဂတ်ကို အပူအပင်ကင်းကင်း ဆက်လျှောက်သွားနိုင်ဖို့ဆိုတာကသာ အာမခံထားရခြင်းရဲ့ တကယ့် ရည်ရွယ်ချက်ပါ။ ဒါကြောင့် ကိုယ်တိုင်နဲ့ ကိုယ်ချစ်ရတဲ့သူတွေရဲ့ အနာဂတ်အတွက် စိတ်ချရဖို့ အခုပဲ အာမခံထားပြီး ကာကွယ်လိုက်တော့နော်။ Manulife အာမခံအမျိုးအစားတွေကို အသေးစိတ် သိချင်ရင်တော့ ဒီလင့်မှာ (https://bit.ly/3PPmuUL) ကြည့်နိုင်ပါတယ်။

What’s the true purpose of having insurance?
For you (or) family members who depend on you when there is no more income due to unexpected events in life, the real purpose of having insurance is to make them able to move on to the future without having to worry about financial situations. So, secure the future of yourself and your loved ones by getting an insurance and protect now. Visit this link (https://bit.ly/3rmXF94) for more Manulife product details.

24/11/2023

မြန်မာနိုင်ငံက မိသားစုတိုင်း ပိုမိုကောင်းမွန်တဲ့ ဘဝမှာ နေထိုင်နိုင်အောင် အကာအကွယ်ပေးထားဖို့ဆိုတာ Manulife ရဲ့ ရည်မှန်းချက်တစ်ခုပါ။ Manulife ရဲ့ ရိုးရှင်းတဲ့ ရည်မှန်းချက်လေးတစ်ခုနဲ့အတူ ရှေ့ဆက် လက်တွဲရင်း ခြေလှမ်းသစ်တွေ လှမ်းသွားကြစို့နော်။ Manulife အာမခံအကြောင်းအသေးစိတ် သိချင်ရင်တော့ ဒီလင့်ခ်လေးမှာ (https://bit.ly/3PPmuUL) ကြည့်လို့ရပါတယ်။

Manulife is dedicated to safeguarding families in Myanmar, aspiring to enhance their quality of life. Together, let's progress towards this mission with the simplicity that defines Manulife. For more details, explore through this link (https://bit.ly/3rmXF94).

Photos from Manulife Myanmar's post 16/11/2023
11/11/2023

အနာဂတ်ကို ကာကွယ်ထားပြီးပြီလား။ ဘဝခြေလှမ်းတိုင်းမှာ ကိုယ်ချစ်ရတဲ့သူတွေကို ကာကွယ်ပေးသွားမယ့် Manulife ရှိနေပါပြီ။ Manulife ဘဝအာမခံနဲ့ဆို ကိုယ်ချစ်ရတဲ့သူတွေကို အများဆုံး ၄၀၀% အထိ ကာကွယ်ပေးထားနိုင်မှာမို့ အသေးစိတ် သိချင်ရင်တော့ ဒီလင့်မှာ (https://bit.ly/3RfY8Vf) ကြည့်နိုင်ပါတယ်။

Secured your future yet? Manulife stands by you, safeguarding your loved ones every step of the way. With Manulife Protector, you can ensure protection up to 400%. Dive into the details here (https://bit.ly/48gtLEf).

05/11/2023

အိမ်ခေါင်မိုးကို လုံအောင် ဂရုတစိုက် ကြိုတင်ပြင်ဆင်ကြသလို​ အာမခံကို ကြိုတင်ထားရှိခြင်းဟာလည်း မမျှော်လင့်ထားတဲ့အခြေအနေတွေကြုံတွေ့ရတဲ့အခါ ငွေကြေးအတွက် ကာကွယ်ထားနိုင်ပြီး လုံခြုံစိတ်ချစေပါတယ်။ အဲဒါကြောင့် အာမခံထားတော့မယ်ဆိုရင် အများကြီး မစဉ်းစားတော့ဘဲ Manulife ကို ခုပဲ ဆက်သွယ်လိုက်ရအောင်။

Fixing your roof in advance to safeguard your home is like getting an insurance. It can provide financial security and peace of mind in the face of unforeseen circumstances. If you're considering insurance, don't hesitate – reach out to Manulife today for your protective umbrella.

24/10/2023

အနာဂတ်အတွက် ရင်းနှီးမြှုပ်နှံမယ်၊ မမျှော်လင့်ထားတဲ့ ဖြစ်ရပ်တွေကြောင့် ဆုံးရှုံးမှုတွေကနေ ကြိုတင်ကာကွယ်ထားမယ်လို့ စဉ်းစားနေရင်တော့ ယုံကြည်စိတ်ချရတဲ့ အာမခံကိုပဲ ရွေးချယ်သင့်တာပေါ့။ ကနေဒါနိုင်ငံအခြေစိုက် နှစ်ပေါင်း (၁၃၆) နှစ်ကြာ ရပ်တည်ခဲ့ပြီးဖြစ်တဲ့ ကမ္ဘာ့အကြီးဆုံး အသက်အာမခံကုမ္ပဏီ Manulife က ကမ္ဘာ့အယုံကြည်ရဆုံး ကုမ္ပဏီကြီးတစ်ခုအဖြစ်လည်း အသိအမှတ်ပြုခံထားရတာမို့ ခုပဲ Manulife ကို ဆက်သွယ်ပြီး အကာအကွယ်ယူထားလိုက်တော့နော်။ ​

When it comes to investing in your future and safeguarding against unexpected setbacks, trust is paramount. Manulife, rooted in Canada, stands as a globally trusted company. Reach out to Manulife today and ensure your future is secure with a name you can rely on.

13/10/2023

ကမ္ဘာတစ်ဝန်းလုံးမှာ ရင်သားကင်ဆာ ဖြစ်နေတဲ့ အမျိုးသမီးပေါင်း ၂.၃မီလျံကျော်ရှိနေတယ်လို့ (၂၀၂၀) ခုနှစ် WHO ရဲ့ စစ်တမ်းအရ သိရတဲ့အတွက် အမျိုးသမီးများဂရုစိုက်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်။

ရင်သားကင်ဆာက စောစောသိနိုင်ရင် ကုသပျောက်ကင်းနိုင်ခြေ များတာကြောင့် ဒီ Breast Cancer Awareness Month မှာ သတိပေးလိုက်ပါတယ်နော်။

ငွေကြေးဆိုင်ရာအတွက် ကြိုတင်ကာကွယ်နိုင်ဖို့ Manulife ရဲ့ ပြင်းထန်ရောဂါ အာမခံကို ရယူထားလိုက်ပါ။ အာမခံအကြောင်း အသေးစိတ်ကို ဒီ Link မှာ (https://bit.ly/3PPbGV9) ကြည့်ရှုနိုင်ပါတယ်။

We are sharing this message to raise awareness among our beloved women: According to the WHO's 2020 report, over 2.3 million women faced breast cancer. Let us remind you once again in this Breast Cancer Awareness Month that early detection can save lives. Ensure your financial protection in advance by getting Manulife Critical Illness Insurance now. Check for more details here: (https://bit.ly/3PPbGV9)

25/09/2023

ငွေကြေးဆိုင်ရာ ကာကွယ်မှုတစ်ခု ရှိနေခြင်းဟာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖန်တီးနိုင်စေပါတယ်။ ကိုယ်နဲ့ ကိုယ့်မိသားစုအတွက် အသင့်တော်ဆုံး အာမခံအမျိုးအစားကို ရွေးချယ်ပြီး Manulife နဲ့အခုပဲကာကွယ်ထားလိုက်ရအောင်။ Manulife အာမခံအမျိုးအစားတွေကို အသေးစိတ် ဒီလင့်မှာ (https://bit.ly/3PPmuUL) ကြည့်နိုင်ပါတယ်။ ​

Having financial security helps create a better future. Choose the most suitable type of insurance for you and your family and protect yourself now with Manulife. Visit this link (https://bit.ly/3rmXF94) for more Manulife product details.

05/09/2023

စိုးရိမ်မှုတွေနဲ့ နေ့တိုင်း ဖြတ်သန်းစရာ မလိုတော့သလို အနာဂတ်အတွက်လည်း စိတ်အေးနိုင်ပါပြီ။

Manulife သောကကင်းဝေး အသက်အာမခံက မတူညီတဲ့ အနာဂတ်တွေကို နှစ်ဆကာကွယ် ပေးနိုင်ပြီး မမျှော်လင့်တဲ့ ဆုံးရှုံးမှုတွေ ရှိလာတဲ့အခါလည်း ငွေကြေးဆိုင်ရာပူပန်မှုတွေကို လျှော့ချပေးနိုင်တာမို့ Manulife နဲ့အခုပဲ ဆက်သွယ်ပြီး ရယူထားလိုက်ပါ။

No more days filled with worries and rest assured for the future.

Secure a worry-free future with Manulife's "Thaw Ka Kinn Way" life insurance, offering double protection for your future and peace of mind in unexpected times of loss. Contact Manulife today to get your insurance and bid farewell to worries."

30/08/2023

အာမခံထားတော့မယ်ဆိုရင် နွေးထွေးတဲ့ ဝန်ဆောင်မှု၊ ကိုယ့်ရဲ့ လိုအပ်ချက်တွေကို တကယ်နားလည် ခံစားပေးနိုင်တဲ့ ဆွေးနွေးမှုကို လိုချင်ကြတာပါပဲ။ Manulife က ၂၀၂၂ ခုနှစ်စစ်တမ်းအရ အသက်အာမခံအကြံပေးပုဂ္ဂိုလ် စုစုပေါင်း ၁၁၆,၀၀၀ဦး နဲ့အတူ အနာဂတ်ပေါင်းများစွာကို နွေးနွေးထွေးထွေး ကာကွယ်ပေးနေပါပြီ။ အဲဒါကြောင့် ယုံကြည်စိတ်ချစွာပဲ Manulife Myanmar မှာ ကိုယ့်အနာဂတ်ကို ရင်းနှီးမြှုပ်နှံလိုက်ပါ။ ​
Source - https://www.manulife.com/en/about/our-story.html​

When contemplating insurance, it's natural to seek a warm and personalized consultation tailored to your unique requirements. With a vast network of over 116,000 agents, Manulife has been diligently securing futures, reaching a significant milestone according to the 2022 survey. Entrust your future investment with confidence at Manulife Myanmar.​
Source - https://www.manulife.com/en/about/our-story.html

04/08/2023

အာမခံထားဖို့ဆိုရင် အရင်ဆုံး စဉ်းစားတာက စိတ်ချယုံကြည်ရပါ့မလားဆိုတာပါပဲ။ Manulife ဟာ (၂၀၂၂) ခုနှစ် စစ်တမ်းအရ ဝန်ထမ်းပေါင်း (၄၀,၀၀၀) ကျော်နဲ့အတူ နောင်ရေးအတွက်စိတ်လုံခြုံအေးချမ်းဖို့ အကာအကွယ်ပေးနေပါတယ်။ ခိုင်မာတဲ့ အနာဂတ်အတွက် စိတ်ချယုံကြည်ရတဲ့ အာမခံနဲ့ ကာကွယ်ထားမယ်ဆိုရင်တော့ Manulife ကို အရင်ဆုံးသတိရလိုက်ပါ။
Source - https://www.manulife.com/en/about/our-story.html

When evaluating insurance options, the foremost concern is often reliability and trustworthiness. With over 40,000 dedicated professionals, Manulife has consistently safeguarded a wide spectrum of secure future according to Manulife 2022 survey. For your future protection needs, please do remember Manulife as your premier choice.
Source - https://www.manulife.com/en/about/our-story.html

04/07/2023

Manulife က အမေရိကားနဲ့ ကနေဒါနိုင်ငံအပြင် အာရှတစ်ခွင်မှာဆိုရင် နိုင်ငံပေါင်း (၁၁) နိုင်ငံမှာ ရုံးခွဲတွေရှိနေပါတယ်နော်။

ဒီလို ယုံကြည်စိတ်ချရမှုအပြည့်နဲ့ အာမခံဝန်ဆောင်မှုကိုပေးနေတဲ့ ကျွန်တော်တို့ Manulife က အာရှမှာ မြန်မာနိုင်ငံအပါအဝင် ဘယ်နိုင်ငံတွေမှာပါ ဝန်ဆောင်မှုပေးနေလဲဆိုတာကို ပုံလေးမှာ ကြည့်လိုက်ရအောင်နော်။
Embracing a Global Presence!
Manulife, your trusted life insurance company, not only serves America and Canada but also has established a strong presence across 11 captivating Asian nations.

Curious to know which Asian ‌nations are fortunate to experience Manulife's dependable and reliable insurance services, including our beloved Myanmar? Let's explore these exciting countries together!

29/06/2023

အစ္စလာမ်ဘာသာဝင် မိတ်ဆွေတွေကို ဆုတောင်းပေးပါတယ်နော်။

07/06/2023

တစ်ကိုယ်တည်းသမားမို့ အသက်အာမခံ မလိုဘူးဆိုတာ ဟုတ်လား?

မမျှော်လင့်တဲ့ ဆုံးရှုံးမှုဆိုတာ လူတိုင်းကြုံနိုင်တယ်လေ။ ဒီလို ကြုံလာရပြီဆိုရင်လည်း တစ်ကိုယ်တည်းသမားမို့ ကိုယ့်နောက်မှာ ငွေကြေးဆိုင်ရာ အကာအကွယ် ကောင်းကောင်းတစ်ခုရှိဖို့ ပိုတောင်လိုအပ်တာပေါ့။ ပြီးရင် Manulife အသက်အာမခံက အကာအကွယ်ပေးရုံတင်မကဘဲ အာမခံသက်တမ်းကုန်ဆုံးသွားရင်လည်း ပရီမီယံကြေးတွေက ငွေစုထားသလိုမျိုးလည်း ဖြစ်တယ်လေ။

အဲ့ဒါကြောင့် ကိုယ့်ကိုယ်ကိုချစ်တဲ့ တစ်ကိုယ်တည်းသမားတွေအတွက် Manulife အသက်အာမခံက ကာကွယ်ပေးပါရစေ။
It's a common misconception that life insurance is only necessary for those in committed relationships. However, the truth is, unexpected loss can impact anyone, including singles. That's why it's crucial to have robust financial protection in place, even if you're single.

With Manulife Myanmar's life insurance, you not only gain comprehensive protection, but the premiums you pay also serve as a form of saving for the future. It's a win-win situation! Investing in yourself and your financial security is an act of self-love.

Don't wait for the unexpected to happen. Embrace self-love and secure your future with Manulife life insurance today!

02/06/2023
Photos from Manulife Myanmar's post 12/05/2023

အမေများသို့ 🥰

10/04/2023

အပူအပင်ကင်းတဲ့
မြန်မာနှစ်သစ်ကူးကာလ ဖြစ်ပါစေ ❤️

Photos from Manulife Myanmar's post 03/04/2023

သင်္ကြန်စာလေးထွက်လာပါပြီ 🤭

31/03/2023

You're invited by Recharge Your Soul!

08/03/2023

မန္တလေးက မိတ်ဆွေများအတွက်ပါ 💕

တန်ဖိုးရှိလှတဲ့ အချိန်တွေကုန်ဆုံးရတာနဲ့ ထိုက်တန်တဲ့ ပွဲလေးတခုကို ဖိတ်ချင်လို့ပါရှင်။

နေရာ - Ease Hotel
နေ့ရက် - 19. 3. 2023 (Sunday)
အချိန် - 1:00 pm to 3:00 pm

Register လုပ်ရမှာမို့ ပွဲလေးတက်မယ်ဆို ညီမကို လာပြောပေးပါနော်။ ညီမလုပ်ပေးမှာပါရှင်။

Photos from Manulife Myanmar's post 07/03/2023

ဘယ်လိုငွေစုကြလဲဟင်

Photos from Wit Yee Maw's post 27/02/2023

ဗန်ကောက်မြို့ရဲ့ ဆုတောင်းပြည့် လေးမျက်နှာဘုရား

ဖူးမြော်၍ ထပ်တူ ကုသိုလ်ရကြပါစေရှင့်

29/12/2022

အသက်အာမခံဝယ်တယ်ဆိုတာ...

ချစ်ခင်ရတဲ့သူတွေကို ကာကွယ်ပေးနိုင်တာဟာ ချစ်ခြင်းမေတ္တာကိုပြသခြင်းတစ်မျိုးပါပဲ။

တန်ဖိုးဖြတ်မရနိုင်တဲ့မိသားစုရဲ့ ဘဝအခြေအနေအရပ်ရပ်တိုင်းမှာ မမျှော်လင့်ထားတာတွေကြုံလာရတဲ့အခါ လုံခြုံမှုရစေဖို့အတွက် သင်ရော ကြိုတင်ကာကွယ်မှုတွေပေးထားပြီးပြီလား။

Manulife ဘဝအာမခံအကြောင်းကို ပိုမိုသိရှိနိုင်ဖို့ https://www.manulife.com.mm/ မှာ ဝင်ရောက်လေ့လာလိုက်ပါ။

19/11/2022

ဒီနေ့တွေ့ကြမယ်နော်

Baby Blues ဆိုတာ?

ကျွန်မတို့တွေဟာ လူတစ်ယောက်ဒုက္ခရောက်နေတာကိုမြင်ရင် စိတ်မကောင်းဖြစ်ကြပါတယ်။ သနားကြပါတယ်။ ဒါကို Sympathy လို့ခေါ်ပါတယ်။

ဒါပေမယ့် လူတစ်ယောက်ရဲ့ခံစားချက်နဲ့နာကျင်မှုတွေကို မျှဝေပြီးခံစားပေးနိုင်ဖို့ကျ ခက်ခဲပါတယ်။ ဒီလိုမျှဝေပြီးကိုယ်ချင်းစာပေးနိုင်ဖို့ အတူတူခံစားပေးနိုင်တာကိုတော့ Empathy လို့ခေါ်ပါတယ်။

ဒီစာကိုဘာလို့ရေးရသလဲဆိုရင် ကျွန်မတို့တွေဟာ စိတ်ပညာရပ်ဆိုင်ရာဗဟုသုတတွေနဲ့အတန်ငယ်ဝေးလို့ပါပဲ။ အထူးသဖြင့်ကိုယ်မသိတဲ့အကြောင်းအရာအချို့အပေါ်မှာ ဝေဖန်မှုတွေစောတတ်လို့ပါ။ ကျွန်မဆိုရင်လည်း စာတွေ့ပဲသိခဲ့ပါတယ်။ ကိုယ်တိုင်ကြုံတွေ့ရတော့မှသာ Baby Blues ဆိုတာကိုသိခဲ့ရတာပါ။

၂၀၂၀ မတ်လမှာ ကျွန်မသားလေးကိုမွေးပါတယ်။ အိမ်ပြန်ရောက်တော့ ကလေးကိုမချီတတ်၊မချော့တတ်၊နို့မတိုက်တတ်နဲ့ နေ့စဉ်နဲ့အမျှငိုမိပါတယ်။ အမျိုးသားကလည်း ကူပေမယ့် အဆင်မပြေမှုတွေများစွာရှိပါတယ်။ မွေးကင်းစကလေးကို ထိန်းရတဲ့နေ့စဉ်အလုပ်တွေဘယ်လောက်များလဲဆိုတာကို ကလေးမွေးဖူးတဲ့သူအချင်းချင်းပဲသိပါတယ်။ ဒါတောင်မှကူမယ့်သူရှိတဲ့လူနဲ့ ကူမယ့်သူမရှိတဲ့သူချင်း အနေအထားကကွာပါသေးတယ်။ ကျွန်မတို့မှာလည်း ဇနီးမောင်နှံနှစ်ယောက်တည်း ကလေးတစ်ဦးကိုထိန်းရတာမို့အတော်လေးခက်ခဲခဲ့ပါတယ်။

အဲဒီမှာ နေ့နေ့ညည ကျွန်မစိတ်ညစ်ပါတယ်။ နို့တိုက်ရခက်ခဲတာကတော်တော်ကို စိတ်ဖိစီးမှုဖြစ်ခဲ့တာပါ။ ညဘက်တွေမအိပ်ရတာတွေများတော့ ကလေးငိုသံကိုတအားကိုကြောက်လာတာပါ။ ကိုယ့်ကိုယ်ကိုယ်တစ်ခုခုလုပ်ပစ်လိုက်ချင်စိတ်၊ ကလေးကိုချီထားရင်းနဲ့ မကောင်းတဲ့ Intrusive Thoughts တွေပါဝင်ခဲ့ဖူးပါတယ်။ ဒါအရှိအတိုင်းပြောပြတာပါ။

ကလေးမွေးပြီး၂လလောက်အဲဒီစိတ်တွေဖြစ်လိုက်ပျောက်လိုက်နဲ့ စီနီယာအစ်ကိုဆရာဝန်တစ်ဦးကိုပါမေးရပါတယ်။ Psychiatrist ဘယ်သူနဲ့ပြသင့်လဲဆိုပြီး မေးဖူးပါတယ်။ ဒါပေမယ့် မပြဖြစ်ဘဲ သားလေး၂လခွဲမှာ အလုပ်ပြန်ဝင်ဖြစ်ရာကနေ self limiting (သူ့အလိုလိုသက်သာသွား)ခဲ့ပါတယ်။

ဒါကြောင့် မီးဖွားပြီးပြီးချင်းဖြစ်တတ်တဲ့ မိခင်တွေရဲ့စိတ်ကျန်းမာရေးအခြေအနေများကို ပြန်ပြီးမျှဝေပေးချင်တာပါ။ မိခင်တွေကြုံတွေ့ရတဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲများဟာ အပျော့စားကနေ ပြင်းထန်တဲ့အထိရှိပါတယ်။

1.Baby Blues

ကလေးမွေးပြီးပြီးချင်းအချိန်ကနေ တစ်ပတ် သို့မဟုတ် နှစ်ပတ်အထိကြာမြင့်နိုင်ပါတယ်။

လက္ခဏာတွေအနေနဲ့

▪️စိတ်အတက်အကျဖြစ်ခြင်း
▪️စိတ်လှုပ်ရှားလွန်းခြင်း
▪️ဝမ်းနည်းနေခြင်း
▪️ဆတ်ဆတ်ထိမခံဖြစ်ခြင်း
▪️အကြောင်းအရာတစ်ခုခုကို သူများထက် အလွန်အမင်းပိုခံစားရခြင်း
▪️ငိုမိခြင်း
▪️အစာမစားချင်တော့ခြင်း
▪️ညအိပ်မရခြင်း
▪️အာရုံစူးစိုက်မှုလျော့နည်းခြင်း စသည်တို့ကိုခံစားရနိုင်ပါတယ်။

2.Postpartum Depression

Postpartum Depression ကတော့ မိခင်တွေအနေနဲ့ Baby Blues နဲ့မှားနိုင်ပါတယ်။ ဒါပေမယ့် Baby Blues ထက်ပိုပြီး လက္ခဏာတွေက ပိုပြင်းထန်ပါတယ်။ ပိုကြာပါတယ်။ တဖြည်းဖြည်းနဲ့ ကလေးကိုပြုစုစောင့်ရှောက်နိုင်မှုတွေ နေ့စဉ်အလုပ်တွေကိုပါထိခိုက်စေပါယ်။

Postpartum Depression ရဲ့လက္ခဏာတွေဟာ ကလေးမွေးပြီးပြီးချင်းတစ်ပတ်ကနေစဖြစ်နိုင်ပါတယ်။ တချို့ဆိုရင် ကိုယ်ဝန်ဆောင်စဉ်မှာတောင် စဖြစ်တတ်ပါတယ်။ အဲဒီကနေ ကလေးမွေးပြီးတစ်နှစ်လောက်ထိဖြစ်သွားတာမျိုးတောင်ရှိပါတယ်။

လက္ခဏာတွေအနေနဲ့

▪️အလွန်စိတ်ဓာတ်ကျခြင်း
▪️စိတ်အတက်အကျများလွန်းခြင်း
▪️အပြင်းအထန်ငိုကျွေးခြင်း
▪️ကလေးနှင့်သဟဇာတမဖြစ်ခြင်း
▪️မိသားစု၊မိတ်ဆွေများနှင့်ဝေးကွာလာခြင်း
▪️အစားအသောက်ပျက်ခြင်း သို့မဟုတ် ယခင်ထက်ပိုပြီးအလွန်အမင်းအစားစားခြင်း
▪️ညဘက်အိပ်မရခြင်း၊ အိပ်မပျော်တော့ခြင်း သို့မဟုတ် အလွန်အိပ်ခြင်း
▪️အားအင်ကုန်ခမ်းပြီးနွမ်းနယ်နေခြင်း
▪️ယခင်ကပျော်ရွှင်ခဲ့နှစ်သက်ခဲ့တဲ့အရာတွေမှာ နှစ်ခြိုက်မှုလျော့လာခြင်း
▪️အလွန်ဆတ်ဆတ်ထိမခံဖြစ်ပြီး ဒေါသကြီးလာခြင်း
▪️ကိုယ်ဟာမိခင်ကောင်းတစ်ယောက်မဖြစ်နိုင်ဘူးဆိုတဲ့ကြောက်စိတ်များဝင်လာခြင်း
▪️မျှော်လင့်ချက်မဲ့နေခြင်း
▪️ကိုယ့်ကိုယ်ကိုယ် အသုံးမကျသူ၊ အပြစ်ရှိသူ၊ ရှက်စရာကောင်းသူ၊ ကြိုးစားမှုတွေမှာ မလုံလောက်သူလို့မြင်လာခြင်း
▪️သေချာတွေးခေါ်နိုင်စွမ်း၊ ဆုံးဖြတ်နိုင်စွမ်း၊ အာရုံစူးစိုက်နိုင်စွမ်းလျော့ပါးလာခြင်း
▪️ဂဏာမငြိမ်ဖြစ်ခြင်း
▪️ရုတ်တရက်ထိန်းချုပ်မရတဲ့အထိ ဂဏာမငြိမ်ဖြစ်ခြင်း
▪️မိမိကိုယ်တိုင်နဲ့ကလေးကို ကိုထိခိုက်အောင်ပြုမူချင်တဲ့အတွေးများဝင်လာခြင်း
​▪️မိမိကိုယ်ကိုအဆုံးစီရင်ချင်စိတ်နဲ့သေခြင်းကို ထပ်တလဲလဲတွေးမိလာခြင်း စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

ကုသမှုမခံယူရင် အထက်ပါ postpartum depression ဟာ လများစွာကြာတဲ့အထိခံစားရသွားနိုင်ပါတယ်။

3.Postpartum Psychosis

ဒီအခြေအနေကတော့ရှားပါတယ်။ ဒါပေမယ့်လက္ခဏာတွေကတော့ပြင်းထန်ပါတယ်။ ကလေးမွေးပြီးပြီးချင်းတစ်ပတ်အတွင်းမှာစပြီးဖြစ်ပေါ်တတ်ပါတယ်။

လက္ခဏာတွေအနေနဲ့

▪️စိတ်ရှုပ်ထွေးပြီး လက်ရှိအခြေအနေကိုဝေခွဲမရခြင်း
▪️ကလေးအပေါ်လွန်ကဲသောအတွေးများရှိနေခြင်း
▪️ထင်ယောင်ထင်မှားဖြစ်ခြင်း၊ မရှိတာကိုရှိသကဲ့သို့ ရှိတာကိုမရှိသကဲ့သို့ ထင်ခြင်း၊မြင်ခြင်း
▪️အိပ်စက်၍မရခြင်း
▪️အထိမခံခြင်း
▪️လွန်ကဲသောတက်ကြွမှုများဖြစ်နေခြင်း
▪️သက်သေမရှိပါဘဲ မိမိကိုလိမ်ညာထားသည်..အန္တရာယ်ပြုတော့မည်..မမျှတခြင်းများဖြစ်နေသည်ဟုထင်နေခြင်း
▪️မိမိကိုယ်တိုင်နဲ့ကလေးကို ကိုထိခိုက်အောင်ပြုမူဖို့ကြိုးစားမိခြင်း စတဲ့လက္ခဏာတွေပဲဖြစ်ပါတယ်။

Postpartum Psychosis အခြေအနေဟာ မိခင်ကိုယ်တိုင်ကိုထိခိုက်စေနိုင်တဲ့အန္တရာယ်ရှိတဲ့အတွက် ချက်ချင်းဆေးကုသမှုပေးဖို့လိုအပ်ပါတယ်။

🔺သတိပေးချင်တဲ့စကား

တကယ်လို့မိခင်တစ်ဦးဟာ မီးဖွားအပြီးမှာ

▪️အထက်ပါပြောတဲ့လက္ခဏာတွေဖြစ်နေခဲ့မယ်ဆိုရင်...
▪️Baby Blues သို့မဟုတ် Post Partum Depression ဖြစ်နေခဲ့မယ်ဆိုရင်..
▪️နှစ်ပတ်ကျော်တဲ့အထိ ဒီခံစားမှုတွေဟာမသက်သာရင်
▪️မိမိကိုယ်တိုင်နဲ့ကလေးကိုပါဂရုစိုက်ဖို့ခက်ခဲလာရင်
▪️ပုံမှန်လုပ်နေကျနေ့စဉ်အလုပ်တွေကိုမလုပ်နိုင်တော့ရင်
▪️ကလေးနဲ့ကိုယ့်ကိုယ်ကိုယ်ထိခိုက်စေမယ့်အတွေးတွေဝင်လာခဲ့ရင်

🔹မိမိရဲ့အနီးဆုံးသူကို ပြောပြဖို့၊ မိသားစုကိုတိုင်ပင်ဖို့ မရှက်ရွံ့ပါနဲ့။ မတွန့်ဆုတ်ပါနဲ့။

🔹မိသားစုဘက်ကလည်းနားလည်ဖေးမပေးဖို့ အထူးလိုအပ်ပါတယ်။ ဆရာဝန်နဲ့ပြသပြီး တိုင်ပင်ဆွေးနွေးမှုခံယူဖို့ပြင်ဆင်ပေးပါ။

🔹Postpartum Psychosis လို့ထင်ရတဲ့ လက္ခဏာတွေရှိနေရင်တော့ ချက်ချင်းဆေးကုသမှုခံယူရပါမယ်။

ဒါတွေကတော့ ကျွန်မဝေမျှပေးချင်တဲ့ မီးဖွားပြီးခါစ မိခင်များမှာဖြစ်တတ်တဲ့ စိတ်ကျန်းမာရေးအခြေအနေများပဲဖြစ်ပါတယ်။ Baby Blues ဆိုရင် ၈၀ရာခိုင်နှုန်းသောမိဘတွေမှာဖြစ်တတ်ပါတယ်။ ဒါကြောင့် မိခင်များအနေနဲ့ တတ်နိုင်သမျှစိတ်ဖိစီးမှုကိုလျှော့ချပေးပါ​။ ခက်ခဲမှုတွေရှိလာရင် မိသားစုနဲ့တိုင်ပင်ပါ​။ နားလည်အောင်ပြောပြပေးပါလို့မှာချင်ပါတယ်ရှင်။

မိသားစုနဲ့ပတ်ဝန်းကျင်ဘက်ကလည်း ဒါမျိုးစိတ်အခြေအနေဆိုတာမဖြစ်နိုင်ဘူး...မရှိနိုင်ဘူးလို့မတွေးပါနဲ့။ ဆေးပညာအရ ဒီလိုစိတ်ကျန်းမာရေးအခြေအနေတွေဟာ တကယ်ရှိပါတယ်။ ပိုပြီးလေ့လာပေးပါလို့တိုက်တွန်းချင်ပါတယ်ရှင်။

အားလုံးကျန်းမာပျော်ရွှင်ကြပါစေ။

မောင်(ဆေး-၁)မာမီ

▪️မူရင်းပို့စ်ကို လွတ်လပ်စွာ share နိုင်ပါတယ်။ (share ဖို့အတွက် ခွင့်ပြုချက်တောင်းရန်မလိုပါ)
▪️Page များတွင် ထပ်ဆင့်ကူးယူခွင့်မပြုပါ။

ကိုးကား- mayoclinic.org

Want your business to be the top-listed Finance Company in Yangon?
Click here to claim your Sponsored Listing.

Category

Address

Kantharyar Office Tower
Yangon

Other Insurance Agents in Yangon (show all)
Worldlink Express Shipping (W.E.S Group) Worldlink Express Shipping (W.E.S Group)
Than Thu Mar
Yangon

Insurance, Logistics & General Services

Royal Bagan Royal Bagan
Botahtaung Road
Yangon, 11162

Utensils and Home accessories store

AIA Foster Financial Services AIA Foster Financial Services
22nd Floor, Junction City Office Tower, Bogyoke Aung San Road, Pabedan Township
Yangon

သင်နှင့် သင့်မိသားစုအတွက်

Happy Life Happy Life
18 Floors, Office Tower 2, Myanmar Plaza, Kabaraye Pagoda Road, Bahan
Yangon

Myanmar needs Insurance

AIA Myanmar Hannah AIA Myanmar Hannah
Junction City Tower, No. 3/A. Bogyoke Aung San Road, 22nd Floor
Yangon, 11141

Specialised in insurance covering Life, Education, Health and general insurance.

Kaung Htaik Aung - Wellness Financial Advisor Kaung Htaik Aung - Wellness Financial Advisor
Yangon

Wellness Financial Advisor

CHUBB by Gold CHUBB by Gold
Myanmar Plaza, 18th Floor , Tower B , Bagan Township
Yangon

Agency Leader for CHUBB , purpose of helping people life and safety.

Min Chit 2D Min Chit 2D
သမ
Yangon

Insurance Advisor by Emarra Insurance Advisor by Emarra
Yangon

Advisor of Life service