HYDRO TECH Water & Waste Water Engineering Co.,Ltd

သောက်ရေသန့် ပြသနာ Hydro Tech မှာ အဖြေရှာ

26/03/2024

💧လျှပ်စစ်မီးမလို Solar စနစ် 💧
🔴Solar နှင့် မောင်းလို့ရမည့် ရေသန့်စက်🔴

🔹Solar 540 W 1ချပ်

🔹Battery 12V 100Ah lifepo 4

🔹Inverter 1200 W Pure sine wave

🔹800 GPD ရေသန့်စက် with UV
🔹1hrs liter 120
🔹ရေသန့်ဗူးကြီး 6 ဗူးထွက်

ရေအခြေအနေပေါ်မှုတည်ပြီ:

🔹FRP
🔹1အိုးမှ 3 အိုး
🔹Pressure pump 1 လုံး
🔹Micron Filter
စက်အား စမ်းသပ်ခြင်း အောင်မြင်မှု

💧Just for Knowledge💧

သောက်ရေသန့် ဘူးများတွင် ရေညှိ ( Algae) ဘာကြောင့် ပေါက်ရသနည်း?
-------------------------------------------------------------

နွေဦး ကာလ ရောက်လာပြီလည်း ဖြစ်ပြီမို့
သောက်ရေသန့် စက်ရုံများတွင် UV ( Ultra Violet) ခရမ်းလွန်ရောင်ခြည်ဖြင့် ပိုးသတ်သောစနစ် နှင့် Ozone အိုဇုန်း ဖြင့် ပိုးသတ်သော စနစ် တပ်ဆင်ထားသော်လည်း ရေသန့်ဘူး ၊ ရေသိုလှောင်ကန် များတွင် ရေညှိများ ကပ်နေသည်ကို များစွာ တွေ့ရှိရသည်။

ရေညှိ ( Algae) ဆိုတာနဲ့ သမိုင်း ဖြစ်ပေါ်လာပုံ အမျိုးအစား ဖြေရှင်းပုံ အလုံးစုံ သိရှိဖို့ လိုအပ်သည်ဟု ယူဆမိသောကြောင့် စုံလီနဖာ ရေညှိ ပြသနာ.......

မိုးရေကြောင့် ရေညှိ ဖြစ်စေပါသလား?
-----------------------------------------
ရေသိုလှောင်ကဲထဲသို့ မိုးရေ ဝင်တဲ့အခါ သေချာပေါက် ရေညှိတက်ခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ နောက်တစ်ချက်က နေရောင်ခြည်ပါပဲ
နေရောင်ခြည်က ​ရေမျက်နှာပြင်ကို ကျရောက်တဲ့အခါ ရေညှိရဲ့ ကလိုရိုဖီးလ်က ကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့ ရေကို အောက်ဆီဂျင်နဲ့ ဂလူးကို့စ်အဖြစ် ပြောင်းလဲပေးပါတယ်။ ဒါကြောင့်မို့ နေရောင်ခြည် အတတ်နိုင်ဆုံးတိုက်ရိုက် မထိတွေ့အောင် ကာကွယ်ဆောင်ရွက်ပေးခြင်းဖြင့် ရေညှိတက်ခြင်းကို အနည်းငယ် ကာကွယ်နိုင်စေသည်။
​ရေသည် နေရောင်ခြည်၊ မိုးရေ၊ အပူချိန်၊ ရေလှုပ်ရှားမှုနှင့် pH တို့​​ကြောင့် ရေညှိကြီးထွားမှုကို အဓိက ဖြစ်ပေါ်စေသည်။

ရေညှိ ( Algae)ဘယ်နှစ်မျိုး ရှိသနည်း?
--------------------------------------------
ရေတွင် အဓိက တွေ့ရသော ရေညှိအုပ်စုများမှာ

1) အစိမ်းရောင်ရေညှိ (Chlorophyta)၊
2) အနီရောင်ရေညှိ (Rhodophyta)၊
3) စိမ်းပြာရေညှိ (Cyanobacteria) နှင့်
4) ဒိုင်နမ် (Bacillariophyta) တို့ဖြစ်ပါသည်။

အစိမ်းရောင်ရေညှိ နှင့် စိမ်း​ပြာရောင်ရေညှိများသည် လက်ရှိတွင် အများဆုံး သောက်ရေသန့်လုပ်ငန်းများတွင် ဖြစ်ပေါ်နေသော Issue ပြသနာဟု ထင်မြင်မိသည်။
အများဆုံး ရေသန့်ဘူးတွင်း တွေ့ရှိရသော ရေညှိ Algae အမျိုးအစားဖြစ်သည်။

ရေညှိ ( Algae) ဘယ်လို ကြီးထွားသနည်း?
-------------------------------------------------
ရေညှိများသည် ကလိုရိုဖီးလ်ပါရှိသော ဆဲလ် သို့မဟုတ် ဆဲလ်များစွာရှိသော သက်ရှိများဖြစ်သည်။ photosynthesis ဟုခေါ်သော ဖြစ်စဉ်ဖြင့် ကြီးထွားသည်။ အလင်းပြန်ခြင်းဖြစ်စဉ်တွင် ကလိုရိုဖီးလ်သည် အရောင်အားလုံး၏ အလင်းစွမ်းအင်ကို အစိမ်းရောင်မှတပါး စုပ်ယူ​ကြသည်။ အလင်းပြန်ခြင်း ဖြစ်ပေါ်လာစေရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ရေနှင့် အလင်းစွမ်းအင် ပေါင်းစပ်ပါဝင်ရပါမည်။ ဤဒြပ်စင်များရှိနေသောအခါ ရေတွင် ရေညှိများကြီးထွားလာ​ကြသည်။

*ရေညှိများကြီးထွားရန် အလင်းရောင်လိုအပ်သည်*

*အလင်း*
ရေညှိများကြီးထွားရန် အလင်းစွမ်းအင် လိုအပ်သည်။​ရေကို နေရောင်ခြည် များများဝင်ရောက်လေလေ ရေညှိများ အသက်ရှင်သန်ရန် အခွင့်အလမ်း မြင့်မားလေဖြစ်သည်။

*အာဟာရ*
နိုက်ထရိုဂျင်နှင့် ဖော့စဖရပ်ကဲ့သို့ အာဟာရဓာတ်များသည် ရေညှိကြီးထွားမှုကို ​ဖြစ်ပေါ်စေသည်။

*အပူချိန်*
အပူချိန် 30-40*C ကြားသည် ရေညှိကြီးထွားမှုကို တိုးလာစေတယ်။

*ရေညှိ*
Bacteria အမျိုးအစားထဲတွင်ပါစင်တာမို့ ရေညှိ ကြီးထွားမှုကိုလည်း အချိန်ပေါ် မူတည်ပြီး တိုးလာစေနိုင်သည်။

Bacteria,Low Oxygen, pH ,Temperature, Nitrogen, Phosphorus, Mineral,Turbidity, Low Water Movement စသည့်အရာများကို သောက်ရေသန့် စက်ရုံများတွင် စနစ်တကျ တိုင်းတာ ထိန်းချုပ်နိုင်မှသာ ရေညှိတက်ခြင်းကို ကာကွယ်နိုင်မည်ဖြစ်သည်။
ဘက်တီးရီးယားနှင့် ရေညှိများသည် သေးငယ်သောဇီဝသက်ရှိများဖြစ်သည်။ အများစုမှာ ဆဲလ်တစ်ခု တည်းရှိ သတ္တဝါများ ဖြစ်ကြပြီး၊ ရေညှိနှင့် ဘက်တီးရီးယား နှစ်မျိုးစလုံးသည် အစာကွင်းဆက်၏ မရှိမဖြစ် အစိတ်အပိုင်းများဖြစ်​ကြသည်။

ရေညှိသည် မည်သို့သော ကျန်းမာရေးဆိုးကျိုးများ ဖြစ်စေနိုင်သနည်း?
-------------------------------------------------------------
ရေညှိ နှင့်ဆက်စပ်သော ရောဂါများ၏အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများမှာ

1) အသားယားယံပြီး အဖုထခြင်း
2) ချောင်းဆိုး
3) အသက်ရှူကြပ်ခြင်း
4) လည်ချောင်းနာခြင်း
5) နားကိုက်ခြင်း
6) မျက်စိယားယံခြင်း
7) ဝမ်းလျှောခြင်း
8) အန်ခြင်း
9) ခေါင်းကိုက်ခြင်း စသည့်အရာများ ဖြစ်ပေါ်စေနိုင်သည်

ယေဘုယျအားဖြင့် အဆိပ်အတောက်များနှင့် ထိတွေ့ပြီးနောက် နာရီပိုင်းမှ ၂ ရက်အတွင်း ရောဂါလက္ခဏာများ စတင်နိုင်သည်။
နာမကျန်းမှုကြာချိန်
ရောဂါလက္ခဏာများသည် ပုံမှန်အားဖြင့် ကျန်းမာသောလူများတွင် ရက်အနည်းငယ်ကြာတတ်သည်။
ဒါကြောင့်မို့ ရေကောင်းမှ နေကောင်းအံ့
ကျန်းမာသန့်ရှင်းသော သောက်ရေသန့် ဖြစ်ဖို့ လွန်စွာမှ အရေးကြီးပေသည်။

ရေညှိ ပြသနာကို မည်သို့ ဖြေရှင်းမည်နည်း?
---------------------------------------------

CIP လုပ်ပေးခြင်း
Pipe Line CIP လုပ်ဆောင်ပေးခြင်း
Tank CIP လုပ်ဆောင်ပေးခြင်း
Coagualtion and Flocculation စုခဲခြင်းဖြင်​ြ အနည်ထိုင်ခြင်းစနစ်တွင် Disinfection ပိုးသတ်ခြင်းစနစ်အား Pump Capacity and Flow ရေ အဝင်အားတိုင်းတာ တွက်လျက်ပြီး ဆောင်ရွက်ပေးခြင်း
ရေထဲရှိ Mineral နှင့် Bacteria များအား မကြီးထွားအောင် ဆောင်ရွက်ပေးခြင်း
GMP ကောင်းမွန်သော ထုတ်လုပ်ရေး အလေ့အထကောင်းများအားစနစ်တကျ သင်ကြားပေးခြင်း
ရေညှိသည် Bacteria ဖြစ်သည်ဟု အပေါ်တွင် ဖော်ပြထားပြီးဖြစ်ရာ

Bacteria များသည် အောက်ပါ အချက်များမှ သောက်ရေသန့်အား ဝင်ရောက်နိုင်သည်။

Man လူ
Machine စက်
Material အသုံးပြုသည့်ပစ္စည်း
Method နည်းစနစ်
Environmental သဘာဝပတ်ဝန်းကျင်
စသည့်အချက်များကို စနစ်တကျ ပိုးသတ် ကာကွယ် သန့်ရှင်းအောင် လုပ်ဆောင်ခြင်းမျိုးများ ဆောင်ရွက်ရမည်ဖြစ်သည်။

ကောင်းမွန်သော သောက်ရေသန့် စနစ်များ ထွက်ပေါ်လာစေရန် ရည်ညွန်းလျက်

"သောက်ရေသန့်ပြသနာ Hydro Tech မှာအဖြေရှာ"

HYDRO TECH
Hydro Tech Engineering Co.,Ltd
အမှတ် (89/47-B)၊ အ​ပေါ်ဗဟိုလမ်း၊ (2) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်
☎️0️⃣9️⃣7️⃣5️⃣0️⃣8️⃣1️⃣3️⃣1️⃣0️⃣5️⃣
☎️0️⃣9️⃣7️⃣5️⃣8️⃣4️⃣4️⃣3️⃣2️⃣4️⃣1️⃣

Photos from HYDRO TECH Water & Waste Water Engineering Co.,Ltd's post 25/03/2024

လျှပ်စစ်မီးမလို
Solar နှင့် မောင်းလို့ရမည့် ရေသန့်စက်စမ်းသပ်ခြင်း

🔹Solar 540 W 1ချပ်

🔹Battery 12V 100Ah lifepo 4

🔹Inverter 1200 W Pure sine wave

🔹800 GPD ရေသန့်စက် 1hrs liter 120
ရေသန့်ဗူးကြီး 6 ဗူးထွက်

ရေအခြေအနေပေါ်မှုတည်ပြီ:
844 FRP

1အိုးမှ 3 အိုး
Pressure pump 1 လုံး
Micron Filter
စက်အား စမ်းသပ်ခြင်း အောင်မြင်မှု

"သောက်ရေသန့်ပြသနာ Hydro Tech မှာအဖြေရှာ"

HYDRO TECH
Hydro Tech Engineering Co.,Ltd
အမှတ် (89/47-B)၊ အ​ပေါ်ဗဟိုလမ်း၊ (2) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်
☎️0️⃣9️⃣7️⃣5️⃣0️⃣8️⃣1️⃣3️⃣1️⃣0️⃣5️⃣
☎️0️⃣9️⃣7️⃣5️⃣8️⃣4️⃣4️⃣3️⃣2️⃣4️⃣1️⃣

22/03/2024

"လူတန်းစားမရွေးရေသန့်သောက်နိုင်ပြီ"

နည်းပညာကလည်းကြောက်ခမန်းလိလိပဲ
စက်ရုံကြီးတစ်ရုံလုံးကို စက်အသေးလေးအဖြစ်ပုံစံပြောင်းထားတယ်။

ဒါပေမယ့် ကုန်ပစ္စည်းအသစ်အသစ်တွေတိုင်းမှာ
အားသာချက်တွေလည်းရှိသလို အားနည်ချက်‌ဆိုတာလည်းရှိပါတယ်။

အခု Domestic RO စက်လေးမှာပါတဲ့
အားနည်းချက် အားသာချက်ကို
ကျွန်တော်လေ့လာမိသလောက်ရေးထားပါတယ်။

ဘာတွေအားသာသလဲဆိုတာကတော့

(၁) ရေသန့်ရရှိဖို့ခက်ခဲတဲ့နေရာတွေ နဲ့ မြစ်ရေ ချောင်းရေကို
မှီခိုသောက်သုံးနေကြတဲ့နေရာဒေသတွေမှာ
ဒီစက်လေးရှိယုံဖြင့် ရေသန့်ကိုလွယ်လွယ်ကူကူသောက်သုံးနိုင်ခြင်း

(၂) ရေသန့်စက်ရုံကြီးတွေမှာပါတဲ့ စက်ယန္တရားအားလုံး
ဒီစက်အသေးလေးထဲမှာ ပါ၀င်ခြင်း

(၃) Treatment Section, Filtration Section အပြင်
Disinfection Section Ultra Violet System ပါရှိတဲ့အတွက်
ပိုးမွှာအန္ဒရာယ်ကင်းရှင်းစွာ သောက်သုံးနိုင်ခြင်း

(၄) အနှိမ့်ဆုံး 75GPD ကနေ 800GPD အထိရှိတာဖြစ်တဲ့အတွက်
အိမ်မှာ သုံးမလား စာသင်ကျောင်း ဘုန်းကြီးကျောင်းတွေမှာသုံးမလား
မိသား၀င်အရေအတွက်အပေါ်မှူတည်၍ 75GPD ကနေ
800GPD အထိရွေးချယ်လို့ရခြင်း

(GPD ဆိုသည်မှာ Gallon Per Dayဖြစ်ပြီး
ဥပမာ - 75GPDဆိုရင် တစ်ရက်လျှင် 75ဂါလံ ဒီစက်ကထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ 1ဂါလံမှာ 4.5လီတာရှိတဲ့အတွက် 75×4.5=377လီတာထုတ်ပေးနိုင်ပြီး 377လီတာဆိုတဲ့ပမာဏက လူဦးရေ50ကျော်အထိ
လောက်ငစွာ သောက်သုံးနိုင်ပါတယ်။ဒါတောင် အနည်းဆုံးထုတ်ပေးနိုင်တဲ့ 75GPD စက်နဲ့တွက်တာပဲရှိသေးတယ်)

(၅) နောက်ထပ် ROစက်ကြီးတွေမှာမပါတဲ့ Section တစ်ခု
ဒီစက်မှာပါတယ်။ဒါကတော့ Mineral Water အဖြစ်
ပြောင်းလဲပေးတဲ့အဆင့်လေးဆင့်ပဲ။
-Mineral Stone
-Nano
-Hydrogen
-Alkaline
pH နိမ့်တဲ့ရေကိုသောက်ရတဲ့အခါ
ရေကပေါ့ပြီ‌ သောက်ရတာမ,၀ တာမျိုးရှိတတ်ကြတယ်။
အဲအခါမျိုးမှာ Alkaline Column ကိုဖြတ်ရုံဖြင့်
pH boost လုပ်ပေးမှာဖြစ်တယ်။

Domestic RO စက်လေးတွေအသုံးပြုခြင်းအပေါ်မှာ
Costing ပြန်တွက်ကြည့်ရအောင်

မိသားစုတစ်စုက ၂ရက်ကို ၂၀လီတာတစ်ဗူးကုန်တယ်ဆိုကြပါစို့။
(တကယ်မိသားစုများရင် ၁ရက် ၁ဗူးကုန်ပါတယ်)
၂၀လီတာတစ်ဗူး ၁၀၀၀ကျပ်
တစ်လ ၁၅×၁၀၀၀=၁၅၀၀၀ကျပ်
တစ်နှစ် ၁၅၀၀၀×၁၂=၁၈၀၀၀၀ကျပ်
တစ်နှစ်မှာ ကျွန်တော်တို့ကရေသန့်ရဖို့အတွက်
၁၈၀၀၀၀ကျပ် ပေးနေရပါတယ်။

အဆိုပါ ၁၈၀၀၀၀ ကို ငါးနှစ်စာတွက်မယ်ဆိုရင်
၉၀၀၀၀၀ကျပ်(ကိုးသိန်း) ဖြစ်နေပါပြီ။
ဒါဆိုစက်ရဲ့ကုန်ကျစရိတ်ကဘယ်လောက်လဲ?
၁၀သိန်းလား? အိုခေ ၀ယ်ပြီးအိမ်ကနံရံမှာကောက်တပ်ထားလိုက်
အဲကောင်က ၅နှစ်တိုင်း ၅နှစ်တိုင်းမှာ လူကြီးမင်းမိသားစုအတွက်
၉၀၀၀၀၀(ကိုးသိန်း) Saved လုပ်ပေးနေမှာဖြစ်ပါတယ်။

ဒါဆိုစက်ရဲ့အားနည်းချက်တွေကဘာတွေလဲ?

(၁) ရေအရင်းမြစ်အရမ်းဆိုးတဲ့နေရာဒေသတွေ
မြေအောက်ရေပြောင်းလဲမှုရှိတဲ့ဒေသတွေမှာတော့
GPD အိမ်သုံးရေသန့်စက်ကိုအသုံးပြုဖို့
မတိုက်တွန်းလိုပါဘူး။

(၂) ရေကြမ်းမှာ အဓိကအားဖြင့် Iron Hardness များတဲ့အခါမျိုးမှာ
RO Membrane ကိုပိတ်စေနိုင်ပြီး
ခနခန လဲပေးရတာမျိုးတွေရှိလာနိုင်ပါတယ်။

အဆုံးထိဖတ်ပေးတဲ့သူတွေရှိခဲ့ရင်ကျေးဇူးတင်ပါတယ်။

(Biochemistry)
#09788078724

HYDRO TECH Water & Waste Water Engineering Co.,Ltd

22/03/2024

အချိုရည်အကြောင်း သိကောင်းစရာများ (၆)

အရင်တစ်ပတ်က Anionic နှင့်ပတ်သတ်လို့ ပြီးသွားတဲ့နောက်ပိုင်းမှာ အခုတစ်ပတ်မှာတော့ Cationic နှင့်ပတ်သတ်တဲ့ကောင်လေးတွေကိုမျှဝေပေးချင်ပါတယ် သူ့မှာပါတဲ့ အရာလေးတွေကတော့ Aluminium (0.2 mg/l as Al) ထက်များနေရင်တော့ အနည်ကျစေနိုင်သလို နောက်ကျိမှုလည်းဖြစ်စေနိုင်ပါတယ်။

Arsenic (0.05 mg/l as As) ထက်များနေရင်တော့ အရေးပြားပျတ်စီးနိုင်ပြီးတော့ သွေးလည်ပတ်မှုဆိုင်ရာ လုပ်ငန်းတွေမှာ problem ရှိနိုင်ပါတယ်။
Cadmium (5 mcg/l as Cd) ထက်များနေရင်တော့ ကျောက်ကပ်ကို ထိခိုက်စေနိုင်ပါတယ်။

Chromium ( 0.05 mg/l as Cr) ထက်များနေရင်တော့ အရေပြားရောင်ရမ်းနာကျင်ဖြင်း ဖြစ်စေနိုင်ပါတယ်။
Copper ( 3 mg/l as Cu) ထက်များနေရင်တော့ အသည်းနှင့် ကျောက်ကပ် ကိုထိခိုက်နိုင်ပြီး ဗိုက်အောင့်တဲ့ဝေဒ နာမျိုး တွေ ခံစားရတက်ပါတယ်။

Cyanide (0.05 mg/l as CN) ထက်များနေရင်တော့ အာရုံကြောရောဂါနဲ့ Thyroid problem တွေဖြစ်စေနိုင်ပါတယ်။
Iron ( 0.2 mg/l as Fe) ထက်များနေရင်တော့ product ရဲ့ taste နဲ့ appearance ကိုထိခိုက်စေနိုင်ပါတယ်။
Lead ( 0.05 mg/l as Pb) ထက်များနေရင်တော့ Kidney ထိခိုက်စေနိုင်ပါတယ်။

Manganse (0.03 mg/l as Mn) ထက်များနေရင်တော့ အနည်ကျစေနိုင်ပြီး ပုံမှန်မဟုတ်တဲ့အနံတွေ ပါလာနိုင်ပါတယ်။

Mercury (1 mcg/l as Hg) ထက်များနေရင်တော့ ကျောက်ကပ်ထိခိုက်စေနိုင်ပါတယ်။

Selenium ( 0.01 mg/l as Se) ထက်များနေရင်တော့ ဆံပင်ကျွတ်စေနိုင်ပြီး မူးဝေထုံထိုင်းစေနိုင်ပါတယ်။

Sodium ( 150 mg/l as Na) ထက်များနေရင်တော့ အရသာလေးပြီး machine တွေကို corrosion ဖြစ်စေနိုင်ပါတယ်။

Zinc (5 mg/l as Zn) ထက်များနေရင်တော့ အရသာပြင်းရှစေနိုင်ပါတယ်။

ဆက်ပါအုံးမည်

HYDRO TECH
Hydro Tech Engineering Co.,Ltd
အမှတ် (89/47-B)၊ အ​ပေါ်ဗဟိုလမ်း၊ (2) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်
☎️0️⃣9️⃣7️⃣5️⃣0️⃣8️⃣1️⃣3️⃣1️⃣0️⃣5️⃣
☎️0️⃣9️⃣7️⃣5️⃣8️⃣4️⃣4️⃣3️⃣2️⃣4️⃣1️⃣

15/03/2024

အချိုရည် အကြောင်း သိကောင်းစရာများ (၅)

အရင်တစ်ပတ်က
physical parameter နဲ့
specification တွေကိုပြောပြီးနောက်ပိုင်းမှာ အခုတစ်ခါမှာတော့ ရေနဲ့ ပတ်သတ်တဲ့ Microbilogical Test parameter နဲ့ ရှိရမယ့် Specifiaction လေးတွေကိုပြောပြပေးပါမယ် ပုံမှန်အားဖြင့် စမ်းကျတာကတော့

TPC ( Total Plate Count) or APC (Aerobic Plate Count) - < 25 cfu/100 ml နှင့်
E-Coli and Coliform -

15/03/2024

Project - Water Treatment System for 2 Ton Ice Tube Machine

Location - Waw Township

မိတ်ဆွေတို့ရဲ့ ရေပြသာနာများအတွက် အကြံပြု
ဆွေးနွေးလိုပါက
HYDRO TECH
Hydro Tech Engineering Co.,Ltd
အမှတ် (89/47-B)၊ အ​ပေါ်ဗဟိုလမ်း၊ (2) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်
☎️0️⃣9️⃣7️⃣5️⃣0️⃣8️⃣1️⃣3️⃣1️⃣0️⃣5️⃣
☎️0️⃣9️⃣7️⃣5️⃣8️⃣4️⃣4️⃣3️⃣2️⃣4️⃣1️⃣

Photos from HYDRO TECH Water & Waste Water Engineering Co.,Ltd's post 14/03/2024

နွေရာသီ အကြို ဘာတွေ ပြင်ဆင်ထားပြီးပြီလဲ ?

လူတွေ နာမကျန်း နေမကောင်းဖြစ်တဲ့အခါ ဆေးခန်းပြကြတယ်
ရေတွေ မသန့်ရှင်း - အနံ့ပါ - အရသာပေါ့ ၊ ပိုးမွှားပေါက် - ရေညှိတွေပါရင်ရော ဘယ်သူ့ကို ပြရမလဲ ?

ရေကောင်း မှ နေကောင်းအံ့

မိမိတို့ ဘဝအတွက် အသက်ရှင် နေထိုင်ဖို့ရာ အတွက် မရှိမဖြစ်လိုအပ်သော အရာမှာ

အစားအစာ၊ ရေ ၊ လေ လို့ပဲ ဆိုလိုရမှာပါ
ကမ္ဘာကြီး ပူနွေးလာသည် နှင့်အမျှ ဂေဟစနစ်ကြီးလည်း ပြောင်းလဲလို့ လာပါပြီ

မြေအောက်ရေလည်း တစ်ဖြည်းဖြည်းနဲ့ ညစ်ညမ်းလာပြီး ရေချို စနစ်လည်း နည်းပါးလို့ လာခဲ့ပါပြီ

အစားအသောက်လို့ ဆိုလိုက်တာနဲ့ အစားနဲ့ အသောက်ဟူ၍ ခွဲခြားရပေမည်

ရေကြောင့် 90% သော ရောဂါတွေဟာ ခုသောက် ခုဖြစ်တာမျိုး မဟုတ်ပေမဲ့
မသန့်ရှင်းသော ရေကို နေ့စဉ်သောက်သုံးလာတဲ့အခါ လူလတ် လူရွယ်ပိုင်းမှာ ရေကြောင့် ဖြစ်စေနိုင်တဲ့ ဆိုးကျိုးတွေ ရှိလာပေလိမ့်မည်

#သောက်သုံးရေ မသန့်ရှင်းပါက ဖြစ်စေနိုင်သော ရောဂါများမှာမှု

အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါများ၊ အာရုံကြောစနစ် သို့မဟုတ် မျိုးပွားမှုဆိုင်ရာ သက်ရောက်မှုများနှင့် ကင်ဆာကဲ့သို့သော နာတာရှည်ရောဂါများကဲ့သို့ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများကို ဖြစ်စေနိုင်ပါသည်။

ကာလဝမ်း၊ ဝမ်းကိုက်ရောဂါ နှင့် giardiasis အပါအဝင် ရေကြောင့်ဖြစ်သော ရောဂါအမျိုးမျိုးကို ဖြစ်စေနိုင်သည်။

ဘက်တီးရီးယား၊ ဗိုင်းရပ်စ်များနှင့် ကပ်ပါးပိုးများကဲ့သို့သော ညစ်ညမ်းမှုများရှိနေသော ရေကိုသောက်သုံးခြင်းသည် အန္တရာယ်ရှိစေနိုင်သည်။
ဒါမို့ မိမိတို့ နေ့စဉ်သောက်သုံးနေသော ရေများ သန့်ရှင်းရန် အတွက် လိုအပ်ပေမည်။

“ကုသိုလ်လည်းရ ဝမ်းလည်းဝ “
ရေအကျိုးဆယ်ပါးတဲ့
မိမိတို့ စက်ရုံများမှ ထွက်ရှိသော ရေများသည် ကျန်းမာ သန့်ရှင်းသော သောက်သုံးရေ ဖြစ်ဖို့ အထူးပင် ဂရုစိုက်ရသည် ။

#ရေတွေ နေမကောင်းဖြစ်နေရင်ရော ဘယ်သူ့ကို ပြရမလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေက
Hydro Tech ရှိနေပြီလို့ပဲ ဖြေပါရစေ

မိမိတို့ရဲ့ ကိုယ်စားလှယ်တွေ ဖောက်သည်များနဲ့ မိတ်မပျက်ဖို့ လိုအပ်တဲ့ ပြင်ဆင်မှုများကို မိတ်ဆွေတို့ ပြင်ဆင်ပြီသွားပြီလား

ဘာတွေပြင်ဆင်ထား ဖို့လိုပါသလဲ
* မိမိစျေးကွက်အတွက် လုံလောက်သောထုတ်ကုန် ဖြည့်တင်းပြည့်ပြီပြီးလား
* မိမိ Customer များရဲ့ထုတ်ကုန်ကို အချိန်မှီပို့ဆောင်ပေးနိုင်ပြီလား
* မိမိထုတ်ကုန်၏ အရည်အသွေးသည် Customer များရဲ့ စိတ်ကျေနပ််မှုကို ရရှိပြီလား
* မိမိ ၏ အရောင်းပမာဏအတွက် မိမိစက်ရုံထုတ်လုပ်ရေးမှ ထုတ်လုပ်ပေးနိုင်ပြီလား
* မိမိစက်ရုံ အတွက် လိုအပ်သော ပြင်ဆင်မွမ်းမံထိန်းသိမ်းမှုတွေ ဆောင်ရွက်ပြီပြီးလား
ထိုအရာများကို Hydro Tech တွင်ဆွေးနွေးတိုင်ပင်နိုင်သလို အောက်ပါအရာများကိုလည်းဆောင်ရွက်ပေးနေပါပြီ

💧ရေသန့် အပိုပစ္စည်းအများအပြား ရှိသည်အနက် မိမိတို့ အသုံးပြုမည့် ရေအရည်အသွေးပေါ် မူတည်ပြီး Pilot Test , Research လုပ်ပေးခြင်း

💧Project များ၏ ရေကြမ်းများအား အခမဲ့ စမ်းသပ် ဓာတ်ခွဲပေးခြင်း

💧ရေကြမ်း အဖြေပေါ် မူတည်၍ အသုံးပြုသင့်သော Quality နှင့် Design များ Calculation တွက်ချက်ပေးခြင်း

💧ရေတွင် တွေ့ကြုံနေရသော အခက်အခဲများအား Problem Solving လုပ်ရန် အတွက် အခမဲ့ ဆွေးနွေးပေးခြင်း

💧မိမိတို့ အသုံးပြုမည့် RO Membrane များ၏ Rejection % များအား တွက်ချက်ပေးခြင်း

💧Chemical Dosing ထိုးပုံများ ရေကြမ်းအဖြေပေါ်မူတည်ပြီး Chemical ဖျော်စပ်နည်းများ ရရှိနိုင်ခြင်း

💧RO Membrane များတွင် အသုံးပြုသော Chemical များ ရေအဖြေပေါ်မူတည်ပြီး Dosing ထိုးရမည့် ပမာဏများအား တွက်ချက်ပေးခြင်း

💧RO Membrane အတွက် NR-NSC , Antiscalant Dosing Chemical များ တွက်ချက်ပေးခြင်း

💧pH မြင့်ရန်အတွက် Chemical ဖျော်နည်းနှင့် Dosing Range များအား တွက်ချက်ပေးခြင်း

💧CIP လုပ်ရာတွင် အသုံးပြုသော Chemical များနှင့် ဖျော်စပ်နည်း တွက်ချက်နည်းများ CIP လုပ်နည်းများ ရရှိနိုင်ခြင်း

💧RO စက်များ တန်တိုးရာတွင် Flow နှင့် ရေကြမ်းအဖြေပေါ်မူတည်ပြီး တန်တိုးသင့် မတိုးသင့် များအား အကြံပေးခြင်း

💧Media များ အသုံးပြုရာတွင် ရေကြမ်း အဖြေပေါ်မူတည်ပြီး အသုံးပြုသင့်သော Media နှင့် ရေကြမ်းအဖြေပေါ်မူတည်ပြီး Specifications များအလိုက် အကြံပြုပေးခြင်း

💧ရေပေါ့ခြင်း ရေလေးခြင်း ပြသနာများ ဖြေရှင်း အကြံဉာဏ် ရယူနိုင်ခြင်း

💧ရေတွင် အနံပါနေသည်များကို ဖြေရှင်းဖို့ အကြံဉာဏ် ရယူနိုင်ခြင်း

💧သံဓာတ်များနေခြင်း ၊ ထုံးဓာတ်များနေခြင်းများအား အကြံဉာဏ် ရယူနိုင်ခြင်း

💧Softener Resin အား ဆားခနခန ကြွေးရခြင်းအား ဖြေရှင်းဖို့ အကြံဉာဏ် ရယူနိုင်ခြင်း

💧ရေတွင် အဖြူရောင် အမှုန်များ ပါခြင်းအား အကြံဉာဏ် ရယူနိုင်ခြင်း

💧ရေငံအား ရေချိုဖြစ်အောင် ထုတ်လုပ်နိုင်မည့် နည်းစနစ်များအား အကြံဉာဏ် ရရှိနိုင်ခြင်း

💧Control Panel Auto/ Manual များအား အကြံဉာဏ် ရယူနိုင်ခြင်း၊ အပ်နှံနိုင်ခြင်း

#- RO Machine Installation
#- Water Treatment Installation
#- Water Quality Testing (Physical, Chemical, Biological)
#- MF, UF, RO, UV, Ozone System
#- Control Panel Installation
#- Waste Water Treatment
#- Water Treatment Chemical
#- Waste Water Treatment Chemical
#- Cooling Tower Chemical
#- Boiler Chemical
#- Water Treatment Spare part
#- Bottle Washing Chemical
#- CIP Chemical
#- RO Membrane Dosing Chemical
#- pH Booster Chemical
#- Bottle Washer Chemical
#- Conveyor Dosing Chemical
#- Water Treatment & Quality Analysis Training

များစွာသော အချက်များအား မိတ်ဆွေတို့အတွက် ကျွမ်းကျင်ပြီး အတွေ့အကြုံအပြည့်ရှိသော
HYDRO TECH Water & Waste water Engineering Co.,Ltd ကို
📱 Hello လုပ်လိုက်ပါ။

YANGON Office
PH: 09 750813105, 09 758443241
No. (89/47-B), Upper Baho Rd, 2 Qtz, MayangoneTsp, Yangon.

TAUNGGYI Office
PH: 09 789786717? 09 956228127
ရှမ်းပြည်နယ်တောင်ပိုင်းပိုင်း| မြို့မရပ်ကွက်| စစ်စံထွန်းလမ်း| တောင်ကြီးမြို့။

You are our businesses partner!

Photos from HYDRO TECH Water & Waste Water Engineering Co.,Ltd's post 14/03/2024

ယခုအခါမှာလည်း

Hydro-Tech Technical Team

ဆောင်ရွက် ပေးခဲ့တာကတော့
ပဲခူးတိုင်း ၊ ဝေါမြို့နယ်မှာရှိတဲ့ 2 Tons Ice Tube Machine အတွက်

ရေခဲစက်ရဲ့ ရေအဝင် သတ်မှက်ချက်

အရည်အသွေးအတိုင်း Customer စိတ်တိုင်းကြ

ဆောင်ရွက်ပေးခဲ့မှုမှတ်တမ်းဘဲ ဖြစ်ပါတယ်။

အခြားသော စားသောက်ကုန်လုပ်ငန်းများအတွက်

မိမိ၏ စက်ရုံ ၊ အလုပ်ရုံ များတွင်

ကုန်ကြမ်းများဆေးကြောရန်ဖြစ်စေ

သုံးရေအတွက်ဖြစ်စေ

သောက်သုံးရန်အတွက်ဖြစ်စေ

ဖော်ဖြူလာထဲတွင် ထည့်သွင်းအသုံးပြုရန်ဖြစ်စေ

ထည့်သွင်းအသုံးပြုသော ရေများကို ဓာတ်ခွဲ

စစ်ဆေးမှုများပြုလုပ်၍ မှန်ကန်သော Design

တိကျသော Results များ ထုတ်လုပ်ပေးကာ

မိတ်ဆွေတို့ရဲ့ ရေပြသာနာများစွာကို ဖြေရှင်း

နေပါပြီ….

မိတ်ဆွေတို့ရဲ့ ရေပြသာနာများအတွက် အကြံပြု

ဆွေးနွေးလိုပါက

HYDRO TECH
Hydro Tech Engineering Co.,Ltd
အမှတ် (89/47-B)၊ အ​ပေါ်ဗဟိုလမ်း၊ (2) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်
☎️0️⃣9️⃣7️⃣5️⃣0️⃣8️⃣1️⃣3️⃣1️⃣0️⃣5️⃣
☎️0️⃣9️⃣7️⃣5️⃣8️⃣4️⃣4️⃣3️⃣2️⃣4️⃣1️⃣

Photos from HYDRO TECH Water & Waste Water Engineering Co.,Ltd's post 12/03/2024

Next Project

ဝေါမြို့သို့ Hydro Tech ရောက်ရှိနေပြန်ပါပြီ

NR-NSC Water Treatment Chemical
—————————————————————

မင်္ဂလာပါ

🧪 ရေသန့်စင် လုပ်ငန်းများတွင်🧪 အသုံးပြုသော စားသောက်ကုန် သုံး Chemical တစ်ခုနှင့် မိတ်ဆက်ပေးပါရစေ

💧TDS များလို့ စိတ်ညစ်နေပါသလား ..?
💧Total Hardness များလို့ စိတ်ညစ်နေပါသလား .
💧 Conductivity များလို့ စိတ်ညစ်နေပါသလား

🧪RO Membrane တွင် ခနခန ပိတ်၍ စိတ်ညစ်နေပါသလား 🧪

RO membrane အတွင်း
💧1. Sulfate Scale
💧2. Carbonate Scale
💧3. Silica Scaling
💧4. Iron Fouling
💧5. Organic Fouling
💧6. BioFouling ဖြစ်လို့ စိတ်ညစ်နေပါသလား ?

🧪RO သက်တန်း မကုန်ပဲ ပိတ်ဆို့သွားပါသလား 🧪

🧪 RO Membrane တွင် CIP လုပ်ဖို့ Chemical ရှာနေပါသလား..🧪

ဒါဆိုရင်ဖြင့် ကိုရီးယား နည်းပညာဖြင့် ထုတ်လုပ်ထားပြီး
💧 FDA ရရှိထားပြီး
💧Material Safety Data Sheet နှင့်
💧Certificate of Analysis ပါဝင်ပြီး
Food Grade Chemical ဖြစ်တဲ့အတွက် သင်တော်သော Chemical တခုကို ရှာဖွေနေတယ်ဆိုရင်တော့ ကျမတို့ Water Treatment Chemical များ ရောင်းချပေးမည့် Company ကို သတိရလိုက်ပါ .

Technical ရော Chemical Dilution စနစ်တွေပါ အသေးစိတ် ပြောပြပေးမှာမို့ ကျမတို့ Company သို့ နည်းပညာသော်လည်ကောင်း

ရေသန့် လုပ်ငန်းများတွင် ဖြစ်ပေါ်နေသော် ပြသနာများကို ဖြေရှင်းသိရှိချင်သော်လည်ကောင်း

Chemical အကြောင်းများကို သိရှိလိုသော်လည်ကောင်း ဆက်သွယ်မေးမြန်း နိုင်ပါသည် ။

NR-NSC 0.02% - 0.05% Dose လုပ်ပြီး အထက်ပါ အရာ များကို လျော့ချပေးနိုင်ပါသည်။

🧪ဘာကြောင့် RO Membrane များ ပိတ်ရသနည်းအား အောက်တွင် ရူ့ပါ 🧪

Membrane Fouling ဖြစ်ရခြင်း၏ အဓိက အကြောင်းအရာများ
1. Aluminum , Alumina , Iron, silica များသည် သည် RO မှ စစ်ယူပြီးနောက် Membrane Polymer ပေါ်တွင် ကပ်တင်ကျန်ရှိနေသည်။
2. Organic များသည် Microbes များကြီးထွားရန် Nutritionအဖြစ်ထောက်ပံပေးသည်။
3. Color များကို Membrane Polymer များမှ စုပ်ယူထားသည် ။
4. Metal , Iron and Manganese များသည် Membrane Polymer ပေါ်တွင် အနည်အဖြစ်ကျန်ရှိပြီး ဓာတ်တိုးခြင်းစတင်ဖြစ်ပေါ်ပြီးနောက် Aluminum မှ Alum , Hydrogen Sulfide ကဲသို့သော အရာများသည် Membrane မှ ဖယ်ရှားရန် ခက်ခဲသည်။ ထိုအခါမျိုးတွင် BioFouling စတင်ဖြစ်ပေါ်လာစေသည်။
Suspended Solid , Colloids, Microbes , Organics , Color , Iron, Manganese , Aluminum , Hydrogen Sulfide စသည့်တို့ကြောင့် ဖြစ်သည်။

Membrane Scaling ဖြစ်ရခြင်း၏ အဓိက အကြောင်းအရာများ
1. Calcium Scale တွင် Carbonate , Sulfate , Fluoride , Phosphate စသည့် အရာများစွာပါဝင်သည် ။
2. Sulfate scale တွင် Barium နှင့် Strontium စသည့်တို့ကို စစ်ထုတ်ရခြင်းကြောင့် Membrane Polymer တွင် Scaling စတင် ဖြစ်ပွါးရသည်။

ထိုအရာများကို ကာကွယ်ပေးမည် စားသောက်ကုန် သုံး Chemical ဖြစ်ပါသည် ။

"သောက်ရေသန့်ပြသနာ Hydro Tech မှာအဖြေရှာ"

HYDRO TECH
Hydro Tech Engineering Co.,Ltd
အမှတ် (89/47-B)၊ အ​ပေါ်ဗဟိုလမ်း၊ (2) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်
☎️0️⃣9️⃣7️⃣5️⃣0️⃣8️⃣1️⃣3️⃣1️⃣0️⃣5️⃣
☎️0️⃣9️⃣7️⃣5️⃣8️⃣4️⃣4️⃣3️⃣2️⃣4️⃣1️⃣

11/03/2024

💧ဆေးရုံ ၊ ဆေးခန်း ၊ခွဲခန်း ၊ ဓာတ်ခွဲခန်း ၊ ဆေးထုတ်လုပ်သည့် နေရာ များ၊ Boiler နှင့် Turbine များ တွင် အသုံးပြုသော ရေအကြောင်း သိကောင်းစရာ 💧

🛑Deionization Treatment Process & Demineralization Process 🛑

💧Deionized Water Treatment Process တွေ သုံးလာတာ ယခု နောက်ပိုင်းတွေ့ရတယ်

💧Deionization ဆိုသည်မှာ ရေထဲတွင် ion ကင်းစင်သောရေ ၊ အဓိကအားဖြင့် Cation နှင့် Anion ကင်းစင်သော ရေဟုဆိုလိုသည်။ Demineralization စနစ် Mineral ကင်းစင်သော ရေဟုလည်း ခေါ်ဆိုကြသည်။

💧Demineralization ဆိုသည်မှာ ရေထဲတွင် Mineral ကင်းစင််သော ရေ ဟုဆိုလိုခြင်းဖြစ်သည် ။

💧ထိုရေတွေကို ဘယ်နေရာတွေမှာ အသုံးပြုကြသလဲဆိုတော့
🔹ဆေးရုံ ၊ ဆေးခန်း ၊ ဓာတ်ခွဲခန်း ၊ ဆေးထုတ်လုပ်သည့် နေရာ
🔹 Boiler တွေ Turbine တွေမှာ အသုံးများလာကြတယ်။

💧Deionized Water (တစ်နည်းအားဖြင့် ion ကင်းစင်သော ရေ)
🔹Cation Resin ( Strong & Weak )
🔹Anion Resin ( String & Weak )
🔹Mix Bed Resin
🔹Degasifiers
🔹Safety Filter
🔹UV
စသည့် အရာများကို တွဲသုံးလေ့ ရှိကြသည်။

🛑Cation Resin ( Strong & Weak )

Cation Resin တွေ အသုံးပြုပြီး Ca2+ , Mg 2+, Al3+, NH4 + etc Positive Ion တွေကို ဖယ်ရှားပေးသော စနစ်
Cation Resin တွေ အသုံးပြုရာမှာ မိမိအသုံးပြုမည့် Raw water ရေကြမ်း နှင့် ကိုက်ညီသော Resin ကိုသာ ရွေးချယ် အသုံးပြုသင့်သည် ။
ပြီးနောက် ထည့်မည့် Resin ပမာဏကို ထုတ်လုပ်ချင်သော Output Capacity ရေFlow ကို ချိန်ညှိပေးရသည် ။ တနည်းအားဖြင့် Detention Time ကို ချိန်ဆ တွက်ချက်ပြီးမှသာ အသုံးပြုသင့်သည် ။

🛑Anion Resin ( Strong & Weak )

Anion Resin တွေ အသုံးပြုပြီး Cl- , O2-, OH-, SO4 2- etc Negative Ion တွေကို ဖယ်ရှားပေးသော စနစ်
Anion Resin တွေ အသုံးပြုရာမှာ မိမိအသုံးပြုမည့် Raw water ရေကြမ်း နှင့် ကိုက်ညီသော Resin ကိုသာ ရွေးချယ် အသုံးပြုသင့်သည် ။
ပြီးနောက် ထည့်မည့် Resin ပမာဏကို ထုတ်လုပ်ချင်သော Output Capacity ရေFlow ကို ချိန်ညှိပေးရသည် ။ တနည်းအားဖြင့် Detention Time ကို ချိန်ဆ တွက်ချက်ပြီးမှသာ အသုံးပြုသင့်သည် ။

🛑Mix Bed Resin
( Mix Bed ) တွင် Purolite နှင့် တခြား Resin ကိုသုံးလေ့ရှိတယ်
Purolite သည် Ion Exchange Systemတွင် ရေထဲတွင်ပျော်ဝင်နေသော Postitive Charges and Anode Negative Charges တွေကို စုပ်ယူပြီး ရေကို Deionized Water အဖြစ်သို့ ပြောင်းလဲပေးသည်

🛑Degasifiers
Degasifiersစနစ်ဆိုသည်မှာ ရေထဲတွင် ပျော်ဝင်နေသော Dissolved Gas နှင့် Organic Volatile Compoundများကို လေဖြင့် ဖယ်ရှား သန့်စင်ပေးသော စနစ်ဖြစ်ပြီး Dissolved Gas များ ဖယ်ရှားရာတွင် အကောင်းဆုံးသော စနစ်ဖြစ်သည် ။

🛑Safety Filter ( UV မဖြတ်ခင် ကြားခံ Filtration system)

🛑 UV (Ultra Violet ခရမ်းလွန်ရောင်ခြည်ဖြင့် ပိုးသတ်သောစနစ်)

🛑Safety Filter

UV မဖြတ်မိ ရေထဲတွင် Particles (အမူံ) များကို စစ်ထုပ်ပေးရန် 5 ၊ 10 ၊ 15 Micron Filter ကိုသုံးနိုင်သည်

🛑UV
ပိုးသတ်ပြီး သန့်စင်ရန်

🔹တချို့သော Company တွေမှာတော့ UV အထွက်ရေကို။ 5 Micron Filter ကို ထပ်ထားလေ့ရှိသည် ပိုပြီး Safety ဖြစ်ရန်

မေးစရာလေး တစ်ခု ရှိသည်

🔹Deionized Water Process မှာ Chinese Suppliers တွေကတော့ Process ရဲ့ရေကို Conductivity ဖြင့် ထိန်းတာကို တွေ့ရသည်

🔹မိမိက အကြောလေး နည်းနည်းရှည်သောကြောင့် Total Dissolve Solid ပါ ထည့် ထိန်းခိုင်းသည်ပေါ့

🔹တစ်ချို့ Suppliers တွေကတော့ Resistivity ဖြင့် ထိန်းသည် Laboratory Skill အနေနဲ့ကတော့ Hardness , Silica , Chloride , Conductivity and TDS ဖြင့် ထိန်းတာ အကောင်းဆုံးပါ

Conductivity = Max 2
TDS. = >1ppm
Resistivity. = 7 to 10

🔹နောက်ထပ် မေးစရာလေး တခု ရှိပြန်တယ်

💧Conductivity and Resistivity တွေ များလာရင် ဘယ်လို လုပ်မလဲ ပေါ့
ဒါက ဒီလိုရှိပါတယ်

🔹Conductivity and Resistivity များလာရင်
Auto Dionized Water System မှာ ဆိုရင်
သတ်မှတ်ထားသော Range ထက် ကျော်လာခဲ့ရင် Auto Regeneration လုပ်ပေရပါတယ်
Auto System မဟုတ်ရင်တော့ Manual Regeneration လုပ်ပေးရပါမယ်

How to regenerate?

🛑Caustic and Acid ဖြင့် Regeneration လုပ်ခြင်းပါ
🔹NU-Klean S
🔹NR -MSP
🔹Caustic = NaOH
🔹Acid. = HCL
အနည်းဆုံး Regeneration လုပ်ချိန် 2hr or 3hr ကြာမြင့်တတ်သည် ။

ရေဖြင့် Rinse လုပ်ပြီး Process ကို ပြန်ပြီး Run လို့ရပါပြီလို့ ပြောကြားရင်း

EDI အကြောင်းကိုတော့ နောက်များ ဆက်လက်ဖော်ပြပေးသွားပါမည်

"သောက်ရေသန့်ပြသနာ Hydro Tech မှာအဖြေရှာ"

HYDRO TECH
Hydro Tech Engineering Co.,Ltd
အမှတ် (89/47-B)၊ အ​ပေါ်ဗဟိုလမ်း၊ (2) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်
☎️0️⃣9️⃣7️⃣5️⃣0️⃣8️⃣1️⃣3️⃣1️⃣0️⃣5️⃣
☎️0️⃣9️⃣7️⃣5️⃣8️⃣4️⃣4️⃣3️⃣2️⃣4️⃣1️⃣

09/03/2024

"Membrane သို့မဟုတ် ရေသန့်စင်စနှစ်၏အသက်"

တကယ်တော့ Filtration System မှာ
Membrane တစ်ခုတည်းရယ်ပါ၀င်တာမဟုတ်ပါဘူး။
(1) Filter
(2) UF - Ultra Filtration
(3) Nano Filtration
(4) Reverse Osmosis - RO Filtration
ဆိုပြီး 4မျိုးရှိပါမယ်။

ဒါပေမယ့် တစ်ခုချင်းဆီရဲ့
Micron တွေကတော့ မတူကြဘူး။
ကျွန်တော်တို့ပြောပြောနေတဲ့
Reverse Osmosis ကတော့
Micron အနှိမ့်ဆုံးနဲ့ စစ်ထုတ်နိုင်မှုအမြင့်ဆုံးပေါ့
ဒါကြောင့် ရေကိုစစ်ပြီး ရေသန့်အဖြစ်ပြောင်းလဲပေးတာ။

ဒီနေရာမှာ ပြောစရာရှိလာပြီ။
Membrane က ရေကို ဘယ်လိုစစ်သလဲ?
Membrane ဘယ်လိုအလုပ်လုပ်သလဲ?

လွယ်လွယ်ကူကူပြောရရင်
💧Pump က ရေ ကို Membrane ဆီတွန်းပို့မယ်။
💧အဲတော့ ရေက Membrane မျက်နှာပြင်ကိုဖြတ်သန်း
စီးဆင်းရပါတယ်။
💧Membrane ကိုတစ်လျှောက်ဖြတ်သန်းတဲ့ရေမှာ
မော်လီကျူး သေးတဲ့ရေက ရေသန့်ဖြစ်ပြီး။
💧Membrane ဇကာထဲကို မစိမ့်၀င်နိုင်တဲ့ရေက
ရေဆိုးဖြစ်လာတယ်။

Membrane ဆိုတဲ့ကောင်ကတော့ရှင်းတယ်
သူ့ဆီရောက်လာတဲ့ရေထဲမှာ
ဘာတွေပဲပါပါစစ်ထုတ်မှာပဲ ဖယ်ရှားမှာပဲ။

ကြာလာတာနှင့်အမျှ
Membrane ဟာ ချေးတွေ အနယ်အနှစ်တွေ
ပိတ်စို့တာမျိုးဖြစ်တတ်ပါတယ်။

အဲတော့...
RO စက်မှာ Pressure တက်ခြင်း
ရေမှာ အနံ့ပါခြင်း
ရေမှာ အဖြူဖက်ပါခြင်း
ရေမှာ TDS များလာခြင်း
စတဲ့ ဆိုးကျိုးတွေ တစ်စ နှင့် တစ်စ
ဖြစ်လာပါလိမ့်မယ်။

နောက်ဆုံးမှာတော့
ဆုပ်လည်းဆူး စားလည်းရူးဆိုသလိုပဲ
Membrane လဲလိုက်တော့မယ်ဟေ့ ဆိုတဲ့
အခြေနေတွေကြုံလာပါလိမ့်မယ်။

RO Membrane မလဲရဖို့
ဘာတွေ ဆောင်ရွက်ရမလဲ?
CIP လို့ခေါ်ပါတယ်။
Long term ကတော့ Clean In Place
ဖြစ်တယ်။ Membrane ကိုဆေးကြောခြင်း။

Membrane ဆေးကြောတဲ့အခါ
ဘာ Chemical သုံးကြသလဲ?
ဘာ Chemical သုံးကြမလဲ?

Hydro Tech ကတော့ NU RI ကထွက်တဲ့
Chemical နှစ်မျိုးကို မိတ်‌ဆက်ပြောပြပေးပါအုံးမယ်။

Korea Brand တစ်ခု
ဈေးကွက်ထဲမှာမသိမသာလေးစွာနေတာကြာပြီ။
ပထမဦးဆုံးအသုံးပြုတဲ့စက်ရုံတွေဟာလည်း
နောက်ထပ်ပစည်းအပိုမှာယူရတဲ့အထိ
ဒီကောင့် Effective က စွဲဆောင်လွန်းတယ်။

အသုံးပြုပုံကတော့ရိုးရှင်းတယ်


ပထမ NU Klean S ဖြင့်
Membrane ကို ဆေးကြောရမှာဖြစ်တယ်။
NU Klean S က
Acid Type ဖြစ်တာကြောင့်
ပထမဦးစွာ Membrane ထဲမှာရှိတဲ့
အညစ်အကြေး စကေး အနယ်အနှစ်တွေကို
နူးအောင် ပွအောင် လုပ်ပေးမယ့်
Chemical ဖြစ်တယ်။


ဒုတိယကတော့ NR MSP နဲ့ ဆေးကြောတာဖြစ်တယ်။
NR MSP က Base ဂုဏ်သတ္တိရှိပြီး
ဆပ်ပြာအမျိုးအစားဖြစ်တဲ့အတွက်
ပထမ Chemical ကြောင့် နူးပွလာတဲ့
စကေးတွေ အနယ်အနှစ်အညစ်အကြေးတွေကို
ဆေးကြောလိုက်တာမျိုးဖြစ်ပါတယ်။

မျက်လုံးထဲမှာ မြင်သာအောင်
ပြောပြရရင် CIP လုပ်တယ်ဆိုတာ
ကျွန်တော်တို့‌လူတွေ ရေချိုးသလိုပါပဲ။
ရေချိုးတဲ့အခါ ပထမ ချေး(ဂျီး)တွန်းတယ်
ဒုတိယ ဆပ်ပြာတိုက်ပြီး ခန္ဓာကိုယ်အနှဲ့
ရေလောင်းချသလိုပါပဲ။

ဒီ Chemical နှစ်မျိုးရဲ့
အသုံးပြုပုံဟာလည်း ရေချိုးဆပ်ပြာတိုက်သလို
ရိုးရှင်းလှပါတယ်။

ထို့အတူ Hydro Tech ကလည်း
NURI Chemical လိုပဲ ရိုးရှင်းပါတယ်မိတ်ဆွေ
NURI Chemical ၀ယ်ယူရုံဖြင့်
Membrane CIP လုပ်ခြင်း ၊ NURI Chemical ကို
ရေဖြင့် အချိုးညီအောင်ဖျော်စပ်ခြင်းစတဲ့
FOC တွေပါ၀င်မှာမလို့
ကိုယ့်စက်ခန်းထဲက Membrane လေးကို သနားရင်
အခုပဲ Hydro Tech ကိုဖုန်းဆက်လိုက်ပါ။

Hydro Tech Delivery Team က Ready💪❣️

💧သောက်ရေသန့်ပြသနာ Hydro Tech မှာအဖြေရှာ

Hydro Tech Office 09773420108

by Ko Aung Myo Khine(Hydro Tech)

04/03/2024

Soft Drink and Beverages ( အချိုရည် အကြောင်း သိကောင်းစရာများ - 4 )

CO2 – Carbon Dioxide ( Gas အရသာ အတွက် သုံးစွဲသော အရာ)
Carbonated Soft Drink တွေမှာ အများဆုံး အသုံးပြု့လေ့ရှိတဲ့ Gas အမျိုးအစားတွေကတော့ Carbon Dioxide လို့ ခေါ်တဲ့ Gas ပါပဲ သူ့ရဲ့ Specification တွေကတော့ -
1. Assay - 99.99 %
2. Moisture - 50 ppm v/v (max)
3. Ammonia - 2.5 ppm v/v (max)
4. Oxygen - 30 ppm v/v (max)
5. Acetaldehyde - 0.2 ppm v/v (max)
6. Benzene - 0.02 ppm v/v (max)
7. Carbon Monoxide - 10 ppm v/v (max)
8. Methanol - 10 ppm v/v (max)
9. Total Sulphur - 0.1 ppm v/v (max)
စတဲ့သတ်မှတ်ထားတဲ့ Quality အတိုင်းအသုံးပြုရမှာဖြစ်ပါတယ်။ များသောအားဖြင့် အသုံးပြု့လေ့ ရှိတဲ့ ပမာဏ ကတော့ ကိုယ် ထုတ်လုပ်မယ့် Product အပေါ်မူတည်ပြီး 2.00 % v/v ကနေ 5.00 % အထိ အသုံးပြု့လေ့ ရှိကြပါတယ်။
Preservatives – ( အချိုရည် ရဲ့ Shelf Life အတွက် သုံးစွဲသော အရာ)
အချိုရည်တွေမှာ များသောအားဖြင့် အသုံးပြုလေ့ရှိတဲ့ Perservatives တွေ ကတော့ Sodium Benzoate အများဆုံး အသုံးပြုတဲ့ ပမာဏကတော့ 300 ppm , Potassium Sorbate အများဆုံးအသုံးပြု့လေ့ရှိတဲ့ ပမာဏ ကတော့ 350 ppm, Sulphur Dioxide အများဆုံး အသုံးပြုလေ့ရှိတဲ့ ပမာဏကတော့ 50 ppm အထိ အသုံးပြုလေ့ရှိကြပါတယ်။
Water ( အချိုရည် တွင် အသုံးပြုမည့် ရေ)
အချိုရည်တွေမှာ အများဆုံးပါ၀င်တာသည် ရေဖြစ်တဲ့အတွက်ကြောင့် အချိုရည်မှာ အသုံးပြု့မယ် ရေရဲ့ Specificaiton တွေကလည်း အရေးကြီးပါတယ်။
Specification ကတော့ -
1. pH - 6.5 to 8.5
2. Alkalinity - 100 ppm max
3. Chloride - 20 mg/l
4. Turbidity - 0.3 NTU max
5. Total Dissolve Solid - 500 mg/l
6. Hardness - 100 mg/l max
စတဲ့ Quality စံနှုန်းတွေကို မီရပါမယ်။

ဆက်ပါအုံးမည်

HYDRO TECH
Hydro Tech Engineering Co.,Ltd
အမှတ် (89/47-B)၊ အ​ပေါ်ဗဟိုလမ်း၊ (2) ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်
☎️0️⃣9️⃣7️⃣5️⃣0️⃣8️⃣1️⃣3️⃣1️⃣0️⃣5️⃣
☎️0️⃣9️⃣7️⃣5️⃣8️⃣4️⃣4️⃣3️⃣2️⃣4️⃣1️⃣

Want your business to be the top-listed Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

လျှပ်စစ်မီးမလို Solar စနစ်
"လူတန်းစားမရွေးရေသန့်သောက်နိုင်ပြီ"နည်းပညာကလည်းကြောက်ခမန်းလိလိပဲစက်ရုံကြီးတစ်ရုံလုံးကို စက်အသေးလေးအဖြစ်ပုံစံပြောင်းထားတယ...
💧ဆေးရုံ ၊ ဆေးခန်း ၊ခွဲခန်း ၊ ဓာတ်ခွဲခန်း ၊ ဆေးထုတ်လုပ်သည့် နေရာ များ၊ Boiler နှင့် Turbine များ တွင် အသုံးပြုသော ရေအကြော...
HYDRO TECHတစ်နာရီ လီတာ 6000 ကျ RO Treatment3 in 1 Fully Auto Blowachine 3 in 1  Auto Machine တပ်ဆင်ခြင်း ProjectTotal Ha...
Hydro Tech
Hydro Tech
Auto Valve
သောက်ရေသန့် ပြသနာ    Hydro Tech မှာ အဖြေရှာ   Hydro Tech Engineering Co.,Ltd  09750813105
Hydro Tech
Hydro Tech
RO Membrane များကို Micro Filter လို သဘောထားပြီး အသုံးပြုတဲ့ သောက်ရေသန့် စက်ရုံကြီး Hydro Tech မှ ရေကြမ်းမှ စပြီး ရေချော...
Education

Telephone

Website

Address


No-89/47, Upper Baho Road , 2 Qtz, Mayangone Tsp
Yangon

Other Business Services in Yangon (show all)
Hopin food Hopin food
10A1
Yangon, 11051

Lambest Lady By Theingi Moe Lambest Lady By Theingi Moe
Thitsar Street, Thaketa
Yangon, 11231

Lambest skincare အကြောင်းဖော်ပြခြင်း

Awin ကျောက်ပန်းချီ လက်လီလက်ကားလုပ်ငန်းနှင့် Awin ကျောက်ပန်းချီ လက်လီလက်ကားလုပ်ငန်းနှင့်
Yangon

BKK အဝတ်အထည်များနှင့် ကျောက်ပန်းချီ ကားများ

MMTGW Company Limited MMTGW Company Limited
No. 149, 46th Street Upper Block Botahtaung Township
Yangon, 11072

Heating, Cooling and Bathroom Solution Provider

Shwe mahar transportation Shwe mahar transportation
အမှတ်? 44 သပင်ရွှေထီလမ်း ဘုရင်နောင်
Yangon, 556777

ရွှေမဟာ ကုန်စည် ပိုဆောင်ရေ 095144822

Tzo Fb Service Tzo Fb Service
Yangon

Facebook all in one service

ငွေစုစံ  ကချင်ရိုးရာချည်ထည်ရောင်းဝယ်ရေး ငွေစုစံ ကချင်ရိုးရာချည်ထည်ရောင်းဝယ်ရေး
No. 1119, 2 Ward, Waitharli Street, East Dagon, Township
Yangon

ဆုနန္ဒာချည်ထည်ရောင်းဝယ်ရေး

WAI GYI WAI GYI
Mingalar Market
Yangon

Silver Star Cluster ငွေကြယ်စင်စု Silver Star Cluster ငွေကြယ်စင်စု
Myeik Street
Yangon

General Service and Language Education

9 Star Online Delivery Service 9 Star Online Delivery Service
တုသိတာ (၂) လမ်း မြောက်ဥကလာပ (က) ရပ်ကွက်
Yangon

9 Star Online Delivery Service

Project.com.mm Project.com.mm
No. 85, Moe Thauk Pan Street, Su Paung Housing, Htu Par Yone (1) Ward, Tharkayta Township
Yangon, 11231

HR, CRM & Project Management System