Lethwei Journey

Myanmar Traditional Fighting Organization(Non Gov;)

23/09/2023
18/09/2023

လက်ခမောင်း

မူပိုင်ဟန်
လက်ခမောင်းခတ်ခြင်းမှာ မြန်မာတို့၏မူပိုင် ဟန်ပဲဖြစ်ပါတယ်။
ခုချိန်မှာတော့ ရိုးရာလက်ဝှေ့ရဲ့ သင်္ကေတ တစ်ခုပေါ့။
ကျွန်တော့်သဘောပြောရမယ်ဆိုရင်တော့ မြန်မာပြည်သားတိုင်း လက်ခမောင်းခတ်တတ်သင့်တယ်လို့ မြင်ပါတယ်။
မြန်မာစကားပုံမှာ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ဆိုတဲ့ စကားပုံကို တွေ့မြင်ရတာကြောင့် ခေတ်အခြေအနေမငြိမ်သက်ချိန်မှာ သူခိုးဓားပြများ၊ မသမာသူများ အကြိုက်တွေ့ကာ အခွင့်အလမ်းရရှိသည်ဟု စကားပြေမှတ်ယူရသဖြင့် လက်ခမောင်းခတ်ခြင်းနှင့်ပါတ်သက်ပြီး ရေးဖွဲ့သုံးနှုန်း ကြပုံကို တွေ့ရှိရပါတယ်။ (စကားပုံနှင့် ဖော်ပြခြင်းသာဖြစ်ပြီး အခြားနေရာများမှာလည်း သုံးစွဲကြတာ တွေ့ရပါတယ်။)

လက်ခမောင်း အမျိုးအစား
လက်ခမောင်းခတ်ခြင်းကို ပုံသဏ္ဌာန်အားဖြင့် (၂) မျိုးတွေ့ရပါသည်။
၁။ သိုင်းလက်ခမောင်း
ဘယ်ဒူးကိုမြှောက်၊ ညာချိုင်းအောက်ကို ဘယ်လက်ဖ၀ါးထည့်၊ လက်မကို ချိုင်းထိပ်မှာပိတ်ထားပြီး ညာလက်ဖဝါးကို ညာနဖူးစွန်းနားထင်နားမှာတင်ပြီး ဘယ်လောက်မောင်နှင့် လက်ဖျံကြားကြား အကွေးလေးကြား ကို ညာလက်ဖဝါး (ကြာဖူးပုံ) ဖြင့် အသံမည်အောင်ရိုက်ခတ်ခြင်း
၂။ ရိုးရာလက်ဝှေ့လက်ခမောင်း
ဘယ်ဒူးကိုမြှောက် ညာဘက်ရင်အုံအပေါ် ဘယ်လက်သီးခပ်ဖွဖွဆုပ်တင်ထားပြီး ညာလက်ဖဝါးကို မျက်နှာနားထိမတင်ပြီး ဘယ်လက်မောင်းနဲ့ လက်ဖျံကြားကြား အကွေးလေးကြားကို ညာလက်ဖဝါး (ကြာဖူးပုံ) ဖြင့် အသံမည်အောင်ရိုက်ခတ်ခြင်း

အချိန်အားဖြင့် လက်ခမောင်းခတ်ခြင်းကို မိမိစိတ်ကြီးစွာလိုလားသော အောင်မြင်မှုကိုရသည့်အခါ ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ငါလိုလူ ဇဗ္ဗူမှာရှိသေးလားဟု ကြိမ်းဝါးသောအခါ၊ တစ်စုံတစ်ခု တစ်ဦးတစ်‌ယောက်ကို စိန်ခေါ်လိုသောအခါ၊ မိမိအား လောကဓံ သို့မဟုတ် ပြိုင်ဘက်မှ ထုထောင်းတိုက်ခိုက်ခံရသောအခါ၊ အခြားသူ တစ်ဦးတစ်‌ယောက်မှ စိန်‌ခေါ်မှ စိန်ခေါ်လာသောအခါမျိုးတွင် ဟယ် ဒီလောက်တော့ ငါမမှုပါဘူး လာစမ်းဆိုပြီး ကြုံလာသမျှကို အံကြိတ်ခံရင်း တန်ပြန်ရင်ဆိုင်ရန် မာန်တင်းခြင်း၊ စိန်ခေါ်လာသူအား ပြန်လည်စိန်ခေါ်ခြင်း၊ စိန်ခေါ်မှုကို လက်ခံခြင်း စသည့် အခြေအနေများတွင် ပြုလုပ်လေ့ရှိသည်။

သိုင်းသမားများအနေဖြင့် မိမိသိုင်းစွမ်းပြသသည့်အခါမျိုးနဲ့ စိန်ခေါ်ခြင်း၊ စိန်‌ခေါ်မှုအား လက်ခံသည့်ပြီး ပြန်လည်စိန်ခေါ်ခြင်း၊ တဖက်မှ တိုက်ခိုက်မှုအားခံရသည့်အခါ မင်းအစွမ်းက ဒါအကုန်ပဲလား လာစမ်းဟု မထီဟန်ပြသခြင်းများတွင် အသုံးပြုလေ့ပြီး ယခုအခါသုံးနည်းလာပါသည်။
သိုင်းပြောင်းပြန် ဖောင်တစ်ခုတွင် ထည့်သွင်းစကားထားသည်ကို တွေ့ရှိရပါသည်။
လက်ဝှေ့သမားများအနေဖြင့် လက်ဝှေ့စင်မြင့်ပေါ်သို့ စတင်တက်ရောက်ချိန်၊ လက်ဝှေ့ရေးစတင်ပြသချိန် နှင့် ပြီးဆုံးချိန်၊ တဖက်မှ တိုက်ခိုက်မှုအားခံရပြီး လာခဲ့သူငယ်ချင်း ထပ်စမ်းကြည့်ပါအုံးဆိုသည့် သဘောနှင့် ပြန်လည်စိန်ခေါ်ခြင်းများတွက် လက်ခမောင်းသံ ဖြောင်းဖြောင်းညံအောင် ရိုက်ခတ်ကြလေသည်။
ရှေးက ရိုးရာထိုးကွင်းထိုးနှံရာတွင် ထိုးကွင်းထိုးပြီး ငါဟဲ့ယောက်ျား၊ ယှဉ်ရသူထွက်ခဲ့ဟုဆိုကာ လောကကြီးကို စိန်ခေါ်သည့်သဘောဖြင့် လက်ခမောင်းသုံးကြိမ်ခတ်သည့်ဟု သိရှိရပါသည်။
ဒါကတော့ ဆရာ့ဆရာကြီးများနှင့် သက်ကြီးစကား သက်ငယ်ကြားရ၊ စာအုပ်စာပေများစွာမှာ ဖတ်မှတ်ခဲ့ရတဲ့ ကျွန်တော်နားလည်သိရှိသလောက်သာဖြစ်ပါတယ်။
တကယ်တော့ လက်ခမောင်းဆိုတာ မြန်မာတွေရဲ့ လက်တွေ့ဘဝထဲမှာ အကျွမ်းတဝင်နဲ့ သုံးစွဲခဲ့ကြတဲ့ စကားရပ်တစ်ခုလဲ ဖြစ်ပါတယ်။
လက်ခမောင်းခတ်ခြင်းအကြောင်းကို ရိုးရာလက်ဝှေ့မှာ ဆရာများနှင့် ဆွေးနွေးမေးမြန်းမှုများကိုလည်း ပြုလုပ်သွားမှာမို့ စောင့်မျှော်ကြည့်ရှုကြဖို့နှင့် မိမိတို့ သိရှိနားလည်ထားသည်များ အထောက်အထားများကိုလည် Comment မှာ အသိပေး ဆွေးနွေးနိုင်ပါသည်။

နဂါးနီ




#လက်ခမောင်း

Credit

လက်ခမောင်း

မူပိုင်ဟန်
လက်ခမောင်းခတ်ခြင်းမှာ မြန်မာတို့၏မူပိုင် ဟန်ပဲဖြစ်ပါတယ်။
ခုချိန်မှာတော့ ရိုးရာလက်ဝှေ့ရဲ့ သင်္ကေတ တစ်ခုပေါ့။
ကျွန်တော့်သဘောပြောရမယ်ဆိုရင်တော့ မြန်မာပြည်သားတိုင်း လက်ခမောင်းခတ်တတ်သင့်တယ်လို့ မြင်ပါတယ်။
မြန်မာစကားပုံမှာ “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ဆိုတဲ့ စကားပုံကို တွေ့မြင်ရတာကြောင့် ခေတ်အခြေအနေမငြိမ်သက်ချိန်မှာ သူခိုးဓားပြများ၊ မသမာသူများ အကြိုက်တွေ့ကာ အခွင့်အလမ်းရရှိသည်ဟု စကားပြေမှတ်ယူရသဖြင့် လက်ခမောင်းခတ်ခြင်းနှင့်ပါတ်သက်ပြီး ရေးဖွဲ့သုံးနှုန်း ကြပုံကို တွေ့ရှိရပါတယ်။ (စကားပုံနှင့် ဖော်ပြခြင်းသာဖြစ်ပြီး အခြားနေရာများမှာလည်း သုံးစွဲကြတာ တွေ့ရပါတယ်။)

လက်ခမောင်း အမျိုးအစား
လက်ခမောင်းခတ်ခြင်းကို ပုံသဏ္ဌာန်အားဖြင့် (၂) မျိုးတွေ့ရပါသည်။
၁။ သိုင်းလက်ခမောင်း
ဘယ်ဒူးကိုမြှောက်၊ ညာချိုင်းအောက်ကို ဘယ်လက်ဖ၀ါးထည့်၊ လက်မကို ချိုင်းထိပ်မှာပိတ်ထားပြီး ညာလက်ဖဝါးကို ညာနဖူးစွန်းနားထင်နားမှာတင်ပြီး ဘယ်လောက်မောင်နှင့် လက်ဖျံကြားကြား အကွေးလေးကြား ကို ညာလက်ဖဝါး (ကြာဖူးပုံ) ဖြင့် အသံမည်အောင်ရိုက်ခတ်ခြင်း
၂။ ရိုးရာလက်ဝှေ့လက်ခမောင်း
ဘယ်ဒူးကိုမြှောက် ညာဘက်ရင်အုံအပေါ် ဘယ်လက်သီးခပ်ဖွဖွဆုပ်တင်ထားပြီး ညာလက်ဖဝါးကို မျက်နှာနားထိမတင်ပြီး ဘယ်လက်မောင်းနဲ့ လက်ဖျံကြားကြား အကွေးလေးကြားကို ညာလက်ဖဝါး (ကြာဖူးပုံ) ဖြင့် အသံမည်အောင်ရိုက်ခတ်ခြင်း

အချိန်အားဖြင့် လက်ခမောင်းခတ်ခြင်းကို မိမိစိတ်ကြီးစွာလိုလားသော အောင်မြင်မှုကိုရသည့်အခါ ဝမ်းမြောက်ဂုဏ်ယူစွာနဲ့ ငါလိုလူ ဇဗ္ဗူမှာရှိသေးလားဟု ကြိမ်းဝါးသောအခါ၊ တစ်စုံတစ်ခု တစ်ဦးတစ်‌ယောက်ကို စိန်ခေါ်လိုသောအခါ၊ မိမိအား လောကဓံ သို့မဟုတ် ပြိုင်ဘက်မှ ထုထောင်းတိုက်ခိုက်ခံရသောအခါ၊ အခြားသူ တစ်ဦးတစ်‌ယောက်မှ စိန်‌ခေါ်မှ စိန်ခေါ်လာသောအခါမျိုးတွင် ဟယ် ဒီလောက်တော့ ငါမမှုပါဘူး လာစမ်းဆိုပြီး ကြုံလာသမျှကို အံကြိတ်ခံရင်း တန်ပြန်ရင်ဆိုင်ရန် မာန်တင်းခြင်း၊ စိန်ခေါ်လာသူအား ပြန်လည်စိန်ခေါ်ခြင်း၊ စိန်ခေါ်မှုကို လက်ခံခြင်း စသည့် အခြေအနေများတွင် ပြုလုပ်လေ့ရှိသည်။

သိုင်းသမားများအနေဖြင့် မိမိသိုင်းစွမ်းပြသသည့်အခါမျိုးနဲ့ စိန်ခေါ်ခြင်း၊ စိန်‌ခေါ်မှုအား လက်ခံသည့်ပြီး ပြန်လည်စိန်ခေါ်ခြင်း၊ တဖက်မှ တိုက်ခိုက်မှုအားခံရသည့်အခါ မင်းအစွမ်းက ဒါအကုန်ပဲလား လာစမ်းဟု မထီဟန်ပြသခြင်းများတွင် အသုံးပြုလေ့ပြီး ယခုအခါသုံးနည်းလာပါသည်။
သိုင်းပြောင်းပြန် ဖောင်တစ်ခုတွင် ထည့်သွင်းစကားထားသည်ကို တွေ့ရှိရပါသည်။
လက်ဝှေ့သမားများအနေဖြင့် လက်ဝှေ့စင်မြင့်ပေါ်သို့ စတင်တက်ရောက်ချိန်၊ လက်ဝှေ့ရေးစတင်ပြသချိန် နှင့် ပြီးဆုံးချိန်၊ တဖက်မှ တိုက်ခိုက်မှုအားခံရပြီး လာခဲ့သူငယ်ချင်း ထပ်စမ်းကြည့်ပါအုံးဆိုသည့် သဘောနှင့် ပြန်လည်စိန်ခေါ်ခြင်းများတွက် လက်ခမောင်းသံ ဖြောင်းဖြောင်းညံအောင် ရိုက်ခတ်ကြလေသည်။
ရှေးက ရိုးရာထိုးကွင်းထိုးနှံရာတွင် ထိုးကွင်းထိုးပြီး ငါဟဲ့ယောက်ျား၊ ယှဉ်ရသူထွက်ခဲ့ဟုဆိုကာ လောကကြီးကို စိန်ခေါ်သည့်သဘောဖြင့် လက်ခမောင်းသုံးကြိမ်ခတ်သည့်ဟု သိရှိရပါသည်။
ဒါကတော့ ဆရာ့ဆရာကြီးများနှင့် သက်ကြီးစကား သက်ငယ်ကြားရ၊ စာအုပ်စာပေများစွာမှာ ဖတ်မှတ်ခဲ့ရတဲ့ ကျွန်တော်နားလည်သိရှိသလောက်သာဖြစ်ပါတယ်။
တကယ်တော့ လက်ခမောင်းဆိုတာ မြန်မာတွေရဲ့ လက်တွေ့ဘဝထဲမှာ အကျွမ်းတဝင်နဲ့ သုံးစွဲခဲ့ကြတဲ့ စကားရပ်တစ်ခုလဲ ဖြစ်ပါတယ်။
လက်ခမောင်းခတ်ခြင်းအကြောင်းကို ရိုးရာလက်ဝှေ့မှာ ဆရာများနှင့် ဆွေးနွေးမေးမြန်းမှုများကိုလည်း ပြုလုပ်သွားမှာမို့ စောင့်မျှော်ကြည့်ရှုကြဖို့နှင့် မိမိတို့ သိရှိနားလည်ထားသည်များ အထောက်အထားများကိုလည် Comment မှာ အသိပေး ဆွေးနွေးနိုင်ပါသည်။

နဂါးနီ




#လက်ခမောင်း

18/09/2023

မျိုးဆက်သစ် ပြန့်ပွားရေးအတွက်
ဧရာဝတီတိုင်း ရိုးရာလက်ဝှေ့ဆပ်ကော်မတီမှ "မျိုးဆက်သစ် ပြန့်ပွားရေး ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ" ကို မြန်အောင်မြို့ တွင် ကျင်းပပြုလုပ်ခဲ့ရာ

မင်းထက်ကျော် (နဂါးမာန်) vs ကြယ်စင်ထွန်း (Lethwei Warriors) တို့ (၅)ချီစိန်ခေါ်ပွဲအဖြစ်ယှဉ်ပြိုင်ကြရာထိုးသတ်ခဲ့ကြပြီး

#မင်းထက်ကျော် (နဂါးမာန်)မှ
စတုတ္ထအချီတွင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သလို
# #အကောင်းဆုံးရိုးရာ‌လက်ဝှေ့ ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

10/09/2023

2023 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 10 ( 𝑺𝒖𝒏𝒅𝒂𝒚)
360 Sports ရိုးရာလက်ဝှေ့ မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ် ...ပွဲစဉ်(၂)
#စောကဲဒို (Holly Power) VS #ထူးစေးဝါး (ရွှေဖူး)

လာမယ့် စက်တင်ဘာလ ၁၀ရက်(တနင်္ဂနွေ)နေ့မှာ ကျင်းပမယ့် 360 Fight Club မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ်မှာ ရင်ဆိုင်ယှဉ်ပြိုင်ထိုးသတ်သွားမယ့် လက်ဝှေ့ကျော် စောကဲဒို (Holly Power) နဲ့ ထူးစေးဝါး (ရွှေဖူး) တို့ရဲ့ ပွဲစဉ်ကို ကျနော်တို့ရဲ့ RIO Sports Apps ထဲမှာ ကြည့်ရှုနိုင်မယ့်အကြောင်း သတင်းကောင်းပါးရင်း RIO Sports App ကို မဒေါင်းရသေးရင် အခုပဲ Download လုပ်ထားလိုက်တော့နော်

Download here ==>> https://www.rio-sports.com/

10/09/2023

2023 𝑺𝒆𝒑𝒕𝒆𝒎𝒃𝒆𝒓 10 ( 𝑺𝒖𝒏𝒅𝒂𝒚)
360 Sports ရိုးရာလက်ဝှေ့ မျိုးဆက်သစ်အောင်လံပွဲ ဆီမီးဖိုင်နယ် ...ပွဲစဉ်(၃)
#လောကွာဒူး(တော်ဝင်ရိုးရာ) VS #ဝင်းဗိုလ်(ရာဇာဓိရာဇ်)

ပွဲစဉ်ကို ကျနော်တို့ရဲ့ RIO Sports Apps ထဲမှာ ကြည့်ရှုနိုင်မယ့်အကြောင်း သတင်းကောင်းပါးရင်း RIO Sports App ကို မဒေါင်းရသေးရင် အခုပဲ Download လုပ်ထားလိုက်တော့နော်

Download here ==>> https://www.rio-sports.com/

20/08/2023

မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံပြိုင်ပွဲကြီး MLWC8 မှာ

#ထွန်းထွန်းမင်း Vs သွေးသစ်ဝင်းလှိုင်
ပူးတွဲသရေ

#ထွန်းမင်းအောင် Vs တိုခဲရှီ (ဂျပန်)
ပူးတွဲသရေ

#ကျော်စွာဝင်း Vs အာဝသန် (ထိုင်း)
ပူးတွဲသရေ

#စိန်လုံးချော Vs မိုးထက်အောင်
မိုးထက်အောင် အနိုင်

#ဟန်သာဝတီ Vs စီတိုး
ပူးတွဲသရေ

#တိုင်းကျော် Vs ဝူသောဒို
တိုင်းကျော်အနိုင်

ရလဒ်များနဲ့ ပွဲပြီးခဲ့ပါတယ်။

သုံးသပ်ချက်များကို ဆက်လက်တင်ဆက်ပေးပါမယ်။



#လက်ဝှေ့

#ဟန်သာဝတီ

#စိန်လုံးချော

#ထွန်းထွန်းမင်း

#ကျော်စွာဝင်း

#ထွန်းမင်းအောင်

#တိုင်းကျော်

Photos from RIO Sports MM's post 20/08/2023

ဘယ်သူတွေ အနိုင်ရမလဲ

15/08/2023

#ထွန်းထွန်းမင်း Vs #သွေးသစ်ဝင်းလှိုင်

သူတို့နှစ်ဦးရဲ့ ပထမဆုံးကြိမ်အဖြစ် TGL မှာ တွေ့ဆုံခဲ့ကြရာမှာတော့ (၅)ချီပြီးဆုံးတဲ့အထိ အလဲမထိုးနိုင်ခဲ့တာမို့ အမှတ်နဲ့ ဆုံးဖြတ်ခဲ့ရာမှာတော့ ဒိုင်(၃)ဦးစလုံးက သွေးသစ်ဝင်းလှိုင်ကို အနိုင်ပေးခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့နှစ်ယောက်မှာ တစ်ယောက်က တိုက်စစ်၊ တစ်ယောက်က ခံစစ်၊ တစ်ယောက်က ခွန်အားကို ဗဟိုပြုပြီး တစ်ယောက်က လျင်မြန်မှုအားထားတယ်။ ထွန်းထွန်းမင်းက ခြေတံလက်တံမှာ အားသာပြီး သွေးသစ်ဝင်းလှိုင်က သက်လုံပိုင်ပိုကောင်းတယ်လို့ သတ်မှတ်ရပါမယ်။ ထွန်းထွန်းမင်း သက်လုံကျတာက တိုက်စစ်ဖွင့်ပြီး အားကုန်တိုက်တာကြောင့်ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ပွဲမှာ နှစ်ဦးစလုံးကို ကိုယ့်ဗျူဟာနဲ့ကိုယ် အကောင်းဆုံးပြင်ဆင်လာခဲ့ကြပေမဲ့ ထွန်းထွန်းမင်းက သွေးသစ်ဝင်းလှိုင်ရဲ့ ဗျူဟာထဲမှာ ရောက်ရှိသွားခဲ့ရတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ယခုတစ်ကြိမ်မှာတော့ အမှတ်ပေးပွဲမဟုတ်ပဲ အလှဲထိုးစနစ်နဲ့ယှဉ်ပြိုင်ရမှာမို့ အနိုင်အရှုံးကွဲပြားဖို့ဆိုတာ ပြောရခက်ပါလိမ့်မယ်။
နင်မပြီး ငါပြီးရမယ်ဆိုတဲ့စိတ်နဲ့ အသဲဇွဲကို အရင်းတည်ပြီး အပြတ်သားဆုံး ရင်ဆိုင်နိုင်မှသာ လိုချင်တဲ့ရလဒ်ကို တွေ့ရမှာဖြစ်ပါတယ်။

ထွန်းထွန်းမင်းအတွက် အကြိုက်တွေ့မဲ့စနစ်လို့ပြောလို့ရပေမဲ့ ပြီးခဲ့တဲ့ပွဲမှာ သွေးသစ်ဝင်လှိုင်ကြောင့် အမှတ်စဉ် (၂)ကြိမ်ရေခံခဲ့ရတာမို့ ထင်သလောက်မလွယ်နိုင်ပါဘူး။
သွေးသစ်ဝင်းလှိုင်ကတော့ ဒီပွဲမှာလဲ သူ့ပုံစံအတိုင်းပဲ ပြင်ဆင်ပြီးပွဲထွက်လာမယ်လို့ မြင်မိပါတယ်။ အစောပိုင်းအချီတွေမှာ ထွန်းထွန်းမင်းရဲ့ တိုက်ချက်တွေကြားကနေအမှားစောင့်ရင်းကစားသွားလိမ့်မယ်။ ထွန်းထွန်းမင်း သက်လုံအကျပိုင်းနဲ့ ဒါဏ်ရာရရှိမှုအပေါ်မှာမူတည်ပြီး ပြန်လည်တိုက်စစ်ဖွင့် သွားပါလိမ့်မယ်။ ဒီအတိုင်းဆိုရင်တော့ သွေးသစ်ဝင်လှိုင်က အစီးသရေ သို့မဟုတ် အနိုင်ရသွားနိုင်တဲ့ အခြေအနေ ဖြစ်သွားနိုင်ပါတယ်။
ထွန်းထွန်းမင်းအနေနဲ့လဲ ပိုပြီးတိကျ အားပါအောင် ပြင်ဆင်လာမယ်လိုပဲထင်ပါတယ်။ ဒါပေမဲ့ မထိရောက်တဲ့ တိုက်ချက်တွေ တရစပ်တိုက်နေတာထက် တိတိကျကျနဲ့ ချက်မှန်မှန်တိုက်နိုင်ဖို့လိုပါလိမ့်မယ်။ ဒါမှ သက်လုံကို ချွေရာရောက်ပြီး အမှားနည်းပါလိမ့်မယ်။ အကျွံတိုက်တာထက် အားမလွန်စေဖို့အတွက် ဂရုစိုက်ရပါမယ်။
ပြင်းထန်အားပါတဲ့ အောက်ခတ်နဲ့ အမြင့်ကန်ချက်တွေကို လက်သီးချက်တွေနဲ့ ဟန်ချက်ညီညီ ကစားသွားနိုင်မယ်ဆိုရင်တော့ ထွန်းထွန်းမင်းရဲ့ပွဲဖြစ်သွားမှာပါ။
ဘယ်သူနိုင်မယ် ဘယ်သူရှုံးမယ်ဆိုတာ ဘယ်သူက ဘယ်သူ့ဗျူဟာထဲဝင်သွားမလဲဆိုတဲ့အပေါ် မူတည်ပါတယ်။ အချီရေများလာတာနဲ့ သွေးသစ်သာသွားလိမ့်မယ်လို့မြင်မိပါတယ်။
နှစ်ယောက်လုံးက အကောင်းဆုံးသူတွေဖြစ်ပြီး ဘာမဆိုဖြစ်သွားနိုင်ပါတာမို့ ပွဲနေ့မှာပဲ စောင့်ကြည့်ရအောင်ပါ။ နှစ်ဦးစလုံးနိုင်လိုစိတ် ပြင်းထန်မယ်ဆိုရင်တော့ အနိုင်အရှုံးပေါ်သွားလိမ့်မယ်လို့ မြင်မိပါတယ်။ ပွဲကောင်းတစ်ပွဲ ဖြစ်ဖို့တော့ သေချာပါတယ်။

သွေးသစ်က ဒီတိုင်းပွဲထွက်လာတာ အကြောင်းမဟုတ်ပေမဲ့ ထွန်းထွန်းမင်းအနေနဲ့တော့ ပါးနပ်ပြီး မိမိထက်သက်လုံကောင်းတဲ့ ကစားသမားကို ယှဉ်ပြိုင်ရမှာမို့ တိကျမှုနဲ့ ရလာတဲ့အခွင့်အရေးကို အကောင်းဆုံးအသုံးချနိုင်ဖို့အတွက် အတော်လေး ပြင်ဆင်ရလိမ့်မယ်လိုပြောချင်ပါတယ်။

ယခုတစ်ကြိမ် MLWC မှာတွေ့ဆုံကြရာမှာရော ဘယ်လို အဆုံးသတ်တွေထွက်ပေါ်လာမှာလဲ ?

သွေးသစ်ဝင်းလှိုင်ကပဲ အနိုင်ရလဒ်ကို ဆက်ပြီးထိမ်းနိုင်မလား ? ထွန်းထွန်းမင်းကပဲ ရှုံးကြွေးဆပ်ပြီး သူ့ဂုဏ်သိက္ခာကို ပြန်ဆယ်သွားမလားဆိုတာ တကယ့်ကို စိတ်ဝင်စားစရာပါပဲ။

ဘယ်သူနိုင် ဘယ်သူရှုံးမယ်ဆိုတာ ဖြေရှင်းရခက်တဲ့ပုစ္ဆာတစ်ပုဒ်လိုပါပဲ။



#ပွဲအကြိုသုံးသပ်ခြင်း

04/08/2023

လက်ဝှေ့ကစားသမားတွေနဲ့ ဝါသနာရှင်တွေလဲ ပါဝင်လို့ရမယ့် အစီအစဉ်းလေး

Rio Sports ရဲ့ပရိတ်သတ်တွေအတွက် အားကစားဓာတ်ပုံ ပြိုင်ပွဲလေးတစ်ခု ရှိတယ်။

ပြိုင်ပွဲဝင် အယောက် ၁၀၀ ကန့်သတ်ထားပါတယ်
ယှဥ်ပြိုင်သူ အယောက် ၁၀၀ ကို ဖုန်းဘေ ၁၀၀၀ စီ မေတ္တာလက်ဆောင်ပေးမှာပါ။
.....ပြိုင်ပွဲဝင်စည်းကမ်း.......

၁ - အားကစားလုပ်နေချိန်အတွင်းမှာ ရိုက်ကူးထားတဲ့ ပြိုင်ပွဲဝင်ဓာတ်ပုံ (သူများရိုက်ထားသောပုံမရပါ)
၂ - Rio Sports MM Page ကို Like & Follow လုပ်ထားတဲ့ Screenshot ပုံ
၃ - ဒီမူရင်း Post ကိုမိမိတို့ရဲ့ Wall ထဲမှာ Public ဖွင့်ပြီး Share ထားတဲ့ပုံတွေကို Messenger မှာ ပေးပို့ရပါမယ်။

ပြိုင်ပွဲဝင်တွေရဲ့ ဓာတ်ပုံများကို Page မှာတင်ပေးသွားမှာပါ။ ပုံနှင့်လိုက်ဖက် မည့်စာသားများရှိရင်လို့ ထည့်ချင်တယ်ဆိုလဲရပါတယ်။

ပြိုင်ပွဲဝင်ချိန်ကိုတော့ ၂.၇.၂၀၂၃ မှ ၂၁.၇.၂၀၂၃ အထိ သတ်မှတ်ထားပါတယ်။

ယှဉ်ပြိုင်သူ အယောက် ၁၀၀ ထဲမှ React အများဆုံး ဓာတ်ပုံ ၃ ပုံ ကိုရွေးချယ်ပြီး
ပထမဆု - ၁သိန်းကျပ်
ဒုတိယဆု - ၇သောင်းကျပ်
တတိယဆု - ၅သောင်းကျပ် ပေးအပ်သွားပါမယ်

နှစ်သိမ့်ဆု - ၁သောင်းဆု ၃ဆုကိုတော့ ကျနော်တို့ Admin Team မှရွေးချယ် ပေးအပ်သွားပါမယ်

ဆုအတွက် သတ်မှတ်ချက်လေးတွေရှိပါတယ်။
၁ - အင်တာနက်ပေါ်က Download ဆွဲထားတဲ့ပုံတွေကို လက်မခံပါဘူး။
၂ - ယှဥ်ပြိုင်သူဦးရေ ၁၀၀ ထက်ကျော်ပါက
ပထမဆုံး ယှဥ်ပြိုင်သော အယောက် ၁၀၀ ကိုသာ ရွေးချယ်ယှဉ်ပြိုင်စေမှာ ဖြစ်ပါတယ်။
၃ - အငြင်းပွားမှု တစ်စုံတစ်ရာဖြစ်ပေါ်လာပါက Admin Team ရဲ့ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပါတယ်။

မပါဝင်လိုက်ရတဲ့သူတွေအနေနဲ့လဲ နောက်ထပ် Season တွေထပ်လာဖို့ရှိသေးတာကြောင့် လက်မလျှော့ပဲ စောင့်မျှော်နေပါဦးခင်ဗျာ ။

Photos from RIO Sports MM's post 13/07/2023

WE ARE COMMING BACK!

ကျွန်​တော်တို့ရဲ့ RIO Sports MM Application လေးတစ်ကျော့ပြန်လာတော့မှာပဲဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ RioSportsMM Application လေးကတော့ ဘောလုံး၊ မြန်မာ့ရိုးရာလက်ဝှေ့၊ မြန်မာ့ရိုးရာသိုင်းပညာ အစရှိတဲ့အားကစားတွေအပြင် တောင်တက်ခြင်း၊ တောတွင်းခရီးကြမ်းသွားခြင်း၊ ရေငုပ်ခြင်း၊ လမ်းကြမ်းစက်ဘီးစီးခြင်းအစရှိတဲ့ စိတ်ဝင်စားဖွယ်ရာအစီအစဉ်ပေါင်းများစွာပါဝင်တဲ့ Application ဖြစ်တာမလို့ စောင့်မျှော်ပေးကြဖို့ တိုက်တွန်းအပ်တယ် ခင်ဗျာ။

Stay tuned to know more.....

Photos from RIO Sports MM's post 09/07/2023

360 Sports Fight Club IV ရိုးရာလက်ဝှေ့ပြိုင်ပွဲယှဉ်ပြိုင်ထိုးသတ်ပြီး ရရှိလာတဲ့ ပွဲရလဒ်များကတော့

ပွဲစဉ် (၁) - ပနာအဲ (ရိုးရာကျား) နှင့် စောထက်အောင် (Smart Fight Club) တို့ ယှဉ်ပြိုင်ရာ

# အလူးအလဲနဲ့ ပူးတွဲသရေ

ပွဲစဉ် (၂) - The Diamond Wind (လုံးချောကလပ်) နှင့် ဗန်လု (Holly Power) တို့ ယှဉ်ပြိုင်ရာတွင်

# ဗန်လု (Holly Power) က အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ် (၃) - ကသေဝါး (ရိုးရာကျား) နှင့် ဇော်ဒူလမရှိ (Power Punch) တို့ ယှဉ်ပြိုင်ရာတွင်

# အလူးအလဲနဲ့ ပူးတွဲသရေ

ပွဲစဉ် (၄) - သန်းလင်းအောင် (Ray) နှင့် ဆိုင်မွန် (Warrior) ယှဉ်ပြိုင်ရာတွင်

# သန်းလင်းအောင် (Ray) က အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ် (၅) - အောင်ကို (Tiger Gym) နှင့် မြင့်မြတ်ဟိန်း (လုံးချောကလပ်) တို့ ယှဉ်ပြိုင်ရာတွင်

# အလူးအလဲနဲ့ ပူးတွဲသရေ

ပွဲစဉ် (၆) - အဏ္ဏဝါဟိန်း (Fighting Fight Club) နှင့် အောင်ကောင်းကျော် (Ray) တို့ ယှဉ်ပြိုင်ရာတွင်

# အောင်ကောင်းကျော် (Ray) က (ဆေး) အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ် (၇) - စောကဘေဖိုး (ရိုးရာကျား) နှင့် ရဲကျော်အောင် (360) Sports တို့ ယှဉ်ပြိုင်ရာတွင်

# စောကဘေဖိုး (ရိုးရာကျား) က (ဆေး) အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ် (၈) - စသန်းဖြိုးဇော် (Power Punch) နှင့် ကျားရိုင်း (ကျားဘုရင်) တို့ ယှဉ်ပြိုင်ရာတွင်

# အလူးအလဲနဲ့ ပူးတွဲသရေ

ပွဲစဉ် (၉) - ဒီးဒီး (YFC) နှင့် ဂျာလ (Python) တို့ ယှဉ်ပြိုင်ရာတွင်

# အလူးအလဲနဲ့ ပူးတွဲသရေ

ပွဲစဉ် (၁၀) - အောင်ရဲနိုင် (Power Punch) နှင့် မင်းမင်း (နဂါးမာန်) တို့ ယှဉ်ပြိုင်ရာတွင်

# အလူးအလဲနဲ့ ပူးတွဲသရေ

ပွဲစဉ် (၁၁) - စောကဲဒို (Holly Power) နှင့် စောလယ်ရဲ (ရိုးရာကျား) တို့ ယှဉ်ပြိုင်ရာတွင်

# စောကဲဒို (Holly Power) အလဲထိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ် (၁၂) - တမာကျား (Smart Fight) နှင့် သူရိန် (ဒေါင်းမြန်မာ) တို့ယှဉ်ပြိုင်ရာတွင်

# တမာကျား (Smart Fight) က ဒိုင်ပွဲရပ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ် (၁၃) - မင်းကို (ကမ္ဘာအေးကလပ်) နှင့် ညီရဲခန့် (YFC) တို့ ယှဉ်ပြိုင်ရာတွင်

# ညီရဲခန့် (YFC) က ဒိုင်ပွဲရပ်ဖြင့်ဘအနိုင်ရရှိခဲ့ပါတယ်။

ပွဲစဉ် (၁၄) - စိုင်းလုံ (ဒေါနသွေး) နှင့် မုန်ဆပ်အောင် (လုံးချောကလပ်) တို့ ယှဉ်ပြိုင်ရာတွင်

# အလူးအလဲနှင့် ပူးတွဲသရေ

08/07/2023

မနက်ဖြန် ၉.၇.၂၀၂၃ နေ့လည် ၁နာရီအချိန် သိမ်ဖြူလက်ဝှေ့အားကစားရုံမှာ 360 Sports Fight Club IV ကို ကျင်းပသွားမှာဖြစ်ပြီး

ပါဝင်ထိုးသတ်ကျမဲ့ တွဲဆိုင်းတွေကတော့

အမျိူသား ၄၅ ကီလိုတန်းမှာ

၁။ ကုလားလေး (ကျားဘုရင်) နှင့် ကောင်းမြတ် (ရှုမဝ)

အမျိုးသား ၅၀ ကီလိုတန်းမှာ

၂။ ကသေဝါး (ရိုးရာကျား) နှင့် ဇော်ဒူလမရှိ (Power Punch)

၃။ The Diamond Wind (လုံးချောကလပ်) နှင့် ဗန်လု (Holly Power)

အမျိုးသား ၅၂ ကီလိုတန်းမှာ

၄။ သန်းလင်းအောင် (Ray) နှင့် ဆိုင်မွန် (Warrior)

၅။ အောင်ကို (Tiger Gym) နှင့် မြင့်မြတ်ဟိန်း (လုံးချောကလပ်)

အမျိုးသား ၅၇ ကီလိုတန်းမှာ

၆။ အောင်ရဲနိုင် (Power Punch) နှင့် မင်းမင်း (နဂါးမာန်)

၇။ စသန်းဖြိုးဇော် (Power Punch) နှင့် ကျားရိုင်း (ကျားဘုရင်)

၈။ ဒီးဒီး (YFC) နှင့် ဂျာလ (Python)

၉။ စောကဲဒို (Holly Power) နှင့် စောလယ်ရဲ (ရိုးရာကျား)

အမျိုးသား ၆၀ ကီလိုတန်းမှာ

၁၀။ ဆလိုင်းထန်ခွီရှိန်းနိုင်း (ဇွဲမြန်မာ) နှင့် ညီရဲခန့် (YFC)

၁၁။ တမာကျား (Smart Fight) နှင့် သူရိန် (ဒေါင်းမြန်မာ)

အမျိုးသား ၆၅ ကီလိုတန်းမှာ

၁၂။ လွင်ထက် (ဒေါနသွေး) နှင့် အောင်ဘိုလတ် (Ray)

အမျိုးသား ၈၀ ကီလိုတန်းမှာ

၁၃။ စိုင်းလုံ (ဒေါနသွေး) နှင့် မုန်ဆပ်အောင် (လုံးချောကလပ်)

အမျိုးသမီး ၄၈ ကီလိုတန်းမှာ

၁၄။ ပန်ပန် (YFC) နှင့် နော်အယ်လီ (Smart Fight)

: Credit





#လက်ဝှေ့

08/07/2023

မြန်မာသိုင်း
#သိုင်းပညာ

ကမ္ဘာဦးအစတည်းက ကျနော်တို့လူသားမျိုးနွယ်တွေဟာ အစားအစာအတွက် အမဲလိုက်ခြင်း၊ သားရဲတိရိစ္ဆာန်များရန်မှကိုယ့်ကိုကိုယ်ကာကွယ်ခြင်း၊ အခြားသောလူမျိုးစုများနဲ့ နယ်မြေလုတိုက်ပွဲများဆင်နွှဲခြင်း စသည်ဖြင့် အသက်ရှင်သန်နေထိုင်ရေးအတွက် မျိုးစုံကြိုးစားနေထိုင်ခဲ့ကြကာ သဘာဝအလျှောက် ကိုယ့်ကိုကိုယ်ကာကွယ်နည်းများကို တတ်မြောက်ခဲ့ကြပါတယ်။

ထိုမှ တဆင့်မြင့်တက်လာပြီး လူသားတို့၏ပြုမူနေထိုင်သွားလာပုံ၊ တိရိစ္ဆာန်တို့၏ သွားလာနေထိုင်လှုပ်ရှားပုံများနှင့် တောတောင်ရေမြေလေ သဘာဝတရားများကို စနစ်တကျလေ့လာကာ မိမိတို့နဲ့ကိုက်ညီရာ ခုခံကာကွယ်နည်းများကို တီထွင်လေ့ကျင့်အသုံးပြုခဲ့ရာမှ ခုခံကာကွယ်တိုက်ခိုက်ခြင်းအတတ်ပညာ (ဝါ) “သိုင်းပညာ” ရယ်လို့ စတင်ပေါ်ပေါက်လာခဲ့ပါတယ်။

ဒီလိုနဲ့ကျနော်တို့ရဲ့ “မြန်မာ့သိုင်းပညာ” ဟာလည်း မြန်မာ့ရေမြေသဘာဝပေါ်အခြေခံပြီး မြန်မာတို့၏ ကိုယ်ပိုင်ပညာရပ် အဖြစ် သန္ဓေတည်ပေါက်ဖွား လာခဲ့ခြင်းဖြစ်ပါတယ်။


#သိုင်းပညာ

#မြန်မာ့သိုင်း

Photos from Lethwei Journey's post 26/06/2023

25-6-2023 TGL4(The Great Lethwei) ပြိုင်ပွဲ ပွဲစဥ်များအားလုံး၏ ရလာဒ်များ

Photo / CANAL + page....

15/05/2023

(၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ၁၄.၅.၂၀၂၃ ရက်နေ့ထိ မြန်မာအားကစားအဖွဲ့၏ အားကစားနည်းအလိုက် ဆုတံဆိပ်ရရှိမှုအခြေအနေ

Posted Time _ ဒေသစံတော်ချိန် ည ၉နာရီ ၃၅ မိနစ်

05/05/2023

မြန်မာ့ရိုးရာလက်ဝှေ့အဖွဲ့ ရွှေခရီး ဖြစ်ပါစေ။

15/04/2023

မြန်မာ့ရိုးရာအတာသင်္ကြန်ကာလမှာ ကိုယ်စိတ်နှလုံး ကျန်မာရွှင်လန်းကြပါစေ။

23/03/2023

မကြာခင်အထူးစိန်ခေါ်ပွဲများယှဥ်ပြိုင်ကစားကြပါတော့မယ်

19/03/2023

ထွန်းမင်းနိုင်ရဲ့ နိုင်ပွဲအတွက် ဂုဏ်ယူဝမ်းမြောက်မိပါ။

လက်ဝှေ့အထိုးကောင်းသလို မိဘအတွက်သိတတ်ပြီး ကြိုးစားနေသူမို့ ဆထက်တိုးလို့ အောင်မြင်ပါစေ။

13/03/2023

မြန်မာသိုင်း ဗန်တို

04/03/2023

ယနေ့မနက်အစောပိုင်းတွင် မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံဟောင်းကြီး ရွှေဓူဝံ ဆုံးပါးသွားသည်ကို သိရှိရသဖြင့် Lethwei Journey မှ ဝမ်းနည်းမိပါသည်။

ကောင်းရာသုဂတိ ရောက်ရှိပါစေ အစ်ကို

Photo : Credit

03/03/2023

လှိုင်းဘွဲ့မြို့နယ်၊ ကြာအင်းကျေးရွာ လက်ဝှေ့ပွဲ တတိယနေ့ပွဲစဥ်များ

01/03/2023

1-3-2023နေ့ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ၊ ကြာအင်းမှာကျင်းပနေတဲ့ ပထမနေ့ပွဲစဥ်များကို စတင်တိုက်ရိုက်ထုတ်လွင့်ပေးနေပါပြီ

31/01/2023

မြန်မာ့ရိုးရာလက်‌ဝှေ့ မြန်ပြည်အလွတ်တန်းချန်ပီယံဆိုတဲ့ ခေါင်းစဉ်အောက်မှာ
လူညီလို့ "ဤကနေ ကျွဲဖြစ်တာမျိုး ဖြစ်သင့်လား"

29/01/2023

ထွန်းထွန်းမင်း - သွေးသစ်ဝင်လှိုင်

သွေးသစ်ဝင်းလှိုင် အမှတ်ဖြင့်နိုင်

Canal+ မှာ ကြည့်လို့ရပါတယ်။

Photos from Lethwei Journey's post 29/01/2023

သွေးသစ်ဝင်းလှိုင် - ထွန်းထွန်းမင်းတို့ပွဲစဉ်မှာ

သွေးသစ်ဝင်းလှိုင် အနိုင်ရရှိသွားပါတယ်။

Photos from Lethwei Journey's post 29/01/2023

သွေးသစ်ဝင်းလှိုင် - ထွန်းထွန်းမင်း

တကယ့်ကိုကြိတ်အနယ် ဆွဲနေပါပြီ

ဒုတိယပိုင်းစပြီ

Want your business to be the top-listed Gym/sports Facility in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ထွန်းထွန်းမင်း - သွေးသစ်ဝင်လှိုင် သွေးသစ်ဝင်းလှိုင် အမှတ်ဖြင့်နိုင်Canal+ မှာ ကြည့်လို့ရပါတယ်။
ထွန်းထွန်းမင်း - သွေးသစ်ဝင်လှိုင် သွေးသစ်ဝင်းလှိုင် အမှတ်ဖြင့်နိုင်Canal+ မှာ ကြည့်လို့ရပါတယ်။
ညီရဲခန့် (YFC) နှင့် သားစိုး (ဇွဲမြန်မာ) တို့ Lethwei Journey ရဲ့ မြန်မာ့အမွေ ကမ္ဘာ့မြေသို့ဆောင်နှင်းမည့်ပွဲတွင် ဆုံတွေ့...
စောဝီလျံ (ဒို့ရိုးရာ) အနီထောင့် နှင့် စောဂျွန် (နဂါးမာန်) အပြာထောင့်တို့ရဲ့ "မြန်မာ့အမွေ ကမ္ဘာ့မြေသို့ဆောင်နှင်းမည့်ပွဲ"...
အောင်ထွန်းဘို (ဒို့ရိုးရာ) အနီထောင့် နှင့် စိုးသီဟ (ရိုးရာကျား) အပြာထောင့်တို့ရဲ့Lethwei Journey မှ ကျင်းပပြုလုပ်သော "မြ...
စောကဲဒို (Holy Power) နှင့် ​အောင်ထက်ဦး (ဒို့ရိုးရာ) တို့ရဲ့ ရင်ဆိုင်ယှဥ်ပြိင်မှုမှတ်တမ်း
ထန်ခွီးရှိန်း (ဇွဲမြန်မာ) နှင့် ချစ်ရဲလင်း (ဒို့ရိုရာ) တို့ရဲ့Lethwei Journey မှ ကျင်းပပြုလုပ်​သော "မြန်မာ့အ​မွေ ကမ္ဘာ့​...
ညီ​ဇော်မြင့် (ဇွဲမြန်မာ) အနီ​ထောင့် နှင့် ညိုနိုင်ဝင်း (လုံး​ချော) အပြာ​ထောင့် တို့ရဲ့ ယှဥ်ပြိုင်မှုLethwei Journey ရဲ့ပ...
ဝမ်ချုံ (Smart Fight) အနီ​ထောင့် Vs ​စောကရင် (ဖိုးရာဇာ) အပြာ​ထောင့်အပြိုင်​ဆွဲ အနိုင်နွှဲမယ်လို့ အားမာန်တင်းထား​သော်လဲ
ဆလိုင်းမင်းနိုင် (Fighting Fight Club)အနီထောင့် နှင့် ​စောလယ်ရဲ (ရိုးရာကျား)အပြာထောင့် တို့ရဲ့ အပြိုင်အဆိုင် ယှဥ်ပြိုင်ခ...
သာသား (ဒို့ရိုးရာ)အနီထောင့် နှင့် က​စောထူး (ရိုးရာကျား)အပြာထောင့် တို့ရဲ့ ပွဲစဥ်​လေးပါ။သထုံအ​ခြေစိုက်နှင့် ရန်ကုန်အ​ခြေစ...
"#လက်ဝှေ့ထိုးနေရရင်ကိုပျော်နေတာ" ဟုဆိုသူ ရွေခါးပတ်ချန်ပီယံဟောင်း ကျနော်တို့ရဲ့ Idol တဦးဖြစ်တဲ့  #ဝင်းထွန်း နဲ့ #Lethwei_...

Telephone

Website

Address


Insein Road
Yangon

Other Yangon gyms & sports facilities (show all)
Fantasy Football Fantasy Football
Panzuntaung
Yangon

Premier League Special

Sport Bias Sport Bias
Yangon

Parody and transfers page

Football fain Football fain
Yangon

Eagle Lethwei Club Eagle Lethwei Club
Thein Phyu Stadium, Corner Of Thein Phyu Road & Kan Pat Road, Yangon Tsp
Yangon, 11221

Eagle Lethwei Club is the very first traditional Myanmar boxing club in Yangon & provides so many training sessions with the highly experienced coaches. If you want to learn and pl...

Up To Date Football News Up To Date Football News
Yangon

football news

BODY KING - Gym & Fitness BODY KING - Gym & Fitness
အမှတ် ၁၁၇၂၊ မြေညီထပ်၊ သမာဓိလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်။
Yangon

NTK Treadmill Belt Sale & Services NTK Treadmill Belt Sale & Services
No. (140/B), Zin Yaw Street, (13) Block, Hlaing Thar Yar Tsp
Yangon, 11401

Men Off the Street Younth FC Men Off the Street Younth FC
Karyanminkaryan12@gmail. Com
Yangon

Football Cafe Football Cafe
Yangon
Yangon

Smart Shape GYM - Branch 3 Smart Shape GYM - Branch 3
Branch 3 အမှတ် 2+5 , သံသုမာလမ်းမကြီး , ဝေဘူလမှတ်တိုင်နှင့် သုဝဏ္ဏစျေးမှတ်တိုင်ကြား , သုဝဏ္ဏ
Yangon, 11071