Mothers Pride School House
Preschool
အသက်၂နှစ် ၆နှစ်အကြားမှာရှိတဲ့ကလေးများရဲ့ ကိုယ်စိတ်နှလုံးကြီးပြင်းဖွံ့ဖြိုးမှုကိုအခြေခံ ဆော့ ကစားခြင်းကို အဓိကဝန်းရံ ထားတဲ့ပညာသင် ကြားမှု ပုံစံဖြစ်သည် ကျယ် ပြန့်ပြန့် ရှိစေဖို့ ။ ကလေးများဝါသနာကျယ် ၊ အခြေခံလူနေမှု အမူအကျင့်များ တတ်ကျွမ်း စေဖို့၊ အရွယ်နဲ့ အညီစိတ်ဓါတ်ပိုမိုပြည့် ဝစေဖို့ စသည်များကို ရည်ရွယ်ပြီး လှုံ့ဆော်မှု နှင့်အတူ ကလေးငယ်တို့ လွတ်လွတ်လပ်လပ်သင်ယူစေဖို့ ပတ်ဝန်းကျင် လေးကို MOTHERS PRIDE က ဖန်တီးပေးထားတဲ့အတွက်ရွေးချယ်သင့်တဲ့ မူကြိုေကာင်းတစ်ခုဆိုလည်းမမှားပါဘူး
Morning Circle Time ( Reception class)
G2 သိပ်ပ္ပံ
နေ၊လတို့နှင့် မိတ်ဆက်ခြင်း
လကို မြင်ရပုံပြောင်းလဲ ခြင်း
မြန်မာသင်ရိုးအပြင် Cambridge သင်ရိုး (English, Math, Science) တွဲဖက်သင်သော ကိုယ်ပိုင်ကျောင်းရှာဖွေနေပါသလား???
ကလေးကို ကျောင်းသင်ခန်းစာအပြင် ပြင်ပလှုပ်ရှားမှုများ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပျိုးထောင်ပေးနေသောကျောင်းရှာနေပါသလား?
ဒါဆိုရင်တော့ Mothers Pride Private School က ဖေဖေမေမေတို့ရဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်တဲ့ကျောင်းတစ်ကျောင်းဖြစ်မှာအသေအချာပါပဲ။
ကျောင်း၏ဖြစ်တည်လာပုံနှင့်ရည်ရွယ်ချက်
ပညာရေးဆိုသည်မှာEducation သည် လက်တင်ဘာသာစကာဖြစ်သည့် “Educare” မှ ဆင်းသက်လာခြင်းဖြစ်သည်။ ဦးဆောင်ဦးရွက်ပြုခြင်း ဟုအဓိပ္ပါယ်ရသည်။ (၁၆) ရာစုအရောက်တွင် မူရင်းလက်တင်ဘာသာစကားဖြစ်သည့် “Educare” နှင့် အင်္ဂလိပ်ဘာသာစကားဖြစ်သည့် “Educate” တို့ကိုပေါင်း၍ “Education” ဟုဖြစ်လာခြင်းဖြစ်သည်ဟု ဘာသာစကားပညာရှင်တို့၏ သုတေသနပြုချက်များအရသိရသည်။
“စစ်မှန်သောပညာရေးဟူသည် ဦးနှောက်နှင့် နှလုံးသားကို လေ့ကျင့်ပျိုးထောင်ပေးခြင်းဖြစ်သည် “ A True Education is Training of both heart and head. ဟု ရိုးရှင်းစွာ နားလည်နိုင်ပါသည်။ စစ်မှန်သော ပညာရေးကသာ လူတို့၏ အပြောအဆို၊အနေအထိုင်၊ အမူအကျင့် စသည်တို့ကို တိုးတက်ကောင်းမွန်လာအောင် ဦးနှောက်နှင့် နှလုံးသား Heart နဲ့ Head ကို ဟန်ချက်ညီစွာ လေ့ကျင့်ပြုပြင်သင်ကြားပေးခြင်းမျိုးဖြစ်သည်။
တနည်းဆိုရလျှင်ကား သင်ယူမှုကို လွယ်ကူထိရောက်စေရန် ပံ့ပိုးပေးသော လုပ်ငန်းစဉ် (သို့မဟုတ်) အသိပညာ ဗဟုသုတများ၊ တွေးခေါ်ခြင်ဆင်နိုင်စွမ် းများ၊ စွမ်းရည်များ၊ စံ တန်ဖိုးများ၊ ယုံကြည်မှုများ၊ အလေ့အကျင့်ကောင်းများ ၊ ကိုယ်ကျင့်တရားများ ရရှိတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်သည့် လုပ်ငန်းစဉ်ပင်ဖြစ်ပါသည်။
ဘယ်အတန်းထိလက်ခံပျိုးထောင်ပေးမှာလဲ?
ယခုစာသင်နှစ် ၂၀၂၄-၂၀၂၅တွင် KG မှ Grade-5 အထိလက်ခံပျိုးထောင်ပေးမည်ဖြစ်ပါသည်။
Mothers Pride တွင်ကလေးများ၏ Soft skills များကို အဓိကဖွံ့ဖြိုးတိုးတက်လာစေရန်ကလေးနှင့်အတူတကွလုပ်ဆောင်သည့်အတွက် ကလေးအသက်ငယ်လေပို၍အကျိုးရှိလေဖြစ်သည်။
📚သင်ရိုးညွှန်းတမ်း
❓❓မြန်မာကျောင်းထားရမလား/ International School ထားရမလား?
မိဘများ၏ဝေခွဲရခက်နေသောပြဿနာများကိုဖြေရှင်းပေးနိုင်ရန် Mothers Pride Private School တွင် မြန်မာနိုင်ငံ၏ သင်ရိုးညွှန်းတမ်းကို အခြေခံကာ အောက်ပါထပ်ဆောင်းဘာသာရပ်များထည့်သွင်းပေးထားပါတယ်။
🏴 Cambridge English 4 skills
☀️Jolly Phonic
📚 General Reading
⚡️STEM
🧪 Science
🖼️ 🎨 ပန်းချီ
✂️📎✏️🖍🖋 လက်မှု / DIY
🏓 🏃 🏃♀️ 🧘♀️ အားကစား / Gymnastics
🎵 🎹 🎸 ဂီတ
🌱 🌱 Environmental Studies
🧹🚽 ဘဝတွက်တာ
- [x] ပြည်သူ့နီတိ
💻 Computing
- [x] သင်ကြားရေးနည်းလမ်း
တန်ဖိုးထားမှုကို အခြေခံသည့် ပညာရေး” Values- based education ဖြစ်ရန်နှင့် “လူမှုကျင့်ဝတ် ကိုယ်ကျင့်တရားကို အခြေခံသည့် ပညာ ” Moral Based Education. ထို့အပြင် “အရည်အသွေးကို အခြေခံသည့် ပညာရေး ” Competency – based education ဖြစ်ရန်နှင့် “ကျွမ်းကျင်မှုကို အခြေခံသည့် ပညာရေး ” Skill based education ၊
ထိုအရည်အသွေးနှင့် ကျွမ်းကျင်မှုများရရှိရန်အတွက် “တွေးခေါ်ဆင်ခြင်နိုင်မှုနှင့် ပြဿနာဖြေရှင်းနိုင်မှုစွမ်းရည်” Critical Thinking & Problem Solving Skills ဖန်တီးတီထွင် ကြံဆနိုင်မှုစွမ်းရည် “Creativity and Innovation Skills” နှင့် “ပူးပေါင်းဆောင်ရွက်နိုင်မှုစွမ်းရည်များ” Collaboration Skills . “ဆက်ဆံပြောဆိုမှုဆိုင်ရာဆွမ်းရည်” Communication Skills များ တိုးတက်ရရှိအောင် သင်ကြားလေ့ကျင့်ပေးရမှာဖြစ်ပါသည်။
အသက်၂နှစ် ၁၀နှစ်အကြားမှာရှိတဲ့ကလေးများရဲ့ ကိုယ်စိတ်နှလုံးကြီးပြင်းဖွံ့ဖြိုးမှုကိုအခြေခံ ဆော့ ကစားခြင်းကို အဓိကဝန်းရံ ထားတဲ့ပညာသင် ကြားမှု ပုံစံဖြစ်သည် ကျယ် ပြန့်ပြန့် ရှိစေဖို့ ။ ကလေးများရဲ့ဝါသနာကိုကျယ်ကျယ်ပြန့်ပြန့်သိစေဖို့ ၊ အခြေခံလူနေမှု အမူအကျင့်များ တတ်ကျွမ်း စေဖို့၊ အရွယ်နဲ့ အညီစိတ်ဓါတ်ပိုမိုပြည့် ဝစေဖို့ စသည်များကို ရည်ရွယ်ပြီး လှုံ့ဆော်မှု နှင့်အတူ ကလေးငယ်တို့ လွတ်လွတ်လပ်လပ်သင်ယူစေဖို့ ပတ်ဝန်းကျင် လေးကို MOTHERS PRIDE က ဖန်တီးပေးထား ပါတယ် ..။
အခြားဝန်ဆောင်မှုများ
🌈 ပြင်ပလေ့လာရေးခရီး
👩⚕️ ခြောက်လတစ်ကြိမ်ကျန်းမာရေးစောင့်ရှောက်မှု
🦷 ခြောက်လတစ်ကြိမ်သွားကျန်းမာရေးစောင့်ရှောက်မှု
🎥 အခန်းတိုင်းတွင် CCTV တပ်ဆင်ပေးထားခြင်း (လိုအပ်ပါကအချိန်မရွေးလာရောက်ကြည့်ရှုနိုင်ပါသည်)
👩🏫သုံးလတစ်ကြိမ် မိဘဆရာဆွေးနွေးပွဲ
💻 ကလေးများ၏နေ့စဉ်လှုပ်ရှားမှုဓာတ်ပုံများကိုနေ့စဉ်ပို့ပေးခြင်း
⚛️သက်တောင့်သက်သာရှိ၍ လေအေးပေးစက်များတပ်ဆင်ထားသည့်စာသင်ခန်းများ
🧑🏫 Mothers Pride ၏ပြဌာန်းသင်ရိုးများကိုကျွမ်းကျင်ပိုင်နိုင်စွာသင်ကြားနိုင်သည့် ဆရာ/ဆရာမများ
📊ကလေးများ၏ဖွံ့ဖြိုးတိုးတက်မှုမှတ်တမ်းများ
😄 စိတ်ဖိစီးမှုကင်းသောသင်ယူမှုပတ်ဝန်းကျင်
💰 ကျောင်းလခ
ကျောင်းလခများကိုလည်းမိဘများအတွက်အဆင်ပြေဆုံးဖြစ်စေရန်လစဉ်ပေးသွင်းနိုင်သည့်ပုံစံစီမံဆောင်ရွက်ပေးထားပါသည်။
🔊 ဇန်နဝါရီ ၁ရက် ၂၀၂၄ မှစ၍ကျောင်းအပ်လက်ခံပါပြီ။
🏫အမှတ် ၇၇၊လှည်းတန်းလမ်း၊လမ်းမတော်မြို့နယ်၊ရန်ကုန်
☎️ 099530 888 78
ကရင်နှစ်သစ်ကူး ကျောင်းပိတ်ရက် ကြေငြာခြင်း
၁၁. ၁. ၂၀၂၄ (ကြာသပတေးနေ့) တွင် ကျရောက်သော ကရင်နှစ်သစ်ကူးနေ့ကို Mothers Pride School House မှ ကြိုဆိုဂုဏ်ပြုပါတယ်။ အစိုးရရုံးပိတ်ရက် ဖြစ်တာကြောင့် Mothers Pride School House ရဲ့ ကျောင်းပိတ်ရက်အဖြစ် သတ်မှတ်ကြောင်း လေးစားစွာ အသိပေးအကြောင်းကြားအပ်ပါတယ်ရှင်။
အားလပ်ရက်မှာ မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနိုင်ကြပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။
လွတ်လပ်ရေးနေ့ အမှတ်တရ
One of my favourite ways to start the morning, I am statements ! It is so important for kids to hear and say these things about themselves.
I am STRONG, I am BRAVE, I am SMART,
lam KIND,
I CAN DO ANYTHING !!
Merry Christmas အမှတ်တရ ပံုရိပ်များ
ပျံနိင်သောအကောင်လေးများနှင်မပျံနိုင်သောအကောင်လေးများအားအုပ်စုခွဲ၍ကပ်စေခြင်း
Do and Don’t for transportation ( KG သားသားမီးမီရများရဲ့ထပ်ဆောင်းအင်္ဂလိပ်စာအချိန်)
Grade 2 သမီး ထည်ဝါမှ Christmas Day မှာ how does she celebrate on Christmas Day တင်ဆက်ပြီးand A Merry Christmas လို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။
အသက် ၂ နှစ်မှ ၁၀နှစ် ရင်သွေးငယ်လေးများအတွက် I
🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄
အမှတ် ၇၇၊လှည်းတန်းလမ်း၊လမ်းမတော်မြို့နယ်၊
Ph :099530 88878
We Wish You A Merry Christmas
အသက် ၂ နှစ်မှ ၁၀နှစ် ရင်သွေးငယ်လေးများအတွက် I
🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄🎄
အမှတ် ၇၇၊လှည်းတန်းလမ်း၊လမ်းမတော်မြို့နယ်၊
Ph :099530 88878
💖💖A Day to the Organic Farm 🤩🤩
Mothers Pride Private Primary School မှ သားသား၊မီးမီး တို့ က (15. 12 . 2023) တွင် ဆရာမများနှင့်အတူ Organic Farm ကို ပျော်ရွှင်စွာသွားရောက်လေ့လာခဲ့ပါတယ်။
Mothers Pride Private School ရဲ့ Learning Area တစ်ခုဖြစ်သော The World and Us ကဏ္ဍ၏အကြောင်းအရာများကို သားသားမီးမီးတို့ ထိထိရောက်ရောက် လေ့လာနိုင်ဖို့အတွက် Organic Farm Tour Activity ကို လုပ်ဆောင်ခဲ့ပါတယ်။
သားသားမီးမီးတို့ကလဲ ပန်းပင်ကလေးများနှင့် အသီးအရွက်ပျိုးပင်များကို ကိုယ်တိုင်စိုက်ပျိုးခြင်းဖြင့်စိုက်ပျိုးရေး၏အနှစ်သာရကို လက်တွေ့ကျကျ ထိတွေ့ခွင့်ရရှိခဲ့ပါတယ်။ 💖💖
အခုလို သွားရောက်ခဲ့သည့်အတွက် ငယ်ရွယ်သည့်အချိန်မှစ၍ ကမ္ဘာမြေကြီး၏ သဘာ၀တရာများနှင့် အလှတရားများကို နားလည်သိရှိပြီး တန်ဖိုးထားချစ်မြတ်နိုးတတ်လာခြင်းဆိုသည့် အကျိုးကျေးဇူးကို သားသား၊ မီးမီးတို့ ရရှိနိုင်ရန်ရည်ရွယ်ပါသည်။ 💜💜..
ကျောင်းနှင့်ပတ်သက်ပြီး အသေးစိတ်မေးမြန်းလိုပါက အောက်ပါဖုန်းနံပါတ် (သို့) ကျောင်းလိပ်စာကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
..
For more information, contact us at;
Phone - 09 953088878
Address - 77, Hledan Street, Lanmadaw Township, Yangon.
မူကြိုနှင့် ပတ်သက်သော မိဘများ၏အယူအဆ ကွဲလွဲမှု့များ
*******************************
မိဘတချို့က ယူဆတယ်။ မူကြိုပို့စရာမလိုပါဘူး။ Kg မှ ကျောင်းတက်ပါစေ။ ကလေးအိမ်မှာ ပျော်ပျော်ကြီး မိဘနဲ့နေပါစေလေ။ တို့တုန်းကလည်း မူကြိုမှ မတက်ခဲ့တာ။
ဟုတ်ကဲ့။ ပို့စရာမလိုဘူး ထင်ရင် မပို့ပါနှင့်။
စာရေးသင်တာ Grade 1 မှစသင်ရတာဘဲလေ။ မပို့လည်း ရပါတယ်။
ဒါပေမယ့် ဒီအချက်လေးတွေကို သိသွားရင်တော့ မူကြို ပို့ဖို့ စိတ်ကူးမိလိမ့်မယ်။
၁။ ကလေး တယောက်၏ ဦးနှောက်က အစောပိုင်းကာလမှာ ၈၅ ရာခိုင်နှုန်းဖွံ့ဖြိုးပါတယ်။ အဲ့အချိန်မှာ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လေ့ကျင့်ပေးမှ အတန်းကျောင်းတက်တဲ့အခါ သင်ယူဖို့ အဆင်သင့်ဖြစ်နိုင်မယ်။ ကလေးရဲ့ ဦးနှောက် ကလပ်စည်းတွေ ချိတ်ဆက်ဖို့က ကလေးထိန်းက လေ့ကျင့်ပေးနိုင်ပါ့မလား။ မိဘ အသိုင်းအဝိုင်းရှိတယ် ဆိုရင်ရော ထိုမိဘ အသိုင်းအဝိုင်းက early chid care ကို ဘယ်ထိလောက်ထိ နားလည်သလဲ။ ကလေး ၃ လပြည့်ရင် ထမင်းဝါးခွံ့ တတ်တဲ့ လူကြီးသူမတွေ ချည်းသာရှိတဲ့ မိသားစုဆိုရင် ကလေးမှာ ပိတ်။ တိတ်။ ကလေးနေရာ ကလေးနေ။ ရေမဆော့နဲ့ အအေးမိမယ်။ အမြင့်မတက်နဲ့ ပြုတ်ကျမယ်။ ဒါမျိုးသင်ကြားမှုတွေကလွဲလို့ တခြားဘာတွေများ သင်ကြားခံရမှာမို့လဲ။
အကယ်၍ မိဘက Early child care ကို အရမ်းသိနားလည်နေလို့ အိမ်မှာ အချိန်ပေးနိုင် လေ့ကျင့်ပေးနိုင်မယ်ဆိုရင်တော့ မူကြိုမပို့ဘဲထားတာ သဘာဝကျကောင်း ကျနိုင်ပါတယ်။
၂။ ကလေး ဖွံ့ဖြိုးမှုဆိုတာ ဦးနှောက်တခုတည်း ဖွံ့ဖြိုးလို့မရပါဘူး။ ဘက်စုံဖွံ့ဖြိုးဖို့ လိုပါတယ်။ အိမ်မှာ မိဘက အရမ်းတော်လို့ ကလေးကို ကိုယ်တိုင်သင်ကြားလေ့ကျင့်ပေးနိုင်ပြီဘဲထား အိမ်မှာဘယ်လိုမှ မရနိုင်တဲ့ ဖွံ့ဖြိုးမှု တခုကို မေ့ထားလို့မရပါဘူး။ ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှုမှာ Peers group effection အရေးအကြီးဆုံးပါ။ ရွယ်တူ သူငယ်ချင်းအချင်းချင်း ချစ်ခင်တတ်ဖို့ မူကြိုကျောင်းတွေမှာမှ ရနိုင်ပါတယ်။ Social skill ဆိုတာ လူတွေ့လို့ ရယ်ပြတတ်ရုံ လူမကြောက်ရုံလောက်မဟုတ်ပါဘူး။ မျှဝေတတ်ရမယ်။ ကူညီတတ်ရမယ်။ အလှည့်ကျ လုပ်ဆောင်တတ်ရမယ်။ ပူးပေါင်း ဆောင်ရွက်တတ်ရမယ်။ တကိုယ်ကောင်းစိတ်အစား ပရဟိတ စိတ်ရှိရမယ်။ သူငယ်ချင်း အချင်းချင်း ချစ်ခင်တတ်ရမယ်။ ပတ်ဝန်းကျင် အပြောင်းအလဲကို လက်သင့်ခံနိုင်ရမယ်။ ဒါတွေကို အိမ်မှာအလိုလိုက်ခံထားရတဲ့ ကလေး ရနိုင်ပါ့မလား။ KG ရောက်ရင် ကလေးမျိုးစုံကြားမှာ ကျင့်သားမရတဲ့ ကလေး ဘယ်လောက် စိတ်ရောလူရော ပင်ပန်းရှာမလဲ။
၃။ လူမှုစည်းကမ်းနဲ့ ပတ်သက်ပြီးလည်း ပထမဦးဆုံး သင်ကြားပေးနိုင်တာ မူကြိုပါ။ အိမ်မှာ ခွံ့ကျွေးတာ စားနေရတဲ့ ကလေး Kg ရောက်တော့ ဘယ်ဆရာမ ခွံ့ကျွေးနိုင်မှာလဲ။ ထမင်းတလုပ်စားလိုက် ဆော့လိုက် အိမ်မှာ လုပ်တတ်တဲ့ကလေး KG မှာ နေရာမှာ ထိုင်ပြီး စားတတ်ပါ့မလား။ အပေါ့အလေး သွားတော့ရော အိမ်က မိဘက အိမ်သာထဲထိ လိုက်ပို့ပေးလို့ရပါ့မလား။ KG ဆရာမက အိမ်သာထဲထိ ပို့ပေးနိုင်ပါ့မလား။ ဘုရားရှိခိုးချိန် နိုင်ငံတော် သီချင်းဆိုချိန်တွေမှ အလေ့အကျင့်မရှိတဲ့ကလေး ငြိမ်ငြိမ်နေနိုင်ပါ့မလား။ KG ဆရာမက အငြိမ်မနေလို့ ပြောမရလို့ ဆူရင်ရော ဆရာမ အပြစ် ရှာလို့ရပါ့မလား။ ဒါတွေအားလုံး မူကြိုက အတိုင်းအိမ်မှာ သင်ပေးနိုင်မယ် အချိန်ပေးနိုင်မယ်ဆို မူကြိုမထားလို့ရပါတယ်။
၄။ ဦးနှောက်ရဲ့ ဥပဒေသက Use it or lose it ပါ။ Early age မှာ အသုံးမပြုဘဲ ထားလို့ ချိတ်ဆက်မှု မရနိုင်ဘူးဆို များစွာသောအသုံးပြုမခံရတဲ့ တံခါးတွေလုံးဝ ပိတ်သွားပါပြီ။ ပြန်မရနိုင်တော့ပါဘူး။ စဉ်ဆက်မပြတ် အကဲခတ် စောင့်ကြည့်ပြီး ကလေးကိုယ်တိုင်သင်ယူစေခြင်း ဖြင့်သာ ကလေးရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ရာနှုန်းပြည့်ရနိုင်ပါတယ်။ အိမ်မှာ tablet တလုံးနဲ့ ထားမယ့်အစား ကလေးထိန်းရဲ့ တောင်သင်မြောက်သင် အသင်ခံနေရမယ့်အစား အဖိုးအဖွားတွေရဲ့ ဟိုဟာမလုပ်နဲ့ ဒီဟာမကိုင်နဲ့ ဆော့လိုက်တဲ့ကလေး မြောက်နဲ့လောက် စပ်ကျတဲ့ကလေးဆိုတဲ့ အဆိုးမြင်အပြစ်တင်မှုတွေ ကြားမှာထားမယ့်အစား မူကြိုပို့တာ အဆင်ပြေမယ် ထင်ပါတယ်။ အဲ့လိုမဟုတ်ပါဘူး။ အဖိုးအဖွားကလည်း parenting နားလည်တယ် ကလေးထိန်းကလည်း ECCD လက်မှတ်ရ ဆိုလည်း အိမ်မှာထားတာ ကောင်းတာပေါ့။
ဒီ မေမေကိုယ်တိုင်လည်း မူကြိုမတက်ခဲ့ပါ။
Kg တက်တော့ အတန်းပိုင်က မိခင်ရင်းလေ အဆင်ပြေတာပေါ့။
တတန်းရောက်တော့ သူများအတန်းမှာ နေရတယ်ဆိုပေမယ့် အမေဆီ သွားတွေ့လို့ရသေးတယ်။ ၂ တန်းနှစ်မှာ ကျောင်းပြောင်းထားတော့ ဘာပြောကောင်းမလဲ နေ့တိုင်းငိုတာပေါ့။ ၂ တန်းအရွယ် ကျောင်းတက်ရလို့ ငိုတာဆိုရင် ဘယ်ကောင်းပါ့မလဲနော်။ ဒီတော့ အကြောင်းရှာငိုတာပေါ့။ သူငယ်ချင်းစလို့ ခဲတံပျောက်လို့ ခဲဖျက်ရှာမတွေ့လို့ စတဲ့ အကြောင်းတွေနဲ့ ငိုတော့ အတန်းသူ အတန်းသား ဆရာမတွေကြားမှာ ငိုချင်းသည်အဖြစ် နာမည်ဆိုးရတာပေါ့။ ဒါတောင် အမေဖြစ်သူက ဆရာမမို့နော်။ တခြားအလုပ်လုပ်တဲ့ မိခင်ဆို သူငယ်တန်းမှာတင် ပြဿနာတက်နိုင်တယ်။ ကိုယ်တိုင်က ဆရာမမို့ ကလေးပြုစုရေးလည်း သိပ်နားလည်လို့ မူကြိုမပို့ဘဲ ထားမယ်ဆို Ok ပါတယ် မပို့ပါနဲ့။ ဒါတောင် အတန်းကြီးလာတာနဲ့အမျှ ကလေးစိတ်ပင်ပန်းမယ်ဆိုတာ မေ့မထားပါနဲ့။
(မူကြိုပို့မယ်ဆို ရွေးချယ်တတ်ပါစေ။
မူကြိုပို့ရန်အသင့်တော်ဆုံး အရွယ်ကို ရွေးတတ်ပါစေ။
စျေးကြီးတာမှ ကောင်းမယ် မဆိုလိုပါ။
ပို့ရကြိုရမခက်ခဲသော မူကြိုကို ရေရှည် အတွက်ကြည့်ရွေးပါ။)
၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊
Pre-KG to Primary5 အတွက် Waiting List များလက်ခံနေပါပြီ။
Mother's Pride School page messenger (သို့)ဖုန်း 09953088878/09945979922 သို့ဆက်သွယ် စုံစမ်းနိုင်ပါပြီရှင့်။
သိပ်ပ္ပံGrade 2
ကျောက်ခဲ၊ရေနှင့်လေတို့ကို လေ့လာခြင်း
ပုံသဏ္ဌာန်၊အလေးချိန် နှင့် နေရာယူခြင်း
တန်ဆောင်တိုင်လ နိဗ္ဗာန်ဈေးပွဲတော်ကို Mothers Pride International Preschool & Private Primary School မှ ကျင်းပနေတဲ့ ချစ်ဖွယ်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင့်။ ပုံရိပ်(၂)
တန်ဆောင်တိုင်လ နိဗ္ဗာန်ဈေးပွဲတော်ကို Mothers Pride International Preschool & Private Primary School မှ ကျင်းပနေတဲ့ ချစ်ဖွယ်ပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်ရှင့်။ ပုံရိပ် (၁)
တန်ဆောင်မုန်းလ တွင် မယ်ဇလီဖူးသုပ် စားရခြင်း အကြောင်း
ဗုဒ္ဓလက်ထက်တော်ကတည်းက တန်ဆောင်မုန်းလပြည့်နေ့ညဟာ ကြယ်တာရာအစုံအညီ ထွန်းလင်းတောက်ပ ကြတာကြောင့် “နက္ခတ်ပွဲသဘင်” များကျင်းပလေ့ရှိပြီး၊ ထိုညမှာ ဆေးပေါင်းခတဲ့ညအဖြစ် “မဲဇလီဖူး” ကို သုပ်စားလေ့ရှိကြပါတယ်။
ဒါတင်မကသေးပါဘူး။
တန်ဆောင်းမုန်းလပြည့်နေ့ည (၁၂)နာရီ တိတိ အချိန်ကို ဆေးပေါင်းခတဲ့ညရဲ့ အမြင့်ဆုံး၊ အစွမ်းထက်ဆုံး အချိန်လို့သတ်မှတ် ပြီး တိုင်းရင်းဆေးဆရာကြီးများက ဆေးဝါးမျိုးစုံကို ဖော်စပ်လေ့ရှိကြပါတယ်။
1. သွေးအားကောင်းစေတဲ့အပြင်၊ သွေးကိုလဲ သန့်စေပါတယ်။
2. မဲဇလီ ဖူးထဲတွင်ပါရှိသော သဘာဝအခါးဓာတ်က အသည်းအားကောင်းစေပါတယ်။
3. အစာချေစံနစ်ကိုကောင်းမွန်စေရုံသာမက၊ ပျို့အန်ခြင်း၊ အက်စစ်ဆန်တက်၍ လေချဉ်တက်ခြင်း၊ရင်ပူခြင်းတို့ကို သက်သာစေပါတယ်။
4. ခန္ဓာကိုယ်အတွက်လိုအပ်သော ပရိုတင်းဓာတ်ကိုဖြည့်တင်းပေးပြီး၊ ကိုယ်ခန္ဓာကြီးထွားမှုကို ကောင်းစွာအထောက်အပံ့ ပေးပါတယ်။
5. အူမကြီးကို ကောင်းစွာအလုပ်လုပ်စေလို့၊ ဝမ်းပျော့ပျော့သွားစေပါတယ်။ ထို့ပြင် အူမကြီး နှင့် အူသိမ်အူမများထဲရှိ တုပ်ကောင်/သန်ကောင် စတဲ့ ကပ်ပါးကောင်များကို ဖယ်ရှားပေးလို့ အူကိုသန့်စင်စေပါတယ်။
6. ကစီဓာတ်ကြွယ်ဝစွာပါရှိခြင်းကြောင့်၊ ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကို ကောင်းကျိုးပြုပါတယ်။
7. သရက်ရွက်ထဲရှိ ကောင်းသောဆဲလ်အသစ်များကို တိုးပွားစေလို့၊ သရက်ရွက်ကို ကျန်းမာစေပါတယ်။
8. မဲဇလီဖူးထဲတွင်ပါရှိသော သဘာဝအဆီဓာတ်က ခန္ဓာကိုယ်ထဲရှိမကောင်းသော ဓာတ်များကို လောင်ကျွမ်းစေပါတယ်။
9. အစွမ်းထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများအပြင်၊ ပိုလီဖီနောဓာတ်များပါရှိသဖြင့် ခန္ဓာကိုယ်အတွက် မလိုလားအပ်သော ဖရီးရယ်ဒီကယ်များကို သုတ်သင်ဖယ်ရှားပေးတာကြောင့်၊ အူမကြီးကင်ဆာ၊ အစာအိမ်က်ငဆာ ဆာရောဂါများ မဖြစ်စေနိုင်ပါ။
10. မဲဇလီဖူးထဲတွင်ပါရှိသော သတ္တုဓာတ်ပေါင်းစုများက သူငယ်နာအရိုးပျော့ရောဂါကို ကာကွယ်ပေးတာကြောင့် မွေးဖွား လာသော ကလေးများတွင် ပိုလီရိုရောဂါမဖြစ်စေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် ကိုယ်ဝန်ဆောင်မိခင်များ မဲဇလီဖူးကို မဖြစ်မနေ စားသုံးသင့်ပါတယ်။
11. ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ မဲဇလီဖူး-ရွက်-ပွင့်ထဲတွင်ပါရှိသော အာဟာရဓာတ်များက ဟင်းနုနယ်တွင် ပါရှိသော အာဟာရဓာတ်များနှင့် အလားတူတယ်လို့ဆိုပါတယ်။အဲဒီညမှာ ကာလသားတွေဟာ အိမ်ကတာ၊ လမ်းတကာမှ ပစ္စည်းများကို ဟိုဟို ဒီဒီ နေရာရွှေ့ကာ၊ စနောက်လေ့ရှိကြတဲ့ “ကျီးမနိုးပွဲ” (ဝါ) “စောရပွဲ” ဟာလည်း ချစ်စရာ့မြန်မာ့ရိုးရာဓလေ့လေးပါ။
မြန်မာ့ရှေးရိုးအစဉ်အလာအရ တန်ဆောင်မုန်းလပြည့် အခါသမယတွင် ၊မယ်ဇ လီဖူး ကိုအဆာစုံစွာသုပ်၍ မိသားစုဝင်များအားလုံးစားသုံးကာ ၊ ပတ်ဝန်းကျင် အိမ်နီးချင်းများအား
လည်း ၊ မယ်ဇလီဖူးသုပ်အထုပ်ငယ်များကို ဆေးဝါးအဖြစ်ပေးဝေလျက် ဒါနပြု လေ့ရှိကြောင်းဗဟုသုတအနေနဲ့မျှဝေလိုက်ရပါတယ်ရှင်။
📣📣📣 YLE English classမဖွင့်သေးဘူးလား မေးနေကြတဲ့ December လ ၂ ရက်နေ့တွင် ဖွင့်လှစ်မည့် weekend သင်တန်းလေး
UK နိုင်ငံ မှ ကျင်းပပြီး နိူင်ငံတိုင်း တက်ရောက်နေကြသော Cambridge English သင်တန်းများ ဖြစ်ပြီး English 4 Skill တို့ကို လည်း ကျွမ်းကျင် တတ်မြောက်အောင် သင်ကြားပေးနေပါသည်။
💞ဒီအတန်းလေးကတော့ သားသား၊ မီးမီးတို့ရဲ့ English 4 skills တိုးတက်စေဖို့အတွက်
* Story Fun For Starters 📙
* Fun For Starters 📘 ဆိုတဲ့ Cambridge စာအုပ်လေးတွေကို အဓိကထားသင်ကြားပေးတဲ့အပြင် New Vocabulary 🔤 လေးတွေ Reading စာပိုဒ်လေးတွေ 📖နှင့်အတူ Listening 🎧 တိုးတက်စေရန် Audio exercise 🔊🔊 လေးတွေလဲပါဝင်ပါတယ်ရှင်။ 🥰
💫💯 Activitiesလေးတွေပါ တွဲဖက်၍ သင်ကြားပေးသေးပါတယ်ရှင့်။ 📍📢 နောက်တစ်ပတ်ထဲမှာတော့ Handmade လေးတွေပါ ⭐💫သင်ကြားပေးမှာဖြစ်တာမို့ ချစ်စရာကောင်းတဲ့ သားသား၊ မီးမီးလေးတွေရဲ့ ပုံလေးတွေ စောင့်မျှော်ပေးကြပါဦးရှင့်။ 🥰🙇
ဖွင့်လှစ်မည့် အတန်းများကတော့ ..
📌 Foundation
📌Pre Starters
📌 Starters
📌Movers အတန်းများ ဖြစ်ပါတယ်။
✅ သင်တန်းကြေးများမှာ ..
✔️ foundation -50000 ( monthly )
✔️ Pre starters -50000 ( monthly )
✔️Starters - 60000 ( monthly )
✔️Movers - 70000 ( monthly )
😍Level တစ်ခု ကြာချိန် ၆-၇ လဖြစ်ပါတယ်ရှင်❤️
December လ အတွက် Cambridge YLE (Starters, Movers, Flyers), KET, အတန်းများ စာရင်းပေးသွင်းနိူင်ပါပြီ။📜🖋️
အထက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းလို့ ရပါတယ် ရှင်… .
💥အသေးစိတ်ပိုမို သိရှိလိုပါက…..
📞 09953088878
ကျောင်းလိပ်စာလေးကတော့
🏡 No (77), Hledan Street, Lanmadaw Township, Yangon.
💖"Your Child Our Pride"💖
Mothers Pride School House
📣📣📣 YLE English classမဖွင့်သေးဘူးလား မေးနေကြတဲ့ October လ ၇ ရက်နေ့တွင် ဖွင့်လှစ်မည့် weekend သင်တန်းလေး
UK နိုင်ငံ မှ ကျင်းပပြီး နိူင်ငံတိုင်း တက်ရောက်နေကြသော Cambridge English သင်တန်းများ ဖြစ်ပြီး English 4 Skill တို့ကို လည်း ကျွမ်းကျင် တတ်မြောက်အောင် သင်ကြားပေးနေပါသည်။
💞ဒီအတန်းလေးကတော့ သားသား၊ မီးမီးတို့ရဲ့ English 4 skills တိုးတက်စေဖို့အတွက်
* Story Fun For Starters 📙
* Fun For Starters 📘 ဆိုတဲ့ Cambridge စာအုပ်လေးတွေကို အဓိကထားသင်ကြားပေးတဲ့အပြင် New Vocabulary 🔤 လေးတွေ Reading စာပိုဒ်လေးတွေ 📖နှင့်အတူ Listening 🎧 တိုးတက်စေရန် Audio exercise 🔊🔊 လေးတွေလဲပါဝင်ပါတယ်ရှင်။ 🥰
💫💯 Activitiesလေးတွေပါ တွဲဖက်၍ သင်ကြားပေးသေးပါတယ်ရှင့်။ 📍📢 နောက်တစ်ပတ်ထဲမှာတော့ Handmade လေးတွေပါ ⭐💫သင်ကြားပေးမှာဖြစ်တာမို့ ချစ်စရာကောင်းတဲ့ သားသား၊ မီးမီးလေးတွေရဲ့ ပုံလေးတွေ စောင့်မျှော်ပေးကြပါဦးရှင့်။ 🥰🙇
ဖွင့်လှစ်မည့် အတန်းများကတော့ ..
📌 Foundation
📌Pre Starters
📌 Starters
📌Movers အတန်းများ ဖြစ်ပါတယ်။
✅ သင်တန်းကြေးများမှာ ..
✔️ foundation -50000 ( monthly )
✔️ Pre starters -50000 ( monthly )
✔️Starters - 60000 ( monthly )
✔️Movers - 70000 ( monthly )
😍Level တစ်ခု ကြာချိန် ၆-၇ လဖြစ်ပါတယ်ရှင်❤️
October လ အတွက် Cambridge YLE (Starters, Movers, Flyers), KET, အတန်းများ စာရင်းပေးသွင်းနိူင်ပါပြီ။📜🖋️
အထက်ပါ ဖုန်းနံပါတ်ကို ဆက်သွယ်မေးမြန်းလို့ ရပါတယ် ရှင်… .
💥အသေးစိတ်ပိုမို သိရှိလိုပါက…..
📞 09953088878
ကျောင်းလိပ်စာလေးကတော့
🏡 No (77), Hledan Street, Lanmadaw Township, Yangon.
💖"Your Child Our Pride"💖
Mothers Pride School House
စုပေါင်းကထိန်
❝ တန်ဆောင်မုန်း လပြည့်နေ့ ကျောင်းပိတ်ရက် ကြေညာခြင်း ❞
ဆယ့်နှစ်လရာသီပွဲတော်တွေထဲက တစ်ခုဖြစ်တဲ့ တန်ဆောင်တိုင်ပွဲတော် ကျင်းပရာ တန်ဆောင်မုန်းလပြည့်နေ့ဟာ ဒီနှစ်မှာတော့ (၂၇. ၁၁. ၂၀၂၃) တနင်္လာနေ့မှာ ကျရောက်ပါတယ်။ ထိုလပြည့်နေ့ တစ်ရက်တွင် Mothers Pride School House ကျောင်းပိတ်ရက် ဖြစ်ပါကြောင်း မိဘများအား အသိပေးကြေညာအပ်ပါတယ်ရှင်။
တန်ဆောင်မုန်းလပြည့်ည အခါသမယမှာ သာမညဖလအခါတော်နေ့ ပွဲ၊ တန်ဆောင်တိုင်မီးထွန်းပွဲ၊ ကထိန်သင်္ကန်းကပ်လှူပွဲ၊ မသိုးသင်္ကန်းရက်လုပ်ပွဲ၊ မဲဇလီဖူးသုပ်ဝေငှပွဲ၊ ကျီးမနိုးပွဲ၊ ပံ့သကူပစ်ပွဲတွေ စတဲ့ ပွဲတော်များစွာကို ကျင်းပပြုလုပ်လေ့ရှိပါတယ်။ ကုသိုလ်ကောင်းမှုများစွာပြုလုပ်လို့ရတဲ့ နေ့ထူးနေ့မြတ်ဖြစ်တာကြောင့် သားသားမီးမီးတို့တွေလည်း ဒီတန်ဆောင်မုန်းလပြည့်နေ့မှာ ကုသိုလ်ကောင်းမှုအစုစုကိုပြုလုပ်ရင်း မိသားစုနဲ့ အတူတူ ပျော်ရွှင်စွာ ဖြတ်သန်းစေဖို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်ရှင်။
Visual Perception ( Nursery class)
ထိန်းချုပ်လွန်းတဲ့ မိဘတွေ ကြောင့် ကလေးတွေမှာဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို မိဘများသိစေ ရန် Food for Thought အဖြစ်မျှဝေလိုက်ပါတယ်။
ထိန်းချုပ်လွန်းတဲ့ မိဘတွေ ကြောင့် ကလေးတို့ရဲ့ဘဝမှာ ဘာတွေဖြစ်လာနိုင်သလဲ။
ကလေးကို အရမ်းထိန်းချုပ်လွန်းတဲ့မိဘတွေဆိုတာက ကလေးရဲ့လှုပ်ရှားတိုင်းကို ကြည့်ပြီး ဟန့်တား နေတတ်တာမျိုးပေါ့။ ကလေးထိုင်ထိုင်နေလို့၊ ကလေးခုန်နေရင်ခုန်နေလို့၊ ကလေးကပုံဆွဲရင်ဆွဲ နေလို့ စသဖြင့် ကလေးကို မျိုးမျိုးအပြစ်ရှာထိန်းချုပ်တတ်ကြပါတယ်။သူတို့ဖြစ်စေချင်တဲ့အတိုင်း အရမ်းကို ထိန်းချုပ်ဖို့ အမိန့်ပေးပြောဆိုတတ်သူ တွေပါပဲ။ အဲဒီလို အထိန်းချုပ်လွန်တဲ့မိဘတွေမှာ တခါတလေ စိတ်ပိုင်းဆိုင်ရာအားဖြင့် ထိခိုက်အောင် ပြောဆိုတတ်သလို၊ တခါတလေလည်း သူတို့စိတ်နဲ့မတွေ့တဲ့ အခါ ရုပ်ပိုင်းဆိုင်ရာကိုပါ ထိခိုက်အောင် ရိုက်နှက်တတ်ကြပါသေးတယ်။ ကလေးကိုကိုယ်စိတ်ထိ ခိုက်နာကျင်အောင်ပြုလုပ်တတ်ကြပါတယ်။
ကလေးဆိုတာ ကလေးပဲဖြစ်နေတဲ့အတွက်ကြောင့်ကို “ငါတို့ကလေးဘဝတုန်းကသာဆိုရင် ဒါမှမဟုတ် ငါသာကလေးဆိုရင် ဒီလိုတွေး၊ ဒီလိုဆော့မှာပဲ” ဆိုတဲ့ ကိုယ်ချင်းစာစိတ်လေးနဲ့ ကလေးနေရာကဝင် တွေး တတ်တဲ့မိဘတွေအတွက်တော့ အဲဒီလောက်အလွန်အကျွံ့ထိန်းချုပ်တာမျိုး မလုပ်မိစေတော့ပါ ဘူး။ ဒါပေ မယ့်အချို့သော မိဘတွေကတော့ သူတို့ကိုယ်တိုင် ထိန်းချုပ်ခံသားသမီးဘဝကနေ ကြီးပြင်း လာရတဲ့ အတွက် သူတို့ကိုယ်တိုင်တောင်မသိလိုက်တဲ့အချိန်တွင်းမှာပဲ သူတို့ကိုယ်တိုင်ထိန်းချုပ်တဲ့ မိ ဘ တွေ ဖြစ် နေစေပါတယ်။ ကလေးတစ်ယောက်အတွက် ကလေးတစ်ယောက်လို လွတ်လပ်စွာ ဆော့ ကစားခွင့်၊ တွေးတောခွင့်၊ ပြောဆိုခွင့်၊ ဖန်တီးခွင့် မရတော့ဘူးဆိုရင် ကလေးရဲ့အခွင့်အရေးဆုံးရှုံးခြင်း ပါပဲ။ ကလေးဖွံ၌ညဖိုးတိုးတက်ခွင့် ဆုံရှုံးခြင်းဖြစ်ပါတယ်။ အဲဒီ့ အခါ ကလေးရဲ့စိတ်မှာ နာကျင်မှု တွေဖြစ်လာစေနိုင်ပါတယ်။ ဘယ်လိုဆိုးကျိုးတွေဖြစ်လာနိုင်သလဲ ဆိုတာအောက်ဘက်မှာဆက်လက် ဖေါ်ပြထားပါတယ်။
၁)အမှားလုပ်မိမှာကြောက်တတ်လာပါတယ်။
များသောအားဖြင့် သူတို့မိဘတွေ၊ အုပ်ထိန်းသူတွေက သူတို့ကို ထိုင်ဆိုထိုင်၊ ထဆိုထ မိဘတွေဖြစ်စေ ချင်တဲ့အတိုင်း နေရတာများပြီး ကလေးသဘာဝအမှားအသေးအဖွဲလေးတွေလုပ်မိရင်တောင် အကြီး အကျယ်အပြစ်တင်တတ်ကြတာမို့ ထိန်းချုပ်လွန်းတဲ့မိဘတွေရဲ့ကလေးတွေဟာ သူတို့အသစ်အဆန်း တစ်ခုခုကို လုပ်ချင်ရင်တောင် မှားသွားမှာကို အရမ်းစိုးရိမ်ကြောက်ရွံ့နေတတ်ကြပါတယ်။ အဲဒါကြောင့် အမှားအသေးအဖွဲလေးလုပ်မိမှာကိုတောင်ကြောက်တတ်ကြပါတယ်။ ဒါကြောင့် စူးစမ်းလေ့လာလုပ်ဆောင်မှုအားနည်းသွားပါတော့တယ်။ ကလေးသဘာဝစူးစမ်းလေ့လာရင်းအသေး အမွှားမှားသွားရင်လည်း မိဘမဆူအောင် ဖုံးကွယ်လိုက်တာမျိုး၊ လိမ်ညာလိုက်တာမျိုးတွေထိ ဖြစ်လာ နိုင်ပါတယ်။ ကြောက်စိတ်အခြေခံပြီး မလုပ်ရြမကိုင်ရြဖြစ်လာတတ်ပြီး မှားသွားရင် အဆူအဆဲ အရိုက်မခံရအောင်လိမ်ညာပြောတတ်တဲ့အလေ့အကျင့်ဖြစ်လာတတ်ပါတယ်။
၂)နည်းနည်းလေးမှအမှားမခံတတ်တဲ့ကလေးတွေဖြစ်လာပါတယ်။
တနည်းအားဖြင့် အမှားလုပ်မိမှာကြောက်တဲ့အတွက်၊ မိဘရဲ့ဆိုးဝါးတဲ့အပြစ်တင်ခံရမှာကို ကြောက်တဲ့ အတွက်ကို အမှားမရှိ၊ အရာအားလုံးမှာ ပြီးပြည့်စုံမှု ဖြစ်ချင်တဲ့စိတ်များတဲ့စိတ်ခံစား ချက် မျိုးအစွဲကြီးလာပါတယ်။ အဲဒီလို သဘာဝမကျတဲ့ပြီးပြည့်စုံချင်စိတ် ဖြစ်လာတဲ့အခါ အသေးအဖွဲ လေးကအစ အမှားမခံနိုင် တော့ဘဲ ပြီးပြည့်စုံအောင်ကောင်းမွန်နေတာ၊ မှန်ကန်နေတာမျိုးတွေကိုသာ လိုချင်တဲ့လူမျိုးဖြစ်လာတော့တာပါပဲ။ စိတ်မှာပင်ပန်းမှုများစွာဖြစ်နေပြီး နေရတဲ့အနေအထားမျိုးကြုံ နေရတတ်ပါတယ်။
၃)အခြားသူကိုလည်းပြန်ပြီးထိန်းချုပ်တတ်လာကြပါတယ်။
ငယ်ငယ်ကတည်းက သူတို့မြင်တွေ့နေရတဲ့အုပ်ထိန်းသူရဲ့ အကျင့်စရိုက်အတိုင်းပဲ ကလေးတွေက ဖြစ်လာတာမို့ သူတို့ကိုယ်သူတို့မသိလိုက်ခင်မှာပဲ အခြားသူကို ထိန်းချုပ်တတ်သူတွေဖြစ်လာ တတ် ပါတယ်။ ကိုယ်တိုင်အထိန်းအချုပ်ခံခဲ့ရသလိုအြခားလူတွေအပါ်မှာလည်းထိန်းချုပ်တဲ့အကျင့် ကပါလာ ပါတော့တယ်။ သူများကိုထိန်းချုပ်ချင်တဲ့စိတ်ကြောင့် မိမိကိုယ်တိုင်လည်း အနေရအထိုင်ရ စိတ်အ တည်မကျဖြစ်လာတတ်ပါတယ်။
၄)အခြားတစ်ယောက်ကိုမှီခိုတတ်လာပါတယ်။
အမှားမခံဘဲ အရမ်းထိန်းချုပ်တတ်တဲ့မိဘတွေက ကလေးရဲ့မှားနိုင်ချေရှိသမျှအခြေအနေတွေတိုင်းကို သူတို့ကိုယ်တိုင်ဝင်ဖြေရှင်းပေးသွားတတ်ပါတယ်။ အဲဒီ့အခါက ကလေးက အမှားလုပ်မိမှာကို ကြောက် တတ်သလို မိဘကိုလည်း အားကိုးတကြီးမှီခိုလာတတ်ပါတယ်။ မြန်မာမိသားစုမှာအများဆုံး တွေ့ရ တတ်တဲ့အကျင့်ဖြစ်ပါတယ်။ တခုခုဆို မလုပ်နဲ့မှားသွားမယ်၊ မေမေလုပ်ပေးမယ်ဆိုတာမျိုးပေါ့။ ဥပမာ။ ပန်းကန်သယ်ခိုင်းမယ်ဆိုရင် မသယ်နဲ့ကျကွဲမယ်၊ မေမေတို့ပဲသယ်လိုက်မယ်၊ ခုံပေါ်မတက်နဲ့ ပြုတ် ကျမယ်၊ မေမေကိုယ်တိုင်ခုံပေါ်တင်ပေးမယ် စသဖြင့်ပေါ့။ အဲဒီလိုနဲ့ကလေးဟာ အခြား တစ်ယောက်ကို မှီခိုတတ်သူဖြစ်လာပါတယ်။ မိမိကိုယ်မိမိ အားကိုးလုပ်ချင်တဲ့စိတ်၊ လုပ်ရဲတဲ့စိတ်မျိုး တွေကင်း လာပြီးအခြားလူကိုသာလိုတာထက်ပိုအားကိုးတဲ့စိတ်မျိုးဖြစ်လာပါတော့တယ်။
၅)စိုးရိမ်ကြောက်လန့်မှုအမြဲလွှမ်းမိုးနေတတ်ပါတယ်။
ကလေးသဘာဝအရ လုပ်ချင်စိတ်နဲ့လုပ်လိုက်မိရင်တောင် သူတို့မှာ စိုးရိမ်ထိတ်လန့်မှုက ကြီးစိုးနေ တတ်တာမို့ အမြဲထိတ်လန့်နေပါတယ်.။ ကလေးပီပီ ဘာအနှောင့်အဖွဲမှမရှိဘဲ မပျော်ရွှင်နိုင်ပါဘူး။ စိုးရိမ်စိတ်၊ ကြောက်စီတ်များကြောင့် ကလေးသယာဝလွတ်လပ်စွာလှုပ်ရှားလုပ်ကိုင်နိုင်မှုမရှီတော့ပါ။
၆)ကိုယ့်ကိုယ်ကိုယ်ထိခိုက်အောင်လုပ်တတ်သူဖြစ်လာပါတယ်။
မိဘတွေက အမြဲ အမှားလုပ်မိတိုင်းဆူပူတတ်သူမို့ စိတ်ပိုင်းဆိုင်ရာထိခိုက်နေတတ်ပြီး မိဘက “လူညံ့၊ ငတုံး ဒါလေးတောင်အဖြစ်မရှိဘူး” စသဖြင့်ပြောဆိုခြင်းခံနေရတတ်တာမို့ သူတို့ကိုယ်သူတို့ အသုံး မကျသူလိုခံစားတတ်လာပြီး သူတို့ကိုယ်သူတို့တောင် တန်ဖိုးမထားတတ်တော့ဘဲ ထိခိုက်နာကျင် အောင်လုပ်မိလာနိုင်ပါတယ်။ မိမိအားအကိုးရဆုံးမိဘတွေက မိမိကို ငတုံး၊ ဘာမှသုံးမရဘူးစတဲ့ အမည်တွေတပ်ပေးလိုက်တဲ့အတွက် ကလေးစိတ်မှာ ငါက ငတုံး၊ ဘာမှမစွမ်းသူလို့ မိမိကိုယ်မိမိ ယုံကြည်သွားပြီးအစွမ်းအစတွေထွက်မလာတော့ပါ။ ကလေးစိတ်ကိုမှိုချိုးမျှစ်ချိုးအချိုးခံလိုက်ရတာနဲ့ တူပါတယ်။
မိဘများကလေးတွေကို ကောင်းမွန်ငြင်သာစွာလေ့ကျင့်ပျိုးထောင်ပေးနိုင်ကြပါစေ။
မေတ္တာဖြင့်
ဒေါက်တာသိန်းလွင်
ပထမတန်း-အထွေထွေသိပ္ပံ
ကျွန်ပ်တို့၏ကမ္ဘာမြေကြီး(ရေ)
ရေထဲတွင်နေထိုင်သောသတ္တဝါ(ငါးအမျိုးမျိုး) အကြောင်း လက်တွေ့ပြသခြင်း
ထပ်ဆောင်းအင်္ဂလိပ်စာအချိန် ( presentation skill)
Parent meeting
Good touch or Bad touch
No? Go? Tell ?
Good or Bad touch
သီတင်းကျွတ်မီးထွန်းပွဲတော် ဆင်နွှဲနေတဲ့ ရုပ်ပုံကားချပ်လေးတွေ အရောင်ခြယ်🖌️🎨🖍️
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးသည် တာဝတိံသာနတ်ပြည်မှ မယ်တော်အမိ သန္တုသိတ နတ်သား အား အဘိဓမ္မာခုနစ်ကျမ်းကို ဟောတော်မူပြီး မွေးကျေးဇူးကို ဆပ်၍ လူပြည်သို့ ပြန်လည်ကြွချီလာသော နေ့ထူးနေ့မြတ် ဖြစ်ပါသည်.. ဗုဒ္ဓဘာသာဝင် ၇ရက်သားသမီးအပေါင်းတို့သည်လည်း ယနေ့ကျရောက်သော သီတင်းကျွတ်လပြည့်နေ့မှသည် မိဘကျေးဇူးကို သတိတရအောင့်မေ့လျက် ကျေးဇူးဆပ်နိုင်ကြတဲ့ သားကောင်းရတနာ၊သမီးကောင်းရတနာများ ဖြစ်နိုင်ကြပါစေလို့ Mothers Pride International Preschool & Private Primary School မှဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်...🙏🙏🙏
Click here to claim your Sponsored Listing.
MOTHERS PRIDE School House
အသက်၂နှစ် ၆နှစ်အကြားမှာရှိတဲ့ကလေးများရဲ့ ကိုယ်စိတ်နှလုံးကြီးပြင်းဖွံ့ဖြိုးမှုကိုအခြေခံ ဆော့ကစားခြင်းကို အဓိကဝန်းရံ ထားတဲ့ပညာသင်ကြားမှု ပုံစံဖြစ်သည်။ ကလေးများဝါသနာကျယ်ကျယ် ပြန့်ပြန့် ရှိစေဖို့၊ အခြေခံလူနေမှုအမူအကျင့်များ တတ်ကျွမ်း စေဖို့၊ အရွယ်နဲ့ အညီစိတ်ဓါတ်ပိုမိုပြည့်၀စေဖို့ စသည်များကိုရည်ရွယ်ပြီး လှုံ့ဆော်မှု နှင့်အတူ ကလေးငယ်တို့လွတ်လွတ်လပ်လပ်သင်ယူစေဖို့ ပတ်ဝန်းကျင်လေးကို MOTHERS PRIDE က ဖန်တီးပေးထားပါတယ်..။
#Zawgyi
Videos (show all)
Category
Contact the school
Telephone
Address
Yangon
11131
Opening Hours
Monday | 09:00 - 15:00 |
Tuesday | 09:00 - 15:00 |
Wednesday | 09:00 - 15:00 |
Thursday | 09:00 - 15:00 |
Friday | 09:00 - 15:00 |
No. 151, Yarza Dirit Lane, 14/5 Ward, Shwe Paukkan, North Okkalapa Township
Yangon, 11032
Lay the foundation for future success
51/A Thayawaddy Road, Sayarsan Ward , Bahan Township
Yangon
Early Childhood Care and Development Service
No. 467, 50 QTR, Sein Pann Myaing Street, North Dagon TSP
Yangon
Play, Learn and Grow Together