Khaing Hnin Wai Fortune Teller
Female
ဝါခေါင်လပြည့် မေတ္တာ အခါတော်နေ့မှာ မေတ္တာစိတ်ကို လေးနက်စွာ ပွါးများနိုင်ကြပါစေ 🙏🙏🙏🙏🙏
မေတ္တာဖြင့်
Khaing Hnin Wai Fortune Teller
Photo Crd
ရှေ့အနာဂတ်မှာ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုတာထက် တနေ့ထက် တနေ့ အကောင်းဆုံးကျော်ဖြတ်ရင် အနာဂတ်လဲမှာလဲ အဆင်ပြေမှာပါ 💐
မေတ္တာဖြင့်
Khaing Hnin Wai Fortune Teller
ကိုယ့်ဆီအွန်လိုင်းကမေးရင် စောင့်ရပါတယ် ။
စောင့်ရတယ်ဆိုတာ စောင့်ရသူအတွက်တော့အတော်ကြာပါလိမ့်မယ်။ရက်ချိန်းပေးပြီး 3လလောက်ကြာသွားတာတွေလဲရှိပါတယ်။
ဘာလို့ကြာလဲဆိုတာသိတဲ့လူလဲ သိကြပါမယ်။
မသိတဲ့လူတွေအတွက်ပြောပြပေးချင်တာပါ။
လူတွေရဲ့ကံတွေကိုဖတ်တဲ့အခါ ကိုယ်တိုင်က စိတ်ကြည်နေမှ ရပါမယ်။အဓိကက စိတ်အကြည်ဓာတ်အရင်တည်ဆောက်တာပါ။
ကိုယ့်ရဲ့ Tarot တွေနဲ့ကိုယ်တသားထဲဖြစ်ဖို့လဲ လိုတာကြောင့် ဘယ်တော့မှ ပီးပီးရောမဟောတာပါ။
ဘယ်လိုပဲကြည့်ကြည့် လူတွေရဲ့ကံကို ကိုယ့် Tarot တွေက အမှန်ပြပေးပေမယ့် ကိုယ်စိတ်မကြည်ရင် ကိုယ့်ရဲ့ ကိုယ်စောင့်နတ်က ကိုယ့်ကို တားပါတယ် 😐
ဒီဆရာမက ဟောပေးတဲ့ အချိန်ကျရင်လဲ သူမေးတဲ့မေးခွန်းအပြင် လိုအပ်မယ် ထင်တာတွေပါ ပြောပြပေးတတ်တာ လာမေးဖူးတဲ့လူတွေသိပါတယ်။
မနေ့ညက ဆို ကိုးနာရီထိုးတဲ့အထိ ဖယောင်းတိုင်လေးထွန်းပြီး အိမ်မှာလာတွေ့တဲ့ client ကိုဟောပေးနေတုန်းပါ။
စိတ်မကြည်ဘူးဆိုတာကလေ လူမျိုးစုံရဲ့ကံတွေစစ်ရတဲ့အခါ သူတို့ရဲ့ အပူတွေပါ ကူးတာမို့ တခါတခါ အပူအရမ်းများတဲ့လူတွေပါလာရင် ကိုယ့်ရဲ့စိတ်ပါ ပင်ပန်းသွားရတာမျိုးတွေကြောင့်ပါ။
ကိုယ့်ရဲ့ ချစ်သောတွေ ရောဂါ ကပ်ဘေးကနေ ဝေးကြပါစေ ❤️
July လမှာ ကံမြင့်စေဖို့
🪷🪷🪷🪷🪷🪷🪷🪷
ဒီလမှာတော့ တင်နေကျတွေထဲက ခွဲထွက်ပြီး ကံမြင့်စေဖို့ လုပ်ဆောင်ရမယ့် ယတြာလေးတွေ တင်ပေးလိုက်ပါတယ်။
General reading တွေကိုဖတ်ပြီး ကံဆိုးကံကောင်းရွေးနေတာထက် ကုသိုလ်လေးတွေပိုလုပ်ဖြစ်စေချင်လို့ပါ ❤️❤️❤️
တနဂ်နွေ 🍁
ဒီလမှာ စကားအချေအတင်များစေမယ့်အရာတွေရှောင်ပေးပါ။တတ်နိုင်သမျှစကားနည်းလေ အကျိုးရှိလေပါပဲ။စကားပြောတာထက်ဂုဏ်တော်ပွားနေလိုက်တာက ကိုယ့်အတွက်ပိုပြီး ကံမြင့်စေပါလိမ့်မယ်။
ကိုယ့်ထက်အသက်ကြီးတဲ့ အမေ၊ကြီးတော်၊အစ်မ တွေကို ကန်တော့ပါ။
တနလ်ာ 🪷
စိတ်ထင်တိုင်းမဆုံးဖြတ်ပါနဲ့။ဒီလမှာ ဖြစ်နိုင်ရင် ဒီနေ့ကစပြီး ကိုယ်နှစ်သက်ရာ အဓိဌာန်တခုခုကို တလတိတိ ဝင်ပေးပါ။တတ်နိုင်သမျှ တရားထိုင်ပါ။ဘုရားရှိခိုးတဲ့အခါ အဖြူဝတ်ပြီးရှိခိုးတာပိုသင့်တော်ပါတယ်။ခွေးစာကျွေးပါ။ ကုသိုလ်တွေပြုပြီးတိုင်း အသံပြုအမျှဝေပါ၊ကြေးစည်တီးပါ။
အဂ်ါ 💐
မေတ္တာပို့ပါ။မေတ္တာသုတ်ရွတ်တာကောင်းပါတယ် ဒါပေမယ့် စိတ်နှစ်ပြီးလဲ မေတ္တာပို့ပါ။
ကိုယ့်မေတ္တာစွမ်းအင်က ထိရောက်လေ ကိုယ့်အတွက် အကျိုးရှိလေပါပဲ။နောက်တခုက ကလေးလေးတွေ ပျော်စေတဲ့ အလှူလေးတွေလုပ်ပေးပါ။နွမ်းပါးတဲ့ကလေးတွေကို ကုသိုလ်များများပြုပါ။
ဗုဒ္ဓဟူး 🎉
ဒီလက အထီးကျန်ရတာတခုကလွဲရင် ကျန်တာအဆင်ပြေပါတယ်။ကံပိုမြင့်စေဖို့ မြတ်စွာဘုရားကို အသီးလှူပါ၊ပန်းလှူပါ။တိရစ္ဆာန်လေးတွေအစာကျွေးပါရှင်။
ရာဟု 🌄
ကျန်းမာရေးအနဲငယ်သတိပြုပါ။ကံပိုကောင်းစေဖို့ ဆေးလှူပါ။ပရိတ်ပဌာန်းပူဇော်ပါရှင်။
အရပ် ၁၀မျက်နှာမေတ္တာပို့ပါ။
ကြသပတေး 🌹
ခရီးထွက်ရတတ်သလို နေရာပြောင်းအလုပ်ပြောင်းရတာမျိုးရှိလာပါလိမ့်မယ်။ပြောင်းရွှေ့ခြင်းဟာ ကံကောင်းစေပါတယ်။ငြိမ်နေတာထက်လှုပ်ရှားသွားလာေနရတာက ပိုကောင်းပါတယ်။အစာမှားဆေးစားမှားတတ်တာမို့ သတိပြုပါ။ အသက်လွှတ်တဲ့ ကုသိုလ်များများပြုပါ။
သောကြာ 🌾
မသေချာတဲ့တခုခုကို စောင့်မျှော်နေရလို့ စိတ်ပင်ပန်းပါတယ်။ရင်ထဲက အတ္တတွေကိုလျော့ပါ။
လိုချင်တာတွေများလို့ စိတ်သောကရောက်ရတဲ့ကာလမျိုးပါ။အရာအားလုံးလက်ထဲမှာလို့ ထင်ရပေမယ့် မပိုင်ဆိုင်ရတာမျိုးဖြစ်နေတတ်ပါတယ်။ဖိအားတွေကို လျှော့ချပါ။
အနေကထိုင် ခြေသုတ်ခုံလှုပါ။
စနေ 🌝
ကံတွေပိတ်သွားတယ်ထင်ရတဲ့ အချိန်ပါ။ဒါပေမယ့် ၂ပတ်ကျော်ရင် ပြန်ကောင်းလာပါလိမ့်မယ်။မောရသုတ်ပူဇော်ပါ။ပိုင်ရှင်မဲ့ ခွေးလေးတွေအစာကျွေးပါ။ကုသိုလ် ပြုတဲ့အခါ လပြည့်လကွယ်လေးတွေမှာပို လုပ်ပါ။
ကုသိုလ်ပြုပြီးတိုင်း မြင်အပ်မမြင်အပ်တွေကို အမျှပေးပါရှင်။
အစစအရာရာအဆင်ပြေ အေးချမ်းကြပါစေ ❤️
မေတ္တာဖြင့်
Khaing Hnin Wai Fortune Teller
လိုင်းမကောင်းလို့ page ကို ဝင်မရတာကြာပါပြီ။
ပြန်ဝင်လို့ရတဲ့ အချိန်လေးမှာ ကိုယ့်ရဲ့ ချစ်သောလေးတွေအတွက် အကျိုးရှိစေမယ့်အရာလေး လုပ်ပေးချင်လို့ပါ။
ဒီပို့စ်ရဲ့ အောက်မှာ သိချင်တဲ့ အကြောင်းအရာတခုကို မေးပေးပါ အားရင် အားသလို ပြန်ဖြေပေးပါမယ်။
အလုပ်တဖက်နဲ့ ဟောပေးတဲ့ ဆရာမမို့ ပေးထားသမျှ ဘိုကင်လဲ အမြဲနောက်ကျတတ်ပါတယ်။
မေတ္တာဖြင့်
Khaing Hnin Wai (Fortune Teller)
Client .. ဆရာမ June အတွက်ဟောစာတမ်းတင်ပါဦး။
Me .. သူများတွေတင်ထားသမျှ pile တွေလိုက်ရွေးဖတ်နေတယ် 😁😁😁😁
ကိုယ့်ရဲ့ ချစ်သောလေးတွေကို ဆုတောင်းပေးပါတယ် 😌
Photo crd
လိုင်းလေးရနေတုန်း ခပ်မြန်မြန်လေး post တင်လိုက်တာပါ 😁
ပေးထားသမျှ ဘိုကင် လက်ကျန်တွေရော စာအဝင်များပီး ကျန်ခဲ့သမျှတွေရော အရမ်းတွေအားနာရပါတယ်။
ဒီတပတ်အတွင်းလဲ ကြည့််ပေးပီး အသံဖိုင်ပို့တဲ့အခါ မနက်ပို့ ညနေမှ ရောက်တာတွေရော လုံးဝမရောက်ဘဲ လေထဲမှာပျောက်သွားတာတွေရော မျိုးစုံသော အကြောင်းအရင်းတွေနဲ့ပါ။
အရမ်းအရေးကြီးရင် ဖုန်းခေါ်ပါရှင်။
Viber မှာလဲ စာအဝင်တွေများတာကြောင့် တချို့message တွေ မြင်ပြီး မပြန်မိတာတွေလဲရှိပါတယ်။
ကြန့်ကြာနေတာတွေအတွက် အားနာရပါတယ်။
ဒေါပုံနား နီးရင်တော့ အိမ်လာကြည့်လို့ ရပါတယ်။
ဖုန်းလေးတော့ တရက် ကြိုဆက်ပေးပါရှင့် ❤️❤️❤️
🙏ရေစက်ချလှူခြင်းနှင့် ရေစက်မချဘဲလှူခြင်း
အကျိုးကွာခြားချက်
ရေစက်မချဘဲ လှူတာကို “ဒါန”လို့ ခေါ်တယ်။
ရေစက်ချခြင်းကို “ပတ္တိဒါန”လို့ ခေါ်တယ်။
ရေစက်မချဘဲလှူလျှင် ဒါနအကျိုးသက်သက်မျှကိုသာ ရတယ်။
ရေစက်ချတဲ့အတွက် ဒါနအကျိုးမျှ မကဘူး ၊
ပတ္တိဒါနအကျိုးကိုလည်း ရတယ်။
🙏ပတ်တိဒါန
ပတ္တိဒါနအကြောင်းကို အနည်းငယ် ပြောပြဦးမယ်။
ပတ္တိ+ဒါန ဆိုတဲ့ ပုဒ်နှစ်ပုဒ်မှာ
မိမိထံ ကုသိုလ်ရောက်လာတာကို “ပတ္တိ”လို့
ခေါ်တယ်။
🙏ဒါန ဆိုတာ ပေးခြင်း။
ဒါကြောင့် မိမိထံ ရောက်လာတဲ့ ကုသိုလ်ကို
သူတစ်ပါးထံ အမျှပေးဝေခြင်းကို ပတ္တိဒါန လို့ခေါ်တယ်။
ရှေးဦးစွာ တစ်စုံတစ်ခုသော ဝတ္ထုကို လှူတယ်။
ထိုသို့ လှူတဲ့အတွက် ရောက်လာတဲ့ ဒါနစေတနာကို
“ပတ္တိ”လို့ ခေါ်တယ်။
🙏မိမိထံရောက်လာတဲ့ ဒါနစေတနာကို
ကြားကြားသမျှ သာဓုခေါ်တော်မူကြပါလို့
ဝေငှပေးတဲ့ စေတနာကို “ပတ္တိဒါန”လို့ ခေါ်တယ်။
ကိုယ်ရထားတဲ့ကုသိုလ်ကို သူတစ်ပါးတို့အား ပေးလိုက်လျှင်
ကိုယ့်မှာကုသိုလ် ကုန်သွားရော့လားလို့ တွေးမှားစရာ ရှိတယ်။
မီးတိုင်တစ်တိုင် ထွန်းထားရာက မီးတိုင်အများ
မီးလာကူးတဲ့အတွက် မူလမီးရဲ့ အရောင်အလင်းဟာ လျော့မသွားသည့်အပြင် အလင်းရောင် ပိုလာသလို
မူလကုသိုလ်ရှင်မှာ ကုသိုလ် မကုန်တဲ့အပြင်
ပတ္တိဒါန ကုသိုလ်အကျိုးကိုပင် ထပ်ပြီးရသေးတဲ့အတွက်
ရေစက်မချဘဲ လှူလျှင် ဒါနအကျိုး သက်သက်မျှသာ ရတယ်။
ရေစက်ချ အလှူပေးတဲ့အတွက်
ပတ္တိဒါနအကျိုးကိုပါ ရတယ်လို့ မှတ်သားသင့်တယ်။
ရေစက်ချစဉ် ခံယူရမည့်စိတ်ထားက᠌᠌᠌
ရုပ်တရား နာမ်တရား မှန်သမျှ ဖြစ်ပြီး ပျက်တတ်တာချည်းမို့
မမြဲတဲ့ အနိစ္စဆိုတာလည်း ရုပ်နာမ်ပဲ ။
ဆင်းရဲတတ်တဲ့ ဒုက္ခဆိုတာလည်း ရုပ်နာမ်ပဲ ။
ခိုင်မာမှုမရှိတဲ့ အနတ္တဆိုတာလည်း ရုပ်နာမ်ပဲ ။
ဤကုသိုလ်ကြောင့်᠌᠌᠌ အနိစ္စ ဒုက္ခ အနတ္တ ဖြစ်တဲ့
ရုပ်နာမ်တို့၏ ချုပ်ငြိမ်းရာ နိဗ္ဗာန်ကို မျက်မှောက်ပြုရပါလို၏' လို့်
မိမိစိတ်ကို နိဗ္ဗာန်ဆီ ညွှတ်ထားရမှာ ဖြစ်တယ်။
ထီးချိုင့်မြို့ - တည်တောဆရာတော်ဘုရားကြီး၏
ယနေ့ ဗုဒ္ဓဝါဒဆိုင်ရာ အမေးအဖြေများ (၆)᠌᠌᠌ စာအုပ်မှ-
ကဆုန်လပြည့် (၅)နေ့ အကြောင်းသိကောင်းစရာ
အကျဥ်း ....
(၁) ဗျာဒိတ်ခံယူသည့်နေ့
ဘုရားအလောင်းတော် သုမေဓာရသေ့ဟာ
ဒီဘဒ္ဒကမ္ဘာမှာ လေးဆူမြောက် ဂေါတမမြတ်စွာဘုရား
စင်စစ်ဧကန်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရား
အထံမှာ နိယတဗျာဒိတ်ခံယူတော်မူသောနေ့
ကဆုန်လပြည့်နေ့ ။
(၂) ဘုရားမွေးဖွားသည့်နေ့
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။ (ဘီစီ ၆၂၃)
ဂေါတမဘုရားအလောင်းတော်
သိဒ္ဓတ္ထမင်းသားအဖြစ် ဖွားမြင်သည့်နေ့ ။
ကဆုန်လပြည့်နေ့ ။
(၃) ဘုရားဖြစ်သည့်နေ့
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)
ဒုက္ကရစရိယာ ခြောက်နှစ်ကျင့်ပြီးတဲ့နောက်
ဘုရားအဖြစ်သို့ရောက်တော်မူသည့်နေ့ ။
ကဆုန်လပြည့်နေ့ ။
(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)
(၅) ပရိနိဗ္ဗာန်စံသည့်နေ့
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)
လေးဆယ့်ငါးနှစ်တိုင်တိုင် သုံးဆယ့်တစ်ဘုံသား
ဝေနေယျသုခိတ ဒုက္ခိတသတ္တဝါအပေါင်းတို့ကို
တရားရေအေး အမြိုက်ဆေးတိုက်ကြွေး
ဟောပြဆုံးမတော်မူပြီးသည့်နောက်
ပရိနိဗ္ဗာန်ဝင်စံတော်မူသည့်နေ့ ။
ကဆုန်လပြည့်နေ့ ။
ဤသို့အားဖြင့် ထူးမြတ်သည့်နေ့ဖြစ်ပါသည်။
မူရင်းရေးသာသော ဆရာတော်ဘုရား ရိုသေစွာ crd ပေးပါတယ်ဘုရား 🙏🏻🙏🏻🙏🏻🙏🏻🙏🏻
ကောင်းမှုတခု နေ့စဉ် ပြုပါ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻
ပြုပြီးတဲ့ ကုသိုလ်တွေကို မျှဝေပါ။
ရာသီပေါ်သီးနှံလေးတွေ ကုသိုလ်ပြု
မေလအတွက် တလစာ အဟော😍😍
တနင်္ဂနွေ 🧚♂️ ဒီလက မေတ္တာအထူးပို့ရမယ်လ၊မေတ္တာထားလေလေ ကံကောင်းလေ ဆိုတဲ့လပါ။
ဒီတော့ ဂဌုန်လေးတွေ မေတ္တာကိုသာ စိတ်နှစ်ပီး ပို့ပါ ၊
ကလေးလေးတွေ မုန့်ကျွေးပါ အစစအရာရာ ပျော်ရွှင်ရပါလိမ့်မယ်။
တနင်္လာ 🧚♂️ ဒီလက ရန်များရမယ့်လပါ။ တတ်နိုင်ရင် ရန်များစေမယ့် စကားတွေ မပြောပါနဲ့လို့မှာချင်ပါတယ်။
အရာရာကို ဥာဏ်ပညာနဲ့သာ ဆုံးဖြတ်ပါ။မှန်တဲ့ဘက်က လိုက်ပါ။ ပူပင်သောကတွေ ဖြစ်စေမယ့် စိတ်အနှောက်
အယှက်ဖြစ်စေမယ့် လူတွေကို ရှောင်ပါ ။
ပရိတ်ကြီး ၁၁သုတ် ပူဇော်ပါရှင်။
အင်္ဂါ 🧚♂️ ငွေကြေးအတွက် ပူပင်သောက ရှိရတတ်ပေမယ့် လအလယ်လောက်ရောက်လာရင် ပြေလည်သွားပါလိမ့်မယ်။ ကံကောင်းစေဖို့ ကုသိုလ်ပြုပြီးတိုင်းရေစက်ချ အမျှဝေပါ။ တတ်နိုင်ရင် သင်္ဃန်းလှူတာ အဝတ်အစားလှူတာလေးတွေ လုပ်ပေးပါ။
ဗုဒ္ဓဟူး 🧚♂️ အိမ်တွင်းရေး အိမ်ထောင်ရေး မိသားစု အရေး ပူပင်သောက ရှိတာကလွဲလို့ ကျန်တဲ့ အရေးတွေ အဆင်ပြေပါတယ်။ မိသားစု အေးချမ်းအောင် ပြဿနာဖြစ်စေမယ့်စကားတွေလျော့ပြောပါ။
ကိုယ့်ထက် ငယ်တဲ့ လူတွေကို ထောက်ပံ့ပါ ။
ရာဟု 🧚♂️ တခါတရံ လမ်းပျောက်သွားသလိုမျိုးဖြစ်
တတ်ပါတယ်။ စိတ်တော့ မပူပါနဲ့ လမ်းပျောက်လဲ ခဏပါ။ အထီးကျန်ရတဲ့ စိတ်ခံစားမှုတွေ ဖျောက်ပီး ကိုယ့်ဘဝ ကိုယ့်တက်လမ်းကို ကိုယ်တိုင်ရှာဖွေပါ။ အဆင်ပြေလာပါလိမ့်မယ်။
ဘုရားကို ဆီမီးလှူပါ။ မီးအလင်းရောင်မရှိတဲ့နေရာတွေမှာတတ်နိုင်သမျှ အလင်းပေးပါရှင်။
ကြသပတေး 🧚♂️ ကံကောင်းဖို့က ကိုယ့်ရဲ့ စိတ်ပေါ်မှာမူတည်ပါတယ်။ စိတ်စေတနာကောင်းလေး ကံကောင်းလေ ဖြစ်မယ့် လပါရှင်။ အာရုံကြော အားနည်းတာ ခေါင်းကိုက်တာလေးတွေ ဖြစ်တတ်ပါတယ်။
သောကြာ 🧚♂️ မိသားစုကြောင့် စိတ်ရှုပ်ရတာအနဲငယ် ကြုံနိုင်ပါတယ်။ အရာရာကို စိတ်နှစ်ခွနဲ့ တွေဝေဒွိဟ ထြစ်ရတဲ့လပါ။ အမျိုးသားတွေထက် အမျိုးသမီးတွေကြောင့် စိတ်ရှုပ်ရတဲ့ လပါ။
ဒါနကို ပြုပါ သီလ ကို စောင့်ပါ။
သံဃာ့ ဂုဏ်ကို ရည်မှန်းပြီး အလှူပြုပါ။
စနေ 🧚♂️ အချစ်ရေး ကြောင့် စိတ်ရှုပ်ပင်ပန်းတာမျိုး ဖြစ်တတ်ပါတယ်။ ငွေကြေးကံကောင်းတယ်။ ရပ်ဝေးက ကောင်းမွန်သော သတင်းစကားတွေ ကြားရမယ့်လပါ။
ဘယ်အလုပ်မဆို ရဲရဲဝင့်ဝင့် လုပ်ပါ ။
စစ်မရောက်ခင် မြှားမကုန်ပါနဲ့လို့ ပြောချင်ပါတယ်။
အစစအရာရာ အဆင်ပြေကြပါစေရှင်။
မေတ္တာဖြင့်
Khaing Hnin Wai (Fortune Teller )
ဆရာမ ရဲ့ အွန်လိုင်းဘိုကင်တွေ စောင့်ရတာအရမ်းကြာနေလို့ဆိုရင် အိမ်မှာပဲ တရက်ကြို ဖုန်းဆက်ပြီး လာမေးလို့ရပါတယ်ရှင်။
တရက်ကြိုဖုန်းဆက်ဆိုတာက အိမ်မှာမရှိတဲ့ အချိန် ဖြစ်နေမှာစိုးလို့ပါ ။
ကောင်းမှုတခု နေ့စဉ်ပြုပြီး
ပြုသမျှကုသိုလ်ကို ဝေမျှပါ။
ကုသိုလ်ထပ်တူရကြပါစေ 🥰
ကိုယ်ကလေ Tarot card တွေဖတ်ရင် ထွက်လာတဲ့ card ရဲ့အဖြေပေါ်မှာ စိတ်နှလုံးနဲ့ပဲ ဆုံးဖြတ်ပါတယ်။
အရမ်းကြီးဆိုးဝါးနေတဲ့ကံကို ခံစားမိရင်၊ခံစားမိတဲ့အတိုင်း ဘယ်တော့မှ လွှတ်ခနဲမပြောဘူ:။
ဆိုးနေတဲ့ကံတွေကနေ သက်သာရာရအောင် ဘာလုပ်ရင်ရမလဲဆိုတဲ့ အဖြေကို အရင်ကြည့်ပေးတာပါ။
ဘဝမှာ ကံကောင်းခြင်း၊ကံဆိုးခြင်းဟာ အတိတ်ကံ ဟာ အနဲငယ်သက်ရောက်မှုရှိနိုင်ပေမယ့် လက်ရှိ ကိုယ်ပြုထားနဲ့ ကံဟာအရေးကြီးဆုံးပါပဲ။
တချို့ ကုသိုလ်တွေ ချက်ခြင်းအကျိုးမပေးလဲ စိတ်ပျက်အားလျော့ဖို့ မလိုပါဘူး။
ကိုယ့်ဘက်က သာစိတ်စေတနာမှန်ပါစေ ။
အချိန်တခုရောက်ရင် အကျိုးပေးလာပါလိမ့်မယ်။
ခင်ပွန်းကြီး ၁၀ပါးတောင်းပန်ကန်တော့ကြပါ။တကယ်လိုအပ်နေတဲ့နေရာတွေမှာ ရေအလှူ ပြုကြပါလို့ တိုက်တွန်းချင်ပါတယ်။
မေတ္တာဖြင့်
Khaing Hnin Wai Fortune Teller
အဖြေကို edit နဲ့ ပုံလေးတွေအောက်မှာရေးထားပေးပါတယ်။
Edit # ပုံလေးတွေအောက်မှာ အဖြေတင်ပေးထားပါတယ်။
ဟောစာတမ်းလဲ မတင်ပေးဖြစ်တာကြာလို့ လေ။
ချစ်စရာလေးတွေ ရှာပေးထားပါတယ်။
ချစ်တဲ့ ပုံလေး တပုံရွေးပေးထားနော် 🥰🥰🥰။
မနက်ဖန် ည အဖြေတင်ပေးပါမယ်။
Photo crd
ဒါမျိုးလေးတွေကို လက်ရာကောင်းကောင်းနဲ့ ကျစ်ကျစ်လစ်လစ် ထိုးတတ် ဖန်တီးတတ်တဲ့ ပညာရှင်လေးတွေရှိရင်ဆရာမကို ဆက်သွယ်ပေးပါရှင့်။
သင့်တင့်တဲ့စျေးနဲ့ပြန်ဝယ်ယူတဲ့ ညီမလေးနဲ့ဆက်သွယ်ပေးပါမယ်။
#ဒီအချက် ( ၅ )ချက်ပါအောင်
ဘုရားရှိခိုးပါ
#ဒကာကြီး
#ဘုရား🙏
ဘုရားရှိခိုးတာ အချက်( ၅ )ချက် ပြည့်အောင်
ကန်တော့ရဲ့လား-❓
မှန်ပါ တပည့်တော်လည်း ဘုရားရှိခိုးတာပဲ ဘုရား။
ဒါပေမယ့် အချက်( ၅ )ချက်ပြည့်အောင်
ဘယ်လိုရှိခိုးရမလဲ ဆိုတာတော့ တပည့်တော် မသိပါဘုရား.....
အေး...ဒကာ သိအောင် ပြောပြမယ်...
🍁( ၁ ) ဘုရား ၊ တရား ၊ သံဃာ ၊
မိဘ ၊ ဆရာ တို့ကို အရင် ရှိခိုးဦးချ
ကန်တော့ပါ။
🍁( ၂ ) အပါယ် ဖျက်ရတယ်....
ဒီအချက်က လူတိုင်း မသိကြဘူး။
အပါယ်ဖျက်တာ လွယ်ပါတယ်။
လူတိုင်း မဖျက်တတ်ကြလို့ပါ...
#ဘယ်လို ဖျက်ရမလဲ ဆိုတော့.....
"(ယခုဘဝ)ဘဝ အဆက်ဆက်က တော်စပ်ခဲ့ကြသော မိဘ ဘိုးဘွားများ ဆရာသမားများ
မပြစ်မှားအပ်သော ပုဂ္ဂိုလ်များ တို့ကို
ပြစ်မှားမိသည်ရှိသော် ရှိခိုး ဝန်ချ တောင်းပန်ပါ၏။"
❗ဒီလို တောင်းပန်ရင်လောလောဆယ်
ဒကာ့မှာ ပိတ်နေတဲ့ လာဘ်တွေပွင့်မယ်။
❗ပြီးတော့ ကားတိုက်လို့ပဲ ဖြစ်ဖြစ်
ရေနစ်လို့ပဲ ဖြစ်ဖြစ် အစိမ်း မသေတော့ဘူး။
#တောင်းပန်ရင်ဘာကြောင့်_ကျေလဲ_ဆိုတော့_
ဒီအကြောင်းကို ဒကာတို့ နားလည်အောင် ပြောရရင်
ကျော်ဟိန်းတောင် ရုပ်ရှင် ရိုက်ထားတဲ့
" #ဒေါင်းယောင်ဆောင်သော__ကျီး"
ဇာတ်ကားမှာ လိုပေါ့.....
ရဟန္တာကို ပြစ်မှားလို့ ယောက်ျားက မိန်းမ ဖြစ်တာလေ။ မိန်းမ ဖြစ်တဲ့ ဘဝမှာပဲ ရဟန္တာကို တောင်းပန်လိုက်တော့ ယောက်ျား ပြန်ဖြစ်သွားတယ်။
ဒီမှာ ပြောချင်တာကအဲဒီယောက်ျား ပြစ်မှားတာကို ရဟန္တာတောင် မသိလိုက်ဘူး။ မနောကံနဲ့ ပြစ်မှားမိတာပါ။ ဒါကြောင့်ကိုယ်က သိလို့ပဲ ဖြစ်ဖြစ် မသိလို့ပဲ ဖြစ်ဖြစ် ကာယကံ၊ ဝစီကံ ၊ မနောကံ နဲ့ ပြစ်မှားမိတာကို တောင်းပန်ရပါမယ်။
🍁( ၃ ) #မိမိကိုယ်ကို_မေတ္တာ_ပို့ပါ_
ဒကာတို့ ကျန်းမာ၊ချမ်းသာမှ ဘုရားအလုပ် လုပ်နိုင်မယ်။ တရားအလုပ် လုပ်နိုင်မယ်။
အူမတောင့်မှ သီလ စောင့်နိုင်မှာလေ။
🍁( ၄ ) #ဒကာတို့_လုပ်နေကျအတိုင်း_
#ပုတီးစိပ်၊
ဘုရားစာရွတ်
မေတ္တာပွား ပေါ့.....
🍁( ၅ ) #သစ္စာဆို_အမျှဝေပါ_
ဒီအချက်က ဒကာတို့ ပြုတဲ့ ကုသိုလ်ကောင်းမှုကို
သစ္စာဆို အမျှဝေရပါမယ်။ ဒကာတို့ ဘာကုသိုလ်ပဲ လုပ်လုပ် သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဥပမာ_
ဘုရားပန်း လှူတာ ဖြစ်ဖြစ်၊
တိရစ္ဆာန်တွေကို အစာကျွေးတာပဲ ဖြစ်ဖြစ်၊
တခြား အလှူတွေလည်း
သစ္စာဆို အမျှဝေလို့ ရပါတယ်။
#ဘယ်လို_သစ္စာဆို_အမျှဝေရမှာလဲ_ဆိုတော့_
#ဥပမာ_
"ကျွန်တော် ဘုရားပန်း တင်လှူပါတယ်။
ဤဘုရားပန်း တင်လှူတာ မှန်ကန်ပါတယ် ဆိုတာကို သစ္စာဆိုပါတယ်။
္စာစကား_မှန်ကန်ပါက_
ဘုရားပန်းတင်လှူသော ကုသိုလ်ကို အထက်ဘဝဂ် အောက်အဝီစိ အထိ သုံးဆယ့်တစ်ဘုံ ကျင်လည်ကြကုန်သော ဝေနေယျ သုခိတ ဒုက္ခိတ သတ္တဝါ အပေါင်းတို့အား အမျှပေးဝေပါတယ် "
လို့ အမျှပေးဝေလိုက်ပါ။
ဒကာတို့ ပေးတဲ့ အမျှကို
လူ နတ် ဗြဟ္မာ သတ္တဝါ အပါယ်ဘုံသား အားလုံး ရပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်းက
သူတို့အတွက် တန်ဖိုးကြီးပါတယ်။
ဒကာတို့ ဘာအခက်အခဲပဲ ဖြစ်ဖြစ်
သူတို့က ကူညီပါတယ်။
ဒကာတို့ ပို့တဲ့ အမျှဝေခြင်း က
သူတို့အတွက် ( ၁ဝဝ )တန်ရင်
ဒကာတို့ကို ကူညီတာက
သူတို့အတွက်
( ၁ဝ )တန်လောက်ပဲ ရှိတာပါ။
ဒကာတို့ရဲ့ အခက်အခဲကို
သူတို့က ကူညီမှာပါ။
ဒကာတို့ ဘုရားရှိခိုးတာကို
ဒီအချက် ( ၅ )ချက်နဲ့ ကန်တော့ပါ။
ဒါဆို ဒကာ ဘုရားရှိခိုးတာ တတ်ပါပြီ။
မှန်ပါ- သာဓု သာဓု သာဓုပါ ဘုရား🙏🙏🙏
ပါမောက္ခချုပ်ဆရာတော်🙏
Thar
🥰🥰🥰🥰
၂၅ကြိမ်မြောက် ဂြိုလ်ပြေနံပြေ (၁၀)ရက်အဓိဌာန်ပြီးမြောက်အောင်မြင်(၁၁.၃/၂၀.၃)
အခက်အခဲတွေ တားဆီးပိတ်ဆို့မှုတွေကနေ လွတ်မြောက်ဖို့အတွက် မောရသုတ်ကို ပူဇော်ပါ။
ယုံကြည်မှု နဲ့ အလေးအနက်ထား ပူဇော်ဖို့တော့လိုပါတယ်။
မေတ္တာဖြင့်
Khaing Hnin Wai Fortune Teller
Click here to claim your Sponsored Listing.
Videos (show all)
Category
Contact the business
Telephone
Website
Address
Yangon
Yangon
We help people to develop their Soft Skills through engaging learning programmes.
1200 Yadanar Road
Yangon, 11091
Mobile Application (Android / IOS) Development and IT Project Management Services
No. 602, Min Ye Kyaw Swa Road, Dala
Yangon
If you want to success your business, Contact with us.
Times City Office Tower 2, 16th Floor
Yangon, 11041
CCI France Myanmar is a business network of about 200 French, Myanmar and International companies. Its objective is to develop economic relations between France and Myanmar, and to...
Yangon
Let us listen to your problems and we are ready to help you.
402, Innwa Street, South Okkalapa Township
Yangon, 11091
Management Consultant ( စီမံခန့်ခွဲမှုအကြံပေး )
Parami Road
Yangon
The main services available to us are trademark registration with reasonable price and good service.We are always striving to satisfy our clients.We also provide other services rel...