Peti Preschool

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Peti Preschool, Nursery, အမှတ်. ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊ သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်, Yangon.

01/09/2023

ကလေးတွေဟာ လုံခြုံမှုရှိတဲ့အရပ်မှာ လွတ်လွတ်လပ်လပ်ပျော်နေသင့်တာပေါ့...

အပူအပင်မရှိ နွေးထွေးတဲ့ရပ်ဝန်းမှာ အမြဲပျော်နေတာ Peti Pre School ရဲ့ စိတ်ချရမှုကြောင့်ပါပဲ...😊

အရည်အချင်းပြည့်ဝပြီး ဂရုစိုက်မှုအပြည့်ပေးတဲ့ ဆရာတွေရဲ့ လက်ထဲမှာ ကလေးကို ပျော်ရွှင်​ေစပါနော်...💕

Peti Pre-School ရဲ့အရိပ်မှာဆို ကလေးတွေ အရမ်းပျော်ပါတယ်ရှင်😍

Peti Preschool နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက -

💬 Page Chatbox မှတစ်ဆင့် ( သို့မဟုတ် )
အောက်ပါ လိပ်စာ၊ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်
09 450 50 66 10
09 450 50 66 20

📌 လိပ်စာ
အမှတ်. ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊ သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။


သားသားမီးမီးတို့ ဒီလို ပျော်နေတာ ဘယ်နေရာမှာပါလိမ့်❔

28/08/2023

ကျောင်းမတက်ရသေးခင် မူကြိုအရွယ် သားသားမီးမီးလေးတွေကို

👶ပေါင်းသင်းဆက်ဆံရေးတတ်အောင်👶ဉာဏ်ရည်ဉာဏ်သွေးထက်မြက်အောင်👶ဆုံးဖြတ်ချက်ချတတ်အောင် စတဲ့ရည်ရွယ်ချက်တွေနဲ့ မူကြိုကျောင်းကို ပို့ပေးလေ့ရှိကြပါတယ်...

ဒီအချိန်မှာ မိဘတွေအနေနဲ့ မူကြိုကျောင်းရွေးရတဲ့အလုပ်တစ်ခုက ရှိလာတာပေါ့...

ကောင်းမွန်တဲ့ မူကြိုတစ်ခုမှာ

✅ဆရာ၊ ဆရာမက ကလေးချစ်တတ်ပါတယ်...

✅ကလေးအတွက် လုံခြုံရေးကို ဂရုစိုက်ပါတယ်...

✅အိပ်ချိန်၊ စားချိန်၊ ကစားချိန် သေချာသတ်မှတ်ပေးပါတယ်...

✅ကလေးအကြောင်းကို သေချာသိပြီး အရည်အချင်းပြည့်တဲ့ ဆရာတွေနဲ့ ဖွဲ့စည်းထားပါတယ်...

✅International Language ဖြစ်တဲ့ English ကို ငယ်စဥ်ကတည်းက ထိတွေ့ပေးပါတယ်...

အင်္ဂလိပ်စာရဲ့အရေးပါပုံ၊ ပြင်ပ ဗဟုသုတတွေရဲ့အရေးပါပုံကို နားလည်တဲ့ Peti မူကြိုကျောင်းအနေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အင်္ဂလိပ်စာထူးချွန်ရေးကို အဓိကထားပြီး ဘက်စုံထူးချွန်ထက်မြက်ရေး၊ ဗဟုသုတ/ဉာဏ်ရည် မြင့်မားရေးကိုပါ အဓိကထား သင်ကြားပေးလျက်ရှိနေပါတယ်...

ဒါကြောင့်မို့လို့ Pre-School ကောင်းကောင်းရှာနေတယ်ဆိုရင် Peti ကိုသတိရပါရှင်😍

Peti Preschool နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက -

💬 Page Chatbox မှတစ်ဆင့် ( သို့မဟုတ် )
အောက်ပါ လိပ်စာ၊ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်
09 450 50 66 10
09 450 50 66 20

📌 လိပ်စာ
အမှတ်. ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊ သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

22/08/2023

ဖေဖေ၊မေမေတို့ရေ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ IT Device တွေကို အသုံးပြုရတဲ့ သားသား၊မီးမီးတို့အနေနဲ့ အာရုံစူးစိုက်ရတာကြောင့် အာရုံကြောရောဂါတွေ မဖြစ်စေဖို့ အထူးကြိုတင် ဂရုစိုက်သင့်ပါတယ်‼️

အာရုံကြောစနစ်က မွေးကင်းစကလေးတွေမှာဆို
👉🏻အသက်ရှူခြင်း
👉🏻ရေသောက်ခြင်း
👉🏻အစာစားခြင်း တို့အတွက်သာ အလုပ်လုပ်တာမို့ အာရုံခံနိုင်စွမ်း၊ မှတ်ဥာဏ်တိုးတက်နိုင်စွမ်း တွေ ပိုမိုမြင့်မားလာဖို့အတွက် ဦးနှောက်ကို ဒီအချက်လေးတွေနဲ့ အလုပ်ပေးသင့်ပါတယ်

✅သားသား၊မီးမီးတို့နဲ့ မြင်တွေ့သမျှ အရာတွေကို ရှင်းပြပေးပြီး စကားပြောပါ
✅အစိမ်းရောင် အသီးအရွက် တွေကို ကျွေးပါ
✅ကလေးကို စာဖတ်ပြခြင်းဖြင့်လည်း စကားလုံး အသစ်တွေကို ပိုမိုသိရှိ နားလည်မှတ်သား နိုင်စေပါတယ်
✅Screen Time ကို အကန့်အသတ်နဲ့ အသုံးပြုခြင်းအားဖြင့် UV Ray နဲ့ ကြာရှည်ထိတွေ့မှုကြောင့် မျက်ကြည်လွှာ ပျက်စီးမှုကို လျှော့ချပေးပါတယ်
✅ကလေးနဲ့ တူတူကစားပေးပါ။ မတူညီတဲ့ အာရုံခံစရာ ဆန်၊သဲ၊ မြေကြီး၊ ကျောက်ခဲ၊ ရေ၊ အံစာတုံး၊ အဝတ်ရုပ် စတာတွေနဲ့ ကစားပြီးလည်း ဦးနှောက်ရဲ့ အာရုံခံနိုင်တဲ့ နာဗ်ကြောကို လှုံ့ဆော်ပေးပြီး အာရုံစူးစိုက်မှုကောင်းမွန်ကာ မှတ်ဥာဏ်အား တိုးပွါးလာစေပါတယ်

သားသား၊မီးမီးတို့ရဲ့ အာရုံစူးစိုက်မှု တစ်နေ့တစ်ခြား ဖွံ့ဖြိုးတိုးတက်လာအောင် ဒီလိုအချက်လေးတွေနဲ့ လေ့ကျင့်ပေးဖို့ မမေ့ပါနဲ့နော်🥰
သားသား၊ မီးမီးတို့အားလုံးပဲ ဥာဏ်ရည်ထက်မြက် ထူးချွန်လိမ္မာတဲ့ အနာဂတ်ကြယ်ပွင့်လေးတွေ ဖြစ်ဖို့ Peti ကဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏

18/08/2023

မေမေ၊ဖေဖေတို့ရေ ကလေးငယ်တို့ရဲ့ စိတ်ကလေးဟာ ငယ်ရွယ်စဉ်မှာဆို အရမ်းနူးညံ့ပြီး အပူပေးထားတဲ့ နူးညံ့တဲ့ ဖယောင်းသားလေးလိုပဲ ပုံသွင်းရလွယ်ကူတာကြောင့် ငယ်စဉ်ကလေးဘဝထဲက စိတ်ထားဖြူစင်ပြီး အမှား၊အမှန်ခွဲခြားတတ်စေဖို့၊ ပျော်ရွှင်ပြီး နွေးထွေးတဲ့ လူသားလေးအဖြစ် ကြီးပြင်းလာစေဖို့ ဒီလျှို့ဝှက်ချက်လေး (၇)ချက်ကို လိုက်နာကြည့်ပါနော်🥰

✅အမှားတွေလုပ်မိရင် မဆူဘဲ နားလည်အောင် ရှင်းပြပေးပါ
သားသား၊မီးမီးတို့က အရွယ်ငယ်သေးတာမို့ အမှားဆိုတာကို မသိဘဲ ကျူးလွန်မိနိုင်တာကြောင့် အမှားလုပ်မိတာနဲ့ အော်ဟစ်ဆူပူတာမျိုးမဟုတ်ဘဲ အမှားလို့သိအောင် ကလေးတို့ နားလည်လွယ်တဲ့စကားနဲ့ ရှင်းပြပေးပါ(ဥပမာ- ရွှံ့၊ ဗွက် တွေထဲမှာ ဆော့လာခဲ့လို့ပေပွလာတဲ့အခါ၊ ထိခိုက်မိတဲ့အခါ ဆူမယ့်အစား ကိုယ့်ရဲ့လုပ်ရပ်ကြောင့် ဒီလိုကြုံလာတာဖြစ်ကြောင်း နားလည်အောင် ရှင်းပြပေးတာ)

✅ရှေ့ဆောင်လမ်းပြသူအနေနဲ့ အမှန်တရားကို လမ်းပြတတ်ပါစေ
သားသား၊မီးမီးတို့ရဲ့ role model က လက်ဦးဆရာ မေမေ၊ ဖေဖေ တို့ပဲ ဖြစ်တာကြောင့် မှန်ကန်တဲ့အလုပ်တွေလုပ်ပြီး၊ မကောင်းမှုကို ရှောင်ကြဉ်တတ်ဖို့ လိုပါတယ်(ဥပမာ- ကလေးက သူငယ်ချင်းကို အနိုင်ကျင့်တာတွေ့ရတဲ့အခါ ကလေးတို့ နားလည်အောင် ဆုံးမပြီး ပြန်တောင်းပန်ခိုင်းတာ)

✅ကလေးတို့ တာဝန်ယူတတ်ပါစေ
ငယ်ရွယ်တဲ့ အချိန်ကစလို့ ကိုယ့်လုပ်ခဲ့တဲ့အလုပ်အပေါ် တာဝန်ယူမှုရှိရမယ်ဖြစ်ကြောင်း သင်ပြထားသင့်ပါတယ်။(ဥပမာ- သောက်နေတဲ့နွားနို့ခွက်ကလေး မှောက်ကျတဲ့အခါ မေမေတို့နဲ့ အတူတူ ကူပြီး ပြန်ရှင်းလင်းခိုင်းတာ)

✅ကလေးတို့ကို ရှင်းပြခွင့်ပေးပါ
မေမေ၊ဖေဖေတို့ရဲ့ အတွေးနဲ့ သားသား၊မီးမီးတို့ရဲ့ ကလေးအတွေးက မတူတာကြောင့် တခါတလေမှာ အယူအဆကွဲလွဲပြီး အမှားလုပ်မိတာမျိုးရှိတတ်တာကြောင့် ဘာလို့လုပ်ခဲ့တာလည်း ဆိုတာကို ပြန်လည်ရှင်းပြခွင့်ပေးသင့်ပါတယ်။(ဥပမာ- မေမေက သားသားကို ပန်းသီး နှစ်လုံးပေးလိုက်ပြီး ကြိုက်တဲ့တစ်လုံးကို ယူခိုင်းစေပါတယ်။ သားသားက တန်းမရွေးဘဲ နှစ်လုံးလုံးကို တစ်ကိုက်စီ ကိုက်ပြီးမှ တစ်လုံးကို မေမေ့ကိုပေးတဲ့အခါ မေမေက ဒေါသထွက်ပေမယ့် ရှင်းပြပေးဖို့ မေးကြည့်တယ်ပဲ ဆိုပါစို့… သားသားကပြန်ပြောပါလိမ့်မယ် ပိုချိုတဲ့ အလုံးလေး မေမေ့ကို ကျွေးချင်လို့ သားသားအရင်မြည်းကြည့်တာပါတဲ့…)

✅ကလေးတို့ စာနာမှုရှိပါစေ
စာနာစိတ်က အရေးကြီးတာမို့ လူအချင်းချင်းစာနာဖို့၊ ကိုယ့်ထက်အားနည်းသူများအပေါ် နှိမ့်ချဆက်ဆံခြင်းမပြုဘဲ စာနာတတ်ဖို့ သင်ကြားပြသပေးပါ( ဥပမာ- လမ်းဘေးမှာ အလှူခံနေတဲ့ ကလေးငယ်တွေကို လက်ညှိုးထိုးပြီး အပြစ်တင်စကား ပြောဆိုမယ့်အစား ပညာတတ်ဖြစ်ရင် ဒီလိုလူတွေကိုလည်း ကူညီနိုင်မှာဖြစ်ကြောင်း ရှင်းပြပေးတာ)

✅ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်ပါစေ
ကလေးငယ်တို့က လူကောင်း၊ လူဆိုး ခွဲခြားသိဖို့ ငယ်ရွယ်လွန်းတာကြောင့် စည်းကမ်းတွေ ချမှတ်ပြီး ချမှတ်တဲ့ စည်းကမ်းနဲ့မညီရင် ငြင်းဆန်တတ်စေဖို့ ၊ မိဘနဲ့ တိုင်ပင်တတ်စေဖို့ သင်ကြားပေးသင့်ပါတယ်။ (ဥပမာ- သူစိမ်းတွေခေါ်တိုင်း မလိုက်ဖို့၊ မုန့်ကျွေးရင် မစားဖို့ နဲ့ ကိုယ့်ရဲ့ Private Area ကို ကာကွယ်တတ်စေဖို့)

✅သဘောထားကြီးပြီး ချဉ်းကပ်လွယ်တဲ့ မေမေ၊ဖေဖေ ဖြစ်ပါစေ
ဒီအချက်လေးကတော့ နောက်ဆုံးအချက်လေးပေမယ့် အရေးအကြီးဆုံးပါပဲ။ သားသား၊ မီးမီး အရွယ်ကစလို့ ဆယ်ကျော်သက်အရွယ်ထိ တိုင်ပင်ဖော်၊ အကြံပေးဖော် ဖေဖေ၊ မေမေတို့ကို ရရှိထားတဲ့ ကလေးတွေက မိဘနေရာရောက်တဲ့အခါ မိဘကောင်းအဖြစ် ပြန်လည် ပျိုးထောင်နိုင်တယ် လို့ လေ့လာမှုတွေအရ သိရပါတယ်။(ဥပမာ- ကျောင်းမှာအနိုင်ကျင့်ခံရတဲ့ ကိစ္စကစလို့ ရည်းစားစာလိုက်ပေးပြီး အသဲကွဲရင် ငိုကြွေးရင်ဖွင့်နိုင်တဲ့အထိ နွေးထွေးစိတ်ချရပြီး ချဉ်းကပ်လွယ်တဲ့ ရင်ခွင်တစ်စုံ ဖြစ်ပါစေ)

သား၊သမီးကို အကောင်းဆုံးတွေပေးချင်တဲ့ မေမေ၊ဖေဖေတို့ အနေနဲ့ ဒီအချက်တွေကို လိုက်နာပြီး ထိလွယ်၊ ရှလွယ်၊ ပုံသွင်းလွယ်တဲ့ ဖယောင်းလေးလို နှလုံးသားငယ် ပိုင်ရှင်လေးတို့ကို ရင့်ကျက်ပြီး နိုင်ငံကြီးသားပီသတဲ့ သားသမီးရတနာလေးတွေ ဖြစ်အောင် ပျိုးထောင်နိုင်ကြစေဖို့ Peti PreSchool ကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🥰

14/08/2023

မေမေတို့ရေ…
ငယ်ငယ်ကလေ အိမ်ကိုဆွေမျိုးတွေ လာလည်တဲ့အခါ စနောက်ပြီးတော့
မေမေ့ကိုပိုချစ်လား? ဖေဖေ့ကိုပိုချစ်လား?
လို့ အမေးခံကြရဖူးလားရှင့်?
အဲ့ဒီ့တုန်းက ဘယ်လိုပြန်ဖြေခဲ့ကြလဲရှင်?
ကိုယ့်ရဲ့ သားသား၊မီးမီးတွေကို မေးလာခဲ့ရင်ရော ဘယ်သူ့ကိုလို့ ပြန်ဖြေမယ်ထင်လဲရှင့်? Comment မှာ ဖြေပေးခဲ့ကြပါဦးနော်🤔
တကယ်တော့ ဖေဖေတွေက ကျွေးကျေးဇူးရှိပြီး မေမေတို့က မွေးကျေးဇူးရှိတာကြောင့် သားသား၊ မီးမီးတို့ ဘယ်လိုပဲဖြေဖြေ ရင်ထဲမှာတော့ တူတူပဲချစ်ကြတာပါပဲနော်🥰
ကဲ မေမေတို့ရဲ့ ဘေဘီလေးတွေကရော ဘယ်လိုဖြေကြလဲရှင့်?

Peti Preschool နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက -

💬 Page Chatbox မှတစ်ဆင့် ( သို့မဟုတ် )
အောက်ပါ လိပ်စာ၊ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်
09 450 50 66 10
09 450 50 66 20

📌 လိပ်စာ
အမှတ်. ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊ သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

08/08/2023

မေမေတို့ရေ…

ကိုယ့်နှုတ်ခမ်းနီတွေ၊မိတ်ကပ်ပစ္စည်းတွေကို ဘေဘီလေးတွေ ယူဆော့တာနဲ့ကြုံဖူးကြလား?

စျေးကြီးတဲ့ Brandတွေဆိုရင်တော့ ရင်ကျိုးတာပဲနော်။

ဒါပေမဲ့ သားသားမီးမီးတို့က ကလေးသဘာဝ မသိလို့ယူဆော့တာဖြစ်တဲ့အတွက် ဆူတာ၊ရိုက်တာမျိုးတွေတော့ မလုပ်ကြပါနဲ့။

နုနယ်တဲ့ဘေဘီလေးတွေ စိတ်ဒဏ်ရာရသွားကြမှာစိုးလို့ပါ။

ကြုံဖူးတဲ့မေမေတွေအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းလိုက်လည်းဆိုတာကို အခြားမေမေတွေနဲ့ မေမေလောင်းလျာလေးတွေ သိသွားအောင် commentမှာ မျှဝေပေးခဲ့ကြပါဦးနော်။

01/08/2023

“ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဒုတိယဝါဆိုလပြည့်နေ့ “

ယနေ့ ဗုဒ္ဓဘာသာမြန်မာလူမျိုးတို့ အထွဋ်အမြတ်ထားရာ ဒုတိယဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့မှစ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ကုသိုလ်ဘာ၀နာတရားများတိုးပွားနိုင်ကြပါစေလို့ Peti Pre-School မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်…🙏🙇🏻‍♂️

28/06/2023

မိတ်ဆွေရဲ့ ကလေးငယ်လေး နောင်ရေးမှာ စိတ်အေးနိုင်ဖို့ဆို ဘဝရဲ့သင်ယူစရာတွေရဲ့အစဖြစ်တဲ့ မူကြိုကျောင်းကောင်းကောင်းကို ရွေးချယ်မိဖို့က လုံးဝကို အရေးကြီးပါတယ် 📌

ဒီလို အရေးကြီးလိုအပ်ချက်ဖြစ်တဲ့ မူကြိုကျောင်းကောင်းကောင်းအတွက်ဆို Peti ရှိနေပြီး ၊ Peti မှာဆို ကလေးငယ်တွေကို စနစ်တကျသင်ကြားခြင်းနဲ့ နွေးထွေးလှတဲ့ ပြုစုပျိုးထောင်ခြင်းကြောင့် ပျော်ရွှင်နေတဲ့အနာဂတ်ကြယ်ပွင့်လေးတွေရဲ့ ပုံရိပ်တွေကို ဝေမျှဖော်ပြပေးလိုက်ရပါတယ် 🗯...

26/06/2023

ကလေးငယ်တို့ ငယ်စဉ်ကတည်းက အင်္ဂလိပ်စာနဲ့ အကျွမ်းတဝင်ရှိနေစေဖို့ Peti Preschool 🏫

ယခုလို (၂၁) ရာစုမှာ လက်ရှိ International language ဖြစ်တဲ့ အင်္ဂလိပ်စာကလည်း အဓိက Crucial ကျတဲ့ အခန်းကဏ္ဍတစ်ရပ်ကနေ ပါဝင်ပတ်သက်နေပါတယ်။ ဘာကြောင့်လဲဆိုရင် ကလေးတွေအရွယ်ရောက်လာတဲ့အခါ သူတို့ဘာသာသူတို့ —

Google အသုံးပြုလာရမယ် 🌍

Research တွေလုပ်လာရမယ် 🖱️

သူတို့သိချင်တဲ့အကြောင်းအရာတွေကို သူတို့ဘာသာသူတို့ Google/Ecosia/Wikipedia စတာတွေကနေတဆင့် ရှာဖွေစူးစမ်းလာရမယ်🔎

—ဒါမှသာလျှင် သင့်ကလေးက ဉာဏ်ရည်ပိုင်း၊ အတွေးအခေါ်ပိုင်း၊ Knowledge အပိုင်းမှာ နိုင်ငံတကာက‌ ကလေးတွေနဲ့ ရင်ဘောင်တန်းနိုင်မှာအသေအချာပါပဲ..........

ဒါ့အပြင် လေ့လာချက်အရ အင်္ဂလိပ်စာပိုကောင်းတဲ့ကလေးတွေက ဉာဏ်ရည်ပိုင်းဖွံ့ဖြိုးမှု ပိုမိုအားကောင်းပြီး၊ Logical thinking, creative thinking, IQ/EQ, သင်ကြားလွယ်မှု 🧠 စတဲ့အပိုင်းတွေမှာ တခြားကလေးတွေထက် ပိုမိုရှေ့ရောက်နေကြတယ်လို့လဲ ဆိုပါတယ်။

ဒီအချက်တွေကြောင့် သင့်ကလေးကို ငယ်စဉ်ကတည်းက အင်္ဂလိပ်စာနဲ့ အမြဲမပြတ် ထိတွေ့နေစေဖို့လည်း အရေးကြီးပါတယ်ရှင့်။

အကယ်၍ သင်က သင့်ကလေးကို ငယ်စဉ်ကတည်းက အင်္ဂလိပ်စာနဲ့ အမြဲမပြတ် ထိတွေ့နေစေဖို့ Peti မူကြိုကျောင်းက အမြဲတမ်းကြိုဆိုလျက်ရှိပါတယ်...........

ကလေးတွေမှာ အင်္ဂလိပ်စာရဲ့အရေးပါပုံ၊ ပြင်ပ ဗဟုသုတတွေရဲ့အရေးပါပုံကို နားလည်တဲ့ Peti မူကြိုကျောင်းအနေနဲ့ ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ အင်္ဂလိပ်စာထူးချွန်ရေးကို အဓိကထားပြီး ဘက်စုံထူးချွန်ထက်မြက်ရေး၊ ဗဟုသုတ/ဉာဏ်ရည် မြင့်မားရေးကိုပါ အဓိကထား သင်ကြားပေးလျက်ရှိနေပါတယ်။

ဒီလိုမျိုး ကလေးတွေကို စနစ်တကျ ပြုစုပျိုးထောင်ပေးနေတဲ့ Peti မူကြိုကျောင်းမှာဆိုရင် သားသားမီးမီးတို့ကို အနီးကပ် မျက်ခြေမပြတ်ပဲ ထိန်းကျောင်းသင်ကြားပေးနေတဲ့အတွက် ကလေးတွေရဲ့ လုံခြုံရေးပိုင်းကိုလည်း မိဘများအနေနဲ့ စိတ်ပူပန်စရာမလိုပဲ စိတ်ချလက်ချ လာရောက်အပ်နှံနိုင်ပါတယ်......💛
___

Peti Preschool နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက -

💬 Page Chatbox မှတစ်ဆင့် ( သို့မဟုတ် )
အောက်ပါ လိပ်စာ၊ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်
09 450 50 66 10
09 450 50 66 20

📌 လိပ်စာ
အမှတ်. ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊ သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

08/06/2023

ဘက်စုံထူးချွန်တတ်မြောက်ဖို့ လေ့ကျင့်ပျိုး‌ထောင်ပေးမဲ့ Peti မူကြိုကျောင်း 🏫

Peti မူကြိုကျောင်းဟာဆိုရင် ကလေးတွေကို ပြုစုပျိုးထောင်ရာမှာ ဘက်စုံထူးချွန်ထက်မြက်ရေးကို အဓိက ဦးစားပေးလျက်ရှိပြီး၊ English စာတစ်မျိုးတည်းတင်မဟုတ်ပဲ၊ ဗဟုသုတ/ဉာဏ်ရည် မြင့်မားရေးကိုပါ အဓိကထား သင်ကြားပေးလျက်ရှိနေပါတယ်။

ယနေ့ (၂၁) ရာစုမှာ ကလေးတစ်ယောက်ဟာ English စာတတ်ကျွမ်းဖို့၊ ပညာရည်ထူးချွန်ရုံမျှနဲ့ မလုံလောက်ပဲ၊ Globalized mindset🌎, အထွေဗဟုသုတ မြင့်မားရေး🧠 ကလည်း အဓိက Crucial ကျတဲ့ အခန်းကဏ္ဍအသီးသီးကနေ ပါဝင်ပတ်သက်နေပါတယ်။

ဒီလိုမျိုး ကလေးတွေကို စနစ်တကျ ပြုစုပျိုးထောင်ပေးနေတဲ့ Peti မူကြိုကျောင်းမှာဆိုရင် သားသားမီးမီးတို့ကို အနီးကပ် မျက်ခြေမပြတ်ပဲ ထိန်းကျောင်းသင်ကြားပေးနေတဲ့အတွက် ကလေးတွေရဲ့ လုံခြုံရေးပိုင်းကိုလည်း မိဘများအနေနဲ့ စိတ်ပူပန်စရာမလိုပဲ စိတ်ချလက်ချ လာရောက်အပ်နှံနိုင်ပါတယ်......💛

မိမိတို့ Peti Preschool မှာဆိုရင် ၂နှစ်ကနေ—၆နှစ်အထိ ကလေးများရဲ့ ဘက်စုံထူးချွန်မြင့်မားရေးကို အလေးထားသင်ကြားပေးနေလျက်ရှိပြီး—

👨‍🎓ကလေးငယ် တစ်ဦးတစ်ယောက်ချင်းစီရဲ့ Multiple intelligences များကို ထုတ်ဖော်ပေးခြင်း၊

👩‍🎓Montessori နည်းပညာနှင့် ဘက်စုံထူးချွန် သင်ကြားရေး နည်းစနစ်အသုံးပြုပေးခြင်း၊

👨‍🎓အခြေခံ သင်ကြားနည်းစနစ်တွေနဲ့ သင်ကြားပေးခြင်း၊

👩‍🎓 သင်ရိုးများအလိုက် သင်ထောက်ကူပစ္စည်းတွေနဲ့ အသုံးပြုသင်ကြားပေးခြင်း၊

—စတဲ့သင်ကြားမှုပုံစံတွေကိုအသုံးပြုပြီး စာသင်ခန်း သင်ထောက်ကူ၊ Facilities ပြည့်ဝစွာနဲ့ သင်ကြားပေးလျက်ရှိပါတယ်။

___

Peti Preschool နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက -

💬 Page Chatbox မှတစ်ဆင့် ( သို့မဟုတ် )
အောက်ပါ လိပ်စာ၊ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်
09 450 50 66 10
09 450 50 66 20

📌 လိပ်စာ
အမှတ်. ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊ သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

02/06/2023

မူကြိုပို့ရတဲ့ ခဏတာကို စိတ်မချဖြစ်နေလား ❓

💞 သားသားမီးမီးလေးတွေကို ရင်အုပ်မကွာ အမြဲစောင့်ရှောက်ပြီး ထွေးပွေ့ထားချင်ကြတာ မိဘတိုင်းရဲ့ စိတ်ဆန္ဒပါပဲ။သို့ပေမယ့် သားသမီးတွေရဲ့ ပညာရေးအတွက်ရော၊ အချိန်တိုင်း စောင့်ကြည့်ဖို့မလွယ်တာရောကြောင့် ကလေးတွေကို မူကြိုပို့ကြရပါတယ် ...

တချိန်လုံး ကိုယ့်မျက်စိအောက်မှာ ထားထားနေရင်းက မူကြိုပို့ရချိန် ရောက်တဲ့အခါ အစစအရာရာ စိတ်မချဖြစ်ရတာကတော့ ထုံးစံပါပဲ …Peti Preschool မှာ ဆိုရင်တော့ ဒီလိုတွေ တွေးပူနေဖို့ မလိုတော့ပါဘူး …❗
Peti Preschool မှာက

✅ ကလေးတွေနဲ့ အချိန်ပြည့် အနီးကပ်ရှိပြီး စောင့်ရှောက်ပေးမယ့် ဆရာမတွေ အမြဲရှိနေပါတယ်။
✅ ကလေးတွေအပေါ် ဆရာမတွေရဲ့ ဂရုစိုက်မှု၊ အလေးထားသင်ကြားမှုတွေအပြင် မျက်ခြေမပြတ် ဂရုစိုက်ထားရှိပေးမှုတွေကလည်း အချိန်ပြည့် ရှိနေပါတယ်။
✅ မူကြိုဖွင့်ချိန်တိုင်းမှာ CCTV အမြဲ ဖွင့်ထားပြီး စောင့်ရှောက်ပေးထားလို့ ဖေဖေမေမေတို့ရဲ့ ကလေးတွေအတွက် စိတ်ချယုံကြည်ရတဲ့ မူကြိုကျောင်း ဖြစ်ပါတယ်။

👉 သားသားမီးမီးတို့အတွက် စိတ်ချရတဲ့ Preschool - Peti Preschool မှာ အသေးစိတ်စုံစမ်းချင်ရင်တော့
အမှတ် ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့ကို လာရောက်ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။
👉 ဖုန်းဆက်မေးမြန်းချင်သူတွေအတွက် ဖုန်းနံပါတ်တွေကတော့ ၀၉ ၄၅၀ ၅၀ ၆၆ ၁၀၊ ၀၉ ၄၅၀ ၅၀ ၆၆၂၀ တို့ ဖြစ်ပါတယ်ရှင် …
Email: [email protected]

31/05/2023

IQ, EQ မြင့်မားရေး အလေးထားသင်ကြားပေးနေတဲ့ Peti Preschool 🏫

Intelligent Quotient (IQ) နဲ့ Emotional Quotient (EQ) ဆိုတာကတော့ ကလေးတစ်ယောက်ရဲ့ ရှေ့ဆက်ရမဲ့ အနာဂတ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Competencies တွေဆိုလည်း မမှားပါဘူး။ IQ ကောင်းတဲ့ကလေးတစ်ယောက်ဟာဆိုရင် Mathematics ပိုင်း၊ Analytical Thinking ပိုင်းကောင်းမွန်ကြပြီး၊ EQ ကောင်းတဲ့ ကလေးတစ်ယောက်ဟာ‌ဆိုရင် Emotion Control ပိုင်း၊ လူတွေနဲ့ ထိတွေ့ဆက်ဆံတဲ့အပိုင်းမှာ အားသာကြပါတယ်။

ဆိုတော့ ကလေးတစ်ယောက်ဟာ IQ ချည်းပဲ ကောင်းနေလို့မရသလို၊ EQ ချည်းပဲကောင်းနေလို့ မရပြန်ပါဘူး။

ကမ္ဘာနာမည်ကြီးခေါင်းဆောင်အတော်များများဟာဆိုရင် EQ ကောင်းသူတွေဖြစ်ကြပြီး၊ စွန့်ဦးတီထွင်သူအ‌တော်များများက IQ ကောင်းသူတွေဖြစ်ကြပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အအောင်မြင်ဆုံးလူများရဲ့ (၆၀%) ကျော်ခန့်ဟာဆိုရင် IQ ရော၊ EQ ပါ ကောင်းမွန်သူတွေဖြစ်ကြပါတယ်။

Peti Preschool မှာဆိုရင် ၂နှစ်ကနေ—၆နှစ်အထိ ကလေးများရဲ့ IQ, EQ မြင့်မားရေးကို အလေးထားသင်ကြားပေးနေလျက်ရှိပြီး—

👨‍🎓 ကလေးငယ် တစ်ဦးတစ်ယောက်ချင်းစီရဲ့ Multiple intelligences များကို ထုတ်ဖော်ပေးခြင်း၊

👩‍🎓 Montessori နည်းပညာနှင့် ဘက်စုံထူးချွန် သင်ကြားရေး နည်းစနစ်အသုံးပြုပေးခြင်း၊

👨‍🎓 အခြေခံ သင်ကြားနည်းစနစ်တွေနဲ့ သင်ကြားပေးခြင်း၊

👩‍🎓သင်ရိုးများအလိုက် သင်ထောက်ကူပစ္စည်းတွေနဲ့ အသုံးပြုသင်ကြားပေးခြင်း၊

—စတဲ့သင်ကြားမှုပုံစံတွေကိုအသုံးပြုပြီး စာသင်ခန်း သင်ထောက်ကူ၊ Facilities ပြည့်ဝစွာနဲ့ သင်ကြားပေးလျက်ရှိပါတယ်။

___

Peti Preschool နှင့်ပတ်သက်၍ အသေးစိတ် သိရှိလိုပါက -

💬 Page Chatbox မှတစ်ဆင့် ( သို့မဟုတ် )
အောက်ပါ လိပ်စာ၊ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်
09 450 50 66 10
09 450 50 66 20

📌 လိပ်စာ
အမှတ်. ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊ သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

19/05/2023

ဖေဖေမေမေတို့ ရွေးချယ်မှုမှန်ကန်မှ သားသားမီးမီးတို့အနာဂတ်စိတ်ချရမှာပေါ့...

အခုခေတ်မှာ မူကြိုကျောင်းတွေ ရွေးစရာတအားများလာပါပြီ...ဖေဖေမေမေတို့အနေနဲ့ ကိုယ့်သားသမီးရဲ့ပညာ‌ ရေးအတွက် အလေးထား‌ ရွေးချယ်မယ်ဆို

👶ဆရာမတွေက ကလေးချစ်တတ်လား
👶စိတ်ရှည်ဂရုစိုက်ရဲ့လား
👶အာဟာရပြည့်ဝတဲ့ နေ့လယ်စာကိုကျွေးမွေးရဲ့လား
👶ကလေးငယ်ရဲ့ ပညာရေးအတွက်သင်ကြား‌ ရေးကအဆင်ပြေရဲ့လား
👶ကျောင်းမှာကလေးရဲ့ ကျန်းမာရေးနဲ့ပတ်သတ်လို့ တစ်ခုခုကိစ္စရှိခဲ့ရင် ဘယ်လိုဖြေရှင်းပေးလဲ
👶International Language ဖြစ်တဲ့ English စကားပြောပြီးသင်မှာလား
ဒါတွေကိုကြည့်ဖို့လိုပါတယ်ရှင်...

ကလေးငယ်ဆိုတာ ‌ဖယောင်းလေးတွေလိုပါပဲ... လိုရာပုံသွင်းလို့ရပါတယ်...သူတို့လေးတွေက စူးစမ်းလေ့လာလိုစိတ်တအားများပြီး သူတို့အတွက်အရာရာဟာ စိတ်ဝင်စားစရာ ဖြစ်နေတတ်ပါတယ်...
ဒီအချက်ကို Peti Preschool ကနားလည်သဘောပေါက်တာမို့ စာသင်ကြားရေးကို သူတို့လေးတွေအတွက် စာသင်နေတယ်မထင်ရဘဲ ပျော်ပျော်ရွှင်ရွှင် အဖွဲ့လိုက်လုပ်ဆောင်မှုလေးတွေနဲ့ စိတ်ဝင်စားစရာဖြစ်အောင် သင်ကြားတဲ့နည်းနဲ့ ဘာသာရပ်ဆရာမတွေက သင်ကြားသွားမှာဖြစ်ပါတယ်ရှင်...

English စကားပြောပြီးသင်ကြားတာဖြစ်လို့ ငယ်စဉ်ကတည်းက အင်္ဂလိပ်လို ပြောတတ်‌ စေချင်တဲ့ မိဘတွေအတွက် ထည့်သွင်းစဉ်းစားစရာတစ်ချက်ပါပဲနော်...

ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုအတွက်အလေးထားတာမို့ နေ့လယ်စာကိုလည်း သူတို့လေးတွေနဲ့ သင့်တော်မယ့်အာဟာရတွေကို စာရင်းဇယားနဲ့ Menu ထုတ်ပြီး ကျန်းမာရေးနဲ့ညီညွတ်အောင် ချက်ပြုတ်ကျွေးမွေးပါတယ်နော်...

ဒါ့ပြင် Toilet သွားတာကအစ သေချာဂရုစိုက်ပေးတာမို့ မိဘတွေအနေနဲ့ စိတ်ပူစရာမလိုဘဲ စိတ်ချလက်ချ မိမိတို့ရဲ့ ရင်သွေးလေးတွေကို အပ်နှံခဲ့လို့ရပါတယ်ဆိုတဲ့အကြောင်း ထပ်လောင်းပြောပြချင်ပါသေးတယ်✨

ရင်သွေးငယ်တို့ရဲ့အနာဂတ်အတွက် Peti Preschool ကိုရွေးချယ်ဖို့
ဆုံးဖြတ်ပြီးပြီဆိုရင်တော့

➡ လိပ်စာ
🔴 အမှတ် ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
🔵ဆက်သွယ်ရန် ဖုန်းနံပါတ်
☎၀၉ ၄၅၀ ၅၀ ၆၆ ၁၀
☎၀၉ ၄၅၀ ၅၀ ၆၆၂၀
🛑Email: [email protected] ကိုလာရောက်ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင်...

03/05/2023

🙏ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့မှာ စိတ်ချမ်းသာကိုယ်ကျန်းမာပြီး လိုရာဆန္ဒတွေပြည့်စုံကြပါစေလို့
Peti မှဆုတောင်းပေးလိုက်ပါတယ် 🌸

01/05/2023

မေလ (၁) ရက်နေ့တွင်ကျရောက်သော အလုပ်သမားနေ့မှသည် လုပ်သားပြည်သူများအားလုံး ကျန်းမာ၊ချမ်းသာပြီး
ကြိုးစားမှုတွေအရာထင်ပါစေကြောင်း Peti မိသားစုမှဆုမွန်ကောင်းတောင်းရင်း အလုပ်သမားနေ့အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

17/04/2023

နှစ်သစ်ဆုတောင်းလွှာ ♥️

နှစ်ဟောင်းကို စွန့်လို့ နှစ်သစ်ကို ကူးပြောင်းမဲ့ အချိန်ကာလမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့အတူ စီးပွလာဘ်လာဘများ တိုးတက်ကြီးပွားပါစေကြောင်း Peti Pre-School မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 😇

#သင်္ကြန်နှစ်သစ်ဆုတောင်း

29/03/2023

Peti Preschool အနှံ့ လျောက်လည်ကြမယ်
ဒီနေ့မှာတော့ Peti Preschool ရဲ့ ကျောင်းဝန်းအတွင်းကို video လေးနဲ့ အလည်ခေါ်သွားမှာဖြစ်ပါတယ်။
🚌🚌🚌🚌🚌🚌🚌🚌🚌🚌🚌🚌🚌🚌🚌

✅ သားသား၊မီးမီးတို့ ကျောင်းထဲကို စဝင်လိုက်ပြီဆိုတာနဲ့ outdoor playground လေးကိုတွေ့ရမှာပါ။🛝🛝🛝

✅ကျောင်းစတက်ချိန် မနက်၈နာရီရောက်ပြီဆိုတာနဲ့ outdoor activities လေးတွေလုပ်ရင်း ကစားကွင်းထဲမှာ ကစားလို့ရပါပြီ။ 🛵🛵🛵

✅သားသား၊မီးမီးတို့ ကစားနေချိန်မှာလည်း ဘေးကနေ ဆရာတွေက အချိန်ပြည့် စောင့်ကြည့်နေတာမို့ မေမေတို့အနေနဲ့ စိတ်ပူစရာမလိုတော့ပါဘူး။

✅ပြီးရင်တော့ စာသင်ချိန်ရောက်ပါပြီ။ 👩‍🏫👩‍🏫👩‍🏫
စာသင်တဲ့အချိန်မှာလည်း ကစားနည်းလေးတွေနဲ့ တွဲဖက်သင်ကြားပေးပြီး၊ သားသား၊မီးမီးတို့ လက်ချောင်းလေးတွေသန်မာစေဖို့ ဦးနှောက်မှတ်ဥာဏ်တိုးတက်စေဖို့ အတွက် လေ့ကျင့်တဲ့ကစားနည်းလေးတွေကို စာသင်ခန်းပြင်ပ play corner လေးတွေသွားပြီးတော့ ကစားဖို့စီစဉ်ပေးထားပါသေးတယ်။

✅စာသင်ခန်းတစ်ခန်းမှာ ကျောင်းသား အများဆုံး (၁၀) ယောက်သာ လက်ခံပြီး အခန်းတိုင်းမှာ အတန်းပိုင်ဆရာမနဲ့ လက်ထောက်ဆရာမ နှစ်ဦးစီ ရှိတာမို့ သားသား၊မီးမီး တစ်ယောက်ချင်းစီကို အပြည့်အဝ အာရုံစိုက်ပေးနိုင်မှာ ဖြစ်ပါတယ်။

✅ထမင်းစားချိန်မှာလည်း အခန်းထဲမှာ သားသား၊မီးမီး ၂ယောက်ဆီကို ဆရာမ ၁ယောက်ကျ ဘေးကနေ ထမင်းခွံ့ကျွေးပြီး ဂရုစိုက်ပေးတာကြောင့် ကိုယ်တိုင် ထမင်းမစားတတ်သေးတဲ့ သားသား၊မီးမီး တွေအတွက် လည်းအဆင်ပြေစေမှာပါ။

✅ သားသား၊မီးမီးတို့အတွက် potty train ပါလုပ်ပေးတာမို့ အိမ်သာမသွားတတ်လို့ အောင့်ထားပြီး ဆီး၊ဝမ်းချုပ်ပြီး နေမကောင်းဖြစ်မှာ စိုးရိမ်စရာမလိုတော့ပါဘူး။🥰🥰🥰

✅ဒါ့အပြင် သားသား၊မီးမီး တို့ လုံခြုံရေးအတွက် အခန်းတိုင်းမှာ CCTV တပ်ထားတာမို့ လုံခြုံရေးအတွက် ဖေဖေ၊မေမေ တို့စိတ်ပူစရာမလိုပဲ စိတ်ချလက်ချ ထားခဲ့နိုင်ပြီ ပေါ့ရှင်။🤩🤩🤩

ခုလိုမျိုးစာလေးနဲ့ virtual tour လေ့လာရတာ အားမရလို့ အပြင်မှာ လာရောက်လေ့လာချင်တယ်ဆိုရင်တော့
ဖုန်းနံပါတ်
☎၀၉ ၄၅၀ ၅၀ ၆၆ ၁၀
☎၀၉ ၄၅၀ ၅၀ ၆၆၂၀ကို ဆက်သွယ်ပြီးတော့ သွားရောက်လေ့လာနိုင်ပါတယ်။
🚌လိပ်စာလေးကတော့
အမှတ် ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
📬Email: [email protected]
ကိုလည်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။

20/03/2023

မိတ်ဆွေတို့ရဲ့ ရင်သွေးငယ်သားသားမီးမီးလေးတွေ မိဘရင်ခွင်နှင့်ခနတာခွဲပြီး ဘဝရေရှေ့ရေး ကောင်းမွန်တဲ့လမ်းလေးလျှောက်နိုင်ဖို့အတွက် မူကြိုထားနေပြီလား ❓

ဒီလို ကျောင်းတက်တဲ့အခါ မလွဲမသွေကြုံတွေ့ရတဲ့ အခက်အခဲတစ်ခုက မိဘနဲ့မခွဲချင်ဘဲ ကျောင်းမသွားချင်တာဖြစ်မှာနော် ၊ မိတ်ဆွေရဲ့ သားသားမီးမီးလေးရော အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်နေတယ့် ကျောင်းပျော် ဖြစ်နေပြီလား ၊ ဒါမှမဟုတ် မိဘအနားပဲ ကပ်ချွဲနေတုန်းလားဆိုတာကို Comment မှာ ပြောပြပြီး ဘယ်လိုလေးတွေချော့ပြီ ပို့ရလဲဆိုတာကို Comment မှာ ဝင်ရောက်ဆွေးနွေးမျှဝေခဲ့ကြပါဦးနော် 👀...

➡ လိပ်စာ
🔴 အမှတ် ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
🔵ဆက်သွယ်ရန် ဖုံးနံပါတ်
☎၀၉ ၄၅၀ ၅၀ ၆၆ ၁၀
☎၀၉ ၄၅၀ ၅၀ ၆၆၂၀
🛑Email: [email protected]

10/03/2023

ကလေးတို့အနာဂတ်ကို လှပစေချင်ကြတာ မိဘတိုင်းရဲ့ ဆန္ဒတစ်ခုပါပဲ ✨👩🏻‍🎓

ကလေးငယ်တို့ရဲ့ အနာဂတ်လှပဖို့အတွက်ဆိုရင် အချိန်နဲ့အမျှတိုးတက်ပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ပညာရေးကိုသေချာရွေးချယ်တတ်ဖို့လည်း လိုတာပေါ့ 💁🏻‍♀️

လှပတဲ့အနာဂတ်တွေကို မိဘတွေနဲ့ထပ်တူ ထုဆစ်ပုံဖော်ပေးဖို့ Peti Preschool ရှိနေပါပြီ 👩🏻‍🎓👩🏻‍🎓

Peti Preschool မှာ ကလေးငယ်များအတွက် -

✅၂နှစ်ကနေ ၆နှစ်အထိ ကလေးငယ် တစ်ဦးတစ်ယောက်ချင်းစီရဲ့ Multiple intelligences များကို ထုတ်ဖော်ပေးပြီး Montessori နည်းပညာနှင့် ဘက်စုံထူးချွန် သင်ကြားရေးစနစ် အသုံးပြုပေးခြင်း

✅အခြေခံ သင်ကြားနည်းစနစ်တွေနဲ့ သင်ကြားပေးခြင်း

✅သန့်ရှင်း သပ်ရပ်လေဝင်လေထွက်ကောင်းတဲ့ စာသင်ခန်းတွေ ရှိခြင်း

✅သင်ရိုးများအလိုက် သင်ထောက်ကူပစ္စည်းတွေနဲ့ အသုံးပြုသင်ကြားပေးခြင်း

✅Foreign Language များ သင်ကြားပေးခြင်း

✅Indoor , Outdoor Playground များ၊ 100% Safety Security CCTV ၊ Air-Con များနဲ့ စနစ်တကျ ဖွဲ့စည်းထားခြင်း

✅အသက် (၂) နှစ်မှ (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးစီတိုင်းကို ECCD လက်မှတ်ရ အရည်အချင်းပြည့်ဝ ဆရာမများမှ International Standard နဲ့အညီ ပျိုးထောင်ပေးသွားမှာဖြစ်ခြင်း

အနုပညာ ဂီတပိုင်းဆိုင်ရာ စိတ်ကူးစိတ်သန်းများ ဖော်ထုတ်ပေးသွားမယ့် Music and Art ဘာသာရပ်တွေအပြင် …

✨English
✨Math
✨Music
✨Circle Time
✨Dance
✨Yoga
✨Myanmar
✨Science
✨Kids Cookery
✨Story
✨Moral
✨Art and Craft
✨Phonics စတဲ့ဘာသာရပ်တွေကို သင်ကြားပေးဦးမှာပါ။ ✨💁🏻‍♀️

ဒါ့ကြောင့် ကလေးတို့ရဲ့ အနာဂတ် ထွန်းလင်းတောက်ပဖို့ Peti Preschool နဲ့အခုပဲ လက်တွဲလိုက်ပါ။ ✨

THE BEST FUTURE STARTS HERE !

အသေးစိတ် သိရှိလိုပါက -

💬 Page Chatbox မှတစ်ဆင့် ( သို့မဟုတ် )
အောက်ပါ လိပ်စာ၊ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်
09 450 50 66 10
09 450 50 66 20

📌 လိပ်စာ
အမှတ်. ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊ သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

07/03/2023

သားသားက ခုခေတ်ကလေးတွေနဲ့ မတူဘူး ❕
ယဉ်ကျေးတယ် ၊ ထက်မြတ်တယ် ၊ ထူးချွန်တယ်နော် သားသားကိုကြည့်ပြိး ကျွန်မသားငယ်လေးကိုလည်း ခုလိုလေးဖြစ်စေချင်လိုက်တာ 🥰

သားသားကိုငယ်ငယ်ကတည်းက ပတ်ဝန်းကျင်ကို သေချာရွေးချယ်ပြီး အတုယူသင့် အတုမယူသင့်တာတွေကို သေချာသိအောင် လေ့ကျင့်ပေးထားရတာပါပဲရှင် …

👶ဒါပေမယ့် ကလေးတွေမှာ သဘာဝအရ သွေးသားဗီဇအရ ပါလာတဲ့ မပြောင်းလဲတဲ့ ကိစ္စရပ်တွေရှိပါတယ် ။

🦅ကျွန်မတို့ငယ်ငယ်ကသင်ဖူးတဲ့ ကျေးညီနောင် လိုပါပဲရှင် ။ ကိုယ်ပြုစုပျိုးထောင်ပေးတဲ့ ပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ အပြုအမူတွေက အများကြီးဆိုင်ပါတယ် ။

👶ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှု မွေးစမှ ၆နှစ်အတွင်းမှာ သူတို့လေးတွေကို ကြင်နာမှု ၊ ယုယမှု ၊ ထွေးပွေ့မှု ၊ ချစ်ခြင်းမေတ္တာတွေကို သေချာသာပေးမယ်ဆိုရင်

🍀မိမိကိုယ်ကို ယုံကြည်မှုရှိခြင်း၊ထက်မြတ်ခြင်း ၊
အလေ့အကျင့်ကောင်းများရှိခြင်းကိုဖြစ်စေပါတယ် ။

👶ကလေးတစ်ယောက်ကို အလေ့အကျင့်ကောင်းများ
နဲ့လူကောင်းတစ်ယောက် ထူးချွန်ထက်မြတ်တဲ့သူ
တစ်ယောက်ဖြစ်စေချင်တယ်ဆိုရင်တော့ မွေးစမှ ၆နှစ်အတွင်း သေချာနွေးထွေးပေးဖို့လိုအပ်ပါတယ် ။

ကလေးတွေနဲ့ပတ်သက်ပြီး မိဘတွေအတွက် သိထားသင့်တာလေးတွေကို နောက်လည်းတင်ပေးသွားဖို့ရှိလို့
Peri Preschool ကို like လေးလုပ်ထားပါအုံးနော် 🍀

🏡လိပ်စာ
အမှတ် ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ဖုန်းနံပါတ်
☎၀၉ ၄၅၀ ၅၀ ၆၆ ၁၀
☎၀၉ ၄၅၀ ၅၀ ၆၆၂၀

📬Email: [email protected]

05/03/2023

ယနေ့ မတ်လ ၅ ရက်နေ့၌ ကျရောက်သော တပေါင်းလပြည့်နေ့မှာ တိုင်းသူပြည်သားများအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်စုံနိုင်ပါစေကြောင်း Peti Pre-school မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် 🙏

02/03/2023

ယနေ့ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူလယ်သမားနေ့အား Peti Pre-school မိသားစု မှ ၀မ်းမြောက်၀မ်းသာ ဂုဏ်ပြုကြိုဆိုပါတယ် ✨

တောင်သူဦးကြီးများရဲ့ စိုက်ပျိုးရေးအပေါ် ပေးအပ်ထားတဲ့ သွေးချွေးများကို လေးစားသောအားဖြင့် တောင်သူလယ်သမားများအားလုံး ကျန်းမာချမ်းသာ၍ စိုက်ပျိုးသီးနှံများ ဒီ့ထပ်ပိုပြီး အထွက်တိုးပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ရပါတယ်ခင်ဗျာ ♥️

20/02/2023

👨‍👩‍👧‍👦ဒီနေ့မှာတော့ ကျောင်းမသွားချင်တဲ့ငပျင်းလေးတွေ ကျောင်းကိုနေ့တိုင်းသွားချင်နေစေမယ့် လျှို့ဝှက်ချက်ကို မေမေ၊ဖေဖေတို့သိအောင် ပြောပြပေးသွားမှာပဲဖြစ်ပါတယ် ။ 🙆🏼‍♀️

ကလေးတွေ ကျောင်းနေ့တိုင်းသွားနေဖို့ဆိုရင် ဒီလျှို့ဝှက်ချက်တွေကို သိထားမှဖြစ်မယ်နော် ။ 👇🏻👇🏻

💁🏻‍♀️စိတ်ရှည်ပြီး ကလေးတွေနဲ့ ရင်းနှီးပျော်ရွှင်စွာ ဆော့ကစားပေးတတ်တဲ့ ဆရာ၊ဆရာမတွေရှိခြင်း
💁🏻‍♀️Lunch time မှာ အတူတူစားပေးတာမျိုး၊ ဂရုစိုက်ပေးခြင်း
💁🏻‍♀️ဘာသာရပ်တစ်ခုစီတိုင်းမှာ နားလည်လွယ်အောင် သင်ကြားပေးခြင်း
💁🏻‍♀️Indoor/outdoor ကစားကွင်းရှိခြင်း
💁🏻‍♀️စိတ်လှုပ်ရှားစရာ activities ေတွေ နေ့စဥ်လုပ်ပေးခြင်း စတဲ့ ပျော်စရာကောင်းတဲ့ အစီအစဥ်လေးတွေ လုပ်ပေးနေမယ်ဆိုရင်တော့ ကျောင်းနေပျော်တဲ့ကလေးလေးတွေ ဖြစ်စေမှာ အမှန်ပါပဲနော် ✅✅

ဒါပေမယ့် ဒီ လျှို့ဝှက်ချက်တွေနဲ့ ပြီးပြည့်စုံတဲ့ကျောင်းကို ဘယ်လိုရှာဖွေစုံစမ်းရမလဲဆိုတဲ့ မေးခွန်းတွေရှိနေပါတယ်။

ဒီအတွက် စိတ်မပူပါနဲ့နော် 🤗
Peti Preschool မှာဆိုရင် အခုပြောပြသွားတဲ့အချက်တွေနဲ့ ပြည့်စုံတဲ့အပြင် International အဆင့်မီ Preschool ဖြစ်တာကြောင့် English ဘာသာစကားကိုလည်း နေ့စဥ် ထမင်းစားရေသောက်လို ပြောတတ်နေမှာဖြစ်ပါတယ် 😎

ဒါ့အပြင် ကျောင်းရဲ့ နေရာတိုင်းမှာ CCTVတပ်ဆင်ထားတာကြောင့် လုံခြုံစိတ်ချရပြီး ကျောင်းဝင်းအတွင်း အန္တရာယ်ကင်းနေဖို့ 100% စိတ်ချနိုင်တာကြောင့် သင့်ကလေးလေးတွေ နေ့တိုင်းကျောင်းသွားချင်နေဖို့အတွက် လုံခြုံစိတ်ချရဲ့ Pe Ti Preschool က အသင့်ရှိနေပါတယ်။💯

ကျောင်းနေပျော်တဲ့ ကလေးလေးတွေဖြစ်စေဖို့ Pe Ti Preschool မှာ ကျောင်းအပ်ထားကြပါစို့နော် ...💙

🏠 အမှတ် ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။
ဆက်သွယ်ရန် ဖုန်းနံပါတ်
☎၀၉ ၄၅၀ ၅၀ ၆၆ ၁၀
☎၀၉ ၄၅၀ ၅၀ ၆၆၂၀
📧 Email: [email protected]

Photos from Peti Preschool's post 26/01/2023

Land Transportation Activities 🚌🚌

25/01/2023

ကိုယ့်ရဲ့ ရင်သွေးငယ် သားသား၊မီးမီးတို့ အနာဂတ်ခရီးလမ်းမှာ တောက်ပတယ့်နေ့ရက်တွေ ပိုင်ဆိုင်နိုင်ဖို့အတွက် အကောင်းဆုံးနည်းစနစ်တွေနဲ့ ပြုစုပျိုးထောင်သင်ကြားပေးနေတဲ့ Pre-school မှာသာ အပ်နှံချင်ကြတာပါ..🌟

Peti ဆိုတာ ရင်သွေးငယ်တိုင်းအတွက် ကာယ၊ ဉာဏ နှစ်မျိုးပေါင်း ထွန်းတောက်စေဖို့ စနစ်တကျ ပျိုးထောင်ပေးမယ့် အကောင်းဆုံး Pre-school တွေထဲက တစ်ခုဖြစ်ပါတယ် ✅

ဒီလိုနေရာကောင်းတစ်ခုရဲ့ တည်နေရာကိုအမေးလည်းများ ၊ ရှာဖွေရလွယ်အောင် လိပ်စာနဲ့တကွ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်၊ email တို့ကိုပါ ဖော်ပြပေးလိုက်ရပါတယ်နော် 🤗...

🏡လိပ်စာ
အမှတ် ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ဖုန်းနံပါတ်
☎၀၉ ၄၅၀ ၅၀ ၆၆ ၁၀
☎၀၉ ၄၅၀ ၅၀ ၆၆၂၀

📬Email: [email protected]

19/01/2023

🌟 ကလေးငယ်များရဲ့ အနာဂတ်တောက်ပမှုကို Peti Preschool နဲ့အတူ စတင်လိုက်ပါ

ဦးနှောက်ဖွံ့ဖြိုးနေစဉ် မှတ်ယူနိုင်စွမ်းအားနဲ့ ပုံဖော်မှုများ မြှင့်တင်နေချိန်မှာ နည်းလမ်းအမှားတွေနဲ့ သင်ယူလိုက်မယ်ဆိုရင် အတန်းကြီးလာတဲ့အခါ အခက်အခဲများစွာ တွေ့နိုင်မှာပါ
အသက် (၂) နှစ်မှ (၆) နှစ်အရွယ် ကလေးငယ်တစ်ဦးချင်းစီတိုင်းအတွက် သားသားမီးမီးတို့၏စွမ်းရည်များကို ဖော်ထုတ်ပေးပြီးဘက်စုံထူးချွန်အောင် သင်ကြားပေးနေပါသည်ရှင်။ECCD လက်မှတ်ရ အတွေ့အကြုံရှိ အရည်အချင်းပြည့်ဝ ဆရာမများမှ International Standard နဲ့အညီ ပျိုးထောင်သင်ကြားပေးနေပါတယ်

📌 နိုင်ငံတကာသင်ရိုးနှင့် စနစ်ကျကျ သင်ကြားသော ဘာသာရပ်များ၊

📌 ဘာသာစကားစွမ်းရည်များအတွက် English စာ အခြေခံမှစ သင်ကြားရေးစနစ်၊

📌 ကိုယ်ရည်ကိုယ်သွေး ထက်မြက်စေရန်အတွက် ပြုမူသည့် အမူအကျင့် စတဲ့ အခြေခံခိုင်ခံ့ရပ်တည်နိုင်ပြီး ထူးချွန်ပြောင်မြောက်သော ရင်သွေးငယ်လေးများဖြစ်စေရန် သင်ကြားပြသပေးနေလျက်ပါ

🌟 ဒါကြောင့် မိဘများရဲ့ သားသားမီးမီးများအတွက် ပညာရေး အနာဂတ်ခရီးလမ်းများ တောက်ပစေရန် Peti Preschool နဲ့အတူ အထူး ယုံကြည်စွာ လက်တွဲလိုက်ပါ 🌟

THE BEST FUTURE STARTS HERE ❕

အသေးစိတ် သိရှိလိုပါက -

💬 Page Chatbox မှတစ်ဆင့် ( သို့မဟုတ် )
အောက်ပါ လိပ်စာ၊ ဖုန်းနံပါတ်များအတိုင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်

☎️ ဆက်သွယ်ရန် ဖုန်းနံပါတ်
09 450 50 66 10
09 450 50 66 20

📌 လိပ်စာ
အမှတ်. ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊ သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Photos from Peti Preschool's post 13/01/2023

🎵🎵🎵

09/01/2023

ကမ္ဘာပေါ်ရှိ မိဘတိုင်းဟာ ကိုယ်ရဲ့ရင်သွေးငယ် သားသား ၊ မီးမီးတွေကို ကောင်းမွန်တဲ့အနာဂတ် ၊ လှပတဲ့နေ့ရက်တွေကို ပိုင်ဆိုင်စေလိုတဲ့ မေတ္တာတွေရှိတာ အသေအချာပါ 👨‍👩‍👧‍👦💕

ဒါကြောင့်လည်း ငယ်စဉ်ကတည်းက အကောင်းဆုံးတွေကိုပဲ သွန်သင်ဖန်တီးပေးပြီး ၊ နောင်ရေးမှာ စိတ်အေးနိုင်ဖို့အတွက် Preschool ကောင်းကောင်းတွေကို ရွေးချယ်အပ်နှံတတ်ကြပါတယ် 😊

အကောင်းဆုံး Preschool တွေထဲတစ်ခုဖြစ်တဲ့ Peti မှာဆို မိတ်ဆွေတို့ရဲ့ ကလေးငယ်တွေအတွက် စာပေဗဟုသုတတွေမှာ တော်ရုံသာမက ၊ လူမှုဆက်ဆံရေးပိုင်းမှာ ကောင်းမွန်အောင် ကျွမ်းကျင် ဆရာ/ဆရာမများက အကောင်းဆုံးနည်းစနစ်တွေနဲ့ သင်ကြားပြသပေးနေပါတယ်✨

ဒါတင်ပဲလားဆိုတော့.. မိဘရင်ခွင်နှင့်မခြား သေချာပြုစုစောင့်ရှောက်ပေးမယ့် စိတ်စေတနာအရင်းခံလေးပါ ထပ်ပေါင်းပေးထားတော့ ""ရင်သွေးငယ်ရော မိဘတွေအတွက်ပါ စိတ်ချယုံကြည်အားထားရာ Peti ကိုသာ လက်တွဲထားပါ "" ဆိုတဲ့ စကားလေး ဖြစ်တည်လာတာပေါ့💯...

🏠 အမှတ် ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

ဆက်သွယ်ရန် ဖုံးနံပါတ်

☎၀၉ ၄၅၀ ၅၀ ၆၆ ၁၀
☎၀၉ ၄၅၀ ၅၀ ၆၆၂၀

📧 Email: [email protected]

Photos from Peti Preschool's post 05/01/2023

🧘

31/12/2022

✨ချစ်ရခင်ရတဲ့ မိတ်ဆွေသစ်၊ မိတ်ဆွေဟောင်းများအားလုံး နှစ်သစ်အခါသမယမှာ ဘေးရန်ကင်းကွာပြီး အလုပ်အကိုင်များ စီးပွါးလာဘ်လာဘများ ဒီရေအလားတိုးတက်ကြပါစေလို့ Peti Pre School မှဆုမွန်ကောင်း တောင်းလိုက်ပါတယ်နော် .. 🎊

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ကလေးတွေဟာ လုံခြုံမှုရှိတဲ့အရပ်မှာ လွတ်လွတ်လပ်လပ်ပျော်နေသင့်တာပေါ့...အပူအပင်မရှိ နွေးထွေးတဲ့ရပ်ဝန်းမှာ အမြဲပျော်နေတာ Peti...
မိတ်ဆွေရဲ့ ကလေးငယ်လေး နောင်ရေးမှာ စိတ်အေးနိုင်ဖို့ဆို ဘဝရဲ့သင်ယူစရာတွေရဲ့အစဖြစ်တဲ့ မူကြိုကျောင်းကောင်းကောင်းကို ရွေးချယ်...
Peti Preschool အနှံ့ လျောက်လည်ကြမယ်ဒီနေ့မှာတော့ Peti Preschool ရဲ့ ကျောင်းဝန်းအတွင်းကို video လေးနဲ့ အလည်ခေါ်သွားမှာဖြစ်...
🌟 ကလေးငယ်များရဲ့ အနာဂတ်တောက်ပမှုကို Peti Preschool နဲ့အတူ စတင်လိုက်ပါဦးနှောက်ဖွံ့ဖြိုးနေစဉ် မှတ်ယူနိုင်စွမ်းအားနဲ့ ပုံဖေ...
We Wish You A Merry Christmas 🎵🎶🎵🎶🎵
🎉🎉Happy Birthday 🎉🎉December Borns
Happy birthday TU TU🎂🎉 Hope your birthday is filled with happiness and blessings surrounded by family and friends
I see with my 👀I can smell with my 👃#petipreschool #prekindergarten

Category

Website

Address


အမှတ်. ၉၀၁၊ ငါးမာန်အောင်ဘုရားလမ်း၊ သစ္စာတံတားအနီး၊ ၃၃ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်
Yangon
11191

Other Preschools in Yangon (show all)
Scarlet Preschool & Learning Academy Scarlet Preschool & Learning Academy
No. 77, ThdarYone Street, 2 North Quarter, Thaketa Tsp
Yangon

Wisdom School Shwe Pyi Thar Wisdom School Shwe Pyi Thar
အမှတ်(၄၃၅)/ပန်းခြံစု(၄)လမ်း/၂၄ရပ်ကွက်/ရွှေပြည်သာမြို့နယ်
Yangon

Baton International Baton International
No. 151, Yarza Dirit Lane, 14/5 Ward, Shwe Paukkan, North Okkalapa Township
Yangon, 11032

Lay the foundation for future success

Universe Pre-School Universe Pre-School
51/A Thayawaddy Road, Sayarsan Ward , Bahan Township
Yangon

Early Childhood Care and Development Service

Laugh and Learn Preschool Laugh and Learn Preschool
Thida Street
Yangon, 11101

Baby Star Preschool Baby Star Preschool
မြို့မငြိမ်းလမ်းမကြီး
Yangon

Nursery & Preschool

Petals pre.school Petals pre.school
အမှတ် 7/သီရီမဂ်လာလမ်း (သုခမှတ်တိုင်နီး)
Yangon

Welcome�

Myat Mon preschool Myat Mon preschool
Sabal Street, 47Ward, North Dagon
Yangon

Shine Khant Shine Khant
Yangon

Shine Khant

Rainbow Pre-School Rainbow Pre-School
No. 467, 50 QTR, Sein Pann Myaing Street, North Dagon TSP
Yangon

Play, Learn and Grow Together

Htoo Aung Kaung pre school Htoo Aung Kaung pre school
Yangon

teacher soesoe-09254322559

YLEC YLEC
25, Thiri Street , Sanchaung
Yangon

Physical and mental are fully secure in preschool.