Say-Ku

Say-Ku

You may also like

Donnishness Quahaugs
Donnishness Quahaugs

Stay tuned!!

We are creating an android-based mobile application (Say-Ku) to deliver promising healthcare advice without any barriers to all patients with fever residing across the country.

29/01/2023

ဆေးကု-လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့တဲ့ မိသားစုကျန်မာရေး ဆောင်းပါးတွေဟာ အခုဆိုရင် စာဖတ်သူတွေရဲ့ အားပေးမှုကြောင့် စာအုပ်အနေနဲ့ ဖတ်ရှုရတော့မှာပဲဖြစ်ပါတယ်။ 📖 😃

ဓူဝံစာအုပ်တိုက်ကနေ လာမည့် ဖေဖော်ဝါရီလ (၅)ရက် နေ့မှာ ထွက်ရှိလာတော့မည့် ဒေါက်တာလင်းစံ (Say-Ku) ရေးသားတဲ့ “မိသားစုတိုင်းအတွက် ကျန်းမာရေး - ဆောင်းပါးများ (၁)” မှာ

၁။ မကူးစက်တတ်သော ရောဂါများ 😮‍💨
၂။ အရိုးအကြောဝေဒနာများ 🦴
၃။ မသိမဖြစ်ကျန်းမာရေး ❤️
၄။ ကူးစက်ရောဂါများ 🦠

စတဲ့ အဖြစ်များတဲ့ ဝေဒနာများအကြောင်းနဲ့ အိမ်တွင်းကုသပုံ၊ ဆောင်ရန်ရှောင်ရန်များအတွက် ဆေးမီးတိုများအနေနဲ့မဟုတ်ပဲ ခေတ်မှီသိပ္ပံနည်းကျအကြံပြုချက်တွေ၊ ကိုယ့် မိသားစုဆရာဝန်ကဲ့သို့ ရှင်းပြထားတာတွေကို ဆောင်းပါး (၂၆) ပုဒ်အနေနဲ့ စိတ်ဝင်တစားဖတ်ရှုရမှာပါ။ 👩‍⚕️ 👨‍⚕️

နည်းပညာများနဲ့ အကျွမ်းတဝင်နည်းတဲ့ လူလတ်လူကြီးများနဲ့၊ ဖုန်းစခရင်အချိန် လျှော့ချင်လို့ စက္ကူစာအုပ် ကိုင်ပြီးဖတ်ရမှ အားရတတ်တဲ့ စာဖတ်သူတိုင်းအတွက် ဒီစာအုပ်က မိသားစုကျန်းမာရေးလက်စွဲစာအုပ်ဖြစ်လာမှာအသေအချာပါပဲ။ 📚

ကဲဒီလိုဆို ဆေးကု-လူမှုကွန်ယက်စာမျက်နှာက ကျန်းမာရေးဆောင်းပါးများကို ဆက်လက်စောင့်ဆိုင်းဖတ်ရှုရင်းက
ဖေဖော်ဝါရီလ (၅)ရက် တနင်္ဂနွေနေ့ မှာ ရှော့ပင်းစျေးဝယ်ထွက်ရင်းလည်း အိမ်တွင်းကျန်းမာရေးအတွက် ဒီစာအုပ်လေး ဝယ်ခဲ့ကြအုံးစို့ရဲ့။ 🛒 📕 😃

**မန္တလေးတွင် ရနိုင်သော စာပေတိုက်များ**
- စိတ်ကူးချိုချိုစာပေ
- နဂါးစာပေ

*နေပြည်တော် တွင်ရနိုင်သော စာပေတိုက်များ**
- အက္ခရာစာပေ

**ရန်ကုန်တွင် ရနိုင်သော စာပေတိုက်များ**
- စာပေလောက(၂)
- စာပေနန်းတော်
- စာပေလောကလှည်းတန်း၊
- ကိုလတ်
- စောဦး
- အင်းဝပန်းဆိုးတန်း၊
- အင်းဝလှည်းတန်း၊
- အင်းဝမြန်မာပလာဇာ၊
- အင်းဝ(Time City )
- အင်းဝ(Terminal)
- ရာပြည့်(ပန်းဆိုးတန်း)
- ကိုထွန်း(၃၆)လမ်း၊
- ငါတို့စာပေ၊
- အပါးတောမြဲစာပေ တို့မှာ ၆-၂-၂၀၂၃တွင်ရောက်ပါပြီ။

08/12/2022

ခုခံအား စီဒီဖိုး နဲ့ အိတ်ချ်အိုင်ဗွီ ပိုးကောင်ရေ (သို့) ဂဏန်းတွေပြောသောစကားများ

ဆောင်းပါး (၂)

(င) စီဒီဖိုးနဲ့ ပိုးကောင်ရေ
စီဒီဖိုးအရေအတွက်နဲ့ ပိုးကောင်ရေ အရေအတွက်က အမြဲတမ်းကြီးချိန်ကိုက်တွက်ဆလို့ မရတာကို သတိချပ်သင့်ပါတယ်။ ဟိုးယခင်တုန်းကတော့ အိတ်ချ်အိုင်ဗိုင်ကုကြတဲ့ ဆရာဝန်တွေက စီဒီဖိုးအရေအတွက် အနည်းအများ ကိုကြည့်ပြီး အေအာတီ စ’ပေးတာမျိုးလုပ်ကြပေမယ့် အခု ခေတ်မှီကုထုံးတွေမှာ စီဒီဖိုးအရေအတွက်ကို ကြည့်စရာမလိုတော့ပဲ အေအာတီ စ’တင်ပေးတာမျိုးတွေကျင့်သုံးကြပါတယ်။ အခုကုထုံးတွေမှာ စီဒီဖိုးအရေအတွက်ကို လူနာရဲ့ ခုခံအားကြံ့ခိုင်မှုညွှန်းကိန်းတစ်ခုအနေနဲ့ သဘောထားကြပါတယ်။ အေအာတီ ကုသမှုရဲ့ ရည်မှန်းချက်က စီဒီဖိုးကို များနိုင်သမျှများစေပြီး ပိုးကောင်ရေကို သွေးထဲရှာမရတော့လောက်အောင် (သွေး ၁ မီလီလီတာ (တစ်စက်)မှာ ပိုးကောင်ရေ ၄၀-၇၅ ကော်ပီအောက်) ကျဆင်းတာကို ရည်ရွယ်ကြပါတယ်။ စီဒီဖိုး အရေအတွက်များနေခြင်းက ခုခံအားစနစ်ကျန်းမာကောင်းမွန်နေတာကို ဖြစ်ပြီး ပိုးကောင်ရေကျဆင်းနေခြင်းက အေအာတီဆေးအာနိသင်ကောင်းပြီး ဆေးတိုးနေတာဖြစ်ပါတယ်။

အိတ်ချ်အိုင်ဗွီပိုးက ကျန်းမာတဲ့စီဒီဖိုးခုခံအားဆဲလ်ထဲ ဝင်ရောက်ကာ ပိုးကောင်ရေ ကော်ပီအမြောက်အများပွားပြီး ခုခံအားဆဲလ်ကို သေဆုံးစေတာဖြစ်ပါတယ်။ ဒီအတိုင်းပိုးထိန်းဆေးမသောက်ပဲထားရင် စီဒီဖိုးအရေအတွက်တွေတစ်ဖြည်းဖြည်းနည်းလာပြီး ပိုးကောင်ရေတွေများလာမှာဖြစ်ပါတယ်။ အောက်ပါအကြောင်းခြင်းရာ (၃)ခုမှာက အိတ်ချ်အိုင်ဗွီပိုးရှိတဲ့ သူတစ်ယောက်မှာရှိတဲ့ စီဒီဖိုးရယ် ပိုးကောင်ရေရယ် အရေအတွက်က ပြောတဲ့ အဓိပ္ပါယ်တွေကိုဖော်ပြထားပါတယ်။

⁃ စီဒီဖိုး အရေအတွက် ၂၀၀ နှင့် ပိုးကောင်ရေ ၂၀၀ ကော်ပီနှင့်အထက် ဆိုလျှင် - ဆေးဝါးဆိုင်ရာ အကူညီအထောက်ပံ့များလိုအပ်နေပြီး အခွင့်ရေးယူ-အဆုတ်ရောင်ရောဂါ ကာကွယ်ဖို့အတွက် ကြိုတင်ကာကွယ်ဆေးတွေလဲသောက်သုံးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
⁃ စီဒီဖိုးအရေအတွက် ၃၀၀ မှ ၅၀၀ နှင့် ပိုးကောင်ရေ ၂၀၀ ကော်ပီအောက်ဆိုလျှင် - ဆရာဝန်က လူနာအားဆက်လက်စောင့်ကြည့်ရန်လိုအပ်နေပါသေးတယ်။
⁃ စီဒီဖိုးအရေအတွက် ၅၀၀ မှ ၁၅၀၀ နှင့် ပိုးကောင်ရေ ၇၅ မှ ၂၀ အောက် ဆိုလျှင် - လက်ခံနိုင်သော/ ကုသမှုအတွက် အောင်မြင်ကောင်းမွန်သောအခြေအနေအဖြစ် ဆက်လက်ထိန်းသိမ်းထားရန်ဖြစ်ပါတယ်။

(စ) ဘယ်လောက်တစ်ခါ စီဒီဖိုးကို စစ်သင့်တာ?

လမ်းညွှန်ချက်ပုံနှိတ်စာအုပ်တွေအရတော့ အိတ်ချ်အိုင်ဗွီပိုးရှိတဲ့သူတွေမှာ (၃)လ (သို့) (၆) လ တစ်ခါ စီဒီဖိုးအရေအတွက်ကို စစ်ဆေးဖို့လိုအပ်တယ်လို့ဆိုပါတယ်။ အောက်ပါအကြောင်းချက်တစ်ခုခုမှာဆိုရင်တော့ စီဒီဖိုးကို စစ်ဆေးဖို့ အကြိမ်အရေအတွက်က ဒီ့ထက်ခပ်စိပ်စိပ် လိုကောင်းလိုအပ်နိုင်ပါတယ်။
⁃ ပိုးထိန်းဆေး စတင်သောက်သုံးသည့်သူများ
⁃ အကြောင်းကြောင်းကြောင့် ပိုးထိန်းဆေး ပြောင်းသောက်ရမည့်သူများ
⁃ ပိုးကောင်ရေမထိန်းနိုင်အောင်များပြားနေသည့်အခြေအနေရှိသူများ

စီဒီဖိုးအရေအတွက် ထပ်မံစစ်ဆေးသင့်သော အချိန်
⁃ သွေးတွင်း ပိုးကောင်ရေရှာမတွေ့နိုင်တော့သောအခြေအနေ - စီဒီဖိုးကို (၃)လ မှ - (၆)လ တိုင်း တစ်ခါ
⁃ ပိုးထိန်းဆေးကို ခန္ဓာကိုယ်က တုံ့ပြန်ပြီး စီဒီဖိုးအရေအတွက် ကလည်း (၃၀၀) မှ (၅၀၀) အကြားကို (၂) နှစ်ကြာသည်အထိ မကျပဲ ထိန်းထားနိုင်သူများ - စီဒီဖိုးကို (၁၂) လတိုင်း တစ်ခါ စစ်ဆေးသင့်ပါသည်။
⁃ ပိုးကောင်ရေကို သွေးတွင်းရှာမတွေ့နိုင်သောအခြေအနေနှင့် စီဒီဖိုးအရေအတွက် (၅၀၀) ကျော်ကို (၂) နှစ် ကြာသည်အထိမကျပဲ ထိန်းထားနိုင်သူများ - ဆရာဝန်ညွှန်ကြားမှသာ ထပ်မံစစ်ဆေးစရာလိုတော့သည်။
ဘယ်လိုပဲမဆို ရောဂါပိုးရှိသူရဲ့ ကျန်းမာရေးအခြေအနေနှင့် ကုသမှုအခြေအနေတွေေပေါ်မှာမူတည်ပြီး လိုအပ်သလို ညွှန်ကြားလာမယ့်ဆရာဝန်ရဲ့ အကြံပေးစစ်ဆေးမှုတွေ လိုက်နာသင့်ပါတယ်။

(ဆ) ဘယ်လောက်တစ်ခါ ပိုးကောင်ရေကို စစ်သင့်တာ

ပိုးကောင်ရေကို အချိန်ဘယ်လောက်ကြာရင်တစ်ခါ စစ်ဆေးသင့်တယ်၊ စစ်ဆေးရမယ်ဆိုတာက ကုသခံယူမှုကို အချိန်ဘယ်လောက်စောစောရနေတယ်၊ ခန္ဓာကိုယ်က ပိုးထိန်းဆေးကို ဘယ်လောက်မြန်မြန်တုန့်ပြန်မှုကောင်းနေတယ် ဆိုတာတွေအပေါ်မှာ မူတည်နေတာပါ။ နိုင်ငံတစ်နိုင်ငံခြင်းစီရဲ့ ကျန်းမာရေး လူ့စွမ်းအားအရစ်မြစ်၊ ကျန်းမာရေးစနစ်စီမံခန့်ခွဲမှုတွေပေါ်မှာမူတည်ပြီးလဲ နိုင်ငံတော်ကပေးတဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေက ကွာခြားနိုင်ပါသေးတယ်။ အောက်ပါအချက်လက်တွေက အချိန်ဘယ်လောက်ကြာတစ်ခါ ပိုးကောင်ရေစစ်ဆေးသင့်တယ်ဆိုတာကို www.hiv.gov ကလမ်းညွှန်ထားတဲ့ လမ်းညွှန်ချက် တစ်ချို့ပဲဖြစ်ပါတယ်။
⁃ အိတ်ချ်အိုင်ဗီပိုးရှိမှန်း စသိပြီး အေအာတီပိုးထိန်းဆေးကို စတင်သောက်သုံးသည့်သူ (သို့) ဆရာဝန်၏ ဆုံးဖြတ်ချက်ဖြင့် အေအာတီဆေးပြောင်းသောက်ရသည့် သူများ - ပိုးကောင်ရေကို (၂)-ပတ်မှ (၈)ပတ်ကြာ တစ်ခါစစ်ဆေးသင့်
⁃ ပိုးကောင်ရေကို သွေးတွင်းရှာဖွေစစ်ဆေးလို့ မရသည့်တိုင်အောင် နည်းသွားသည်အထိ - ပိုးကောင်ရေကို (၄)ပတ်မှ (၈)ပတ်ကြာတစ်ခါ စစ်ဆေးသင့်
⁃ ပိုးကောင်ရေ ထိန်းချုပ်၍ရအောင် ငြိမ်သွားသည်အထိ - ပိုးကောင်ရေကို (၃) လမှ (၄) လကြာတစ်ခါ စစ်ဆေးသင့်
⁃ ပိုးကောင်ရေ ထိန်းချုပ်၍ရပြီး (၂)နှစ်ကြာအောင်ငြိမ်သွားသည့်အခါ - ပိုးကောင်ရေကို (၆)လခြားတစ်ခါ စစ်ဆေးသင့်

(ဇ) စီဒီဖိုးအရေအတွက်နဲ့ ပိုးကောင်ရေပုံမှန် စစ်ဆေးတာ ဘာအကြောင်းကြောင့်အရေးကြီးတာ

စီဒီဖိုးအရေအတွက်နဲ့ ပိုးကောင်ရေးကို ပုံမှန်စစ်ဆေးခြင်းအားဖြင့် ကိုယ်တိုင်နဲ့ ဆရာဝန်အတွက် အောက်ပါအချက်တွေ သိရလို့ ဆေးကုသခံယူမှုမှာများစွာအထောက်အကူဖြစ်စေပါတယ်။
⁃ ပိုးထိန်းဆေးနဲ့ ကုသမှုက ဘယ်လောက်အတိုင်းတာအထိ ကောင်းမွန်နေတယ်။
⁃ အခွင့်ရေးယူရောဂါပိုးများဝင်ရောက်လာနိုင်မှုအခြေအနေ ရှိမရှိ
⁃ အိတ်ချ်အိုင်ဗွီပိုးကူးစက်ခံရသည့်အခြေအနေမှ အေအိုင်ဒီအက်စ်ရောဂါအခြေအနေသို့ ပြောင်းလဲသွားနိုင်မှုအခြေအနေ
စသဖြင့် သိရှိနိင်လို့ပဲဖြစ်ပါတယ်။
စီဒီဖိုးအရေအတွက်နဲ့ ပိုးကောင်ရေကို တစ်ကြိမ်ထဲစစ်ဆေးတာက စစ်ဆေးလိုက်တဲ့ အချိန်အခိုက်တန့်မှာရှိတဲ့ ကျန်းမာရေးအခြေအနေကို လျှက်တစ်ပြက်ပဲ သိနိုင်ပြီး သွေးအဖြေနှစ်မျိုးနဲ့ လူနာရဲ့ နေထိုင်ကောင်းမှု/မကောင်းမှု စတဲ့အခြေနေတွေအားလုံးနဲ့ ခြုံငုံသုံးသပ်ရမှာပဲဖြစ်ပါတယ်။ နောက်တစ်ခု သတိထားရမှာက ဆိုခဲ့တဲ့ စစ်ဆေးမှုရလာဒ် ဂဏန်းတွေကအမျိုးမျိုးသော အခြေအနေအကြောင်းတရားများကြောင့် အနည်းအများပြောင်းလဲမှုတွေရှိနိုင်သေးတယ်ဆိုတာကိုပါ။ အကြမ်းဖျဥ်းအားဖြင့်တော့ နေ့တစ်နေ့ရဲ့မနက်/နေ့/ည၊ လတ်တလော ရာသီတုတ်ကွေးကဲ့သို့ နာမကျန်းဖြစ်မှုရှိမရှိ၊ လတ်တလော ကာကွယ်ဆေးထိုးထားမှုရှိမရှိ စတဲ့အခြေအနေအကြောင်းတရားတွေက စီဒီဖိုးအရေအတွက်ရော အိတ်ချ်အိုင်ဗွီပိုးကောင်ရေ အရေအတွက်ပေါ်မှာရော ပြောင်းလဲမှုတွေရှိနိုင်ပါတယ်။ စီဒီဖိုးအရေအတွက် အရမ်းကြီးနည်းတာမျိုးမဟုတ်ဘူးဆိုရင် အပြောင်းလဲ အနည်းအပါးက အရမ်းတော့စိုးရိမ်စရာမရှိပါဘူး။

စီဒီဖိုးအရေအတွက်ကို မစစ်ဆေးပဲနဲ့လည်း အိတ်ချ်အိုင်ဗွီပိုးကောင်ရေ တစ်မျိုးတည်းပုံမှန်စစ်ဆေးပြီး ပိုးထိန်းဆေးကုသမှုက ထိရောက်မှုရှိမရှိကို သိရှိနိုင်ပါသေးတယ်။ ပိုးထိန်းဆေးသောက်ရတဲ့ အဓိက ရည်ရွယ်ချက်ကလည်း ပိုးကောင်ရေကို သွေးတွင်းရှာမတွေ့နိုင်လောက်အောင် (ပိုးကောင်ရေ ၇၅ မှ ၂၀ အောက်) ကျဆင်းနည်းပါးစေလိုတာမျိုးဖြစ်ချင်တာပါ။

(စျ) အမှတ်မထင်တက်လာသည့် ပိုးကောင်ရေများ နှင့် ဆေးယဥ်ပါးမှုပြဿနာ

တစ်ချို့သူတွေမှာ ပိုးကောင်ရေက သွေးတွင်းရှာမတွေ့နိုင်လောက်အောင် (ပိုးကောင်ရေ ၇၅ မှ ၂၀ အောက်) နည်းပါးသွားပြီဖြစ်ပေမယ့်တစ်ခါခါမှာ ပြန်ပြီး အရေအတွက် (၂၀၀) နီးပါး ပြန်တက်လာတာမျိုးတွေရှိတတ်ပါသေးတယ်။ အဲ့လိုအခါမျိုးမှာ ပုံမှန်ဆေးသောက်ပြီး အေအာတီပိုးထိန်းဆေးကို ပြောင်းစရာမလိုပဲ ဆက်သောက်ပြီး ပိုးကောင်ရေကို ဆရာဝန်ညွှန်ကြားသည့်အတိုင်းပြန်လည် စစ်ဆေးတာမျိုးလုပ်ရမှာပါ။ ပိုးကောင်ရေကို ပုံမှန်စစ်ဆေးသင့်တဲ့ နောက်အကြောင်းပြချက်တစ်ခုက ဆေးယဥ်ပါးမှုပြဿနာ ရှိ/မရှိ သိရအောင်ပဲဖြစ်ပါတယ်။

(ည) အိတ်ချ်အိုင်ဗွီပိုးအတွက် အေအာတီ ပိုးထိန်းဆေး သောက်ဖို့က ဘာလို့ အရေးကြီးတာလဲ?

အေအာတီ ခေါ် အိတ်ချ်အိုင်ဗွီ ပိုးထိန်းဆေးက အိတ်ချ်အိုင်ဗွီရောဂါကို ကုသတဲ့နေရာမှာ မရှိမဖြစ် အဓိကကျတဲ့ဆေးပဲဖြစ်ပါတယ်။ ဗိုင်းရပ်စ်ပွားတာကို မတူညီတဲ့အဆင့်တွေမှာ တားဆီးဖို့ အဓိကကျတဲ့ ဆေး အနည်းဆုံး (၂) မျိုး (သို့) (၃)မျိုး ပေါင်းစပ်ထားတဲ့ ဆေးပေါင်းလဲဖြစ်တယ်။ အေအာတီဆေးကို ထိရောက်စွာသောက်သုံးမယ်ဆိုရင် အိတ်ချ်အိုင်ဗွီ ပိုးကောင်ရေက စက်က စစ်ဆေးလို့ မရတော့လောက်အောင် သွေးတွင်းနည်းပါးသွားပြီး သက်တမ်းစေ့နီးပါး အသက်ရှင်သန်နိုင်မှာပဲဖြစ်ပါတယ်။ ဒါကြောင့် အိတ်ချ်အိုင်ဗွီပိုးကူးစက်ခံရတာ သေချာစမ်းသပ်စစ်ဆေးပြီးတာနဲ့ အေအာတီပိုးထိန်းဆေး ရရှိသောက်သုံးဖို့ လွန်စွာပဲအရေးကြီးလှပါတယ်။

အရင် အေအာတီဆေးတွေရှားပါးတဲ့ ခေတ်တုန်းကတော့ စီဒီဖိုး ခုခံအား ကျတဲ့ အခါကျမှာသာ အေအာတီဆေးကို တိုက်ကြတာဖြစ်လို့ လူနာအသက်ရှင်သန်ဖို့ အခွင့်ရေးကလည်း နည်းပါးခဲ့ပေမယ့် အခုနောက်ပိုင်း ဆေးပညာလမ်းညွှန်ချက်အားလုံးမှာက အိတ်ချ်အိုင်ဗွီပိုး ရှိတာ သိလျှင်သိခြင်း ရောဂါအဆင့်သတ်မှတ်ချက် ဘယ်လောက်ဖြစ်နေနေ၊ စီဒီဖိုးအရေအတွက် အနည်းအများကို ကြည့်စရာမလိုတော့ပါပဲ အေအာတီဆေးကို ရရှိသောက်သုံးဖို့ ညွှန်ကြားထားပြီဖြစ်ပါတယ်။ ဆေးသောက်လို့ စက်က စစ်ဆေးလို့ မရတော့လောက်အောင် သွေးတွင်း ပိုးကောင်ရေနည်းပါးသွား တဲ့အခါမှာ လိင်ကထွက်တဲ့ အရည်တွေမှာ ပိုးကောင်ရေ မပါရှိတော့တာဖြစ်လို့ လိင်ကတဆင့် ရောဂါပိုးမကူးစက်တော့ပဲ သားသမီးလိုချင်တဲ့ အိမ်ထောင်သည်များလဲ ကလေးယူလို့ရလာနိုင်ပါတယ်။ ကုသမှုခံယူပြီး လိင်တဆင့် ရောဂါပိုးမကူးစက်အောင် ကာကွယ်ပြီးသားလဲဖြစ်သွားတာမျိုးဖြစ်ပါတယ်။ စတဲ့ ကောင်းကျိုးအဖြာဖြာကြောင့် အိတ်ချ်အိုင်ဗွီပိုးကူးစက်ခံထားရသူ မည်သူမဆို အေအာတီ ပိုးထိန်းဆေးကို သောက်ဖို့အလွန်ပဲအရေးကြီးပါတယ်။

အနှစ်ချုပ်ဆိုရရင် အိတ်ချ်အိုင်ဗွီပိုးကူးစက်ခံရပြီး ရောဂါအဆင့်ဘယ်အဆင့်နေနေ စီဒီဖိုးအရေအတွက်နဲ့ ပိုးကောင်ရေကို ပုံမှန်စစ်ဆေးသင့်ပါတယ်။ ရောဂါပိုးရှိသူတိုင်းက အေအာတီပိုးထိန်းဆေးကို ပုံမှန်သောက်သုံးပြီး ကျန်းမာတဲ့လူနေမှုပုံစံကို ရွေးချယ်နေထိုင်မယ်၊ စီဒီဖိုးအရေအတွက်ကို တက်လာအောင်လုပ်ပြီး ပိုးကောင်ရေကို စက်က စစ်ဆေးလို့မရတဲ့အခြေအနေမှာ ထိန်းထားနိုင်မယ်ဆိုရင် ကျန်းမာကြံ့ခိုင်တဲ့ သူတစ်ယောက်အဖြစ် သက်တမ်းစေ့နီးပါး အသက်ရှင်သန်နိုင်မှာဖြစ်ကြောင်း “စီဒီဖိုးနဲ့ ပိုးကောင်ရေ ဂဏန်းတွေက ပြောသောစကားများ” ကျန်းမာရေးဆောင်းပါးအဖြစ် တင်ပြရေးသားလိုက်ရပါတယ်။

လင်းစံ (Say-Ku)
ည (၁၀:၄၇) နာရီ
၁၉ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၂

30/11/2022

ခုခံအား စီဒီဖိုး နဲ့ အိတ်ချ်အိုင်ဗွီ ပိုးကောင်ရေ (သို့) ဂဏန်းတွေပြောသောစကားများ

ဆောင်းပါး (၁)
ဒီဘက်ခေတ်မှာ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူတွေမှာ ပိုးထိန်းဆေး (အေအာတီ - ART) ကိုသေချာမှန်ကန်စွာသောက်သုံးမယ်ဆိုရင် သာမာန်လူတစ်ယောက်လို သက်တမ်းစေ့နီးပါး အသက်ရှင်နေနိုင်နေပါပြီ။ ထိန်းချုပ်လို့ရတဲ့ ကူးစက်ရောဂါတစ်မျိုးလို့လဲ ပညာရှင်တွေက သတ်မှတ်စ ပြုလာတာပါ။ ပတ်ဝန်းကျင်က မိတ်ဆွေသားချင်းတွေမှာ ဒီရောဂါပိုးကူးစက်ခံထားရတာကို သိရှိလို့ပဲဖြစ်ဖြစ်နောင် သိရှိလာရင်ဖြစ်ဖြစ် သူနဲ့ပတ်သတ်တဲ့ ကျန်းမာရေးဗဟုသုတတွေကို သိထားပြီး သိပ္ပံနည်းကျ အကြံဥာဏ်ပေးစေနိုင်ဖို့ရာ ဒီကျန်းမာရေးဆောင်းပါးက ရည်ရွယ်ပါတယ်။

ခုခံအားကျ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူတွေဟာ ခုခံအား (စီဒီဖိုး - CD4) နဲ့ အိတ်ချ်အိုင်ဗွီပိုး အရေအတွက်ကို အမြဲတမ်း သိနေဖို့ ကောင်းပါတယ်။ ဒီအရေအတွက်ဂဏန်းတွေက ဘာအတွက်အရေးတကြီးသိဖို့လိုအပ်ပါသလဲ။ ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် ကိုယ့်ကျန်းမာရေးကို ဆက်လက်ကုသတဲ့နေရာမှာ အောက်ပါ အချက်(၄)ချက်နဲ့ ပတ်သတ်ပြီး သိရှိဖို့ရာ အထောက်အကူများစွာ ဖြစ်စေလို့ပဲဖြစ်ပါတယ်။
⁃ လူနာ့ခုခံအားစနစ် ရဲ့ ကျန်းမာရေးအခြေအနေ
⁃ အိတ်ချ်အိုင်ဗွီပိုးရဲ့ တိုးပွားလာမှုရှိမရှိ အခြေအနေ
⁃ သောက်သုံးနေတဲ့ ပိုးထိန်းဆေး (အေအာတီဆေး) အပေါ် ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှု
⁃ အိတ်ချ်အိုင်ဗွီး ဗိုင်းရပ်စ်ရဲ့ အေအာတီဆေး အပေါ် တုန့်ပြန်မှု

တစ်ချို့လည်း ခုခံအား - စီဒီဖိုး (CD4)အရေအတွက်ကို ပိုးကောင်ရေ (Viral Load) နဲ့ အမှတ်မှားနေတာတွေရှိတတ်ပါတယ်။ လုံးဝမမှားသင့်တာမျိုးပါ။ ဘာလို့လဲ ဆိုတော့ အေအာတီဆေးသောက်ရတဲ့ ရည်ရွယ်ချက်က ခုခံအား - စီဒီဖိုး (CD4) အရေအတွက်ကိုများလာစေပြီး ပိုးကောင်ရေ ကိုကျဆင်းစေဖို့ ရည်ရွယ်တာပါ။ အဲ့ဒီနှစ်ခုက တစ်ခုမှာနည်းရင် တစ်ခုမှာ များတာမို့ အမှတ်မှားရင် ပြောင်းပြန်အဓိပ္ပါတ်တွေဖြစ်ကုန်ပါလိမ့်မယ်။ ပိုးကောင်ရေကျဆင်းတယ်ဆိုတဲ့နေရာမှာ ပိုးကောင်ရေကို စက်က စစ်ဆေးလို့မရတော့အောင် သွေးမှာနည်းသွားတာ (စာအားဖြင့် သွေး (၁) မီလီလီတာတွင် ပိုးကောင်ရေ ၄၀-၅၀ အောက်) ဖြစ်စေဖို့ပါ။ အဲ့ဒီလိုဖြစ်သွားရင် ကွန်းဒုံး-အဖော် မပါပဲ လိင်ဆက်ဆံလို့ကတဆင့် အိတ်ချ်အိုင်ဗွီပိုး မကူးစက်တော့ပါဘူး။ ဒီလိုနည်းနဲ့ ပိုးကောင်ရေကို ပုံမှန်စစ်ဆေးပြီး အေအာတီဆေးသောက် ထိန်းချုပ်ထားကာ ခုခံအား-စီဒီဖိုး အရေအတွက်တွေပြန်တက်လာကာ သာမာန်လူတစ်ယောက်လို သက်တမ်းစေ့နေထိုင်ဖို့ ဖြစ်လာစေတော့တာဖြစ်ပါတယ်။

(က) ခုခံအား-စီဒီဖိုး အရေအတွက်ဆိုတာ?

စီဒီဖိုးဆိုတာက ခုခံအားစနစ်ရဲ့ တီဆဲလ် (T-cells) အုပ်စုအောက်က သွေးဖြူအုမျိုးကွဲတစ်မျိုးဖြစ်ပြီး သူ့အရေအတွက်ကိုက သွေးဖောက်စစ်ဆေးရတာမျိုးပါ။ ခန္ဓာကိုယ်ထဲ ဘက်တီးရီးယား၊ ဗိုင်းရပ်စ် စတဲ့ ရောဂါပိုးတွေဝင်လာတဲ့အခါမှာ စီဒီဖိုးက ကျန်တဲ့ ခုခံအားဆဲလ်တွေကို ထကြွနိုးကြားအောင် လုပ်ဆောင်တဲ့ နေရာမှာ အဓိက ပါဝင်ပါတယ်။ အိတ်ချ်အိုင်ဗွီဗိုင်းရပ်စ်ပိုးက အဆိုပါ စီဒီဖိုးဆဲလ်တွေကို ဖျက်ဆီးပစ်ဖို့ စွမ်းနိုင်ပါတယ်။ ခုခံအားစနစ်ရဲ့ အဓိက ဇာတ်လိုက်ဖြစ်တဲ့ စီဒီဖိုးဆဲလ်တွေ ပိုးထိန်းဆေး မသောက်လို့ တဖြည်းဖြည်းနဲ့ သေကြေပျက်ဆီးလာတဲ့အခါမှာ ခန္ဓာကိုယ်က ဝင်လာသမျှရောဂါပိုးတွေကို မတိုက်ထုတ်နိုင်တော့ပဲဖြစ်ရတော့တာပါ။ ဒါကြောင့် အိတ်ချ်အိုင်ဗီပိုးထိန်းဆေး သောက်နေတဲ့ သူတွေ စီဒီဖိုး အရေအတွက်ကို ပုံမှန်စစ်ဆေးဖို့ အရေးကြီးလှပါတယ်။ စီဒီဖိုးအရေအတွက်ကလည်း အပြောင်းအလဲ ရှိနိုင်ပါသေးတယ်။ ကုသမှုခံယူနေတဲ့ လူတိုင်းအတွက်မှန်ကန်ချက်တစ်ခုကတော့ အိတ်ချ်အိုင်ဗွီပိုးရှိတယ်ဆိုတာသိလို့ ပိုးထိန်းဆေး အေအာတီ စသောက်တဲ့အချိန်မှာတည်းက စီဒီဖိုးအရေအတွက်က များလေလေ ဆေးသောက်ပြီးနောက်ပိုင်း အချိန်တိုအတွင်း စီဒီဖိုး အရေအတွက်ခက်မြန်မြန်တက်လာဖို့ ဖြစ်နိုင်လေလေပဲဖြစ်ပါတယ်။ ဒါကြောင့် အိတ်ချ်အိုင်ဗွီရောဂါ ရှိတယ်ဆိုတာ စောစောသိရဖို့ အရမ်းအရေးကြီးပါတယ်။

အောက်ပါ စီဒီဖိုးအရေအတွက်က ခုခံအားစနစ်ရဲ့အခြေအနေကို သိဖို့လုံလောက်တဲ့ သတင်းပေးပါတယ်။

⁃ စီဒီဖိုး အရေအတွက် ၅၀၀-၁၆၀၀ ဆဲလ်ပါကျုပစ်မီလီမီတာ - အိတ်အိုင်ဗွီပိုးမရှိသောသူအများစု
⁃ စီဒီဖိုး အရေအတွက် ၂၅၀-၅၀၀ ဆဲလ်ပါကျုပစ်မီလီမီတာ - ခုခံအား စနစ်ထိခိုက်မှုရှိနေပြီ (အိတ်ချ်အိုင်ဗွီပိုးကြောင့်ဖြစ်နိုင်)
⁃ စီဒီဖိုး အရေအတွက် ၂၀၀ ဆဲလ်ပါကျုပစ်မီလီမီတာ အောက် - အေအိုင်ဒီအက်စ်ရောဂါဟုသတ်မှတ်

စီဒီဖိုးအရေအတွက်ကိုကြည့်ပြီး ခုခံအားစနစ်ရဲ့အခြေအနေကို အကြမ်းဖျင်းသိနိုင်ပါတယ်။ ခုခံအားစနစ် ပုံမှန်အတိုင်းကောင်းမွန်တဲ့သူ တစ်ယောက်က စီဒီဖိုးအရေအတွက် ၅၀၀ နှင့် ၁၆၀၀ အကြားရှိနေတတ်ပြီး ၂၀၀ အောက်ကျလာတဲ့အခါမှာ အေအိုင်ဒီအက်စ်ရောဂါအဖြစ်သတ်မှတ်ဖို့ ဖြစ်လာပါတယ်။ အေအိုင်ဒီအက်စ်ရောဂါဆိုတာ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရမှုရဲ့ အဆင့် (၃) နဲ့ နောက်ဆုံး အဆင့် (၄) အဆင့်တွေပဲဖြစ်ပါတယ်။ ဒီအဆင့်တွေမှာ စီဒီဖိုးတွေအရမ်းကျကုန်တာမို့ ရောဂါပိုးကိုတိုက်ထုတ်ပေးမယ့် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က အားပျော့နေတာမျိုးဖြစ်ပြီး ရှိရှိသမျှကူးစက်ရောဂါပေါင်းစုံဝင်ရောက်လာဖို့ ဖြစ်လာတော့တာပါ။
(ခ) စီဒီဖိုး တွေဘာလို့ကျ?
ဆိုခဲ့ပြီးသလို စီဒီဖိုး ဆိုတာ ခုခံအားစနစ်ရဲ့ အရေးပါတဲ့ ကာကွယ်ရေးစနစ်တစ်ခုဖြစ်ပြီး ဝင်လာသမျှသောရောဂါပိုးတွေကို တိုက်ထုတ်ပေးပါတယ်။ အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အခါမှာ ဒီပိုးတွေက စီဒီဖိုးဆဲလ်အတွင်းထဲကို ဝင်သွားပြီး အလွန်ပွားပါတော့တယ်။ အချိန်တစ်ခုကြာလို့ ပွားထားတဲ့ အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်တွေ စီဒီဖိုးဆဲလ်အတွင်းက သွေးထဲကို ထွက်လာကြတဲ့အခါတိုင်း စီဒီဖိုးခုခံအား ဆဲလ်လေးတွေက ကွဲကြေသေဆုံးကြရပါတယ်။ ဒီလိုနည်းနဲ့ ခုခံအားကျရောဂါဆိုတာ ဖြစ်လာတာမျိုးပါ။ ပုံမှန်အားဖြင့်ဆိုရရင် ခန္ဓာကိုယ်ထဲ အိတ်ချ်အိုင်ဗွီ ဗိုင်းရပ်စ်ပိုးများများရှိလေလေ စီဒီဖိုးအရေအတွက်က ကျဆင်းလေလေ ဖြစ်ပြီး ခုခံအားလည်း ကျဆင်းလာ၊ ရောဂါပိုးတွေရဲ့ ဒဏ်လည်းခံရပါတော့တယ်။ အေအာတီ-အိတ်ချိတ်အိုင်ဗွီ ပိုးထိန်းဆေးတွေက ပိုးကောင်ရေ ပျံ့ပွားမှုနှုန်းကို ထိန်းချုပ်ထားပေးပြီး စီဒီဖိုးခုခံအားဆဲလ်အရေအတွက်ကို ပြန်တက်လာဖို့ အခွင့်ရေးရစေပါတယ်။ ပိုးထိန်းဆေးသောက်တဲ့ ပထမတစ်နှစ်အတွင်းမှာ စီဒီဖိုး ခုခံအားအရေအတွက်က ၅၀ မှ ၁၅၀ (ဆဲလ်ပါကျုပစ်မီလီမီတာ) လောက်ပြန်တက်လာတတ်ပါတယ်။ နောက်ပိုင်း နှစ်တွေမှာ နှစ်အလိုက် စီဒီဖိုးတက်တဲ့အရေအတွက်က တဖြည်းဖြည်း နည်းနည်းသွားပါတယ်။

(ဂ) စီဒီဖိုး အတက်အကျကို ဘာတွေက ဆုံးဖြတ်တာ?
ခုခံအား-စီဒီဖိုး အရေအတွက် အနည်းအများကို သက်ရောက်မှုရှိတာက အိတ်ချ်အိုင်ဗွီပိုးကြောင့်တစ်ခုတည်းရယ်တော့မဟုတ်ပါဘူး။ အောက်ပါ (၇)ချက်ကလည်း စီဒီဖိုး-အရေအတွက် အတက်အကျကို ဆုံးဖြတ်ပေးနေပါသေးတယ်။
⁃ ဇီဝနာရီ - ခန္ဓာကိုယ်မှာ နေ့/ည နဲ့လိုက်ပြီး မတူညီတဲ့ ပြောင်းလဲမှုတွေရှိပါတယ်။ မနက်ခင်းတွေမှာ စီဒီဖိုးအရေအတွက်နည်းတတ်ပြီး နေ့ခင်းနဲ့ ညနေခင်းပိုင်းရောက်လာလေလေ စီဒီဖိုးအရေအတွက်က တက်လာတတ်လေလေဖြစ်ပါတယ်။
⁃ ကူးစက်ရောဂါပိုးများ (ဥပမာ- ရာသီတုတ်ကွေး၊ အဆုတ်ရောင်၊ အသည်းရောင် အသားဝါ-ဘီပိုးရောဂါ) စတာတွေကြောင့်လည်း စီဒီဖိုးအရေအတွက်က ကျဆင်းတတ်ပါတယ်။
⁃ ခုခံကျကုသမှုခံယူနေသူများ - စတီးရွိုက်ဆေးကို အချိန်တို သောက်နေရတဲ့သူတွေမှာ စီဒီဖိုး အရေအတွက်ကျဆင်းတတ်ပြီး အချိန်ကြာသောက်သုံးနေတဲ့ သူတွေမှာတော့ စီဒီဖိုးအရေအတွက် တက်လာတတ်တယ်လို့ ဆိုပါတယ်။
⁃ စိတ်ဖိစီးမှုများ ကြောင့်လည်း စီဒီဖိုးအရေအတွက် ကျဆင်းတတ်ပါတယ်။
⁃ မောပန်းနွမ်းနယ်ခြင်းများ။
⁃ ဆေးလိပ်နဲ့ အရက် ကလည်းစီဒီဖိုး အရေအတွက်ကိ ကျဆင်းစေတတ်ပါတယ်။
⁃ ကိုယ်ဝန်ဆောင်သည်တွေမှာ လည်း စီဒီဖိုးအရေအတွက် နည်းနေတတ်ပါတယ်။
သာမန်ကျန်းမာရေးကောင်းတဲ့သူတွေမှာလည်း အထက်ပါ အမျိုးမျိုးသော အကြောင်းတွေကြောင့် စီဒီဖိုးအရေအတွက်တွေ အပြောင်းလဲရှိတတ်ပါတယ်။ စီဒီဖိုးအရေအတွက် နည်းတာ များတာက နေထိုင်လို့ ကောင်းမကောင်း/စိတ်လက်မအီမသာဖြစ်တာ စတာတွေနဲ့ တိုက်ရိုက်တော့ မပတ်သတ်ပါဘူး။ တစ်ချို့လည်း စီဒီဖိုး အရေအတွက်တွေ နည်းနေပေမယ့် နေထိုင်ကောင်းနေတတ်ပြီး တစ်ချို့က စီဒီဖိုး အရေအတွက်တွေများနေပေမယ့် ရောဂါလက္ခဏာတွေ ရှိနေတတ်တာမျိုးဖြစ်တတ်ကြပါတယ်။

(ဃ) အိတ်ချ်အိုင်ဗွီပိုး - ပိုးကောင်ရေ?
အိတ်ချ်အိုင်ဗွီ ပိုးကောင်ရေဆိုတာက သွေး ၁ မီလီလီတာ (တစ်စက်)မှာ ရှိနေတဲ့ အိတ်ချ်အိုင်ဗွီပိုး အရေအတွက်ကို ဆိုလိုတာဖြစ်ပါတယ်။ ပိုးအရေအတွက်ကို “ကော်ပီ” လို့လည်း ခေါ်ပါသေးတယ်။ ပိုးကောင်ရေစစ်ဆေးခြင်းက အိတ်ချ်အိုင်ဗွီပိုးရဲ့ ကော်ပီပွားအားနဲ့ သောက်နေတဲ့ ပိုးထိန်းဆေးရဲ့ အာနိသင်သက်ရောက်မှုအစွမ်းကို သိရှိစေနိုင်မှာပါ။ အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရပြီး လအနည်းငယ်အတွင်းနဲ့ သောက်နေတဲ့ ပိုးထိန်းဆေးရဲ့ အာနိသင်မကောင်းတာမျိုး စတာတွေမှာ ပိုးကောင်ရေအရမ်းများနေတာမျိုးဖြစ်တတ်ပါတယ်။ ရောဂါပိုးကူးစက်ခံရပြီး ခန္ဓာကိုယ်က ခုခံအား အန်တိုင်ဘော်ဒီ (Antibody) မထွက်သေးခင် (၃) ပတ်က (၈)ပတ်အတွင်းမှာ ပိုးကောင်ရေအများဆုံးဖြစ်နေတတ်ပါတယ်။ သုတေသနစာတမ်းတွေအရတော့ အဲ့ဒီအချိန်မှာ ပိုးကောင်ရေ (၁)သန်း ကျော်ရှိတတ်တယ်လို့ ဆိုပါတယ်။

အေအာတီပိုးထိန်းဆေးရဲ့ အားနိသင်ကောင်းမကောင်းက ဆေးသောက်ပြီးပိုးကောင်ရေကျသွားလားဆိုတဲ့ မေးခွန်းပေါ်မှာ မူတည်နေပါတယ်။ သွေး ၁ မီလီလီတာ (တစ်စက်)မှာ ပိုးကောင်ရေ ၂၀၀ ကော်ပီအောက်နည်းသွားပြီဆိုရင် ဆေးတိုးတယ်လို့ ပြောလို့ရပါတယ်။ ဒီအခြေအနေမှာ ပိုးပွားနှုန်းအရမ်းနည်းသွားပါပြီ။ ခန္ဓာကိုယ်ထဲ ဗိုင်းရပ်ပိုးတွေရှိနေသေးပြီး တစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်သေးတာကိုလည်း သိထားသင့်ပါတယ်။ ပိုးထိန်းဆေးကို ဆက်ပြီးသောက်တဲ့အခါမှာ သွေး ၁ မီလီလီတာ (တစ်စက်)မှာ ပိုးကောင်ရေ ၄၀-၇၅ ကော်ပီအောက်ကျဆင်းလာပြီး ရောဂါရှာဖွေစက်က ပိုးကောင်ရေရှာမတွေ့တော့တဲ့အဆင့်ကို ရောက်လာမှာဖြစ်ပါတယ်။ ပိုးထိန်းဆေးသောက်ရင်းနဲ့ သွေးထဲ ပိုးကောင်ရေရှာမတွေ့လောက်အောင်နည်း သွားတဲ့အချိန် (undetectable) ရောက်သွားရင် လိင်ကတစ်ဆင့် အိတ်ချ်အိုင်ဗွီပိုးမကူးစက်နိုင်တော့ပါဘူး။ အဲ့ဒီလိုအခြေအနေကို အမြဲတမ်းဆက်လက်ထိန်းထားရဖို့က ပိုးထိန်းဆေးသောက်ရခြင်းရဲ့ ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။

ဆက်ရန်

လင်းစံ (Say-Ku)
ည (၁၀:၄၇) နာရီ
၁၉ ရက်၊ နိုဝင်ဘာလ၊ ၂၀၂၂

20/11/2022

ယခင်အပတ်မှအဆက်-

(င) ဘယ်လိုလူမှာပိုကာဖြစ်

အောက်ပါအခြေနေမျိုးတွေမှာ ဇိုင်ယက်တစ်ကားဝေသနာက ပိုဖြစ်တာမျိုးပါ။

၁။ ဒဏ်ရာအနာတရဖြစ်ဖူးတဲ့သူများ - နောက်ကြောခါအောက်ပိုင်း နဲ့ ကြောရိုးမကြီးမှာ ဒဏ်ရာအနာတရဖြစ်ဖူးတဲ့သူတွေ။

၂။ အသက်ကြီးလာတဲ့အခါ - အသက်ကြီးလာတဲ့အခါမှာ ကိုယ်ခန္ဓာထဲမှာလဲ ကြွက်သား၊ အာရုံကြောနဲ့ ဆိုခဲ့တဲ့ အရိုးအဆစ်မြစ်တွေရဲ့ ကျန်းမာကြံ့ခိုင်မှု အရင် လူငယ်သက်လတ်ပိုင်းတို့လိုမကောင်းတော့တာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒီလိုမျိုး နဲ့ အဆစ်မြစ်ရောင်ရမ်းတာ၊ အရိုးလွဲတာ၊ ကြွက်သားအရွတ်တွေနဲ့ နာဗ်အာရုံကြောတွေမှာ ပြဿနာတတ်တာ စတာတွေကြောင့် ဇိုင်ယက်တစ်ကားဝေသနာဖြစ်နိုင်ခြေပိုများပါတယ်။

၃။ မနိုင်ဝန် မ’ရတဲ့သူများ - ခန္ဓာကိုယ်က ကြောရိုးမကြီးက ဝန်ချီစက်နဲ့တူတယ်လို့ ဆိုနိုင်ပါတယ်။ အဲ့ဒီကြောရိုးမမှာ တွယ်ကပ်နေကြတဲ့ ကြွက်သားအစိုင်တွေက ဒီကြောရိုးမ(တနည်း ဝန်ချီစက်) ကိုဟန်ချက်မပျက်အောင် ထိန်းထားပေးနေတဲ့ ဖြည့်အားတွေဖြစ်ပါတယ်။ အလေးချိန်ရှိတဲ့ တစ်စုံတစ်ခုကို မ’ကြတဲ့အခါမှာ ကြောရိုးမဝန်ချီစက်ရဲ့အားကိုအဓိက သုံးရတော့တာပါ။ ကိုယ်မ’တဲ့ အလေးချိန်က များလေလေ/စီးလေလေ ကြောရိုးမနဲ့ ၄င်းကို ထိန်းထောက်ပေးရတဲ့ ကြွက်သားဆိုင်ခဲတွေလဲ အလုပ်လုပ်များများလုပ်ရလေလေဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ နောက်ကြောနာ ခါးနာ ပြဿနာတွေနဲ့အတူ ဇိုင်ယက်တစ်ကားဝေသနာလည်း ဖြစ်ဖို့အခြေနေပိုများလာရပါတယ်။

၄။ ကြွက်သားကြံ့ခိုင်မှုအားနည်းသည့်သူများ - အထက်ကဆိုခဲ့သလို နောက်ကြောဘက်က ကြွက်သားဆိုင်တွေရဲ့ ကြံ့ခိုင်မှုကလည်း အလေးပင်မတဲ့နေရာမှာ အရေးကြီးတာမို့ ကြောနောက်ကြွက်သားကြံ့ခိုင်မှုအားနည်းတဲ့သူတွေမှာ ဇိုင်ယက်တစ်ကားဝေသနာ ပိုဖြစ်နိုင်ပါတယ်။

၅။ အလုပ်အမြဲလုပ်နေသည့်သူများ - အလုပ်အမြဲလုပ်နေတဲ့သူတွေက အလေးပင်မရဖို့ဖြစ်လာနိုင်စရာရှိပြီး ခါးနဲ့ ကြောနောက် ဒဏ်ဖြစ်ဖို့ အခွင့်လမ်းပိုရှိတတ်လို့နဲ့ အထိုင်များတဲ့ သူတွေမှာလည်း ခါးအောက်ပိုင်း ဒဏ်ဖြစ်ဖို့ ပိုပြီးဖြစ်နိုင်လို့ အဲ့ဒီလိုလူတွေမှာ ဇိုင်ယက်တစ်ကားဝေသနာ ပိုပြီးဖြစ်နိုင်ပါတယ်။

၆။ ကျန်းမာရေးလေ့ကျင့်ခန်း/ဝိတ်မ(Gym) အားကစားလုပ်သူတွေ - အလေးမ(Gym) အားကစားလုပ်တဲ့သူတွေက နည်းမှန် အနေအထားမှန် ကစားတာမျိုးမဟုတ်ဖူးဆိုရင် (သို့) မနိုင်ဝန်မတာနေတာမျိုးဆိုရင် အရိုးကြောအဆစ်မြစ်တွေလည်း ထိခိုက်တတ်လို့ ဇိုင်ယက်တစ်ကား ဝေသနာပိုဖြစ်နိုင်ပါတယ်။

၇။ ဆီးချိုရောဂါရှိသူတွေ - ဆီချိုရောဂါသမားတွေ သွေးတွင်းသကြားဓါတ်မထိန်းနိုင်လို့ ကြာလာတဲ့အခါမှာ အာရုံကြောထိခိုက်ပျက်ဆီးတတ်လို့ ဇိုင်ယက်တစ်ကားဝေသနာ ဖြစ်ဖို့အခွင့်လမ်းပိုပါတယ်။

၈။ အဆစ်မြစ်ရောင်ရောဂါရှိတဲ့သူတွေ - ဒီလိုလူတွေမှာ ကြောရိုးမအရိုးဆစ်တွေလည်း ထိခိုက် ပျက်ဆီးနိုင်လို့ဖြစ်ပါတယ်။

၉။ အလှုပ်အရှားနည်းသောလူနေမှုပုံစံနှင့် နေထိုင်သူများ - အချိန်ကြာမြင့်စွာ ထိုင်ပြီးအလုပ်လုပ်ရတဲ့သူတွေ မှာ ကြွက်သားလှုပ်ရှားမှုနည်းပြီး ကြွက်သားတောင့်တင်းလာတာတွေက လည်း ဇိုက်ယက်တစ်နာဗ်အာရုံကြောကို ဒဏ်ဖြစ်စေနိုင်လို့ဖြစ်ပါတယ်။

၁၀။ ဆေးလိပ်သောက်ခြင်း - ဆေးလိပ်မှာပါဝင်တဲ့ နစ်ကိုတင်းဓါတ်က ကြောရိုးမတစ်သျှူးစတွေကို ထိခိုက်ပစ္စည်းတာ၊ အရိုးထိခိုက်တာ၊ ကြောရိုးဆစ်နှစ်ခုကြားထဲက အရိုးနုကွင်းပျက်ဆီးစေတတ်တာ စတာတဲ့ အကြောင်းခြင်းတွေကြောင့် ဇိုင်ယက်တစ်နာဗ်အာရုံကြောကို ထိခိုက်စေတတ်ပါတယ်။

(စ) ကိုယ်ဝန်ဆောင်သည်တွေမှာ ကိုယ်အလေးချိန်တက်တာနဲ ဆိုင်ပါသလား (သို့) ကိုယ်ဝန်ဆောင်တဲ့ အကြိမ်ရေအတွက် များတာ (ကလေးများများယူတာ) ကရော ဇိုင်ယက်တစ်ကားဖြစ်လာနိုင်ပါသလား။

ကိုယ်ဝန်ဆောင်သည်တွေမှာ ဇိုင်ယက်တစ်ကားဝေသနာ အဖြစ်များတာတော့ မှန်ပေမယ့် “ကိုယ်အလေးချိန်တက်လာလို့” ဆိုတဲ့ အကြောင်းပြချက်တစ်ခုတည်းကြောင့်တော့မဟုတ်ပါ။ ဟိုမုန်းအပြောင်းလဲတွေကြောင့် ကိုယ်ဝန်ဆောင်သည်တွေမှာ ကြွက်သားအရွတ်ဆိုင်တွေလည်း လျှော့ရဲလာတတ်ပါတယ်။ ဒီအရွတ်ဆိုင်တွေက အထက်က ဆိုခဲ့ပြီးသလို ကြောရိုးဆစ်တွေ၊ ကြွက်သားတွေ၊ ကြောရိုးဆစ်ကြားအရိုးနုကွင်းတွေ ကိုထိန်းထားပေးပြီး ကြောရိုးမကြီးကို အားဖြည့်ထောက်ပံ့နေကြတာမို့ သူအားနည်း လျော့ရဲလာတာက ကြောရိုးမအတွက် အားနည်းစေတတ်ပါတယ်။ ပိုပြီးဆိုးမယ်ဆိုရင် ကြောရိုးဆစ်နှစ်ခုကြားက အရိုးနုကွင်း ဘေးချော်သွားလို့ ကြောရိုးဆစ်ကြားပေါက်တွေက ထွက်ရတဲ့အာရုံကြောတွေ ဒဏ်ပိထိခိုက်တတ်တာပါ။ နောက်တစ်ခုက ကိုယ်ဝန်ဆောင်သည်တွေမှာ ကလေးရဲ့ အလေးချိန်နဲ့ အနေအထားကလည်း ကြောရိုးနောက်ကြော အာရုံကြောတွေကို ဖိမိပိမိ တတ်ပါတယ်။ ဒီလိုနည်းတွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေမှာ ဇိုင်ယက်တစ်ကားဝေသနာဖြစ်တတ်ကြတာမျိုးပါ။ သတင်းကောင်းက ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်တတ်တဲ့ ဇိုင်ယက်တစ်ကားဝေသနာက ကုသသက်သာဖို့လဲ လွယ်ကူသလို မီးဖွားပြီးတဲ့အခါမှာလဲ အလိုလို သက်သာပျောက်ကင်းသွားတတ်ပါတယ်။ မဆိုစလောက် နှိတ်နယ်ပေးတာ၊ ရေနွေးချိုးပေးတာ၊ ရေနွေးအိတ်ကပ်ပေးတာ နဲ့ လိမ်းဆေးစားဆေး တစ်ချို့ က သက်သာပျောက်ကင်း စေတတ်ပါတယ်။ ဇိုင်ယက်တစ်ကားမဖြစ်ဖို့နဲ့ ဖြစ်ရင် သက်သာစေဖို့ကိစ္စမှာတော့ ကိုယ်ဝန်ဆောင်သည်တွေ ထိုင်တာ၊ လဲလျှောင်းအိပ်စက်တာ၊ လမ်းလျှောက်တာ စတဲ့ နေရာတွေမှာ ခန္ဓာကိုယ်အနေထားမှန်ဖို့ ပိုပြီးအရေးကြီးပါတယ်။


အထက်ပါ ဇိုင်ယက်တစ်ကား ခေါ် ပေါင်နောက်ကြွက်သား အာရုံကြောနာနှင့်ပတ်သတ်တဲ့ ကျန်းမာရေးဗဟုသုတများကို သိရှိပြီးတဲ့အခါမှာ (ခါး) အကြောမျက်တာမျိုးကို အနင်းနှိတ်များနဲ့ အိမ်တွင်းဖြေရှင်းမည့်အစား သိတတ်သည့် အရိုးကြောအထူးကု-ဆရာဝန်များနဲ့ တိုင်ပင်ဆွေးနွေးပြီး ဆေးကုသမှုခံယူခြင်း၊ သင့်တော်တဲ့ လေ့ကျင့်ခန်းများလုပ်ခြင်းကသာ မှန်ကန်သည့် ကျန်းမာရေးဆုံးဖြတ်ချက်များ ဖြစ်ပါကြောင်း တင်ပြဆွေးနွေးလိုက်ရပါတယ်။

cleavelandclinic webpage မှကိုးကားဖော်ပြပါသည်။

လင်းစံ (Say-Ku)
နံနက် (၇း၁၂) နာရီ
၃၀ ရက်၊ အောက်တိုဘာလ၊ ၂၀၂၂

13/11/2022

ပေါင်နောက်ကြွက်သား အာရုံကြောနာ (သို့) ဇိုင်ယက်တစ်ကား (Sciatica)

ဒီတစ်ခေါက်ကတော့ ခြေထောက်အောက်ပိုင်းအသုံးများတဲ့ သူတွေအဖြစ်များတဲ့ ဇိုင်ယက်တစ်ကားအာရုံကြောနာအကြောင်း ဆွေးနွေးတင်ပြသွားဖို့ရည်ရွယ်ထားပါတယ်။ ဇိုင်ယက်တစ်ကား (Sciatica)ကို မြန်မာလိုအလွယ်ဆုံး ဘာသာပြန်ရရင်တော့ ပေါင်နောက်ကြွက်သားအာရုံကြောနာတဲ့ ဝေသနာခံစားရတဲ့ အာရုံကြောရောဂါတစ်မျိုးပါ။ နာမည်အတိုင်းပဲ ပေါင်တန်ရဲ့ အနောက်ဖက်က ကြွက်သားတစ်လျှောက်ကို ထောက်ပံ့ပေးထားတဲ့ အာရုံကြောထိခိုက်ဖိမိ/ညှပ်မိတာ၊ အာရုံကြောရောင်ရမ်းတာ၊ အာရုံကြောကျိမ်းစပ်တာ စတာတွေကြောင့် ဖြစ်လာရတဲ့ဝေသနာတစ်မျိုးပါ။ ခြေထောက်အပါအဝင် ခါးအောက်ပိုင်းတစ်ပိုင်းလုံးကို ပံ့ပိုးပေးတဲ့ အာရုံကြောတွေကခါးဆစ်ရိုးကထွက်ကြတာပါ။ ဒီဝေသနာခံစားရတဲ့သူအများစုမှာက အဆိုပါ ခါးဆစ်ရိုးကြားက နာဗ်အာရုံကြောထိခိုက်ဖိမိတာ/ အရိုးကွင်းအပေါက်ထဲကျွံကျပြီး ဒဏ်ဖြစ်တာ စတာတွေကြောင့်ဖြစ်တာများပါတယ်။ ဝေသနာသည်အများစုကလည်း သေချာဂရုစိုက်ကုသရင် အချိန်တစ်ခုကြာတဲ့အခါမှာ သက်သာလာတတ်တာများပါတယ်။

ခါးဆစ်ရိုးက စပြီးထွက်လာတဲ့ ဇိုင်ယက်တစ်ကားအာရုံနာဗ်ကြောက တင်ပါးကြွက်သားနောက်ကတစ်ဆင့် ပေါင်အနောက်ဖက်ကို ပံ့ပိုးပေးပါတယ်။ အဲ့ဒီအာရုံကြောက တစ်ကိုယ်လုံးမှာရှိတဲ့အာရုံကြောတွေထဲမှာအထူဆုံး နဲ့ အရှည်ဆုံးအာရုံကြောနာဗ်တစ်ချောင်းလည်းဖြစ်ပါတယ်။ အတိအကျဆိုရရင် ဇိုင်ယက်တစ်ကားအာရုံနာဗ်ကြောကို အာရုံကြောမကြီး ၅ခုနဲ့ဖွဲ့စည်းထားတာပါ- နှစ်ခုက ခါးဆစ်ရိုးက(ဘယ်/ညာ)ထွက်လာတာဖြစ်ပြီး ကျန်တဲ့ အာရုံကြောသုံးခုကတော့ တင်ပဆုံရိုးခွေရဲ့ တင်ပါးနောက်ကြွက်သားကြားတွေထဲက ထွက်လာတာပါ။ ဒီဇိုင်ယက်တစ်နာဗ်အာရုံကြောခွဲတွေအားလုံးက ဘယ်ညာခြေထောက်နှစ်ချောင်းလုံးရဲ့ တင်ပဆုံ၊ တင်ပါး၊ ဒူးခေါင်းအောက် ခြေသလုံး တွေအပြင် ခြေဖမိုးနဲ့ ခြေချောင်းလေးတွေ စသဖြင့် ပေါင်နောက်ပိုင်းနဲ့ ခြေထောက်အောက်ပိုင်းက အစိတ်အားလုံးကို အာရုံကြောထောက်ပံ့ ပံ့ပိုးပေးထားပါတယ်။

ဇိုင်ယက်တစ်နာဗ်အာရုံကြောကိုတိုက်ရိုက်ထိခိုက်တဲ့ ဒဏ်ရာရတာမျိုးကတော့ ခပ်ရှားရှားရယ်ပါ။ ဒါပေမယ့် ခါးအောက်ပိုင်းနာတာမျိုးက ခြေထောက်နောက်ပိုင်းအထိဆက်ဖြစ်လာတတ်တဲ့ အနာမျိုးကို “ပေါင်နောက်ကြွက်သားအာရုံကြောနာ (သို့) ဇိုင်ယက်တစ်ကား (Sciatica)” ဆိုပြီးလွဲလွဲပဲ ဆိုကြပါတယ်။ ဆိုလိုတာက ဇိုက်ယက်တစ်နာဗ်အာရုံကြောထောက်ပံ့ပေးထားတဲ့ လမ်းကြောင်းတစ်လျှောက်ဘယ်နေရာမဆို နာလာတာမျိုးဆိုရင် ဇိုင်ယက်တစ်ကားလို့ ခေါ်ကြတာပါပဲ။ တစ်ချို့ဝေသနာသည်တွေမှာ နာတာအပြင် ကြွက်သားအားနည်းတာ။ ခြေထောက်မှာထုံကျဥ်နေတတ်တာ။ ခြေထောက်၊ခြေချောင်းနဲ့ ခြေဖဝါးတွေမှာ အပ်နဲ့ထိုးသလိုနာကျဥ်နေတာမျိုးလည်း ဖြစ်စေတတ်ပါသေးတယ်။

(က) ဇိုင်ယက်တစ်ကား အာရုံကြောနာတာက ဘယ်လိုခံစားရမလဲ (သို့) ရောဂါလက္ခဏာများ

ဝေသနာသည်တွေက ဇိုင်ယက်တစ်ကားအာရုံကြောနာတဲ့ နာကျင်မှုဝေသနာကို အမျိုးမျိုးစာဖွဲ့ကြပါတယ်။ “ဓါးထက်ထက်နဲ့မွှားသလို”၊ “သေနတ်မှန်သလို”၊ “ဆောင့်ဆွဲခံရသလို”၊ “မီးစနဲ့ထိုးသလို”၊ “ဓါတ်လိုက်သလို”၊ “ဓါးထိုးခံရသလို” နာတတ်တယ်ဆိုပြီး အမျိုးစုံဆိုကြပါတယ်။ တစ်ချို့သူတွေမှာလဲ နာကျင်မှုဝေသနာက အတောမသတ်နိုင်ပဲ တရဆက်ရှိနေတတ်ပြီး အချို့ကလည်း ပေါ်လိုက်ပျောက်လိုက် ဖြစ်နေတာမျိုးပါ။ ခါးနောက်ပိုင်းနာကျင်နေတာထက် ခြေနောက်ပိုင်းမှာပိုပြီးနာနေတတ်ပါတယ်။ ထိုင်တာ (သို့) မတ်တပ်ရပ်တာ ကြာသွားတဲ့အခါမျိုး၊ မတ်တပ် ကုန်းထရပ်လိုက်တဲ့အချိန်မှာ ခါးအပေါ်ပိုင်း “လိမ်” သွားနဲ့အခါမျိုးဆိုရင် နာတာပိုဆိုးတတ််ပါတယ်။ ဇပ်ခနဲထထ ဖြစ်တတ်တဲ့ ခေါင်းဆိုးတာ၊ နှာချေတာမျိုးကြောင့်လည်း နာကျင်တာ ပိုဆိုးတတ်ပါတယ်။ အောက်ပါရောဂါလက္ခဏာတွေက ဇိုင်ယက်တစ်ကား-အာရုံကြောနာ ရောဂါလက္ခဏာများပဲဖြစ်ပါတယ်။
⁃ ခါးအောက်ပိုင်း၊ တင်ပါးနဲ့ ခြေထောက်တစ်လျှောက် နာကျင်နေတာ (သို့) ထုံကျဥ်နေတာ
⁃ အထက်ပါနေရာမှာ နာကျင်တာဆိုးလွန်းလို့ လှုပ်ရှားဖို့ ခက်ခဲလာပြီး၊ မလှုပ်ရှားနိုင်တော့တာ
⁃ ခြေထောက်၊ ခြေချောင်းနဲ့ ခြေဖဝါးမှာ ပင်အပ်နဲ့ထိုးသလိုနာကျင်နေတာ
⁃ ဝမ်းနဲ့ဆီး မထိန်းနိုင်တာ စတာတွေပဲဖြစ်ပါတယ်။

(ခ) ဇိုင်ယက်တစ်ကားက ခြေထောက်နှစ်ဖက်စလုံးမှာဖြစ်နိုင်လား?

ပုံမှန်တော့ ဇိုင်ယက်တစ်ကားဝေသနာက ခြေတစ်ဖက်တည်းမှာပဲဖြစ်တတ်ကြပါတယ်။ ခြေထောက်နှစ်ဖက်စလုံးမှာလည်း ဖြစ်နိုင်ပါတယ်။ ပြဿနာကသူ့ရဲ့ နာဗ်အာရုံကြောက ပင်မှကြောရိုးမ/ခါးဆစ်ရိုးရဲ့ ဘယ်နေရာမှာ ဖိမိဒဏ်ဖြစ်သွားတယ်ဆိုတာ ပေါ်မှာမူတည်ပြီး ဘယ်ခြေထောက်၊ ညာခြေထောက် စတဲ့ ရောဂါဖြစ်ရမယ့် နေရာသက်ရောက်မှုတွေဖြစ်လာကြတာမျိုးပါ။

(ဂ) ဇိုင်ယက်တစ်ကားက ချက်ခြင်းကောက်ခါရုတ်တရက် ဖြစ်တတ်တာလား ? ဒါမှမဟုတ် ဒီဝေသနာဖြစ်ဖို့ အချိန်ကြာတတ်လား?

ရုတ်ခြည်းလည်းဖြစ်တတ်သလို တဖြည်းဖြည်းခြင်းလည်းဖြစ်တတ်ပါတယ်။ ဖြစ်စေတဲ့ အကြောင်းပေါ်မှာပဲမူတည်ပါတယ်။ ဥပမာ နာဗ်အာရုံကြော အရိုးဆစ်ကွင်းအပေါက်ထဲကျွံကျတာမျိုးက ရုတ်ချည်းဖြစ်တတ်ပြီး ကြောရိုးအဆစ်ရောင်တာကြောင့် ဖြစ်တဲ့ ဇိုင်ယင်တစ်ကားကတော့ တဖြည်းဖြည်းအချိန်ကြာမှဖြစ်လာတတ်တာမျိုးပါ။

(ဃ) ဘယ်လောက်များများဖြစ်တတ်ကြသလဲ?

ဇိုင်ယက်တစ်ကားက လူထုအကြား တော်တော်ဖြစ်တတ်တဲ့ ဝေသနာတစ်မျိုးဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် ပြည်သူလူထုရဲ့ ၄၀-ရာခိုင်နှုန်းက ဇိုင်ယက်တစ်ကားဝေသနာ တစ်ခါတစ်လေတော့ ဖြစ်ဖူးကြတယ်။ နောက်ကြောနာတဲ့ ဝေသနာက ဆေးခန်းလာတဲ့ တတိယအဖြစ်များဆုံး ဝေသနာလို့တောင်ဆိုပါတယ်။

(င) ဇိုင်ယက်တစ်ကား ဝေသနာဖြစ်ရသည့်အကြောင်းရင်း

⁃ အဖြစ်များတဲ့ အကြောင်းရာတွေထဲကတစ်ခုက ကြောရိုးအာရုံကြောမကထွက်လာတဲ့ နာဗ်ကြောတွေကို ဖိမိလို့ ဒဏ်ဖြစ်တာမျိုးပါ။ ကြောရိုးဆစ်နှစ်ခုကြားမှာ အရိုးနုကွင်းလေးတွေက အတွန်းတိုက်ခံကူရှင် (Cushion) အဖြစ်ရှိနေကြပြီး အရိုးနုကွင်း ချော်တာ ပဲ့တာ ပျက်ဆီးတာတွေကြောင့် နာဗ်ကြောတွေ ဖိမိကြတာက အဖြစ်အများဆုံးပါ။ ဖိအားကြောင့် ကြောရိုးဆစ်နှစ်ခုကြားက ဂျယ်လီလိုပျော့နေတဲ့ အရိုးနုကဘေးကို ဖောင်းပြီးလာတတ်တာပါတယ်။ ဒါကိုပဲ အရိုးနုကွင်းချော်/ကွင်းကျွံ တယ်လို့ဆိုကြတာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ လူတစ်ရာမှာ (၁) ယောက်က နေ (၅) ယောက်က သူတို့ဘဝမှာ အနည်းဆုံးတစ်ကြိမ်တော့ ဆိုခဲ့တဲ့ ကြောရိုးအရိုးနုကွင်းချော်တဲ့ ဝေသနာခံစားရဖူးတယ်လို့ဆိုပါတယ်။ နောက်ကြောအောက်ပိုင်းအရိုးနု ကွင်းချော်တဲ့ အခါ ဇိုင်ယက်တစ်ကား (သို့) နောက်ပေါင်ကြွက်သားအာရုံကြောနာ ဆိုတာဖြစ်လာတော့တာပါပဲ။

⁃ အရိုးနုကွင်းက အသက်ကြီးလာရင်လည်း သဘာဝအတိုင်း သူ့ဖာသာသူ ပျက်ဆီးလာတတ်တာမျိုးပါ။ ကြောရိုးဆစ်နှစ်ခုကြားက အရိုးနုကွင်းက သဘာဝအတိုင်းပျက်ဆီးလာတဲ့အခါ အရင်လိုမထူတော့ဘဲ ပါးလာပြီးအရိုးဆစ်ဘေးကြားက ထွက်ရတဲ့ အာရုံကြောလေးတွေဖိခံရတော့တာပါပဲ။

⁃ ကြောရိုးဆစ်လွဲခြင်း - ကြောရိုးဆစ်နှစ်ခု ချော်ပြီးအထက်အောက်မညီညာပဲ လှေခါးထစ်လို ထေ့ပြီးလွဲသွားတဲ့အခါမှာ ဘေးကြားကထွက်ရတဲ့ နာဗ်ကြောတွေလဲ ပိမိကုန်ပါတယ်။ အဆိုးဆုံးက ကြောရိုးဆူးနဲ့ အဆိုပါ ဇိုင်ယက်တစ်နာဗ်ကြောကို ဖိမိသွားတာပါ။

⁃ အရိုးဆစ်ရောင်ရောဂါကြောင့်လည်း ဇိုင်ယက်တစ်ကား ဖြစ်ပါတယ်။ အရိုးဆစ်ရောင်ရောဂါဖြစ်တာ ကြာလာတဲ့အခါမှာ ကြောရိုးဆစ်တွေရဲ့ ဘေးမှာ အရိုးတက်လေးတွေထွက်လာတတ်ပြီး အဲ့ဒီအရိုးတက်လေးတွေက ဇိုင်ယက်တစ်နာဗ်ကြောကို ပိမိပြီး ဇိုင်ယက်တစ်ကားဝေသနာ ဖြစ်လာရတာပြန်ပါတယ်။

⁃ ဒါဏ်ရာ - ဇိုင်ယက်တစ်နာဗ်ကြောကို ထိခိုက်စေတဲ့ မည်သည့် အက်ဆီဒင့်မဆို ဇိုင်ယက်တစ်ကားဝေသနာကို ဖြစ်စေတတ်ပါတယ်။

⁃ ကြောရိုးမကြီးမှာ အလုံးအကျိတ်ကင်ဆာတွေဖြစ်လာရင်လည်း နာဗ်ကြောတွေကို ဖိမိစေတတ်လို့ ဇိုင်ယက်တစ်ကားဖြစ်တတ်ပါတယ်။

⁃ ပီရီဖွန်းမစ်-စင်ဒရုန်း (Piriformis Syndrome/ ပီရီဖွန်းမစ်ကြွက်သားဆိုင်ရာ-ရောဂါစု) - အဆိုပါရောဂါက ပီရီဖွန်းမစ်ကြွက်သားအာရုံကြော ရောဂါတစ်မျိုးဖြစ်ပါတယ်။ ပီရီဖွန်းမစ်ကြွက်သားက တင်ပါးအတွင်းပိုင်း နက်ရှိုင်းတဲ့နေရာတစ်ခုမှာရှိနေပြီး သူ့မှာ ကြွက်တက်သလိုတောင့်တင်းလာတာမျိုးဖြစ်လာတဲ့အခါမှာ သူ့နီးပါးက ဇိုင်ယက်တစ်နာဗ်အာရုံကြောမှာလည်း ဒဏ်ဖြစ်ပြီး ဇိုင်ယက်တစ်ကား ဝေသနာဖြစ်ရတော့တာပါပဲ။
⁃ ကော်ဒါ အီကွိုင်နာ-စင်ဒရုန်း (Cauda Equina Syndrome/ ကော်ဒါအီကွိုင်နာနာဗ်အာရုံကြောဆိုင်ရာ ရောဂါစု) - အဆိုပါရောဂါက ဖြစ်တာအတော်ရှားပြီး ဖြစ်လာရင်လည်း ဆိုးပါတယ်။ ကြောရိုးမကြီးရဲ့အဆုံးစွန်က ကော်ဒါအီကွိုင်နာ လို့ခေါ်တဲ့ အာရုံကြောမပေါင်းစုကြီးမှာဖြစ်တဲ့ ရောဂါစုကြီးဖြစ်ပြီး သူဖြစ်ရင် ခြေထောက်နှစ်ချောင်းလုံးနဲ့ စအိုပတ်ပတ်လည်မှာ ထုံနာကျဥ်နာဖြစ်လာပြီး ဆီးဝမ်းမထိန်းနိုင်တော့တဲ့အထိ ဆိုးလာတာမျိုးပါ။ တစ်ဆက်တည်းမှာ ဇိုင်ယက်တစ်ကား ဝေသနာလည်း ဖြစ်လာရပါတော့တယ်။

ဆက်ရန်။

08/11/2022

(၇) ရက်ကြာနေတဲ့ ချိစ်

ရက်ကြာနေတဲ့ ချိစ်တွေမှာ သိုင်ရာမင်း (Tyramine) လို့ခေါ်တဲ့ ဓါတ်တစ်မျိုးပါဝင်နေတတ်ပါတယ်။ သိုင်ရာမင်းက ပရိုတင်းပါဝင်တဲ့အစားစာတွေရက်ကြာလာတဲ့အခါမှာ အဲ့ဒီပရိုတင်းပြိုကွဲမှုကထွက်ရှိလာတဲ့ ဓါတ်တစ်မျိုးပါ။ ချိစ်က ရက်ကြာလာလေလေ သိုင်ရာမင်းပါဝင်မှုက များလာလေလေဖြစ်တာပါ။ အဲ့ဒီသိုင်ရာမင်းက ခေါင်းကိုက်တာ/ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေတတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်ဝေသနာသည်တွေက သိုင်ရာမင်းပါဝင်မှုများတဲ့ ချိစ်တွေဖြစ်တဲ့ ဒိန်ခဲအဖြူ (feta)၊ အီတလီစာတွေမှာထည့်တတ်တဲ့ ပါမီစံချိစ် (parmesan)၊ ချိစ်ပြာ (blue cheese) စတဲ့ နို့ထွက်ပစ္စည်း/ချိစ်တွေကို သတိထားစားပြီးစားသုံးသင့်ပါတယ်။

(၈) အချဥ်ဖောက်ထားသော အစားအစာများ

ရက်ကြာနေတဲ့ ချိစ်တွေလိုပဲ အချဥ်ဖောက်ထားတဲ့ အစားစာတွေမှာလဲ သိုင်ရာမင်းပါဝင်မှုများတတ်ပါတယ်။ အောက်ပါအချဥ်ဖောက်အစားစာတွေက သိုင်ရာမင်းးပါဝင်မှုများတာမို့ သတိထားစားသုံးသင့်ပါတယ်။
⁃ လက်လုပ်ချဥ်များ
⁃ အချဥ်တို့စရာများ
⁃ ကင်မ်ချီ
⁃ လှော်စာ

(၉) အေးခဲထားသောအစားစာများ

ရေခဲပါတဲ့အချိုရည်တွေ၊ ရေခဲမုန့်၊ မစ်ရှိတ်စတဲ့ အေးခဲအစားစာတွေက ခေါင်းကိုက်ဝေသနာကို ပိုဆိုးစေတတ်ပါတယ်။ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်ပြီးတဲ့အချိန်မျိုးမှာ အဆိုပါ အေးခဲနေတဲ့အစားစာတွေကိုမြန်မြန်သွက်သွက်စာလိုက်ဖြစ်လိုက်ရင်လဲ ခေါင်းကိုက်တာပိုးပြီးဆိုးတတ်ပါတယ်။

(၁၀) အငန်ဓါတ်လွန်ကဲသောအစားစာများ

အငန်ဓါတ်များတဲ့ အစားစာတွေမှာ တာရှည်ခံမပုတ်မသိုးအောင်စီမံထားတဲ့ ပါဝင်ဖက်ပစ္စည်းတွေကလည်း တစ်ချို့သူတွေမှာ ခေါင်းတစ်ခြမ်းကိုက်တဲ့ဝေသနာကိုပိုဆိုးစေပါတယ်။ တစ်ဖက်ကကြည့်ရင် အငန်ဓါတ်လွန်ကဲတဲ့အစားစာတွေက သွေးတိုးတာမျိုးကို ဖြစ်စေတတ်ပြီး ခေါင်းကိုက်ဝေသနာကို ထပ်တိုးခံစားရစေပြန်ပါတယ်။

(ခ) ခေါင်းတခြမ်းကိုက် ဝေသနာကို ဘယ််လိုကု

ဆရာဝန်ညွှန်ကြားတဲ့စားဆေးတွေနဲ့ ဆေးဆိုင်တွေမှာအလွယ်ဝယ်လို့ရတဲ့ အကိုက်ခဲပျောက်ဆေးတွေပေါင်းပြီး ဒီရောဂါဝေသနာကို သက်သာအောင်ကုသကြပါတယ်။ တစ်ခါခါမှ ခေါင်း (တစ်ခြမ်း)ကိုက်တတ်တာမျိုးဆိုရင်လည်း အိတ်စီဒရင် မိုက်ဂရိန်း (Excedrin Migranine) လိုမျိုးဆေးကို ဝယ်သောက်လို့ရသလို ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ ထရစ်(ပ)တန် (Triptan) ကဲ့သို့ဆေးမျိုးကိုလည်း သောက်သုံးသင့်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက် ဝေသနာက ခဏခဏဖြစ်နေတတ်တယ်ဆိုရင် ဆရာဝန်က ထပ်မဖြစ်အောင်ကြိုတင်ကာကွယ်ပေးတဲ့ဆေးတွေကို ပေးတတ်ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေထဲမှာ ရောဂါနဲ့လိုက်ပြီး နှလုံးခုန်နှုန်းနှေးစေပြီးသွေးတိုးတာမျိုးဆိုရင် သွေးပေါင်ချိန်ကိုချပေးတဲ့ ဘီတာဘလော့ကာ (Beta Blocker)၊ နဲ့ ခေါင်းကိုက်ဝေသနာကို အထောက်ကူဖြစ်စေတဲ့ စိတ်ကျန်းမာရေးဆေးတွေပါတတ်ပါတယ်။ ဒီနေရာမှာ ဆရာဝန်တွေတိုက်တဲ့ စိတ်ကျန်းမာရေးဆေးတွေက စိတ်ရောဂါအတွက်တိုက်တာမဟုတ်တာကို သတိချပ်သင့်ပါတယ်။

ခေါင်းတစ်ခြမ်းကိုက်ဝေသနာကို သုသတဲ့နေရာမှာအထက်ပါ စားဆေးများအပြင် အောက်ပါတစ်ခြားသောနည်းလမ်းများလဲ ရှိပါသေးတယ်။
⁃ ဦးခေါင်းကိုနှိတ်နယ်ပေးခြင်း
⁃ ဗိုက်တာမင် ဘီတူး (ရီဗိုဖလင်ဘင်) သောက်ပြီး ခေါင်းတစ်ခြမ်းကိုက်တဲ့ အကြိမ်အရေအတွက်ကိုလျှော့ချခြင်း။
⁃ မက်ဂနီစီယမ် အားဖြည့်ဆေးများ သောက်သုံးခြင်း
⁃ နောက်တစ်ခုက စိတ်ဖိစီးမှုကြောင့်ဖြစ်လာတဲ့ ကိုယ်ကာယတုံ့ပြန်မှုတွေကို ထိန်းချုပ်တတ်အောင်လေ့ကျင့်ခြင်း စတဲ့နည်းလမ်းတွေနဲ့ သက်သာအောင်ကုလို့ရပါတယ်။

(ဂ) ခေါင်းတစ်ခြမ်းကိုက်ခြင်းမဖြစ်အောင် ကာကွယ်တားဆီးခြင်း
ခေါင်းတစ်ခြမ်းကိုက်တဲ့ အခိုက်တန့်တွေက အလွန်မင်းနာကျင်တတ်ပြီး ဘဝရဲ့နိစ္စဓူဝလုပ်ငန်းဆောင်တာကိုလည်း ထိခိုက်စေလာတတ်တာမျိုးပါ။ ကံကောင်းတာက နေ့စဥ်လုပ်ငန်းဆောင်တာထဲက အောက်ဖော်ပြပါတစ်ချို့ကိုပြောင်းလဲလိုက်တာမျိုးဆိုရင် ဝေသနာကိုမဖြစ်အောင်တားဆီးနိုင်မယ့် အခြေအနေမျိုးဖန်တီးနိုင်ပါတယ်။ အဲ့တာတွေက

⁃ နေ့စာညစာ မစားတာမျိုးမဟုတ်ပါပဲ အစားစာကို ပုံမှန်စားသုံးပေးခြင်း
⁃ ကဖင်းသောက်သုံးမှုကို လျှော့ချခြင်း
⁃ အိပ်ရေးဝအောင်အိပ်စက်ခြင်း
⁃ တရားထိုင်၊ ယောဂ စတာတွေလုပ်ပြီး စိတ်ဖိစီးမှုကိုလျှော့ချခြင်း
⁃ အလင်းရောင်ကို တိုက်ရိုက်ကြည့်တဲ့အချိန်တိုင်းတာကာလကိုလျှော့ချခြင်း (ဥပမာ ကွန်ပြူတာကြည့်တာ၊ နေပူထဲထွက်တာ)
⁃ ကွန်ပြူတာစခရင်၊ ဖုန်း/တက်ပလက်စခရင်၊ တီဗွီစခရင် စတာတွေကို အချိန်ကြာမြင့်စွာမကြည့်ပဲ မကြာခဏအနားပေးခြင်း
⁃ ခေါင်းတစ်ခြမ်းကိုက်ခြင်းကိုဖြစ်စေတတ်တဲ့ အထက်ဖော်ပြပါ အစားစာများအပါဝင် ကိုယ့်ကို ခေါင်းကိုက်ဖို့အကြောင်းဖန်လာမယ့် အစားသောက်များကို သေချာစွာ မှတ်သားထားပြီးရှောင်ရှားခြင်း။

စတဲ့ကျန်းမာရေး အကြံပြုချက်တွေကို လေ့လာမှတ်သားပြီး ကိုယ်ကိုယ်တိုင် (သို့) အသိမိတ်ဆွေများအတွက် အသိပညာလက်ဆင့်ကမ်းအကျိုးပြုပါစေကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။

လင်းစံ (Say-Ku)
ည ၉း၃၆ နာရီ
၂၅ ရက်၊ အောက်တိုဘာလ၊ ၂၀၂၂

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ဆေးကု-ပေချ့် မှကြိုဆိုပါတယ်။😊😀 🎉🎉🎉အခုဆိုရင် အားလုံးစောင့်မျှော်နေကြတဲ့ အဖျားဝေဒနာအတွက် ဆေးကု-အပလီကေးရှန်း လေးထွက်ရှိလာပါ...
How vaccine works?
Say-Ku
ကလေးများအတွက်

Address


Yangon

Other Alternative & Holistic Health in Yangon (show all)
Shwe Tharyar Functional Nutrients Shwe Tharyar Functional Nutrients
Hlaing Tharyar
Yangon, 11401

The Best Quality Vitamins, Minerals and Supplements from USA. Free Delivery to all regions where we

Dr.PSYCH Dr.PSYCH
Yangon, 11011

A team of psychiatrists offering a personalized approach to each individual to meet your need

CPAP Buy & Trade CPAP Buy & Trade
No. 520, Kabar Aye Pagoda Road Shwegonedine
Yangon, 11201

We are selling and trading ACPAP.

Khin Overseas Medical Services Khin Overseas Medical Services
Kha Yay Pin Street, Kha Yay Pin Residential Housing (2), Mingalardon
Yangon

ထိုင်းနှင့်အိန္ဒိယနိုင်ငံများတွင် ဆေးသွားကုလိုသူများ အတွက် အသက်သာဆုံး ဖြစ်အောင် ဆောင်ရွက်ပေးနေပါပြီ

Integrative Health - Myanmar Integrative Health - Myanmar
Yangon

Integrative Health Myanmar is a consulting agency committed to providing innovative ways to prevent

nawaz nawaz
Nn
Yangon

B

Waaneiza Holistic Health Waaneiza Holistic Health
No. 277/276, Thitsar Road, 10 Quarter, South Okkalapa Township
Yangon, 11091

𝐍𝐨𝐎𝐧𝐞-𝐌𝐞𝐭𝐚𝐩𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐬𝐡𝐨𝐩 𝐍𝐨𝐎𝐧𝐞-𝐌𝐞𝐭𝐚𝐩𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐬𝐡𝐨𝐩
No. 13 U AUNG BWINT Street , 2 QUARTER MAYANGONE TOWNSHIP
Yangon

𝕋𝕙𝕖 𝕦𝕟𝕚𝕧𝕖𝕣𝕤𝕖 𝕚𝕤 𝕗𝕦𝕝𝕝 𝕠𝕗 𝕞𝕪𝕤𝕥𝕖𝕣𝕚𝕖𝕤. ���𝔸𝕓𝕣𝕒𝕔𝕒𝕕𝕒𝕓𝕣𝕒��� #ℕ𝕠𝕆𝕟𝕖

BOOM Collagen - Myanmar BOOM Collagen - Myanmar
98st
Yangon, 11221

Health/Beauty

ညဆေးခန်း-ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု ညဆေးခန်း-ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု
Yangon

Yangon မြို့တွင်း ဆရာဝန်အိမ်ပင့်ဝန်ဆောင်မှု

Chan Myae Specialist Clinic Chan Myae Specialist Clinic
အမှတ်(၂၈)၊မာန်​ပြေ(၁၆)လမ်းထိပ်(အ​နောက်)၊(၃)ရပ်ကွက်၊, သာ​ကေတမြို့နယ်
Yangon

! HEALTH IS NOT VALUED TILL SICKNESS COMES !

Life Myanmar - Live Healthy Life Myanmar - Live Healthy
Kyitewine Pagoda Road
Yangon, 11062

လူနာစောင့်နှင့်သူနာပြုအကူဝန်ဆောင်မှု