Smart Learner

Learn smart! Live smart!

19/11/2021
Photos from PYONE CHO Handmade Collections's post 16/08/2021

သားသား မီးမီးတို့ကို Geometry နဲ့ စတင်မိတ်ဆက်တဲ့အခါ အလွန် အသုံးဝင်တဲ့ Geoboard လေးပါ

ကျောင်းသားတွေကို သင်္ချာမှာ ဘယ်အပိုင်းအကြောက်ဆုံးလဲလို့ မေးလိုက်ရင် အများစုက သင်္ချာ(၂)‌(ခေါ်) Geometryလို့ ဖြေကြပါလိမ့်မယ်

အဲဒီ ပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းကတော့ ငယ်စဉ်ကတည်းက ကလေးတွေကို geometry အခြေခံ shape တွေကို ရင်းနီးစေ
ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာတွေနဲ့ ချိတ်ဆက်တွေးတတ်အောင် လေ့ကျင့်ပေးဖို့ပါပဲ

အဲလိုလေ့ကျင့်တဲ့နေရာမှာ စာသင်သလိုကြီးမဟုတ်ဘဲ
ဆော့ကစားနေသလို activityလေးတွေနဲ့ ကလေးတွေ ပျော်ရွှင်စွာလေ့လာနိုင်အောင် အကူအညီပေးမယ့် Geoboardလေးပါ

Geoboard ကို အသုံးချခြင်းဖြင့် Mathematical conceptတွေ ဖြစ်တဲ့
Symmetry
Angles
Counting
Patterns
Numeral recognition
Count and compare
Addition
Subtraction
Multiple-sided shapes
Making pictures using shapes တို့အပြင်
အခြား activityများကိုလည်း
တီထွင်နိုင်ရင် နိုင်သလို အသုံးဝင်မှာ ဖြစ်ပါတယ်

သင်္ချာဆိုင်ရာ အခြေခံများအပြင် ကလေးတွေရဲ့
တီထွင်ဖန်တီးနိုင်စွမ်း
စိတ်ကူးပုံဖော်နိုင်စွမ်း များ မြင့်မားလာစေနိုင်ရုံသာမက
သားသားမီးမီးတို့ရဲ့ လက်ချောင်းလေးတွေ သန်မာ‌လာစေဖို့ အထောက်အကူပြုသင့်အပြင် မျက်လုံးနှင့်လက် ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကိုပါ တိုးတက်လာစေနိုင်ပါတယ်

ဆရာများက သင်ထောက်ကူ အနေနဲ့ သုံးနိုင်သလို
ဖေဖေမေမေတို့ကိုယ်တိုင်လည်း သားသားမီးမီးတို့နဲ့ အတူတကွ ဆော့ကစားပေးလို့ရပါတယ်

၇လက်မ ပတ်လည် Geoboard လေးက
တစ်ချပ်ကို ၅၀၀၀ကျပ်ပါ
အတူတွဲပြီးသုံးဖို့ သရေကွင်းလေးတွေ ပါမယ့်အပြင်
ကလေးတို့ ကြည့်ပြီးပုံဖော်ဖို့ နမူနာ pattern ပုံစံလေးတွေကိုလည်း ထည့်ပေးထားပါတယ်

Order မှာချင်ရင်
Waiting time က 1 to 2 weeksပါ

Geoboard လေး လုပ်ဖြစ်အောင် အကြံဉာဏ်ပေးကြတဲ့
တီချယ်တွေနဲ့ သူငယ်ချင်းတွေကို ကျေးဇူးအများကြီးတင်ပါတယ်

08/08/2021

ဒီနေ့ အိမ်အိမ် ပြောပြချင်တဲ့ အကြောင်းအရာကတော့ ကျောင်းသားလူငယ်တွေသိသင့်တဲ့ ၈၈ အရေးတော်ပုံ သမိုင်းကြောင်းပဲဖြစ်ပါတယ်။

▪ဦးနေဝင်းရဲ့ မှားယွင်းတဲ့အုပ်ချုပ်မှုအောက်မှာ မြန်မာပြည်သူလူထုဟာ (၁၉၈၀) နောက်ပိုင်းမှာ စီးပွား‌ရေးကျပ်တည်းမှုကို ဆိုးရွားစွာရင်ဆိုင်လာရပါတယ်။ တရားဝင်ငွေစက္ကူများကိုလည်း တရားမဝင်ကြောင်း ရက်စက်စွာ ကြေညာခဲ့ပါတယ်။ကမ္ဘာပေါ်မှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှုအနောက်ကျဆုံး နိုင်ငံအဖြစ်‌‌ရောက်ရှိသွားပါတယ်။ (၁၉၈၈) ဩဂုတ်လ ၈ရက်နေ့မှာ တစ်နိုင်ငံလုံးလှည်းနေလှေအောင်း မြင်းဇောင်းမကျန် ဆင်နွှဲခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့ပါတယ်။

▪(၁၉၈၈) နိုဝင်ဘာလကစပြီးတော့ တက္ကသိုလ်၊ကောလိပ်တွေမှာ စတင်ဆန္ဒပြ သပိတ်မှောက် ကြပါတယ်။

▪(၁၉၈၈) မတ်လ (၁၂) ရက်နေ့မှာ ရန်ကုန်မြို့စက်မှုတက္ကသိုလ်က ကျောင်းသားအချို့ရဲ့ ရန်ပွဲကို အကြမ်းဖက်ဖြိုခွဲရာမှ R.I.T ပဥ္စမနှစ်ကျောင်းသား ကိုဖုန်းမော်နှင့်ကိုစောနိုင်တို့ နှစ်ဦးသေနတ်ဒဏ်ရာပြင်းထန်လို့ နောက်တစ်နေ့မှာပဲသေဆုံးခဲ့ရပါတယ်။

▪စစ်အစိုးရက ချွန်ထက်သောအရာကြောင့် သေဆုံးခဲ့ရတယ်လို့ ကြေညာခဲ့တာကြောင့် လူထူတစ်ရပ်လုံး ကျိတ်မနိုင်ခဲမရ ဒေါသ ပေါက်ကွဲခဲ့ကြပါတယ်။

▪“နောင်ကို လူစုလူဝေးနဲ ဆူဆူပူပူလုပ်ရင်တော့ စစ်တပ်ဆိုတာ မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင် မပစ်ဘူး”လို့ ရက်စက်တဲ့ မိန့်ခွန်းကို ဦးနေဝင်းက ပြောကြားခဲ့ပါတယ်။

▪မတ်လ (၁၈) ရက်နေ့မှာ ကျောင်းသားတွေနဲ့အတူ ပြည်သူလူထု တစ်ရပ်လုံး ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ စစ်တပ်ရဲ့ ရက်စက်စွာဖြိုခွင်းမှုကြောင့် သူရဲကောင်းများစွာ အသက်ဆုံးရှုံးခဲ့ရပေမယ့် နိုင်ငံပိုင်မီဒီယာတွေ၊ သတင်းစာတွေမှာ (၃) ဦးသာသေဆုံးတယ်လို့ အရှက်ကင်းမဲ့စွာ ကြေညာခဲ့ကြပါတယ်။

▪ဒီမိုကရေစီလိုလားသောကျောင်းသားခေါင်းဆောင်အများအပြားပေါ်ထွက်လာခဲ့ပါတယ်။

▪ရန်ကုန်မြို့တွင်း ကျောင်းသားကျောင်းသူတွေရဲ့ ပြောက်ကြား ဆန္ဒပြပွဲတွေဆက်တိုက်ဆိုသလို ဖြစ်လာပြီးတော့ ဩဂုတ်လ (၁)ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမ္မဂအဖွဲ့ချုပ်က ဩဂုတ်လ (၈) ရက်နေ့မှာ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အထွေထွေသပိတ်ကြီးဆင်နွှဲဖို့ ကြေညာလိုက်ပါတယ်။ဒါကတော့ သမိုင်းတွင်ခဲ့တဲ့ ၈၈၈၈ အရေးတော်ပုံကြီးပဲဖြစ်ပါတယ်။

▪သမိုင်းဝင် ၈၈ အရေးတော်ပုံမှာ စစ်တပ်ရဲ့ လူမဆန်တဲ့ ရက်စက်စွာဖြိုခွင်းမှုများကြောင့် ဒီမိုကရေစီလိုလားသော ရဟန်းရှင်လူပြည်သူပြည်သားများ (၃၀၀၀) ခန့် အသက်ဆုံးရှုံးခဲ့ရပါတယ်။

▪ဩဂုတ်လ (၅) ရက်နေ့မှာ လူပေါင်းများစွာ ဆန္ဒပြခဲ့ကြပါတယ်။ လူပေါင်းများစွာ ရာနဲ့ချီအဖမ်းခံခဲ့ရပါတယ်။ပြည်သူလူထုရဲ့ တူညီတဲ့ တောင်းဆိုချက်ကတော့ ဆိုရှယ်လစ်စီးပွားရေးနှင့် တစ်ပါတီစနစ်ကိုအဆုံးသတ်ရန်၊ ပါတီစုံစနစ်နဲ့ ဒီမိုကရေစီရရှိရေး တောင်းဆိုချက်တွေပဲဖြစ်ပါတယ်။

▪ဩဂုတ်လ (၉)ရက်နေ့မှာတော့ မြန်မာတစ်နိုင်ငံလုံး ကျေးလက်မြို့ရွာမကျန် အထွေထွေသပိတ်ကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ဩဂုတ်လ (၉) ရက်နဲ့ (၁၀) ရက်နေ့မှာငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ပြည်သူလူထုကို စစ်တပ်ရဲ့ ရက်စက်စွာ ပစ်ခတ်မှုကြောင့် လူပေါင်းများစွာ အသက်သေဆုံးခဲ့ရပါတယ်။
အထွေထွေသပိတ် အောင်မြင်မှုကြောင့် အစိုးရအုပ်ချုပ်ရေးရပ်ဆိုင်းသွားခဲ့ရပါတယ်။

▪ဩဂုတ်လ(၁၂) ရက်နေ့မှာ သမ္မတ ဦးစိန်လွင်ရာထူးမှနှုတ်ထွက်ပြီး (၁၉) ရက်နေ့မှာ ဒေါက်တာမောင်မောင်ကို သမ္မတဖြစ်လာခဲ့ပါတယ်။။

▪(၂၆) ရက်နေ့မှာတော့ ရွေတိဂုံဘုရားအနောက်ဘက်မုခ်မှာ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားခဲ့တဲ့ ဟောပြောပွဲဟာသမိုင်းတစ်လျှောက်ပြည်သူလူထုအများဆုံးတက်ရောက်ခဲ့တဲ့ သမိုင်းဝင်ဟောပြောပွဲတစ်ခုဖြစ်ပါတယ်။

▪ဗမာတစ်နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် ဗ.က.သကိုဩဂုတ်လ (၂၈) ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။ စက်တင်ဘာလ ၁၈ရက်နေ့မှာ စစ်တပ်က ငြိမ်ဝပ်ပိပြားရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီကို ဖွဲ့ပြီးတော့ နိုင်ငံတော်အာဏာကို မတရားသဖြင့် သိမ်းယူလိုက်ပါတယ်။ (၁၉၇၄) ဆိုရှယ်လစ်အခြေခံ ဥပဒေကိုရပ်ဆိုင်းလိုက်ပြီး (၁၉၉၀) ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကို ကျင်းပပေးခဲ့ပါတယ်။

▪ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရခဲ့သော်လည်း အာဏာလွှဲမပေးဘဲ အမျိုးသားညီလာခံခေါ်ယူကာ အခြေခံဥပဒေကို ရေးဆွဲခဲ့ပါတယ်။ ပြည်သူအများအပြား နာဂစ်မုန်တိုင်းဒဏ်အလူးအလဲခံစားရပြီး သေကြေပျက်စီးမှုတွေကို တာဝန်မဲ့မျက်ကွယ်ပြုပြီး (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေကို စစ်တပ်အသွင်ပြောင်းကောင်စီက အတင်းအဓမ္မ အတည်ပြုခဲ့ပါတယ်။ (၂၀၀၈) ဖွဲ့စည်းပုံ အခြေခံ ဥပဒေက မြန်မာပြည်သူလူထုကို နှစ်ပေါင်းများစွာ ဒုက္ခပေးခဲ့ပါတယ်။ ဒါကတော့ အိမ်အိမ်တို့ မြန်မာနိုင်ငံမှာ ဖြစ်ခဲ့တဲ့ ၈၈ အရေးတော်ပုံသမိုင်းကြောင်းပဲဖြစ်ပါတယ်။

Cradit to Myanmar Basic Education Home

https://www.facebook.com/102412615426604/posts/128684726132726/

Photos from Myanmar Basic Education Home's post 03/08/2021
Photos from M Education Center's post 27/06/2021
02/06/2021

“ဘယ်သူတွေက တာလီဘန်လဲ”

ကျောင်းမတက်ဖို့ တိုက်တွန်းနေကြတဲ့သူတွေကို တာလီဘန်တွေနဲ့ တူလာပြီ ဆိုပြီး ရေးထားတဲ့ ပို့စ်တစ်ခု ဖတ်လိုက်ရပါတယ်။ (သူ​ပြောတဲ့ 'တက္ကသိုလ်​​တွေကို ဗုံးခွဲ၊ မီးရှို့ ဆိုတဲ့ ကိစ္စ​တွေကို ပြည်သူက လုပ်တယ်' ဆိုတာကိုတော့ MRTV ကြည့်လိုက်ရတယ်လို့ပဲ သ​ဘောထားပါတယ်။)

ဆရာဝန်တွေ CDM စလုပ်တုန်းကလိုပေါ့။ လူနာတွေတော့ ဘယ်လိုနစ်နာနေပါပြီ၊ ပြည်သူတွေတော့ ထိခိုက်ကုန်ပြီနဲ့ တကယ့်ကို မေတ္တာရှင်တွေ လုပ်ပြပြီး ဆိုက်ဝါးထည့်နေကြတာ။ တကယ်တမ်းသာ လူနာတွေ၊ ပြည်သူတွေကို သနားရင် အာဏာသိမ်းတဲ့ကိစ္စကိုကျ ကန့်ကွက်ကြပါလား။ မသိရင် ဆရာဝန်တွေကပဲ သူတို့အကျိုးအတွက် အလုပ်မလာကြတော့တာလိုလိုနဲ့။ အခု ကျောင်းမတက်ကြဖို့ တိုက်တွန်းနေကြတဲ့အခါမှာလည်း ဒီလိုသဘောတွေ တန်ပြန်ပြောလာကြပြန်တယ်။

တာလီဘန်ဆိုတာကတော့ အားလုံးလည်း သိတဲ့အတိုင်း အာဖဂန်နစ္စတန်က အစွန်းရောက်အဖွဲ့အစည်းပါ။ သူတို့ အာဏာမရခင်က အာဖဂန်ဟာ ပညာရေးမှာ ဒေသတွင်းနိုင်ငံတွေက အသိအမှတ် ပြုခံရတဲ့ အခြေအနေမှာ ရှိခဲ့တယ်။ သူတို့လည်း အုပ်ချုပ်ရော၊ ကျောင်းတွေကို ဖျက်ဆီးတယ်။ ခေတ်မီပညာရေးကို ပိတ်ပင်တယ်။ ဘာသာရေးနဲ့ ဆိုင်တာတွေကိုပဲ ဦးစားပေး သင်ခွင့်ရတယ်။ အမျိုးသမီးတွေကိုလည်း ဖိနှိပ်တယ်။ လင်ယောက်ျား၊ အဖေ၊ မောင် စတဲ့ အမျိုးတော်စပ်တဲ့ ယောက်ျားသား မပါဘဲ အပြင်ထွက်ခွင့် မရဘူး။ ထွက်ရင်လည်း မျက်စိကလွဲပြီး တစ်ကိုယ်လုံး ဖုံးထားတဲ့ ဝတ်စုံကို ဝတ်ရတယ်။ အလုပ်လုပ်ခွင့် မရှိဘူး။ ပညာသင်ခွင့် မရှိဘူး။ တခြားဘာသာခြားတွေကိုလည်း နှိမ်နင်းတယ်။ မုန်းတယ်။

ကျွန်တော်တို့ဆီမှာလည်း စစ်အာဏာရှင်တွေ မအုပ်ချုပ်ခင်က တခြားနိုင်ငံတွေကပါ လေးစားရတဲ့ ပညာရေး အဆင့်အတန်း ရှိခဲ့ဖူးတယ်။ အဲ့လိုနဲ့ ၈၈ နောက်ပိုင်းမှာ တက္ကသိုလ်တွေ မြို့ပြင်ထုတ်ခံရတယ်။ ပညာရေးကို စနစ်တကျ ဖျက်ဆီးတယ်။ လူတွေကို မစဉ်းစား မတွေးခေါ်တတ်တော့အောင် လုပ်တယ်။ သူတို့ကိုယ်တိုင်လည်း တာလီဘန်တွေလောက်သာ မပြင်းထန်တာ၊ အမျိုးသမီးတွေကိုဆို အထင်သေးတယ်။ အဓမ္မပြုကျင့်မှုဆိုတာကို လက်နက်တစ်ခုလို သဘောထားတယ်။ ဘာသာခြားတွေကို မုန်းတီးတယ်။ ခွဲခြားဆက်ဆံတယ်။ ပြောရရင်တော့ သူတို့ကမှ တာလီဘန်တွေနဲ့ တူနေတာပဲ။

တစ်ခုကွာတာက တာလီဘန်တွေက သူတို့ ရပ်တည်ချက်ကို ခပ်ပြတ်ပြတ် ပြောရဲတယ်။ သူတို့လုပ်ရင် သူတို့လုပ်ကြောင်းကို ဒဲ့ပြောတယ်။ ဒီမှာလို သတင်းမှားတွေနဲ့ မျက်နှာပြောင်တိုက် လျှောက်မလိမ်ဘူး။ ဒီမိုကရေစီက ယိုင်နဲ့နေလို့ပဲ ဝင်ထိန်းပေးရသလိုလိုတွေ လျှောက်မပြောဘူး။ Hypocrite မလုပ်ဘူး။ လူကောင်းဟန်မဆောင်ဘူး။ ဆိုတော့ အကြမ်းဖက်တာချင်း တူပေမဲ့ တာလီဘန်တွေထက်တောင် ဂုဏ်သိက္ခာ ကင်းမဲ့သေးတယ်လို့ပဲ ပြောရမယ်။

အခု ကျောင်းမတက်နဲ့ ပြောနေကြတာက ပညာမတတ်တော့အောင် လုပ်နေတာ မဟုတ်ဘူး။ တကယ်တမ်း ပြည်သူကို ပညာမတတ်စေချင်တာ ဘယ်သူတွေလဲ သေချာစဉ်းစားကြည့်။ အဓိကက သူတို့ အုပ်ချုပ်လို့ မရစေရဘူး ဆိုတာကို ပြချင်တာပဲ။ Civil Disobedience Movement ဆိုတာ အဲဒါ။ ဝန်ထမ်းနဲ့ပဲ ဆိုင်တာ မဟုတ်ဘူး။ ပြည်သူအားလုံးနဲ့ ဆိုင်တယ်။

ဒီတော်လှန်ရေးမှာ အသက်ပေးသွားရတဲ့ ကိုယ်နဲ့ ရွယ်တူတန်းတူ လူငယ်တွေကိုလည်း အားနာစေချင်တယ်။ သူများတွေကတော့ အသက်ပေး၊ ဘဝတွေ ရင်းနှီး၊ ကိုယ်ကတော့ တစ်နှစ်အအောက်မခံနိုင်လို့ ကျောင်းတက်မယ် ဆိုတာက ဒီမိုကရေစီနဲ့ တန်တဲ့သူတွေရဲ့ လုပ်ရပ်မျိုး မဟုတ်ဘူး။ ဒီလူတွေ ဆက်အုပ်ချုပ်သွားလို့ ဖြစ်လာမဲ့ နိုင်ငံအခြေအနေကလည်း ညီတို့၊ ညီမတို့ အနာဂတ်အတွက် ဘယ်လိုမှ မကောင်းနိုင်ဘူး။ ဒါကြောင့် တတ်အားသရွေ့ ဖီဆန်ကြဖို့ ပြောနေရတာ ဖြစ်တယ်။

လက်နက်ရှိရင်တော့ ကြောက်ရတာ မဆန်းပါဘူး။ အင်တာနက် ဖြတ်တာလိုမျိုး ကျွန်တော်တို့ Speak out လုပ်ရုံအပြင် မစွမ်းနိုင်တဲ့ ကိစ္စတွေလည်း ရှိတာပဲ။ သို့သော် ရရင်ရသလို ရတဲ့နေရာက ဖီဆန်အာခံသွားမယ် ဆိုတဲ့ ခံယူချက်မျိုးတော့ ကျွန်တော်တို့အားလုံးမှာ ရှိထားဖို့ လိုပါတယ်။

ဒေါက်တာ ဖြိုးသီဟ
၁၇.၅.၂၀၂၁

16/04/2021

အမျိုးသားညီညွတ်ရေးအစိုးရ National Unity Government (NUG) အား ပြည်သူတစ်ယောက်အနေဖြင့် အပြည့်အဝ ထောက်ခံကြိုဆိုပါသည်။
As a citizen of Myanmar, I fully support the National Unity Government (NUG).

#အရေးတော်ပုံအောင်တော့မည် 💪✊✊✊💪

သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းကို အခြေခံ၍ United Nations Security Council, NATO, US Senators သို့ပေးပို့မည့် No-Fly Zone 15/04/2021

အောက်ပါ form မှတဆင့် no-fly zone တောင်းဆိုရန် ပါဝင်နိုင်ပါတယ်။
👇👇👇
သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းကို အခြေခံ၍ United Nations Security Council, NATO, US Senators များထံသို့ပေးပို့မည့် No-Fly Zone ဆန္ဒပြုတောင်းဆိုလွှာ အပေါ် သဘောထားကောက်ခံခြင်း

https://docs.google.com/forms/d/e/1FAIpQLSeHcxuUjPKQ6R-jKI-nIwEE4HgHIKBVxsaujov_SFCY04A81g/viewform?fbclid=IwAR3ezJZqnIkYh4Y04RFvqYopcX4A8ydW5j-vXsKNIJj_EDFtqgvdPKBzXvk

သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းကို အခြေခံ၍ United Nations Security Council, NATO, US Senators သို့ပေးပို့မည့် No-Fly Zone ဆန္ဒပြုတောင်းဆိုလွှာတွင် ပါဝင်သည့် အချက်များကို အောက်ပါ လင့်ခ်မှဝင်ရောက်ဖတ်ရှူပါ။ https://drive.google.com/file/d/1SgM-EysA45r2hyLeRrrZTzKT4rsYbMG...

Photos from Smart Learner's post 25/02/2021

"အရေးကြီးဆုံး အချိုးအကွေ့”

လက်ရှိမှာ ချီးကျူးခံနေရတဲ့ Gen-Z တွေနဲ့ ပတ်သက်ပြီး ကျွန်တော် အားရမိတဲ့ နောက်တစ်ချက်က သူတို့မျိုးဆက်ကနေ ဘာသာရေး အစွန်းရောက်တဲ့သူတွေ၊ လူမျိုးရေး ခွဲခြားတဲ့ Racist တွေ၊ အမျိုးသမီးတွေ၊ လိင်တူချစ်ကြိုက်သူတွေကို နှိမ့်ချဆက်ဆံတာတွေ၊ တစ်ဖက်ပိတ်တွေ၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်သူတွေ အတော်လေးကို နည်းသွားလိမ့်မယ်လို့ မြင်မိတာပါပဲ။ သတိထား ကြည့်မိသလောက် ပေါ်လာသမျှ ကိစ္စတိုင်းမှာ သူတို့ရဲ့ ရပ်တည်ချက်တွေက ရဲတယ်၊ ပြတ်တယ်၊ ခိုင်တယ် ဆိုတာကို တွေ့ရတယ်။

ကျွန်တော် မကြာခဏ ပြောဖူးသလိုပဲ။ လူဆိုတာ သူ ဖြတ်သန်းတဲ့ခေတ်ကနေ ပုံသွင်းတာပဲ။ အခု Gen-Z တွေ ဆိုတာက အသက်အကြီးဆုံးကမှ ၉၅ မှာ မွေးတဲ့သူတွေ။ (တချို့ကလည်း ၉၃ နဲ့ ဖြတ်ပေမဲ့ အများစု မြင်ရသလောက်တော့ ၉၅ မို့ ၉၅ နဲ့ပဲ ယူလိုက်ပါတယ်။) အသက်အားဖြင့်ဆို ၂၆ နှစ်။

သူတို့ ဆယ်တန်းအောင်တဲ့အချိန်မှာ မြန်မာပြည်မှာ ဒီမိုကရေစီအစိုးရ ဆိုတာ စတက်တယ်။ အဲ့တော့ တက္ကသိုလ်တစ်လျှောက်လုံး မြောက်များစွာသော အခွင့်အလမ်းတွေနဲ့။ သမဂ္ဂတွေ ရှိလာပြီ။ စာပေအသင်း၊ အနုပညာအသင်းတွေ ပေါ်လာပြီ။ ပြောရေးဆိုခွင့်တွေ ရှိလာပြီ။ ရွေးစရာ တက္ကသိုလ်က ကျွန်တော်တို့ခေတ်ကလို ဆရာဝန်၊ အင်ဂျင်နီယာ ၂ ခုတည်း မဟုတ်တော့ဘူး။

သူတို့အောက်က ကျန်တဲ့ Gen-Z တွေကတော့ ပြောမနေနဲ့တော့။ အခြေခံပညာမှာကတည်းက ကင်းထောက်အဖွဲ့မှာ ပါတဲ့သူနဲ့ နိုင်ငံခြားလွှတ်ခံရတဲ့သူနဲ့။ ၂၁ ရာစုရဲ့ ဒုတိယဆယ်စုနှစ်ဟာ မြန်မာနိုင်ငံအတွက် အကောင်းဆုံးသော ကာလတွေလို့ ပြောမယ်ဆိုရင် အဲဒီကာလမှာ ကြီးပြင်းခွင့်ရခဲ့တာ သူတို့တွေပဲ။

သူတို့ရှေ့က တစ်ဆက်ဖြစ်တဲ့ Generation Y တွေကတော့ အဲ့အချိန်ကျမှ ကိုယ့်ကိုယ်ကိုယ် ပြန်တည်ဆောက်ယူခဲ့ရတယ် ပြောရမယ်။ မကြောက်တတ်အောင်၊ အမြင်မတူတာကို လေးစားတတ်အောင်၊ ခွဲခြားဆက်ဆံမှုတွေ မလုပ်မိအောင် စသဖြင့်ပေါ့လေ။

လူမျိုးရေး၊ ဘာသာရေးဆိုတာကလည်း အဓိကက Exposure လို့ ခေါ်တဲ့ ထိတွေ့မှုနဲ့ ဆိုင်တာ။ အထိအတွေ့ မရှိတဲ့အခါ ကိုယ်ပဲ အမှန်ထင်တယ်။ တစ်ဖက်ကို အထင်သေးတယ်။ ခွဲခြားဆက်ဆံတယ်။

ဥပမာ အခုခေတ်မှာ Sexual harassment ဖြစ်တယ် ဆိုပြီး ကဲ့ရဲ့ရှုံ့ချနေကြတဲ့ ဟာသတွေ၊ ပြက်လုံးတွေက ကျွန်တော်တို့ ငယ်ငယ်က တအားရယ်ခဲ့ကြတာတွေလေ။ သိမှ မသိတာ။ မသိဆို စစ်အစိုးရရဲ့ ပညာရေးကနေ ထွက်လာကြတဲ့သူတွေကိုး။ မသန်စွမ်းတွေကို လှောင်ထားလည်း ရယ်ကြတာပဲ။ ခရစ်တော်၌ အိပ်ပျော်ခြင်း ဆိုတာကို “ဟာ ဒီလူ ချမ်းသာလိုက်တာ ကြည့်စမ်း၊ သူ့ဟာသူ အိပ်တာတောင် သတင်းစာထဲ ထည့်ကြော်ငြာတယ်” ဆိုပြီး ပြက်လည်း ရယ်ကြတာပဲ။ နောက်ပိုင်းမှ စာတွေဖတ်၊ ထိတွေ့တာ၊ လေ့လာတာတွေ များလာမှ ပြင်ယူခဲ့ကြရတာပေါ့။ ဒါကြောင့်လည်း ခေတ်က လူတွေကို ပုံသွင်းတယ်လို့ ပြောရတာ။

နောက်တစ်ချက်က ကျွန်တော်တို့ ၂၀၁၆ လောက်ကတည်းက ပြောလာခဲ့ကြတဲ့ Demographic dividend လို့ခေါ်တဲ့ လူဦးရေဆုလာဘ်။ ဘာလဲဆိုတော့ ပုံ ၁ မှာကြည့်။ လက်ရှိ မြန်မာနိုင်ငံရဲ့ လူဦးရေ အချိုးအစားဟာ အိုးပုံစံ ဖြစ်နေတယ်။ အပေါ်မှာ ကျဉ်းပြီး အောက်ခြေမှာ ကားနေတယ်။ သဘောက သက်ကြီးရွယ်အို နည်းပြီး ကလေးနဲ့ လူငယ်အင်အားစုက ပိုများနေတယ် ဆိုတာပဲ။ အခုလက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးဟာလည်း ဒီဆုလာဘ်ရဲ့ အသီးအပွင့်ကို ခံစားနေရတယ်လို့တောင် ပြောလို့ရတယ်။ ဒါမျိုး အခြေအနေကို လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေက ထိုင်း၊ တရုတ်၊ စင်ကာပူတို့လို အာရှကျားအလောင်းအလျာ နိုင်ငံတွေ ပိုင်ဆိုင်ခဲ့ဖူးတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၇ မှာ တင်ပြသွားတဲ့ အချက်အလက်တွေအရလည်း မှီခိုလူဦးရေ (အသက် ၁၅ နှစ်အောက်နဲ့ ၆၅ နှစ်အထက်အရွယ်) ဟာ ၁၉၈၈ မှာ ၇၀% ကျော် ရှိခဲ့ရာက ၂၀၁၇ မှာ ၅၀% ကျော် ဖြစ်သွားပြီ။ (ပုံ ၂) UNFPA ရဲ့ မှန်းဆချက်အရဆို နောင် နှစ် ၂၀ အတွင်းမှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေဟာ ၆၇%၊ တစ်နည်းအားဖြင့် ၃ ပုံ ၂ ပုံ ရှိနေလိမ့်မယ်လို့ ဆိုတယ်။

ပြောရရင် လူဦးရေရှုထောင့်က ကြည့်မယ်ဆို အတော်လေး ဝမ်းသာစရာကောင်းတဲ့ အနာဂတ်လို့လည်း ပြောလို့ရတယ်။ လက်ရှိမှာ အသက် ၂၆ ကနေ ၇ နှစ်အတွင်း ရှိနေကြတဲ့ Gen-Z တွေ နောက် နှစ် ၂၀ ဆို ဘယ်လိုဖြစ်နေမယ် စိတ်ကူးယဉ်ကြည့်လိုက်ပေါ့။ သူတို့နောက်က တက်လာမဲ့ Generation Alpha နဲ့သာ ပေါင်းစပ်လိုက်ရင် သိပ်ကို အားရစရာ ကောင်းတယ်။

သို့သော် ဒါက လူဦးရေ (Population) သာ ဖြစ်ပြီး လူသားအရင်းအမြစ် (Human Resource) မဟုတ်သေးဘူး။ အဲ့လို Population ကနေ Human Resource အဖြစ် ပြောင်းဖို့ဆိုရင် လိုအပ်ချက်တွေ ရှိတယ်။ ဖတ်မိ၊ စဉ်းစားမိသလောက်ဆို 4 E လိုတယ်။

၁။ Education (ပညာရေး) – ဒါကတော့ ရှင်းတယ်။ ပြည်ပနဲ့ မယှဉ်နဲ့ဦး။ ကိုယ့်ပြည်တွင်းက ကျွန်တော်တို့ မျိုးဆက်တစ်ဆက်နဲ့ တစ်ဆက်မှာကိုပဲ ပညာရေး ကွာရင် လူတွေရဲ့ တွေးခေါ်ပုံတွေ၊ အမြင်တွေ ကွာသွားတာပဲ။ ဒါတောင် ပညာရေး ပြုပြင်ပြောင်းလဲမှုက ဒီလောက်ကြီး လုပ်ရသေးတာ မဟုတ်ဘူး။

၂။ Engagement (ထိတွေ့မှု) - သူတို့အသံ နားမထောင်ဘဲ ကိုယ့်ဘက်က အမြင်နဲ့ပဲ မလုပ်နဲ့။ သူတို့ရဲ့ အမြင်တွေ၊ လိုအပ်ချက်တွေ၊ တောင်းဆိုတာတွေက ကိုယ်နဲ့ မတူတော့ဘူး။

၃။ Empowerment - ဒါကတော့ မြန်မာလို ဘာသာပြန်ရခက်တယ်။ လုပ်ပိုင်ခွင့် ပေးတယ်ပဲ ဆိုပါတော့။ ငါတို့က လူကြီး၊ မင်းတို့လူငယ်တွေ ဘာမှမသိပါဘူးကွာ ဆိုတဲ့ ပုံစံနဲ့တော့ အဆင်မပြေဘူး။ နေရာပေးရမယ်။ လုပ်ပိုင်ခွင့် ပေးရမယ်။

၄။ Economic (စီးပွားရေး) - တိုင်းပြည်ရဲ့ စီးပွားရေး တိုးတက်ဖို့ လိုတယ်။ အခွင့်အလမ်းတွေ ပေါမယ်။ အလုပ်အကိုင်တွေ ပေါမယ်ဆိုရင် လူငယ်တွေအတွက် အခွင့်အလမ်းတွေ အများကြီးရှိတယ်။

တစ်လုံးတည်း ခြုံပြောရရင်တော့ Enabling environment (ပံ့ပိုးပေးသော ပတ်ဝန်းကျင်) ရှိဖို့ပါပဲ။ အရက်နဲ့ မူးယစ်ဆေးတွေ ပြည့်နှက်နေတဲ့ နိုင်ငံ၊ ဘယ်နေ့ ကိုယ့်ရွာ မီးရှို့ခံရမလဲ၊ ဘယ်နေ့ ကျောင်းကို လက်နက်ကြီး လာမှန်မလဲ စိတ်ပူနေရတဲ့ နိုင်ငံမှာတော့ ဘယ်လူငယ်မှ မရှင်သန်၊ မဖွံ့ဖြိုးနိုင်ပါဘူး။ ဘယ်လောက်ပဲ လူဦးရေ များတယ်ပြောပြော၊ ဒီလူတွေက ပညာမတတ် ဖြစ်နေရင်၊ ကိုယ့်နိုင်ငံထဲမှာလည်း ဘာမှ လုပ်စားစရာမရှိ ဖြစ်နေရင်တော့ ခုလိုပဲ နိုင်ငံခြားထွက်ပြီး ထမင်းဝရုံ အလုပ်လုပ်နေကြရဦးမှာပါပဲ။

ဒီဖေဖော်ဝါရီလထဲမှာ မြန်မာနိုင်ငံထဲက ဆယ်ကျော်သက်လူငယ်တွေ သေနတ်နဲ့ ပစ်သတ်ခံနေရတဲ့အချိန် NASA က မြန်မာပြည်ဖွား အမျိုးသမီးတစ်ယောက်ကတော့ အင်္ဂါဂြိုဟ်ပေါ်ကို သွားမဲ့ ရဟတ်ယာဥ်ကို ဦး​ဆောင်တီထွင်နိုင်ခဲ့တယ်။ ဒါကို ကြည့်ရင် မြန်မာတွေ မတိုးတက်တာ ညံ့လို့မဟုတ်ပါဘူး။ နိုင်ငံက ရေခံမြေခံ မကောင်းလို့ ဆိုတာကို ရှင်းရှင်းလေး သိနိုင်ပါတယ်။

ဒါကြောင့် လက်ရှိ နွေဦးတော်လှန်ရေးဟာ တိုင်းပြည်အနာဂတ်အတွက် အရေးကြီးဆုံး အချိုးအကွေ့လို့ ပြောချင်ပါတယ်။

ကျွန်တော်တို့ အောင်မြင်ပြီး အခုပြောခဲ့တဲ့ အချက်တွေကို ဖန်တီးပေးနိုင်ခဲ့မယ်ဆိုရင် ကျွန်တော်တို့နိုင်ငံဟာ အာရှထိ မဟုတ်တောင် အာဆီယံမှာတော့ ခိုးကြောင်ခိုးဝှက်နဲ့ လူမသိသူမသိ သွားတွေ့ရတဲ့ အနေအထားကနေ လွတ်မြောက်ပြီး လူရိုသေ ရှင်ရိုသေ ဖြစ်လာပါလိမ့်မယ်။

ရှုံးနိမ့်ခဲ့ရင်တော့ Gen-Z မပြောနဲ့။ Alpha တွေရဲ့အနာဂတ်ပါ ကပြောင်းကပြန် ဖြစ်ကုန်မယ် ဆိုတာကို လက်ရှိမှာ အဝိုင်းလည်နေတဲ့ အင်တာနက်က သက်သေခံနေပါတယ်။

ဘဝဆိုတာ ရုပ်ရှင်မဟုတ်တဲ့အတွက် နောက်ပြန်ရစ်လို့ မရပါဘူး။ မှန်ကန်တဲ့ ရွေးချယ်မှုတွေနဲ့ပဲ အနာဂတ်ကို တည်ဆောက်ရပါတယ်။ နောင် နှစ် ၂၀ ကြာလို့ ကိုယ့်သားသမီးတွေ နိုင်ငံခြားမှာ အိမ်ဖော်လုပ်နေရတာ၊ တရားမဝင် အလုပ်သမား ဖြစ်နေတာကို မြင်တော့မှ ငါတို့သာ အဲ့ဒီတုန်းက CDM ကို အဆုံးထိ ဆက်လုပ်ခဲ့ရင်၊ ငါတို့သာ အဲ့ဒီတုန်းက သတ္တိရှိခဲ့ရင် ဆိုပြီး တောက်တခေါက်ခေါက်နဲ့ လုပ်မနေချင်ဘူးဆိုရင်တော့ ခုချိန်မှာ သတ္တိရှိကြဖို့ လိုပါတယ်။ ဇွဲကောင်းဖို့ လိုပါတယ်။ စိတ်ပိုင်းဖြတ်မှုတွေ လိုပါတယ်။

တကယ်တော့ ကိုယ့်အနာဂတ်က ကိုယ့်လက်ထဲမှာပဲ ရှိနေတာပါ။

ဒေါက်တာ ဖြိုးသီဟ
၂၅.၂.၂၀၂၁

10/02/2021

ပြည်သူ့ အစိုးရ တက်လာမှ စာပြန်သင်ပါမည်။။

အများပြည်သူ ဘေးရန်ကင်းပါစေ။

🙏🙏🙏

27/01/2021

Chapter 5
Introduction to Light

5.5 Refractive Index (Part 11)

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

25/01/2021

Chapter 5
Introduction to Light

5.5 Refractive Index (Part 10)

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

22/01/2021

Chapter 5
Introduction to Light

5.5 Refractive Index (Part 9)

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

19/01/2021

Chapter 5
Introduction to Light

5.5 Refractive Index (Part 7 & 8)

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

17/01/2021

Chapter 5
Introduction to Light

5.5 Refractive Index (Part 6)

မွေးသက္ကရာဇ် နဲ့ ခုံအမှတ်သိလျှင် ဆယ်တန်း အမှတ် ကို အောက်ပါ Link တွင်ကြည့်နိုင်ပါပြီ

👉👉👉 https://mmexamscore.org/ #/

14/01/2021

Chapter 5
Introduction to Light

5.5 Refractive Index (Part 4 & 5 )

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

13/01/2021

Chapter 5
Introduction to Light

5.5 Refractive Index (Part 2 & 3 )

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

07/01/2021

Chapter 5
Introduction to Light

5.5 Refractive Index (Part 1)

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

04/01/2021

Chapter 5
Introduction to Light

5.4 Laws of Refraction

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

02/01/2021

Chapter 5
Introduction to Light

5.3 Refraction of Light

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊
𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

31/12/2020

Chapter 5
Introduction to Light

5.2 Velocity of Light
Measuring the velocity of light by Roemer's Method

29/12/2020

28/12/2020

Chapter 5
Introduction to Light

5.2 Velocity of Light
Measuring the velocity of light by Galileo's Method

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

26/12/2020

Chapter 5
Introduction to Light

Intro & 5.1 Nature of Light

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmarS

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

23/12/2020

‼️Updated‼️

လုပ်ချင်ရင် ဒီ link ကနေဝင်သွားပေးပါနော့👉https://youtube.com/c/SmartLearnerMyanmars

GRADE 11 (Standard Ten ) သင်ရိုးဟောင်း Physics

Chapter 1 || videos 24 ခု အစဉ်လိုက်ကြည့်သွား

Youtube link 👉https://www.youtube.com/playlist?list=PLBGr8rzviCnsP0Z39KvwHQ2osC4iOfkME

Chapter 2 || videos 43 ခု အစဉ်လိုက်ကြည့်သွား

Youtube link 👉https://www.youtube.com/playlist?list=PLBGr8rzviCnuIZPIBkTFCwTXC2j-Va7Wn

Chapter 3 || video 20 ခု အစဉ်လိုက်ကြည့်သွား

Youtube link 👉https://www.youtube.com/playlist?list=PLBGr8rzviCntQl0sfDP9TE4X4OHWC5UaC

Chapter 4 || video 25 ခု

Youtube link 👉https://www.youtube.com/playlist?list=PLBGr8rzviCnvNe6yA5AxMW18_VsO7xBJx

Chapter 5 || video 9 ခု (မပြီးသေးပါ)

Youtube link 👉https://youtube.com/playlist?list=PLBGr8rzviCns3D7rYWtFZ9oT2Ed_q60kX

19/12/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

လှိုင်းပုံများ ရေးဆွဲနည်း Part- 2
(How to Draw Waves)

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/channel/UCub0uriFY-VNEcnbAEVjd4g...

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

16/12/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

လှိုင်းပုံများ ရေးဆွဲနည်း Part- 1
(How to Draw Waves)

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/channel/UCub0uriFY-VNEcnbAEVjd4g...

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

13/12/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercises 1,2,5,6,12 (Conceptual Questions)

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/channel/UCub0uriFY-VNEcnbAEVjd4g...

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart
Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

08/12/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercise 15

07/12/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercise 14

04/12/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercise 13

02/12/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercise 11

29/11/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercise 10

28/11/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercise 9

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/channel/UCub0uriFY-VNEcnbAEVjd4g...

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

25/11/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercise 8

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/channel/UCub0uriFY-VNEcnbAEVjd4g?view_as=subscriber

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

24/11/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercise 7

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmar/

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

22/11/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercise 4

20/11/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Exercise 3

18/11/2020

Chapter 4
Vibration of Strings, Resonance and Vibration of Air Columns

Example 4 (မှတ်ချက်။ ။Beat သံများကို အသေအချာ နားဆင်နိုင်ရန် နားကြပ် ကိုအသုံးပြုပေးပါ၊)
(Remark; Please better use your "earphones" to listen "Beats")

YouTube မှာလည်းသွားလေ့လာလို့ရပါတယ်ခင်ဗျာ (စေတနာရှိလျှင် SUBSCRIBEခလုတ်လေးပါနှိပ်ပေးခဲ့ပါခင်ဗျ😔)
https://www.youtube.com/c/SmartLearnerMyanmar/

တက္ကသိုလ်ဝင်တန်း ရူပဗေဒဘာသာ သင်ကြားမှု video လေးတွေကြည့်ဖို့ Smart Learner pageကို Like လုပ်ထားကြပါဦးနော့

😊

𝑳𝒆𝒂𝒓𝒏 𝑺𝒎𝒂𝒓𝒕!
𝑳𝒊𝒗𝒆 𝑺𝒎𝒂𝒓𝒕!
𝑺𝒎𝒂𝒓𝒕 𝑳𝒆𝒂𝒓𝒏𝒆𝒓𝒔!!!

Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Chapter 5 | 5.5 Refractive Index (Part 7 & 8)
Chapter 5 | 5.5 Refractive Index (Part 6)
Roemer's Method (Measuring the Velocity of Light)
Galileo's Method ( Measuring the Velocity of Light )
Intro & 5.1 Nature of Light
Chapter 4 | Exercises 1,2,5,6,12 (Conceptual Questions)
Chapter 4 | Exercise 11
Chapter 4 Exercise 9

Category

Address

Yangon
11032

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

Internet Journal Internet Journal
Yangon, 1

The Official Page of Myanmar Internet Journal, which is the leading IT journal in Myanmar, focusing o

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Rangoon International Higher Education Academy - RIHEA   Yangon Branch Rangoon International Higher Education Academy - RIHEA Yangon Branch
Pansodan Road (Middle Block)
Yangon, 11182

ရန်ကုန်ကျောင်းခွဲများကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09942000120 09942000130 မော်လမြိုင်ကျောင်းခွဲကို ဆက်သွယ်ရန် ဖုန်းနံပါတ် - 09768148233 09978391056 ဘားအံကျောင်းခွဲကို ဆက်သွယ်...

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education