Earth Wise
promoting environmental awareness among youths
Earth Wise အားဖျက်သိမ်းကြောင်းကြေညာခြင်း
9.3.2021
Earth Wise ကနေ အားလုံးကို လက်မလွှတ်သင့်တဲ့ အခွင့်ကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်‼️
ဒါကတော့ Youth Society For Education မှ "Outstanding Community Service Award (OCSA)" ဆုပေးအပ်ကျင်းပမယ့် အစီအစဉ်လေးပဲဖြစ်ပါတယ်🥳🥳
ဒီအစီအစဉ်လေးကတော့ စေတနာမေတ္တာတရားနဲ့ အများအကျိုးအတွက် ရဲဝံ့တက်ကြွစွာဆောင်ရွက်ခဲ့ကြတဲ့ ပရဟိတမောင်မယ်သူရဲကောင်းများကို အသိအမှတ်ပြုဖို့အတွက် OCSA (Outstanding Community Service Awards) ကို ပေးအပ်ချီးမြှင့်သွားမယ့် အစီအစဉ်ပဲဖြစ်ပါတယ်😯😯
🌟🌟ဒါဆိုရင် OCSA ကို ဘယ်လိုရွေးချယ်ချီးမြှင့်သွားမှာလဲဆိုတော့
🎈OCSA (Outstanding Community Service Awards) အတွက် လျှောက်ထားကြတဲ့ မြန်မာတစ်နိုင်ငံလုံးက လူငယ်တွေထဲမှာမှ ဆုရွေးချယ်မယ့် စံနှုန်းတွေနဲ့ အကိုက်ညီဆုံး စေတနာ့ဝန်ထမ်း (Volunteer)တွေကို ရွေးချယ်ပြီး ဆုပေးအပ်သွားမှာ ဖြစ်ပါတယ်
🎈ဆုကြေးငွေအနေဖြင့် (အနည်းဆုံး) မြန်မာငွေ ၁၀၀,၀၀၀ ကျပ် ချီးမြှင့်သွားမှာဖြစ်ပါတယ်။
🙋🙋 OCSA ဆုအတွက်လျှောက်ထားမယ့်သူဟာ
၁။ အသက် ၃၅ နှစ်အောက်ဖြစ်ရပါမယ်။
၂။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသားဖြစ်ရပါမယ်။
၃။ Community Service စေတနာ့ဝန်ထမ်းအတွေ့အကြုံ (အနည်းဆုံး)တစ်ခု ရှိရပါမယ်။
၄။ YSE (Youth Society for Education) မှ လက်ရှိ စေတနာ့ဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်းဟောင်းတွေကို လျှောက်ထားခွင့် မပြုပါဘူး။
🚨Application Deadline ကတော့
၂၀၊ ၂၊ ၂၀၂၁ (၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့) ပဲ
ဖြစ်ပါတယ်
⚡ပရဟိတလူငယ်များအနေနဲ့ လူထုအကျိုးပြုမှုအတွက် ထိုက်ထိုက်တန်တန် reward ရနိုင်တဲ့ အခွင့်ကောင်းလေးတစ်ခုမို့ Deadline အမီ လက်မနှေးဘဲ လျှောက်ထားလိုက်ကြတော့နော်..
Application Form link
tinyurl.com/yse-ocsa
မေးမြန်းလိုတဲ့အကြောင်းအရာတွေရှိရင်လည်း YSE page ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်
https://www.facebook.com/youthsocietyforeducation/
ပြောင်းလဲမှုလေးတစ်ခုကို အတူတူ စလိုက်ကြရအောင် 🎉✨🎗️
Earth Wiser လေးတို့အတွက် အသစ်ထပ်မံ ယူဆောင်လာတာကတော့ 21 Days Challenge Program လေးပဲဖြစ်ပါတယ်။
ဒီအစီအစဉ်လေးမှာတော့ အောက်က Poster မှာပြထားတဲ့ ဒီ (၆) ခုထဲကနေ ကိုယ်က ဘာတွေကို လုပ်ခဲ့ဖူးလဲ ဆိုတာကို Comment မှာ ဝန်ခံ ရမှာပါ။
(၁) အမှိုက်ချတာ
(၂) Plastic တွေ သုံးမိနေတာ
(၃) အမှိုက်မီးရှို့တာ
(၄) ကွမ်းတံတွေးထွေးတာ
(၅) ရေတွေ ဖွင့်ချထားမိတာ
(၆) ဆေးလိပ်သောက်တာ
(ဥပမာ- ကိုယ်က အမှိုက်ချဖူးတယ်ဆိုရင်
ကျွန်တော်/မ အမှိုက်ချဖူးပါတယ်၊ ဒီနေ့ကစပြီး နောင် ၂၁ ရက်တိုင်တိုင် ကျွန်တော်/မ အမှိုက်မချပါဘူး ဆိုပြီး ကိုယ့်ကိုယ်ကို Challenge ခေါ်ရမှာဖြစ်ပါတယ်)
ကိုယ်က ဒီ ၂၁ ရက်လုံးကို သတိပြု နေထိုင်ပြီးတဲ့အခါ ကိုယ့်မှာ ခိုင်မာတဲ့ အလေ့အကျင့်လေး တစ်ခုကိုရသွားပါလိမ့်မယ်။
ကိုယ့်ပတ်ဝန်းကျင်ကို ပြောင်းလဲဖို့ မိမိက စတင်လိုက်ကြရအောင်နော်
ဒီနေ့ကနေ 21 ရက်ကြာတဲ့အခါ Page မှာ Challenge ပြီးဆုံးကြောင်း Post တစ်ခု ပြန်တင်ပေးပါမယ်။ အဲဒီမှာ ကိုယ်က ဒီ ၂၁ ရက်လုံးမှာ အောင်မြင်လား၊ ကျဆုံးလား ဝန်ခံရမှာ ဖြစ်ပါတယ်။
ကဲ ဒါဆို ကိုယ်ကနေ ပြောင်းလဲမှု တစ်ခုကို စတင်လိုက်ကြရအောင်။ အားလုံးကို ၂၁ ရက်ကြာတဲ့အခါ ဂုဏ်ပြုပေးဖို့ စောင့်မျှော်နေပါတယ်နော်
“ It's never too late to love the earth ”
Earth Wiseရဲ့ 💚Fan လေးတို့ရေ 😘မင်မင်တို့
ဒီနေ့sharingလုပ်ပေးမယ့်😊အကြောင်းအရာလေးကတော့
ကမ္ဘာတစ်ဝှမ်းမှာရှိနေတဲ့လူသားတွေအားလုံး ရင်ဆိုင်ကြုံတွေ့နေရပြီး သတ္တဝါတိုင်းအတွက်အလွန် အန္တရာယ်များတဲ့ pollutionတစ်ခုဖြစ်တဲ့🤧 water pollution
(ရေထုညစ်ညမ်းမှုအကြောင်း)ကို🤔ပြောပြပေးသွားမှာပဲ
ဖြစ်ပါတယ်နော်😊
ရေထုညစ်ညမ်းခြင်းဆိုတာဘာလဲ🤔🤔🤔???
ရေထုညစ်ညမ်းခြင်းဆိုတာက စိုက်ပျိုးရေးနှင့်စက်မှုလက်မှုလုပ်ငန်း ဓာတ်သတ္တုရှာဖွေတူးဖော်သည့်လုပ်ငန်းများအပြင်လူသားများနှင့်သက်ရှိသတ္တဝါတို့၏စွန့်ပစ်မှုကြောင့်ဖြစ်လာသည့် ညစ်ညမ်းပြီး အဆိပ်တောက်ဖြစ်စေသောဓာတ်သတ္တုပါဝင်ပစ္စည်းများသည်မြေပေါ် ရေသယံဇာတရဲ့ အဓိကဖြစ်တဲ့ မြစ်ချောင်းအင်းအိုင်များမှတစ်ဆင့် မြေအောက်ရေသယံဇာတဖြစ်တဲ့ ပင်လယ်သမုဒ္ဒရာ
အတွင်းပိုင်းထိစီးဝင်ကာ ရေသယံဇာတကိုမှီခိုနေသည့် သတ္တလောက၏ ဂေဟစနစ်တစ်ခုလုံးကိုဖျက်ဆီး
နိုင်သည်အထိအလွန်အန္တရာယ်ကြီးမားတဲ့❌
ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်
ရေထုညစ်ညမ်းမှုကိုဖြစ်စေသည့်အဓိက အကြောင်းရင်း
1. Agricultural
စိုက်ပျိုးရေးလုပ်ငန်းများ
2. Industry and Mining
စက်မှုလုပ်ငန်းများနှင့် ဓာတ်သတ္တု ထုတ်လုပ်သည့်
လုပ်ငန်းများ
3. Urban Waste Discharge
မြို့ပြများမှထွက်ပေါ်လာသည့်အမှိုက်နှင့်
အညစ်ကြေးများ စသည်တို့ကြောင့်
ကမ္ဘာတစ်ဝှမ်းတွင်ရေထုညစ်ညမ်းမှုအများဆုံး
ဖြစ်ပေါ်သည်ကိုတွေ့ရပါတယ်။
အပေါ်မှာဖော်ပြခဲ့တဲ့အချက်တွေကတော့
water pollutionကိုဖြစ်စေတဲ့ အဓိကဖြစ်စဉ်တွေ
ဖြစ်ပါတယ် 😊ဆက်လက်ပြီးတော့ ထိုဖြစ်စဉ်တွေေကြာင့်ဖြစ်လာေစတဲ့water pollutionအကြောင်းကို
ဆက်ပြီးလေ့လာကြမယ်နော်😚
-ဓာတ်မြေဩဇာနှင့်ပိုးသတ်ဆေးဖျန်းခြင်းကြောင့်ရေထု ညစ်ညမ်းခြင်း
-သတ္တဝါတို့၏ အညစ်အကြေးများ စည်းကမ်းမဲ့စွာစွန့်ပစ်ခြင်းကြောင့်ရေထုညစ်ညမ်းခြင်း
- စက်ရုံများမှေန့စဉ်ထုတ်လွှတ်သည့် စွန့်ပစ်ပစ္စည်းများကြောင့်ရေထုညစ်ညမ်းခြင်း
- သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့်
ရေထုညစ်ညမ်းခြင်း
- မြေအောက်မှ ရေနံ ကျောက်မီးသွေးစသည်တို့နှင့်
အခြားသော တွင်းထွက်သယံဇာတများတူးဖော်ရာမှ
ဓာတုဘေးထွက် ပစ္စည်းများယိုစိမ့်ခြင်းကြောင့်
ရေထုညစ်ညမ်းခြင်း
- မြို့ပြများမှစွန့်ထုတ်သည့် စွန့်ပစ်ပလပ်စတစ်များ
ရေဆိုးရေညစ်များ (မိလ္လာ အညစ်ကြေးများ)ကြောင့် ရေထုညစ်ညမ်းခြင်း
-ရေဒီယိုသတ္တိကြွများစွန့်ပစ်ခြင်းကြောင့်ရေထုညစ်ညမ်းခြင်း
-ပင်လယ်သမုဒ္ဒရာအတွင်းသို့ အမှိုက်နှင့် ဓာတုပစ္စည်းများထုတ်လွှတ်ခြင်းကြောင့်ရေထုညစ်ညမ်းခြင်းတို့ပဲ
ဖြစ်ပါတယ်။
အခုဆိုရင်ေတာ့water pollutionရဲ့ အဓိပ္ပာယ်နဲ့ water pollutionကိုဖြစ်စေတဲ့ အကြောင်းတရားတွေကိုသိပြီးပြီဟုတ်🤔?
နောက်အပတ်တွေမှာတော့ water pollutionကြောင့်ဖြစ်ပေါ်လာရတဲ့ အကျိုးဆက်တွေနဲ့အတူ 😌ထိုဖြစ်စဉ်တွေကိုလျှော့ချလို့ရနိုင်မယ့် နည်းလမ်းလေးတွေကိုလည်းဆက်ပြီးပြောပြပေးသွားမှာဖြစ်ပါလို့ စောင့်ေမျှာ်ပေးကြဦးနော်😗
from Google
လူတိုင်းပိုင်ဆိုင်နေကြတဲ့ တန်ဖိုးကြီးသယံဇာတပစ္စည်းလေးက ဘာဖြစ်မလဲ?
ယနေ့ခေတ်မှာ သူကောကိုယ်ကော လူတိုင်း ကိုယ်စီ အဖိုးတန်သယံဇာတတွေကို ပိုင်ဆိုင်နေကြပါပြီ။အဲ့တာကဘာလဲဆိုရင် အခု သင့်လက်ထဲက Mobile phone ပဲဖြစ်ပါတယ်။
ယခုအချိန်မှာဆိုရင် ဖုန်း သုံးစွဲသူတွေက များသထက်များလာပြီး လူတိုင်း အနည်းဆုံးဖုန်းတစ်လုံးကို ပိုင်ဆိုင်ကြပါတယ်။
အဲ့တာဆိုရင် ဒီ ဖုန်း လေးမှာဘယ်လို သယံဇာတတွေနဲ့ တည်ဆောက်ထားလဲဆိုတာ ကြည့်လိုက်တဲ့အခါမှာတော့ အနည်းဆုံး element အမျိုး ၃၀ လောက်ပါဝင်ရပါတယ်။ဒါတွေက mobile phone မှာတင်မဟုတ်ပဲ အခြားelectronicပစ္စည်းတွေမှာလည်း အခြေခံပစ္စည်း အားဖြင့် တူညီမှုရှိပါတယ်။
Mobile phoneတစ်လုံးမှာဆိုရင် copper, gold နဲ့ silver ကို wiringအတွက်အသုံးပြုရပြီး lithium နဲ့ cobaltကို batteryမှာအသုံးပြုပါတယ်။ screen ကိုတော့ ရှားပါးဒြပ်စင်တွေဖြစ်တဲ့ yttrium, terbium နဲ့ dysproaium တွေနဲ့ display ကို bright colourဖြစ်စေအောင် ထုတ်လုပ်ထားရပါတယ်။
ယနေ့ခေတ် ဖုန်းတစ်လုံး ရဲ့ အသုံးဝင်ပုံကကျယ်ပြန့်လာတာနဲ့ အမျှ ပတ်ဝန်းကျင် နဲ့ လူသားအပါအဝင် သတ္တဝါတွေရဲ့ ကျန်းမာရေးကိုလည်း သက်ရောက်မှုဖြစ်စေပါတယ်။
ပထမဆုံးအနေနဲ့က လိုအပ်တဲ့ သတ္တုတွေတူးဖော်တဲ့အခါမှာ မိုင်းသုံးဖြိုခွဲဖို့အတွက် အရင်းမြစ်နဲ့ စွမ်းအင်ပမာဏအများအပြားကိုအသုံးပြုရပြီး နောက်ဆက်တွဲထိခိုက်မှုတွေ အများကြီး ရရှိခံစားလာရပါတယ်။ တူးဖော်ရာကနေ ဖြစ်ပေါ်လာရတဲ့ အဆိပ်အတောက်တွကရေထုထဲစိမ့်ဝင်ခြင်း မြေဆီလွှာထဲရောက်ရှိရာကနေ မြေ ၊ ရေ ၊ လေ ၊ ရေနေသတ္တဝါတွေ နဲဲ့ လူသားတွေ အတွက် အန္တရာယ်ပေးလာပါတော့တယ်။
ဥပမာဆိုရင် Democratic Republic of the Congo က ကမ္ဘာ့ cobalt အသုံးပြုမှုကို 60% ထောက်ပံ့ပေးနေပြီး cobalt မိုင်းခွဲထုတ်ဖော်မှု လုပ်ငန်းက ဆိုရင် တရားမဝင် ထုတ်ဖော်ခြင်းတွေအပြင် child labour အသုံးပြုမှုတွေလည်း ပါဝင်ပတ်သတ်နေတာကြောင့် လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းနဲ့အလွဲသုံးစားလုပ်ခြင်းတွေပါ ပါဝင်ပတ်သတ်လာတာ တွေ့ရပါတယ်။ တရုတ်နိုင်ငံမှာလည်း Tin နဲ့ indium တူးဖော်ရာကနေ ပတ်ဝန်းကျင် သက်ရောက်မှူတွေ ခံစားလာရပါတယ်။
ဒါ့အပြင် သဘာဝ ဒြပ်စင်တွေရဲ့ ရှားပါးလာမှုတွေ သုံးလို့ကုန်သွားတာမျိုးတွေလည်း တွေ့ကြုံလာရနိုင်ပါတယ်။
ဒါဆို ကျွန်မတို့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲ နော်? 🤷♀️
ထို့နောက် mobile phone မှာပါဝင်တဲ့ cadmium ကဆိုရင် အဆုတ်နဲ့ prostate cancerအပြင် ကျောက်ကပ်၊ အသက်ရှူမှူဆိုင်ရာအဖွဲ့အစည်း ၊ နှလုံးသွေးကြောနဲ့ ဟော်မုန်းစနစ်တွေကို အဆိပ်ဖြစ်စေပါတယ်။ထိုနည်းတူစွာပဲ leadနဲ့ brominated flame retardants တွေဟာဆိုရင်လည်း ခန္ဓာကိုယ်တွင်း ကလီစာ တွေကို ကင်ဆာဖြစ်စေတာကို တွေ့ရှိရပါတယ်။နောက်ထပ်လည်း သိပြီးသားတွေ ဖြစ်တဲ့ စိတ်ကျရောဂါတွေ ၊အိပ်စက်ခြင်းဆိုင်ရာပြသနာတွေ၊ Brain tumour နဲ့ ဖွံ့ဖြိုးမှူ နှောင့်နှေးခြင်း စတဲ့ အကျိုးဆက်တွေကိုလည်း mobile phoneတွေကထုတ်တဲ့ radiation တွေကြောင့် ခံစားရနိုင်ပါတယ်။
ဒါကြောင့်မို့လို့ အထက်ပါ ကိစ္စရပ်တွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာက အာရုံစိုက်လာကြပြီး Google နဲ့ Amazon တို့လို့ company တွေကလည်း sever တွေကြောင့်တိုးလာတဲ့ carbon ပမာဏကိုလျော့ချပေးဖို့ အလေးပေးဆောင်ရွက်လျက်ရှိပါတယ်။ Amazon ကလည်း 2019 ခုနှစ်မှာ renewable energy နဲ့ လည်ပတ်နိုင်ရေးကို 42% လုပ်ဆောင်နိုင်ခဲ့ပြီး 2025 မှာ 100% လည်ပတ်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။
Mobile phoneမှာပါဝင်တဲ့ ပစ္စည်းတွေက ဆွေးမြေ့ပျက်စီးသွားတာမျိုးမရှိပဲ 99% ကပြန်အသုံးပြုနိုင်တဲ့အတွက် နိုင်ငံအနှံ့ကဖုန်း company တွေကဆိုရင် ဖုန်းဟေင်းတွေကို ပြန်လည်ဝယ်ယူပေးပြီး ဖုန်းအသစ် ဒါမှမဟုတ် အခြား product အသစ်ဖန်တီးခြင်းအားဖြင့် ပူးပေါင်းပါဝင်နေကြပါတယ်။Mobile Phone 50,000 ကို recycle လုပ်ခြင်းက တွင်းထွက်သတ္တု 99 တန်ကိုချွေတာရာရောက်ပြီး carbon dioxide ထုတ်လွှတ်ခြင်းကို 19တန် အထိ လျှော့ချပေးပါတယ်။
ဒါကြောင့်မို့လို့ လူတိုင်းပိုင်ဆိုင်နေပြီဖြစ်တဲ့ သယံဇာတပစ္စည်းလေးကို အန္တရာယ်ကင်းကင်း နဲ့ ခေတ်မီစွာ အသုံးပြုရင်း ကမ္ဘာကြီးကိုလည်း ကယ်တင်ကြရန်အတွက် Earth Wise မှ မျှဝေပေးလိုက်ရပါတယ်ရှင်။
from Google
မဂ်လာပါ သူငယ်ချင်းတို့ရေ 💞
အိမ်ထဲမှာပဲ နေရတာ ငြီးငွေ့လာပြီလား? 🤔
Online class တွေ တက်ရတာရော ပျင်းနေကြပြီလား? 😴
ငြီးငွေ့နေပြီ ပျင်းနေပြီဆိုရင်တော့..
Earth Wise နဲ့အတူ activity တစ်ခု လိုက်လုပ်ကြည့်ဖို့ ဖိတ်ခေါ်ပါတယ်နော် 😘
Activty လေးကတော့ ကိုယ့်အိမ်မှာ ရှိတဲ့ ရေသန့်ဘူးလေးတွေ ကို အသုံးပြုပြီး
Recycle handmade လုပ်နည်လေးပါရှင့် 💁
ကဲ.. စိတ်ဝင်စားကြတယ်ဆိုရင် အောက်က ပုံလေးတွေမှာ တစ်ဆင့်ချင်းကြည့်ပြီး လိုက်လုပ်ကြဖို့ မမေ့နဲ့ဦးနော် 😍
Earth Wise နဲ့အတူတူ ခဏလောက် လေ့လာလိုက်ကြရအောင်🥳
Part-1
"It's never too late to love the Earth!"
HAPPY NEW YEAR!!!!!! 🥳🥳🥳🥳🥳
နှစ်သစ်မှာ စိတ်သစ် လူသစ်နဲ့ ကျန်းမာပျော်ရွှင်အောင်မြင်စွာဖြတ်သန်းနိုင်ကြပါစေလို့ Earth Wise မိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်
အိမ်မှာနေရင်း ကမ္ဘာကြီးကိုကယ်တင်လို့ရလား???
🤔🤔🤔🤔
အဖြေကတော့ " ဟုတ်ကဲ့ ရပါတယ်"
Covid ကာလမှာအပြင်မထွက်ပဲ အိမ်မှာနေတာကလဲ ကမ္ဘာကြီးကိုကယ်တင်တာပါနော်။
ဒါပေမယ့် အိမ်မှာနေရင်း နောက်ထပ် ကမ္ဘာကြီးကိုကယ်တင်လို့ရမယ့်အပြင် ဟိုးပင်လယ်သမုဒ္ဒရာထဲမှာရှိတဲ့ ရေနေသတ္တဝါလေးတွေကိုပါ ကူညီလို့ရမယ့် နည်းလမ်းလေးတစ်ခုကို Earth Wise နဲ့အတူတူလေ့လာကြည့်ရအောင်🤩🤩
ကမ္ဘာကြီးကိုကယ်တင်ဖို့ အိမ်မှာရုပ်ချောပေးနေရုံလောက်နဲ့တင် မလုံလောက်တော့ဘူးနော်😏😏
It's never too late to love the earth🌍✌️
အိမ်မှာနေပြီး ခလုတ်လေးတစ်ချက် နှိပ်လိုက်ရုံနဲ့ သင်ဟာ သဘာဝ ပတ်ဝန်းကျင်ကို စောင့်ရှောက်နေတဲ့သူဖြစ်သွားပါပြီ
ဒီ Our Future without Single Use Plastics campaign လေးကိုတော့ Thabawa Bamboo Toothbrush Company နဲ့ Great Change S Organizationနဲ့ ပူးပေါင်းပြီး ပြုလုပ်ထားတာပဲဖြစ်ပါတယ်။
တစ်လတာ ကြာမြင့်မယ့် campaign လေးဖြစ်ပြီး ဒီတစ်လတာ ကာလအတွင်းမှာ သဘာဝ ဝါးသွားတိုက်တံ (၃) ချောင်း ရောင်းရတာနဲ့ သစ်ပင်တစ်ပင်စိုက်ပေးသွားမှာပဲ ဖြစ်ပါတယ်။🥳
အိမ်မှာနေရင်း သဘာဝ ဝါးသွားတိုက်တံ (၃) ချောင်း မှာယူလိုက်တာနဲ့ ကမ္ဘာမြေပြင်ပေါ်မှာ သစ်ပင်တစ်ပင် ရှင်သန်လာမှာပဲ ဖြစ်ပါတယ်။🌱
ကမ္ဘာကြီးဟာ ကားတွေကထွက်တဲ့ ဓာတ်ငွေ့တွေ၊ စက်ရုံတွေကနေထွက်လာတဲ့ ဓာတ်ငွေ့တွေ၊ ဖုန်မှုန့်တွေကြောင့် နေမကောင်းဖြစ်နေပါတယ်။😥
ဒါ့အပြင် လူတွေက ကမ္ဘာကြီးေနမေကာင်းမဖြစ်ေအာင် ကာကွယ်ပေးနေတဲ့ သစ်ပင်လေးတွေကို ရက်ရက်စက်စက် ခုတ်ပစ်ပါသေးတယ်။🙁
အဲ့လူတွေထဲမှာ သင်ကော ပါချင်လား🙁
မပါချင်ရင်တော့ ဒီ campaign လေးမှာ ပါဝင်လိုက်ကြရအောင်နော်🙆
သဘာဝ ဝါးသွားတိုက်တံကို သုံးချင်သူတွေအတွက် ဒီမှာ မှာယူနိုင်ပါတယ်👇👇
https://bit.ly/3atd4dh
ဒီ link ထဲ ဝင်ပြီး ကြိုက်နှစ်သက်တဲ့ သုံးချောင်း ရွေးပြီးရင် voucher code မှာ TBWXCGS ဆိုပြီး ရိုက်ထည့်လိုက်တာနဲ့ Our future without single use plastic campaign မှာ ပါဝင်သွားပြီဖြစ်တာကြောင့် ကမ္ဘာမြေပေါ်မှာ သစ်ပင်တစ်ပင် ရှင်သန်လာတော့မှာပဲဖြစ်ပါတယ်။🥳
ကဲ...ကမ္ဘာမြေကြီးပေါ်မှာ သစ်ပင်လေးေတွတစ်ပင်မက ရှင်သန်လာဖို့ အဆင်သင့်ဖြစ်ပြီလား😍
ပျော်ရွှင်ဖွယ်ရာ Christmas နေ့လေးမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ Earth Wise မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ် 💚
Merry Christmas ❤️
အခုလို Covid-19 Pandemic ကာလမှာ Mask တွေဟာဆိုရင် လူသားတိုင်းအတွက် နေ့စဉ်သုံးပစ္စည်းတစ်ခုလို ဖြစ်လာပါတယ်။
😷 ရောဂါကူးစက်ပြန့်ပွားရေးကို ထိန်းသိမ်းကာကွယ်ဖို့ ပြည်သူပြည်သားအားလုံး Mask တပ်ဆင်ရန် အရေးကြီးသလို ထိုအသုံးပြုပြီးသား Mask တွေကို စနစ်တကျစွန့်ပစ်ဖို့ကလည်း အင်မတန်ကို အရေးကြီးလှပါတယ်။
Mask တွေကို ဖြစ်သလိုစည်းကမ်းမဲ့စွန့်ပစ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သလို လူသားများ၊တိရစ္ဆာန်လေးများကိုလည်း အလွန်ထိခိုက်စေနိုင်ပါတယ်။
🦠 ဗိုင်းရပ်စ်နှင့်ဘက်တီးရီးယားပိုးမွှားများဟာ Mask ပေါ်မှာ အများဆုံး ၇ရက် (၁ ပတ်) အထိ မပျောက်ဘဲကျန်ရစ်နိုင်တာကြောင့် စနစ်တကျမစွန့်ပစ်ပါက လူသားတွေအတွက်အင်မတန်အန္တရာယ်ရှိနိုင်ပါတယ်။
ဒါ့အပြင် အသုံးပြုပြီးသား Mask တွေကို ရေထဲ (သို့မဟုတ်) မြေကြီးပေါ်သို့ စည်းကမ်းမဲ့စွန့်ပစ်ခြင်းဟာ ရေနေ/ကုန်းနေသတ္တဝါတွေအပေါ်လည်း အလွန်အန္တရာယ်ဖြစ်စေပါတယ်။
ဥပမာအားဖြင့် တိရစ္ဆာန်လေးတွေဟာ မဆင်မခြင်စွန့်ပစ်လိုက်တဲ့ Mask တွေကို အစာထင်မှတ်ပြီးမြိုချလိုက်ခြင်းဖြင့် သူတို့ရဲ့အစာချေဖျက်တဲ့စနစ်ကိုပိတ်ဆို့ပြီး အသက်အန္တရာယ်ဖြစ်စေပါတယ်။
ထို့အပြင် တစ်ခါသုံး Mask တွေရဲ့ Elastic ကြိုး တွေဟာဆိုရင် သေးငယ်တဲ့သတ္တဝါလေးတွေရဲ့ လည်ပင်းတွေ၊ခြေ၊လက်တွေမှာ ရစ်ပတ်ချည်နှောင်နေနိုင်တဲ့အတွက် သတ္တဝါလေးတွေအပေါ် လွန်စွာအန္တရာယ်များလှပါတယ်။
❗️နောက်ဆုံးအနေနဲ့ တစ်ခါသုံး Mask တွေ တစ်ခါသုံးလက်အိတ်တွေကို စွန့်ပစ်တဲ့အခါ ကိုယ်နေ့စဉ်စွန့်ပစ်နေကြအမှိုက်တွေနဲ့မရောဘဲ အိတ်တစ်အိတ်ဖြင့် သီးသန့်စွန့်ပစ်ရန်၊ သုံးပြီးသား Mask တွေကို လမ်းပေါ်မှာစည်းကမ်းမဲ့မစွန့်ပစ်ဘဲ အိတ်ဖြင့်သေချာသိမ်းထားပြီး အိမ်ရောက်မှစွန့်ပစ်ရန် တိုက်တွန်းချင်ပါတယ်။
❗️ဒါ့အပြင် သုံးပြီးသား Mask တွေကို စွန့်ပစ်တဲ့အခါ တိရစ္ဆာန်လေးတွေကို အန္တရာယ်မဖြစ်စေအောင် Elastic ကြိုးလေးတွေကို ဖြတ်ပြီးမှ စနစ်တကျစွန့်ပစ်ရန် Earth Wise အဖွဲ့သူအဖွဲ့သားများမှ တောင်းဆိုချင်ပါတယ်ရှင်။
Earth Wiseရဲ့ 💚environmental loversလေးတို့ရေ😘
Earth Wise နဲ့အတူတူ Activity လေးတစ်ခုလုပ်ကြည့်ရအောင်🤩
environmentနဲ့ပက်သက်ပြီးတော့အမှတ်မထင်ဘဲ အောက်က အချက်တွေထဲက ဘယ်နှစ်ချက်လောက်လုပ်ခဲ့ဖူးလဲဆိုတာကို သေချာလေးသတိထားမိအောင်လို့ 😉အမှတ်100ထဲကနေပြီးတော့ 😍အမှတ်လေးတွေ နှုတ်သွားပြီး ကိုယ့်ကိုယ်ကို ဆန်းစစ်ကြည့်ရအောင်နော်😊 ပြီးသွားရင်တော့ commentမှာ အမှတ်ဘယ်လောက်ကျန်လဲဆိုတာလေးပါပြောသွားကြနော်😁 ကဲအားလုံးပဲကိုယ့်သူငယ်ချင်းတွေပါအတူတူပါဝင်လို့ရအောင် post လေးကိုshareသွားကြဦးနော်❤️
Earth Wiser လေးတို့ရေ...
ဒီနေ့မှာတော့ Earth Wise ကနေ သယ်ဆောင်လာတဲ့အကြောင်းအရာလေးကတော့ free သင်ယူနိုင်တဲ့ Environmentနဲ့သက်ဆိုင်တဲ့ online course လေးတွေပဲဖြစ်ပါတယ်🥳🥳🥳
စိတ်ဝင်စားသွားပြီဟုတ်🤩
အောက်က ဖော်ပြထားတဲ့ courseလေးတွေက တော့ free တတ်ရောက်လို့လည်းရပါတယ်။
ဒါပေမယ့် certificateလိုချင်ရင်တော့ ပိုက်ဆံပေးသွင်းရမှာပါ။
certificateမယူဘဲနဲ့ freeတတ်ရောက်ချင်ရင်တော့ audit the courseဆိုတာလေးကိုရွေးပေးရမှာပါ။
ဒီ online courseတွေဟာ english speakerတွေက englishလိုသင်ကြားတာဖြစ်တဲ့အပြင် reading ပိုင်းတွေပါတဲ့အတွက် freeတတ်ရောက်သင်ယူမယ်ဆို certificateမရပေမယ့်လည်း english စာ အတွက် reading skillကော listening skillကော တိုးတတ်လာမှာပါ။
အဆင်ပြေတယ်ဟုတ်🤩
courseကိုအဆုံးထိမတတ်ရောက်ဖြစ်ရင်လည်း အနည်းဆုံး environment နဲ့သက်ဆိုင်တဲ့vocabulary တွေသိလာမှာဆိုတော့ အကျိုးမယုတ်ဘူးပေါ့ သူငယ်ချင်းလေးတို့ရေ။
ကဲ ကိုယ့် wall ထဲ အမြန် shareထားလိုက်တော့နော်။
Earth School - An Immersive 30 day Nature Adventure
https://ed.ted.com/earth-school?fbclid=IwAR3fSkrDTV6zRN-uV08MOCWI135_1pXke6qItmyDhtIj87rIk5emK3zlMmM
Understanding Plants - Part 1:What a Plant Knows
https://www.coursera.org/learn/plantknows?ranMID=40328&ranEAID=SAyYsTvLiGQ&ranSiteID=SAyYsTvLiGQ-uCs2He2V2q4Z2BuMRBAFhg&siteID=SAyYsTvLiGQ-uCs2He2V2q4Z2BuMRBAFhg&utm_content=10&utm_medium=partners&utm_source=linkshare&utm_campaign=SAyYsTvLiGQ
The Health Effects of Climate Change (HARVARD UNIVERSITY)
https://www.edx.org/course/the-health-effects-of-climate-change
Sustainable Soil Management: Soil for life
https://www.edx.org/course/sustainable-soil-management-soil-for-life?source=aw&awc=6798_1608188150_f29b50a77ab03bede99d4fdb19e36e7a&utm_source=aw&utm_medium=affiliate_partner&utm_content=text-link&utm_term=301045_https%3A%2F%2Fwww.class-central.com%2F
Water quality and the biogeochemical engine
https://www.edx.org/course/water-quality-and-the-biogeochemical-engine?source=aw&awc=6798_1608188047_57a2fde29081f787cb542b971ddbf383&utm_source=aw&utm_medium=affiliate_partner&utm_content=text-link&utm_term=301045_https%3A%2F%2Fwww.class-central.com%2F
Air pollution - a Global Threat to our health
https://www.coursera.org/learn/air-pollution-health-threat?ranMID=40328&ranEAID=SAyYsTvLiGQ&ranSiteID=SAyYsTvLiGQ-LL6hPKiogamNktRp9byTuA&siteID=SAyYsTvLiGQ-LL6hPKiogamNktRp9byTuA&utm_content=10&utm_medium=partners&utm_source=linkshare&utm_campaign=SAyYsTvLiGQ
ရေးသားသူ - COS from Team Earth Wise
Earth Wiser လေးတို့ရေ … 🌱
ဒီနေ့မှာတော့ သူငယ်ချင်းတို့ စောင့်မျှော်နေတဲ့ Air Pollution Week လေးကို ရောက်ရှိလာပါပြီ။
လူတိုင်း ပါးစပ်ထဲမှာ ရေပန်းစားနေတဲ့ Pollution 💧
မိမိကို ၊ မိမိ ပတ်ဝန်းကျင်ကို၊ မိမိနိုင်ငံကို၊ ကျွန်တော်တို့ရဲ့ ကမ္ဘာမြေကြီးကို အန္တရာယ် ပြုနေတဲ့ Pollution 💧
ဒီ Pollution ဆိုတဲ့ စကားလုံးကို မြင်ရ၊ ကြားရတိုင်း ကျွန်တော်တို့ စိတ်ညစ်ကြရတယ် ဟုတ်⁉️
ဒါဆို ဒီ Pollution ကို ခံစားနေရတဲ့သူတွေဆို ဘယ်လောက်တောင် ပင်ပန်းလိုက်ကြမလဲဆိုတာကို ခံစားမိကြမယ် ထင်ပါတယ်။
ဒါကြောင့် ဒီ Pollution ကို ရှင်းဖို့ သူ့အကြောင်းလေးတော့ သိထားရမယ် ဟုတ်⁉️
Air Pollution ဆိုတာ ဘာလဲ ❓
ကျွန်တော်တို့ ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့အတိုင်းပဲ အစိုင်အခဲ၊ အရည်၊ အငွေ့ တွေက လေထုထဲမှာ ပေါလောပေါ် နေတာကနေ ပဲ စတင်ပါတယ်။ လူတွေပြုလုပ်ရာ ကနေ ဖြစ်ပေါ်လာတဲ့ အန္တရာယ်ဖြစ်စေတဲ့ အငွေ့တွေ၊ ဖုန်၊ မီးခိုး ဒါတွေက လေထုထဲ ရောက်သွားတဲ့အခါ လေထုကို ညစ်ညမ်းစေတဲ့ အပြင် လူတွေ၊ အပင်တွေ၊ သတ္တဝါတွေရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။
Air Pollution မှာ Visible Air Pollution နှင့် Invisible Air Pollution ဆိုပြီး နှစ်မျိုး ခွဲခြားလို့ ရပါသေးတယ်။
Visible Air Pollution ကတော့ ကျွန်တော်တို့ မျက်စိနှင့် မြင်တွေ့ နိုင်တဲ့ မီးခိုထု ကဲ့သို့သော လေထုညစ်ညမ်းမှု ဖြစ်ပါတယ်။
Invisible Air Pollution ကတော့ ပိုပြီးကြောက်စရာ ကောင်းသလို ကျွန်တော်တို့ မျက်စိ နှင့်လဲ မမြင်တွေ့နိုင်တဲ့ Sulfur Dioxide, Carbon Monoxide, Nitrogen Oxides ကဲ့သို့သော အရာတွေကနေဖြစ်တဲ့ လေထုညစ်ညမ်းမှု ဖြစ်ပါတယ်။
Air Pollution ကို ဘာတွေက ဖြစ်စေတာလဲ⁉️
(၁) လောင်စာ
ယနေ့လို အလုပ်ရှုပ်လှတဲ့ ခေတ်ကာလကြီးမှာ ကျွန်တော်တို့ လူသားတွေဟာ ကား၊ ဆိုင်ကယ်၊ လေယာဉ် အစရှိသဖြင့် အမြန်ယာဉ်တွေကို မှီခို လာရပါတယ်။ အရွေ့စွမ်းအင်အတွက် အသုံးပြုတဲ့ ဓာတ်ဆီ၊ ဒီဇယ် ဆီတွေ လောင်ကျွမ်းရာကနေ ထွက်လာတဲ့ Carbon monoxide, Nitrogen Oxides နှင့် Organic Compounds တွေဟာ Air Pollution ကို ဆိုးရွားစွာ ဖြစ်စေပါတယ်။
(၂) စိုက်ပျိုးရေး လုပ်ငန်း
စိုက်ပျိုးရေး မှာ အသုံးပြုတဲ့ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး နှင့် သဘာဝ ဓာတ်မြေဩဇာ တွေအသုံးပြုခြင်းကြောင့် အန္တရာယ်ဖြစ်စေတဲ့ chemicals တွေထွက်လာပါတယ်။ ဒါတွေဟာ air pollution သာမက water pollution ကိုပါ ဖြစ်စေ ပါတယ်။ စိုက်ပျိုးရေး လုပ်ငန်းများမှတဆင့် တွေ့ရတဲ့ Ammonia ဆိုတဲ့ Gas ဟာလဲ လေထုညစ်ညမ်းမှုကို ဖြစ်စေပါတယ်။ ဒါ့အပြင် လယ်ကွက်တွေမှာ နောက်တခါ ပြန်လည်စိုက်ပျိုးဖို့ ရှင်းလင်းတဲ့အခါ မီးရှို့ပြီး ရှင်းလေ့ရှိပါတယ်။ ဒါဟာလဲ Air Pollution ကို ဖြစ်စေပါတယ်။
(၃) အမှိုက်သရိုက်များအား မြေဖို့ခြင်း
အမှိုက်သရိုက် တွေကို သေချာ စနစ်တကျ မစွန့်ပစ်ပဲ မြေကြီးထဲ မြှုပ်ခြင်း၊ မြေဖို့ခြင်း ကနေ methane ဆိုတဲ့ ဓာတ်ငွေ့ တစ်မျိုးရပါတယ်။ ဒီ methane က မီးလောင်လွယ် သလို သူဟာ Green House gas တစ်မျိုးလဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အမှိုက်စွန့်ပစ်ခြင်းဟာ သဘာဝပတ်ဝန်းကျင်အတွက် အန္တရာယ် များပါတယ်။
(၄) အိတ်ဇော ( Exhaust fumes)
စက်ရုံ၊ အလုပ်ရုံ တွေက ထွက်တဲ့ မီးခိုး၊ အခိုးအငွေ့တွေမှာ Carbon Monoxide, Hydrocarbons, Organic Compounds, chemicals တွေ ပါဝင်ပါတယ်။ ဒီ အခိုး၊ အငွေ့ တွေဟာ လေထုထဲမှာ ပြန့်နှံ့ပြီး Air Quality ကို ကျဆင်းစေပါတယ်။
(၅) ဓာတ်သတ္တု တူးဖော်ခြင်း
မြေအောက်မှာ ရှိတဲ့ minerals တွေကို တူးဖော်တဲ့အခါ ဖုန် နှင့် ဓာတု ပစ္စည်းတွေက လေထဲကို ရောက်သွားပါတယ်။ ဒီလို အန္တရာယ်ရှိတဲ့ chemicals တွေ ထွက်တာကြောင့် သတ္တုတူးဖော်သူတွေ၊ အနီးအနား နေသူတွေမှာ ကျန်းမာရေး ပြဿနာတွေ တွေ့ရတာ ဖြစ်ပါတယ်။
(၆) အိမ်တွင်း လေထုညစ်ညမ်းမှု
အိမ်မှာ အသုံးပြုတဲ့ သန့်ရှင်းရေး ပစ္စည်းများ၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စသည်တို့ကလဲ ဓာတ်ငွေ့တွေ ထွက်ပါတယ်။ အိမ် နံရံ သုတ်ဆေး တွေဟာလဲ toxic chemicals တွေ ထွက်ပါတယ်။ ဒါကြောင့် အိမ် နံရံ တွေ ဆေးသုတ်ပြီးတဲ့အခါ အသက်ရှူရ ခက်တာ၊ အနံ့ နံတာတွေကို တွေ့ရတာ ဖြစ်ပါတယ်။
(၇) သဘာဝ အလျောက် လေထုညစ်ညမ်းမှု
မီးတောင် ပေါက်ကွဲခြင်း၊ တောမီးလောင်ခြင်း၊ သဲ မုန်တိုင်း တိုက်ခတ်ခြင်းတို့ကြောင့် လဲ လေထုကို ညစ်ညမ်းစေနိုင်ပါတယ်။
အခုဆိုရင် Air Pollution ကိုရော၊ Air Pollution ကို ဖြစ်စေတဲ့ အကြောင်းအရင်းကိုလဲ သိသွားပြီဆိုတော့ အားလုံးလဲ Environmental Awareness လေးတော့ ရသွားမယ်လို့ ထင်ပါတယ်။
ဒါဆို ကျွန်တော်တို့ ဒါတွေကို ဘယ်လို ဖြေရှင်းကြမလဲ⁉️ ကျွန်တော်တို့ တတ်နိုင်တဲ့ အရာတွေ ဘာတွေရှိလဲ⁉️ ကိုယ့်ကြောင့် သဘာဝပတ်ဝန်းကျင်ကို ကောင်းမွန်စေတဲ့ အရာတွေက ဘာတွေရှိနေမလဲ ဆိုတာကို Comment မှာရေးပြီး ကမ္ဘာမြေကြီးကို ချစ်ကြောင်း ဖြေခဲ့ပေးပါဦးနော် 😍
Source from google ...
❕Hey❕ Earth Wisers လေးတို့ရေ အရင်ရက်တွေတုန်းက Human တွေသတိမထားမိသေးတဲ့ Noise Pollution
အကြောင်းကို ပြောပြပေးသွားခဲ့တယ်ဆိုတော့ ဒီနေ့မှာဆိုရင်တော့
ပျိုမေတို့အတွက် တမူကွဲပြားတဲ့ Content လေးတစ်ခုကို မျှဝေပေးသွားမှာဖြစ်ပါတယ် 🤗
ပျိုမေတို့ Period cycle စတဲ့အခါကျရင် အများစုက တစ်ခါသုံး Pads တွေကိုအလွယ်တကူသုံးကြတယ်ဟုတ် 😊အမျိုးသမီးတစ်ဦးဟာတစ်နေ့ကိုပျှမ်းမျှတစ်ခါသုံး Pads ၃ခုသုံးရင် သူမရဲ့ lifetime တစ်လျှောက်လုံးမှာ Padsပေါင်း 11,000 to 15,000 ဝန်းကျင်အသုံးပြုရပါတယ်တဲ့
ပြီးတဲ့အခါမှာလဲ Pads တစ်ခုဆွေးမြေ့ဖို့ နှစ်ပေါင်း 500 ကနေ 800 အတွင်းကြာပါတယ် 😥
Pad တစ်ခုရဲ့ 90%ဟာ plastic များနဲ့ပြုလုပ်ထားတာဖြစ်ပြီး Pads တစ်ခုက plastic လေးအိတ်နဲ့ ညီမျှပါတယ် ✅
ပျိုမေတို့လဲ disposable Pads ရဲ့ Pros and Cons တွေကိုသိသင့်သလောက်သိထားကျတယ်လို့ယူဆတဲ့အတွက်ကြောင့်
တစ်ခါသုံး Pads အကြောင်းကို ဒီလောက်ပဲပြောပြပါမယ်🤜🤛
🚨🚨 Cotton လို့ရေးထားပြီး fragrance အမွှေးရနံ့မပါတဲ့ Pads ကိုအသုံးပြုဖို့ တိုက်တွန်းချင်ပါတယ်
ကဲဒီလောက်ဆိုရင် ကျွန်မတို့အခုဘာအကြောင်းပြောမလဲဆိုတာ ရိပ်မိနေကြပြီဟုတ် 🧐
ဟုတ်ပါတယ် ကျွန်မတို့လို Developing country တွေမှာသိပ်မရင်းနှီးသေးတဲ့ အမျိုးသမီးလစဥ်သုံးပစ္စည်းအချို့ဖြစ်တဲ့ Cloth Pads, Applicator Tampons,Period underwear နှင့် Menstrual cup တို့အကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်
တကယ်လို့ဒီဖော်ပြပေးထားတဲ့ Period products အချို့ကိုအသုံးပြုဖူးတယ်ဆိုရင် အခုမှစသုံးမယ့် ပျိုမေတို့အတွက် experience အချို့ကို comment မှာပဲဖြစ်ဖြစ်postကို share ပြီးတော့ပဲဖြစ်ဖြစ် sharing လုပ်ပေးသွားပါအုံးနော်🥰
‼️ဒီနေရာမှာ Team Earthwise ကနေပြီးတော့ request တစ်ခုပြုလုပ်ချင်ပါတယ် Professional တစ် ယောက်မဟုတ်ဘဲလေ့လာထားတဲ့ အသိပညာလေးအပေါ်ကို အခြေခံပြီး ရေးထားတဲ့အတွက်ကြောင့် လိုအပ်တယ် မှားနေတယ် ဆိုရင်ထောက်ပြပေးစေလိုပါတယ်🙇
Source from google
💚
Earth Wise ရဲ့ 🌎🌏Environment Lovers
လေးတို့ရေ😍😍😍
မင်မင်တို့pageကနေပြီးတော့💜 တင်ပေးလိုက်တဲ့
noise pollution ဆိုတာ ဘာလဲ?? 🤔🤔ဆိုတဲ့ ခေါင်းစဉ်လေးကနေပြီးတော့
noise pollution ဖြစ်ပေါ်လာရတဲ့ အကြောင်းတရားတွေနဲ့ အတူထိုဖြစ်စဉ်တွေက သဘာဝပတ်ဝန်းကျင်နဲ့
လူသားတွေအပေါ်ဘယ်လောက်အထိ ဆိုးကျိုးတွေ ဖြစ်စေနိုင်လဲဆိုတာကို🥺
သိပြီးကြပြီဟုတ်???🤩
ကဲ😍ဒီနေ့တော့🤩 အဲဒီလိုမျိုး မိမိအတွက်နဲ့ သဘာဝပတ်ဝန်းကျင်အတွက်ပါ ကောင်းကျိုးမပေးတဲ့😌 noise pollution တွေကို😌 လျှော့ချဖို့ အတွက် အကောင်းဆုံးနည်းလမ်းလေးတွေကိုလည်းပြန်လည်
မျှဝေပေးသွားမယ်နော် 🤩🤩
Noise pollutionကိုလျှော့ချဖို့ဆိုရင်တော့ မိမိကိုယ်တိုင်ကစပြီး လုပ်ဆောင်နိုင်တဲ့လုပ်ဆောင်ချက်လေးေတွကိုအရင်ပြောပြပေးမယ်နော်😘
1. မိမိတို့နေထိုင်ရာအရပ်မှာ လျှပ်စစ်ပစ္စည်းတွေကို
မလိုအပ်ပဲ အသုံးပြုနေတာတွေကို လျှော့ချကြမယ်
နေ့စဉ်သွားလာလှုပ်ရှားနေရတဲ့ ပတ်ဝန်းကျင်မှာ လူသားအတော်များများက တီဗီ၊အဲယားကွန်း၊ရေခဲသေတ္တာ စတဲ့ပစ္စည်းတွေနဲ့ အခြားသောဇိမ်ခံပစ္စည်းတွေကိုမလိုအပ်ပဲ အလွန်အကျွံသုံးစွဲတတ်တာကိုတွေ့ရပါတယ်။ဥပမာ အားဖြင့် မိမိအသုံးမပြုပဲ ဖျော်ဖြေရေးစက်များကို ဖွင့်ထားတတ်တာမျိုး ကိုယ်တိုင်ကသတိမထားမိပေမယ့် ထိုစက်ပစ္စည်းတွေကနေ ထွက်လာတဲ့ အသံတို့ဟာလည်းအချိန်ကြာလာတာနဲ့အမျှ မိမိရဲ့ပတ်ဝန်းကျင်အတွက်ကြီးမားတဲ့ အနှောင့်အယှက်တစ်မျိုးဖြစ်လာနိုင်ပါတယ်။
2. သစ်ပင်လေးတွေစိုက်ပျိုးကြမယ်🌴🌴🌴
သာမန်အားဖြင့် သစ်ပင်စိုက်ပျိုးခြင်းက air pollutionကိုလျှော့ချတယ်လို့ပဲသိထားကြပေမယ့် သိပ္ပံပညာရှင်တွေရဲ့လေ့လာတွေ့ရှိချက်အရ မိမိတို့နေထိုင်ရာ အိမ်၊ခြံ၊ပတ်ဝန်းကျင်မှာ သစ်ပင်ပန်းပင်လေးတွေစိုက်ပျိုးထားခြင်းဟာဆိုရင် noise pollutionကို 5-10 decibels ထိလျှော့ချပေးနိုင်တာကိုတွေ့ရပါတယ်
ဒါကြောင့်😘 အပင်လေးတွေလည်းစိုက်ဖို့🌲🌴
မမေ့ကြနဲ့နော်❤️
3. အသံလုံစေတဲ့ အိမ်တွင်းပစ္စည်းလေးတွေသုံးမယ့်အပြင်🤩 မိမိတို့ကိုယ်တိုင်လည်း noise pollutionရဲ့ဖြစ်ေစတဲ့အေကြာင်းအရာတွေကိုလျှော့ချရမယ်
အသံလုံသော နံရံကြမ်းခင်းတွေ ခန်းဆီးလိုက်ကာတွေကိုအသုံးပြုခြင်းကလည်းစူးရှကျယ်လောက်တဲ့အသံတွေကိုလျှော့ချပေးနိုင်သလို မိမိတို့အိမ်မှာကျယ်လောင်တဲ့ အသံမျိုးကိုထုတ်လုပ်တဲ့ စက်ပစ္စည်းတွေသုံးမယ်ဆိုလည်း ပြတင်းပေါက်တွေ အခန်းတံခါးတွေကို သေချာလေးပိတ်ထားဖို့လိုပါတယ်နော် ဒါမှလည်းမိမိကိုယ်တိုင်ကစပြီး noise pollution ကိုဖန်တီးတဲ့သူတစ်ယောက်မဖြစ်လာမှာပါ🙅🙅
ဒီအချက်လေးတွေကတော့မိမိတို့တစ်ဦးတစ်ယောက်ေယာက်ချင်းစီ 🧏noise pollutionကိုေလျှာ့ချဖို့ကိုယ်တိုင်လိုက်နာသင့်တဲ့အချက်လေးတွေလို့ပြောလို့ရသလို noise pollutionရဲ့အန္တရာယ်ကနေပြီးတော့ အတတ်နိုင်ဆုံး ကာကွယ်နိုင်တဲ့နည်းလမ်းလေးတွေပေါ့နော် 🥰🥰🥰
4. နယ်မြေဧရိယာ ပိုင်းခြားကန့်သတ်ထားခြင်း
ကျွန်မတို့ရဲ့ပတ်ဝန်းကျင်မှာ စာသင်ခန်း စက်ရုံအလုပ်ရုံ ဆောက်လုပ်ရေးလုပ်ငန်းခွင်စသည်ဖြင့် လုပ်ငန်းအသီးသီးအလိုက်ပိုင်းခြားသတ်မှတ်ပေးထားတဲ့ နယ်မြေဧရိယာတွေရှိပါတယ် အကယ်၍ ထိုကဲ့သိုသော လုပ်ငန်းအမျိုးအစားတွေက လူနေထိုင်ရာပတ်ဝန်းကျင်၏အနီးတွင်လုပ်ကိုင်လျက်ရှိနေရင်တော့
ပတ်ဝန်းကျင်အတွက်noise pollution မဖြစ်ပေါ်လာအောင်လုပ်ဆောင်ဖို့ကတော့ အပြည့်အဝ
တာဝန်ရှိပါတယ်
Noise pollutionဆိုတာဟာ သဘာဝအလျောက် ဖြစ်ပေါ်လာတဲ့သဘောတရားတွေရှိသလို လူသားတွေက ဖန်တီး ရင်းဖြစ်ပေါ်လာရတာမျိုးတွေလည်းရှိတတ်ပါတယ် ။
သဘာဝအလျောက် တိရစ္ဆာန်တွေ ကျေးငှက်တွေ🦅🐥နဲ့အခြားေသာသဘာဝဖြစ်စဥ်ကနေ ဖြစ်ပေါ်လာတဲ့ noise pollutionတွေအတွက်ကတော့
မိမိကိုယ်တိုင်က ကာကွယ် ရမှာဖြစ်သကဲ့သို့
လူသားတွေကြောင့်ဖြစ်ပေါ်လာတဲ့
traffic noise🚛🚗 လိုမျိုးpollutions တွေ
အထူးသဖြင့် အများပြည်သူအနားယူနေတဲ့အချိန် အသံချဲ့စက်တွေကျယ်လောင်စွာ📢အသုံးပြုခြင်းမျိုးနဲ့ ဟွန်းသံကင်းမဲ့ဇုန်ကဲ့သို့ေသာနေရာများတွင်စည်းကမ်းဖောက်ဖျက်ခြင်းမျိုးစသည့်ကိစ္စရပ်များသည်လည်း ဥပဒေသေဘာအရလုပ်ဆောင်နိုင်တဲ့
အခြေအနေ များလည်းရှိေနပါတယ်
ဒါကြောင့် Earth Wise ရဲ့ 🌏🌎
Environment lovers ေလးေတွကလည်း ❤️❤️
Noise pollution ဖြစ်စေမယ့် အကြောင်းတရားတွေကိုမိမိကစပြီးတော့ သိ၍ဖြစ်စေ မသိ၍ဖြစ်စေလုပ်ဆောင်နေတာမျိုးတွေကို လျှော့ချရင်းနဲ့ကမ္ဘာေမြကြီးကိုကာကွယ်ကြမယ်နော်💚💚💚
ကဲဒါဆိုရင်တော့ အားလုံးပဲ ကိုယ့်ပတ်ဝန်းကျင်မှာnoise pollutionနဲ့ပက်သက်ပြီးကိုယ်တိုင်ကြုံတွေ့ခဲ့ရဖူးလား ??
အဲလိုမျိုးကြုံတွေ့ရရင်ရော🤔🤔ဘယ်လိုမျိုးတုံ့ပြန်ခဲ့ဖူးလဲဆိုတာ ??
commentမှာ👇ပြောသွားခဲ့ဦးနော်❤️😘😘
နောက်ရက်တွေမှာလည်း 🤩စိတ်ဝင်စားစရာ
ကောင်းတဲ့ အကြောင်းအရာလေးတွေကိုမျှေဝဖို့🤩
ပြန်လာခဲ့မယ်နော်😘😘
It's never too late to love the Earth🌎
Sources from Google
ပတ်ဝန်းကျင်ရဲ့ ဆူညံသံ(noise)တွေကြောင့် စိတ်အနှောက်အယှက်ဖြစ်ဖူးပါသလား။
သင့်ကြောင့်ရော ပတ်ဝန်းကျင်မှာ ဆူညံသံ(noise)တွေဖြစ်ဖူးပါသလား။
ဒီလိုတွေကြုံဖူးရင် noise ဆိုတဲ့ ဆူညံသံတွေကိုလည်း သတိလက်လွတ်မနေဘဲ ကိုင်တွယ်ဖြေရှင်းဖို့လိုနေပြီဆိုတာ အထူးပြောစရာမလိုတော့ဘူးပေါ့နော်.....
ဆိုတော့ကာ ....ဒီနေ့ပြောပြပေးမယ့်အကြောင်းက ယနေ့ခေတ်ကြီးမှာ လူတိုင်း ခံစားနေရတဲ့ Noise Pollution အကြောင်းပဲဖြစ်ပါတယ်။
Noise Pollution ဆိုတာ ဘာလဲ ❓
-Noise pollutionဆိုတာ လူသိများတဲ့ air pollution , water pollution တို့လိုပဲ အသံကြောင့်ဖြစ်တဲ့ pollution ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံမှာတော့ လူသိနည်းနေသေးတဲ့ Pollutionလည်း ဖြစ်ပါတယ်။
-အသံတွေ အားလုံးကိုတော့ Pollutionလို့မခေါ်နိုင်ပေမယ့် 65 decibels (dB) ထက် ကျော်လွန်နေတဲ့ အသံမှန်သမျှက noise pollution ကိုဖြစ်စေပါတယ်။
Noise အမျိုးအစား❓
-Noise ကို အမျိုးအစားအားဖြင့် ( ၄) မျိုး ခွဲခြားနိုင်ပါတယ်။
1.continuous
{အဆက်မပြတ်ပဲ ကျယ်လောင်စွာ ထွက်ပေါ်နေတဲ့ ဆူညံသံ}
2.Intermittent
{ဆက်တိုက် မဟုတ်ပဲ ရပ်သွားလိုက် ပြန်ပေါ်လာလိုက် ဖြစ်နေတဲ့ဆူညံသံ }
3.impulsive
{ရုတ်တရက်ထွက်ပေါ်လာတဲ့ ကျယ်လောင်တဲ့ ဆူညံသံ }
4.Low Frequency
{infrasound လို့လည်းခေါ်ပြီး 100Hzအောက်နိမ့်တဲ့ အသံတွေဖြစ်ကြတယ်။များသောအားဖြင့် background noise တွေဖြစ်ကြတယ်။}
ဒီ noise တွေအားလုံးပေါင်းလာတဲ့အခါ noise pollution ကိုဖြစ်လာစေပါတော့တယ်။
Noise Pollution အမျိုးအစား ❓
Noise pollution ကိုတော့ (၃)မျိုးခွဲခြားနိုင်ပါတယ်။
1.စက်မှုလုပ်ငန်းတွေကြောင့်ဖြစ်ခြင်း(Industrial noise)
🚜စက်မှုလုပ်ငန်းတွေကနေ စက်တွေလည်ပတ်တဲ့အခါ ၊သံဂဟေဆော်တဲ့အခါ၊ မှိုင်းသုံးဖြိုခွဲမှုတွေလုပ်ရတဲ့အခါ ၊ဆောက်လုပ်ရေးလုပ်ငန်းတွေက ယာဥ်တွေ ဆောက်လုက်ရေးဆိုင်ရာ စက်ကိရိယာတွေ အသုံးပြုတဲ့ အခါ အလွန်ကျယ်လောင်ပြီး များပြားလှတဲ့ ဆူညံသံတွေက ထွက်ပေါ်လာပြီး Industrial Noiseကိုဖြစ်စေပါတယ်။Industrial Noise ကဆိုရင် ပြင်းထန်တဲ့အတွက် အကြားအာရုံကို 20% လောက်ထိ ထိခိုက်စေနိုင်ပါတယ်။
2.လူတွေ ကူးသန်းသွားလာနေမှုကြောင့်ဖြစ်ခြင်း(Transport noise)
🚎 ဒါက မြို့ပြလူ့အသိုင်းအဝိုင်းမှာ အမြဲတွေ့နေကျဖြစ်ပါတယ် ။ ၊ Traffic jam ကြုံရတဲ့အခါ လူတွေ မော်တော်ယာဥ် ဆိုင်ကယ် တွေက ဟွန်းတီးသံတွေ ၊ ယာဥ်တွေ မောင်းနှင်တဲ့အခါ ထွက်ပေါ်လာတဲ့ စက်သံတွေ ၊ လေယာဥ်တွေ နဲ့ မီးရထား ပြေးဆွဲတဲ့အသံတွေက ဆိုရင် transport noise ကိုဖြစ်စေပါတယ်။တွေးကြည့်ရုံ နဲ့တင် ခေါင်းကိုက်စရာကြီးဖြစ်နေပါပြီနော် ☹️
3.လူ့အသိုင်းအဝန်းကြောင့်ဖြစ်ခြင်း (Neighbourhood Noise)
🗣 ရပ်ကွက်ဓမ္မာရုံက loudspeaker အသံတွေ၊ သီချင်းအကျယ်ကြီးဖွင့်ထားတာမျိုးတွေ ၊ မင်္ဂဆောင်တွေ အလှူတွေ ၊လူတွေရန်ဖြစ်နေကြတဲ့အသံတွေ ၊ ကလေးငိုသံတွေ၊အဆက်မပြတ်ဟောင်နေတဲ့ ခွေးသံတွေ (60-80dB အထိရှိပါတယ်)၊ စက်လုပ်ငန်းတွေကနေထွက်တဲ့ အသံတွေဟာဆိုင်ရင်လည်း Noise Pollutionကို ဖြစ်စေပါတယ်။
Noise Pollutionကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေ ❓
Noise Pollutionကဆိုရင် လူတွေတင်မကပဲ တိရစ္ဆာန်တွေကိုပါသက်ရောက်မှုဖြစ်စေပါတယ်။
🙅လူတွေမှာဆိုရင် နားအကြားအာရုံထိခိုက်ခြင်း ၊ blood level ကိုမြင့်တက်စေတဲ့အတွက် သွေးတိုးရောဂါဖြစ်ခြင်း၊နှလုံးရောဂါနဲ့ နှလုံးသွေးကြောနဲ့ဆိုင်တဲ့ ရောဂါတွေဖြစ်ခြင်း၊စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်ခြင်း၊အာရုံစူးစိုက်နိုင်စွမ်း လျော့ကျခြင်း၊အိပ်မပျော်ခြင်း နဲ့ စိတ်တိုလွယ်လာခြင်း နဲ့ ကလေးငယ်တွေမှာလည်း ဥာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးခြင်း စသဖြင့် အကျိုးသက်ရောက်မှုတွေ ခံစားရနိုင်ပါတယ်။
🦇တိရစ္ဆာန်တွေမှာ ဆိုရင် အသံကိုမှီခိုနေရတဲ့အတွက် noise pollutionဖြစ်လာတဲ့အခါ သူတို့ရဲ့ အသက်ရှင်နေထိုင်မှုကိုအများကြီး ထိခိုက်ခံရပါတယ်။ အလွန်ပြင်းထန်တဲ့အသံတွေကိုခံစားရတဲ့အခါ တိရစ္ဆာန်လေးတွေက အပြုအမူတွေအရိုင်းဆန်လာခြင်း ၊ အကြားအာရုံဆုံးရှုံးခြင်း ၊ အမဲလိုက်တဲ့အခါ အနှောင့်အယှက်ဖြစ်ခြင်း ၊ နဲ့ မျိုးမပွားနိုင်ဖြစ်ခြင်း တွေကိုခံစားရစေနိုင်ပါတယ်။
ကဲ.. ဒီလောက်ဆိုရင် Noise pollution ကဘာလဲ ဘယ်လောက်ထိခိုက်မှုတွေရှိလဲဆိုတာ သိသွားပြီပေါ့နော်။စာတွေလည်းအရှည်ကြီးဖြစ်သွားပြီ ဆိုတော့ Noise pollutionနဲ့ပတ်သတ်ပြီး ကျန်နေတဲ့ အရေးကြီးတဲ့အချက်လေးတွေကိုတော့ Thursday မှာ ဆက်ပြီး တင်ပေးသွားပါမယ်နော် ... 🥳
𝙄𝙩'𝙨 𝙣𝙚𝙫𝙚𝙧 𝙩𝙤𝙤 𝙡𝙖𝙩𝙚 𝙩𝙤 𝙡𝙤𝙫𝙚 "𝙩𝙝𝙚 𝙀𝙖𝙧𝙩𝙝".
Credit to Google Sources
မင်္ဂလာပါ သူငယ်ချင်းတို့ရေ…
ဒီနေ့မှာတော့ ဆောင်းရဲ့ အငွေ့အသက်တွေ၊ အေးချမ်းမှု တွေ နှင့် အတူတကွ မွေးဖွားလာတဲ့ “Earth Wise” Organization လေးနှင့် သူငယ်ချင်းတို့အားလုံးကို မိတ်ဆက်ပေးချင်ပါတယ် 🍂🍂
“Earth Wise” ရဲ့ Vision ကတော့ လူငယ်တွေကနေ စတင်ပြီးတော့ Environmental Awareness ရအောင် ကြိုးပမ်း သွားဖို့ပဲ ဖြစ်ပါတယ်။ “ Earth Wise” လေးဟာ ဆိုရင် YSE ရဲ့ YCBC Program မှာ 1st Runner Up Award ရခဲ့တဲ့ Team တစ်ခု လဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲမှာ ရရှိခဲ့တဲ့ ဆုငွေ အားလုံးကိုလဲ YSE ရဲ့ Food Matter Project မှာ လှူဒါန်း ခဲ့ပါတယ်။ ဒီလို သဒ္ဒါတရား ထက်သန်တဲ့ “Earth Wise” လေးဟာ Nonprofit Organization လေးတစ်ခုလဲ ဖြစ်ပါတယ်။
Earth Wise ဆိုတဲ့ အတိုင်း ကမ္ဘာလောက ကြီးနှင့် တစ်နှီးတစ်ဖုံ ဆက်ဆိုင်နေတဲ့ Environment အကြောင်း၊ Environment X Health နှင့် Environment X Education အကြောင်းတွေကို Training တွေ၊ Content တွေကို ရေးသား တင်ဆက် ခြင်းဖြင့် ယူဆောင် လာပေးတော့ မှာ ဖြစ်ပါတယ်။
ဒီလို လူထုကို အကျိုးပြုနိုင်ဖို့ မွေးဖွား လာတဲ့ “Earth Wise” လေးရဲ့ ပဲ့ကိုင်ရှင် ၈ ယောက်ကတော့ မြန်မာနိုင်ငံရဲ့ ဒေသစုံက တက္ကသိုလ် ကျောင်းသူလေးတွေပဲ ဖြစ်ပါတယ်။ သူတို့ဟာလဲ Team Work ကောင်းကောင်းနှင့် ဆန်းသစ် စုံလင် ကွဲပြားတဲ့ Ideas တွေကို ချပြတော့မှာ ဖြစ်လို့ Page လေးကို အမြဲစောင့်ကြည့်ဖို့ တော့လိုမယ်နော်။ ဒီလို စောင့်ကြည့်နေယုံနှင့် “Earth Wise” လေးက သယ်ဆောင်လာပေးမယ့် Opportunity တွေကို ရယူရင်း Youth Network တစ်ခုရလာမှာ အသေအချာပါပဲ 🍀
ဒါကြောင့် သူငယ်ချင်းက သဘာဝ ပတ်ဝန်းကျင် ကို မြတ်နိုးသူ၊ သဘာဝ ပတ်ဝန်းကျင် အတွက် တစ်ဖက်တစ်လှမ်း က အကျိုးပြုပေးချင်သူ တစ်ယောက်ဆိုရင် “ Earth Wise” လေးကို အားပေး စောင့်မျှော် ကြဖို့ တိုက်တွန်းပါတယ်။
သူငယ်ချင်းတို့ရဲ့ Share Click တစ်ချက်က လဲ သစ်ပင် တစ်ပင် ဖြစ်လာနိုင်သလို၊ Plastic အိတ်တွေကိုလဲ လျော့ချ လာစေနိုင်ပါတယ်။ သူငယ်ချင်း တို့ရဲ့ React တစ်ခုကလဲ Organizer တွေအတွက် ခွန်အား တစ်ခု ဖြစ်လာနိုင်ပါတယ် 😍😍😍
ဒါကြောင့် အပတ်စဉ်တိုင်းမှာ content မျိုးစုံ နှင့်စတင် တင်ဆက် သွားတော့မှာ ဖြစ်လို့ “Earth Wise” လေးကို Like and See First လုပ်ထားလိုက်တော့ နော် 😘😘
See you guys...
Click here to claim your Sponsored Listing.
Contact the organization
Website
Address
78, Strand Road, Kyauktada Township
Yangon, 11182
We support peace and prosperity by building connections, understanding and trust between people in the UK and countries worldwide. Read our terms of use at www.britishcouncil.org/...
Yangon
သိပ္ပံကိုချစ်သော... ပညာကိုချစ်သော... လောကကိုချစ်သော... မြန်မာလူငယ်များ တည်ထောင်သည်။
Yangon
We are trying to form the Myanmar Chapter for Internet Society, and when we get official approval, we will change to official name and logo.
Yangon
ဉာဏ်ရည် မသန်စွမ်း အစ်မဖြစ်သူနှင့် လူငယ်အရွယ် ညီမလေးတို့ နှစ်ယောက် အတူ ဖွဲ့စည်း စတင်ထားတဲ့ အဖွဲ့လေးပါ
သုနန္ဒာ(12)လမ်း
Yangon
People suffering from serious illnesses due to past life and present life sins, sinful people live in poverty. I am compassionately helping people who are suffering from the burden...
Yangon
This page is intended to promote awareness for environmental issues and air pollution caused by burning dry leaves and trash.
Yangon
We all alumnus of Yangon University established the Association since 2015. the Hidden values of anthropology will lead the idea of "Differences are Beautiful", followed by the pea...