English with Mentors 2022

Education

Photos from Kids' Golden Future 's post 23/03/2024

Day 1 Free Piano Basic class 🎹🎹🎹
Warmly welcome to Day 2! Come & join us.


Educational & Recreational learning Center

23/03/2024

Warmly welcome to my lovely students!

တီချယ်တို့ Kids' Golden Future (KGF) Educational & Recreational Learning Center လေးရဲ့ နောက်ထပ်ခြေလှမ်းသစ်🎹🎹🎹

ကလေးတို့ရဲ့ Musical intelligence လေးကို အစပျိုးပေးမယ့် အခြေခံကျကျ Foundation ရစေချင်သော Tr. Tresa ရဲ့ Free Piano Basic Class လေး လာပါပြီရှင့်။ လာရောက်လေ့လာနိုင်ပါရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။


International PRE-SCHOOL
Educational & Recreational learning Center

P.S. ယခုပထမဆုံးအကြိမ်မို့ လူဦးရေအနည်းငယ်သာ လက်ခံသင်ကြားပေးနိုင်တဲ့အတွက် နောက်လတွေမှာ ထပ်မံကြိုးစားသွားပါမယ်ရှင့်။

29/06/2023

သားသားမီးမီးတို့ရေ
တီချယ် Tresa နဲ့အတူ
Morning Section လေးမှာ
Zumba ကပြီး Read & Learn
နံနက်စောစော စာဖတ်ကြမယ်။

ခေးတို့ရေ Good Morning 🌞🌞🌞

🔔🔔🔔စောစောအိပ်လို့ စောစောထလို့
Morning Exercise လေ့ကျင့်ခန်းလုပ်ပြီး
Read & Learn စာဖတ်ကြပါစို့။

သားသားမီးမီးတို့ရေ ရှေ့အပတ်ကမိတ်ဆက်ပေးခဲ့တဲ့
Cambridge Primary Reading
Anthologies 1 စာအုပ်လေးနဲ့ သီချင်းလေးတွေ
Morning Exercise ကို Tr. Tresa နဲ့အတူ
Zumba ကကြတာ ပျော်ရဲ့လားရှင့်။

နံနက်အိပ်ရာစောစောထတတ်တဲ့ ကလေးတို့ရေ
ဒီအပါတ်မှာလည်း နောက်ထပ်ပျော်စရာကောင်းတဲ့
အစီအစဥ်လေးတွေနဲ့ ပြန်လည်ဆုံတွေ့ကြပါစို့။

🌟🌟🌟 One Plus One Program လေးအကြောင်း မိတ်ဆက်ပေးပါရစေရှင့်။ ဒီအစဥ်လေးကတော့ တစ်လ Register သွင်းတိုင်း တစ်လ Free အတန်းတက်ခွင့်ရမှာပါ။ ဒါမှမဟုတ်
သူငယ်ချင်းတစ်ယောက်ယောက်နဲ့ အတူတူ တက်မယ်ဆိုရင်လည်း တစ်ယောက်စာပဲ Register သွင်းစရာလိုမှာပါ။

📌📌📌 သင်တန်းကြေးက စျေးကြီးလား ???
❎❎❎ Exactly Not! လုံးဝစျေးမကြီးပါဘူးရှင်။
တစ်လလျှင် တစ်သောင်းကျပ်သာ ကျသင့်မှာပါ။
အခု One Plus One Program နဲ့သာဆို
🚩🚩🚩 50% ထပ်ပြီး သက်သာဦးမှာဆိုတော့
မေမေတို့ရေ လက်မနှေးဘဲ Homey Land ရဲ့
Page Messenger မှာ အမြန်ဆုံး စာရင်းသွင်း
လိုက်တော့နော်။

P.S. မှာ တစ်ခါမှ အတန်းမတက်ဖူးသေးတဲ့ သားသားမီးမီးတို့အတွက် ပထမဆုံးအပတ် Sat & Sun မှာ Free Trial အနေနဲ့ နှစ်ချိန်အတန်းတက်ခွင့်ရှိပါတယ်ရှင့်။

https://m.facebook.com/story.php?story_fbid=146371195124814&id=100092558010786&mibextid=Nif5oz

26/06/2023

အဂ်လိပ်စာကို အခြေခံမှစ၍ အဆင့်မြှင့်ချင်တဲ့ English Learners (Beginners) လေးတို့အတွက်
2023 July လမှာ Evening Section အတန်းလေး ဖွင့်လှစ်သွားမည့်အကြောင်း 📣📣📣 သတင်းကောင်းလေးပါးပါရစေရှင့်။

Online Class လေးများကို Zoom App အသုံးပြု၍
စိတ်ဝင်စားဖွယ် Classroom Screen မှာ တီချယ်နှင့် မျက်နှာချင်းဆိုင် တက်တက်ကြွကြွသင်ကြားရမည့် Power-Point များ၊ Breakout Room များတွင် သူငယ်ချင်းများဖြင့် အပြန်အလှန် ပြောဆို
‌ေလ့ကျင့်ရမည့်
♦Face to face Interactive learning Environment လေးကနေ ကြိုဆိုပါရစေ။
နိုင်ငံတကာ အသိအမှတ်ပြု Oxford University Press နှင့် Cambridge Course ပြဌာန်းစာအုပ်များဖြင့် စနစ်တကျ သင်ကြား‌ေပးခြင်းကြောင့်
♦Systematic Step Up Learning Approach ဖြင့်
လေ့လာသင်ယူနိုင်ပါတယ်။

စိတ်ပါဝင်စား ပျော်ရွှင်စရာ Game Activities များ
International Songs များဖြင့် စိတ်အပန်းပြေ မှတ်မိလွယ်စေမည့်
♦Memory Booster လေးများကိုလည်း ထည့်သွင်းသင်ကြားပေးပါတယ်။

ယခုသင်ကြားပေးမယ့်အတန်းလေးမှာ 4 skills အပြင် Grammar, Vocabulary နှင့် Everyday English တို့ကိုပါ လေ့လာသင်ယူနိုင်မှာဖြစ်လို့
နေ့စဉ်အဂ်လိပ်ဘာသာစကားနှင့် အမြဲထိတွေ့နေတဲ့အတွက် Communication skills ပါ တိုးတက်လာမှာ ဖြစ်ပါတယ်။

အတန်းတွင်းသင်ကြားမည့်
1. Student's Book
Self-study လေ့ကျင့်နိုင်မည့်
2. Workbook
3. Additional Exercise Worksheet
4. Online Practice
အခုလိုမျိုး (Offline+Online) ပါ ပူးတွဲသင်ကြားရမှာဖြစ်လို့ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် Beginner Level ကို တက်မြောက်နိုင်မှာ သေချာပါတယ်ရှင်။

Timetable
Beginner Course
Monday to Thursday (7:00 - 8:30 Pm)
Started Date - 3.7.2023
Fees - 30,000 MMK per month
Duration - 4 months

အတန်းတစ်တန်းတွင် ကျောင်းသား/သူ 10 ယောက်သာလျှင် သင်ကြားပေးသည့်အတွက် အမှန်တကယ်ထိရောက်မှုရှိသောအတန်းဖြစ်ပါသည်။

Present 💝💝💝
သင်တန်း 4 လစာအတွက် တစ်ပြိုင်နက် ပေးသွင်းပါက 100,000 MMK သာကျသင့်မှာ ဖြစ်ပါတယ်ရှင်။

Learn English with Tr Tresa
ပညာရေးဖြင့် မိမိကိုယ်ကိုအဆင့်မြှင့်တင်လိုက်ပါ။
Good luck to you all!

19/06/2023

အိမ်မှာ vocabulary ကို self-study လုပ်ဖို့ resource တစ်ခု။🤍

တချို့ကတော့ online dictionary တွေကို သုံးရကောင်းမှန်းသိပေမယ့် စကားလုံးအသစ်ရဲ့ အဓိပ္ပာယ်ကို ကြည့်ဖို့လောက်သာ အသုံးချကြတယ်။ အခု online မှာ အခမဲ့သုံးခွင့်ရနေတဲ့ အဘိဓာန်ကြီးတွေဟာ explore လုပ်တတ်ရင် အင်္ဂလိပ်စာကို self-study လုပ်ဖို့ အဖိုးတန် resource တစ်ခုဖြစ်ကြောင်း သိကြလိမ့်မယ်။
vocabulary တိုးအောင် လေ့လာတဲ့နည်းတွေထဲက ထိရောက်တဲ့နည်းတစ်ခုကတော့ အကြောင်းအရာ topic တစ်ခုနဲ့ ပတ်သက်နေတဲ့ စကားလုံးတွေ topic vocabulary တွေကို တစ်စုတစ်စည်းတည်း လေ့လာနည်းပဲ။
အခု Oxford Leaner's Dictionary ကိုသုံးပြီး ဒီလို topic vocabulary ကို လေ့လာနိုင်ပုံကို မသိသေးသူများအတွက် ညွှန်ပြပေးချင်ပါတယ်။

အဘိဓာန်ရဲ့ menu bar မှာ Dictionaries, Grammar, Word lists, Resources လို့ ထိပ်ဆုံးမှာပြထားတာ တွေ့ပါလိမ့်မယ်။ Word lists ကို နှိပ်လိုက်ပြီးရင် Topics ဆိုတာကို ထပ်နှိပ်ပါ။ အောက်ပါ အကြောင်းအရာများရဲ့ topic vocabulary တွေကို လေ့လာနိုင်ပါပြီ။
Animals
Appearance
Communication
Culture
Food and drink
Functions
Health
Homes and buildings
Leisure
Notions
People
Politics and society
Science and technology
Sport
The natural world
Time and space
Travel
Work and business
စသည့် topic ပေါင်းစုံနဲ့ နွယ်နေတဲ့ ဝေါဟာရတွေကို topic တစ်ခုချင်းကို နှိပ်ပြီး ဝင်လေ့လာနိုင်ပါတယ်။ topic တိုင်းမှာ subsection တွေ ထပ်ခွဲပေးထားတယ်။ vocabulary တွေကိုမှတ်၊ အသံထွက်အမှန်ကိုပါ တပါတည်းနားထောင်နိုင်ပါတယ်။ အောက်မှာပေးထားတဲ့ link ကို စမ်းကြည့်ပါ။

https://www.oxfordlearnersdictionaries.com/topic/

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

25/05/2023

My dear Kid "Homey Land"
Grow smarter & happier with Homey Land
Love you so much!
You are our birthday gift 🎁🎂🎊
Thanks for being with us!
Let's grow together!

Homey Landကနေ
သားသားမီးမီးလေးတို့ Back to school မသွားခင်မှာ
3 days Free Clubလေးတွေ ယူဆောင်လာပါတယ်။

3 Days Free Clubမှာ ဘာတွေပါမလဲဆိုရင်တော့
✨Grammar Club
✨Jolly Phonics Club
✨Reading Club တို့ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ Reading Clubလေးနဲ့ စတင် မိတ်ဆက်ပေးမယ်နော်။
Reading Clubမှာ သားသားမီးမီးတို့ကို Fun activity တွေ project လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးလေး Reading သင်ကြမယ်နော်။

Cambridge သင်ရိုးထဲကနေ 3ရက်တာအတွက် Topicလေးတွေ ရွေးချယ်ထားပြီးတော့ စာသင်တာမျိုးမဟုတ်ဘဲ Fun Clubပုံစံမျိုးလေး လုပ်မှာဖြစ်တဲ့အတွက်
ကျောင်းပြန်မဖွင့်ခင် Summer Activity လေးမှာ
ပါဝင်ကြစို့နော်။

ထိထိရောက်ရောက်နဲ့ ဂရုစိုက်ပေးချင်တာကြောင့် လူဦးရေ၁၀ဦးသာ လက်ခံပါမယ်ရှင့်။

Free of charge ဖြစ်တဲ့အတွက် စာရွက်စာတမ်းကြေး စာရင်းပေးသွင်းကြေး လုံးဝ(လုံးဝ) မရှိပါဘူးနော်။
စာရင်းပေးသွင်းပြီး အစ/ဆုံး တက်ရောက်ပေးနိုင်ရပါမယ်။

Timetable for Reading Club
29.5.2023
30.5.2023
31.5.2023
(9:00 am to 10:30 am)

Age ☆☆☆ 7-9 years

Teaching Platform
Zoom

Register here - https://forms.gle/tNpoZ7eNuzzCUdb3A

စာရင်းပေးသွင်းရန် - https://forms.gle/tNpoZ7eNuzzCUdb3A

Photos from English with Mentors 2022's post 11/05/2023

2023 အတွက် Poly scholarship ဖြေဆိုကြမည့် မောင်ငယ်ညီမငယ်တို့နဲ့ ဆုံတွေ့ရမှာမို့ စိတ်လှုပ်ရှား
ပျော်ရွှင်မိပါတယ်။ ဖြေဆိုခွင့်သာ ရကြပါစေ။ သေချာပေါက် အောင်မြင်မယ်လို့ အပြည့်အဝ ယုံကြည်နေပါတယ်။
Course - New Headway 5th Edition
Oxford University Press
Pre-intermediate level
(For poly scholarship students)
Started Date -13/5/2023
Time - 1 to 4 pm
Online & Offline mixed class

Good luck 🤞🤞🤞 and see you soon!

Photos from English with Mentors 2022's post 08/03/2023

International Women's Day

07/03/2023

👋 👋 👋
Hello Beginners, it's time for "Monthly Free English Class" ခေးတို့ရေ လတိုင်းပြုလုပ်ပေးနေကျ English knowledge sharing အချိန်‌လေး
ကျရောက်လို့လာပြန်ပါပြီ။

လာမယ့်အပတ် The coming Saturday & Sunday
(11.3.2023 & 12.3.2023) နေ့လေးမှာ ဘယ်လိုနည်းလမ်းကောင်းလေးတွေကို ‌ဝေမျှသွားမလဲလို့ သိချင်နေသူများ၊ ကိုယ်ရဲ့အားလပ်ရက်ကလေးကို
အကျိုးရှိရှိ ပျော်ရွှင်စွာ ကုန်ဆုံးချင်သူများကို Offline Class လေးက နွေးထွေးစွာ ကြိုဆိုနေပါတယ်နော်။

အတန်းလာတက်ချင်သူများ messenger မှတဆင့် စာရင်းပေးပေးဖို့ တောင်းဆိုပါရစေရှင့်။ အခန်းနေရာလေး နှင့် သင်ထောက်ကူစာရွက်စာတမ်းများ အလုံအလောက်ပြည့်စုံအောင် ပြင်ဆင်ထားချင်လို့ပါ။

Location
HIKARI ဂျပန်စာသင်တန်း
အောင်ပြည့်စုံ သူနာပြုအကူနှင့် ဆေးဝါးသင်တန်းကျောင်း၏ အောက်ထပ်
ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း

Timetable
11.3.2023 & 12.3.2023 (1-4 pm)
Saturday & Sunday

18/02/2023

For Your Continuous Learning

𝐈𝐧𝐭𝐫𝐨𝐝𝐮𝐜𝐢𝐧𝐠 𝐭𝐡𝐞 𝐒𝐭𝐮𝐝𝐲@𝐇𝐨𝐦𝐞 𝐕𝐢𝐫𝐭𝐮𝐚𝐥 𝐌𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩 𝐏𝐫𝐨𝐠𝐫𝐚𝐦!

The American Center Yangon (ACY) is now accepting virtual membership applications for the new Study@Home Platform. Virtual membership will grant access to a variety of free online courses. All ACY online courses are shared and taught via the platform free of charge, but will require virtual membership to join. The ACY will review all virtual membership applications to verify the information provided, and will send notifications.

Apply online here:

https://acystudyathome.us/

ACY Virtual Membership is designed to offer reliable information, skills development, English language resources, and eLibraryUSA to a wider audience across Myanmar. Please note that virtual membership can only be used to log in and access the online Study@Home platform. For in-person library services at the ACY, members are still required to have an ACY library card.

Join us and keep on learning!

𝐑𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬 𝐭𝐨 𝐚𝐩𝐩𝐥𝐲 𝐟𝐨𝐫 𝐯𝐢𝐫𝐭𝐮𝐚𝐥 𝐦𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩:
• Must be at least 16 years old
• Must have NRC card (or) passport (or) driving license
•Must have an active email address

𝐖𝐡𝐚𝐭 𝐡𝐚𝐩𝐩𝐞𝐧𝐬 𝐚𝐟𝐭𝐞𝐫 𝐲𝐨𝐮 𝐬𝐮𝐛𝐦𝐢𝐭 𝐭𝐡𝐞 𝐯𝐢𝐫𝐭𝐮𝐚𝐥 𝐦𝐞𝐦𝐛𝐞𝐫𝐬𝐡𝐢𝐩 𝐚𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧?

After clicking “Submit,” please wait for the verification email. The ACY will contact you to confirm your membership status and provide your log in information for the Study@Home Platform. It is important that your email address is valid and active.

Study@Home အတွက် အွန်လိုင်းအသင်းဝင် (Virtual Membership) လျှောက်ထားနိုင်သည့် အစီအစဉ် မိတ်ဆက်

အမေရိကန်စင်တာရန်ကုန် (ACY) ဟာ အိမ်မှလေ့လာသင်ယူနိုင်မယ့် Study@Home Platform ပေါ်မှာ အွန်လိုင်း သင်တန်းများ၊ ရင်းမြစ်များကို အခမဲ့ ဝင်ရောက်လေ့လာလိုသူများ အွန်လိုင်းအသင်းဝင် (Virtual Membership) ယခုပဲ လျှောက်ထားနိုင်ပါပြီ။ ACY ရဲ့ အွန်လိုင်းသင်တန်းတွေကို Study@Home platform ကနေ တစ်ဆင့်သာ အခမဲ့ မျှဝေသင်ကြားပေးသွားမှာ ဖြစ်ပြီး တက်ရောက်ဖို့ virtual member ဖြစ်ဖို့လိုပါတယ်။ လျှောက်လွှာများကို စိစစ်ပြီး ရက်ပိုင်းအတွင်း ပြန်လည် အကြောင်းကြား ပေးမှာပါ။

လျှောက်ထားရန် -

https://acystudyathome.us/

အမေရိကန်စင်တာ Virtual Membership အစီအစဉ်ဟာ မြန်မာနိုင်ငံတဝှမ်းမှ လေ့လာသင်သူလိုများကို ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်များမျှဝေဖို့၊ ကျွမ်းကျင်မှုစွမ်းရည် တိုးတက်စေဖို့၊ eLibraryUSA ဒေတာဘေ့စ် နဲ့ အင်္ဂလိပ်ဘာသာစကားဆိုင်ရာ လေ့လာစရာများကို မျှဝေဖို့ ဖြစ်ပါတယ်။ Virtual Membership ဟာ Study@Home platform ကို log in ဝင်ဖို့၊ အွန်လိုင်းကနေ သုံးစွဲဖို့ အတွက်သာ ဖြစ်ကြောင်း သတိပြုပါ။ ACY ရဲ့ စာကြည့်တိုက်ဝန်ဆောင်မှုများကို‌တော့ စာကြည့်တိုက်အသင်းဝင်ကဒ်နဲ့သာ ရယူနိုင်မှာ ဖြစ်ပါတယ်။

ACY နဲ့အတူ စဉ်ဆက်မပြတ်သင်ယူလေ့လာပါ။

Virtual Membership လျှောက်ထားဖို့ လိုအပ်ချက်များ -
• အသက် (၁၆) နှစ် ပြည့်ပြီးသူ
• နိုင်ငံသားမှတ်ပုံတင်ကဒ် (သို့မဟုတ်) နိုင်ငံကူးလက်မှတ် (သို့မဟုတ်) ယာဉ်မောင်းလိုင်စင်
• လက်ရှိသုံးနေသည့် အီးမေးလ် လိပ်စာ

Virtual Membership လျှောက်လွှာတင်ပြီးနောက် -
လျှောက်လွှာမှာ အချက်အလက်များဖြည့်သွင်းပြီး “Submit” နှိပ်ပြီး နောက် အတည်ပြုအီးမေးလ်ကို စောင့်ဆိုင်းပါ။ အချက်အလက်များအတည်ပြုနိုင်ပါက ရက်ပိုင်းအတွင်း ACY ဖက်မှ ဆက်သွယ်အကြောင်းကြားမှာဖြစ်ပြီး Study@Home Platform ကို log in ဝင်ရောက်ဖို့ အချက်အလက်ပို့ပေးပါမယ်။ လက်ရှိသုံးနေတဲ့ အီးမေးလ်လိပ်စာကို မှန်ကန်စွာ ဖြည့်သွင်းထားပေးပါ။

09/02/2023

👋 👋 👋
Hello Beginners, it's time for "Monthly Free English Class" ခေးတို့ရေ လတိုင်းပြုလုပ်ပေးနေကျ English knowledge sharing အချိန်‌လေး
ကျရောက်လို့လာပြန်ပါပြီ။

လာမယ့်အပတ် The coming Saturday & Sunday
(11.2.2023 & 12.2.2023) နေ့လေးမှာ ဘယ်လိုနည်းလမ်းကောင်းလေးတွေကို ‌ဝေမျှသွားမလဲလို့ သိချင်နေသူများ၊ ကိုယ်ရဲ့အားလပ်ရက်ကလေးကို
အကျိုးရှိရှိ ပျော်ရွှင်စွာ ကုန်ဆုံးချင်သူများကို Offline Class လေးက နွေးထွေးစွာ ကြိုဆိုနေပါတယ်နော်။

အတန်းလာတက်ချင်သူများ messenger မှတဆင့် စာရင်းပေးပေးဖို့ တောင်းဆိုပါရစေရှင့်။ အခန်းနေရာလေး နှင့် သင်ထောက်ကူစာရွက်စာတမ်းများ အလုံအလောက်ပြည့်စုံအောင် ပြင်ဆင်ထားချင်လို့ပါ။

Location
HIKARI ဂျပန်စာသင်တန်း
အောင်ပြည့်စုံ သူနာပြုအကူနှင့် ဆေးဝါးသင်တန်းကျောင်း၏ အောက်ထပ်
ဦးထွန်းလင်းခြံလမ်း၊ လှည်းတန်း

Timetable
11.2.2023 & 12.2.2023 (1-4 pm)
Saturday & Sunday

Photos from Nari’s Land's post 07/02/2023

Planner လေးနဲ့ ကြိုးစားလိုက်ကြပါ နေ့စဉ်နေ့တိုင်းပုံမှန်လိုက်လုပ်ဖို့သာ အဓိကပါ Beginners လေးတို့ရေ။

Photos from Nari’s Land's post 07/02/2023

Grammar ကို self -study လေ့လာချင်သူများအတွက် ရက် ၅၀ စာ၊ သေချာလုပ်ပေးထားတာလေးတွေ ချီးကျူးစရာပါ။

07/02/2023

English စာ လေ့လာဖို့ YouTube Channelကောင်းများရွေးချယ်လိုလျှင်
*******************************************************************
☺️You Tube Channelsတွေအများကြီးရှိပေမယ့် ရွေးချယ်ရာမှာအခက်အခဲဖြစ်နေတယ်ဆိုရင်တော့ ဖော်ပြပါ channels များကတဆင့်လေ့လာနိုင်ဖို့
အပိုင်း၅ပိုင်းခွဲပြီး share ပေးချင်ပါတယ်...

☺️Beginner Level, Intermediate Level,Advanced Level,Education talk နဲ့ Entertainment ဆိုတဲ့ Categories များပဲဖြစ်ပါတယ်။

🔰Beginner Level
********************
Begineer ဖြစ်လို့ပေါ့ပေါ့ပါးပါးလေးတွေ စကားလုံးအလွယ် ဖြေးဖြေးမှန်မှန်လေးတွေကနေတဆင့်လေ့လာနိုင်ပါတယ်။

🔴Learn English with Mr.Duncan
Fun Learning ရချင်ရင်တော့ grammar ကို သိပ် focus မထားဘဲဖြေးဖြေးနဲ့မှန်မှန် topics မျိုးစုံကို သင်သွားတဲ့ Mr.Duncan channel ကို လေ့လာပါ။

https://www.youtube.com/user/duncaninchina

🔴Easy English
English speakersတွေနဲ့ interactive ရချင်တယ်..real-life situation topic တွေကိုလေ့လာချင်ရင်တော့ Simple questions တွေနဲ့ interview တဲ့ Easy English ပါ။ အသံထွက်အမှန်တွေနဲ့ different accent တွေလေ့လာနိုင်ပါတယ်။

https://www.youtube.com/user/magauchsein/playlists?shelf_id=21&view=50&sort=dd

🔴British Council(Learn with kids)
Learn with kids ကတော့ Nursery songs လေးတွေ၊ chant တွေ၊ dialogue တိုလေးတွေနဲ့ ရှင်းလင်းတဲ့ vocabulary တွေကိုလေ့လာရမှာမို့ beginnerသမားတွေအတွက်အံကိုက်ပါပဲ...

https://youtube.com/watch?v=nIGrAQZv6mU&feature=share

🔴Jennifer ESL
စာသင်တဲ့ပုံစံအတိုင်းပဲလေ့လာချင်တယ်။
American Accent လည်းသင်ချင်တယ် ဆိုရင်တော့ အရမ်းစိတ်ရှည်ပြီး ရှင်းလင်းတဲ့ Jennifer ရဲ့ YouTube သင်တန်းလေးမှာ Skills အစုံလေ့လာလိုက်ပါ။

https://youtube.com/c/Englishwithjennifer

🔰Intermediate Level
***********************
🔴English Class 101.com
စာသင်တာကိုမှကြိုက်တယ် normal way ပြောတာလည်းနားထောင်ချင်တယ်...Grammar pattern တွေ အသေးစိတ်သိချင်တယ်ဆိုရင်တော့ ဒီ Channel လေးက The best Choice ပါ။

https://youtu.be/Y6dhxu6fM_Q

🔴On the Go with EF
စိတ်အပန်းလည်းပြေချင်တယ် ခရီးသွားရတာလည်းကြိုက်တယ်..Travel Blogger လည်းလုပ်ချင်တယ်.. နေရာအသစ်တွေ Explore လုပ်ရတာကိုနှစ်သက်တဲ့သူတွေအတွက်ကတော့ Travel + English Language ကို train တဲ့ ဒီ channel က်ို တနေ့တခေါက်လောက်နားထောင်ပါ။

https://www.youtube.com/user/podEnglish/featured

🔴VOA learning English
🔴BBC learning English
နာမည်ကြီးchannel တွေဖြစ်တဲ့အတွက် အကြောင်းအရာရွေးချယ်မှုအပိုင်းမှာ စုံလင်ပြီး လေ့လာစရာများစွာပေးတဲ့ ရတနာသိုက်ကြီးတွေပါ။ 6 minutes Engilshတို့ The English We Speak စတဲ့ lessons တွေက great help ပါ။

https://www.youtube.com/user/bbclearningenglish

🔰Advanced Level
*********************
🔴Learn English with Rachael
အသံထွက်ပိုင်းနဲ့ Native speaker တယောက်လို link sounds တွေသုံးပြီးပြောချင်ရင်တော့ Expert လည်းဖြစ် Opera Singer လည်းဖြစ်တဲ့ Rachael ဆီမှာသင်ယူပါ။

https://youtu.be/4zAkoXyhrdI

🔴engVid
Lessons ပေါင်း 900ကျော်နဲ့ ဆရာ 11ယောက်ကသင်ကြားပေးနေတဲ့ engVid မှာ four skills +additional skillsအပြင် တခြားသော academic lessons တွေဖြစ်တဲ့ IELTS,TOEFL စတာတွေပါ သင်ယူနိုင်ပါတယ်...

https://www.youtube.com/channel/UCJtBaL1PPmTc1ff0nsihR0g

🔴Business English Pod
လုပ်ငန်းခွင်မှာ English လို သုံးချင်သူတွေအတွက်တော့အကောင်းဆုံးchannel ပါ။လုပ်ငန်းခွင် vocabတွေ၊ idea တင်ပြပုံတွေ၊
presentation တွေနဲ့ debating များစွာကိုတွေ့ရမှာပါ။

https://www.youtube.com/user/bizpod

🔰Educational Talk
*******************
🔴TED Talk
Ted Talk ကတော့ Technology,Entertainment and design တွေစတဲ့ content တွေကို famous peopleတွေ professional guest speaker တွေကနေ ဆွဲဆောင်မှုရှ်ိစွာပြောပေးတဲ့ အစီအစဉ်ပါပဲ...
TED Talk ကနေတဆင့်သင်ယူမယ်ဆိုရင် Public speaking + knowledge + Content
စတဲ့ Skills တွေ ရမှာမို့ လေ့လာကြည့်ပါ။

https://youtube.com/c/TED

🔴English Speeches
Ted Talk ဟန်ပါပဲ..နာမည်ကြီး လူသိများတဲ့ spoke person တွေရဲ့ current issues ဆွေးနွေးချက်တွေနားထောင်ရမယ့်အပြင် language အသုံးအနှုန်း ချဉ်းကပ်ပုံ၊ လေယူလေသိမ်းနဲ့ အကြောင်းအရာကောင်းကောင်းတွေနားထောင်ရမှာမို့ စိတ်ဝင်စားတဲ့သူတွေ သေချာပေါက်နားထောင်ကြည့်ပါ။

https://youtube.com/c/EnglishSpeeches

🔴Harvard Business Review
Harvard ဆိုတော့ လုံးဝ advanced level ပါပဲ။ တကယ့်စီးပွားရေးသမားတွေကပြောတဲ့ အယူအဆတွေနားထောင်ရမယ်.. "Buzzwords"ဆိုတဲ့ ဗန်းစကားဟန်တွေတော့နားထောင်ရမယ်။Buzzwords သုံးတာတွေက TED Talk မှာတော့ကန့်သတ်ထားပေမယ့် HBR ကတော့လှိုင်လှိုင်ကြီးသုံးထားပေးလို့ Natural Style Talking လိုချင်ရင်တော့သုံးပါ။

https://youtube.com/hbspublishing

🔰Entertainment
********************
🔴Learn English with TV Series
ရုပ်ရှင်တွေ ကာတွန်းတွေကနေ Learn လုပ်ချင်ရင်တော့ LEwithYVS က ရှယ်ပါပဲ..
Main part or crisis လေးတွေကိုကြည့်ရမယ်.
ပြီးရင်.. Dialogue တွေလိုက်နားထောင်မယ် ..
Vocab တွေမှတ်မယ်..
တဆင့်ချင်းသွားရတာမို့ အရမ်းကောင်းပါတယ်။
ကိုကြည့်ချင်တဲ့ Movie or Cartoon ကို အရင်ရိုက်ထည့်ကြည့်ပါ။ တော်တော်များများကို လေ့ကျင့်ခန်းတွေနဲ့ လုပ်ပေးထားပါတယ်...
☺️Tr ကတော့ Games of Thrones Fan မို့
GOT နဲ့လေ့လာပါတယ်...

https://youtube.com/c/LearnEnglishWithTVSeries

🔴Lyricstraining.com
သီချင်းလည်းနားထောင်ချင်တယ်..
Exercise လည်းလုပ်ချင်တယ်ဆိုသူများအတွက် beginner , Inter, Advancedနဲ့ Expert ဆိုတဲ့ 4ပိုင်းထဲက ကြိုက်တာရွေးပြီးလေ့ကျင့်ပါ။ Word Choice ,Gap fill lessons တွေနဲ့ listening လည်းရ vocab လည်းရ လိုက်ဆိုကြည့်ရင် Pronunciation ပါရဦးမှာမို့ လေ့ကျင့်ကြည့်ပါ။

With Love

07/02/2023

English စာအုပ်ဖတ်ဖို့ ရွေးချယ်လိုသော် (Study Skills- 8)
***************************************

👋သုတနဲ့ရသစာပေဆိုပြီး အမျိုးအစား နှစ်မျိုးရှိသလိုပဲ Extensive reading ( Information & Enjoyment )နဲ့ Intensive reading( aims & tasks ) ဆိုပြီး နှစ်မျိုးခွဲခြားပြီး ဖတ်နိုင်ပါတယ်။

👋ဗဟုသုတအား/ရသစာပေလေ့လာမှုအားတိုးဖို့ Extensive Reading အတွက် စာအုပ်ရွေးချယ်ဖို့ ခက်ခဲတတ်တာကြောင့် English စာအုပ်တွေ မဖတ်ဖြစ်တာတွေရှိပါတယ်။ ဒါ့ကြောင့် မိမိlevel နဲ့ကိုက်ညီတဲ့ စာအုပ်ကိုရွေးချယ်နိုင်ဖို့ နည်းလမ်းလေးတစ်ခု ဝေမျှပေးချင်ပါတယ်...

👋ဒါကတော့ Five Fingers Reading နည်းပဲဖြစ်ပါတယ်...
level ကိုက်ညီတဲ့စာအုပ်တွေဖတ်နိုင်ဖို့ အရင်ဆုံး ကြိုက်တဲ့ page တစ်ခုကို လှန်လိုက်ပါ။
👋တစ်မျက်နှာလုံးကို ခပ်မြန်မြန်ဖတ်ကြည့်ပါ။
ပြီးရင် လှန်လိုက်တဲ့ စာမျက်နှာရဲ့ မသိတဲ့စကားလုံးအရေအတွက်ကို
ရှာရမှာဖြစ်ပါတယ်။

🔰Young Learners လေးတွေအတွက်ကတော့
👋မသိတဲ့စကားလုံးအရေအတွက် သုညကနေ ၅လုံးကြားဆိုပြီး အဆင့်ဆင့် ဖတ်ရမယ့်စာအုပ် levelကိုသတ်မှတ်ပါတယ်။
0-1 - too easy
2- good choice (သင့်တော်အဆင့်)
3- good choice (လက်ခံအဆင့်)
4- need some help (အကူအညီလို)
5- too advanced (ခက်ခဲအဆင့်) အသစ်တစ်ခုထပ်ကြိုးစားကြည့်ပါလို့ ဆိုလိုပါတယ်။
👋Adult learners တွေအတွက်လည်း ဒီနည်းအတိုင်းသွားလိုလျှင်ဖြစ်စေ နှစ်ဆ (သို့) သုံးဆ မြှောက်ပြီး Dictionary အကူအညီနဲ့ စာအုပ်တွေစဖတ်နိုင်ပါတယ်။

👋Original novels တွေက ဖတ်ရတာ အရမ်းရှည်ပြီး စကားလုံးအသုံးအနှုန်းတွေမြင့်တဲ့အတွက် ပြီးမြောက်မှုနှုန်းကြာမှာဖြစ်ပါတယ်...

👋Beginner level ကနေ Advanced level အထိ ပေါ့ပေါ့ပါးပါးဖတ်လို့ရမယ့် စာအုပ်Seriesဖြစ်ပြီး novels ကြီးတွေ အတွက် Retold Versionလည်းဖြစ်
ဖတ်ဖို့ အချိန်လည်းသ်ိပ်မပေးရတဲ့ Penguin Readers books လေးတွေကို အရင် tryကြည့်လိုက်ပါ။

🔰စာအုပ်နမူနာလေးတွေကို down ပြီးဖတ်ကြည့်ပါ။
Level 1 to Level 6 (advanced) အထိဖြစ်ပါတယ်။
✅https://www.scribd.com/document/399835603/Penguin-Readers-Brown-Eyes-Level-1-pdf
✅https://www.scribd.com/document/438411638/Treasure-Island-pdf
✅https://es.scribd.com/document/376093844/penguin-readers-british-life-level-3-pdf
�https://www.heritagesites.ge/uploads/files/59e9f99758d04.pdf
✅https://www.scribd.com/doc/195042021/Tales-from-Shakespeare-Level-5-Penguin-Readers
✅https://www.scribd.com/document/366259409/363549397-Level-6-Misery-Stephen-King-Penguin-Readers-PDF

🔰Extensive Reading ကောင်းရင်
************************************
1) Reading and Writing ကျွမ်းကျင်မယ်။
2) oral and aural skills (အပြောနဲ့အကြားအာရုံ ပိုကောင်းမယ်)
3) Vocabulary Growth (ဝေါဟာရတိုးမယ်)
4) Motivation တက်မယ်။
5) self-esteem (ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်လာမယ်)
6) empathy ( စာနာစိတ်နဲ့မျှဝေတတ်မယ်)
7) autonomous (ဆုံးဖြတ်နိုင်လာမယ်) စတဲ့ စာပေတိုးတက်မှုကော စိတ်နေနည်းအတွက်ပါ အကျိုးကျေးဇူးတွေရမှာ ဖြစ်ပါတယ်...

P.S..စာဖတ်နည်းအသေးစိတ်ကို ထပ်ရှင်းပြပါဦးမယ်...
Extensive စာများများဖတ်လေ langauge skills တိုးလေဖြစ်ပါတယ်။

With Love
Tr Myat Swe Thet

Photos from Myat English Hub's post 07/02/2023
07/02/2023
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

အဂ်လိပ်စာကို အခြေခံမှစ၍ အဆင့်မြှင့်ချင်တဲ့ English Learners (Beginners) လေးတို့အတွက်2023 July လမှာ Evening Section အတန်း...
👋 👋 👋Hello Beginners, it's time for "Monthly Free English Class" ခေးတို့ရေ လတိုင်းပြုလုပ်ပေးနေကျ English knowledge shari...

Category

Telephone

Website

Address

Ywar Lel St; Sint Gu Qr; Insein Township
Yangon

Other Education in Yangon (show all)
Taung Nyunt 3 Students Taung Nyunt 3 Students
BEHS (3) Mingalar Taung Nyunt, Upper Pansodan Street
Yangon

Welcome to our reunion Taung Nyunt 3 students page and I hope all of our friends who are from BEHS 3

Kant Kaw Kant Kaw
No. 9 Kan Street, Hlaing Township
Yangon, 11012

Enhancing educational and career opportunities for Myanmar youth since 2009.

CK တရုတ်စကားပြော CK တရုတ်စကားပြော
Yangon

တရုတ်စကားကို မြန်မြန်နဲ့လွယ်လွယ် တတ်လိုပါက ဒီပေ့ချ်က သင့်အတွက်နေရာမှန်ပါပဲခင်ဗျာ

Alfred English Yangon Alfred English Yangon
Anormar 19 Street ( West )
Yangon

English can't stop you life.

Zwe Htet Education Center Zwe Htet Education Center
No. 94, 93 Street, Kandawkalay, MingalarTaungNyunt Township
Yangon

KME Japanese Language School KME Japanese Language School
No. 876, 2nd Floors, Nga Moe Yeik Ward, Lay Daunt Kan Road, Thingangyun Township
Yangon

Education

Pro English language Pro English language
Thaketa
Yangon

Your choice is your sense.

Students' Choice Students' Choice
Yangon

Education

Learn Deutsch with Nuel Learn Deutsch with Nuel
Yangon

education

Brilliant Education Center Brilliant Education Center
Yangon

We aim to teach subjects relating to the business world at affordable prices.