
24 hrs for patients

27/11/2023

🤤😍🥗

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 12/11/2023

Happy Diwali 2023

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 28/10/2023
Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 28/10/2023

🙏အောင်သုခအထူးကုဆေးခန်း သီတင်းကျွတ်ဆု​တောင်း🙏
🎉 ဝါလကင်းလွတ် သီတင်းကျွတ် အချိန်အခါသမယတွင်….
🙏မိဘ ဖိုးဖွား ဆရာသမားများနှင့်တကွ မိမိထက် တ​နေ့တရက် တမိနစ်ကြီး​သောပုဂ္ဂိုလ်တို့နှင့်

💞ချစ်ခင်လေးစား တန်ဖိုးထားရပါသော ချစ်မိတ်ဆွေသူငယ်ချင်းများ အားလုံး….
💞မိမိထက် ငယ်ရွယ်သူ ​မောင်ငယ် ညီမငယ်များအားလုံး....တို့

🙏ကိုယ် စိတ် နှလုံး ကျန်းမာခြင်းနှင့်
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်
ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍
အခက်အခဲဟူသမျှ အောင်မြင်စွာရင်ဆိုင်ကျော်လွှားနိုင်ပါ​စေ
🙏စီးပွါးလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း …..အောင်သုခအထူးကုဆေးခန်း မိသားစုမှ

ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏🙏🙏

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 12/05/2023

မုတ်သုံရာသီအတွင်း ရေလွှမ်းမိုးမှုအန္တရာယ်မှကြိုတင်ကာကွယ်နိုင်ရန်နှင့် ရေကြီးရေလျှံမှုများအတွက် ကြိုတင်ပြင်ဆင်ထားနိုင်မည့် အကြံပြုချက်များ။

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 25/04/2023

Ph.09 966631635
09 407022235
09 960683306 အောင်သုခ Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 24/10/2022

🎉🎉🪅 Happy Diwali 🎉

အောက်တိုဘာ ၂၄ ရက်နေ့တွင် ကျရောက်သော ဟိန္ဒူဘာသာဝင်များ၏ #ဒေပါဝါလီ နေ့တွင် ချစ်သော မိဘဆရာသမားများ နှင့် လုပ်ဖော်ကိုင်ဘက်ရောင်းရင်းများရောဂါဘယများကင်းဝေး၍ ကျန်းမာ ချမ်းသာ ခြင်းတို့နှင့် ပြည့်စုံပီးစီးပွါးလာဘ်လာဘများတိုးတက်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ 🙏🙏🙏

အောင်သုခအထူးကုဆေးခန်းမိသားစု

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 08/10/2022

🙏သီတင်းကျွတ်ဆုတောင်း 🙏(9.10.2022)

🤍 ဝါလကင်းလွတ် သီတင်းကျွတ်
အချိန်အခါသမယတွင်
ချစ်ခင်လေးစားတန်ဖိုးထားရပါသော
ချစ်မိတ်ဆွေလူကြီးမင်းများနှင့်ဆရာသမားများအားလုံး
ကိုယ်စိတ်နှလုံးကျန်းမာခြင်းနှင့်
ချမ်းသာခြင်း မင်္ဂလာအဖြာဖြာ ပြည့်စုံလျှက်
ဘေးအန္တရာယ်ဟူသမျှကင်းဝေး၍
အခက်အခဲဟူသမျှအောင်မြင်စွာ
ကျော်လွှားနိုင်ပြီးစီးပွါးလာဘ်လာဘများ
ဒီရေအလား တိုးတက်ကြီးပွါးပါစေကြောင်း အောင်သုခအထူးကုဆေးခန်းမိသားစုမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ် 🙏🙏🙏

#သီတင်းကျွတ်ဆုတောင်း
အောင်သုခအထူးကုဆေးခန်း

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 26/08/2022

အသက် ၄၀ ကျော်ချိန် ကိုလက်စထရောများခြင်း ကာကွယ်နိုင်ရန်
--- ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ---
➡ အသက် ၄၀ ထဲ ဝင်လာချိန်မှာ သူငယ်ချင်းအများစုက ကိုလက်စထရောတွေ များနေကြပါတယ်။ အဲဒီလို မဖြစ်အောင် ဘယ်လို စားသောက်နေထိုင်သင့်ပါသလဲ။

▶ အခုမြန်မာပြည်မှာ ကိုလက်စထရောများတာနဲ့ ကင်ဆာတွေ အရမ်းအဖြစ်များပါတယ်။ ကျန်းမာရေးက ဘဝမှာ အရေးကြီးဆုံးပါ ။ မကျန်းမာမှ ဆေးကုမယ့်အစား ကျန်းမာအောင် ကြိုတင်ကာကွယ်ပါ။
အောက်ဖော်ပြပါ အချက်တွေကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး လူတိုင်းလုပ်နိုင်မယ့် တချို့အချက်အလက်တွေပါ။ ဒါတွေ လိုက်နာရင် ပိုကောင်းတဲ့ ကျန်းမာရေးဘဝရပါမယ်။
✅ နေ့စဉ်နေ့တိုင်း ကျန်းမာရေးနဲ့ အညီ စားသင့်ပါတယ်။ ချွေတာပြီး စားရင် မကျန်းမာရင် ပြန်ဆေးကုရင် ကုန်မှာဆိုတော့ မထူးပါဘူး။ မြန်မာအများစုက ကျန်းမာအောင် မစားဘဲ ချွေတာပြီး မကျန်းမာမှပဲ ဆေးကုချင်ပါတယ်။ အလွန်မှားတဲ့ အယူအဆပါ။
✅ မနက်ခင်းမှာ ထမင်းကြော်စားတာဟာ မကောင်းပါဘူး ။ ဆီနဲ့ ကြော်တာ စားရင် Transfat ဖြစ်စေပြီး ကိုလက်စထရော များစေတယ်။ ဆီနဲ့ဆမ်းပြီး စားတာက ကျန်မာရေးနဲ့ ပိုညီညွတ်တယ်။ ဥပမာ- ထမင်းပဲပြုတ်ဆီဆမ်း။
✅ စားသောက်တဲ့အလေ့အကျင့်ကို ချက်ချင်းထက် တဖြည်းဖြည်း ပြောင်းလဲပြီး ပုံစံသစ်နဲ့ စားသင့်ပါတယ်။
✅ ထမင်းကို နည်းနည်းပဲစားပါ။ လျှော့စားပါ။ စားတဲ့ ထမင်းပမာဏထက် ၂ ဆ ဟင်းသီးဟင်းရွက်ကို စားရပါမယ်။
✅ ဟင်းသီးဟင်းရွက်မှာ သြဂဲနစ်စားရင် အကောင်းဆုံးပါ။ သြဂဲနစ်မရနိုင်တော့ ဟင်းသီးဟင်းရွက်ကို ဆားရေ ဒါမှမဟုတ် ရှလကာရည်နဲ့ ၁၀မိနစ်စိမ်ပါ။နောက် ရေနွေးဖျောပြီး စားနိုင်ပါတယ် ။
✅ အစားအသောက်ကို အချိန်ယူစားပြီး အကြိမ်များများနဲ့ နည်းနည်းစီ စားသင့်ပါတယ်။ (တစ်နေ့ ၆ ကြိမ်)။ ဗိုက်ကို ပြည့်သွားအောင် မစားပါနဲ့။ အသီးအတွက် ချန်ထားပါ ။
✅ ထမင်းမစားခင် ဟင်းချိုသောက်သင့်ပါတယ်။
✅ တစ်နေ့ကို ရေ ၂လီတာ အနည်းဆုံး သောက်သင့်ပါတယ် ။
✅ မနက်မှာ ဒိန်ချဉ်စားပြီး နွားနို့တွေ သောက်သင့်ပါတယ်။
✅ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ကို အဓိကထားသောက်ကြပါ။
✅ တစ်နှစ်ကို တစ်ခါတော့ ဆေးစစ်ပြီး မတည့်တာတွေ ရှောင်သင့်ပါတယ်။
✅ ကြက်သား၊ ငါး ပိုစားပြီး အနီရောင်အသားတွေကို တတ်နိုင်သမျှ လျှော့စားပါ။
✅ ပဲမျိုးစုံစားရင်လည်း အာဟာရပြည့်ပါတယ်။
✅ ဟင်းအနှစ်တွေကို အများကြီး မစားသင့်ပါ။ (မစားတာ ပိုကောင်းပါတယ်)။ အပြုတ်ကို အဓိကစားပါ။
✅ စိတ်အလိုလိုက်ပြီး အများကြီးကို တစ်ခါတရံဆိုပြီး မစားပါနဲ့။ စားသောက်ဆိုင်မှာလည်း လို သလောက်ပဲ မှာပြီး မကုန်ရင် ပါဆယ်ထုပ်ပါ ။
✅ ကျန်းမာ၊သက်ရှည်စွာ နေနိုင်ဖို့အတွက် ခန္ဓာကိုယ်အတွင်းရှိ ရောဂါတွေကို အစွမ်းကုန် တိုက်ထုတ်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ စားသင့်ပါတယ်။ဥပမာ - ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ပန်းမုန်လာ စပျစ်သီး။
✅ အအေးဘူးတွေကို တတ်နိုင်သလောက်ရှောင်ပါ။ ရေက အကောင်းဆုံးပါပဲ။
✅ အကင်တွေ အစားများရင် ကင်ဆာ ဖြစ်ပါတယ်။
✅ ဝမ်းမှန်အောင် ဂရုစိုက်ပါ။

တခြားလိုက်နာရမှာက-
✅ လမ်းလျှောက်ပါ။ တစ်နေ့ကို ခြေလှမ်း ၈၀ဝ၀ကနေ တစ်သောင်းအထိ လျှောက်သင့်ပါတယ်။
✅ တတ်နိုင်ရင် Exercise လုပ်ပါ ။
✅ Stress မများအောင် စိတ်ကို ထားပါ ။
ဒါတွေကတော့ လူတိုင်း လိုက်နာနိုင်မယ့်အစား အသောက်အတွက်ပါ။ ပိုပြီး ကျန်မာပြီး ကိုလက်စထရောတွေ လျော့လာပါလိမ့်မယ်။
မကျန်းမာမှ ပိုက်ဆံကုန် ဆေးကုပြီး အစားအသောက် ရှောင်မလား။ ဒါမှမဟုတ် ကျန်းမာအောင် စားကြမလား။ ဒါကတော့ မိမိရဲ့ ရွေးချယ်မှုပါ။

21/07/2022

ဖတ်ကြည့်ကြ👇👇👇

👯👯‍♂️ အနာဂါတ်အတွက် ကလေးတို့
👯👯‍♂️ Neural Tube Defects မဖြစ်ဖို့
👯👯‍♂️ မိခင်လောင်းတွေ
👯👯‍♂️ ကိုယ်ဝန်မဆောင်ခင်
👯👯‍♂️ Folic Acid ကြို သောက် စို့ 👍👍👍

မိခင်လောင်းအများစုမှာ ကိုယ်ဝန်ပတ် ၃ပတ် ရှိနေသည့်အချိန်ထိ မိမိကိုယ်မိမိ ကိုယ်ဝန်ရှိနေကြောင်း မသိကြသေးတာ များပါတယ် ။ ထိုအချိန်တွင် ဆီးစစ်တံဖြင့် စစ်ဆေးကြည့်သည့်အခါလည်း မပေါ်သေးတာကြောင့် ဖြစ်ပါတယ်။
သန္ဓေသားရဲ့ ဖြစ်တည်မှု ၊ မိခင်တစ်ဦးအတွက်
ကိုယ်ဝန်ရှိနေတဲ့အတွက် ပြောင်းလဲမှု အခြေအနေများကို ကိုယ်ဝန်ပတ် ၄ပတ် မှ စ၍သာ သတိထားမိကြမှာ ဖြစ်ပါတယ် ။

👉 ပြသနာက အဲ့မှာစတာပါ ခင်မျာ ။

သန္ဓေသားလောင်းအတွက် အရေးကြီးဆုံးသော ခန္ဓာကိုယ်အစိတ်အပိုင်းဖြစ်တဲ့ ဦးနှောက် နှင့် မဏ္ဍိုင်အာရုံကြော ဖြစ်လာစေမည့် Neural Tube ဟာ ကိုယ်ဝန်ပတ် ၃ပတ်မှာ စတင်ဖြစ်ပေါ်ပါတယ် ။
သန္ဓေသား ၄ပတ် အရွယ်ပြည့်တဲ့အခါ Neural Tube ဟာ ပိတ်ရမယ့် အချိန်ရောက်ရှိခဲ့လေပြီ ဖြစ်တယ်။
အရေးကြီးဆုံးအချိန်တွေကို မိခင်လောင်းအများစု သတိမထားမိလိုက်ကြပါဘူး ။ ။ လွတ်သွားတတ်ကြပါတယ် ။ ။ ။

📄 အဲ့တော့ အဓိက ပေးချင်တဲ့ မက်ဆေ့ ၊ အဓိက သိရမယ့် အချက်လေးတွေကို သိသလောက် တတ်သလောက် ပြောပြပေးပါမယ် ။

၁။ Neural Tube ဟာ သန္ဓေသားအတွက် အဓိက အရေးကြီးဆုံး အစိတ်အပိုင်းဆိုရင် မမှားပါဘူး ။ Neural Tube ဖြစ်ပေါ်တဲ့ အချိန်မှာ မိခင်ဟာ Folic Acid ကိုပြည့်ဝအောင် မရဘူးဆိုရင် Neural Tube Defects ဖြစ်တတ်ပါတယ် ။ အတွေ့များတဲ့ Neural Tube Defects တွေဟာဆိုရင် မွေးကင်းစကလေး ကျောရိုးမှာ အဖုကြီး ပါလာတာမျိုး ။ မွေးလာတဲ့အခါ ဦးခေါင်းခွံ မပါလာတာ ဦးနှောက်မပါလာတာ ။ Neural Tube Defects တွေဟာ သိပ်ကို ကြောက်ဖို့ ကောင်းပါတယ် ။

၂။ မိမိရင်သွေးလေးမှာ Neural Tube Defects မရအောင် ဘယ်လို ကာကွယ်ကြမလဲ ။

ဒါက သိပ်ကို လွယ်ကူပြီး ရိုးရှင်းတဲ့ အဖြေတစ်ခုပါ။

>>> Periconceptional Folate Intake

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 24/06/2022

ကလေး လေထုတ်ပေးတဲ့ နည်းလမ်းပုံစံများ

လေထုတ်ပေးတယ်ဆိုတာ ကလေးလေးတွေရဲ့ အစာအိမ်ထဲ မှာရှိနေတဲ့ လေကိုထုတ်ပေးတာပါ။ #တချို့မေမေတွေကလေးနို့အန်တယ်ဆိုပြီးပြောနေတာကောင်းကောင်းလေထုတ်မပေးတတ်လို့ပါပါတယ်။ ကလေးကို လေထုတ်ပေးဖို့ အကောင်းဆုံးအချိန်ကတော့ နို့စို့ပြီး သို့မဟုတ် နို့စို့နေစဉ်အတွင်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ကလေးနို့စို့စဉ် အပြင်က လေအပိုတွေကိုပါ နို့နဲ့ အတူ စုပ်ယူသလို ဖြစ်လို့ပါ။ လေထုတ်ပေးခြင်းဟာ အဲဒိလေ တွေကို ပြန်ထုတ်ပေးတာဖြစ်ပါတယ်။ အဲဒါမှ ကလေးက ကောင်းကောင်း နို့စို့နိုင် အစာစားနိုင်မှာ ဖြစ်သလို နေရတာလည်း သက်တောင့်သက်သာရှိမှာဖြစ်ပါတယ်။ ကလေးလေထုတ်တာ ပုံစံ မျိုးစုံလုပ်ပေးလို့ရပါတယ်။

▪️ပုခုံပေါ်တင်ပြီး လေထုတ်နည်း
ကလေးကို ချီပြီး မျက်နှာကို ပုံခုံးပေါ်တင်ထားလိုက်ပါ။ တကယ်လို့ ကလေးက တနှစ်အောက်ဆိုရင် ပုခုံခေါ်မှာ အဝတ်ခံပေးထားလို့ရပါတယ်။ တခါတလေ အစာအနည်းငယ် ပြန်ထွက်လာတတ်လို့ပါ။ ဒါပေမဲ့ အဲဒါမျိုးက ပုံမှန်ပါ။
ကလေးရဲ့ နောက်ကျောကို လက်ကောက်ဝတ် အားနဲ့ပဲ ဖြည်းဖြည်းပုတ်ပေးပါ။ ကျောကုန်းကို ပွတ်ပေးလို့ ရပေမယ့် သိပ်ပြီးမထိရောက်ပါ။
ပုံမှန် လေတက်တဲ့ အသံမျိုးထွက်ပြီးဆို ရပ်လို့ရပါပြီ။တခါတလေ နှာချေသံ၊ အင့်ခနဲမြည်သံ မျိုးလည်း ထွက်တတ်ပါတယ်။

▪️ထိုင်ပြီး လေထုတ်နည်း
ကလေးကို မိမိ ပေါင်နှစ်ခုကြားမှာ ထိုင်ခိုင်းပါ။ အစာပြန်ထွက်လာတာမျိုး ဖြစ်တတ်တာမလို့ အဝတ်ပိုင်းတခုကို ကလေးရှေ့နားမှာ ချပေးထားပါ။ မိခင် လက်တဖက်က ကလေးရဲ့ ရင်ဘတ်ကို ထိန်းပေးထားပြီး ကျန်တဖက်က နောက်ကျောကို ဖြည်းဖြည်းပုတ် သို့မဟုတ် ပွတ်ပေးလို့ရပါတယ်။ ကလေးလေ ထုတ်ဖို့ အဲဒိလိုမျိုး မိနစ်အတော်ကြာပြုလုပ်ပေးရတတ်ပါတယ်။
လေထွက်သွားပြီဆိုလျှင် နို့တိုက်လက်စဖြစ်နေပါက ပြန်တိုက်လို့ရပါပြီ

▪️ဝမ်းလျားမှောက်ပြီး လေထုတ်နည်း
ကလေးကို မိခင် ပေါင်ပေါ်မှာ ဝမ်းလျားမှောက်ပြီးထားပါ။ မိခင် လက်တဖက်က ကလေးရဲ့ ရင်ဘတ်နဲ့ လည်ပင်းကို ထိန်းပေးထားပြီး ကျန်လက်တဖက်နဲ့ နောက်ကျောကို ဖြည်းဖြည်း ပုတ် သို့မဟုတ် ပွတ်ပေးပါ။ အဲလို လုပ်ပေးရတာ ကလေးပေါ်မှာ မူတည်ပြီး မိနစ် အတော်ကြာ တတ်ပါတယ်။ ကလေး နို့တိုက် တိုင်းတော့ လေထုတ်ပေးဖို့ မလိုပေမဲ့ ကလေးက လူးလွန့်နေတယ် မအိမသာ ဖြစ်နေတယ် ဆိုရင် လေထုတ်ပေးပြီးမှ သာ နို့ဆက်တိုက်ပေးပါ။

20/05/2022

အောင်သုခအထူးကုဆေးခန်း

#သန့်ရှင်းရေး ဝန်ထမ်း လျှောက်ထားနိူင်ပါသည်


#သန့်ရှင်းရေး ၁ဦး (မိန်းကလေး)

- ဆေးခန်းသန့်ရှင်းရေးအား သတ်မှတ်ထားသည့်စံသတ်မှတ်ချက်များအတိုင်း လိုက်နာလုပ်ဆောင်နိူင်ရမည်။

-သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ ရှိရမည်။

-ရိုးသားပြီးစနစ်တကျလုပ်နိူင်ရမည်။

-ဆက်ဆံရေးကောင်းမွန်ပြီး ကူညီလိုစိတ်ရှိသူဖြစ်ရမည်။

-အသက် (၁၈နှစ်မှ ၄၀နှစ်အတွင်း)

-အလုပ်ချိန် (မနက် ၈ နာရီမှ ညနေ ၇ နာရီ အထိ)


🎈တစ်ပတ်တစ်ရက်ပိတ်သည်

လျှောက်လွှာပိတ်ရက် - 30 - May - 2022

သာကေတ (၁) ဈေး အနော်မာမှတ်တိုင်အနီး

☎ ဖုန်း - 09-258893955

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 10/05/2022

ယခုနှစ် အစ ထဲက သွေးလွန်တုပ်ကွေးရောဂါနဲ့ဆေးရုံ တက်ရတဲ့ကလေးတွေ ပါရမီဆေးရုံကြီးမှာ အမြဲရှိ နေပါတယ် ရန်ကင်း နဲ့ ရန်ကုန် ကလေး ဆေးရုံကြီး တွေမှာ လည်းရှိတယ် လို့ သိရပါတယ်

သွေးလန့်တဲ့ကလေး​တွေ သွေးရည်ကြည် အထိ သွင်းရတဲ့ ကလေးတွေလည်း ရှိပါတယ်

မိုးကျလါတာနဲ့ ကျောင်းဖွင့်ချိန်နဲ့ ပိုပြီးတွေ့လာနိုင်စရာရှိပါတယ်

အရေးအကြီးဆုံးကတော့ သွေးလွန်တုပ်ကွေး ကို ဖြစ်မှန်းသိ ဆေးရုံတင်သင့်တဲ့ကလေးတွေ တင် ထားပြီး စံနစ်တကျကုသရင် အဆင်ပြေပါတယ်

ဆရာဝန်များကျန်းမာရေးဝန်ထမ်းများ မိဘများ သတိထားနိုင်ဖို့ပါ

သွေးလွန်တုပ်ကွေး အနှစ် ချုပ်

သွေးလွန်တုပ်ကွေး ဖြစ် နိုင် သည် ဟုသတ်မှတ် ခြင်း (propable dengue )

ဖျား ခြင်း နှင့် အောက်ပါ အချက် များ ထဲ မှ ၂ချက် ရှိ လျှင်

၁. အော့ အံ ခြင်း
၂. အရေပြား ပေါ် တွင် အပိန့့်ထွက် ခြင်း rash
၃. ကိုယ်လက် ကိုက်ခဲ ခြင်း
၄. သွေးပေါင် ချိန် တိုင်းကရိယာ ဖြင့် စမ်းသပ်ရာတွင် + ဖြစ် ခြင်း Hess Test
၅. သွေး ဖြူ ဥ နည်း ခြင်း leukopenia
၆. အန္တရာယ် လက္ခဏာ တခုခု ရှိ ခြင်း
၇. နှာခေါင်းသွေးလျှံခြင်း ကေါ်ဖီနှစ် ရောင်အံခြင်း

အလွယ်ဆိုရင်တော့ အဖျား ကြီး ပြီး မလန်းဆန်းရင် မှိန်း ရင် အစားအသောက် ပျက် လျင် ဖြစ်နိုင်တယ်လို့ မှတ်ရပါ မယ်

အန္တရာယ် လ က္ခဏာ များ

၁. ဝမ်း ဗိုက်နာ ခြင်း ဖိလျှင် နာ ခြင်း
၂. ဆက် တိုက် အန် ခြင်း
၃. အဆုတ်နှလုံး ဝမ်းဗိုက်တို့တွင် အရည် စု ခြင်း
၄. မှိန်း ခြင်း သို.မဟုတ့်ကယောင်ကတမ်း ဖြစ် ခြင်း
၅. အသည်း ၂ စင်တီမီတာ ထက် ကြီး ခြင်း
၆. သွေးဖြူဥ ကျလာ ခြင်း သွေးပြစ်နှုံး pcv တက်လာ ခြင်း

ဆေးရုံတက်သင့် သော လုနာများ

၁. အန္တရာယ် လက္ခ ဏာ တခုခု ရှိ ခြင်း
၂. တနှစ် အောက် ကလေး
၃. အဝလွန်သော သူ
၄. အ ခြား ရာ ဂါ ရှိ သော သူ ဥပမာ thalassaemia ရောဂါရှိသူ
၅. ဆေးရုံ နှင့် ဝေးသော သူ

သွေးလွန်တုပ်ကွေးထောင်ချောက်

အရေး ကြီးသည့် သွေး လန့် ခြင်း မဖြစ် မှီ တွင် အဖျားကျ သွားတတ် သည်နေကောင်းသွားပြီ ဟု မှားယွင်းစွာယူဆတတ်သည်
အဖျား ကျ ပြီး မလန်းဆန်းလျှင် မှိန်း လျှင် ကယောင် ကတမ်း ဖြစ် လျှင် မူးဝေအော့ အံ လျှင် ဆေးရုံ သ်ို့ အမြန် သွားရပါ မည်
စားသောက် ဆော့ ကစားနေ လျှင် မစိုးရိမ် ရပါ

သွေး လွန် တုပ် ကွေး အန္တရာယ်ကင်း ဂါ ထာ

ရာသီတိုင်းတွင် ဖျားနာ လျှင်
သွေးလွန် တုပ် ကွေး မှတ်

အဖျားကျ စဉ် မလန်း လျှင်
အစဉ် သတိ ချပ်

ပါမောက္ခ ဦးစောဝင်း
ပါမောက္ခ/ ဌာနမှူး (ငြိမ်း)
ကလေးကျန်းမာပညာဌာန ဆေး(၁)

ဒေါက်တာစောဝင်း (ကလေးကျန်မာရေး )

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 07/04/2022

📣အောင်သုခအထူးကုဆေးခန်းတွင် FDAအသိမှတ်ပြု ရာသီတုတ်ကွေးရောဂါကာကွယ်ဆေး (Vaxigrip Tetra ) ထိုးဆေးများကို ထိုနိုင်ပြီဖြစ်ကြောင်းသတင်းကောင်းပါးအပ်ပါသည် 💉💉💉💉

☎️09 -966631635 ☎️09 -407022235 ☎️09-960683306

👨‍👨‍👧‍👦(Vaxigrip Tetra )ထိုးထားခြင်းဖြင့်မိမိနှင့်
မိမိ၏မိသားစုကျန်မာရေးကိုကာကွယ်စောင့်ရှောက်
ကြပါစို့ 👨‍👨‍👧

05/04/2022

Myanmar FDA အသိမှတ်ပြု 2022 ရာသီတုတ်ကွေးကာကွယ်ဆေးကို အောင်သုခအထူးကုဆေးခန်း တွင်ထိုးနှံနိုင်ပါကြောင်းကြိုတင်စရင်းပေးလို့ရပါပြီ

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 08/02/2022

Omicron (အိုမီခရွန်) အတွက် သိကိုသိရမယ့် အချက်17 ချက်
ခုလက်ရှိ တကမ္ဘာလုံး ကြောက်ရွံ့နေကြတဲ့ ရောဂါဟာ Omicron (အိုမီခရွန်) လို့ခေါ်တဲ့ Covid သန္ဓေပြောင်း မျိုးစိတ်အသစ်ပဲဖြစ်ပါတယ်။
Omicron (အိုမီခရွန်) ရဲ့ အဖြစ်အများဆုံး လက္ခဏာတွေကတော့-
၁။ လည်ချောင်းနာမယ်
၂။ နှာရည်ယိုမယ်
၃။ ချောင်းဆိုးမယ်
၄။ ကြွက်သားနာမယ်/ ခါးနာမယ်
၅။ အရမ်းနုံးမယ်
၆။ ခေါင်းကိုက်မယ်
ထူးခြားတာက အရင် Covid တွေလို
အနံ့ပျောက်/ အရသာပျောက် ခြင်း သိပ်မရှိပါ။
ဖြစ်တော့ဖြစ်တယ် အလွန်ရှားပါတယ်။
Omicron (အိုမီခရွန်) Virus ဟာ ကူးစက်မှု အရမ်းမြန်ပါတယ်။
လက်ရှိချိန်ထိ ကမ္ဘာပေါ်မှာ သမိုင်းတလျှောက် ကူးစက်မှု အမြန်ဆုံး သန္ဓေပြောင်း Virus အသစ်ဖြစ်ပါတယ်။
ဒါပေမယ့် Omicron (အိုမီခရွန်) ရဲ့ အဆိုးထဲက အကောင်းကတော့ ရောဂါကြောင့် သေဆုံးနှုန်း က အရင် Covid မျိုးစိတ်တွေထက် လွန်စွာနည်းတာကိုတော့ တွေ့ရှိရပါတယ်။
COVID-19 ဟာ မာယာအရမ်းများတာကြောင့် ကျနော် ဒေါက်တာထက်ဝင်း အနေနဲ့ မှာကြားချင်တာကတော့ Omicron (အိုမီခရွန်) ကိုလည်း လုံးဝ မပေါ့ပါနဲ့ လို့ မှာကြားချင်ပါတယ်။
Omicron (အိုမီခရွန်) အကြောင်း သိကိုသိရမယ့် အချက် (17) ချက်ကိုပြောပြပေးပါ့မယ်။

----------------------------------------

1. အပြင်သွားတိုင်း Mask တပ်ပါ။ Face shield ကာထားပါ။

2. လက်ကို မကြာခဏ စနစ်တကျ စက္ကန့် ၂၀ ကြာ သေချာစွာဆေးပါ။

3. လူစုလူဝေးနေရာများကို လုံးဝရှောင်ရှားပါ။

4. COVID ကာကွယ်ဆေး အနည်းဆုံး ၂ ကြိမ်ထိုးကိုထိုးပါ။ Booster dose လို့ခေါ်တဲ့ ၃ ကြိမ်မြောက် ထိုးရင် ပိုကောင်းပါတယ်။

5. မိမိအိမ်ကို လေဝင်လေထွက်ကောင်းအောင်ပြုလုပ်ထားပါ။

6. အစားအသောက်ကို အာဟာရပြည့်ဝစွာစားပါ။

7. နေ့စဉ် နာရီဝက်ခန့် လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။

8. တစ်နေ့ကို Vitamin C 500 mg သောက်ပါ။

9. တစ်နေ့ကို ရေ ၂ လီတာ အနည်းဆုံးသောက်ပါ။

10. တစ်နေ့ကို ၈ နာရီ အနည်းဆုံး အိပ်ဆက်ပါ။

11. အိမ်တိုင်းမှာ သွေးတွင်း အောက်ဆီဂျင် တိုင်းစက် (Pulse Oximeter) နဲ့ အပူချိန်တိုင်း ကိရိယာ (Thermometer) ဆောင်ထားပါ။(SPO2 သွေးတွင်း အောက်ဆီဂျင် ရာခိုင်နှုန်း 95% အထက်ဆိုပုံမှန်ပါပဲ) (Covid-19 အဖျားသည် များသောအားဖြင့် 100’F မှ 104’F ထိတက် တတ်ပါတယ်)

12. SPO2 90% အောက်ဆို Oxygen ရှူဖို့လိုအပ်ပါတယ်။

13. ကိုယ့်အိမ်ကလူတစ်ယောက် လည်ချောင်းနာခြင်း၊ နှာရေယိုခြင်း၊ ဖျားခြင်း၊ ချောင်းဆိုးခြင်းဖြစ်ရင် အိမ်မှာ နှာခေါင်းတို့ဘက် (Nasal Swab Test/ RDT) စစ်ဆေးပါ။ အခန်းခွဲနေပါ။

14. နှာခေါင်းတို့ဘက်အဖြေဟာ Negative (ရောဂါမရှိ) ကြောင်းပြနေရင်လည်း အခန်းခွဲနေပါ။ တချို့သူတွေ အဖြေမပေါ်ဘဲ ရောဂါရှိတဲ့သူများရှိပါတယ်။ ရောဂါ အဖြေကလည်း လက္ခဏာပြပြီး ၃ ရက်လောက်မှ ပေါ်တတ်ပါတယ်။ သတိထားပါ။ သူကိုင်တွယ်ထားတဲ့ အသုံးအဆောင်များကို ပိုးသတ်ပါ။

15. ဖျားလျှင် Paracetamol 500 mg ကို ဖျားတိုင်း ၄ နာရီခြားသောက်လို့ရပါတယ်။ ဖျားတဲ့ ရက်ထိ သောက်လို့ရပါတယ်။

16. အိမ်မှာ ရှိတဲ့ ကလေးငယ်များ၊ အသက်ကြီးရွယ်အိုများ၊ နာတာရှည် ရောဂါဝေသနာရှင်များ၊ ကိုယ်ခံအား ကျဆင်းနေသူများကို အပြင်ကို လုံးဝ လုံးဝ မထွက်ခိုင်းပါနဲ့။

17. နှာခေါင်းတို့ဘက်မှာ Positive (ရောဂါရှိသည်) ဟုပြသပါက တတ်ကျွမ်းတဲ့ ဆရာဝန်နှင့် သေသေချာချာ ပြသပြီး ချက်ချင်းကုသမှုခံယူပါ။ ယခုအခါ ဆေးရုံဆေးခန်းသွားပြစရာမလိုဘဲ Online နဲ့ပါ ပြသလို့ရလို့ ဘယ်နေရာမဆို အလွယ်တကူပြသနိုင်ပါတယ်။ ဒီလောက်လွယ်ကူနေတဲ့ခေတ်မှာ ဆေးခန်းမပြဘဲ ကြိတ်ကုတာ လုံးဝလုံးဝ မပြုလုပ်ပါနဲ့။
ဒီ အပေါ်ကအချက် (17) ချက်ကို သေချာ လိုက်နာခြင်းဖြင့် Omicron(အိုမီခရွန်) မျိုးစိတ်အသစ်ကို ကမ္ဘာပေါ်မှာရှိတဲ့ လူသားတိုင်း ကာကွယ်နိုင်ကြပါစေလို့ ကျနော် ဒေါက်တာထက်ဝင်းမှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

04/02/2022

👩‍⚕️ ဆီးချိုရောဂါကို ကာကွယ်ရန် ဆေးသောက်ချိန် သတ်မှတ်ထားပါ။
💊 ဆေးသောက်ရန်မမေ့ဖို့ အကောင်းဆုံးနည်းလမ်းကတော့ အချိန်တူတူသောက်ပါ။
💊 သောက်နေကျနေရာမှာသောက်ပါ ။ ( ဥပမာ - ရေချိုးခန်း သို့မဟုတ် နံနက်စာစားပွဲ)
💊 ဆေးသောက်ဖို့မေ့မှာကို သက်သာစေတဲ့ နောက်တစ်မျိုးက စာကပ်ထားတဲ့ ဆေးထည့်ထားတဲ့ဘူးလေးတွေ သို့မဟုတ် Pillorganizer နဲ့ ဆေးကိုထည့်သောက်ပါ။
💊 အဲ့လိုဗူးလေးတွေ ဆေးဆိုင်တွေမှာ ရနိုင်ပါသည်။
💊 နေ့စဥ်သောက်ရမယ့် ဆေးတွေက်ု တစ်ပတ်စာဗူးတွေနဲ့ ထည့်ထားခြင်းအားဖြင့် ဆေးသောက်မိသလား ၊မသောက်မိဘူးလားဆိုတာကို လွယ်လွယ်ကူကူပဲ ကြည့်နိုင်ပါသည်။
💊 သောက်ရမယ့်ဆေးအမယ်များလေ သောက်ရမယ့်အချိန် ခက်ခဲမှု ပိုလာလေပဲဖြစ်ပြီး ၊ သင် မှားယွင်းဖို့လည်း ပိုများလာလေပါပဲ။
💊 ဆီးချိုဆေးတွေကတော့ မသောက်မိဘူးဆိုတာနဲ့ သွေးတွင်းသကြားဓာတ် တက်လာတော့မှာပဲ ဖြစ်ပါတယ်။
😊 ဆီးချိုသွေးချိုဝေဒနာရှင်များအတွက် အခုလိုမျိုး အဖိုးထိုက်တန်လှတဲ့ စာပေများကို နေ့စဉ်ပုံမှန်ဖတ်ရှုခွင့်ရလိုပါက ကျွန်မတို့ရဲ့💙 Sinocare Myanmar 💙Page လေးကို Like & Follow လုပ်ထားဖို့ ၊ See First လုပ်ထားဖို့ မမေ့ပါနဲ့ရှင့်။😊
❣️အသိပညာဝေမျှခြင်းဟာလည်း ကုသိုလ်ဒါနတစ်မျိုးဖြစ်တဲ့အတွက် ဒီ Post လေးဟာ စာဖတ်သူတို့ အတွက် အကျိုးတစ်စုံတစ်ရာ ရရှိခဲ့မယ်ဆိုရင် Like & Share လုပ်ရင်းကုသိုလ်ယူနိုင်ပါတယ်ရှင့်။❣️
🙏ကိုယ်စိတ်နှစ်ပါးကျန်းမာရွှင်လန်းကြပါစေရှင်🙏
🙏 အထက်ပါအကြောင်းအရာများကို ပါမောက္ခဦးတင့်ဆွေလတ်ရေးသားထားသော ဆီးချို သွေးချိုရောဂါ လက်တွေ့ကျကျ ကာကွယ်ကုသကြ စာအုပ်မှ ကောက်နုတ်ဖော်ပြထားပါသည်။ 🙏
Myanmar

Bhone Shwe Yi Min Co.,Ltd
ဆီးချိုသွေးတိုးသုတများ

29/01/2022

အိပ်စက်ခြင်း နှင့် ကျန်းမာရေး

လူ့ဘဝရဲ့ လေးပုံတစ်ပုံဟာ အိပ်စက်ခြင်းနဲ့ ကုန်ဆုံးရလေ့ရှိပါတယ်။

ကျွန်တော်တို့လူသားတွေဟာ အိပ်စက်ခြင်းကို ရှောင်လွှဲလို့ မရနိုင်ပါဘူး။ အထူးသဖြင့် ညဖက်မှာ လူတိုင်းနီးပါး အိပ်စက်အနားယူကြပါတယ်။ ကျွန်တော်တိုလူသားတွေဘာကြောင့် အိပ်စက်အနားယူရပါသလဲ….?

အိပ်ရေးမဝခြင်းများ၊ အိပ်ရေး၀၀မအိပ်ရခြင်းများကြောင့် ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်းများဖြစ်လာတတ်ပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် အိပ်စက်ခြင်းက ကျန်းမာရေးနှင့်ညီညွှတ်သောကြောင့် အလွန်ပင်အရေးပါလှပါတယ်။ အိပ်ပျော်နေစဉ် ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကလည်း အားပြန်ယူပြီး သန့်စင်ပေးပါတယ်။ ကောင်းကောင်းအိပ်စက်ရတယ်ဆိုရင်တော့ ခန္ဓာကိုယ် လုပ်ဆောင်ချက်များအားလုံးက အခြေအနေအကောင်းမွန်ဆုံးပါပဲ။

ကောင်းကောင်းမအိပ်စက်ရဘူးဆိုရင် ခန္ဓာကိုယ်ဟာ လေးလံထိုင်းမှိုင်းပြီး မှန်ကန်စွာမတွေးတောနိုင်တော့ပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ အကျိုးဆက်များကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ဆီးချိုရောဂါတို့ကို လွယ်ကူစွာဖြစ်နိုင်ပြီး အနည်းစုမှာတော့ အဝလွန်တတ်ပါတယ်။ အိပ်စက်ခြင်းက စိတ်ကိုကြည်လင်လန်းဆန်းစေတယ်၊ အင်အားသစ်တွေဖြစ်ထွန်းစေတယ်၊ ဦးနှောက်လုပ်ဆောင်နိုင်စွမ်းအတွက် လုံလုံလောက်လောက် အိပ်စက်အနားယူရပါမယ်။ လူတစ်ယောက်ဟာပုံမှန် အနည်းဆုံး ၆နာရီ ၈ နာရီ အိပ်စက်ဖို့လိုအပ်ပါတယ်။

အိပ်စက်ခြင်းကို အဓိကဖြစ်စေတာ ဦးနှောက်ရဲ့ စေခိုင်းမှုကြောင့်ပါ။ ပုံမှန်အားဖြင့် လူတွေဟာညအချိန်မှာသာ ပိုပြီးအိပ်စက်တတ်ကြပါတယ်။ ညအချိန် အိပ်စက်ခြင်းကို တားဆီးပေးတဲ့ Blue Light ( 460-480nm ) လျော့နည်းသွားလို့ပါပဲ။ ဒါကြောင့်လူတွေဟာ Blue Light အလင်းရောင်ရှိတဲ့ မနက်အချိန်တွေမှာ မအိပ်ဘဲ အလင်းရောင် မရှိတဲ့ညအချိန်တွေမှာ အိပ်စက်ကြတာပါ။ ဒါ့ကြောင့် မိုးရွာတဲ့ရက်တွေ၊ နှင်းထူတဲ့ရက်တွေမှာ ရာသီအေးအေးလေးနဲ့ ကွေးကွေး အိပ်ချင်နေတာဟာ အလင်းရောင်အားနည်းတဲ့အခါ ပိုပြီးအိပ်ဖြစ်လာကြတာကတော့ လက်တွေ့ပါပဲ။

အိပ်စက်ခြင်းက ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေး နှစ်မျိုးလုံးကို ကောင်းစွာအထောက်အကူပြုပါတယ်။ အိပ်စက်ခြင်းကြောင့် မှတ်ဉာဏ်စွမ်းအား မြင့်မားစေခြင်း၊ အာရုံစူးစိုက်မူအားကောင်းစေခြင်း၊ စိတ်ကိုပိုမိုလန်းဆန်းစေခြင်း ၊မိမိကိုယ်ကို ယုံကြည်ချက်မြင့်မားစေခြင်း၊ အသားအရေကြည်လင်ပြီး အရေးအကြောင်းများကိုကင်းစင်စေပါတယ်။ အထူးသဖြင့် အိုမင်းရင့်ရော်မူကို ကာကွယ်နိုင်ပါတယ်။ အိပ်ရေး၀၀လင်လင်အိပ်စက်ရခြင်းကြောင့် သက်လုံပိုင်းကိုပိုကောင်းလာပြီး အဝလွန်ရောဂါဖြစ်ခြင်းကို ကာကွယ်ပေးပါတယ်။ စိတ်ကျရောဂါဖြစ်ခြင်း၊ စိတ်ကစဉ့်ကလျားဖြစ်ခြင်းမှလည်း ကာကွယ်ပေးပြီး နှလုံး၊သွေးတိုးနှင့်လေဖြတ်ခြင်း ဖြစ်နိုင်ချေများကို ကျဆင်းစေပါတယ်။ ဒါကြောင့် အိပ်ရေး၀၀အိပ်သူတွေဟာ ကောင်းကောင်းမအိပ်ရသူများထက်အသက်ပိုရှည်ကြပါတယ်။

မအိပ်ခင်ရှောင်ရှားသင့်သောအရာများ

အလုပ်တာဝန်တွေကို အိပ်ရာထဲအထိပါမလာစေပါနဲ့။ ညဖက်အိပ်ခါနီးအချိန်တွေမှာ မိုဘိုင်းလ်ဖုန်းကိုပိတ်ထားတာအကောင်းဆုံးပါပဲလို့အကြံပေးပါရစေ။ အကောင်းဆုံးကတော့ အိပ်ခန်းမီးကိုပိတ်ပြီးအိပ်သင့်ပါတယ်။ မီးရောင်မှိန်နေခြင်းက အိပ်ယာနိုးထဖို့အတွက် လှုံ့ဆာ်စေနိုင်တဲ့အတွက် လုံးဝမှောင်မဲနေခြင်းက ဦးနှောက်ကို အိပ်စက်ချိန်ပဲဆိုတာကိုအသိပေးပါတယ်။ အိပ်ယာမဝင်ခင် အချိန်အတွင်းမှာ ကော်ဖီ၊လက်ဖက်ရည်တို့ကို မသောက်သုံးသင့်ပါဘူး။ ကဖိန်းဓာတ်က အိပ်စက်မှုကို အားမပေးခြင်းကြောင့်ဖြစ်ပါတယ်။ အရည်များများ သောက်ထားတဲ့အတွက်လည်း အိမ်သာကို ခဏခဏထသွားနေခြင်းကလည်း အိပ်မယ့်အခြေအနေတစ်ခုကို အတားအဆီးဖြစ်စေပါတယ်။ နွားနို့သောက်ခြင်းကအိပ်စက်လိုမူကိုဖြစ်ပေါ်စေပြီး ညဖက်မှာ နွားနို့သောက်တာက အလွန်အမင်းသင့်တော်လှပါတယ်။ ရေနွေးလေးနဲ့ ရေချိုးပြီးနောက် ခန္ဓာကိုယ်အပူချိန်ကိုလျော့ကျစေပြီး အိပ်စက်လိုမူကိုဖြစ်ပေါ်စေတဲ့အတွက် ညနေဖက်မှာ ရေနွေးနွေးလေးနဲ့ ရေချိုးဖို့အလွန်သင့်တော်လှပါတယ်။

ဒါကြောင့် ကောင်းမွန်စွာအိပ်စက်ဖို့အတွက် လူတိုင်းနီးပါ အလေးထားပြုလုပ်ဆောင်သင့်ပါတယ်။ သက်ကြီးပိုင်းတွေမှ အသက်ကြီးလာတာနှင့်အမျှ အိပ်မပျော်တတ်ကြပါဘူး။ အိပ်စက်ခြင်းတန်ဖိုးကို အသက်ကြီးမှ တဖြည်းဖြည်း ပိုမိုလိုအပ်လာခြင်းကို သိလာပါလိမ့်မယ်။ ဒါကြောင့် အိပ်စက်ခြင်းဆိုတာ သဘာဝကပေးတဲ့လက်ဆောင်ဖြစ်လို့ အိပ်ချိန်လေးကို ပုံမှန်အိပ်ပေးပြီး လက်တွေ့အသုံးချတတ်ဖို့အရေးကြီးပါတယ်။

Cd,Original Uploader

21/12/2021

Good communication skill
Good with Microsoft word and excel
Good with page

21/12/2021

ဆက်ဆံရေးကောင်းမွန်ပြေပြစ်ရမည်
Email,Microsoft word အသုံးပြုနိုင်ရမည်

23/07/2021

CS2/CS1(inj)အလာတူ ထိုးဆေးများ ၀ယ်ယူနိုင်ပါသည်
‌ အောင်သုခဆေးခန်းမှာလည်း ရပါသည်

05/02/2021

အောင်သုခ အထူးကု ဆေးခန်း၏ အရေးပေါ်ကာလ အထူး အစီအစဉ်

အောငါသုခ အထူးကုဆေးခန်းသည် လက်ရှိဖြစ်ပေါ်နေသော အရေးပေါ်ကာလအတွင်း ယနေ့မှစ၍ ရန်ကုန်မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံ အသီးသီးတွင် ပြင်ပလူနာအဖြစ် ပြသနေ သော လူနာများအတွက် -
- Service Charges ဆေးရုံ ဝန်ဆောင်ခ အခမဲ့
- X'ray, Ultrasound, Echocardiogram
- Lab ဓါတ်ခွဲစစ်ဆေးခြင်းများ
- ECG နှင့်
- ဆေးဝါးတန်ဖိုးမျာကို အထူးလျှော့စျေးဖြင့် ဝန်ဆောင်မှု ပေးပါမည်။

မှတ်ချက်။ ပြည်သူ့ဆေးရုံများမှ ပြင်ပလူနာစာအုပ် ပါလာ ရမည် ဖြစ်ပါသည်။
အမှတ်၅၄၊ဇင်္ဂမလမ်း သာကေတ
09966631635
09407022235
🙏🙏🙏

18/01/2021

⚠ လတ်တလောဖြစ်ပွားနေသော covid 19 အခြေအနေ အခက်ခဲ များအရ
➡ ခေတ္တရပ်နားထားသော ကျွန်တော်တို့အောင်သုခဆေးခန်း၏
🏡(၂၄)နာရီ အိမ်တိုင်ရာရောက်ကျန်းမာရေးဝန်ဆောင်မှုများ
ပြန်လည် ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။☺

ကျန်းမာရေးဝန်ဆောင်မှုနှင့်ပတ်သက်၍ဖြစ်စေ၊အသေးစိတ်အချက်အလက်များသိလို၍ဖြစ်စေ၊အောက်ပါဖုန်းနံပါတ်များကိုဆက်သွယ်ဆုံစမ်း​မေးမြန်းနိုင်ပါသည်။
☎09-966631635
☎09-407022235
Speciality Clinic

31/10/2020

🙏 🙏အောင်သုခအထူးကုဆေးခန်းမိသားစုမှသီတင်းကျွှတ် ဆုတောင်း မေတ္တာ🙏🙏

25/10/2020

ယခုလို့ covid 19 ကာလ ကြီးမှာ လူးကြီးမင်းတို့ ဆေးရုံ ဆေးခန်း အများစု ပိတ်ထားသော်လည် ကျွန်တော်တို့ အောင်သုခ အထူးကုဆေးခန်းကြီး က်ု ၂၄ နာရီ ပိတ်ရက် မရှိ ဖွင့်လစ်ထားပါသည်
၂၄ နာရီ ကျန်းမားရေ အခက်အခဲ ရှိပါက ဖုန်းနဲ့ ဖစ်စေ လူကိုတိုင် လာပီး ဖစ်စေ လာရောက် တိုင်ပင်နိုင် ပါသည်
specialist clinic
#24*7
u

Photos from Aung Thu Kha Speciality Clinic - အောင်သုခ အထူးကုဆေးခန်း's post 15/09/2020

အခုလို covid ကာလအတွင်းမှာ အောင်သုခ မိသားစု နှင့် လူနာ လူနာစောင့်များ safety အတွက် ပြင်ဆင်မှုများ 💪💪

29/08/2020

(ဓာတ်မှန်)ဆိုတာ... ❓❓❓

ခန္ဓာကိုယ်ထဲမှာရှိတဲ့ အရိုးများထိခိုက်ဒဏ်ရာရခြင်း အရိုးအက်ခြင်း ကျိုးပဲ့ခြင်းများကို လွယ်ကူမြန်ဆန်စွာ ပုံရိပ်ဖော်၍ကြည့်နိုင်တဲ့အရာဖြစ်ပါတယ် နောက်ပီး CT MRI ရိုက်ခြင်းတို့ထက်ပိုပြီးအချိန်ကုန် ငွေကုန်သက်သာပါတယ် 💰💰💰

Xray(ဓာတ်မှန်) ကထွက်လာတဲ့ ဓာတ်ရောင်ခြည်ဟာ အန္တရာယ်ရှိတဲ့အတွက် မလိုအပ်ဘဲခဏခဏ Xray(ဓာတ်မှန်)ရိုက်ခြင်းကိုရှောင်ကျဥ်သင့်ပါတယ်
ကိုယ်ဝန်ဆောင်မိခင်တွေဆို သန္ဓေသားထိခိုက်နိုင်ခြေရှိတဲ့အတွက် ဆရာဝန်ညွှန်ကြားချက်မပါဘဲလုံးဝမရိုက်သင့်ပါဘူးရှင်

ကျမတို့​ #အောင်သုခအထူးကုဆေးခန်းနှင့်ဓာတ်ခွဲခန်းတွင် ဓာတ်မှန်နှင့်ပက်သက်ပြီး နေ့စဥ်မနက် ၁၀နာရီမှ ည၈နာရီအထိဝန်ဆောင်မှုပေးနေပါပီ
အရေးပေါ်လိုအပ်ပါက ည၈နာရီမှ ၁၂နာရီထိ on call ဝန်ဆောင်မှုတွေလည်းပေးနေပါပီရှင် 😍

လိပ်စာကတော့ 👇👇👇
အမှတ် (၅၄)၊ ဇဂ်မလမ်း၊ ၂/မြောက်ရပ်ကွက်၊
သာကေတမြို့နယ်၊ရန်ကုန်မြို့။

ဖုန်းနံပါတ်တွေကတော့ 👇👇👇
09966631635, 09407022235 တို့ပဲဖြစ်ပါတယ်

လူကြီးမင်းတို့ရဲ့ ကျန်းမာရေးကို အောင်သုခအထူးကုဆေးခန်းနှင့် ဓာတ်ခွဲခန်းမှ အကောင်းဆုံးဝန်ဆောင်မှုများနဲ့တာဝန်ယူဆောင်ရွက်ပေးပါရစေရှင် ❤❤❤

20/08/2020

Echocardiogram ဆိုတာ နှလုံးကို အသံလွန်လှိုင်းဖြင့် ရောဂါရှာဖွေတဲ့ နည်းပညာဖြစ်ပါတယ်
အထူးသဖြင့်အသက်၄၅နှစ်အထက်လူကြီးတွေဆို ပိုပီးစစ်ဆေးသင့်ပါတယ်

လူ့ခန္ဓာကိုယ်ထဲမှာရှိတဲ့
နှလုံးက ပုံမှန်အခြေအနေရှိရဲ့လား ကျန်းမာနေရဲ့လား နှလုံးကအလုပ်ကောင်းကောင်းလုပ်ရဲ့လား အဆို့ရှင်တွေကျယ်နေလား ကျဥ်းနေလား ဘယ်နေရာမှာဘာဖြစ်နေလဲဆိုတာတွေသိအောင်စစ်ဆေးသင့်ပါတယ်

ကြိုတင်ကာကွယ်ခြင်းသည် ကုသခြင်းထက်ပိုထိရောက်တယ်ဆိုသလိုစောစောသိ စောစောကာကွယ်ပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကြီးကိုပိုင်ဆိုင်ကြပါစို့

ဒါကြောင့်လူကြီးမင်းတို့ရဲ့ နှလုံးကျန်းမာရေးကို ကျမတို့​ အောင်သုခအထူးကုဆေးခန်းမှ ကြိုတင်တာဝန်ယူကာကွယ်ပေးပါရစေရှင်
Echocardiogram ဝန်​ဆောင်ခကတော့ ၂၅၀၀၀ ကျပ်ဖြစ်ပြီး နှလူံးအထူးကုဆရာဝန်ကြီးများနှင့် နေ့စဥ်ဝန်ဆောင်မှုပေးနေပါသည်။

ဖုန်းလေးဆက်ပီး Booking ကြိုယူပေးပါရှင်။

#အောင်သုခအထူးကုဆေးခန်းနှင့် ဓာတ်ခွဲခန်း
အမှတ်(၅၄)၊ ဇဂ်မလမ်း၊ ၂/မြောက်ရပ်ကွက်၊ သာကေတမြို့နယ်၊ရန်ကုန်မြို့။
☎☎📞📞 09966631635
☎☎📞📞 09407022235

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Corona Virus

Telephone

Website

Address


No. 54, Zin Ka Ma Street, 2/North Quarter, Thakayta Township
Yangon
11231

Other Yangon clinics (show all)
Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Sein Pan Pyar Sein Pan Pyar
539/B, Kyaung Street, Kyusan Quarter, Mingaladon Township
Yangon

Dazeagra လက်လီ/လက်ကား Dazeagra လက်လီ/လက်ကား
Yangon

အတူနေချိန်စွမ်းဆောင်ရည်ကောင်းတွေရရှိစေဖို့ ကျား/မ ဆေးမျိုးစုံလက်လီ-လက်ကား 09940875707 (viber) (cb)

Blue Cross Academy Blue Cross Academy
No. 29 Khaing Shwe War Street, Kamaryut Tsp
Yangon, 11041

သူနာပြုအကူသင်တန်းနှင့် ဆေးဝါးကျွမ်းကျင်သင်တန်းကျောင်း

ကောင်းသုခ - Kaung Thukha Clinic and Lab ကောင်းသုခ - Kaung Thukha Clinic and Lab
No 11, Kyaung Taw Yar Street, Daw Pone
Yangon, 11241

"ကောင်းသုခ" အထွေထွေရောဂါကုဆေးခန်းနှင့် ဓာတ်ခွဲခန်း ဖုန်း - 09973914030

My Medi My Medi
Tamwe
Yangon, 11211

Providing health knowledge, health tips and quality health products....

Omega 3-6-9 Omega 3-6-9
No. 83, 8Floor(Panthouse), 122 Street, Near Mingalar Market
Yangon, 11221

Naing Family Naing Family
E156/Third Floor/Shwe Pyae Sone Market
Yangon

Medical Care For Everyone

FOCUS Eyecare Centre FOCUS Eyecare Centre
Focus Eyecare Centre, Thumingalar Street, Thingangyun
Yangon

အမြင်ကြည်ပြီးအလှတိုးဖို့ မျက်စိအတွက်ဆို FOCUS သို့