မောင်ကြောင်
အမည် - မောင်ကြောင်၊ မွေးသက္ကရာဇ် - ၂၀၁၈၊ ရန်ကုန်သား၊ လမ်းလူမိုက်၊ အချေစိန်
မွေးစားမိဘ အလိုရှိသည်။
သမီးလေး Riley ကို နိုင်ငံခြားသူ အမ တစ်ယောက်က တွေ့လို့ကယ်ထားတာပါ။ ၃ လကျော်ကျော်ပဲ ရှိပါသေးတယ်။ အဆောင်နေသူ ဖြစ်တာမို့ ကလေးက လှစ်ကနဲထွက်ပြေးနိုင်သလို၊ စမ်းချောင်းမှာ ခွေးတွေလဲ ဝိုင်းဆွဲနိုင်တာမို့ တာဝန်ယူမယ့် အမြဲမွေးမယ့် မိဘကိုရှာနေပါတယ်။
စမ်းချောင်းကပါ။ မွေးစားလိုသူမိဘများ သည်ပေ့ကိုပဲ မက်ဆေ့လေး ပို့မေးပေးကြပါ။
ရှဲပေးသူ ဦးဦးတီတီတို့ ငွေမလို၊ ဆီမလို၊ အကုန်ပြည့်စုံကြပါစေ။
ဖွားအိမ်သွားမယ် ဆိုတဲ့ မျက်နှာပေး
အိမ်ရှင်မှာ အပေါက်ဆိုးလွန်းသောအခါ လာလည်သော ညီမအရင်းခေါက်ခေါက်တောင် နေစရာမရှိ 😂
မင်းသားက နောက်မှာသတ်ဖို့ ချောင်းနေတဲ့ သရဲကို မမြင်ချင်ယောင် ဆောင်နေစဉ်
အပေါ်ပြန်တက်ကြမည် ဆိုလာသဖြင့် ကားအောက်ဝင်ပြေးပြီး ကတ်ကတ်လန်နေစဉ်
နက်ဖြန်ထီထွက်မှာမို့ တာတေဘိုးဘိုးကြီးအား ညလည်စာဆပ်ကပ် ဆုတောင်းစဉ်
တာတေဆိုတဲ့ကောင်ကလည်း လူလည်။ တူနာဖတ်ကြီးရာ မျက်နှာပါတယ်။ ဘယ်ဘက်က သူ့ရှေ့ဖြတ်လျောက်တုန်းက အကြည့်။ ညာဘက်က မတ်တပ်ရပ် နှုတ်ဆက်နေတာက တူနာကျွေးဖို့ ပြန်အလာ။
ရေကူးဝတ်စုံကြော်ငြာများ လက်မခံပါ။ မော်ဒယ်မင်းသားချောမှာ ၂၀၁၉ ထဲက swimsuit body မဟုတ်တော့ပါ။
လူသတ်သမားကားတွေမှာလေ သတ်မယ့်ကောင်က ကုလားကာနောက်မှာ၊ မင်းသမီးက ဘီရိုထဲပဲ နင်းရှာနေတာမျိုး ကြည့်ဖူးတယ်မလား။ သည်မှာလဲ ရန်ဒူက နောက်မှာ ပြူးနေတာပဲ။ ခေါင်းဆောင် မင်းသားကလဲ ပြောင်းပြန်ချည်းပဲ ကြည့်နေတာ။
ရာသီဥတုအေးလာပြီ၊ ဘျင်ကြီး ကုတင်ပေါ်တက်ပြီး စောင်လုတဲ့ ရာသီ။
ကူရှာပေးကြပါဦးဗျာ။ ဒဏ်ရာကတော့ ခုဆို နည်းနည်း ပိုဆိုးနေနိုင်ပါတယ်
နှစ်သစ်အကူးမှာ ဖုန်ဆင်းလူးသော ဘျင်ကြီး။ နေပူလာရင် ရေချိုးခံရပါတော့မယ်။
တိရစ္ဆာန်ကို လူနဲ့မခြား တန်းတူမေတ္တာထားနိုင်သူအားလုံး အဆိုးတွေကြားထဲက အကောင်းလေးတွေကို ရအောင်ဖန်တီးနိုင်ကြပါစေ။
၂၀၁၉/၂၀၂၀ တုန်းက ပုံလေးပါ။ မွေးစားတဲ့ အိမ်က သောင်းကျန်းလွန်းလို့ ပြန်ယူမလားမေးလို့ ပြန်သွားခေါ်ခဲ့ရတာ။ နောက်တအိမ်ကို ထပ်မပေးရက်တော့လို့ အိမ်မှာပဲ ဘျင်လုပ်ပါစေတော့ဆိုပြီး မွေးခဲ့ချိန်ပေါ့။ ဘျင်ကြီးသက်တော် ၂ နှစ်။
သံဗြဲကြီးခရီးသွားနေတုန်း ဆိုတော့လေ ဘျင်ကြီးဓာတ်ပုံ အသစ်လဲ တင်စရာ မရှိမယ့်တူတူ ၂၀၂၃ မှာ ရန်လာစပြီးမှ ကွန်းမန့်ဖျက်ပြေးသူတွေကို ဒရာမာမျိုးစုံပြန်တင်ပြီး ရန်ပြန်ရှာရရင် ကောင်းမလား 😈
ဖွားသနားပါတယ်၊ သံဗြဲကြီးမရှိရင် ဘျင်ကြီးက ဖွားခြေထောက်ပဲ လိုက်ကိုက်တာ
မွေးစားမိဘ အလိုမရှိတော့ဘူးဆိုရင်ကော သားလမ်းပေါ်ပြန်ဆင်းလို့ ရမလားဟင်၊ သည်အဖေကို သားမျက်စိနောက်လာလို့။
Update: မွေးစားမိဘ ရသွားပါပြီ ခင်ဗျာ
မွေးစားမိဘ အလိုရှိသည်။
“ညီမ အဆောင်ကကြောင်လေးကို မွေးစားမဲ့သခင်လိုနေပါ၊ ညီမက နိူင်ငံခြားထွက်တော့မှာမလို့ သူ့ကို အစာပုံမှန်ကျွေးမဲ့သခင်ဆီမှာအပ်ခဲ့ချင်လို့ပါ၊ အဆောင်က ခလေးတွေကကြောင်မချစ်တတ်တာရယ် အပြင်ထွက်တဲ့သူရယ်ပဲမလို့ညီမမကျွေးရင် သူ့ကို ကျွေးမဲ့သူမရှိလို့ပါ၊ တနေရာရာက ကြောက်လန့်ပြီးမနေနိူင်ပဲပြေးလာတဲ့ကြောင်လေးပါလူ့အရိပ်ခြည်ကျိပြီး သိမ်သိမ်ငယ်ငယ်လေး တော်တော်အနေအေးပါတယ်၊ နေမကောင်းလည်းမဖြစ်ဘူး အိပ်စရာမရှိလည်း ကြုံသလို တိုးဝှေ့အိပ်တတ်ပါတယ် ခိုးဝှက်စားတာလဲမရှိဘူး သူ့သခင်မဟုတ်ပဲ သနားလို့ကျွေးထားရုံပဲဆိုတာ နားလည်တဲ့ပုံပါ၊ အစာပုံမှန် ကျွေးမဲ့ သခင်ရရင်ပဲ သူ့အတွက်လုံလောက်နေပါပြီ သူ့ဟာသူ အဆင်ပြေအောင် နေတတ်တဲ့ခလေးပါ၊ အနီးအနားကဆို ညီမကိုယ်တိုင် လိုက်ပို့ပေးပါ့မယ် နော်”
ကွန်းမန့်တွင် ဓာတ်ပုံတချို့ကြည့်ပေးပါ။ “ညီမ နယ်ပြန်တုန်းကို ဘေးအိမ်ကကြောင်ကြီးတေလာကိုက်လို့ အနာတေရှိနေတာ၊ အနာလေးတေရှိနေတာပါ ထဲ့ပြောပေးပါနော် မြင်ခါမှစိတ်ပျက်ပြီး ငြိုငြင်သွားမာစိုးလို့ပါ”
မရမ်းကုန်း(2)ရပ်ကွက်၊သမိုင်းလမ်းဆုံ၊ဦးအောင်ဘွင့်လမ်း ၊ရန်ကုန်မြို့ကပါ။
မွေးစားလိုသူ မိဘများ […removed…] ကိုတိုက်ရိုက်ဆက်သွယ်ပေးပါ။
Update: မွေးစားမိဘ ရသွားပါပြီ ခင်ဗျာ။ သေသေချာချာ ဆွေးနွေးပြီးမှ ပေးတာပါ။
Edit: ဖုန်းဆက်မရရင် Viber/ telegram လဲ အဲ့နံပါတ်ပါပဲနော်
မွေးစားမိဘ အလိုရှိသည်။
“ #သခင်ရှာ
အထီးလေးပါ မွေးမဲ့သူရှိရင် ပေးမွေးပါမယ်
၃/၄လလောက်ပဲရှိဦးမယ် လာပစ်သွားလို့
ကောင်းကောင်းမွန်မွန်ထားမွေးနိုင်ရင် လာပို့ပေးပါမယ် အကောင့်စစ်ဖြစ်ရပါမယ် မွေးမဲ့သူက”
ရန်ကုန်ကပါ။ မွေးစားလိုသူ မိဘများ မမီးမီးကို တိုက်ရိုက်ဆက်သွယ်ပေးပါ။ [… removed …]
ရှဲပေးသူဦးဦးတီတီများ စီးပွါးအလွန်တက်ကြပါစေ။
နှစ်မကုန်ခင် တာတေကြီးကို မမြင်လိုက်ရမှာစိုးလို့၊ ညတုန်းက အစာလာတောင်းလို့ မုန့်တက်ယူပြီး ပြန် ဆင်းလာတော့ ကိုယ်ရောင်ထွက်မပြတော့သော ညဘက်အုပ်ချုပ်ရေးမှုး
တိုင်းခန်းလှည့်နေစဉ် မိမိအနား ရာရာစစ လူတစ်ဦးမှ ဖျတ်လျောက်လာသဖြင့် ဘုရှိုးရှိုးနေသော ဘျင်ကြီး
ဖအေ ခရီး၂ ခုအကြား ၁ ရက်ပြန်လာ၍ အပျော်ကြီးပျော်နေသော မောင်ကြောင်လေး ပါးစပ်နားရွက်တက်ချိတ်အောင်ပြုံးနေပုံ
သမ်းနေလို့ အိပ်မလားမှတ်တယ်၊ အောက်ဆင်းမလားဆိုတော့လည်း ဆင်းပြေးတာ တန်းနေတာပဲ
မင်းဂွတ်သီးမရှိပါ။ မူစကူဒူး ကိစ္စမေးမြန်းခြင်း သည်းခံပါ။
အလုပ်မပြီးသေးသော်လည်း ဘျင်ကြီးမှ တငေါင်ငေါင်လုပ်သဖြင့် ဆင်းကျောင်းရသောအခါ
အောက်မဆင်းရသေးဘူးလား၊ ဒါဆို လက်ကို ခဏပေးကိုက်။
စားတော့ လူကိုစီးပွါးပျက်လောက်အောင်နီးပါး စားတယ်။ ပြီးရင် အလုပ်လုပ်နေလို့ အောက်ဆင်းချိန်လေး နောက်ကျရင် စောက်ခွက်က မြင်တဲ့အတိုင်းပါ။ 😂
ရုပ်ကြည့်တော့ ခုနကပဲ ဝူးဝူးဝါးဝါးနဲ့ ဖုန်လူးထားတာ သူမဟုတ်သလိုလို
လူပျိုလှည့်အပြီး ဗိုက်ဆာလာသော လူလည်ကောင်။ #တာတေကြီး
သူများတွေများတည့်လွန်းလို့ မုန့်တောင်လုစားကြတယ်။ တလမ်းလုံးနဲ့ မတည့်တာက လက်ပေါ်ကကောင်။
ဘျင်ကြီး ပြုံးပြတဲ့နေ့ ရှိရင် ထီထိုးမည်
လမ်းဘေးတွင် ကြောင်ဆေးပင် အမြစ်တွေ တွေ့လို့ ပြေးကိုက်နေသော ဘျင်ကြီး
Edit: အကောင့်ရဲ့ ဓာတ်ပုံပိုင်ရှင်ရဲ့ ရည်းစားက ဆက်ငွယ်လာပါတယ်၊ ဓာတ်ပုံခိုးပြီး fake account လုပ်ထားတာပါတဲ့။ အဲ့လိုလည်းအစထဲက ယူဆခဲ့တာပါ။
ကျေးဇူးတင်လွှာ
===========
မောင်ကြောင်လေးကို လာကိုက်လို့ ဝိုင်းပြီး ဝုန်းပေးကြသူ ဦးဦးတီတီများကို ကျေးဇူးအထူးတင်ပါတယ်။
တောင်းပန်လွှာ
==========
လာပြီး troll တဲ့ ဆရာဝန်ရူး ရူးနေတဲ့ကောင်မလေးကို တိုက်ခိုက်လိုသောအားဖြင့် အသုံးပြုခဲ့သော လူမျိုး၊ အလုပ်အကိုင်၊ စားစရာ စကားလုံးများမှာ သူ့ကိုတိုက်ခိုက်ရုံသတ်သတ်သာ ဖြစ်ကြောင်း၊ လူမျိုးရေး/ လူတန်းစား မုန်းတီးရေး မပါကြောင်းလေး ပြောပြပြီး တောင်းပန်ပါရစေ။
သတင်းစာရှင်းလင်းချက်
=================
မောင်ကြောင်လေးသည် ၁ ပတ် ၁ကြိမ်လောက် ဖုန်လူးပြီး ကြောင်ချီးရုပ် ထွက်တတ်ပါသည်။ ကြောင်ချီးရုပ်ကြောင့် သူ့မှာ သိမ်ငယ်ခြင်း နညါးနည်းမှ မရှိပါ။ 😂
အဲ့တာ ခွေးကိုကြောင်ကို ကြည့်တဲ့ မျက်လုံးမဟုတ်၊ အဲ့တာ လမ်းပေါ်ကလူကို နှိမ်နေတဲ့ မျက်လုံး။
ဘယ်မှာကိုဘလိုတွေ လူပျိုလှည့်လာလဲ မသိဘူး၊ ရန်ဖြစ်လာပြီး ဗိုက်ဆာလို့ မုန့်လာတောင်းတဲ့ လူလည်။
အက်ဒိတ် - တာတေကြီးက မြေညီထပ် အိမ်ကပါ၊ ဟိုက သူထွက်လို့မရမှာစိုးလို့ တချိန်လုံးတံခါးဖွင့်ထားပေးတာ
ညကနော် သံဗြဲကြီး အားကစားဝတ်စုံထည့်ထားတဲ့အိတ်ကို ကြမ်းပြင်ပေါ်ချခဲ့မိတယ်၊ ဘျင်ကြီးနော် ခပ်တည်တည် ရေမွှေးလေးဖြန်းပညာပေးလိုက်တယ်၊ ခုတော့ ဗျစ်တောက်ဗျစ်တောက်နဲ့ ကြွတ်ကြွတ်အိတ်ဆွဲပြီး ထွက်သွားလေရဲ့။
မွေးစားမိဘ အလိုရှိသည်။
သမီးလေး Riley ကို နိုင်ငံခြားသူ အမ တစ်ယောက်က တွေ့လို့ကယ်ထားတာပါ။ ၂ လကျော်ကျော်ပဲ ရှိပါသေးတယ်။ အဆောင်နေသူ ဖြစ်တာမို့ ကလေးက လှစ်ကနဲထွက်ပြေးနိုင်သလို၊ စမ်းချောင်းမှာ ခွေးတွေလဲ ဝိုင်းဆွဲနိုင်တာမို့ တာဝန်ယူမယ့် အမြဲမွေးမယ့် မိဘကိုရှာနေပါတယ်။
အင်္ဂလိပ်လိုလေး မေးကြပါနော။ ဗိုက်ဗာကနေ စာပို့မေးရင် အဆင်ပြေပါတယ်။
စမ်းချောင်းကပါ။ 09891559937 (Viber) ပါနော။
ရှဲပေးသူ ဦးဦးတီတီတို့ ငွေမလို၊ ဆီမလို၊ အကုန်ပြည့်စုံကြပါစေ။
“My friend found a stray kitten around 3 weeks ago and I took her in, I have provided the vet care that she needs and she is now healthy and happy. Unfortunately I live in a hostel and its not a safe environment for her as she can get out if someone doesn't close the door or windows and we live in a street with many stray dogs who attack cats. Could you please help me find a home for her? Her name is Riley, she is 10 weeks ago. She is very sweet and happy. She's had her vaccinations and been dewormed. I have food, pet bed, toys, litter box, everything she needs that I would be happy to give to her new owner.”
Click here to claim your Sponsored Listing.
Videos (show all)
Category
Website
Address
Yangon
<<NOT-APPLICABLE>>
Yangon
This is a fan of myanmarmodel.And everbody can write in this fan for notes. I need many notes.Please write comment.
50th Street, Pazuntaung Township
Yangon
TV commercials, music videos, news clippings and behind the scene photos of work directed by ZawZaw(ad.leono)