Healthy Way - USA Vitamin Supplements & Products

Healthy Way မှ100% Authentic USA Vitamin Supplements များကိုနယူးယော?

01/01/2024

ပျော်ရွှင်စရာ ၂၀၂၄ ဖြစ်ပါစေ။ စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း Healthy Way မိသားစုမှ ဆုတောင်းမေတ္တာပို့သပါတယ်ရှင်🎉🎉🎉

22/11/2023

များ မများ စမ်းကြည့်ပါ။

Stress Test ( #စိတ်ဖိစီးမှု့ များ များ စစ်နည်း)

Yes (or) No ဖြေပေးပါ

1. #အစားအသောက် စားချင်တိုင်း စားဖြစ်လား?
2. အားလုံးကို ကိုယ်တိုင်လုပ်ဖို့ ကြိုးစားကြည့်ဖူးလား?
3. ပေါက်ကွဲ လွယ်လား?
4. မဖြစ်နိုင်တဲ့ ရည်မှန်းချက်တွေထားဖူးလား?
5. အများစု က ရီစရာလို့ မြင်ပေမယ့် ကိုယ့်အနေနဲ့ ရီစရာလို့ မမြင်တာမျိုး ခဏခဏ ဖြစ်ဖူးလား?
6. ဆုံးဖြတ်ချက်ချရခက်တာမျိုး ဖြစ်လား?
7. လေ့ကျင့်ခန်း မလုပ်ဖြစ်ပဲ လျစ်လျူ ရှု့ထားတာမျိုး ရှိလား?
8. ကိုယ့်ကိုကိုယ် စနစ်မကျဘူး လို့ အပြစ်တင်ဘူးလား?
9. #အတင်းပြောလား?
10. သမီးရည်းစားတွေ ကို အားမပေးဘူး?
11. သိပ်မနားရဘူး?
12. အမြဲ မြိုသိပ်ထားတယ်?
13. အလုပ်တွေ ကို နေ့ရွှေ့ညရွှေ့ လုပ်ဖူးလား?
14. အိပ်ဆေးသောက်ရလား?
15. ဖြစ်ပြီးသား ကိစ္စတွေ ကို ခဏခဏ အပြင်တင်တတ်လား?
16. စောင့်ရတာကြာရင် ဒေါသထွက်တတ်လား?
17. လူတွေအပေါ် ရိုင်းရိုင်းပြပြ ဆက်ဆံဖူးလား?
18. အရာ အားလုံး ကို ကိစ္စအကြီးကြီး လို့ ထင်တတ်လား?

Yes ဘယ်နှစ်ခု ရှိနေပြီလဲ? ဖြေကြည့်ပါအုံး

Yes တွေ များနေပြီဆိုရင်တော့ သင်ဟာ စိတ်ဖိစီးမှု့ များနေပါပြီ

လေးစားစွာဖြင့်
ဒေါက်တာ ညီညီကျော်

#စိတ်ဖိစီးမှု့

27/08/2023
09/08/2023

ကင်ဆာ မဖြစ်အောင် ကာကွယ်ကြရအောင်

ကင်ဆာ မဖြစ်အောင် ကာကွယ်လို့ ရပါသလား ဆိုရင် အဖြေကတော့ ရပါတယ် လို့ ဖြေရမှာပါပဲ။

သဘာဝ အကျဆုံး ဖြစ်ပြီး ဥပါဒ်လည်း မရှိတဲ့ နည်းကတော့ ဘဝနေနည်း ကို ပြုပြင်လိုက်ရမှာ ဖြစ်ပါတယ်။

American Cancer Society က ဆိုထားပါတယ်

ဘဝနေနည်း ကို ပြုပြင်လိုက်မယ် ဆိုရင် ကင်ဆာ ဖြစ်နိုင်တဲ့ အလားအလာ 62% လောက် လျော့ကျသွားနိုင်ပါတယ် တဲ့။

သူတို့ ပြောတဲ့ 62% နဲ့ပဲ ကျေနပ်နေကြတော့မှာလား မိတ်ဆွေတို့

သေသေချာချာ လိုက်နာမယ် ဆိုရင် ၆၂% ထက် မက ဖြစ်နိုင်စရာ အကြောင်း အများကြီး ရှိပါတယ်။

သုတေသနတွေ နဲ့ သက်သေ မပြနိုင်ပေမယ့် ဖြစ်နိုင်စရာ အကြောင်း အများကြီး ရှိတယ်လို့ ထင်ပါတယ်။

ကျွန်မတို့တွေဘက်က အလွန် ကြိုးစားသင့်ပါတယ်။

ဘာကြောင့်လဲ ဆိုတော့ ကင်ဆာ ဖြစ်လာပြီဆိုရင်

၁။ မချိမဆန့် ခံရတတ်ပါတယ်
ရောဂါကြောင့် ဖြစ်စေ၊ ဆေး ကုသမှုကြောင့် ဖြစ်စေ၊ ကုသမှုတွေရဲ့ ဘေးတွက် ဆိုးကျိုး တွေကြာင့် ဖြစ်စေ၊ အဘိဓမ္မာ စကား နဲ့ ပြောရမယ် ဆိုရင် အကုသလဝိပါက်၊ ဒုက္ခသဟဂုတ်၊ ကာယ ဝိဥာဏ်စိတ် ဖြစ်ပါတယ်။

၂။ ပိုက်ဆံ အလွန် ကုန်စေတဲ့ ရောဂါ ဖြစ်ပါတယ်။

၃။ ဆွေမျိုး သားချင်းတွေလဲ စိတ်ညစ်ရ၊ ကိုယ့်ကို ပြုစု ရ၊ မအား မလပ်တွေ ဖြစ်ပြီး၊ ခြေကုန် လက်ပမ်းကျ၊ စိတ် မချမ်းသာ ဖြစ်ရတတ်ပါတယ်။

၄။ ကံကောင်းရင် Remission လို့ ခေါ်တဲ့ ကင်ဆာကလာပ်စည်းတွေ ခေတ္တ ခဏ ငြိမ်သွားတတ်ပါတယ်။

ကံ မကောင်းရင်တော့ ဆေးကုရင်းနဲ့ပဲ ဆုံးပါးသွားကြတာတွေလဲ ရှိကြပါတယ်။

၅။ ကုပြီးပြန်တော့လဲ ကင်ဆာ ဘယ်တော့ ပြန်လာမလဲ ဆိုတာ တွေးပူနေရပြန်ပါတယ်။

၆။ ကင်ဆာ ဆေးတွေ၊ ဓာတ်ကင်တာတွေ နဲ့ ကုပြီးပြန်ရင်လည်း၊ PET scan, CT scan, MRI စသည်ဖြင့် ၃ လ တန်သည် ဖြစ်စေ၊ ၆ လ တန်သည် ဖြစ်စေ၊ ရိုက်ရပြန်ပါတယ်။

ရိုက်ဖန် များပြန်တော့လဲ မလိုလားအပ်တဲ့ ဓာတ်ရောင်ခြည်တွေ ထပ် ရပြန်ပါတယ်။

ပိုဆိုးတာက အဖြေကို သိရမှာ တုန်လှုပ် ကြောက်လန့်နေတတ်ကြပါတယ်။

အကုန် ပြောရမယ် ဆိုရင် ကင်ဆာ ဖြစ်လာပြီ ဆိုတဲ့ သတင်းကို ကြားကတည်းက ကိုယ့်ဘဝကြီးဟာ ​ဇောက်ထိုး မိုး​မျော် ဖြစ်ရတတ်ပါတယ်။

အခုလို အကြောင်းတွေကြောင့် ကင်ဆာ ရောဂါ မဖြစ်ရအောင် ကာကွယ်ရမှာ ဝန်မလေးသင့်ဘူးလို့ ထင်ပါတယ်။

မဖြစ်ခင်မှာဆို အမှန်တကယ် ကြောက်သူ နည်းလှပါတယ်။

လုပ်ရမှာလည်း ခက်ခက် ခဲခဲတော့လည်း မဟုတ်လောက်ဘူးလို့ ထင်ပါတယ်။

သေသေချာချာ လိုက်နာရဲ့သားနဲ့မှ ဖြစ်မယ်ဆိုရင်တော့လည်း ကံ အကြောင်းတရားအတိုင်းပဲ ဖြစ်ပါတယ်။

လိုက်နာသင့်သော အချက်များမှာ

၁။ သကြားမျိုးစုံ နဲ့ ပြုပြင်ပြီး အစာ (processed foods) တွေကို ရှောင်ရမှာ ဖြစ်ပါတယ်။ ဒီလို ရှောင်လိုက်ခြင်းအားဖြင့် insulin hormone ကို ထိန်းထားနိုင်ပါတယ်။ ပြုပြင်ပြီး အစာတွေထဲမှာ အချိုမှုံ့၊ သကြားတု တမျိုး ဖြစ်တဲ့ aspartame တွေ ပါနေတတ်ပါတယ်။

၂။ Omega 3 အဆီများ စားသုံးသင့်ပါတယ်။
ဥပမာ Cod liver oil

၃။ လေ့ကျင့်ခန်း မှန် မှန် လုပ်ပါ။
လမ်းလျောက်တာ လူ အများအတွက် အသင့်တော်ဆုံး ဖြစ်တယ်လို့ ကျွန်မ ထင်ပါတယ်။

လေ့ကျင့်ခန်း လုပ်ခြင်းဖြင့် Insulin level ကို ကျလာစေနိုင်ပါတယ်။ ကင်ဆာ ကာကွယ်ရေးမှာ အရေးကြီး တဲ့ အကြောင်းတခု ဖြစ်ပါတယ်။

ဆီးချို ရှိတဲ့ လူတွေမှာ (type 2 diabetes) insulin ဓာတ်ဟာ များနေလေ့ ရှိပါတယ်။ ဒါဟာလည်း ဆီးချို ရောဂါရှင်တွေမှာ ကင်ဆာ ဖြစ်နှုံး များနေရခြင်းရဲ့ အကြောင်းတပါး ဖြစ်ပါတယ်။

၄။ Vitamin D level အကောင်းဆုံး အနေအထား ဖြစ်နေသင့်ပါတယ်။ (70 to 100 ng/ml)

နေပူ ခံရမှာ ဖြစ်သလို D3 မှီဝဲလို့လဲ ရပါတယ်။ ဖြစ် နိုင်မယ်ဆိုရင် ကိုယ့်ရဲ့ D3 အတိုင်းအတာကို သွေးဖောက် စစ်ကြည့်သင့်ပါတယ်။ အိုကေ အဆင့်နဲ့ အကောင်းဆုံး အဆင့်ဟာလည်း မတူကြပါ။
100 ng/ml ထက်တော့ မကျော်သွားစေချင်ပါ။

၅။ အစာစားတဲ့ အခါမှာလည်း ကဆီဓာတ်ကို လျော့နိုင် သမျှ လျော့၊ ပရိုတင်းဓာတ် အနည်းငယ် စားပြီး အဆီ များများ စားပေးရမှာ ဖြစ်ပါတယ်။ အုန်းဆီ၊ ထောပတ် သီး organic grass fed butter ကြက်ဥ စသည်ဖြင့် ဖြစ်ပါတယ်။

၆။ စိတ် ဖိစီးမှုကို ယောနိသော မနသိကာရ နဲ့ လျော့ရမှာ ဖြစ်ပါတယ်။

Stress လို့ ခေါ်တဲ့ စိတ်ဖိစီးမှုဟာ ကင်ဆာ ဗီဇတွေကို နိုးကြား ထကြွစေပါသတဲ့။

၇။ Organic ဟင်းရွက် များများ စားပေးရမှာ ဖြစ်ပါတယ်။ တတ်နိုင်ရင် ကြိတ်ပြီး သောက်သင့်ပါတယ်။

၈။ ကိုယ်အလေးချိန်ကိုလည်း ထိန်းထားရမှာ ဖြစ်ပါတယ်။

၉။ အိပ်ရေး ဝအောင် အိပ်ပါ။

၁၀။ ပတ်ဝန်းကျင် အဆိပ်များနှင့် ထိတွေ့မှုတွေကိုလည်း နည်းနိုင်သမျှ နည်းရအောင် သတိထားပြီး ဆင်ခြင်ရမှာ ဖြစ်ပါတယ်။

အိမ်မှာ သန့်ရှင်းရေး လုပ်ရင် သုံးတဲ့ ဓာတုဆေးများ၊ အိမ်တွင်း အနံ့အသက်ဆိုးများ ပျောက်အောင် သုံးလေ့ရှိကြတဲ့ air fresheners များ စသည်ဖြင့် ဖြစ်ပါတယ်။

၁၁။ အကြော် အလှော်၊ မီးကင်ခြင်း စသည်တို့ကို တတ်နိုင်သလောက် ရှောင်ပြီး၊ အပြုတ်၊ ရေနွေးငွေ့ နဲ့ ကျက်စေခြင်း စသည်တို့ကို ဦးစားပေးစေချင်ပါတယ်။

၁၂။ နွားနို့လဲ ရှောင်နိုင်ရင် ကောင်းပါတယ်။
နွားနို့မှာ ပါတဲ့ ပရိုတင်းဓာတ်ဟာ ခန္ဓာကိုယ်က foreign substance ထင်ပြီး တိုက်ခိုက်လေ့ ရှိပါတယ်။

ကင်ဆာဖြစ်တဲ့အခါ ကိုယ့် immune system (ခုခံအားတွေကို) ကင်ဆာ ကလာပ်စည်းတွေကိုသာ နှိမ်နင်းစေလိုပါတယ်။

အခြား အပိုအလုပ်တွေ နဲ့ မရှုပ်စေချင်ပါ။

နောက်တချက်ကတော့ နွားနို့တွေမှာ Virus ပိုးများ ပါလေ့ ရှိပါတယ်။ (lukemia and lymphoma viruses)
Pasteurization လုပ်ပေမဲ့ အကုန် မသေကြပါ။ ဒါကြောင့်လဲ နွားနို့ကို ရေခဲသေတ္တာထဲမှာ ထားရင်းနဲ့ အချဉ် ဖောက်သွားတတ်တာ ဖြစ်ပါတယ်။

အထူးသဖြင့် ကင်ဆာ ဖြစ်စေတတ်တဲ့ virus ပိုးတွေရှိတတ်ပါတယ်။

ဒါဆိုရင် ဘာ သောက်သင့်သလဲလို့ မေးလေ့ ရှိကြပါတယ်။

ဆိုင်မှာ ရောင်းတဲ့ almond milk, rice milk တွေဟာ သကြားတွေ အများကြီး ပါလေ့ ရှိပါတယ်။

Soy milk ကြပြန်တော့လဲ သဘာဝ glutamate (အချို မှုံ့ဓာတ်တွေ အများကြီး ပါတတ်တာမို့ မသင့်တော်ဘူး လို့ ထင်ပါတယ်)

ဒီ အချက်တွေကို သေသေချာချာ လိုက်နာနိုင်မယ်ဆိုရင် ကင်ဆာ ရောဂါဆိုးကြီးမှ လွတ်မြောက်နိုင်လိမ့်မယ် လို့ ယုံကြည်ပါတယ်။

ကင်ဆာ ရောဂါဆိုတာ နှစ်နဲ့ ချီပြီး တဖြေးဖြေး ဖြစ်ပေါ်လာတဲ့ ရောဂါ ဖြစ်ပါတယ်။

နေ့ချင်း ညချင်း ရုတ်ချည်း ပေါ်လာတာမျိုး မဟုတ်ပါ။

မိတ်ဆွေများ အားလုံး ကင်ဆာ ရောဂါ ဘေးဆိုးကြီးမှ လွတ်ကင်းနိုင် ကြပါစေ။ Credit - To A Better Health

Photos from Healthy Way - USA Vitamin Supplements & Products's post 07/07/2023

Healthy Way USA ရဲ့အရမ်းကိုတန်တဲ့ Clearance Sale Promotion လေးလာပါပြီနော်🎉🎉🎉🎉

❤️$ စျေးတွေ တက်နေသော်လည်း အတန်ဆုံးစျေးနဲ့ လက်ကျန် Stock ရှင်းတာဖြစ်လို့အရေအတွက်အနည်းငယ်သာကျန်ပါတယ်ရှင်။ နောင်ဘယ်တော့မှ မရနိုင်တဲ့စျေးနှုန်းလေးတွေဖြစ်လို့ လက်သွက်ဖို့ လိုပါမယ်နော်

❤️Stock လက်ကျန်ရှိသလောက်သာ ရောင်းချပေးမှာဖြစ်လို့ မြန်မြန်မှာယူဖို့လိုပါမယ်နော်🥰

❤️နောက်ထပ် Promotion တွေလဲအများကြီးရှိသေးတာကြောင့် Healthy Way page လေးကို Like & Follow လုပ်သွားကြပါဦးနော်။

Instock
New York ကုန်တိုက်မှ ကိုယ်တိုင်ဝယ်ယူပြီး ရောင်းချတာဖြစ်လို့ USA ဆေးအစစ်ဖြစ်ပါတယ်ရှင်။ Healthy Way မှ 100% Authentic USA Vitamin Supplement များကိုသာ အာမခံ ဖြန်ဖြူးရောင်းချပါသည်။
💯 Authentic from USA 🇺🇸

မှာယူလိုပါက
Healthy Way- USA Vitamin Supplements & Products
Yangon
Messenger chat box or
☎️Ph / viber 09750365732
🚗 Deli Fee မြို့နယ်အလိုက်ပေးရပါမယ်
နယ်မြို့များကို ကားဂိတ်သို့ပို့ဆောင်ပေးပါတယ်

16/05/2023

ဖြည့်စွက်စာများ နှင့် ပတ်သတ်သော သတိထားစရာများ

✅ ဗိုက်တာမင် A ဖြည့်စွက်စာ ကိုယ်ဝန်ဆောင်ချိန်မှာ မသောက်ရပါ။ ဗိုက်တာမင် A အဆိပ်သင့်မှုတွေမှုတွေမှာ အသည်းထိခိုက်မှုတွေ၊ မွေးရာပါချို့ယွင်းချက်တွေ၊ အရိုးပါးတာတွေ ဖြစ်နိုင်ပါတယ်။

✅ B 3 - Niacin ပမာဏများများသောက်တဲ့အခါ အရေပြားပူလောင်နီရဲလာပြီး မူးဝေပြီး flush ဖြစ်တယ်ပါတယ်။ Zinc နှင့် niacin တွဲသောက်လျှင် flush ဖြစ်ခြင်း နှင့် ယားယံခြင်းပိုဖြစ်နိုင်ပါတယ်။

✅ B6 (Pyridoxal 5 Phosphate or P5P) ကို Levodopa , penicillamin နှင့် တွဲမသောက်ရပါ။

✅ B 7 - Biotin ပမာဏများများသောက်နေတဲ့သူတွေ သိုင်းရွိုက်စစ်ဆေးတဲ့အခါ ဒရလဒ်မှားတွေ ထွက်တတ်တယ်ပြောတယ်။

✅ B9 - folate ( ဖောလိပ် ) ( 15,000 mcg ) အထက်သောက်မိလျှင် ဗိုက်အောင့်ခြင်း၊ အိပ်မပျော်ခြင်း၊ နှင့် အကြောဆွဲတက်ခြင်းတွေဖြစ်နိုင်ပါတယ်။

✅ B complex မှာပါဝင်တဲ့ B 3 ကြောင့် အရေပြားပူလောင်နီရဲလာပြီး မူးဝေတတ်ပါတယ်။ ဘားပလက်မတည့်လျှင် B complex မသောက်ရပါ။

✅ Betaine HCl ကို အစာအိမ် အနာရှိသူ၊ အစာအိမ်ရောင်နေသူ၊ နို့တိုက်မိခင် နှင့် ကိုယ်ဝန်ဆောင်တွေ မသောက်သင့်ပါ။

✅ Boron အများကြီး ( ကလေးများ 5-6 grams နှင့် လူကြီးများ 15-20 grams ) သောက်တဲ့အခါ တက်ခြင်း၊ မေ့မြောခြင်း နှင့် သေဆုံးခြင်းထိဖြစ်နိုင်ပါတယ်။

✅ Bromelain ကို အိပ်ဆေးတွေ နှင့် အတူတူတွဲပြီး မသောက်ရပါ။ Warfarin (Coumadin) , Aspirin , Clopidogrel (Plavix) , Heparin ကဲ့သို့သော သွေးကျဲဆေးသောက်သူတွေ နှင့် ခွဲစိတ်ဖို့ စီစဉ်ထားသူတွေ မသောက်သင့်ပါ။

✅ G6PD လူနာတွေမှာ သွေးနီဥတွေ ပေါက်ကွဲနိုင်လို့ ဗိုက်တာမင် C ပမာဏအများကြီး မသောက်သင့်ပါ။

✅ Curcumin ရဲ့ ဘေးထွက်ဆိုးကျိုးတွေက ပျို့အန်ခြင်း၊ဝမ်းသွားခြင်း၊သွေးမတိတ်ခြင်း၊သွေးပေါင်ကျခြင်း၊သည်းခြေအောင့်ခြင်း၊ရာသီသွေးများခြင်းတို့ဖြစ်ပါတယ်။

✅ Carnitine or L- Carnitine သောက်တဲ့တစ်ချို့လူတွေ ဆီးသွားတဲ့အခါ သို့မဟုတ် ချွေးထွက်တဲ့အခါ ငါးညှီနံပျော့ပျော့ရတတ်ပါတယ်။ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်တွေ နှင့် နို့တိုက်မိခင်တွေ မသောက်သင့်ဘူးလို့ရေးပါတယ်။

✅ ခွဲစိတ်ခန်းဝင်မည့်သူများ မခွဲစိတ်ခင် D-ribose နှစ်ပတ်ခန့် ကြိုဖြတ်ဖို့လိုပါမည်။

✅ ဗိုက်တာမင် D 200 ng/ml ကျော်လာလျှင် ပျို့အန်ခြင်း၊ ဆီးခဏခဏသွားခြင်း၊အရိုးတွေနာခြင်းတွေဖြစ်လာပြီး ဗိုက်တာမင် D အဆိပ်သင့် လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

✅ DHEA (dehydroepiandrosterone) ဖြည့်စွက်စာ အလွန်အကျွံသုံးစွဲတဲ့အခါ ဝမ်းသွားခြင်း၊ ခေါင်းမူးခြင်း၊ ဦးရေပြားပေါ်တွင် အကောင်တစ်ကောင်တွားသွားနေသလို ခံစားရခြင်း၊ ရင်ဘတ်အောင့်ခြင်း နှင့် နှလုံးခုန်မူမမှန်ခြင်း၊ ဆီးထဲတွင် သွေးပါခြင်း၊ ပူပန်စိတ်များခြင်း၊ စိတ်အလိုမကျခြင်း၊ ဂနာမငြိမ်ခြင်း၊ ရန်လိုခြင်း၊ အမြင်အာရုံပြသနာများ၊ ခေါင်းကိုက်ခြင်း၊ အိပ်မပျော်ခြင်း၊ ညဘက်ချွေးထွက်ခြင်း၊ အစက်အပြောက်ထွက်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ သွေးပေါင်ကျခြင်း နှင့် ဝက်ခြံထွက်ခြင်းတွေဖြစ်နိုင်ပါတယ်။

✅ ကလေးများကို gingkgo မတိုက်ရပါ။

✅ Glutathione ( ဂလူတာသိုင်အုမ်း ) ဖြည့်စွက်စာကို ရေရှည်သောက်လျှင် ကိုယ်ခန္ဓာအတွင်း zinc ပမာဏ နည်းသွားနိုင်ပါတယ်။ ဂလူတာသိုင်အုမ်း ရှုဆေးတွေက ရင်ကျပ်ရောဂါအတွက် မသင့်တော်ဘူးဆိုပါတယ်။
✅ Idoral ( အိုင်အိုဒင်း ) - ခန္ဓာကိုယ်ထဲမှာ အိုင်အိုဒင်းများသွားတဲ့အခါ ဝက်ခြံထွက်လာမည်။ ဝမ်းသွားမည်။ အဆုတ်မှာ အရည်တွေစုမိမည်။ ဖျားမည်။ ခေါင်းကိုက်မည်။ အင်ပြင်ထမည်။ အဆစ်တွေနာမည်။ လျှာအရသာပြောင်းမည်။ သိုင်းရွိုက်လုပ်ငန်းထိခိုက်မည်။

✅ သွေးကျဲဆေးသောက်နေသူအတွက် ဗိုက်တာမင် K2 သောက်မည်ဆိုလျှင် 50 mcg မကျော်သင့်ဘူးလို့ ဆိုပါတယ်။

✅ သွေးတွင်း မက်ဂနီဆီယမ် များလျှင်ဖြစ်နိုင်တာက ပျို့အန်မည်။ဝမ်းသွားမည်။ နှုန်းချိနေမည်။ သွေးပေါင်ကျမည်။ အသက်ရှုရခက်မည်။ ဆီးမသွားနိုင်တော့ဘူး။ နှလုံးရပ်ပြီး သေနိုင်တယ်။ ကျောက်ကပ်လုပ်ငန်းရဲ့ eGFR ( 30%) အောက်ရောက်သွားလျှင် မက်ဂနီဆီယမ် မသောက်သင့်ပါ။

✅ လူအချို့မှာ မယ်လတိုနင် သောက်ပြီးတဲ့အခါ အင်ဆူလင်အတွက်နည်းပြီး ဆီးချိုတက်လာတတ်ပါတယ်။


✅ Moringa olifera ( ဒန့်ဒလွန် ဖြည့်စွက်စာ ) ကို နို့တိုက်မိခင် နှင့် ကိုယ်ဝန်ဆောင်မသောက်တာ ပိုကောင်းပါမည်။

✅ N-acetyl cysteine (NAC) အများကြီးသောက်တဲ့အခါ ပျို့အန်ခြင်း၊ ဝမ်းသွားခြင်း၊ ဝမ်းချုပ်ခြင်းတွေဖြစ်တတ်ပါတယ်။

✅ Probiotics (ပရိုဘိုင်အိုတစ်) ဖြည့်စွက်စာသောက်လျှင် လေပွခြင်း အများဆုံးဖြစ်နိုင်ပါတယ်။ ဒါကြောင့် ပရိုဘိုင်အိုတစ် စသောက်ခါစမှာ နည်းနည်းနဲ့စသောက်ပါ။ ပြီးမှ တစ်ဖြည်းဖြည်းတိုးသောက်ပါ။ တစ်ချို့လူတွေမှာ ခေါင်းကိုက်စေပါတယ်။ ကိုယ်ခံအား လွန်စွာကျဆင်းနေသူများ၊ဆေးရုံရက်ရှည်တက်နေရသူများ၊လတ်တလော အူလမ်းကြောင်းခွဲစိတ်ထားသူတွေကို ပရိုဘိုင်အိုတစ် ဖြည့်စွက်စာ မတိုက်သင့်ပါ။

✅ Thymus extract သောက်ဆေးအများစုက ဘေးကင်းပါတယ်။ ကိုယ်ဝန်ဆောင် နှင့် နို့တိုက်မိခင်များ မသုံးသင့်ပါ။ HIV/AIDS ရောဂါသည်လို ခုခံအားကျဆင်းနေသူများ နှင့် ခုခံအားချဆေးသောက်ထားသူများ မသောက်သင့်ပါ

✅ Zinc ( ဇင့် ) သောက်တာ 40 mg ပိုလာလျှင် zinc နှင့် iron စုပ်ယူမှု ကျဆင်းပြီး သွေးအားနည်း ရောဂါဖြစ်စေတယ်ပြောပါတယ်။ဒါကြောင့် zinc 8-15 mg သောက်တိုင်း copper 1 mg သောက်သင့်တယ်လို့ ရေးသားချက်တွေရှိပါတယ်။ လူတစ်ချို့ zinc သောပ်လျှင် ပျို့တတ်သည်

Dr.PHYO MAUNG MAUNG - Functional Nutrients

03/05/2023

အဆိပ်ကို ပိုက်ဆံပေးကာသောက်နေကြရတဲ့ဘဝများ

ဘာအသီးအနှံမှမဝယ်ဘဲ အချိုရည်ထုတ်နေကြတဲ့ မြန်မာပြည်က စက်ရုံများနောက်ကွယ်

တစ်ခါက ကျနော့်မိတ်ဆွေတဦး လာတိုင်ပင်ပါတယ် အချိုရည်ထုတ်ရောင်းဖို့ အရင်းနီးနဲနဲနဲ့ အမြတ်များများကျန်တဲ့လုပ်ငန်းတဲ့၊ သူပြောပြတာက ရေကို ဓာတုဗေဒအချိုခဲ၊ အချဉ်ခဲတွေနဲ့ ဖျော်မယ်၊ ပြီးရင် အရောင်ထည့်မယ်၊ နောက်အနံ့ထည့်မယ်၊ ပါကင်ဘူးလှလှလေးနဲ့ဈေးကွက်မှာ ဖြန့်လိုက်ရင် ခဏလေးနဲ့ ချမ်းသာသွားနိုင်တယ်ဆိုတဲ့အကြောင်း ပြောပြပြီး ကျွန်တော့်ကို အကျိုးတူလုပ်ဖို့ စည်းရုံးခဲ့တယ်။

နမူနာလည်း လုပ်ပြခဲ့ပါတယ်၊ ဆေးသကြားနဲ့ အချဉ်ခဲနဲ့ဖျော်တယ် ပြီးရင် အဝါမှုန့်နဲ့ရောဖျော်တယ်၊ ပြီးရင်ဆေးပုလင်းလေးနဲ့ လိမ္မော်နံထည့်ပြီး ရောမွှေလိုက်တယ်၊ ထူးခြားတဲ့ လိမ္မော်ရနံနဲ့အရသာရှိတဲ့ လိမ္မော်ရည်ပေါ့ဗျာ၊ သူက သောက်ကြည့်ခိုင်းတယ်၊ ကျွန်တော်က သောက်ကြည့်တာ တကယ့်လိမ္မော်ရည်အစစ်အတိုင်းပါဘဲ။

ပြီးတော့ ဒီလိမ္မော်ရည်ကို ကြာရှည်ခံအောင် ဖော်မလင်ထည့် ပုလင်းလှလှ ပါကင်လှလှပိတ်ပြီးရောင်းလိုက်ရင် ရှယ်ဘဲတဲ့၊ တော်လိုက်တာဗျာ၊ သူက ဘယ်လိုလဲ သူနဲ့အကျိုးတူလုပ်မလားလို့ ကျွန်တော့်ကို မေးပါတယ်၊ ကျွန်တော် စဉ်းစားပါတယ် ဒီလိုလိမ္မော်ရည်အတု၊ အခြားအချိုရည်အတုတွေကို ထုတ်လုပ်ပြီးရောင်းရင် သောက်သုံးသူတွေ အန္တရာယ်ဖြစ်နိုင်တယ်၊ ကိုယ်တွေတော့ စီပွားဖြစ်နိုင်တယ်။

လုပ်သင့် မလုပ်သင့် စဉ်းစားရင်း မလုပ်သင့်တဲ့ဘက်ကို ဆုံးဖြတ်မိပါတယ်၊ သူက ကျွန်တော့်ကို သူတတ်ထားတဲ့ chemical ပညာနဲ့ ချမ်းသာစေချင်တာပေါ့၊ ကျွန်တော်ကတော့ ကိုယ်ချမ်းသာပြီး သူများဒုက္ခရောက်မည့် အတွေး၊ အကြံ၊ အပြော၊ အလုပ်ကို မလုပ်တော့ဘူးလို့ ဆုံးဖြတ်ထားတာကြောင့် အကျိုးတူမလုပ်နိုင်ကြောင်း ငြင်းခဲ့ပါတယ်။

ဒါပေမဲ့ ခုချိန်မှာတော့ သူ့ရဲ့နည်းပညာများပြန့်ပွားပြီး ဈေးကွက်ထဲမှာ အချိုရည်ပေါင်းစုံကတော့ တောင်ပုံယာပုံပါဘဲ၊ အချိုရည်စက်ရုံတွေသွားစောင့်ကြည့် ဘာလိမ္မော်၊ ဘာသံပုရာ၊ ဘာအသီးမှ အထဲကိုသွင်းတာ မတွေ့ရသလို၊ ဘယ်နေရာမှာမှ စက်ရုံတွေက အသီးအနှံဝယ်တာ မတွေ့ရပါဘူး၊ အဲအချိုရည်စက်ရုံ တွေမှာ အလုပ်ဆင်းဘူးသူတိုင်း သိပါတယ်။

အဲဒါတွေသောက်ပြီး ခလေးတွေမှာ အသဲ၊ ကျောက်ကပ်တွေ ပျက်ဆီး၊ ဆီးချို၊ သွေးတိုးတွေ ဖြစ်နေကြတာလည်း အမြင်ပါဘဲ၊ ဒါပေမဲ့ ပတ်ဝန်းကျင်ကို လေ့လာကြည့်နော် အချို့ကလေးတွေ အဲဒီအချိုရည်တွေ မသောက်ကြဘူး၊ သူတို့ မိဘတွေကလည်း ဝယ်မတိုက်ကြဘူး၊ အဲဒါကြောင့် ဘယ်ကလေးတွေက ပိုကျန်းမာနေလည်း ပတ်ဝန်းကျင်ကို လေ့လာရင်သိနိုင်ပါတယ်။

Credit (ကိုကိုမောင်)
source အလင်းရောင်

December 24, 2022 by ShweKhit
Credit.
ပြန်လည်မျှဝေသည်။

02/04/2023

Healthy Way USA ရဲ့အရမ်းကိုတန်တဲ့ Clearance Sale Promotion လေးလာပါပြီနော်🎉🎉🎉🎉

Nature Bountry Zinc 50mg 400 Caplets - (Exp April, 25)

Promotion Price _34000 ks
Instock
💯 Authentic from USA 🇺🇸

❤️Stock လက်ကျန်ရှိသလောက်သာ ရောင်းချပေးမှာဖြစ်လို့ မြန်မြန်မှာယူဖို့လိုပါမယ်နော်🥰

Zinc ၏ ကျန်းမာရေးကောင်းကျိုးများ

1. Zinc က လွယ်လွယ်ဝယ်လို့ရတဲ့ သဘာဝ အဖျားပျောက်ဆေးပါ။ ငါးလလောက် zinc ဖြည့်စွက်စာသောက်ထားလျှင် ဖျားဖို့ ခက်ပါတယ်။ ဖျားနေတုန်း zinc ဖြည့်စွက်စာသောက်လျှင် မြန်မြန်အဖျားပျောက်ပါတယ်။ အိန္ဒိယနိုင်ငံ ဆေးပညာသင်ကြားရေး စင်တာ ( the Medical Education Center of Chandigarh India )က ပြုလုပ်တဲ့သုသေတနမှာ zinc သောက်ပြီး ၂၄ နာရီအတွင်း အဖျားသက်သာသွားတယ်ရေးပါတယ်။

2. Zinc က သိပ်ကောင်းတဲ့ အရောင်ကျဆေးဖြစ်တဲ့အပြင် antioxidant တစ်ခုလည်းဖြစ်တာကြောင့် ကင်ဆာရောဂါ ကာကွယ်နိုင်တယ်ရေးပါတယ်။ မီချီကန် ဆေးတက္ကသိုလ်က သုသေတနတစ်ခုမှာ zinc သောက်ထားတဲ့ သူက ရောင်ရမ်းခြင်းကို ဖြစ်စေတဲ့ oxidative stress ကို ခံနိုင်ရည်ရှိတယ်ပြောပါတယ်။

3.Zinc က ကျားဟိုမုန်း ( testosterone ) ကို သဘာဝ အတိုင်းမြင့်တက်စေပြီး အမျိုးသမီး ၊ အမျိုးသားနှစ်ဦးလုံးကို အကျိုးရှိစေပါတယ်။ မ ဟိုမုန်း အပေါ် အကျိုးသက်ရောက်မှုရှိပြီး မ မျိုးဥ ထုတ်လုပ်ခြင်း နှင့် မျိုးဥ ကြွေခြင်းကိုကူညီပေးပါတယ်။ Estrogen နှင့် progesterone ထုတ်လုပ်မှုမှာ ပါဝင်ပြီး မျိုးပွားကျန်းမာရေးကို အကျိုးပြုပါတယ်။

4. ကျား ဟိုမုန်း ( testosterone ) ကို ထိန်းညှိပေးတာကြောင့် အမျိုးသားများ သန္ဓေအောင်ခြင်း နှင့် လိင်စိတ်တက်ကြွခြင်းတို့ မှာ အရေးပါပါတယ်။ Wayne တက္ကသိုလ်ရဲ့ ဆေးပညာဌာနမှာ လုပ်တဲ့ သုသေတနတစ်ခုမှာ zinc supplement က အမျိုးသားတွေရဲ့ကျားဟိုမုန်းကို သိသိသာသာများလာစေတယ်လို့ ဆိုပါတယ်။

5.Zinc ရဲ့ ရောင်ရမ်းခြင်းကို ကုသနိုင်စွမ်းက ကောင်းမွန်တဲ့ သွေးလည်ပတ်မှုကို ဖြစ်စေပြီး သွေးတိုးရောဂါအတွက်ကောင်းပါတယ်။

6. နာတာရှည် အူလမ်းကြောင်းပြသနာတွေ ကို သက်သာစေတဲ့ အပြင် ဝမ်းသွားခြင်း ကို ကာကွယ်နိုင်ရုံမက ကုသနိုင်စွမ်းပါရှိပါတယ်။

7. Zinc က အင်ဆူလင် ဟိုမုန်း ကို မျှတစေပြီး သွေးတွင်းသကြားဓာတ်ကို ထိန်းပေးတာကြောင့် ဆီးချိုရောဂါအတွက် အကျိုးရှိပါတယ်။

8.Zinc က ပရိုတိန်း တည်ဆောက်မှု အပေါ်သက်ရောက်မှု ရှိပါတယ်။ ကာဗွန်ဟိုက်ဒရိတ် ကိုစွမ်းအင်ပြောင်းပေးတဲ့ နေရာမှာလည်း ပါပါတယ်။ Zinc ချိုတဲ့တဲ့ သူတွေမှာ စွမ်းအင်မလုံလောက်တာကြောင့် နာတာရှည် ပင်ပန်းနွမ်းနယ်နေတတ်တယ်။

9. အသည်းကျန်းမာရေးကို အထောက်အပံ့ပေးပါတယ်။

10. Zinc က ကြွက်သားကြီးထွားဖို့ နှင့် ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြုပြင်ဖို့ လုပ်ဆောင်ပေးတယ်။ ကျား ဟိုမုန်း၊ ကြီးထွားဟိုမုန်း နှင့် insulin-like growth factor-1 (IGF-1) တို့ ထွက်ရှိလာစေပြီး ကျန်းမာတောင့်တင်းတဲ့ ခန္ဓာကိုယ်ကို ဖြစ်စေတယ်။

11.သိုင်းရွိုက်ဟိုမုန်း T 4 ကနေ T3 ပြောင်းတဲ့ နေရာမှာ zinc ပါဝင်ပြီး သိုင်းရွိုက်ဟိုမုန်း လုပ်ငန်းကို အထောက်အကူပေးပါတယ်။
Credit: Dr. PHYO MAUNG MAUNG

New York ကုန်တိုက်မှ ကိုယ်တိုင်ဝယ်ယူပြီး ရောင်းချတာဖြစ်လို့ ဆေးအတွက် 100%စိတ်ချရပါတယ်ရှင်။ Exp date လဲ Fresh ဖြစ်ပါတယ်နော်
Healthy Way မှ 100% Authentic USA Vitamin Supplement များကိုသာ အာမခံ ဖြန်ဖြူးရောင်းချပါသည်။
💯 Authentic from USA 🇺🇸

မှာယူလိုပါက
Healthy Way- USA Vitamin Supplements & Products
Yangon
Messenger chat box or
☎️Ph / viber 09750365732
🚗 Deli Fee မြို့နယ်အလိုက်ပေးရပါမယ်
နယ်မြို့များကို ကားဂိတ်သို့ပို့ဆောင်ပေးပါတယ်

07/03/2023

Healthy Way USA ရဲ့အရမ်းကိုတန်တဲ့ Clearance Sale Promotion လေးလာပါပြီနော်🎉🎉🎉🎉

Green Tea Fat bunner 200 Softgels- ( Exp Aug, 23)

❤️ Promotion Price-51000 Ks

💯 Authentic from USA 🇺🇸

❤️Stock လက်ကျန်ရှိသလောက်သာ ရောင်းချပေးမှာဖြစ်လို့ မြန်မြန်မှာယူဖို့လိုပါမယ်နော်�

ဒီဆေးကို အထူးမိတ်ဆက်စရာတော့ လိုမယ်မထင်ပါဘူးနော်။ တော်တော်များများလည်းသိပြီးသားဖြစ်တဲ့ USA ကနာမည်ကြီးအဆီကျဆေးပါ

ပိန်ချင်တဲ့မမ ညီမလေးတွေအတွက်အထူးကောင်းတဲ့ဆေးလေးပါနော်။ တဘူးသောက်တာနဲ့သိသာပါတယ်တဲ့နော်

👉ခန္တာကိုယ်ကအဆီပိုတွေကိုလောင်ကျွမ်းစေပါတယ်

👉သူကအစာစားခြင်စိတ်ကိုထိန်းချုပ်ပေးတာပါ

👉သူကအဆီတွေကိုချွေးနဲ့ဆီးများထဲကပါစေတာပါ

👉ကယ်လိုရီလောင်ကျွမ်းမှုအားကောင်းစေပါတယ်

👉ဆေးကိုမနက်၂လုံး နေ့လည်၂လုံးသောက်ရမှာဖြစ်ပါတယ်

👉အစာနဲ့မိနစ် ၃၀ ဝေးသောက်ရမှာဖြစ်ပါတယ်
အစာစားပြီးသောက်ပေးပါနော်။ ဆေးသောက်ပြီးရေကိုတော့များများသောက်ပေးရမှာဖြစ်ပါတယ်

👉ကော်ဖီ လက်ဖက် မတည့်သူများမသောက်သင့်ပါဘူး

👉ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်များမသောက်သင့်ပါ

👉နှလုံးနှင့်သွေးတိုးရှိသူများမသောက်သင့်ပါ

Caffeine ပါဝင်တာကြောင့်ညဘက်မသောက်သင့်ပါဘူးရှင်

Recommend အများဆုံးရထားတဲ့အဆီကျဆေးဖြစ်ပါတယ်ရှင်

တစ်ဘူးအလုံး 200 ပါပါတယ်

Healthy Way မှ 100% Authentic USA Vitamin Supplement များကိုသာ အာမခံ ဖြန်ဖြူးရောင်းချပါသည်။
💯 Authentic from USA 🇺🇸

Healthy Way- USA Vitamin Supplements & Products
Yangon
Messenger chat box or
☎️Ph / viber 09750365732
🚗 Deli Fee မြို့နယ်အလိုက်ပေးရပါမယ်

27/02/2023

ါးကြီးဆီက_ဖော့ကိုစားသွားတယ်
#အူတွေပေါ်ကိုဘယ်လိုသက်ရောက်မှုရှိပါသလဲ



Omega 3 ရဲ့ကောင်းကျိုးတွေက များတော့ လူတော်တော်များများက supplement အနေနဲ့သောက်နေကြပါတယ်
အဲ့အချိန်မှာ ဖော့ကို စားသွားတယ်ဆိုတဲ့ ကိစ္စလေးပျံ့လာတော့ အားလုံးက သို့လော သို့လော တွေဖြစ်ကုန်ကြပါရော

အဆီတွေ (ငါးကြီးဆီ ၊ olive oil, canola oil) ဟာ ဖော့ Styrofoam နဲ့ ဓာတ်ပြုပါတယ်။ ဓာတ်ပြုပြီး ဖော့ ဟာ ဆီထဲမှာ ပျော်ဝင်သွားတတ်ပါတယ်

တချို့ Omega-3 ဆေးတွေ က မဖြစ်ပဲ တချို့က ဖြစ်တယ်ဆိုတာက Omega-3 ကို သုံးတဲ့ Source မတူလို့ပါ
ထုတ်လုပ်သူတွေက ငါးကြီးဆီ Omega-3 ကို ပုံစံ (၂) မျိုးနဲ့ ထုတ်လုပ်ပါတယ်
1. Ethyl ester
2. Triglyceride
ပုံစံကွဲပေမယ့် ခန္ဓာကိုယ်ကို အကျိုးပြုတာခြင်းကတော့ အတူတူပါပဲ။
ဖွဲ့စည်းပုံခြင်းကွာတဲ့အတွက်
- ethyl esters သုံးထားတဲ့ ဆေးလောင်းချတဲ့အခါ ဖော့က မြန်မြန် ပျော်သွားတတ်ပါတယ်
- Triglyceride သုံးထားတဲ့ဆေးလောင်းချတဲ့အခါ ဖော့ ပျော်သွားတာ နှေးတဲ့အတွက် ယှဉ်ကြည့်တဲ့အခါ တစ်ခုကဖြစ်ပြီး တစ်ခုက မဖြစ်သလိုဖြစ်တတ်ပါတယ်။

ဖော့ နဲ့ပဲ ဓာတ်ပြုတာဖြစ်ပြီး ခန္ဓာကိုယ်အတွက် ဆိုးကျိုးရယ်လို့ မဖြစ်နိုင်ပါဘူး
Ethyl ester ငါးကြီးဆီဖြစ်စေ ၊ Triglyceride ငါးကြီးဆီဖြစ်စေ လူ့ကိုယ်ခန္ဓာအတွက် အကျိုးဖြစ်စေတဲ့ omega-3 fatty acids (EPA and DHA) ပါဝင်လို့ အကျိုးများပါတယ်။
ဆေးသောက်ကြပါလို့ တိုက်တွန်းတဲ့စာ မဟုတ်ပါဗျာ ၊ ဆရာဝန်ညွှန်းလို့ လိုအပ်လိုသောက်နေကြတာကနေ ဗဟုသုတနည်းတဲ့နာမည်ကြီးလိုတဲ့လူတချို့ကြောင့် #လမ်းမှားမရောက်စေလိုလို့ရှင်းပြခြင်းပါ။
ငါးစားလည်း Omega 3 က ရတာပဲ မို့ ဆေးသောက်ရမှာ ကြောက်တဲ့သူတွေက ငါးများများစားကြပေါ့
(Ref; askthescientist)
(Photo credit; study finds )
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်
27.02.2023

18/02/2023

🇨🇭အသက်(၄၀)ကျော်ချိန် ကိုလက်စထရောများခြင်း ကာကွယ်နိုင်ရန်⚠

#ဒေါက်တာဒေါ်ဝင်းဝင်းမြင့် (အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး) ---

➡ အသက် ၄၀ ထဲ ဝင်လာချိန်မှာ သူငယ်ချင်းအများစုက ကိုလက်စထရောတွေ များနေကြပါတယ်။ အဲဒီလို မဖြစ်အောင် ဘယ်လို စားသောက်နေထိုင်သင့်ပါသလဲ။

▶ အခုမြန်မာပြည်မှာ ကိုလက်စထရောများတာနဲ့ ကင်ဆာတွေ အရမ်းအဖြစ်များပါတယ်။ ကျန်းမာရေးက ဘဝမှာ အရေးကြီးဆုံးပါ ။ မကျန်းမာမှ ဆေးကုမယ့်အစား ကျန်းမာအောင် ကြိုတင်ကာကွယ်ပါ။
အောက်ဖော်ပြပါ အချက်တွေကတော့ အစားအသောက်နဲ့ ပတ်သက်ပြီး လူတိုင်းလုပ်နိုင်မယ့် တချို့အချက်အလက်တွေပါ။ ဒါတွေ လိုက်နာရင် ပိုကောင်းတဲ့ ကျန်းမာရေးဘဝရပါမယ်။

✅ နေ့စဉ်နေ့တိုင်း ကျန်းမာရေးနဲ့ အညီ စားသင့်ပါတယ်။ ချွေတာပြီး စားရင် မကျန်းမာရင် ပြန်ဆေးကုရင် ကုန်မှာဆိုတော့ မထူးပါဘူး။ မြန်မာအများစုက ကျန်းမာအောင် မစားဘဲ ချွေတာပြီး မကျန်းမာမှပဲ ဆေးကုချင်ပါတယ်။ အလွန်မှားတဲ့ အယူအဆပါ။

✅ မနက်ခင်းမှာ ထမင်းကြော်စားတာဟာ မကောင်းပါဘူး ။ ဆီနဲ့ ကြော်တာ စားရင် Transfat ဖြစ်စေပြီး ကိုလက်စထရော များစေတယ်။ ဆီနဲ့ဆမ်းပြီး စားတာက ကျန်မာရေးနဲ့ ပိုညီညွတ်တယ်။ ဥပမာ- ထမင်းပဲပြုတ်ဆီဆမ်း။

✅ စားသောက်တဲ့အလေ့အကျင့်ကို ချက်ချင်းထက် တဖြည်းဖြည်း ပြောင်းလဲပြီး ပုံစံသစ်နဲ့ စားသင့်ပါတယ်။

✅ ထမင်းကို နည်းနည်းပဲစားပါ။ လျှော့စားပါ။ စားတဲ့ ထမင်းပမာဏထက် ၂ ဆ ဟင်းသီးဟင်းရွက်ကို စားရပါမယ်။

✅ ဟင်းသီးဟင်းရွက်မှာ သြဂဲနစ်စားရင် အကောင်းဆုံးပါ။ သြဂဲနစ်မရနိုင်တော့ ဟင်းသီးဟင်းရွက်ကို ဆားရေ ဒါမှမဟုတ် ရှလကာရည်နဲ့ ၁၀မိနစ်စိမ်ပါ။နောက် ရေနွေးဖျောပြီး စားနိုင်ပါတယ် ။

✅ အစားအသောက်ကို အချိန်ယူစားပြီး အကြိမ်များများနဲ့ နည်းနည်းစီ စားသင့်ပါတယ်။ (တစ်နေ့ ၆ ကြိမ်)။ ဗိုက်ကို ပြည့်သွားအောင် မစားပါနဲ့။ အသီးအတွက် ချန်ထားပါ ။

✅ ထမင်းမစားခင် ဟင်းချိုသောက်သင့်ပါတယ်။

✅ တစ်နေ့ကို ရေ ၂လီတာ အနည်းဆုံး သောက်သင့်ပါတယ် ။

✅ မနက်မှာ ဒိန်ချဉ်စားပြီး နွားနို့တွေ သောက်သင့်ပါတယ်။

✅ လတ်ဆတ်တဲ့ သစ်သီးဖျော်ရည်ကို အဓိကထားသောက်ကြပါ။

✅ တစ်နှစ်ကို တစ်ခါတော့ ဆေးစစ်ပြီး မတည့်တာတွေ ရှောင်သင့်ပါတယ်။

✅ ကြက်သား၊ ငါး ပိုစားပြီး အနီရောင်အသားတွေကို တတ်နိုင်သမျှ လျှော့စားပါ။

✅ ပဲမျိုးစုံစားရင်လည်း အာဟာရပြည့်ပါတယ်။

✅ ဟင်းအနှစ်တွေကို အများကြီး မစားသင့်ပါ။ (မစားတာ ပိုကောင်းပါတယ်)။ အပြုတ်ကို အဓိကစားပါ။

✅ စိတ်အလိုလိုက်ပြီး အများကြီးကို တစ်ခါတရံဆိုပြီး မစားပါနဲ့။ စားသောက်ဆိုင်မှာလည်း လို သလောက်ပဲ မှာပြီး မကုန်ရင် ပါဆယ်ထုပ်ပါ ။

✅ ကျန်းမာ၊သက်ရှည်စွာ နေနိုင်ဖို့အတွက် ခန္ဓာကိုယ်အတွင်းရှိ ရောဂါတွေကို အစွမ်းကုန် တိုက်ထုတ်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ စားသင့်ပါတယ်။ဥပမာ - ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး၊ ပန်းမုန်လာ စပျစ်သီး။

✅ အအေးဘူးတွေကို တတ်နိုင်သလောက်ရှောင်ပါ။ ရေက အကောင်းဆုံးပါပဲ။

✅ အကင်တွေ အစားများရင် ကင်ဆာ ဖြစ်ပါတယ်။

✅ ဝမ်းမှန်အောင် ဂရုစိုက်ပါ။

#တခြားလိုက်နာရမှာက-

✅ လမ်းလျှောက်ပါ။ တစ်နေ့ကို ခြေလှမ်း ၈၀ဝ၀ကနေ တစ်သောင်းအထိ လျှောက်သင့်ပါတယ်။

✅ တတ်နိုင်ရင် Exercise လုပ်ပါ ။

✅ Stress မများအောင် စိတ်ကို ထားပါ ။

#ဒါတွေကတော့ လူတိုင်း လိုက်နာနိုင်မယ့်အစား အသောက်အတွက်ပါ။ ပိုပြီး ကျန်မာပြီး ကိုလက်စထရောတွေ လျော့လာပါလိမ့်မယ်။
မကျန်းမာမှ ပိုက်ဆံကုန် ဆေးကုပြီး အစားအသောက် ရှောင်မလား။ ဒါမှမဟုတ် ကျန်းမာအောင် စားကြမလား။ ဒါကတော့ မိမိရဲ့ ရွေးချယ်မှုပါ။

Credit Original Uploader

နှလုံး, စိတ်, ဝမ်း, အေးမြကြပါစေ.❣
•🇨🇭♥

28/01/2023

KIDNEY STONES
ကျောက်ကပ်ကျောက်တည်ခြင်း

ကျောက်တည်ခြင်းနဲ့ ဆက်စပ်နေတဲ့ အခြေအနေတွေကတော့ —-
နာတာရှည် သွေးတိုးရောဂါ
ရေဓာတ်နည်းနေခြင်း dehydration
“Magnesium သတ္တုဓာတ် လျော့ပါးနေခြင်း”တို့ ဖြစ်ပါတယ်။
Magnesium deficiency

ကျောက်ထဲမှာပါဝင်နေတာကတော့ —-
Calcium phosphate
Calcium oxalate
ဒီ နှစ်မျိုး က အများဆုံးဖြစ်ပါတယ်။
Uric acid တို့ က အများဆုံးတွေ့ရတတ်ပါတယ်။ 5-10%

Calciumဓာတ် ဆီးထဲမှာ များလာရခြင်းအကြောင်းကတော့
သကြားအစားများခြင်း
အသီးသကြား fructose
အရက်
ကော်ဖီ
အသားစားများခြင်း
ဖော်ပြပါ အစားအသောက်တွေဟာ “acidic ဖြစ်တာကြောင့်”neutralize လုပ်ဖို့ အရိုးထဲက calcium ကို ဆွဲထုတ်ယူပြီး ဆီးထဲကနေ calcium တွေ ထုတ်ပစ်တာဖြစ်တယ်။

အဓိက ပြောချင်တဲ့အကြောင်းက Magnesium ပါဘဲ။
Calcium ကျောက်တွေ ခန္ဓာကိုယ်ထဲမှာ အရည်ပျော်သွားဖို့ Magnesium လိုပါတယ်။
Magnesium နည်းနေမယ်ဆိုရင် ကျောက်တည်တတ်တယ်။
သွေးကြောတွေမှာ calcium အမှုံ့တွေကပ်ပြီးသွေးကြောတွေကျစ်တတ်ပါတယ်။
Atherosclerosis
ကြွက်တက်တတ်တယ်
အသားတွေနာနေတတ်တယ်၊
အရွတ်တွေ နာနေတတ်တယ်။

Calcium နဲ့ Magnesium ဟန်ချက်မညီတော့ဘူးဆိုရင် ကျောက်ကပ်မှာလည်း ကျောက်တည်တတ်ပါတယ်။

Thiazides ဆီးဆေးတွေကလည်း ကျောက်ကပ်ကျောက်တည်တတ်ပါတယ်။
Thiazides ဆီးဆေးသောက်နေသူများ Magnesium သောက်ဖို့လိုတယ်နော်။
ကျောက်အတွက်ဆိုရင် Magnesium citrate က ပိုကောင်းပါသတဲ့။
Magnesium citrate 300mg twice a day ပါ။ ခွဲသောက်ပါ။

အချို့တွေက သောက်တော့သောက်ပါတယ်။
မှန်မှန်မသောက်တာရယ်
ပြောထားတဲ့ ပမာဏ အတိုင်း မသောက်တဲ့သူက လူအများစုဖြစ်တယ်။
မေးကြည့်လိုက်ရင် အဖြေကတန်းထွက်လာပါတယ်။

Crd
To Be Better Health
Ref:
The Magnesium miracle
Carolyn DeanM.D

20/01/2023

Healthy Way USA ရဲ့အရမ်းကိုတန်တဲ့ Clearance Sale Promotion လေးလာပါပြီနော်🎉🎉🎉🎉

Nature's Bounty Immune 24 Hour +
( Exp _ June /2023 )
1000 mg Ester-C (120 softgels )

❤️ Promotion Price- 48000 K

💯 Authentic from USA 🇺🇸

- Soft gel လေးမို့ သောက်ရလည်းလွယ်ကူပါတယ်ရှင်။ တစ်နေ့ 2 လုံး အစာစားပြီးသောက်ပေးရုံပါနော်👌

👉ဒီအားဆေးလေးမှာတော့ ကိုယ်ခံအားကောင်းဖို့ သက်စောင့်အဟာရဓာတ်တွေဖြစ်တဲ့ Vitamin C 1000mg၊ Vitamin D & Zinc၊ Vitamin A, B6, B12, Biotin တွေအပြင်ကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ essential nutrients တွေပါဝင်ပါတယ်ရှင်

👉24 နာရီတစ်နေ့တာလုံး ပြင်ပရောဂါပိုးမွှားများကို ကာကွယ်တိုက်ထုတ်ပေးမယ့် Ester C မှာ Vitamin C 1000mg နဲ့ ELDERBERRY & ECHINACEA တို့ပါဝင်ပြီးဖျားနာမှုဒဏ်မှ ကင်းဝေးစေပါတယ်။

👉Ester C ဟာ Vitamin C Level ကို မြင့်တင်ပေးပြီး ခန္ဓာကိုယ်အတွင်းရှိရောဂါပိုးမွားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ သွေးဖြူဥတွေရဲ့ လုပ်ဆောင်မှုကို ပိုမိုကောင်းမွန်စေပါတယ်။

👉သူက ခန္ဓာကိုယ်ရဲ့ white blood cells တွေထဲမှာ up to 24 hours ရှိနေနိုင်ပြီး တခြား Vit C တွေထက် ကိုယ်ခံအားကို 2ဆ ပိုမိုကြာရှည်စွာကောင်းမွန်စေပါတယ်

👉အသက်ရှုလမ်းကြောင်းဆိုင်ရာ Upper Respiratory Tract အတွက်လည်း အထူးကောင်းမွန်ပါတယ်။

- No artificial flavors & artificial sweeteners သဘာဝမဟုတ်တဲ့ အချိုတွေ အရသာတွေ မပါဝင်ပါဘူးနော်

-sugar, starch, milk, lactose, soy, gluten, wheat, yeast, fish, and sodium စတာတွေလုံးဝမပါတာမို့ ဓာတ်မတည့်တာမျိုးမရှိသလောက်ပါပဲရှင်

- ခုခံအားကိုကောင်းစေတယ် တော်ရုံ အဖျားမဝင်ဘူး အသက်အကြီးသမားကော လူလတ် လူငယ်တွေကော သောက်လို့ရပါတယ်

- သွေးတိုး ဆီးချို သမားတွေပါ အားဆေးအနေနဲ့ သောက်လို့ရပါတယ် အသက်ရှူလမ်းကြောင်းဆိုင်ရာ organsတွေအားဖြည့်ပေးပြီး ပိုးမဝင်အောင် ကာကွယ်ပေးပါတယ်။

Healthy Way မှ 100% Authentic USA Vitamin Supplement များကိုသာ အာမခံဖြင့် ဖြန့်ဖြူးရောင်းချပါသည်။
💯 Authentic from USA 🇺🇸

Healthy Way- USA Vitamin Supplements & Products
Yangon
Messenger chat box or
☎️Ph / viber 09750365732
🚗 Deli Fee မြို့နယ်အလိုက်ပေးရပါမယ်
နယ်မြို့များကို ကားဂိတ်သို့ပို့ဆောင်ပေးပါတယ်

12/01/2023

အမိုးနီးယားဓာတ်ငွေ့ ( Ammonia Gas ) အကြောင်း တစ်စေ့တစ်စောင်း ပါ။

အမိုးနီးယား ( Ammonia ) ကိုဘယ်မှာအသုံးများသလဲဆိုရင်။

အအေးခန်းစက်ရုံတွေနဲ့ ရေခဲစက်တွေမှာ အသုံးများပါတယ်။

မီးလောင်လွယ်ပြီး ရေမှာပျော်ဝင်လွယ်တဲ့အဆိပ်ဓာတ်ငွေ့ဖြစ်ပါတယ်။

အသုံးဝင်မှုများသလို မကိုင်တွယ်တတ်ရင် အန္တရာယ်လည်းရှိနိုင်ပါတယ်။

ဒါကြောင့် " ဓာတာပစ္စည်းနှင့်ဆက်စပ်ပစ္စည်းများအန္တရာယ်မှာတားဆီးကာကွယ်ရေးဥပဒေ " အရ Ammonia Gas အသုံးပြုတဲ့ ရေခဲစက်နဲ့အအေးခန်းစက်ရုံတွေလိုက်နာဆောင်ရွက်ရမဲ့အချက်တွေကို ထုတ်ပြန်ပေးခဲ့ပါတယ်။

ပုံပါ အန္တရာယ်သတိပေး Pictogram လေးတွေကို လုပ်ငန်းခွင်မှာကပ်ထားဖို့လိုပါတယ်။

Ammonia ဓာတ်ငွေ့က ဆလင်ဒါထဲမှာ ဖိအားနဲ့ထည့်သွင်းထားတဲ့ ဖိသိပ်ဓာတ်ငွေ့ ( Gas under pressure ) ပါ။

လောင်စားတတ်ပါတယ်။ ( Irritation )

အသက်ရှုလမ်းကြောင်းကိုထိခိုက်လွယ်ပါတယ်။ ( Respiratory Damage )

ပတ်ဝန်းကျင်မှာရှိတဲ့ ငါးကလေးတွေနဲ့ သစ်ပင်တို့ကိုအဆိပ်သင့်စေပြီး ခြောက်သွေ့ပြီးသစ်ခြောက်ပင်နဲ့ငါးလေးတွေကိုသေစေပါတယ်။

သူ့ဘာသာ Container ထဲမှာလုံနေရင် ဘာမှမဖြစ်ပေမယ့် ပိုက်လိုင်းယိုစိမ့်မှု Leakage ဖြစ်ရင်တော့ အန္တရာယ်များစွာရှိပါတယ်။

အမိုးနီးယားအငွေ့က အသက်ရှုလမ်းကြောင်းကနေတစ်ဆင့်ခန္ဓာကိုယ်ထဲဝင်ရောက်ပြီး ချက်ချင်းအဆိပ်သင့်မှု ( Acute Toxicity ) ကိုဖြစ်စေပါတယ်။

ဒါ့အပြင် အဆုတ်ရောင်ရောဂါလည်းဖြစ်နိုင်ပါတယ်။

လုပ်ငန်းခွင်မှာအသက်ရှုကာကွယ်ကိရိယာတွေထားဖို့လိုပါတယ်။

ပြီးတော့ မျက်လုံးရဲ့ ချွဲပါးရောင်ရမ်းတာ အကြိတ်အဖုဖြစ်တာ ခန္ဓာကိုယ်အရေပြ။းရောင်ရမ်းတာကြောင့် ခန္ဓာကိုယ်မှာရှိတဲ့ Tissue တွေကို လျင်မြန်စွာသေစေနိုင်စေတဲ့အပြင် ဝဲခြောက်နာလို အမာရွတ်တွေဖြစ်စေနိုင်လို့ စနစ် တကျ ကိုယ်တွယ်အသုံးပြုဖို့လိုပါတယ်။

အမိုးနီးယားဓာတ်ငွေ့ဟာ မီးလောင်လွယ်ပြီး ရေမှာပျော်ဝင်လွယ်တဲ့အဆိပ်ဓာတ်ငွေ့ဖြစ်လို့ မတော်တဆမှု (Accident) ဖြစ်ရင် အရေးပေါ် ရေရယူနိုင်ဖို့ စက်ရုံနဲ့အနီးတစ်ဝိုက်မှာ ရေကန်တွေ လုံလောက်အောင်ထားရပါမယ်။

Fog Water Spray များတပ်ဆင်ပြီး မီးသတ်တဲ့ပစ္စည်းတွေ အပြည့်အစုံထားဖို့လိုပါတယ်။

Ammonia gas ဝယ်တဲ့အချိန်နဲ့ ဓာတ်ငွေ့ဖြည့်သွင်းတဲ့အချိန်တွေမှာ အဖွင့်အပိတ်ခလုတ်တွေကို ဂရုတစိုက် ကိုင်တွယ်ဖို့လိုပါတယ်။

Ammonia gas နဲ့ကိုက်ညီပြီး ဖိအားဒဏ်ခံနိုင်တဲ့ ဆလင်ဒါအိုးတွေကိုသုံးရပါမယ်။

သံချေးမစားနိုင်တဲ့ ပိုက်တွေအသုံးပြုဖို့နဲ့ပိတ်လိုင်းတစ်လျှောက် valve တွေများများထားရပါမယ်။

ပြည်သူများ ရေစိုဝတ်နဲ့ မျက်နှာကိုအုပ်ပြီးနေကြပါ...

30.12.2021 @ 12:57 pm

ဆက်ပါအုံးမယ်။

Dr.KPPS, DD, Chemical, DIC, MOI
Dr.KKTS, AP, Chemistry, TGI UNI, MOE

30/12/2022

Green tea fat burner
( Exp Aug, 23)
Instock
💯 Authentic from USA 🇺🇸

ဒီဆေးကို အထူးမိတ်ဆက်စရာတော့ လိုမယ်မထင်ပါဘူးနော်။ တော်တော်များများလည်းသိပြီးသားဖြစ်တဲ့ USA ကနာမည်ကြီးအဆီကျဆေးပါ

ပိန်ချင်တဲ့မမ ညီမလေးတွေအတွက်အထူးကောင်းတဲ့ဆေးလေးပါနော်။ တဘူးသောက်တာနဲ့သိသာပါတယ်တဲ့နော်

👉ခန္တာကိုယ်ကအဆီပိုတွေကိုလောင်ကျွမ်းစေပါတယ်

👉သူကအစာစားခြင်စိတ်ကိုထိန်းချုပ်ပေးတာပါ

👉သူကအဆီတွေကိုချွေးနဲ့ဆီးများထဲကပါစေတာပါ

👉ကယ်လိုရီလောင်ကျွမ်းမှုအားကောင်းစေပါတယ်

👉ဆေးကိုမနက်၂လုံး နေ့လည်၂လုံးသောက်ရမှာဖြစ်ပါတယ်

👉အစာနဲ့မိနစ် ၃၀ ဝေးသောက်ရမှာဖြစ်ပါတယ်
အစာစားပြီးသောက်ပေးပါနော်။ ဆေးသောက်ပြီးရေကိုတော့များများသောက်ပေးရမှာဖြစ်ပါတယ်

👉ကော်ဖီ လက်ဖက် မတည့်သူများမသောက်သင့်ပါဘူး

👉ကိုယ်ဝန်ဆောင်နဲ့နို့တိုက်မိခင်များမသောက်သင့်ပါ

👉နှလုံးနှင့်သွေးတိုးရှိသူများမသောက်သင့်ပါ

Caffeine ပါဝင်တာကြောင့်ညဘက်မသောက်သင့်ပါဘူးရှင်

Recommend အများဆုံးရထားတဲ့အဆီကျဆေးဖြစ်ပါတယ်ရှင်

တစ်ဘူးအလုံး 200 ပါပါတယ်

Healthy Way မှ 100% Authentic USA Vitamin Supplement များကိုသာ အာမခံ ဖြန်ဖြူးရောင်းချပါသည်။
💯 Authentic from USA 🇺🇸

Healthy Way- USA Vitamin Supplements & Products
Yangon
Messenger chat box or
☎️Ph / viber 09750365732
🚗 Deli Fee မြို့နယ်အလိုက်ပေးရပါမယ်

19/12/2022

Healthy Way USA ရဲ့အရမ်းကိုတန်တဲ့ Clearance Sale Promotion လေးလာပါပြီနော်🎉🎉🎉🎉

Nature Made Cholest Off 210 Softgel- (Exp April, 23)

Promotion Price _55000 ks

💯 Authentic from USA 🇺🇸
Instock

❤️Stock လက်ကျန်ရှိသလောက်သာ ရောင်းချပေးမှာဖြစ်လို့ မြန်မြန်မှာယူဖို့လိုပါမယ်နော်🥰

Nature Made CholestOff Plus

👉CholestOff ဆိုတာ.. စားလိုက်တဲ့ အစားအစာမှာပါတဲ့ အဆီဓာတ်တွေကိုကျစေပြီး နှလုံးကျန်းမာရေးကို အထောက်အကူပြုတဲ့ supplement လေးပါ။

👉သင့်ရဲ့နှလုံးသားကိုချစ်ပါ 🥰

👉ကျန်းမာသော လက်စထရောအဆင့်သည် နှလုံးကျန်းမာရေးအတွက် အရေးကြီးသောအစိတ်အပိုင်း တစ်ခုဖြစ်ပါတယ် 😍

👉သွေးကြောထဲ မှာ ရှိသော မကောင်းတဲ့ cholestrol (LDL) ကို လျော့ချပေးသော​ကြောင့် နှလုံးရောဂါ ဖြစ်မှုကိုလျော့ကျစေပါတယ်🙅‍♂️

👉Cholest Off ကိုသောက်ခြင်းဖြင့် စားလိုက်တဲ့ အစားအစာထဲက အဆီတွေကို မိမိရဲ့ ခန္ဓာကိုယ်က စုပ်ယူမှုကို လျော့ကျစေပါတယ်။

👉CholestOff Plus®ကို CholestOff Original®တွင် ဖော်စပ်ထားသော free form sterols နှင့် stanols များအစား esterified sterols နှင့် stanols တို့ဖြင့်ဖော်စပ်ထားသည်။

👉esterified sterols များနှင့် stanols များသည် မကောင်းသော ကိုလက်စထရော LDL Level ကိုလျော့ကျ ပေးပါတယ်

👉မိမိ ခန္ဓာကိုယ်အတွက် အန္တရယ်ရှိတဲ့ အဆီတွေကိုချချင်တဲ့သူတိုင်း သောက်သုံးလို့ရပါတယ်။

👉တစ်ရက် ၂ ကြိမ် အစာစားပြီး သောက်လို့ရပါတယ်။

👉အပင် ကထုတ်လုပ်သော ဆေးဖြစ်သော ကြောင့် သက်သတ်လွတ် ဖြစ်ပါတယ်။

Healthy Way မှ 100% Authentic USA Vitamin Supplement များကိုသာ အာမခံဖြင့် ဖြန့်ဖြူးရောင်းချပါသည်။
💯 Authentic from USA 🇺🇸

Healthy Way- USA Vitamin Supplements & Products
Yangon
မှာယူလိုပါက
Messenger chat box or
☎️Ph / viber 09750365732
🚗 Deli Fee မြို့နယ်အလိုက်ပေးရပါမယ်
နယ်မြို့များကို ကားဂိတ်သို့ပို့ဆောင်ပေးပါတယ်

Want your practice to be the top-listed Clinic in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

ပျော်ရွှင်စရာ ၂၀၂၄ ဖြစ်ပါစေ။  စိတ်ချမ်းသာ ကိုယ်ကျန်းမာပါစေကြောင်း Healthy Way မိသားစုမှ ဆုတောင်းမေတ္တာပို့သပါတယ်ရှင်🎉🎉🎉
💦💦 Healthy Way USA ရဲ့ ဧပြီ နွေဦး လတန်ခူး 🍃🍃💦💦 အတွက်အရမ်းကိုတန်တဲ့ Promotion လေးလာပါပြီနော်(1.4.22~30.4.22) အထိဘဲနော်..🎉...
Customers Ques -  USA Made အစစ်ဟုတ်ရဲ့လား။ Authentic USA Made ဖြစ်ကြောင်းအာမခံလား HW Ans  -   New York ကုန်တိုက်မှ ကိုယ်...
Look around the Mall🚶🚶🚶
Let's go shopping with me😃

Telephone

Website

Address

Yangon
11181

Other Vitamins/Supplements in Yangon (show all)
Magic Product Yangon Magic Product Yangon
MarlarMyaing
Yangon

welcome To Magic Page

DetoxLab DetoxLab
Yangon

Nature support health

Herbalage Outlets Herbalage Outlets
Yaw Min Gyi Street , Dagone Township , Yangone
Yangon

Herbalage company မှ ထွက်သော ဖြည့်စွက်စာ အားလုံ?

Biomanix Japan Company Limited Direct Biomanix Japan Company Limited Direct
Parami Road
Yangon, 11061

အမျိုးသားအား​​ဆေးတိုင်းရဲ့ အ​ကောင်းဆုံး Biomanix Japan

Ginesomega - ဂျင်ဆင်း နှင့် အိုမီဂါ-3 အားဆေး Ginesomega - ဂျင်ဆင်း နှင့် အိုမီဂါ-3 အားဆေး
132 Nd Street
Yangon, 11211

Stay FIT & ACTIVE with Ginesomega ! �Endurance �Stamina �Vigour �Vitality

PSM Online Store PSM Online Store
Yangon

Own business

Erica Online USA Supplement Erica Online USA Supplement
Pyay Road
Yangon, 11201

supplement

Fon RSD Fon RSD
YANGON
Yangon

လိပ်ခေါင်းပျောက်ဆေး

Pregna Gold Pregna Gold
34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter
Yangon, 11211

Pregna Gold နဲ့အတူ ကျန်းမာလှပ မိခင်နဲ့ ရင်သွေးလေး ဘ၀ Distributed & Marketed by Pharma Wisdom

DEE Australia Authentic Products DEE Australia Authentic Products
Yangon

Especially Australia Skincare, Beauty & Healthy Products

Glass Skin By Psyche’ Glass Skin By Psyche’
Yangon

အမှန်တကယ်ဖြူဝင်းစေဖို့ အတွက် Glass Skin C ဆောင်ထားစို့