Twenty-One Pharmacy

မိသားစုအားလုံးရဲ့ ကျန်းမာရေးအတွက်ကျွန်တော်တို့ အသင့် ရှိနေပါတယ် 🤗

📱09 5140 922

📱09 76 5140 922

28/06/2023

ကိုယ်၀န်ဆောင်သည်တွေမှာ ဖြစ်တဲ့ ဆီးချိုရောဂါ ဆိုတာဘာလဲ ? 🤷‍♂️

ကိုယ်၀န်ဆောင်ဆီးချိုရောဂါ ဆိုတာ အမျိုးသမီးများအနေနဲ့ ကိုယ်၀န်ဆောင်နေစဥ် အချိန်အတွင်းမှာ ဖြစ်တတ်တဲ့ ခဏတာ ဆီးချိုရောဂါ ဖြစ်ပါတယ်။
ထိုအခြေအနေတွင် ဂရုတစိုက်ထိန်းသိမ်းခြင်း (သို့) ကုသမှု မရှိပါက ရေရှည် ဆီးချိုရောဂါ အဖြစ်သို့ ပြောင်းလဲနိုင်ပါတယ် ခင်ဗျာ ❗

ဘာကြောင့် ကိုယ်၀န်ဆောင် ဆီးချိုရောဂါ ဖြစ်ရတာလဲ ? 🤔

အမျိးသမီးများအနေနဲ့ ကိုယ်၀န်ဆောင်နေစဥ် ကာလအတွင်း ဟော်မုန်းများစွာ ထုတ်လုပ်ရပြီး ကိုယ်၀န်အတွက် လိုအပ်သော ဖြစ်စဥ်ပြောင်းလဲများစွာ ပြုလုပ်ရပါတယ်။
ထိုပြောင်းလဲမှုများကြောင့် ကိုယ်ခန္ဓာ ဆဲလ်များ၏ အင်ဆူလင် အပြည့်အ၀ သုံးစွဲနိုင်စွမ်းကို လျော့ကျစေပြီး အင်ဆူလင် လိုအပ်မှုများလာသောကြောင့် ဆီးချိုရောဂါ ဖြစ်စေခြင်းဖြစ်ပါတယ်။

❗ကိုယ်၀န်ဆောင်ဆီးချိုကြောင့် ကိုယ်၀န်ဆောင်နေစဥ် သွေးတိုးရောဂါ ဖြစ်နိုင်စွမ်းကိုလည်း တိုးစေပါတယ်။

♦ အချို့ အမျိုးသမီးများမှာတော့ ကိုယ်၀န်ရင့်မှ ဖြစ်ပေါ်တတ်ပြီး အချို့မှာတော့ ကိုယ်၀န်စတည်စဥ်မှ စဖြစ်တတ်ပါတယ်။

♦ ကိုယ်၀န်ဆောင်အမျိုးသမီးတိုင်းဖြစ်တတ်ခြင်း မဟုတ်ဘဲ ၁၀ ရာခိုင်းနှုန်းလောက်သာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။

👶 ကိုယ်၀န်ဆောင်ဆီးချိုရောဂါ ရဲ့ နောက်ဆက်တွဲ ကလေးအပေါ် ထိခိုက်မှုများကတော့

(1) ကိုယ်ခန္ဓာ ပေါင်ပိုခြင်း ( ၉ ပေါင် သို့ အထက်)
(2) လစောမွေးခြင်းကြောင့် အသက်ရှင်ခြင်းဆိုင်ရာ ကိစ္စရပ်များ ထိခိုက်ခြင်း
(3) သွေးတွင်းသကြားဓာတ် ပုံမှန်ထက်နည်းခြင်း
(4) ဘ၀တစ်သက်တာ အတွက် Type 2 ဆီးချိုရောဂါ ဖြစ်နိုင်ခြေများခြင်းတို့ ဖြစ်ပါတယ်။

ယခုလို ကိုယ်၀န်ဆောင်ဆီးချိုရောဂါ ဖြစ်ပွားမှု လျော့နည်းစေရန်အတွက် ကိုယ်၀န်မဆောင်စဥ် အချန်ကာလကပင် အ၀လွန်ခြင်း နှင့် သွေးတွင်းအဆီဓာတ်များခြင်းတို့ကို အထူးသတိထား လျှော့ချသင့်ပါတယ် 😊
ကိုယ်၀န်ဆောင်နေစဥ် ဖြစ်ပွားခဲ့ပါကလည်း ဆရာ၀န်နဲ့သေချာတိုင်ပင်ပြီး သာယာသော မိသားစုဘ၀လေး ရရှိနိုင်ဖို့ ဂရုတစိုက်ကုသသင့်ပါတယ်ခင်ဗျာ 👨‍👩‍👦‍👦

"ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး” ဖြစ်တာမို့ ကျွန်တော်တို့ရဲ့ page လေးကနေ လူကြီးမင်းတို့အတွက် အကျိုးရှိတဲ့ ကျန်းမာရေးစာစဥ်များကို နေ့စဥ် နေ့တိုင်း တင်ဆက်ပေးနေမှာဖြစ်လို့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော် 🤗

ကျန်းမာအောင်နေဖို့မမေ့နဲ့နော် 💛💛💛

Page Link - https://www.facebook.com/twentyonepharmacy?mibextid=ZbWKwL

Via Messenger -
http://m.me/twentyonepharmacy

Via Viber -
+959 5140 922

Via Phone -
09 5140 922 / 09 76 5140 922




#ဆီးချိုသွေးချိုရောဂါ

27/06/2023

ဆီးချိုရောဂါမှာ ဘာလို့ Type 1 နဲ့ Type 2 ဆိုပြီးနှစ်မျိုးရှိတာလဲ? 🤔

Type 1 နဲ့ Type 2 ရဲ့ အဓိက ကွာခြားချက်တွေကတော့ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာ ဖြစ်စဥ်တွေအပေါ် အများအားဖြင့် မူတည်နေခြင်း ဖြစ်ပါတယ် ခင်ဗျာ 🙆‍♂️

♦Type 1 ဆီးချိုရောဂါတွင် ပန်ကရိယ (မုန့်ချိုအိတ်) မှ အင်ဆူလင် မထုတ်လုပ်နိုင်ခြင်းဖြစ်ပါတယ်။
ကျွန်တော်တို့ ကိုယ်ခန္ဓာ ရဲ့ ကိုယ်ခံအားစနစ်ကိုယ်တိုင် ပန်ကရိယ (မုန့်ချိုအိတ်) ထဲရှိ အင်ဆူလင်ထုတ်လုပ်ပေးသော အစ်(စ်)လက် (islet) ဆဲလ် များကို ပြန်လည် တိုက်ခိုက်နေခြင်းဖြစ်ပါတယ်။

♦Type 2 ဆီးချိုရောဂါမှာတော့ ပန်ကရိယ (မုန့်ချိုအိတ်)ဟာ အင်ဆူလင်ထုတ်လုပ်မှု ယုတ်လျော့လာခြင်း ဖြစ်ပြီး ခန္ဓာကိုယ်မှ ထုတ်လုပ်ထားသော အင်ဆူလင်ကို သုံးစွဲနိုင်စွမ်း မရှိတော့ခြင်းဖြစ်ပါတယ်။

🔶Type 1 နဲ့ Type 2 ဆီးချိုရောဂါရဲ့ တူညီသောလက္ခဏာတွေကတော့

(1) ရေအလွန်ဆာခြင်း
(2) အလွန်ဆာလောင်ခြင်း (သို့) ဆာလောင်မှုဒဏ်မခံနိုင်ခြင်း
(3) အားကုန်နေခြင်း (သို့) ပင်ပန်းလွယ်ခြင်း
(4) အမြင်အာရုံဝေဝါးခြင်း
(5) ဆီးအလွန်သွားခြင်း
(6) ခေါင်းကိုက်ခြင်း ၊ ခေါင်းမူးခြင်း

🔶Type 2 ဆီးချိုရောဂါမှာတော့ ယခုထပ်ဖော်ပြပေးမယ့် လက္ခဏာလေးတွေကိုပါ ထပ်ခံစားရမှာဖြစ်ပါတယ်...

(1) မကြာခဏဖျားခြင်း (သို့) ကိုယ်ခံအားနည်းခြင်း
(2) အနာကျက်နှေးခြင်း
(3) လက် (သို့) ခြေထောက် များထုံကျဥ်ခြင်း ၊ အားလျော့ခြင်း
(4) သွားဖုံးပြဿနာဖြစ်ခြင်း
(5) အသားများယားယံခြင်း
(6) လိင်အင်္ဂါထောင်မတ်ခြင်းနှင့်ပတ်သက်၍ ပြဿနာရှိခြင်း

✅ Type 1 ဆီးချိုရောဂါဟာ
- မျိုးရိုးဗီဇ (genes)
- ဗိုင်းရပ်စ် (viruses)
- အစားအစာ (food)
- ဓာတုပစ္စည်းများနဲ့ထိတွေ့မှု (chemicals) တို့ကြောင့် ဖြစ်စေတတ်သည်ဟုယူဆနိုင်ပါသည်။

❗Type 2 ဆီးချိုရောဂါအနေနဲ့လည်း ​အချိန်ကာလကြာရှည်လာပါက Type 1 ဆီးချိုရောဂါအနေသို့ ပြောင်းလဲလာနိုင်ပါသည်။

❗Type 2 ဆီးချိုရောဂါဟာ အသက် ၄၅ နှစ်အထက်မှာ အဖြစ်များတတ်ပြီး အသက်ငယ်သူများတွင်လည်း အဝလွန်ခြင်း ၊ အချိုအစိမ့်အစားများခြင်း နှင့် မျိုးရိုးများကြောင့် ဖြစ်တတ်ပါသည်။

❗ဆီးချိုရောဂါမှာ ဂရုတစိုက်ကုသမှုမရှိပါက အသက်ရှင်ခြင်းဆိုင်ရာ ခန္ဓာကိုယ်တွင်း အင်္ဂါများကို ပျက်စီးစေပြီး ခန္ဓာကိုယ်တွင်းအာဟာရသုံးစွဲနိုင်မှု မညီမျှမှုကြောင့် ကိုမာ (coma) ဝင်ခြင်း နောက်ဆုံး အသက်အန္တရာယ်ဆုံးရှုံးခြင်း အထိဖြစ်နိုင်ပါသည်။

နက်ဖြန်ထပ်တွေ့ကြမယ်နော် 💛💛💛

"ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး” ဖြစ်တာမို့ ကျွန်တော်တို့ရဲ့ page လေးကနေ လူကြီးမင်းတို့အတွက် အကျိုးရှိတဲ့ ကျန်းမာရေးစာစဥ်များကို နေ့စဥ် နေ့တိုင်း တင်ဆက်ပေးနေမှာဖြစ်လို့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော် 🤗

ကျန်းမာအောင်နေဖို့မမေ့နဲ့နော် 💛💛💛

Page Link - https://www.facebook.com/twentyonepharmacy?mibextid=ZbWKwL

Via Messenger -
http://m.me/twentyonepharmacy

Via Viber -
+959 5140 922

Via Phone -
09 5140 922 / 09 76 5140 922




#ဆီးချိုသွေးချိုရောဂါ

26/06/2023

ဆီးချို ၊ သွေးချို ရောဂါ ဖြစ်နေပြီဆိုတာ ဘယ်လိုသတိထားမိမလဲ? 🤔

ဆီးချို ၊ သွေးချို ရောဂါဟာ ကျွန်​တော်တို့ရဲ့ ခန္ဓာကိုယ်မှာ စဖြစ်ပြီဆိုတာနဲ့ တစ်သက်တာကာလ သေဆုံးသည်အထိပါသွားမယ့် ရောဂါဖြစ်နေသေးတာမို့ အထူးသတိထားဖို့လိုပါတယ် 😊

ယခုအချိန်မှာ ဆီးချို ၊ သွေးချို ထိန်းဆေးများသာ ရှိနေသေးပြီး ရောဂါပျောက်ကင်းသည်အထိ ကုသနိုင်တဲ့ဆေး ရှာဖွေမတွေ့ရှိသေးတာကြောင့် ရောဂါမဖြစ်အောင် မိမိကိုယ်တိုင်ထိန်းသိမ်းသင့်ပါတယ် 🙅‍♂️

ဆီးချို ၊ သွေးချို ရောဂါ မဖြစ်အောင် ဘယ်လိုနေထိုင် စားသောက်ရမလဲ ဆိုတာကိုတော့ မနက်ဖြန် ကျန်းမာရေးစာစဥ်မှာ ဖတ်ရှုနိုင်ပါတယ်ခင်ဗျာ 🙆‍♂️

ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှာ ဆီးချိုစဖြစ်တာကို သိနိုင်တဲ့ အချက်လေးတွေကို ဖော်ပြပေးသွားပါမယ်ခင်ဗျာ။

(1) ညအချိန်တွင်ဆီးခဏခဏသွားခြင်း 🚽

(2) ပုံမှန်မဟုတ်ဘဲရေခဏခဏငတ်ခြင်း 🚰

(3) ဝိတ်တမင်ချခြင်းမဟုတ်ဘဲဝိတ်ရုတ်တရက်ကျသွားခြင်း 💁‍♂️(ဝိတ်ရုတ်တရက်ကျသွားရင်လဲမပျော်ကြနဲ့နော် 🤗)

(4) ဗိုက်ခဏခဏဆာခြင်း (သို့) ဆာလောင်မှုဒဏ်ကိုမခံစားနိုင်ခြင်း 🍽

(5) အမြင်အာရုံများမကြာခဏဝေဝါးတတ်ခြင်း🔎

(6) ပုံမှန်ထက်ပိုပင်ပန်းခြင်း (သို့) ပုံမှန်ထက်အားပိုလျော့ခြင်း 😞

(7) ခြေထောက် ၊ လက် များထုံကျဥ်ခြင်း (သို့) အားလျော့ခြင်း 🙍‍♂️

(8) အသားအရေများ အလွန် ခြောက်သွေ့လာခြင်း ✋

(9) ထိခိုက်ရှဒဏ်ရာ များ အလွယ်တကူ မပျောက်ခြင်း (သို့) အနာကျက်နှေးခြင်း ⌚

(10) ပုံမှန်ထက် ရောဂါပိုး ကူးစက်နိုင်မှုများခြင်း (သို့) နေမကောင်း ခဏခဏ ဖြစ်ခြင်း 🌡

ဒီလက္ခဏာတွေထဲက နှစ်ခု သုံးခု လောက် စာဖတ်သူရဲ့ ကိုယ်ခန္ဓာမှာဖြစ်နေရင်တော့ နီးစပ်ရာ ဆေးဆိုင် (သို့) ဆေးခန်းမှာ ဆီးချို ရှိ ၊ မရှိ သေချာပေါက် စစ်ဆေးသင့်ပါတယ်ခင်ဗျာ 😇

နက်ဖြန်ထပ်တွေ့ကြမယ်နော် 💛💛💛

"ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး” ဖြစ်တာမို့ ကျွန်တော်တို့ရဲ့ page လေးကနေ လူကြီးမင်းတို့အတွက် အကျိုးရှိတဲ့ ကျန်းမာရေးစာစဥ်များကို နေ့စဥ် နေ့တိုင်း တင်ဆက်ပေးနေမှာဖြစ်လို့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော် 🤗

ကျန်းမာအောင်နေဖို့မမေ့နဲ့နော် 💛💛💛

Page Link - https://www.facebook.com/twentyonepharmacy?mibextid=ZbWKwL

Via Messenger -
http://m.me/twentyonepharmacy

Via Viber -
+959 5140 922

Via Phone -
09 5140 922 / 09 76 5140 922




#ဆီးချိုသွေးချိုရောဂါဖြစ်နေပြီဆိုတာဘယ်လိုသိမလဲ?

25/06/2023

🔰 ဆီးချို / သွေးချို ရောဂါ ဆိုတာဘာလဲ?

ဆီးချို ၊ သွေးချိုရောဂါဆိုတာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်မှ အင်ဆူလင် (insulin) လို့ခေါ်တဲ့ ဟော်မုန်း အလုံအလောက် မထုတ်နိုင်တာ (သို့မဟုတ်) ထုတ်ထားတဲ့ အင်ဆူလင် ကိုမသုံးစွဲနိုင်တော့တာကြောင့်ဖြစ်ရတဲ့ရောဂါဖြစ်ပါတယ်။

🔶 အင်ဆူလင် (insulin) ဆိုတာဘာလဲ?

အင်ဆူလင် ဆိုတာကတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ပန်ကရိယ (pancreas) လို့ခေါ်တဲ့ မုန့်ချိုအိတ်ကနေ ထုတ်လုပ်ပေးတဲ့ ဟော်မုန်းဖြစ်ပါတယ်။

🔶 အင်ဆူလင် (insulin) ကဘာလုပ်ပေးတာလဲ?

အင်ဆူလင်က ကျွန်တော်တို့စားသုံးလိုက်တဲ့ အာဟာရ တွေထဲက ဂလူးကို့စ် (glucose) ဆိုတဲ့ သကြားဓာတ်ကို သွေးစီးကြောင်းထဲကနေ ခန္ဓာကိုယ်ရဲ့ ဆဲလ် (cell) တွေထဲရောက်အောင် ကူညီပေးတဲ့ ဟော်မုန်း (hormone) ဖြစ်ပါတယ်။

🔶 အင်ဆူလင်ချို့တဲ့လာရင် (သို့) ကောင်းကောင်းအလုပ်မလုပ်ရင်ဘာဖြစ်လဲ?

ကျွန်တော်တို့ခန္ဓာကိုယ်တွင်း သွေးစီးကြောင်းတွေထဲ ဂလူးကို့စ် (glucose) ဆိုတဲ့ အချိုဓာတ်တွေ စုပြုံလာပြီး ဆီးချိုတက်တယ် ဆိုတာဖြစ်လာပါတယ်။

❗ဆီးချိုရောဂါကို မထိန်းရင် ဘာတွေဆက်ဖြစ်လာမလဲ?

ဆီးချိုရောဂါဖြစ်ပွားနေမှန်းစသိတာနဲ့ ဆီးချို မတက်အောင် ထိန်းနိုင်ဖို့ အလွန်အရေးကြီးပါတယ်။
မထိန်းခဲ့ရင် ကြီးမားတဲ့ ကျန်းမာရေးပြဿနာ များစွာ ဖြစ်လာနိုင်ပါတယ်။
နောက်ဆက်တွဲများအနေဖြင့် နှလုံးရောဂါ ၊ ကျောက်ကပ်ရောဂါ နဲ့ အမြင်အာရုံဆုံးရှုံးခြင်း တို့ဖြစ်လာနိုင်ပါတယ်။

"ကျန်းမာခြင်းသည်လာဘ်ကြီးတစ်ပါး” ဖြစ်တာမို့ ကျွန်တော်တို့ရဲ့ page လေးကနေ လူကြီးမင်းတို့အတွက် အကျိုးရှိတဲ့ ကျန်းမာရေးစာစဥ်များကို နေ့စဥ် နေ့တိုင်း တင်ဆက်ပေးနေမှာဖြစ်လို့ page လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့နော် 🤗

ကျန်းမာအောင်နေဖို့မမေ့နဲ့နော် 💛💛💛

Page Link - https://www.facebook.com/twentyonepharmacy?mibextid=ZbWKwL

Via Messenger
http://m.me/twentyonepharmacy

Via Viber
+959 5140 922

Via Phone
09 5140 922 / 09 76 5140 922




#ဆီးချိုသွေးချိုရောဂါ

Photos from Twenty-One Pharmacy's post 25/04/2023

ရပ်ဝေးရပ်နီးမှဂုဏ်သရေရှိလူကြီးမိဘအပေါင်းတို့ခင်ဗျာ 🙏

ကျွန်တော်တို့ရဲ့ Twenty One Pharmacy (တွမ်တီးဝမ်းဆေးဆိုင်) မှလှိုက်လှဲစွာကြိုဆိုလိုက်ပါတယ်ခင်ဗျာ 🤗

လူကြီးမင်းတို့လိုအပ်သော ဆေးဝါးမျိုးစုံကို လွယ်ကူလျင်မြန်စွာ နဲ့ စျေးသက်သာစွာ ရရှိနိုင်ဖို့အတွက်ကိုတော့ အထူးအာမခံနိုင်ပါတယ်ခင်ဗျာ 😇

✅ ယခုမှ လက်လီဆေးဆိုင် စတင်ဖွင့်လိုသော လူကြီးမင်းများ
✅ ဆေးဆိုင်ဖွင့်လှစ်ထားပြီး လိုအပ်သော ဆေးဝါးများမှာယူလိုသော လူကြီးမင်းများ
✅ ရန်ကုန်မြို့တွင်း အိမ်တိုင်ရာရောက် လက်လီဝယ်ယူလိုသော customer ကိုကို ၊ မမ ၊ ဦးဦး ၊ဒေါ်ဒေါ် များ အားလုံးအတွက်ကျွန်တော်တို့ရဲ့ Twenty-One Pharmacy မှ စိတ်ချမ်းသာမှု အကြည့်အဝ ရရှိစေရန် အစစအရာရာ တာဝန်ယူဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ 😊

ဆေးဝါးများ လက်လီလက်ကား ဝယ်ယူလိုပါကဆက်သွယ်ရန် ဖုန်းနံပါတ်များ

09 76 5140 922
09 5140 922

viber ဖုန်းနံပါတ်

+959 5140 922

telegram ဖုန်းနံပါတ်

+959 5140 922

ရန်ကုန်မြို့အတွင်း နှင့် မန္တလေးမြို့တွင်းများသို့ အိမ်အရောက်ငွေချေစနစ်ဖြင့်ပို့ဆောင်ပေးပြီး နယ်ဝေးများအတွက် ဂိတ်ချ ငွေချေစနစ်ဖြင့် ပို့ဆောင်ပေးနေပါတယ်ခင်​ဗျာ ❤

ဝယ်ယူအားပေးမှုတိုင်းအတွက်ကျေးဇူးပါ 🙏

(အောက်တွင်ဆိုင်မှဆေးအချို့အားဖော်ပြထားပါသည်။)


👨‍👩‍👦‍👦
🤗
😇

Want your business to be the top-listed Health & Beauty Business in Yangon?
Click here to claim your Sponsored Listing.

Videos (show all)

Welcome To 21 Pharmacy.....

Telephone

Address


Shwe Pyae Sone Market
Yangon

Other Pharmacies / Drugstores in Yangon (show all)
Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး Formula 41 ကုမ္ပဏီတိုက်ရိုက် ဖြန့်ချိရေး
ရန်ကုန်၊ မန်းလေး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09766888990

Formula 41 ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့အား ဆက်သွယ်ပါ။ လက်လီ/လက္ကားရပါသည်။ �

VIGA Spray - Myanmar VIGA Spray - Myanmar
ရန်ကုန်၊ မန်းလေး
Yangon, 11181

ကျွန်ုပ်တို့သည် ပစ္စည်းအစစ်အမှန်မျ

Sein Pan Pyar Sein Pan Pyar
539/B, Kyaung Street, Kyusan Quarter, Mingaladon Township
Yangon

Dazeagra လက်လီ/လက်ကား Dazeagra လက်လီ/လက်ကား
Yangon

အတူနေချိန်စွမ်းဆောင်ရည်ကောင်းတွေရရှိစေဖို့ ကျား/မ ဆေးမျိုးစုံလက်လီ-လက်ကား 09940875707 (viber) (cb)

My Medi My Medi
Tamwe
Yangon, 11211

Providing health knowledge, health tips and quality health products....

Naing Family Naing Family
E156/Third Floor/Shwe Pyae Sone Market
Yangon

Medical Care For Everyone

Hammer Of Thor ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး Hammer Of Thor ကုမ္ပဏီတိုက်ရိုက် ဖြန့်ချီရေး
တစ်နိုင်ငံလုံးနီးပါး ပစ္စည်းရောက်မှ ငွေချေပါ။
Yangon, 09774144361

Hammer Of Thor ကုမ္ပဏီတိုက်ရိုက် မှာယူလိုပါက ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။

Taungzalatt Clinic Taungzalatt Clinic
Yangon

Clinic

Vital Care Pharmacy Vital Care Pharmacy
Yangon, 11422

ကျန်းမာရေးအတွက်လိုအပ်သောဆေးဝါးမျာ?